အခန်း (၁၂၅၁-၁၂၅၅)
Vol. 73 Ch. 1251-1255
1251 01
အခန်း(၁၂၅၁)
ဝမ်ချောင်သည် ထိုအခိုက်အတန့်တွင် ရှေ့ထွက်လိုက်သည်။
“အရှင်မင်းကြီး အရှင်ကျန်းက တကယ်ပဲ အမှားလုပ်ခဲ့တာပါ။ ကံကောင်းတာက သူ့ရဲ့အမှားကို မှားမှန်းသိသွားချိန်က နောက်မကျခဲ့တဲ့အပြင် အမှားကိုလည်းပြင်ဆင်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒီစာကတင် သက်သေအဖြစ် တည်ရှိပေးနိုင်ပါတယ်။ ဒီအရာရှိကတော့ အရှင်မင်းကြီးအနေနဲ့ ဒီအကြောင်းအရာကို စိတ်ထဲမှာ ထည့်သွင်းစဉ်းစားပေးပြီး ဆုံးဖြတ်ပေးဖို့ မျှော်လင့်ပါတယ်”
“အရှင်မင်းကြီး ဒီလိုဖြစ်ခွင့်ပြုလို့ မရပါဘူး။ ဒီလိုသီးသန့်ရေးလိုက်တဲ့ စာတစ်ခုတည်းက ဘာကိုမှ အတည်မပြုပေးနိုင်ပါဘူး။ နောက်ပြီး အရှင်ကျန်းရှို့ကွေးက အင်ပါယာသံတမန်ကို စစ်အခြေအနေ တစ်ခုလုံးကို လိမ်ညာခိုင်းခဲ့တာပါ။ ဒါက ငြင်းဆိုလို့မရတဲ့ အချက်ပါပဲ။ အရှင်သခင်ကို လိမ်ညာလှည့်စားပြီးတဲ့နောက်မှာ မထိမခိုက်ဘဲ နဂိုအတိုင်း ကျန်ရစ်နေဦးမယ်ဆိုရင် ဒီလိုကိစ္စတွေက အဆုံးအစမဲ့ပါဦးမလား။ စံချိန်စံနှုန်းတွေမရှိဘဲ ဘယ်လိုအရာကမှ ဖြစ်တည်မလာနိုင်ပါဘူး။ တိုင်းပြည်နဲ့ ကလန်တွေမှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ ဒါကြောင့် ဒီလိုဖြစ်ခွင့်ပြုလို့မရပါဘူး။ ဒီအရာရှိကတော့ အရှင်မင်းကြီးအနေနဲ့ မဟာထန်ရဲ့ စည်းမျဉ်းအတိုင်း ခပ်ကြမ်းကြမ်း အပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်ပါတယ်”
“ဟုတ်ပါတယ် ဒီအရာရှိကလည်း အရှင်မင်းကြီးအနေနဲ့ မဟာထန်ရဲ့စည်းမျဉ်းအတိုင်း လက်ကိုင်ဆွဲပြီး ဒီလိုရန်စသူကို ခပ်ကြမ်းကြမ်း အပြစ်ပေးသင့်တယ်လို့ ထင်ပါတယ်”
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျန်းရှို့ကွေးကို ကြမ်းကြမ်းတမ်းတမ်း အပြစ်ပေးတော်မူပါ”
ယခုအခါ ကျန်းရှို့ကွေး၏ အားနည်းချက်ကို နောက်ဆုံးတွင် ဖမ်းဆုပ်မိသွားပြီဖြစ်သည်။ ထို့ကြောင့် အင်ပါယာခုံရုံး၏ ကွန်ဖြူးရှပ်ကျောင်းတော်မှ လူများအားလုံးက ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။ ယဲ့ဟိုင်ချန်းက ချက်ချင်းဆိုသလိုပင် အဆိုပြုလိုက်သည့် အချိန်တွင် ကျန်သော ပြည်တွင်းအရာရှိများ အားလုံးကလည်း လိုက်ပါထောက်ခံသဘောတူကြသည်။ သူတော်စင်ဧကရာဇ်အား ကျန်းရှို့ကွေးကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုကြသေးသည်။
ဝမ်ချောင်သည် အရာအားလုံးကို လှောင်ရယ်ချင်စိတ်ဖြင့် ကြည့်နေသည်။ ကွန်ဖြူးရှပ်ဝါဒ ဆွဲကိုင်သူများသည် နောက်ဆုံးအကြိမ် ရုန်းကန်ချင်ကြသေးပုံပေါ်သည်။ မဟာထန်သည် ကပ်ဘေးကို ရင်ဆိုင်နေရသည်။ ကျန်းရှို့ကွေးကဲ့သို့ မဟာထန်၏ အတော်ဆုံးသော မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်သည် ကာကွယ်ခံရပေလိမ့်မည်။ ဝမ်ချောင်က ကျန်းရှို့ကွေးကို ပြန်လည် မျက်နှာသာပေးသည့်အပြင် မဟာထန်အတွက် အလုပ်လုပ်ပေးနေခြင်းဖြစ်သည်။ သူသည် ကွန်ဖြူးရှပ်ဝါဒ ကိုင်ဆွဲသူများအား အလွယ်တကူ အောင်မြင်ခွင့် ပြု၍မရချေ။
မျှော်လင့်ထားသည့်အတိုင်း ပြည်တွင်းအရာရှိများက စကားပြောပြီးရုံသာ ရှိသေးသည်။ ခန်းမတစ်ခုလုံးအနှံ့ အသံတစ်သံက ပဲ့တင်ထပ်သွားသည်။ သို့သော် ထိုအချိန်တွင်မူ ဒါဟာ ဝမ်ချောင်၊ ဘုရင်စုန့်နှင့် အခြားသောသူများ၏ အသံမဟုတ်လေဘဲ သူတော်စင်ဧကရာဇ်၏ အသံဖြစ်သည်။
“ကျန်းကဒီကိစ္စကို သိပြီးပြီ။ ကျန်းရှို့ကွေးက စစ်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေတစ်ခုလုံးကို အမှားအယွင်းလုပ်ခဲ့တာ မှန်ပေမဲ့လည်း ဒီကိစ္စကို သည်းမခံနိုင်တာ မှန်ပေမဲ့လည်း အရှင်သခင်ကို လိမ်ညာလှည့်စားတဲ့ အဆင့်ထိတော့ မရောက်သေးဘူး”
သူတော်စင်ဧကရာဇ်က စတင်ကာ ပြောလိုက်ချိန်တွင် ခမ်းနားထည်ဝါပြီး လေးနက်တည်ကြည်သော အမူအရာမျိုးက ပေါ်ထွက်လာသည်။ သူ၏ပထမစကားက လူတိုင်း၏နှလုံးသားကို အေးစိမ့်သွားစေရန် လုံလောက်နေသည်။
“ကျန်းက လျိုရှန်းတုံးရဲ့ လိမ်ညာလှည့်စားထားတဲ့ တင်ပြချက်ကို မရသေးဘူး။ ဒါပေမဲ့ ဟွမ်မြစ်ကမ်းဘေးက စစ်ပွဲကို အမှန်အတိုင်း ဖော်ပြထားတဲ့ စာလွှာကိုတော့ လက်ခံရရှိထားတယ်။ သူက လာဒ်ထိုးထားတယ်ဆိုတဲ့ အချက်ကိုတောင် မဖုံးကွယ်ထားဘူး။ နောက်ပြီး ကျန်းရှို့ကွေးဆီကနေ ကိုယ်ပိုင် အကျိုးရလဒ်အတွက် ရွှေယွမ်လက်မှတ်တွေ လက်ခံရရှိခဲ့တဲ့အကြောင်းကို ထည့်ပြောထားပြီး အဲ့ဒါတွေကိုပါ တင်ပြထားသေးတယ်။ ကျန်းလည်း ဒီပိုက်ဆံကို စစ်မတ်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်ဌာနကို ပြန်လည်ခွဲဝေပေးဖို့ ဘဏ္ဍာရေးရာရုံးတော်ကို ပြန်ပေးပြီးပြီ။ ကျန်းရှို့ကွေးအတွက်ကတော့ သူ့မှာ ကိုယ်ပိုင်အပြစ်တွေရှိပြီး မှားယွင်းဆုံးဖြတ်ခဲ့မိတယ်ဆိုပေမဲ့လည်း ကြီးမားတဲ့ အပြစ်ကြီးကို ကျူးလွန်ခဲ့မိတဲ့ အဆင့်ထိ မရောက်သေးလို့ ခွင့်လွှတ်လို့မရဘူးလို့တော့ တွေးလို့မရနိုင်ဘူး”
သူတော်စင်ဧကရာဇ်၏ စကားလုံးများက ယဲ့ဟိုင်ချန်းနှင့် အခြားသော ပြည်နယ်ရေးရာ အရာရှိများအားလုံး၏ နှလုံးသားကို အေးစိမ့်သွားစေခဲ့သည်။ ယခုလိုအခြေအနေမျိုးတွင် သူတော်စင်ဧကရာဇ်၏ စကားလုံးများက ကြမ်းတမ်းလေလေ အပြစ်တင်စကား ပေါ့လျော့လေလေ ဖြစ်ပေလိမ့်မည်။ သို့သော် သူတော်စင်ဧကရာဇ်ကမူ စတင်ပြောပြီးနေကတည်းက သူတို့က မည်မျှပင် ဆန္ဒမရှိနေစေကာမူ ဆက်မပြောရဲတော့ချေ။
1251 02
“ဒါပေမဲ့ ကျန်းရှို့ကွေးက မဟာထန်ကို ကြီးမားတဲ့ အကျိုးပြုမှုကြီး လုပ်ဆောင်ပေးခဲ့တဲ့ အကျိုးပြုသူတစ်ယောက် ဖြစ်နေတုန်းပဲ။ ဒါကြောင့် ကျန်းအနေနဲ့ ကျန်းရှို့ကွေးရဲ့ ယခင်လုပ်ဆောင်မှုတွေကို သူ့ရဲ့အပြစ်တွေနဲ့ ဖာထေးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျန်းရှို့ကွေးကို သူ့ရဲ့ရာထူးဖြစ်တဲ့ အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်နေရာကနေ လျော့ချပြီး အန်းတုံးကာကွယ်စောင့်ရှောက်ရေး ယာယီဗိုလ်ချုပ်အဖြစ်ကို လျာထားလိုက်မယ်။ ဒါတွေအပြင် သူ့ရဲ့လခကိုလည်း ဖယ်ရှားပြီး နောက်ငါးနှစ်အတွင်း ရာထူးမတိုးစေဘူးလို့ အပြစ်ဒဏ်သတ်မှတ်မယ်”
“အရှင်မင်းကြီး အသက်သောင်းကျော်ရှည်ပါစေ”
သူတော်စင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ လူတိုင်းက ဂါရဝပြုကြသည်။ သူတော်စင်ဧကရာဇ်သည် သူ၏ထင်မြင်ချက်ကို ခပ်ပေါ့ပေါ့ ထုတ်ပြောတတ်ခြင်း မရှိချေ။ သို့သော် ထုတ်ပြောလိုက်ရုံနှင့် သူတော်စင်ဧကရာဇ်က ဆုံးဖြတ်ချက်ချပြီးကြောင်း ဖော်ပြလေရာ မည်သူကမှ ဖယ်ရှားနိုင်စွမ်းအား မရှိတော့ချေ။ မည်သို့ပင်ဆိုစေ ဒါဟာ နောက်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်လေသည်။
ဝမ်ချောင် မင်းငါတို့ကို စိတ်မပျက်စေမှန်း ငါသိတယ်။
ကျန်းရှို့ကွေး၏ ကပ်ဘေးက ပျောက်ကွယ်သွားသောအခါ ဘုရင်စုန့်က ဝမ်ချောင်ကို နောက်ဆုံးတွင် လှည့်ကြည့်သွားနိုင်သည်။ သူ၏မျက်ဝန်းထဲတွင် ချီးကျူးမှုများက ပြည့်နှက်နေ၏။ ဝမ်ချောင်သည် ခိုရာစန်းမှ ပြန်လာပြီးချိန်ကတည်းက ကပ်ဘေးနှစ်ခုကို ရှောင်လွှဲနိုင်ခဲ့သည်။ ထိုသို့ဖြင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းဘက်မှ အခြေအနေကြီးတစ်ခုလုံးကို သူဟာ ပြောင်းလဲနိုင်ခဲ့သည်။ သူက ဒီနေရာမှာ ရှိနေသမျှ မည်သည့်မုန်တိုင်းက ရောက်ရှိလာစေကာမူ သူ့ကိုကျော်ဖြတ်ပြီး မဟာထန်၏ နယ်စပ်များအပေါ် သက်ရောက်နိုင်လိမ့်မည်မဟုတ်ချေ။
ဘုရင်စုန့်က ဝမ်ချောင်၏အကြံများကိုပင် ချီးကျူးမိသွားသည်။
မည်သည့်မင်းဆက်တွင်မဆို အရှင်သခင်ကို လှည့်စားသော ပြစ်မှုက သေးငယ်သောကိစ္စ မဟုတ်ချေ။ ကျန်းရှို့ကွေးက မလုပ်ခဲ့သော်လည်း လုပ်ရန်ကြံစည်ခြင်းကပင် သိသာထင်ရှားနေသည်။ ပို၍ဆိုးသည်မှာ သူသည် လျိုရှန်းတုံးကို အမှန်တကယ် လာဒ်ထိုးခဲ့သည်။ ထိုအချက်တစ်ခုတည်းကတင် သူတော်စင်ဧကရာဇ်အား သူ့ကိုမလွှတ်ပေးရန် ထိုက်တန်နေပြီဖြစ်သည်။ သို့သော် ဝမ်ချောင်၏ တောက်ပစွာ စီမံခန့်ခွဲမှုများက ကျန်းရှို့ကွေး၏ အမတ်ချုပ်ကြီးဆိုသောနေရာကို အယူသီးစိတ်အား သိသာထင်ရှားစေခဲ့သည်။
အမှန်တိုင်းဆိုရသော် လွန်ခဲ့သောဆယ်နှစ်ခန့်က ဝမ်ချောင်၏အဖေ မြို့စားကျို့က ငြင်းဆန်သောကြောင့်သာ မဟုတ်လျှင် ကျန်းရှို့ကွေးသည် အမတ်ချုပ်ကြီး ဖြစ်လာပြီးလောက်လေပြီ။ အခြားစကားဖြင့်ဆိုရသော် သူတော်စင်ဧကရာဇ်က အနည်းငယ် ပြန်တွေးကြည့်မည်ဆိုလျှင် ကျန်းရှို့ကွေးသည် အမတ်ချုပ်ကြီးဖြစ်နေခဲ့ပြီး ဒီမတော်တဆမှုကလည်း ဖြစ်လာဦးမည်မဟုတ်ချေ။ ထို့ကြောင့် သူတော်စင်ဧကရာဇ်ကြီးက အနည်းငယ် သဘောမကျ ဖြစ်လောက်သော်လည်း ကျန်းရှို့ကွေးက ဒီကပ်ဘေးက ရှင်သန်နိုင်သွားသည်။
အနောက်တောင်ပိုင်းက စစ်ပွဲမှ တာလာ့၏စစ်ပွဲအထိ တစ်နှစ်ကျော်ကြာသွားသည်။ ဝမ်ချောင်ကမူ ပို၍ပင် ရင့်ကျက်လာသေးသည်။ သူသည် အလွန်အမင်းပင် ရင့်ကျက်လာ၏။ သူဟာ ယခုအခါ သူ၏ကိုယ်ပိုင်လက်ဖြင့် တိုက်ပွဲနယ်မြေနှင့် ခုံရုံးကို ကိုင်တွယ်နိုင်လာသည်။
စစ်တပ်ကို ဖျက်ဆီးချိုးဖဲ့၍မရချေ။ ဝမ်ချောင်သည် ယခုအခါ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုလုံး၏ အကြီးမားဆုံးသော မျှော်လင့်ချက်နှင့် အထောက်အပံ့ပေးရသူ ဖြစ်လာသည်။
ခုံရုံးကဏ္ဍက လျှင်မြန်စွာဖြင့် အဆုံးသတ်သွားသည်။ သူ၏အင်္ကျီလက်ကို တစ်ချက်ယမ်းပြီး အပြုံးမျက်နှာနှင့် ဝမ်ချောင်က ခန်းမထဲမှထွက်လာသည်။
“အရှင်ကျန်း မြင့်မြတ်တဲ့ အမျိုးသားတစ်ယောက်က အချိန်အဆကို နားလည်ရတယ်။ ဒီမတော်တဆမှု ပြီးသွားတဲ့နောက်မှာ နည်းနည်းတော့ သတိကပ်သွားလောက်ပြီထင်တယ်”
ဝမ်ချောင်က ခေါင်းကိုအသာမော့လျှက် ခပ်တိုးတိုးရေရွတ်ရင်း အရှေ့မြောက်ဘက်ပိုင်းသို့ လှမ်းကြည့်လိုက်သည်။
ကျန်းရှို့ကွေးသည် မာနကြီးလွန်းပြီး အင်ပါယာကြီးတစ်ခုလုံးကလည်း သူ၏ ဘဝင်မြင့်မောက်မာနေမှုကို နားလည်ကြသည်။ လျိုရှန်းတုံးက စာရေး၍ သူ့ကိုအပြစ်ဝန်ခံရန် ဖြောင့်ဖြပြီးနောက်တွင် ဝမ်ချောင်ဟာ ချက်ချင်းဆိုသလိုပင် သူ့ကို ပြောဆိုထားသော စာတစ်စောင်ကို လက်ခံရရှိခဲ့သေးသည်။ ထိုအခြေအနေကတစ်ဆင့် ကျန်းရှို့ကွေး၏ စိတ်အခြေအနေကို သိနိုင်သည်။ သို့သော် ထိုသို့ဖြစ်နေခဲ့သည့်တိုင်အောင် ဝမ်ချောင်ဟာ ဒီအခြေအနေ တစ်ခုလုံးကို ကျေနပ်ဖွယ်ကောင်းလောက်အောင် ဖြေရှင်းနိုင်မည်ဟု အမြဲတစေ ယုံကြည်ခဲ့သေးသည်။ အကြောင်းပြချက်ကလည်း အလွန်ရိုးရှင်းသည်။
ကျန်းရှို့ကွေးသည် ဖုံးကွယ်၍ ရကောင်းရနိုင်သည်။ သို့သော် သူသည် အရူးမဟုတ်ချေ။ အရှင်သခင်ကို လှည့်စားသော ဖြစ်ရပ်က သေးငယ်သောကိစ္စ မဟုတ်ကြောင်းကို နားလည်ပေလိမ့်မည်။ ထိုကိစ္စကသာ ပေါ်သွားခဲ့သော် ကျန်းရှို့ကွေးသည် အသက်ရှင်နိုင်မည်မဟုတ်ချေ။
1251 03
သူအမှားကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်တယ်။
ဝမ်ချောင်က ခပ်ဟဟရယ်လိုက်သည်။ ထို့နောက် လျှင်မြန်စွာဖြင့် ထွက်ခွာသွားလေသည်။
သို့သော် ဝမ်ချောင်သည်ပင် သူ၏ကျောကို မုန်းတီးစွာကြည့်နေသော အကြည့်များကို သတိမထားမိချေ။ အကြည့်ပိုင်ရှင်က အလွန်အမင်း ပျက်ယွင်းနေသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ အမှန်တိုင်းဆိုရသော် ကိစ္စများအားလုံး၏ နောက်ကွယ်မှလူက ကွန်ဖြူးရှပ်ဝါဒကို ဆွဲကိုင်ထားသူမဟုတ်ဘဲ မဟာထန်၏ အမတ်ချုပ်ကြီး လီလင်းဖူဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျန်းရှို့ကွေး၏ သူ၏နေရာကို တပ်မက်စိတ်က သူကိုယ်တိုင်ထက်ပင် သာလွန်းသည်။
ကျန်းရှို့ကွေးကို ဒီတစ်ကြိမ် ရှောင်ရှားနိုင်အောင် ကူညီပေးလိုက်ခြင်းအားဖြင့် ဝမ်ချောင်သည် မေးခွန်းထုတ်ရန် မလိုလောက်အောင် လီလင်းဖူကို အတိုက်အခံလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ခံစားချက်ကို မည်သူကမဆို သိနိုင်သည်။
“အရှင်အမတ်ချုပ်ကြီး ငါတို့လည်းသွားတော့မယ်”
ရုတ်တရက် သူ၏ဘေးဘက်မှ အသံတစ်သံထွက်လာသည်။ အသံက အရာရှိတစ်ယောက် အပိုင်ဖြစ်သည်။
“ဟား ဟား အရှင်ကျန်း ကျေးဇူးပြုလို့”
လီလင်းဖူက ပြုံးရယ်လိုက်သည်။ သူ၏အမူအရာဟာ လန်းဆန်းတက်ကြွနေပြီး မျက်လုံးထဲမှ မုန်းတီးမှုများက လျှင်မြန်စွာ ပျောက်ကွယ်သွားပြီဖြစ်သည်။
.....
