← Chapters

အခန်း (၁၂၆၁-၁၂၆၅)

Vol. 74 Ch. 1261-1265

အခန်း (၁၂၆၁-၁၂၆၅)

Vol. 74 Ch. 1261-1265

1261 01

အခန်း(၁၂၆၁)

ယခုအခါ ဝမ်ချောင်က ထိုအကြောင်းအရာကို တွေးကြည့်လိုက်မှသာ သေချာနားလည်သွားသည်။ ရန်ကျောင်း၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်တတ်သည့် အကျင့်စရိုက်များအရ သူတော်စင်ဧကရာဇ်က သူ့ကို နန်းတွင်း ဘုရင့်အိမ်တော်ဝန် လက်အောက်ခံ ဘဏ္ဍာရေးအရာရှိတစ်ယောက်အဖြစ် ခန့်အပ်ခဲ့ခြင်းက အင်ပါယာကြီးတစ်ခုလုံး၏ ငွေကြေး အခြေအနေများကို ထိန်းချုပ်နိုင်သွားစေသည်။ ထိုအတွက်ကြောင့် ရန်ကျောင်းသည် ယခုလိုမျိုး ဝင်ရောက်စွက်ဖက်နိုင်စွမ်းရည် ရှိနေပြီဖြစ်သည်။ ထို့အပြင် ရွှေသား ထည်သန်းခုနှစ်ရာကဲ့သို့ မြောက်များလွန်းသော ပမာဏက တန်းထွက်သွားခြင်းအား ရပ်ကြည့်နေနိုင်လိမ့်မည်မဟုတ်ချေ။ သူသည်လည်း လက်မခံနိုင်လောက်ချေ။

မည်သို့ပင်ဆိုစေ သူသည် ရွှေသားတစ်ဘီလီယံ တန်ကြေးရှိသည့် ယွမ်လက်မှတ်များကို ထုတ်ထားလေသည်။

“သွေးသောက်ညီငယ် မင်းင့ါကို ဒီလိုလာမကြည့်နဲ့။ ငါလည်း ဒီကိစ္စက ကြွားဝါပြစရာ ကိစ္စမဟုတ်ဘူးဆိုတာကို ငါသိတယ်။ ဒါပေမဲ့ ဒီရွေသားသန်းခုနှစ်ရာက ငါ့တို့ပါးစပ်ထဲကို ရောက်နေပြီးသားလေ။ ဒါကို အတင်းပြန်ပေးလိုက်ရတယ်။ ဒီကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေက ဒီကိစ္စနဲ့ပတ်သတ်လာရင် တော်တော်လေးကို မမျှတတာပဲ”

ဝမ်ချောင်၏ အကြည့်စူးစူးအောက်တွင် ရန်ကျောင်း၏အသံဟာ တိုးသထက် တိုးသွားသည်။

“ဟာ အစ်ကိုကြီး မင်းအတွေးလွန်းနေတာ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိဘူး။ မင်းလုပ်တာမမှားဘူး။ ပြောရရင် ဒါက အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ ပြောရမယ်ဆိုရင် မင်းဒီကိစ္စမှာ အကျိုးအများဆုံး ပြုပေးလိုက်တာ။”

ဝမ်ချောင်က သဘောတကျရယ်သည်။

လောဘဟာ လောဘဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ရန်ကျောင်းဟာ အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ကို ချပေးနိုင်သွားသည်။ ရန်ကျောင်းက ရွှေသားယွမ်လက်မှတ် သန်းသုံးရာကို လဲလှယ်လိုက်ကတည်းက ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများက အာရေးဗီးယားနှင့် ငြိမ်းချမ်းမှု အရယူရာတွင် ဆုံးရှုံးခဲ့ရသောတန်ကြေးက အနည်းနှင့်အများ လက်ခံနိုင်ဖွယ်ရာ ရှိသွားသည်။

ရန်ကျောင်းကမူ သူ၏ ကိုယ်ပိုင် ထူးခြားသည့်နည်းလမ်းမှတစ်ဆင့် မဟာထန်၏ ဆုံးရှုံးမှုကို နည်းပါးအောင် လုပ်ပေးခဲ့ခြင်းဖြစ်သည်။

“ဒါက ဒါက တကယ်ပဲ အဆင်ပြေတာလား”

ရန်ကျောင်းက ပြန်လည်ကြောင်အရသည့် အလှည့်ဖြစ်သည်။ သူသည် မူလကမူ ကြီးမားသည့်အမှား လုပ်ခဲ့မိသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဝမ်ချောင်ကသူ့ကို သူရဲကောင်းတစ်ယောက်လို ဆက်ဆံလာသည်။

“ဟွန်း မင်းက ရွှေသားယွမ်လက်မှတ်တွေကို ရွှေသားတွေနဲ့လဲပြီး ကိုယ်ပိုင်အိတ်ကပ်ထဲကို ထည့်တာ မဟုတ်သမျှ ပြဿနာမရှိဘူး”

ဝမ်ချောင်ကပြောသည်။

“မင်းဘာပြောတာလဲ ငါကဘာလို့ ဒီလိုလုပ်ရမှာလဲ”

ရန်ကျောင်းကမူ ချက်ချင်းလိုလို ထအော်သည်။ သူ၏မျက်နှာအမူအရာက အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်သွားသည်။

ဝမ်ချောင်က အနည်းငယ်ပြောလိုက်၏။ ရန်ကျောင်း၏ အကျင့်စရိုက်အရ အကျိုးအမြတ် အနည်းငယ်တော့ဖြင့် ယူပေလိမ့်မည်။ သို့သော် ပမာဏမများကတည်းက ဝမ်ချောင်ကလည်း ထုတ်ပြောလိမ့်မည် မဟုတ်ချေ။

ရန်ကျောင်းက ရေနွေးကြမ်းတစ်ငုံသောက်သည်။ ထိုကိစ္စကို ဘေးဖယ်ထားပြီး ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး နောက်ထပ် ကိစ္စတစ်ခုကို ထုတ်ပြောပြန်သည်။

“ဟုတ်သားပဲ သွေးသောက်ညီငယ် ရွှေသားယွမ်လက်မှတ်ကိစ္စ မပါသေးရင် နောက်ထပ် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကိုလည်း အကူအညီ တောင်းရဦးမယ်ထင်တယ်။ မင်းကူညီနိုင်မလား ကြည့်ပေးပါဦး”

“ဟွန်း မင်းမှာပြဿနာရှိရင် ငါ့ကိုသာပြောလိုက်။ ငါကူညီပေးနိုင်တာဆိုရင် အကောင်းဆုံးကြိုးစားပြီး ကူညီပေးမယ်”

ဝမ်ချောင်က ခပ်အေးအေးဖြေလိုက်သည်။

“ဒါက .... ကောင်းပြီလေ တကယ်တော့ ငါ့ကို ကူညီရမှာမဟုတ်ဘူး။ သွေးသောက်ညီငယ် မင်းက ငါ့ထက်ဉာဏ်ကောင်းတာပဲ။ ဒီတစ်ကြိမ်မှာ ငါ့ရဲ့ညီမလေးက မင်းသူမကို ကူညီနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ငါ့ကို စကားပါးခိုင်းလိုက်တယ်”

ရန်ကျောင်းက ခပ်တင်းတင်းပြောသည်။

“အိုး”

1261 02

ဝမ်ချောင်က အံ့ဩသွားသည်။ ချက်ချင်းဆိုသလိုပင် ရန်ကျောင်းပြောသောကိစ္စက သူမျှော်လင့်ထားသော ကိစ္စနှင့် ခြားနားလောက်မည်ဟု တွေးလိုက်မိပြီး အာရုံစိုက်လိုက်မိသည်။

“အမှန်တိုင်းပြောရရင် နည်းနည်းတော့ရှည်တယ်။ မင်းလည်း ငါ့ရဲ့ညီမလေးက သူတော်စင်ဧကရာဇ်နဲ့ ပတ်သတ်ပြီး အမြဲတစေ ရူးသွပ်နေခဲ့တာကို နားလည်မှာပေါ့။ ဒါပေမဲ့ အချို့အကြောင်းပြချက်တွေကြောင့် သူတော်စင်ဧကရာဇ်က အခု တော်တော်ထူးဆန်းလာတယ်။ သူအရင်ကနဲ့ မတူတော့ဘူး”

ရန်ကျောင်း၏မျက်မှောင်က ကျုံ့လာသည်။

“သူတော်စင်ဧကရာဇ်ကလား”

ဝမ်ချောင်၏ခန္ဓာကိုယ်က အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူသည်လည်း ရန်ကျောင်းက သူ့ကို လာရှာသည့် ဒုတိယမြောက် ကိစ္စက သူတော်စင်ဧကရာဇ်နှင့် ပတ်သတ်နေလိမ့်မည်ဟု မထင်ထားမိချေ။

“သူတော်စင်ဧကရာဇ်က ငါ့ရဲ့ညီမလေးကို ဘယ်လောက်မျက်နှာသာပေးလဲ လူတိုင်းသိကြတယ်။ သူမကို နန်းတွင်းထဲ ခေါ်ဖို့အတွက်နဲ့ သူက ခုံရုံးတစ်ခုလုံးကို အတိုက်အခံလုပ်ဖို့တောင် စိတ်ထဲထားခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အခုတလော သူတော်စင်ဧကရာဇ်က ယွီကျန်းနန်းဆောင်ကို လာလည်တာနည်းသွားတယ်။ လာတဲ့အချိန်တိုင်းကလည်း တိုတယ်။ ခုံနွေးအောင်တောင် မထိုင်သွားဘူး။ တစ်ခါတစ်ရံမှာ အရှင်ဧကရာဇ်က သူမနဲ့ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် စကားပြောနေပေမဲ့လည်း တခဏခန့်ကြာပြီးတော့ ရုတ်တရက် အကြောင်းပြချက်မရှိ ထွက်သွားတတ်တယ်။ အခုအချိန်ထိ ငါ့ရဲ့ညီမလေးက သူတော်စင်ဧကရာဇ်ကို တွေ့ဖိုးကြိုးစားရင်တောင်မှ သူတော်စင်ဧကရာဇ်က အမျိုးမျိုး အကြောင်းပြချက်ပေးပြီး ငြင်းနေသေးတယ်။ ဒီလိုအခြေအနေမျိုးက အရင်က မဖြစ်ဖူးဘူး”

ရန်ကျောင်းကပင် အလွန်အမင်း စိုးရိမ်နေမိသည်။ သူ၏ ယခုလက်ရှိနေရာအပြင် ကြွယ်ဝမှု၊ အောင်မြင်မှုများ အားလုံးက ညီမဖြစ်သူရထားခဲ့ခြင်းဖြစ်သည်။ သူမကသာ သဘောကျခြင်း မခံရတော့လျှင် သူမပိုင်ဆိုင်ထားသော အရာအားလုံးက အလဟသ ဖြစ်သွားပေလိမ့်မည်။ ဒါဟာ ရန်ကျောင်း အကြောက်ရဆုံး ကိစ္စတစ်ခုဖြစ်သည်။ ရွှေသားယွမ်လက်မှတ်ထက်ပင် သူက စိုးရိမ်မိလေသည်။

ဝုန်း

ရန်ကျောင်းကိုယ်တိုင်ကပင် အခြေအနေကို နားမလည်ချေ။ သို့သော် ဝမ်ချောင်ကမူ တစ်စုံတစ်ရာကို ခံစားမိသည့်အတွက် မကောင်းသော ခံစားချက်ရလိုက်သည်။

“ငါ့ရဲ့ညီမလေးက သူတော်စင်ဧကရာဇ် သဘောကျမှုကို မခံရတော့မှာကို ပိုပြီးစိုးရိမ်မိတယ်။ သွေးသောက်ညီငယ် မင်းရဲ့အရူးအစ်ကိုနားက လူတွေအားလုံးထဲမှာ မင်းက သတိအထားတတ်ဆုံးပါပဲ။ အရင်တစ်ခေါက် မင်းငါ့ညီမဖြစ်သူကို ပျော်ရွှင်အောင်လို့ ကဗျာနှစ်ပုဒ် ရေးပို့ခဲ့တယ်လေ။ ဒီအချိန်မှာလည်း ငါ့ကိုကူညီပြီး အခြေအနေကို စဉ်းစားပေးပါဦး။ ငါ့ရဲ့ညီမလေးနဲ့ ငါတို့က ဒီအကြောင်းကို အကြာကြီး တွေးတောနေခဲ့ကြတာ။ ဒါပေမဲ့ အခုအချိန်ထိ နားမလည်နိုင်သေးဘူး။ ငါတို့ အမှားတစ်ခုခု လုပ်ခဲ့မိလို့လား။ ဒါမှမဟုတ် အရှင်မင်းကြီးက တစ်စုံတစ်ရာကို သဘောမကျ ဖြစ်နေတာလား”

ရန်ကျောင်းက ထိုသို့ပြောလေလေ ပို၍ပင် သဘောမကျ ဖြစ်လာလေလေဖြစ်သည်။ ရွှေသားယွမ် လက်မှတ်ကိစ္စက သူ့ကိုယာယီသာ ခြိမ်းခြောက်နိုင်သည်။ သို့သော် ဒီကိစ္စကတော့ ထိုက်ကျန်း၏ မျက်နှာသာပေးခံရမှုက ကျရှုံးမှုကမူ သူ၏အုတ်မြစ်ကိုပင် နှဲ့နိုင်လေသည်။

ဝမ်ချောင်ကမူ မည်သည့်စကားမှ မဆိုနိုင်ချေ။ သူ၏ခေါင်းအတွင်း အတွေးပေါင်း မရေမတွက်နိုင်အောင် ပြည့်နှက်သွားသည်။ ရန်ကျောင်းနှင့် ကြင်ယာတော်ထိုက်ကျန်းကမူ အမှန်တရားကို အနည်းငယ်သာ သိလောက်သည်။ သူတို့သည် ဒီတိုင်း မျက်နှာသာအပေးခံရမှု ကျရှုံးသွားသော ဖြစ်ရပ်လောက်ဟုသာ ထင်နေလောက်၏။ သို့သော် ဝမ်ချောင်ကမူ ထိုသို့မဟုတ်ကြောင်း သိနေသည်။

ဝမ်ချောင်သည် သူ၏စိုးရိမ်မှုများကို ဖိနှိပ်လိုက်ပြီး ခပ်တင်းတင်းမေးလိုက်သည်။

“အစ်ကိုကြီး သူတော်စင်ဧကရာဇ်နဲ့ တွေ့တဲ့ အရေအတွက်တွေအပြင် ကြင်ယာတော်ထိုက်ကျန်းကို တွေ့ဖို့ငြင်းဆန်တဲ့အပြင် အရှင်မင်းကြီးက တစ်ခုခုပြောတာများ ရှိသေးလား”

“ဒါက ... အရှင်မင်းကြီးက ဘာမှတော့မပြောဘူး။ ဒါပေမဲ့ မယ်မယ်က အရှင်မင်းကြီး သူမကို အရင်ကလောက် မချစ်မှာကို စိုးရိမ်နေတာ။ ဒါတွေအပြင် အရှင်မင်းကြီး ခုံရုံးက ထွက်သွားတဲ့အချိန်မှာ သူ့ရဲ့ကိုယ်ပိုင် အခန်းထဲမှာပဲ ပိတ်လှောင်ပြီးနေတယ်။ ဒီအတောအတွင်းမှာ သူအခန်းအတွင်းမှာ နေတဲ့အချိန်က ပိုများလာတယ်။ ဘယ်သူ့ကိုမှ နီးကပ်ခွင့် မပြုတော့ဘူးတဲ့။ မယ်မယ်က အရှင်ဧကရာဇ်ကို ဂါရဝပြုဖို့ သွားတွေ့တဲ့အချိန်မှာ သူက အခန်းထဲမှာ တစ်ယောက်ထဲ စကားပြောနေတာကို တွေ့ခဲ့တယ်ပြောတယ်။ မယ်မယ်က အဲ့ဒီမှာနေပြီး နားထောင်မလို့ပဲ။ ဒါပေမဲ့ ကောင်းလီရှီက ခပ်မြန်မြန် ထွက်လာပြီး ထွက်သွားဖို့ပြောခဲ့တယ်။ လက်ရှိအချိန်မှာ မိန်းမဆိုးကောင်းအပြင် ဘယ်သူကမှ သူတော်စင်ဧကရာဇ်နားကို ချဉ်းကပ်ပိုင်ခွင့်မှ မရှိတာ။ ဘာဖြစ်တာလဲ သွေးသောက်ညီငယ် မင်းတစ်ခုခုကို သတိထားမိလား”

ရန်ကျောင်းက ခေါင်းကိုမော့ပြီး စိတ်ရှုပ်ထွေးစွာမေးသည်။ ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။

သူက သူတော်စင်ဧကရာဇ်နှင့် ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံပြီးချိန်ကတည်းက နောက်ကွယ်က ကြံစည်သူကို ဖော်ထုတ်ပြီးခြင်းအပြင် ဝမ်ချောင်သည် သူတော်စင်ဧကရာဇ်၏ အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

1261 03

မည်သို့ပင်ဆိုစေ သူတော်စင်ဧကရာဇ်သည် အင်ပါယာကြီး တစ်ခုလုံး၏ ထောက်တိုင်ကြီးဖြစ်သည်။

သို့သော် သူက စောင့်ကြည့်မှုအရဆိုလျှင် သူ၏ အရှိန်အဝါက အနည်းငယ် အစီအစဉ်မကျ ဖြစ်ခြင်းကလွဲပြီး သူတော်စင်ဧကရာဇ်သည် အခြေခံအားဖြင့် ပုံမှန်သာဖြစ်သည်။ အနည်းဆုံး သူတော်စင်ဧကရာဇ်သည် ခုံရုံး၏ နောက်ဆုံးအပိုင်းအထိ ပုံမှန်မဟုတ်သည့် လက္ခဏာမပြဘဲ တောင့်ခံနိုင်သေးသည်။ မနက်ခင်းခုံရုံးပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စမျိုးကိုမူ ဝမ်ချောင်ကိုယ်တိုင်က မမြင်နိုင်ချေ။ မြင်အောင်ကြိုးစား၍လည်း မရချေ။ ထို့ကြောင့် ဝမ်ချောင်သည်လည်း သူတော်စင်ဧကရာဇ်၏ အခြေအနေဟာ ဆိုးရွားနေသည်ဆိုလျှင်ပင် အနည်းဆုံး ယခင်ဘဝထက် အခြေအနေ ကောင်းနေလိမ့်မည်ဟု ထင်ထားခြင်းဖြစ်သည်။

သို့သော် ယခုမူ ရန်ကျောင်း၏ စကားလုံးများအရ သူ၏နှလုံးသားက ပို၍ပင် လေးလံသွားသည်။ အခြေအနေဟာ ထိုမျှအထိ လေးလံနေပြီလား။

ယခုအခြေအနေအရ သူတော်စင်ဧကရာဇ်သည် ခုံရုံးညီလာခံ ပြီးချိန်တိုင်း သူ၏အစစ်အမှန် အခြေအနေက ဝမ်ချောင်ခန့်မှန်းသည်ထက် ဆိုးရွားနေလောက်သည်။

“သွေးသောက်ညီငယ် သွေးသောက်ညီငယ်...”

