← Chapters

အခန်း (၁၂၅၆-၁၂၆၀)

Vol. 74 Ch. 1256-1260

အခန်း (၁၂၅၆-၁၂၆၀)

Vol. 74 Ch. 1256-1260

အခန်း(၁၂၅၆)

“သခင်လေးလီ ကောင်းကင်နဲ့မြေကြီး၊ နေမင်း၊ လမင်း၊ ကြယ်စင်တွေအားလုံးမှာ ကိုယ်ပိုင်တာအို လမ်းစဉ်တွေရှိတယ်။ လောကက အရာအားလုံးမှာ စံချိန်စံနှုန်းတွေ ကိုယ်ပိုင် ပိုင်ဆိုင်ထားပြီးသားပါ။ မြစ်တွေက အမြင့်ပိုင်းကနေ အနိမ့်ပိုင်းကိုစီးတယ်။ နေမင်းနဲ့လမင်းက အရှေ့ပိုင်းကဝင်ပြီး အနောက်ဘက်က ထွက်တယ်။ ဒါတွေအားလုံးကို အလွယ်တကူမြင်နိုင်တယ်။ စံချိန်စံနှုန်းတွေကိုလည်း လူတိုင်းက နားလည်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေ၊ ခင်ဗျားရဲ့ နည်းလမ်းတွေကတော့ ရှုံးနိမ့်သွားလိမ့်မယ်။ တောဆိတ်တွေက တောင်ဆိတ်တွေနဲ့ အတူနေကြတယ်။ ဒါပေမဲ့ ခြင်္သေ့တွေကတော့ ကျားတွေနဲ့ လှောင်အိမ်တစ်ခုထဲမှာ အတူနေနိုင်မှာမဟုတ်ဘူး။ တောဆိတ်တွေကို အသားစားခိုင်းပြီး ကျားတွေ၊ ဝံပုလွေတွေကို မြက်စားခိုင်းတာက သူတို့ကို ခပ်ကြမ်းကြမ်း သေခိုင်းနေသလိုပဲ”

“ခင်ဗျားရဲ့ မူလရည်ရွယ်ချက်ကို ငါနားလည်ပေးနိုင်တယ်။ ဒါပေမဲ့ အာရေးဗီးယားနဲ့ ယွီစန်းက ဝံပုလွေနဲ့ကျားတွေ၊ သူတို့က တောင်ဆိတ်တွေတောင်မဟုတ်ဘူး။ အားကြီးသူက အားနည်းသူကို စားတယ်ဆိုတဲ့ ချိတ်ဆက်မှုက သူတို့ရဲ့စိတ်ထဲကို ထိုးဖောက်နေခဲ့ပြီးသား။ ကျောင်းအနည်းငယ် သွားဆောက်လိုက်ပြီး နည်းနည်းလောက် စိတ်ကူးယဉ်မှုအပြည့်နဲ့ ရှင်းပြပေးလိုက်ရုံနဲ့ အောင်မြင်လာမှာလည်း မဟုတ်ဘူး”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။

ထိုလူများသည် စိတ်ကူးယဉ်လွန်းသည်။ သူတို့က အောင်မြင်သည် မအောင်မြင်သည်ဆိုသော ကိစ္စက မေးခွန်းတစ်ခုမဟုတ်တော့ဘဲ ဗဟိုပြင်ကျယ်က သူတို့၏အိမ်မက်အတွက် မည်မျှကြီးလေးသော တန်ကြေး ပေးဆပ်ရမည်ဆိုသည့် ကိစ္စက ပါလာသည်။

“ဟမ်း မျိုးနွယ်ခြားနယ်မြေတွေကဘုရင် မြစ်တွေက မြင့်ရာကနေ နိမ့်ရာကို စီးဆင်းနိုင်တယ်။ ဒါပေမဲ့ လူတွေကတော့ နိမ့်ရာကနေ မြင့်ရာကို ရေသယ်သွားလို့ ရနေတာပဲ။ နေနဲ့လက အရှေ့ကနေဝင်ပြီး အနောက်ကနေထွက်တယ်။ ဒါပေမဲ့ နေနဲ့လက မတည်ရှိတဲ့အချိန်မှာ လူတွေက မီးတုတ်တွေသုံးပြီး အမှောင်ထုကို အလင်းပေးကြတယ်။ အချို့ကိစ္စတွေအတွက် သတ္တိအပြည့်နဲ့ လုပ်နိုင်စွမ်းရည်သာမရှိရင် ဘယ်လိုများ အောင်မြင်နိုင်တော့မှာလဲ”

လီကျွင်းရှန်း၏ မျက်နှာထားက ခိုင်မာတည်ကြည်သည်။ သူသည် တည်ငြိမ်စွာသာ ပြန်ဖြေသည်။

“ဒါပေမဲ့ ခင်ဗျား ကျရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ပေးဆပ်ရမဲ့ တန်ကြေးက ဘယ်လောက်ကြီးသလဲဆိုတာကို ခင်ဗျားသိလား။ ခင်ဗျားရဲ့စိတ်ကူးယဉ်ဆန်တာတွေ အတွေးတွေကြောင့် လူဘယ်လောက်များများက စတေးပေးရမလဲဆိုတာကိုသိလား။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ လူလေးသိန်းကျော်က သေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ထန်စစ်သည် တစ်သိန်းပဲပါတာ။ တာလာ့နဲ့ ခိုရာစန်းရဲ့ စစ်ပွဲမှာ စစ်သည်တစ်သန်းကျော် ပါသွားတယ်။ ဒါပေမဲ့ ထန်က နှစ်သိန်းပဲ ဆုံးရှုံးသွားခဲ့တာ။ ဒါတောင်မှ အပြတ်အသပ် ကွာလွန်းတဲ့ အနေအထားကြောင့် ဒီလောက်ဆုံးရှုံးသွားခဲ့တာပဲ။ ဒါက ခင်ဗျားအတွက် သည်းမခံနိုင်အောင် ဖြစ်သွားစေတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့အကြံအစည် ကျရှုံးသွားခဲ့ရင် ဗဟိုပြင်ကျယ်ကလူ ဘယ်လောက်တောင် သေသွားမလဲဆိုတာကို နားလည်လား။ သိန်းကျော်လား ဒါမှမဟုတ် သန်းကျော်လား။ ဒီအရေအတွက်က ခင်ဗျားစိတ်ကူးယဉ်ကြည့်လို့တောင် မတက်နိုင်ဘူး။ ခင်ဗျားတွေးတောင် မတွေးဖူးတာတွေ ဖြစ်လာနိုင်တယ်”

ဝမ်ချောင်က ခပ်ကြမ်းကြမ်း ပြန်ငြင်းလိုက်သည်။ ဒီတစ်ကြိမ်တွင် လီကျွင်းရှန်းက ဘာစကားမှ မပြောတော့ချေ။ သူသည် မျက်လုံးကို အသာမှိတ်လိုက်ပြီး အတွေးနက်သွားပုံရသည်။ အချိန်အတန်ကြာပြီးမှသာ စားသောက်ဆိုင်အတွင်း သူ၏အသံက ပြန်ထွက်လာသည်။

“အရာအားလုံးက တန်ကြေးတစ်ခုတော့ ပေးရမှာပဲ။ ရွှီနဲ့ကျောင်းရဲ့တိုက်ပွဲမှာ နှစ်ဖက်လုံးက အင်အား လေးသိန်းကျော် ဆုံးရှုံးသွားရပြီး သာမာန်လူ မရေမတွက်နိုင်အောင် ပါသွားခဲ့တယ်။ ဖေးမြစ်ရဲ့တိုက်ပွဲမှာ စစ်သည်အင်အား ရှစ်သိန်းကျော်ပါတဲ့ စစ်တပ်ကြီးတစ်ခုလုံးက ရှင်းလင်းခံခဲ့ရတယ်။ ယခင်စွေ့နဲ့ ဂိုဂူလျောအင်ပါယာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်း ဆုံးရှုံးမှုက တစ်သန်းအထိ ရောက်ရှိသွားခဲ့သေးပြီး ပြည်သူ ငါးသန်းကျော်ကိုတောင် သတ်သွားခဲ့တယ်။ အဆုံးသတ်မှာ အဲ့ဒီစစ်ပွဲက မဟာစွေ့ကို အဆုံးသတ်သွားစေခဲ့တယ်။ ဒီလောက်ဥပမာတွေက မြောက်များလွန်းလို့ ထည့်ပြောလို့တောင် လိုက်မှီနိုင်မယ်မထင်ဘူး”

“စစ်ပွဲတွေက အဆုံးမသတ်ရင် ဒီလိုဆုံးရှုံးမှုတွေက ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ဘူး။ ရှေးခေတ်အချိန်ကတည်းက အတွေးမတူတဲ့လူတွေ အချင်းချင်း စစ်ဖြစ်နေပြီး ဆုံးရှုံးမှုပမာဏက ဆယ်သန်းကျော်နေလောက်ပြီ။ သာယာဝပြောတဲ့ လောကကြီးကပဲ ဒီစစ်ပွဲတွေကို အဆုံးသတ်စေနိုင်မှာ။ ဒါရဖို့အတွက် ဘယ်လိုတန်ကြေးမဆို ပေးဖို့တန်ပါတယ်”

လီကျွင်းရှန်းက ထိုသို့ခပ်တင်းတင်းပြောသည်။ သူ၏အသံဟာ အလွန်အမင်း တည်ငြိမ်သည်။ နေ့စဉ်လုပ်ကိုင်နေကျ ကိစ္စတစ်ခုကို ဆွေးနွေးနေသလိုမျိုးပင် ထင်ရသည်။

“ရမ်းကားလိုက်တာ အရမ်းလည်းရယ်ရတယ်။ ခင်ဗျားက ပြည်သူတွေရဲ့ ကံကြမ္မာကို ကလေးကစားပွဲလို သဘောထားနေတာပဲ”

ဝမ်ချောင်၏မျက်နှာက ချက်ချင်းလိုလို တင်းမာသွားသည်။ သူ၏ပါးစပ်မှ ခပ်ကြမ်းကြမ်း ပြောသံက လျှင်မြန်စွာထွက်လာ၏။ ထိုလူများဟာ သူရူးများဖြစ်နေသည်။ သူတို့၏စိတ်ကူးများ၊ ဖြောင့်မတ်မှန်ကန်မှုများ အတွက်ကြောင့်နှင့် လောကရှိ ပြည်သူများ၏အသက်ကို နယ်ရုပ်များအလား သဘောထားနေကြသည်။ သူတို့ဟာ လောကအတွက်ဟု ပြောနေကြ၏။ သို့သော် ပြည်သူများ၏ အစစ်အမှန် ကံကြမ္မာအသက်များကိုမူ အနည်းငယ်သော်မျှ ဂရုမစိုက်ကြပေ။ ကပ်ဘေးကာလ ရောက်လာမည့် အခိုက်အတန့်မျိုးနှင့်ဆိုလျှင် မဟာထန်ကြီးသည် ထိုပြဿနာရှာသော လူများ၏ ပြဿနာများကိုပင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ဝမ်ချောင်ဟာ သူတို့ကို အောင်မြင်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။

“ဒီအတွေးတွေကို အဆုံးသတ်လိုက်တာကောင်းမယ်။ မဟာထန်ရဲ့ ပြည်သူတွေက ခင်ဗျားရဲ့ပန်းတိုင် အောင်မြင်ဖို့ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ လက်နက်ပစ္စည်း ကိရိယာတွေမဟုတ်ဘူး။ ခင်ဗျားက သာယာဝပြောတဲ့ လောကကြီးအတွက်ဆိုပြီး ဘာလုပ်လုပ် ဂရုမစိုက်ဘူး။ ခင်ဗျားကလည်း ခင်ဗျားရဲ့ပန်းတိုင်က ဘယ်လောက်တောင်မြင့်မြတ်သလဲဆိုပြီး ထင်နေတာကို ဂရုမစိုက်သလို ခင်ဗျားရဲ့ အလံက ဘယ်လောက်ထိမြင့်မြင့် မြှောက်ထားနိုင်မယ်ဆိုတာကိုလည်း ငါဂရုမစိုက်ဘူး။ ငါအသက်တစ်ရက် ပိုရှည်နေသမျှ ခင်ဗျားရဲ့အကြံတွေ အောင်မြင်ဖို့ တစ်ရက်ပိုကြာသွားစေရမယ်”

ဝမ်ချောင်၏ စကားလုံးများက ပြင်းထန်သည့် အရှိန်အဝါအပြည့်နှင့် နက်ရှိုင်းသည့် အပိုင်းအတွင်းသို့ တူကိုသုံးပြီး သံကိုရိုက်ထည့်လိုက်သလို ထင်ရသည်။ ဝမ်ချောင်သည် အနောက်တောင်ပိုင်း၏ စစ်ပွဲနှင့် တာလာ့တွင် အနိုင်အရယူနိုင်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော အင်အားများကို စိုက်ထုတ်ထားခဲ့ပြီး မဟာထန်၏ ပျက်စီးရာပျက်စီးကြောင်းကို တားခဲ့လျှက် ပြည်သူများကို ကယ်တင်ခဲ့သည်။ သို့သော် ထိုလူများကမူ အပေါ်ယံတွင် သူနှင့်အတွေးတူသည်ဟု ပြောနေသော်လည်း အမှန်တိုင်းဆိုလျှင် သူတို့၏ရည်ရွယ်ချက်ဟာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဗဟိုပြင်ကျယ်ကြီးတွင်ရှိသော နေထိုင်နေသည့် လူသန်းပေါင်းများစွာက သူတို့၏ အလောင်းအစားတွင် ပါဝင်နေသည့် နယ်ရုပ်လေးများ ဖြစ်နေကြသည်။ သူတို့၏အကြံအစည် အောင်မြင်ရန် အသုံးချခံများ ဖြစ်လာ၏။

သူကသာ ပြန်လည်မွေးဖွားလာခဲ့ခြင်း မရှိလျှင်ပင် ဝမ်ချောင်အနေဖြင့် ထိုလူများကို ဘယ်သောအခါမှ အောင်မြင်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။

ဝုန်း

စားသောက်ဆိုင်အတွင်းမှ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများအားလုံးက ဝမ်ချောင်၏ စကားလုံးများကြောင့် မျက်နှာဖြူဖျော့သွားကြသည်။ ဝမ်ချောင်သည် မဟာထန်၏ မျိုးဆက်သစ်မှ စစ်နတ်ဘုရားဖြစ်ပြီး ယခင် ရာစုနှစ်အနည်းငယ်အတွင်း မျိုးရိုးနာမည်မတူသော ပထမဦးဆုံးသော ဘုရင်ဖြစ်သည်။ အင်ပါယာခုံရုံးတွင်ဖြစ်စေ၊ ပြည်သူများအတွက်ဖြစ်စေ၊ စစ်တပ်အတွက်ဖြစ်စေ ဝမ်ချောင်သည် လွှမ်းမိုးမှုအလွန်ကြီးလေသည်။ ဝမ်ချောင်ကသာ သူတို့ကို အတိုက်အခံလုပ်ရန် ဆုံးဖြတ်ချက်ချထားလျှင် သူတို့၏အကြံအစည်များက အလွန်နှောင့်နှေးပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ဝမ်ကလန်သည် ဗိုလ်ချုပ်များ၊ အမတ်များ ပြည့်နေသေးပြီး မျိုးဆက်သုံးဆက်လုံးလုံး တော်ဝင်အရာရှိများအဖြစ် ခစားခဲ့သည်။ သူတို့သည် သစ္စာရှိကြသည်။ ထိုမျှ ထူးချွန်နေသော နောက်ခံမျိုးနှင့်ဆိုလျှင် ထိုအဖွဲ့အစည်းက အင်အားများကို စုစည်းပြီးသောအခါတွင် လုံလောက်သော အင်အားကို ကိုယ်စားပြုနိုင်လာပေလိမ့်မည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒီစကားလုံးတွေနဲ့ မင်းကငါတို့ရဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်တာပဲ”

စားပွဲတစ်ဖက်ခြမ်းတွင်ထိုင်နေသော လီကျွင်းရှန်း၏ မျက်နှာအမူအရာက အနည်းငယ် အေးစိမ့်လာသည်။ သူ၏တည်ငြိမ်သော အမူအရာက ပထမဦးဆုံးအကြိမ် ပျက်ယွင်းလာသည်။

အစမှအဆုံးအထိ သူသည် အမြဲတစေ ဝမ်ချောင်ကို ဆွဲဆောင်သိမ်းသွင်းချင်ခဲ့သည်။ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်၏ အကူအညီနှင့်သာဆိုလျှင် သူသည် ဖိအားအများကြီး လျော့သွားပေလိမ့်မည်။ သို့သော် အရာအားလုံးက သူ၏ဆန္ဒနှင့် ခြားနားသွားသည်။

ဝမ်ချောင်သည် သူတို့နှင့် အတိုက်အခံလုပ်ရန် ဆုံးဖြတ်ထားသောကိစ္စက လီကျွင်းရှန်းမမြင်ချင်ဆုံး ကိစ္စဖြစ်နေသည်။

“ငါကမင်းတို့ရန်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်တာမဟုတ်ဘဲ မင်းတို့ကသာ ငါ့ရဲ့ရန်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်တာ။ ဒါက လောက ဒီလောကက မင်းတို့ရဲ့ စစ်တုရင်ကစားပွဲ မဟုတ်ဘူး။ ပြည်သူတွေက မင်းတို့ရဲ့ နယ်ရုပ်မဟုတ်ဘူး။ ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ အခုမှ ကိုယ့်လက်ကို ပြန်ရုတ်ရင် နောက်မကျသေးဘူး။ အဲ့ဒီလိုမှမဟုတ်ရင် ငါကမင်းတို့ကို အုတ်မြစ်ထဲက ဆွဲနှုတ်ရလိမ့်မယ်။။ ကျန်းချောင်ရှုက အစပဲရှိသေးတယ်။ ငါက ကျန်းချောင်ရှုတစ်ယောက်ကို ဆွဲထုတ်နိုင်ရင် မရေမတွက်နိုင်တဲ့ ဒီလိုကောင်မျိုးတွေကို ဆွဲထုတ်နိုင်တယ်။ မင်းအင်ပါယာခုံရုံးထဲမှာ ချထားတဲ့ နယ်ရုပ်အပိုင်းအစတွေ အားလုံးကိုတောင် ဖယ်နိုင်လိမ့်မယ်”

ဝမ်ချောင်က အေးစက်စွာပြောသည်။ ဝမ်ချောင်သည် မူးယစ်ခြင်းလမင်းကျောင်းဆောင်သို့ လာသည်မှာ လီကျွင်းရှန်းနှင့် စကားပြောရုံလောက် မရိုးရှင်းချေ။ ထိုအဖွဲ့၏ ရိုးရှင်းစွာပင် စိတ်လွတ်နေပြီး ခပ်တုံးတုံးအတွေးများက မဟာထန်ကို ပျက်စီးစေခဲ့ပြီးလေပြီ။ ဒီထက်ပိုပြီးဆိုးရွားအောင် ပိုပြီး ပျက်စီးစေအောင် ဖျက်ဆီးခွင့်ပြု၍မရတော့ချေ။