မဟာထန်၏ အင်ပါယာမြို့တော်သည် အမြဲတစေ မြင့်မားထည်ဝါကာ ကျယ်ပြောခမ်းနားနေသေးသည်။
အနီရောင် အင်ပါယာဝတ်စုံကို ဝတ်ဆင်ထားသည့် ဝမ်ချောင်က အင်ပါယာနန်းတော်အတွင်းမှ ထွက်ခွာလာပြီးနောက် အင်ပါယာခုံရုံးတွင် တက်ခဲ့သောတစ်ယောက်နှင့် ခြားနားသော လေထုကို ထုတ်လွှတ်ထားသည်။
“အရှင်”
အင်ပါယာမြို့တော်၏ အပြင်ဘက်တွင် ရွှေငွေများ မွန်းမံခြယ်သထားသော ခမ်းနားကြီးကျယ်သည့် ရထားလုံးအနားတွင် ရပ်နေသည့် ပုံရိပ်တစ်ခုကရှိနေသည်။ ထိုပုံရိပ်က ဝမ်ချောင်ကို မြင်မြင်ချင်း အနားသို့လာသည်။ သို့သော် ပုံမှန်ကျန်းချွယ်အစား သိန်းငှက်အိုကြီးဖြစ်နေသည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ဝမ်ချောင်က သိန်းငှက်အိုကြီးအား မြို့တော်တွင်နေခိုင်းပြီး ဆက်သွယ်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းထားပြီးကတည်းက တစ်ဖက်သူ၏ အရှိန်အဝါက ပို၍ ထက်ရှလာသလို ပို၍လည်း အားအင်ပြည့်ဝလာသည်။ သူသည် သံချေးများ လွတ်ကင်းသွားသော ဆေဘာဓားရှည်တစ်လက်အလား သူ၏အစစ်အမှန် အသွားကို ထုတ်ပြနိုင်လေသည်။
“ဘယ်လိုလဲ”
ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားပြီး သိန်းငှက်အိုကြီးကို ပြောလိုက်သည်။
မြို့ရိုးက သူတို့ကို ခွဲထားသော်လည်း နန်းတွင်းအတွင်းမှ လေထုအခြေအနေက အပြင်ဘက်နှင့် ခြားနားနေသည်။ ဝမ်ချောင်အတွက် နန်းတွင်းဂိတ်မှ လျှောက်ထွက်လိုက်ရုံနှင့် အင်ပါယာခုံရုံး၏ ရေးရာကိစ္စများက အဆုံးသတ်သွားပြီဖြစ်ပြီး အပြင်ဘက်မှ စစ်ခုံရုံးက စတင်ကာစဖြစ်နေသည်။
ဝမ်ချောင်သည် သိန်းငှက်အိုကြီးကိုကြည့်လျှက် ခပ်တင်းတင်းပြောလိုက်သည်။
“အရာအားလုံးက အဆင်သင့်ပဲလား”
သူ၏မျက်နှာက တည်ကြည်နေပြီး အင်ပါယာခုံရုံးတွင် မတွေ့ခဲ့ဖူးသည့် တင်းမာမှုမျိုးပင် ရှိနေသေးသည်။
သူက ခိုရာစန်းမှ ပြန်လာပြီးချိန်ကတည်းက လိုက်ကာနောက်မှ ကြံစည်သူကို ဆွဲထုတ်လိုခဲ့သည်။ ယခုအခါ အမှန်တရားက အလင်းဝင်တော့မည်ဖြစ်သည်။ ထိုလူသည် နောက်ဆုံးတွင် သူ၏ အစစ်အမှန် ရုပ်ရည်ကို သူ့ထံဖော်ပြလာပေလိမ့်မည်။
“အရှင် အရာအားလုံးက အရှင့်ရဲ့အမိန့်အတိုင်း ပြင်ဆင်ထားတာပါ။ ရက်အနည်းငယ်အတွင်း ကျွန်တော်တို့တွေ အစစ်အမှန်သူ့ကို တွေ့ရမှာပါ”
သိန်းငှက်အိုကြီးကပြောသည်။ အမှန်တိုင်းဆိုရသော် သူသည် ထိုလူနှင့် တွေ့ဆုံမည့် အခြေအနေကို ဝမ်ချောင်နည်းတူ စိုးရိမ်နေလေသည်။
သိန်းငှက်အိုကြီး၊ ကျန်းချွယ်နှင့် ဝမ်ချောင်၏ လက်အောက်ငယ်သားများ အားလုံးအတွက် ဝမ်ချောင်၏ အဆင့်အတန်းဟာ လူတိုင်းထက် အပြတ်အသတ်သာသည်။ သူတို့ကိုယ်တိုင်ထက်ပင် သာနေသေး၏။ ထို့ကြောင့် မည်သူပင် ဖြစ်နေစေကာမူ ဝမ်ချောင်နှင့် မဟာထန်ကို ဒီလိုနည်းလမ်းသုံးပြီး ဆက်ဆံရဲခြင်းဟာ ခွင့်လွှတ်၍မရသော ကိစ္စဖြစ်သည်။
“အရမ်းကောင်းတယ်”
ဝမ်ချောင်က လျှင်မြန်စွာဖြင့် ရှေ့သို့တက်လှမ်းသည်။
“ဒါဆိုရင် ငါတို့ ရက်အနည်းငယ်လောက် စောင့်ကြတာပေါ့”
ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်ဟာ ရထားလုံးထဲသို့ ဝင်ရောက်သည်။
“ဟိုက်ရား”
သိန်းငှက်အိုကြီးကလည်း မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ကြာပွတ်ကို တစ်ချက် ရိုက်လိုက်လေပြီး ရထားလုံးက မြို့၏အရှေ့ပိုင်းသို့ လျှင်မြန်စွာ ထွက်ခွာသွားသည်။
1251 04
ဖလပ် ဖလပ်
ဝမ်ချောင်၏ ရထားလုံးက မြို့၏အရှေ့ပိုင်းသို့ ထွက်ခွာသွားချိန်တွင် အကောင်သေးသော စွန်ရဲလေး တစ်ကောင်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့် အရှေ့မြောက်ပိုင်းသို့ ထွက်ခွာသွားသည်။
“အရှင် ကြည့်ပါဦး”
ရက်အနည်းငယ်ခန့် ကြာပြီးနောက် အရှေ့မြောက် ရိုကျိုးတွင် အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က ကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားပြီး စာလွှာကို တည်ကြည်စွာဖြင့် ကမ်းလှမ်းသည်။ ကျန်းရှို့ကွေးက စာကိုယူလိုက်ပြီး တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ သူ၏ကိုယ်တွင် ချွေးစေးများပင် ထွက်လာသေးသည်။
သူသည် ဒီစစ်တပ်ထဲတွင် ရာစုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျန်းရှို့ကွေးအနေဖြင့် တိုက်ပွဲ ရာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးသလို အမျိုးမျိုးသော သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် ကပ်ဘေးပေါင်းများစွာကို ကျော်ဖြတ်ခဲ့သည်။ သို့သော် မည်သည့်အရာကမျှ ယခုလို စာလွှာပါးပေါ်တွင် ဖော်ပြထားသည့် မတာ်တဆမှုလောက် အန္တရာယ်ပေးနိုင်စွမ်းအား မရှိချေ။ ထိုအခိုက်အတန့်တွင် ကျန်းရှို့ကွေးအနေဖြင့် သူသည် သေဘေးမှ ကပ်သီးလေး လွတ်မြောက်လာခဲ့သလို ခံစားလိုက်ရသည်။ သူသည် ငရဲဂိတ်မှ ကျော်ဖြတ်လာခဲ့ခြင်းဟု သိလိုက်၏။
ဝမ်ချောင်၏ အကြံကြောင့်သာ မဟုတ်လျှင် ခုံရုံးရှိ ပြည်နယ်ရေးရာ အရာရှိများက သူ့ကို စွပ်စွဲအကဲဖြတ်ကာ ဆွဲချသွားပြီး သူ၏ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက် အားထုတ်မှုပေါင်းများစွာကို အလဟသ ဖြစ်သွားစေလောက်သည်။
“ဘယ်လိုကြောင့် ဒီလိုဖြစ်လာတာလဲ”
ကျန်းရှို့ကွေးက ခပ်တိုးတိုးရေရွတ်ပြီး မြို့တော်မှလူငယ်ကို ပြန်တွေးမိသွားသည်။
ဒီတစ်ကြိမ်တွင်မူ ဝမ်ချောင်ဟာ သူ၏အသက်ကို အမှန်တကယ် ကယ်လိုက်သည်။
“စုံစမ်းစမ်း ငါဒီစာနဲ့ပတ်သတ်တဲ့ အကြောင်းအရာ အကုန်လုံးကို စုံစမ်းစေချင်တယ်။ လျိုရှန်းတုံးနဲ့ ပတ်သတ်တဲ့ကိစ္စကို ဘယ်အကောင်က ပေါက်ကြားစေလိုက်တာလဲ”
ကျန်းရှို့ကွေးက စာကိုလုံးချေပြီး လွင့်ပစ်လိုက်သည်။ သူဟာ ဒေါသထွက်သွား၏။
မြို့တော်မှ ထိုကိစ္စသည် သူ့အားအလွန် အံ့ဩစေခဲ့သည်။ သို့သော် သူ့ကိုမူ အအံ့ဩစေဆုံး ကိစ္စကမူ ရိုကျိုးမှ တစ်စုံတစ်ယောက်က သူ့ကို သစ္စာဖောက်ရဲသည်။ ထို့ပြင် သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားမှ တစ်ယောက် ဖြစ်နေသေးသည်။
“ဟုတ်ကဲ့အရှင်”
ထိုဗိုလ်ချုပ်က လျှင်မြန်စွာဖြင့် ထွက်ခွာသွားသည်။ ကျန်းရှို့ကွေး၏ အမိန့်နှင့်အတူ ရိုကျိုး၏နယ်မြေက အမြစ်လှန်ခံရသည်။
.....
“မျိုးမစစ်ကောင်”
တစ်ချိန်ထဲတွင်ပင် အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်နှင့် ဆယ်လီခန့်ဝေးကွာသော နေရာတွင်ရှိသည့် တောင်တန်းမြင့်တစ်ခုပေါ်တွင် ပုံရိပ်အချို့ရပ်နေသည်။ သူတို့၏ ခေါင်းဆောင်ကမူ ခပ်ဝဝနှင့်ဖြစ်သည်။ သူ၏လက်မှ မြင်းဇာတ်ကြိုးကိုကိုင်ထားသော လက်ကလည်း ဖောင်းတင်းနေပြီး လက်မသွေးကြောများက တင်းတင်းဆုပ်ထားသော လက်ကြောင့် ထောင်တက်နေလေသည်။
+++++
1252 01
အခန်း(၁၂၅၂)
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ငါအန်းရာလော့ရှန်းက မင်းနဲ့ တူညီတဲ့လောကကို ဝေမျှနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ရက်မှာတော့ ငါမင်းရဲ့ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲပြီး မင်းရဲ့ အကြွင်းအကျန်တွေကို အာရှီနာရဲ့ ဝိညာဉ်ရှိရာ ကောင်းကင်ဘုံကို ဆက်သရမယ်”
ဦးဆောင်လာသော ဟူက ဒေါသအပြည့်ဖြင့် ပေါက်ကွဲသွားသည်။ သူသည် ဝမ်ချောင်က မြို့တော်တွင် လိုက်ဖမ်းခဲ့သောလူကို သူက သတ်ဖြတ်ခဲ့သည့် အာရှီနာစူကန်း၏ သွေးသောက်ညီငယ်ဖြစ်သည့် အန်းရာလော့ရှန်းဖြစ်သည်။ အနီးအနားတွင် စုစည်းနေသောလူများကလည်း အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ အမျိုးမျိုးသော ဗိုလ်ချုပ်များ ဖြစ်နေသေးသည်။
ထိုဗိုလ်ချုပ်များက ဟူများအတွက် သစ္စာဖောက်ခဲ့ကြသည်။ တစ်ယောက်ချင်းစီတိုင်းက စွမ်းအားအပြည့် ပိုင်ဆိုင်ထားလေပြီး မည်သူကမှ အင်ပါယာသိုင်းနယ်မြေအဆင့်အောက် မနိမ့်ကျကြချေ။ ပို၍ဆိုးသည်မှာ ထိုလူများသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တောက်လောင်နေလေပြီး သွေးပင်လယ်ကို ကျော်ဖြတ်လျှက် အလောင်းတောင်ပုံကြားမှ ထွက်ပေါ်လာခဲ့သော လူများဖြစ်ကြောင်း ဖော်ပြနေလေသည်။ ထိုအချက်ကတစ်ဆင့် ထိုလူများအားလုံးသည် အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်တွင် အဆင့်အတန်းမြင့်ကြောင့် ဖော်ပြနေသည်။
ဒီနေရာတွင် စုစည်းနေသော လူများအားလုံးက အန်းရာလော့ရှန်းဖြစ်ပြီး သူ၏အမိန့်ကို နာခံကြသည်။
“အန်းရာလော့ရှန်း အခုက မင်းဒေါသထွက်ရမဲ့အချိန်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က ဒီလို အခြေအနေမျိုးမှာ နေ့လယ်ခင်းနေမင်းလိုဖြစ်နေတာ။ ကွန်ဖြူးရှပ်ဝါဒကို ဆွဲကိုင်ထားတဲ့ လူတွေတောင်မှ သူ့ကိုဘာမှ မလုပ်နိုင်ဘူး။ ငါတို့အစကတော့ ဒီလူတွေကိုသုံးပြီး အဲ့ဒီလူကို ကိုင်တွယ်ချင်ခဲ့တယ်။ ဒါပေမဲ့ သူက ငါတို့ရဲ့အကြံအစည်ကို ဖျက်ဆီးလိုက်ပြီ။ ဒီတိုင်းဆက်ဖြစ်နေရင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အင်ပါယာခုံရုံးမှာ ဆက်ရှိနေရုံနဲ့ ငါတို့ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး”
တောင်တန်းကို ကျော်လွန်သည့် အသံတစ်သံက ထွက်လာသည်။ ထိုအသံနှင့်အတူ ငွေရောင်စစ်ဖိနပ် တစ်ဖက်က ရှေ့သို့ထွက်လာသည်။ မျက်တောင်တစ်ခတ် အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော သွင်ပြင်နှင့် ဟူတစ်ယောက်က အန်းရာလော့ရှန်း၏ရှေ့သို့ ရောက်လာသည်။ သူက ပြထားသော စွမ်းအင်များမှတစ်ဆင့် သူသည် အနည်းဆုံး သူတော်စင်သိုင်းနယ်မြေ အဆင့်ဖြစ်ကြောင်း ဖော်ပြနေသည်။
“အမှန်ပဲ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က ထန်တွေကြားမှာ ပေါ်ထွက်လာတာ။ ငါတို့အတွက် ကောင်းကျိုးကိုမရှိဘူး။ သူက အနာဂတ်မှာ ငါတို့ရဲ့ရန်သူကြီး ဖြစ်လာမယ်လို့ ဖော်ပြနေတယ်”
ထိုအခိုက်အတန့်တွင် နောက်ထပ် ဟူဗိုလ်ချုပ်ကြီးတစ်ယောက်က ရှေ့ထွက်လာပြန်သည်။ သူ၏ အရှိန်အဝါက ယခင်တစ်ယောက်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။
လေပြင်းက ဝရုန်းသုန်းကားဖြစ်သွားသည်။ အန်းရာလော့ရှန်းကို ဗဟိုပြုပြီး ရပ်နေကြသော လူတိုင်းက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်နေလျှက် သူ့ကိုစိုက်ကြည့်နေကြသည်။
‘ကောင်းကင်ဘုံမှာတော့ ကုန်ချန်းကြယ်စင်ဖြစ်သလို မြေကမ္ဘာပေါ်မှာတော့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ပေါ့’ ထိုစကားသည် ယခုအခါ ဗဟိုပြင်ကျယ်ကလူတိုင်း လက်ကိုင်ထားသော အရာမျိုး ဖြစ်လာသည်။ ထိုကုန်ချန်းသည် ကြယ်စင်များအားလုံး၏ အရှင်သခင်ဖြစ်သည်။ ဧကရာဇ်ကြယ်စင် ကျင့်ဝတ်၏ အစွန်းနားတွင် တည်ရှိနေပြီး ထိုကြယ်စင်ကို ထောက်ပံ့ပေးနေခဲ့ခြင်းဖြစ်သည်။ သူသည် စစ်ပွဲများနှင့် သတ်ဖြတ်မှုကို ကိုယ်စားပြုလေ၏။ ဗဟိုပြင်ကျယ်တွင် ဝမ်ချောင်၏ ဂုဏ်သတင်းက ခဲ့ရှု့ဟန်၊ အန်းစစ်ရွှန်း၊ တုဝူစစ်လီ၊ အပုမူစလင်နှင့် အခြားသော မဟာဗိုလ်ချုပ်ကြီးတိုင်းကို ကျော်လွန်နေပြီးလေပြီ။
ဝမ်ချောင်က အာရပ်စစ်နတ်ဘုရား ချွီထေပါးကို သတ်ဖြတ်ခဲ့ပြီးနောက် ဝမ်ချောင်သည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှာ ပထမဦးဆုံးသော စစ်နတ်ဘုရားဆိုသည့် လူအများ၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သည်။ သူ၏အဆင့်အတန်းက အခြားသော မဟာဗိုလ်ချုပ်ကြီးတိုင်း၏ အထက်တွင်ဖြစ်သည်။
