အခန်း (၁၂၄၁-၁၂၄၅)
Vol. 73 Ch. 1241-1245
အခန်း(၁၂၄၁)
“အခုအချိန်ထိ အမတ်ချုပ်ကြီးက သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒကို ဖော်ပြခဲ့တာလား အရှင်ဧကရာဇ်မင်းရဲ့ စိတ်ဆန္ဒကို ဖော်ပြခဲ့သလားဆိုတာကို ငါအနှစ်မချုပ်နိုင်သေးဘူး”
ဘုရင်စုန့်က ခပ်တိုးတိုးပြောပြီး သက်ပြင်းချသည်။
ဝမ်ချောင်က တိတ်သွားသည်။ သူသာဆိုလျှင် ထိုမျှအထိ စိတ်ရှုပ်ထွေးနေလိမ့်မည် မဟုတ်ချေ။ သို့သော် ဘုရင်စုန့်ကမူ ခြားနားသည်။ ‘ဘေးကသူက ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ပါဝင်ပတ်သတ်နေသူက စိတ်ရှုပ်ထွေးရလိမ့်မယ်’ဆိုသော စကားအတိုင်း ဘုရင်စုန့်သည် စိတ်ရှုပ်ထွေးနေသော ပါဝင်ပတ်သတ်သူ ဖြစ်နေသည်။
“အဲ့ဒီနေ့က ကိစ္စပြီးတဲ့နောက်မှာ အရှင့်သားက တော်ဝင်နန်းတွင်းကိုသွားပြီး အရှင်ဧကရာဇ်မင်းကို တွေ့ခွင့်တောင်းဆိုခဲ့ပါသလား”
ဝမ်ချောင်ကမေးလိုက်သည်။
ဘုရင်စုန့်က ခေါင်းခါ၏။
“ငါကြိုးစားခဲ့တယ်။ ဒါပေမဲ့ အရှင်ဧကရာဇ်က ငါ့ကိုအကြိမ်တိုင်းလိုလို တွေ့ဖို့ငြင်းတယ်။ အရှင်မင်းကြီးက ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ မတွေ့ခဲ့တာ တစ်လကျော်သွားပြီ။ မင်းကသာ အရှင်မင်းကြီးက တွေ့ဖို့လက်ခံလိုက်တဲ့ ပထမဦးဆုံးသောလူပဲ။ မင်းကြောင့်လားတော့မသိဘူး ဒါပေမဲ့ ဒီနေ့က အရှင်မင်းကြီး ဒီအချိန်ကာလအတောအတွင်း ခုံရုံးမှာ အကြာဆုံးနေသွားတဲ့ အခိုက်အတန့်လည်းဖြစ်တယ်။ အရှင်မင်းကြီးက မနက်ဖြန်ခုံရုံးကိုတက်မလား ဒါမှမဟုတ် ဘယ်လောက်ကြာကြာ နေမလဲဆိုတာကိုတောင် မသိဘူး”
ဘုရင်စုန့်၏မျက်နှာတွင် စိုးရိမ်မှုများက ပြည့်နှက်လာ၏။
ဝမ်ချောင်၏နှလုံးသားကလည်း လေးလံသွားသည်။ သူသည် ဝေးကွာလွန်းသော တစ်နေရာမှ ခေါင်းလောင်းသံလိုလို ကြားခဲ့ရသောအသံကို သတိရသွားသည်။ သူသည်လည်း ထိုအသံကို ကြားခဲ့ပြီးသည်မှာ နှစ်ကြိမ်ရှိနေလေပြီး အကြိမ်တိုင်းလိုလို သူတော်စင်ဧကရာဇ်မင်းက အလျင်စလို ထွက်ခွာသွားခဲ့သည်ကြီးသာဖြစ်သည်။
ကိစ္စတွေက ဒီအဆင့်ထိ ရောက်နေပြီလား...
ဝမ်ချောင်၏နှလုံးသားက လေးလံလာသည်။
အခြားတစ်ယောက်သာဆိုလျှင် ဝမ်ချောင်ကလည်း တစ်စုံတစ်ယောက်ဟာ သူတု့ိ၏စိတ်ကို ထိန်းချုပ်သွားပြီး သို့မဟုတ် အင်ပါယာနန်းတွင်း အတွင်းတွင် အကြံအစည်အချို့ ချထား၍ဟု ထင်မိလောက်သည်။ သို့သော် ယခုသူဟာ မဟာထန်၏ သူတော်စင်ဧကရာဇ် ဖြစ်နေလေပြီး ဗဟိုပြင်ကျယ် တစ်ခုလုံး၏ အဆင့်အမြင့်ဆုံး တည်ရှိမှုကြီးဖြစ်နေသည်။ နတ်နယ်မြေတစ်ခုလုံး၏ အာဏာရှင်ဖြစ်နေ၏။ အညံ့မခံဆုံးသော မျိုးနွယ်ခြားများကပင် မဟာထန်၏ သူတော်စင်ဧကရာဇ်ဟု ကြားသောအခါ လေးစားသောမျက်နှာထားမျိုး ဖြစ်သွားတတ်သော လူမျိုးဖြစ်သည်။
ဝမ်ချောင်သည် မည်သူကမှသူ့ကို မထိန်းချုပ်နိုင်ဟု ယုံကြည်မှုရှိသည်။ သို့သော် ....
ဝမ်ချောင်က ဘုရင်စုန့်ကိုကြည့်ပြီး တုန့်ဆိုင်းသွားသည်။
အနာဂတ်တွင် ဖြစ်ပျက်မည့် အဖြစ်အပျက်များအားလုံးကို သိသောလူက တစ်ဦးတည်းသာလျှင်ရှိသည်။ ထိုအခိုက်အတန့်တွင်မူ မည်သူကမှ ထိုအကြောင်းအရာကို မသိနိုင်ချေ။ ဘုရင်စုန့်ကပင် မသိနိုင်ချေ။ သူတော်စင်ဧကရာဇ်နှင့် ပတ်သတ်ပြီး ဖြစ်သွားမည့် အဖြစ်အပျက်များကို မည်သူကမှ ကြိုမသိလောက်ချေ။
နတ်ဘုရားနယ်မြေအဆင့်သို့ တက်ရောက်မှု ကျရှုံးသွားသောကြောင့် ပေးဆပ်ရမည့် တန်ကြေးကို မည်သူကမှ မမျှော်လင့်ထားလောက်ချေ။ ဝမ်ချောင်သည်လည်း သူတော်စင်ဧကရာဇ်၏ ခန္ဓာကိုယ်က မည်သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း မသိချေ။ သို့သော် လက်ရှိအခြေအနေက ရှင်းလင်းစွာပင် ဆုတ်ယုတ်နေပြီဖြစ်သည်။ ဒါဟာ သူတော်စင်ဧကရာဇ် တစ်ယောက်တည်းနှင့်ပတ်သတ်သောကိစ္စ မဟုတ်တော့ဘဲ ဗဟိုပြင်ကျယ်ရှိလူတိုင်းအတွက် သက်ရောက်မှုရှိနေသည်။
သူတော်စင်ဧကရာဇ်က သေဆုံးသွားခဲ့ပြီးနောက် မဟာထန်ကြီးက ဒုက္ခပေါင်းများစွာ ပြည့်နှက်နေသော နယ်မြေတစ်ခုအတွင်းသို့ ဆင်းသက်ရဦးမည်ဖြစ်သည်။
ဝမ်ချောင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူ၏နှလုံးသားထဲမှ စိုးရိမ်မှုကိုဖိနှိပ်ပြီး ဆက်ပြောလိုက်သည်။
“အဲ့ဒီနောက် ဘာဖြစ်သွားလဲ။ အရှင့်သားက လီလင်းဖူကို သွားတွေ့ခဲ့လောက်တယ်။ သူကဘာပြောလောက်လဲ”
“အမတ်ချုပ်ကြီးကတော့ ဘာကိုမှ တိုက်ရိုက်မပြောဘူးပေါ့။ ဒီတိုင်း သူခုံရုံးက ကိစ္စတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေအတိုင်း ဆွေးနွေးခဲ့တယ်လို့ပဲပြောတယ်။ ဒါပေမဲ့ သူ့ရဲ့စကားလုံးတွေထဲမှာ ဒါဟာ အရှင်မင်းကြီးရဲ့ စိတ်ဆန္ဒကို တိုက်ရိုက်ဖော်ပြနေခဲ့တာ”
ရထားလုံးက တိတ်တဆိတ် ဆက်သွားနေသည်။ ဝမ်ချောင်က အနောက်ဘက်ကိုမှီရင်း မျက်မှောင်ကျုံ့လိုက်သည်။ ဝမ်ချောင်အနေဖြင့် ဘုရင်စုန့်၏ စိတ်အခြေအနေကို နားလည်လိုက်သည်။ သူတော်စင်ဧကရာဇ်သည် ခေတ်အဆက်ဆက် အရှင်သခင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူ၏ရညည်မှန်းချက်ကြီးမှုက မျိုးနွယ်ခြားနယ်မြေများကိုပင် လွှမ်းမိုးဖြန့်ကျက်နိုင်သည့် အခြေအနေသည် ဘုရင်စုန့်ထက်သာသည်။ သို့သော် ထိုစိတ်ဆန္ဒကလည်း လီလင်းဖူပြောသော အခြေအနေ ဖြစ်နေလောက်သည်ဟု ခံစားမိစေသောကြောင့် ဘုရင်စုန့်ကို သံသယဝင်စေခြင်းဖြစ်သည်။
1241 02
သို့သော် ဝမ်ချောင်ကမူ လီလင်းဖူပြောသော စကားကို ယုံလိမ့်မည်မဟုတ်ချေ။ စကားလုံးတစ်လုံးကိုမှ ယုံကြည်လိမ့်မည်မဟုတ်ချေ။
“အရှင့်သား အရှင့်သားဒီပုံပြင်ကို ကြားဖူးမလား”
ဝမ်ချောင်ဟာ ရုတ်တရက်ပြောလိုက်သည်။
“ဘာပုံပြင်လဲ”
ဘုရင်စုန့်က အံ့အားတကြီး မျက်တောင်ခတ်သည်။ ဝမ်ချောင်ဟာ ယခုလိုအခြေအနေမျိုးတွင် ပုံပြင်အကြောင်း ပြောနိုင်ဦးမည်ဟု မထင်ထားမိချေ။ ဝမ်ချောင်ကပြုံးပြီး ရိုးရှင်းစွာပြောလိုက်၏။
“ကျားရဲ့အရှိန်အဝါကြောင့် မြေခွေးက အာဏာပြတာလေ”
“အာ”
ဘုရင်စုန့်က မျက်လုံးပြူးသွားသည်။ ထို့နောက် တစ်စုံတစ်ရာကို နားလည်သွားသလို ဝမ်ချောင်ကို နက်နဲသောအကြည့်မျိုး ကြည့်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် အခြေအနေတစ်ခုလုံးကို မဖမ်းဆုပ်နိုင်သေးချေ။
“ကျားရဲ့အရှိန်အဝါကို မြေခွေးက ချေးငှားယူပြီး အခြားသောသားရဲတိုင်းရဲ့ လေးစားမှုကို ရရှိသွားတယ်။ ဒါပေမဲ့ ကျားကတော့ ကျားပဲဖြစ်နေပြီး မြေခွေးကတော့ မြေခွေးပဲ။ ကျားက တစ်ရက်မှာ တောင်ပေါ်ကထွက်သွားလိမ့်မယ်။ ဒါပေမဲ့ မြေခွေးကတော့ အခြားသားရဲတွေဆီက အခွန်အခတွေကို ဆက်လက် ယူနေဦးမှာပဲ။ ဒါက ကျားရဲ့အရှိန်အဝါလား မြေခွေးရဲ့ အရှိန်အဝါလား”
ဝုန်း
ဘုရင်စုန့်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူသည် ဝမ်ချောင်ကိုစိုက်ကြည့်နေ၏။ သူ၏မျက်ဝန်းက တောက်ပပြီး စူးရှသည်။ ထိုအခိုက်အတန့်တွင် သူသည် အရာအားလုံးကို နားလည်သွားပုံပေါ်သည်။
ဝမ်ချောင်က ပြုံးရုံသာပြုံးပြီး ဘုရင်စုန့်၏ ရထားလုံးထဲမှ ထွက်လိုက်သည်။ ဘုရင်စုန့်ဟာ ဉာဏ်ကောင်းသောလူဖြစ်သည်။ လီလင်းဖူက သူ့ကို တခဏသာ စိတ်ရှုပ်အောင်လုပ်နိုင်သည်။ သို့သော် ထာဝရမလုပ်နိုင်ချေ။ ဘုရင်စုန့်သည်လည်း အခြေအနေများကို အလိုလို နားလည်သွားနိုင်သည်။ ဝမ်ချောင်မရှိလျှင်ပင် သူ့သာသာသူ နားလည်နိုင်သေးသည်။
သူ၏ရထားလုံးထဲမှ ထွက်ခွာလာပြီးနောက် ဝမ်ချောင်ဟာ သူ၏အိမ်သို့ပြန်သည်။ မျိုးနွယ်ခြားနယ်မြေများဘုရင်၏ စံအိမ်က ဆောက်လုပ်ဆဲဖြစ်နေသောကြောင့် လေးလခန့်ကြာပြီးမှသာ ပြီးမြောက်ပေလိမ့်မည်။
ဝမ်ချောင်က အိမ်သို့ပြန်လာသောအခါ တစ်စုံတစ်ရာဟာ ထူးဆန်းနေကြောင်း သိလိုက်ပြန်သည်။ ပုံမှန်အားဖြင့် သူဟာအိမ်သို့ ပြန်ရောက်လာချိန်တွင် အစေခံများနှင့် အိမ်စေများအားလုံးက အတူတကွ စုစည်းပြီး စကားလာပြောကြသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေသည်။
“ဝမ်ချောင် မင်းနောက်ဆုံးတော့ ပြန်လာပြီလား”
ဝမ်ချောင်က အဓိကတံခါးကို ဖြတ်ရုံသာရှိသေးသည်။ ပျော်ရွှင်နေသော လူငယ်တစ်ယောက်၏ အသံက ကြိုဆိုလာ၏။ ဝမ်ချောင်က ခေါင်းကိုမော့လိုက်သောအခါ ဝမ်မိသားစု ကြိုဆိုခြင်းခန်းမ၏ တံခါးနားတွင် ရပ်နေသည့် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရသည်။ တစ်ဖက်သူက နဂါးလက်သည်း လေးဘက်ပါ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုလူသည် စိတ်လှုပ်ရှားစွာနှင့် ဝမ်ချောင်ထံ လာရောက်သည်။
“လီဟန်လား”
ဝမ်ချောင်က အံ့အားတကြီး မျက်ခုံးပင့်လိုက်သည်။
မင်းသားငါးသည် ဧကရာဇ်၏ သားတော်တစ်ပါးဖြစ်ပြီး သူ၏လှုပ်ရှားမှုတိုင်းကို မရေမတွက်နိုင်သည့် လူပေါင်းများစွာက စိုက်ကြည့်နေကြသည်။ သိပ်မကြာခင်ကတင် ဝမ်ချောင်က သူ၏လှုပ်ရှားမှုနှင့် ပတ်သတ်ပြီး သတိထားရန် မှာကြားခဲ့သေးသည်။ ဝမ်ချောင်ကပင် သူ့ထံသွားရောက်တွေ့ဆုံခြင်း မရှိခဲ့ချေ။ သို့သော် မင်းသားငါးကမူ သူ့ထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံသည်။
“အရှင့်သားက ဘာလို့ဒီနေရာကို ရောက်နေတာလဲ”
ဝမ်ချောင်ကမေးလိုက်သည်။
“ခိုရာစန်းက ကိစ္စတွေအားလုံးကို ငါကြားပြီးပြီ။ ငါဘယ်လိုများ ငြိမ်ငြိမ်ထိုင်နေနိုင်မှာလဲ။ မင်းပြန်လာပြီဆိုကတည်းက ငါ့ကိုသတင်းပို့ဖို့ သူတို့အားလုံးကို အမိန့်ပေးထားတာလေ။ အခု မင်းက တကယ်ပဲ အံ့အားသင့်စရာပဲ”
လီဟန်က ဝမ်ချောင်ကို စိတ်လှုပ်ရှားစွာကြည့်ပြီး ဖက်သည်။
လီဟန်၏ ရိုးသားသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများက ဝမ်ချောင်ကို အနည်းငယ် နွေးထွေးသွားစေသည်။ သူသည်လည်း မင်းသားငါး ယခုလို မိုက်ရူးရဲဆန်သည့် ကိစ္စနှင့်ပတ်သတ်ပြီး သဘောမတူသော်လည်း သူ၏ရိုးသားမှုကိုမူ လက်ခံပေးရပေမည်။
1241 03
“စိတ်အေးအေးထား ငါကအဆင်ပြေတယ်။ တိုက်ပွဲရဲ့ ငရဲလိုဆိုးရွားတဲ့ အခြေအနေက ငါ့ကို အလဲမထိုးနိုင်ဘူး။ အခုလိုမျိုး သေးငယ်တဲ့ ကိစ္စလောက်နဲ့ နောက်ဆုတ်သွားအောင် လုပ်ဖို့ဆိုရင် ပိုတောင်ဆိုးသေးတယ်”
ဝမ်ချောင်ကပြောသည်။
“ဟား ဟား မင်းကိုဘယ်သူကမှ အလဲမထိုးနိုင်မှန်း ငါသိလိုက်တယ်လေ”
မင်းသားငါးလီဟန်က စိတ်လှုပ်ရှားစွာပြောသည်။ သူသည်လည်း ဝမ်ချောင်ကို မျက်ကန်းယုံကြည်လုနီးပါး ဖြစ်လာကြောင်းပင် ဖော်ပြရတော့ပေမည်။ ဒီလောကတွင် ဝမ်ချောင်မကိုင်တွယ်နိုင်သည့်ကိစ္စ မရှိဟုပင် ယုံကြည်နေမိ၏။
“အဲ့ဒီမျိုးမစစ်တွေက ပြဿနာရှာနေရုံပါပဲ။ စစ်တပ်ရဲ့ အကာအကွယ်မရှိဘဲ ဒီပညာသင်သားတွေက သူတို့ဘာသာ စစ်ပွဲကိုသွားပြီး တိုက်ခိုက်နိုင်မယ်လို့ ထင်နေကြတာလား”
ယခုလိုမမျှတသော ကိစ္စက မင်းသားငါး၏မျက်နှာကို ဒေါသကြောင့် မည်းမှောင်လာစေသည်။
“လာ ဒါက စကားပြောလို့မကောင်းဘူး။ အိမ်ထဲဝင်ရအောင်”
ဝမ်ချောင်က ရှေ့မှလမ်းပြကာ ဦးဆောင်ခေါ်သွားသည်။ ထို့နောက် မင်းသားငါးကို ကြိုဆိုခြင်းခန်းမထဲသို့ ခေါ်ဆောင်ထားလိုက်သည်။
