← Chapters

အခန်း (၁၂၃၁-၁၂၃၅)

Vol. 72 Ch. 1231-1235

အခန်း (၁၂၃၁-၁၂၃၅)

Vol. 72 Ch. 1231-1235

အခန်း(၁၂၃၁)

တော်ဝင်နန်းတွင်းသည် ထူးဆန်းပြီး တိုင်းတာရခက်သော နေရာတစ်ခုဖြစ်သည်။ ထို့အပြင် စိမ့်ဝင်နိုင်စွမ်းရည် မရှိသော နံရံဟူ၍ မရှိသလို ထာဝရလျို့ဝှက်ချက်လည်း မရှိနိုင်ချေ။ မင်းသားများ၏ စစ်ပွဲက အမြဲတစေ အန္တရာယ်များပြီး လူများက အမျိုးမျိုး တိုင်းတာစဉ်းစားဆင်ခြင်ကြရသည်။ ဝမ်ချောင်နှင့် မင်းသားငါးလီဟန်၏ ဆက်ဆံရေးက တစ်ရက်တွင် ပေါ်ပေလိမ့်မည်။ သို့သော် ယခုလောက်ထိ မြန်လိမ့်မည်ဟု မျှော်လင့်မထားမိချေ။

ကြည့်ရတာ မင်းသားငါးရဲ့အနားမှာ သူလျိုတွေရှိနေပြီပဲ။

ဝမ်ချောင်က မျက်လုံးကိုဝင့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် အလင်းတစ်တန်း ဖြတ်ပြေးသွားသည်။

သစ်ပင်ကြီးလျှင် လေတိုက်ဒဏ်ကို ခံရနိုင်သည်။ မင်းသားငါးလီဟန်က ယခုမူ ယခင်ကနှင့် ခြားနားလာသည်။ ထို့အပြင် သူ၏အနားတွင် အကြံပေးသူပေါင်းများစွာ စတင်စုဝေးလာသည်။ သို့သော် လူပိုများလာလေလေ သူတို့၏လမ်းက ရှုပ်လာလေလေဖြစ်သည်။ ဒါဟာ ရှောင်ရှား၍မရသော ကိစ္စမျိုးလည်းဖြစ်သည်။ ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးများက တခဏသာ ဖြတ်ပြေးသွားသည်။ သူက ခပ်မြန်မြန် ဟန်အမူအရာ ပြန်ထိန်းလိုက်လေသည်။

“သွားရအောင်”

သူဟာ အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် သူ၏ဝေါယာဉ်ထဲသို့ ပြန်ဝင်ထိုင်လိုက်သည်။

“ဝေါယာဉ်ပင့်မြှောက်စေ”

ငွေရောင်ဝတ်စုံနှင့် မိန်းမဆိုးနှင့် ရွှေရောင်အစောင့်များ အားလုံးက လေပြင်းများကို ရှုထုတ်လိုက်ကြသည်။ ဝမ်ချောင်နှင့် ပထမမင်းသားက ယခုလိုမျိုး စကားပြောခန်း ပျက်စီးသွားခြင်းက အကောင်းဆုံးဖြစ်သည်။ မည်သို့ပင်ဆိုစေ ဘာမှမဖြစ်သလိုမျိုး သဘောထား၍ရသေးသည်။ သို့မဟုတ်လျှင် မဟာထန်၏ အကြီးဆုံးမင်းသားက မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ကဲ့သို့ သူတော်စင်ဧကရာဇ်က ပစားပေးသောလူနှင့် ပူးပေါင်းသွားလျှင် ကျန်သောလူတိုင်းအတွက် ကပ်ဘေးစိုက်ပေလိမ့်မည်။

ဝေါယာဉ်က ရှေ့သို့ဆက်သွားသည်။ ပတ်ပတ်လည်ရှိ အင်ပါယာစစ်တပ်မှ စစ်သည်တော်များ အားလုံးက ပြန်လည်ထွက်ပေါ်လာသည်။ မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သလိုမျိုး အားလုံးက ပုံမှန်အတိုင်း ပြုမူနေကြသည်။

ဝေါယာဉ်အတွင်းမှ ဝမ်ချောင်၏နှလုံးသားက လေးလံလာသည်။

ဒီနေရာက အခြေအနေက ဒီလောက်ထိ ပြင်းထန်နေပြီလား။

ဝမ်ချောင်အတွက် မင်းသားငါးပေါ်လာသော ကိစ္စက သေးငယ်သော ပြဿနာတစ်ခုမျှသာဖြစ်သည်။ သူစိုးရိမ်သော ကိစ္စကမူ အခြေအနေ၏ ပြောင်းလဲတိုးတက်မှုဖြစ်သည်။

မင်းသားတစ်ပါးက အရေးပါသောအမတ်နှင့် လျို့ဝှက်တွေ့ဆုံသော ကိစ္စက တားမြစ်ချက်ဖြစ်သည်။ သို့သော် မင်းသားငါးကမူ ယခုလိုလုပ်ရဲကတည်းက နန်းတွင်းရှိ အခြေအနေဟာ လုံလောက်အောင် ရှုပ်ယှက်ခက်နေကြောင်း ဖော်ပြသည်။

အရာအားလုံးက သူတော်စင်ဧကရာဇ် အပေါ်ပဲ မူတည်တော့တယ်။

ဝမ်ချောင်က အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

အင်ပါယာ၏ နှလုံးသားကသာ မုန်တိုင်း၏ မြစ်ဖျားခံရာဆိုလျှင် အရေးကြီးဆုံးအချက်က သူတော်စင်ဧကရာဇ်၏ ဆန္ဒအခြေအနေဖြစ်သည်။ ပို၍ဆိုးသည်မှာ အချိန်အတန်ကြာပြီးသည့်တိုင်အောင် ဝမ်ချောင်သည် သူတော်စင်ဧကရာဇ်၏ အခြေအနေကို အသိချင်ဆုံးဖြစ်နေသည်။

ဝေါယာဉ်က နန်းတွင်း၏ အလွှာအထပ်ထပ်ကို လျှင်မြန်စွာ ထိုးဖောက်ကျော်ဖြတ် ဝင်ရောက်ပြီး သူတော်စင်ဧကရာဇ် နေထိုင်ရာနေရာနှင့် နီးကပ်သထက် နီးကပ်သွားသည်။

တခဏခန့်ကြာပြီးနောက် အဖြူရောင် ကျောက်စိမ်းသားများဖြင့် ထုလုပ်တည်ဆောက်ထားသော လှေကားထစ်တစ်ထောင်၏ အရှေ့တွင် ရပ်တန့်သွားသည်။ ဝမ်ချောင်သည် ဝေါယာဉ်ထဲမှ ထွက်လိုက်ပြီး ကျောက်စိမ်းလှေကားထစ် အောက်ဆုံးမှ အပေါ်ဆုံးအထိ စီတန်းလျှက်ရပ်နေသော မြောက်များလွန်းလှသည့် ရွှေရောင်အစောင့်များကို တွေ့လိုက်သည်။

ယခုလို မျက်စိကြိမ်းလောက်အောင် တောက်ပသည့် ရွှေရောင်ခန်းမကြီး၏ အရှေ့တွင် မြင်တွေ့လိုက်သော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာက မားမတ်စွာ ရပ်နေကြသည်။ သူတို့၏ စွမ်းအင်များက ခြောက်ခြားဖွယ်ကောင်းသော ပြယုဒ်တစ်ခုအလား ကောင်းကင်သို့ ထိုးတက်နေသည်။

ခွက်

ထိုအခိုက်အတန့်တွင် အထက်မှ ကြာပွတ်ရိုက်သံက ထွက်လာသည်။

“သတင်းပို့ လူငယ်အမတ်မင်း ဝမ်ချောင်က အခစားဝင်ပါတယ်”

တင်းမာပြီး စူးရှသောအသံက နန်းတွင်းအထပ်တစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွားသည်။

ဝမ်ချောင်က သူ၏ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ကျောက်စိမ်းလှေကား၏ လှေကားထစ်များပေါ်သို့ စတက်သည်။ သူ့အနေဖြင့် ထိုလှေကားထစ်သို့ တက်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း ယခင်အကြိမ်များနှင့် မတူသည့် ခြားနားသည့်ခံစားချက်ကို ပေးသည်။ အနားတွင် စောင့်ကြည့်နေသည့် အရာရှိများမရှိသလို ဂီတသံစဉ်များ၊ ပွဲအခမ်းအနားများ မရှိချေ။ ထို့ကြောင့် ယခုလို လာရောက်ခစားခြင်းက ပုံမှန်နှင့်ခြားနားကြောင်း ဖော်ပြနေသည်။

ဝမ်ချောင်က ခမ်းနားသော ခန်းမကြီး၏အရှေ့သို့ ခပ်မြန်မြန်ရောက်သွားသည်။

“လူငယ်အမတ်မင်း ဝင်ပါ အရှင်ဧကရာဇ်က အထဲမှာ စောင့်ဆိုင်းနေပါတယ်”

ကြာပွတ်ကြီးကိုကိုင်ထားသည့် လမ်းညွှန်သော မိန်းမဆိုးက ခပ်တိုးတိုးပြောသည်။ သူ၏ ဝမ်ချောင်အပေါ် အပြုအမူက လေးစားမှုနှင့်သာဖြစ်သည်။ ထိုအချိန်တွင် ဝမ်ချောင်၏ ဂုဏ်သတင်းကို မသိသူမရှိတော့ချေ။ သူသည် မဟာထန်၏ အသစ်စက်စက် ဖြစ်တည်လာသော စစ်နတ်ဘုရားဖြစ်သည်။ နန်းတွင်းမှ မိန်းမဆိုးများကပင် သူ၏ မိုးခြိမ်းမတက် ကျယ်လောင်သော ဂုဏ်သတင်းကို ကြားဖူးကြသည်။

“ကျေးဇူးအများကြီးတင်ပါတယ် မိန်းမဆိုးလူကြီးမင်း”

ဝမ်ချောင်က ဂါရဝပြုလိုက်ပြီး မိန်းမဆိုးကိုကျော်ဖြတ်လျှက် နန်းတွင်းထဲသို့ဝင်သည်။

ဝုန်း

ဝမ်ချောင်က နန်းတွင်းအတွင်းဆောင်သို့ ဝင်ရောက်ရန်အတွက် ဆောက်လုပ်ထားသည့် ထိုဖွင့်လှစ်ထားသော တံခါးမကြီး၏ အရှေ့တွင် ရပ်လိုက်ပြီးနောက် သူ၏စိတ်အတွင်းသို့ မှင်သက်ဖွယ်ကောင်းလောက်အောင် ထိုးဖောက်နိုင်စွမ်းရည် ပြင်းထန်သည့် အကြည့်တစ်ချက်ကမူ ဝင်ရောက်လာသလို ဝရုန်းသုန်းကားဖြစ်သွားသည်။ သူ့တွင် မရေမတွက်နိုင်သည့် မေးခွန်းပေါင်းများစွာရှိသည်။ မရေမတွက်နိုင်သည့် အငြိုးတရားများလည်းရှိသည်။ သို့သော် ယခုလိုကြီးမားသည့် နန်းဆောင်ကြီး၏အရှေ့တွင် ရပ်နေမိသည့်အချိန်တွင် အတွေးများက တဖြည်းဖြည်းချင်း ဖျော့တော့ပျောက်ကွယ်သွားပြီး ရုတ်တရက် ဝမ်ချောင်ဟာ အလွန်အမင်း တည်ငြိမ်သွားသည်။

ထိုအခိုက်အတန့်တွင် အတွင်းမှ တိုးလျပြီး ညင်သာသော်လည်း သွက်လက်သည့် အသံတစ်သံက ထွက်လာသည်။

“ဝမ်ချောင် ဝင်ပါ”

ဝမ်ချောင်သည် အသံပိုင်ရှင်ကို ချက်ချင်းလိုလို သိလိုက်သည်။ အသံပိုင်ရှင်က ကောင်းလီရှီဖြစ်သည်။

ဝမ်ချောင်သည် တံစက်မြိတ်နေရာကို ကျော်ဖြတ်လိုက်သည်။ ထိုသို့ကျော်လိုက်သည့် အခိုက်အတန့်တွင် သူသည် ခြားနားသော လောကတစ်ခုတည်းသို့ ဝင်ရောက်လိုက်သလို ခံစားလိုက်ရ၏။ လောကရှိ အသံတိုင်းက ပျောက်ကွယ်သွားပြီး ပတ်ပတ်လည်တွင် စီးဆင်းနေသော ရင်းနှီးကျွမ်းဝင်သည့် အသံများက ကျယ်ပြောသော မြူထုကြီးအဖြစ် ပြောင်းလဲသွားသည်။

ဝမ်ချောင်အနေဖြင့် ဒီခန်းမသို့ဝင်ရောက်ပြီး သူတော်စင်ဧကရာဇ်နှင့် လာရောက်တွေ့ဆုံသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ နောက်ဆုံးတွေ့ဆုံခဲ့သည့် အချိန်တွင်လည်း ဝမ်ချောင်ဟာ သူတော်စင်ဧကရာဇ်၏ အရှေ့တွင် သေးငယ်လွန်းသော ပုရွက်ဆိတ်တစ်ကောင်သာသာ ခံစားခဲ့ရသည်။

နှစ်ဝက်ခန့်ကြာပြီးနောက် ဝမ်ချောင်က ခြားနားသော လှုံ့ဆော်မှုတစ်ရပ်ကို ရလိုက်သည်။ ယခုမူ သူသည် နက်နဲသော သိမ်မွေ့နယ်မြေသို့ ဝင်ရောက်နိုင်တော့မည်ဖြစ်လေရာ လျို့ဝှက်ဆန်းကြယ်သော နယ်မြေကိုပင် မော့ကြည့်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ချွီထေပါးကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မဟာဗိုလ်ချုပ်ကြီးများသည် သာမာန်လူများကို မျက်လုံးထဲ ထည့်တွေးရန်ပင် မထိုက်တန်သည့် အဆင့်လွန်တည်ရှိမှုကြီးများဖြစ်သည်။

ယခုလိုခန်းမထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ သူ၏နှလုံးသားထဲမှ နက်ရှိုင်းလွန်းသော ကြောက်ရွံ့ရိုသေ လေးစားမှုများကို ခံစားရဦးမည်ဟု မထင်ထားမိချေ။ လူကြီးရှေ့ရောက်သော ကလေးတစ်ယောက်လိုမျိုး သူသည် ဘာမှ မဟုတ်သူတစ်ယောက်လို ခံစားလိုက်ရပြန်သည်။

ဝမ်ချောင်ကသာ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသော လူထွားကြီးတစ်ယောက်ဆိုလျှင် ခန်းမ၏ အမြင့်ဆုံးသောနေရာတွင် တည်ရှိနေသူက ကောင်းကင်ဘုံများအထက်မှ တစ်လောကလုံးကို ငုံ့ကြည့်နိုင်သည့် နတ်ဘုရားတစ်ပါးလို အဆင့်မြင့်မားလွန်းသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်က ယခုလောက်ထိ မြင့်လာလေလေ ဝမ်ချောင်က သူတော်စင်ဧကရာဇ်ဟာ မည်မျှကြောက်စရာကောင်းကြောင်း ခံစားလိုက်ရလေလေဖြစ်သည်။

နတ်သိုင်းနယ်မြေ

ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးဟာ ရုတ်တရက် ထွက်ပေါ်လာသည်။ သိမ်မွေ့သော နယ်မြေသည် လျို့ဝှက်ဆန်းကြယ်သော တည်ရှိမှု ဖြစ်နှင့်နေပြီးလေပြီ။ ဝမ်ချောင်သည် ထိုနယ်မြေဟာ မည်မျှအင်အားကြီးမားကြောင်း သိပြီးသည်မှာ သိပ်မကြာချေ။ သူတော်စင်ဧကရာဇ်က နတ်သိုင်းနယ်မြေသို့ ရောက်ရန် နီးကပ်လွန်းသော တည်ရှိမှုကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်ကမူ သူတော်စင်ဧကရာဇ်က မည်မျှအင်အားကြီးမားကြောင်း မသိခဲ့ချေ။

“ဒီနိမ့်ကျတဲ့အရာရှိက သူတော်စင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။ သူတော်စင်ဧကရာဇ် အသက်သောင်းကျော် ရှည်ပါစေ”

ဝမ်ချောင်က ဝတ်ရုံကို ခပ်မြန်မြန်မြှောက်လိုက်ပြီး ဒူးကိုထောက်ချလျှက် ခေါင်းကိုငုံ့လိုက်သည်။

ခန်းမကြီးဟာ တိတ်ဆိတ်နေသေးသည်။ ခန်းမအတွင်း ခမ်းနားထည်ဝါသော စွမ်းအားလှိုင်းများက ဆက်ပြီးလိမ့်ဝင်နေသေး၏။ အချိန်အတန်ကြာပြီးမှသာ ခမ်းနားထည်ဝါသော အသံမျိုးက ထွက်လာသည်။

“ဦးမော့စေ”

ခန်းမတစ်ခုလုံးက တုန်ခါသွားသလို ထင်ရသည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး”

ဝမ်ချောင်က ခေါင်းကိုတဖန်ထပ်ငုံ့ပြီး ဂါရဝပြုပြီးမှသာ မတ်တပ်ထရပ်သည်။

ဝမ်ချောင်သည် ခန်းမ၏ အမြင့်ပိုင်းမှ မီတာခုနှစ်ဆယ်ဝန်းကျင်ခန့်အကွာတွင် ရပ်နေသည်မှာ တော်ဝင်နန်းတော်ကြီး၏ တင်းကြပ်ထားသော စံချိန်စံနှုန်းနှင့် စည်းမျဉ်းများအရ ရှေ့သို့တစ်လှမ်း ဆက်တိုးလျှင်ပင် ရှင်းပြရန်ခက်ခဲသည့် အမိန့်များကို ဖောက်ရာရောက်ကြောင်း ခံစားမိစေသလိုဖြစ်သည်။ အထူးတလည် ရည်ညွှန်းခြင်းမရှိဘဲ ရှေ့တက်ခွင့်မရှိချေ။ ဝမ်ချောင်သည် ထိုနေရာတွင် ထိုအတိုင်း အထက်သို့ တစ်ချက်ကြည့်လိုက်သည်။ အပြင်ဘက်နှင့် မတူသည်မှာ နန်းဆောင်အတွင်းဟာ ရှင်းလင်းနေပြီး အစောင့်များလည်း တင်းတင်းကြပ်ကြပ် ကာရံထားခြင်းမရှိပါချေ။ လောကကြီးကို အုပ်ချုပ်သော အဆင့်မြင့်မားလွန်းသည့် ပုဂ္ဂိုလ်ကြီးနှင့် ပိုးသားဝတ်စုံဝတ် မိန်းမဆိုးကောင်းသာရှိသည်။ မည်သည့်အစေခံ၊ မည်သည့်အစောင့်ကိုမျှ မမြင်ရချေ။