ထိုဟူဗိုလ်ချုပ်များ အားလုံးကလည်း တစ်ဖက်သူဟာ သူတို့ထက်သာကြောင်း ဝန်မခံလိုသည့်တိုင်အောင် စစ်မှတ်တမ်းအရချင်းယှဉ်သော် သူ၏ အနောက်တောင်ပိုင်း၊ တာလာ့နှင့် ခိုရာစန်းတွင် တပ်ဆွဲခဲ့သည့် ကာလများနှင့်ယှဉ်သော် ဝမ်ချောင်သည် ရန်သူတစ်သန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာလည်း မှန်ကန်သည်။ ထိုနာမည်က ယှဉ်လိုက်သော် လောကရှိ လူအနည်းငယ်လောက်ကသာ သူ့ကို ယှဉ်နိုင်တော့သည်။
သူတို့ကိုယ်တိုင်ကပင် လက်မခံချင်သော်လည်း အသိအမှတ်ပြုရလေသည်။
1252 02
“အခုက ဒီအကြောင်းတွေပြောရမဲ့အချိန် မဟုတ်ဘူး”
အန်းရာလော့ရှန်းက ခိုင်မြဲစွာ ကျုံးဝါးလိုက်သည်။ သူ၏သွေးရောင်လွှမ်းနေသော မျက်လုံးများက ညာဘက်ခြမ်းရှိ လူပုံရိပ်နှစ်ခုကို ခပ်မြန်မြန် လှည့်ကြည့်လိုက်သည်။
“ကျောင်းခမ်း၊ ပိုင်ကျန်းထုံလော့ မင်းတို့တွေ ရိုကျိုးမှာ ဆက်နေလို့မရတော့ဘူး။ ငါတို့ရဲ့အကြံက ကျရှုံးသွားပြီဆိုတော့ အဲ့ဒီလူက သူ့ရဲ့လူတွေကို ခပ်မြန်မြန် လွှတ်လိုက်လိမ့်မယ်။ ငါရှီနဲ့ခစ်ထန်တွေကို ကိုင်တွယ်ပြီးပြီ။ ဒီတော့ မင်းတို့နှစ်ကောင် ချက်ချင်းထွက်ပြေးကြတော့”
အရာအားလုံးက တိတ်ဆိတ်သွားပြီး လူတိုင်းက ပုံရိပ်နှစ်ခုကို လှည့်ကြည့်ကြသည်။
အဖြူရောင်ဝတ်ဆင်ထားသော တစ်ယောက်က သူ၏ဆံပင်၊ မုတ်ဆိတ်မွှေးနှင့် မျက်လုံးများကအစ အဖြူဖြစ်သည်။ သူသည် ဟူများအကြားတွင် အလွန်အမင်း ကွဲထွက်နေသည့် ရှားပါးသည့် တစ်စုံတစ်ယောက်ဖြစ်သည်။ အခြားသော တစ်ယောက်ကမူ ဟန်တစ်ယောက်နှင့်တူသော နာမည်မျိုးကို ပိုင်ဆိုင်ထားသည်။ ရုပ်ရည်သွင်ပြင်ကလည်း ဟန်နှင့်တူသည်။ သို့သော် ဂရုစိုက် ကြည့်လိုက်မည်ဆိုလျှင် သူ၏မျက်နှာပေါ်တွင် ဟူများ၏ လက္ခဏာသွင်ပြင်များကို မြင်ရပေလိမ့်မည်။ သူသည် ဟူဟန်သွေးနှောဖြစ်သည်။
ထိုနှစ်ယောက်သည် ကျန်းရှို့ကွေး၏ လက်အောက်ရှိ စစ်တပ်ထဲတွင် ရာထူးမြင့်သော ပုဂ္ဂိုလ်ကြီးများဖြစ်သည်။ မည်သူကမှလည်း သူတို့ဟာ သိပ်မကြာခင်ကတည်းက ကျန်းရှို့ကွေး၏ လက်အောက်ငယ်သားဟောင်း ဖင်းလုစစ်တပ်မှ ဗိုလ်ချုပ်ကြီး ဝူကျင့်ရီကို နှိမ်နှင်းခိုင်းပြီး ရှီနှင့်ခစ်ထန်ကို တိုက်ခိုက်ခဲ့သည့် အမိန့်အောက်တွင် သစ္စာဖောက်သွားလိမ့်မည်ဟု မထင်ထားမိချေ။ တစ်ချိန်ထဲတွင်ပင် သူတို့သည် ရှီ၊ ခစ်ထန်နှင့် အရှေ့ပိုင်း တူရကီများထံသို့ပင် စစ်တပ်က ဝင်ရောက်လာမည့် လမ်းကြောင်းကို ပေါက်ကြားစေခဲ့သေးသည်။ ထိုအတွက်ကြောင့် ယခုလို အကြီးကြီး ရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။
“နားလည်ပါပြီ”
ထိုနှစ်ယောက်က ခေါင်းညိမ့်လိုက်ပြီး တစ်ပြိုင်တည်း ပြန်ဖြေကြသည်။
ဟွမ်မြစ်ကမ်းနဘေးက အရှုံးပင်ဖြစ်စေ ကျန်းရှို့ကွေးကို အင်ပါယာခုံရုံးတွင် ကိုင်တွယ်ရန် ကြံစည်ထားခဲ့သည့် အရှုံးတွင်ဖြစ်စေ တစ်စုံတစ်ယောက်ကတော့ဖြင့် ကျန်းရှို့ကွေး၏ အကြံအစည်များအတွက် အပြစ်တင်ခံရပြီး မောင်းထုတ်ခံရသင့်သည်။ မည်သည့် သာမာန်စစ်သည်တော်ကမှ ထိုသို့မလုပ်နိုင်ကြောင်းကိုလည်း လူတိုင်းက သိနေကြသည်။
ကျောင်းခမ်းနှင့် ပိုင်ကျန်းထုံလော့တို့က သူတို့၏မြင်းများပေါ်သို့ ခပ်မြန်မြန်တက်ပြီး အဝေးသို့ ထွက်ပြေးသွားသည်။ သူတို့ကထွက်သွားပြီး သိပ်မကြာခင် မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားသည်။ ရိုကျိုးမြင်းတပ် အဖွဲ့ဝင်များကလည်း တောင်တန်းရှိရာဘက်သို့ စီးနင်းလာကြသည်။
.....
လေးလမြောက်၏ ရှစ်ရက်နေ့တွင် ဗုဒ္ဓ၏ မွေးနေ့ဖြစ်သလို ကောင်းမွန်ပြီး ရာသီဥတုသာယာသော နေ့တစ်ရက်လည်းဖြစ်သည်။
စွေ့နေ့ရက်များ၏ အဆုံးသတ်၊ ထန်၏ ပထမဦးဆုံးသော နေ့ရက်များတွင် ဧကရာဇ်ထိုက်ကျုံးက မင်းသားတစ်ပါးသာ ဖြစ်သေးသည်။ သူသည် နာမည်ကျော်ကြားခြင်းပင် မရှိချေ။ သူ့တွင် သူ့ကို ကာကွယ်ပေးနေသည့် အကြီးတန်း ဗုဒ္ဓဘုန်းတော်ကြီး (၁၈)ပါးရှိသည်။ သူ၏ နေ့ရက် အစောပိုင်းတွင်လည်း ထိုလူများက သူ့အား အမျိုးမျိုးသော ကပ်ဘေးများထံမှ ကာကွယ်ပေးနိုင်ခဲ့သည်။ အဆုံးသတ်တွင် သူ့ကို ထီးနန်းဆက်ခံနိုင်အောင် ကူညီပေးနိုင်ခဲ့သည်။ သူဟာ ပုလ္လင်ကို ဆက်ခံပြီးနောက် ဧကရာဇ်ထိုက်ကျုံးကလည်း ထိုသူများ၏ ကြင်နာမှုကို အမှတ်ရသောအားဖြင့် မဟာထန်အနှံ့ ဗုဒ္ဓကျောင်းတော်များ ဖွင့်လှစ်ရန် ကူညီပေးခြင်းဖြင့် ပြန်လည်ပေးဆပ်ခဲ့သည်။
ထိုအကြောင်းပြချက်ကြောင့် ဆင်းတူမှ အာပလိုနိုတန်နှင့် အာလိုဂျာတို့သည် အလားတူသော ဘာသာစကားကို မပြောနိုင်သည့်တိုင်အောင် မြို့တော်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်။ ဗိုက်ဟောင်းလောင်းဖြစ်မည့် အခြေအနေကိုလည်း စိုးရိမ်ရန် မလိုအပ်ခဲ့ချေ။
လက်ရှိအခြေအနေတွင် ဗုဒ္ဓ၏ မွေးနေ့တော်က လူအများအကြား အကျော်ကြားဆုံးဖြစ်နေသည်။ ထိုနေ့ရက်တွင် လူအမြောက်အများက သူတို့၏ အနီးအနားတွင်ရှိသော ဗုဒ္ဓဂူဘုရားကျောင်းများ သို့မဟုတ် ကျောင်းတော်များထံသို့သွားကာ ရေချိုးသန့်စင်ပြုခြင်း ပန်းများဆပ်ကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို လမ်းများအနှံ့ထမ်းကာ လှည့်လည်ပူဇော်ခြင်းတို့ကို ပြုလုပ်ကြသည်။ ညပိုင်းတွင်မူ စည်ကားသော မီးအိမ်ပွဲများ၊ ပန်းပွဲတော်များကို ကျင်းပပေလိမ့်မည်။ ချစ်ကြိုက်နေကြသော စုံတွဲများဆိုလျှင်လည်း မြစ်ကမ်းအပေါ်ခြမ်းတွင် ဆုတောင်းမှုများပြုပြီး ကြာမီးအိမ်များကို မြေတောက်လျှောက် လွှတ်လျှက် အောက်ဘက်ခြမ်းသို့ စီးသွားစေနိုင်သည်။ ပညာသင်သားများ၊ စာပေလေ့လာသူများနှင့် သင်ယူလေ့လာရခြင်းအား ပျော်မွေ့သော အမျိုးသားများဆိုလျှင် ထိုပွဲမျိုးကိုသုံးပြီး သူတို့၏ ထက်မြက်မှုကို ဖော်ပြကြသည်။ စားသောက်ဆိုင်များ၊ လက်ဖက်ရည်စံအိမ်များတွင် စုစည်းလျှက် ကဗျာများ သီစပ်ကြသေးသည်။
“သိန်းငှက်အိုကြီး၊ ကျန်းချွယ် ဒီနေ့က ဗုဒ္ဓရဲ့မွေးနေ့တော်ပဲ။ ငါတို့လည်း လမ်းပတ်လျှောက်ရအောင်”
မနက်ခင်းအစောပိုင်းတွင် ဝမ်ချောင်က စာကြည့်ဆောင်အတွင်းမှ ထွက်လာသည်။ သူ၏တစ်ကိုယ်လုံးကို သပ်သပ်ရပ်ရပ် ဖီးတင်ထားသလို အရပ်သားဝတ်စုံကိုလည်း လဲထားသည်။
1252 03
ဒီနေ့တွင် ဝမ်ချောင်သည် အနီရောင် အင်ပါယာဝတ်စုံကို မဝတ်ထားသလို စစ်သည်တော်၏ သံချပ်ကာကိုလည်း မဝတ်ထားပါချေ။ ထိုအစား သူသည် မိုးပြာရောင် အဝတ်ကိုသာ ဝတ်ဆင်ထားသည်။ သူ၏အနက်ရောင် ဆံပင်ကလည်း ဘေးတစ်ဖက်တစ်ချက်စီတွင် ဆင်းကျနေလေပြီး အလယ်တွင်မူ ခေါင်းစည်းတစ်ခုတည်းဖြင့် ထုံးချည်ထားသည်။ သူ၏ပုံစံက လွတ်လပ်ပေါ့ပါးကာ သဘာဝဆန်နေပြီး ပုံမှန် သူ၏ကိုယ်တွင် မြင်တွေ့ရလေ့မရှိသည့် ပညာသင်သားတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဝမ်ကလန်သည် အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နှက်နေပြီး ပြည်တွင်းရေးရာကိစ္စများ၊ သိုင်းပညာတွင် ကျွမ်းကျင်သောသူများသာ ပြည့်နှက်နေသည်။ မြင်းပေါ်တွင်ထိုင်လိုက်ရုံနှင့် သူတို့သည် ပင်လယ်ကြီးလေးခုလုံးကို ထိုးဖောက်နိုင်သလို မြင်းပေါ်မှဆင်းလိုက်ချိန်တွင်လည်း လောကတစ်ခုလုံးကို စီမံအုပ်ချုပ်နိုင်သေးသည်။
ဝမ်ကလန်မှ ဆက်ခံသူတစ်ယောက်ဖြစ်သည့် ဝမ်ချောင်သည် သူ၏အဖိုး မြို့စားကျို့နှင့် တူညီသော အရှိန်အဝါကို သယ်ဆောင်ထားလေသည်။
ထိုဝတ်စုံနှင့် ဝမ်ချောင်ဟာ ကျော့ရှင်းကြည့်ကောင်းပြီး သပ်ရပ်ရှင်းလင်းနေသည်မှာ ထန်းပင်တစ်ပင်လို၊ ဝါးပင်တစ်ပင်လို ထင်ရသည်။ သူ့ကိုမြင်သော အစေခံမိန်းကလေးတိုင်းက ရှက်ရွံ့စွာဖြင့် ခိုးကြည့်ကြရသည်။
“အရှင် ရထားလုံးက အဆင်သင့်ပါပဲ”
ရွှီခဲ့ယွီက ဝမ်ချောင်ထွက်လာကြောင်း မြင်သောအခါ ရှေ့သို့တက်လှမ်းလျှက် ခေါင်းကိုငုံ့လိုက်သည်။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး အဓိကဂိတ်ထံသို့ ခပ်အေးအေးသွားသည်။ ရထားလုံးဟာ သူ့ကို ထိုနေရာတွင် တိတ်တဆိတ် စောင့်နေသည်။ သူဟာ လိုက်ကာကိုမြှောက်လိုက်သောအခါ အဖြူရောင်ဝတ်စုံကို ဝတ်ထားသည့် အပြုံးမျက်နှာနှင့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက ရထားလုံးထဲတွင်ထိုင်လျှက် သူ့ကိုစောင့်နေသည်မှာ ကြာလောက်ချေပြီ။ ဝမ်ချောင်က အရပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ပညာသင်သားတစ်ယောက်လို ပုံမှန်မဟုတ်သည့် အရှိန်အဝါမျိုး ထုတ်လွှတ်နေကြောင်း မြင်သောအခါ ထိုအလှလေးကပင် အနည်းငယ် အံ့အားသင့်သွားသည်။
“ချီချင် မင်းလည်းလာတာလား”
ပထမဦးဆုံး စပြောသူက ဝမ်ချောင်ဖြစ်သည်။ သူသည် ရွှီချီချင်ထံမှ နတ်သမီးကဲ့သို့သော ပုံစံမျိုးကို မြင်လိုက်သည့်အခါ ဝမ်ချောင်သည်ပင် အံ့ဩသွားမိသည်။ မြို့တော်သို့ ပြန်ရောက်လာပြီးနောက် သူမသည်လည်း ဝန်ထုတ်ဝန်ပိုးအချို့ကို လွှတ်ချနိုင်ခဲ့သောကြောင့် ဖြစ်လောက်သည်။ သို့မဟုတ်လျှင်လည်း ကောင်းကောင်း ပြုစုစောင့်ရှောက်ခံရသောကြောင့် ဖြစ်လောက်သည်။ ရွှီချီချင်ဟာ အသားအရောင် အများကြီးကောင်းလာသည်။
ရွှီချီချင်က နွေးထွေးစွာပြုံးပြီး ခေါင်းညိမ့်သည်။
“ဒီလောက်အကြာကြီး စောင့်ပြီးတဲ့နောက်မှာ ငါလည်းလိုက်ကြည့်ချင်တယ်လေ။ ဘာလဲ ငါ့ကို မကြိုဆိုဘူးလား”
“ငါသိပါတယ် ငါမင်းကို ဘယ်တော့မှ မငြင်းနိုင်ဘူး”
ဝမ်ချောင်ကပြုံးလိုက်ပြီး ရွှီချီချင်၏ဘေးနားတွင် ဝင်ထိုင်သည်။
ရထားလုံးဟာ စတင်ထွက်ခွာပြီး မြို့၏အရှေ့ဘက်ခြမ်းသို့ ဦးတည်လေသည်။
လမ်းများကို ကျော်ဖြတ်နေသည်နှင့်အမျှ မြို့တော်ကြီးဟာ ပုံမှန်နှင့် ခြားနားနေပြီဖြစ်ကြောင်း မည်သူကမဆို ပြောနိုင်ပေလိမ့်မည်။ လမ်းများတွင် လူများပြည့်နှက်နေသလို မိခင်အများစုက သူတို့၏ ကလေးများကိုခေါ်ကာ ပွဲတော်တွင် ဝင်ရောက်ပါဝင်ကြသည်။ မီးပန်းဖောက်သော အသံများကလည်း တစ်မြို့လုံးအနှံ့ ပျံ့နှံ့နေသေး၏။ တစ်ခါတစ်ရံဆိုလျှင် ပညာသင်သားများ၊ စာပေနှံ့စပ် ကျွမ်းကျင်သူများကို သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ စုစည်းလျှက်တွေ့နိုင်သည်။ သူတို့သည် အချင်းချင်း ကဗျာရွတ်ဖတ်လျှက် စမ်းသပ်နေကြသည်။
“ဒီမှာ အတွေ့အကြုံရှိ ဘုန်းတော်ကြီးနှစ်ပါးရှိရင် သူတို့ အရမ်းကို ပျော်ရွှင်ကြမှာပဲ။ ထန်အန်းတလျှောက် တစ်နေကုန်ပတ်ပြီး အဆာပြေမုန့်တွေ ပတ်စားလို့ရတယ်လေ”
ရွှီချီချင်က ပြတင်းပေါက်အပြင်ဘက်မှ အကြည့်လွှဲလျှက် ဝမ်ချောင်ကို ပြန်လည်ပြုံးပြသည်။ သူမ၏ အမူအရာတွင် ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်မှုက ရှိနေသည်။
သူမသည် စီမံမှုရေးရာ ဘုရင်မဟု အခေါ်ခံရသလို ဝမ်ချောင်ကိုလည်း တာလာ့၏တိုက်ပွဲ အတောအတွင်း ရိက္ခာများနှင့်ပတ်သတ်ပြီး ကောင်းကောင်း စီမံခန့်ခွဲလျှက် ထောက်ပံ့ပေးနိုင်ခဲ့သည်။ သူမသည် နောက်တန်းမှ အထောက်အပံ့ ထောက်တိုင်အဖြစ် ခစားခဲ့လေသည်။ သို့ရာတွင် သူမသည် စစ်ပွဲအခြေအနေ မဟုတ်သော ကာလမျိုးတွင် ဒီတိုင်း အခြားသော မိန်းမငယ်လေးများနည်းတူ အပြစ်ကင်းစင်ပြီး သက်ရောက်မခံရသော ဘက်ခြမ်းကို ဖော်ပြသေးသည်။
“မင်းလည်းသူတို့ကိုသိတာလား”