ဝမ်ချောင်က လက်ကိုယမ်းလိုက်သောအခါ အစေခံတစ်ယောက်က အဆာပြေမုန့်များ၊ ရေနွေးကြမ်းများ လာရောက်ပို့ဆောင်သည်။ သူတို့နှစ်ယောက်က ဝင်ထိုင်ပြီးနောက်တွင် ဝမ်ချောင်ဟာ မင်းသားငါးကို အချိန်ယူကာကြည့်လိုက်သည်။ သူတို့နောက်ဆုံး တွေ့ခဲ့ပြီးကာစနှင့်ယှဉ်သော် တစ်ဖက်သူသည် အများကြီး အတွေ့အကြုံရလာပုံပေါ်သည်။
ဝမ်ချောင်က မင်းသားငါးကိုကြည့်ပြီး ရုတ်တရက်ပြောသည်။
“မင်းက အင်ပါယာသိုင်းနယ်မြေကို တက်ရောက်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား”
လီဟန်ဟာ အစပိုင်းတွင် ကြောင်သွားသည်။ ထို့နောက် ပြုံးလိုက်၏။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းကတကယ်ပဲ စူးရှတဲ့မျက်လုံးရှိတာပဲ။ သိပ်မကြာခင်ကတင် ဦးလေးကျင်းက ငါ့အတွက် စွမ်းအင်တွေကို ဖုံးကွယ်ဖို့ ရှေးဟောင်းစာလိပ်တစ်လိပ် ရှာပေးသေးတယ်။ အဲ့ဒါက မဟာဗိုလ်ချုပ်ကြီးတွေဆီကနေ ငါ့ရဲ့စွမ်းအင်တွေကို ဖုံးကွယ်ထားနိုင်တယ်လို့ပြောတယ်။ ဒါပေမဲ့ မင်းကတော့ မြင်နိုင်မယ်လို့ မထင်ထားဘူး”
မင်းသားငါးက အမှန်တရားကိုထုတ်ပြောသည်။ သူသည် စားပွဲပေါ်မှ ကိတ်မုန့်ကိုပင် ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်သေး၏။ သူ၏ပြုမူပုံများက ပေါ့ပါးကာ သဘာဝကျသည်။
လီဟန်သည် ဝမ်ချောင်ကို အလွန်ယုံသည်။ သူ့ထံမှဘာကိုမှ မဖုံးကွယ်ထားချေ။
ဝမ်ချောင်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ လီဟန်ပြောသော ဦးလေးကျင်းသည် သဘာဝအလျောက်ပင် မိန်းမဆိုးလီကျင်းဟုန်ဖြစ်သည်။ တစ်ဖက်သူသည် ဉာဏ်များသောလူဖြစ်ပြီး သစ္စာဖောက်ဖြစ်သည်။ ဝမ်ချောင်မရှိခင် အတောအတွင်း လီကျင်းဟုန်က လီဟန်နှင့် ပိုပြီးရင်းနှီးသွားပုံပေါ်သည်။ သို့သော် ဝမ်ချောင်ကမူ အများကြီးဂရုမစိုက်ချေ။ လီကျင်းဟုန်က မင်းသားငါးကို အတက်နိုင်ဆုံး ထောက်ပံ့ကူညီပေးနေသမျှ အဆင်ပြေသည်။ သူ့တွင် အခြားသောအကြံ ရှိလျှင်မူ သူ့ကိုစောင့်ကြိုနေသူမှာ သေခြင်းဖြစ်သည်။
“အရှင့်သား အရှင့်သားကသာ အနာဂတ်မှာ ထီးနန်းကို ဆက်ခံမဲ့လူ။ ဒီတော့ အရှင့်သားအနေနဲ့ လုံလုံလောက်လောက် အင်အားကြီးမားတဲ့ သိုင်းပညာကို မပိုင်ဆိုင်ထားရင် အဆင်ပြေမှာမဟုတ်ဘူး။ အရှင့်သား ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားပါ။ ငါက တိုက်ဆိုင်စွာနဲ့ အရှင့်သားကို ကူညီပေးနိုင်တဲ့ မာန်ထရာတွေ သိထားတယ်”
“ဟုတ်သားပဲ နန်းတော်မှာ တစ်ခုခုဖြစ်သွားလို့ အရှင့်သားက ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာမဟုတ်လား”
ဝမ်ချောင်က ရုတ်တရက်မေးသည်။
“အဲ့ဒီလောက်တော့ မဆိုးသေးပါဘူး”
မင်းသားငါးလီဟန်က ခေါင်းကိုခါသည်။
“အဲ့ဒီကိစ္စ ပြီးတဲ့နောက်မှာ အင်ပါယာနန်းတော်ထဲက ဘယ်သူကမှ ငါ့ကိုလာပြီး ရန်မစရဲဘူးလေ။ အစ်ကိုကြီးတောင် ငါ့ကိုရန်မစရဲတော့ဘူး”
မင်းသားငါးလီဟန်က ထိုစကားလုံးများကို မာနအပြည့်နှင့်ပြောသည်။ သူသည် ဝမ်ချောင်ကို အလွန်ကျေးဇူးတင်နေမိ၏။ နောက်ဆုံးသောမုန်တိုင်းတွင် အခြားသောမင်းသားများက မင်းသားငါးဟာ ဂိုဏ်းတစ်ခု တည်ထောင်သောကြောင့် အရာရှိများကို သူ့ဘက်ရောက်အောင် ဆွဲခေါ်လိုသော အကြောင်းပြချက်ကြောင့်နှင့် သူ့အား အကြံအစည်ကြီးသည်။ အရှင်သခင်ကို လှည့်စားသည်ဟု စွပ်စွဲခဲ့ကြသည်။ သူတို့သည်လည်း မင်းသားငါးက မထိခိုက်ဘဲ ကျန်ရစ်ခဲ့ရုံသာ မကသေးလေဘဲ သူ့ကို စွပ်စွဲခဲ့သည့်လူက မင်းသားသုံးဖြစ်သည့်တိုင် အကျဉ်းချခံရပြီး အဆုံးသတ်သွားမည်ဟု မထင်ထားလောက်ချေ။ ထိုအခြေအနေက အခြားသောမင်းသားများ သိထားသည့် အမြဲတစေ အနိုင်ကျင့်ရလွယ်သော ငကြောက်မင်းသားငါးနှင့် ခြားနားသည်။ ထို့ကြောင့် လူတိုင်းက မှင်သက်သွားရသည်။ ဆက်တိုက်ဆိုသလိုပင် မင်းသားငါး၏ နန်းတော်ထဲမှ အခြေအနေက အများကြီး တိုးတက်လာလေသည်။
1241 04
လီဟန်ကသာ အရာအားလုံးဟာ ဝမ်ချောင်ကြောင့်ဖြစ်ကြောင်း နားလည်နေသည်။
လီဟန်က တခဏခန့် တုန့်ဆိုင်းသွားပြီးနောက် ရုတ်တရက်ပြောသည်။
“ဒါပေမဲ့ မတော်တဆအကြောင်း ပြောရမယ်ဆိုရင်တော့ ငါအခုတလော တစ်ခုခုကို သတိထားမိတာရှိတယ်”
“အိုး”
ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သူက ခွက်ကိုမြှောက်ပြီး ရေနွေးကြမ်းကို တစ်ငုံသောက်သည်။ လီဟန်က ဆက်ပြောရန် အမူအရာပြ၏။
“အဲ့ဒီကိစ္စ ဖြစ်သွားပြီးတဲ့နောက်မှာ ငါလူလွှွတ်ပြီး စုံစမ်းခိုင်းတယ်။ ဘယ်သူကမင်းကို အကွက်ချကြံစည်ဖို့ ကြိုးစားသလဲဆိုတာကို သိချင်တယ်လေ။ ဒါပေမဲ့ ငါဘာကိုမှ ရှာမတွေ့ခဲ့ပေမဲ့လည်း မတော်တဆ တစ်ခုခုကိုတော့ တွေ့လိုက်တယ်။ ငါနန်းတွင်းက တစ်ယောက်ထဲ ထွက်လာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အမတ်ချုပ်ကြီး လီလင်းဖူရဲ့ ရထားလုံးကို နန်းတွင်းထဲကို ဝင်လာပြီး ပထမမင်းသားရဲ့ နန်းဆောင်ကိုသွားတာကို တွေ့လိုက်ရတယ်။ သူက အဆင်တန်ဆာတွေ အားလုံးကိုဖယ်ထားပြီး သာမာန်ရထားလုံးလို ပြောင်းလဲထားပေမဲ့လည်း ငါတစ်ချက်ကြည့်ရုံနဲ့ မှတ်မိပါသေးတယ်”
ဘုန်း
ဝမ်ချောင်၏မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွား၏။ သူ၏ပထမဦးဆုံး တက်သည့် မနက်ခင်းညီလာခံတွင်ပင် ဝမ်ချောင်သည် လီလင်းဖူဟာ ဘုရင်ချီနှင့် မဟာဆရာတို့နှင့် ပူးပေါင်းထားကြောင်း သိလိုက်သည်။ ထိုသုံးယောက်ဟာ မမြင်ရသော မဟာမိတ်အဖြစ် ဖွဲ့စည်းထားသည်။ သို့သော် မင်းသားတစ်ကပင် ပါဝင်နေမည်ဟု မထင်ထားမိချေ။ အကယ်၍ မင်းသားငါးက ပြောသောစကားကသာ မှန်ကန်နေခဲ့သော် မင်းသားတစ်၊ လီလင်းဖူ၊ ဘုရင်ချီ၊ မဟာဆရာနှင့် အခြားသော ပြည်တွင်းအမတ်ပေါင်းများစွာက ပူးပေါင်းပြီး အခြားသော အင်အားကြီးမားသည့် မဟာမိတ်ကြီး ချထားပေလိမ့်မည်။
ထိုမဟာမိတ် အဖွဲ့အစည်းက နန်းတွင်း၏နောက်ကွယ်မှ ထွက်လာပြီး မင်းသားများတောက်လျှောက် ကျော်ဖြတ်လျှက် အင်ပါယာခုံရုံးထဲသို့ ဝင်ရောက်လာပေလိမ့်မည်။ ဒါဟာ မယုံနိုင်လောက်အောင် အင်အားကြီးမားသည့် အင်အားစုကြီးဖြစ်နေလေပြီး မည်သည့်အဖွဲ့အစည်းကမှ မကိုင်တွယ်နိုင်လောက်ချေ။ ဝမ်ကလန်နှင့် ဘုရင်စုန့်ကပင် ရင်မဆိုင်နိုင်ချေ။
မင်းသားငါးလီဟန်ကပင် သူပြောလိုက်သည့် စကား၏ အတိမ်အနက်ကို နားမလည်လောက်ချေ။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က အကြံတစ်ခုရလိုက်သည်။ သူက ခုံရုံးမှ အခြေအနေကို ခပ်ရေးရေး နားလည်လာသလိုဖြစ်လာသည်။
+++++
1242 01
အခန်း(၁၂၄၂)
ပထမမင်းသား
ဝမ်ချောင်သည် သူသည် သူတော်စင်ဧကရာဇ်အား သုံးယောက်ခစားခဲ့ချိန်က ပထမမင်းသားနှင့် မည်သို့မည်ပုံတွေ့ခဲ့ကြောင်းကို ပြန်တွေးပြီး စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်နေမိသည်။ ပထမမင်းသားက ထိုနေရာတွင် ပေါ်လာခဲ့သည်မှာ အံ့ဩစရာမဟုတ်ချေ။ အတိတ်က တင်ပြမှုများအားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်မှာလည်း အံ့ဩစရာမဟုတ်ချေ။ မင်းသားငါးကသာ မှန်ကန်နေခဲ့လျှင် အရာအားလုံးကို ရှင်းပြပြီးသွားလေပြီ။
“ငါဒီကိစ္စကို သိပြီးသားပါ။ အချိန်တစ်ခုကြာတဲ့အထိတော့ အခြား ဘယ်သူ့ကိုမှ မပြောနဲ့ဦး။ ဒါတွေအပြင် မင်းရဲ့ဘေးကလူတိုင်းကို သတိထားစေချင်တယ်”
“အာ”
ဝမ်ချောင်၏ စကားလုံးများက လီဟန်ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
“ဟား”
ဝမ်ချောင်က သက်ပြင်းချပြီး သူ့အား ထိုနေ့ကပထမမင်းသား ပြောခဲ့သည့် စကားများကို ပြန်ပြောပြလိုက်သည်။ ပထမမင်းသားက သူနှင့်ဝမ်ချောင်၏ ဆက်ဆံရေးကို သိနေကြောင်း ကြားသောအခါ လီဟန်ကလည်း မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
လီဟန်၏မျက်နှာက ဖြူဖျော့သွားသည်။ သူသည် ဝမ်ချောင်နှင့် သူ၏ဆက်ဆံရေးကို အမြဲတစေ သိုသိပ်စွာ ဖုံးကွယ်ထားနိုင်သည်ဟု အမြဲတစေ ယုံကြည်နေခဲ့သည်။ သို့သော် ပထမမင်းသားက သိနှင့်နေပြီးသား ဖြစ်လိမ့်မည်ဟု မထင်ထားမိချေ။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်၏ ဆိုလိုရင်းကို သူကနားလည်လိုက်ခြင်းဖြစ်သည်။ ပထမမင်းသားက သူ့ဘက်တွင် သူလျိုများ ထားထားသည်။
“လောကမှာ လေတောင်ထိုးမဖောက်နိုင်တဲ့ နံရံဆိုတာ မရှိဘူး။ ပထမမင်းသားက အင်ပါယာနန်းတွင်းမှာ အချိန်အကြာကြီး နေထိုင်ခဲ့တာ။ သူ့မှာ ပြောင်မြောက်တဲ့ စွမ်းရည်လည်းရှိတယ်။ ငါတို့ရဲ့ဆက်ဆံရေးက သူ့ဆီကနေ ဒီလောက်ထိ လျို့ဝှက်ထားနိုင်တာကတင် အတော်လေး ထူးခြားနေပြီ။ နောက်ပြီး အခုဘယ်လို ပေါ်သွားလဲဆိုတဲ့ကိစ္စက ဆိုးရွားတဲ့ကိစ္စတော့ မဟုတ်ဘူး”
ဝမ်ချောင်ကပြောသည်။
“ဒါပေမဲ့ သူငါ့ဘက်မှာ ထားထားတဲ့ သူလျိုတွေက ဘယ်သူလဲဆိုတာကို ငါမသိဘူးလေ။ ငါကအခုလတ်တလော လူသစ်အနည်းငယ်တော့ ခန့်လိုက်တာမှန်တယ်။ နောက်ပြီးငါက ရုတ်တရက် ထူးထူးခြားခြားပြုမူပြီး အခြားသူတွေကို စွပ်စွဲလိုက်ရင် အားလုံးကို အလန့်တကြားဖြစ်ပြီး ထွက်သွားစေလောက်တယ်။ ဒီလိုဆိုရင် ငါက အစ်ကိုကြီးရဲ့ထောက်ချောက်ထဲကို ရောက်သွားဦးမှာပဲ”
လီဟန်က မသက်မသာဖြစ်သလိုပြောသည်။
ဝမ်ချောင်ကလည်း တိတ်ဆိတ်သွားရသည်။
“အရှင့်သား အဲ့ဒါကအရင်က အခုက အခုကပဲ။ အရှင့်သားက အမှန်ကတယ် ရင့်ကျက်လာပါပြီ”
ဝမ်ချောင်က သက်ပြင်းချသည်။
ထိုကဲ့သို့သော အမှန်တရားကို သိရသည့် သာမာန်လူတစ်ယောက်သာဆိုလျှင် ထိတ်လန့်သွားပြီးသူလျိုကို ရှာချင်လောက်သည်။ သို့သော် မင်းသားငါးကမူ ထိုသို့လုပ်ဆောင်လိုက်လျှင် ဖြစ်လာမည့် သက်ရောက်မှုကို စဉ်းစားဆင်ခြင်နေသေးသည်။ ထိုကိစ္စ တစ်ဆက်တည်းကတင် မင်းသားငါးက မည်မျှပြောင်းလဲသွားကြောင်း ပြောနိုင်သည်။
“ပထမမင်းသားက မင်းသားရဲ့ဘက်မှာ ထားထားတဲ့ သူလျိုတွေအတွက်ကတော့ လီကျင်းကျုံးကိုပဲ လွှဲထားလိုက်။ မင်းသားက ဒီကိစ္စကို သူ့ကိုပြောလိုက်တာနဲ့ သူကလည်း ဒီလူတွေကို ဆွဲထုတ်နိုင်တဲ့ စွမ်းရည်ရှိမယ်လို့ ယုံတယ်”
အကြံအစည်ကြီးလှသော ထိုမိန်းမဆိုး၏ စွမ်းရည်ကို ဝမ်ချောင်ထက် မည်သူကမှ နားမလည်လောက်ချေ။ အခြားသောသူများ၏ အတွေးများကို ခန့်မှန်းပြီး မိတ်ဆွေနှင့်ရန်သူကို ခွဲခြားဆက်ဆံပုံတွင် မည်သူကမှ သူ့ထက်ပို၍ မကျွမ်းကျင်လောက်ချေ။ ထိုအကြောင်းပြချက်ကြောင့်လည်း ဝမ်ချောင်ဟာ သူ့ကိုချက်ချင်း မသတ်သေးဘဲ မင်းသားငါး၏ ဘေးဘက်တွင် ထားထားခဲ့ခြင်းဖြစ်သည်။
သူ့ကိုသာ ကောင်းကောင်းသုံးနိုင်လျှင် လီကျင်းကျုံးသည် အင်ပါယာသိုင်းပညာရှင် ဆယ်ယောက်ကျော်ထက်ပင် စွမ်းဆောင်ရည်မြင့်နေသည်။
“နားလည်ပါပြီ ငါပြန်သွားတဲ့အခါ ဦးလေးကျင်းကို ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်မယ်”
လီဟန်က ခပ်တင်းတင်းပြောသည်။
အနည်းငယ်တွေးတောပြီးနောက် ဝမ်ချောင်က ရှင်းပြသည်။
1242 02