ထိုအချိန်တွင် သူ၏နားအတွင်းမှ ခေါ်သံက သူ့ကို သတိဝင်သွားစေသည်။ မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက် ဝမ်ချောင်က ရန်ကျောင်းဟာ သူ့ကို မျက်မှောင်ကျုံ့ပြီး စိုးရိမ်စိတ် ပြည့်နှက်နေသော မျက်နှာမျိုးဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

“သွေးသောက်ညီငယ် အဆင်ပြေရဲ့လား”

“ငါအဆင်ပြေပါတယ်”

ဝမ်ချောင်က ပြုံးလိုက်ပြီး ခေါင်းကိုခါသည်။ ရန်ကျောင်းက ဆက်မပြောတော့ချေ။

“သွေးသောက်ညီငယ် မင်းကငါ့ထက် ဉာဏ်ကောင်းတာပဲ။ အရှင်မင်းကြီးက အသစ်ကိုသဘောကျပြီး ငါ့ရဲ့ညီမလေးကို အဆက်ဖြတ်ချင်နေတယ်လို့ ထင်လား”

“စိတ်အေးအေးထား ဒီလိုအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူး”

ဝမ်ချောင်က နှစ်သိမ့်ပေးရင်း ပြုံးလိုက်သည်။

“အရှင်မင်းကြီးက မယ့်မယ့်အပေါ် ချစ်တဲ့အချစ်က အရာအားလုံးကို ကျော်လွန်နေပြီးသား။ ဘယ်သူကမှလည်း ဒီအခြေအနေကို ကျော်လွန်နိုင်မှာမဟုတ်ဘူး”

“အိုး”

ရန်ကျောင်းကမူ ထိုစကားနှင့်ပတ်သတ်ပြီး သံသယဝင်မိသေးသည်။ သူသည် အနောက်အဆောင်နှင့် ပတ်သတ်သည့် ကိစ္စများတွင် ဝမ်ချောင်ကို မေးမြန်းခဲ့ဖူးခြင်း မရှိချေ။ သို့သော် ဝမ်ချောင်ကမူ အလွန်အမင်း ဉာဏ်ကောင်းလွန်းသော တစ်စုံတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ရန်ကျောင်းကလည်း အလိုအလျောက် သူ့ကို ယုံကြည်မိသွား၏။ ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ တည်ရှိမှုကတင် နေ့လည်ခင်း နေမင်းအလား တောက်ပထင်ရှားနေသေးသည်။

“မင်းအဲ့ဒီလိုပြောရင်တော့ အဲ့ဒီလိုပဲ ဖြစ်မှာပါ။ ဒါမှမဟုတ် တစ်ခုခုများ ဖြစ်နေတာလား”

ရန်ကျောင်းက ခပ်မြန်မြန်ထွက်သွားသည်။ ဝမ်ချောင်က ထွက်သွားသောလူကို ကြည့်နေရင်း သူ၏မျက်လုံးထဲတွင် စိုးရိမ်မှု တစ်စွန်းတစ်စက ပေါ်ထွက်လာသည်။

နောက်တစ်ရက် မနက်ခင်းညီလာခံတွင် အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသေးသည်။ ဝမ်ချောင်က နောက်ဆုံးတွင်ရပ်လျှက် သူတော်စင်ဧကရာဇ်ကို အကဲခတ်နေသည်။ သူသည် ယခင်အတိုင်း တောက်ပကာ ခမ်းနားထည်ဝါ မြင့်မြတ်ပြီး ဖြောင့်မတ်မှန်ကန်နေသည်။ သို့သော် ဝမ်ချောင်ကမူ အလွန်အမင်း မသက်မသာဖြစ်လာသည်။

စွစ်

ဝမ်ချောင်က အတွေးနက်နေသည့် အချိန်တွင် ခုံရုံး၏ ငြင်းခုံမှုများက ဆက်လက်ဖြစ်ပွားနေသည်။ ထိုအချိန်တွင် သူတော်စင်ဧကရာဇ်၏ မျက်နှာက ရုတ်တရက် တင်းမာသွားပြီး ထရပ်လိုက်သည်။ သူသည် စကားတစ်ခွန်း မဆိုလေဘဲ နောက်လှည့်ကာ ထွက်သွားပြီး သိပ်မကြာခင် ပျောက်ကွယ်သွားသည်။

“ဒီနေ့ရဲ့ မနက်ခင်းညီလာခံက ဒီနေ့အတွက်တော့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်မယ်။ ကျန်တဲ့ကိစ္စတွေကို အမတ်ချုပ်ကြီးကပဲ ဆက်လက် ဆောင်ရွက်ပေးလိုက်ပါ”

ကောင်းလီရှီက ရုတ်တရက် ထွက်လာပြီးပြောသည်။ ထို့နောက် သူ၏ မြင်းမြှီးတုတ်တံကို ခါယမ်းလျှက် ထွက်ခွာသွားလေသည်။

ဝုန်း

ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူဟာ ခေါင်းမော့လိုက်ချိန်တွင် ခန်းမထဲတွင် ဝရုန်းသုန်းကားဖြစ်သွားသည့် လှုပ်ခတ်မှုများကို ခံစားလိုက်ရသည်။ တခဏခန့်ကြာပြီးနောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားလေသည်။

1261 04

“အရှင်မင်းကြီးကို တလေးတစားနဲ့ လိုက်ပါပို့ဆောင်ပါတယ်”

အရာရှိများက ဂါရဝပြုလိုက်ကြသည်။ သို့သော် မည်သူကမှ ထူးဆန်းမှုကို သတိမထားမိကြချေ။ ဝမ်ချောင်၏ နှလုံးသားက တစ်ချိန်ထဲလိုလို လေးလံသွားသည်။

“မင်းမြင်လိုက်လား”

ခုံရုံး၏ညီလာခံ ပြီးဆုံးပြီးသည့်အချိန်တွင် ဝမ်ချောင်နှင့် ဘုရင်စုန့်တို့က ကျောက်လှေကားထစ်များအောက်သို့ အတူဆင်းကြသည်။

“ဒီလိုအခြေအနေက မကြာခဏဆိုသလို ဖြစ်နေတာ။ အစပိုင်းမှာ လူတိုင်းက ထိတ်လန့်ကြတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ကျင့်သားရလာတယ်။ ပိုဆိုးတာက မဟာထန်ကြီးက နှစ်ပေါင်းများစွာ ခြိမ်းခြောက်မှုဒဏ်ကို ခံလာခဲ့ကြတာ။ အရာရှိတွေ၊ ဗိုလ်ချုပ်ကြီးတွေတောင်မှ အမတ်ချုပ်ကြီးရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါနေကြပြီ။ ကိစ္စတွေအများစုကလည်း ဖြေရှင်းနိုင်နေတာပဲလေ။ နောက်ပြီး အင်ပါယာဆင်ဆာ အကဲဖြတ်လူကြီးမင်းတွေကလည်း အဓိကအမှားအယွင်းဖြစ်အောင် လုပ်ခွင့်ပြုမှာ မဟုတ်တော့ ဆုံးဖြတ်ချက်တွေအများစုကို အရှင်မင်းကြီးက နောက်ပိုင်းမှာပြန်ကြည့်ဖို့ လိုအပ်တယ်”

“ဒီတော့ ခိုရာစန်းနဲ့ပတ်သတ်တဲ့ ကိစ္စကို အမတ်ချုပ်ကြီးကပဲ ဆုံးဖြတ်ချက် ချခဲ့တာလား”

ဝမ်ချောင်ကမေးသည်။

“အွန်း”

ဘုရင်စုန့်က သက်ပြင်းချပြီးခေါင်းညိမ့်သည်။ ဘေးဘက်တွင်ရပ်နေသည့် နှစ်ယောက်သားက တော်ဝင်နန်းတွင်းမှ ထွက်ခွာလာခဲ့သည်။

ပထမ မတော်တဆမှုက အချက်ပြတစ်ခုလိုမျိုး သူတော်စင်ဧကရာဇ်သည် နောက်ပိုင်းတွင် ခုံရုံးမှ ပို၍စောစွာစောစွာ ထွက်ခွာသွားခဲ့သည်။ ပထမဦးဆုံးတစ်ရက်တွင် သူသည် တစ်နာရီစောထွက်သည်။ သို့ရာတွင် အဆုံးပိုင်းတွင် ငါးမိနစ်ပင် မကြာသေးခင် သူတော်စင်ဧကရာဇ်က ကောင်းလီရှီကို အမိန့်ပေးပြီး ထွက်ခွာသွားသည်။ ထိုအခြေအနေက ဝမ်ချောင်ကို ပို၍ပင် မသက်မသာ ဖြစ်လာစေသည်။

....

မနက်ခင်းအစောပိုင်းတွင် နေ့အလင်းရောင်က စာကြည့်ဆောင်၏ ပြတင်းပေါက်အတွင်းသို့ ဖောက်ဝင်လာသည်။

စားပွဲခုံ၏အရှေ့တွင် လူငယ်လေးတစ်ယောက်က ထိုင်ပြီး စာရွက်များကိုလှန်နေသည်။ ဘေးဘက်တွင်လည်း ဆီမီးအိမ်လေးကို ဖွင့်ထား၏။ ဆီမီးအိမ်က မီးစာကုန်နေသည်မှာ ကြာပြီဖြစ်ပြီး သူ၏အရှေ့တွင်မူ ရှေးဟောင်းစာအုပ်များ၊ ကျမ်းစာများကို ထူထပ်စွာပုံထားသည်။

“အရှင့်သား မင်းသားငါးရဲ့အမိန့်နဲ့ ကျွန်တော်တို့တွေ နန်းတွင်းက မှတ်တမ်းတွေကို ရနိုင်သမျှ ရသလောက် ယူလာခဲ့ပါတယ်။ နောက်ပြီး ကြင်ယာတော်တွေ ကိုယ်လုပ်တော်တွေနဲ့ မင်းသမီးတွေဆီကလည်း ငှားရမ်းခဲ့ပါသေးတယ်။ အရှင့်သား သဘောတကျ ဖတ်ရှု့ချင်မဲ့ အချက်အလက်တွေ ရှိမလားဆိုတာကို ကြည့်ပေးပါ”

ဝမ်ချောင်၏အရှေ့တွင် သက်လတ်ပိုင်းအရွယ်ရှိ အကျည်းတန်သော မိန်းမဆိုးတစ်ယောက် ရှိနေသည်။ သူသည် မင်းသားငါး၏ တံဆိပ်ပြားကို ခါးတွင်းချည်ထားသည်။ တစ်ဖက်သူသည် အနာဂတ်မှ ကောက်ကျစ်သော မိန်းမဆိုးလီကျင်းကျုံးကလွဲပြီး အခြားတစ်ယောက် မဟုတ်ပါချေ။

++++++

1262 01

အခန်း(၁၂၆၂)

သူတော်စင်ဧကရာဇ်၏ အခြေအနေကို စုံစမ်းစစ်ဆေးသည့် အချိန်တွင် ဝမ်ချောင်သည် နတ်သိုင်းနယ်မြေအဆင့်နှင့် ပတ်သတ်သည့် ရနိုင်သမျှ သတင်းအချက်အလက်တိုင်းကို လိုအပ်လေသည်။ ထိုနယ်ပယ်ဘက်တွင် အများပိုင်လက်ထဲမှ ရနိုင်သော အရေအတွက်များက အင်ပါယာနန်းတွင်းမှ ရနိုင်သော အရေအတွက်ထက်စာလျှင် နည်းပါးနေပေလိမ့်မည်။ ထိုအကြောင်းပြချက်ကြောင့် ဝမ်ချောင်သည် မင်းသားငါးလီဟန်၏ အကူအညီကို တောင်းခံခဲ့ခြင်းဖြစ်သည်။ လီဟန်ကလည်း ဝမ်ချောင်၏ တောင်းဆိုမှုကို အလေးအနက်ထားပေးသည်။ ထိုအတွက်ကြောင့် သူ့တွင်ရှိသမျှ သတင်းအချက်အလက်တိုင်းကို ပို့ပေးလာလေသည်။

သူသည် လီကျင်းကျုံးကိုပင် ကိုယ်တိုင်ကိုယ်ကျလွှတ်လျှက် ဝမ်ချောင်ထံ ပို့ခိုင်းလိုက်သည်။

“ငါနားလည်ပါပြီ ငါတစ်ခုခု လိုအပ်တာရှိရင် ခေါ်လိုက်မယ်”

ဝမ်ချောင်က မထူးခြားနားစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ ဒီအစေခံအိုကြီးက ထွက်သွားပါတော့မယ်။ အရှင့်သား အခြားတောင်းဆိုစရာရှိရင် ကျေးဇူးပြုပြီး အမိန့်သာပေးလိုက်ပါ။ ဒါတွေအပြင် အရှင့်သားကလည်း တကယ်လို့ အခြားအချက်တစ်ခုခုကို ရှာတွေ့ရင် ဒါမှမဟုတ် တိုးတက်မှုကိစ္စ တစ်ခုခုကိုများ တွေ့ခဲ့ရင်လည်း အတက်နိုင်ဆုံး အကြောင်းကြားပေးပါလို့ ပြောပါတယ်။ အရှင့်သားက အရမ်းကို သိတတ်နာခံတဲ့ သားတစ်ယောက်ပါ။ ဒါကြောင့် အရှင်မင်းကြီးအတွက် စိုးရိမ်နေပါတယ်”

လီကျင်းကျုံးက ဝမ်ချောင်ကို ဂါရဝပြုပြီး ထိုစကားကိုပြောပြီးနောက် ထွက်ခွာသွားလေသည်။

လီကျင်းကျုံးက ထွက်ခွာသွားပြီးနောက် ဝမ်ချောင်တစ်ယောက်တည်းကသာ စာကြည့်ဆောင်အတွင်း ကျန်ရစ်ခဲ့သည်။ ဝမ်ချောင်သည် လက်ထဲမှစာအုပ်များကိုချပြီး ပြတင်းပေါက် အပြင်ဘက်သို့ကြည့်ကာ သက်ပြင်းချသည်။

ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းနှင့် မင်းသားငါး၏ အကူအညီကြောင့် ဝမ်ချောင်သည် လောကမှ လူအများစု ရနိုင်သည်ထက်ပင် ပိုများသော ကျမ်းစာများ၊ မှတ်စုစာရွက်များကို လက်ခံရရှိခဲ့သည်။ မရေမတွက်နိုင်သော စာအုပ်ပေါင်းများစွာကို အိပ်ရေးအပျက်ခံပြီး ရှာဖွေခဲ့ပြီးသည့်တိုင်အောင် ဘာကိုမှ မတွေ့ခဲ့ချေ။ သူတွေ့ခဲ့သည်မှာ နတ်သိုင်းနယ်မြေအဆင့်သည် အန္တရာယ်အပြည့်နှင့် ချိုးဖျက် တက်ရောက်ရသော အဆင့်မျိုးဖြစ်ကြောင်းကိုသာ သိခဲ့ရသည်။ စတင်ပြီးနောက်တွင် နောက်ဆုတ်၍မရချေ။ လမ်းတစ်ဝက်တွင်လည်း ရပ်တန့်၍မရချေ။ ပို၍ဆိုးသည်မှာ နတ်သိုင်းနယ်မြေ အဆင့်သို့ ရောက်ရှိရန် ကျရှုံးသွားခဲ့ပြီးနောက် သိုင်းပညာများအားလုံး ချက်ချင်းလိုလို ဆုတ်ယုတ်လာနိုင်သော အချက်မျိုးက ပါရှိနေသည်။

ယခုအခါ သူက ထိုအကြောင်းအရာကို တွေးမိလိုက်သည်။ သူ၏ ယခင်ဘဝတွင် နတ်သိုင်းနယ်မြေနှင့် ပတ်သတ်သမျှ အရာအားလုံးက လျို့ဝှက်ဆန်းကြယ်နေသလို သူတော်စင်ဧကရာဇ်၏ ဖြစ်ရပ်ကလည်း ဒဏ္ဍာရီဆန်ခဲ့သည်။

တစ်လောကလုံးတွင် လူအနည်းစုကသာ သိမ်မွေ့နယ်မြေ သို့မဟုတ် ထိုနေရာ၏ တည်ရှိမှုကို ထိတွေ့နိုင်ကြသည်။ အရှိန်အဝါကြီးမြတ်သော မဟာအင်ပါယာ ဗိုလ်ချုပ်ကြီးများကပင် ထိုအကြောင်းအရာကို မသိကြချေ။ နတ်သိုင်းနယ်မြေအဆင့်သည် သိမ်မွေ့နယ်မြေအဆင့်၏ အထက်တွင် ဖြစ်နေသေးသည်။

သူတော်စင်ဧကရာဇ်ကြောင့်သာ မဟုတ်လျှင် လူအများစုကမူ သူတို့၏ တစ်ဘဝလုံး ထိုအဆင့်ကြီး၏ တည်ရှိမှုကို သိကြလိမ့်မည်မဟုတ်ချေ။

ဝမ်ချောင်သည် ဆက်တိုက်ဆိုသလို ရရှိခဲ့သော အနိုင်ပွဲများကြောင့် သူ၏အသက်မွေးကြောင်း လုပ်ငန်းအတွင်း အမှတ်အသားတစ်ခု ရရှိခဲ့သည်။ သူသည် မဟာထန်၏ စစ်နတ်ဘုရား အသစ်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ချွီထေပါးကပင် သူ၏လက်ထဲ သေသွားခဲ့၏။ မရေမတွက်နိုင်သော မဟာဗိုလ်ချုပ်ကြီးများကလည်း သူ့ကိုမြင်ရုံနှင့် ပြေးကြသည်။ သို့ရာတွင် သူက နတ်သိုင်းနယ်မြေအကြောင်း ပို၍စုံစမ်းလေလေ ပို၍ နားလည်လာလေလေ ဝမ်ချောင်အနေနှင့် သူနှင့် သူတော်စင်ဧကရာဇ်အကြားတွင် ကြီးမားလွန်းသော ခြားနားမှုကြီး ရှိကြောင်း သိလာလေလေဖြစ်သည်။

သူတော်စင်ဧကရာဇ်သည် နတ်သိုင်းနယ်မြေအဆင့်သို့ တက်ရောက်ရန် ကျရှုံးသွားခဲ့ပြီးနောက် အများကြီး အင်အားနည်းလာသည့်တိုင်အောင် တိုင်းတာရ ခက်ခဲလွန်းသော အင်အားမျိုးကို ပိုင်ဆိုင်နေသေးသည်။ ဝမ်ချောင်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ပင် သိုင်းနယ်မြေအဆင့်၏ ခွန်အားဟာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မသိနိုင်သေးချေ။

သို့သော် သူက သူတော်စင်ဧကရာဇ်၏ အခြေအနေကို ပြန်တွေးရင်း ရန်ကျောင်းက ပြောပြသော အချက်အလက်များ၊ ဗဟိုပြင်ကျယ်ကြီးက သူတော်စင်ဧကရာဇ် မရှိချိန်တွင် ပြောင်းလဲသွားသော အခြေအနေများကို ပြန်တွေးမိရုံနှင့် ဝမ်ချောင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ရာကို လုပ်ဆောင်သင့်သလို ခံစားလိုက်ရသည်။ အပုံတစ်သောင်းလျှင် တစ်ပုံသာ အခွင့်အရေးရှိမည် ဆိုလျှင်ပင် ထိုအခွင့်အရေးမျိုး မဖြစ်လာအောင် တားသင့်သေးသည်။

.....