ဘန်း

ဝမ်ချောင်၏ ခြိမ်းခြောက်မှုများက စားသောက်ဆိုင်တစ်ခုလုံးအနှံ့ အံ့အားသင့်ဖွယ် အားလှိုင်းများ ပျံ့နှံ့သွားစေပြီး လူတိုင်း၏မျက်နှာကို ဖြူဖျော့သွားစေသည်။

“ရမ်းကားလိုက်တာ”

“မောက်မာတယ်”

ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများအားလုံးက အော်ဟစ်ကြသည်။ အခန်းတစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါများဖြင့် ပေါက်ကွဲသွားလေသည်။ ထိုစွမ်းအားများက ဝမ်ချောင်၏ကိုယ်ပေါ် ပိတ်လှောင်လျှက် ကျလာသည်။ တခဏခန့်ကြာပြီးနောက် လီကျွင်းရှန်းထံမှ သေးငယ်သည့် ဟန်အမူအရာနှင့်တင် အားလုံးကို ဖိနှိပ်လိုက်သည်။

“ဝမ်ချောင်”

နှင်းဖြူရောင် အင်္ကျီလက် အနားစကို တစ်ချက်ယမ်းလိုက်သည့် လီကျွင်းရှန်းက ထိုင်ခုံမှထသည်။ သူ၏မျက်နှာတွင် အပြုံးမရှိချေ။ မျက်နှာအမူအရာက အလွန်အမင်း တည်ငြိမ်နေသည်။ သူသည် ဝမ်ချောင်အား မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဟုပင် မခေါ်တော့ဘဲ နာမည်ကိုပင် တိုက်ရိုက် ခေါ်လိုက်သည်။

“သာယာဝပြောတဲ့ လောကက မတောင့်ခံနိုင်တဲ့ ဆွဲဆောင်မှုတစ်မျိုးပဲ။ အရာအားလုံးကလည်း အဲ့ဒီထဲကို စီးဝင်ချင်ကြတယ်။ လူတစ်ယောက်တည်းက ဒါကို ပြောင်းနိုင်မှာမဟုတ်ဘူး။ မင်းက ဗိုလ်ချုပ်ဖြစ်ချင်ဖြစ်မယ် အမတ်ဖြစ်ချင်ဖြစ်မယ် ဘုရင်ဖြစ်ချင်ဖြစ်မယ် ဒါတောင်မှ ဒီအရှိန်ကို မပြောင်းနိုင်လောက်အောင် မင်းဟာ သေးနုပ်နေသေးတယ်။ ပုဇွန်ကြီးတစ်ကောင်က သူ့ရဲ့ကိုယ်ပိုင်အင်အားနဲ့ ရထားလုံးကို နောက်ကနေ ဆွဲထားလို့မရနိုင်သလိုပဲ။ မင်းကတောင်မှ သမိုင်းလှည့်ဘီးကို တားဖို့ ကျရှုံးသွားလိမ့်မယ်။ အဲ့ဒီလိုနဲ့ မင်းကိုယ်တိုင်ကပဲ မင်းရဲ့ကိုယ်ပေါ် ကပ်ဘေးတွေ ဆောင်ကျဉ်းပြီး မင်းရဲ့ခန္ဓာကိုယ်ကပဲ ဖုန်မှုန့်ဖြစ်တဲ့အထိ ခွဲချေခံရလိမ့်မယ်”

“အနောက်တောင်ပိုင်းဖြစ်ဖြစ် အနောက်မြောက်ပိုင်းဖြစ်ဖြစ် ငါတို့က တူညီတဲ့လူတွေလို့ ယူဆခဲ့တာ။ ဒါကြောင့်ပဲငါက မင်းကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ သည်းခံပေးခဲ့တယ်။ ဒါကြောင့် မင်းက ငါ့ကို နောက်ဆုံးတစ်ခေါက် ထပ်ငြင်းခဲ့တာတောင်မှ မင်းသဘောမတူမှန်း အခွင့်အရေးမရှိမှန်း သိနေတာတောင်မှ ဒီစားသောက်ဆိုင်မှာ မင်းကိုစောင့်ပြီး နောက်ဆုံးတစ်ခေါက်အဖြစ် မင်းကို အယုံသွင်းဖြောင့်ဖြချင်ခဲ့သေးတယ်။ အား မင်းက ငါထင်ထားတာထက် ပိုရူးနေတာပဲ။ မင်းက ငါတို့ကို ခြိမ်းခြောက်တာမဟုတ်ဘူး။ မင်းရဲ့ ကိုယ်ပိုင် ပျက်စီးရာပျက်စီးကြောင်းကို ကိုယ်တိုင်ရှာနေတာ။ အဆုံးသတ်မှာတော့ မင်းနဲ့ မင်းရဲ့နောက်က ဝမ်ကလန်ကပဲ တန်ကြေးကို ပေးရလိမ့်မယ်။ သမိုင်းလှည့်ဘီးကို တားဖို့ရပ်ဖို့ ကြိုးစားရဲတဲ့ ဘယ်လိုအနှောက်အယှက်ကမဆို အဆုံးသတ်မှာ ဖုန်မှုန့်ဖြစ်တဲ့အထိ ချေမွခံရမှာပဲ”

လီကျွင်းရှန်းက ထိုသို့ပြောလိုက်ပြီး တဖြည်းဖြည်းချင်းစီ ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သူ၏နှင်းဖြူရောင် ဝတ်စုံက ဖြတ်ကနဲလက်သွားပြီး ဘေးပတ်ပတ်လည်တွင် ကခုန်သွားသည်။ တူညီသော အခိုက်အတန့်တွင်ပင် သူ၏ခန္ဓာကိုယ်အတွင်းမှ အာဏာရှင်ဆန်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကန့်အသတ်မဲ့သည့် အရှိန်အဝါများက ပေါက်ထွက်လာသည်။ ထိုအရှိန်အဝါများသည် ဝမ်ချောင်ထက် မနိမ့်ပါချေ။

ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ မျက်နှာအမူအရာက ရေခဲတုံးလို အေးစက်သွားသည်။

“ကြည့်ရတာ ငါတို့က တူညီတဲ့လမ်းကြောင်းကို လျှောက်တာမဟုတ်သလို အချင်းချင်းလည်း သဘောတူညီမှု ရယူနိုင်တော့မှာမဟုတ်လို့ ဒီလိုဆိုမှတော့ နှုတ်ဆက်ပါတယ်”

ထိုစကားများနှင့်အတူ ဝမ်ချောင်က သူ၏ခွက်ကို ကုန်အောင်သောက်လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းလျှက် ထွက်သွားသည်။

ဒီတွေ့ဆုံမှုတွင် ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် မဖြောင့်ဖြနိုင်ခဲ့ချေ။ သူတို့၏ အတွေ့အကြုံများက ခြားနားသည်။ စိတ်ကူးများကလည်း မတူချေ။ ထို့ကြောင့် ခြားနားသောလမ်းတွင် လျှောက်ရန် ကံပါလာခဲ့ပြီးသားဖြစ်သည်။ ဝမ်ချောင်က ချက်ချင်းလိုလိုထပြီး စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားသည်။ အရာအားလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။

“ခဏနေပါဦး”

ဝမ်ချောင်က လှေကားထစ်နားသို့ ရောက်ချိန်တွင် အနောက်ဘက်မှ အသံတစ်သံထွက်လာသည်။ လီကျွင်းရှန်းက စားပွဲရှေ့မှ ထရပ်လာပြီး ဝမ်ချောင်၏ကျောကို အေးစက်ကာ မောက်မာသည့် မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

“မင်းဒီနေရာကနေ ထွက်သွားတာနဲ့ ငါတို့ ထာဝရရန်သူဖြစ်သွားပြီ”

“ငါတို့က ဖြစ်နှင့်နေပြီးပါပြီ”

ဝမ်ချောင်၏ ခြေလှမ်းများက တခဏသာ ရပ်သွားပြီး ဆက်လက်လှမ်းသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ငါမင်းကို ဒီစကားလုံးတွေတော့ ချန်ထားပေးလိုက်မယ်။ မင်းက ပေါရန်ကို မသတ်ပေမဲ့ ပေါရန်ကတော့ မင်းကြောင့်သေသွားရတယ်။ ခိုရာစန်းမှာကတည်းက မင်းရဲ့ လက်အောက်ငယ်သားတွေက အမြဲတစေ လွတ်ထွက်နေခဲ့တာမှမဟုတ်ဘဲ”

လီကျွင်းရှန်း၏အသံက ခြိမ်းခြောက်မှုများပါသည်။

ဝုန်း

ဝမ်ချောင်၏ခြေလှမ်းက ရုတ်ချည်းရပ်သွားသည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားသည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က အသိပြန်ဝင်သွားပြီး အောက်ဘက်သို့ ဆက်ဆင်းသည်။

“ငါကကွန်ဖြူးရှပ်စာပေဂိုဏ်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို လက်ခံပါတယ်။ အနာဂတ်မှာ ငါလာလည်ဦးမှာပါ”

ကွန်ဖြူးရှပ်ဂိုဏ်းဆိုသော စကားလုံးက ဒုတိယထပ်မှ ကွန်ဖြူးရှပ်စာပေ လေ့လာလိုက်စားသောသူများ အားလုံးကို မျက်နှာတင်းမာသွားစေသည်။ ထိုထဲတွင် လီကျွင်းရှန်း အပါအဝင် ဓားအကကို ဖျော်ဖြေခဲ့သူများပင်ပါသည်။ ကျော့ရှင်းကြည့်ကောင်းသော လီကျွင်းရှန်း၏ မျက်နှာအမူအရာကပင် ပျက်ယွင်းသွားပြီး ဟန်အမူအရာကပင် ပျက်သွားသည်။ သို့သော် သူက စကားမဆိုနိုင်သေးခင် ခွက် ခွက် ခွက်အသံနှင့်အတူ ဝမ်ချောင်ဟာ မူးယစ်ခြင်းလမင်း ကျောင်းဆောင်ထဲက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

....

“အရှင့်သား ဘယ်လို ဘယ်လိုနေလဲ”

ဝမ်ချောင်က ကျောင်းဆောင်ထဲမှ ထွက်ရုံသာရှိသေးသည်။ လူအုပ်က လာရောက်တွေ့ဆုံသည်။

“ရထားလုံးပေါ် အရင်တက်ရအောင် အဲ့ဒီနောက်မှ ပြောကြမယ်”

ဝမ်ချောင်က တင်းမာစွာပြောသည်။

ဝုန်း

ရထားလုံးက မူးယစ်ခြင်းလမင်းကျောင်းဆောင်ထံမှ မိသားစုစံအိမ်ထံ လျှင်မြန်စွာထွက်ခွာသည်။ ဝမ်ချောင်က အတွေးနှင့် ထိုင်နေချိန်တွင် သူ၏မျက်မှောင်ကြားတွင် စိုးရိမ်မှုတိမ်စိုင်များက ယစ်ဆိုင်းနေသည်။

“သိန်းငှက်အိုကြီး အခုချက်ချင်း စုဟန်ရှန်းနဲ့ လီစစ်ယဲ့တို့ထံ စာရေးပြီး သူတု့ိရဲ့ လက်အောက်ငယ်သားတွေ အားလုံးကို အနောက်တောင်ပိုင်းမှာ စုစည်းခိုင်းထားလိုက်။ ငါ့ရဲ့အမိန့် မရှိဘဲ ကွန်ဖြူးရှပ်ကျောင်းတော်က စေလွှတ်တဲ့ ဗိုလ်ချုပ်ကြီးတွေကို အတိုက်အခံလုပ်ဖို့ တားမြစ်တယ်။ ငါအဲ့ဒီစာကို ဒီနေ့ပဲ ပို့စေချင်တယ်”

++++

အခန်း(၁၂၅၇)

“ဟုတ်ကဲ့အရှင့်သား”

ရထားလုံး၏အပြင်ဘက်မှ သိန်းငှက်အိုကြီး၏ အသံက ထွက်လာသည်။ သူသည်လည်း အခြေအနေများကို မသိသည့်တိုင်အောင် သိန်းငှက်အိုကြီးအနေနှင့် ဝမ်ချောင်၏အမိန့်ကိုသာ လိုက်ပါ လုပ်ဆောင်မည်ဖြစ်သည်။ မည်သို့သော အခြေအနေတွင်ဖြစ်စေကာမူ ဝမ်ချောင်၏အမိန့်က ဘယ်သောအခါမှ မှားရိုးထုံးစံမရှိပေ။ ထိုအခြေအနေဟာ မှန်ကန်ကြောင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သက်သေပြပြီးလေပြီ။

“ဝမ်ချောင် အနောက်မြောက်ပိုင်းမှာ တစ်ခုခုဖြစ်လို့လား”

သူ၏ဘေးဘက်မှ ညင်သာသောအသံက ထွက်လာသည်။ ရွှီချီချင်က ဝမ်ချောင်၏ ဘေးတိုက်မျက်နှာကို အကဲခတ်နေခြင်းဖြစ်သည်။ ဝမ်ချောင်ကို သိကျွမ်းသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သို့သော် သူ၏မျက်နှာ ထိုမျှတင်းမာနေသော မြင်ကွင်းမျိုးကို မမြင်ဖူးချေ။

ဝမ်ချောင်က မည်သည့်စကားမှ မဆိုချေ။ ခေါင်းကိုသာ အသာညိမ့်သည်။ ထို့နောက် သူ၏စိတ်ထဲတွင် လီကျွင်းရှန်း၏ မှတ်ချက်များကို ပြန်လည်တွေးတောလိုက်သည်။

စုဟန်ရှန်းနဲ့ လီစစ်ယဲ့

သူ၏စိတ်အတွင်း အတွေးတစ်ခုက ဖြတ်ပြေးသွားသည်။ ဝမ်ချောင်၏စိတ်က အနောက်မြောက်ပိုင်းမှ သူ၏ လက်အောက်ငယ်သား နှစ်ယောက်ထံ ရောက်သွားသည်။ သူသည် မြို့တော်တွင် အလုပ်များပြီး ကိစ္စများကို ကိုင်တွယ်နေရသဖြင့် နယ်စပ်မှကိစ္စများကို မေ့လျော့နေခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ၏စစ်အာဏာကို ဖယ်ရှားခံခဲ့ရပြီး စစ်တပ်တစ်ခုလုံးကို ဖိနှိပ်ခံနေရသောကြောင့် ဒေါသအထွက်ဆုံးတစ်ယောက် မဟုတ်ချေ။ ထိုအစား အနောက်မြောက်ပိုင်းထံမှ ရုတ်သိမ်းခြင်းခံခဲ့ရသည့် ချီရှီကာကွယ်ရေး စစ်တပ်နှင့် ဝမ်ချောင်၏ ထိုနေရာတွင် ထားခဲ့ခြင်းခံရသည့် နောက်လိုက်များကလည်း ဒေါသထွက်နေကြသည်။

ယခုအခါ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများက စစ်တပ်ကို စောင့်ကြပ်ကြည့်ရှု့နေကြသည်။ ထိုသို့ဖြင့် ဗိုလ်ချုပ်များပင်ဖြစ်လာကြ၏။ ထိုအခြေအနေက မရိုးရှင်းနိုင်ချေ။ ဝမ်ချောင်သည် စစ်တပ်ထဲမှ ထိုသူများက ထိုအခြေအနေကို လက်ခံမည်ဟု မယုံကြည်ချေ။ စစ်တပ်ထဲမှ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများနှင့် ကတောက်ကဆဖြစ်လောက်သည်။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများက သူတို့ကို သေချာပေါက် အသုံးချပေလိမ့်မည်။ လီကျွင်းရှန်းက ဖော်ပြထားသော လုပ်ရပ်တိုင်းဆိုလျှင် သူဟာ ညင်သာပေးမည့်ပုံ မရှိချေ။

ခြိမ်း

ရထားလုံးက လျှင်မြန်စွာထွက်ခွာသည်။

ဖလပ် ဖလပ်

တခဏခန့်ကြာပြီးနောက် စွန်ရဲတစ်ကောင်က လေထဲသို့ ထိုးတက်သွားပြီး အနောက်မြောက်ပိုင်းသို့ စာတစ်စောင်ကို သယ်ဆောင်သွားသည်။ ဝမ်ချောင်က ထိုစွန်ရဲအား ကြည့်ရှု့နေချိန်တွင် ခပ်တိုးတိုး အသက်ရှုထုတ်လိုက်သည်။ အနည်းဆုံး ထိုစာနှင့်ဆိုလျှင် စစ်တပ်ထဲမှ ဝရုန်းသုန်းကား အခြေအနေများက အလွန်အကျွံ့ မဖြစ်လောက်ချေ။ စုဟန်ရှန်းနှင့် လီစစ်ယဲ့ကသာ ခပ်ကြမ်းကြမ်း မလှုပ်ရှားသမျှ သူ၏ပြိုင်ဘက်များက ပြဿနာမရှာနိုင်လောက်ချေ။

“အရှင့်သား”

တခဏခန့်ကြာပြီးနောက် အပြင်ဘက်မှ သိန်းငှက်အိုကြီး၏ တုန့်ဆိုင်းနေသောအသံက ထွက်လာသည်။

ဝမ်ချောင်က မျက်လုံးကိုမှိတ်ထားရင်းပြောသည်။

“ပြောပါ”

“ငါတို့က ရန်သူတွေကို ရှာတွေ့ပြီးပြီဆိုတော့ အရှင့်သားဘာလို့ သူ့ကိုအဲ့ဒီမှာ မကိုင်တွယ်ခဲ့တာလဲ။ အနည်းဆုံးတော့ သူ့ကိုဖမ်းပြီး မဟာထန်ကို အပျက်အစီးနည်းအောင် လုပ်ရမယ်”

သိန်းငှက်အိုကြီးကပြောသည်။

ဝမ်ချောင်က မူးယစ်ခြင်း လမင်းကျောင်းဆောင်ထဲသို့ ဝင်ရောက်သွားသောအခါ သိန်းငှက်အိုကြီးက သူ၏ သတင်းအချက်အလက် အဖွဲ့ဝင်များနှင့်အတူ အပြင်ဘက်တွင်သာ ကျန်နေရစ်ခဲ့ပြီး ယင်တစ်ကောင် ပျံထွက်သွားလျှင်ပင် သိရှိနိုင်ရန်အတွက် တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေခဲ့သည်။ သိန်းငှက်အိုကြီးကမူ မူလက သူတု့ိက ယခုလောက်ထိ ကြိုးစားအားထုတ်ပြီးနောက် လိုက်ကာနောက်ကွယ်မှ အစစ်အမှန် အန္တရာယ်ကို ရာတွေ့လိမ့်မည်ဟု ယုံကြည်ထားသည်။ ဝမ်ချောင်က သေချာပေါက် လှုပ်ရှားပြီး ထိုလူကို ဖမ်းလာပြီး အနာဂတ်ပြဿနာများကို ဖြေရှင်းမည်ဟု မှတ်ယူထားလေသည်။