“ဟုတ်သားပဲ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်”
“အင်ပါယာနန်းတွင်းမှာ လျိုရှန်းတုံးလို့ခေါ်တဲ့ မိန်းမဆိုးအရာရှိတစ်ယောက် ပေါ်လာတယ်။ သူက အရှင်မင်းကြီးရဲ့ဘက်က နန်းတွင်းအိမ်တော်ထိန်းတွေထဲက တစ်ယောက်ပဲ။ ငါ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် သူနဲ့ အဆက်အသွယ်ရဖို့ အရမ်းခက်တယ်။ မင်းပြန်သွားတဲ့အခါ လီကျင်းကျုံးကို သူနဲ့ငါ တွေ့လို့ရအောင် စီမံခိုင်းလိုက်ပါ။ ငါသူ့ကိုလုပ်ခိုင်းရမဲ့ ကိစ္စတစ်ခုရှိတယ်”
“ကောင်းပါပြီ”
လီဟန်ကမူ သတိလက်လွတ် သတိပေးလိုက်သည်။
ယခုလေးတင် သူ၏ဘက်တွင် သူလျိုများရှိကြောင်း သိထားရလျှင် မည်သူကမှ တည်ငြိမ်နိုင်လိမ့်မည် မဟုတ်ချေ။ ဝမ်ချောင်ကလည်း လီဟန်၏ စိတ်အခြေအနေဟာ ဒီနေရာတွင်မရှိတော့ကြောင့် နားလည်သည်။ ထို့ကြောင့် တခဏခန့်ကြာပြီးနောက် သူသည် လီဟန်ကို အနောက်ဘက်ဂိတ်မှတစ်ဆင့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လိုက်သည်။
မင်းသားငါးကို လိုက်ပါပို့ဆောင်ပြီးသည်နှင့် ဝမ်ချောင်က စတင်ကာ အတွေးများပြီး စာကြည့်ဆောင်သို့ ခပ်မြန်မြန်ပြန်သွားသည်။ သူက စာကြည့်ခန်းတံခါးကို ပိတ်လိုက်သည့်အချိန်တွင် အရာအားလုံးဟာ တိတ်ဆိတ်သွားသည်။ ဝမ်ချောင်သည် စန္ဒကူးသား လက်တင်ကုလားထိုင်ကိုမှီကာ လှဲနေရင်း လက်များကို တင်းတင်းကြပ်ကြပ် ဖိဆုပ်လျှက် မျက်ဝန်းကို တစ်ဝက်ခန့်သာ ဖွင့်ထားသည်။ သူ၏မျက်နှာတွင်လည်း စိတ်ရှုပ်ထွေးနေသော အကြည့်မျိုးကပေါ်နေသည်။
သူသည် အဓိကဖြစ်ရပ်ကြီး တစ်ခုပြီးတစ်ခု ကြုံတွေ့နေခဲ့ရသည်။ ဝမ်ချောင်သည်လည်း သူဟာ အတွေးများကို စုစည်းရန်အတွက် တိတ်ဆိတ်သော နေရာတစ်ခုရှာရန် ခက်သထက်ခက်လာကြောင်း သိလာသည်။
ပထမမင်းသား လီလင်းဖူ၊ ဘုရင်ချီ၊ မဟာဆရာ... တကယ်ပဲ လိုက်ကာရဲ့နောက်ကွယ်က အစစ်အမှန် အကြံအစည်ကြီးသူက ဘယ်သူလဲ။ ပထမမင်းသားလား၊ လီလင်းဖူလား၊ ဒါမှမဟုတ် အားလုံးလား။
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်လာသည်။ နှစ်ရက်ခန့်ကြာပြီးနောက် သူသည် အင်ပါယာခုံရုံးမှ အမှန်တရားကို စတင်ကာ မြင်နိုင်လာသလို ပြိုင်ဘက်၏ ပုံသဏ္ဍန်ကိုလည်း ခပ်ရေးရေး ပုံဖော်လာနိုင်သည်။
ကိစ္စများဖြစ်ပျက်လာပြီးနောက် ပြောင်းလဲ၍မရသော ကိစ္စအချို့ရှိသည်။ သို့သော် အနည်းဆုံး အခြေအနေ မဆိုးသေးခင် တားနိုင်ဦးပေလိမ့်မည်။
အခန်းဟာ တိတ်ဆိတ်သထက် တိတ်ဆိတ်သွားသည်နှင့်အမျှ ဝမ်ချောင်၏စိတ်က မြန်ဆန်စွာ လည်ပတ်သထက် လည်ပတ်လာသည်။ ဝမ်ချောင်သည်လည်း ယခင်ရက်များအတွင်း စောင့်ကြည့်ခြင်း၊ နားထောင်ခြင်း၊ တွေးတောခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် သတင်းအချက်အလက်များကို စုစည်းနိုင်သထက် စုစည်းလာနိုင်သည်။ ထိုသို့ဖြင့် စိတ်ရှုပ်ထွေးမှု မြူထုများက တဖြည်းဖြည်းချင်း ပုံပေါ်လာသည်။
မဟာဆရာမဖြစ်နိုင်ဘူး။
ဝမ်ချောင်က ရုတ်တရက် ဘုရင်စုန့်၏စကားကို ပြန်တွေးမိသွားပြီး သူ၏အကြည့်က စူးရှသွားသည်။
မဟာဆရာသည် အသက်အရွယ် ကြီးသထက် ကြီးလာပြီဖြစ်ပြီး အရာအားလုံးထက် သူ၏လုံခြုံရေးကို ရှေ့တန်းတင်ပေလိမ့်မည်။ သူဟာ မည်မျှလုပ်နိုင်စွမ်းရည် ရှိနေစေကာမူ အင်ပါယာခုံရုံးအတွင်းမှ အင်အားစုများကို စုစည်းခြင်းလောက်ကိုသာ လုပ်ပေလိမ့်မည်။ ပထမမင်းသားနှင့်မူ ပူးပေါင်းလိမ့်မည် မဟုတ်ချေ။ ဘုရင်ချီသည်လည်း မဖြစ်နိုင်ချေ။ သူသည် ထိုမျှအထိ မလုပ်ရဲချေ။ သူ၏လက်အောက်တွင် ဗိုလ်ချုပ်အနည်းငယ်သည်လည်း ရှိနေသေးသည်။ ယခုလိုပြောင်းလဲလိုက်ပါက သူ့အတွက် အကျိုးအမြတ် မရှိနိုင်ချေ။
ထိုသို့ဖြင့် ဝမ်ချောင်သည် သူ၏တင်းတင်းကြပ်ကြပ် ဆုပ်ထားသောလက်ကို ဖြည်လိုက်မိသည်။ သူ၏ညာဘက်လက်ဟာ စားပွဲပေါ်တွင်ရောက်နေပြီး သတိလက်လွတ် လက်ချောင်းဖြင့် တတောက်တောက် ခေါက်နေမိသည်။ တစ်ချက်ခေါက်လိုက်ချိန်တိုင်း ဝမ်ချောင်၏စိတ်က ကြည်သထက် ကြည်လာသည်။
လီလင်းဖူက အရမ်းကို အကြံအစည်ကြီးတယ်။ သူ့ရဲ့ကိစ္စတွေကို လုပ်ဆောင်ပုံက တအားချောမွေ့လွန်းပြီး အနှောက်အယှက် ကင်းခဲ့တယ်။ နောက်ပြီး အခုလို ရှုပ်ရှုပ်ထွေးထွေး ဝုန်းကနဲ ပြောင်းလဲပြင်ဆင်လိုက်တာက သူ့ရဲ့အကျင့်စရိုက်တော့ မဟုတ်ဘူး။ ပထမမင်းသားကတော့ ... သူဟာ သူတော်စင်ဧကရာဇ်ရဲ့ အကြီးဆုံးသားလည်းဖြစ်တယ်။ ထီးနန်းဆက်ခံမှု အရိုက်အရာ အလားအလာ အများဆုံးဆိုပေမဲ့လည်း သူဟာ အမှန်တကယ် ထီးနန်းမဆက်ခံနိုင်ခင်အထိ ဘုရင်ချီ၊ မဟာဆရာနဲ့ လီလင်းဖူတို့ကို စုစည်းနိုင်တဲ့ အင်အားမျိုးမရှိသေးဘူး။ ဒါပေမဲ့ သူတို့မဟုတ်ရင် တကယ်ပဲ ဘယ်လိုလူမျိုးက ဒီလောက်ထိ လုပ်နိုင်စွမ်းရည် ပြည့်ဝပြီး လက်ရွေးစင်ပုဂ္ဂိုလ် လေးယောက်ကိုတောင် စုစည်းထားနိုင်တာလဲ။
ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး မျက်နှာကျက်ကိုကြည့်သည်။ သူ၏ညာဘက်လက်ညိုးက စားပွဲကိုခေါက်သော အကြိမ်နှုန်းက မြန်ဆန်သထက် မြန်ဆန်လာသည်။
ဘန်း ဘန်း ဘန်း
သိပ်သည်းသော ဆူညံသံများက ဒေါသတကြီး တိုက်ခတ်လာသည့် မုန်တိုင်းများအလား ဖြစ်လာသည်။
ယခုအခါ ဝမ်ချောင်သည် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်ပြီး သူသည် အလွန်အမင်း အဆင့်အတန်း မြင့်သောသူ ဖြစ်လာသည်။ သို့သော်သူကပင် လီလင်းဖူ၊ မဟာဆရာနှင့် ဘုရင်ချီတို့ကဲ့သို့ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများကို စိတ်ထင်ရာ အမိန့်လျှောက်မပေးနိုင်ချေ။
1242 03
“ဒါပေမဲ့ မင်းကဘယ်သူပဲဖြစ်ဖြစ် မင်းကြာကြာ မပုန်းနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါကမင်းကို ပုံသဏ္ဍန်ပေါ်အောင် ရအောင်ဖော်ရမယ်။ မင်းကိုယ်တိုင် ငါ့ကိုလာရှာနိုင်လောက်တယ်”
ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏လက်ညိုးဖြင့် တတောက်တောက်ခေါက်သော အရှိန်က နှေးသွားသည်။ သို့သော် အားက ပိုပြင်းလာသည်။ အဆုံးသတ်တွင် မာကြောလွန်းသော စန္ဒကူးသား စားပွဲတွင်ပင် လက်ညိုးမှလက်သည်းရာ အပေါက်လေးတစ်ပေါက် ပေါ်လာသည်။
ထိုတခဏတွင် အချိန်ဟာ တိတ်ဆိတ်သွားပုံရသည်။ ဝမ်ချောင်က ကျောကိုမတ်လိုက်၏။ သူ၏မျက်လုံးဟာ ဓားများကဲ့သို့ စူးရှသွားသည်။
ဒီတစ်ကြိမ် စစ်တပ်ဘက်မှ ကျွမ်းကျင်ပညာရှင်များကို ချိန်ရွယ်ကာ တိုက်ခိုက်ခဲ့သော တိုက်ကွက်များက မိုးမုန်တိုင်းကဲ့သို့ ထင်ရပြီး ကြမ်းတမ်းကာ စူးရှလွန်းသည်။ ဝမ်ချောင်သည်လည်း ခိုရာစန်းမှ ထွက်သွားခဲ့ရုံသာ ရှိသေးသည်။ ကာကွယ်စောင့်ရှောက်ရေး စစ်တပ်များအားလုံးက အင်အားလျော့ချခံခဲ့ရပြီး ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသော သူများက စစ်တပ်၏ နေရာတိုင်းသို့ ဝင်ရောက်လျှက် အင်အားကို ချုပ်ထိန်းလာသည်။ အရာအားလုံးဟာ အလွန်အမင်း လျှင်မြန်စွာ ဖြစ်ပျက်သွားသည်။ ထို့ကြောင့် နောက်ကွယ်မှ ကြံစည်သူက တစ်ယောက်တည်းမဖြစ်နိုင်ကြောင်း ယူဆသည်။ ဟုတ်နေခဲ့လျှင် သူဟာ ထိုတစ်ယောက်ကိုရှာရန် လိုအပ်လေသည်။
ဝမ်ချောင်က ဒီနှစ်ရက်သုံးရက်အတွင်း သိုသိပ်စွာသာ နေခဲ့သည်။ သူတော်စင်ဧကရာဇ်နှင့် တွေ့ဆုံခြင်း၊ ခုံရုံး၏ပွဲတွင် ဝင်ပါခြင်းကလွဲပြီး အခြားသော အချိန်တိုင်းတွင် သူသည် သူ၏စာကြည့်ဆောင်ထဲတွင်သာ နေထိုင်ခဲ့၏။ သူသည် အခြားမလိုလားအပ်သော လုပ်ဆောင်မှုများကို မလုပ်ခဲ့သလို ပွဲများကိုလည်း မတက်ခဲ့ချေ။ သို့သော် အမှန်တိုင်းဆိုရသော် ဝမ်ချောင်သည် သူ၏ ကိုယ်ပိုင်နည်းလမ်းများကိုသုံးပြီး သတင်းအချက်အလက်များကို စုစည်းနေခဲ့ခြင်းဖြစ်သည်။
သေရန်စောင့်နေတတ်သော ပုံစံက သူ၏အကျင့်မဟုတ်ချေ။ ခိုရာစန်းသည် မြို့တော်နှင့် ဝေးလွန်းသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ထိုနေရာမှ အခြေအနေကို ပြောင်းလဲရန်လည်း ကူကယ်ရာမဲ့ရသည်။ သို့သော် ယခုမူ သူက လှုပ်ရှားရမည့် အလှည့်ရောက်လေပြီ။
အချိန်ကျပြီ...
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က စားပွဲခုံကို အသာတတောက်တောက် ခေါက်သည်။ ထို့နောက် ခေါင်းလှည့်ကာ ပြတင်းပေါက်ကို ကြည့်လိုက်၏။ ဖွင့်ထားသော ပြတင်းပေါက်က သူ၏အတွေးများကို တုန့်ပြန်သလိုမျိုး ပုံရိပ်တစ်ခုက ဝုန်းကနဲ ခုန်ဝင်လာပြီး ဝမ်ချောင်၏ စာကြည့်ဆောင်ထဲတွင် ပေါ်လာသည်။
“အရှင့်သားကို ဂါရဝပြုပါတယ်”
စာကြည့်ဆောင်အတွင်း လေးနက်သောအသံက ပဲ့တင်ထပ်သွားသည်။ အနက်ရောင်ဝတ်ရုံကို ခြုံထားသော သိန်းငှက်အိုကြီးနှင့် နောက်ထပ်ပုံရိပ်တစ်ခုက မြေပြင်တွင် ဒူးထောက်နေကြသည်။ သူတို့၏မျက်နှာက လေးစားမှုနှင့် ပြည့်နှက်နေသည်။
သူသည် ဒုတိယမြောက်လူကို မသိချေ။ သို့သော် တစ်ဖက်သူ၏ လုပ်ကိုင်ရဲသော ဟန်အမူအရာမှတစ်ဆင့် သိန်းငှက်အိုကြီးကို အလွန်လေးစားကြောင့် ဖော်ပြနေသလို အမိန့်ကိုနာခံမည့်ပုံလည်း ပေါ်နေသည်။ ထိုအချက်ကတင် ဒါဟာ သိန်းငှက်အိုကြီးက ခန့်ထားသည့် လက်အောက်ငယ်သား တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
နှစ်ဝက်ကျော်ခန့် လွှတ်ထားခဲ့ပြီးနောက် သိန်းငှက်အိုကြီးက သူ၏ ကိုယ်ပိုင်နည်းလမ်းများကိုသုံးကာ လျို့ဝှက်သတင်းအချက်အလက် စုဆောင်းရေး အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်ခဲ့ပုံပေါ်သည်။ ဝမ်ချောင်ကပင် ထိုခန့်အပ်ထားသော လူများဟာ မည်မျှရှိကြောင်း မသိနိုင်ချေ။
“ဘယ်လိုလဲ”
ဝမ်ချောင်ကပြောသည်။ သူသည် ခေါင်းကိုမမော့ချေ။
“အရှင့်သား ငါတို့ အရှင့်ရဲ့အမိန့်အတိုင်း အရာအားလုံးကို လုပ်ဆောင်ပြီးပါပြီ။ အရှင်တောင်းဆိုတဲ့ အရာအားလုံးက ဒီမှာပါ”
ဒူးတစ်ဝက်ထောက်ထားလျှက်သား ပုံစံမျိုးနှင့် သိန်းငှက်အိုကြီးက သိပ်သည်းလွန်းသော စာလွှာများကိုထုတ်ပြီး လက်နှစ်ဖက်လုံးဖြင့် လှမ်းပေးသည်။
“ငါနားလည်ပြီ စားပွဲပေါ်မှာတင်ခဲ့။ ဒီနေ့ကိစ္စကို လုံးဝမပေါက်ကြားစေနဲ့။ နားလည်လား”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“ဟုတ်ကဲ့ အရှင့်သား”
သိန်းငှက်အိုကြီးနှင့် သူ၏လက်အောက်ငယ်သားများက စာကြည့်ဆောင်အတွင်းမှ လျှင်မြန်စွာ ထွက်ခွာသွားသည့် အရာအားလုံးဟာ ပြန်လည်တည်ငြိမ်သွားသည်။ သို့ရာတွင် မြို့တော်အတွင်းတွင်မူ ထူးဆန်းသော အားလှိုင်းတစ်ရပ်ဟာ စပြန့်နေပြီဖြစ်သည်။
1242 04
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ညအချိန်ဟာ ရောက်လာ၏။ ထို့နောက် ညနက်ပိုင်းသို့ ရောက်သွားပြန်သည်။ ဝမ်ချောင်သည် ဝမ်မိသားစု၏ စံအိမ်ထဲမှ မထွက်ခဲ့ချေ။
“သွားရအောင် ကြည့်ရတာ သူကသူ့ရဲ့ ကံကြမ္မာကို လက်ခံတော့မယ်ထင်တယ်”
“အွန်း”
ဝမ်မိသားစု၏ စံအိမ်နှင့် ပေတစ်ရာခန့် ကွာဝေးသောနေရာတွင် ပုံရိပ်တစ်ခုက ခေါင်မိုးပေါ်မှ ခုန်ချပြီး အမှောင်ထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
.....