ဝမ်ချောင်က ဆက်လက်ပြီး စာတမ်းများကို စုဆောင်းနေခဲ့ချိန်တွင် နောက်တစ်ရက် အင်ပါယာခုံရုံး အတောအတွင်း အံ့အားသင့်ဖွယ် အပြောင်းအလဲက ဖြစ်လာပြန်သည်။

“ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒအရ ဧကရာဇ်မင်းက ကြေငြာမယ်

1262 02

ပထမမင်းသား လီရင် အကြီးဆုံးသားက ယဉ်ကျေးသိမ်မွေ့ပြီး နိမ့်ချနိုင်စွမ်းရည် မြင့်မားလွန်းတယ်။ သည်းခံနိုင်စွမ်းရည် ရှိတဲ့အပြင် သတိလည်းကြီးလွန်းတယ်။ မင်းသားတွေရဲ့ စံနမူနာအဖြစ် ခစားပြီး ယာယီအားဖြင့် ပထမမင်းသားလီရန်ကို ခုံရုံးကို ကြီးမှူးဆောင်ရွက်စေ။ ကိစ္စတွေအားလုံးကို အတွင်းဝန် အမတ်ချုပ်ကြီးနဲ့ ဘုရင်စုန့်တို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်စေလို့ အမိန့်ထုတ်ပြန်တယ်။ ဒါက ဧကရာဇ်ရဲ့ စိတ်ဆန္ဒပဲ”

ခန်းမ၏ အမြင့်ဆုံးနေရာတွင် ထားထားသော ကြီးမားသည့် နဂါးပုလ္လင်ကြီးက ပြောင်ရှင်းနေသည်။ သူတော်စင်ဧကရာဇ်ကိုလည်း မမြင်ရချေ။ သို့ရာတွင် အတွင်းခုံရုံးမှ အကြီးအကဲ ကောင်းလီရှီက ရှေ့ထွက်လာသည်။ သူ၏လက်ထဲမှ မြင်းမြှီးတုတ်တံကို တစ်ချက်ယမ်းလိုက်ပြီး တခြားတစ်ဖက်တွင် နတ်အမိန့်တော်ကို ကိုင်ဆောင်ထားသည်။ သူသည် စာပါအကြောင်းအရာများ အားလုံးကို စုစည်းနေသော အရာရှိများအား ကျယ်လောင်စွာ ကြေငြာပေးသည်။

ဘုန်း

ကောင်းလီရှီ၏အသံက ခုံရုံးအတွင်းသို့ ကြီးမားသည့် အလေးချိန်ကြီးတစ်ခု ပစ်သွင်းလိုက်သလိုမျိုး ပြင်းထန်စွာ ငလျှင်လှုပ်ခတ်သွားစေသည်။ သူတော်စင်ဧကရာဇ်သည် နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည်။ သို့သော် ဘယ်သောအခါကမှ ယခုလို မနက်ခင်းခုံရုံးကို ပျက်ကွက်ခဲ့ခြင်းမျိုး မရှိချေ။ ထို့ပြင် အခြားတစ်ယောက်ကိုလည်း ကိုယ်စား ဆောင်ရွက်ခိုင်းသေးသည်။ ဒါဟာ ဘုရင်ခံတစ်ယောက် ခန့်အပ်လိုက်သလိုဖြစ်သည်။ ပို၍ဆိုးသည်မှာ မဟာထန်၏ ဓလေ့ထုံးတမ်းများအရ ဘုရင်ခံသည် သူတော်စင်ဧကရာဇ်က ထီးနန်းစုရန် ကြံစည်နေသော အချိန်တွင်မှ ပေါ်လာတတ်ခြင်းဖြစ်သည်။

သို့သော် သူတော်စင်ဧကရာဇ်သည် အထွတ်အထိပ် အခြေအနေတွင် ဖြစ်နေသေးပြီး ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားလွန်းနေသေးသည်။ ယခုရုတ်တရက် ထွက်လာသောအမိန့်က လူတိုင်းကို မသက်မသာ ဖြစ်သွားစေသည်။

“မိန်းမဆိုးကောင်း တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ အရှင်မင်းကြီးက ဘယ်မှာလဲ။ ဘာလို့ ငါတို့က အရှင်မင်းကြီးကို မတွေ့နိုင်တာလဲ”

“ဟုတ်သားပဲ အရှင်မင်းကြီးက ဘာဖြစ်နေလို့လဲ။ ဘာလို့ပထမမင်းသားက ခုံရုံးကို ယာယီတာဝန်ယူပေးမှာလဲ”

အရာရှိတစ်သုတ်က ရှေ့ထွက်လာပြီးပြောကြသည်။ သူတို့၏အသံက ထိတ်လန့်ကာ စိုးရိမ်နေပုံရသည်။

“မိန်းမဆိုးကောင်း တကယ်ပဲ အရှင်မင်းကြီးက ဘာဖြစ်သွားတာလဲ”

ဝမ်ချောင်ကပင် ရုတ်တရက်မေးသည်။

နတ်သိုင်းနယ်မြေအဆင့်သို့ တက်ရောက်ရန် ကျရှုံးသွားပြီးနောက် ဖြစ်လာနိုင်သော အခြေအနေများကို စုံစမ်းစစ်ဆေးနေခဲ့ချိန်တွင် ရုတ်တရက် သူတော်စင်ဧကရာဇ်က အင်ပါယာခုံရုံးမှ ခပ်မြန်မြန် နှုတ်ထွက်သွားမည်ဟု မထင်ထားမိချေ။ ထို့ပြင် သူသည် လိုက်ကာ၏ နောက်ဘက်သို့ ရွှေ့သွားလေသည်။ ပထမမင်းသားကပင် ရှေ့ထွက်ရပ်လာ၏။ ဝမ်ချောင်က အလွန်အမင်း မကောင်းသော ခံစားချက်မျိုးကို ရလာသည်။ သူတော်စင်ဧကရာဇ်၏ အခြေအနေက သူမျှော်လင့်ထားသည်ထက် ပိုဆိုးနေလောက်သည်။

ဝုန်း

ဝမ်ချောင်က ပြောလိုက်သောအခါ အင်ပါယာခုံရုံးကြီး တစ်ခုလုံးက ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အရာရှိများက အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက် လုပ်ကြသည်။ သူတို့သည် ဝမ်ချောင်ကိုကြည့်လိုက် ကောင်းလီရှီကိုကြည့်လိုက် ပြုနေကြ၏။ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်သော မဟာထန်၏ စစ်နတ်ဘုရားသည် မတော်တဆမှုပေါင်း များစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် ဝမ်ချောင်ဟာ အမြဲတစေ ဘယ်သောအခါမှ အညံ့မခံသော စိတ်ထားနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုများကြောင့် ခုံရုံးမှ အရာရှိများ၏စိတ်အတွင်း နက်ရှိုင်းစွာ သတ်မှတ်ထားခြင်းခံရပြီးသားဖြစ်သည်။

ဝမ်ချောင်က ယခုအခါ အင်ပါယာခုံရုံးအတွင်း ပုံမှန်မဟုတ်သော အလေးချိန်ရှိလာသည်။ ခုံရုံးမှ ခေါင်းဆောင်တစ်ယောက် ဖြစ်သည့် ဘုရင်စုန့်နှင့်ပင် တူလာသည်။

ကောင်းလီရှီက မျက်မှောင်ကျုံ့သွားသည်။ သူသည် မြင်းမြှီးတုတ်တံကို တစ်ချက်ယမ်းလျှက် စကားပြောရန် ပြင်ဆင်လိုက်သည့်အချိန်တွင် နောက်ထပ် အသံတစ်သံက ထွက်လာသည်။

“ငါမင်းအတွက် ဒီမေးခွန်းကို ဖြေပေးနိုင်တယ်”

ရုတ်တရက် ထွက်လာသောအသံက လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။ ကောင်းလီရှီက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုက်ဟန်နန်းဆောင်၏ ဝင်ပေါက်တွင် ရွှေရောင်ပုံရိပ်တစ်ခု ရှိနေသည်။ သူသည် အရပ်ရှည်ပြီး ပိန်သွယ်သည်။ ခမ်းနားထည်ဝါသော အရှိန်အဝါကို သယ်ဆောင်ထားလေပြီး နဂါး၏ လက်သည်းလေးဘက်ပါ နဂါးဝတ်စုံကြီးကို ဝတ်ဆင်ထားသည်။ သူသည် တံစက်မြိတ်ကို ကျော်လွန်လျှက် ခန်းမထဲသို့ ဝင်လာသည်။

ပထမမင်းသား

ဝမ်ချောင်က ထိုပုံရိပ်ကို မြင်လိုက်ချိန်တွင် သူ၏မျက်နှာက အနည်းငယ် တင်းမာသွားသည်။ သူ၏စိတ်အတွင်း အတွေးတစ်ခုက ဝင်ရောက်လာသည်။

ပထမမင်းသားလီရင်သည် အထင်သေးသော မျက်နှာထားမျိုးဖြင့်ဖြစ်သည်။ သူက ကျားတစ်ကောင်လိုလို နဂါးတစ်ကောင်လိုလို တဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ့ကိုမြင်သောအခါ အရာရှိတိုင်းက ခေါင်းငုံ့ကာ အရိုအသေပေးရသည်။

“အရှင့်သား”

“အရှင့်သား”

လီရင်က ဘာစကားမှမဆိုချေ။ သူကခေါင်းကိုမော့လျှက် အရာရှိတိုင်းကို ခေါင်းမော့နိုင်ပါကြောင်း အမူအရာပြသည်။

1262 03

“အရှင်တို့ ယဉ်ကျေးနေစရာ မလိုပါဘူး။ တော်ဝင်ခမည်းတော်က အခုတလော ကျန်းမာရေးမကောင်းဘူး။ ဒါတွေအပြင် တော်ဝင်ခမည်းတော်ရဲ့ ပြိုင်ဘက်ကင်းစွမ်းအားက လောကမှာ ပြိုင်ဘက်ကင်းတာကို သိကြမှာပါ။ တော်ဝင်ခမည်းတော်က နောက်ထပ်အဆင့်တက်ဖို့ ကြိုးစားနေတာ ဖြစ်လောက်ပါတယ်။ ဒါကြောင့် တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဒီလိုနဲ့ လီရင်ကပဲ ဘုရင်ခံတစ်ယောက်အနေနဲ့ ခုံရုံးကြီးရဲ့ ကိစ္စတွေကို ကာကွယ်ဆောင်ရွက်ပါ့မယ်။ ဦးကြီးတော်၊ အရှင်အမတ်ချုပ်ကြီး အနာဂတ်မှာ ဒီမင်းသားက မင်းတို့ရဲ့ အထောက်အပံ့ကို လိုအပ်တယ်”

လီရင်က ထိုသို့ပြောသည်။ သူ၏အကြည့်က အမတ်ချုပ်ကြီးနှင့် ဘုရင်စုန့်ထံ ရောက်သွားသည်။

“အရှင့်သားက ယဉ်ကျေးလွန်းနေပြန်ပါပြီ”

အမတ်ချုပ်ကြီး လီလင်းဖူက မုတ်ဆိတ်မွှေးကို အသာခါယမ်းလျှက် ရယ်သည်။

ဘုရင်စုန့်ကမူ သူ၏နှလုံးသားက အေးစိမ့်သွားသည်။ သူသည် ထပ်ခါတလဲလဲ ပြောလိုက်သည်။

“မလုပ်ရဲပါဘူး”

“အရှင်တို့ အနာဂတ်မှာ အရှင်တို့ရဲ့ အကြံပြုချက်တွေကိုပဲ နာခံရတော့မှာပါ”

လီရင်က ကျန်သောအရာရှိများကိုကြည့်ကာ ပြောလိုက်ပြန်သည်။

“ကျွန်တော်မျိုးတို့ မလုပ်ရဲပါဘူး ပထမမင်းသားက ဉာဏ်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါ။ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က မမှားနိုင်ဘူး။ ဘယ်လိုကြောင့်များ ငါတို့ရဲ့ သင်ကြားမှုတွေကို လိုအပ်မှာလဲ”

အောက်ဘက်ရှိ အရာရှိများက ခပ်မြန်မြန် ခေါင်းငုံ့လိုက်ကြသည်။

အရင်ခေတ်များမှ ဓလေ့ထုံးတမ်းများအရ ပထမမင်းသားက ဘုရင်ခံဖြစ်လာခဲ့ပြီး ခုံရုံးကိစ္စများကို တာဝန်ယူလာချိန်တွင် ပထမမင်းသားသည် ထီးနန်းဆက်ခံသည့် အလားအလာ များလာသည်။ သူသည် မဟာထန်၏ နောင်ဖြစ်လာမည့် သူတော်စင်ဧကရာဇ် ဖြစ်လာနိုင်သည်။

ထိုအခိုက်အတန့်တွင် အရာရှိများအားလုံးက ဘာစကားမှ မဆိုကြတော့ချေ။ သူတို့၏ စိတ်ထဲတွင်မူ အတွေးပေါင်းများစွာ ပေါ်လာသည်။

ပထမမင်းသားက ကျောဘက်သို့လက်ပို့လျှက် ခေါင်းကိုဆက်တိုက် မော့ထားပြီး တဖြည်းဖြည်းချင်း နဂါးပုလ္လင်သို့ လျှောက်သွားသည်။ သူ၏ပြုမူပုံက နဂါးတစ်ကောင်လိုလို ကျားတစ်ကောင်လိုလို ထင်ရသည်။ ထိုအခိုက်အတန့်တွင် ပထမမင်းသားသည် စွမ်းအင်အပြည့်နှင့် ပေါက်ကွဲမတက် ထွက်နေလေပြီး သူ၏အရှိန်အဝါက တစ်လောကလုံးကို အထင်တသေး ကြည့်ချင်နေပုံရသည်။ သူက ဝမ်ချောင်၏အနားသို့ ဖြတ်သွားသောအခါ တခဏခန့် ရပ်တန့်သွားသည်။

“ဟွန်း မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ငါတို့တွေ့ပြန်ပြီ”

ဝုန်း

ထိုသေးငယ်သည့် လှုပ်ရှားမှုကတင် အရာရှိတိုင်း၏အာရုံကို ချက်ချင်းလိုလို ဆွဲဆောင်သွားသည်။ ခုံရုံးရှိ မျက်လုံးတိုင်းက သူတို့နှစ်ယောက်ထံ ရောက်လာသည်။ တစ်ယောက်က သူတော်စင်ဧကရာဇ်၏ အကြီးဆုံးသားဖြစ်ပြီး အနာဂတ်၏ ဆက်ခံသူဖြစ်သည်။ အခြားတစ်ယောက်ကမူ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် တိုက်ပွဲနယ်မြေတွင် ဆက်တိုက်သော အောင်မြင်မှုများကို လက်ခံထားသူဖြစ်သည်။ သူသည် ခုံရုံးတွင် ကြီးမားလွန်းသော လွှမ်းမိုးမှုကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် လေထုအခြေအနေက ထူးဆန်းသွားသည်။

ထိုမတိုင်ခင်ကဆိုလျှင် ပထမမင်းသားသည် ဝမ်ချောင်ကို သူ၏ဘက်သို့ အရခေါ်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ကြောင်း သတင်းထွက်ခဲ့ဖူးသေးသည်။

“ပထမမင်းသားက ယဉ်ကျေးနေပြန်ပြီ”

ဝမ်ချောင်က မထူးခြားနားသလိုပြောသည်။ ထိုအချိန်တွင် သူတစ်ယောက်တည်းကသာ အတည်ငြိမ်ဆုံး၊ ယုံကြည်မှုအရှိဆုံး ဖြစ်လောက်သည်။ ဝမ်ချောင်က လက်နှစ်ဖက်လုံးကို ကျောဘက်သို့ပို့လိုက်သည်။ သူ၏အမူအရာကလည်း အကြောက်အလန့်မဲ့နေသည်။

“တကယ်ပြောရရင် နှမြောစရာပဲ။ နန်းတော်ဂိတ်က အဲ့ဒီနေ့မှာ မင်းငါ့ကို မငြင်းခဲ့သင့်ဘူး”

သူ၏နားအတွင်း ခပ်တိုးတိုးပြောသံကထွက်လာသည်။ အံ့အားသင့်သွားသော ဝမ်ချောင်ကလည်း ပထမမင်းသားဟာ သူ့ကိုလှောင်ပြုံး ပြုံးပြနေကြောင်း မြင်လိုက်ရ၏။ သူ၏နှုတ်ခမ်းက အနည်းငယ် ဟသွားသော်လည်း အသံမထွက်လာချေ။ ကြည့်ရသည်မှာ သူသည် အသံပို့လွှတ်သည့်နည်းကို သုံးခဲ့ခြင်းဖြစ်လောက်သည်။

တစ်ချိန်ထဲတွင်ပင် အဝေးရှိဘုရင်ချီက တစ်စုံတစ်ရာကို ကြားသလိုမျိုး ခေါင်းကိုလှည့်လာသည်။ ထို့နောက် လှောင်ပြုံး ပြုံးလိုက်ပြန်သည်။

ဝမ်ချောင်က ပြန်မဖြေနိုင်သေးခင် ပထမမင်းသားကရယ်ပြီး ထွက်သွားပြန်သည်။

ထိုအချိန်တွင် ဘုရင်ချီက လှောင်ပြုံး ပြုံးနေသည်။ သူသည် လျို့ဝှက်ကာ သတင်းပို့သော စွမ်းအင်တစ်ခုကိုသုံးလျှက် ဝမ်ချောင်၏စိတ်ထဲသို့ လှမ်းပို့ကာပြောလိုက်သည်။

“ကောင်စုတ်လေး အဆုံးသတ်မှာတော့ မင်းရဲ့ဝမ်ကလန်ကပဲ ရှုံးသွားတာပဲ”

သူသည် ဝမ်ချောင်နှင့် ဝမ်ကလန်၏လက်ထဲတွင် ထပ်ခါတလဲလဲ ထိုးနှက်ခံခဲ့ရသည်။ ဒီတစ်ကြိမ်တွင်မူ သူတော်စင်ဧကရာဇ်က ဘုရင်စုန့်အား ဘုရင်ခံပထမမင်းသားကို ကူညီခိုင်းလိုက်သည်။ သူ့ကိုမဟုတ်ချေ။ ထို့ကြောင့် ဘုရင်ချီသည်လည်း ဒေါသထွက်ရပြန်သည်။