ဝမ်ချောင်က ထိုအခြေအနေဟာ ထူးဆန်းသလို ခံစားလိုက်ရသည်။ သို့သော် ဝမ်ချောင်က သူ၏အကြည့်ကို မဟာထန်၏ ဒဏ္ဍာရီလာ အရှင်သခင် ပုဂ္ဂိုလ်ကြီးထံ ပြန်ပြောင်းလိုက်သည်။

ယခင်ကပင်ဖြစ်စေ၊ ယခုပင်ဖြစ်စေ ထိုလူသည် ဝမ်ချောင်အလေးစားဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူ၏မြင့်မားလွန်းသော အဆင့်အတန်းနှင့် အာဏာကြောင့်မဟုတ်ဘဲ သူဟာ အင်ပါယာကြီးကို ဝရုန်းသုန်းကားအခြေအနေမှ အစီအစဉ်တကျဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး တိုင်းတာရ ခက်ခဲလောက်အောင် နက်ရှိုင်းလွန်းသော အာဏာမျိုးကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်သည်။

ဒါက အစစ်အမှန် သူတော်စင်ဧကရာဇ်ပဲ။

ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားပြန်သည်။ ခန်းမ၏အမြင့်ပိုင်းတွင် နဂါးဝတ်စုံဝတ်လျှက် ခမ်းနားကြီးကျယ်သော နဂါးပုလ္လင်ကြီးတွင် ထိုင်နေသည့် သူတော်စင်ဧကရာဇ်က သူ၏ညာလက်မှ လက်ညိုးလေးကို အသာလှုပ်လိုက်ပြီး နဂါးပုံထွင်းထုထားသည့် လက်တင်ပေါ် အသာတင်လိုက်သည်။ ကောင်းလီရှီက နားလည်သွားပြီး တော်ဝင်အမိန့်တော်ကို ဖွင့်ဖတ်ရင်း ရှေ့သို့ထွက်လာသည်။

“ဝမ်ချောင် အမိန့်ကိုနာခံစေ”

“အရာရှိဝမ်ချောင်က အမိန့်ကိုနာခံပါတယ်”

ဝမ်ချောင်က ခပ်မြန်မြန်ခေါင်းကိုငုံ့ပြီး ဂါရဝပြုလိုက်သည်။

“ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒအရ ဧကရာဇ်က ကြေညာတယ်”

“လူငယ်အမတ်မင်း ဝမ်ချောင်က တိုင်းပြည်ကို ကာကွယ်တယ်။ ငယ်ရွယ်ပြီး အလားအလာအပြည့်နဲ့ ခိုရာစန်းရဲ့ တိုက်ပွဲတွေမှာ ဝန်ဆောင်မှုကြီးပေါင်းများစွာကို လုပ်ဆောင်ခဲ့ပြီး ဖော်ပြရန် ခက်ခဲလောက်အောင် အနိုင်တွေကို ဆက်တိုက် ဆောင်ယူနိုင်ခဲ့သူ ကျန်းရဲ့မဟာထန်ကြီးရဲ့ အဆင့်အတန်းကို မြင့်မားဦးမော့စေသူ ဖြစ်ခဲ့တယ်။ ဒါကြောင့် သူတော်စင်ဧကရာဇ်ရဲ့ အသိအမှတ်ပြုမှုနဲ့အတူ ရုံးတော်ခြောက်ခုလုံးက သဘောတူညီမှုအပြည့်နဲ့ လူငယ်အမတ်မင်း ဝမ်ချောင်ကို မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဘွဲ့ချီးမြင့်စေမယ်။ ဒီရာထူးက ဘုရင်လစာကို ခံစားစေမဲ့အပြင် တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်အတိုင်း တူညီတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်စေရမယ်။ ဒါတွေအပြင် ဘာသာရေးရုံးတော်နဲ့ အမှုထမ်းရေးရာရုံးတော်က မှတ်တမ်းလွှာတွေထုတ်ပြန်ပြီး ဒီကိစ္စကို တစ်လောကလုံးသိအောင် ကြေညာစေ။ အရာရှိတိုင်းက ဒီဖြစ်ရပ်ကို စံနမူနာယူကြပါစေ။ ဒါက ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ပဲ”

ကောင်းလီရှီက တော်ဝင်အမိန့်တော်ကို သိမ်းလိုက်ပြီး ဝမ်ချောင်ကို ကျေးဇူးတင်စိတ်အပြည့်နှင့် ကြည့်သည်။ သူသည် ထိုကလေး အရွယ်ရောက်လာသော ဖြစ်စဉ်ကို ကြည့်ရှု့နေခဲ့ရသူဖြစ်သည်။ ယခင်တစ်ခေါက် မတော်တဆမှုတွင် ဝမ်ချောင်ကို ဟူများအားလုံးက စွပ်စွဲလျှက် တော်ဝင်အကျဉ်းထောင်အတွင်း ပိုခဲ့ချိန်က ကောင်းလီရှီက သူ့ကိုကိုယ်တိုင်ကိုယ်ကျ သွားတွေ့ခဲ့ပြီး ဆေးပေးခဲ့သူဖြစ်သည်။ ထိုအခိုက်အတန့်မှ စတင်ပြီး ကောင်းလီရှီဟာ သူတော်စင်ဧကရာဇ်သည် ထိုလူငယ်လေးကို အလွန်တန်ဖိုးထားပြီး ပစားပေးကြောင်း နားလည်လိုက်သည်။

ဝမ်ချောင်သည် သူတော်စင်ဧကရာဇ်၏ ယုံကြည်မှုကို စိတ်မပျက်စေခဲ့ချေ။ နှစ်ဝက်ကျော်သာ ကြာသေးသည်။ သူသည် သူတော်စင်ဧကရာဇ်က မှန်ကန်ကြောင်း သက်သေပြနိုင်လောက်သည့် မှင်သက်ဖွယ်ကောင်းလောက်သော လုပ်ဆောင်မှုကြီးပေါင်းများစွာကို သူတစ်လှမ်းချင်း လုပ်ဆောင်ပေးခဲ့သည်။

“ဝမ်ချောင် ရှေ့ထွက်ပြီး အမိန့်တော်ကို လက်ခံပါ”

ခန်းမကြီးက တိတ်ဆိတ်နေသည်။ အံ့အားသင့်စရာကောင်းသည်မှာ ဝမ်ချောင်သည် နေရာတွင်ရပ်ပြီး မလှုပ်လာခဲ့ချေ။ သူသည် နေရာတွင် တောင့်ခဲနေသည့်အလားဖြစ်သည်။ ယခုလေးတင် ဝမ်ချောင်က သူပြောသောစကားကို မကြားဟု ယုံကြည်ခဲ့လေသည်။ သို့သော် ဝမ်ချောင်ကမူ ရှေ့သို့တက်လာရန် ဆန္ဒမရှိသလိုမျိုး ဆက်ရပ်နေခဲ့သည်မှာ ရှင်းလင်းနေသည်။

“လူငယ်အမတ်မင်း”

ကောင်းလီရှီ၏မျက်နှာက တင်းမာလာပြီး အသံက ကျယ်လာသည်။

“အရှင်မင်းကြီး ဒီအရာရှိက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောချင်ပါတယ်”

ဝမ်ချောင်က ဂါရဝပြုလိုက်သည်။ သူ၏အသံဟာ ခန်းမတစ်ခုလုံးအနှံ့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ဝမ်ချောင် မင်းလုပ်ရဲလား”

ကောင်းလီရှီ၏မျက်နှာက ဖြူဖျော့သွားသည်။ သူတော်စင်ဧကရာဇ်သည် ဝမ်ချောင်၏ ဘွဲ့ထူးအသစ်ကို ကြေညာပြီးလေပြီ။ သို့တိုင်အောင် ဝမ်ချောင်က အမိန့်တော်ကိုလက်မခံဘဲ ငြင်းဆန်ရဲသည်။ ထိုကိစ္စအကြောင်းကိုပင် ပြောချင်နေသေး၏။ ရှင်းလင်းစွာပင် သူသည် ဒီအခွင့်အရေးကို အရယူပြီး သူတော်စင်ဧကရာဇ်၏ သံသယများကို ဆွနေခြင်းဖြစ်သည်။ ဒါဟာ ကြီးမားသည် ပြစ်မှုဖြစ်သည်။

“အရာရှိဝမ်ချောင်က ဒီကိစ္စကို အရှင်မင်းကြီးနဲ့ပြောဆိုခွင့် လိုချင်ပါတယ်”

ကောင်းလီရှီကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်ဟာ မကြားသလိုသာ ပြုမူနေခဲ့သည်။ သူသည် စကားထပ်ပြောရင်း အသံဟာပိုကျယ်လာသည်။

ဒီတစ်ကြိမ်တွင် ကောင်းလီရှီ၏မျက်နှာက တင်းမာသွားပြီဖြစ်သည်။ သေချာစွာပင် ဝမ်ချောင်ဟာ အကျိုးဆက်ကို စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ လုပ်ချင်သည့်ကိစ္စကိုသာ ဆက်လုပ်မည့်ပုံပေါ်သည်။

“ပြော”

သူတော်စင်ဧကရာဇ်၏ ခမ်းနားထည်ဝါသောအသံက ထွက်လာသည်။ ထိုအသံကမူ ခံစားချက်ကင်းမဲ့ပြီး ယခင်အတိုင်း အေးစက်နေသေးသည်။ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသလို ခံစားချက်လည်းမဲ့သည်။ သူသည် ဝမ်ချောင်၏ တောင်းဆိုမှုကို မျှော်လင့်ထားပြီးပုံရသည်။

“အာရေးဗီးယားက ကျားတွေဝံပုလွေတွေ ပြည့်နေတဲ့တိုင်းပြည်ပါ။ မဟာထန်ကြီးအတွက် ထာဝရ ကပ်ဘေးဖြစ်စေနိုင်ပါတယ်။ ဒီခြိမ်းခြောက်မှုရဲ့ အရွယ်အစားက အရင်မဟာထန်အနားမှာ တပ်ဆွဲထားပြီး ဝိုင်းနေတဲ့ ဘယ်ပြည်ပတိုင်းပြည်ကမဆို ခြိမ်းခြောက်နိုင်တာထက် ပိုပါတယ်။ ခိုရာစန်းက အာရေးဗီးယားကို ရင်ဆိုင်ဖို့ အရမ်းကို အရေးကြီးတဲ့ နေရာတစ်ခုပါ။ ဒါကြောင့် ဒီအရာရှိကလည်း အရှင်မင်းကြီးကို အမိန့်တော်ကို ပြန်လည်ရုတ်သိမ်းစေချင်ပါတယ်”

ထိုသို့ပြောပြီးနောက် ဝမ်ချောင်ဟာ ဒူးနှစ်ဖက်လုံးထောက်ချပြီး ဦးတိုက်လိုက်သည်။

တစ်နှစ်ကျော်ခန့်ကြာအောင် အစီအစဉ်ဆွဲပြီး နှစ်ဝက်ကျော်ခန့်ကြာအောင် တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။ သူသည် မြောက်များလွန်းသော ကြွယ်ဝမှုပေါင်းများစွာကို ထည့်သွင်းထားရသလို လူသောင်းကျော်၏ အသက်များကိုလည်း စတေးထားပြီး နောက်ဆုံးမှသာ ခိုရာစန်း၏အနိုင်ကို ရလာသည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်အနေဖြင့် ထိုစတေးခံများကို အလဟသ မသေစေချင်သလို အာရပ်များကို တဖန် ဦးမော့ပြီး ဗဟိုပြင်ကျယ်ကြီးကို ကပ်ဘေးယူဆောင်လာမည့် အခိုက်အတန့်မျိုးကို မလိုချင်ပါချေ။

မဟာထန်စစ်တပ်ကို နောက်ဆုတ်ခိုင်းထားသည်။ ခိုရာစန်း၏ မဟာမိတ်အဖွဲ့အစည်းကြီးက ပြိုလဲကျသွား၏။ စစ်တပ်အင်အားစု တစ်ခုလုံးက ဆုတ်ယုတ်လာသည်။ ဒီလောကတွင် အရာအားလုံးကို ပြောင်းလဲနိုင်သောလူက သူတော်စင်ဧကရာဇ်ဖြစ်သည်။ သူတော်စင်ဧကရာဇ်က စကားတစ်ခွန်း ဆိုလိုက်ရုံနှင့် အရာအားလုံးကို ပြန်ပြောင်းရန် အခွင့်အရေးရှိသေးသည်။

အခန်း(၁၂၃၂)

ဘုန်း

ဝမ်ချောင်၏ စကားလုံးများက ခန်းမအား အံ့အားသင့်ဖွယ် အားလှိုင်းများကို ချက်ချင်းလိုလို လွှတ်ထုတ်လိုက်ပြီး အမြင့်ပိုင်းနေရာတွင် ရပ်နေသည့် ကောင်းလီရှီ၏မျက်နှာကို ကြည့်ရဆိုးလောက်အောင် တင်းမာသွားစေသည်။ မဟာထန်တွင် စစ်တပ်ဘက်မှ ကျွမ်းကျင်ပညာရှင်များနှင့် ကွန်ဖြူးရှပ် ကျွမ်းကျင်ပညာရှင်များအကြား ကြီးမားသော ခြားနားချက်မျိုး မရှိပါချေ။ ယခုအခါ ကွန်ဖြူးရှပ် ကျွမ်းကျင်ပညာရှင်များက ခုံရုံးတွင် အားသာချက် အလုံးစုံ ရရှိထားသည်။ ကောင်းလီရှီကလည်း ဝမ်ချောင်ဟာ ထိုကိစ္စကို ထုတ်ပြောလိုက်မည့် အခြေအနေကို စိုးရိမ်ခဲ့သည်။ သို့သော် မည်သို့မှ မတက်နိုင်ပြန်ချေ။

“ကျန်းနားလည်တယ်”

သူတော်စင်ဧကရာဇ်က ထပ်ပြောသည်။ သူ၏အသံဟာ ခံစားချက်မဲ့နေသေးသည်။

“အရှင်မင်းကြီး စစ်တပ်က ပြည်နယ်ကြီးအတွက် အရေးပါဆုံးကိစ္စပါ။ ဒါက သေရေးရှင်ရေး အခြေအနေနဲ့ ပတ်သတ်ပါတယ်။ မျိုးတုန်းပျောက်ကွယ်သွားမလား ရှင်သန်မလားဆိုတဲ့ ကိစ္စအတွက် အရမ်းကို အရေးကြီးလွန်းပါတယ်။ ဒီစစ်တပ်က မဟာထန်ရဲ့ ကျွန်တော်မျိုးတို့ရဲ့ နယ်စပ်ကို တပ်ဆွဲထားတဲ့ မျိုးနွယ်ခြားတွေအားလုံး ရင်ဆိုင်မဲ့ အရေးပါဆုံး ခုခံမှု အတားအဆီးတစ်ခုပါ။ ဒီလိုလူအင်အားကို လျော့ချလိုက်တာက ကပ်ဘေးကြီး ဆောင်ယူနိုင်ပါတယ် အရှင်မင်းကြီး ကျေးဇူးပြုပြီး စဉ်းစားဆင်ခြင်ပေးတော်မူပါ”

ဝမ်ချောင်က လျှောက်တင်သည်။

ခန်းမက တိတ်ဆိတ်နေသေးသည်။ ကောင်းလီရှီကမူ ပြန်ငြင်းလိုက်သည်။

“ဝမ်ချောင် မင်းတကယ်ပဲ ဘာလုပ်ချင်နေတာလဲ။ အရှင်သခင်ရဲ့အမိန့်က တောင်လိုရွှေ့လို့မရဘူး။ အမြဲတစေ အလေးအနက် ထားရတယ်။ အရှင်မင်းကြီးက ဆုံးဖြတ်ချက် ချပြီးပြီဆိုကတည်းက ပြန်လည်ရုတ်သိမ်းလို့ မရနိုင်ဘူး။ ဒါကိုမင်းက မင်းရဲ့အကြီးအကဲက ချထားတဲ့ အမိန့်ကိုဖီဆန်ပြီး သူတော်စင်ဧကရာဇ်ကို ပြန်ငြင်းချင်တာလား”

ကောင်းလီရှီ၏မျက်နှာက ပြာနှမ်းနေပြီး ဒေါသများကလည်း ပြည့်နှက်လာသည်။

ကုန်လွန်ခဲ့သော ဆယ်စုနှစ်ပေါင်း များစွာအတွင်း မဟာထန်ရှိ မည်သူကမှ သူတော်စင်ဧကရာဇ်ကို ထိုသို့မပြောရဲခဲ့ချေ။ ဝမ်ချောင်နည်းတူ ဖိအားပင် မပေးရဲခဲ့ချေ။ ဒါဟာ မပြောသော်လည်း လူတိုင်းသိနေသည့် ဘောင်ဖြစ်သည်။ ပြောရုံနှင့် ကွပ်မျက်ခံရနိုင်သည်။

မည်သို့ပင်ဆိုစေ သူတော်စင်ဧကရာဇ်ကို မလေးစားသည့် ပြစ်မှုက အကြီးမားဆုံးဖြစ်သည်။

“အရှင်မင်းကြီး ဒီနိမ့်ကျတဲ့အစေခံက မလုပ်ရဲပါဘူး”

ဝမ်ချောင်က ကျယ်လောင်စွာပြောသော်လည်း သူ၏အသံတွင် နောက်ဆုတ်မည့်လက္ခဏာ မပြသေးချေ။

သူ၏အရှေ့ရှိလူက သာမာန်အရှင်သခင် မဟုတ်ချေ။ သူ၏ ဉာဏ်ပညာကြီးမှု၊ အသိဉာဏ်များက သူ့အား တစ်လောကလုံးရှိ လူတိုင်း၏ လေးစားမှုကို လက်ခံရရှိစေခဲ့သည်။ သူ၏ရည်မှန်းချက်ကြီးမှု၊ ဗျူဟာများအားလုံးက လူတိုင်း၏လေးစားမှုနှင့်လည်း ထိုက်တန်သည်။ သူ၏စီမံခန့်ခွဲနိုင်စွမ်းအားနှင့် သိုင်းပညာကလည်း သူတို့၏ချီးကျူးမှုနှင့် ထိုက်တန်ပြန်သည်။ ပို၍အရေးကြီးသည်မှာ သူသည် သူ၏လက်ဗလာထဲနှင့် မဟာထန်ကြီးကို စည်ပင်ဝပြောအောင် ဖန်တီးခဲ့သူဖြစ်ပြီး ရန်စွယ်တိုင်းကို ချိုးဖျက်နိုင်ခဲ့သည်။

အတိတ်က သူတော်စင်ဧကရာဇ်ဟာ ဝမ်ချောင်၏ အဖိုးဖြစ်သူ၏ အဆုံးစွန်ဆုံးသော ထောက်ခံမှုနှင့် ထိုက်တန်ခဲ့သည်။ ဝမ်ချောင်သည်လည်း လက်ရှိသူတော်စင်ဧကရာဇ်က လောကတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့သည့် ဉာဏ်ပညာကြီးမြတ်သော နတ်အရှင်သခင်တစ်ပါး ဖြစ်ဦးမည်ဟု ယုံကြည်သည်။ သူတို့က နောက်မှလိုက်ပါရန် ထိုက်တန်သောသူဖြစ်ရန် မျှော်လင့်သေး၏။

“ဝမ်ချောင် မြန်မြန်လေး ဦးမော့ပါ”

ကောင်းလီရှီကမူ ဒေါသများကြောင့် တုန်ယင်နေပြီဖြစ်သည်။ ယခုလေးတင် ဝမ်ချောင်ဟာ သူတော်စင်ဧကရာဇ်၏ မျှော်လင့်ချက်များကို စိတ်မပျက်စေသည့် ပါရမီရှင် လူငယ်လေးဟုတွေးပြီး အလွန်သဘောကျနေခဲ့သေး၏။ သို့သော် တိုတောင်းသော ကာလအတွင်း ဝမ်ချောင်ဟာ အရူးလို လှုပ်ရှားလိမ့်မည်ဟု မထင်ထားမိချေ။

သူရဲ့ ရှေ့ဆက်တက်မဲ့ လမ်းကြောင်းအတွက် ဒါဟာ ဘယ်လောက်တောင် ခက်ခဲသွားနိုင်မလဲဆိုတာကို မသိဘူးလား။

“လုံလောက်ပြီ”

ထိုအခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်က မခြားနားသော လေသံနှင့်ပြောသည်။ သူသည် ကောင်းလီရှီကိုတားရန် လက်ကိုပင် ယမ်းပြသေး၏။

“အရှင်မင်းကြီး”

ကောင်းလီရှီကမူ ချက်ချင်းလိုလို တိတ်ဆိတ်သွားပြီး ခေါင်းပြန်ငုံ့လိုက်သည်။

သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကိုကြည့်ပြီး ပေါ့ပါးစွာပြောသည်။

“ဝမ်ချောင် ဒီကိစ္စမှာ ကျန်းမှာလည်း ကျန်းရဲ့အစီအစဉ် ရှိပါတယ်”

ဧကရာဇ်၏ အသံထဲတွင် ပြန်ငြင်းရန် အခွင့်မပေးမှုများ ပြည့်လာသည်။

“ဒါပေမဲ့ အရှင်မင်းကြီး...”