လက ဝင်သွားသည်။ နေက ပြန်ထွက်လာ၏။ ထိုသို့ဖြင့် နေ့တစ်ရက်က ပြန်စသည်။
ဝမ်ချောင်သည် အင်ပါယာခုံရုံးသို့ ရောက်ရှိပြီး သူ၏နောက်တန်းမှ နေရာကို ဝင်ယူသောအခါ လေထု၏ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။ ဝမ်ချောင်ရှိရာဘက်သို့ ကြည့်နေသော မျက်လုံးပေါင်းများစွာထဲတွင် ကြောက်လန့်မှုများပါသည်။
ပြည်တွင်းအရာရှိများက ယခင်ကလောက် လုပ်ကိုင်ရဲခြင်း မရှိတော့ချေ။ လီလင်းဖူနှင့် ဘုရင်ချီတို့ကပင် အများကြီး ချုပ်ထိန်းထားကြ၏။ သူတို့သည် သူတို့၏ နေရာအသီးသီးတွင် ရပ်နေကြသည်။ သူတို့သည် အတက်နိုင်ဆုံး ဝမ်ချောင်ရှိရာဘက်သို့ မကြည့်မိအောင် ရှောင်ရှားနေခဲ့ကြ၏။ မဟာဆရာကဲ့သို့ စောစော ရောက်လေ့ရောက်ထရှိသော လူမျိုးကပင် အရောက်နောက်ကျသည်။ အလွန်အမင်း နောက်ကျ၏။ ခုံရုံးက စတင်ခါနီး အခြေအနေမှသာ ရောက်လာသည်။ ပို၍ဆိုးသည်မှာ သူ၏မျက်နှာက မည်းမှောင်ပြီး သုန်မှုန်နေသည်။
စုစည်းနေသော အရာရှိများ၏အရှေ့တွင် ဝမ်ချောင်၏ ဆူပူမှုကို ခံခဲ့ရပြီးနောက် မဟာဆရာသည် အလွန်အရှက် ရခဲ့ရသည်။ အခြားသော တစ်ယောက်ယောက်သာဆိုလျှင် ရက်ပေါင်းများစွာ အိမ်တွင်းအောင်းနေပြီး ခုံရုံးသို့လာတက်လိမ့်မည် မဟုတ်ချေ။ သို့သော် မဟာဆရာကမူ ထိုသု့ိမလုပ်ချေ။ သူသည် သေခါနီးအချိန် ရောက်မည်ဆိုလျှင်ပင် မရင့်ကျက်သေးသော ကောင်စုတ်တစ်ယောက်ထံ အရှုံးခံလိမ့်မည်မဟုတ်ချေ။
ပြည်တွင်းရေးရာ အရာရှိများက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် လေထုများကို လွှတ်ထုတ်ထားချိန်တွင် ဗိုလ်ချုပ်များကမူ ပျော်ရွှင်နေကြသည်။ သူတို့သည် ယခင်ကထက်ပင် စိတ်လက်ပေါ့ပါးနေကြသေးသည်။ ဝမ်ချောင်ရောက်ရှိလာခြင်းက သူတို့၏ပုခုံးပေါ်မှ ကြီးမားလွန်းသော ဝန်ထုတ်ဝန်ပိုးကို လွှဲယူလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် သူတို့သည် အမတ်ချုပ်ကြီး၊ ဘုရင်ချီ၊ မဟာဆရာနှင့် ပြည်တွင်းအရာရှိများ၏ ပူးပေါင်းထားသော အဖွဲ့အစည်း၏ ဖိနှိပ်မှုဒဏ်ကို ခံရတော့မည်မဟုတ်ချေ။
ထို့နောက် ရှု့ထောင့်တစ်ခုမှကြည့်သော် ထိုဗိုလ်ချုပ်များအနေဖြင့် ဝမ်ချောင်ကို ခိုရာစန်းထံမှ တော်ဝင်ခုံရုံးထံ ပြန်ခေါ်လိုက်ခြင်းက ကောင်းမွန်သည်ဟု ယူဆသည်။ ခုံရုံးတွင် ဂိုဏ်းကဏ္ဍ အသီးသီး၏ ဟန်ချက်ညီမှုကို ကြိုးကိုင်ထားမှုက ဝမ်ချောင်ရောက်ရှိလာပြီး မယုံနိုင်စရာကောင်းလောက်သော အပြောင်းအလဲမျိုး ဖြစ်သွားခဲ့လေသည်။
+++++
1243 01
အခန်း(၁၂၄၃)
“အရှင်မင်းကြီးက အရေးတကြီး ကိစ္စများရှိရင် မှတ်တမ်းလွှာတွေ တင်ပြဖို့ အမိန့်ထုတ်ထားတယ်။ ကိစ္စမရှိရင်တော့ ထွက်ခွာသွားကြတော့”
ကောင်းလီရှီ၏အသံက ခန်းမ၏ အမြင့်ပိုင်းမှ ပေါ်ထွက်လာပြန်သည်။
“အရှင်မင်းကြီး ဒီအရာရှိမှာ တင်ပြစရာ မှတ်တမ်းလွှာရှိပါတယ်”
ပြည်တွင်းအရာရှိတစ်ယောက်က ရှေ့ထွက်လာသည်။ ထိုသု့ိဖြင့် ခုံရုံး၏ နေ့စဉ် ငြင်းခုံမှုများက ပြန်လည်စတင်သည်။
ဝမ်ချောင်၏ တစ်ဝက်သာသာ ဖွင့်ထားသော မျက်လုံးနှင့်အတူ တိတ်တဆိတ်သာ နားထောင်သည်။ သူသည် စကားကိုဖွင့်ပြောခဲသည်။ မဟာထန်မင်းဆက်ကြီးသည် နယ်မြေကျယ်သည်။ စည်ပင်ဝပြောသေး၏။ ထို့ကြောင့် စီမံခန့်ခွဲမှုရေးရာ ပြဿနာပေါင်းများစွာကို ရင်ဆိုင်နေရလေရာ ခုံရုံးသည် အမြဲတစေ ပါရမီကြီးသော လူများနှင့် ပြည့်နှက်နေလေသည်။ ထို့ကြောင့် ဝမ်ချောင်က ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပါချေ။
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ကိစ္စတစ်ခုပြီးတစ်ခုကို မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကိုင်တွယ်၍ပြီးသွားသည်။ သိပ်မကြာခင် ခုံရုံးက စီမံအုပ်ချုပ်သည့် ရေးရာကိစ္စများကို တစ်ဝက်ကျော်ကျော်ခန့် ကိုင်တွယ်လုပ်ဆောင်ပြီး ပြီးမြောက်ရန် အချိန်သိပ်မယူလိုက်ရချေ။
“အရှင်မင်းကြီး ဒီအရာရှိမှာ မှတ်တမ်းလွှာ တင်ပြစရာရှိပါတယ်”
ထိုအချိန်တွင် ဘဏ္ဍာရေးရာ ရုံးတော်မှ လက်ထောက်အမတ်ကြီး ချန်းယွမ်ပေါင်က ရှေ့ထွက်လာပြီး သူ၏မှတ်တမ်းလွှာ ကျောက်ပြားတိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်လျှက် တင်ပြသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဒီနိမ့်ကျတဲ့အရာရှိက တစ်စုံတစ်ယောက်က သူတို့ရဲ့နောက်ခံကိုသုံးပြီး အရှင်သခင်ကို လှည့်စားလို့ တော်ဝင်ခုံရုံးကို အမျက်ထွက်အောင် လုပ်ခဲ့တယ်။ မြင့်မားတဲ့ အဆင့်အတန်းကိုတောင် မမှန်မကန် ကိုင်ဆွဲထားတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီအရာရှိကလည်း အရှင်မင်းကြီးကို ဒီကိစ္စနဲ့ပတ်သတ်ပြီး သေချာစုံစမ်းစစ်ဆေးပြီး အမှန်တရားကို ရှာဖွေဖို့ တောင်းဆိုပါတယ်”
ချန်းယွမ်ပေါင်၏အသံက တော်ဝင်ခုံရုံးကြီး၏ တည်ငြိမ်အေးခဲနေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုမျိုး ဝုန်းကနဲ မြည်ဟီးသွားသည်။ ချက်ချင်းဆိုသလိုပင် အားလှိုင်းပေါင်းများစွာက ထလာသည်။ အခြားသော အရာရှိများက စကားလုံးများကို နားလည်အောင် ကြိုးစားနေဆဲသာ ရှိသေးသည်။ ရှေ့တန်းမှ တင်းတင်းကြပ်ကြပ် ခန့်အပ်ခံထားရသော ငယ်ရွယ်သည့် အရာရှိများ၏ မျက်နှာကမူ ဖြူဖျော့သွားကြသည်။
တစ်ချိန်လုံး သူ၏ခပ်ကျယ်ကျယ် နန်းတွင်းကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည့် မဟာဆရာကပင် မိုးကြိုးအပစ်ခံရသလို တုန်ယင်သွားပြီး မျက်နှာကလည်း သွေးမရှိသလို ဖြူဖျော့သွားသည်။
“ရမ်းကားလိုက်တာ ချန်းယွမ်ပေါင် မင်းက သွေးကြောမာနေတာပဲ။ ဟမ် ခုံရုံးက အရေးပါတဲ့ အရာရှိတွေအားလုံးကို ကန်းနေပြီလို့ ပြောချင်တာလား”
ကျယ်လောင်သော အော်သံနှင့်အတူ မဟာဆရာက ခုံမှထရပ်လိုက်ပြီး ချန်းယွမ်ပေါင်ကိုကြည့်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
“ဟုတ်တယ် ချန်းယွမ်ပေါင် မင်းက လုပ်ဖော်ကိုင်ဖက်တွေကို စွပ်စွဲတယ်ဆိုတာက ကြီးမားတဲ့ ပြစ်မှုကြီးပဲ။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ဘာရလဒ်မှ ထွက်မလာခဲ့ရင် မင်းက အကျိုးဆက်ကို တာဝန်ယူဖု့ိ ပြင်ဆင်ထားပြီးပြီလား”
ဘုရင်ချီကလည်း ရှေ့သို့ခုန်ထွက်လာသည်။ သူသည် ချန်းယွမ်ပေါင်ကို အချင်းချင်း ဝါးစားချင်သလိုကြည့်သည်။
တော်ဝင်ခုံရုံးတွင် သူ့ကို တစ်ချိန်ထဲလိုလို လှောင်ပြောင်သည့် ခေါင်းဆောင်နှစ်ယောက်နှင့်ဆိုလျှင် ပြင်းထန်သည့် ဖိအားအောက်သို့ ရောက်သွားသော ချန်းယွမ်ပေါင်၏မျက်နှာက ဖြူဖျော့သွားရသည်။
အခြားသောအရာရှိများကလည်း ချန်းယွမ်ပေါင်ကို ချက်ချင်းလိုလို ဝိုင်းဝန်းကာ အကဲဖြတ်ကြသည်။ တခဏခန့်ကြာသည်အထိ ချန်းယွမ်ပေါင်ဟာ တိုက်ကွက်များအားလုံး၏ အလယ်တွင် ဖြစ်နေလေပြီး သူ၏မျက်နှာကလည်း စက္ကူလို ဖြူဖျော့လာသည်။
“ရှင်းလင်းနေခဲ့ရင် အမြဲတစေ ရှင်းလင်းနေမှာဖြစ်ပြီး ပူးပေါင်းကြံစည်ထားတာမျိုး ရှိရင်တော့ ပူးပေါင်းကြံစည်ထားတာက ပေါ်လာမှာပဲ။ သူတို့က ထိုက်ဟယ်နန်းဆောင်ထဲကိုဝင်ပြီး ဒီကိစ္စကို ဆွေးနွေးရတယ်ဆိုကတည်းက စုံစမ်းစစ်ဆေးဒဏ်ကို မခံနိုင်ဘူးလို့ ဆိုလိုတာလား”
သူ၏အေးစက်သောအသံက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသောအခါ ဝမ်ချောင်ဟာ ရှေ့ထွက်လာပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးအနှံ့ အေးစိမ့်သောလေပြင်းက ဖြတ်တိုက်သွားသည်။ ချန်းယွမ်ပေါင်ကို ချိန်ရွယ်ကာ ပြောဆိုနေကြသံများက ချက်ချင်းလိုလို တိတ်ဆိတ်သွား၏။ မဟာဆရာ၊ ဘုရင်ချီတို့၏ မျက်နှာများကပင် ထပ်ခါတလဲလဲ ဟိုလှည့်ဒီလှည့်ဖြစ်သွားပြီး တုန့်ဆိုင်းသော အမူအရာများကို ဖော်ပြလာကြသည်။
1243 02
ဝမ်ချောင်သည် အသက်(၁၈)နှစ်သာ ရှိသေးသည်။ သူ့ကို စကားလုံးတစ်လုံးတည်းနှင့် ဖော်ပြရမည်ဆိုလျှင် သူ၏နားရွက်နောက်က စိုဆဲဖြစ်နေပေလိမ့်မည်။ မဟာဆရာနှင့် ဘုရင်ချီတို့သည် သူ့ကို ပုံမှန်အားဖြင့် အနည်းငယ်သာ ဂရုစိုက်သည်။ သို့သော် မနေ့က သူ၏နည်းလမ်းများကို ရင်ဆိုင်ခဲ့ရပြီးနောက် ထိုနှစ်ယောက်လုံးအပြင် အမတ်ချုပ်ကြီးလီလင်းဖူကပင် အများကြီး တုန့်ဆိုင်းသွားလေသည်။ သူတို့သည်လည်း ထိုလူငယ်ကို အထင်မသေးရဲတော့ချေ။
“ဒီထိုင်ခုံတွေမှာ ထိုင်နေကြသူတွေက မဟာထန်မှာ ဆယ်နှစ်ကျော်လောက် တာဝန်ထမ်းဆောင်ပြီး ခုံရုံးကို တက်လာဖူးတဲ့ အဖိုးတန်အရာရှိကြီးတွေပဲ။ ခင်ဗျားတို့ထဲက ဘယ်သူကများ ခင်ဗျားတို့ရဲ့ စိတ်ဆက်တတ်တဲ့ သဘောထားကို မထိန်းနိုင်ကြလို့လဲ။ အနည်းဆုံး အရှင်ချန်းကို ပြောချင်တဲ့စကားကို ဆုံးအောင်တော့ ပြောခွင့်ပြုသင့်ပါတယ်”
ဝမ်ချောင်က အေးစက်စွာပြောသည်။ သူ၏မျက်လုံးထဲတွင် စူးရှသောအကြည့်များက ပေါက်ထွက်လာသည်။
ဝမ်ချောင်၏စကားလုံးများက ထိုအရာရှိများအားလုံး၏ မျက်နှာကို စိမ်းလိုက်ဖြူလိုက် ဖြစ်သွားစေပြီး ဒေါသထွက်လာစေသည်။ သူတို့သည် ချန်းယွမ်ပေါင်ကို ပုန်ကန်ပြောဆိုရန်သာ ဂရုစိုက်နေခဲ့ကြပြီး သူဟာ မည်သူ့ကို မည်သည့်အခြေအနေထဲသို့ ဆွဲသွင်းလိုကြောင်း စွပ်စွဲခံရသူက မည်သူဖြစ်ကြောင်း ပြောခွင့်ပင်မပြုခဲ့ကြချေ။ ထိုမျှစိုးရိမ်မှုကို ပြသနေခြင်းအရ မဟာထန်၏ အရေးပါသော အရာရှိများဆိုသော အဆင့်အတန်းနှင့် မအပ်စပ်ချေ။
ဘုရင်စုန့်က အင်္ကျီလက်ကို တစ်ချက်ခါယမ်းရင်း ရှေ့ထွက်လာသည်။
“အရှင်မင်းကြီး ဒီအရာရှိက သဘောတူပါတယ်။ အင်ပါယာခုံရုံးရဲ့ အရေးပါတဲ့ အရာရှိတစ်ယောက်နဲ့ ပါဝင်ပတ်သတ်နေတဲ့ ကိစ္စဖြစ်တဲ့အလျောက် ဒီကိစ္စက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီနိမ့်ကျတဲ့ အရာရှိကတော့ စုံစမ်းစစ်ဆေးသင့်တယ်လို့ ယုံကြည်တယ်။ ဒီလိုလုပ်မှပဲ အရှင်ချန်းရဲ့စကားက မှားယွင်းနေခဲ့ရင်တောင် စွပ်စွဲခံရတဲ့လူတွေရဲ့ နာမည်ကို ရှင်းလင်းပြီးသားဖြစ်ပါတယ်။ ဖြောင့်မတ်မှန်ကန်တဲ့ အမျိုးသားတစ်ယောက်က သူတို့ရဲ့အရိပ် ကောက်ကွေးနေမှာကိုတောင် မကြောက်နေသင့်ပါဘူး။ ဒီနိမ့်ကျတဲ့အရာရှိကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာကိုမှ မရှာဖွေဘဲ နေတာကမှ မသင့်တော်တာလို့ ယူဆပါတယ်”
ဝုန်း
ဘုရင်စုန့်၏ စကားလုံးများက အင်ပါယာခုံရုံးအား ခြောက်ခြားဖွယ် တိတ်ဆိတ်သွားစေသည်။ မဟာဆရာနှင့် ဘုရင်ချီတို့၏ မျက်နှာကပင် ပို၍ပင် ဖြူဖျော့သွား၏။ ထိုအချိန်တွင် ခုံရုံးမှ ငယ်ရွယ်ပြီး မရင်းနှီးသောမျက်နှာနှင့် ပြည်တွင်းအရာရှိများကလည်း ပုံမှန်မဟုတ်သော မျက်နှာထားမျိုး ဖြစ်သွားကြ၏။ ချန်းယွမ်ပေါင်က စွပ်စွဲလိုသည်မှာ သူတို့ကိုရည်ရွယ်ခြင်းဖြစ်ကြောင်း သူကပင် ပြောနိုင်သည်။ နောက်ကွယ်မှ အမိန့်ပေးသော လူများကလည်း ဝမ်ချောင်နှင့် ဘုရင်စုန့်ကလွဲပြီး အခြားမဖြစ်နိုင်ချေ။
“အရှင်ချန်း ပြောလိုတဲ့စကားကို ကျေးဇူးပြုပြီး ပြီးအောင်ပြောပါ။ အရှင်က ဘယ်သူ့ကို ပြောချင်တာပါလဲ”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင့်သား”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင့်သား”
ဝမ်ချောင်က အားပေးလာသောကြောင့် ချန်းယွမ်ပေါင်က ချက်ချင်းလိုလို တည်ငြိမ်သွားသည်။ သူက တစ်ဖက်သို့လှည့်ပြီး သူတော်စင်ဧကရာဇ်ကို ဂါရဝပြုသည်။
“အရှင်မင်းကြီး အမှုထမ်းရေးရာ လက်ထောက်အမတ်မင်း ကျန်းချောင်ရှုကို စွပ်စွဲချင်တာပါ”
ချန်းယွမ်ပေါင်က သူ၏ညာဘက်လက်ကိုမြှောက်လျှက် အနီးအနားတွင် ရပ်နေသော ငယ်ရွယ်သော ပြည်တွင်းအရာရှိကို လှမ်းညွှန်လိုက်သည်။ ထိုအရာရှိကမူ တိုက်ဆိုင်စွာဖြင့် မနေ့က စီရင်စုစစ်တပ်များကို အင်အားလျော့ချမည်ဟု တင်သွင်းခဲ့သော ငယ်ရွယ်သည့် အရာရှိဖြစ်နေသည်။