1262 04

သို့သော် အဆုံးသတ်တွင် ဝမ်ချောင်နှင့် ဝမ်ကလန်က ရှုံးသွားသေးသည်။ သူသည် အမြဲတစေ ပထမမင်းသားနှင့် ရင်းနှီးခဲ့သည်။ ပထမမင်းသားကသာ ထီးနန်းဆက်ခံနိုင်ခဲ့သော် ဝမ်ကလန်ကသာ ဒုက္ခရောက်ပေလိမ့်မည်။ ဝမ်ချောင်က မည်သို့ ကြိုးစားအားထုတ်ထားစေကာမူ ရှုံးရမည်ဖြစ်သည်။

ဝမ်ချောင်က သိပ်သည်းလွန်းသော စွမ်းအင်များကို စုစည်းလိုက်ပြီး ဖျော့တော့သောအပြုံးနှင့် ပြန်ဖြေသည်။

“ဟွန်း အရှင့်သား အရယ်စောနေပြန်ပါပြီ”

“မင်း”

ဘုရင်ချီက ဒေါသထွက်သွားသည်။ သို့သော် ထိုအချိန်တွင် ပထမမင်းသားက စင်မြင့်ပေါ်သို့ ရောက်သွားပြီဖြစ်ပြီး သူတော်စင်ဧကရာဇ်၏ နဂါးပုလ္လင်တွင် ဝင်ထိုင်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် စကားတစ်ခွန်း ဆက်မဆိုရဲတော့ချေ။

ဝမ်ချောင်ကရယ်လိုက်ပြီး ဘုရင်ချီနှင့် ငြင်းခုံနေခြင်း မပြုတော့ချေ။

ပထမမင်းသားသည် သူတော်စင်ဧကရာဇ်၏ ပုလ္လင်တွင် ထိုင်နိုင်လိမ့်မည်မဟုတ်ချေ။ ထိုအချက်ကိုမူ ဝမ်ချောင်က ယုံကြည်မှုအပြည့်ရှိသည်။ ပထမမင်းသားနှင့် ဘုရင်ချီတို့သည် ဥများမပေါက်ခင် ကြက်များကို ကြိုရေနေခြင်းသာဖြစ်သည်။

အင်ပါယာခုံရုံးက ပြီးဆုံးသွားပြီးနောက် ကျန်းချုံကျန့်ချုံး၊ ဘုရင်စုန့်၊ ဝမ်ချောင်နှင့် ဝမ်ကန်းတို့အားလုံးက ရထားလုံးကြီးထဲသို့ အတူဝင်လိုက်ကြသည်။ ကျန်းချုံကျန့်ချုံးက အရင်ဦးဆုံးပြောသည်။ သူ၏မျက်မှောင်က ကျုံ့နေပြီး ခေါင်းကလည်း ငုံ့နေသည်။

“ဝမ်ချောင် အခြေအနေက ဆိုးနေပြီ။ အရှင်မင်းကြီးက နန်းတွင်းကိုတောင် မလာတော့ဘူး။ ငါတို့ဘယ်လောက် တွေ့ခွင့်တောင်းတောင်း အဆင်မပြေနိုင်ဘူး။ နောက်ပြီး ပထမမင်းသားက တိုင်းပြည်ကို အုပ်ချုပ်တဲ့အခါ အာဏာတွေအားလုံးက ပထမမင်းသား လီလင်းဖူနဲ့ ဘုရင်စုန့်ထံ ရောက်သွားလိမ့်မယ်။ ဘုရင်စုန့်ကပဲ ငါတို့ဘက်မှာ ရှိနေပေမဲ့လည်း ဆုံးဖြတ်ချက် ချနိုင်စွမ်းရည် မရှိသေးဘူး။ ပိုဆိုးတာက ပထမမင်းသားက ငါတို့နဲ့ မရင်းနှီးဘူး။ အခု အရှင်မင်းကြီးက သူ့ကို တိုင်းပြည်ကို တာဝန်ယူပြီး အုပ်ချုပ်ခိုင်းလိုက်ပြီဆိုတော့ အနာဂတ်အုပ်ချုပ်သူဖြစ်ဖို့ ငါးဆယ်ရာခိုင်နှုန်း သေချာသွားပြီ။ ဒါက ငါတို့အတွက် မကောင်းတဲ့သတင်းပဲ”

ကျန်းချုံကျန့်ချုံးက အန်းနန်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေချိန်က ပထမမင်းသားက သူ့ကို ခန့်အပ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ကျန်းချုံကျန့်ချုံးက ငြင်းခဲ့သည်။ ဝမ်ချောင်နှင့် ဘုရင်စုန့်တို့အတွက်ကမူ ပထမမင်းသားနှင့် ခြားနားချက် ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့သုံးယောက်ကလည်း သူနှင့်ဆက်ဆံရေး မရှိပါချေ။ ပထမမင်းသားက အင်ပါယာကို အုပ်ချုပ်မည်ဆိုသော သတင်းက သူတို့အတွက် သတင်းကောင်းမဟုတ်ချေ။ ပထမမင်းသားက ထီးနန်းကို ဆက်ခံသွားသည်နှင့် သူတို့၏ အခြေအနေက ပိုဆိုးသွားနိုင်သည်။ ကျန်းချုံကျန့်ချုံး၏ စိုးရိမ်မှုများက နားလည်၍ရလေသည်။

++++++

1263 01

အခန်း(၁၂၆၃)

“အများအကျိုးအတွက်က အများအကျိုးသီးသန့် ကိုယ်ရေးကိုယ်တာအတွက်က ကိုယ်ရေးကိုယ်တာ သီးသန့်ပေါ့။ ပထမမင်းသားပဲဖြစ်ဖြစ် အခြားမင်းသားတွေပဲဖြစ်ဖြစ် ထီးနန်းဆက်ခံရတဲ့အခါ ငါတို့ရဲ့တာဝန်က သူတို့ကို သစ္စာရှိရမယ်။ ပထမမင်းသားကတောင်မှ အများကြီး လာမရှုပ်နိုင်ပါဘူး။ လက်ရှိအင်ပါယာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်မျိုးမှာ ဥပဒေတွေရဲ့ စနစ်က ရာစုနှစ်ပေါင်းများစွာ ချမှတ်လာခဲ့တာ။ ဒီလိုအရာမျိုးကို ပထမမင်းသား တစ်ယောက်တည်းက မချိုးဖျက်နိုင်ဘူး။ ကောင်းကင်ဘုံရဲ့သားတော်က အပြစ်ပြုရင် သူလည်း သာမာန်ပြည်သူနည်းတူ အပြစ်ပေးခံရမှာပဲ။ တိုင်းပြည်ရဲ့ သူတော်စင်ဧကရာဇ်တောင်မှ ဆန္ဒရှိတာ မလုပ်နိုင်ပါဘူး”

ဘုရင်စုန့်က ချောမွေ့အောင်ပြင်ပေးသည်။

သူတော်စင်ဧကရာဇ်က ပထမမင်းသားအား ဘုရင်ခံအဖြစ် တင်မြှောက်လိုက်ခြင်းက သူ့ကိုပင် အံ့အားတကြီး ဖြစ်သွားစေခဲ့သော်လည်း ဘုရင်စုန့်သည် လေးစားဖွယ်ကောင်းသော လူတစ်ယောက်ဖြစ်သလို ပွင့်ပွင့်လင်းလင်း ကြည့်ရှု့တတ်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက အမှားမလုပ်သမျှ ဘာကိုမှမကြောက်ချေ။

ရထားလုံးအတွင်း အသံတစ်သံထွက်လာသည်။

“အရှင်တို့ စိုးရိမ်စရာ မလိုပါဘူး။ ထီးနန်းဆက်ခံရတဲ့လူက ပထမမင်းသား ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး”

ဝုန်း

ထိုစကားလုံးများနှင့်အတူ ဘုရင်စုန့်၊ ကျန်းချုံကျန့်ချုံးနှင့် ဝမ်ကန်းတို့အားလုံးက ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။

ရထားလုံးကြီးထဲတွင် ဘုရင်နှစ်ပါး၊ စစ်အမတ်မင်းတစ်ယောက်နှင့် အနိမ့်တန်း အရာရှိတစ်ယောက် ထိုင်နေကြသည်။ သူတို့အားလုံးဟာ ခမ်းနားကြီးကျယ်ပြီး အဆင့်အတန်း မြင့်မားလွန်းသော လူများဖြစ်ကြသည်။ ဝမ်ချောင်၏ စကားလုံးများကသာ အပြင်သို့ ပေါက်ကြားသွားခဲ့လျှင် အင်ပါယာခုံရုံးကြီး တစ်ခုလုံးကို လှုပ်ခတ်နိုင်သည်။

ပထမမင်းသားက ဒီအဖွဲ့ကို သူ၏ဘက်မှ ဆူးတစ်ချောင်းအဖြစ် အမြဲတစေ ခံစားနေခဲ့ပြီးသားဖြစ်သည်။ ဖယ်ရှားသုတ်သင်ရန်ပင် ချွင်းချက်ထားလိမ့်မည် မဟုတ်ချေ။

“ချောင်အာ ဘာပေါက်ကရတွေ ပြောနေတာလဲ။ ဒီကိစ္စက မင်းဒီလို လက်လွတ်စပယ် ပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူးနော်”

ဝမ်ကန်းကပင် ကိုယ့်ကိုယ်ကို မချုပ်ထိန်းနိုင်တော့ဘဲ ကျောကိုမတ်လျှက် ဝမ်ချောင်ကို ဆူပူသည်။ သို့သော် ဝမ်ချောင်ကမူ လက်ကိုအသာယမ်းပြလျှက် တည်ငြိမ်စွာဖြေသည်။

“ဦးလေးကြီး စိတ်အေးအေးထား ငါဘာပြောလဲ ငါသိတယ်”

သူ၏ယခုပြောလိုက်သော စကားလုံးများက ဒီနေရာတွင်ထိုင်နေသော အခြားသုံးယောက်၏ နှလုံးသားများကို လည်ပင်းထဲမှ ထွက်လာလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ သမိုင်းကိုသိသည်။ ထို့ကြောင့် ပထမမင်းသားဟာ ဘယ်သောအခါမှ သူတော်စင်ဧကရာဇ်၏ ထီးနန်းတွင် ထိုင်နိုင်မည်မဟုတ်ကြောင်း နားလည်နေခဲ့၏။

“ဝမ်ချောင် မင်းကဘယ်လိုကြောင့် သေချာနေတာလဲ”

ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်ချောင်သည် ဘယ်သောအခါမှ ရည်ရွယ်ချက်မရှိဘဲ မလုပ်တတ်ချေ။ သူဟာ ထိုသို့ ပြောရဲကတည်းက သူ၏စကားလုံးများနှင့် လိုက်ဖက်မည့် တစ်စုံတစ်ရာကို သေချာပေါက် သိနေပေလိမ့်မည်။ ထိုသို့ လုပ်နိုင်သောကြောင့်လည်း ဖြစ်လောက်၏။ သူတို့နှစ်ယောက်ကမူ ဝမ်ချောင်၏ ယုံကြည်ချက်များက မည်သည့်နေရာကလာကြောင်း နားမလည်ကြချေ။ ဒါဟာ တွက်ချက်မှုသီးသန့် မဟုတ်တော့ချေ။ ပြီးပြည့်စုံလွန်းသည့် ယုံကြည်မှုတစ်ခုဖြစ်သည်။

“ဟွန်း သူတော်စင်ဧကရာဇ်က ရဲရင့်တက်ကြွမှုအပြည့်နဲ့ ထီးနန်းကို အမြဲတစေ သိမ်းယူနိုင်ခဲ့တာ။ စီနီယာကျမှုတွေအပြင် အဲ့ဒီလူရဲ့ အကျင့်စရိုက်၊ စိတ်သဘောထားတွေကို ထည့်သွင်းစဉ်းစားရဦးမယ်။ ပထမမင်းသားရဲ့ စိတ်ရှည်သည်းခံမှုနဲ့ စွမ်းရည်က လုံလောက်တာမှန်တယ်။ ဒါပေမဲ့ သူ့ရဲ့ အကျင့်စရိုက်ကတော့ လိုအပ်တယ်။ ပိုဆိုးတာက ဧကရာဇ်ရဲ့ ထီးနန်းဟာ အင်ပါယာကြီးရဲ့ ပြည်သူတွေအားလုံးရဲ့ အသက်နဲ့ ချည်နှောင်နေတယ်။ သူတော်စင်ဧကရာဇ်က အမြဲတစေ ဉာဏ်ကောင်းတယ်။ ဒီတော့ သူ့ရဲ့ဆက်ခံသူကို အသက်အရွယ်ကိုလိုက်ပြီး စဉ်းစားဆုံးဖြတ်မှာမဟုတ်ဘူး။ ဒါတွေအပြင် သူတော်စင်ဧကရာဇ်က ပထမမင်းသားကိုသာ ထီးနန်းဆက်ခံစေချင်ရင် သူ့ကိုအရင်ကတည်းက ဆက်ခံသူနေရာ ပေးအပ်ထားပြီးလောက်ပြီ။ အခုအချိန်ထိ စောင့်နေမှာမဟုတ်ဘူး”

1263 02

ဝ မ်ချောင်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။

ရထားလုံးထဲမှ အခြားသုံးယောက်က စွံ့အစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဝမ်ချောင်၏ ငြင်းခုံမှုက ရိုးရှင်းပြီး နားလည်လွယ်သည်။ သူတို့သိသော အကြောင်းအရာများ ဖြစ်နေသေးသည်။

အင်ပါယာနန်းတော်ကြီးသည် အပေါ်ယံတွင် တည်ငြိမ်နေသည်။ သို့သော် အောက်ဘက်တွင်မူ ချုပ်ထိန်းမှုများနှင့် လှိုင်းထန်နေခြင်းဖြစ်သည်။ အကြောင်းပြချက်ကမူ အလွန်ရိုးရှင်းသည်။ သူတော်စင်ဧကရာဇ်က ဆက်ခံသူကို မဆုံးဖြတ်ရသေးချေ။ ပထမမင်းသားက အကြီးဆုံးသားဖြစ်သောကြောင့် ယေဘုယျကျကျ စဉ်းစားကြည့်ရင် ဆက်ခံသူဖြစ်လောက်သော်လည်း သူတော်စင်ဧကရာဇ်ဟာ ဆုံးဖြတ်ချက်ကို အတည်မပြုသေးခဲ့သောကြောင့် အားလုံးကို အံ့အားသင့်စေခဲ့သည်။

“ဒီအကြောင်းအရာကို ဆက်မပြောတော့နဲ့။ အရှင့်သား ငါအရှင့်သားကို အရေးကြီးတဲ့ ကိစ္စတစ်ခု မေးစရာရှိတယ်”

ဝမ်ချောင်က ခပ်မြန်မြန် အကြောင်းအရာပြောသည်။

“အရှင့်သား အင်ပါယာခုံရုံးက ငါ့ကို စောင့်ဆိုင်းဆဲ အကြံပေးအရာရှိဆိုတဲ့ အနိမ့်စားဘွဲ့ကို ချီးမြင့်ထားပေမဲ့ ဂရုစိုက်စဉ်းစားကြည့်ရင် ငါလွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတဲ့ အရေးပါတဲ့ နေရာတစ်ခုတည်းမဟုတ်ဘူး။ ပိုဆိုးတာက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အစိုးရ အရာရှိတွေထဲမှာတောင် မပါဘူး။ ခုံရုံးကနေ စဉ်းစားဆင်ခြင်ကြည့်ရင် ငါက မနက်ခင်းညီလာခံကို မတက်လို့ ရနိုင်တယ်မဟုတ်လား။ သူတော်စင်ဧကရာဇ်ကလည်း မရှိမှတော့ မင်းတစ်ယောက်တည်းကပဲ ပထမမင်းသားနဲ့ လီလင်းဖူတို့ကို ကိုင်တွယ်နိုင်တော့မယ်။ ငါက ခုံရုံးညီလာခံကို အချိန်တစ်ခုလောက်ထိ မတက်ဘဲ နေဖြစ်လောက်တယ်”

“ငါက ပထမမင်းသားနဲ့ အမတ်ချုပ်ကြီးတို့ကို မယှဉ်နိုင်ပေမဲ့လည်း ဒီနှစ်ယောက်က အဲ့ဒီမှာ ရှိနေမှတော့ ငါတို့ဘက်မှာ အကျိုးအမြတ် ရှိနိုင်မှာမဟုတ်ဘူး။ ဒီတော့ ငါလည်းသူတို့ကသာ စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာ ရုံးတော်ရဲ့အာဏာကို လျော့ချဖို့ ကြိုးစားမယ်ဆိုရင် ဒါမှမဟုတ် စစ်ဘက်ကို အကျိုးနည်းစေမဲ့ ကိစ္စမျိုးကို တင်သွင်းတာပဲဆိုရင် သေချာပေါက် ငါက ကိုင်တွယ်ထားပေးမယ်”

ဘုရင်စုန့်က ခေါင်းညိမ့်လိုက်သည်။ သူသည် ဝမ်ချောင်၏ ကိစ္စများကို မမေးမြန်းပါချေ။ သူတော်စင်ဧကရာဇ်က ဘုရင်စုန့်ကို ကြီးမားသောအာဏာ ပေးထားခဲ့သည့် အကြီးမားဆုံး အားသာချက်ကမူ ကွန်ဖြူးရှပ်များကို ချုပ်ထိန်းရန်နှင့် စစ်ဘက်ခြမ်းကို ဒီထက်ပိုပြီး အားနည်းအောင် မလုပ်ရန်ဖြစ်သည်။

“ဝမ်ချောင် မင်းမှာအကြံရှိလို့လား”

ကျန်းချုံကျန့်ချုံးက မေးသည်။

ဝမ်ချောင်က အမြဲတစေ ပန်းတိုင်ကိုပြည့်မှီအောင် လုပ်တတ်သည်။ အစပိုင်းတွင်မူ ထိုပန်းတိုင်များက သိသာထင်ရှားခြင်း မရှိသော်လည်း အမှန်တကယ်အားဖြင့် အရာအားလုံးဟာ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီးသားဖြစ်သည်။ ချင်းလင်းမြို့တွင်ဖြစ်စေ ဝမ်ချောင်၏ မြို့တော်မှ အပိုင်စားနယ်မြေအတွက်ပင်ဖြစ်စေ မည်သူကမှ ဂရုမစိုက်ခဲ့လောက်ကြသော်လည်း အဆုံးသတ်တွင်မူ ထိုနေရာနှစ်ခုလုံးက အလွန်အမင်း အရေးပါသည့် ကဏ္ဍတွင် ပါဝင်လာခဲ့ကြသည်။ ချင်းလင်းမြို့ကြီးသည် အန်းနန်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သည် တစ်သိန်းကို ကယ်တင်နိုင်ခဲ့လေသည်။

“ငါ့မှာအကြံအချို့တော့ရှိတယ်။ ဒါပေမဲ့ အခုကတော့ ပြောလို့ အချိန်မကျသေးဘူး”