ရွှီချီချင်၏ အပြုံးမျက်နှာက ဝမ်ချောင်အား အနည်းငယ် စိတ်အေးသွားစေသည်။ သူ၏လေသံကပင် ရယ်သံစွက်လာသည်။
“သူတို့က အရှေ့နဲ့အနောက်ကို ခရီးသွားနေကြတာ။ ဒီတော့ ချီရှီကိုလည်း ဖြတ်သွားရသေးတယ်လေ။ ဒီတော့ အဲ့ဒီမှာနေတဲ့အတောအတွင်းမှာ ငါသူတို့နဲ့ နှစ်ကြိမ်လောက် တွေ့ဖူးတယ်။ နောက်ပြီး သူတို့က မြို့တော်က အတွေ့အကြုံတွေကို ဖော်ပြကြတယ်လေ”
ရွှီချီချင်က တခစ်ခစ်ရယ်သည်။
1252 04
ဝမ်ချောင်ကပင် တိတ်တဆိတ် ပြုံးလိုက်သည်။ ရွှီချီချင်သည် အာပလိုနိုတန်နှင့် အာလိုဂျာတို့၏ မြို့တော်သို့ ပထမဦးဆုံး စရောက်ချိန်က အတွေ့အကြုံကို ပြန်လည်ပြောပြနေသည်။ ထိုအချိန်က သူတို့က ဘာသာစကားကို မသိသောကြောင့် ထိုနှစ်ယောက်သည် မြို့တော်တွင် နှစ်ရက်လုံးလုံး စားစရာမရှိဘဲ လျှောက်သွားခဲ့ရသည်။ နောက်ပိုင်းမှသာ ဘေးလူများ၏ အကြံပြုချက်အရ ထိုနှစ်ယောက်သည် သူတို့နှင့်အတူ ပန်းကန်လုံးများသယ်ပြီး တောင်းရမ်းခဲ့ကြသေးသည်။ ထိုသို့ တောင်းရမ်းသောအချိန်တွင် မြို့တော်မှ လူများကလည်း ထိုနှစ်ယောက်သည် ဒီနေရာတွင် နေထိုင်သူများ မဟုတ်သလို မာန်ထရာကို ရွတ်ဖတ်နေကြခြင်းမဟုတ်ဘဲ အဆာတောင်းနေခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။
ဖလပ် ဖလပ်
ထိုပျော်ရွှင်ဖွယ်လေထုက ရုတ်တရက် တောင်ပံခတ်သံတဖြတ်ဖြတ်ကြောင့် နှောက်ယှက်ခံလိုက်ရသည်။ ရထားလုံး၏ အပြင်ဘက်တွင် ရှိနေသော သိန်းငှက်အိုကြီးက ညာဘက်လက်ကိုဆန့်လျှက် စွန်ရဲကိုဖမ်းယူသည်။ ထို့နောက် အရာအားလုံးက တိတ်ဆိတ်သွားသည်။ တခဏခန့်သာ ကြာပြီးနောက် ရွှီခဲ့ယွီ၏အသံက ထွက်လာသည်။
“အရှင် သိန်းငှက်အိုကြီးက သူ့ကို ရှာတွေ့ပြီလို့ပြောပါတယ်”
ရိုးရှင်းသော စကားလုံးများက သိပ်သည်းလွန်းသော မှော်စွမ်းအားများပါပြီး ရထားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
ရွှီချီချင်ကလည်း မှင်သက်သွားသည်။ ထို့နောက် တစ်စုံတစ်ရာကို နားလည်လိုက်သလိုမျိုး ဝမ်ချောင်ကို လှည့်ကြည့်သည်။ ဝမ်ချောင်၏ မျက်နှာအမူအရာကမူ ချုပ်ထိန်းမှုအပြည့်နှင့်ဖြစ်သည်။ သူဟာ မျက်လုံးကို တစ်ဝက်သာဖွင့်ထားသည်။
လေးလမြောက်၏ ရှစ်ရက်နေ့သည် ဗုဒ္ဓ၏ မွေးနေ့တော်ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုအားလပ်ရက်ကို အပြင်ထွက်ပြီး ဆင်နွဲနိုင်လိမ့်မည်မဟုတ်ချေ။ အချိန်အတန်ကြာအောင် နည်းလမ်းအမျိုးမျိုးသုံးပြီး စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဝမ်ချောင်သည် နောက်ဆုံးတွင် အမှန်တရား၏ အချက်အချာနှင့် နီးစပ်လာပြီဖြစ်ပြီး အရာအားလုံးဟာ ပေါ်လုနီးပါးဖြစ်လာသည်။ နောက်ကွယ်မှလူသည် ခုံရုံးမှအရာရှိများကို အမိန့်ပေးနေသောလူ မဟာဆရာ၊ ဘုရင်ချီ၊ လီလင်းဖူနှင့် ပထမမင်းသားတို့ကိုပင် အမိန့်ပေးနိုင်သောသူက သူ၏အရှေ့တွင် ပေါ်လာပြီဖြစ်သည်။
တစ်စက္ကန့်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းသည်ဟု ခံစားရပြီးနောက် ဝမ်ချောင်သည် နောက်ဆုံးတွင် မျက်လုံးကိုပြန်ဖွင့်လိုက်သည်။
“ထွက်ခွာတော့”
++++++
အခန်း(၁၂၅၃)
“ဟိုက်ရား”
ရထားလုံး၏ အပြင်ဘက်တွင် ရွှီခဲ့ယွီသည် တည်ကြည်သော မျက်နှာနှင့် မြင်းဇာတ်ကြိုးကို လှုပ်ခါလိုက်ပြီး ရထားလုံးကို အခြားသော ဦးတည်ရာဘက်တစ်ခုသို့ ကွေ့လိုက်သည်။
မူးယစ်ခြင်းလမင်းကျောင်းဆောင်
ထိုစားသောက်ဆိုင်သည် မြို့တော်တွင် ထင်သလောက် ကျော်ကြားခြင်းမရှိချေ။ အနည်းဆုံး ဝမ်ချောင်၏ ထိုက်ပိုင်ကျောင်းဆောင်ကို မယှဉ်နိုင်သလို ယောင်ကလန်၏ ကျယ်ပြောကြိုးကြာကျောင်းဆောင်ကို မယှဉ်နိုင်ချေ။ သို့သော် အလယ်အလတ်အဆင့် စားသောက်ဆိုင်ဟု ဆိုနိုင်သေးသည်။ သို့ရာတွင် ပုံစံက ရိုးရှင်းပြီး အနုစိတ်ကျကာ သပ်ရပ်ကောင်းမွန်သော သဘာဝကို သယ်ဆောင်ထားသေးသောကြောင့် မြို့တော်မှ ပညာသင်သားအများစု၊ စာပေကျမ်းဂန်ကို လေ့လာလိုက်စားသောသူ အများစုကမူ သွားကြသေးသည်။ ခုံရုံးမှ အရာရှိအချို့ကပင် မကြာခဏဆိုသလို ထိုနေရာတွင် ပွဲများစီစဉ်လျှက်၊ ခွက်ချင်းတိုက်ခြင်း၊ ကဗျာစာပေရွတ်ဖတ်ခြင်း၊ စာပေကျမ်းဂန်နှင့် ဆက်စပ်သည့် ကိစ္စများကို လုပ်ဆောင်လေ့ရှိကြသည်။
ခြိမ်း
ရုတ်တရက် ကျယ်လောင်သော ထိခတ်သံနှင့်အတူ ရွှေငွေများဖြင့် အလှဆင်ထားသည့် ရထားလုံးတစ်စီးက မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ အရှေ့သု့ိရောက်လာသည်။
ခွီး
ရထားလုံး၏တံခါးက ပွင့်သွားသည်။ ဝမ်ချောင်က တည်ငြိမ်စွာဖြင့် ထွက်လိုက်သည်။ သူ၏ဝတ်စုံက ဘေးဘက်တွင် လွင့်သွားသည်။ မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ အရှေ့တွင် တစ်ဝက်ခန့်ကုန်းကာ ဂါရဝပြုထားသော ပုံရိပ်တစ်ခုက ရှိနေသည်။ သူသည် သူတို့အား စောင့်နေခဲ့သည်မှာ အချိန်တစ်ခု ကြာလောက်လေပြီ။
“အတည်ပြုပြီးပြီလား”
ဝမ်ချောင်က သူ၏လက်ကို ကျောဘက်သို့ပို့လျှက် မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ ရွှေရောင်နှင့် အနက်ရောင်ဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကြီးကိုကြည့်လိုက်သည်။
“အရှင် ငါတို့တကယ် သေချာပါတယ်။ ငါကိုယ်တိုင်ကိုယ်ကျ ဒီကိစ္စကို စုံစမ်းခဲ့တာ။ အမှားရှိမှာမဟုတ်ဘူး”
သိန်းငှက်အိုကြီးက လေးစားစွာပြောသည်။
သူသည် မြို့ဂိတ်၏ တွေ့ခဲ့ရသည့် အငယ်တန်း အရာရှိများ၏နောက်သို့ လူလွှတ်စုံစမ်းခိုင်းသည့် လူများက တဖန်ထပ်ပြီး အသတ်ခံခဲ့ရပြီးနောက် သိန်းငှက်အိုကြီးက တဖန်ထပ်ပြီး သင်ခန်းစာရသွားသည်။ ထို့ကြောင့် သတိအများကြီးထားလာသည်။ သူသည် အတော်ဆုံးသောလူများကိုသာ လွှတ်တော့သည်။ မကြာခဏဆိုသလို ကိုယ်တိုင်ကိုယ်ကျ ဝင်ပါတတ်သည်။ ဒီတစ်ကြိမ် ပစ်မှတ်ကမူ အရေးကြီးလွန်းအားကြီးသဖြင့် သိန်းငှက်အိုကြီးက သတိလက်လွတ် မလုပ်ရဲပေ။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး ခပ်မြန်မြန် အကြည့်ပြန်ပြောင်းလိုက်သည်။
မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ အရှေ့တွင် ရထားလုံးအများကြီး ရပ်ထားသည်။ အများစုကမူ ပညာသင်သားများ၊ စာပေကျမ်းဂန် လေ့လာလိုက်စားသူများ စီးလေ့ရှိသည့် ပုံစံမျိုးဖြစ်သည်။
ဒီနေရာသည် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောသူများ အတူစုစည်းပြီး စားသောက်ရသည်ကို သဘောကျသည့်လူများဖြစ်သည်။
ဝမ်ချောင်က ဝင်ပေါက်သို့ လျှောက်သွားလိုက်သည်။ သူက မဝင်နိုင်သေးခင် ကျောင်းဆောင်မှ စားပွဲထိုးက အပြေးလာကြိုသည်။ ထို့နောက် ခေါင်းညွှတ်ကာ ဂါရဝပြုပြီးနောက် တားလေသည်။
“အရှင် အရှင် အား ဒါကတကယ်ကို အရှက်ရစရာပါပဲ။ စားသောက်ဆိုင်က ပြည့်နေပြီ။ သခင်လေး ကျေးဇူးပြုပြီး ပြန်ပေးပါ”
သို့သော် လေကဖြတ်တိုက်သွားချိန်တွင် ဝမ်ချောင်က ထိုစားပွဲထိုးကို အသာကျော်ဖြတ်လျှက် မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ တံစက်မြိတ်အတွင်းသို့ ဝင်ရောက်လိုက်သည်။ စားပွဲထိုးက ကြောင်တောင်တောင်ဖြစ်သွားသည်။ သူက အလျင်စလို တားရန် ကြိုးစားရုံသာရှိသေးသည်။
...
ကလက်
ငွေအိတ်နှစ်အိတ်က ထွက်လာသည်။ ထိုအိတ်နှစ်အိတ်ထဲမှ တစ်အိတ်က ကောင်တာပေါ်သို့ရောက်ပြီး ကျန်တဲ့တစ်အိတ်ကမူ စားပွဲထိုး၏ လက်ထဲသို့ ရောက်လာ၏။ အလင်းက တစ်ချက်လက်သွားပြီးနောက် သိန်းငှက်အိုကြီး၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်က ဝမ်ချောင်နှင့် စားပွဲထိုး၏အကြားတွင် ရပ်လာသည်။
“ငါ့ရဲ့အရှင်က လုပ်စရာကိစ္စရှိတယ်။ သူက မင်းတို့ဆိုင်က ဘယ်ခုံကိုမှမယူသလို မင်းရဲ့စီးပွားရေးကိုလည်း ဝင်မစွက်ဖက်ဘူး။ ထွက်သွားတော့”
သိန်းငှက်အိုကြီးက ထိုသု့ိပြောလိုက်ပြီးနောက် သူ၏လက်ထဲမှ နဂါးတံဆိပ်ပြားကိုပြသည်။
“ဘုရင် ဘုရင်... မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်”
သိန်းငှက်အိုကြီးက တံဆိပ်ပြားကို ခပ်မြန်မြန် ပြန်သိမ်းသွားသော်လည်း စားပွဲထိုး၏ စူးရှသောအမြင်အာရုံကြောင့် ချက်ချင်းလိုလို မှတ်မိလိုက်သည်။ သူ၏မျက်နှာတွင် လေးစားမှုများက ပေါ်ထွက်လာသည်။ ထို့နောက် သူသည်လည်း နောက်ဆုတ်သွားလေသည်။
.....
ဝမ်ချောင်သည် နောက်မှ အရာအားလုံးကို ဘေးဖယ်ထားပြီး သိန်းငှက်အိုကြီးနှင့် လွှဲထားလိုက်သည်။ သူကိုယ်တိုင်ကမူ ဒုတိယထပ်သို့သွားပြီး သစ်သားလှေကားပေါ်သို့ စတက်နေပြီဖြစ်သည်။
ဘန်း
ဝမ်ချောင်က ဒုတိယထပ်သို့ တက်လိုက်သည့်အချိန်တွင် ရုတ်တရက် သူ၏စိတ်အတွင်းသို့ ထူးဆန်းသော ခံစားချက်က ရုတ်ချည်းဝင်ရောက်လာသည်။ ဝမ်ချောင်သည်လည်း ဒီဒုတိယထပ်သည် ပုံရိပ်ပေါင်းများစွာ ပြည့်နှက်နေလောက်သည်။ မရေမတွက်နိုင်အောင် မြောက်များသော အဓိက ကွန်ဖြူးရှပ် ပညာသင်သားများ ပြည့်နှက်နေသည်ဟု ထင်လိုက်၏။ ထိုအရေးပါသည့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများ၊ ငယ်ရွယ်သော ပညာသင်သားများက တက်ကြွမှုအပြည့် သင်ကြားလိုစိတ် အပြည့်ရှိလောက်သည်။ ဒီနေရာတွင် ထိုင်နေရုံနှင့် သူတို့သည် သိပ်သည်းလွန်းသော သင်ယူချင်စိတ်နှင့် ဆောင်းရနံ့များကို ထုတ်လွှတ်နေလောက်သည်။
ရှင်းလင်းစွာပင် သူတု့ိအားလုံးသည် ကွန်ဖြူးရှပ်ကျောင်းတော်မှ နာမည်ကျော်များ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် မြို့တော်ကြီး တစ်မြို့တော်လုံးက ဗုဒ္ဓ၏ မွေးနေ့တော်ကို အောင်ပွဲခံနေပြီး ပျော်ပါးနေသည့်အပြင် ပွဲတော်များ၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ချိန်တွင် မရေမတွက်နိုင်သည့် ပညာသင်သားများကမူ မူးယစ်ခြင်းလမင်းကျောင်းဆောင်တွင် စုစည်းလျှက် အလားတူသော ပွဲတော်ဆန်သည့် လေထုကို ထုတ်လွှတ်ရင်း မွေ့လျော်နေကြသည်။ သို့သော် ဝမ်ချောင်က ဒုတိယထပ်သို့ တက်သွားသည့် အချိန်တွင်မူ ဆူညံသံများကို မကြားရချေ။ အပြင်လောက၏ စည်ကားမှုနှင့် အနှစ်ချုပ်ဆိုရသော် မူးယစ်ခြင်းလမင်းကျောင်းဆောင်က အလွန်တိတ်ဆိတ်ငြိမ်းချမ်းနေသည်။
ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများက မားမတ်စွာ ထိုင်နေကြသည်။ သူတို့၏မျက်လုံးက ဦးတည်ရာဘက် တစ်ခုတည်းသို့သာ ကြည့်နေကြသည်။ ဝမ်ချောင်ပေါ်လာသော အခါတွင်ပင် သူတို့က အနည်းငယ်မျှ မလှုပ်ကြချေ။ သူတို့သည် ဝမ်ချောင်ကို မမြင်သလိုမျိုး ဆက်ရှိနေကြ၏။
“ဟွန်”
ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သူသည်လည်း ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။
တင်
ထိုအခိုက်အတန့်တွင် သူသည် သတ္ထုချင်းထိခတ်သံကို ကြားရသည်။ ဝမ်ချောင်က အသံအရင်းအမြစ်ကို ကြည့်လိုက်သောအခါ ကွန်ဖြူးရှပ်ပညာရှင်များ ကြည့်နေသော ဦးတည်ရာဘက် တစ်ခုတည်းသို့ ရောက်သွား၏။ ဒုတိယထပ်အလယ်တွင် ရှင်းလင်းနေသော မြေကွက်လပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုနေရာတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်က ကခုန်နေသည်။ သူ၏ဓားကဟန်က မြန်ဆန်ရာမှ နှေးကွေးသွားသည်။ နှေးကွေးရာမှ ပြန်လည်မြန်ဆန်သွားသည်။ သူသည် ပေါ့ပါးစွာ ကြမ်းတမ်းစွာ လှုပ်ရှားနေခဲ့ပြီး ကျော့ရှင်းကြည့်ကောင်းလျှက် တည်ငြိမ်မှုအပြည့် ရှိနေသည်။ သူ၏ဓားအရှိန်အဝါက မြင့်မြတ်ကာတည်ကြည်သည်။ ထို့ပြင် မျှော်လင့်ချက်၊ ယုံကြည်ချက်များကလည်း ပြည့်နှက်နေသေး၏။