ထိုက်ဟယ်နန်းဆောင်သည် မဟာထန်၏ အချက်အချာ နေရာဖြစ်ပြီး ဝင်နိုင်သောလူများကလည်း အတက်အားဖြင့် အားသာချက်ရှိသည်။ ဝမ်ချောင်ကလွဲပြီး ဒီနေရာတွင်ရှိသော လူအများစုက အသက်လေးဆယ်သို့ ရောက်နေကြသည်။ အမှုထမ်းရေးရာ လက်ထောက်အမတ်မင်းကဲ့သို့သော မြင့်မားသည့် အဆင့်အတန်းကို ရသောလူများဆိုလျှင် ပို၍ပင် အသက်ကြီးနေတတ်သည်။ သို့သော် ထိုကျန်းရှောင်ရှုဟုခေါ်သော လူကမူ အသက်သုံးဆယ်ငါးနှစ်သာ ရှိလောက်သေးသည်။ ထို့ကြောင့် သူသည် ထိုမျှငယ်လွန်းနေသည့် ဖြစ်ရပ်ကို ယုံကြည်ရန် ခက်ခဲနေသည်။ သို့တိုင်အောင် မည်သူကမှ သူ၏နာမည်ကို မကြားဖူးသော ဖြစ်ရပ်ကလည်း ရှိနေသေးသည်။
ဝုန်း
ချန်းယွမ်ပေါင်က သူ့ကိုစွပ်စွဲကြောင်း ကြားလိုက်ရသည့် ချန်းရှောင်ရှုက အတက်နိုင်ဆုံး ဟန်အမူအရာကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သို့သော် ဝမ်ချောင်ကမူ သူဟာ တံတွေးမြိုချလိုက်သလိုမျိုး လည်ချောင်း လှုပ်ခတ်သွားခြင်းအား မြင်လိုက်သေးသည်။
ချန်းရှောင်ရှုက အသက်ပြင်းပြင်းရှုပြီး ရှေ့သို့ထွက်လာသည်။ သူသည် ခုံးရုံးကိုတစ်ချက် လေးနက်စွာ ဂါရဝပြုသည်။
1243 03
“အရှင်ချန်း ဒီလူက ပြည်နယ်အရာရှိတစ်ယောက်ပါ။ ဒီလူရဲ့ လုပ်ဆောင်မှုတွေ အားလုံးကိုလည်း မှတ်တမ်းတင်ထားပြီးသားပါ။ ဒါတွေအပြင် ဒီလူက တော်ဝင်ခုံရုံးကို ဝင်လာခဲ့တဲ့အချိန်မှာ ဗဟုသုတက နည်းပါးလွန်းလို့ သတိအပြည့်ကပ်ပြီး ဂရုစိုက်နေခဲ့တာပါ။ ပျင်းရိဖို့လည်း မဝံ့ရဲခဲ့ပါဘူး။ ဒါကြောင့် အရှင်ချန်းက ဘယ်လိုအကြောင်းပြချက်နဲ့များ ငါ့ကိုပစ်မှတ်ထားတာပါလဲ။ အရှင်ချန်းအနေနဲ့ ဒီလူကို ဒီလောက် ကြီးကြီးမားမားကြီး စွပ်စွဲလိုက်တာဆိုတော့ အကြောင်းပြချက်ကို သိချင်ပါတယ်။ ဒီလူအတွက် တိုင်းပြည်က အရေးကြီးဆုံးပါပဲ။ အရှင်ချန်းကလည်း ဒီလူဟာ ငယ်ရွယ်လွန်းပြီး ဒီတာဝန်ကို မယူနိုင်တာကြောင့်လို့ ထင်ရင်လည်း ဒီလူက နှုတ်ထွက်ပြီး ခုံရုံးရဲ့ ဟန်ချက်မညီမှုကို ထိန်းသိမ်းပေးဖို့အသင့်ပါ”
ကျန်းရှောင်ရှုက ထိုသို့ပြောပြီးရုံသာရှိသေးသည်။ ဆံပင်ဖြူဖြူနှင့် အရာရှိတစ်ယောက်က ချက်ချင်းလိုလို ရှေ့ထွက်လာပြီး ခပ်ကြမ်းကြမ်းပြောသည်။
“ရမ်းကားလိုက်တာ ကျန်းရှောင်ရှု မင်းအဲ့ဒီမှာရပ်နေ။ ဘယ်သူကမင်းကို စွပ်စွဲရဲသလဲလို့ ငါကြည့်မယ်။ အင်ပါယာခုံရုံးမှာ လုပ်နိုင်စွမ်းရည်နဲ့ပဲ ကိစ္စတွေအားလုံးကို ဆွေးနွေးဆုံးဖြတ်ရတယ်။ သူတို့ရဲ့ အသက်အရွယ်ကိုကြည့်ပြီး ဆုံးဖြတ်ရတာမဟုတ်ဘူး။ နားလည်လား”
“ဟုတ်တယ်”
နောက်ထပ် ပြည်တွင်းရေးရာ အရာရှိတစ်ယောက်ကလည်း ရှေ့ထွက်လာပြီး ဝမ်ချောင်ကို ပြင်းပြင်းထန်ထန် ဆူပူသည်။
“ပြည်နယ်ရေးရာ ကိစ္စတွေက အရမ်းအရေးကြီးတယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက သူတော်စင်ဧကရာဇ်က ချီးမြင့်ထားတဲ့ ဘုရင်ဘွဲ့ရထားရင်တောင်မှ ငါတို့ကမင်းကို မကြောက်ဘူး”
ဝမ်ချောင်က အားလုံးကို အေးစက်စွာကြည့်ပြီး လှောင်လိုက်သည်။ သူသည် ထိုလူများအားလုံးဟာ မဟာဆရာ၏ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းနေဖက်များ၊ သို့မဟုတ် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြောင်း သိသည်။ ထိုလူများအားလုံးက မဟာဆရာ၏အမိန့်ကို နာခံပြီး လုပ်ဆောင်နေကြသည်မှာ ရှင်းလင်းသည်။ သူကသာ အရာရှိများအားလုံး၏ ဖြောင့်မတ်မှန်ကန်သော လေထုအရှိန်အဝါကတစ်ဆင့် ကိစ္စများအားလုံးကို ဆုံးဖြတ်လျှင်မူ ဝမ်ချောင်အနေဖြင့် သူသည် မှားယွင်းစွပ်စွဲမိသည်ဟု ယုံကြည်မိလောက်သည်။
မဟာဆရာက တကယ်ဉာဏ်ကောင်းတယ်။
ထိုအတွေးက ဝမ်ချောင်၏စိတ်အတွင်း ရောက်လာသည်။
ခုံရုံးသို့ နှစ်ရက်သာ တက်ရောက်ခြင်းက အလဟသ မဟုတ်ခဲ့ချေ။ သူ၏နောက်ဆုံးမှ နေရာကတစ်ဆင့် ခုံရုံးရေးရာ ကိစ္စများအားလုံးကို စောင့်ကြည့်နိုင်ခဲ့ပြီး ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ဘုရင်စုန့်၏ဘက်ထဲတွင် အသစ်စက်စက် အစားထိုးခံရသည့် ပြည်တွင်းရေးရာ အရာရှိများအားလုံးက မျက်နှာသစ်များဖြစ်နေသလို မဟာဆရာဘက်က ပြောင်မြောက်စွာ လှုပ်ရှားပေးခဲ့ခြင်းလည်း ဖြစ်လောက်သည်။ ပို၍တောက်ပသည်မှာ ထိုအရာရှိများက အမှန်တရားကို သိနေသည့်တိုင်အောင် အခြားသောအဖွဲ့များ လူများကမူ သဲလွန်စမဲ့နေကြသေးသည်။
သူတို့၏ မဟာဆရာအပေါ် ယုံကြည်မှုက အရာအားလုံးကို ကျော်လွန်နိုင်ပုံရသည်။
ထိုအရာရှိများက အမှန်တရားကို မသိကြသဖြင့် မဟာဆရာ၏ အကောင်းဆုံးသော လက်နက်များဖြစ်သွားသည်။ ပြည်တွင်းအရာရှိများ အားလုံးက ပူးပေါင်းပြီး ဝမ်ချောင်ကို တိုက်ခိုက်ဖြစ်သွား၏။ အချို့သောဗိုလ်ချုပ် အနည်းငယ်ကပင် သူဟာ မှားယွင်းစွာ စွပ်စွဲမိလောက်သည်ဟု အတွေးဝင်သွားလောက်သည်။
အား ဒီအကွက်က ငါ့အတွက်တော့ အသုံးမဝင်ဘူး။
ဝမ်ချောင်က အေးစက်စွာရယ်သည်။ သူသည် ပြင်ဆင်မှုများ အားလုံးကိုသာ မလုပ်ထားလျှင် ယခုလိုမျိုး တိုက်ခိုက်ရန် ကြိုးစားလိမ့်မည်မဟုတ်ချေ။ မဟာဆရာနှင့် ပြည်တွင်းရေးရာ အရာရှိများ၏ တုန့်ပြန်မှုက ဝမ်ချောင်၏ မျှော်လင့်ချက်အတွင်းတွင်ရှိသည်။
“ခင်ဗျားတို့က သက်သေလိုချင်မှတော့ ငါကပေးနိုင်တာပေါ့”
ဝမ်ချောင်ဟာ ရှေ့ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် သူသည် ခပ်ထူထူစာအုပ် နှစ်အုပ်ကို ထုတ်လိုက်သည်။ ထိုစာအုပ်နှစ်အုပ်ကို သူသည် သိန်းငှက်အိုကြီးအား မနေ့ညကတည်းက ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်က ကျန်းရှောင်ရှုကို လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်က စူးရှသွားသည်။
“အရှင်ကျန်းက တကယ်ကို လေးစားဖို့ကောင်းပါတယ်။ ဒီတင်ပြချက်နှစ်ခုထဲက တစ်ခုဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖြစ်ခဲ့တာ။ အရှင်ချွမ်ပြည်နယ်မှာ စီမံခန့်ခွဲနေတဲ့ မှတ်တမ်းလည်းပါတယ်။ အခြားတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ။ အဲ့ဒီအချိန်က အရှင်က ချောင်စီရင်စုမှာ တာဝန်ထမ်းဆောင်နေတာ။ ဒါပေမဲ့ တင်ပြချက်တွေ နှစ်ခုလုံးက သစ်လွင်လွန်းနေတယ်။ သံသယဝင်စရာ အကောင်းဆုံးကိစ္စက ချောင်စီရင်စုကြီးက တအားခေါင်လွန်းနေတယ်။ ပြည်နယ်စီရင်စု အုပ်ချုပ်သူရဲ့ ရုံးခန်းကတောင် အိုဟောင်းနေပြီ။ အချိန်မရွေး ပြင်ရတော့မဲ့ အနေအထားမျိုးမှာ ရှိနေတယ်။ မှတ်တမ်းလွှာအများစုက ပျောက်ဆုံးပြီး ဆွေးမြေ့ကုန်တယ်။ ဒါပေမဲ့ အရှင်ကျန်းရဲ့ မှတ်တမ်းလွှာတွေကပဲ သီးသန့်ကျစ်ရစ်ခဲ့တယ်။ ချောင်စီရင်စုအတွက်ကတော့ ငါစစ်ဆေးကြည့်ခဲ့သလောက်... အရှင်ကျန်းက တကယ်ကို အဲ့ဒီနေရာမှာ တာဝန်ကျခဲ့တာမှန်တယ်။ ဒါပေမဲ့ တစ်လတည်းပဲ။ အရှင်ကျန်း အရှင်ကျန်းက တကယ်ကို လေးစားဖို့ကောင်းတာပဲ။ တစ်လတည်းနဲ့ ရာထူးတိုးသွားတယ်။ ဒီဘုရင်တောင်မှ ဒီလောက်ထိ မလုပ်နိုင်ခဲ့ဘူး”
1243 04
ဝုန်း
ဝမ်ချောင်၏လက်ထဲမှ မှတ်တမ်းလွှာနှစ်စောင်ကို မြင်ရသောအခါ ကျန်းရှောင်ရှုက သူ၏မျက်နှာမှ သွေးများအားလုံး ခြောက်ကပ်သွားသလို ချက်ချင်းလိုလို ခံစားလိုက်ရသည်။ သူ၏နှုတ်ခမ်းကပင် တဆတ်ဆတ် တုန်ခါလာ၏။ ဝမ်ချောင်ဟာ ထိုမှတ်တမ်းလွှာများကိုပင် ထုတ်နိုင်မည်ဟု မတွေးဖူးချေ။ မဟာဆရာ ကိုယ်တိုင်ကပင် ဟန်ချက်ပျက်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
မဟာဆရာက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ သူ၏မျက်နှာက တင်းမာလာ၏။
အချက်အလက်များက စကားထက်ပိုကျယ်သည်။ ယခုအခါမှသာ ဝမ်ချောင်သည် ပြင်ဆင်ပြီးမှလာကြောင်း သိလိုက်သည်။ ပြင်ဆင်ထားသည်ထက်ပင် ပိုနေသေးသည်။ မှတ်တမ်းလွှာ နှစ်စောင်နှင့်တင် ကျန်းရှောင်ရှု၏ ခုခံမှုများအားလုံးက အရောင်အဝါ ပျောက်ဆုံးသွားသည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က အစစ်အမှန် မှတ်တမ်းများကို ပိုင်ဆိုင်ထားခြင်း ဟုတ်မဟုတ် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။
အနုစိတ်လွန်းသော အကြံအစည်တွင်ပင် ပြစ်ချက်ရှိသည်။
ထိုအခိုက်အတန့်တွင် ခုံရုံးမှ တစ်ဝက်ကျော်ကျော်ခန့်က တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ဘုရင်ချီကပင် ပါးစပ်ပိတ်နေရန် ရွေးချယ်လိုက်ပြီဖြစ်သည်။ အတိုက်အခံ ငြင်းခုံခဲ့သော အရာရှိအိုကြီး နှစ်ယောက်က တိတ်သွားသည်။ ဝမ်ချောင်ကလည်း ဆက်တိတ်နေ၏။
စွပ်စွဲခြင်းက ကိစ္စတစ်ရပ်ဖြစ်ပြီး ဝမ်ချောင်က ကျန်းရှောင်ရှု၏ မှတ်တမ်းလွှာများကို အမှန်တကယ် ဆုပ်ကိုင်ထားပြီး အခိုင်အမာ သက်သေပြနိုင်ခြင်းက ကိစ္စတစ်ရပ်ဖြစ်သွားသည်။
ခုံရုံးအရာရှိများကို အရမ်းကာရော စွပ်စွဲခြင်း မဟုတ်လေဘဲ ပြင်ဆင်ပြီးမှ တိုက်ခိုက်ခြင်းဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင် ရွေးချယ်ကာ ထုတ်ပြောလိုက်ခြင်းက ကိုယ့်ကိုယ်ကို မီးတောက်ထဲ ခုန်ဝင်မိသလို ဖြစ်သွားနိုင်သည်။
“မဟာဆရာမှာ ပြောစရာများ မရှိတော့ဘူးလား”
ဝမ်ချောင်က မှတ်တမ်းလွှာနှစ်စောင်ကို မြောက်ကိုင်ရင်း မဟာဆရာကို မော့ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
မဟာဆရာ၏မျက်နှာက ဖြူဖျော့လာပြီး သူ့တွင် အမှန်တကယ်လည်း ပြောစရာမရှိတော့ပါချေ။ ဝမ်ချောင်သည် ရှင်းလင်းစွာပင် ထိုးနှက်ချက် ပြန်လည်ထုတ်ပြန်ကာ တိုက်ခိုက်လိုက်ပြီး သူ၏ယခင် စကားလုံးများအား လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။
+++++
1244 01
အခန်း(၁၂၄၄)
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ငါမင်းကို သတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့နော်။ ကျန်းရှောင်ရှုက ဘဏ္ဍာရေးရာ လက်ထောက်အမတ်မင်းပဲ။ သူ့ရဲ့ဒီနေရာကို ရဖို့အတွက် အမှုထမ်းရေးရာရုံးတော်နဲ့ ဘဏ္ဍာရေးရာရုံးတော်ရဲ့ အသိအမှတ်ပြုမှု အတည်ပြုစစ်ဆေးမှုတွေ အားလုံးကို ကျော်ဖြတ်ခဲ့ပြီး အင်ပါယာခုံရုံးကလည်း စုံစမ်းစစ်ဆေးခဲ့ပြီးမှ သူဟာ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေရှိကြောင်း အတည်ပြုပြီး ရရှိခဲ့တာ။ ပြည်တွင်းရေးရာ အရာရှိတွေက ဗိုလ်ချုပ်တွေနဲ့မတူဘူး။ မင်းကဒီလို အရေးပါတဲ့ အရာရှိတစ်ယောက်ကို စွပ်စွဲလိုက်ပြီး သူ့ရဲ့သိက္ခာကို ညိုးနွမ်းစေခဲ့တဲ့ ကိစ္စကြောင့် ရလာမဲ့ရလဒ်ကို သိလား။ အခုမင်းက သူတော်စင်ဧကရာဇ်ရဲ့ အရှေ့မှာတင် ဒီလိုစွပ်စွဲလိုက်တဲ့ စုံစမ်းစစ်ဆေးမှုကသာ အလဟသ ဖြစ်နေခဲ့ရင် ဒီအဘိုးကြီးက မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး”
မဟာဆရာကပြောသည်။ သူ၏မျက်နှာက ပြာနှမ်းနေသည်။
ဝမ်ချောင်က သက်သေကို ထုတ်ပြနိုင်သည်။ မဟာဆရာကပင် ရွေးချယ်စရာမရှိတော့ချေ။ စွပ်စွဲမှုက မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ ကျန်းရှောင်ရှုက စုံစမ်းစစ်ဆေးခံရပေလိမ့်မည်။
“တစ်ဝက်မှန်ပြီး တစ်ဝက်မှားတဲ့ ကိစ္စမျိုးကို လုံးဝမှားတယ်လို့ ပြောလို့မရဘူး။ တစ်ဝက်မှားပြီး တစ်ဝက်မှန်နေတာကိုလည်း မှန်တယ်လို့ ပြောလို့မရပြန်ဘူူး။ မဟာဆရာက ဒီစကားကို နားမလည်တာလား”
ဝမ်ချောင်က မဟာဆရာကို ရယ်ပြသည်။ သူသည်လည်း ထိုလူများ ကိုင်ဆောင်ထားလောက်မည့် လှည့်ကွက်များကို သဘာဝအလျောက်ပင် နားလည်သည်။ သို့သော် သူ၏အရှေ့တွင်မူ သေးငယ်သည့် ကိစ္စလေးများသာ ဖြစ်နေသည်။
“ပိုဆိုးတာက မဟာဆရာ စိတ်အေးအေးထားပါ။ ငါ့ဆီမှာ ပိုလုံလောက်တဲ့ သက်သေတွေရှိနေတယ်။ ရက်အနည်းငယ်လောက်နေရင် တော်ဝင်ခုံရုံးကို အားလုံးတင်ပြပေးမှာပါ”
ဝုန်း
မဟာဆရာကပင် အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ ချက်ချင်းဆိုသလိုပင် စွံ့အသွားရသည်။ ထိုအချိန်တွင် ကျန်းရှောင်ရှု၏ မျက်နှာကမူ ဖြူစုတ်သွားပြီဖြစ်သည်။
“အရှင်မင်းကြီး ဒီအရာရှိမှာ ပြောစရာမရှိတော့ပါဘူး။ ဒီလူရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ဒီအရာရှိက စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖု့ိ ဆန္ဒရှိပါတယ်”
ကျန်းရှောင်ရှုက နောက်ဆုံးတွင် ရှေ့သို့ထွက်ပြီး အမြင့်ဆုံးသော အပိုင်းတွင် ထိုင်နေသည့် ပုဂ္ဂိုလ်ကို ဂါရဝပြုလိုက်ရသည်။
အခြေအနေဟာ ထိုနေရာထိ ရောက်လာပြီးချိန်ကတည်းက ဒါဟာ တစ်ခုတည်းသော ရွေးချယ်ရာဖြစ်လာသည်။
.....