ဝမ်ချောင်က တည်ငြိမ်စွာပြောလိုက်သည်။ လီကျွင်းရှန်းနှင့် လျို့ဝှက်ဆန်းကြယ်သော ကွန်ဖြူးရှပ်ဂိုဏ်း အကြောင်းက သူ၏စိတ်ထဲ ပေါ်ထွက်လာပြန်သည်။

ဝှစ်

လေးယောက်က စကားပြောပြီးချိန်တွင် ရုတ်တရက် အပြင်ဘက်မှ အော်ဟစ်အားပေးသံက ထွက်လာသည်။ သူတို့လေးယောက်လုံးက ချက်ချင်းဆိုသလို လိုက်ကာကိုဖွင့်လျှက် ကြည့်လိုက်ကြသောအခါ သူတို့၏ရထားလုံးက မြို့တော်၏ ခမ်းနားထည်ဝါလွန်းသော အပြာရောင်နဂါးလမ်းထံ ရောက်လာကြောင်း တွေ့လိုက်ကြသည်။

အပြာရောင်နဂါးလမ်း၏ နေရာတစ်ခုတွင် လူများက စုစည်းနေကြသည်။ သူတို့သည် တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရ၏။ လူအုပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြို့ရိုးဘက်တွင် ကပ်ထားသော အကြောင်းကြားစာကို မြင်နိုင်သည်။ ဘုရင်စုန့်က ရထားလုံးကို မြို့ရိုးနားသို့ မောင်းသွားစေရန် အမိန့်ပေးလိုက်သည်။

1263 03

“တစ်ယောက်လာစမ်း အပြင်မှာ ဘာတွေဖြစ်နေလဲ သွားကြည့်လိုက်”

“ဟုတ်ကဲ့အရှင့်သား”

အပြင်ဘက်မှ လေးစားသောအသံက ထွက်လာသည်။ တခဏခန့်ကြာပြီးနောက် အခြေအနေကို သွားစစ်ဆေးပြီး ပြန်လာသည့် ပုံရိပ်တစ်ခုက တင်ပြသည်။

“အရှင့်သား ကွန်ဖြူးရှပ်ကျောင်းက လူတွေက နဂါးပြာလမ်းမှာ ကြေညာချက် ထုတ်ပြန်ထားတာပါ။ ကြေညာချက်တွေအရ လောကက ငြိမ်းချမ်းနေတယ်။ အခုက လက်နက်တွေကို ကျောက်စိမ်းတွေ၊ ပိုးသားတွေနဲ့ လဲလှယ်နေရမဲ့အချိန်ပဲ။ သာယာဝပြောတဲ့ လောကကြီးကို ရအောင်ယူရမယ်လို့ ပြောပါတယ်။ ကွန်ဖြူးရှပ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ သူတို့ရဲ့ တင်ပြမှုတွေက တိုးတက်မှုကြီးကို ရရှိစေခဲ့တယ်။ အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီတွေရဲ့ နယ်မြေတွေမှာ သူတို့က ကျောင်းရှစ်ရာကို တည်ထောင်ခဲ့ပြီး ကွန်ဖြူးရှပ်ရဲ့ ယဉ်ကျေးမှုကို လေ့လာဖို့ မဟာထန်ရဲ့ ဘာသာစကားကို လေ့လာဖို့ ရောက်လာခဲ့တဲ့ တက်ရောက်လာတဲ့ ကျောင်းသား အယောက်နှစ်သောင်းခုနှစ်ထောင် ရှိတယ်လို့ပြောတယ်။ ယွီစန်းမှာဆိုရင် တက်ရောက်သူ ကျောင်းသား ရှစ်ထောင်ကနေ ကိုးထောင်အထိရှိပြီး ကျောင်းလေးရာကို တည်ထောင်နိုင်ခဲ့တယ်။ အချို့ အရွယ်ရောက်ပြီးသား နွားကျောင်းသားတွေဆိုရင် မဟာထန်ရဲ့ ဘာသာစကားကို လက်ခံထားကြတယ်။ မာန်ရှဲ့ကျောင်းမှာ ကွန်ဖြူးရှပ်ကျောင်းပေါင်း နှစ်ရာနဲ့ တက်ရောက်သူကျောင်းသား ခြောက်ထောင်ကနေ ခုနှစ်ထောင်ထိ ရှိတယ်။ ဂိုဂူလျောမှာ ကျောင်းပေါင်းသုံးရာရှိပြီး တက်ရောက်သူကျောင်းသား ခုနှစ်ထောင်ကျော် ရှိပါတယ်။ အာရေးဗီးယားကတော့ ပမာဏ အများဆုံးပဲ။ ကျောင်းပေါင်းတစ်ထောင်ကိုတောင် ဆောက်လုပ်နိုင်ခဲ့ပြီး တက်ရောက်သူ ကျောင်းသားအရေအတွက်ကလည်း ခုနှစ်သောင်းကျော်ပါတယ်။ ကုန်းမြေကြီးရဲ့ အခြားနယ်မြေတွေမှာ နေထိုင်ကြတဲ့လူတွေ ဒီလောကကြီးတစ်ခုလုံးမှာရှိတဲ့ မျိုးနွယ်ခြားတွေရဲ့ လူတွေအားလုံးက သူတို့ရဲ့ အရင် ရန်လိုစိတ်တွေကို လျော့ချပြီး မဟာထန်ရဲ့ ယဉ်ကျေးမှုကို လက်ခံလာကြပြီ။ ကိစ္စတွေက ဒီတိုင်းဆက်ဖြစ်လာမယ်ဆိုရင် လူတိုင်းက သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ရိုသေကိုင်းရှိုင်းမှု၊ ဉာဏ်ကောင်းမှု၊ ယုံကြည်မှုတွေကို လက်ကိုင်စွဲထားတာနဲ့ လောကက စစ်ပွဲတွေအားလုံးက ငြိမ်းချမ်းသွားပြီး ပြည်သူတွေက ပြင်းထန်တဲ့ တိုက်ပွဲတွေကနေ လွတ်မြောက်သွားလိမ့်မယ်တဲ့”

ဝုန်း

ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့က ထိုစကားလုံးများကို နားလည်အောင် ကြိုးစားနေချိန်တွင် ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏မျက်နှာက ဖြူဖျော့သွားသည်။

စွစ်

မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်ဟာ ရထားလုံးထဲမှ ခုန်ထွက်လိုက်သည်။

“ဘုရင်စုန့်၊ အရှင်ကျန်းချုံကျန့်ချုံး၊ ဦးလေးကြီး ငါလုပ်စရာကိစ္စ ရှိသေးတယ်။ ဒါကြောင့် နောက်တစ်ကြိမ်မှ ဆက်ပြောကြတာပေါ့”

သူ၏စကားလုံးများကသာ ရထားလုံးအတွင်း ကျန်ရစ်ခဲ့သည်။ ဝမ်ချောင်ဟာ ကွန်ဖြူးရှပ်ကျောင်းတော်၏ ရှေ့တွင် တခဏခန့် ရပ်တန့်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

.....

ဝမ်မိသားစုစံအိမ်တွင် ဝမ်ချောင်သည် ကျောဘက်သို့လက်ပို့လျှက် စောင့်နေသည်။ သူ၏ဝတ်ရုံက လေတွင်လွင့်နေ၏။ တခဏခန့်ကြာပြီးနောက် သိန်းငှက်အိုကြီး၊ ကျန်းချွယ်၊ ရွှီခဲ့ယွီနှင့် ချန်းစန်းယွမ်တို့ အားလုံးက ဝမ်ချောင်၏ ဘေးဘက်တွင် စုစည်းလာကြသည်။

“အရှင် ငါတို့တွေ စုံစမ်းပြီးပါပြီ။ နဂါးလမ်းမှာ ပြထားတဲ့ ဒီကြေညာချက်တွေအပြင် သွေးနီရောင်ငှက်လမ်း၊ ကျားဖြူလမ်းနဲ့ အဓိကလမ်းတိုင်းလိုလိုမှာ ဒီကြေညာချက်တွေကို တင်ထားကြတာပါ”

ချန်းစန်းယွမ်က ပင့်သက်ရှိုက်လိုက်သည်။ သူသည် ပထမဦးဆုံး ရောက်လာသူဖြစ်သည်။ ဝမ်ချောင်၏ အမိန့်ကိုရပြီးနောက် သတင်းများကို အပြေးအလွှား သွားရောက်စုဆောင်းခဲ့ခြင်းဖြစ်သည်။

“နဂါးပုန်းလမ်း၊ တစ္ဆေနဂါးလမ်း၊ နွေဦးတောက်ပခြင်းလမ်း၊ ဆောင်းတွင်းမိုးလမ်းနဲ့ အခြားနေရာတွေက မဟာကလန်ကြီးရဲ့ ဆက်ခံသူတွေ သွားလေ့သွားထရှိတဲ့ နေရာတွေပဲ။ အဲ့ဒီနေရာတွေမှာလည်း သတိပေးစာတွေ ရှိပါတယ်”

ရွှီခဲ့ယွီကပြောသည်။

“သတင်းတွေအရ ငါလူတွေအားလုံးကိုလွှတ်ပြီး စုဆောင်းခဲ့လို့ ကွန်ဖြူးရှပ်ကျောင်းတွေက မြို့တော်ရဲ့ နေရာတိုင်းမှာ ထုတ်ပြန်ကြေညာထားတာကို သိခဲ့ရတယ်။ အရှင် ကြည့်ရတာ ဒီလူတွေက သူတို့ရဲ့ အရှိန်ကိုမြှင့်ပြီး အထောက်အပံ့ရအောင် ကြိုးစားနေကြတာထင်တယ်”

1263 04

တတိယမြောက် ပြောလိုက်သူက သိန်းငှက်အိုကြီးဖြစ်သည်။ သူသည် ဝမ်ချောင်ကို အလွန်အမင်း တင်းမာသော မျက်နှာမျိုးဖြင့်ကြည့်သည်။

သိန်းငှက်အိုကြီးက မူးယစ်ခြင်းလမင်းကျောင်းဆောင်နှင့် ကွန်ဖြူးရှပ်ကျောင်းတွင် သွားရောက်တွေ့ဆုံခဲ့သည့် အချိန်က ဝမ်ချောင်နှင့်အတူ လိုက်ပါခဲ့သူဖြစ်သည်။ ထို့ကြောင့် ကွန်ဖြူးရှပ်များ၏ စီမံကိန်းအကြောင်း ကြားသောအခါ သူသည်လည်း အကြံ၏ရနံ့ကို ချက်ချင်းလိုလို ရလိုက်သည်။

“အရှင် ကွန်ဖြူးရှပ်ကျောင်းက စတင်ပြင်ဆင်နေပြီလို့ ငါထင်တယ်။ သူက တစ်မြို့လုံးမှာ ဒီလို အကြောင်းကြားစာတွေကို ကပ်လိုက်တာက အစပဲဖြစ်လောက်သေးတယ်။ သိပ်မကြာခင် တစ်စုံတစ်ရာကို လုပ်လာလောက်တယ်”

ကျန်းချွယ်က ဂါရဝပြုပြီးပြောသည်။

“အရှင် ငါရထားတဲ့ သတင်းတွေက ဆရာနဲ့ တူတူပါပဲ။ ဒါပေမဲ့ တစ်ခုခုကတော့ ခြားနားနေတယ်။ ငါတို့ရဲ့ လူတွေကတော့ ကွန်ဖြူးရှပ်ကျောင်းက ဆရာအိုကြီးတွေက သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ရိုသေကိုင်းရှိုင်းမှု၊ ဉာဏ်ပညာကြီးမှုတွေအကြောင်းကို စတင်ပို့ချနေကြပြီး ငြိမ်းချမ်းမှုကို လက်ခံဖမ်းဆုပ်ရမယ်။ စစ်ပွဲတွေ ပပျောက်ရမယ်ဆိုပြီး မြို့တော်ရဲ့ လက်ဖက်ရည်ဆိုင်၊ အိမ်တွေ၊ စားသောက်ဆိုင်တွေမှာတောင် ဟောပြောနေကြပါတယ်။ အဲ့ဒီလိုပြောနေရင်း သူတို့က မဟာထန်နဲ့ ပတ်ဝန်းကျင်တိုင်းပြည်တွေရဲ့ ဆက်ဆံရေးကို ထပ်ခါတလဲလဲ သုံးစွဲပြီး ပြောပြနေပါတယ်”

“ကြေညာချက်တွေကပ်တယ်။ သင်ခန်းစာတွေ ပို့ချတယ်...”

ဝမ်ချောင်က ဝမ်မိသားစု ဥယျာဉ်ထဲတွင် ရပ်နေသည်။ သူက မျက်လုံးကိုမှိတ်ထားသည်။ သူ၏ စိတ်အတွင်း အတွေးပေါင်းများစွာက ပေါ်ထွက်လာ၏။ ကွန်ဖြူးရှပ်ကျောင်း သို့မဟုတ် ကွန်ဖြူးရှပ်ဂိုဏ်း တိတိကျကျဆိုရသော် အကြံတစ်ခုတည်းကို ထောက်ခံအားပေးကြသည့် အဖွဲ့အစည်းကြီးတစ်ခုက စတင်နေသည်။

“အရှင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ကွန်ဖြူးရှပ်ကျောင်းတွေက ကြမ်းတမ်းလွန်းတဲ့ အရှိန်အပြည့်နဲ့ လာကြတာ။ သူတို့ရဲ့ နောက်ဆုံးပစ်မှတ်က ငါတို့ဖြစ်နိုင်တယ်”

ကျန်းချွယ်က ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။

ထိုစကားလုံးများက လူတိုင်းက ဝမ်ချောင်ကို ကြည့်မိစေသည်။ ကွန်ဖြူးရှပ်ကျောင်းများက မည်သို့လုပ်စေကာမူ အဆုံးသတ်တွင် စစ်တပ်ဘက်ကိုသာ ချိန်ရွယ်လာပေလိမ့်မည်။ ထို့ပြင် ဝမ်ချောင်ဟာ ထိုနယ်ပယ်မှ ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် သူတို့၏ ပထမဦးဆုံးသော ပစ်မှတ်ဖြစ်သည်။

“အလျင်စလိုမလုပ်နဲ့”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူက မျက်လုံးကို မှိတ်ထားသေးပြီး အမူအရာကလည်း အေးစက်နေသည်။

“ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူတွေက နယ်စပ်မှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ကြေညာထားတယ်။ သူတို့မရှိရင်တောင်မှ ငါတို့လုပ်နိုင်တာတစ်ခုခု ရှိနေဦးမှာပဲ။ သူတို့က သူတို့ရဲ့ပန်းတိုင်ကို ထုတ်ဖော်လာသေးတာ မဟုတ်ဘူး။ နောက်ပြီး ပုံမှန်မဟုတ်တဲ့ အပြုအမူတွေလည်း မရှိသေးဘူးဆိုတော့ တစ်ခုခုလုပ်ဖို့ မသင့်တော်သေးဘူး”

ကျောင်းများတည်ထောင်ခြင်းက မဟာထန်၏ ဘာသာစကားကို သင်ကြားပေးရန်ဆိုသော ကိစ္စဟာ ဝမ်ချောင်က ခိုရာစန်းကတည်းက စတင်ခဲ့သည့် စီမံကိန်းဖြစ်သည်။ ကွန်ဖြူးရှပ်များက ယခုအခါ ထိုကဏ္ဍကို အပြည့်အဝ လက်ဝါးကြီးအုပ်သွားသည်။ ထိုနယ်ပယ်ဘက်တွင်မူ သူတို့နှစ်ဖက်လုံးက အတွးတူသည်။ ဝမ်ချောင်ကပင် အမှားရှာမရသေးချေ။

ဝမ်ချောင်သည် ရုတ်တရက် မျက်လုံးကိုဖွင့်ပြီး ခပ်တင်းတင်းပြောသည်။

“တစ်ခုခု ထူးဆန်းတဲ့ကိစ္စ ဖြစ်ပျက်လာခဲ့ရင် ကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေမှာပဲ။ ကွန်ဖြူးရှပ်ကျောင်းတွေက ဗုံတီးခတ်နေသလိုမျိုး ခပ်ကြမ်းကြမ်းနဲ့ ပန်းတိုင်ကို ထုတ်ပြလာပြီဆိုပေမဲ့ သူတို့က ဘာကိုပဲကြံစည်ကြံစည် အခုတော့ ငါ့ကိုထိဦးမှာမဟုတ်ဘူး။ ထိလို့လည်း မရသေးဘူးဆိုတော့ သူတို့ရဲ့ပန်းတိုင်က အခြားတစ်နေရာ ဖြစ်လောက်တယ်။ ရွှီခဲ့ယွီ ငါ့အတွက် လီစစ်ယဲ့နဲ့ စုဟန်ရှန်းဆီ စာရေးပေးစမ်း။ သူတို့ကိုပြောလိုက် ထူးဆန်းတာတစ်ခုခု ဖြစ်လာခဲ့ရင် သေချာပေါက် သည်းခံရမယ်။ သူတို့က ဘယ်တော့မှ အရင်ဦးဆုံးစပြီး စိန်ခေါ်တဲ့သူ မဖြစ်စေနဲ့။ ဘယ်တော့မှ အမှားရှာမရစေနဲ့လို့ ပြောလိုက်”

သူက ရုတ်တရက် ယစ်မူးခြင်းလမင်းကျောင်းဆောင်တွင် လီကျွင်းရှန်းက ပြောခဲ့သည့် စကားများကို သတိရသွားသည်။

++++++

1264 01

အခန်း(၁၂၆၄)

“ဟုတ်ကဲ့အရှင်”

ရွှီခဲ့ယွီက ခပ်မြန်မြန်ပင် အမိန့်ကို သွားရောက်လုပ်ဆောင်လေသည်။ ဝမ်ချောင်က အနောက်မြောက်ပိုင်းသို့ စာအနည်းငယ် ပို့ထားပြီးသားဖြစ်သည်။ သို့သော် ရွှီခဲ့ယွီကမူ ဝမ်ချောင်၏ အမိန့်များကို ဘယ်သောအခါမှ မေးခွန်းထုတ်လိမ့်မည် မဟုတ်ချေ။

ဖလပ် ဖလပ်

သို့ရာတွင် ရွှီခဲ့ယွီက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ အပေါ်မှ တောင်ပံခတ်သံကို ကြားလိုက်ရသည်။ တစ်ချက် မော့ကြည့်လိုက်သောအခါ ကောင်းကင်မှ ဆင်းသက်လာသော စွန်ရဲတစ်ကောင်ကို တွေ့လိုက်ရ၏။ ထိုအကောင်၏ ညာဘက်ခြေထောက်တွင် အစိမ်းရောင် လက်ပတ်ကြိုးလေးက သိသာထင်ရှားလွန်းနေသည်။

“အရှင် အနောက်မြောက်ပိုင်းက စာလာတယ်”