ဝမ်ချောင်က မြို့တော်တွင် ဆယ်နှစ်ကျော်ခန့် နေခဲ့ဖူးသည်။ သို့သော် မြို့တော်အတွင်းမှ လူမှုအသိုင်းအဝိုင်း အကြောင်းကိုမူ အနည်းငယ်တော့ဖြင့် သိထားပြီးသားဖြစ်သည်။ သို့သော် ထိုဓားအကအကြောင်း မသိချေ။
ကျင့်ကြံခြင်းအဆင့် ဘယ်လောက်တောင် မြင့်လိုက်သလဲ။
ထိုလူက ဝမ်ချောင်ကို ကျောပေးထားပြီး ဓားကိုကပြနေသည့်တိုင်အောင် ဝမ်ချောင်ကမူ ထိုလူသည် သူ၏အချိန်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို လေထဲတွင် မျောလွင့်နေခဲ့ပြီး သူ၏ခြေဖျားထိပ်က ကြမ်းပြင်နှင့် ဆံချည်တစ်မျှင်စာမျှ ဝေးကွာနေခဲ့ကြောင်း တွေ့လိုက်ရသည်။ သို့သော် ထိုအကွာအဝေးကို ခြားထားခြင်းကပင် အလွန်အမင်း ခက်ခဲသည့် ဖြစ်ရပ်ဖြစ်သည်။ အင်ပါယာသိုင်းပညာရှင်များကပင် ထိုသို့ မလုပ်နိုင်ချေ။ ဖြစ်နိုင်သည်မှာ ဒါသည် သူတော်စင်သိုင်းပညာရှင်တစ်ယောက် လုပ်နိုင်သည့် ကိစ္စမျိုး မဟုတ်ချေ။
ပြောရမည်ဆိုလျှင် ဆံချည်တစ်မျှင်စာ အကွာအဝေးကပင် လီတစ်ထောင် သွားရသည်ထက်ပင် ကျယ်ပြော နက်နဲသေးသည်။
ဝှစ်
ဝမ်ချောင်က စောင့်ကြည့်နေချိန်တွင် ထိုလူက ဒီဘက်သို့လှည့်လာချိန်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်လည်း ထိုလူက မျက်နှာတွင် အဖြူရောင်မျက်နှာဖုံးကို တပ်ထားကြောင်း တွေ့လိုက်ရသည်။ ထိုမျက်နှာဖုံးသည် မည်သည့် မျက်နှာသွင်ပြင်မှ မပါဝင်ချေ။ ပါးစပ်တစ်ပေါက်ပင် မပါချေ။ ဒီတိုင်း အလွန်အမင်း စူးရှသော မျက်လုံးတစ်စုံကို မြင်ရရန်အတွက် အပေါက်နှစ်ပေါက်သာပါသည်။ ထိုအမျိုးသားက ဝမ်ချောင်ကို မြင်လိုက်သောအခါ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုက ပေါ်ထွက်လာသည်။ သို့သော် ထိုလူက ခပ်မြန်မြန်ပင် ဟန်အမူအရာ ပြန်ထိန်းလိုက်ပြီး ဆက်ကသည်။
စိတ်ဝင်စားစရာပဲ။
ဝမ်ချောင်က ထိုလူ၏ မျက်လုံးထဲမှ အံ့အားသင့်သွားသော အားလှိုင်းများကို သတိထားမိလိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် အခြားသော ဦးတည်ရာဘက် တစ်ခုသို့ ကြည့်လိုက်၏။ ဒုတိယတစ်ယောက်ကို အကြမ်းဖျင်း အကဲခတ်ပြီးနောက် နောက်ဆုံးတွင် အသက်(၂၆)နှစ် (၂၇)နှစ်အရွယ်ရှိ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပညာသင်သားတစ်ယောက်ကို တွေ့လိုက်သည်။
အခြားသောသူများနှင့် မတူသည်မှာ သူသည် ထိုနေရာတွင် ထိုင်နေရုံနှင့် ထိုချောမောသော လူငယ်ဟာ ခေါင်းဆောင်သည့် အရှိန်အဝါကို လွှတ်ထုတ်နေသည်။ သူသည် ကြက်များအကြားမှ ကြိုးကြာအလား ဖြစ်နေသည်။
ဝမ်ချောင်က ထိုသူကို ကြည့်လိုက်သောအခါ ထိုလူကလည်း အလားတူပင် ဝမ်ချောင်ကို သတိထားမိသွားသည်။ ဝမ်ချောင်က ရယ်လိုက်ပြီး ထိုလူရှိရာသို့ တဖြောင့်တည်းသွားလျှက် ရှေ့တွင် ဝင်ထိုင်လိုက်သည်။
ဝမ်ချောင်က ထိုချောမောသော ကွန်ဖြူးရှပ် ပညာသင်သားတစ်ယောက်ကို ဂရုစိုက်လေ့လာနေပြီး ရုတ်တရက်ပြောလိုက်သည်။
“ငါတို့နောက်ဆုံးတော့ တွေ့ပြီ”
ထိုအဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူူးရှပ်ဝါဒကို ကျင့်သုံးသောသူက စစ်သိုင်းပညာ အနည်းငယ်သော်မျှ တက်ကျွမ်းခြင်း မရှိသည့်တိုင်အောင် နောက်ကွယ်မှ အရာအားလုံးကို ကြိုးကိုင်နေသူဟု မည်သူကမှ မထင်ထားလောက်ချေ။ သူသည် အရာအားလုံးကို ထိန်းချုပ်နေခဲ့သည်။ မဟာဆရာ ဘုရင်ချီ၊ လီလင်းဖူနှင့် ပထမမင်းသားတို့ကိုပင် အမိန့်ပေးနေခဲ့ပြီး ဝမ်ချောင်ကို ခိုရာစန်းမှ ပြန်ခေါ်စေလျှက် စစ်အာဏာကို ရုတ်သိမ်းခဲ့သူဖြစ်နေသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဖြစ်ထိုက်ပါပေတယ်။ ဒီလောက်မြန်မြန် ငါ့ကိုသိသွားတာပဲ”
ထိုအဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောသူက ဝမ်ချောင်ကို တည်ငြိမ်စွာကြည့်ပြီး အသာပြုံးလိုက်သည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုကိုပင် မမြင်ရချေ။
“ဟား ငါကမင်းကို လီကျွင်းရှန်လို့ခေါ်ရမလား လီကျွင်းရှန်းလို့ခေါ်ရမလား”
သူက သူ၏အကြည့်ကို ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသော အဖြူရောင်ဝတ်စုံဝတ် ပညာသင်သား၏ ဘေးဘက်တွင်ထိုင်နေသော သားမွှေးယပ်တောင်ကို ကိုင်ခတ်နေသည့် ပညာသင်သားကို ပြန်ပြောင်းကြည့်လိုက်သည်။ ထို့နောက် အကြည့်ကို ပြန်ရွှေ့၏။
ထိုသူက ဝမ်ချောင်ကိုယ်တိုင် လိုက်ပါသွားခဲ့ချိန်တွင် မြို့စောင့်တပ်များက စုံစမ်းစစ်ဆေးခဲ့သည့် လီကျွင်းရှန်ဖြစ်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က တကယ်ပဲ အမြင်အာရုံ စူးရှပါပေတယ်။ မင်းငါ့ကို လာရှာမယ်မှန်း ငါသိတယ်။ ဒါပေမဲ့ ငါ့ရဲ့ပြစ်ချက်က ဘယ်နေရာမှာလဲလို့ ပြောပေးနိုင်မလား”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ဝါဒကို ကိုင်ဆွဲသူ ခေါင်းဆောင်အရှိန်အဝါကို ကိုင်ဆွဲသူက ခပ်တိုးတိုးပြောသည်။ သူကထိုသို့ ပြောလိုက်ပြီးနောက် သူ၏ဘေးဘက်စားပွဲပေါ်မှ ဝိုင်ခွက်ကိုကိုင်ပြီး တစ်ငုံသောက်သည်။
“မင်းကစိတ်မရှည်ဖြစ်လွန်းတယ် လောဘလည်းကြီးတယ်။ ကျန်းရှို့ကွေးရဲ့ကိစ္စမှာ ဝင်မပါခဲ့သင့်ဘူး”
ဝမ်ချောင်ကပြောသည်။
သူက မြို့စောင့်တပ်၏ အာဏာကိုသုံးပြီး စုံစမ်းစစ်ဆေးမှု ပြုခဲ့ပြီးသည့်တိုင်အောင် သူလိုချင်သောလူကို မထုတ်နိုင်ခဲ့ချေ။ ဝမ်ချောင်က အယောက်သုံးဆယ်ထဲမှ မည်သူ့ကိုမှ မရခဲ့သော်လည်း လက်ဗလာနှင့် ဖြစ်ခဲ့သည်တော့ မဟုတ်ချေ။ ပြောရလျှင် သူလိုချင်သောလူက ထိုအဖွဲ့ထဲတွင်ရှိကြောင်း သိခဲ့သည်။ အား မြို့စောင့်တပ်များ စုံစမ်းစစ်ဆေးမှုက လူအမြောက်အများကို စစ်ဆေးရခြင်းဖြစ်နေလေရာ ကျန်လူများကို အလန့်တကြားဖြစ်သွားစေခဲ့သဖြင့် သူ၏နောက်ခံကိုဖုံးကွယ်ရန် သူ၏နေရာတွင် အစားထိုးတစ်ယောက်ကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
သာမာန်အခြေအနေမျိုးတွင် သူ၏ရန်သူဟာ စီမံမှုအသစ်များကိုသာ မလုပ်ခဲ့ပါက ဝမ်ချောင်အနေဖြင့် အချိန်အတန်ကြာ ယူပြီးမှသာ ရှာတွေ့ရလောက်သည်။ သို့သော် ဝမ်ချောင်ပြောသလိုမျိုး တစ်ဖက်သူသည် စိတ်မရှည်ဖြစ်လွန်းသည်။ လောဘလည်း ကြီးလွန်းသည်။
ဝမ်ချောင်သည် ထိုကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများက ကျန်းရှို့ကွေး၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်မည်ဖြစ်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်းအထိ သေချာခဲ့သည်။ ထို့ကြောင့် ထိုအခွင့်အရေးကို အရယူပြီး စီမံမှုများ ချခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်သည် သိန်းငှက်အိုကြီးအား ဘုရင်ချီ၊ မဟာဆရာနှင့် လီလင်းဖူအနားမှ လူများကို လွှတ်ထားရန် အမိန့်ပေးထားခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်က လီဟန်နှင့် လီကျင်းကျုံးတို့၏ အာဏာကိုပင်သုံးပြီး ပထမမင်းသား၏အနားတွင် သူလျိုများ ထည့်ခဲ့သေးသည်။
ဝမ်ချောင်က သူ၏ရန်သူက လုပ်ဆောင်မည်ဟု သေချာနေသလိုမျိုး တစ်ဖက်က လှုပ်ရှားလာသည်နှင့် ဝမ်ချောင်ကိုယ်တိုင်လည်း ထိုလူ့ကို ခြေရာခံကောက်နေမည်ဟု သေချာနေခဲ့သည်။ အကြောင်းမူကား ကျန်းရှို့ကွေး၏ အဆင့်အတန်းဟာ မြင့်လွန်းအားကြီးသည်။ မဟာထန်စစ်တပ်ဘက်မှ နံပါတ်နှစ် အင်အားအကြီးဆုံးသော ပုဂ္ဂိုလ်ကို ကိုင်တွယ်ရန်အလို့ငှာ သူ၏ပြိုင်ဘက်သည် လက်အောက်ငယ်သားများကို စေလွှတ်မည်မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ သွားပေလိမ့်မည်။
မဟာထန်၏ ခေါင်းဆောင်များဖြစ်သည့် မဟာဆရာ၊ ဘုရင်ချီတို့ကဲ့သို့ဆိုလျှင် ပို၍သာ ဆိုးသေးသည်။ ဘုရင်ချီသည် မာနကြီးသည်။ သူသည် နိမ့်ကျသော အဆင့်အတန်းရှိသည့် သာမာန်လူများကို လက်ခံတွေ့ဆုံလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများ၊ နောက်ကွယ်မှ အရာအားလုံးကို ကြိုးကိုင်နေသူများကို ကိုင်တွယ်ရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သွားသည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ကပင် ယုံကြည်မှု အပြည့်မရှိခဲ့ချေ။ အကြောင်းမူကား သူ၏ပြိုင်ဘက်ကသာ ငါးစားမဟပ်ခဲ့လျှင် သူ၏အကြံအစည်ဟာ အလဟသ ဖြစ်ရပေတော့မည်။ ကံကောင်းစွာနှင့် ပြိုင်ဘက်က ကိုယ့်ကိုယ်ကို မချုပ်တည်းနိုင်ခဲ့ချေ။
“မျှော်လင့်ထားတဲ့အတိုင်းပဲ ဆိုတော့ ငါတို့က ကျန်းရှို့ကွေးကို စွပ်စွဲတဲ့အချိန်မှာ ငါကပေါ်သွားတာပေါ့ ဟုတ်လား”
အဖြူရောင်ဝတ်စုံနှင့် ပညာသင်သားက တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့စွာနှင့် ပြန်ဖြေသည်။
“ကျေးဇူးပြုလို့”
ထိုအချိန်တွင် ဝမ်ချောင်၏အနားတွင် အသံတစ်သံထွက်လာသည်။ သူက ခေါင်းလှည့်လိုက်သောအခါ လင်းဗန်းတစ်ခုနှင့်အတူ လျှောက်လာသည့် ပညာသင်သားတစ်ယောက်ကို တွေ့ရသည်။
သူဟာ ခါးကိုကိုင်းလိုက်ပြီးနောက် အရင်ဦးဆုံး ခွက်တစ်ခွက်နှင့် တူတစ်ချောင်းကို ဝမ်ချောင်၏အရှေ့တွင် ချသည်။ ထို့နောက် ဝမ်ချောင်၏ခွက်ကိုလည်း ဝိုင်အပြည့် ဖြည့်ပေးသည်။ ထို့နောက် တဖန်ထပ်ပြီး သစ်သားဗန်းထဲမှ အနက်ရောင်ခေါင်းစည်းလေးကို ချလိုက်သည်။
ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်သည်။
“ဒါက”
ပညာသင်သားက မရှင်းပြချေ။ ထိုအစား အရာအားလုံးကိုချပြီး ခပ်မြန်မြန်ထွက်သွားသည်။
ဝမ်ချောင်က စိတ်ရှုပ်ထွေးသလို မျက်မှောင်ကျုံ့သည်။ တခဏခန့်ကြာပြီးနောက် သူသည် အသေးစိတ် အချက်တစ်ခုကို သတိထားမိလိုက်၏။ မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ ဒုတိယထပ်ရှိ ပညာသင်သားများ အားလုံး အထူးသဖြင့် အဖြူရောင်ဝတ်စုံနှင့် ပညာသင်သားအပါအဝင် အားလုံးက မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့်တိုင်အောင် သူတို့၏ခေါင်းတွင် အနက်ရောင် ခေါင်းစဉ်တစ်ခုကို ကပ်ထားကြလေသည်။
++++
1254 01
အခန်း(၁၂၅၄)
“လာ အရှင့်သား ကျေးဇူးပြုလို့”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာသင်က မည်သည့်အချိန်ကမှန်းမသိ သူ၏ဝိုင်ခွက်လေးကိုမြှောက်ပြီး ခွက်ချင်းတိုက်ရန် ကမ်းလှမ်းလာသည်။
“ဟား ဟား အစ်ကိုလီက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ကျေးဇူးပြုလို့”
ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။ သို့သော်သူသည် ခပ်မြန်မြန်ပင် ဟန်အမူအရာကို ပြန်ထိန်းလိုက်ပြီး ထိုလူနှင့် ခွက်ချင်းတိုက်လိုက်သည်။
ဝုန်း
ခွက်နှစ်ခွက်က တိုက်မိသွားသောအခါ စားသောက်ဆိုင်တစ်ခုလုံး၏ လေထုအခြေအနေက ပြောင်းလဲသွားသည်။ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများက အလယ်နေရာကို နေရာယူထားသည့် ဓားအကကို ဖျော်ဖြေနေသော အမျိုးသားကို ကြည့်နေခဲ့ရာမှ ယခုမူ သူတို့အားလုံးက ခွက်တိုက်လိုက်သော နှစ်ယောက်ထံ ပြောင်းကြည့်လာကြသည်။
ကလစ်
ခွက်နှစ်ခွက်က လေထဲတွင် ပွတ်တိုက်မိသွားသောအခါ ခပ်ဆတ်ဆတ်အသံကို ထုတ်လွှတ်လိုက်သည်။ ယခုလိုငြိမ်းချမ်းသော လေထုအတွင်းတွင် ထိုအသံက မိုးခြိမ်းသံလိုမျိုး ကျယ်လောင်သွားသည်။ ထိုအခိုက်အတန့်တွင်...