ခုံရုံးဟာ အဆုံးသတ်သွားသောအခါ ဝမ်ချောင်ကသာ အင်ပါယာခုံရုံးအတွင်းမှ ပထမဦးဆုံး ထွက်လာသူဖြစ်သည်။ သူ၏အမူအရာက တည်ငြိမ်နေပြီး လက်ကိုကျောဘက်သို့ ပစ်ထားသည်။
သို့သော် ပထမဦးဆုံးသော နေ့ရက်နှင့် မတူသည်မှာ ပြည်တွင်းရေးရာ အရာရှိများအားလုံးက တည်ငြိမ်ပြီး တိတ်ဆိတ်နေကြသည်။ သူတို့အားလုံးက ဝမ်ချောင်၏ကျောကို ကြောက်လန့်စွာသာ ကြည့်နေကြသည်။
အချိန်က နှစ်ရက်သာ ကြာသေးသည်။ ဝမ်ချောင်စောင့်ဆိုင်းဆဲ အကြံပေးအရာရှိအဖြစ် တက်ခဲ့သည့် ခုံရုံးညီလာခံ နှစ်ခုတည်းသာ ပြီးသေးသည်။ သို့သော် ပထမရက်တွင် သူသည် မဟာဆရာကို ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့သည်။ ထိုထဲတွင် ဘုရင်ချီ၊ လီလင်းဖူတို့ပင် ပါဝင်ခဲ့ပြီး ထိုလူများ၏ ခန္ဓာကိုယ်ကပင် အကောင်းတိုင်း မကျန်ရစ်ခဲ့ချေ။ ဒုတိယတစ်ရက်တွင်မူ သူဟာ ဘဏ္ဍာရေးရာ လက်ထောက်အမတ်မင်း ကျန်းရှောင်ရှုကို စီရင်စုစစ်တပ်အား အင်အားလျော့ချရန် တင်ပြသည့် အကြောင်းပြချက်ဖြင့် ကိုင်တွယ်ခဲ့သည်။ တစ်ဖက်သူသည် အကျဉ်းချခံရရန်ပင် အလားအလာရှိသည်။ ဝမ်ချောင်က နေလိုချောမွေ့လျှင်မြန်စွာဖြင့် လုပ်ဆောင်ခဲ့ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်ကာ ကြမ်းတမ်း ထက်ရှသေးသည်ဟု ဆိုရပေမည်။
ထိုအခိုက်အတန့်တွင် မည်သူကမှ သူ့ကို (၁၈)နှစ်အရွယ်လေးဟု မသတ်မှတ်ဝံ့တော့ချေ။ ဘုရင်ချီကပင် ခုံရုံးမှထွက်လာချိန်တွင် မျက်နှာထား တင်းမာနေသည်။ ဘုရင်ချီသည် ရုတ်တရက် ဝမ်ချောင်ဟာ တစ်နှစ်တည်းသာ ကြာသေးသော်လည်း အများကြီး ကိုင်တွယ်ရခက်သွားကြောင်း သိလိုက်သည်။
အင်ပါယာ၏ကျား ကျန်းချုံကျန့်ချုံးက ဝမ်ချောင်၏အနားသို့ အပြေးလာပြီးပြောသည်။
“ဝမ်ချောင် မင်းကတကယ်ပဲ ခန့်မှန်းထားတဲ့အတိုင်းပဲ။ ကျန်းရှောင်ရှုကို ဖမ်းဆုပ်လိုက်ရင် ပြည်တွင်းအရာရှိတွေက အေးအေးဆေးဆေး ကိုင်တွယ်လို့ရပြီ။ ငါတို့တွေ ပြည်တွင်းအရာရှိတွေရဲ့ ဖိနှိပ်မှုကနေ မလွတ်မြောက်သေးပေမဲ့ အရာရှိတွေရဲ့ နှောက်ယှက်မှုနဲ့ပတ်သတ်ပြီး တင်ပြတဲ့ ကိစ္စကို မဖယ်ရှားနိုင်သေးပေမဲ့လည်း အနည်းဆုံးတော့ ဒီမူဝါဒတွေကိုသုံးပြီး စီရင်စုစစ်တပ်က အင်အားတွေကို လျော့ချမယ်ဆိုတဲ့ကိစ္စတွေကို ဆက်လက်ပြီး တင်ပြပေးလို့ မရတော့ဘူးပေါ့”
1244 02
ဝမ်ချောင်ကို ယခုအခါမှသာ စိတ်ရင်းဖြင့် လေးစားမိသွားသည်။ လွန်ခဲ့သော လဝက်ခန့်က ဖြစ်ခဲ့သည့် မတော်တဆမှု ပြီးချိန်ကတည်းက ကျန်းချုံကျန့်ချုံး၏ မျက်မှောင်များက ဆက်တိုက်ဆိုသလိုကျုံ့ပြီး စိုးရိမ်မှုများက များပြားနေခဲ့ရသည်။ စစ်အမတ်မင်းတစ်ယောက် ဖြစ်သည့်အလျောက် သူသည် စစ်ဘက်ရေးရာ အမှုထမ်းရေးရာ ရုံးတော်တစ်ခုတည်းကို ကာကွယ်နိုင်ခြင်းပင်မရှိချေ။ ထို့အပြင် သက်ရောက်သည့် တိုက်ခိုက်မှုမျိုးကိုပင် မလုပ်နိုင်ခဲ့ချေ။ အနှစ်ချုပ်ဆိုရသော် သူသည် သူကိုယ်တိုင်ကပင် အသုံးမကျသလို ခံစားခဲ့ရသည်။ ဝမ်ချောင်ပေါ်ပေါက်လာခြင်းက မျှော်လင့်ချက်အလင်းတန်းကို ထုတ်ပြလာခဲ့သည်။ သူကသာ ယခုအခြေအနေကို ကိုင်တွယ်နိုင်သောလူ ဖြစ်လောက်သည်။
“ဒါပေမဲ့ ဒီကိစ္စက တကယ်ပဲ သူတို့အတွက် လုံလောက်ပြီလား”
ကျန်းချုံကျန့်ချုံးကမေးသည်။
“ဒီကွန်ဖြူးရှပ်ဝါဒကို ကိုင်ဆွဲလွန်းသူတွေက ဒီကိစ္စကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး”
ကျန်းချုံကျန့်ချုံးက အသက်ပိုကြီးသည်။ ထို့ကြောင့် ဝမ်ချောင်ထက်ပို၍ စီနီယာကျလေရာ ဒီကိစ္စနှင့်ပတ်သတ်လာသော် သူသည် ဝမ်ချောင်ထက်ပင် ပို၍ထင်မြင်ချက် များသေးသည်။
“ဒါကြောင့်ပဲ ငါက အရှင်ကျန်းချုံနဲ့ စကားပြောချင်နေတာပါ။ စစ်မတ်ရေးရာ၊ အမှုထမ်းရေးရာရုံးတော်က အပြစ်ပေးရုံးတော်နဲ့ အရမ်းရင်းနှီးတယ်မဟုတ်လား။ ဒါကြောင့် အရှင်ကျန်းချုံကလည်း အဆက်အသွယ်တွေကိုသုံးပြီး ဒီကိစ္စမှာ ပါဝင်မဲ့ လူအင်အားကို တိုးမြှင့်ပေးဖို့ မျှော်လင့်တယ်”
ဘုန်း
ကျန်းချုံကျန့်ချုံး၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး ရုတ်တရက် မျက်နှာထားက တင်းမာသွားသည်။
“ဝမ်ချောင် မင်းဆိုလိုတာက”
“သာမာန်အခြေအနေတွေမှာဆိုရင် ဒါက မလိုအပ်ပါဘူး။ ဒါပေမဲ့ လုံခြုံတာက အန္တရာယ်မရှိဘူးပေါ့။ နောက်ပြီး ခုံရုံးမှာ ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့ အဲ့ဒီပုဂ္ဂိုလ်ကြီးတွေက ဘယ်လောက်ဝေးဝေး သွားနိုင်သလဲဆိုတာကို ဘယ်သူကသိမှာလဲ”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“ငါနားလည်ပြီ”
ကျန်းချုံကျန့်ချုံးက အသက်ပြင်းပြင်းရှုပြီး သူ၏အကြည့်ကလည်း နက်နဲလာသည်။
....
ဝမ်ချောင်က ခုံရုံးနှင့်ပတ်သတ်သည့် ကိစ္စများအားလုံးကို စိတ်၏အနောက်ဘက်ခြမ်းသို့ ခပ်မြန်မြန် ထိုးထည့်လိုက်သည်။ အင်ပါယာနန်းတွင်းမှ ထွက်လာပြီးနောက် သူဟာ ရထားလုံးပေါ်သို့ ခပ်မြန်မြန်တက်သည်။
သူကနောက်ထပ် ဆက်လုပ်မည့်ကိစ္စက ကျန်းရှောင်ရှု၏ ကိစ္စထက် ပို၍အရေးကြီးသည်။
အင်ပါယာနန်းတွင်းမှ ထွက်ခွာလာပြီးနောက် သူသည် ဝမ်မိသားစု စံအိမ်သို့ တိုက်ရိုက်မပြန်လေဘဲ ရထားလုံးကို သူယခင်က တစ်ကြိမ်သော်မျှ မသွားဖူးသည့်ဘက်သို့ လှည့်လိုက်သည်။
ဝမ်ချောင်သည် ရထားလုံးထဲတွင် ကြာကြာမထိုင်လိုက်ရချေ။ သိပ်မကြာခင် အပြင်ဘက်မှ ကျန်းချွယ်၏ အသံက ထွက်လာသည်။ ထိုအသံက စိုးရိမ်စိတ်များသလို သိချင်စိတ်လည်း ပြင်းထန်သည်။
“အရှင့်သား ငါတို့တကယ်ပဲ ကျန်းရှောင်ရှုကို ရမှာလား”
“မင်းဘယ်လိုထင်လဲ”
ဝမ်ချောင်က မျက်လုံးပြန်ဖွင့်လိုက်သည်။ သူသည် ကျန်းရှောင်ရှု၏ကိစ္စကို မည်သူ့ကိုမှ မပြောထားချေ။ ကျန်းချွယ်ကလည်း နန်းတွင်းသို့ မဝင်ခဲ့ချေ။ ထို့ကြောင့် ဒီကိစ္စကို ပုံမှန်အားဖြင့် မသိသင့်ချေ။
“ဟား ဟား အရှင့်သား ငါရှင်းပြတာကိုတော့ အပြစ်မတင်ပါနဲ့။ မနေ့ညက ငါသခင့်ကို အာရုံစိုက်နေတဲ့အချိန်မှာ သခင့်ရဲ့စားပွဲပေါ်က မှတ်တမ်းလွှာတစ်စောင်ကို တွေ့လိုက်တယ်လေ။ ပိုဆိုးတာက နန်းတွင်းဂိတ်က ထွက်လာခဲ့တဲ့အချိန်မှာ နောက်ကိုတစ်ချက် ပြန်ကြည့်လိုက်တော့ ပြည်တွင်းရေးရာ အရာရှိတွေရဲ့ အစေခံတွေ ထွက်လာတဲ့အခါ အားလုံးတိတ်ဆိတ်နေတာကို တွေ့လိုက်ရတယ်။ သူတို့ပုံမှန် နေနေကြပုံစံလို အော်ကျယ်အော်ကျယ် လုပ်မနေကြဘူး။ ဒါကြောင့် တစ်ခုခုဖြစ်နေတယ်ဆိုတာကို သိလိုက်တာ”
ကျန်းချွယ်ကပြောသည်။
ဝမ်ချောင်က သူရှင်းပြချက်ကြောင့် မျက်ခုံးပင် ပင့်လိုက်မိသည်။ ကျန်းချွယ်၏ သခင်ဆရာက သိန်းငှက်အိုကြီးဖြစ်သည်။ သို့သော် ဝမ်ချောင်ကလည်း ကျန်းချွယ်ဟာ ထိုမျှအထိ အကင်းပါးလိမ့်မည်ဟု မထင်ထားမိချေ။ သူသည် အင်ပါယာခုံရုံးတွင် မရှိနေသော်လည်း ထိုအခြေအနေမှ ကိစ္စနှင့်ပတ်သတ်ပြီး သဲလွန်စအနည်းငယ်နှင့် သိနေပုံရသည်။
1244 03
“ဟုတ်တယ်”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။ သူ၏ကျန်းချွယ်၏ အကျင့်စရိုက်ကို နားလည်သဘောပေါက်ထားမှုအရ သူဟာ အဖြေကို မသိရမချင်း လက်လျော့လိမ့်မည်မဟုတ်ချေ။ ထိုအတွက်ကြောင့် သူဟာ ကျန်းချွယ်ကို ခုံရုံးမှအဖြစ်အပျက်ကို အနှစ်ချုပ်ရှင်းပြလိုက်သည်။ ဝမ်ချောင်က ပုံပြင်ကို အတက်နိုင်ဆုံး ရိုးရှင်းသောပုံစံမျိုးဖြင့် ပြောလိုက်သော်လည်း ကျန်းချွယ်ကမူ ဝမ်ချောင်၏ မူလသတင်းအချက်အလက် စုဆောင်းရေး အဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် ထိုအခြေအနေကတင် သူ့အတွက် လုံလောက်လေပြီ။
“အရှင့်သား အရှင့်သား တကယ်ပဲ သူနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ ပိုပြီရနိုင်မှာလား”
ကျန်းချွယ်ကမူ ဝမ်ချောင်ကို မျှော်လင့်တကြီးကြည့်သည်။
“မရဘူး”
“အာ”
ကျန်းချွယ်က ကြောင်တောင်တောင်ဖြစ်သွားသည်။ ထိုအဖြေကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကပင် တောင့်ခဲသွားသေးသည်။ ရထားလုံးထဲမှ ဝမ်ချောင်က မျက်လုံးကိုတစ်ဝက်ဖွင့်သည်။ သူသည် ရှင်းပြချက် ဆက်မပေးတော့ချေ။ ကွန်ဖြူးရှပ်ပညာရှင်များက အချိန်အတန်ကြာ ပြင်ဆင်ထားခဲ့သည်။ ထိုသို့ဖြင့် သူတို့၏နေရာကို လက်လှမ်းမမှီနိုင်အောင် ဖြစ်သွားစေခဲ့သည်။ ဝမ်ချောင်က အင်အားအများကြီး စိုက်ထုတ်ထားခဲ့သည့်တိုင်အောင် ကျန်းရှောင်ရှုနှင့် ပတ်သတ်သည့် သတင်းအချက်အလက်ကို ရရှိသည်။ သို့သော် ထိုမှတ်တမ်းလွှာနှစ်စောင်က ကျန်းရှောင်ရှုအပေါ် အပြောင်းအလဲများလုပ်ရန် လုံလောက်ခြင်း မရှိသေးချေ။ သို့ရာတွင် ဝမ်ချောင်၏ပန်းတိုင်ကလည်း ကျန်းရှောင်ရှုကို အပြစ်တင်ရန်မဟုတ်ပါချေ။
ဟီ....