သို့သော် သူတို့က အပြင်တွင် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပြီးနောက် အစောပိုင်းတွင် စားသောက်ဆိုင်က အနည်းငယ်တုန်ယင်သွားသော ဖြစ်ရပ်မှလွဲပြီး နောက်ပိုင်းတွင် တောက်လျှောက် တည်ငြိမ်နေခဲ့သည်။ မည်သူမှ ဖြတ်မလာခဲ့ချေ။

“သိန်းငှက်အိုကြီး ခင်ဗျားတွေးတာကို ငါနားလည်တယ်။ ဒါပေမဲ့ အခုက အချိန်မကျသေးဘူး”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူ၏မျက်လုံးက မှိတ်ထားသည်။

“သူ့ကိုသတ်ရုံနဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး”

သိန်းငှက်အိုကြီးနှင့် အခြားသောသူများကမူ လူတစ်ယောက်တည်းကို ကိုင်တွယ်နေရခြင်းမဟုတ်ကြောင်း မသိလောက်ချေ။ ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင် အင်အားကြီးမားသည့် အဖွဲ့အစည်းကြီး ဖြစ်နေသည်။ အသက်(၂၆)နှစ် (၂၇)နှစ်အရွယ် ထိုလူငယ်လေးက မဟာဆရာ၊ ဘုရင်ချီ၊ အမတ်ချုပ်ကြီးနှင့် ပထမမင်းသားကိုပင် သူ၏ကိုယ်ပိုင်အင်အားမှတစ်ဆင့် ထိန်းချုပ်နိုင်သော စွမ်းအင်မျိုးကို ရှိနေသည်။ သူ၏နောက်ကွယ်တွင် ပိုကြီးသည့်အင်အားက ရှိနေနိုင်၏။

လီကျွင်းရှန်းသည် သူတို့ရွေးချယ်ထားသည့် ခေါင်းဆောင်တစ်ယောက်သာလျှင်ဖြစ်သည်။ သူ့ကို သတ်လိုက်ရုံနှင့် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ချေ။ သူတို့က ရိုးရှင်းစွာပင် ခေါင်းဆောင်အသစ် ထပ်ရွေးပေလိမ့်မည်။

ပို၍ဆိုးသည်မှာ ထိုဆိုင်ထဲမှ လူများအားလုံးက သိုင်းပညာဂိုဏ်းတစ်ခုကို ကိုယ်စားပြုနေခြင်းမဟုတ်ဘဲ စိတ်ဝိညာဉ်တစ်မျိုး ၊ အကြံအစည်တစ်ခုတည်းကို မှီခိုကာ လျှောက်နေကြသည့်သူများ ဖြစ်နေသည်။ သူတို့က စစ်တပ်ကိုဖိနှိပ်ပြီး သူ့အား ခိုရာစန်းမှ ပြန်ခေါ်ခဲ့ခြင်းက သိုင်းပညာကို အသုံးပြုခဲ့ခြင်းမဟုတ်ဘဲ သူတို့၏အတွေး၊ စိတ်ဝိညာဉ်နှင့် အကြံအစည်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့လုပ်နိုင်စွမ်းရည် တစ်ခုတည်းကတင် သိုင်းပညာက ထင်သလောက် အသုံးမဝင်ကြောင်း ဖော်ပြနေသည်။ အသွေးအသားများက နှိပ်စက်၍ရသည်။ ဖျက်ဆီး၍ရသည်။ သို့သော် စိတ်ဝိညာဉ်နှင့် အကြံအစည်များကမူ ဖယ်ရှင်းရ မလွယ်ကူချေ။ ပို၍ဆိုးသည်မှာ သူက လီကျွင်းရှန်းကို သတ်လိုက်သည့်တိုင်အောင် တစ်ဖက်သူက အင်ပါယာခုံရုံးတွင် ပြဿနာရှာနိုင်သေးသည်။ ဒီနည်းအားဖြင့် စစ်မတ်ရေးရာ၊ အမှုထမ်းရေးရာရုံးတော်နှင့် စစ်တပ်ကို ဆက်လက်ပြီး ဖိနှိပ်နိုင်သေးသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ဘာမှမလုပ်ခဲ့ခြင်းဖြစ်သည်။

အခြားသော အကြောင်းပြချက်ကမူ သူသည် ခက်ခက်ခဲခဲကြိုးစားပြီး သူတို့၏ခေါင်းဆောင်ကို ရှာဖွေခဲ့သည်။ သူတို့၏သဲလွန်စကို ရှာတွေ့လာခဲ့၏။ သူကသာ လီကျွင်းရှန်းကို သတ်လိုက်လျှင် အခြားတစ်ဖက်က ခေါင်းဆောင်အသစ် ထပ်ရွေးသွားပေလိမ့်မည်။ ဝမ်ချောင်သည်လည်း ခေါင်းဆောင်အသစ်ကို မသိနိုင်ချေ။ ထိုသို့ဖြင့် နားမလည်နိုင်ချေ။ ဒီနည်းအားဖြင့် သူတို့သည် အရိပ်ထဲသို့ ပြန်လည်ဆုတ်ခွာခြင်းအားဖြင့် သူ့အနေဖြင့် အခွင့်အရေးကို ဖမ်းဆုပ်ရန် ခက်ခဲသွားပေလိမ့်မည်။

ထိုအချက်အပြင် သိန်းငှက်အိုကြီးနှင့် အခြားသောသူများက အရေးကြီးဆုံးအချက်ကို မေ့နေသည်။ လီကျွင်းရှန်းရဲ့သိုင်းပညာ

ဝမ်ချောင်သည် စားသောက်ဆိုင်အတွင်း လီကျွင်းရှန်းနှင့် ဝိုင်ခွက်ချင်းတိုက်ခဲ့သည်။ အစပိုင်းတွင် ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က ဒီလောကတွင် အလွန်အမင်းမြင့်ကာ ရှားပါးနေခဲ့ပြီးသားဖြစ်ပြီး သိမ်မွေ့နယ်မြေသို့ပင် နီးကပ်နေခဲ့ပြီဖြစ်သည်။ သူက ကိုယ့်ကိုယ်သာ မမြင်ဖူးခဲ့လျှင် ဒီလောကတွင် မျိုးဆက်တူအတွင်း သူနှင့် ကျင့်ကြံခြင်းအဆင့် ယဉ်နိုင်သောလူ ရှိလိမ့်မည်ဟု မထင်မိလောက်ချေ။

ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်ကမူ တိုင်းတာရခက်ခဲသော အင်အားမျိုးကို ပိုင်ဆိုင်ထားပြီး မဟာဗိုလ်ချုပ်ကြီးများ၏ အထက်အဆင့်သို့ ရောက်ရှိနေသေးပြန်သည်။ စိတ်စွမ်းအား စွမ်းအင်ချင်းယဉ်သော် မာစီထက်ပင် သာနေသေးသည်။

ဝမ်ချောင်သည် အသက်(၁၈)နှစ်အရွယ်တွင် ဒီလောက်ထိ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ခဲ့သည်မှာ သူ၏ယခင်ဘဝ အတွေ့အကြုံကြောင့်ဖြစ်သလို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့်လည်း ဖြစ်သည်။ ဒီနည်းအားဖြင့် သူဟာ ရန်သူများထံမှ စွမ်းအားများကို စုပ်ယူနိုင်ခဲ့လေသည်။ သို့သော် တစ်ဖက်တစ်ယောက်ကမူ (၂၆)နှစ် (၂၇)နှစ်အရွယ်သာ ရှိသေးသည်။ သူ၏ကျင့်ကြံခြင်းအဆင့်က တိုင်းတာရခက်ခဲလွန်းပြီး ဝမ်ချောင်နှင့်ပင် ကျင့်ကြံခြင်းအဆင့် တူနေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို သာမာန်ကြိုးစား အားထုတ်ရုံနှင့် မရနိုင်ချေ။

ထိုလူ၏နောက်ကွယ်တွင် အင်အားကြီးမားလွန်းသော အဖွဲ့အစည်းကြီးတစ်ခု ရှိနေပေလိမ့်မည်။

ကွန်ဖြူးရှပ်ဂိုဏ်း

ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးကဝင်လာသည်။ ဝမ်ချောင်သည် မူးယစ်ခြင်းလမင်းကျောင်းဆောင်နှင့် ကွန်ဖြူးရှပ်ဝါဒကို ဆွဲကိုင်ထားသူပေါင်း များစွာကိုတွေ့ခဲ့သည်။ သူတု့ိ၏ လက်ကောက်ဝတ်တွင်လည်း ထူးခြားသော အနက်ရောင် သင်္ကေတများ ရှိနေသည်။ ခိုရာစန်းထံမှ သူ၏စစ်အာဏာကို ယူသွားခဲ့သော လူသုံးယောက်တွင်လည်း အလားတူ ရှိနေခဲ့၏။ အစပိုင်းတွင်မူ ဝမ်ချောင်က ထိုသင်္ကေတကို မြင်ဖူးသလို ခပ်ရေးရေး ခံစားခဲ့ရသည်။ သို့သော် မမှတ်မိနိုင်ချေ။ သို့သော် ယခုမှသာ သူသည် မှတ်မိသွားပြီဖြစ်သည်။ သူသည် ဒီဘဝတွင် ထိုသင်ခန်းစာကို မမြင်ခဲ့ဖူးသော်လည်း ယခင်ဘဝတွင် မြင်ခဲ့ဖူးသည်။ ကပ်ဘေးခေတ်ကာလတွင် ကျန်ရစ်သော ကျွမ်းကျင်ပညာရှင်များအားလုံး တစ်နေရာတည်း စုစည်းကြသောအခါ လက်ကောက်ဝတ်တွင် သင်္ကေတများနှင့် ကွန်ဖြူးရှပ် ကျွမ်းကျင်ပညာရှင်အချို့ ပေါ်လာသည်။ သူတို့သည် သူတို့၏သီအိုရီများကို အခိုင်အမာ ကျုံးဝါးပြီး ကျယ်လောင်စွာဖြင့် ပတ်ပြေးနေခဲ့လျှက် ထိုခေတ်ကာလမှ အလွန်ထူးခြားစေခဲ့သေးသည်။

နောက်ပိုင်းတွင် အခြားလောကမှ လူများက သူတို့၏ အခြေစိုက်စခန်းကို တိုက်ခိုက်လာသောအခါ ထိုလူများက ထိုခေတ်ကာလမှ အခြားသော ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပျောက်ကွယ်သွားကြသည်။

ဝမ်ချောင်သည် သူတို့ကို အထူးတလည် အာရုံမစိုက်ဖူးသလို နားလည်ရန် မကြိုးစားဖူးချေ။ ဒီတိုင်း ကွန်ဖြူးရှပ်ဂိုဏ်းဟု သူတို့ကိုယ်သူတို့ခေါ်သော ထိုလူများနှင့် လက်ကောက်ဝတ်တွင် အမည်းရောင် သင်္ကေတပါသော ထိုလူများအကြောင်းကိုသာ အနည်းငယ်သာသိသည်။ သင်္ကေတများက ထူးခြားသည်။

ယခုအခါ သူက ပြန်လည်မွေးဖွားလာပြီဖြစ်ပြီး အခြေအနေကလည်း ပြောင်းလဲသွားသည်။ အနောက်တောင်ပိုင်းနှင့် တာလာ့၏ သမိုင်းကလည်း ပြောင်းလဲသွားလေပြီး စစ်ပညာရှင်များ၏ လွှမ်းမိုးမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ ကျန်သော သမိုင်းတစ်ခုလုံးကလည်း ပြောင်းလာသည်။ ယခင်ဘဝတွင် မပေါ်လာခဲ့သော ကွန်ဖြူးရှပ်ဂိုဏ်းက စင်ပေါ်သို့တက်ပြီး သိုင်းပညာရှင်များကို ဖိနှိပ်ခြင်းဖြစ်သည်။

“သွား အရင်ပြန်ရအောင်”

ဝမ်ချောင်က ခပ်မြန်မြန် ဟန်အမူအရာ ပြန်ထိန်းလိုက်သည်။ အကြံအစည်များက အလေးအနက်သို့ ရောက်လာလေပြီ။ ယခုအခါ ပြန်လည်တိုက်ခိုက်ရမည့် အခြေအနေကို ဆင်နွဲရတော့ပေမည်။

......

“သခင်လေး ဒါကမဖြစ်နိုင်ဘူး။ သူကဘယ်လိုများ ငါတို့ရဲ့ ကွန်ဖြူးရှပ်ဂိုဏ်းအကြောင်း သိနေတာလဲ”

မူးယစ်လမင်းကျောင်းဆောင်အတွင်းတွင် ဝမ်ချောင် မရှိတော့သောအခါ အသက်သုံးဆယ် အရွယ်ခန့်ရှိသည့် သက်လတ်ပိုင်းအရွယ် ပညာသင်သားတစ်ယောက်က လီကျွင်းရှန်း၏ အနားသို့ လျှောက်လာပြီး လှေကားကို အံ့အားတကြီးစိုက်ကြည့်ကာပြောသည်။

“ငါတို့ရဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက အမြဲတစေ လျို့ဝှက်စွာ တည်ရှိနေခဲ့တာ။ အဓိကလူ အနည်းငယ်လောက်ပဲ သိတယ်။ မဟာဆရာတောင်မှ သေချာ ရှင်းရှင်းလင်းလင်း သိထားတာမဟုတ်ဘူး။ ဒါကို ဘယ်လိုလုပ်ပြီး သူ့လို ဆယ်ကျော်သက်တစ်ယောက်က သိနေရတာလဲ”

ထိုပညာသင်သားက လူတိုင်း၏စိတ်ထဲမှ အတွေးကို ထုတ်မေးလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်အရင်ပြောသွားသော စကားလုံးများက ထွက်ခွာခါနီး ပြောသွားသော စကားလုံးများကိုပင် မယှဉ်နိုင်ချေ။ ထိုခံစားချက်က ဖော်ပြရန်ခက်ခဲလွန်းသည်။

ထိုလျို့ဝှက်ချက်သည် အလွန်ကြာညောင်းစွာ သိုသိပ်ထားခဲ့သည့် လျို့ဝှက်ချက်ကြီးဖြစ်ပြီး နတ်ဘုရားနှင့် သရဲများထံမှပင် ဖုံးကွယ်ထားနိုင်သည်ဟု ယုံကြည်ထားကြသည်။ သို့တိုင်အောင် တစ်ဖက်လူက အလွယ်တကူ သိသွားသည်။

စားသောက်ဆိုင်ဟာ တိတ်ဆိတ်နေသည်။ လီကျွင်းရှန်းက အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး တိတ်တဆိတ်သာ ရပ်နေသည်။ သူ၏မျက်နှာတွင် လွန်ဆွဲနေသော အကြည့်မျိုးက ပေါ်ထွက်နေ၏။ သူ၏ ဖြောင့်တန်းပြီး လေးစားဖွယ်ကောင်းသော မျက်နှာများက ကျုံ့နေသည်။ သူသည် သက်လတ်ပိုင်းအရွယ် ပညာသင်သားနှင့် သူ၏သံသယများကို မဝေမျှချေ။ ဝမ်ချောင်က သူတို့ကို ခြိမ်းခြောက်နေသော ခြိမ်းခြောက်မှုများက သူတို့မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေသည်။

ကွန်ဖြူးရှပ်ဂိုဏ်းသည် အမြဲတစေ လိုက်ကာနောက်တွယ်သာ ရှိနေရန် မတွေးတောထားဖူးပါချေ။ သူတို့သည် လောကကို ပြောင်းလဲချင်လျှင် စင်ပေါ်သို့တက်ရမည့်ရက်က ရောက်လာပေလိမ့်မည်။ သို့သော် လီကျွင်းရှန်းအနေဖြင့် ထိုရက်ဟာ အနာဂတ်တွင် ကွာဝေးလွန်းသည်ဟု ထင်ထားခြင်းဖြစ်သည်။

ခိုရာစန်းမှ မတော်တဆမှု ပြီးကတည်းက မရေမတွက်နိုင်သော အဖွဲ့အစည်းပေါင်းများစွာက သူ့ကို စုံစမ်းရန် ကြိုးစားလာကြသည်။ သို့သော် သူတို့အားလုံးက လက်ဗလာနှင့် ပြန်သွားကြရသည်။ သို့တိုင်အောင် မြို့တော်တွင် နောက်ထပ် သုံးရက်၊ လေးရက်ခန့် နေထိုင်ပြီးရုံနှင့် ဝမ်ချောင်က သူ့ကို သတင်းထွက်လာအောင် ဖိအားပေးနိုင်ခဲ့သည်။ ဆယ်ရက်ပင်မကြာသေးခင် ဝမ်ချောင်က သူ၏ အစစ်အမှန်ကို ရှာနိုင်လာသည်။

သူ၏အစစ်အမှန် နောက်ခံက ယခုလောက်ထိ အစောပိုင်းကတည်းက ရှာတွေ့သွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

လီကျွင်းရှန်းအနေဖြင့် အလွန်အမင်း ထက်ရှလွန်းသော ဓားတစ်လက်ကို ရင်ဆိုင်နေရသလို ခံစားနေရသည်။ ထိုဓားက သူ၏ကိုယ်ပေါ်ရှိ သေစေနိုင်သော နေရာတိုင်းကို ချိန်ထားသည်။

ဘယ်ဘက်ခြမ်းမှ အကြီးအကဲတစ်ယောက်၏ အသံကထွက်လာသည်။

“သခင်လေး မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က ငါတို့ကို အရမ်းခြိမ်းခြောက်နိုင်တယ်။ သူက ငါတို့နဲ့ ပူးပေါင်းဖို့လည်း ဆန္ဒမရှိဘူး။ သူက သိပ်မကြာခင် အရမ်းကိုကြီးမားလွန်းတဲ့ ကျောက်တုံးကြီး ဖြစ်လာလိမ့်မယ်။ ငါတို့ရဲ့အကြံတွေကို ပျက်စီးစေမှာပဲ။ ငါတို့အခု သူ့ကိုတိုက်ခိုက်မယ်ဆိုရင် သူ့ကို သတ်နိုင်ချေတောင် မြင့်သေးတယ်။ ဘာလို့ သခင်လေးက ငါတို့ကို တိုက်ခိုက်ခွင့်မပြုတာလဲ”

အသက်ငါးဆယ် အရွယ်ခန့်ရှိမည့် အသက်ကြီးရင့်နေသော ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတစ်ယောက်က ပေါ်လာသည်။ သူ၏အမူအရာက လေးနက်တည်ကြည်သည်။ သူ၏မျက်လုံးထဲတွင် အန္တရာယ်များသော အလင်းက လက်နေသည်။