ဝမ်ချောင်၏မျက်ဝန်းက လေးနက်သွားသလို သူ၏လက်မောင်းထဲမှ အကန့်အသတ်မဲ့သည့် စွမ်းအင်များက ထွက်လာပြီး ခွက်အတွင်းသို့ ဝင်ရောက်လျှက် တစ်ဖက်သို့ထွက်သွားသည်။
ဘန်း
တခဏခန့်ကြာပြီးနောက် သူသည် ထူးဆန်းသော လှုံ့ဆော်မှုကို ခံစားလိုက်ရသည်။ ခွက်ချင်းတိုက်မိသွားသောအခါ ဝမ်ချောင်သည် သူဟာ တောင်တန်းများကို သယ်ဆောင်ပြီး သောက်လိုက်ရသလို ခံစားလိုက်ရ၏။ အဖြူရောင်ဝတ်စုံနှင့် ထိုကွန်ဖြူးရှပ်ပညာရှင်၏ မျက်နှာတွင် ညင်သာသောအပြုံးက ရှိနေပြီး ခန္ဓာကိုယ်ကမူ မယိမ်းယိုင်သွားချေ။ ခွက်ကလည်း လေထဲတွင် ခပ်မြင့်မြင့် မြှောက်ထားသေးသည်။
ခွက်အတွင်းရှိ ဝိုင်များကပင် မလှုပ်သွားပါချေ။
စိတ်ဝင်စားစရာပဲ။
ဝမ်ချောင်က ပြုံးလိုက်သည်။ သူသည် အင်အားပိုထည့်လိုက်၏။ အဆုံးအစမဲ့သော မြစ်လိုစွမ်းအားမျိုးက အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်ထံ တိုးဝင်သွားသည်။ တစ်ချိန်ထဲတွင်ပင် တစ်ဖက်လူထံမှလည်း အလားတူ ပြင်းထန်သော စွမ်းအင်များက ပြန်ထွက်လာသည်။
သူတို့၏မျက်လုံးက အချင်းချင်း စိုက်ကြည့်နေသလို အင်အားကြီးမားသော စွမ်းအင်များက လေထဲတွင် ပွတ်တိုက်သွားသည်။ ဝမ်ချောင်ပင်ဖြစ်စေ၊ အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်ပင်ဖြစ်စေ ခွက်များကို အနည်းငယ်သော်မျှ မလှုပ်ကြချေ။ သူတို့နှစ်ယောက်လုံးက သက်ရောက်မှုတိုင်းနှင့် အားလှိုင်းတိုင်းကို အောင်မြင်စွာနှင့် သိမ်းယူနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် ခွက်အတွင်းရှိ ဝိုင်များကပင် ရေကန်မျက်နှာပြင်အလား တည်ငြိမ်နေခဲ့သည်။
သူတို့သည် အင်အားပိုထည့်လိုက်ကြသည်။ တခဏခန့်ကြာပြီးနောက် ကြမ်းပြင်တစ်ခုလုံးကပင် တသိမ့်သိမ့် တုန်သွားသေးသည်။ အစပိုင်းတွင်မူ သတိမထားမိလောက်ချေ။ သို့သော် တဖြည်းဖြည်း ပြင်းထန်လာသောအခါ ပတ်ဝန်းကျင်ရှိ စားပွဲများ၊ အပေါ်ရှိ စားစရာများကပင် လှုပ်ခါလာသည်။ လှုပ်ခါမှုက ပြင်းထန်လာပြီး အဆုံးသတ်နားတွင် စားသောက်ဆိုင်တစ်ခုလုံးက ငလျှင်လှုပ်သလိုမျိုး တုန်ခါလာသည်။
“အား”
အနီးအနားတွင်ရှိသော ကွန်ဖြူးရှပ်ဝါဒကို လေ့လာလိုက်စားသူများ အားလုံးက ဝမ်ချောင်နှင့် အဖြူရောင်ဝတ်စုံဝတ် ကွန်ဖြူးရှပ်ပညာရှင်တို့ထံမှ ထွက်လာသည့် အားလှိုင်းများကြောင့် အလန့်တကြား ဖြစ်သွားကြပြီး အော်ဟစ်ကြသည်။ သူတို့သည် စတင်ပြီး မတ်တပ်ထရပ်ကြ၏။
ကလင် ကလင် ချွင်
ပန်းကန်များ၊ ခွက်များက နောက်ဆုံးတွင် ဒီအားဒဏ်ကို မခံနိုင်တော့လေဘဲ စားပွဲပေါ်မှ ပြုတ်ကျသွားကြပြီး ဖိတ်ကျကုန်သည်။
ဝုန်း
တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်နှင့် အဖြူရောင်ဝတ်စုံဝတ် ကွန်ဖြူးရှပ်ပညာရှင်တို့ကလည်း သူတို့၏ စွမ်းအားများကို ချုပ်ထိန်းလျှက် ခွက်ကိုပြန်ဆုတ်လိုက်ကြသည်။ တောင်တန်းများကိုပင် လှုပ်ခါသွားစေလောက်အောင် ပြင်းထန်သည့် စွမ်းအင်များက ပြန်လည်ရုတ်သိမ်းခံလိုက်ရပြီဖြစ်သည်။ ထိုနှစ်ယောက်လုံးက အင်အားကြီးမားလွန်းသည်။ သူတို့ကသာ ဆက်လက်ပြီး စမ်းသပ်နေခဲ့သော် စားသောက်ဆိုင်ကြီး တစ်ခုလုံးကိုပင် ထပ်ခြမ်း ခြမ်းနိုင်လောက်သည်။
“အရှင့်သားက အင်အားကြီးလွန်းတာပဲ”
1254 02
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က အရင်ဆုံး ခေါင်းမော့လျှက် ခွက်ကိုကုန်အောင် သောက်လိုက်သည်။ သူသည် ခွက်ကိုပြန်ချလိုက်သည့် အချိန်တွင် သူ၏မျက်နှာက လွတ်လပ်ပေါ့ပါးပြီး ခပ်အေးအေးဖြစ်နေသည်။ သူသည် အသက်ရှုမှားသည့် အခြေအနေမျိုးပင်မရှိချေ။ ရှင်းလင်းစွာပင် သူသည်လည်း အင်အားအပြည့်ကို မထုတ်လောက်သေးချေ။
“အစ်ကိုလီကလည်း ပြောင်မြောက်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတာပါ”
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က သူ၏ခွက်ကို ကုန်အောင်သောက်လိုက်သည်။ ထို့နောက် စားပွဲပေါ်သို့ ပြန်တင်သည်။
သူတို့သည် အချင်းချင်း ချီးကျူးနေကြသည်ဟု ထင်ရသော်လည်း မည်သည့်ဘက်ကမှ အားမသာခဲ့ပါချေ။
ကွန်ဖြူးရှပ်ပညာရှင်တွေကလည်း လေးစားဖွယ်ကောင်းတဲ့ ပညာရှင်တွေ ဖြစ်နေမယ်လို့ မထင်ထားဘူး။
ဝမ်ချောင်က အပေါ်ယံတွင် တည်ငြိမ်နေပုံပေါက်သော်လည်း စိတ်ထဲတွင်မူ မုန်တိုင်းထန်နေပြီဖြစ်သည်။ ဝမ်ချောင်က အသက်(၁၈)နှစ်သာ ရှိသေးသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ဟာ အလွန်ထူးခြားသည်။ ပြောရမည်ဆိုလျှင် သူသည် မဟာဗိုလ်ချုပ်ကြီးများထဲတွင်ပင် လူအနည်းစုလောက်ကသာ သူ့ကို ယှဉ်နိုင်တော့သည်။ ထို့ကြောင့် သူသည် အင်အားကြီးမားလွန်းသော စစ်နတ်ဘုရား ချွီထေပါးကိုပင် သတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်ကိုယ်တိုင်ကလည်း သူနှင့်ကျင့်ကြံခြင်းအဆင့်တူသော တစ်စုံတစ်ယောက် ရှိနေမည်ဟု မမျှော်လင့်ထားဖူးချေ။ ယခုတိုက်ကွက် ဖလှယ်လိုက်ခြင်းက အသေးစား စမ်းသပ်စစ်ဆေးမှုသာ ဖြစ်နေသေးသော်လည်း ဝမ်ချောင်ကိုယ်တိုင်ကမူ ထိုအဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က သူနှင့် ကျင့်ကြံခြင်းအဆင့်တူကြောင်း တစ်ဖက်သူ၏ စိတ်စွမ်းအားကလည်း အလွန်အမင်း နက်နဲကြောင်း သိလိုက်သည်။
ဝမ်ချောင်သည် စိတ်စွမ်းအားနှင့်ပတ်သတ်လျှင် မဟာဆရာသခင်ဖြစ်ပြီး မာစီကိုတောင် သတ်နိုင်ခဲ့သူဖြစ်သည်။ သို့သော် ထိုအဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသောသူကလည်း အလားတူ စိတ်စွမ်းအားကို ကျွမ်းကျင်သူဖြစ်နေသည်။ သူသည် စိတ်စွမ်းအား၏ သဘောသဘာဝကိုပင် အနည်းနှင့်အများ ကြိုးကိုင်နိုင်နေလေပြီး ရိုးရှင်းစွာဖြင့် မကြားဖူးသော ပုံစံမျိုးနှင့် သုံးနိုင်လေသည်။
စားသောက်ဆိုင်အတွင်းရှိ လေထုအခြေအနေက တင်းကြပ်လာသည်။ လူတိုင်းက ဝမ်ချောင်နှင့် အဖြူရောင်ဝတ်စုံဝတ် ကွန်ဖြူးရှပ်ပညာရှင်ကို စိုက်ကြည့်နေကြပြီး ထိုနှစ်ယောက်က ဆက်လက် တိုက်ခိုက်မည့် အခြေအနေကို ကြောက်လန့်နေကြသည်။
“ဟွန်”
အလယ်တွင် ဓားအကကို ဖျော်ဖြေနေသော အဖြူရောင်မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူက ရုတ်တရက် ဓားကိုပြန်သိမ်းလိုက်သည်။
“မင်းတို့အားလုံးထွက်သွားကြတော့”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က ရုတ်တရက်ပြောသည်။ သူက အင်္ကျီလက်ကို တစ်ချက်ခါလိုက်၏။
“ဟုတ်ကဲ့”
လူတိုင်းက တညီတညာတည်း ဖြေကြသည်။ ထို့နောက် တစ်ဝက်ကျော်ကျော်ခန့်က ထွက်သွားကြပြီး အနည်းငယ်ကသာ ကျန်ရစ်ခဲ့သည်။ ထိုလူများကလည်း စားသောက်ဆိုင်အနှံ့ တကွဲတပြားစီ ထိုင်ကြသည်။ အချို့သောသူများကမူ အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်၏ အနားတွင် လာထိုင်ကြသည်။
ဒီလိုရိုးရှင်းသော အမိန့်ကတင် စားသောက်ဆိုင်အတွင်းမှ အခြေအနေကို အများကြီး ပြေလျော့သွားစေခဲ့သည်။
ပေ့ါ ခလွက်
အပြင်ဘက်မှ မီးပန်းဖောက်သံများက ထွက်လာသလို ကလေးငယ်များ၊ လူကြီးများ၏ ရယ်သံ၊ ပျော်ရွှင်အောင်ပွဲခံသံများက ထွက်လာသည်။ ထိုအသံများက စားသောက်ဆိုင်ထဲသို့ပင် ဖောက်ဝင်လာသေးသည်။
“ဟား”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသော ပညာရှင်က ရယ်လိုက်သည်။ သူသည် ငွေရောင်ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဝမ်ချောင်၏ခွက်ထဲသို့ ပြန်ဖြည့်သည်။ သူ၏ခွက်ထဲသို့လည်း ဖြည့်၏။
“အရှင့်သားက ပါရမီကြီးတယ်။ ပညာလည်း ကောင်းကောင်းသင်ထားတယ်။ အရှင့်ရဲ့အဘိုးက ကျော်ကြားလွန်းတဲ့ မြို့စားကျို့ပဲ။ ဒါဆိုရင်အရှင်က ဒီနေ့က ဘာနေ့လဲဆိုတာကို သိပါသလား”
ဝမ်ချောင်က မဖြေဘဲ တစ်ဖက်သူကိုသာ စိုက်ကြည့်လိုက်သည်။ သူသည်လည်း ထိုလူဟာ ထိုမေးခွန်းကို မေးကတည်းက ပြောစရာကိစ္စရှိနေကြောင်း နားလည်လိုက်သည်။
“အနောက်ပိုင်းရဲ့ ပညာသင်ကြားမှုက အရှေ့ပိုင်းဆီရောက်တယ်။ အခု လောကက လူတိုင်းကလည်း လေးလမြောက်ရဲ့ ရှစ်ရက်မြောက်နေ့က ဗုဒ္ဓရဲ့မွေးနေ့တော်ဆိုတာကို သိကြတယ်။ ဒါပေမဲ့ လူဘယ်လောက်ကများ ဒီနေ့က နွေဦးကာလနဲ့ ဆောင်းတွင်းကာလရဲ့ သူတော်စင်တစ်ရာ ကွပ်မျက်ခံရတဲ့ နေ့ဆိုတာကို သိကြလို့လဲ”
1254 03
ထိုစကားလုံးများက ဝမ်ချောင်ကို အံ့ဩသွားစေသည်။ သူသည် ချက်ချင်းဆိုသလို မျက်ခုံးပင့်လျှက် တစ်ဖက်သူကို ကြည့်လိုက်မိသည်။ တစ်ဖက်သူဆက်ပြောမည့် စကားကိုလည်း ဆက်စောင့်၏။
“နွေဦးနဲ့ဆောင်းတွင်းကာလမှာ ပြည်နယ်တွေအများစုက အချင်းချင်း တိုက်ခိုက်ကြတယ်။ ပြည်သူတွေကတော့ နေ့ရက်တိုင်းလိုလို ကပ်ဘေးလိုမျိုး ရင်ဆိုင်ကျော်ဖြတ်နေကြရတယ်။ အားကြီးသူက အားနည်းသူကိုစားပြီး သက်ရှိတွေအားလုံးက သတ်ဖြတ်ခံနေရတဲ့ ငရဲလိုခေတ်ပါပဲ။ အဲ့ဒီနောက်ပိုင်းမှာမှ သူတော်စင်အပါးတစ်ရာက သူတို့ရဲ့အကြံတွေကို စတင်ထုတ်ပြောလာကြပြီး ကြီးမားတဲ့တန်ကြေးကို ပေးဆပ်ပြီး လူတွေရဲ့စိတ်ကို ပြောင်းနိုင်ခဲ့တယ်။ အဲ့ဒီလိုနဲ့ လူတွေရဲ့စိတ်ထဲကို သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှုတွေကို ထည့်သွင်းလာနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ သူတို့က သားရဲတွေ၊ ငှက်တွေရဲ့ခေတ်ကနေ လူသားတွေရဲ့ခေတ်ကို ဝင်ရောက်လာခဲ့ပြီး မဟာအခမ်းအနားပွဲကြီးကို တစ်လောကအနှံ့ သိစေခဲ့တယ်”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က ထိုသို့တည်ငြိမ်စွာပြောသည်။
ဝမ်ချောင်က ဘာစကားမှမပြောဘဲ နားသာ နားထောင်နေသည်။ သို့သော် မဟာအခမ်းအနားပွဲကြီးကို တစ်နိုင်ငံလုံအနှံ့ ကျင်းပစေခဲ့တယ်ဆိုသော စကားလုံးများက သူ့အား မျက်မှောင်ကျုံ့မိစေသည်။
“နွေဦးနဲ့ဆောင်းတွင်း နောက်ပြီး ဆောင်းတွင်းမှာ စစ်မှုထမ်းဟောင်းတွေရဲ့ အချိန်ကာလ အတောအတွင်းပေါ့။ ပြည်နယ်တွေအားလုံးက အချင်းချင်း တိုက်ခိုက်နေကြပေမဲ့လည်း သူတော်စင်တစ်ရာရဲ့ ကျော်ကြားမှုကလည်း ရှိနေသေးတာပဲ။ ဒီသူတော်စင်တစ်ပါးချင်းစီတိုင်းက အမှောင်ထုထဲက မီးဖွားလေးတွေလိုပဲ။ ခေတ်တစ်ခုလုံးကို တောက်ပစေခဲ့သလို တစ်လောကလုံးက ပြည်သူတွေကို လမ်းမှန်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုမှာတော့ သူတော်စင်တစ်ရာက ပျောက်ကွယ်သွားပြီ။ ဗဟိုပြင်ကျယ်ကြီးက လူတွေ၊ တစ်လောကလုံးက လူတွေကလည်း အမှောင်ထုထဲ ပြန်သွားကြပြီး လမ်းပျောက်နေကြပြီ။ နောက်ပြီး ဒီခေတ်ကြီးက သားရဲတွေ၊ ကျေးငှက်တွေပြည့်တဲ့ လောကကြီး ပြန်ဖြစ်လာပြန်ပြီ။ သူတော်စင်အပါးတစ်ရာကို ဆုံးရှုံးလိုက်ရတာက ငါတို့ရဲ့ ဆုံးရှုံးမှုပဲ။ ဒါကြောင့် နှစ်တိုင်းလိုလို ဒီလိုနေ့ရက်မှာ သူတော်စင်အပါးတစ်ရာ ပျောက်ကွယ်သွားခဲ့ရတဲ့ ဒီလိုရက်ကို ငါတို့အားလုံးက မှတ်မိနေပြီး သူတော်စင်အပါးတစ်ရာကို သတိရအောက်မေ့ခြင်းအားဖြင့် ထိုခေတ်ကို အမှတ်ရကြောင်း ဖော်ပြသင့်တယ်”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က ကျယ်လောင်စွာနှင့် အခိုင်အမာပြောသည်။
ဝမ်ချောင်၏ နှလုံးသားက တုန်ယင်သွားသည်။ သူသည် နောက်ဆုံးတွင် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ခဲ့ချိန်က လေထုအခြေအနေက မည်သည့်အတွက်ကြောင့် ထူးခြားနေကြောင်း နားလည်လိုက်သည်။ သူသည်လည်း ထိုဓားအကက မည်သည့်အတွက်ကြောင့် ဝေဝါးသလိုဖြစ်နေပြီး လူတိုင်းကလည်း မည်သည့်အတွက်ကြောင့် အနက်ရောင်ခေါင်းစည်းများကို စည်းထားကြကြောင်း နားလည်လိုက်သည်။ သူတို့အားလုံးသည် သူတော်စင်များကို လေးစားကြောင်း ပြသနေခြင်းဖြစ်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက ငါတို့မြင်ဖူးသမျှထဲမှာ ပါရမီအကြီးဆုံးပဲ။ ဒီလောက် တိုတောင်းတဲ့ ကာလထဲမှာ မင်းက မာန်ရှဲ့ကျောင်းနဲ့ အာရေးဗီးယားကို ထိုးစစ်ဆင်နိုင်ခဲ့တယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ မင်းစိုက်ခဲ့တဲ့ တိုင်တွေအရ အခုမင်းက စစ်နတ်ဘုရားအသစ်ဖြစ်နေပြီ။ အမျိုးသားတစ်ယောက်က နှစ်တစ်ရာ အသက်ရှင်နိုင်တယ်။ ဒါပေမဲ့ သေတာ့သေရတယ်။ တစ်ကြိမ်ပဲရတဲ့ လူ့ဘဝမှာ မသေခင် တန်ဖိုးရှိတဲ့အရာတွေ လုပ်သွားသင့်တယ်။ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေကို လုပ်သွားသင့်တယ်။ ဒါကြောင့် မင်းအနေနဲ့ ငါတို့နဲ့ပူးပေါင်းဖို့ မျှော်လင့်တယ်။ ငါတို့ကသာ အတူပူးပေါင်းလိုက်မယ်ဆိုရင် သူတော်စင်တွေရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ပြီး သာယာဝပြောပြီး စည်းကားတဲ့လောကကြီးကို ဖန်တီးနိုင်လိမ့်မယ်”