သူကတွေးတောနေသည့် အချိန်တွင် အပြင်ဘက်မှ ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်လာသည်။ ကျန်းချွယ်၏ အံ့အားတကြီးဖြစ်နေသောအသံ ဒေါသတကြီး ဖြစ်နေသောအသံကို ကြားရသည်။
“မင်းကဘာလုပ်တာလဲ ဖယ်စမ်း”
“ဒါက မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်လား”
အပြင်ဘက်မှ အဘွားကြီးတစ်ယောက်၏ အသံက ထွက်လာသည်။ ထို့နောက် ချောင်းဆိုးသံက ပါလာသည်။
“မူးနေတာလား”
ကျန်းချွယ်က ဖိအားများသွားသည်။ သူသည် ဝမ်ချောင်၏ အမိန့်များနောက်သို့ တောက်လျှောက် လိုက်လာခဲ့ပြီး ရထားလုံးကို အရှေ့ဘက်ခြမ်းသို့ မောင်းနှင်လာခဲ့သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ထိုအရွက်များရောင်းသော အဘွားကြီးက ရုတ်တရက် ပြေးထွက်လာပြီး ရထားလုံး၏ လမ်းကြောင်းကိုပိတ်ကာ ဇာတ်ကြိုးကိုလာလုသည်။
ထိုအဘွားကြီးက အေးစက်ပြီး တင်းမာသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ သူမ၏ ကျောတွင်လည်း ခြင်းတောင်းတစ်တောင်းကို လွယ်ထားသေး၏။ အတွင်းတွင် အရွက်များ ပြည့်နှက်နေသည်။ သို့သော် အဓိကကမူ တစ်နေရာသို့ ရောက်နေသည်။
ရထားလုံးထဲမှ အလွန်အမင်း အန္တရာယ်များသော အရှိန်အဝါက ထွက်နေသည့်တိုင်အောင် အဘွားကြီးဟာ ဂရုစိုက်ပုံမရချေ။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းထွက်လာပြီး တွေ့ရဲ့လား”
ထိုအဘွားကြီးက ဇာတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ဆွဲရင်း ရထားလုံးကိုသာ စိုက်ကြည့်သည်။
တုန့်ပြန်မှုမရှိကြောင်း မြင်သောအခါ အဘွားကြီးက ထအော်ပြန်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းထွက်လာပြီးတွေ့ရဲလား”
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘူးပေါ့။
ဝမ်ချောင်က သူ၏ညာဘက်လက်မှ လက်ညိုးဖြင့် ပေါ့ပါးစွာ တတောက်တောက် ခေါက်နေသည်။ သူ၏မျက်လုံးကို တစ်ဝက်ခန့်သာ ဖွင့်ထားသေးပြီး မျက်နှာကလည်း ခံစားချက်ကင်းမဲ့သည်။ ထိုအချိန်တွင် သူသည် ယခင်အတိုင်း တည်ငြိမ်နေသေးပြန်သည်။
ရထားလုံး၏လိုက်ကာက ရုတ်တရက်ပွင့်သွားပြီး ဝမ်ချောင်က အပြင်ဘက်ရှိ အမျိုးသမီးကိုမြင်လိုက်ရသည်။ ထိုမိန်းမကြီးသည် သူမ၏ခါးနားတွင် အရွက်၏အရည်များ စွန်းထင်းနေသည့် ခါးစည်းကိုဝတ်ထားသည်။ သူမ၏ အဖြူရောင်ဆံပင်များကို အနောက်ဘက်တွင် သပ်သပ်ရပ်ရပ် စည်းထားသည်။ သူမ၏မျက်လုံးသည် ကြည်လင်ကာတောက်ပပြီး သူမ၏ အသက်အရွယ်နှင့်ပင် မလိုက်ဖက်ချေ။
“ငါတို့နောက်ဆုံးတော့ တွေ့ကြပြီ”
1244 04
ဝမ်ချောင်က အဘွားကြီးကို တည်ငြိမ်စွာပြောလိုက်သည်။ သူ၏မျက်နှာက ခံစားချက်မဲ့သည်။ အမူအရာလည်း ကင်းစင်၏။ သူသည် လူအိုကြီးတစ်ယောက်ကို ပြောသော လေသံမျိုးနှင့် ပြောဆိုနေသလိုမျိုး မထင်ရချေ။ လေထုအခြေအနေက အလွန်အမင်း ဝေဝါးသွားသည်။ ကျန်းချွယ်ကလည်း ထိုမြင်ကွင်းကြောင့် စွံ့အသွားသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် နင်အောင်မြင်တယ်။ ဒီကိစ္စမှာ ငါဝန်ခံပါတယ်။ ငါဒီပြစ်ချက်ကို တကယ် ကျော်ကြည့်မိသွားတယ်။ ဒီလိုနဲ့ နင်က ဒီအားနည်းချက်ကို အမိအရ ဖမ်းဆုပ်လိုက်တာပဲ။ ဒါပေမဲ့နင် မနိုင်ပါဘူး”
အဘွားကြီး၏မျက်လုံးက ဉာဏ်ပညာရှိမှုနှင့် ပြည့်နှက်နေသည်။ သူမ၏စကားလုံးများက သူမ၏ အဆင့်အတန်းနှင့် မလိုက်ချေ။ ရထားလုံးထဲတွင် ထိုင်နေသော ကျန်းချွယ်၏နှလုံးသားက တုန်ယင်သွားသည်။ မည်မျှနှေးကွေးသောလူ ဖြစ်စေကာမူ ထိုအဘွားကြီးနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာ လွဲမှားနေကြောင်း သိနိုင်သည်။
“ခင်ဗျားက အရာအားလုံးရဲ့နောက်ကွယ်မှာ ရှိနေတာမဟုတ်လား။ မဟာဆရာ၊ ဘုရင်ချီ၊ အမတ်ချုပ်ကြီး ဖြစ်နိုင်တာက ပထမမင်းသားတောင်မှ အသုံးချခံရတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ တကယ်ပဲ ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားလိုလူမျိုးက မဟာထန်အတွင်းမှာ ရှိနေမယ်လို့ မထင်ဘူး။ ဒီလိုလူမျိုးက ဒီလူတွေအားလုံးကို တစ်ပြိုင်တည်း အသုံးပြုနိုင်ဖို့ မဖြစ်နိုင်ဘူး။ ပြောစမ်း ဒါတွေအားလုံးကို လုပ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ”
ဝမ်ချောင်၏အမူအရာက တင်းမာသွားသည်။ သူဟာ လိုရင်းကိုသာ ပြောလိုက်သည်။
ခိုရာစန်းမှ ပြန်လာသည့် လမ်းတောက်လျှောက်တွင် ဝမ်ချောင်သည် သူ၏စိတ်က မြူပင်လယ်ကြီးထဲသို့ ရောက်နေသလိုမျိုး ခံစားနေခဲ့ရသည်။ သို့သော် ကျန်းရှောင်ရှုကို အသုံးပြုပြီးမှသာ ဝမ်ချောင်သည်လည်း နေမင်းထံမှ အရိပ်အယောင် တစ်စွန်းတစ်စကို ဖမ်းကိုင်ထားနိုင်သည်။ ဒီနည်းအားဖြင့် လိုက်ကာ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူကိုထွက်လာပြီး သူ့ကိုတွေ့စေခဲ့သည်။
“ဟွန်း ငါ့ရဲ့ဒီနေရာကို လာတဲ့ပန်းတိုင်က အရမ်းရိုးရှင်းတယ်။ ငါကမျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ကို လက်လျော့စေချင်တာ”
အဘွားကြီးကပြောသည်။
“လက်လျော့ရမယ် ဘာကိုလက်လျော့ရမှာလဲ”
ဝမ်ချောင်က အေးစက်စွာပြုံးသည်။
“မဟာထန်ကိုလက်လျော့ပြီး နယ်စပ်နဲ့ အာရေးဗီးယားက မျိုးနွယ်ခြားတွေကို ဒီဘက်ကိုလာပြီး ကျူးကျော်စေဖို့လား ဒါမှမဟုတ် ခင်ဗျားကို တားမဲ့ကိစ္စကို လက်လျော့ပြီး စီရင်စုစစ်တပ်တစ်ခုလုံးရဲ့ အင်အားလျော့ချတဲ့ကိစ္စကို ဖြစ်ခွင့်ပြုလိုက်ဖို့ အနာဂတ်က မဟာထန်ကို ကပ်ဘေးစိုက်စေဖို့လား”
“စစ်ပွဲတွေက ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်မှာလား။ နင်က တိုင်းပြည်ကို ကာကွယ်နိုင်မယ်။ ငြိမ်းချမ်းမှုကို ယူဆောင်ပေးနိုင်မယ်ဆိုရင် တခဏပဲ။ နင်က တစ်ဘဝလုံး ကာကွယ်ပေးနိုင်လို့လား။ စစ်ပွဲတွေက အဆုံးသတ်မရှိဘူး။ ဒီနေ့နင်က အာရေးဗီးယားကို ရှင်းလင်းခဲ့တယ်။ စစ်သည်တစ်သန်းကျော်ကို သတ်သွားတယ်။ မဟာထန်က လူတွေအားလုံးက နင့်ကို သူရဲကောင်းလို့ သတ်မှတ်နေကြတယ်။ ဒါပေမဲ့ အခြားတိုင်းပြည်ကလူတွေ နင့်ကိုဘယ်လိုတွေးလဲသိလား။ နင်အာရေးဗီးယားအကြောင်း တွေးမိဖူးလား”
+++++
1245 01
အခန်း(၁၂၄၅)
“သူတို့ထဲက လူတွေအများကြီး တိုက်ပွဲမှာသေသွားတယ်။ သူတို့က ဒီကိစ္စကို ဒီတိုင်းလွှတ်ထားပေးမယ်လို့ နင်ထင်လား။ သူတို့က နင့်ကို အခုမနိုင်သေးရင်တောင်မှ ဆယ်နှစ်နေရင် ဘာဖြစ်မလဲ နှစ်တစ်ရာနေရင် ဘာဖြစ်မလဲ နင်သေသွားတာနဲ့ သူတို့က စစ်လာထပ်ဖြစ်ဦးမှာပဲ။ အဲ့ဒီမုန်းတီးမှုက ဘယ်တော့မှ ဖြေရှင်းလို့မရတော့တဲ့အထိ အရိုးထဲစွဲနေမှာ။ ဒါက ဘယ်တော့မှလည်း ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ အဆုံးသတ်မှာတော့ ဒီပြဿနာကို ရင်ဆိုင်ရမှာက ဗဟိုပြင်ကျယ်က ပြည်သူတွေပဲ။ နယ်မြေတွေမှာ အလောင်းတွေပြည့်မယ် သွေးမြစ်တွေစီးမယ်။ နင်ကဒီလိုမျိုးကို မြင်ချင်တာလား”
အဘွားကြီးက အေးစက်စွာပြောသည်။ သူမက ခြင်းတောင်းကို ကိုင်ထားသေးသည်။
“ဟွန့်”
ရထားလုံးထဲတွင် ထိုင်နေသည့် ဝမ်ချောင်က အဘွားကြီး၏ စကားလုံးများကြောင့် ရယ်လိုက်သည်။
“စစ်က ပြဿနာတွေအားလုံးကို အမှန်တကယ် ဖြေရှင်းပေးဖို့ မတက်နိုင်တာ အမှန်ပဲ။ ဒါပေမဲ့ ငြိမ်းချမ်းမှုကို ဆောင်ယူမယ်ဆိုတာက တကယ်ပဲ ငြိမ်းချမ်းမှုကို ရနိုင်လား။ ခိုရာစန်းကနေ စစ်သားတွေကို ရုတ်သိမ်းတယ်။ အာရေးဗီးယားက အင်အားကြီးမားစေလိုက်တယ်။ ဒီလိုနဲ့ စီရင်စုစစ်တပ်တွေကို အင်အားလျော့ချဦးမယ်။ ဒါက ကိုယ့်လက်ကိုယ့်ခြေကို ကိုယ့်ဘာသာကို ပြန်ဖြတ်ပြီး ကိုယ့်သိုင်းကို ဖျက်ဆီးသလိုပဲ။ ခင်ဗျားရဲ့ဖြေရှင်းချက်က စစ်လက်နက်တွေအားလုံးကို အစားထိုးနိုင်မှာ သေချာလား”
ဝမ်ချောင်က အေးစက်စွာပြောသည်။
ရထားလုံးအပြင်ဘက်မှ အဘွားကြီးက တောင့်ခဲသွားသည်။ သူသည်လည်း စွံ့အသွားပုံပေါ်သည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည်လည်း သူအမှားလုပ်မိကြောင်း သိလိုက်သည်။ အဘွားကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ကြည်လင်ကာ တောက်ပသည့်စိတ်က ထိုင်းမှိုင်းသွားသည်။
“ဘာဖြစ်တာလဲ။ ငါဒီမှာ ဘာလုပ်နေတာလဲ”
အဘွားကြီးက လက်ထဲမှ မြင်းဇာတ်ကြိုးကို တစ်ချက်ကြည့်သည်။ ထို့နောက် ဝမ်ချောင်နှင့်ကျန်းချွယ်ကို ပြန်ကြည့်သည်။ သူမ၏မျက်နှာတွင် ပဟေဠိဖြစ်သော အမူအရာမျိုးက ပေါ်လာသည်။ သူမသည် အချိန်အတန်ကြာ အိပ်နေပြီး အိမ်မက်မှ နိုးထလာသလို ဖြစ်သွားသည်။ တခဏခန့်ကြာပြီးနောက် ထိုအဘွားကြီးက ခပ်တိုးတိုး ရေရွတ်လျှက် ဇာတ်ကြိုးကိုလွှတ်ပြီး လူအုပ်ထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ ကျန်းချွယ်က သူမကို တောက်လျှောက် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထိုအဘွားကြီး ထွက်ခွာသွားပြီးနောက် သူသည်လည်း စိတ်ရှုပ်ထွေးသွားသည်။
“ဘာဖြစ်နေတာလဲ”
ကျန်းချွယ်သည်လည်း ထိုအဘွားကြီးက ရုပ်ဖျက်ရာတွင် ကျွမ်းကျင်လွန်းသောလူဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူသည် ထင်မှတ်မှားသွားသည်။ ယခုလေးတင် ဖြစ်ပျက်သမျှ အရာအားလုံးက သူ့အတွက် အလွန်အမင်း ဝေဝါးရှုပ်ထွေးလွန်းနေသည်။ သို့သော် ဝမ်ချောင်ကသာ တည်ငြိမ်နေ၏။ သူသည်လည်း ဒီအခြေအနေကို မျှော်လင့်ထားမိပုံရသည်။
“သူမကိုလျစ်လျူရှု့လိုက် သွားရအောင်”
ဝမ်ချောင်က ချက်ချင်းလိုလိုပြောသည်။
“ဟုတ်ကဲ့အရှင်”
ကျန်းချွယ်က တခဏခန့် တုန့်ဆိုင်းသွားသည်။ ထို့နောက် ကြာပွတ်ကို တစ်ချက်ရိုက်ပြီး ရထားလုံးကို စတင်စေသည်။ သူသည် ရထားလုံးကို စတင်ကာ ထွက်ခွာစေသောအခါ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သေးသည်။ ထိုအခါ လူအုပ်ထဲမှလူများက ရထားလုံးကိုကြည့်နေကြောင်း မြင်လိုက်ရသည်။
ကျန်းချွယ်သည်လည်း သူ၏ဦးခေါင်းခွံ့က ကြိမ်းစက်သွားသလို ထူးဆန်းမှုကို ခံစားလိုက်ရသည်။ သူ၏ဘဝတွင်လည်း ဒီလိုရှုပ်ထွေးလွန်းသော ကိစ္စမျိုးကို မြင်ရလိမ့်မည်ဟု မထင်ထားမိချေ။
“ဟိုက်ရား”
အဖြူရောင်မြင်းတစ်ကောင်က ရှေ့သို့ဆက်သွားသည်။ သို့သော် သူတို့က မီတာငါးဆယ်ခန့်သာ သွားရသေးသည်။ လူအုပ်က ဝရုန်းသုန်းကားဖြစ်သွားပြန်သည်။ ရထားလုံး၏ထိပ်တွင် ထိုင်နေသော ကျန်းချွယ်က အပေါ်ပိုင်းခန္ဓာကိုယ် ဗလာနှင့် ဝက်များကိုသတ်ပြီး ရောင်းချသော သားသတ်သမားတစ်ယောက်ကို တွေ့လိုက်ရသည်။ တခဏခန့်ကြာပြီးနောက် ထိုသားသတ်သမားက ဝင်ပူးခံလိုက်ရသလို ဖြစ်သွားသည်။ သူသည် လက်ထဲမှဓားကို စင်းနီတုံးပေါ်သို့ ထိုးစိုက်လိုက်ပြီး လူအုပ်ထဲမှထိုးထွက်ကာ လမ်းပေါ်သို့တက်ပြီး ဝမ်ချောင်၏လမ်းကို ပိတ်ပြန်သည်။
1245 02
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က စကားအရာမှာ ကျွမ်းကျင်ပြောင်မြောက်လွန်းတဲ့လူပါပဲ။ အကြမ်းနည်းကိုသုံးပြီး အကြမ်းနည်းကို ဖိနှိပ်တာက ဖြေရှင်းချက်မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အင်ပါယာခုံရုံးက နယ်စပ်မှာ အဆုံးအစမဲ့တဲ့ စစ်ပွဲတွေကိုဖြတ်ပြီး ယွီစန်း၊ မာန်ရှဲ့ကျောင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း တူရကီခါကာနိတ်၊ ဂိုဂူလျောတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့တယ်။ ဒါက ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တာနော်။ နောက်ဆုံးတစ်ခုဆိုရင် နှစ်ရာဂဏန်းတောင် ကြာသွားပြီ။ အခုအာရေးဗီးယားလာပြန်ပြီ။ ဒီစစ်ပွဲတွေက ရပ်ကိုမရပ်တော့ဘူး။ ပိုပြီးတော့တောင် တိုးလာသေးတယ်။ ဒီအတွက်ကြောင့်နဲ့ တိုင်းပြည်တွေကြားမှာ ငြိမ်းချမ်းမှုက ရှိမလာနိုင်ဘူး။ တိုင်းပြည်တွေက တစ်ပြည်ကိုတစ်ပြည် နားမလည်ဘူး။ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအား မရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ဘူး။ အချင်းချင်း မကူညီပေးဘူးဆိုရင် ငြိမ်းချမ်းမှုက ဘယ်လိုရနိုင်မှာလဲ။ စစ်ပွဲတွေက ဘယ်လိုများ အဆုံးသတ်တော့မှာလဲ။ သဘောထားကြီးမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သိတတ်မှု၊ ဉာဏ်ပညာကြီးမှု၊ ယုံကြည်မှုတွေအားလုံးက စစ်လက်နက်တွေပဲ”
လမ်းတွင်ရပ်နေသော ထိုသားသတ်သမားက ယခုလေးတင် သူကိုင်ထားခဲ့သော အသားများက ဆီများစိုရွှဲပြောင်လက်နေသည်။ သို့သော် သူ၏အမူအရာကမူ တင်းမာပြီး ဖြောင့်မတ်တည်ကြည်သည်။ သူ၏စကားလုံးများက သားသတ်သမားတစ်ယောက်ထံမှ ထွက်လာမည်ဟု မထင်ထားမိချေ။