ထိုကွန်ဖြူးရှပ်အကြီးအကဲက ပေးသော ထင်မြင်ချက်က လေနှင့်အတူ လွင့်သွားနိုင်လောက်သော အရှိန်အဝါမျိုးဖြစ်သော်လည်း ဝမ်ချောင် မရှိတော့သည်နှင့် ထိုအကြီးအကဲက သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖော်ထုတ်ပြသလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ကိုယ်အတွင်းမှ မုန်တိုင်းတစ်ခုလိုမျိုး စွမ်းအားလှိုင်းများက လိမ့်ထွက်လာ၏။ ထိုစွမ်းအားများက ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ထက် နိမ့်ကျခြင်းမရှိပါချေ။

“အကြီးအကဲစုန့် ခင်ဗျားပြောတာမှန်တယ်။ ဝမ်ကလန်ရဲ့ အဲ့ဒီငယ်ရွယ်တဲ့ ဆက်ခံသူက အင်ပါယာခုံရုံးမှာ ငါတို့အတွက် အကြီးမားဆုံးသော ခလုတ်ကသင်းပဲ။ ဒါပေမဲ့ အခုက သူ့ကိုလှုပ်ရှားဖို့ အချိန်မကျသေးဘူး။ တာလာ့၊ ခိုရာစန်းနဲ့ အနောက်တောင်ပိုင်းက အဓိက အောင်နိုင်ပွဲကြီးတွေက သူ့ရဲ့ဂုဏ်သတင်းကို အမြင့်ဆုံး ရောက်နေစေတယ်။ သူမြို့တော်ကို ပြန်လာတဲ့အချိန်က ဘယ်လိုဖြစ်သလဲဆိုတာကို ခင်ဗျားလည်း မြင်တာပဲ။ အင်ပါယာခုံရုံးတင် မဟုတ်ဘူးနော်။ ပြည်သူတွေထဲမှာ သူ့ရဲ့အင်အားက အရမ်းကိုမြင့်တယ်။ သူ့ရဲ့ဂုဏ်သတင်းက အမြင့်ဆုံး အနေအထားမျိုးပဲ။ ငါတို့ကသာ အခုသူ့ကို သတ်ဖို့ ကြိုးစားလိုက်ရင် ငါတို့က ဒီလူတွေအားလုံးရဲ့ဒဏ်ကို ခံထားရရုံတင် မကသေးဘဲ ငါတို့ရဲ့ အကြံအစည်တွေပဲ ပျက်သွားလိမ့်မယ်”

လီကျွင်းရှန်းက တည်ငြိမ်စွာပြောသည်။

သူ၏မျက်လုံးဟာ စူးရှပြီး နက်နဲသည်။ သူသည် အနာဂတ်ဝေးဝေးကို မြင်နိုင်ပုံရသည်။

++++

အခန်း(၁၂၅၈)

ဘုန်း

ထိုအခိုက်အတန့်တွင် မူးယစ်ခြင်းလမင်းကျောင်းဆောင်၏ အပြင်ဘက်မှ ခေါင်းလောင်းသံလို သာယာသော အသံမျိုးက ထွက်လာသည်။ တစ်ချိန်ထဲတွင်ပင် လူအုပ်ထဲမှ အော်ဟစ်အားပေးသံများကိုလည်း ကြားရသည်။ နောက်ဆုံးတွင် ဗုဒ္ဓ၏ မွေးနေ့တော်ကို ကျင်းပမည့်အချိန်က ရောက်ရှိလာပြီဖြစ်သည်။

ပုံရိပ်တစ်ခုက ရှေ့ထွက်လာပြီး ခပ်တိုးတိုးပြောသည်။

“သခင်လေး သူတော်စင်အပါးတစ်ရာကို ဂါရဝပြုရမဲ့အချိန် ရောက်လာပါပြီ”

လီကျွင်းရှန်း၏ အနောက်တည့်တည့် နေရာတွင် ထိုင်နေသည့် အဖြူရောင်ဝတ်စုံနှင့် ပညာသင်သား လီကျွင်းရှန်က ပြောလိုက်ခြင်းဖြစ်သည်။

လီကျွင်းရှန်းက မျက်တောင်တစ်ချက်ခတ်ပြီး အသက်ပြင်းပြင်းရှုသည်။ ထို့နောက် နောက်လှည့်လိုက်သည်။

သူ၏ဘေးဘက်မှလူက ပြဿဒါးရိုင်းမှင်ဖြင့် ရေးသားထားသော စာလွှာကို ကမ်းပေးလာသည်။

“ကောင်းကင်နဲ့မြေပြင်က တူညီတဲ့အင်အားကို ဝေမျှတယ်။ ပစ္စည်းတစ်သောင်းက တူညီတဲ့စိတ်ကို ဝေမျှတယ်။ အထက်က သူတော်စင်အပါးတစ်ရာအတွက်...”

“ငါတို့က ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ဂျူနီယာမျိုးဆက် လီကျွင်းရှန်း၊ လီကျိုးရှန်၊ ကျန်းစုန့်ချင်... [ ]က သူတော်စင်အပါးတစ်ရာရဲ့ မျှော်လင့်ချက်တွေကို အမွေဆက်ခံပါတယ်။ အားလုံးရဲ့အသိစိတ်ကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး သာယာဝပြောတဲ့ လောကကြီးကို တည်ထောင်နိုင်အောင် ကြိုးစားပါ့မယ်။ လောကတစ်ခုလုံးကို ငြိမ်းချမ်းစေဖို့ ကြာရှည်စွာ ဆန္ဒပြုလာခဲ့တဲ့ ရည်ရွယ်ချက်ကို ပြီးမြောက်အောင်ကြိုးစားပြီး စစ်ပွဲတွေကို ထာဝရငြိမ်းချမ်းစေပါမယ်။ ဒီလမ်းကြောင်းက ခက်ခဲတယ်။ စတေးမှုတွေ အများကြီးလည်း ရှိလာနိုင်ပါမယ်။ ဒါပေမဲ့ ပြည်သူတွေက မြက်ပင်တွေကို အဆက်အဆံ မခံရတော့တဲ့အပြင် အသားတွေလို ဝါးမြိုခံရတော့မှာမဟုတ်ဘူး။ ငါတို့ရဲ့ခန္ဓာကိုယ်တွေ ကြေမွသွားပြီး အရိုးတွေ ဖုန်ဖြစ်သွားရင်တောင် ဂရုမစိုက်ပါဘူး”

“ငါတို့က ကောင်းကင်နဲ့မြေပြင်ကို တိုင်တည်ပြီး သစ္စာဆိုပါတယ်။ တစ္ဆေသရဲတွေ နတ်ဘုရားတွေက ငါတို့ရဲ့ မျက်မြင်သက်သေတွေ ဖြစ်ပါစေ”

အဖြူရောင်ဝတ်စုံနှင့် လီကျွင်းရှန်းက သူတို့ကို ဦးဆောင်မှုနှင့်အတူ အခြားသော ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတိုင်းက သူတို့၏ ဝိုင်ခွက်များကို မြှောက်လိုက်ကြသည်။ သူတို့၏ အမူအရာက လေးနက်တည်ကြည်နေပြီး မျက်လုံးများကလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ ထိုခမ်းနားကြီးကျယ်သော အသံက စားသောက်ဆိုင် တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ သို့သော် မမြင်ရသော စွမ်းအားလှိုင်းတစ်ရပ်က ချုပ်ထိန်းထားသလိုမျိုး ထိုအသံက အတွင်းထဲတွင်သာ ကျန်နေရစ်သည်။ အပြင်သို့ တစ်စွန်းတစ်စမျှ မပေါက်ကြားသွားခဲ့ချေ။ ထို့ပြင် ပထမထပ်မှ ဧည့်ကြိုများနှင့် စားပွဲထိုးများကပင် မသိပါချေ။

“သူတော်စင်တွေအတွက်”

“သူတော်စင်တွေအတွက်”

ထိုသို့သစ္စာဆိုမှုက အဆုံးသတ်သွားပြီးနောက် လီကျွင်းရှန်းက သူ၏ခွက်ကိုမော့ပြီး အရင်ဆုံး ကုန်အောင်သောက်သည်။ ထို့နောက် ကျန်သောလူတိုင်းက မော့ပြီးသောက်လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် တည်ကြည်လေးနက်မှုများက ပြည့်နှက်နေသည်။

အခမ်းအနားပွဲက ပြီးဆုံးသွားပြီးနောက် မျက်နှာသွင်ပြင် မပါသော မျက်နှာဖုံးတပ်ထားသည့် အနက်ရောင်ဝတ်စုံနှင့်လူက ပြောသည်။

“သခင်လေး ငါ့ရဲ့အကူအညီလိုလား”

သူဟာ လီကျွင်းရှန်း၏အနားသို့ တဖြည်းဖြည်းချင်းသွားပြီး သူ၏လက်ထဲမှ ရိုးရှင်းသောဓားကလည်း မြောက်တက်လာသည်။ ထိုအခိုက်အတန့်တွင် လူတိုင်းက လီကျွင်းရှန်းကိုသာ ကြည့်လိုက်ကြသည်။ လေထုအခြေအနေက တည်ငြိမ်လာပြန်သည်။ ယခုအချိန်သည် သူတော်စင်အပါးတစ်ရာ၏ သေဆုံးမှုအတွက် နောက်ဆုံးသော ထုံးတမ်းအစဉ်အလာကို ပြုလုပ်ရန်ဖြစ်လာသည်။

“မလိုဘူး”

တခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် လီကျွင်းရှန်းက ခေါင်းကိုအသာခါပြီး အနက်ရောင်ဝတ်စုံနှင့် လူ၏လက်ထဲမှ ဓားကိုယူသည်။

“စွစ်”

လီကျွင်းရှန်း၏ ခေါင်းနားရှိ အနက်ရောင်ခေါင်းစည်းက နှစ်ခြမ်းကွဲသွားသည်။ သူ၏ အနက်ရောင် ဆံပင်များက ကျင်းတစ်သောင်း အလေးချိန်စီးနေသလိုမျိုး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဆံပင်ကိုဖြတ်ခြင်းက ခေါင်းဖြတ်သည်နှင့်တူသည်။ ယခုအခါ ထိုအကြောင်းအရာက စတင်ပြီဖြစ်ပြီး သူသည် နောက်လှည့်၍မရချေ။

“သွားကြမယ်”

တည်ကြည်သောမျက်နှာနှင့် လီကျွင်းရှန်းက မူးယစ်ခြင်းလမင်းကျောင်းဆောင်ထံမှ ထွက်ခွာသည်။ သူ၏ နှင်းလိုဖြူဖျော့နေသော မျက်နှာက ရှင်းလင်းတည်ကြည်နေသည်။ သူ၏အနောက်မှ အခြားသော လူများကလည်း လိုက်သွားကြသည်။

.....

ဝမ်မိသားစု စံအိမ်က အစောင့်များ တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် စာကြည့်ဆောင်ထဲတွင် ထိုင်နေပြီး မျက်လုံးကိုပိတ်ကာ တွေးနေသည်။ သူ၏အရှေ့တွင် အဝါရောင်ကုန်းမြေ၏ မြေပုံရှိသည်။ ဒါဟာ သာ့လွန်ရော့ကျန်းက သူနှင့်အတူ ယွီစန်းကို သယ်လာခဲ့သည့် အရာလည်းဖြစ်သည်။ လောကတွင် အဖိုးတန်ဆုံး တစ်ခုတည်းသော မြေပုံကြီးလည်းဖြစ်သည်။ ထိုအချိန်က ဝမ်ချောင်က ယွီစန်း၊ အနောက်ပိုင်းတူရကီ၊ အရှေ့ပိုင်းတူရကီ၊ ဂိုဂူလျော၊ ရှီ၊ ခစ်ထန်နှင့် အာရေးဗီးယားတု့ိကို အနက်ရောင် အမှတ်အသားများ ထားထားသည်။ ထို့ပြင် အာရေးဗီးယား၊ ယွီစန်းနှင့် ရိုကျိုးတွင်လည်း အနီရောင်အလံသုံးခု ထားထားသည်။

“ပြည်တွင်းရဲ့ထိုးနှက်ချက်၊ ပြည်ပက ထိုးနှိပ်မှုတွေ”

ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်က မျက်လုံးကိုဖွင့်ကာ အသက်ပြင်းပြင်းရှုသည်။

မူဝါဒရေးရာ ရိုက်ချက်တစ်ခုက ခုံရုံးတစ်ခုလုံးကို လှုပ်ခါနိုင်ခဲ့သည်။ ဝမ်ချောင်က လီကျွင်းရှန်းနှင့် လျို့ဝှက်ဆန်းကြယ်သော ကွန်ဖြူးရှပ်ဂိုဏ်းကို ရင်ဆိုင်နေရရုံသာ မကသေးလေဘဲ မဟာထန်ကြီးသည် နယ်စပ်မှ အမျိုးမျိုးသော ရန်သူများကို ရင်ဆိုင်နေရသေးသည်။ မဟာထန်သည် တာလာ့နှင့် ခိုရာစန်းတွင် အဓိကတိုက်ပွဲကြီးများတွင် နိုင်သွားခဲ့သော်လည်း သေးငယ်သောတန်ကြေးကို ပေးဆပ်ခဲ့ရသည်မဟုတ်ချေ။ မဟာထန်က လက်ရှိအခြေအနေအရ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သို့သော် အတွင်းပိုင်း ထိုးနှက်ချက်များက ပျက်စီးစေတော့ပေမည်။

ဝမ်ချောင်သည် ယွီစန်းမှ သာ့လွန်သာ့ရင်လင်၊ အက်ရှာဘာရာခါကန်းနှင့် အနောက်ပိုင်း တူရကီမှ တုဝူစစ်လီ၊ ဂိုဂူလျောမှ ယွန်းဂယ်ဆိုမွန်နှင့် အာရေးဗီးယားမှ မူတာစီရန်သုံးတို့၏ မျက်နှာပေါ်မှ အပြုံးများကိုပင် စိတ်ကူးယဉ်ကြည့်နိုင်သည်။ သံသယဝင်ရန် မလိုလောက်အောင် ဒီလိုအခြေအနေကြောင့် သူတို့က ပျော်နေလောက်သည်။ သူတို့က ဒီအခြေအနေကို လိုက်ပါကူညီပေးလောက်ပြီး သိုင်းပညာရှင်များနှင့် ကွန်ဖြူးရှပ်ဝါဒကို ကိုင်ဆွဲသူများအကြားမှ တိုက်ပွဲကို ပို၍ကြီးအောင် လုပ်လောက်သေး၏။

သို့သော် ဒီအခြေအနေဟာ ဝမ်ချောင်၏ တစ်ခုတည်းသော စိုးရိမ်စရာ မဟုတ်ချေ။ သူ၏မျက်လုံးက ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ တူရကီမြက်ခင်းလွင်ပြင်ဒေသထံ ရောက်သွားသည်။ သူက ရေခဲခေတ်လေးအကြောင်းကို သူ့ထက်ပိုပြီး မည်သူကမှ မသိနိုင်ချေ။ ဒါဟာ ရာစုနှစ် အနည်းငယ်တိုင်းလိုလို ဖြစ်တတ်ပြီး သို့မဟုတ် နှစ်တစ်ထောင်တိုင်းလိုလို ဖြစ်တတ်သည်။ မြောက်ပိုင်းနယ်မြေမှ စတင်ပြီး တစ်လောကလုံးကို လွှမ်းခြုံတတ်၏။

ခိုရာစန်းမှ နှင်းမုန်တိုင်းက လူသိန်းကျော်ကို ခဲသေစေနိုင်သည်။ သို့တိုင်အောင် ထိုအဖြစ်အပျက်ဟာ အစစ်အမှန် ရေခဲခေတ်လေးကို မယှဉ်နိုင်သေးချေ။ မယုံနိုင်စရာကောင်းလောက်အောင် အပူချိန် ထိုးကျသောအခါ ရေကြည်ရာမြက်နုရာ ရှာသူများက ဗဟိုပြင်ကျယ်၏ မြောက်ပိုင်းသို့ ရောက်ရှိလာလေပြီး စုစည်းလျှက် မဟာထန်ကို ကျူးကျော်ပေလိမ့်မည်။

ထို့နောက် အလွန်ကြီးမားသော မျိုးနွယ်ခြားမှ ကျူးကျော်သူများ၏ စစ်တပ်က သူတို့၏ အတွင်းပိုင်း အတွင်းအင်္ဂါများကို ထိုက်နှက်တိုက်ခိုက်ခံရသည့်တိုင်အောင် မသေနိုင်သော မျိုးနွယ်ခြားမှ ကျူးကျော်သူများ၏ စစ်တပ်ကြီးက ကောင်းကင်ဘုံမှ ဆင်းသက်လာလျှက် လောကထဲသို့ ကျူးကျော်လာလျှင်မူ ဒီလောက၏ အစစ်အမှန် အဆုံးသတ်မှုက စတင်လေပြီ။

သူကိုယ်တိုင်ကပင် လှုပ်ရှားရန် အချိန်အနည်းငယ်သာ ရှိတော့သည်။

ဝှစ်

ဝမ်ချောင်က စုတ်တံတစ်ချောင်းကိုယူပြီး စာရွက်အနည်းငယ်ကို စတင်ကာ ရေးသားသည်။ ထို့နောက် စာရွက်များကို ထိပ်စည်းဖြင့်ပိတ်လိုက်ပြီး တခဏကြာအောင် တိတ်ဆိတ်သွားသည်။ ထို့နောက် တဖန်ပြန်လည် စတင်ကာ ရေးပြန်သည်။ မိနစ်သုံးဆယ်၊ တစ်နာရီ၊ နှစ်နာရီ... လေးနာရီဆက်တိုက် ကုန်လွန်သွားသည့်တိုင်အောင် ဝမ်ချောင်ဟာ စာကြည့်ဆောင်ထဲတွင် စာရေးနေခဲ့သည်။

သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသလို ဝမ်ချောင်သည် အတက်နိုင်ဆုံးကြိုးစားပြီး လေ့လာရန်လုပ်သည်။ လောက၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လောက်မည့် ဗျူဟာများကိုလည်း စတင်ကာ ထုတ်နေသည်။

ဒေါက် ဒေါက် ဒေါက်

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်ဟာ တံခါးခေါက်လာသည်။

“အရှင့်သား အရှင့်ရဲ့ လက်အောက်ငယ်သားက တင်ပြစရာရှိပါတယ်”

သိန်းငှက်အိုကြီး၏အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဝမ်ချောင်က ခေါင်းကိုချက်ချင်းမော့ပြီး ပြောလိုက်သည်။

“ဝင်လာခဲ့ပါ”

ကျွီကနဲအသံနှင့်အတူ တံခါးကပွင့်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် သိန်းငှက်အိုကြီးက ဝင်လာသည်။