“ထန်တင်မဟုတ်ဘူးနော်။ ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံး မဟုတ်ဘူး။ တစ်လောကလုံးပဲ။ တစ်လောကလုံးက ယဉ်ကျေးမှုတွေအားလုံး အဲ့ဒီထဲမှာ တူရကီ၊ ဂိုဂူလျော၊ ရှီ၊ တိဗက်၊ ခစ်ထန်နဲ့ အခြားမျိုးနွယ်ခြားတွေလည်း ပါဝင်တယ်။ အနောက်ပိုင်းလောကက အာရေးဗီးယားတောင် ပါဝင်တယ်။ လူတွေက အဆုံးအစမဲ့လောက်အောင် သတ်ဖြတ်တိုက်ခိုက်နေကြတာက တူညီတဲ့ဘာသာစကားကို မပိုင်ဆိုင်ထားလို့ အတွေးတွေမတူကြလို့။ ဒါပေမဲ့ လောကကြီးကသာ စည်းလုံးသွားခဲ့ရင် သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှုတွေက မျိုးနွယ်ခြားနယ်မြေသားတွေရဲ့ စိတ်ထဲကိုလည်း ထိုးထွင်းဝင်ရောက်နိုင်လိမ့်မယ်။ အဲ့ဒီထဲမှာ အာရပ်တွေတောင် ပါသေးတယ်။ ငါတို့က တူညီတဲ့ ဘာသာစကားကိုသာ မျှဝေနိုင်ရင် ဒီစစ်ပွဲတွေ၊ သတ်ဖြတ်မှုတွေအားလုံးက တည်ရှိတော့မှာမဟုတ်ဘူး။ မြေကမ္ဘာပေါ်ကနေတောင် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကမှ ထာဝရစစ်ငြိမ်းစေမဲ့ အစစ်အမှန် နည်းလမ်းပဲ”
“ဒီလိုနဲ့ အစစ်အမှန် သာယာရဲ့လောကကြီး ပေါ်ပေါက်လာလိမ့်မယ်”
1254 04
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က တည်ငြိမ်မှုအပြည့်နှင့် ပြောသွားသည်။ သူ၏စကားလုံးများဟာ စိတ်အားထက်သန်မှု တစ်စွန်းတစ်စမျှ မပါဝင်ချေ။ သို့သော် စဉ်းစားဆင်ခြင်မှုအပြည့် ရှိနေသော သဘောထားများ၊ ပုံမှန်ထက် အဆတစ်ထောင်မက စဉ်းစားဆင်ခြင်စိတ် ပေါ်ပေါက်နေသော စကားများ ပါနေလေသည်။
ဝမ်ချောင်သည် တစ်ချိန်လုံး ရိုးသားစွာ နားထောင်ပေးနေခဲ့ပြီး နှောက်ယှက်ဖြတ်ပြောခဲ့ခြင်း မရှိချေ။ သူသည် ထိုလျို့ဝှက်ဆန်းကြယ်သော အင်အားကြီးမားသည့် အဖွဲ့အစည်းများ သိထားသည်မှာ နည်းပါးနေလောက်သေးသည်။ ထိုသူများသည် မဟာဆရာ၊ ဘုရင်ချီ၊ လီလင်းဖူနှင့် ပထမမင်းသားကိုပင် တစ်ပြိုင်တည်း ထိန်းချုပ်နိုင်ပြီး မဟာထန်ကိုပင် လွှမ်းမိုးနိုင်စွမ်းအားရှိနေသည်။
မဟုတ်သေးဘူး တစ်လောကလုံးအကြောင်းကိုတောင် သူတို့လောက် မသိလောက်ဘူး။
ဝမ်ချောင်သည်လည်း သူ့အနေဖြင့် တစ်ဖက်သူများကို နားလည်ရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်ကြောင်း သိလိုက်သည်။
“သာယာဝပြောတဲ့ လောကဆိုတာ ဘာလဲ”
ဝမ်ချောင်က ထိုစကားလုံးများကြောင့် စိတ်နှစ်မြုပ်သွားပုံပေါ်ပြီး မျက်မှောင်က ကျုံ့သွားသည်။ အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က နောက်ဆုံးသော စကားလုံးများကိုသာ မပြောခဲ့လျှင် ဝမ်ချောင်သည်လည်း သူ့ကို လေးစားမိလောက်သေးသည်။ သို့သော် သာယာဝပြောတဲ့ လောကဆိုတာဘာလဲ။ ဒီလောက် ကုန်လွန်ခဲ့တဲ့ ခေတ်အဆက်ဆက်မှာ ဘယ်လောက်တောင် သဘောထားကြီးပြီး မျှော်လင့်ချက်ကြီးမားတဲ့ အမျိုးသားတွေက မကောင်းတဲ့ အကြံအစည်တွေရှိပြီး ဒီအကြောင်းကို နားလည်အောင် မကြိုးစားဖူးကြလို့လဲ။
အခြားသောလောကတွင်ပင် ရာစုနှစ်ပေါင်း များစွာကြာအောင် နှစ်သန်းကျော်ကြာအောင် ကြိုးစားအားထုတ်ပြီးခဲ့သည့်တိုင်အောင် ထိုစိတ်ကူးဟာ ဒီတိုင်း စိတ်ကူးယဉ်သပ်သပ် ဖြစ်နေသေးသည်။
ကြီးကျယ်ခမ်းနားသော အတွေးများက တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို မကျော်လွန်နိုင်ချေ။ ထိုအတွေးစိတ်ကူးများသည်လည်း လူအများ၏ နှလုံးသားများကို အမြဲတစေ ဆုံးရှုံးရစေနိုင်သည်။
ရှေးခေတ်အချိန်ကာလတွင် ထိုစကားစုကို ထုတ်ပြောသော မည်သူကမဆို ကြီးမားသော စတေးမှု၊ သွေးမြစ်ကြီးနှင့် အဖော်ပြုခံရတတ်သည်။ သာယာဝပြောသော လောကကြီးကို သူရူးများ၊ တစ်ကိုယ်ကောင်းဆန်ပြီး ရည်မှန်းချက်ကြီးသူများက သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ ပြီးမြောက်စေရန်အလို့ငှာ သုံးလေ့သုံးထရှိသည်။ သူတို့၏ ကိုယ်ကျိုးအယူသီးစိတ် အလိုဆန္ဒများအတွက်ကြောင့်နှင့် သူတို့သည် လောကက လူများအားလုံးကို ဆွဲသွင်းပြီး အုတ်ဂူထဲသို့ ချသွင်းကြပေလိမ့်မည်။
ဝမ်ချောင်သည် သာယာဝပြောသော လောကကို ဖန်တီးတည်ဆောက်ရန် မငြင်းခုံပါချေ။ သို့သော် သာယာဝပြောသော လောကကြီးသည် ထာဝရငြိမ်းချမ်းမှုကို လိုအပ်ပြီး မျိုးဆက် ထောင်ပေါင်းများစွာ၏ စိတ်တိုင်းကို ချက်ချင်းလိုလို ကြိုးကိုင်နိုင်ရန် လိုအပ်သေးပြန်သည်။ ဒီလိုအရာမျိုးကို ဆယ်စုနှစ်အနည်းငယ်၊ ရာစုနှစ်တစ်ခု သို့မဟုတ် ခေတ်ကြီးတစ်ခုလုံးနှင့်ပင် ဖန်တီးတည်ဆောက်၍ မရနိုင်သေးချေ။ သူတို့သည်လည်း ဘယ်သောအခါမှ အောင်မြင်လိမ့်မည်မဟုတ်ဘဲ ကပ်ဘေးကိုသာ စိုက်စေလိမ့်မယ်။ လောကတစ်ခုလုံးအနှံ့ ဖျက်ဆီးခြင်းကိုသာ ဆောင်ကျဉ်းပေးပေလိမ့်မည်။
သူတို့သည် ဖြောင့်မတ်မှန်ကန်ခြင်းဆိုသော အလံကို လွှင့်ထူထားသည်။ သို့သော် သူတို့လုပ်သော လုပ်ရပ်များကမူ မိစ္ဆာဘုရင်အလား ဖြစ်နေခဲ့လေသည်။
++++++
1255 01
အခန်း(၁၂၅၅)
ဝမ်ချောင်၏အကြည့်က ချက်ချင်းလိုလို တင်းမာပြီး တည်တင်းသွားသည်။ သူသည် ပြိုင်ဘက်နှင့်ပတ်သတ်ပြီး မရေမတွက်နိုင်သည့် တွက်ချက်မှုများ ပြုလုပ်ခဲ့သည်။ သူသည် ရည်မှန်းချက်ကြီးမားသော လူတစ်ဖွဲ့ကို ရင်ဆိုင်နေရခြင်းဆိုလျှင် သူတို့က မည်မျှပင် အန္တရာယ် များနေစေကာမူ ဝမ်ချောင်အနေဖြင့် သူတို့၏လွှမ်းမိုးမှုကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသည်။ သို့သော် ယခုမူ သူတို့သည် သာယာဝပြောသော လောကကြီးကို တည်ထောင်နိုင်သော စိတ်ကူးမျိုး ရှိနေကတည်းက အခြေအနေသည် သူထင်ထားသည်ထက် အများကြီး လေးနက်ကြောင်း သိလိုက်သည်။
“မဖြစ်နိုင်ဘူး မင်းအဲ့ဒီလိုမလုပ်နိုင်ဘူး”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူ၏ပြုမူပုံတစ်ခုလုံးက အေးစက်သွားသည်။
သူသည် ငြင်းခုံခြင်းပြုခြင်းမဟုတ်သလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြိုးအရ ထုတ်ပြောနေခြင်း မဟုတ်ပေ။ ဒီတိုင်း အချက်အလက်ကိုသာ ပြောပြရုံသာဖြစ်သည်။ ထိုလူများကမူ သူတို့လုပ်နေသော အကြောင်းအရာများကို မသိလောက်ချေ။ ဝံပုလွေနှင့်ကျားက ဝံပုလွေနှင့်ကျားသာ ဆက်ဖြစ်နေပေလိမ့်မည်။ မဟာထန်၏ အနီးအနားဝန်းကျင်ရှိ တိုင်းပြည်များက သူတို့ကို အသုံးချပြီး အယောင်ပြ ငြိမ်းချမ်းမှု ယူထားပေးခြင်းသာလျှင်ဖြစ်ပြီး ထိုအကြောင်းများကို သုံးရုံနှင့် မျိုးနွယ်ခြားတိုင်းပြည်များမှ လူများ၏စိတ်ကို ပြောင်းလဲလိုလျှင် ကလေးများ စိတ်ကူးယဉ်နေသလို ဖြစ်နေပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ သူတို့သည်လည်း ကပ်ဘေးရောက်လာကြောင်း မသိလောက်ချေ။ ထို့အပြင် သူတို့ရင်ဆိုင်ရန် လိုအပ်သည်မှာ သူတို့ကို ပတ်ပတ်လည်ဝိုင်းနေသော မျိုးနွယ်ခြား တိုင်းပြည်များသာ မဟုတ်ကြောင်းလည်း မသိလောက်ချေ။ မဟာထန်ကြီးတွင် ထိုကဲ့သို့သောအချိန်မျိုး မရှိတော့ချေ။
သူသည် ထိုအကြောင်းအရာများကို မပြောနိုင်ချေ။ ပို၍ဆိုးသည်မှာ မတူညီသော စိတ်ကူးယဉ်သူများက ကြံစည်သူ မလုပ်နိုင်ချေ။ ထို့ကြောင့် သူတို့သည် သူ့အား ယုံကြည်လိမ့်မည်မဟုတ်ချေ။
“ဟား ဟား အဲ့ဒီအချိန်က အဲ့ဒီအချိန်ပေါ့။ အခုကတော့ အခုပဲ။ အတိတ်မှာ ဒီလိုကိစ္စတွေက မဖြစ်နိုင်ပေမဲ့လည်း အခုတော့ မတူတော့ဘူး”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က ညင်သာစွာပြုံးလိုက်သည်။ သူသည် ဝမ်ချောင်၏ ပြန်ဖြေသံကြောင်း ဒေါသမထွက်သွားချေ။ အခြေအနေကို မျှော်လင့်ထားပြီးပုံရသည်။
“မဟာထန်က လက်ရှိအချိန်မှာ နယ်စပ်တွေမှာလည်း ပြဿနာမရှိတော့ဘူး။ ပတ်ဝန်းကျင် တိုင်းပြည်တွေနဲ့လည်း ငြိမ်းချမ်းမှုစာချုပ်ကို လက်မှတ်ရေးထိုးပြီးပြီ။ ကွန်ဖြူးရှပ်ကျောင်းတော်တွေက နယ်မြေအနှံ့ တည်ထောင်ပြီးပြီ။ အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီနယ်မြေတွေထဲမှာ ရှီ၊ ခစ်ထန်၊ ယွီစန်း၊ ဂိုဂူလျော၊ မာန်ရှဲ့ကျောင်းနဲ့ အာရေးဗီးယားတွေမှာပါ။ တည်ထောင်ခဲ့ပြီးပြီ။ နောက်ပြီး ဟူအများစုကလည်း ကျောင်းတော်တွေထဲကို ဝင်ရောက်ပြီး ပညာသင်ကြားနေခဲ့တယ်။ သဘောထားကြီးမှု၊ ဖြောင့်မတ်မှန်ကန်မှုနဲ့ ဉာဏ်ပညာကြီးမှု၊ ယုံကြည်မှု၊ ဒီအတွေးတွေက သူတို့ရဲ့ နယ်မြေတွေထဲကို ဖောက်ဝင်နေကြပြီ။ နောက်ပြီး ဒီနယ်မြေတွေက ဧကရာဇ်တွေ၊ အရှင်သခင်တွေရဲ့ အင်တိုက်အားတိုက် ကြိုးစားထောက်ပံ့မှုကိုတောင် လက်ခံရရှိထားသေးတယ်။ ငါတို့ရဲ့ အရင်ဘိုးဘေးတွေတောင်မှ ဒီလို လုပ်နိုင်ခဲ့တာမဟုတ်ဘူး”
“မျိုးနွယ်ခြားတွေက မျိုးနွယ်ခြားတွေပဲ။ ဘာလို့လဲဆိုတော့ သူတို့က ဖြောင့်မတ်မှန်ကန်မှုကို မသိလို့။ ငှက်နဲ့သားရဲတွေက ငှက်တွေသားရဲတွေ ဖြစ်နေရတာက သဘောထားကြီးမြတ်မှုကို နားမလည်လို့။ ငါတို့အခု လုပ်နေရတာက သူတို့က သဘောထားကြီးမြတ်နိုင်အောင်၊ ဖြောင့်မတ်မှန်ကန်နိုင်အောင် သူတို့ရဲ့ တွေးပုံတွေးနည်းကို ပြောင်းနိုင်အောင် သင်ပေးနေတာ။ ‘လူတွေက စိတ်သဘောထား တိုက်ဆိုင်ပြီး တူညီလာကြရင် တူညီတဲ့ ခံယူချက်တွေကို ဝေမျှလာနိုင်လိမ့်မယ်’ဆိုတဲ့ စကားအတိုင်းပဲ။ ငါတို့က မျိုးနွယ်ခြားတွေကို ငါတို့ရဲ့ သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှုတွေကို နားလည်အောင် လုပ်ပေးပြီး ငါတို့ရဲ့အတွေးတွေ၊ ငါတို့ရဲ့စိတ်ကူးတွေကို သူတို့နဲ့ ဆက်သွယ်ချင်တယ်။ ဒီလိုဆိုရင် နောက်ထပ် စစ်ပွဲတွေ၊ သတ်ဖြတ်တာတွေ ရှိတော့မှာမဟုတ်ဘူး။ ‘ကောင်းကင်တစ်ခုတည်းအောက်မှာ အရှင်သခင်တစ်ခုတည်း အပိုင်ဆိုတဲ့ နယ်မြေတွေမရှိဘူး။ ငါတို့က နယ်မြေတစ်ခုတည်းပေါ်မှာ ရှင်သန်နေတယ်ဆိုတာနဲ့ အရှင်သခင်တွေ၊ အရာရှိတွေဆိုတာ မရှိနိုင်ဘူး’ဆိုတဲ့ စကားအတိုင်းပဲ ငါတို့ကသာ တွေးပုံတွေးနည်း တူညီလာကြရင် ငါတို့က တစ်တိုင်းပြည်ထဲမှာ နေထိုင်သလို တူညီတဲ့ ပြည်သူတွေ ဖြစ်သွားကြပြီ။ ဒါက ပုံမှန်တွေးပုံတွေးနည်း ပုံမှန်ကိစ္စတွေကို ကိုင်တွယ်တဲ့ပုံစံပဲ။ မြစ်ရဲ့စီးဆင်းတဲ့ ပုံစံမျိုးလိုပဲ။ ဘယ်သူကမှဒါကို မပြောင်းလဲနိုင်တော့ဘူး။ ရှေးခေတ်အချိန်ကတည်းက ဒါက အကြီးမားဆုံး ပြောင်းလဲမှုပဲ ဖြစ်လာလိမ့်မယ်။ သူတော်စင်အပါးတစ်ရာတောင် မလုပ်နိုင်တဲ့ ကိစ္စမျိုးကို လုပ်နိုင်လာလိမ့်မယ်။ ဒီတိုင်းသာ အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့ရင် ဒီကျွင်းရှန်းကလည်း အကြိမ်တစ်ရာ သေပေးရမယ်ဆိုရင်တောင် လက်ခံဖု့ိ ဆန္ဒရှိပါတယ်”
1255 02
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင် လီကျွင်းရှန်းက ဂုဏ်ယူစွာနှင့် အခိုင်အမာပြောသည်။ သူ၏မျက်လုံးက တောက်ပနေပြီး မျက်နှာတွင်လည်း အုပ်စိုးလွှမ်းမိုးလိုသော အရှိန်အဝါမျိုးက အပြည့်နှင့်ဖြစ်သည်။ သူသည် အဆုံးအစမဲ့သော လေဟာပြင်ကို ထိုးဖောက်လျှက် အာကာသပြင်၏ အနက်ရှိုင်းဆုံးအပိုင်းကို မြင်နိုင်သလို ထင်ရသည်။
သူ၏ဘက်မှ ကွန်ဖြူးရှပ် ပညာရှင်များကလည်း အလားတူ အခြေအနေမျိုးတွင် ယစ်မူးပျော်ဝင်နေကြသည်။ အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်၏ စကားလုံးများက သူတို့၏အကြံကို ထုတ်ပြောနေခြင်းဖြစ်သည်။ ထိုသို့အကြံကြီးသော မရေမတွက်နိုင်သည့် ပုဂ္ဂိုလ်ပေါင်းများစွာက ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် မအုပ်စိုးနိုင်ခဲ့ချေ။ သို့သော် ယခုမူ သူတို့က ထိုဖြစ်နိုင်ချေကို အမှန်တိုင်း ပေါ်ပေါက်လာအောင် သူတို့၏ခေတ်တွင် သူတို့၏ကိုယ်ပိုင်လက်ဖြင့် လုပ်နိုင်လာလေပြီ။
ယွီစန်း၊ ဂိုဂူလျော၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်၊ မာန်ရှဲ့ကျောင်း၊ အာရေးဗီးယား... စသဖြင့် မျိုးနွယ်ခြားနယ်မြေများအားလုံးသည် မဟာထန်၏ ပတ်ပတ်လည်တွင် ဝိုင်းနေသော တိုင်းပြည်များဖြစ်ပြီး သူတို့အားလုံးသည် သူတို့၏ဂိတ်တံခါးကိုဖွင့်လျှက် ကွန်ဖြူးရှပ်ကျောင်းတော်ကို ဆောက်ခွင့်ပြုလိုက်သည်။
ဒါဟာ ကွန်ဖြူးရှပ်ကျောင်းတော်များ လွှမ်းမိုးမည့် အကြီးမားဆုံးသော ခေတ်ဖြစ်သည်။ ယခင်က ဒီလိုခေတ်မျိုး မရှိခဲ့ဖူးချေ။
“သူတော်စင်တွေအတွက်”
လီကျွင်းရှန်းက ခွက်ကိုလေထဲသို့မြှောက်လိုက်သည်။
“သူတော်စင်တွေအတွက်”
စားသောက်ဆိုင်တစ်ခုလုံးအနှံ့ အခြားသော ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသောသူများက ခွက်ကိုမြှောက်လိုက်သံများဖြင့် ပြည့်နှက်သွားသည်။ ထိုလူများက တွန့်ဆုတ်မှု၊ တုန့်ဆိုင်းမှုများကို မပြသကြတော့ချေ။