ဝမ်ချောင်က ခေါင်းကိုဆက်ငုံ့ထားသည်။ သူသည် ဆက်ငြင်းချင်သေး၏။ ကောင်းလီရှီကမူ သည်းမခံနိုင်တော့ချေ။

“ဝမ်ချောင် မရမ်းကားလာနဲ့”

သူသည် အမြဲတစေ ဝမ်ချောင်အပေါ် အမြင်ကောင်းရှိခဲ့သည်။ သို့သော် ဝမ်ချောင်က မည်မှကောင်းမွန်စွာ အကြောင်းပြချက်များ ပေးနေစေကာမူ သူဟာ မည်မျှပါရမီကြီးစေကာမူ တိုင်းပြည်အတွက် မည်မျှ အကျိုးပြုထားစေကာမူ သူတော်စင်ဧကရာဇ်သည် သူ၏စိတ်ဆန္ဒကို ဖော်ပြပြီးသားဖြစ်သည်။ ဝမ်ချောင်က ဆက်လက်ကြိုးစားပြီး ငြင်းခုံလိုနေခြင်းဟာ သေဒဏ်ပင် တန်နေပြီဖြစ်သည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် အမိန့်ကိုနာခံ”

ထိုအခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်က ကျယ်ပြောခမ်းနားပြီး ဆုံးဖြတ်ချက် ပြတ်သားသော အသံမျိုးနှင့် ပြောလိုက်သည်။ ထိုစကားလုံးများက ဆွေးနွေးခန်းကိုပိတ်သိမ်းလိုက်ပြီး ဝမ်ချောင်က ပြန်လည်ပြောဆိုနိုင်စွမ်းရည် ကင်းမဲ့သွားရသည်။

ဝမ်ချောင်က စွံ့အသွားသည်။ သူ၏မျက်နှာက စက္ကူလို ဖြူဖျော့သွားရပြီဖြစ်သည်။

ဝမ်ချောင်သည် ယခင်က ဒီလိုအခြေအနေမျိုးကို မျှော်လင့်ခဲ့ဖူးသည်။ သူကသာ အတက်နိုင်ဆုံး နည်းလမ်းမျိုးစုံကို ကြိုးစားလိုက်လျှင် သူတော်စင်ဧကရာဇ်၏စိတ်ကို ပြောင်းနိုင်ဦးမည်ဟု ယုံကြည်ခဲ့သေးသည်။ သို့သော် သူတော်စင်ဧကရာဇ်က သူထင်ထားသည်ထက် ဆုံးဖြတ်ချက် ပြတ်သားနေခဲ့သည်။ သူ၏စကားလုံးများက ဝမ်ချောင်အတွက် မျှော်လင့်ချက် ကင်းမဲ့စေသည်။

ဝမ်ချောင်၏မျက်နှာက ဖြူလိုက်စိမ်းလိုက် ဖြစ်နေသည်။ သူသည် အချိန်အတန်ကြာအောင် ဘာစကားမှ မဆိုနိုင်ချေ။ ရုတ်တရက် ခန်းမထဲတွင် ခေါင်းလောင်းသံက ဟိန်းထွက်သွားသည်။

ဝမ်ချောင်သည် ထိုမျှသာယာသော အသံမျိုးကို မကြားဖူးချေ။ ထိုအသံဟာ စူးရှသည်။ သို့သော် အနုစိတ်ပြီး ဇိသာ၏ ကြိုးတုန်ခါသံအလား ထင်ရသည်။ ခေါင်းလောင်းသံလိုဖြစ်နေသော်လည်း ခေါင်းလောင်းမှလာခြင်းမဟုတ်ကြောင်း သိနိုင်ပြန်သည်။

ပို၍အရေးကြီးသည်မှာ သူတော်စင်နန်းတွင်းသည် အထွတ်အမြတ် နယ်မြေဖြစ်သည်။ သူတော်စင်ဧကရာဇ်၏ အိမ်လည်းဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် တစ်စုံတစ်ယောက်ဟာ ဒီလိုနည်းလမ်းမျိုးကိုသုံးပြီး ယခုနေရာ၏ တွေ့ဆုံမှုကို ဖျက်ဆီးလိမ့်မည်ဟု မထင်ထားမိချေ။ သို့သော် ဝမ်ချောင် မမျှော်လင့်ထားသည်မှာ သူတော်စင်ဧကရာဇ်နှင့် ကောင်းလီရှီ၏ တုန့်ပြန်မှုဖြစ်သည်။ ခေါင်းလောင်းသံထွက်လာသောအခါ ကောင်းလီရှီ၏ မျက်နှာက ဖြူဖျော့သွားပြီး အထိတ်တလန့်ဖြစ်သွားကြောင်း မြင်လိုက်ရသည်။ သူတော်စင်ဧကရာဇ်ကမူ ရုတ်တရက် သူ၏အရှိန်အဝါက လှုပ်ခတ်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်လည်း သူတော်စင်ဧကရာဇ်၏ စွမ်းအင်ထဲမှ အစီအစဉ်မကျမှုကို ဖမ်းယူလိုက်နိုင်သည်။ သို့သော် တခဏသာဖြစ်ပြီး ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။ တစ်စုံတစ်ရာက ဖိနှိပ်လိုက်ပုံပေါ်၏။

“အရှင်မင်းကြီး...”

ဝမ်ချောင်၏နှလုံးသားက တုန်ယင်သွားပြီး မျက်နှာကလည်း ဖြူဖျော့သွားသည်။ သူသည် တစ်စုံတစ်ရာကို တွေးမိလိုက်၏။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒီနေ့အတွက် ကိစ္စတွေကို အဆုံးသတ်ရအောင်”

ကောင်းလီရှီကပြောသည်။

“သူတော်စင်ဧကရာဇ်က ပင်ပန်းနေပြီ။ ပြဿနာရှိရင် နောက်တစ်ချိန်မှပြောပါ”

သူဟာ အတက်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားသော်လည်း သူ၏အသံကမူ အလျင်လိုပြီး စိုးရိမ်စိတ်ပါလာသည်။

ခုံရုံးမှ အခြေအနေက ထူးဆန်းလာသည်။ ယခင်အခြေအနေနှင့်ပင် မတူတော့ချေ။ ဝမ်ချောင်သည် မှင်သက်နေပြီး သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားပြန်သည်။ သူသည် တစ်စုံတစ်ရာကို ပြောလိုသေးသည်။ သို့သော် သူတော်စင်ဧကရာဇ်က လက်ကိုယမ်းလိုက်ပြီး သူ့ကိုထွက်သွားသင့်ကြောင့် ဟန်အမူအရာ ပြနေခဲ့ပြီဖြစ်သည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် သွားပါ။ ဒီအစေခံက လိုက်ပါပို့ဆောင်ပါ့မယ်”

ကောင်းလီရှီက လှေကားထစ်များအောက်သို့ပင် ဆင်းလာသည်။

ဝမ်ချောင်က ခေါင်းသာညိမ့်လိုက်သည်။ စိတ်ထဲတွင်လည်း သက်ပြင်းချမိ၏။ သူဟာမည်မျှပင် သည်းမခံနိုင်အောင် ဖြစ်နေစေကာမူ ခန်းမထဲမှထွက်ရတော့ပေမည်။ သူသာ စကားဆက်ပြောလျှင် အပြစ်ကြီးတစ်ခု ပြုမိရာရောက်လောက်သည်။ ထိုသို့ဆိုလျှင် သူ၏အခြေအနေကို ပိုဆိုးသွားရုံသာ တက်နိုုင်ပေလိမ့်မည်။

“ဒီနိမ့်ကျတဲ့အရာရှိက အမိန့်တော်ကို လက်ခံပါတယ်”

ဝမ်ချောင်က လေးနက်စွာဂါရဝပြုသည်။

သူတို့က ခန်းမထဲမှ ထွက်သွားသည်နှင့် ကောင်းလီရှီက ရပ်တန့်ပြီး ဝမ်ချောင်ကိုကြည့်သည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒီအစေခံက မင်းရဲ့ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ ဒီနေ့က မနေ့ကနဲ့မတူဘူး။ အခုမင်းက မဟာထန်ကြီးရဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဖြစ်လာပြီ။ မဟာထန်က မျိုးရိုးနာမည်မတူတဲ့ ပထမဦးဆုံးသော ဘုရင်ပဲ။ ပေါ်တင်ဖြစ်စေ၊ အရိပ်ထဲကဖြစ်စေ လူတိုင်းကမင်းကို စောင့်ကြည့်နေကြတယ်။ ဒါကြောင့် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်အနေနဲ့ စကားလုံးတွေကို သတိထားပြီး လုပ်ဆောင်မှုတွေကို ထိန်းသိမ်းဖို့မျှော်လင့်တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ့်ကို ကာကွယ်ပါ။ အရှင်မင်းကြီးအတွက်ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့မှာလည်း အကြောင်းပြချက်တွေရှိတယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က အနာဂတ်မှာ နားလည်လာပါလိမ့်မယ်”

သူက တစ်စုံတစ်ရာ ထပ်ပြောလိုသော်လည်း သက်ပြင်းသာချမိသည်။

ဝမ်ချောင်က မေးခွန်းဆက်မေးလိုသည်။ သို့သော် ကောင်းလီရှီကမူ နောက်လှည့်ပြီး ခန်းမထဲသို့ ပြန်ဝင်သွားပြီဖြစ်သည်။ တခဏခန့်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်က အတွေးများကို ပြန်လည်စုစည်းပြီး ကျောက်စိမ်းလှေကားထစ်များ၏ အောက်သို့ ဆင်းလိုက်ရသည်။

ဝမ်ချောင်က ထွက်သွားပြီး သိပ်မကြာခင် ကောင်းလီရှီက သူတော်စင်ဧကရာဇ်၏ ဘေးဘက်သု့ိ ပြန်ရောက်သွားသည်။

“အရှင်မင်းကြီး ဒီကိစ္စက သူ့အတွက် တော်တော်လေးကို ဆိုးရွားတဲ့ ထိုးနှက်ချက် ဖြစ်သွားပြီးပြီ။ သူ့ကိုတကယ်ပဲ မပြောပြဘူးလား”

ကောင်းလီရှီက တုန့်ဆိုင်းစွာမေးသည်။

“မလိုဘူး”

သူတော်စင်ဧကရာဇ်က လက်ကိုယမ်းသည်။ သူ၏အမူအရာကမူ မထူးခြားနားဟန်သာဖြစ်သည်။

“ကျန်းရဲ့ခန္ဓာကိုယ်က ဒီထက်ပိုပြီး မတောင့်ခံနိုင်တော့ဘူး။ ဒီကိစ္စကို ပြင်လိုက်ရင်တောင်မှ အနာဂတ်မှာ တစ်စုံတစ်ရာ ဖြစ်လာဦးမှာ သေချာတယ်။ ဒါကိုသူ့အတွက် စမ်းသပ်မှုတစ်ခုအဖြစ် ရိုးရိုးရှင်းရှင်းပဲ ပြောင်းလဲပေးလိုက်ပြီး သူဘယ်လောက် သွားနိုင်မလဲပဲ ကြည့်ကြရအောင်”

“ဒီအစေခံအိုကြီးက... နားလည်ပါပြီ”

ကောင်းလီရှီက ခေါင်းကိုငုံ့လိုက်ပြီး ဂါရဝပြုသည်။

“ဒါပေမဲ့ အရှင်မင်းကြီး အရှင့်ရဲ့ဆက်ဆံမှု အပြောင်းအလဲက ကြီးမားလွန်းလို့ အရာရှိတွေ... သူတို့ တစ်ခုခုကို ရှာတွေ့သွားလောက်တယ်”

သူတော်စင်ဧကရာဇ်က ပုလ္လင်ကိုမှီလျှက်သာ လှဲနေသည်။ သူ၏မျက်လုံးကို တစ်ဝက်ခန့်သာ ဖွင့်ထားပြီး တည်ငြိမ်စွာသာပြောသည်။

“နက်ရှိုင်းလွန်းတဲ့ရောဂါက ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ဆေးကို လိုအပ်တယ်။ ဝရုန်းသုန်းကားဖြစ်နေတဲ့ လောကက ခပ်နက်နက် လှမ်းနိုင်တဲ့ နည်းလမ်းမျိုးကို လိုအပ်ပြန်တယ်။ ကျန်းက နှစ်နှစ်ဆယ်လုံးလုံး သူတို့ကို စောင့်ကြပ်နေခဲ့ပြီးပြီ။ ကျန်းက အားနည်းချက်နည်းနည်း ထုတ်ပြပြီး သူတို့ကို အခွင့်အရေးအချို့ မပေးရင် သူတို့က ဘယ်လိုများ ထွက်လာမှာလဲ”

သူတော်စင်ဧကရာဇ်က ထိုသို့ပြောသည်။ ထိုစကားကို သူတု့ိနှစ်ယောက်တည်းသာ နားလည်သည်။ သူတော်စင်ဧကရာဇ်ပြောသော သူတို့ဆိုသည်မှာ ကောင်းလီရှီကို သက်ပြင်းချမိစေသည်။ သူ၏မျက်လုံးထဲတွင် ပူပန်မှုများရှိသည်။

“ဒီအစေခံအိုကြီးက နားလည်ပါတယ်”

ထိုအခိုက်အတန့်တွင် ချောင်းဆိုးသံက ထွက်လာသည်။ ကောင်းလီရှီ၏မျက်နှာက ဖြူဖျော့သွားပြန်၏။

“အရှင်မင်းကြီး”

ကောင်းလီရှီက ချက်ချင်းလိုလို ရှေ့တက်ပြီး သူတော်စင်ဧကရာဇ်ကို ကူညီလိုသည်။ ချက်ချင်းဆိုသလိုပင် ကောင်းလီရှီ၏ ကိုယ်အတွင်းမှ သန့်စင်သန်မာသော ရန်စွမ်းအင်များက ထိုးထွက်လာပြီး သူတော်စင်ဧကရာဇ် ကိုယ်အတွင်းသို့ ဝင်သွားသည်။

ခန်းမထဲရှိ အရှိန်အဝါများက ဝရုန်းသုန်းကားဖြစ်နေသည်။ အချိန်အတန်ကြာမှသာ တည်ငြိမ်သွားပြန်သည်။

.....