“အရှင့်သား ပြဿနာဖြစ်နေပြီ။ အရှင် မူးယစ်ခြင်းလမင်းကျောင်းဆောင်ထဲက ထွက်သွားတဲ့အချိန်မှာ ကျွန်တော်ရဲ့လူတွေအားလုံးက အဲ့ဒီနေရာကို စောင့်ကြည့်နေခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်ရဲ့ လက်အောက်ငယ်သားတွေဆီကနေ လီကျွင်းရှန်းလို့ခေါ်တဲ့ လူနဲ့ အခြားကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေအားလုံး ပျောက်ကွယ်သွားတယ်လို့ ကြားသိရပါတယ်”

သိန်းငှက်အိုကြီးက ဝမ်ချောင်ကို ဂါရဝပြုလိုက်သည်။ သူ၏မျက်လုံးထဲတွင် အရှက်တရားက လေးနက်စွာ တည်ရှိနေ၏။ သူ့အနေဖြင့် ပထမဦးဆုံး အကြိမ်တွင် ပစ်မှတ်ကို လွတ်သွားခဲ့သည်မှာ နားလည်၍ရသည်။ ဒုတိယတစ်ကြိမ် ပစ်မှတ်ကို လွတ်သွားခြင်းက ရှက်စရာကောင်းနေလေပြီ။

“စိုးရိမ်စရာမလိုဘူး”

သိန်းငှက်အိုကြီးကလည်း ဝမ်ချောင်ဟာ သူ့ကို အနည်းငယ် အပြစ်တင်လိမ့်မည်ဟု ထင်ထားသည်။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ထိုအခြေအနေကို မျှော်လင့်ထားပြီးသလိုမျိုးသာ ပြန်ပြောသည်။

“ဒီလီကျွင်းရှန်းက ခင်ဗျားထင်ထားတာထက် အများကြီး အင်အားကြီးတယ်။ ခင်ဗျားသူ့ကို မရှာနိုင်တာက ပြဿနာမရှိဘူး”

ဝမ်ချောင်ကပြန်ပြောသည်။

အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်နောက်သို့ မည်သူကမှ မလိုက်နိုင်ချေ။ လီကျွင်းရှန်းသည် မူးယစ်ခြင်းလမင်း ကျောင်းဆောင်ထံမှ ထွက်သွားနိုင်ခဲ့သလို သူသည်လည်း ထိုအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူနှင့်ပင် အင်အားချင်း ယှဉ်နိုင်နေ၏။ ထိုကဲ့သို့သော လူမျိုးကသာ သူ၏နောက်သို့ မလိုက်စေချင်လျှင် သိန်းငှက်အိုကြီးက လူများများ ပို့လွှတ်စေကာမူ သူ့ကို ရှာနိုင်လိမ့်မည်မဟုတ်ချေ။ ဝမ်ချောင်၏အာရုံကို ဆွဲဆောင်ထားသည်မှာ အခြားသောကိစ္စဖြစ်သည်။

“အခြားကွန်ဖြူးရှပ်ဝါဒ ကျင်သုံးသူတွေလည်း ပျောက်သွားတယ်လို့ ခင်ဗျားပြောတယ်နော်။ ဒါကဘာများ ဖြစ်နေမလဲ။ လီကျွင်းရှန်းက နောက်ကလိုက်လို့မရတာ မှန်တယ်။ ဒါပေမဲ့ အခြားသူတွေကတော့ လိုက်လို့ရသင့်တယ်”

“ငါတို့ရဲ့လူတွေက သူတို့နောက်ကို ဆက်လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မူးယစ်ခြင်းလမင်း ကျောင်းဆောင်ထဲက ထွက်သွားပြီးတာနဲ့ သူတို့က မြို့တော်ထဲက ထွက်သွားကြတာကို တွေ့လိုက်ရတယ်။ ငါတို့ကဆက်ပြီး နောက်ကိုလိုက်သွားလေလေ နောက်ထပ် အဖွဲ့အစည်းတစ်ခုက ထွက်လာပြီး ငါတို့ကို တားလာလေလေ ဖြစ်လာတာပဲ။ ခရီးလမ်းမှာ ရထားလုံးတွေအများကြီး မပေါ်လာခဲ့ဘူးဆိုရင် လူအုပ်က ပြုံတိုးပြီး ရှုပ်ရှက်ခက်မနေခဲ့ရင် အဲ့ဒီလိုဖြစ်သွားမှာမဟုတ်ဘူး။ နောက်ပြီး ငါတို့ရဲ့ကင်းထောက် အချို့တောင်မှ သတိလစ်အောင် အရိုက်ခံလိုက်ရတယ်”

သိန်းငှက်အိုကြီးက ရိုးသားစွာတင်ပြသည်။

ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများက မြို့တော်ထဲတွင်သာ ဆက်နေခဲ့လျှင် သိန်းငှက်အိုကြီးအနေဖြင့် သူ၏စွမ်းအင်အရ သူတို့နောက်သို့ လိုက်နိုင်မည်ဟု ယုံကြည်သည်။ သို့သော် သူတို့ကသာ မြို့ထဲမှ ထွက်သွားခဲ့သော် ဗဟိုပြင်ကျယ်ကြီးသည် ကျယ်လွန်းသဖြင့် သိန်းငှက်အိုကြီးကဲ့သို့သော အင်အားမျိုးကပင် မအုပ်ထားနိုင်ချေ။ ထို့ပြင် တစ်ဖက်သူက ကြိုတင်ပြင်ဆင်ထားသည့် အချက်ကို ထည့်မပြောရသေးချေ။

ဝမ်ချောင်၏မျက်မှောင်က ကျုံ့သွားသည်။ ထို့နောက် ခပ်မြန်မြန် ပြန်ပြေသွား၏။

“လွှတ်ပေးလိုက်ပါ သူတို့က သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြသပြီးပြီဆိုကတည်းက ပုန်းကွယ်နေစရာ မလိုအပ်တော့ဘူး။ သူတို့ ဘယ်နေရာမှာ ဘယ်လိုပုန်းပုန်း သူတို့ဘာသာသူတို့ ဖော်ထုတ်လာပါလိမ့်မယ်”

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

သိန်းငှက်အိုကြီးက ချက်ချင်းလိုလို ခေါင်းငုံ့လိုက်သည်။

“ကောင်းပြီ”

ဝမ်ချောင်က စားပွဲပေါ်မှ စာရွက်အချို့ကိုယူပြီး သူ့ကိုပေးသည်။

“ငါစာခြောက်စောင် ရေးထားတယ်။ ဒါတွေကို အဲ့ဒီမှာပါတဲ့ နေရာအတိုင်း ပို့လိုက်ပါ။ ငါဒီစာကိုတော့ အလွန်အမင်း သိုသိုဝှက်ဝှက် ဖုံးကွယ်ထားတာကို မြင်ချင်တယ်။ ရွှီခဲ့ယွီနဲ့ အခြားသူတွေတောင် မသိစေနဲ့။ နားလည်လား”

သိန်းငှက်အိုကြီးက အနည်းငယ်ကြောင်သွားသည်။ သူသည် ဝမ်ချောင်၏အပါးတွင် ခစားနေခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်ပြီး ဝမ်ချောင်က ထိုမျှတည်ကြည်လေးနက်သော လေသံ၊ ရွှီခဲ့ယွီနှင့် အခြားသော သူများကို မသိစေရန်ဆိုပြီး တင်းတင်းကြပ်ကြပ် ပြောခဲသည်။

“ဟုတ်ကဲ့အရှင့်သား”

သိန်းငှက်အိုကြီးက နောက်တွန့်မနေချေ။ စာကိုယူပြီးနောက် ချက်ချင်းလိုလို အခန်းထဲမှ ထွက်ခွာသွားလေသည်။

.....

သိန်းငှက်အိုကြီးက ထွက်သွားပြီး သိပ်မကြာခင် ဝမ်မိသားစုမှ အစေခံတစ်ယောက်က အပြေးအလွှား ဝင်လာသည်။

“သခင်လေး နန်းတွင်းရဲ့ ဘုရင့်အိမ်တော်ဝန် လက်အောက်က ဘဏ္ဍရေးရာရုံးတော်က ရန်ကျောင်းက လာရောက်လည်ပတ်ပါတယ်”

“အိုး...”

ဝမ်ချောင်က မျက်လုံးကိုမှေးပြီး တွေးတောနေချိန်တွင် ထိုစကားက သူ၏မျက်လုံးကို ပြန်ဖွင့်မိစေသည်။ သူ၏မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းက လက်သွားသည်။

“သူ့ကိုခဏလောက် စောင့်ဖို့ပြောလိုက်ပါ။ ငါခဏနေရင် သူနဲ့တွေ့မယ်”

သူက သူ၏သွေးသောက်ညီအစ်ကိုနှင့် မတွေ့သည်မှာ ကြာပြီဖြစ်သည်။ ရန်ကျောင်းသည် လောင်းကစားအိမ်တွင် ဆင်းရဲနွမ်းပါးလွန်းသော လူအဖြစ် သူနှင့်စတွေ့ဖြစ်ခဲ့သည့်တိုင်အောင် ဝမ်ချောင်ကမူ သူ၏သွေးသောက်ညီငယ်၏ မူဝါဒရေးရာ ကိစ္စများတွင် ကိုင်တွယ်ဆောင်ရွက်နိုင်လေရာ ရာထူးမြန်မြန်တိုးနိုင်သော စွမ်းအားကြောင့် ချီးကျူးမိသေးသည်။ နန်းတွင်း ဘုရင်အိမ်တော်ဝန်လက်အောက်မှ ဘဏ္ဍာရေးရာရုံးတော်သည် သူတော်စင်ဧကရာဇ်၏ အဓိက အရာရှိများထဲမှ တစ်ယောက်၏နေရာဖြစ်ပြီး ငွေကြေးများကို တာဝန်ယူ ဆောင်ရွက်ရသည်။ ဘဏ္ဍာရေးရာ ရုံးတော်သီးသန့်ကပင် ထိုလူ၏ ထိန်းချုပ်မှုအောက်တွင်ဖြစ်သည်။ ထို့ကြောင့် အင်ပါယာကြီး တစ်ခုလုံး၏ ငွေကြေးအရင်းအမြစ်ဆိုင်ရာ အချက်အချာအားလုံးကို ထိုတစ်ယောက်တည်းက ဖမ်းဆုပ်ထားသည်ဟု ဆို၍ရလေသည်။ သူသည် သူတော်စင်ဧကရာဇ်ကို တိုက်ရိုက် တင်ပြရသူဖြစ်သည်။ ဝမ်ချောင်သည်လည်း ရန်ကျောင်းဟာ ထိုနေရာကို အရယူထားပြီးကြောင်းကို သူ၏ ပထမဦးဆုံးသော မနက်ခင်းညီလာခံ ရုံးတော်တက်ချိန်ကတည်းက ကြားထားပြီးသားဖြစ်သည်။ သို့သော် ရန်ကျောင်းကမူ ရှိမနေခဲ့ချေ။ ထို့ကြောင့် ဝမ်ချောင်သည် သူသည် အချို့သော တာဝန်များကို လုပ်ဆောင်ရန် ထွက်သွားခဲ့ရကြောင်းကိုသာ သိထားလေသည်။

ဝမ်ချောင်အနေဖြင့် ရန်ကျောင်းဟာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံလိမ့်မည်ဟု မထင်ထားမိချေ။

ဝမ်ချောင်က ရန်ကျောင်းနှင့် ဝမ်မိသားစု ဧည့်ကြိုခန်းမထဲတွင် တွေ့ဆုံသည်။ သူတို့ယခင်တစ်ခေါက် တွေ့ဆုံပြီးသည်မှာ တစ်နှစ်နီးပါး ကြာသွားခဲ့ပြီး ရန်ကျောင်းက ပုံပန်းသွင်ပြင်အသစ် ပြောင်းသွားသည်။ သူသည် အနီရောင် အင်ပါယာဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး အရာရှိဦးထုပ် အနက်ရောင်ကို ဆောင်းထားသည်။ ရွှေရောင်ငါးလေး သင်္ကေတပါသည့် ခါးပတ်ကိုလည်း ပတ်ထားသေး၏။ သူသည် ဓားမြတစ်ယောက်၏ အရှိန်အဝါကို မလွှတ်ထုတ်ထားဘဲ အဆင့်မြင့်အရာရှိတစ်ယောက်၏ သွင်ပြင်ကို လွှတ်ထုတ်ထားပြီးလေပြီ။

သို့သော် သူက ယခုအခါ နန်းတွင်း ဘုရင့်အိမ်တော်ဝန် လက်အောက်မှ ဘဏ္ဍာရေးရာ အရာရှိကြီးတစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူတော်စင်ဧကရာဇ်က ကြင်ယာတော် ထိုက်ကျန်း၏ အဆက်အသွယ်အရ သူ့ကို ပစားပေးထားသည့်တိုင်အောင် ရန်ကျောင်းကမူ လွတ်လပ်ပေါ့ပါးသော စိတ်ကြည်နူးမှုကို သယ်ဆောင်ထားခြင်းမရှိချေ။ အနှစ်ချုပ်ဆိုရသော် သူသည် အလွန်ကြီးမားသည့် စိုးရိမ်မှုကို သယ်ဆောင်ထားသလိုမျိုး ထိုင်ခုံတွင်ပင် ငြိမ်ငြိမ်မထိုင်နိုင်အောင် ဖြစ်နေသည်။

“အာ ဝမ်ချောင် နောက်ဆုံးတော့”

ဝမ်ချောင်က အရပ်သားဝတ်စုံနှင့် တံဆက်မြိတ်လေးကို ဖြတ်လာရုံသာ ရှိသေးသည်။ ရန်ကျောင်းက ချက်ချင်းထရပ်လိုက်သည်။ သူ၏မျက်ဝန်းက တောက်ပသွားပြီး သူ၏မျက်နှာတွင်လည်း ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ဖြစ်သွားသည်။ ဝမ်ချောင်သည် မျိုးနွယ်ခြားနယ်မြေမှ ဘုရင်တစ်ပါးဖြစ်ပြီး အဆင့်အတန်း အလွန်မြင့်သော ဘုရင်တစ်ပါး ဖြစ်နေပြီး မဟာထန်တွင် မျိုးရိုးနာမည်မတူသော ပထမဦးဆုံးသော ဘုရင်ဖြစ်နေသည့်တိုင်အောင် ရန်ကျောင်းကမူ ဝမ်ချောင်ကို ဝမ်ချောင်ဟုသာခေါ်သေးသည်။

++++

1259 01

အခန်း(၁၂၅၉)

“ဟား ဟား အစ်ကိုကြီး မတွေ့ရတာကြာပြီ”

ဝမ်ချောင်က နောက်ဆုံးတွင် ပြုံးလိုက်သည်။ သူ၏နာမည်အရင်းကို တပ်ခေါ်သည့်အတွက်လည်း စိတ်ထဲထားပုံမရချေ။ သူသည် အနီးအနားရှိ စားပွဲနှင့် ကုလားထိုင်ကို ညွှန်ပြလိုက်ပြီး ရန်ကျောင်းအား ထိုင်ခိုင်းသည်။

အစေခံတစ်ယောက်က ဝင်လာပြီး ရေနွေးကြမ်းအသစ်များ လဲပေးသလို အဆာပြေမုန့်များကိုလည်း ချခင်းပေးလေသည်။

“အစ်ကိုကြီး အစ်ကိုကြီးရဲ့ တစ်ခုခုကို အရမ်းကို စိုးရိမ်နေတဲ့ပုံပဲ။ ဘယ်လိုအခြေအနေကြောင့်များ ဒီလိုအခြေအနေထိ ဖြစ်သွားရတာလဲ။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေက အစ်ကိုကြီးကိုလည်း စွပ်စွဲပြန်ပြီလား”

ဝမ်ချောင်က ရေနွေးကြမ်းခွက်ကို အသာမွှေနေရင်း ပြုံးကာပြောလိုက်သည်။

“ငါ့ရဲ့ညီအစ်ကို ပီသပါပေတယ်။ ဒါပေမဲ့ ငါ့မှာ စစ်အာဏာ တစ်စက်ကလေးမှ မပိုင်ဆိုင်ထားဘူးလေ။ သူတို့နဲ့ ရန်သူလည်းမဟုတ်ဘူး။ ဒါကိုသူတို့က ငါ့ကိုဘာလို့ အာရုံစိုက်မှာလဲ။ ဒါပေမဲ့ ငါကသာ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေက ငါ့ကိုစွပ်စွဲလောက်တယ်လို့ ထင်တယ်”

ဝမ်ချောင်က သက်ပြင်းချသည်။ သူ၏မျက်မှောင်က စိုးရိမ်မှုများဖြင့် ကျုံ့နေပြန်သည်။

“အိုး”

ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သူ၏အမူအရာကမူ လေးနက်သွားသည်။

“ကြည့်ရတာ လေးနက်တဲ့ပုံပဲ။ ဘာဖြစ်တာလဲ”

“တကယ်တော့ မင်းနဲ့ပတ်သတ်တယ်။ မင်း အရှင်မင်းကြီးကို ပေးထားတဲ့ ရွှေသားယွမ်လက်မှတ်တွေ သိတယ်မဟုတ်လား”

ရန်ကျောင်း၏မျက်မှောင်က စိုးရိမ်မှုဖြင့် ကျုံ့နေသည်။ သူသည် ဝမ်ချောင်က ဘဏ္ဍာရေးရာ ရုံးတော်ကို ပေးမည်ဟု ကတိပေးထားသော ကမ်းလှမ်းချက်ကို ထုတ်ပြောသည်။