“ဝါး”
သားသတ်သမားနှင့် ခြေသုံးလှမ်း လေးလှမ်းအကွာမှ ကျန်းချွယ်ကမူ မြင်းဇာတ်ကြိုးကို ရုတ်တရက် ဆောင့်ဆွဲလိုက်သည်။ ရထားလုံးကို ရုတ်ချည်းရပ်ခိုင်းလိုက်ရ၏။ သူ၏ရှေ့မှမြင်ကွင်းက သူ့ကို စွံ့အသွားစေသည်။
သို့သော် ဝမ်ချောင်ကမူ တည်ငြိမ်နေသည်။
“ဟာ ဆက်ဆံရေးတွေကလည်း ပျက်စီးနိုင်တယ်။ ဒီတော့ ဘာများအရေးကြီးမှာလဲ။ လူတိုင်းနဲ့ သဘောတူစာချုပ် ရေးထားတော့ရော ဘာဖြစ်လဲ။ ဝံပုလွေတွေက ဝံပုလွေတွေပဲ။ သွေးမသောက်တဲ့ ဝံပုလွေ၊ အသားမစားတဲ့ ဝံပုလွေက ရှိမယ်လို့ထင်နေတာလား။ ဒီစာရွက်တစ်ရွက်လောက်က အရှုပ်အထွေးတွေ အားလုံးကို ဖြစ်နိုင်ရင် ဗဟိုပြင်ကျယ်ရဲ့ ဉာဏ်ပညာကြီးမြတ်ပြီး သဘောထားကြီးမားတဲ့ သူတော်စင်ကြီးတွေက ဒီပြဿနာကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက ဖြေရှင်းပြီးလောက်ပြီ။ အင်အားကပဲ လူတိုင်းရဲ့လေးစားမှုကို အနိုင်ရနိုင်မှာ။ ပြိုင်ဘက်တွေကို သိမ်းပိုက်အုပ်စိုးနိုင်မှပဲ သူတို့ရဲ့ သဘောထားကြီးမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ဉာဏ်ပညာကြီးမှုတွေအားလုံးကို ထပ်ပြီးဖော်ပြပေးနိုင်မှာ။ ငါအခု လုပ်နေတာက တိုင်းပြည်ကို ဝံပုလွေအဖြစ်ပြောင်းနေတာ သိုးအဖြစ်ပြောင်းနေတာမဟုတ်ဘူး။ အင်အားကို ထုတ်ပြမှ လေးစားမှုကိုရမယ်။ အားနည်းချက်ကို ထုတ်ပြလိုက်တာက တမင်တကာ အရှက်ခွဲခံပြီး အနိုင်လာကျင့်ပါလို့ ပြောနေသလိုပဲ”
ဝမ်ချောင်က ထိုက်တာလာ့ မရွေ့လျားချေ။ လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က မည်သို့ပြောနေစေကာမူ သူ့တွင်လည်း အခိုင်အမာ ပြောနိုင်စွမ်းရည် ရှိနေသည်။
လမ်းပေါ်တွင် သားသတ်သမားက ခေါင်းကိုခါပြီး အသိပြန်ဝင်သွားသလို ဖြစ်နေသည်။ သူက ဘေးဘီကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး သူ၏ဆိုင်သို့ပြန်သွားသည်။
ရထားလုံးကရှေ့သို့ ဆက်သွားသည်။ တခဏခန့်ကြာပြီးနောက် နောက်ထပ် စူးရှသည့် အသံတစ်သံက ထွက်လာပြန်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းကတကယ် လမ်းမှားအောင် လုပ်နိုင်တာပဲ”
ရထားလုံးက မီတာခုနှစ်ဆယ် ရှစ်ဆယ်ခန့်သာ သွားရသေးသည်။ ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က ရောက်လာသည်။ သူမက ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးတင်ထားသည်။ သို့သော် ရုတ်တရက် လက်ညိုးညွှန်လိုက်ပြီး ဝမ်ချောင်ကို ခပ်တင်းတင်းပြောသည်။
“လူတွေက ဘာလို့လူတွေဖြစ်နေလဲဆိုတာ သဘောထားကြီးလို့၊ ဖြောင့်မတ်မှန်ကန်လို့၊ သိတတ်လို့၊ ဉာဏ်ကောင်းလို့ လူတိုင်းကသာ နင့်ရဲ့ အဲ့ဒီခံယူချက်တွေကို လက်ကိုင်ထားမယ်ဆိုရင် အားနည်းသူကို အားကြီးသူကစားမှာ။ ငါတို့ ဘယ်လိုများ ငှက်တွေသားရဲတွေနဲ့ ခြားတော့မှာလဲ။ ငါက တိုက်ပွဲနယ်မြေက ဗိုလ်ချုပ်တစ်ယောက်လည်း မဟုတ်သလို တိုက်လည်းမတိုက်ခိုက်ဖူးပါဘူး။ အတိတ်က နမူနာတွေ အားလုံးက လက်ရှိအတွက် သင်ခန်းစာတွေဖြစ်နေတုန်းပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က မဟာချင် အင်ပါယာကြီးက တိုင်းပြည်ကို စုစည်းခဲ့တယ်။ နောက်ထပ် စီရင်စုခြောက်ခုလောက်ကို သိမ်းပိုက်ခဲ့တယ်။ လေးစားဖွယ်ကောင်းတဲ့ သိုင်းပညာ အရှိန်အဝါကို ပိုင်ဆိုင်ခဲ့ပြီး ပထမဦးဆုံးသော အင်အားကြီးမားတဲ့ ဗဟိုပြင်ကျယ် အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့ပေမဲ့ ဒါက နင်ဆန္ဒရှိတဲ့ ကျားနဲ့ဝံပုလွေတွေ ပြည့်နေတဲ့ တိုင်းပြည်ကြီး မဟုတ်လာဘူးလား။ တိုင်းပြည်တွေကို အုပ်စိုးပြီးသွားတဲ့နောက်မှာ ချင်ဧကရာဇ်က ပြည်သူတွေရဲ့ နှလုံးသားကို ဆုံးရှုံးလိုက်ရတယ်။ ဆယ်စုနှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ ပြည်သူတွေက ပုန်ကန်တယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက ဒီလိုအမှားမျိုး ထပ်ဖြစ်စေချင်တာလား”
1245 03
ပတ်ဝန်းကျင်ရှိ လူအုပ်က ပွက်လောရိုက်လာသည်။ လူတိုင်းကလည်း ဒီအခြေအနေကို သတိထားမိသွားပုံပေါ်သည်။ ကျန်းချွယ်က ဇာတ်ကြိုးကို ခပ်တင်းတင်းဆွဲလိုက်သည်။ ဒီနည်းအားဖြင့် လမ်းဘေးမှ ကောင်မလေးကို မထိခိုက်စေရန် ထိန်းလိုက်ရသည်။ သူသည်လည်း ဒီအခြေအနေဟာ ထူးဆန်းသည်ဟု မထင်တော့ချေ။ သို့သော် အလွန်အမင်း စိတ်ရှုပ်ထွေးလာသည်။ အကြောင်းမူကား မည်သည့်အချိန်တွင် လူအုပ်ထဲမှ မည်သည့်လူ ထွက်လာမည်ကို မသိနိုင်သောကြောင့်ဖြစ်သည်။
ဟင်းရွက်ရောင်းသော အဘွားကြီး၊ သားသတ်သမား၊ လမ်းဘေးမှမိန်းကလေး ကြည့်ရသည်မှာ ထိုနောက်ကွယ်မှလူက ပြိုင်ဘက်ကင်းပုံရသည်။ ထိုသို့ဖြင့် ကျန်းချွယ်အား ကြောက်လာစေသည်။
“အဲ့ဒီအချိန်က အဲ့ဒီအချိန် အခုက အခု”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
“မဟာထန်အင်ပါယာကြီးက အတွင်းပိုင်းစစ်ပွဲတွေနဲ့ တိုက်ခိုက်နေခဲ့ရတာ။ သူတို့ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော ပြိုင်ဘက်က မြောက်ပိုင်းကရှုံးနူ ဒီအင်အားစုက အာရေးဗီးယားကို ယှဉ်နိုင်လောက်အောင်တောင် အင်အားမကြီးသေးဘူး။ မဟာထန်ကြီးက ကျားတွေ၊ ဝံပုလွေတွေ အဝိုင်းခံနေရတာ။ အင်အားချင်းယှဉ်မယ်ဆိုရင် ငါတို့ရဲ့ သဘောထားကြီးမှု၊ ဖြောင့်မတ်မှန်ကန်မှုတွေနဲ့ သူတို့ကို ဘယ်လိုကိုင်တွယ်မှာလဲ။ ပိုဆိုးတာက စစ်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်က တိုင်းပြည်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြစ်စေတာ။ ပြည်သူတွေကို ဒုက္ခပေးနေတာဆိုရင် ငါတို့တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေရဲ့ နည်းလမ်းက မမှန်ကန်လို့ပဲ။ ခုံးတောင်တန်း အနောက်ပိုင်းတောက်လျှောက် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ မဟာထန်ကြီးက စစ်သည်တစ်သန်းကျော်ကို ခေါ်ဆောင်သွားခဲ့တယ်။ ရန်သူစစ်သည် တစ်သန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သလို ဆုံးရှုံးမှုက အရမ်းကိုလည်း နည်းပါးတယ်။ စစ်ပွဲရဲ့ အဆုံးသတ်မှာ ရွှေသား တစ်ဘီလီယံကိုတောင် ရလိုက်တာ။ ဒီရွှေသားတွေက တိုင်းပြည်တစ်ခုလုံးကို ထောက်ပံ့ဖို့ သုံးလို့ရတယ်။ သူတော်စင်အင်ပါယာ ခုံရုံးပေါ်ကို ရောက်ရောက်နေတဲ့ ငွေကြေးဖိအားတွေ အားလုံးကို လျော့ကျသွားစေရုံတင် မကသေးဘဲ ပြည်သူတွေရဲ့ ဘဝကို တိုးတက်စေနိုင်တယ်”
“ဒီစစ်ပွဲကြောင့်ငါက ဘိလပ်မြေလမ်းကို ဆောက်လုပ်ခဲ့တယ်။ အခုအဲ့ဒီလမ်းကို ကုန်သည်ဘယ်လောက်များ သုံးနေလဲသိလား။ ဒီအခြေအနေကတင် ငွေကြေးကြပ်တည်းမှုကို ပြေလည်စေနိုင်တယ်။ နောက်ပြီး ဒီလိုပြောင်းလဲလာတာကလည်း ရေခဲတောင်အပြင်ဘက်မှာ စွန်းထွက်နေတဲ့ ထိပ်ဖျားလေးပဲ ရှိနေသေးတာ။ စစ်ပွဲတွေကို တိုက်ခိုက်တဲ့အချိန်မှာ ဆိုးရွားတဲ့နည်းလမ်းတွေ ရှိသလို ကောင်းမွန်တဲ့ နည်းလမ်းတွေလည်း ရှိတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေလည်းရှိတယ်။ ငါက ကောင်းမွန်တဲ့နည်းလမ်းကို သုံးခဲ့တာ”
ထိုအခိုက်အတန့်တွင် ကောင်မလေးက ရုတ်တရက် အသိဝင်လာသည်။ ထိုအချိန်တွင် ကုန်သည်တစ်ယောက်လို ဝတ်ဆင်ထားသည့် လူအိုတစ်ယောက်က ရုတ်တရက် လူအုပ်ထဲမှ ထွက်လာလေပြီး ဝမ်ချောင်ကို စပြောပြန်သည်။
“ရမ်းကားလိုက်တာ ဘယ်နေရာမှာ နည်းလမ်းကောင်း ဘယ်နေရာမှာ နည်းလမ်းဆိုးဆိုတာ ရှိမှာလဲ။ အားလုံးမှာတော့ စစ်ပွဲကစစ်ပွဲပဲ။ မင်းကဘယ်လိုပဲ အမွန်းတင်တင် ဒီအချက်ကို မပြောင်းနိုင်ဘူး။ သူကောင်းမျိုးရိုးဘွဲ့ခံ အထက်တန်းလွှာတစ်ယောက်က ကြွယ်ဝမှုကို ပိုင်ဆိုင်နေရတဲ့အချိန်မှာ မင်းက တာအိုရဲ့ သဘောတရားတွေအတိုင်း နေရဦးမှာပဲ။ ပြည်သူတွေအတွက်လည်း အဲ့ဒီလိုပဲ။ တိုင်းပြည်အတွက်လည်း အဲ့ဒီလိုပဲဖြစ်လိမ့်မယ်။ ဒါကြောင့် ငါက မင်းရဲ့ရွှေတွေကို အာရေးဗီးယားကို ပြန်ပေးခိုင်းခဲ့တာ”
ဝုန်း
ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏မျက်နှာကလည်း ရေခဲလိုအေးစက်လာသည်။
“ဒါကမင်းရဲ့ ပိုက်ဆံမဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ စစ်သားတွေက သူတို့ရဲ့အသက်ကိုရင်းပြီး ဒီပိုက်ဆံတွေကို လဲထားရတာ။ နောက်ပြီး မင်းကလည်း စိတ်လိုလက်ရ အသုံးပြုပိုင်ခွင့် မရှိဘူး။ အဲ့ဒီပိုက်ဆံတွေက မဟာထန်က ထိုက်တန်တဲ့အရာပဲ။ မင်းရဲ့ စိတ်သဘောထား နူးညံ့မှုကြောင့်သာ မဟုတ်ရင် ဒီပိုက်ဆံတွေအားလုံးက မဟာထန်ဆီရောက်လာပြီး သေဆုံးသွားခဲ့တဲ့ စစ်သားတွေအတွက် လျော်ကြေးပေးလို့ရမယ်။ ပြည်သူတွေကို အကျိုးအမြတ်ရှိအောင် လုပ်လို့ရမယ်။ ကျောင်းတွေဆောက်မယ်။ လမ်းတွေပြင်မယ်။ မိဘမဲ့တွေကို ဂရုစိုက်ပေးမယ်။ မြို့တွေတည်ဆောက်မယ်။ မွန်းမံမယ်။ အဲ့ဒီပိုက်ဆံတွေက မင်းအတွက်တော့ ဘာမှမဟုတ်လောက်ပေမဲ့ ငါ့ရဲ့အရှေ့မှာ ဒီလိုလာပြောပိုင်ခွင့် မင်းမှာယ်လိုများ ရှိနေမှာလဲ”
1245 04
“သတ်ဖြတ်ပြီးရလာတဲ့ ပိုက်ဆံတွေက ဘယ်လောက်များများ တိုင်းပြည်ကို ကျိန်စာဖြစ်စေလိမ့်မယ်။ ဒါက ကောင်းချီးမဟုတ်ဘူး။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းရဲ့လက်ကို ပြန်ရုတ်ပါ။ စစ်ပညာရှင်တွေမှာလည်း သူတို့ရဲ့တာဝန်ကို လုပ်ဆောင်ပြီးသွားပြီဖြစ်လို့ အခုငါတို့ ကွန်ဖြူးရှပ်ဝါဒကို ကိုင်ဆွဲသူတွေက လှုပ်ရှားရမဲ့အချိန်ပဲ။ သဘောထားကြီးမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သိတတ်နားလည်မှု၊ ဉာဏ်ပညာရှိမှုတွေကိုသုံးပြီး လောကကို အုပ်စိုးမှပဲ ငြိမ်းချမ်းနိုင်လိမ့်မယ်။ မင်းက စစ်ပညာရှင်တွေထဲက ခေါင်းဆောင်တစ်ယောက်။ မင်းသာ လက်လျော့လိုက်မယ်ဆိုရင် မဟာထန်တစ်ခုလုံးက နောက်နှစ်ပေါင်းများစွာ ကြာတဲ့အထိ မင်းကို သူရဲကောင်းအဖြစ် မှတ်မိနေကြလိမ့်မယ်။ မင်းရဲ့ နာမည်ကလည်း လူတိုင်းရဲ့ ချီးကျူးခံရတဲ့ နာမည်ထဲမှာ ပါနေလိမ့်မယ်”
ထိုကုန်သည်က တင်းမာသော မျက်နှာထားဖြင့်ပြောသည်။ သူဟာ ကြီးမားသော ကတိတစ်ခုကို ပေးနေသလိုမျိုး သူ၏စကားများက လေးလံနေသည်။ ဝမ်ချောင်ကမူ လှောင်လိုက်သည်။
“မဖြစ်နိုင်ဘူး”
အဝေးရှိ ကုန်သည်က ထိုပြန်ဖြေချက်ကြောင့် မှင်သက်သွားပုံပေါ်သည်။
နောက်ထပ် ပုံရိပ်တစ်ခုက ထွက်လာပြန်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် သတ်ဖြတ်တာတွေတောင်မှ အဆုံးသတ်ရသေးတာပဲ။ မင်းက လူတစ်သန်းကို သတ်ထားတယ်။ ဒါက မလုံလောက်သေးဘူးလား။ ဘယ်လောက်တောင် ထပ်သတ်ပြီးမှ လက်ကိုရုတ်မှာလဲ”
“လောကကြီး ငြိမ်းချမ်းသွားတဲ့အချိန်ပေါ့။ ဝမ်ချောင်က လောကကြီး ငြိမ်းချမ်းသွားမှ သူ့ရဲ့ဓားသွားကို သိမ်းမယ်”
ဝမ်ချောင်က ရထားလုံးထဲမှ ထိုသို့တဖြည်းဖြည်းချင်း လှမ်းပြောလိုက်သည်။
ဝုန်း
ထိုအခိုက်အတန့်တွင် အချိန်က ရပ်တန့်သွားပုံပေါ်သည်။ အရာအားလုံးဟာ တိတ်ဆိတ်သွားလေပြီး လမ်းလယ်မှ လူသွားလူလာများက ဝမ်ချောင်ကို နက်နဲသော အကြည့်မျိုးကြည့်ကြသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ငါတု့ိက တူညီတဲ့ပန်းတိုင်ကို ကိုင်ဆွဲထားတဲ့ တူညီတဲ့လူတွေလို့ ထင်နေခဲ့တာ။ ကြည့်ရတာ ငါမှားတာထင်တယ်”
တခဏခန့်ကြာပြီးနောက် လမ်းသွားလမ်းလာများက ဝမ်ချောင်ကို လေးနက်စွာ ဂါရဝပြုသွားသည်။ ထို့နောက် သူ၏မျက်လုံးထဲမှ တောက်ပမှုက ပျောက်ကွယ်သွားသည်။ တစ်ချိန်ထဲတွင်ပင် ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့် စိတ်စွမ်းအား စွမ်းအင်များအားလုံးက လေနှင့်အတူ ပျောက်ကွယ်သွားသည်။
အရာအားလုံးက တိတ်ဆိတ်သွားသည်။
အချိန်ကပင် ရပ်တန့်သွားသည်ဟု ထင်ရသည်။ မည်သူကမှ စကားတစ်ခွန်း မဆိုကြချေ။ နောက်ဆုံးတွင် အချိန်အတန်ကြာပြီးနောက် လူအုပ်ကပင် အိမ်မက်မှ လန့်နိုးသလိုဖြစ်လာပြီး တဖန်ပြန်လည်ပြီး စည်စည်ကားကား ဖြစ်သွားကြသည်။ ယခုလေးတင် ဝမ်ချောင်၏ ရထားလုံးကို လာရောက်ပိတ်ဆို့သည့် လမ်းသွားလမ်းလာများနှင့် ကုန်သည်များအားလုံးကလည်း ထွက်ခွာသွားကြပြီဖြစ်သည်။ သူတို့ကလည်း ဘာကိုမှ နားမလည်သလိုဖြစ်နေကြသည်။
ဟူး...
ကျန်းချွယ်က စိတ်အေးသွားသလို သက်ပြင်းရှည်ကြီးကိုချသည်။ သူ၏ကျောတွင် ချွေးစေးများ ရွှဲနေလေပြီ။
ကျန်းချွယ်က ရထားလုံးကို ပြန်လှည့်ကြည့်ပြီးမေးသည်။
“အရှင် အဲ့ဒီလူက သွားပြီလား”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏မျက်နှာက တည်ငြိမ်ကာ ခံစားချက်ကင်းမဲ့သည်။