တော်ဝင်နန်းတွင်း၏ အပြင်ဘက်မှ ဝမ်ချောင်က သူ၏ရထားလုံးအတွင်း ခံစားချက်မဲ့စွာ ထိုင်နေသည်။ သူ၏စိတ်က အမြစ်မှ ဆွဲနှုတ်ခံထားရသလိုဖြစ်နေသည်။ သူတော်စင်ဧကရာဇ်နှင့် တွေ့ဆုံပြီးနောက် ဝမ်ချောင်ဆန္ဒရှိသည့် အဖြေတစ်ခုကိုမှ မရခဲ့ချေ။ သူတော်စင်ဧကရာဇ်၏ အခြေအနေ ထူးဆန်းသောခေါင်းလောင်း ကောင်းလီရှီ၏ စကားလုံးများ အားလုံးက အလွန်အမင်း ပုံမှန်ပင်မဟုတ်ချေ။ ဝမ်ချောင်သည်လည်း သူတော်စင်ဧကရာဇ်က သံသယတိမ်စိုင်များကို ရှင်းလင်းပေးမည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် သံသယများကို ပို၍သာ ထူထည်းလာစေခဲ့သည်။

“ခဏနေပါဦး”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“စံအိမ်ကိုမပြန်နဲ့ဦး။ မြို့တော်ရဲ့ တောင်ပိုင်းကိုသွားရအောင်”

ရထားလုံးက ချက်ချင်းဆိုသလို ထိုဦးတည်ရာဘက်သို့လှည့်သည်။

မြို့တော်၏ တောင်ပိုင်း မိုးပြာရောင်နဂါး ရုပ်ထုကြီးရှိရာ ခမ်းနားထည်ဝါလွန်းသော စံအိမ်ကြီးသည် ယခင်အတိုင်း ထည်ဝါပြီး တည်ငြိမ်ကာ တိတ်ဆိတ်နေသေးသည်။ ဂိတ်တံခါးတွင်လည်း ကျောက်တုံးရုပ်ကြီးနှစ်ခုက စောင့်ကြပ်လျှက်ရှိ၏။ တစ်ဖက်တစ်ချက်စီတွင် အပြာရောင်နှင့် ရွှေရောင်စကားလုံးများကိုသုံးပြီး ထိုနေရာသည် ကျိုးစံအိမ်ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြထားသည့် ဆိုင်းဘုတ်ကိုမြင်နိုင်သည်။

ထိုစကားလုံးနှစ်လုံးက သစ်သားထဲတွင် နက်ရှိုင်းစွာကပ်ထားပြီး မော်ကြွားစွာ အနုစိတ်လှပစွာ ရေးဆွဲထားခြင်းဖြစ်သည်။ ထိုနေရာသည် ခရမ်းမိုးပြာ တောက်ပအမတ်မင်း ကျိုးဝမ်ချန်း၏ စံအိမ်ဖြစ်သည်။ ဝမ်ချောင်က ခေါင်းကိုမော့လျှက် စံအိမ်ကိုတစ်ချက်ကြည့်သည်။ သူ၏စိတ်ကမူ မုန်တိုင်းထန်သွားပြန်သည်။ မဟာထန်တွင် အကြီးအကဲ နိုင်ငံရေးသမား (၂၇)ယောက်နှင့် စီနီယာနိုင်ငံရေးသမား (၂၁)ယောက်ရှိသည်။ ကျိုးဝမ်ချန်းကမူ အကြီးအကဲ နိုင်ငံရေးသမားများထဲမှ ခေါင်းဆောင်ဖြစ်သလို ဘုရင်စုန့်နှင့် ဝမ်ကလန် အဖွဲ့ဘက်မှ အရေးပါဆုံးသော ပြည်တွင်းရေး အရာရှိများထဲမှ တစ်ယောက်ဖြစ်ပြန်သည်။

ထိုကိစ္စက ဖြစ်ပျက်လာသောအခါ ကျိုးဝမ်ချန်းက အရေးပါသော အရာရှိများထဲမှ အတိုက်အခံလုပ်သော သူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏အတိုက်အခံလုပ်မှုက ဘုရင်စုန့်ကိုပင် အံ့အားသင့်စေခဲ့သေး၏။

သူက သူတော်စင်ဧကရာဇ်ထံမှ အဖြေမရသောအခါ ဝမ်ချောင်က ကျိုးဝမ်ချန်းကို ချက်ချင်းလိုလို တွေးမိလိုက်သည်။ သူသည် ဘုရင်စုန့်၏ ယုံကြည်မှုကို လက်ခံရရှိထားသော နောက်လိုက်များထဲမှ တစ်ယောက်က သူ၏နေရာကို ရုတ်တရက် ပြောင်းလဲခံရသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း နားလည်နိုင်မည်ဆိုလျှင်ပင် ထိုကိစ္စတစ်ခုလုံး၏ ဇစ်မြစ်ကို အာရုံခံနိုင်လောက်သည်။

“ကျေးဇူးပြုပြီး မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဝမ်ချောင်က လာရောက်တွေ့ဆုံတယ်လို့ အကြောင်းကြားပေးပါ”

ကျိုးစံအိမ်၏ဂိတ်တွင် ဝမ်ချောင်က ဟန်အမူအရာပြလိုက်သောအခါ ကျန်းချွယ်က ရှေ့ထွက်လျှက် တွေ့ဆုံခြင်းကပ်ပြားကိုပေးသည်။ အစောင့်ခေါင်းဆောင်က ကပ်ပြားကို တစ်ချက်ကြည့်သည်။ ထို့နောက် မျက်နှာက ဖြူဖျော့သွားသည်။

“အရှင့်သား ကျေးဇူးပြုပြီး ခဏစောင့်ပါ။ ဒီလူက ချက်ချင်းပဲ သတင်းပို့လိုက်ပါ့မယ်”

ကျိုးစံအိမ်၏ အစောင့်ခေါင်းဆောင်က ကပ်ပြားကိုကိုင်လျှက် စံအိမ်အတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားသည်။

ဝမ်ချောင်က ဂိတ်ဝတွင်ရပ်နေသည်။ သူ၏မျက်လုံးကိုလည်း တဖြည်းဖြည်းချင်း ပိတ်လိုက်၏။ ကျိုးစံအိမ်က အစပိုင်းတွင် တည်ငြိမ်နေသည်။ သို့သော် ချက်ချင်းလိုလို မုန်တိုင်းထန်သွားသည်။ သူသည် အတွင်းမှ မိန်းမတစ်ယောက်၏ အော်သံကိုပင် ကြားရ၏။

“အရှင်”

ကျန်းချွယ်က လှည့်ပြီး ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။ သိန်းငှက်အိုကြီး၏ တပည့်ဖြစ်သလို ဝမ်ချောင်၏အနားတွင် သတင်းအချက်အလက်များကိုယူရန် တာဝန်ယူထားသည့် အရေးပါသော လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည့် ကျန်းချွယ်က အခြေအနေတစ်ခုလုံးကို သိသည်။ သူ၏ ရုတ်တရက် ရာထူးအချခံရသော ကိစ္စပြီးနောက် ကျိုးဝမ်ချန်းက စံအိမ်အတွင်းသို့ နောက်ဆုတ်သွားကာ ဧည့်သည်များအားလုံးကို တွေ့ဆုံရန် ငြင်းဆန်ထားသည်။ မနက်ခင်းခုံရုံးသို့ပင် ဖျားနာသည်ဆိုသော အကြောင်းပြချက်နှင့် မတက်ခဲ့ချေ။

အမှန်တိုင်းဆိုရသော် ဘုရင်စုန့်နှင့် ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်းကလည်း ဒီအချိန်ကာလ အတောအတွင်း သူ့ကိုလာရောက် တွေ့ဆုံရန် ရှာဖွေခဲ့ပြီးလေပြီ။ သို့သော် နှစ်ယောက်လုံးက လက်ဗလာနှင့် ပြန်သွားခဲ့ရသည်။

အခန်း(၁၂၃၃)

“စိတ်အေးအေးထား သူငါတို့ကို သေချာပေါက် ထွက်တွေ့လိမ့်မယ်”

ဝမ်ချောင်က ကျန်းချွယ်၏ ပူပန်သောကကို နားလည်သလိုမျိုး ပြောလိုက်သည်။

ကျိုးစံအိမ်အတွင်းမှ ဝရုန်းသုန်းကား အခြေအနေက ခပ်မြန်မြန် တည်ငြိမ်သွားသည်။ စံအိမ်တစ်ခုလုံးက ပြန်လည်တည်ငြိမ်သွားပြန်သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ကျန်းချွယ်ကလည်း ဝမ်ချောင်မှားယွင်းလောက်သည်ဟု ယူဆလိုက်သည့် အခိုက်အတန့်တွင်မှ ချဉ်းကပ်လာသော ခြေလှမ်းသံများကို ကြားရသည်။ ကျိုးစံအိမ်၏ ဖွင့်ထားသော ဂိတ်တံခါးကြီးမှတစ်ဆင့် ကျန်းချွယ်ဟာ ပေါ့ပါးသော မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပညာသင်သားတစ်ယောက်လို စီရင်ထုံးဖွဲ့ထားသော သတ်လတ်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်သည်။ ထိုသူသည် အစေခံနှင့် လက်အောက်ငယ်သား တစ်အုပ်ကို ဦးဆောင်လျှက်ထွက်လာသည်။ သူက ခေါင်းကိုအနည်းငယ် ငုံ့လျှက် ထွက်လာခြင်းဖြစ်ပြီး သူ၏မျက်လုံးက မြေပြင်ကိုသာကြည့်နေသည်။ သူသည် စိတ်လွတ်နေပုံရပြီး စိတ်မအေးနိုင်ပုံလည်း ပေါ်သည်။

သူသည် အဓိကဝင်ပေါက်ကြီးနှင့် ခြေလှမ်းသုံးဆယ် လေးဆယ်ခန့် ဝေးကွာသောအခါ အစေခံတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။ ထိုအခါမှသာ ထိုပညာသင်သားတစ်ယောက်က အသိပြန်ဝင်သွားသည်။ သူသည် ဝတ်စုံများကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ဝမ်ချောင်ကို ခပ်မြန်မြန် လာရောက်တွေ့ဆုံသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က ကျွန်တော်မျိုးရဲ့ တည်ရှိမှုကို လက်ခံပြီး လာရောက်တွေ့ဆုံပေးတာက ကျွန်တော်မျိုးကို ဆုလဒ်ချီးမြင့်လိုက်သလိုပါပဲ။ ဒီကျိုးက ရိုင်းပြစွာနဲ့ အရှင့်သားကို မကြိုဆိုမိတဲ့အတွက် ခွင့်လွှတ်ပါ”

ကျိုးဝမ်ချန်းက လက်နှစ်ဖက် ဖိကပ်လျှက် ဂါရဝပြုလိုက်သည်။

“အရှင်ကျိုးက ယဉ်ကျေးလွန်နေပြန်ပါပြီ။ မင်းကငါ့ကို အထဲဝင်ဖို့ မဖိတ်ခေါ်သေးဘူးလား”

ဝမ်ချောင်ကပြောသည်။

“အာ”

ကျိုးဝမ်ချန်းက အိမ်မက်မှ လန့်နိုးလာသလို အသိပြန်ဝင်သွားပြီး ခပ်မြန်မြန် ဘေးသို့ဖယ်ပေးသည်။

“အရှင့်သား ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး”

သူသည် ကျေးဇူးပြုပြီးကို သုံးကြိမ်ဆက်တိုက်ပြောသည်။ ထို့နောက် ကျိုးဝမ်ချန်းသည် ဝမ်ချောင်အား စံအိမ်အတွင်းသို့ ခေါ်သွားပြီဖြစ်သည်။

သူတို့က ဧည့်ကြိုခန်းမအတွင်းသို့ ဝင်ရောက်လာသောအခါ လေထုအခြေအနေက အလွန်အမင်း ထူးဆန်းနေပြန်သည်။ အစေခံတစ်ယောက်၏ မျက်နှာက ဖြူဖျော့ပြီး ထူးဆန်းနေကြသည်။ တံခါးမှအစောင့်များက ပုံမှန်မဟုတ်သော မျက်နှာထားများနှင့်ဖြစ်သည်။ ကျိုးဝမ်ချန်းကပင် ပင်အပ်များစိုက်ထားသော ထိုင်ခုံပေါ် ထိုင်နေရသလိုမျိုး ဖြစ်နေသည်။

“အရှင်ကျိုးက ပြောရမဲ့စကားတွေ မပြင်ဆင်ရသေးတာလား”

ဝမ်ချောင်က စားပွဲပေါ်မှ ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်ပြီး အဖုံးကိုဖွင့်သည်။ ထို့နောက် ရေနွေးကြမ်းထဲမှ အမြုပ်များကို အဖုံးလေးနှင့် မွှေနေလိုက်သည်။

အနားတွင် အသင့်စောင့်နေသည့် အစေခံများ၏ မျက်နှာက ဖြူဖျော့သွားသည်။ ကျိုးဝမ်ချန်း၏မျက်နှာက ကျန်းမာရေးမကောင်းသော လူလိုမျိုး အစိမ်းပုပ်ရောင် သမ်းသွားသည်။

“ဟင်း”

သူဟာ ရုတ်တရက် သက်ပြင်းရှည်ကြီးကိုချပြီး ထရပ်လိုက်သည်။ သူသည် သေမိန့်ပေးခံထားရသော အကျဉ်းသားတစ်ယောက်လို တစ်ညတာလုံး နှိပ်စက်မှုခံရပြီးနောက် နောက်ဆုံးတွင် ကံကြမ္မာကို လက်ခံလိုက်သူလို ပြုမူသည်။

“အရှင့်သား ကျိုးဝမ်ချန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောစရာမရှိပါဘူး။ ကျိုးဝမ်ချန်းက အရှင့်သား ယုံကြည်မှုကို အလဟသဖြစ်စေမိပါပြီ။ အရှင့်သား ကျွန်တော်မျိုးကို ဘယ်လိုအပြစ်ပေးပေး ဒီကျိုးက ကျေကျေနပ်နပ် လက်ခံမှာပါ။ အထွတ်တက်စရာ မရှိပါဘူး”

ထိုသို့ပြောပြီးနောက် သူဟာ ကိုးဆယ်ဒီဂရီအထိ ဦးညွှတ်လိုက်သည်။

ဝမ်ချောင်သည် မဟာထန်၏ ခိုရာစန်းကို သိမ်းပိုက်နိုင်ခဲ့သော အမြင့်ဆုံးသော ရာထူးရှိ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို ချီရှီ၏ ယာယီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးဖြစ်သည်။ ကျိုးဝမ်ချန်းနှင့် အခြားသောသူများက ဝမ်ချောင်အား စစ်အာဏာ ရုတ်သိမ်းခံရအောင် လုပ်မိသွားသည်။ သူ၏ ယာယီချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ဆိုသော ရာထူးကိုပင် ဖယ်ရှားလိုက်စေသည်။ ထို့ပြင် သူ့တွင် တာလာ့တွင် လပေါင်းများစွာ ခက်ခက်ခဲခဲကြိုးစားပြီး တိုက်ခိုက်ခဲ့ရသော ရလဒ်တိုင်းကို အလဟသ ဖြစ်သွားစေခဲ့၏။ ထို့ကြောင့် ဝမ်ချောင်က ဒီကိစ္စတွင် မတရားအခံရဆုံးသော လူဖြစ်သည်။ ကျိုးဝမ်ချန်းက ဘုရင်စုန့်နှင့် ဝမ်ကန်းတို့ကိုတွေ့ရန် ငြင်းဆန်လိုက်သည်။ သို့သော် ဝမ်ချောင်ကိုမူ ထာဝရမငြင်းနိုင်ချေ။ ထာဝရ မရှောင်တိမ်းနိုင်ချေ။ ပြည်နယ်ရေးအရာရှိတစ်ယောက် အနေနှင့် ကွန်ဖြူးရှပ်တန်ဖိုးများကို ဆုပ်ကိုင်ထားရန် တာဝန်ရှိသည်။ သို့သော် ထိုကိစ္စတွင် သူသည် သူ၏ အသိစိတ် လုပ်ဆောင်နေသည့် ကိစ္စများအားလုံးကို ကျော်လွန်ကာ လုပ်မိသွားသည်။ ထိုကိစ္စကြောင့်လည်း ကျိုးဝမ်ချန်းက သူ့ကိုသေချာပေါက် တွေ့ဆုံလိမ့်မည်ဟု ဝမ်ချောင်က သေချာနေခဲ့ခြင်းဖြစ်သည်။

“အရှင်ကျိုး မင်းကဘယ်လောက်တောင် မြင့်မြတ်ပြီး ဖြောင့်မတ်လိုက်တဲ့လူလဲ”

ကျန်းချွယ်က ကျိုးဝမ်ချန်းကိုလှောင်သည်။ သူ၏လေသံထဲတွင် ရန်လိုမှု၊ မုန်းတီးမှုများပါသည်။

ချီရှီတွင် ထိုလူများကြောင့် ဝမ်ချောင်က ဒေါသထွက်လွန်းသဖြင့် သွေးအန်ပြီး သတိလစ်သွားခဲ့ရသည်။ ကျန်းချွယ်ကလည်း ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ သူသည် ထိုလူများအပေါ် အမြင်ကောင်းမရှိပါချေ။

ပို၍ဆိုးသည်မှာ ကျိုးဝမ်ချန်းက သစ္စာဖောက်ဖြစ်သည်။ သူသည် ကတိစကားကို ပြန်လည်ရုတ်သိမ်းသွားခဲ့၏။ ထို့ကြောင့် ကျန်းချွယ်က သူ့အား အမုန်းဆုံးဖြစ်သည်။

“လုံလောက်ပြီ”

ဝမ်ချောင်က လက်ကိုယမ်းပြီး ကျန်းချွယ်ကိုတားသည်။

ဝမ်ချောင်က ရေနွေးကြမ်းခွက်ကိုချပြီး တည်ငြိမ်စွာမေးသည်။

“အရှင်ကျိုးက ဒီလိုရှင်းပြချင်တာလား”

“အရှင့်သား ဒီကျိုးမှာလည်း ပူပန်စရာတွေရှိပါတယ်။ ဒီကျိုးက ဘုရင်စုန့်နဲ့ သိကျွမ်းခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဘုရင်စုန့်ပဲဖြစ်ဖြစ် အရှင်ဝမ်ကန်းပဲဖြစ်ဖြစ် ဒီလူက သူတို့ကို အမြဲတမ်း နက်နက်ရှိုင်းရှိုင်း လေးစားနေခဲ့တာပါ။ အရှင့်သားကလည်း မျိုးနွယ်ခြားတွေနဲ့ တိုက်ပွဲနယ်မြေမှာ ပြင်းပြင်းထန်ထန် ထိုးဖောက်တိုက်ခိုက်ပြီ။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို မြင့်မားအောင်လုပ်ပေးခဲ့တယ်။ ဒီကျိုးက အရှင့်သားအတွက် ချီးကျူးစကားတွေအပြည့် ပြောစရာရှိပါတယ်။ အရှင့်သားကလည်း ဖြစ်နိုင်မယ်ဆိုရင် ဒီကျိုးက ဒီလိုစကားမျိုးကို ပြောမှာမဟုတ်တာကို နားလည်စေချင်ပါတယ်”

“ပေါက်ကရတွေ ခင်ဗျားကဒီလို ဆက်လုပ်ရဲသေးတယ်”

ကျန်းချွယ်က ဒေါသတကြီးပြောသည်။

“ဒါကခင်ဗျားရဲ့ ရှင်းပြချက်လား။ တိုင်းတစ်ပါးနယ်မြေမှာ ငါတို့ရဲ့ညီအစ်ကိုတွေ အသက်ဘယ်လောက်တောင် စတေးထားရသလဲ။ ငါတို့ရဲ့သွေးတွေ အဲ့ဒီမြေပေါ် ဘယ်လောက်တောင် ကျခဲ့လဲသိလား။ ဒါတောင်မှ ခင်ဗျားက ဒီလိုလုပ်ဖို့ တွန်းအားပေးခံရတာပါလို့ ပြောရဲသေးတယ်”

သာမာန်အခြေအနေမျိုးတွင်ဆိုလျှင် သူသည် ဒီလောက်ထိ ဒေါသထွက်လိမ့်မည်မဟုတ်ချေ။ သို့သော် အခြေအနေဟာ မတူချေ။ နှစ်တစ်ဝက်လုံးလုံး ကြိုးစားအားထုတ်မှုများ အားလုံးက အလဟသ ဖြစ်သွားရသည်။ ကျန်းချွယ်အနေဖြင့် ကျိုးဝမ်ချန်းက ထိုမျှတည်ငြိမ်နေသော ကိစ္စကို လက်မခံပေးနိုင်ချေ။

“ကျန်းချွယ်”

ဝမ်ချောင်က ကျန်းချွယ်ကိုတစ်ချက်ကြည့်ပြီး နှုတ်ပိတ်လိုက်သည်။ ထို့နောက် ကျိုးဝမ်ချန်းကို ပြန်ကြည့်သည်။

“ဆိုတော့ အရှင်ကျိုးက မင်းကိုဘယ်သူ အမိန့်ပေးသလဲဆိုတာကို မပြောနိုင်သလို ဘယ်သူက စိတ်ပြောင်းအောင် လုပ်သလဲဆိုတာကိုလဲ မပြောနိုင်ဘူးပေါ့ ဟုတ်လား”

“အရှင့်သား ငါ့ကိုခွင့်လွှတ်ပါ။ ဒီကျိုးက မပြောချင်တာမဟုတ်ဘဲ ပြောလို့မရနိုင်တာပါ”