“ရွှေဖြစ်ဖြစ် ငွေဖြစ်ဖြစ် အိမ်တော်စုလေးတွေဖြစ်ဖြစ် တည်ထောင်တဲ့ကိစ္စဖြစ်ဖြစ် တကယ်တော့ ဂရုမစိုက်ပါဘူး။ သူတို့က ဒီတိုင်း ငွေသုံးအနည်းငယ်လောက်ပဲ လိုတာ။ တကယ်လို့ သူတို့က ဝေးကွာတဲ့နေရာတွေကို ခရီးသွားဖို့ လိုအပ်လာတဲ့အခါ အဝတ်အိတ်ထဲ ထည့်ချည်ပြီး ခါးပတ်မှာ ထည့်လွယ်ထားရုံပဲ။ ဒါပေမဲ့ မဟာထန်ကတော့ စည်ပင်ဝပြောနေတာ။ မရေမတွက်နိုင်တဲ့ ကြွယ်ဝတဲ့လူတွေ၊ ကုန်သည်ကြီးတွေက အင်ပါယာအနှံ့ သွားလာနေကြတယ်။ နေ့ရက်တိုင်းလိုလို အဝင်အထွက် လုပ်နေတဲ့ ရွှေသားပမာဏက မြစ်ရေစီးနေသလိုပဲ။ နောက်ပြီး သူတို့က ရေလိုဖြုန်းကြတာ။ သေးငယ်တဲ့ပမာဏလည်းမဟုတ်ဘူး။ အထက်တန်းလွှာကလန် အနည်းငယ်တောင်မှ အဲဒီလို သုန်းဖြုန်းကြတာ။ နှစ်ရာကျော် အမွေဆက်ခံမှုကို ရရှိထားတဲ့နောက်မှာ သူတို့က ကုန်သည်လှည်းပေါင်း များစွာကို ထိန်းချုပ်လာကြပြီး စီရင်စုကိုးခုတောက်လျှောက် လွှမ်းမိုးမှု အရယူလာကြတယ်။ အပေးအယူ ကိစ္စတစ်ခုကတင် ရွှေငွေသောင်းကျော် ပါဝင်ပတ်သတ်နေတာ။ ဒီလောက်ရွှေငွေပမာဏ အများကြီးကို သယ်ဆောင်သွားဖို့က တကယ်အဆင်မပြေဘူးလေ။ ဒါကြောင့် အင်ပါယာခုံရုံးက မင်းရဲ့ကမ်းလှမ်းချက်အတိုင်း ရွှေသားယွမ် လက်မှတ်တွေ အသုံးပြုဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ အလှည့်အပြောင်းတွေ အများကြီးဖြစ်ပြီး အရှင်မင်းကြီးက ဒီကိစ္စကို ငါ့ကို ကိုင်တွယ်ခိုင်းခဲ့တယ်။ အစပိုင်းမှာတော့ ပေါ်လစီတွေအရ ကိစ္စအချို့လောက်ကိုပဲ လုပ်ဖို့လိုအပ်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြဿနာက တက်လာတယ်”

“အချို့အကြောင်းပြချက်တွေကြောင့် အဖွဲ့အစည်းအများစုက ရွှေသားယွမ်လက်မှတ် သုံးမဲ့ကိစ္စကို ငြင်းပယ်ကြတယ်။ သူတို့က တကယ့်အစစ် ရွှေငွေတွေကိုပဲ ပေးချင်ကြတာ။ နောက်ပြီး တကယ့်အစစ် ရွှေငွေတွေကို ပေးချေရဖို့ လိုအပ်တဲ့အခါမှာလည်း သူတို့က တန်ကြေးတစ်ခုကို တောင်းဆိုသေးတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ ရွှေသားယွမ်လက်မှတ်တွေကို ပေးရမယ်ဆိုရင်တော့ အပို နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်းကို ထပ်တောင်းတယ်။ တစ်ခါတစ်ရံမှာ ဒီထက်တောင်များသေးတယ်။ ရွှေသားယွမ် လက်မှတ်တွေက ပိုပိုပြီး တန်ကြေးနိမ့်လာပြီ။ အဖွဲ့အစည်း အများစုက ဒါတွေကို သဘောမကျတော့ဘူး။ နောက်ပြီး ရွှေသားယွမ်လက်မှတ်တွေကို ရှောင်ဖို့တောင် ကြိုးစားနေကြသေးတယ်။ ဒီတော့ သူတို့က လေးလံလွန်းတဲ့ ရွှေငွေတွေကို သယ်ဆောင်သွားချင်ကြတာ။ အဲ့ဒီလိုနဲ့ ဓားပြတွေက လုယက်ခံရဖို့ ပိုများတယ်။ သူတို့က အင်ပါယာခုံရုံးက တရားဝင်ထုတ်ထားတဲ့ ရွှေသားယွမ်လက်မှတ်တွေကို သုံးဖို့ထက် ဓားပြတွေက လုတာကိုပဲ ခံမဲ့ပုံဖြစ်နေတယ်”

1259 02

“အင်ပါယာခုံရုံးက ရွှေသားယွမ်လက်မှတ်တွေကို သဘာဝကျကျ နူးညံ့တဲ့ပုံစံမျိုးနဲ့ ကြော်ညာပေးနေတာကိုလည်း မင်းနားလည်သင့်တယ်။ သူတို့က လက်မခံဘူးဆိုရင် ငါတို့လည်း မတက်နိုင်ဘူး။ အဲ့ဒါတင်မကသေးဘဲ နယ်စပ်က အထက်တန်းလွှာ ကလန်တွေက ထိုအကြောင်းအရာ လက်မှတ်တွေကို အရင်ဆုံး ပယ်ချကြတာ။ အဲ့ဒီနောက်ပိုင်းမှာ မြို့ထဲက မဟာကလန်ကြီးတွေတောင်မှ ပယ်ချလာကြပြီ။ သီးသန့်အရတော့ အချို့သူတွေက ရွှေသားယွမ်လက်မှတ်တွေကို အချင်းချင်း စလဲနေကြပြီ။ အင်ပါယာခုံရုံးက အဲ့ဒီလိုမလုပ်သင့်ဘူးလေ။ ထပ်ခါတလဲလဲ ဖိအားပေးနေပေမဲ့လည်း မတက်နိုင်ဘူးလေ။ ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ရဲ့လက်ထဲမှာ ပြဿနာအကြီးကြီး တက်တော့မယ်။ မင်းက မျှားစပစ်တာနဲ့ ပြန်သိမ်းလို့မရတော့ဘူးလေ။ အင်ပါယာခုံရုံးက အချိန်အများကြီး အင်အားစိုက်ထုတ်ပြီးမှ ရွှေသားယွမ်လက်မှတ်တွေကို ကြော်ညာထားရတာ။ ဒီရွှေသားယွမ် လက်မှတ်တွေကသာ လုံးစုံ ငြင်းပယ်ခံလိုက်ရရင် အင်ပါယာခုံရုံးက အများကြီး ဆုံးရှုံးသွားလိမ့်မယ်။ နောက်ပြီး ဒါက လူတွေရဲ့ နေထိုင်စရိတ်ကိုပါ ထိခိုက်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရွှေသားယွမ်လက်မှတ်တွေက ပိုက်ဆံလေ။ ဆံပင်တစ်ချောင်ကို ဆွဲနှုတ်ရုံနဲ့ တစ်ကိုယ်လုံးက လှုပ်သွားသလိုပဲ။ ဒီသက်ရောက်မှုက အင်ပါယာခုံရုံးက ရွှေသားယွမ်လက်မှတ်တွေ အားလုံးကို ပြန်သိမ်းမယ်ဆိုရင်တောင်မှ အဆင်မပြေနိုင်တဲ့ ကိစ္စမျိုးဖြစ်နေတယ်။ နောက်ပြီး ဒါက ငွေကြေးဖောင်းပွမှုကို အကြီးအကျယ် ဖြစ်လာစေနိုင်တယ်”

ထျန်ကျောင်းကပြောလေလေ ပို၍စိုးရိမ်လာလေလေ ဖြစ်လာပြီး စိတ်ဓာတ်လည်း ကျလာသည်။

“သွေးသောက်ညီအစ်ကို ငါက ဘုရင့်အိမ်တော်ဝန် လက်အောက်ခံ ဘဏ္ဍာရေးအရာရှိ တစ်ယောက်ဖြစ်လာတာကို လူအများစုက သဘောမကျတာကို မင်းလည်းသိမှာပါ။ ခုံရုံးက လူအများစု၊ အထူးသဖြင့် ဘဏ္ဍာရေးရုံးတော်က အရာရှိကြီးတွေဆိုရင် ငါ့ကို မျက်စိဒေါက်ထောက် ကြည့်နေကြတာ။ ငါကသာ အားနည်းချက် အနည်းငယ် ပြလိုက်တာနဲ့ သူတို့က ငါ့ကိုမြင်းပေါ်က ဆွဲချပြီး ဘယ်တော့မှ ပြန်မတက်နိုင်အောင် လုပ်ကြမှာပဲ။ ငါ အိပ်ယာထဲမှာ သံနဲ့အရိုက်ခံထားရသလိုတောင် ခံစားနေရတယ်။ မင်းကပဲ ဒီရွှေသားယွမ်လက်မှတ်တွေကို အကြံပေးတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မင်းင့ါကို ကူညီရမယ်”

ရန်ကျောင်းက ရုတ်တရက် ဝမ်ချောင်၏လက်မောင်းကို ရင်းနှီးနေသောလူက ကောက်ရိုးမျှင်ကို ဆွဲထားသလိုမျိုး အတင်းအကြပ် ဆွဲထားပြီးပြောသည်။ သူ၏မျက်နှာအမူအရာက အလွန်ထိတ်လန့်နေပုံပေါ်သည်။

ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သူက အစပိုင်းတွင်ကတည်းက ရန်ကျောင်းကို ဂရုစိုက် လေ့လာနေခဲ့ခြင်းဖြစ်သည်။ သူသည် ရန်ကျောင်း၏ လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီးကိစ္စအချို့ကို ကြားထားသည်။ သူ၏ ကြင်ယာတော်ထိုက်ကျန်း၏ ဝမ်းကွဲဆိုသော အဆင့်အတန်းကြောင့် နန်းတွင်းရှိ မည်သူကမှ သူ့ကို တိုက်ရိုက် မဝေဖန်ရဲချေ။ သို့သော် လူအနည်းစုကမူ သူ့ကို သီးသန့်ပြောဆိုကြသည်။ ပြောသူအများစုက သူ၏မိသားစုနောက်ခံနှင့် လောင်းကစားလုပ်ခြင်းအား သဘောကျသည့် အကြောင်းအရာများကို ထည့်ပြောခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်သည်လည်း ရန်ကျောင်းဟာ သူတော်စင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို လက်ခံရရှိသည်မှာ သူနှင့် ကြင်ယာတော် ထိုက်ကျန်း၏ အဆက်အသွယ်ကြောင့်နှင့် မဟုတ်ကြောင်း နားလည်သည်။ သူသည် ကောင်းမွန်သော မိသားစုမှ မွေးလာခဲ့ခြင်းမရှိသလို အမျိုးမျိုးသော ပြဿနာများ ရှိနေသော်လည်း သူ့တွင်မူ ဂဏန်းနံပါတ်များနှင့် ငွေကြေးများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် မှင်သက်ဖွယ်ကောင်းလွန်းသည့် ပါရမီကို ပိုင်ဆိုင်ထားကြောင်း နားလည်သည်။ သူသည် ရွှေသားယွမ်လက်မှတ်များနှင့် ပတ်သတ်သည့် ပြဿနာကို အဓိကပြဿနာဟု မဆိုနိုင်သေးခင် ကာလကတည်းက စသိသည်။ ထို့ပြင် အခြား ငွေကြေးဆိုင်ရာ ပြဿနာများ ရှိနိုင်ကြောင်းကိုလည်း နားလည်နိုင်ကတည်းက သူ၏ ဒီနယ်ပယ်မှ ပါရမီကို သိနိုင်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်ကလည်း ရန်ကျောင်းဟာ သူ၏ငွေကြေးနယ်ပယ်တွင် ကိုင်တွယ်နိုင်သော စွမ်းရည်ကိုမှီခိုပြီး ဒီရာထူးကို ရရှိခဲ့ခြင်းဟု ယုံကြည်သည်။

“ဒါဆိုရင် ငါမေးပါဦးမယ်။ ရွှေသားယွမ်လက်မှတ် ဘယ်လောက်အထိ ထုတ်ပြီးပြီလဲ”

ဝမ်ချောင်ကမေးလာသည်။

“ဒါက အဲ့ဒီလောက်တော့ မများပါဘူး”

ရန်ကျောင်းက ချက်ချင်းလိုလိုပြောသည်။

“ဟွန် အဲ့ဒီလောက် မများဘူးဟုတ်လား။ အဲ့ဒီလောက် မများဘူးဆိုရင် ဘာလို့ ဒီအခြေအနေကို ဖြစ်လာစေမှာလဲ။ မင်းက ငါ့ကို ကူညီစေချင်တယ်လို့ပြောတယ်။ ဒါပေမဲ့ အမှန်တိုင်းပြောဖို့တော့ လိုအပ်တယ်”

ဝမ်ချောင်၏မျက်လုံးက စူးရှသွားပြီး ရန်ကျောင်း၏ ဝိညာဉ်ကို စိုက်ကြည့်သည်။ သူဟာ မည်သို့ပင် ဖုံးကွယ်ထားစေကာမူ ဝမ်ချောင်၏ အကြည့်ထံမှ ဖုံးကွယ်နိုင်မည့်ပုံစံ မရှိချေ။

“ဒါက ငါတို့ အများကြီးထုတ်ပြီးပြီ။ ရွှေသား သန်းရှစ်ရာလောက်ပဲ”

ရန်ကျောင်းက တုန်ယင်သွားသည့်အသံဖြင့် ပြောသည်။

1259 03

“မင်းက ရွှေသားသန်းရှစ်ရာလို့ ပြောတယ်ဆိုရင် အနည်းဆုံး တစ်ဘီလီယံလောက်တော့ တန်ကြေး ရှိနေလိမ့်မယ်။ နှစ်နှစ်တောင် မကြာသေးဘူး မင်းက တစ်ဘီလီယံလောက်ထိ ထုတ်ပြီးပြီ။ ဒါက ပိုက်ဆံသစ်ပင်ကြီးလို့များ ထင်နေလား။ မင်းစိတ်ကြိုက် ထုတ်နိုင်မယ်လို့ ထင်နေတာလား”

ဝမ်ချောင်က အေးစက်စွာပြောသည်။

သူသည် ရွှေသားယွမ်လက်မှတ်များ၏ ပြဿနာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဇစ်မြစ်ကို သိလိုက်သည်။ မဟာထန်က ပြည်သူများ၏ အဓန့်ရှည်တည်တံ့မှု ပေါ်လစီကို ကိုင်ဆွဲထားသည်။ ထို့ကြောင့် တိုင်းပြည်က ကြွယ်ဝသော်လည်း တော်ဝင်ခုံရုံးသည် အခွန်အခ အနည်းငယ်ကိုသာယူသည်။ တစ်နှစ်လျှင် ရွှေသား ထည်သန်းတစ်ရာကိုပင် မကောက်ခံပါချေ။ ထို့ကြောင့် ရွှေသားယွမ်လက်မှတ် တစ်ဘီလီယံနှင့်ယှဉ်သော် ရန်ကျောင်းက ဆယ်နှစ်တာ အခွန်အခ တန်ကြေးကို ထုတ်ထားခြင်းဟု ဆိုရပေမည်။ အကျိုးဆက်ကို အလွယ်တကူ တွေးကြည့်၍ရသည်။

ရန်ကျောင်းက လောဘကြီးလွန်းနေသေးသည်။ သူသည် ငွေကြေးများကို ကိုင်တွယ်ရာတွင် ချွင်းချက်မရှိ ပါရမီကြီးသော်လည်း ရွှေသားယွမ်လက်မှတ်ကဲ့သို့ ရတနာသိုက်ကို မြင်ရုံနှင့် သူ၏ အလောင်းအစား သဘာဝက ချက်ချင်းလိုလိုထွက်လာသည်။ သူသည် သူ၏ပေါ်လစီများကို ပြည်သူများအတွက် အဆင့်သင့် ဖြစ်စေမည်ဆိုသော ပေါ်လစီများကို ကိုင်ဆွဲထုတ်ပြီး အနာဂတ်မျိုးဆက်ကို ကြွယ်ဝလိုသည်။ ထိုနည်းအားဖြင့် ချမ်းသာရန် ရည်ရွယ်ခဲ့သည်။

ပိုက်ဆံပမာဏ အများစုက တော်ဝင်ရတနာသိုက်ထဲမှလာပြီး ပြည်သူများ၏ အကျိုးအတွက် အသုံးပြုသော်လည်း သူ၏ကိစ္စများကို လုပ်သောပုံစံက ဝမ်ချောင်၏ မူလက တော်ဝင်ခုံရုံးကို တင်သွင်းခဲ့သည့် ကမ်းလှမ်းချက်ကို ဖျက်ဆီးပစ်လိုက်သည်။

လက်ရှိငွေစက္ကူများကို ထုတ်ပြန်မှုနှုန်းက မြင့်မားလာသည်နှင့်အမျှ တန်ကြေးက လျော့လာနိုင်သည်။ ထိုသို့ဖြင့် မှောင်ခိုဈေးကွက်ကဲ့သို့ အခြေအနေက ပေါ်ထွက်လာသည်။ ပို၍ကြီးလေးသည့် ကိစ္စမျိုးတွင်ဆိုလျှင် ပမာဏအများအပြား ထုတ်ပြန်ခြင်းက တန်ကြေးကို လျော့ကျသွားစေခဲ့ခြင်းဖြစ်သည်။

သူက တော်ဝင်ခုံရုံးအား ထိုကမ်းလှမ်းချက်ကို တင်ပြခဲ့သောအခါ ဝမ်ချောင်သည် ငွေသားယွမ် လက်မှတ်များကို ထုတ်သောအခါ သတိကြီးကြီးထားရန် လိုအပ်ကြောင်း ဖိပြောခဲ့သည်။ အလွန်အကျူး မထုတ်သင့်ကြောင်း ပြောခဲ့သေး၏။ သို့သော် ယခုလို ဖြစ်လာပြန်သည်။

“မင်းက လောဘကြီးလွန်းတယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူ၏ မျက်နှာအမူအရာက အေးစက်သည်။

“မင်းက ရွှေသားယွမ်လက်မှတ်တွေကို မဖြန့်သေးရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့အခု အားလုံးကို အပြင်ထုတ်လိုက်ပြီ။ အခုမှပြန်သိမ်းရင် နောက်ကျသွားလိမ့်မယ်။ နောက်ပြီး ဒါက ရေကို ပြန်စုစည်းသလို ဖြစ်နေတယ်။ နောက်ပြီး အချို့ကိစ္စတွေက တစ်ခါလုပ်ပြီးတာနဲ့ ပြင်လို့မရတာမျိုးတွေရှိတယ်။ ဒီရွှေသားယွမ်လက်မှတ်တွေကိုတောင် ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို မသိဘူးလား”

ရန်ကျောင်းက ဘာစကားမှမပြောချေ။ သူ၏ မျက်နှာ အမူအရာက ဖြူဖျော့နေသည်။

“မင်းက အသေးစိတ်ကို နားမလည်တဲ့ပုံပဲ။ ဒီတော့ ငါပြောပြမယ်။ ပထမဦးဆုံးအနေနဲ့ မင်းက ဒီရွှေသားယွမ်လက်မှတ်တွေကို သုံးပြီး ပစ္စည်းတွေကို ဝယ်မယ်လို့ပြောတယ်။ အဲ့ဒီအခါ တကယ့်အစစ်အမှန် တန်ကြေးထက် အဆနှစ်ဆယ်ရာခိုင်နှုန်း သုံးဆယ်ရာခိုင်နှုန်းကို ပိုပေးရတယ်။ ဒါဆိုရင် ငါပြောပါဦးမယ်။ ဒါက အစပဲရှိသေးတယ်”