ချန်းစန်းယွမ်က ခပ်တင်းတင်းပြောသည်။

ဝမ်ချောင်၏ လက်အောက်ငယ်သားများက အသီးသီးသော နယ်မြေများအလိုက် အသီးသီးသော ခြားနားသည့် စာပို့သည့် တံဆိပ်များကို အသုံးပြုကြသည်။ ထိုအခြေအနေအရ စာဟာ မည်သည့်နေရာကလာကြောင်းကို စာမဖတ်ခင်ကတည်းက သိနိုင်မည်ဖြစ်သည်။ ထိုစွန်ရဲက သိန်းငှက်အိုကြီး၏ ပုခုံးပေါ်သို့ ဆင်းသက်သည်။ သိန်းငှက်အိုကြီးက စာကိုဖွင့်ယူကာ တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်နှာဟာ ချက်ချင်းလိုလို ဖြူဖျော့သွားလေသည်။

သိန်းငှက်အိုကြီးက ခပ်မြန်မြန် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာပြီး ဝမ်ချောင်၏ နားအတွင်း ကပ်ကာပြောသည်။

“အရှင် သတင်းဆိုးပဲ။ လီစစ်ယဲ့နဲ့ စုဟန်ရှန်းတို့က စစ်တပ်ထဲမှာ မတော်တဆမှုတစ်ခု ဖြစ်လာတယ်လို့ ပြောထားတယ်”

ဘုန်း

ဝမ်ချောင်၏စိတ်အတွင်း အားလှိုင်းများက ဖြတ်ပြေးသွားသည်။ သူဟာ စာကိုယူပြီးဖတ်သည်။

စုဟန်ရှန်းက စာကိုရေးသူဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ မသက်မသာဖြစ်မှုနှင့် တွက်ချက်မှုများ အားလုံးကို အတည်ပြုပေးလိုက်သည်။

ဝမ်ချောင်က ထွက်ခွာသွားပြီးနောက် ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူ ကျွမ်းကျင်ပညာရှင် သုံးယောက်က စစ်တပ်၏ အာဏာကို လွှဲယူလိုက်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ ရာထူးလျော့ချခံရမှုနှင့် ဘာသာရေးရုံးတော်နှင့် ရွှေရောင်အစောင့်များ၏ လိုက်ပါပို့ဆောင်ခံရမှုက ချီရှီကာကွယ်ရေးစစ်တပ်နှင့် ကြေးစားစစ်သားများ အားလုံးကို ဒေါသထွက်စေခဲ့သည်။ ကွန်ဖြူးရှပ်များ၏ ဆုံးဖြတ်ချက်ဖြစ်သော ခိုရာစန်းမှ နောက်ဆုတ်ရန်၊ ဆမ်ဆာနစ်မင်းဆက်နှင့် အခြားသော သူတိုင်းကို ပေးထားသော ကတိစကားကို သစ္စာဖောက်ဖျက်ရန်ဆိုသော စကားများက ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။

ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများစွာက ထပ်မံရောက်ရှိလာပြီး သူတို့ကို ကန့်သတ်မှုများ ပြုလာခဲ့ပြီးနောက်တွင် စစ်တပ်၏ သဘောမကျသော ခံစားချက်များက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ဝမ်ချောင်က စုဟန်ရှန်းနှင့် လီစစ်ယဲ့ထံ စာပို့ပြီး စစ်သားများကိုထိန်းချုပ်ရန် ပြောထားခဲ့သည့်တိုင်အောင် သူတို့နှစ်ယောက် မထိန်းချုပ်နိုင်သည့် ကိစ္စမျိုးက ဖြစ်လာခဲ့သည်။

အစပိုင်းတွင်မူ လူတစ်ယောက်နှစ်ယောက်သာဖြစ်သည်။ သို့သော် ပို၍များပြားသော လူများက စပြောလာကြသည်။ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူ ဗိုလ်ချုပ်သုံးယောက်က ခိုရာစန်းတွင် ထိုသို့ ပေါက်ကရစကားများ မပြောရန် မနာခံသောလူများကို စစ်စည်းမျဉ်းအတိုင်း အပြစ်ပေးမည်ဖြစ်ကြောင်း အမိန့်ထုတ်လိုက်ကြသည်။ ထို့နောက် သိပ်မကြာခင် ခိုရာစန်းမှ ကိစ္စများအကြောင်းပြောသော စစ်သားသုံးယောက်က ထွက်လာသည်။ ထိုသုံးယောက်ကို ကွန်ဖြူးရှပ် စောင့်ကြည့်သူများက အကျဉ်းချလိုက်၏။ ပို၍များပြားသော လူများက သတင်းကိုရသောအခါ ပေါ်တင်ပင် ထုတ်ပြောလာကြသည်။

ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူ ဗိုလ်ချုပ်သုံးယောက်က ထိုလူများအားလုံးကို ဖမ်းဆီးရန် အမိန့်ထုတ်သည်။ စုဟန်ရှန်းနှင့် လီစစ်ယဲ့တို့က ရှာတွေ့သွားချိန်တွင် အရာအားလုံး နောက်ကျသွားပြီဖြစ်သည်။ စုဟန်ရှန်းက ထိုဓားပြများကို ကိုယ်တိုင်လေ့ကျင့်ပေးခဲ့သူဖြစ်သလို လီစစ်ယဲ့၏ ဝူရှန်းမြင်းတပ်သည်လည်း အဖမ်းခံရသည့် အဖွဲ့ထဲတွင် ပါသွားသည်။ ဓားပြများကမူ အလွယ်တကူ ဒေါသထွက်တတ်သောကြောင့် ဖြစ်လောက်သော်လည်း ဝူရှန်းမြင်းတပ်ကမူ အဓိကတိုက်ပွဲကြီးပြီးနောက် အရေအတွက် အများကြီး ဆုံးရှုံးထားလေရာ သူတို့ကြိုးစားအားထုတ်မှုများက အလဟသ ဖြစ်သွားသည့်အတွက် သည်းမခံနိုင်ဆုံး ဖြစ်နေကြသည်။ အဓိကအားဖြင့် ဝမ်ချောင်ကိုယ်စား ဒေါသထွက်ပေးကြခြင်းဖြစ်သည်။ ထိုအခြေအနေများကြောင့်လည်း ထိုနှစ်ဖွဲ့လုံးက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

1264 02

ဝမ်ချောင်၏ တောင်းဆိုမှုကို ထိုနှစ်ယောက်လုံးက လက်ခံရရှိခဲ့ပြီး စစ်တပ်တစ်ခုလုံးကို အပြည့်အဝ ချုပ်ထိန်းထားသော်လည်း ယခုလို အခြေအနေမျိုးတွင် အမိန့်ပေးသော အရာရှိများအနေဖြင့် ထိုကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသော ဗိုလ်ချုပ်ကြီးသုံးယောက်ကို ကိုယ်တိုင်ကိုယ်ကျ အတိုက်အခံ မလုပ်ခြင်းကပင် ကောင်းမွန်နေခြင်းဖြစ်သည်။ သူတို့က သူတို့၏ကျောကိုဖြောင့်ပြီး ရှေ့သို့ မထွက်နိုင်သေးခင် ထိုနှစ်ယောက်လုံးက ဒီစာကိုရေးပြီး ဝမ်ချောင်ထံ ကိုယ်တိုင်ကိုယ်ကျ ရှင်းပြခြင်းဖြစ်သည်။

အခြားစကားများဖြင့် ဆိုရသော် စုဟန်ရှန်းနှင့် လီစစ်ယဲ့တို့ နှစ်ယောက်လုံးကလည်း အကျဉ်းချခံလိုက်ရသည်။

ဝမ်ချောင်က စာကိုဖတ်ပြီးချိန်တွင် မျက်နှာထားက တင်းမာသွားသည်။ သူ၏လူများ၏ အကြံအစည်က ကောင်းကင်ဘုံ၏ အကြံအစည်ကို မယှဉ်နိုင်ချေ။ သူသည် အတက်နိုင်ဆုံး ကြိုးစားပြီး အရာအားလုံးကို တားရန် ကြိုးစားခဲ့သော်လည်း သူ၏ကြိုးစားအားထုတ်မှုများက နောက်ကျသွားသေးသည်။ စုဟန်ရှန်းနှင့် လီစစ်ယဲ့နှစ်ယောက်လုံးက ဝမ်ချောင်၏ အဓိက လက်အောက်ငယ်သားများ ဖြစ်သလို ဝမ်ချောင်နှင့်အတူ အသက်ကိုရင်းကာ တိုက်ခိုက်ခဲ့ဖူးသူများ ဖြစ်ကြသည်။ စုဟန်ရှန်းသည် သူနှင့်အတူ အဓိကတိုက်ပွဲကြီး နှစ်ပွဲတွင် ပါဝင်ခဲ့ပြီး လီစစ်ယဲ့ဆိုလျှင် သူ၏ဘေးဘက်တွင် အစောပိုင်းကတည်းက တည်ရှိနေခဲ့သည်။ ဝမ်ချောင်ကလည်း ထိုနှစ်ယောက်က ယခုလိုခံစားနေရသည့် ဖြစ်ရပ်ကို ဒီတိုင်း ထိုင်ကြည့်မနေနိုင်ချေ။ ထိုနှစ်ယောက်၏ လုပ်ရပ်များက ဉာဏ်မဲ့သောကြောင့် မဟုတ်လေဘဲ သူ၏စစ်သားများက ဖမ်းခံရပြီးနောက် ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသော ဗိုလ်ချုပ်သုံးယောက်ကို အတိုက်အခံ လုပ်မိခဲ့သောကြောင့် အခုလို အဖမ်းခံရခြင်းဖြစ်ကြောင်းကို သိနေသည်။

အရာအားလုံးဟာ ပုံမှန်အတိုင်း ဖြစ်နေသည်ဟု ထင်ရသည်။ သို့သော် ဝမ်ချောင်ကမူ အကြံအစည်၏ အနံ့ကိုရနေသည်။

“သိန်းငှက်အိုကြီး စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်က စုဟန်ရှန်းနဲ့ လီစစ်ယဲ့ကို ငါ့ဆီပြန်လွှဲခိုင်းထားတဲ့ တောင်းဆိုချက်ကို အတည်ပြုပေးပြီးတာတောင် ဘာလို့ ဒီနှစ်ယောက်က ဒီနေရာကို မရောက်သေးတာလဲ”

ဝမ်ချောင်က ရုတ်တရက် ပြောသည်။

လီကျွင်းရှန်းနှင့် တွေ့ဆုံပြီးချိန်ကတည်းက ဝမ်ချောင်က စုဟန်ရှန်းနှင့် လီစစ်ယဲ့အား နယ်စပ်ဘက်မှ အတွင်းပိုင်းသို့ ပြန်ပြောင်းပေးရန် တောင်းဆိုခဲ့ပြီးသားဖြစ်သည်။ အမှန်တိုင်းဆိုရသော် မည်သည့်နေရာမဆို အဆင်ပြေသည်။ မြို့သာဖြစ်လျှင် ပို၍ကောင်းသေးသည်။ အနောက်တောင်ပိုင်း၊ လုံရှီနှင့် အခြားရိုကျိုးဆိုလျှင်ပင် လက်ခံ၍ရ၏။ ဝမ်ချောင်၏လက်ရှိ စစ်တပ်ထဲမှ အဆက်အသွယ်များနှင့်သာ ဆိုလျှင် ပြဿနာမရှိချေ။ ပို၍ဆိုးသည်မှာ စစ်ပညာရှင်များ၏ ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူများကြားမှ ကတောက်ကဆဖြစ်ရပ်က အထူးတလည် ဖြစ်လာသော အခြေအနေမျိုးဖြစ်သည်။ ယခုလို အခြေအနေမျိုးတွင်ပင် ယခုလို လွှဲပြောင်းခိုင်းသော ကိစ္စမျိုးက ပို၍ပင် ဖြစ်သင့်သည်။ ဝမ်ချောင်ကလည်း ကျန်းချုံကျန့်ချုံးထံသို့ မှတ်တမ်းများကို ကိုယ်တိုင်တင်ပေးခဲ့ခြင်းဖြစ်သည်။

သိန်းငှက်အိုကြီးက ခေါင်းငုံ့ပြီး ခပ်တင်းတင်းပြန်ဖြေသည်။

“သိပ်မကြာခင်က အရှင်တောင်းဆိုတဲ့အတိုင်း စာနှစ်စောင်လုံးကို ပို့ဆောင်ပြီးကြောင်း သတင်းရပေမဲ့ အချက်အလက်တွေဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်က အမိန့်စာအပါအဝင် အားလုံးကို ကွန်ဖြူးရှပ်ဝါဒ ကျင်သုံးတဲ့ ဗိုလ်ချုပ်ကြီးသုံးယောက်က လက်ကိုင်ထားပါတယ်။ သူတို့သုံးယောက်က စုဟန်ရှန်းနဲ့ လီစစ်ယဲ့ကို အရာရှိဝန်ထမ်း လိုအပ်ချက်နဲ့ ခေါ်ထားပါတယ်”

“ရမ်းကားလိုက်တာ”

ဝမ်ချောင်၏အမူအရာက လေးလံသွားသည်။ ခန္ဓာကိုယ်က ကျောစိမ့်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူထင်နေခဲ့သော ကိစ္စက မှန်လာသည်။ အနောက်တောင်ပိုင်းမှ အဖြစ်အပျက်များက သက်ဆိုင်လွန်းသည်ဟု ထင်နေရသော်လည်း အရာအားလုံးကို တစ်စုံတစ်ယောက်က ကြံစည်နေခဲ့ခြင်းဖြစ်သည်။

လီကျွင်းရှန်း

1264 03

ဝမ်ချောင်က ရုတ်တရက် မူးယစ်ခြင်းလမင်း ကျောင်းဆောင်တွင် တွေ့ခဲ့ရသည့် အဖြူရောင်ဝတ်စုံနှင့် ငယ်ရွယ်သော ကွန်ဖြူးရှပ်ပညာရှင်ကို သတိရသွားသည်။ ထိုနှစ်ယောက်ကြားမှ တိုက်ပွဲက သူထင်ထားသည်ထက် စောစီးစွာ ဖြစ်ခဲ့ပုံရသည်။

“စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးနဲ့ အဆက်အသွယ်ယူပြီး စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာ ရုံးတော်က ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်ရမယ်လို့ ပြောလိုက်။ ဒါတွေအပြင် ငါ့အတွက် စာနှစ်စောင်ရေးပေး။ တစ်စောင်ကို အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကိုပို့။ နောက်တစ်စောင်ကိုတော့ လုံရှီကိုပို့လိုက်။ ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်နဲ့ မဟာထယ်ကြီးရဲ့ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်ကို ငါနဲ့အတူပူးပေါင်းပြီး ဖိအားပေးဖို့ တောင်းဆိုလိုက်ပါ။ ဒါတွေအပြင် ဖြစ်နိုင်မယ်ဆိုရင် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ် အန်းစစ်ရွှန်းကိုတောင် ဖိအားပေးခိုင်းလို့ရတယ်။ အခုဆိုရင် မဟာဗိုလ်ချုပ်တွေအားလုံးက တစ်လှေတည်းပေါ်မှာ တက်စီးနေကြတာ။ အန်းစစ်ရွှန်းကလည်း ဘယ်လိုဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချသင့်တယ်ဆိုတာကို နားလည်နေလိမ့်မယ်။ ဟွန်း ဒီလိုမဟာဗိုလ်ချုပ်ကြီးသုံးယောက်နဲ့ စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်က ပူးပေါင်းပြီး ဖိအားပေးလာတာကို ဘယ်သူမှ မိုက်ရူးရဲဆန်ပြီး ဆက်လုပ်ရဲမလဲလို့ ငါကြည့်မယ်”

ဝမ်ချောင်၏ အမူအရာဟာ အေးခဲမတက် တောင့်တင်းလာသည်။

“ဒါတွေအပြင် ကျန်းချွယ် ငါ့ရဲ့တံဆိပ်ပြားကိုယူပြီး ဘုရင်စုန့်ရဲ့ စံအိမ်ကိုသွား။ ငါနဲ့ ဘုရင်စုန့်ရဲ့ တံဆိပ်ပြား နှစ်ခုလုံးကိုသယ်ပြီး ချီရှီကို မရပ်မနား မြင်းစီးသွားလိုက်။ အင်ပါယာခုံရုံးက ကိစ္စတစ်ခု ဒါပေမဲ့ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးတွေအားလုံးနဲ့ မဟာဗိုလ်ချုပ်ကြီးတွေ အားလုံးအပြင် စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာ ရုံးတော်တစ်ခုလုံးရဲ့ ရန်သူဖြစ်တာကို လက်ခံကြမလားလို့ ငါကြည့်ဦးမယ်”

မဟာဗိုလ်ချုပ်ကြီးသုံးယောက်၊ ဘုရင်နှစ်ပါး၊ စစ်အမတ်မင်းတစ်ယောက်ကတင် ပြင်းထန်လွန်းသောဖိအား ဖြစ်နေခဲ့ပြီးလေပြီ။ ဒါကတင် ခြောက်ခြားဖွယ်ကောင်းပြီး လူတိုင်းကို ထိုးကျသွားအောင် ဆွဲချနိုင်နေရန် လုံလောက်သည်။

“ဟုတ်ကဲ့အရှင်”

သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့ နှစ်ယောက်လုံးက ထွက်သွားကြသည်။

“ချန်းစန်းယွမ် အခုချက်ချင်း စစ်အမတ်ကြီး ကျန်းချုံကျန့်ချုံးနဲ့ ဆက်သွယ်လိုက်။ ငါအဲ့ဒီခိုရာစန်းမှာ ရှိနေတဲ့ ကွန်ဖြူးရှပ် ဗိုလ်ချုပ်သုံးယောက်လုံးရဲ့ အချက်အလက်တိုင်းကို လိုချင်တယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။

ချန်းစန်းယွမ်က ဂါရဝပြုပြီး ခပ်မြန်မြန်ထွက်သွားသည်။

“ဒီလက်အောက်ငယ်သားက အခုပဲ သွားရောက်လုပ်ဆောင်လိုက်ပါ့မယ်”

“ရွှီခဲ့ယွီ လက်ဆောင်မပါဘဲ သွားလည်တာက မမှန်ကန်ဘူးထင်တယ်။ ခုံရုံးကို မှတ်တမ်းလွှာတစ်စောင် ပြင်ပေးလိုက်။ ကွန်ဖြူးရှပ်ဗိုလ်ချုပ်သုံးယောက် လုပ်ခဲ့သမျှ အရာအားလုံးကို ငါအင်ပါယာခုံရုံးကို ကြေညာပေးစေချင်တယ်”

ဝမ်ချောင်က အင်ပါယာနန်းတွင်းသို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏မျက်ဝန်းထဲရှိ အလင်းက တောက်ပလာသည်။ ရွှီခဲ့ယွီက ထိုစကားလုံးများကို ကြားသောအခါ ပျော်ရွှင်သွားပြီး ခေါင်းကိုငုံ့လိုက်သည်။

“ဒီလက်အောက်ငယ်သားက အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်”