ကျန်းချွယ်က ထိုစကားလုံးများကြောင့် ပို၍ပင် လှုံ့ဆော်ခံရသလိုမျိုး ဒေါသထွက်သွားသည်။ သို့သော် ဝမ်ချောင်ကမူ နားလည်နေသလိုမျိုး လက်မောင်းပေါ် တင်ထားသည့် လက်များကို ပြန်မြှောက်ရန် ပြင်ထားသည်။

“နားလည်ပြီ ကျန်းချွယ် သွားရအောင်”

ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်က ကျိုးဝမ်ချန်းကို ဆက်လက်ပြီး အာရုံမစိုက်တော့ဘဲ ထွက်ခွာရန် ကြံစည်လိုက်သည်။ ထိုသို့ဖြင့် ကျိုးဝမ်ချန်းနှင့် ကျန်းချွယ်တို့ကို စွံ့အသွားစေ၏။ ဒီနေ့ဟာ ဝမ်ချောင် သူကောင်းဘွဲ့ ချီးမြင့်ခံရသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ မြို့တော်ရှိလူတိုင်းက ထိုအကြောင်းအရာကို သိသည်။ ကျိုးဝမ်ချန်းကလည်း ဝမ်ချောင်ဟာ ကျိုးစံအိမ်တွင် ပေါ်လာခဲ့သည်မှာ သူ့ကို ကိုင်တွယ်ရန်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဝမ်ချောင်ဟာ စကားလုံးအနည်းငယ်ပြောပြီး ထွက်သွားသည်။ ထိုအခြေအနေက သူ့ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။

“နေဦး”

ဝမ်ချောင်က တံဆက်မြိတ်ကို ကျော်လှမ်းရန်ပြင်ရုံသာရှိသေးသည်။ ကျိုးဝမ်ချန်းက မနေနိုင်ဘဲ နောက်ဆုံးတွင် လှမ်းခေါ်လိုက်သည်။

“အရှင်ကျိုးက အခြားပြောစရာ ရှိသေးလို့လား”

ဝမ်ချောင်က ကျောပေးလျှက် ရပ်နေလိုက်သည်။

“အရှင့်သား ဒီကိစ္စက ကျိုးရဲ့အမှားဆိုတာ အမှန်ပါ။ ဒီလူကို ဘုရင်စုန့်နဲ့ အရှင်ဝမ်က ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဖီးနစ်က ပျံလွှားငှက်ကို မွန်းမံပြင်ဆင်ထားသလို ဖြစ်နေသလို ဒါက မူရင်းဇစ်မြစ် ဖြစ်နေပါသေးတယ်။ အရှင့်သားနဲ့ အရှင်ဘုရင်စုန့်တို့မှာ အထွန့်တက်ချင်တာများရှိရင် ကျေးဇူးပြုပြီး ဒီကျိုးတစ်ယောက်တည်းကိုပဲ ချိန်ရွယ်ပေးပါ။ ကျန်တဲ့မိသားစုဝင်တွေကိုတော့ လွှတ်ပေးပါ”

“စိတ်အေးအေးထားပါ ငါက ဒီလောက်ထိ ငါ့ကိုယ်ငါ အဆင့်နိမ့်မခံဘူး”

ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်က ထွက်သွားသည်။ အနောက်ဘက်မှ ကျိုးဝမ်ချန်းက စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ တစ်ကြိမ်ထဲတွင်ပင် လေးနက်စွာ ဂါရဝပြုလိုက်သည်။

“ကျိုးဝမ်ချန်းက အရှင့်သားကို ကျေးဇူးတင်ပါတယ်”

.....

သူတို့က ကျိုးစံအိမ်ထဲမှ ထွက်ပြီးသည်နှင့် ကျန်းချွယ်၏နှလုံးသားက ဒေါသများ သည်းမခံနိုင်မှုများ ပြည့်နှက်နေသေးသည်။

“အရှင် ငါတို့ဒီတိုင်းပဲ သူ့ကိုလွှတ်ပေးလိုက်တော့မှာလား။ လူတိုင်းက ပညာသင်သားတွေရဲ့ ပြုမူပြောဆိုပုံ ကျင့်ဝတ်တွေအကြောင်း ပြောကြတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးကတော့ ရွံ့ရှာလွန်းလို့ အန်ချင်စိတ်တောင် ဖြစ်စေတယ်”

“သူ့ကိုလွှတ်ပေးလိုက်ပါ။ လူတိုင်းက ကိုယ်ပိုင်အခက်အခဲရှိတယ်။ သူက အမှားတစ်ခု လုပ်မိရုံနဲ့ ငါတို့သူ့ကို မဖယ်ရှားလိုက်သင့်ဘူး”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူသည် ကျန်းချွယ်လောက် ဒေါသမထွက်ပါချေ။

“ဒါပေမဲ့ ဒီလူက ကိစ္စတစ်ခုတောင် မပြောခဲ့ဘူး။ နောက်ပြီး အရှင်က ရာထူးချခံရပြီး စစ်အာဏာတောင် ဖယ်ချခံရသေးတယ်။ ကျွန်တော်တို့ညီအစ်ကိုတွေ ကြိုးစားအားထုတ်ထားသမျှက အဟလသ ဖြစ်သွားရစေတယ်။ သူ့ကိုဒီတိုင်း အလွယ်တကူ လွှတ်ပေးတာက လွယ်လွန်းတယ်မဟုတ်လား။ ကျွန်တော်တို့ ဒီနေရာကိုလာတာက အလဟသ မဖြစ်သွားဘူးလား”

ကျန်းချွယ်က သည်းမခံနိုင်သလိုပြောသည်။

“အလဟသ ဖြစ်တယ်လို့ ဘယ်သူပြောလဲ”

ဝမ်ချောင်က ပြန်ပြောသည်။

“အာ”

ကျန်းချွယ်က ကြောင်တောင်တောင် ဖြစ်သွားသည်။ သူသည် ကျိုးဝမ်ချန်းနှင့် ဝမ်ချောင်တို့ တွေ့ဆုံမှုအကြားတွင် တောက်လျှောက် ရှိနေခဲ့သည်။ ကျိုးဝမ်ချန်းဟာ တောင်းပန်သည့် စကားကလွဲပြီး အပိုစကား မဆိုခဲ့ချေ။ သူ၏ကိုယ်ပိုင်ဝမ်းနည်းမှုများနှင့် ဒုက္ခများဖြင့်သာ ဆက်တိုက် တောင်းပန်သွားခဲ့၏။ သူသည် အပိုစကားကို ထည့်မပြောသွားခဲ့ပါချေ။ ယခုအခါ ဝမ်ချောင်ကမူ တစ်စုံတစ်ရာ ရလိုက်သည်ဟုဆိုသည်။ ဒါပေမဲ့ ဘယ်လိုမျိုးလဲ။

ကျန်းချွယ်က ပြန်တွေးကြည့်သည်။ သို့သော် ကျိုးဝမ်ချန်းပြောသည့် အသုံးဝင်လောက်မည့် မည်သည့် အကြောင်းအရာကိုမှ မတွေးမိပြန်ချေ။

“တစ်ခါတစ်ရံမှာ ဘာမှမပြောတာက တစ်ခုခုပြောလိုက်တာပဲ။ အချို့ကိစ္စတွေက တိုက်ရိုက်ထုတ်ပြောဖို့ မလိုဘူး။ ပိုဆိုးတာက ငါတို့မပြန်ခင်မှာ သူတစ်ခုခု မပြောလိုက်ဘူးလား။ ဖီးနစ်က ပျံလွှားငှက်ကို မွန်းမံထားတာပါတဲ့။ အမြဲတစေ ဇစ်မြစ်ကရှိတာပဲ”

ဝမ်ချောင်က ထိုသို့ပြောလိုက်ပြီးနောက် ရထားလုံးပေါ်သို့တက်သည်။ ထိုသို့ဖြင့် ကျန်းချွယ် တစ်ယောက်တည်းကသာ မှင်သက်လျှက် ကျန်နေရစ်ခဲ့သည်။

“ဖီးနစ်က ပျံလွှားငှက်ကို မွန်းမံပြင်ဆင်ထားတယ်။ အရာအားလုံးမှာ ဇစ်မြစ်ရှိတယ် ဒါက ဒါကဘာကို ဆိုလိုတာလဲ”

ကျန်းချွယ်က ခပ်တိုးတိုး ရေရွတ်နေပြီးနောက် နားမလည်သေးပြန်ချေ။ သူသည် သတင်းအချက်အလက်များကို စုဆောင်းရန် တာဝန်ယူထားရသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်နေသေးသော်လည်း စာပေပညာများကို နှံ့စပ်ကျွမ်းကျင်မှုခြင်း ယှဉ်သော် ဝမ်ချောင်ကို မယှဉ်နိုင်ချေ။

“ဆက်တွေးဖို့မလိုဘူး သွား စံအိမ်ကိုပြန်မယ်”

ဝမ်ချောင်၏အသံက ထပ်ထွက်လာသည်။ ကျန်းချွယ်၏နှလုံးသားက တုန်ယင်သွားသည်။ သူသည် ချက်ချင်းဆိုသလို ရထားလုံးထဲသို့ဝင်ပြီး ကြာပွတ်ကို ရိုက်လိုက်သောအခါ မြင်းတစ်ကောင်က ရထားလုံးကိုဆွဲပြီး လမ်းပေါ်သို့တက်သည်။ ထိုသို့ဖြင့် ကျိုးမိသားစု စံအိမ်သို့ ပြန်လေသည်။ ဘိမ်းများက ရှေ့သို့လိမ့်သွားသည်နှင့် ဝမ်ချောင်က စတင်ကာတွေးသည်။

ဖီးနစ်က ပျံလွှားငှက်ကို မွန်းမံထားသည်ဆိုသော စကားက အနောက်ပိုင်းဟန်၏ မတော်တဆတစ်ခုမှ လာသည်။ ထိုအချိန်က မှော်ပညာအတက် တက်သူတစ်ယောက်က နန်းတွင်းတွင် မတော်တဆမှုတစ်ခု ပြုမိသွားသည်။ သက်ရောက်မှုများက ကျယ်ပြန့်လွန်းသဖြင့် ဌာနသုံးခုလုံးကိုပင် ပူးပေါင်းစစ်ဆေး စုံစမ်းခဲ့ရစေသည်အထိ ဖြစ်သည်။ စုံစမ်းသည့် အရာရှိများ အားလုံးက နန်းတွင်းအစေခံ မိန်းကလေးထံသို့ မှော်အတက်ပညာတွင် ပါသော အဝတ်ရုပ်များ သစ်သားရုပ်များကို ယူဆောင်ပေးခဲ့သည်။ ထိုအရုပ်များပေါ်လုပ်သည့် နှိပ်စက်မှု တစ်ခုချင်းစီတိုင်းက ထိုအစေခံပေါ်ရောက်သည်။ သို့သော် အဆုံးသတ်တွင် သူမက မသေခင် စကားတစ်ခွန်းကိုသာ ဆိုသွားသည်။

“ဖီးနစ်က ပျံလွှားငှက်ကို မွန်းမံပြင်ဆင်ထားတာပဲ။ ငါစိတ်လိုလက်ရ လုပ်ခဲ့တာ မဟုတ်ပါဘူး”

ထိုစကားကိုသာ ပြောသွားသည်။

ဆိုတော့ဒါက အကြောင်းပြချက်လား။

ဝမ်ချောင်က တွေးလိုက်သည်။

“ဖီးနစ်က ပျံလွှားငှက်ကို မွန်းမံထားတယ်”ဆိုသော ဆိုလိုရင်းအရ အဓိပ္ပာယ်ပေါင်းများစွာ ရှိသော်လည်း ကျိုးဝမ်ချန်းကဲ့သို့သော သူမျိုးကို ထိုသို့ လှုံ့ဆော်ပေးနိုင်သောလူက အင်ပါယာခုံရုံးထဲတွင် လူအနည်းငယ်သာရှိပြီး ရုတ်တရက် ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်သွားသည်။

ငါအခုစတင်ပြီး လှုပ်ရှားရတော့မယ်ထင်တယ်။ မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါမင်းကိုရအောင် ဆွဲထုတ်မယ်။

ဝမ်ချောင်က ရုတ်တရက် ရေရွတ်လိုက်သည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က စံအိမ်သို့ ပြန်ရောက်သည့်အချိန်ဟာ မှောင်နေပြီဖြစ်သည်။ သိန်းငှက်တစ်ကောင်က မြို့ရိုးကိုကျော်ဖြတ်ပြီး ဝမ်မိသားစု စံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။ ကျန်းချွယ်က ဝမ်ချောင်၏တံခါးကို စိုးရိမ်တကြီးခေါက်သည်။ သူ့လက်ထဲတွင် စာတစ်စောင်ကိုကိုင်ထားသည်။

သူက ဒူးတစ်ဖက်ထောက်ချပြီး တင်းမာစွာပြောသည်။

“အရှင့်သား သတင်းဆိုးပဲ။ ဆရာက ကျိုးဝမ်ချန်က အင်ပါယာခုံရုံးကို နှုတ်ထွက်စာ တင်လိုက်တယ်လို့ သတင်းပို့လာတယ်။ နောက်ပြီးသူက ကျန်းမာရေးမကောင်းလို့ အင်ပါယာခုံရုံးမှာ သူ့ရဲ့တာဝန်တွေ မထမ်းဆောင်နိုင်တော့ဘူးလို့ အကြောင်းပြချက်ပေးတာပါ။ နောက်ပြီးသူက မွေးရပ်မြေကိုပြန်ပြီး အနားယူဖို့ တောင်းဆိုထားတယ်။ ပိုဆိုးတာက တော်ဝင်ခုံရုံးကလည်း လက်ခံပေးလိုက်တယ်။ ဆရာက လူတွေလွှတ်ပြီး စစ်ဆေးခိုင်းထားတယ်။ အဲ့ဒီနောက် ကျိုးစံအိမ်တစ်ခုလုံးက လူသူရှင်းလင်းနေတာကို တွေ့လိုက်ရတယ်”

“ငါနားလည်တယ်”

ဝမ်ချောင်က အိပ်ယာပေါ်တွင် တိတ်တဆိတ် ကျင့်ကြံနေခြင်းဖြစ်သည်။ ယခုအချိန်တွင် သူ၏အမူအရာဟာ တည်ငြိမ်နေပြီဖြစ်သည်။

“အရှင့်သား အခုက ကျိုးဝမ်ချန်းဆီက သတင်းအရယူဖို့ အကောင်းဆံုံးအချိန်မဟုတ်လား။ သူ့ကိုဖမ်းဖို့ လူလွှတ်လိုက်ရမလား”

“မလိုဘူး”

ဝမ်ချောင်က လက်ကိုယမ်းသည်။ သူသည် မျက်လုံးကိုပင် မဖွင့်ချေ။ ထိုအမိန့်က ကျန်းချွယ်ကိုပင် ဖိအားများသွားစေသည်။

“ဒါပေမဲ့အရှင်...”

ကျန်းချွယ်က တောင့်ခဲသွားသည်။ သူသည် ဝမ်ချောင်၏အတွေးကို အပြည့်အဝ မဖမ်းဆုပ်နိုင်ချေ။

“သူ့ကိုစိုးရိမ်စရာမလိုဘူး။ လွှတ်ပေးလိုက်”

ဝမ်ချောင်က ခပ်တိုးတိုးပြောသည်။ သူ၏စကားလုံးများက စကားပြောခန်းကို အဆုံသတ်လိုက်ပြီဖြစ်သည်။

ကျန်းချွယ်က စိတ်ရှုပ်ထွေးပြီး လက်သင့်မခံလိုသေးချေ။ သို့သော် ဝမ်ချောင်က စိတ်ဆုံးဖြတ်ပြီးကတည်းက သူသည် နောက်ဆုတ်ရန်သာ တက်နိုင်သည်။

ကျန်းချွယ်ထွက်သွားပြီးမှသာ ဝမ်ချောင်က မျက်လုံးကိုဖွင့်သည်။ ထိုမျက်လုံးက မှင်သက်ဖွယ်ကောင်းသော အလင်းများဖြင့် တောက်ပလာ၏။ သို့သော် သူသည် ခံစားချက်များ အားလုံးကို ခပ်မြန်မြန်ထိန်းညှိလိုက်ပြီး အခန်းတစ်ခုလုံးကို ပြန်လည်ပြီး ငြိမ်သက်တိတ်ဆိတ် သွားစေလိုက်သည်။

အခန်း(၁၂၃၄)

တစ်ညတာက လျှင်မြန်စွာ ကုန်လွန်သွားသည်။ နောက်တစ်ရက် မနက်ခင်းတွင် ဝမ်ချောင်က ရေချိုးသန့်စင်ပြီး အဝတ်အစားလဲကာ သန့်ရှင်းမှုများအားလုံး ပြုပြီးချိန်တွင် စံအိမ်မှ အစေခံများက မျိုးနွယ်ခြားနယ်မြေများ၏ နောက်ခံကိုကိုယ်စားပြုသည့် အနီရောင် တော်ဝင်ဝတ်စုံကို ဖြေးဖြေးချင်း ကူညီကာ ဝတ်ဆင်ပေးကြသည်။ သူ၏ခေါင်းတွင် ခရမ်းနှင့်ရွှေအနားကွပ် သရဖူလေးကိုတင်ပြီး သူ၏လက်တစ်ဖက်တွင် ချီးမြင့်ခြင်းခံထားရသည့် တော်ဝင်ဓားကို ဆုပ်ကိုင်လျှက် အခြားသော တစ်ဖက်တွင်မူ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် အသိအမှတ်ပြု နဂါးတံဆိပ်ကို ဆုပ်ကိုင်ပြီး စံအိမ်ထဲမှ ယုံကြည်ချက်အပြည့်ဖြင့် ထွက်ခွာကာ ခမ်းနားထည်ဝါလွ””န်းသော ရွှေရောင်နှင့်အနီရောင် ဝေါယာဉ်ပေါ်တက်ပြီး မိခင်နှင့် အစေခံများအားလုံး၏ စောင့်ကြည့်မှုအောက်တွင် သူဟာ ထွက်ခွာသွားသည်။

“သခင်လေးက အရမ်းလေးစားဖို့ကောင်းတာပဲ”

“သခင်လေးက တော်တော်လေးလည်း ချောတယ်။ သူ့ရဲ့အနီရောင် တော်ဝင်ဝတ်စုံနဲ့ ခရမ်းရောင် ရွှေသရဖူ နောက်ပြီး အဲ့ဒီ ဖန်အန်းနဲ့ စုန့်ယွီတွေက သခင်လေးနဲ့ယှဉ်ရင် မှေးမှိန်နေသေးတယ်”