ဝမ်ချောင်က မျက်လုံးကိုမှိတ်လိုက်ပြီး အနာဂတ်ကပ်ဘေးကို တဖြည်းဖြည်းချင်း ပြန်တွေးကာပြောသည်။

“ရွှေသားယွမ်လက်မှတ်တွေက တန်ကြေးကျသထက် ကျလာလိမ့်မယ်။ ဒီရွှေသားယွမ် လက်မှတ်တွေက ရွှေထည်တစ်ရာမှာ တစ်ဝက်လောက်ဘဲ တန်ကြေးရှိတဲ့အထိ ဖြစ်လာနိုင်တယ်။ ဒီထက်တောင် ပိုလျော့သွားနိုင်သေးတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကလန်ကြီးတွေက ရွှေသားယွမ်လက်မှတ်တွေကို အလုံးအရင်းနဲ့ဝယ်ပြီး အင်ပါယာခုံရုံးကို ပြန်လာလဲလိမ့်မယ်။ ပြည်သူတွေက ဒီလိုအဆက်အသွယ် မရှိလောက်ပေမဲ့လည်း မဟာကလန်ကြီးတွေက လုပ်နိုင်တယ်။ ရွှေသားယွမ်လက်မှတ်တွေကို တော်ဝင်အင်ပါယာခုံရုံးက ထုတ်ထားတာ။ ဒီတော့ နဂိုတန်ကြေးအတိုင်း ပြန်လဲပေးရလိမ့်မယ်။ အဲ့ဒီအချိန်မှာ ရွှေသားယွမ်လက်မှတ်တွေရဲ့ တန်ကြေးက လျော့ကျသထက် လျော့ကျလာမှာပဲ”

1259 04

“အဆုံးသတ်မှာတော့ ဒီရွှေသားယွမ်လက်မှတ်တွေက ဒီတိုင်းထုတ်ထားတဲ့ စက္ကူသာသာထက် မပိုတော့တဲ့ အနေအထားမျိုးကို ရောက်သွားမယ်။ တစ်ဘီလီယံတန်တဲ့ ရွှေသားယွမ်လက်မှတ်တွေ အားလုံးက မဟာထန်ရဲ့ ဈေးကွက်တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေမှာပဲ။ ပြည်သူတွေက ဒါတွေကို ပြန်မရောင်းနိုင်တဲ့အချိန်မှာ ကုန်သည်တွေကတော့ ဘာကိုမှ ဝယ်မသုံးနိုင်တော့ပြန်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ မျိုးဆက်အဆက်ဆက် အားထုတ်လာခဲ့ပြီးတဲ့နောက်မှာ လူသိန်းကျော် နေ့ရောညပါ ကြိုးစားအားထုတ်ပြီးတဲ့နောက်မှာ ဒါတွေက အလဟသ ဖြစ်သွားရတယ်။ ဒါက လုံးဝကို ကြီးမားလွန်းတဲ့ ကပ်ဘေးကြီးပဲ။ မဟာထန်ကြီးရဲ့ စည်ပင်ဝပြောမှုတွေကို တစ်ညတည်းနဲ့ မီးခိုးဖြစ်သွားစေသလိုပဲ”

ဝုန်း

ဝမ်ချောင်က စကားပြော၍မဆုံးသေးခင် ရန်ကျောင်းက ချွေးများစိုရွှဲနေပြီဖြစ်သည်။ နန်းတွင်း၏ ဘုရင့်အိမ်တော်ဝန် လက်အောက်ခံ ဘဏ္ဍာရေးရာ အရာရှိကြီးတစ်ယောက်ဖြစ်သည့်သူသည် လက်ရှိ အင်ပါယာကြီး၏ ငွေကြေးပေါ်လစီကြီး တစ်ခုလုံးကို ကိုင်တွယ်အုပ်ချုပ်နေသော အကြီးအမှူးဖြစ်ခဲ့သည်။ ထိုကဲ့သို့သော ကိစ္စမျိုးကသာ ဖြစ်လာခဲ့သော် ကြင်ယာတော် ထိုက်ကျန်းကပင် သူ့ကို မကိုင်တွယ်နိုင်ချေ။ ထို့ပြင် သူသေရမည်မှာလည်း သေချာနေသည်။ ကောင်းကင်ဘုံ၏ သားတော်ကပင် ယခုလို ပြစ်မှုမျိုးကို ဖြစ်ခဲ့လျှင် အလားတူ အပြစ်ပေးပေလိမ့်မည်။ သေးငယ်သော ပြဿနာများအတွက်မူကား ကြင်ယာတော်ထိုက်ကျန်းက သူ့ကို ကာကွယ်ပေးနိုင်သေးသည်။ သို့သော် ဒီလိုကိစ္စမျိုးကိုမူ မလုပ်နိုင်ချေ။

“သွေးသောက်ညီအစ်ကို ငါ့ကိုကယ်ပါ။ ဘယ်လိုနည်းနဲ့မဆို မင်းငါ့ကိုကယ်ရမယ်”

ရန်ကျောင်း၏နဖူးတွင် ချွေးစေးများရွှဲနေသည်။ သူသည် ဝမ်ချောင်၏ လက်ကိုသာ ဆက်တိုက် ဖက်ထား၏။ သူ၏လက်မှ သွေးကြောများက ဖောင်းတက်နေသည်။

သူရောက်နေသော အခြေအနေကို မည်သူကမှ သူ့ထက်ပိုပြီး နားမလည်နိုင်ချေ။ သူသည် ဝမ်ချောင်၏ အရှေ့တွင် သူ၏ဟန်အမူအရာ အချို့ကို ထိန်းနိုင်သေးသည်။ အစစ်အမှန် အခြေအနေကမူ သူပြောသည်ထက် ပို၍ဆိုးနေသည်။ ထိုအခြေအနေဟာ ကြာလာသည်နှင့်အမျှ ဆိုးသထက် ဆိုးလာသည်။ လွန်ခဲ့သော သုံးလခန့်က ရန်ကျောင်းအနေဖြင့် ထိုကိစ္စများကို ဂရုမစိုက်ခဲ့ချေ။ သို့သော် တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ အကူအညီကိုပင် လာတောင်းနေရသည်။

“ငါအများကြီး ထုတ်လိုက်မိလို့လား။ ဒါဆိုရင် ငါမထုတ်တော့ဘဲ ရပ်လိုက်တော့မယ်လေ။ ငါအချို့ကို ပြန်ယူနိုင်မယ်ဆိုရင်လည်း အခုချက်ချင်းပဲ ပြန်ယူခိုင်းလိုက်မယ်”

ရန်ကျောင်းက ထိုသို့ ထိတ်လန့်စွာပြောသည်။ သူသည် နေထိုင်၍မကောင်းသလို ဖြစ်လာသည်။

ရွှေသားယွမ်လက်မှတ်များကို ပြန်ယူသောကိစ္စက ရန်ကျောင်းမလုပ်ချင်ဆုံး ကိစ္စဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒါက ပိုက်ဆံဖြစ်သည်။ သူ့တွင် ရွေးချယ်စရာ မရှိသောကြောင့် ယခုလို ရွေးချယ်ရခြင်းဖြစ်သည်။

“ဒါက လက္ခဏာအဖြစ်ပဲ ပြသသေးတာ။ ရေတိုအတွင်း ပြဿနာကို ဖြေရှင်းနိုင်ရင်တောင်မှ အနာဂတ်မှာ ဒီပြဿနာက ဖြစ်လာဦးမှာပဲ”

ဝမ်ချောင်က ခေါင်းကိုခါသည်။ သူသည် ထိုအကြံကို ငြင်းလိုက်သည်။

++++++

1260 01

အခန်း(၁၂၆၀)

“အား”

ရန်ကျောင်းက ချက်ချင်းလိုလို စွံ့အသွားသည်။ သူ၏မျက်နှာက စက္ကူအရောင်အဖြစ် ပြောင်းသွားပြီး အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ချွေးစေးများစီးကျလာလေသည်။

ထိုအချိန်တွင် သူသည် နောက်ဆုံးတွင် နန်းတွင်း၏ ဘုရင့်အိမ်တော်ဝန် ဘဏ္ဍာရေးရာအရာရှိ ရာထူးကို ရရှိခဲ့ပြီးနောက် အလွန်အကျွံ ငွေစက္ကူများ ထုတ်ခဲ့မိသည့် ကိစ္စအပေါ် နောင်တရလာသည်။

ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သူ၏လက်ညိုးက စားပွဲကို တတောက်တောက် ခေါက်နေသည်။ မည်သည့်မျိုးဆက်တွင်ဖြစ်စေ၊ အပြင်စကြာဝဠာကြီးတွင်ဖြစ်စေ၊ မတူညီသော အချိန်နှင့် အာကာသပြင် တစ်နေရာတွင်ဖြစ်စေ ငွေကြေးနှင့်ပတ်သတ်လာလျှင် ယခုလိုမျိုး သိသာထင်ရှားသော ပြဿနာမျိုးက ဖြစ်လာတတ်သေးသည်။ သေးငယ်သော အကျိုးဆက်ကပင် တစ်တိုင်းပြည်လုံးကို ဒုက္ခရောက်သည်အထိ ဆွဲချသွားနိုင်သလို ကြီးမားသော ကိစ္စများဆိုလျှင် တစ်တိုင်းပြည်လုံးကို ပြိုလဲကျသွားစေနိုင်သည်။ အဆုံးသတ်တွင် မတရားခံရဆုံးက ပြည်သူများသာဖြစ်သည်။

သူတို့၏ ကြွယ်ဝမှုများအားလုံးက ပျောက်ဆုံးသွားသောအခါ သူတို့သည် အသုံးမဝင်သော မျိုးဆက်အမွေများကိုသာ ကိုင်လျှက် ကျန်ရစ်ပေလိမ့်မည်။

ဝမ်ချောင်၏လက်ညိုးက စားပွဲကို တတောက်တောက် ခေါက်နေသောအသံဟာ စာကြည့်ဆောင် တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ပြောလိုက်သည်။

“စိတ်အေးအေးထား အခြေအနေက အဲ့ဒီလောက်ထိ မဆိုးသေးပါဘူး။ ကံကောင်းတာက ခင်ဗျားက ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်သိလိုက်တယ်။ ဒီလိုနဲ့ ငါတို့ကို လုံလောက်တဲ့ အချိန် ပေးလိုက်တာပဲ။ ဒါကြောင့် ခင်ဗျားအနေနဲ့ ဒီရွှေသားယွမ်လက်မှတ်တွေကို ချက်ချင်းပြန်ယူဖို့ မလိုအပ်သေးဘူး။ မြစ်ရေကြီးလာတဲ့အခါ ဆည်ကာတာတွေကို ဆောက်လုပ်ဖို့ လိုအပ်တယ်။ ဒါက ငါတို့ ရည်ရွယ်သင့်တဲ့အရာပဲ”

“မင်းကဘာကို ဆိုလိုချင်တာလဲ”

ရန်ကျောင်းက ချက်ချင်းလိုလိုမေးသည်။ သူ၏မျက်ဝန်းက မျှော်လင့်ချက်ဖြင့် တောက်ပလာသည်။

“အရမ်းရိုးရှင်းပါတယ်။ မဟာကလန်ကြီးတွေနဲ့ ပြည်သူတွေက ဒီရွှေသားယွမ်လက်မှတ်တွေကို လက်မခံတာက ခင်ဗျားက အများကြီး ထုတ်ထားလို့ပဲ။ ဒီလိုဈေးကွက်ထဲမှာ မဟာထန်ရဲ့ ငွေကြေးဖောင်းပွမှုက ကြီးမားလာတယ်။ ဒီအတွက်ကြောင့် ဒီပိုက်ဆံတွေကို သုံးလို့ကုန်သွားပြီးရင် ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်”

ဝမ်ချောင်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။ သူ၏မျက်ဝန်းက နက်နဲသောအလင်းများဖြင့် တောက်ပလာသေးသည်။

“အာ”

ရန်ကျောင်းကလည်း ကြောင်တောင်တောင် ဖြစ်သွားပြန်သည်။ ဝမ်ချောင်ကိုယ်တိုင်က များပြားလွန်းသော ရွှေသားယွမ်လက်မှတ်များကို အသုံးပြုရန်အတွက် အချိန်ကြာလွန်းသည်ဟု ပြောထားသည်။ သို့သော် ဒီအချိန်တွင်လည်း ထိုပိုက်ဆံများကို အသုံးပြုရန် လိုအပ်သေးပြန်သည်။

“ဘာလို့လဲဆိုတော့ မဟာထန်က မသုံးနိုင်ဘူးဆိုပေမဲ့ မဟာထန်ရဲ့ နယ်စပ်မှာ တိုင်းပြည်တွေ အများကြီးရှိတာကို မမေ့နဲ့ဦး။ ယွီစန်း၊ အာရေးဗီးယား၊ ဂိုဂူလျော၊ အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီ၊ ရှီ၊ ခစ်ထန်၊ မာန်ရှဲ့ကျောင်းနဲ့ အနောက်ပိုင်းနယ်မြေက တိုင်းပြည်တွေအများကြီးရှိတယ်။ သူတို့မှာ အလားအလာကောင်းတဲ့ ဈေးကွက်တွေရှိတယ်မဟုတ်လား”

ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားသည်။ သူသည် ရန်ကျောင်း၏စိတ်ထဲမှ မေးခွန်းကိုဖြေသည်။

“အတိတ်မှာသာဆိုရင် ငါတို့က ဘာမှမလုပ်နိုင်လောက်ပေမဲ့ ဒါပေမဲ့အခု ပတ်ဝန်းကျင်တိုင်းပြည်တွေက မဟာထန်နဲ့ ငြိမ်းချမ်းရေးစာချုပ် ထိုးထားတယ်မဟုတ်လား။ သူတို့ကဒီလို လက်မှတ်ထိုးထားမှတော့ ရွှေသားယွမ်လက်မှတ်တွေကို မငြင်းနိုင်သင့်ဘူး။ ဒီတိုင်းပြည်တွေက ဒီလောက်လေး ယုံကြည်မှုမရှိဘဲနဲ့ သဘောတူညီမှု ယူထားလို့ မရဘူးမဟုတ်လား။ အဲ့ဒီလိုဆိုမှတော့ ဒီရွှေသားယွမ်လက်မှတ်တွေကို မဟာထန်ရဲ့ နယ်စပ်မှာ တည်ရှိနေတဲ့ တိုင်းပြည်တွေကို ပို့ပေးလိုက်ရအောင်”

မဟာထန်၏ စစ်ပညာရှင်များနှင့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများက တိုက်ခိုက်နေကြသည်။ ထိုတိုင်းပြည်ပေါင်း များစွာက ဘေးဘက်တွင် ထိုင်ကြည့်နေကြသည်။ အချို့ဆိုလျှင် လောင်စာထည့်ကြသေး၏။ အခုအခါ သူတို့က တန်ကြေးကို ပြန်ပေးဆပ်ရမည့်အချိန် ရောက်လာသည်။

ဝုန်း

ဝမ်ချောင်က ခပ်အေးအေး ပြောသွားသော်လည်း သူ၏စကားလုံးများက ရန်ကျောင်း၏နားထဲသို့ ရောက်ရှိသွားသောအခါ မိုးခြိမ်းလိုက်သလို ကျယ်လောင်စွာ ထွက်သွားသည်။

1260 02

မဟာထန်၏ ပတ်ပတ်လည်တွင် တိုင်းပြည်ပေါင်းများစွာရှိသည်....

ရန်ကျောင်းအတွက် ဝမ်ချောင်၏ စကားလုံးများက တံခါးသစ်တစ်ခု ဖွင့်ပေးလိုက်သလိုဖြစ်သွားသည်။ သူ၏ လောဘကြီးပြီး ရူးသွပ်လွန်းသော စိတ်ကပင် ထိုကဲ့သို့သော အကြံမျိုးကို မတွေးဖူးချေ။ သူသည်လည်း ဝမ်ချောင်၏ စစ်အနုပညာပေါ် နားလည်နိုင်စွမ်းအားက ပုံမှန်မဟုတ်လောက်အောင် တော်လွန်းကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် အခြားသော ဗိုလ်ချုပ်များကပင် သူ့ကိုယှဉ်လျှင် မှေးမှိန်သွားရသည်။ သို့သော် ရန်ကျောင်းအနေနှင့် ယခုလောက်ထိ စိတ်မဝင်စားခဲ့ဖူးချေ။ ယခုအခါ ပထမဦးဆုံး အကြိမ်အဖြစ် ဝမ်ချောင်၏ တွေးပုံတွေးနည်းပုံစံကို နားလည်လိုက်သည်။

ဒါကတကယ် မှန်နေတာပဲ။

ပုံမှန်အားဖြင့် မဟာထန်၏ ကုန်သွယ်လှုပ်ရှားမှုများက ရွှေသားယွမ် တစ်ဘီလီယံထည်ကို ကုန်အောင် သုံးနိုင်လိမ့်မည်မဟုတ်ချေ။ အာရေးဗီးယား အင်ပါယာ၏ ရွှေသားတစ်ဘီလီယံကို မူတာစီရန်သုံး၏ ဘဏ္ဍာတိုက်ထဲမှ ထုတ်ပေးထားခဲ့သော်လည်း ဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးမပြုနိုင်သေးချေ။ သို့သော် ရွှေသားယွမ်လက်မှတ်များကို ယွီစန်း၊ အာရေးဗီးယား၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီ၊ ဂိုဂူလျော၊ မာန်ရှဲ့ကျောင်းနှင့် အခြားသော တိုင်းပြည်များ အားလုံးထံ လည်ပတ်စေလျှင်မူ ပြဿနာ မရှိနိုင်တော့ချေ။

ကြွယ်ဝလာသော ထိုဟူကုန်သည်များက ရွှေသားယွမ်လက်မှတ်များကိုသာ လက်ခံလိုက်လျှင် ရွှေသား တစ်ဘီလီယံက ပုံးထဲမှ ရေတစ်စက်သာသာ ဖြစ်သွားပေလိမ့်မည်။ ထိုသု့ိဖြင့် ချက်ချင်းလိုလို ပျောက်ကွယ်သွားနိုင်သည်။ ပို၍ဆိုးသည်မှာ ယခုလိုဖြစ်ပျက်လာခဲ့သော် သူတို့က ရွှေသားယွမ် လက်မှတ်များကို ပြန်ယူရန် မလိုအပ်တော့သလို နောက်ထပ် နှစ်ဘီလီယံ၊ သုံးဘီလီယံ၊ ငါးဘီလီယံ ထိုထပ်ပိုများသော ပမာဏထိ ထုတ်နိုင်ပေလိမ့်မည်။