ဘုန်း

နာရီပေါင်းများစွာ ကြာပြီးနောက် ဝမ်ချောင်က မှတ်တမ်းလွှာများအား ခုံရုံးသို့ပို့ပြီး ထိုနေရာတွင် တာဝန်ယူလက်ခံထားသော အရာရှိများ၏ နားအတွင်း ပေါက်ကြားသွားခဲ့သော် မြို့တော်တစ်ခုလုံး မုန်တိုင်းစထန်လေသည်။ ဝမ်ချောင်သည် အလွန်နာမည်ကြီးပြီး ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလို မျိုးဆက်သစ်မှ စစ်နတ်ဘုရားဘွဲ့ ရထားသည်။ လူမှုအသိုင်းအဝိုင်းအတွင်း သူ၏ အဆင့်အတန်းဟာ ကြီးမားလွန်းသော လွှမ်းမိုးမှုကို ကိုယ်စားပြုပြီး သူသည် ကောင်းကင်ဘုံသားတော်၏ တပည့်ဖြစ်နေသေးသည့်အပြင် အနောက်မြောက်ပိုင်းမှ လုပ်ဆောင်မှုများကြောင့်ဖြစ်စေ၊ မျိုးနွယ်ခြားနယ်မြေ၏ ဘုရင်ဖြစ်သော အဆင့်အတန်းကြောင့်ဖြစ်စေ ဝမ်ချောင်၏ စကားလုံးတိုင်း၊ လုပ်ဆောင်မှုတိုင်းက အလေးချိန်ကြီးသည်။

ဝမ်ချောင်ကလည်း သူ၏ယခုအာဏာနှင့် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဆိုသော အဆင့်အတန်းကို သူပထမဦးဆုံး အကြိမ်အဖြစ် ယခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏ပြစ်မှတ်သည် ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ အသစ်စက်စက် ခန့်အပ်ခြင်းခံလိုက်ရသော ကွန်ဖြူးရှပ်ဝါဒ ကျင့်သုံးသူ ဗိုလ်ချုပ်သုံးယောက်ဖြစ်နေသည်။ မတော်တဆ ကိစ္စတစ်ခုခု ဖြစ်လာသည်နှင့် ကြီးမားသည့် အားလှိုင်းကြီးများက လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို ရိုက်ခတ်ပေတော့မည်။

1264 04

ဖလပ် ဖလပ်

ဝမ်ချောင်၏ မှတ်တမ်းလွှာက အင်ပါယာမြို့တော်ကြီး တစ်ခုလုံးကို အားလှိုင်းထန်နေစေချိန်တွင် ကောင်းကင်တွင် မရေမတွက်နိုင်သော ငှက်များစွာက ပျံသန်းကုန်ကြသည်။ အမှောင်ထုအတွင်းတွင် အဖြူရောင်ခိုလေးတစ်ကောင်က မြို့တော်၏ အနောက်မြောက်ဘက် လူသူရှင်းလင်းသော ဝါးခြံလေးတစ်ခုအတွင်းသို့ ဆင်းသက်သွားသည်။ ထိုဥယျာဉ်အတွင်းတွင် ဖယောင်းတိုင် တစ်တိုင်ကိုသာ ထွန်းထားသည်။ ဖယောင်းတိုင်၏ အနောက်ဘက်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ကျော့ရှင်းကြည့်ကောင်းစွာထိုင်ပြီး ရှေးဟောင်းစာများကို ဖတ်နေသည်။

“သခင်လေး ငါတို့ဘယ်လိုလုပ်ကြမလဲ။ အခြားတစ်ဖက်က ခပ်မြန်မြန် တိုက်ခိုက်လာတယ်။ ငါတို့က အနောက်မြောက်ပိုင်းက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ဖမ်းပြီးရုံပဲ ရှိသေးတယ်။ သူက ဒီလောက်ထိ လှုပ်ရှားပြီးသွားပြီ။ နောက်ပြီး ဒီကိစ္စကိုတောင် တော်ဝင်ခုံရုံးကို တင်ပြလိုက်သေးတယ်။ စစ်တပ်ထဲမှာဆိုရင် သူ့ကိုယှဉ်နိုင်တဲ့လူတွေ ရှိတာလည်းမဟုတ်ဘူး”

အမှောင်ထုထဲမှ အသံတစ်သံ ထွက်လာသည်။ ထို့နောက် လီကျွင်းရှန်း၏ အနောက်ဘက်တွင် ဂါရဝပြုနေသော အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က ပေါ်လာသည်။ သူ၏ညာဘက်လက်ကောက်ဝတ်တွင် အနက်ရောင် သင်္ကေတတစ်ခုရှိပြီး ဒါဟာ ကွန်ဖြူးရှပ်ဂိုဏ်းမှဖြစ်ကြောင်း ဖော်ပြသည်။

ဝမ်ချောင်၏ ပြန်လည်တိုက်ခိုက်မှုက ချောမွေ့မြန်ဆန်လွန်းသလို ကြမ်းတမ်းလွန်းနေခဲ့သည်။ သူတို့၏ မူရင်းအကြံအစည်က ဝမ်ချောင်၏ အနောက်မြောက်ဘက်ပိုင်းတွင် ရှိနေသေးသော သူ၏လက်အောက်ငယ်သားများကိုသုံးလျှက် သူ့ကိုခြိမ်းခြောက်ကာ တစ်စုံတစ်ရာမလုပ်ခင် ဆက်တွေးရန် ပြောလိုခဲ့သည်။ အနည်းဆုံး သူသည် အနောက်မြောက်ပိုင်းသို့ အကူအညီပေးရန် ကြိုးစားနေခြင်းဖြင့် အခြားသောကိစ္စများကို အာရုံစိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ဝမ်ချောင်၏ တုန့်ပြန်မှုများက ထိုမျှအထိ ပြင်းထန်လွန်းနေမည်ဟု မထင်ထားမိချေ။ သူသည် အညံ့ခံမည့်အစား သူတို့အား သတိလက်လွတ်ဖြစ်အောင် တိုက်ခိုက်လိုက်သည်။

“သခင်လေး စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်မှာ ထားထားတဲ့ ငါတို့ရဲ့လူတွေဆီကနေ သတင်းရထားတယ်။ ကျန်းချုံကျန့်ချုံးက သူ့ရဲ့စစ်အမိန့်ကိုတောင် အကြမ်းဖျင်းထုတ်ပြီး အနောက်မြောက်ပိုင်းက ငါတို့ရဲ့ဂိုဏ်းသား ကျွမ်းကျင်ပညာရှင်သုံးယောက်ကို ဖိအားပေးဖို့ ထုတ်ပြန်ထားပြီးပြီ။ ကျန်းချုံကျန့်ချုံးကလည်း သတင်းကို ဒီလောက်မြန်မြန်မရသင့်ဘူး။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က သူ့ကိုသတင်းပို့ခဲ့တာ ဖြစ်လောက်တယ်။ ရုံးတော်ထဲမှာ ငါတို့ရဲ့လူတွေ ရှိပေမဲ့လည်း အခြားနေရာတွေမှာလည်း ဖိအားပေးခံနေရတာတွေက သံသယဝင်စရာတောင် မရှိဘူး။ ငါတို့ကအခု အားနည်းတဲ့နေရာကို ရောက်နေပြီ။ သခင်လေး ငါတို့ ဝမ်ချန်းချင်၊ ထန်းချန်းချင်နဲ့ လီဖန်းမင်တို့ကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ရဲ့ လက်အောက်ငယ်သား နှစ်ယောက်ကိုလွှတ်ပြီး အခြားအကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေကိုလွှတ်ဖို့ အကြောင်းကြားလိုက်သင့်လား”

အခြားတစ်ဖက်ခြမ်းမှ အသံတစ်သံ ထပ်ထွက်လာသည်။ သို့သော် ဖယောင်းတိုင်၏ မှေးမှိန်သော အလင်းရောင်အောက်တွင် တစ်ဖက်သူ၏ ပုံပန်းသွင်ပြင် အကြမ်းဖျင်းကိုသာ မြင်နိုင်လေသည်။ ထိုသူသည် အသက်(၁၆)နှစ် (၁၇)နှစ်ရှိမည့် မိန်းကလေးတစ်ယောက်ဖြစ်ဟန်တူသည်။ ထိုကောင်မလေးသည် အဖြူရောင်ဝတ်စုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်က မှင်ရောင်လို မည်းနည်းနေလေပြီး ခေါင်းပေါ်မှ အသာအယာ ကျဆင်းလာသည်။ သူမ၏ခေါင်းတွင်လည်း မည်သည့် အဆင်တန်ဆာမျှမပါဘဲ သစ်သားဆံထိုးလေးတစ်ခုကိုသာ ထိုးထားသည်။ သူမက ငြိမ်သက်အေးချမ်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ သူမ၏ ပုံပန်းသွင်ပြင်က သစ်ခွပန်းလေးအလား အေးချမ်းလွန်းသည်။

သို့ရာတွင် သူမနှင့်ပတ်သတ်ပြီး မှင်သက်ဖွယ်အကောင်းဆုံးသော လက္ခဏာကမူ သူမ၏ကိုယ်အတွင်းတွင် အဆုံးအစမဲ့သည့် စွမ်းအင်များ စီးဆင်းနေခြင်းဖြစ်သည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ထိုမိန်းကလေးဟာ ခြေဗလာဖြင့် ရပ်နေခဲ့ပြီး မြေပြင်နှင့် လက်မအနည်းငယ်ကွာကာ ရပ်ထားကြောင်း မြင်နိုင်မည်ဖြစ်သည်။ သူမ၏ ခြေချောင်းငယ်လေးများက ချောမွေ့နေသလို လှပနုနယ်လွန်းသည်။ ကျောက်စိမ်းသားဖြင့် ထွင်းထုထားသလိုပင် ထင်ရသေး၏။ ဖယောင်းတိုင် အလင်းရောင် အောက်တွင်ပင် ဖျော့တော့စွာ လင်းလက်နေသေးသည်။

လီကျွင်းရှန်းက မည်သည့်စကားမှ မဆိုချေ။ မျက်လုံးကိုသာ အသာမော့လိုက်သည်။ ဖျော့တော့သော ဖယောင်းတိုင်အလင်းက နံရံပေါ် ရှည်လျားသွယ်လျသည့် အရိပ်မျိုးကို ထင်ဟပ်နေစေသည်။ ထို့ကြောင့် သူ၏ အရှိန်အဝါအပြည့်နှင့် ပေါင်းစပ်လိုက်သော် ငြိမ်သက်တိတ်ဆိတ် တည်ငြိမ်နေပြန်၏။ သူသည် ရှေးဟောင်းရေတွင်းတစ်ခုလို အလွန်နက်သော်လည်း မည်သည့်အရာကမှ သူ့ကို လှုပ်ခတ်အောင် မလုပ်နိုင်ပုံပေါ်သည်။

ထိုနှစ်ယောက်ဟာ တိတ်ဆိတ်နေသည်။ ကွန်ဖြူးရှပ်ဂိုဏ်းမှ အကြီးအကဲနှင့် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတို့က လီကျွင်းရှန်းကို တိတ်တဆိတ်သာ စောင့်ကြည့်ပြီး အဖြေကို စောင့်ဆိုင်းနေကြလေသည်။

++++++

အခန်း(၁၂၆၅)

ဝမ်ချန်းချွင်၊ ထန်းချန်းယွီနှင့် လီဖန်းမင်တို့သည် ကွန်ဖြူးရှပ်ကျောင်းတော်က ခက်ခက်ခဲခဲကြိုးစားပြီး စစ်တပ်ထဲသို့ ထည့်ပေးထားရသည့် ကွန်ဖြူးရှပ်ပညာရှင် သုံးယောက်ဖြစ်သည်။ ဝမ်ချောင်၏ အဆင့်အတန်းကြောင့် ယခုအခါ သူကိုယ်တိုင်က ခုံရုံးသို့ ထိုအကြောင်းအရာကို တင်ပြခဲ့သော် သူသည် ထိုသုံးယောက်ကို လက်လွှတ်နိုင်ရချေက ခြောက်ဆယ်မှ ခုနှစ်ဆယ်ရာခိုုင်နှုန်းအထိ သေချာလာသည်။ ပို၍ အရေးကြီးသည်မှာ ဝမ်ချောင်သည် ကွန်ဖြူးရှပ်ကျောင်းကိုသုတ်ရန် ထိုလူများကို သုံးနိုင်သည်။

အကြောင်းမူကား ဝမ်ချန်းချွင်၊ ထန်ချန်းယွီနှင့် လီဖန်းမင်တို့ထံမှ သတင်းအချက်အလက်များကို စုံစမ်းရရှိနိုင်သောကြောင့် ဖြစ်လေသည်။

“မလိုဘူး”

လီကျွင်းရှန်းက ထိုသို့ပေါ့ပါးစွာသာပြောပြီး ရှေးဟောင်းစာလိပ်ကိုချလျှက် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်သည်။

“ဒီတိုက်ပွဲက အစပဲရှိသေးတယ်။ ချန်းစန်းယွီနဲ့ အခြားသူတွေက အချိန်ဆွဲနေတဲ့အချိန်မှာ ငါတို့က စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်ကို တုန့်ပြန်ဖို့ကြိုးစားသင့်တယ်။ သူတို့ရဲ့ လက်အောက်ငယ်သားတွေကို အခုလောလောဆယ်တော့ အကျဉ်းချထားလိုက်ဦး။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်အတွက်ကတော့ ငါသူ့ကို ကိုင်တွယ်လိုက်မယ်။ သူဒီသုံးယောက်ကို ဘာမှမလုပ်နိုင်အောင် ငါစဉ်းစားလိုက်မယ်”

အနောက်မြောက်ပိုင်းတွင် သူတို့က အရင်စိန်ခေါ်ရန် မထုတ်ပြန်ထားချေ။ ထိုအစား ဝမ်ချောင်၏ လက်အောက်ငယ်သားများကသာ စစ်စည်းမျဉ်းကို အရင်ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကသာ အင်ပါယာခုံရုံးသို့ အကြောင်းကြားခဲ့လျှင်ပင် သူ၏လက်အောက်ငယ်သားများကို ကယ်ရုံသာ ကယ်နိုင်သည်။ ထိုကျွမ်းကျင်ပညာရှင် သုံးယောက်ကို ဘာမှမလုပ်နိုင်လောက်ချေ။ လီကျွင်းရှန်းသည်လည်း အကြံကို အသေးစိတ် စဉ်းစားထားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ သူသည် ဝမ်ချောင်၏ လက်အောက်ငယ်သားများကို ကိုင်တွယ်ရန်လည်း မစဉ်းစားဖူးပါချေ။

“အကြီးအကဲစုန့် အခြားကိစ္စကို ပြင်ဆင်လို့ပြီးသွားပြီလား”

လီကျွင်းရှန်းက ရုတ်တရက်ပြောသည်။

“သခင်လေး စိတ်အေးအေးထားပါ။ အရာအားလုံးက အဆင်သင့်ပါပဲ။ သခင်လေးရဲ့ အမိန့်ပဲလိုတာပါ”

အကြီးအကဲစုန့်ကပြောသည်။

“ဒါဆိုရင်လည်း စလိုက်တော့”

.....

ဝမ်ချောင်၊ ဘုရင်စုန့်၊ ကျန်းချုံကျန့်ချုံး၊ ဝမ်ကန်း၊ လီထင်၊ အကြီးအကဲယဲ့နှင့် အကြီးအကဲကျောင်းတို့ အားလုံးက ဘုရင်စုန့်စံအိမ်တွင် စုစည်းနေကြသည်။ ဝမ်ချောင်၏ ဦးလေးငယ် ဝမ်မီကပင် ရှိနေသေး၏။ သူ့ကို အင်ပါယာမြို့ အပြင်ဘက် ကောင်းကင်ထိုက်တောင်မှ ပြန်ခေါ်ထားခြင်းဖြစ်သည်။ ဝမ်ချောင်၊ ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့က ဘေးဘက်တွင် ထိုင်နေသလို အခြားသုံးယောက်ကမူ အနည်းငယ် ပိုနိမ့်သောတစ်ဆင့်တွင် ဝိုင်းလျှက်ထိုင်နေကြသည်။

ထိုနေရာတွင် စုစည်းနေကြသော လူများက ခုံရုံးမှ အင်အားကြီးသော အဖွဲ့အစည်းများမှ လူများဖြစ်နေသည်။ ဝမ်မိသားစုစံအိမ်က လုံလောက်အောင် လျို့ဝှက်စီမံကိန်းများကို ဆောင်ရွက်နိုင်စွမ်း မရှိသော်လည်း ဝမ်ချောင်၏ မျိုးနွယ်ခြား နယ်မြေများ၏ဘုရင် စံအိမ်ကမူ ဆောက်လုပ်ဆဲနေရာ ဖြစ်နေသေးသည်။ ထို့ကြောင့် ပြီးဆုံးရန် နှစ်လ၊ သုံးလခန့် အချိန်ယူရနိုင်သေးသည်။ ထိုအတွက်ကြောင့် ဝမ်ချောင်က ဘုရင်စုန့်၏စံအိမ်ကို ချေးငှားလိုက်ရခြင်းဖြစ်သည်။

ဘုရင်စုန့်က အခန်းကိုအကဲခတ်ပြီး ရုတ်တရက်ပြောသည်။

“ဝမ်ချောင် အားလုံးရောက်ပြီဆိုတော့ မင်းအခုတလော စုစည်းထားတဲ့ သတင်းအချက်အလက်တွေ ပြောလို့ရပြီ”

“အွန်း”

ဝမ်ချောင်က သူမြို့တော်သို့ ပြန်ရောက်ပြီးချိန်ကတည်းက စုံစမ်းစစ်ဆေးထားပြီးသမျှ အရာအားလုံးကို အနှစ်ချုပ် ပြုစုထားပြီးသားဖြစ်သည်။ သူသည် ကျန်းရှို့ကွေး၏ မတော်တဆမှုမှ စတင်ပြီး လီကျွင်းရှန်းကို ရှာဖွေသည့် အကြောင်းအရာပင် ပါဝင်သေး၏။ သူဖုံးကွယ်ထားသော တစ်ခုတည်းသော ကိစ္စကမူ သူတော်စင်ဧကရာဇ်၏ ကိစ္စဖြစ်သည်။

သူတော်စင်ဧကရာဇ်သည် အင်ပါယာ၏ ကျောရိုးဖြစ်သည်။ ပြည်သူတိုင်း၏ နှလုံးသားကို တည်ငြိမ်အောင် လုပ်ပေးနိုင်သော အင်အားမျိုးယှဉ်သော် သူတော်စင်ဧကရာဇ်၏ အခြေအနေကသာ ဆိုးရွားကြောင်း လူအများသိသွားခဲ့လျှင် လူမှုအသိုင်းအဝိုင်းအတွင်း အထိတ်တလန့်ဖြစ်မှုများ ဖြစ်လာပြီး မုန်တိုင်းထန်ပေလိမ့်မည်။