ထိုအခိုက်အတန့်တွင် စားသောက်ဆိုင် တစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။
ဝမ်ချောင်က ကွန်ဖြူးရှပ်ပညာရှင်များကို ကြည့်သည်။ သူတို့၏ တည်ငြိမ်မှု၊ အေးချမ်းသော မျက်နှာများကိုကြည့်ပြီး သူတို့၏ နှလုံးသားများက လေးလံသွားသည်။ သူ၏စိတ် အနက်ရှိုင်းဆုံး အပိုင်းတွင်ရှိသော နှလုံးသားကမူ အကြံတစ်ခုရလာပြီဖြစ်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းဘာတွေးနေလဲ ငါသိတယ်။ ဒါပေမဲ့ ငါတွေ့ကြုံခဲ့ရတာကိုသာ မင်းတွေ့ကြုံခဲ့ရရင် မင်းငါတို့ရဲ့ အကြံအစည် စိတ်ကူးတွေကို လက်ခံလိမ့်မယ်”
လီကျွင်းရှန်းက ဖျော့တော့စွာပြုံးပြီး ပညာသင်သားတစ်ယောက်၏ ကျော့ရှင်းကြည့်ကောင်းသော အရှိန်အဝါကို လွှတ်ထုတ်လိုက်ပြန်သည်။ ဒီနေ့သည် သူတော်စင်အပါးတစ်ရာ သေခဲ့သော နေ့ရက် ဖြစ်သော်လည်း လီကျွင်းရှန်းကမူ အမြဲတစေ တည်ငြိမ်နေခဲ့ပြီး ဝမ်ချောင်၏ တုန့်ပြန်မှုတိုင်းကို အာရုံစိုက်ဖြစ်ခဲ့သည်။
“ငါက ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ ပျိုးထောင်မှုကို ခံခဲ့ရတာ။ အသက်သုံးနှစ်အရွယ်မှာ ငါက ဖြောင့်မတ်မှန်ကန်မှုအပြည့်နဲ့ နေနိုင်ဖု့ိ ကြီးမြတ်တဲ့စိတ်ထား ထားဖို့ သင်ယူနိုင်ခဲ့တယ်။ ငါးနှစ်အရွယ်မှာတော့ စာပေကျမ်းဂန်တွေကို သင်ကြားနိုင်ပြီး ခြောက်နှစ်အရွယ်မှာ ငါစာအုပ်အားလုံးကို ဖတ်နိုင်တယ်။ ပြည်နယ်တိုင်းပြည်တွေရဲ့ ရှေးဟောင်းမှတ်တမ်းတွေ၊ သီးသန့်စာလွှာတွေ၊ သမိုင်းတွေ၊ ဂန္ဓဝင်တွေ၊ တရားမဝင် တည်ရှိနေတဲ့ သမိုင်းတွေအားလုံးကို ဖတ်နိုင်ခဲ့တယ်။ ငါအားလုံးကိုသိတယ်။ အသက်ခုနှစ်နှစ်အရွယ်မှာဆိုရင် ငါမဖတ်ဖူးတဲ့စာအုပ် မရှိတော့သလို ငါ့ကို သင်ကြားပေးနိုင်တဲ့ ဆရာတောင် မရှိတော့ဘူး။ အဲ့ဒီအချိန်ကစတင်ပြီး ငါက ပထမဦးဆုံး အကြိမ်အဖြစ် လောကရဲ့ သာယာဝပြောမှုဆိုတဲ့ ချိတ်ဆက်မှုကို ထိတွေ့လိုက်နိုင်တာပဲ”
1255 03
“တစ်ချိန်ထဲမှာပဲ သာယာဝပြောတဲ့ လောကကြီးကို အမှန်တကယ် နားမလည်ခဲ့သေးဘူး။ ဒါပေမဲ့ တစ်ရက်မှာတော့ ငါကြိုးစားအားထုတ်ပြီးတဲ့ တစ်ရက်မှာ ဂျိုခြင်းခွေ့နေတဲ့ တောဆိတ်နှစ်ကောင်ကို တွေ့လိုက်ရတယ်။ အဲ့ဒီအချိန်က ငါ့ဆရာက ငါ့ကိုပြောတယ်။ ဒီတောဆိတ်တွေက ဒီလိုမျိုး ဂျိုခွေ့နေကြတာက သူတို့က သားရဲတွေဖြစ်လို့တဲ့။ ဒါကြောင့် သူတို့က သဘောထားကြီးမြတ်မှုတွေ၊ လူသားဆန်စိတ်တွေကို နားမလည်ကြဘူးတဲ့လေ။ သူတို့ကသာ သဘောထားကြီးမြတ်မှု၊ လူသားဆန်စိတ်တွေကို နားလည်သွားခဲ့ရင် သူတို့လည်း တူညီတဲ့အမျိုးအစားဆိုတာကို သိသွားလိမ့်မယ်။ သူတို့အချင်းချင်း တိုက်ခိုက်ဖို့မလိုဘူးဆိုတာကို နားလည်သွားလိမ့်မယ်။ အဆုံးသတ်မှာတော့ အဲ့ဒီ တောဆိတ်နှစ်ကောင်က အချင်းချင်း ခွေ့နေရင်း သေစေနိုင်တဲ့ ဒဏ်ရာတွေရလို့ သွေးဆုံးရှုံးမှု လွန်ကဲပြီး သေဆုံးသွားကြတယ်။ ငါ့အနေနဲ့ ပထမဦးဆုံးအကြိမ် သေဆုံးမှုကို မျက်မြင်တွေ့ကြုံလိုက်ရခြင်းပဲ။ အဲ့ဒီနောက် ဒီမြင်ကွင်းကငါ့ကို နက်ရှိုင်းလွန်းတဲ့ ထင်မြင်ချက်တစ်ခု ရသွားစေခဲ့တယ်။ ပထမဦးဆုံးအကြိမ်အဖြစ် ဒီလောကကြီးက သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သီးသန့်နာခံမှု၊ ဉာဏ်ပညာကြီးမှုတွေကို လိုအပ်တယ်ဆိုတာကို သိလိုက်ရတယ်။ ဒီလိုမှပဲ သာယာဝပြောတဲ့ လောကကြီးက ဖြစ်တည်လာနိုင်မှာပေါ့”
လီကျွင်းရှန်းက ရုတ်တရက် ဝမ်ချောင်ကိုစိုက်ကြည့်ပြီး ပြောသည်။
“ဒါပေမဲ့ သာယာဝပြောတဲ့ လောကကြီးရဲ့ အဓိက အလေးချိန်နဲ့ အနှစ်သာရကို နားလည်စေအောင် လုပ်ပေးလိုက်တာက မင်းပဲ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်”
ထိုစကားလုံးက ဝမ်ချောင်အား တုန်ယင်သွားစေပြီး ခေါင်းကိုရုတ်တရက် မော့လိုက်မိစေသည်။ ထိုစကားလုံးများက သူ့ကို အလွန်အံ့ဩစေသည်။ ဝမ်ချောင်သည်လည်း ထိုကိစ္စများအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်နေသော လျို့ဝှက်ဆန်းကြယ်သည့် ကွန်ဖြူးရှပ်ပညာရှင်က သူနှင့်ဆက်နွယ်မှု ရှိနေလိမ့်မည်ဟု မထင်ထားမိချေ။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းတော့မသိလောက်ဘူး။ ဒါပေမဲ့ ငါပထမဦးဆုံးအကြိမ် အလုံးအရင်းနဲ့ သတ်ဖြတ်ခံရတဲ့ စစ်ပွဲကြီးကို မြင်ခဲ့ရတာ။ စစ်ပွဲရဲ့ရက်စက်မှုကို တွေ့ကြုံခံစားခဲ့ရပြီး သာယာဝပြောတဲ့ လောကကြီးကို အမှန်တကယ် အသိအမှတ်ပြုလိုက်မိတာ။ ငါ့ရဲ့တစ်ဘဝလုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတာက အနောက်တောင်ပိုင်းရဲ့ စစ်ပွဲမှာပဲ။ မင်းက အဲ့ဒီမှာ ကလန်တွေက ကျွမ်းကျင်ပညာရှင် တစ်ထောင်ကို ဦးဆောင်ပြီး တိုက်ပွဲနယ်မြေမှာ ဒဏ္ဍာရီဖြစ်ရပ်ကြီးကို ဖန်တီးပေးခဲ့တဲ့အချိန်မှာ ငါကိုယ်တိုင်ကလည်း ပထမဦးဆုံး အကြိမ်အဖြစ် သတ်ဖြတ်မှုငရဲကို တွေ့လိုက်ရတယ်။ ငါအလောင်းတွေ ပုံနေတဲ့တောင်ကို တွေ့လိုက်ရတယ်။ အဲ့ဒီမှာ အလောင်းသိန်းကျော်က ဆင်ခြေလျောတောက်လျှောက် ပျံ့နှံ့နေခဲ့တာ။ ပေါင်းပင်တွေအများကြီးတောင်မှ ခုတ်ဖြတ်ခံလိုက်ရသေးတယ်။ မြေကမ္ဘာကြီးက အစိမ်းရောင်ကနေ အနီရောင်သမ်းသွားတယ်။ သွေးတွေက မြစ်လိုစီးနေတယ်။ အဲ့ဒီစစ်ပွဲဖြစ်ပြီး ဆယ်ရက်လောက် ကြာသွားပြီးတဲ့တိုင်အောင် အဲ့ဒီမှာ သိပ်သည်းလွန်းတဲ့ သွေးရနံ့က ပျံ့နှံ့နေတုန်းပဲ။ အူတွေ ဦးနှောက်တွေကလည်း လေထဲကိုတောင် ပေါ်ထွက်နေသေးတယ်။ ပထမဦးဆုံးအကြိမ်အဖြစ် လူတွေ၊ တိုင်းပြည်တွေ အတွေးမတူတဲ့အခါ ဘယ်လိုဖြစ်လာနိုင်လဲ။ ဘယ်လောက်ထိ ထိခိုက်မှု ဖြစ်သွားနိုင်သလဲဆိုတာကို ငါနားလည်သွားတယ်။ ဒီလိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ဆန္ဒတွေက ဘယ်လောက်တောင် ပျက်စီးစေနိုင်လဲဆိုတာကို နားလည်သွားတာပဲ”
“???”
ဝမ်ချောင်က တိတ်သွားသည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုကလည်း ပေါ်နေသေး၏။ သူသည်လည်း ထိုလျို့ဝှက်ဆန်းကြယ်သော ကွန်ဖြူးရှပ်ပညာရှင် အကြံအစည်ကြီးသူဟာ သူနှင့် ထိုကဲ့သို့သော ဆက်နွယ်မှုမျိုး ရှိနေလိမ့်မည်ဟု မထင်ထားမိသလို ထိုကဲ့သို့သောသူက စစ်ပွဲပြီးဆုံးသွားပြီးနောက် တိုက်ပွဲနယ်မြေသို့ သွားရောက်လိမ့်ဦးမည်ဟု မထင်ထားမိချေ။
“အနောက်တောင်ပိုင်းက စစ်ပွဲက အစပဲရှိသေးတယ်။ ငါအခြားနေရာတွေကိုလည်း သွားခဲ့တယ်။ ပေ့ထင်၊ အန်းတုံးနဲ့ မင်းရဲ့ စစ်နတ်ဘုရားဆိုပြီး နာမည်တွင်အောင် လုပ်နိုင်ခဲ့တဲ့ တာလာ့နဲ့ ခိုရာစန်းကိုပေါ့”
လီကျွင်းရှန်းက ဆက်ပြောသည်။ သူ၏မျက်လုံးထဲတွင် အကြည့်များက တစ်စုတစ်စည်းတည်း ပေါ်လာသည်။
“အနောက်တောင်ပိုင်းမှာ စစ်ပွဲရဲ့ဆိုးရွားမှုကို ငါမြင်ခဲ့တယ်လို့ တွေးမိခဲ့ပေမဲ့လည်း တာလာ့နဲ့ ခိုရာစန်းကို ရောက်သွားတော့မှ ငါတွေးပုံတွေးနည်းက အရမ်းရိုးရှင်းလွန်းနေတာကို သိလိုက်ရတယ်။ ငါပထမဦးဆုံး အကြိမ်အဖြစ် စစ်ပွဲတစ်ခုမှာ လူတစ်သန်းကျော် သတ်ဖြတ်နိုင်တာကို တွေ့လိုက်ရတယ်။ ဒီအရေအတွက်က ပိုတောင်ကြီးနိုင်ဦးမယ်။ ဟား ဟား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းကတော့ ဒါကို ပထမဦးဆုံးတွေ့တာလို့ စဉ်းစားလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ အဲ့ဒီလိုမဟုတ်ဘူး”
“အနောက်တောင်ပိုင်းက စစ်ပွဲမှာ စစ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာ မင်းနဲ့ငါက တွေ့ဖို့အခွင့်အရေး မရှိတော့ဘူး။ ဒါပေမဲ့ ခိုရာစန်းမှာတော့ ငါမင်းကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်လိုက်ရတယ်။ မင်းက ဆင်းတူဆီကနေ ပြန်လာတာလေ။ ဗိုလ်ချုပ်တွေအားလုံးက မင်းကိုထွက်ပြီး ကြိုဆိုကြတယ်။ မင်းကတော့ အဲ့ဒီအချိန်က သတိမထားမိလောက်ပေမဲ့ ငါကတော့ မင်းကို လူအုပ်ထဲကကြည့်နေခဲ့တာ”
1255 04
လီကျွင်းရှန်းက ခပ်တိုးတိုးပြောသည်။ ဝမ်ချောင်က တိတ်ဆိတ်နေသည်။ သို့သော် သူ၏နှလုံးသားကမူ လေးလံနေပြီး တင်းမာလာပြီဖြစ်သည်။ သူသည် ဒီတစ်ချိန်လုံး ရိုးသားစွာ နားထောင်ပေးနေခဲ့သည်။ အမြဲတစေ ထိုလူများဟာ ယခုတလောမှသာ ပေါ်ထွက်လာခဲ့သည်ဟု ယုံကြည်ထားခဲ့သော်လည်း အရာအားလုံးဟာ အနောက်တောင်ပိုင်း၏ စစ်ပွဲမှ စတင်ခဲ့သည်။ သို့မဟုတ် ထိုထက်စောစွာ စတင်ခဲ့ခြင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။ ဝမ်ချောင်ကိုယ်တိုင်ကပင် ပြိုင်ဘက်ကို အနည်းငယ်သာ နားလည်မိခဲ့သည်။ ထို့ကြောင့် သူသည် မည်သည့်စကားမှမပြောဘဲ မည်သို့မှ မနှောက်ယှက်ဘဲ နားထောင်ပေးနေခဲ့ခြင်းဖြစ်သည်။
“ငါက စစ်ပွဲရဲ့ရက်စက်မှုကို နားလည်သွားခဲ့လို့ပဲ သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ရိုသေကိုင်းရှိုင်းမှုနဲ့ ဉာဏ်ပညာကြီးမြတ်မှုတွေက ပိုပြီးအရေးပါကြောင်း သိသွားခဲ့တယ်။ သာယာဝပြောတဲ့ လောကကြီးကို ပိုပြီးတော့ လိုချင်တောင့်တလာခဲ့တယ်။ သေဆုံးမှုက ထိုက်တောင်လိုလေးတယ်။ ငန်းတစ်ကောင်ရဲ့ ငှက်မွှေးလိုလည်း ပေါ့ပါးနိုင်သေးတယ်။ ဒီလိုကြာရှည်စွာ လိုချင်တပ်မက်ခဲ့တဲ့ စိတ်ဆန္ဒ ပြည့်မှီလာဖို့ လောကမှာရှိတဲ့ ကပ်ဘေးတွေအားလုံး အဆုံးသတ်သွားပြီး စစ်ပွဲတွေအားလုံး ချုပ်ငြိမ်းသွားဖို့ ပြည်သူတွေအားလုံး ဒီလိုငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ ထန်နဲ့မျိုးနွယ်ခြားတွေက အချင်းချင်း အသိအမှတ်ပြုပြီး လက်ခံနိုင်ဖို့ သူတော်စင်တွေရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့ သူတို့ရဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့... ဒါတွေအားလုံးက ကျော်ကြားမှုတွေ၊ ဂုဏ်အဆင့်အတန်းတွေထက် ပိုပြီး အရေးကြီးတယ်မဟုတ်လား။ ဒါတွေကိုသာ ဖြည့်ဆည်းနိုင်ရင် အသက်ရှင်ရတာက အလဟသ မဟုတ်တော့ဘူး”
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် သာယာဝပြောတဲ့ လောကကြီးကို အကောင်အထည်ဖော်ဖို့က အဆုံးစွန်ဆုံးသော အိမ်မက်ပန်းတိုင်ကြီးပဲ။ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ၊ လုပ်နိုင်စွမ်းရှိတဲ့ လူတွေက ဒီပန်းတိုင်ကို ဖြည့်ဆည်းချင်ကြတယ်။ ဒီလိုဖြည့်ဆည်းချင်ရင် အတူပေါင်းပြီး အကြီးအကျယ် ပြောင်းလဲမှုကြီး ပြုရလိမ့်မယ်။ ဒီအတွက်ကြောင့်ပဲ မဟာဆရာ၊ ဘုရင်ချီတို့က ဝင်ပါလာခဲ့ကြတာ။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းငါ့ကို ပထမဦးဆုံးအကြိမ်မှာ ငြင်းခဲ့ပေမဲ့လည်း ငါ့ရဲ့ကမ်းလှမ်းမှုကို မင်းလက်ခံဖို့ ငါမျှော်လင့်နေတုန်းပဲ။ ငါတို့သာအတူပေါင်းလိုက်ရင် ဒီပန်းတိုင်ရဲ့ အောင်မြင်မှုက ပိုမြင့်သွားလိမ့်မယ်”
လီကျွင်းရှန်းက ဝမ်ချောင်ကို တည်ငြိမ်စွာ စိုက်ကြည့်သည်။
စားသောက်ဆိုင်က တိတ်ဆိတ်သွားသည်။ လူတိုင်းက ဝမ်ချောင်ကိုသာ ကြည့်ကြသည်။ သူတို့၏မျက်ဝန်းထဲတွင် သူ၏အဖြေကို စောင့်နေမှုများနှင့် မျှော်လင့်ချက် ပြည့်နှက်လာကြသည်။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ပြောလိုက်သည်။
“မင်းပြောလို့ပြီးပြီလား”
“မတူညီတဲ့လမ်းကို လျှောက်တဲ့လူတွေက အတူပေါင်းစည်းလို့ မဖြစ်နိုင်ဘူး။ စိတ်အေးအေးထား ငါဘယ်တော့မှ မင်းနဲ့ပေါင်းဖို့ သဘောမတူဘူး”
ဝမ်ချောင်၏ စကားလုံးများက စားသောက်ဆိုင်အတွင်းရှိ ကွန်ဖြူးရှပ်များ၏ မျက်နှာကို ဖြူဖျော့သွားစေသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက မင်းရဲ့လမ်းကြောင်းက အမှားတွေကို တွေ့ဖို့ငြင်းဆန်လိုက်တာပဲ”
လီကျွင်းရှန်း၏ အနောက်ဘက် ညာဘက်ခြမ်းတည့်တည့်တွင် ထိုင်နေသော ပုံရိပ်တစ်ခုက ဒေါသတကြီး ထအော်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထိုလူသည် မျက်နှာသွင်ပြင် ကင်းမဲ့သော မျက်နှာဖုံးကို တပ်ထားသည့် အနက်ရောင်ဝတ်စုံ ဝတ်ထားသောလူဖြစ်သည်။ သူ၏မျက်လုံးနှစ်လုံးက ဝမ်ချောင်အား ဒေါသတကြီးကြည့်သည်။
“တစ္ဆေဓား ထိုင်စမ်း”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က သူ၏နှင်းဖြူရောင် အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်သောအခါ လီကျွင်းရှန်းက နောက်မှလူများကို စိတ်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဘာကြောင့်လဲလို့ ငါ့ကိုပြောပေးနိုင်မလား”
လီကျွင်းရှန်းက သူ၏မျက်နှာတွင် ညင်သာသောအပြုံးကို ချိတ်ဆွဲထားသည်။ သူဟာ ထိုသို့ပြောလိုက်၏။ ဝမ်ချောင်၏အဖြေကို ကြားခဲ့ပြီးသည့်တိုင်အောင် သူဟာ ဒေါသမထွက်သွားချေ။ သူ၏ပြုမူပုံများက အမှန်တကယ်ပင် လေးစားဖွယ်ကောင်းသည်။