ကျော့ရှင်းကြည့်ကောင်းလွန်းသော အစေခံများက လူရှစ်ယောက်သယ်သော ဝေါယာဉ်ကို စိုက်ကြည့်ပြီး ရှက်သွေးဖြာနေကြသည်။ သူတို့သည် ဝမ်ချောင်အား တော်ဝင်ဝတ်စုံကို ကူညီကာ ဝတ်ဆင်ပေးခဲ့ချိန်တွင် သူတို့၏နှလုံးသားများက ရူးသွပ်စွာ ခုန်လှုပ်နေခဲ့သည်။ မည်သည့်အချိန်ကမှန်းမသိ ဝမ်ချောင်သည် အပျော်အပါးလိုက်စားသော ငယ်ရွယ်သည့် ဆက်ခံသူလေးတစ်ယောက်မှ မဟာထန်ကြီး တစ်ခုလုံး၏ သူရဲကောင်းကြီးဖြစ်သွားသည်။ သူ၏ပြုမူပုံများက တိုက်ပွဲများတောက်လျှောက် မွန်းမံခြင်းခံရလေပြီး သူ၏လှုပ်ရှားမှုတိုင်းက မှင်သက်ဖွယ်ကောင်းသော ဆွဲဆောင်မှုများရှိနေလျှက် မည်သည့် မိန်းမပျိုကိုမဆို ဆွဲဆောင်ဖြားယောင်းနိုင်သည်။

ဝမ်ချောင်၏မိခင် သခင်မကျောင်းက ဂိတ်ဝတွင်ရပ်နေသည်။ သူ၏မျက်လုံးက နီရဲနေပြီး သူမ၏မျက်နှာတွင် ကျေးဇူးတင်စိတ် စိတ်လှုပ်ရှားစိတ်များက ပြည့်နှက်နေသည်။

ဒီနေ့သည် ဝမ်ချောင်၏ ပထမဦးဆုံးသော မနက်ခင်းညီလာခံကို တက်ရောက်ရသည့် နေ့ဖြစ်ပြီး သခင်မကျောင်းကို ထိုထက်ပို၍ စိတ်လှုပ်ရှားစေသည့် ကိစ္စများ မရှိလောက်တော့ချေ။ သူမ၏ ရင်းနှီးမြုပ်နှံမှုများ အားလုံးက ပေးဆပ်ခံရလေသည်။

ထိုအခိုက်အတန့်မှ စတင်ပြီး ဝမ်ကလန်မှ ရုပ်ချောရုံကလွဲပြီး အသုံးမကျဆုံး ကောင်ငယ်လေးက အရွယ်ရောက်လျှက် ဝမ်ကလန်၏ သခင်အိုကြီးနည်းတူ ခုံရုံးတွင်ရပ်တည်ပြီး သူ၏ပါရမီများကို ထုတ်ပြနိုင်မည်ဖြစ်သည်။

“ဝေါယာဉ်ကိုမော့စေ”

ဝမ်မိသားစု၏ အပြင်ဘက်တွင် ကျယ်လောင်သော အော်သံနှင့်အတူ တောင့်တင်းသန်မာသော ကြွက်သားအပြည့်နှင့် အစောင့်ရှစ်ယောက်က မတ်တပ်ထရပ်လိုက်ကြသည်။ ထိုသို့ဖြင့် အနီရောင်နှင့် ရွှေရောင်ဝေါယာဉ်ကို ပင့်မြှောက်လျှက် ဝမ်ချောင်ကိုသယ်ဆောင်ပြီး တော်ဝင်နန်းတွင်းသို့ ထွက်ခွာသည်။ ဝမ်ချောင်က ထွက်ခွာသွားသည်နှင့် မီးပြင်းဖောက်သံများက အနောက်ဘက်တွင် ထွက်ပေါ်လာသည်။

ဝမ်ချောင်က ဝေါယာဉ်တွင်ထိုင်နေသည်။ အစောင့်နှစ်တန်း၏ အလယ်ဗဟိုတွင် ရှိနေသောလူကို အင်ပါယာနန်းတွင်းသို့ ချောမွေ့စွာ သယ်ဆောင်သွားခြင်းခံရသည်။ ထိုအဖြစ်အပျက်ကို ကျော်လွန်သွားပြီးနောက် နောက်ဆုံးတွင် အင်ပါယာဂိတ်ရှေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဝမ်ချောင်က ရောက်ရှိသွားသည့်အချိန်တွင် နန်းတွင်း၏ဂိတ်အရှေ့တွင် ဝေါယာဉ်ပေါင်းများစွာ ရောက်နေလေပြီဖြစ်သည်။

မဟာထန်၏မနက်ခင်း ခုံရုံးညီလာခံက စောင့်ကြည့်ချိန်နံပါတ်၅ (၅နာရီ-၇နာရီ)တွင် စတင်သည်။ အရေးပါသော အရာရှိများက စောင့်ကြည့်ချိန် နံပါတ်၄ကတည်းကပင် ထရသည်။ ဝမ်ချောင်ကမူ အရောက်နောက်ကျသည်ဟု စဉ်းစားဆင်ခြင်၍ရသည်။

ဂိတ်တွင်ရှိသော ဝေါယာဉ်အများစုက ရှင်းလင်းနေသည်။ မဟာထန်သည် အရာရှိများအတွက် ဝေါယာဉ်များကို အင်ပါယာမြို့တော်၏ ဂိတ်အထိသာ ပို့ဆောင်ရမည်ဆိုသော စည်းမျဉ်းကို ထားရှိသည်။

သို့သော် ဝမ်ချောင်က ရောက်ရှိသွားသောအခါ ဝမ်ကလန်ကိုယ်စားပြု ဝေါယာဉ်ကို တစ်ချက်ကြည့်ရုံနှင့် သတိထားမိလိုက်သည်။ သူ၏ဦးလေးကြီး ဝမ်ကန်းက သူ့ကိုစောင့်နေသည်မှာ ကြာလောက်လေပြီ။

ဝမ်ချောင်က ရှေ့ထွက်လိုက်ရုံနှင့် ဝမ်ကန်းက ချက်ချင်းလိုလို သူနှင့်အတူ လိုက်ပါပြီး အင်ပါယာနန်းတွင်းထဲသို့ဝင်ပြီး တော်ဝင်ခုံရုံးမှ တားမြစ်ချက်များကို ရှင်းပြသည်။

“ချောင်အာ ဒါကမင်းရဲ့ ပထမဦးဆုံးအကြိမ် စောင့်ဆိုင်းဆဲ အကြံပေးအနေနဲ့ ညီလာခံကိုတက်ရောက်တာပဲ။ မှတ်ထား မနက်ခင်းခုံရုံးမှာ စောင့်ကြည့်၊ နားထောင်၊ လေ့လာတာက ပိုများတယ်။ စကားမပြောသေးခင် မင်းရဲ့စကားလုံးတွေကို သေချာစဉ်ရမယ်။ ထပ်ခါတလဲလဲ တွေးတောရမယ်။ ဒါတွေအပြင် အဲ့ဒီမှာရှိတဲ့ အရာရှိတွေ ဗိုလ်ချုပ်တွေအားလုံးက ကိုယ်ပိုင်ရပ်တည်ချက်တွေ ရှိနေကြတယ်။ ဒါကြောင့် မင်းနေရာတစ်ခုကို ကြုံရာရွေးလို့မရနိုင်ဘူး။ အင်ပါယာခုံရုံးက မင်းကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်ဘွဲ့ ချီးမြင့်ထားတယ်ဆိုပေမဲ့လည်း မူဝါဒရေးရာ နယ်ပယ်တွေမှာ မင်းကိုယ်စားပြုတဲ့နေရာက မင်းရဲ့အဆင့်အတန်းကို ဆုံးဖြတ်ချက် ချထားပေးတာ။ မင်းက စောင့်ဆိုင်းဆဲ အကြံပေးနေရာကိုပဲ ရထားတာ။ မင်းက ခုံရုံးကို သစ္စာရှိနေရတုန်းပဲ။ နောက်ပြီး အရှင်မင်းကြီးက ချီးမြင့်ထားတဲ့ မျိုးရိုးနာမည်မတူတဲ့ ဘုရင်တစ်ပါး ဖြစ်တယ်ဆိုပေမဲ့ အခြားတစ်ဖက်အရ မင်းရပ်တည်တဲ့နေရာက ခြားနားတယ်။ ဒါကြောင့် ခုံရုံးထဲမှာ ကန့်သတ်ချက်တွေလည်းရှိတယ်”

“အင်ပါယာခုံရုံးက တိုက်ပွဲနယ်မြေနဲ့မတူဘူး။ ကန့်သတ်ချက်တွေ စကားအသွားအလာတွေက သက်ရောက်မှု အရမ်းကြီးမားတယ်။ အဆင့်အတန်းမြင့်တာနဲ့ပဲ အရာအားလုံးကို ဆုံးဖြတ်လို့ မရသေးပြန်ဘူး။ ဒါတွေအပြင် သစ်ပင်ကြီးလေလေ လေတိုက်ဒဏ်ကို ခံရလေလေဖြစ်လို့ အင်ပါယာခုံရုံးက ယခင်ကထက် ပိုပြီးတော့တောင် ရှုပ်ထွေးလာသေးတယ်။ မင်းနယ်စပ်မှာ ရှိနေတဲ့အချိန်မှာ မင်းကို လူတွေက ဘာမှမလုပ်နိုင်ပေမဲ့ အင်ပါယာခုံရုံးကို ရောက်လာတဲ့အချိန်မှာတော့ အမျိုးမျိုးနေရာတွေ အနိမ့်စား ရာထူးအဆင့်က လူတွေရဲ့ မှတ်တမ်းလွှာတွေက အလျှင်စလို ရောက်ရှိလာနိုင်သေးတယ်။ ဒါကြောင့် လူတစ်ယောက်က ကောင်းကောင်း စကားမပြောနိုင်ရင် ခုံရုံးရဲ့ ရယ်စရာပျက်လုံး ဖြစ်သွားလိမ့်မယ်။ နောက်ပြီး မတော်တဆမှုတွေနဲ့အတူ မင်းကိုတိုက်ခိုက်ဖို့ ရောက်ရှိလာနိုင်သေးတယ်။ ဘုရင်ချီနဲ့ အခြားသောသူတွေကလည်း မတော်တဆမှုကို ထပ်ခါတလဲလဲ ဖန်တီးပြီး မင်းရဲ့ဂုဏ်သတင်းကို ထိုးချဖို့ ကြိုးစားအုံးမှာပဲ”

“ချောင်အာက နားလည်ပါတယ်”

ဝမ်ချောင်က လေးစားစွာ ပြန်ဖြေသည်။

ဝမ်ချောင်သည် အများက လေးစားခံထားရပြီးသော မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သလို တိုက်ပွဲနယ်မြေ၏ သူရဲကောင်းကြီး ဖြစ်နေသော်လည်း အင်ပါယာခုံရုံးကမူ သိုင်းပညာခွန်အား တစ်ခုတည်းဖြင့် ပြဿနာများကို ဖြေရှင်း၍မရနိုင်သည့် ထူးဆန်းသော မရင်းနှီးသည့် နေရာတစ်ခု ဖြစ်နေသေးသည်။ အတိတ်က မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်က သူ၏အတောက်ပဆုံးသော အခိုက်အတန့်မျိုးတွင် လုံရှီ၏ မဟာထယ်ကြီးမြို့မှထွက်ပြီး ရာထူးမှထွက်လျှက် အိမ်ရှေ့စံမင်းသား၏ အငယ်တန်း အစောင့်အရှောက် ဘွဲ့ကိုယူပြီး နန်းတော်တွင် ပိတ်လှောင်ခံထားရသည်မှာ တော်ဝင်ခုံရုံးမှ ထောင်ချောက်တစ်ခုအတွင်း ကျသွားခဲ့သောကြောင့်ဖြစ်သည်။

ထို့ကြောင့် မီးခိုးများ မီးတောက်များကို မြင်နိုင်သော စစ်ပွဲထက် တော်ဝင်အင်ပါယာခုံရုံးက ပို၍ပင် အန္တရာယ်များသေးသည်။

ဝမ်ချောင်ကမူ ထိုအခြေအနေကို နားလည်သည်မှာ ကြာလှချေပြီ။ သူသည် သူ၏ဦးလေးကြီးကမူ သူ၏ သံသယများကို မဖော်ပြထားချေ။ သူ့တွင်လည်း မနက်ခင်းခုံရုံးအတွက် ကိုယ်ပိုင်အကြံအစည်များ ရှိနေသည်။

တော်ဝင်နန်းတွင်း၏ မနက်ခင်းအစောပိုင်းတွင်း ရွှေရောင်အစောင့်များက လမ်းကြောင်းခင်းထားပြီးသားဖြစ်သည်။ ရွှေရောင်အစောင့်များက နန်းတွင်းဂိတ်မှစတင်ပြီး ခုံရုံးညီလာခံ ကျင်းပရာနေရာအထိ စည်တန်းလျှက် ရပ်နေကြသည်။ အင်ပါယာနန်းတွင်းနှင့် မရင်းနှီးသောလူဆိုလျှင် စီတန်းလျှက်ရပ်နေသော ရွှေရောင်အစောင့်များက ခုံရုံးမှ ငြင်းခုံမှုများ ဖြစ်ပွားရာနေရာအထိ တောက်လျှောက်ရှိကြောင်း မြင်နိုင်ခဲသည်။

ဝမ်ချောင်က ဝမ်ကန်း၏ သင်ခန်းစာများကို နားထောင်နေသည့် အချိန်တွင် ရှေ့သို့ဆက်လက်ပြီး ဝင်ရောက်လာသည်။ လမ်းတောက်လျှောက်တွင်လည်း ရွှေရောင်အစောင့်များ အားလုံးက ဝမ်ချောင်ကိုမြင်သည်နှင့် သူတို့၏မျက်လုံးထဲတွင် လေးစားမှုများကို ပြသကြသည်။ လေးစားမှုများက အလွန်နက်ရှိုင်းသည်။ အင်ပါယာစစ်တပ်ဖြစ်စေ၊ ရွှေရောင်အစောင့်များဖြစ်စေ နယ်စပ်တွင် အခြေစိုက်ယူထားသော ကာကွယ်စောင့်ရှောက်ရေး စစ်တပ်များတွင်ဖြစ်စေ မည်သူမဆို မဟာထန်၏ စစ်သားဖြစ်ရုံနှင့် ဝမ်ချောင်ကို အလွန်လေးစားကြသည်။ သို့သော် လမ်းတောက်လျှောက်တွင် တွေ့သမျှက ပြည်နယ်ရေးရာ အရာရှိများကမူ ထင်သလောက် မကြင်နာကြချေ။ သူတို့သည် ဝမ်ချောင်နှင့်ပတ်သတ်ပြီး အလွန်အကြူး ချဲ့ကားပြောဆိုခြင်း မရှိသော်လည်း သူ၏အဆင့်အတန်းကြောင့် အနည်းငယ်သော မှတ်ချက်များကမူ ရှောင်ရှား၍ မရနိုင်သေးချေ။

“ဟွန်း အရာရှိတွေရဲ့ ကာထားတာကိုခံရတယ်။ တစ်နှစ်အတွင်းမှာ ဘွဲ့ထူးသုံးခု ဆက်တိုက်ရသွားတယ်။ အဲ့ဒီလိုနဲ့ ဒီလောက်ငယ်ငယ်လေးနဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်တောင် ဖြစ်လာသေးတယ်။ အင်ပါယာခုံရုံးမှာ စည်းမျဉ်းတွေ မရှိတော့ဘူးလား”

“သူကဒီတိုင်း မုတ်ဆိတ်တောင် ကောင်းကောင်း မပေါက်သေးတဲ့ မရင့်ကျက်သေးတဲ့ ကောင်စုတ်လေးပါပဲ။ သူ့ကို နယ်စပ်မှာထားတာက အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ငယ်ရွယ်တဲ့လူတွေက တက်ကြွပြီး ခပ်ကြမ်းကြမ်း လုပ်ဆောင်တတ်ကြတယ်။ သတ္တိကြီးကြတာကို။ ဒါပေမဲ့ သူ့ကိုဘယ်လိုကြောင့်များ မူဝါဒရေးရာ ကိစ္စတွေထဲကို ဝင်ရောက်စွက်ဖက်ခွင့် ပြုလိုက်တာလဲ။ ဒါမှမဟုတ် ငါတို့အဘိုးကြီးတွေက လူငယ်လေးတစ်ယောက်ကိုတောင် မယှဉ်နိုင်တော့တာလား”

“ရှူး တိုးတိုးပြော ဒီလူက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်နော်။ သူက အောင်မြင်မှုလှိုင်းလုံးတွေကို စီးနင်းထားတဲ့လူ။ ပြဿနာမရှာနဲ့။ နောက်ပြီး သူ့ရဲ့ကလန်က ဗိုလ်ချုပ်တွေ အမတ်တွေ ပြည့်နေတာ”

“ဘာကိုမျိုးနွယ်ခြား နယ်မြေတွေရဲ့ဘုရင်လဲ။ လူတွေသတ်ဖို့ပဲ တွေးနေတဲ့ သတ်ဖြတ်ခြင်းဘုရင်ပဲ။ ဟွန်း ကြားရုံနဲ့တင် အရိုးစိမ့်စေလောက်တယ်”

အဝေးတွင် လူတစ်အုပ်က ရပ်နေသည်။ သူတို့သည် အချင်းချင်း တစ်ယောက်အနား တစ်ယောက်ကပ်ကာ ခပ်တိုးတိုးပြောနေကြသော်လည်း ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ထိုလူများ၏ စကားက မည်မျှတိုးစေကာမူ စကားလုံးတိုင်းက သူ၏နားအတွင်း မိုးခြိမ်းသံလို ကျယ်လောင်စွာ ဝင်ရောက်လာသည်။

“ချောင်အာ သူတို့ကို ဂရုစိုက်မနေနဲ့။ သူတို့က အင်ပါယာခုံရုံးမှာ ဆယ်စုနှစ်ကျော် နေထိုင်ခဲ့ပြီးတဲ့ အဘိုးကြီးတွေ။ မင်းရာထူးတက်တာ တအားမြန်တော့ သူတို့က သဘောမကျဖြစ်တာပေ့ါ”

ဝမ်ကန်းက ဖျော့တော့စွာပြုံးသည်။ ခုံရုံးမှ အရာရှိများက အမျိုးမျိုးသော နောက်ခံများမှလာသည်။ အချို့ကမူ ထူးချွန်လွန်းသော လုပ်ဆောင်မှုများကြောင့် ရာထူးတက်လာကြသော်လည်း အချို့ကမူ မြင့်မြတ်သော နောက်ခံများရှိသည်။ အခြားသူများကမူ သိတတ်သောကြောင့် ဖြောင့်မတ် မှန်ကန်သောကြောင့် ထောက်ခံခြင်း ခံရသူများဖြစ်ပြီး အချို့ကမူ တော်ဝင်စာမေးပွဲတွင် ကောင်းကောင်း လုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် ဘုရင်စုန့်အဖွဲ့ဝင်များနှင့် ဘုရင်ချီ၏ အဖွဲ့ဝင်များကပင် သူတို့၏ ဝေဖန်အကဲဖြတ်မှု ဒဏ်များအောက်မှ မလွတ်ချေ။

“အမှန်တိုင်းပြောရရင် ငါအရင်ခုံရုံးကို စဝင်ခဲ့တုန်းကလည်း အတူတူပဲ”

ဝမ်ကန်းကပြောသည်။

ဝမ်ချောင်က ထိုစကားလုံးများကြောင့် ပြုံးလိုက်သည်။ ထိုကိစ္စသည် ဦးလေးကြီးက ဖော်ပြသလောက် မရိုးရှင်းလောက်ချေ။ သို့သော် ဝမ်ချောင်ကမူ ကြီးမားသော မုန်တိုင်းပေါင်းများစွာကို မြင်ခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဒီလိုမှတ်ချက်များလောက်ကို စိတ်ထဲထားမနေချေ။

“ဦးလေးကြီး သွားရအောင်”

အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ရင်း ဝမ်ချောင်က ဝမ်ကန်းနှင့်အတူ အတွင်းသို့ဝင်သွားသည်။

“ကောင်စုတ်လေး အင်ပါယာခုံရုံးမှာ ဆွေမျိုးတွေမရှိဘူးဆိုတာကို မှတ်ထား။ ဒီတိုင်းငါ့ကို အရှင်ဝမ်လို့ခေါ်”

ဝမ်ကန်းကနောက်သည်။

“ဟုတ်ကဲ့အရှင်ဝမ်”

ဝမ်ချောင်ကလည်း ရယ်လိုက်သည်။

...