ရန်ကျောင်းကိုယ်တိုင်ကပင် ဆွဲဆောင်ခံလိုက်ရကြောင်း ဝန်ခံရပေမည်။

ဝမ်ချောင်က ရန်ကျောင်းကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏မျက်နှာ အပြောင်းအလဲကို အာရုံစိုက်နေခဲ့၏။ နောက်ဆုံးတွင် သူကပြုံးလိုက်ပြီး ရေနွေးကြမ်းကို တစ်ငုံသောက်သည်။ ရန်ကျောင်းက နားလည်သွားပြီဖြစ်ကြောင်းကိုလည်း သူသိလိုက်သည်။ ရန်ကျောင်း၏ ပါရမီများကို ပိုင်ဆိုင်ထားသော လူများကသာ ရွှေလက်မှတ်များကို အသုံးများအောင် လုပ်ပေးနိုင်သလို အင်တိုက်အားတိုက် အသုံးပြုလာကြအောင်လည်း လုပ်ပေးနိုင်လောက်သည်။ ဒီနည်းအားဖြင့် သင့်တော်သော အခြေအနေမျိုးက ဖြစ်လာပေလိမ့်မည်။

“သတိပေးချက် အသုံးပြုသူရဲ့ အင်အားအပြည့် ထောက်ပံ့မှုအောက်မှာ ထူးခြားတဲ့ သမိုင်းမှတ်တမ်း၊ မတော်တဆမှု ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာပြီး အထူးတာဝန်တစ်ခုဖြစ်တဲ့ ‘လောကငွေကြေး’က ပေါ်လာတယ်။ အသုံးပြုသူကို ကံကြမ္မစွမ်းအင်အမှတ် နှစ်ထောင်ချီးမြှင့်ပါမယ်။ ဒါတွေအပြင် အခုကစတင်ပြီး ငွေထည်ဆယ်သန်းတန်တဲ့ ရွှေသားယွမ်လက်မှတ်တွေ ထုတ်ပြီးချိန်တိုင်း အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်ရာကို လက်ခံရရှိပါမယ်။ ရွှေသားယွမ်လက်မှတ်တွေရဲ့ တန်ကြေးက ငါးဘီလီယံ တစ်ဆယ်ဘီလီယံကို ရောက်ရှိသွားတဲ့အခါ အသုံးပြုသူက အပိုဆုလဒ်တွေကို ထပ်မံရရှိဦးမှာပါ”

“ကံကြမ္မာလှည့်ဘီးက ရှေ့ကိုဆက်လည်နေပြီ။ ရှေးခေတ်အချိန်ကတည်းက ဘယ်သူကမှ လောကငွေကြေးဆိုပြီး လောကက တိုင်းပြည်အားလုံး အသုံးပြုတဲ့ ငွေကြေးမျိုးကို မထုတ်နိုင်ခဲ့ဘူး။ လောကရဲ့ ငွေကြေးကို ထုတ်နိုင်တဲ့ မည်သူကမဆို အဆုံးအစမဲ့တဲ့ ကြွယ်ဝမှုတွေကို ပိုင်ဆိုင်ပြီး အခြားအင်ပါယာတွေရဲ့ အသက်သွေးကြောကို ဖမ်းဆုပ်နိုင်လိမ့်မယ်။ ဒီတာဝန်ပြီးမြောက်သွားတဲ့အခါ အသုံးပြုသူက မြောက်များလွန်းတဲ့ ဆုလဒ်တွေကို လက်ခံရရှိမှာပါ”

ထိုအခိုက်အတန့်တွင် ကံကြမ္မာကျောက်တုံး၏အသံက သူ၏စိတ်ထဲတွင် ထွက်လာပြန်သည်။ ဝမ်ချောင်ကပင် ကြောင်သွား၏။ သို့သော် သူ၏နှုတ်ခမ်းကမူ လျှင်မြန်စွာဖြင့် ကော့တက်သွားသည်။ သူ၏ ရွှေသားယွမ်လက်မှတ်ကို ထုတ်လိုသည့် ရည်ရွယ်ချက်ကလည်း လောကငွေကြေးအတွက် ဖြစ်လေသည်။

“သွေးသောက်ညီနောင် ကျေးဇူးအများကြီးတင်ပါတယ်။ ဝမ်းသာစရာကောင်းလိုက်တာ။ မင်းက ကူညီနိုင်မယ်ဆိုတာကို ငါသိနေတယ်”

ရန်ကျောင်းကမူ ဝမ်ချောင်၏ အဖြစ်အပျက်များကို မသိချေ။ သူ၏ မျက်လုံးက တောက်ပနေလေပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲလာသည်။

သို့သော် ရန်ကျောင်းက တစ်စုံတစ်ရာကိုသိသွားပြီး သူ၏စိတ်ထဲမှ စိတ်အားထက်သန်မှုများက ငြိမ်သွားသည်။

“ဒါပေမဲ့ ယွီစန်း၊ အာရေးဗီးယားနဲ့ အခြားတိုင်းပြည်တွေကလည်း အရူးတွေမဟုတ်ဘူးလေ။ သူတို့က ငွေကြေးလဲလှယ်တဲ့အချိန်မှာ ရွှေတွေငွေတွေကိုပဲ သုံးလေ့ရှိတာ။ ပိုက်ဆံကို လက်ခံမှာမဟုတ်ဘူး။ ဒါတွေအပြင် ငါတို့ရဲ့ ကိုယ်ပိုင်လူတွေကတောင် လက်မခံရင် သူတို့က ပိုပြီးတော့တောင် လက်မခံလောက်ဘူး”

ယွီစန်း၊ အာရေးဗီးယားနှင့် ဂိုဂူလျောတို့သည် ဉာဏ်ကောင်းသော တိုင်းပြည်ကြီးများဖြစ်သည်။ သူတို့သည်လည်း သူတို့အပေါ် သက်ရောက်မှုရှိစေမည့် အရာများကို လက်ခံလိမ့်မည်မဟုတ်ချေ။ ပို၍ဆိုးသည်မှာ မဟာထန်သည် ယခင်က ထိုတိုင်းပြည်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် သူတို့က ဒီပိုက်ဆံများကို ပို၍ပင် လက်မခံလောက်ချေ။

1260 03

“ဟွန်း သူတို့က ရွှေသားယွမ်လက်မှတ်တွေကို လက်မခံချင်ဘူးဆိုရင်တောင်မှ အသုံးမဝင်ဘူး။ အခုကစပြီး တိုင်းပြည်ထဲက သယ်ထုတ်သွားတဲ့ ပစ္စည်းတိုင်းအတွက် အနည်းဆုံး တန်ကြေးတစ်ဝက်လောက်ကို ရွှေသားယွမ်လက်မှတ်နဲ့ ပေးချေရမယ်လို့ပြောလိုက်။ ပိုဆိုးတာက ပြည်နယ်အစိုးရရုံးခန်းမှာ တရားဝင် အတည်ပြုပြီး ကုန်သွယ်မှုတွေ လုပ်ရမယ်။ အသိအမှတ်ပြု လက်မှတ်ကိုလည်း ပါရမယ်လို့ပြောလိုက်။ ဒါတွေအပြင် ရွှေသားယွမ်လက်မှတ်နဲ့ ပေးချေတဲ့ မည်သူ့ကိုမဆို သူတို့ရဲ့ ပိုင်ဆိုင်ခွင့်တွေကို လက်ခံပေးမယ်လို့ပြောလိုက်”

ဝမ်ချောင်က ထိုသို့ဖျော့တော့စွာပြုံးပြီး စားပွဲပေါ်တွင် တင်ထားသည့် ပန်းကန်ပြားထဲမှ သကြားစမ်းထားသော သစ်သီးလေးတစ်တုံးကို ကောက်ယူပြီး စားလိုက်သည်။ သူသည် ယုံကြည်မှုအပြည့်နှင့် ဆက်ပြောသည်။

“ဒါတွေအပြင် ကုန်သွယ်လေ့ရှိတဲ့ ပစ္စည်းတွေဖြစ်တဲ့ လက်ဖက်ခြောက်၊ ပိုးသား၊ ကြွေထည်၊ ဆား၊ ဒါတွေက အများဆုံးကုန်သွယ်ကြတာ မဟုတ်လား။ ဒါက မူလကုန်သွယ်တဲ့ ပစ္စည်းတွေပဲ။ ဒါပေမဲ့ အခုကစတင်ပြီး ဒီအရာတွေအားလုံးအတွက် ရွှေသားယွမ်လက်မှတ်နဲ့ပဲ ပေးချေရမယ်။ ကိုယ်ပိုင်သီးသန့် ပိုင်ဆိုင်ထားတဲ့ ရွှေတွေငွေတွေကိုသုံးပြီး ဒီပစ္စည်းတွေကို လာဝယ်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့အပြင် သူတို့ရဲ့ ကုန်သွယ်ပိုင်ခွင့်ကို ဖယ်ရှားပစ်မယ်။ ဒါတွေအပြင် ဗဟိုပြင်ကျယ်မှာ လာပြီး စီးပွားရေးလုပ်နေတဲ့ ဟူကုန်သည်တိုင်း မဟာထန်နဲ့ ကုန်သွယ်ခွင့်ရဖို့အတွက် အစိုးရရုံးမှာလာပြီး ရွှေသားယွမ်လက်မှတ်တွေကို လဲလှယ်ရမယ်။ သူတို့ရဲ့ ကုန်သွယ်ပိုင်ခွင့်ကိုလည်း လက်ခံစဉ်းစားပေးမယ်”

“ဗဟိုပြင်ကျယ်မှာ စီးပွားရေးလာလုပ်တဲ့ ဟူကုန်သည်တွေထဲက ရှစ်ဆယ်ရာခိုင်နှုန်းလောက်က လက်ဖက်ခြောက်၊ ပိုးသားနဲ့ ကြွေထည်တွေအတွက် လာကြတယ်။ သူတို့က ဒီပစ္စည်းတွေကို ရွှေသားယွမ် လက်မှတ်တွေနဲ့ ဝယ်နိုင်မယ်ဆိုရင်တော့ သူတု့ိငြင်းဆန်မှာမဟုတ်ဘူး။ ဒါတွေအပြင် လူသားသဘာဝတွေက အန္တရာယ်တွေကို ရှောင်ချင်ကြတယ်။ ဒါကြောင့် ရွှေသားယွမ်လက်မှတ်တွေနဲ့ လဲလှယ်ဝယ်ယူတာက သူတို့အတွက် အကျိုးရှိမှန်း သိသွားကြတယ်။ ဒါတွေကို လက်ခံလာကြလိမ့်မယ်။ ပိုဆိုးတာက ကြွယ်ဝတဲ့ ဟူကုန်သည်တွေကို စံနမူနာထားပြီး အမျိုးမျိုးသော တိုင်းပြည်တွေက ဟူတွေ၊ သာမာန်လူတွေကလည်း အလားတူ လိုက်လုပ်လာကြလိမ့်မယ်။ ရွှေသားယွမ်လက်မှတ်တွေကို သုံးတာ အကျင့်ဖြစ်သွားနဲ့ သိပ်မကြာခင်မှာ အခြားအင်ပါယာတွေဆီပါ ပျံ့နှံ့သွားလိမ့်မယ်။ နောက်ပြီး ရွှေသားယွမ်လက်မှတ်တွေကို သယ်ဆောင်သွားရတာက ပိုပြီး အဆင်ပြေတဲ့အကြောင်းကိုလည်း သူတို့ တဖြည်းဖြည်းနဲ့ လက်ခံလာလိမ့်မယ်။ ဒါကြောင့် အခြားတိုင်းပြည်တွေကလည်း သဘောကျလာလိမ့်မယ်”

“အဲ့ဒါတွေအပြင် ရွှေသားယွမ်လက်မှတ်တွေကို အမြောက်အများ အသုံးပြုတာက အင်ပါယာက နောက်ထပ် ပမာဏတွေကို ထပ်ထုတ်နိုင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိလာတယ်လို့ ဆိုလိုတယ်။ ရွှေသားတစ်ထည်၊ ရွှေသားနှစ်ထည်၊ ငါးထည်၊ ဆယ်ထည်၊ တစ်ရာ... ဒီလိုသေးငယ်တဲ့ တန်ကြေးရှိတဲ့ ရွှေသားယွမ်လက်မှတ်တွေကိုလည်း ထုတ်ရမယ်။ ဒီလိုနည်းနဲ့မှပဲ အလုံးအရင်းနဲ့ သုံးနိုင်လိမ့်မယ်”

ဝမ်ချောင်က ရွှေသားယွမ်လက်မှတ်တွေနှင့် ပတ်သတ်သည့် ဗျူဟာကို အေးအေးဆေးဆေး ရှင်းပြသည်။ ထိုနည်းလမ်းသည် အင်အားကြီးမားသော တိုင်းပြည်များကို ထိန်းချုပ်ရန် တစ်ခုလည်းဖြစ်သလို မဟာထန်၏ လက်ရှိအခြေအနေတွင် စစ်တပ်ဘက်က ဖိနှိပ်ခံနေရသလို ကာကွယ်စောင့်ရှောက်ရေး စစ်တပ်များ၏ အင်အားက လျော့ကျနေသေးသည့်အတွက် ရွှေသားယွမ်လက်မှတ်များကသာ မဟာထန်အနေဖြင့် အခြားသောတိုင်းပြည်များကို ထိန်းချုပ်ပြီး အခွင့်ကောင်း အရယူနိုင်မည့် နည်းလမ်းမျိုးလည်းဖြစ်သည်။

ရန်ကျောင်းက တစ်ချိန်လုံး နားထောင်နေခဲ့သည်။ သူက နားထောင်လေလေ သူ၏မျက်ဝန်းက တောက်ပလာလေလေဖြစ်ပြီး ပို၍ပင် အားအင်ပြည့်ဝလာသေးသည်။ သူ၏ စိုးရိမ်ပူပန်မှုများ အားလုံးက ပျောက်ကွယ်သွားသည်။ အဆုံးသတ်တွင် သူသည် ဝမ်ချောင်ကို နတ်ဘုရားတစ်ပါးကဲ့သို့ပင် လက်ခံမိသွားသည်။

“ဟား ဟား သွေးသောက်ညီနောင် ငါရန်ကျောင်းက မင်းကိုထပ်ပြီး လေးစားမိသွားပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ မင်းရဲ့ ဒီအရူးအစ်ကိုက မင်းကိုတကယ် အညံ့ခံလိုက်ပြီ။ ဒီမှာ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာကို မရှိဘူး။ မင်းရဲ့ခေါင်းထဲမှာ ဘယ်လိုတည်ဆောက်ထားသလဲတောင် ငါသိချင်မိသေးတယ်။ ဒီရွှေသားယွမ်လက်မှတ်ရဲ့ ပြဿနာက မင်းပြောတဲ့အတိုင်းသာ ဖြေရှင်းပြီးသွားရင် မင်းရဲ့ ဒီအရူးအစ်ကိုကတော့ နောက်ထပ် ရာထူးတိုးဖို့ သိပ်မဝေးလောက်တော့ဘူး”

ရန်ကျောင်းက ပျော်ရွှင်စွာ အော်ရယ်နေပြန်သည်။ သူ၏မျက်နှာတွင် စိုးရိမ်မှု၊ မသက်မသာဖြစ်မှုများ မရှိတော့ချေ။ ရုတ်တရက် ရန်ကျောင်းက တစ်စုံတစ်ရာကို တွေးမိသွားပြန်သည်။

“ဟုတ်သားပဲ မင်းအခုလိုပြောမှ ငါလည်းမင်းပြောသလိုမျိုး သိပ်မကြာခင်က စမ်းကြည့်ခဲ့သေးတယ်”

“အာ”

ဝမ်ချောင်က ရန်ကျောင်းကို အံ့အားတကြီးကြည့်သည်။

“ဟမ့် မင်းက မင်းကို စစ်နတ်ဘုရားလို့ခေါ်ကြပြီး ပြိုင်ဘက်ကင်းလွန်းတဲ့လူလို့ ပြောကြပေမဲ့လည်း မင်းဒီကိစ္စကို မသိဘူးမဟုတ်လား”

ရန်ကျောင်းကရယ်သည်။ သူ၏မျက်နှာတွင် လျို့ဝှက်ဆန်းကြယ်မှုက ပေါ်ထွက်လာ၏။ ဝမ်ချောင်က မမေးနိုင်သေးခင် ရန်ကျောင်းကသူ့ကိုယ်သူ ချီးကျူးနေပြန်သည်။

1260 04

“မဟာထန်က အာရေးဗီးယားနဲ့ လက်မှတ်ထိုးတော့ အာရေးဗီးယားကို ရွှေသားယွမ် ထည်သန်းခုနှစ်ရာ ပြန်ပေးရတယ်ဆိုတာကို မှတ်မိသေးလား”

“???”

ဝမ်ချောင်ကဲ့သို့ တည်ငြိမ်သောသူကပင် ထိုမေးခွန်းကြောင့် မှင်သက်သွားသည်။ ဝမ်ချောင်က ရုတ်တရက် တစ်စုံတစ်ရာကို သိလိုက်ပြီး ရန်ကျောင်းကို မှင်သက်စွာစိုက်ကြည့်သည်။

“အစ်ကိုကြီး မဟုတ်မှမင်း....”

မဟာထန်နှင့် အာရေးဗီးယားသည် အချင်းချင်း ငြိမ်းချမ်းရေးယူထားသည်။ သဘောတူညီမှုစာချုပ်တွင် လက်မှတ်ထိုးထားပြီးသားဖြစ်သည်။ ဝမ်ချောင်ကပင် ရန်ကျောင်းဟာ ဒီလိုကိစ္စမျိုးတွင် ဝင်ရောက်စွက်ဖက်ရဲမည်ဟု မထင်ထားမိချေ။

“မင်း ရွှေသားယွမ် သန်းခုနှစ်ရာထဲက ဘယ်လောက်ကို လုပ်လိုက်တာလဲ”

“မများပါဘူး သန်းသုံးရာထဲပါ။ ငါက အဲ့ဒီထဲက ရွှေသားသန်းသုံးရာကို ရွှေသားယွမ်လက်မှတ်တွေနဲ့ သွားလဲခိုင်းလိုက်တာလေ”

ရန်ကျောင်းကမူ ဝမ်ချောင်၏ အကြည့်အောက်တွင် ရှက်လာပုံရသည်။ မည်သို့ပင်ဆိုစေ ဒါဟာ ဂုဏ်ယူသင့်သော ကိစ္စမျိုးလည်းမဟုတ်ချေ။ ရန်ကျောင်းက ပြောနေသည့်အချိန်တွင် သူသည် သတိလက်လွတ် အသံကိုတိုးလိုက်မိသည်။

ဝမ်ချောင်က ရန်ကျောင်းကို စိုက်ကြည့်နေရင်း စွံ့အသွားသည်။

ရွှေသားယွမ်သန်းသုံးရာ

သူ့ကို တကယ်အထင်သေးမိသွားတာပဲ။ သူ့ရဲ့ သွေးသောက်အစ်ကိုက တကယ်ကို ပါရမီရှင်ပဲ။

All Chapters