အခန်းက တိတ်ဆိတ်နေသည်။ လူတိုင်းကလည်း ဝမ်ချောင်၏ စကားကိုသာ နားထောင်နေကြ၏။ ဝမ်ချောင်ဟာ အင်ပါယာခုံရုံးတွင် မည်သို့မည်ပုံလုပ်ခဲ့ကြောင်း လူတိုင်းနီးပါး မြင်ခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ဝရုန်းသုန်းကား အခြေအနေအတွင်း နစ်မြုပ်နေသေးသည့် အချိန်တွင် ဝမ်ချောင်ကမူ နောက်ကွယ်မှ ကြံစည်သူကို စုံစမ်းပြီးကြောင်း မသိထားကြချေ။

“တကယ်ကို မယုံနိုင်စရာပဲ။ ဆိုတော့ ခုံရုံးရဲ့ အတွင်းအပြင်မှာ ဖြစ်နေတဲ့ကိစ္စတွေ အားလုံးက ဒီလူငယ်လေး တစ်ယောက်တည်းက လုပ်ဆောင်နေတာလို့ ပြောချင်တာလား”

အကြီးအကဲယဲ့ကပြောသည်။

သူတို့ကဲ့သို့ လူအိုကြီးများက အင်ပါယာ၏ အဓိကနေရာများမှ နှုတ်ထွက်သွားခဲ့ပြီးလေပြီ။ ထို့ကြောင့် အင်ပါယာခုံရုံးမှ ကိစ္စများကို အကြမ်းဖျင်းသာ သိနိုင်တော့သည်။ အသေးစိတ်ကျကျကိုပင် နားမလည်တော့ချေ။ ထိုအခိုက်အတန့်မှသာ လူတိုင်းသည် အကြီးအကဲယဲ့၏ ခံစားချက်ကို နားလည်လိုက်ကြသည်။

မဟာဆရာ၊ ဘုရင်ချီနှင့် အမတ်ချုပ်ကြီးတို့ကဲ့သို့ အရေးကြီးသော အရာရှိများကပင် အသက်(၂၆)နှစ်၊ (၂၇)နှစ် အရွယ်ရှိသည့် လူငယ်တစ်ယောက်ကို နာခံနေမည်ဟု မထင်ထားလောက်ချေ။ ဒါဟာ အိမ်မက်ဆန်လွန်းသည်။ ဝမ်ချောင်ကသာ ပြောခြင်းမဟုတ်လျှင် မည်သူကမှလည်း ယုံကြည်လိမ့်မည် မဟုတ်ချေ။

သို့သော် ဝမ်ချောင်ကမူ ဘယ်သောအခါမှ အကြောင်းပြချက်မရှိ မပြောတတ်ချေ။ သူက ထိုသို့ အလေးအနက်ထားကာ ထုတ်ပြောနေပြီဆိုကတည်းက နေက အနောက်ဘက်မှ ထွက်လာကြောင်း အခိုင်အမာ ပြောမည်ဆိုလျှင်ပင် အားလုံးက ယုံကြည်ပေလိမ့်မည်။

“ငါခင်ဗျားတို့အားလုံးကို ပြောမှဖြစ်မဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ အဲ့ဒီအသက်(၂၆)နှစ် (၂၇)နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက်တည်းက ဒီလိုအင်အားမျိုးကို မလုပ်နိုင်သလို မဟာဆရာနဲ့ ဘုရင်ချီကို အမိန့်မပေးနိုင်ဘူးဆိုတာ သေချာနေတယ်။ ဘုရင်ချီလိုမျိုး အမြဲတစေ သိုသိုသိပ်သိပ် နေတတ်ပေမဲ့ ဘယ်သူ့ကိုမှ ခစားချင်စိတ်မရှိဘဲ အကြံအစည်ကြီးတဲ့ လူမျိုးအတွက်ဆိုရင် ပိုပြီးတော့တောင် သေချာနေသေးတယ်။ ဒီတော့ နောက်ကွယ်မှာ အရမ်းကို အင်အားကြီးတဲ့ အဖွဲ့အစည်းအချို့ရဲ့ အထောက်အပံ့ ရှိကိုရှိနေလိမ့်မယ်။ ဒါကြောင့် လူတိုင်းကလည်း ငါ့ကိုကူညီပေးနိုင်ဖို့ မျှော်လင့်တယ်။ ခင်ဗျားတို့အားလုံးက ငါ့ရဲ့အကြီးအကဲတွေ အတွေ့အကြုံလည်း အများကြီးရှိကြတယ်။ ခင်ဗျားတို့များ ကွန်ဖြူးရှပ်ကျောင်းရဲ့ နောက်ခံနဲ့ ဇစ်မြစ်အကြောင်း သိကြမလားလို့ မေးချင်မိတယ်”

ဝမ်ချောင်က လူအုပ်ကိုကြည့်ပြီး တဖြည်းဖြည်းချင်းပြောသည်။

ဒီစံမံကိန်းကို လူတစ်ယောက်တည်းဖြင့် တိုက်ခိုက်၍မရချေ။ ဝမ်ချောင်ကလည်း သူ၏ကိုယ်ပိုင် အဖွဲ့အစည်းတွင် နစ်မြုပ်နေပြီး ကိုယ်ပိုင်အင်အားကိုသာ သုံးလိမ့်မည်မဟုတ်ချေ။ ထိုအကြောင်းပြချက်ကြောင့် ထိုလူများကို စုစည်းခဲ့ရခြင်းဖြစ်သည်။

ဘုရင်စုန့်ကမဖြေချေ။ ဝမ်ချောင်က ဆွဲပြသော သင်္ကေတကိုသာ ယူကြည့်ပြီးနောက် မေးလိုက်သည်။

“ဝမ်ချောင် ဒီသင်္ကေတဆိုတာ သေချာလား”

လူတိုင်းက သင်္ကေတကိုသာ အာရုံစိုက်နေကြသည်။

“အွန်း”

ဝမ်ချောင်ကပြောသည်။

အားလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက ထိုစာရွက်ကိုသာ ကြည့်နေကြသည်။ ထိုအနက်ရောင် သင်္ကေတလေးသည် အလွန်အမင်း ထူးဆန်းသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ငှက်တစ်ကောင် ခုန်တက်နေသလို ထင်ရသည်။ သို့သော် ဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင်မူ ထိုသို့ မဟုတ်တော့ပြန်ချေ။ ထိုအစား စုတ်ချက်တစ်ခုကို ရေးဆွဲထားသလို တစ်ဝက်တစ်ပြတ် ရေးသားထားသည့် စကားလုံး တစ်လုံးလို ထင်ရပြန်သည်။

“ဒီအဘိုးကြီးက အသက်လေးဆယ်ကျော် နေထိုင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီသင်္ကေတကို တစ်ခါမှ မမြင်ဖူးဘူး။ မင်းသာ ထုတ်မပြောရင် ဒီလောက်အင်အားကြီးတဲ့ အဖွဲ့အစည်းမျိုး ရှိနေမှန်းတောင် သိမှာမဟုတ်ဘူး”

ကျန်းချုံကျန့်ချုံးက သက်ပြင်းချရင်းပြောသည်။ တခဏခန့် ရပ်တန့်နေပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

“ဒါပေမဲ့ ဒီအဖွဲ့အစည်းက ပိုပြီးသိုဝှက်လေလေ ရည်မှန်းချက် ကြီးလေလေပဲ”

“ဒီနယ်ပယ်မှာတော့ ငါလည်း မကူညီနိုင်ဘူး”

ဝမ်ချောင်ရဲ့ဦးလေး ဝမ်မီကလည်းပြောသည်။

သူသည် ဒီနေရာတွင် ရှိနေသော လူများထဲတွင် ရာထူးအနိမ့်ဆုံးဖြစ်သည်။ အငယ်ဆုံးလည်း ဖြစ်နေ၏။ ထို့ကြောင့် ဒီကိစ္စများကို မသိပါချေ။

“ဒါပေမဲ့ ဒီလောက်ကြီးတဲ့ အဖွဲ့အစည်းကြီး ရှိနေတော့ သူတို့ကဘာလုပ်လုပ် သဲလွန်စတော့ ကျန်ခဲ့မယ်လို့ ငါယုံတယ်”

ဝမ်မီကပြောသည်။

ဝမ်ချောင်က ဘာစကားမှမပြောဘဲ အခြားသောသူများကိုသာကြည့်ပြီး အခန်းက တိတ်ဆိတ်သွားသည်။ လူတိုင်းက သင်္ကေတကိုသာ စိုက်ကြည့်နေကြ၏။

“ငါဒီသင်္ကေတကိုတော့ နည်းနည်းသိတယ်”

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ လူတိုင်းက အာရုံစိုက်မိသွားကြ၏။

“အကြီးအကဲကျောင်း”

ဝမ်ချောင်က ခေါင်းကိုမော့ပြီး အကြီးအကဲယဲ့နှင့် အကြီးအကဲကျောင်းကို အံ့အားတကြီး ကြည့်လိုက်သည်။

ထိုနှစ်ယောက်သည် မြို့စားကျို့၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်သည်။ ဒီနေရာတွင် အသက်အကြီးဆုံးများလည်းဖြစ်သလို အတွေ့အကြုံ အရှိဆုံးလည်းဖြစ်သည်။

“အကြီးအကဲယဲ့ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က သူတော်စင်ဧကရာဇ် ထီးနန်းကို ဆက်ခံကာစ အချိန်ကပေ့ါ။ အဲ့ဒီအချိန်က ကွန်ဖြူးရှပ်ကျောင်းက တစ်စုံတစ်ယောက်လာပြီး လက်ဆောင်ပေးခဲ့ဖူးတယ် မဟုတ်လား”

အကြီးအကဲကျောင်းကပြောသည်။ ထို့နောက် အကြီးအကဲယဲ့ကိုလည်း ကြည့်၏။

“ဒါက...”

အကြီးအကဲယဲ့က ပြန်တွေးသည်။ အကြီးအကဲကျောင်းဟာ လွန်ခဲ့သော ဆယ်စုနှစ်အကျော်က ကိစ္စကို ထုတ်ပြောလာမည်ဟု မထင်ထားမိချေ။ သူတို့နှစ်ယောက်လုံးဟာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးလေပြီ။ ကိစ္စပေါင်းများစွာလည်း ဖြစ်ပျက်ခဲ့ပြီးသဖြင့် ရှင်းရှင်းလင်းလင်းပင် မမှတ်မိနိုင်တော့ချေ။

“မင်းမေ့သွားပြီလား အဲ့ဒီလူက မင်းနဲ့တောင် တိုးသေးတယ်လေ။ သူက သူတော်စင်ဧကရာဇ် ထီးနန်းဆက်ခံတဲ့ပွဲ မပြီးခင်ကတည်းက ထွက်သွားခဲ့တာလေ”

အကြီးအကဲကျောင်းက သတိပေးသည်။

ထိုစကားကိုကြားသောအခါ အကြီးအကဲယဲ့က မျက်ခုံးပင့်သည်။ သူက တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး သူ၏မျက်လုံးက တောက်ပသွားသည်။

“ငါမှတ်မိပြီ ကွန်ဖြူးရှပ်ကျောင်းက သူတော်စင်ဧကရာဇ်နဲ့ တွေ့ခွင့်တောင်းခဲ့တဲ့ လူတစ်ယောက်တော့ ရှိတယ်။ သူတော်စင်ဧကရာဇ်က ထိုက်ဟယ်နန်းဆောင်မှာ သူနဲ့နှစ်ယောက်ထဲ တွေ့ခဲ့သေးတယ်။ အခမ်းအနားပွဲကတောင်မှ ပုံမှန်ထက် (၁၅)မိနစ် နောက်ကျပြီးမှ စခဲ့ရတယ်”

အကြီးအကဲယဲ့ကပြောသည်။

သူသည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်း များစွာက ကိစ္စကို ယခုထိ မမှတ်မိလောက်ချေ။ သူတော်စင်ဧကရာဇ်နှင့် ပတ်သတ်ပြီး အရေးပါသော ကိစ္စမျိုးဆိုလျှင်မူ အစပိုင်းကတည်းက သိသာထင်ရှားနေခဲ့ပြီးသားဖြစ်လေရာ မေ့နိုင်ရန်ခက်ခဲသည်။

“အဲ့ဒီကွန်ဖြူးရှပ်ပညာသင်သားက သူတော်စင်ဧကရာဇ်ကို ဒီသင်္ကေတပါတဲ့ လက်ဆောင်တစ်ခု ဆက်သခဲ့တာပဲ”

အကြီးအကဲကျောင်းကပြောသည်။

ဝုန်း

ဝမ်ချောင်က အကြီးအကဲကျောင်း၏ စကားကြောင့် တုန်ယင်သွားသည်။ သူမှတ်မိသည်မှာ မှန်ကန်လျှင် ကွန်ဖြူးရှပ်ဂိုဏ်းသည် အာရေးဗီးယားကို အလဲထိုးပြီးမှ ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်လေးဆယ်ကျော်ကတည်းက သူတော်စင်ဧကရာဇ်နှင့် အဆက်အသွယ် ရှိနေလိမ့်မည်ဟု မထင်ထားမိချေ။

“အကြီးအကဲယဲ့ ခင်ဗျားသေချာလား။ သူတို့က တူတယ်ဆိုတာ သေချာရဲ့လား”

ဘုရင်စုန့်ကရုတ်တရက် မေးသည်။ အကြီးအကဲကျောင်း၏ စကားလုံးများက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။

“ငါမမှားနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတော်စင်ဧကရာဇ်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေက အရေးပါလွန်းတယ်ဆိုတာကို လူတိုင်းသိတာပဲ”

အကြီးအကဲကျောင်းက တည်ငြိမ်စွာပြောသည်။

“ဒါပေမဲ့ ဒါကို ငါတစ်ကြိမ်ပဲ မြင်လိုက်ဖူးတာ။ အဲ့ဒီနောက်ပိုင်း အဲ့ဒီလူနဲ့ပတ်သတ်ပြီး ဘာမှမရှိတော့ဘူး။ ဝမ်ချောင်ကသာမပြောရင် ငါမှတ်မိမှာတောင် မဟုတ်ဘူး”

သဲလွန်စက ထိုနေရာတွင် ရပ်တန့်သွားသည်။ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ သို့သော် အကြီးအကဲကျောင်းပေးသော သတင်းကတင် အကျိုးအမြတ်ကြီးဖြစ်သည်။

ထိုအချိန်တွင် တိတ်ဆိတ်နေသော ပညာရှင် လုထင်က ဝင်ပြောသည်။

“တကယ်တော့ ငါဒီသင်္ကေတအလယ်က အရာလေးက စကားလုံးတစ်လုံးလို့ ထင်တယ်”

ထိုစကားက ဝမ်ချောင်ကို အံ့ဩသွားစေပြန်သည်။ သူသည် ထိုစကားလုံးကို အရင်ဆုံး ရှာတွေ့ခဲ့သူဖြစ်သည်။ သို့သော် ဒါဟာ စာသားတစ်လုံး ဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။ ချက်ချင်းဆိုသလိုပင် လူတိုင်းက ထိုသင်္ကေတကို ထပ်ပြီးစစ်ဆေးကြပြန်သည်။ သူတို့သည် အလယ်ကို အာရုံစိုက်လိုက်ပြီး ဘေးဘက်မှ အစွန်းများကို ဆက်စပ်တွေးတောကြည့်လိုက်ကြသည်။ သဘာဝအလျောက်ပင် ဒါဟာ စကားလုံးတစ်လုံးနှင့်တူကြောင်း သိလာကြ၏။ စကားလုံးတစ်လုံး ဆိုလျှင်ပင် အလွန်ဝေဝါးလွန်းနေပြန်သည်။

သို့ရာတွင် လုထင်ကမူ ဗဟုသုတ အလွန်ကျယ်ပြောလွန်းသော ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည်။ သူသည် သံသယဝင်ရန် မလိုအောင် ထိုသို့ပြောကတည်းက အကြောင်းပြချက် ရှိနေပေလိမ့်မည်။

“ပုံစံကတော့ ငှက်စည်းတံဆိပ် ကျမ်းစာနဲ့တူတယ်။ ဒီနေ့ခေတ် ငါတို့သုံးတဲ့ ရေးသားပုံတွေနဲ့ ကွာခြားတယ်။ အတော်လေးကို ရှေးကျတဲ့ ရေးသားဟန်ပဲ။ အစောပိုင်းခေတ်ကာလက သုံးခဲ့ကြတာ။ လူအနည်းစုလောက်ပဲ သိကြတော့တယ်။ ဒါကြောင့် နားလည်ဖို့လည်းခက်တယ်။ ငါတောင်မှ တိုက်တိုက်ဆိုင်ဆိုင် ငါဖတ်နေတဲ့ ရှေးဟောင်းကျမ်းစာထဲက ငှက်စည်းတံဆိပ် အကြောင်းအရာ အနည်းငယ်ကို တွေ့မိလို့ မှတ်မိတာ”

လုထင်ကပြောသည်။ သူကထိုသို့ပြောပြီး စုတ်တံတစ်ချောင်းကိုယူကာ စားပွဲထံသို့ လျှောက်သွားသည်။ ထို့နောက် စာစရေးသည်။ စုတ်ချက်အနည်းငယ်ကို ဆွဲပြီးနောက် ရပ်တန့်လိုက်ပြန်ကာ လူတိုင်းမြင်ရန်အတွက် စာရွက်ကိုမြှောက်ပြပေးသည်။

ထိုအခိုက်အတန့်တွင် လူတိုင်းကလည်း ထိုစာရွက်ပေါ်မှ ထူးဆန်းသော စကားလုံးများကို မြင်လိုက်ရသည်။ တစ်ဝက်က စာလုံးဖြစ်ပြီး တစ်ဝက်က ပုံဖြစ်သည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ မှင်သင်္ကေတမှပုံနှင့် ခြားနားသော်လည်း ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တူညီနေသည်။

“ငါအဲ့ဒီရှေးဟောင်းကျမ်းစာထဲမှာ ဒီစကားလုံးတွေကို တွေ့ခဲ့တယ်။ ဒါပေမဲ့ အခုမှပဲ သူတို့ ဘာနဲ့တူလဲဆိုတာကို သိပြီး အဓိပ္ပာယ်ကို မသိဘူး”

လုထင်ကပြောသည်။

“ဒါက ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ်ဆိုတာကို သိရတော့ အခြေအနေ ပိုကောင်းသွားတာပေါ့။ အနည်းဆုံးတော့ ထိုစကားလုံးရဲ့ အဓိပ္ပာယ်ကို ရှာတွေ့တာနဲ့ ဒီဂိုဏ်းရဲ့ နောက်ခံကိုတော့ သိနိုင်မယ်ထင်တယ်”

အကြီးအကဲယဲ့က မှတ်ချက်ချသည်။

“ပညာရှင်လု မင်းက ဒီဘာသာရပ်နဲ့ ပတ်သတ်ရင် အတွေ့အကြုံရှိလွန်းတော့ ဒီစာပိုဒ်တွေကို ဒီဘာသာစကားကို ဘယ်သူတွေ နားလည်နိုင်မလဲဆိုတာကိုလည်း သိမယ်ထင်တယ်”

All Chapters