ထိုက်ဟယ်နန်းဆောင်သည် အမြဲတစေ တိတ်ဆိတ်ငြိမ်းချမ်းနေတတ်သည်။ သို့သော် ဝမ်ချောင် လျှောက်ဝင်သွားသောအခါ အရာရှိပေါင်းများစွာက သူတို့၏အဆင့်အလိုက် ရပ်နေကြပြီဖြစ်သည်။ အနီရောင် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်ချောင်က ယုံကြည်မှုအပြည့်ဖြင့် ဝင်သွားပြီး ချက်ချင်းဆိုသလို လူတိုင်း၏ အာရုံစိုက်ရာဖြစ်သွားသည်။ တီးတိုးပြောနေကြသော လူတိုင်းက တိတ်ဆိတ်သွားကြ၏။ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက မျိုးနွယ်ခြားနယ်မြေတွေ၏ ဘုရင်ဖြစ်သော မြင့်တက်လာကာစ ကြယ်စင်ကိုကြည့်ကြသည်။

ဝမ်ချောင်သည် အနောက်တောင်ပိုင်းမှ လာခဲ့သော်လည်း ခုံရုံးမှ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရာရှိ အမြောက်အများက သူ့ကိုမမြင်ဖူးကြချေ။ ထိုလူများအတွက် ခမ်းနားထည်ဝါလွန်းသော ထိုက်ဟယ် နန်းဆောင်အတွင်းသို့ တိုးဝေ့ဝင်ခဲ့ရသော လူများအတွက်မူ မျှော်ငေးကြည့်ရန် ထိုက်တန်သူများ ဖြစ်နေသည်။

ဝမ်ချောင်၏ ငယ်ရွယ်ပြီး တက်ကြွသောပုံရိပ်တွင် ခံစားချက်ကင်းမဲ့သော မျက်နှာထားကိုလည်း သယ်ဆောင်ထားသည်။ သူ့ကိုကြည့်နေသော အကြည့်များတွင် လေးစားသောအကြည့်များ မနာလိုသော အကြည့်များ အသိအမှတ်ပြုသော အကြည့်များနှင့် ရန်လိုမှုပြည့်နှက်နေသော အကြည့်များ ကြင်နာမှု ပြည့်နှက်နေသော အကြည့်ပေါင်းများစွာ ရှိနေသည်။

ဗဟိုပြင်ကျယ်တွင် လွှမ်းမိုးနိုင်စွမ်းပြင်းထန်ပြီး ကျော်ကြားသည့် မူဝါဒရေးရာတွင် ဝင်ရောက်စွက်ဖက်နိုင်သော အရာရှိပေါင်းများစွာ ရှိသည်။ ထိုသို့ရှုပ်ထွေးသော လူပေါင်းများစွာ၏ ရှုပ်ထွေးသော အကြည့်ပေါင်းများစွာကို ရင်ဆိုင်ရသော အချိန်တွင်မူ ဝမ်ချောင်က ယုံကြည်မှုအပြည့်နှင့် တည်ငြိမ်နေသည်။ သူ၏မျက်လုံးကမူ စုစည်းနေသော အရာရှိများအားလုံးကို တစ်ချက် ဝေ့ဝဲကာကြည့်ပြီး အချိန်တိုအတွင်း ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။

ဘုရင်စုန့်

နဂါးတစ်ကောင် ရစ်ခွေနေသော ပြဒါးတိုင်ခြေအောက်တွင် ဘုရင်စုန့်က သူ၏တော်ဝင်ဝတ်ရုံကို ဝတ်လျှက် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။ ဘုရင်စုန့်က တစ်ချိန်လုံးလိုလို ဝမ်ချောင်ကို ရှောင်နေခဲ့ပြီး ဝမ်ချောင်က သူ၏စံအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားတွေ့ခဲ့သည့်တိုင်အောင် အတွေ့မခံခဲ့ချေ။ သို့သော် သူဟာ မည်မျှပင် ရှောင်နေစေကာမူ မနက်ခင်းခုံရုံး ညီလာခံကိုမူ ထွက်မပြေးနိုင်ချေ။

ဝမ်ချောင်၏အကြည့်ကို အာရုံခံမိပုံရသည့် ဘုရင်စုန့်က ခေါင်းကိုအသာလှည့်လျှက် တစ်ချက်ကြည့်လိုက်သည်။ သို့သော် တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းလိုလို ခေါင်းကိုပြန်လှည့်သွားပြီး ဝမ်ချောင်၏အကြည့်ကို ရှောင်ပြန်သည်။

သို့သော် ထိုအကြည့်ကတင် ဝမ်ချောင်အတွက် လုံလောက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ ဘုရင်စုန့်၏ နှလုံးသားအတွင်း ပူပန်မှုများ ပြည့်နှက်နေကြောင်း သိလိုက်သည်။ ထိုထဲတွင် စိတ်ရှုပ်ထွေးမှုများက တိမ်စိုင်များလို ရစ်ဆိုင်းနေလောက်၏။

ကြည့်ရတာ အိမ်တော်ထိန်းအိုကြီးက မလိမ်ဘူး။

ဝမ်ချောင်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ထိုအချိန်တွင် စကားဖြင့် ဆက်သွယ်ပြီး ပြောဆိုရန် မလိုအပ်ပါချေ။ အနည်းဆုံး ဝမ်ချောင်ဟာ ကိစ္စတစ်ခုကို အတည်ပြုလိုက်နိုင်သည်။ ဘုရင်စုန့်သည် ဘုရင်စုန့်သာဖြစ်သည်။ သူသည် မပြောင်းသွားချေ။ ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း အလွန်ခက်ခဲသော ပြဿနာကို ကြုံနေရပုံပေါ်သည်။

ဝုန်း

ဝမ်ချောင်က တိတ်တဆိတ် တွေးတောနေသည့်အချိန်တွင် ရုတ်တရက် သူ၏နားအတွင်း ကျယ်လောင်သည့် နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် သူ၏ကိုယ်ပေါ်သို့ ရက်စက်ပြီး ရန်လိုသောအကြည့်မျိုးက ကျရောက်လာသည်။

ဝမ်ချောင်က ခေါင်းကိုလှည့်လျှက် ကြည့်လိုက်သောအခါ ဘုရင်စုန့်၏ မျက်နှာချင်းဆိုင်နေရာ အဝေးတစ်နေရာတွင် ရပ်နေသည့် အင်အားကြီးမားပြီး အဆင့်အတန်းမြင့်သည့် အထက်တန်းလွှာ တစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ပြုမူပုံက လေးစားဖွယ်ကောင်းပြီး အရှိန်အဝါကြီးမြတ်သည်။ သို့သော် ထိုသူ၏ကိုယ်တွင်မူ ဘုရင်စုန့်၏ ကိုယ်ပေါ်တွင်မရှိသည့် ဆိုးယုတ်သည့် အရှိန်အဝါမျိုး ရှိနေသည်။ ထိုလူ၏ အနီးအနားဝန်းကျင်မှ အရာရှိများအားလုံးက ဝမ်ချောင်ကို အေးစက်စွာရယ်လျှက် ကြည့်နေကြသည်မှာ သူတို့၏ ရန်လိုမှုကို ဖုံးကွယ်ထားရန် ခက်ခဲပုံရသည်။

ဘုရင်ချီ

ဝမ်ချောင်၏စိတ်အတွင်း အတွေးတစ်ခုဝင်လာသည်။ သူဟာဘုရင်ချီကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ချေ။ သူအမတ်ဖြစ်ကာစ အခမ်းအနားပွဲတွင်လည်း တွေ့ခဲ့ဖူးသည်။ သို့သော် ယခုလောက်ထိ အနီးကပ်မြင်ဖူးခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် လုပ်ဖော်ကိုင်ဖက်များလို ခန်းမတစ်ခုအတွင်း တွေ့ဆုံရခြင်းဖြစ်နေသည်။

ဝမ်ချောင်က အေးစက်စွာရယ်လိုက်သည်။ ထို့နောက် အကြောက်အလန့်မဲ့စွာနှင့် ဘုရင်ချီကို ရိုင်းပျစွာ ပြန်စိုက်ကြည့်လိုက်ပြီး နောက်ဆုတ်မည့်လက္ခဏာကို မပြချေ။

ဘုရင်ချီ၏မျက်နှာက ချက်ချင်းလိုလို မည်းမှောင်ကာ သုန်မှုန်သွားသည်။ ထို့နောက် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ခေါင်းပြန်လှည့်သွားသည်။

အခန်း(၁၂၃၅)

ဝမ်ချောင်က ဘုရင်ချီကြောင့် စိတ်အနှောက်အယှက် မဖြစ်သွားပါချေ။ ဝမ်ချောင်သည် သူ၏အင်အား၏ အမြင့်တစ်ခုသို့ ရောက်ရှိနေပြီးသည့်အလျောက် မဟာထန်တွင် မျိုးရိုးနာမည်မတူသော ပထမဦးဆုံးသော ဘုရင်တစ်ပါးဖြစ်လာသည်။ ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းက ဘုရင်ချီနှင့် ယှဉ်နိုင်သည်။ ထို့ကြောင့် နောက်ဆုတ်ရန် မလိုအပ်ပါချေ။

သူတော်စင်ဧကရာဇ်က မရောက်သေးချေ။ ထို့ကြောင့် သူသည် ဘုရင်ချီကို တစ်ချက် စူးစိုက်ကြည့်ပြီးနောက် ဝမ်ချောင်က ခုံရုံးဘေးပတ်ဝန်းကျင်ကိုသာ လိုက်ကြည့်လိုက်သည်။ သူ၏ဦးလေးကြီးက မာန်သည်။ ခန်းမထဲတွင် မျက်နှာသစ်ပေါင်းများစွာ ရှိနေသည်။ သူသည် မြို့တော်ထဲသို့ လှည့်ပတ်သွားလာခဲ့သော အတောအတွင်း မနက်ခင်းခုံရုံးကို မတက်ဖူးသည့်တိုင်အောင် ခုံရုံးမှ အဓိက အရာရှိများအကြောင်း ကြားဖူးသည်။ ထိုထဲတွင် သူတို့၏ အထူးပြုသော သင်္ကေတများနှင့် သူတို့၏ ပြောဟန်ဆိုဟန်များကိုပင် သိသေး၏။ အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နှက်နေသော ကလန်တစ်ခု၏ လွှမ်းမိုးမှုကြောင့် သူသည်လည်း ထိုက်ဟယ်နန်းတွင်းသို့ ဝင်ရောက်ခြင်းမရှိသော်လည်း တော်ဝင်ခုံရုံးအကြောင်း ကောင်းကောင်းသိလေသည်။

သို့သော် ဝမ်ချောင်မသိသလို ကြားပင်မကြားဖူးသည့် မျက်နှာသစ်ပေါင်းများစွာကို တွေ့နေရသည်။ ပို၍ဆိုးသည်မှာ သူတို့ကရပ်နေသော ပုံစံအရ သူတို့၏ကျောက ဖြောင့်မတ်ပြီး မျက်လုံးများက ရှေ့သို့သာကြည့်သည်။ သူတို့ပြုမူလှုပ်ရှားပုံများအရ သူတို့သည် တစ်ဖွဲ့တည်းမှဖြစ်လောက်သည်။ ဖြစ်စဉ်တောက်လျှောက်တွင် သူတို့သည် အလွန်အမင်း ဝေဝါးလွန်းသည့် ခံစားချက်ကို ထုတ်လွှတ်နေခဲ့သည်။

ထိုထဲမှ လူအများစုက အသက်သုံးဆယ် ဝန်းကျင်ခန့်ဖြစ်ပြီး အင်ပါယာခုံရုံးအတွင်းတွင်မူ အလွန်ငယ်သေးသည်။

ထိုလူများက ပတ်ဝန်းကျင်ရှိလူများကို အသိအမှတ်မပြုသလိုမျိုး မျက်လုံးကိုမှိတ်လျှက် ရပ်နေကြသည်။ ယခုအခြေအနေတွင် ဝမ်ချောင်က သူတို့ထံမှ သတင်းအချက်အလက်ယူလိုလျှင်ပင် အလွန်ခက်နိုင်သည်။ သူ၏အကြည့်က ထိုလူများပေါ် တခဏခန့်သာရောက်ပြီး အခြားတစ်နေရာသို့ ပြောင်းသွားသည်။

“ဟွန်”

ရုတ်တရက် ဝမ်ချောင်က တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။ ခန်းမ၏ ဝင်ပေါက်နားတွင် ရပ်နေသည့် ဝမ်ချောင်အနေဖြင့် ဘုရင်စုန့်သည် စိုးရိမ်ပူပန်မှု ပြည့်နေသလိုမျိုး စိတ်လွတ်နေသလိုမျိုး တစ်နေရာတည်းသို့သာ ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ဝမ်ချောင်က သူ၏အကြည့်နောက်သို့လိုက်ပြီး ကြည့်လိုက်သောအခါ ခန်းမ၏ အမြင့်ပိုင်းနေရာသို့သာ အာရုံစိုက်ထားသည့် ဂုဏ်အိန္ဒြေကြီးမြတ်ပြီး စည်းကမ်းသေဝပ်မည့်ပုံစံရသော အရပ်ရှည်ရှည်နှင့် ပိန်ပါးသောလူကို တွေ့လိုက်ရသည်။ ထိုလူသည် အင်အားကြီးပုံမပေါက်ချေ။ အနည်းဆုံး သိုင်းပညာအရတွင် သူသည် ဝမ်ချောင် သို့မဟုတ် ဘုရင်ချီထက် အားနည်းနိုင်သည်။ သို့သော် နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ယူလာပုံရသည့် သူ၏အင်အားနှင့် လွှမ်းမိုးမှုက အခြားသော အရာရှိတိုင်းထက် သာလွန်နေသည်။ ထိုနေရာတွင် ဒီတိုင်းရပ်နေရုံဖြင့် ကြက်ပေါက်များအကြားမှ ကြိုးကြားအလားဖြစ်နေသည်။

ပို၍ဆိုးသည်မှာ သူသည် ထိုနေရာတွင် ကျောနောက်ဘက်သို့ လက်ပစ်လျှက် ဒီတိုင်းရပ်နေသော်လည်း ပတ်ဝန်းကျင်ရှိ အရာရှိများကမူ မကြာခဏဆိုသလို သူ့ကိုကြည့်နေကြပြီး အမြဲတစေ လေးစားလွန်းသော မျက်နှာထားမျိုး ဖြစ်နေကြသည်။ ဝမ်ချောင်က ထိုလူကို ချက်ချင်းမှတ်မိလိုက်သည်။

လီခဲ့နူ

မဟာထန်၏ အမတ်ချုပ်ကြီးဖြစ်သလို လူပေါင်းများစွာ၏ အမြင်တွင် သူသည် သူတော်စင်အမတ်မင်းဖြစ်သည်။ သူ၏ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်း များစွာအတွင်း လုပ်ဆောင်ခဲ့မှုများအရ သူသည် ခုံရုံးရှိ အမတ်တိုင်း အရာရှိတိုင်းနီးပါး၏ လေးစားမှုကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် ဝမ်ချောင်အတွက် သူသည် အတွင်းရော အပြင်တွင်ပါ ဆိုးယုတ်ကောက်ကျစ်လွန်းသော အမတ်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ အတွေးများကို အသံတစ်သံက ဆွဲထုတ်လိုက်သည်။

“ချောင်အာ ငါအရင်သွားနှင့်မယ်။ ငါ့ရဲ့နေရာက အဲ့ဒီမှာ မှတ်ထား မင်းရဲ့ပထမဦးဆုံးသော ခုံရုံးညီလာခံအတွက် စကားနည်းနည်းပြော များများပဲစောင့်ကြည့်”

“ဟုတ်ကဲ့ပါ ဦး.... အရှင်ဝမ်”

ဝမ်ချောင်က ဦးလေးကြီးက လွတ်ကနဲခေါ်ရန် ပြင်ပြီးမှ ခပ်မြန်မြန်ပြင်လိုက်ရသည်။

ဝမ်ကန်းက သူ၏နေရာကို ခပ်မြန်မြန်သွားသည်။ ဝမ်ချောင်ကမူ ခုံရုံးညီလာခံ၏ နောက်တန်းဘက်သို့သွားပြီး ရပ်လိုက်သည်။

ဝုန်း

ဝမ်ချောင်က နေရာယူပြီးနောက် မရေမတွက်နိုင်သော လူပေါင်းများစွာက ဝမ်ချောင်ကို လှောင်ရယ်လိုသော အကြည့်မျိုးဖြင့် ကြည့်လာကြသည်။

“စောင့်ဆိုင်းဆဲအကြံပေးတဲ့လား ကောင်းလိုက်တာ”

ဝမ်ချောင်၏ အစောပိုင်း ဝင်ရောက်လာမှုက လူအများစုကို ကြောက်လန့်စေသော်လည်း အဆုံသတ်တွင်မူ သူသည် စောင့်ဆိုင်းဆဲ အကြံပေးသာဖြစ်သည်။ ထို့ကြောင့် အဆင့်အားဖြင့်ယှဉ်သော် သူသည် ခုံရုံး၏ အငယ်တန်းအရာရှိများ၏ အနောက်သို့ပင် ရောက်နေသေးသည်။

ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။ အနောက်ဆုံးတွင် ရပ်နေခြင်းက အားသာချက်ရှိသည်။ အနည်းဆုံး သူလုပ်ချင်သမျှ လုပ်၍ရသည်။ ထိုလှောင်ရယ်သူများအတွက်မူကား ဝမ်ချောင်ဟာလည်း ထိုလူများဟာ ဘုရင်ချီဘက်မှ လူများဖြစ်ကြောင်း သိလိုက်သည်။ သို့သော် လှောင်ရယ်သံများက ဝမ်ချောင်၏စိတ်ကို မနာကျင်စေသလို ယားယံအောင်ပင် မလုပ်နိုင်ချေ။ အားလှိုင်းပင်ထအောင် မလှုပ်ခတ်နိုင်စေပါချေ။

ခွက်

ထိုအခိုက်အတန့်တွင် မြင့်မားသော စင်မြင့်ပေါ်တွင် ငွေရောင်ဝတ်စုံ ဝတ်ထားပြီး ဆံပင်ဖြူဖြူနှင့် မိန်းမဆိုးကြီးက သူ၏ကြာပွတ်ကို တစ်ချက်ယမ်းလျှက် ဖြန်းကနဲရိုက်လိုက်သည်။ တော်ဝင်ခုံရုံး တစ်ခုလုံးက တိတ်ကျသွားသည်။ အရာရှိတိုင်းက ဟန်အမူအရာ ထိန်းလိုက်ကြသည်။

“မြင့်မြတ်တဲ့ အရှင်နတ်ဧကရာဇ်မင်း ကြွရောက်လာပြီ”

ခေါင်းလောင်းသံများနှင့် ဂီတတူရိယာများ၏ တီးမှုတ်သံများက ထွက်ပေါ်လာသည်။ သူတော်စင်ဧကရာဇ်က မပေါ်လာခင်ကတည်းက ကျယ်ပြောကာ ခမ်းနားထည်ဝါသည့် စွမ်းအင်က ရှေ့ထွက်လာပြီဖြစ်ပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တခဏခန့်ကြာပြီးနောက် စုစည်းနေသော အရာရှိများ၏ အရှေ့တွင် ရွှေရောင်ပုံရိပ်တစ်ခုက ပေါ်လာသည်။ ဘေးဘက်ခန်းမဆောင်မှတစ်ဆင့် နတ်ဘုရားတစ်ပါးလို မြင့်မြတ်လွန်းသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီး အားလုံး၏အထက်တွင် တည်ရှိနေသည့် စင်မြင့်ပေါ်သို့တက်လျှက် နဂါးပုလ္လင်ပေါ်သို့ထိုင်သည်။

ထိုပုံရိပ်က ထိုင်ချပြီးပြီးချင်း ခန်းမတစ်ခုလုံးက တစ်လောကလုံး လှုပ်ခတ်သွားသလိုမျိုး ဝေဝါးကာ တုန်ယင်သွားသည်။ ဝမ်ချောင်ကပင် ပြင်းထန်လွန်းသည့် ဖိအားကို ခံစားလိုက်ရပြီး ခေါင်းကိုငုံ့လိုက်မိသည်။

“အရှင်ဧကရာဇ်မင်း အသက်သောင်းကျော်ရှည်ပါစေ”

အော်ဟစ်သံများအကြားတွင် အရာရှိများအားလုံးက ခေါင်းကိုငုံ့ပြီး ဂါရဝပြုကြသည်။ ခန်းမတစ်ခုလုံးအနှံ့ တည်ငြိမ်ကာ ရိုသေလေးစားမှုကသာ ပြည့်နှက်လာသည်။

“ကိစ္စရှိရင် မှတ်တမ်းလွှာတင်ပြနိုင်တယ်။ မရှိရင် ထွက်ခွာကြ”

မိန်းမဆိုးကောင်းက သူတော်စင်ဧကရာဇ်၏ ညာဘက်ခြမ်းတွင် ရပ်နေသည်။ သူ၏မျက်နှာဟာ နီရဲနေသလို တစ်ပြိုင်တည်းတွင်လည်း ဘုန်းတော်ကြီးတစ်ပါးလို ညင်သာသည်။

“အရှင်ဧကရာဇ်မင်း ဒီအရာရှိက မှတ်တမ်းလွှာတစ်ခုရှိပါတယ်...”

မိန်းမဆိုးကောင်းက ပြောပြီးရုံသာရှိသေးသည်။ ပြည်နယ်ရေးရာ အရာရှိတစ်ယောက်က ရှေ့ထွက်သွားသည်။ သူက မှတ်တမ်းလွှာ ကျောက်စာပြားကို ကိုင်ထား၏။ ထိုသို့ဖြင့် ဒီနေ့ တော်ဝင်ခုံရုံးညီလာခံက စတင်လေပြီ။

ဝမ်ချောင်က နောက်ဆုံးတွင်ရပ်နေပြီး အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့် အကဲခတ်နေခဲ့သည်။ သူ၏ ဒီဘဝတွင်ဖြစ်စေ ယခင်ဘဝတွင်ဖြစ်စေ တော်ဝင်ခုံရုံးတွင် ပထမဦးဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါဖူးခြင်းဖြစ်ပြီး ဆွေးနွေးမှုကိစ္စများ အားလုံးကိုလည်း ကြည့်ရှု့နိုင်ခြင်းဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရခြင်းက ဈေးတွင် အများပြောသောအတင်းကို နားထောင်ရခြင်းနှင့် ခြားနားသည်။ ဗဟိုပြင်ကျယ်၏ မင်းဆက်များသည် နှစ်ပေါင်းထောင်ကျော် တည်တံ့ခဲ့သည်။ မင်းဆက် တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲကာ တည်တံ့လာခဲ့ပြီး ပြည်နယ်ရေးရာ ကိစ္စများကို ဆွေးနွေးလျှက်ရှိသော အရာရှိများ အားလုံးက အလွန်အမင်း တော်လွန်နေကြပြီဖြစ်သည်။

စစ်မတ်ရေးရာ ကိစ္စတွင်ဖြစ်စေ အမျိုးမျိုးသော နေရာများသို့ ငွေကြေးများ ဖြန့်ဝေပေးခြင်းပင်ဖြစ်စေ သေးငယ်သော တရားမမျှတမှုအတွက်ပင်ဖြစ်စေ မိုးမုန်တိုင်းကျဆင်းခြင်း မြေပြိုခြင်းကိစ္စကိုဖြစ်စေ အရာအားလုံးကို တော်ဝင်ခုံရုံးက ရှု့မြင်သုံးသပ်သည်။ ဗဟိုပြင်ကျယ်၏ ကျယ်ပြောမှုအရ မှတ်တမ်းလွှာများ မှတ်တမ်းများက ရာကျော် ထောင်ကျော်နိုင်သည်။ ထိုအတွက်ကြောင့်လည်း မဟာထန်၏ မနက်ခင်းခုံရုံးညီလာခံကို ငါးနာရီကတည်းက စရသည်။ သိပ်မကြာခင်ကတည်းက သူတော်စင်ဧကရာဇ်က သူ၏ အရိုက်အရာတစ်ခုကို ခွဲဝေပေးလျှက် အလွန်အမင်း အရေးကြီးသော ကမ်းလှမ်းမှုအတွင်းသို့သာ ဝင်ပါတော့သည်။

ခုံရုံးညီလာခံက ဆက်လက်ဖြစ်ပွားနေသည့် လမ်းတစ်ဝက်တွင် ရုတ်တရက် သဘောထား မတိုက်ဆိုင်သော အသံတစ်သံက ထွက်ပေါ်လာသည်။

“မနှစ်က ကျီးတိုင်းပြည်မှာ ရေလွှမ်းမိုးမှုဖြစ်ပွားပြီး ဆယ်ပုံပုံရင် ခြောက်ခု ခုနှစ်ခုလောက်က ရေနစ်မြုပ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အင်ပါယာခုံရုံးက အခြေအနေကို ကိုင်တွယ်ဖို့ စေလွှတ်ခံရတဲ့ အမျိုးသားတွေအားလုံးကလည်း ရှီတိုင်းပြည်ရဲ့ အိမ်ထောင်စု ဆယ်ခုမှာဆိုရင် ကိုးခုလောက်က မွဲတေသွားကြောင်း တွေ့ရပါတယ်။ ပြည်သူတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်ခန့်က တစ်ရက်ကို သုံးနပ်တောင် မစားနိုင်တော့ပါဘူး။ မိသားစုအများစုက စားပွဲတစ်လုံး ကုတင်တစ်လုံး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒင်္ဂါးပြားအနည်းငယ်ကိုပဲ ပိုင်ဆိုင်ခဲ့တော့တာပါ။ အလွန်အမင်း ငတ်မွတ်ခေါင်းပါးနေတဲ့ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့နေရလို့ အင်ပါယာခုံရုံးက နယ်မြေခံအရာရှိတွေကို ဖယ်ရှားပြီး စီမံခန့်ခွဲမှုရေးရာမှာ ကျွမ်းကျင်တဲ့ ငယ်ရွယ်တဲ့အရာရှိ ခြောက်ယောက် ခုနှစ်ယောက်လောက်ကို ခန့်အပ်လို့ တိုင်းပြည်ကို တိုးတက်မှုကြီးမားအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျီးတိုင်းပြည်က မပြောင်းလဲသွားတဲ့အပြင် အလားတူ ဆင်းရဲငတ်မွတ်နေတုန်းပါပဲ။ အဲ့ဒီနောက်မှာ အင်ပါယာခုံရုံးက စိတ်ဆုံးဖြတ်လိုက်ပြီး ဘဏ္ဍာရေးရာရုံးတော်ကို ကျီးတိုင်းပြည်ကို ငွေကြေးတွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ အင်ပါယာခုံရုံးက အင်ပါယာ ဆင်ဆာအကဲဖြတ်လူကြီးမင်းကို လွှတ်ပြီး စုံစမ်းခိုင်းခဲ့တဲ့အချိန်မှာ ကျီးတိုင်းပြည်က မကြွယ်ဝလာတဲ့အပြင် ပိုပိုပြီးတော့တောင် ဆင်းရဲသွားခဲ့ပါသေးတယ်။ အများပြောကြတဲ့အတိုင်းဆိုရင် စောင့်ဆိုင်းဆဲ အကြံပေးအရာရှိ အရှင်ဝမ်က ဉာဏ်ပညာ အလွန်ကောင်းမွန်လွန်းတဲ့ ကောင်းချီးပေးမှုကို ရရှိထားတယ်လို့ ပြောကြတာဆိုတော့ ဒီအခြေအနေအပေါ် ဘယ်လိုရှု့မြင်ပါသလဲ”

ခုံရုံးမှ လူတိုင်း၏ စိတ်အခြေအနေက ချက်ချင်းလိုလို ထူးဆန်းသွားသည်။ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက ဝမ်ချောင်ထံရောက်လာသည်။

ဝမ်ချောင်ဟာ တစ်ချိန်လုံး တိတ်ဆိတ်စွာ နားထောင်နေခဲ့ခြင်းဖြစ်သည်။ ထိုစကားကိုကြားသောအခါ သူဟာ ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး ပြောလိုက်သောလူကို ကြည့်သည်။ အရှေ့ပိုင်းနားတွင် ရပ်နေပြီး မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရာရှိတစ်ယောက်က သူ့ကို အေးစက်စွာလှောင်လျှက် လှည့်ကြည့်ကြောင်း မြင်လိုက်ရသည်။ အနားဝန်းကျင်ရှိ အခြားသော ပြည်နယ်ရေးရာ အရာရှိများကလည်း ဝမ်ချောင်ကို လှောင်ရယ်စွာ ကြည့်နေကြပြီး ပြိုင်ပွဲကြီးတစ်ခုကို ကြည့်လိုကြသည်။

စုံစမ်းစစ်ဆေးရေးအမတ်မင်း လင်းချန်ရှင်း

ဝမ်ချောင်သည် ထိုလူသည် ဘုရင်ချီဘက်မှ အခိုင်မာဆုံးသော နောက်လိုက်တစ်ယောက်ဖြစ်ကြောင်း မှတ်မိသည်။ လင်းချန်ရှင်းသည် ဝမ်ချောင်၏ ပထမဦးဆုံးသော မနက်ခင်းခုံရုံး ညီလာခံတွင်ပင် ထိုသို့ မေးမြန်းလိုက်ကတည်းက ဝမ်ချောင်ကို အရူးလုပ်ချင်ကြောင်း ထင်ရှားသည်။

အခြားတစ်ဖက်တွင် ဘုရင်ချီက ပြဒါးရိုင်းတိုင်ကို ကျောကပ်လျှက် စိတ်ထဲတွင်လှောင်နေသည်။ သူသည် ယခုလိုကိစ္စမျိုးတွင် ဝင်စွက်ဖက်ခဲသည်။ သို့သော် လင်းချန်ရှင်းနှင့် အခြားသောသူများကမူ ထိုကိစ္စများကို ပို၍ကောင်းကောင်း နားလည်သည်။ ကျီးတိုင်းပြည်ကိစ္စက အမှုထမ်းရေးရာခုံရုံးနှင့် ဘဏ္ဍာရေးရာ ရုံးတော်အတွက် ခေါင်းကိုက်စရာကိစ္စကြီးဖြစ်သည်။ သူတို့မည်သို့လုပ်လုပ် ထိုပြဿနာကို မဖြေရှင်းနိုင်သေးချေ။ အင်ပါယာခုံရုံးက ဝင်ရောက်စွက်ဖက်ပြီးနောက် အခြေအနေဟာ ပို၍သာ ဆိုးသွားသည်။ ယခုလိုအခြေအနေမျိုးက မဖြစ်ဖူးပါချေ။

အမှန်တိုင်းပြောရသော် ထိုပြဿနာတွင် ဖြေရှင်းချက် မရှိသလောက်နီးပါး ဖြစ်နေသည်။ ယခုလို ပြဿနာကို သယ်ဆောင်လာခြင်းက ဝမ်ချောင်၏ ဆိုးရွားသော အခြေအနေကိုသာ မြင်ချင်ရုံဖြစ်သည်။

ဝမ်ချောင်သည် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဘွဲ့ကို ရရှိထားပြီး ဂုဏ်သတင်းကြီးမားသော်လည်း အင်ပါယာခုံရုံးက ကိစ္စများကမူ တိုက်ပွဲတွင် သတ်ဖြတ်ခြင်းနှင့် ခြားနားသည်။

အင်ပါယာခုံရုံးတွင် လူများသည် ဆေဘာနှင့် ဓားများကိုမသုံးဘဲ လူသတ်နိုင်သည်။

ဟွန်း နို့နဲ့မစင်သေးတဲ့ ကောင်စုတ်လေး မင်းဘယ်လိုဖြေမလဲ ကြည့်ရအောင်။ မင်းကပါးစပ်ကို ဆက်ပိတ်ထားရင် မင်းက ဒီတိုင်းလူသတ်ဖို့ပဲသိတဲ့ မကောင်းဆိုးဝါး သပ်သပ်ဆိုပြီး ငါသတင်းဖြန့်ခိုင်းလိုက်မယ်။ မင်းက ပြန်ဖြေပြီး ဆိုးရွားတဲ့အဖြေကို ပေးပြန်ရင်လည်း လူတိုင်းကို မင်းကိုလှောင်ခိုင်းဦးမယ်။ အဲ့ဒီနောက် မင်းကိုဒီကိစ္စကို အကျယ်ချဲ့ပြီး မင်းကမသိတတ်ဘူး။ အသိဉာဏ်မဲ့တယ်။ ရုပ်ရည်ကိုပဲမှီခိုတတ်တာ။ ဝန်ဆောင်မှုကြီးပြီးသွားတာတောင်မှ မင်းရဲ့အရိုးထဲမှာ အသုံးမကျတဲ့ ဇစ်မြစ်က စွဲနေတုန်းပဲလို့ သတင်းဖြန့်ဦးမယ်။ တကယ်လို့မင်းက နည်းနည်းလောက် အသုံးဝင်ပြီး အကြံအစည်နည်းနည်းလောက် ချပြတယ်ဆိုရင်လည်း ငါကလူတိုင်းကိုပြောပြီး မင်းကို ထောက်ပံ့ခိုင်းလို့ မင်းရဲ့အကြံအစည်ကို သိမ်းပိုက်ခိုင်းလိုက်မယ်။ ဒီလိုဆိုရင် ကျီးတိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းရသေးတဲ့အချိန်မှာ ပေါက်ကရတွေပြောပြီး နောက်ကွယ်က ကြိုးကိုင်သူကမင်း တိုင်းပြည်ရဲ့ မူဝါဒရေးရာတွေကို နှောင့်နှေးအောင် ဆွဲထားတဲ့လူကမင်း ခုံရုံးမှာ လုပ်နိုင်စွမ်းရည်မရှိတဲ့လူက မင်းပါလို့ အများသိသွားအောင် လုပ်ရမယ်။ ဘာပဲဖြစ်ဖြစ် မင်းဘယ်လိုပဲလုပ်လုပ် မင်းရဲ့ဂုဏ်သတင်းကို ဖယ်ရှားဖို့နည်းလမ်း ရှိနေသေးတယ်။

ဘုရင်ချီက ဘာစကားမှမပြောသော်လည်း သူ၏မျက်ဝန်းက မာနများဖြင့် တောက်ပနေသည်။ သူသည် မရင့်ကျက်သေးသလို အတွေ့အကြုံမရှိသည့် ကောင်စုတ်လေးကို ကိုင်တွယ်ရန်နည်းလမ်း ရာကျော်ရှိသည်။ အင်ပါယာခုံရုံးသည် သူ၏ပိုင်နက်နယ်မြေဖြစ်သည်။ ဝမ်ချောင်ကမူ ဘယ်လိုသေရန် ဆုံးဖြတ်ပိုင်ခွင့်ပင်မရှိချေ။

“ချောင်အာ”

ဝမ်ကန်းက ရှေ့တန်းမှ နောက်ကိုလှည့်ပြီး စိုးရိမ်တကြီးကြည့်သည်။ ဘုရင်ချီ၏စိန်ခေါ်မှုက သူ့ကို သတိလက်လွတ် ဖြစ်သွားစေသည်။ သို့သော် ဝမ်ကန်းကဲ့သို့သော လူကသာ ထိုသို့တွေးခြင်းမဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဝမ်ချောင်သည် အခြားသော အရာရှိများ၏ရှေ့တွင် တိုက်ရိုက်နာမည် အခေါ်ခံခဲ့ရခြင်းဖြစ်သည်။

ခန်းမက တိတ်ဆိတ်လွန်းသဖြင့် အပ်ကျသံကိုပင် ကြားနိုင်သည်။ သူတော်စင်ဧကရာဇ်နှင့် မိန်းမဆိုးကောင်းတို့က ဝမ်ချောင်ကို ကြည့်နေကြသည်။

ဒါဟာ ဝမ်ချောင်၏ ပထမဦးဆုံးသော မနက်ခင်းညီလာခံဖြစ်သည်။ သူကသာ ပြဿနာနှင့် စိန်ခေါ်မှု အတန်းလိုက်ကို ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် သူ၏အနာဂတ် တိုးတက်မှုများအတွက် ကပ်ဆိုးကြီး ချန်ထားရစ်မိလောက်သည်။ ပို၍ဆိုးသည်မှာ ရည်မှန်းချက်ကြီးသော လူများက ထိုကိစ္စကို တမင်တကာ ချဲ့ကားပြီး ဝမ်ချောင်အား ရာထူးထပ်ချခံရသည်အထိ ကြိုးကိုင်နိုင်သေးသည်။

All Chapters