အခန်း (၁၂၆၆-၁၂၇၀)
Vol. 74 Ch. 1266-1270
အခန်း(၁၂၆၆)
“ငှက်စည်းတံဆိပ် ကျမ်းစာတွေ စုဆောင်းရတာ သဘောကျတဲ့ ကျမ်းပြုစုသူဟောင်း တစ်ယောက်နဲ့တော့ သိတယ်။ သူ့ဆီမှာ အမျိုးမျိုးသော စာအုပ်တွေလည်းရှိတယ်။ သူ့ရဲ့နေရာမှာ စာအုပ်အမျိုးအစား အစုံရှိပြီး အချို့စာအုပ်တွေဆိုရင် နှစ်သက်တမ်း တစ်ထောင်ကျော်နေပြီ။ ငါငယ်ရွယ်ချိန်အခါက သူ့ဆီ အမြဲတမ်းလိုလိုသွားလည်ပြီး ဖိတ်ကြားစာတွေ ပို့ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုတွေ့ဆုံခွင့် မရခဲ့ဘူး။ ငါတစ်ချိန်က ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ဆိုတာကလည်း သူပြောင်းရွှေ့မသွားခင်မှာ ငါ့အတွက် အစေခံတွေဆီမှာ ချန်ထားပေးခဲ့တဲ့ စာအုပ်ပဲ။ အဲ့ဒီလူကြီးမင်းကသာ အသက်ရှိသေးရင် အခုဆိုရင် အသက်ကိုးဆယ်နီးပါး ဖြစ်နေပြီ။ ဝမ်ချောင် မင်းသာသူ့ကို ရှာနိုင်ရင် တစ်စုံတစ်ရာကိုတော့ သိနိုင်မှာပဲ”
လုထင်က ထိုသို့တည်တင်းစွာပြောသည်။
ထိုလူကြီးမင်းအိုကြီးသည် ကွန်ဖြူးရှပ်ဂိုဏ်းမှ အဖွဲ့ဝင်မဟုတ်ချေ။ သူဟာ ဒီတိုင်း စာအုပ်များအား စုဆောင်းရခြင်းကို သဘောကျနှစ်ခြိုက်သူဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူသည် သီးသန့် နေထိုင်တတ်သူဖြစ်ပြီး အခြားသောသူများနှင့် အဆက်အသွယ် လုပ်လေ့မရှိချေ။ သို့မဟုတ်လျှင် လုထင်သည် ငယ်ရွယ်ချိန်ကတည်းက တစ်ဖက်သူနှင့် တွေ့ဆုံခွင့် ရပြီးလောက်လေပြီး ထိုအချိန်ကတည်းက စဉ်းစားကြည့်သော် နှစ်နှစ်ဆယ်ကျော် ကြာသွားခဲ့ပြီဖြစ်သည်။ သို့သော် ထိုလူကြီးမင်းအိုကြီးဟာ အသက်ရှင်လျှက် ရှိနေသေးခြင်း ရှိမရှိ မည်သူကမှ မသိနိုင်ချေ။ လုထင်ကပင် မျှော်လင့်ချက်ဟာ သေးငယ်လွန်းကြောင်း သိနေသည်။
“စာပေပညာရှင်လု အဲ့ဒီလူကြီးရဲ့နာမည်က ဘယ်လိုခေါ်ပါသလဲ။ ငါသူ့ကိုရှာဖို့ လူလွှတ်လိုက်မယ်”
ဝမ်ချောင်ကပြောသည်။ မျှော်လင့်ချက်ဟာ နည်းပါးသော်လည်း ဝမ်ချောင်က ဆက်လုပ်လိုသေးသည်။
ဗဟိုပြင်ကျယ်ကြီးသည် ဖော်ပြရန်ခက်ခဲလောက်အောင် ကျယ်သည်။ လူတစ်ယောက်ကို ရှာဖွေရန်အလို့ငှာ အထူးသဖြင့် လူအုပ်ထဲတွင် နေရခြင်းအား သဘောမကျတတ်သူ ကဲ့သို့သော လူမျိုးကို ရှာဖွေရခြင်းဟာ သမုဒ္ဒရာထဲ အပ်ပျောက်ရှာရသလို ဖြစ်နေပေလိမ့်မည်။ ထိုအကြောင်းပြချက်ကြောင့်လည်း လုထင်ဟာ မျှော်လင့်ချက်ဟာ အလွန်နည်းပါးကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဝမ်ချောင်က သူ၏ဘက်တွင် အင်ပါယာ၏ မဟာကလန်များထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို စုစည်းထားသည်။ ထိုအဖွဲ့အစည်းများ၏ အင်အားက စီရင်စုကိုးခုတောက်လျှောက် ဖြန့်ကျက်ထားနိုင်၏။ သူကသာ ထိုအင်အားကို ချေးငှားယူမည်ဆိုလျှင် ထိုပညာရှင်အိုကြီးကို ရှာနိုင်လောက်သည်။
“ဝမ်ချုံရှုတဲ့”
လုထင်ကပြောသည်။ အခန်းဟာ တိတ်ဆိတ်သွားပြန်သည်။ ဘုရင်စုန့်က ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲ၏။
“အမှန်တိုင်းပြောရရင် ငါတို့က သူတို့အကြောင်း ပိုပြီးသိချင်ရင် အခြားနည်းလမ်းတော့ရှိတယ်”
“အရှင့်သား”
ဘုရင်စုန့်၏စကားက လူတိုင်းကို အံ့ဩသွားစေသည်။ ဝမ်ချောင်ကပင် ခေါင်းလှည့်ကာ အံ့အားတကြီး ကြည့်လိုက်မိ၏။ ကွန်ဖြူးရှပ်ဂိုဏ်းသည် စုံစမ်းစစ်ဆေးရန် ခက်ခဲသော်လည်း ထိုအကြောင်းအရာကို သိနေသောလူက တစ်ယောက်သာရှိနေသည်။
ဘုရင်စုန့်က လူအုပ်ကို တဖြည်းဖြည်းချင်းစီ အကဲခတ်ကြည့်ပြီး မျက်လုံးက တောက်ပလာသည်။ ထို့နောက် သူဟာ အဖြေကိုပြောသည်။
“ဘုရင်ချီ၊ လီရို့”
ဘုရင်စုန့်သည် ခုံရုံးထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ပြီး ဝန်ထမ်းပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးသည်။ ဝမ်ချောင်ကပင် တစ်ဖက်သူ၏ ဉာဏ်ရည်ကို လေးစားမိသွားသည်။
“ကွန်ဖြူးရှပ်ဂိုဏ်းက လုံးဝ သိုဝှက်ထားတာတော့ မဟုတ်ဘူး။ အနည်းဆုံး ဘုရင်ချီကတော့ အမှန်တရားကို သိမှာပဲ။ သူ့ရဲ့ အကျင့်စရိုက်အရဆိုရင် သူတို့ရဲ့နောက်ခံကိုသိပြီး သူနဲ့ပူးပေါင်းဖို့ လုံလောက်အောင် တန်တယ်လို့ထင်မှ ဒီလူတွေရဲ့အမိန့်ကို နာခံလိမ့်မယ်။ ပိုဆိုးတာက ဘုရင်ချီက အမြဲတမ်း မာနကြီးတာ။ သူက ဘဝင်မြင့်တက်လွန်းတဲ့လူ။ မဟာဆရာနဲ့ ဘုရင်ချီ၊ အမတ်ချုပ်ကြီး၊ ပထမမင်းသားတို့အကြားမှာ ဘုရင်ချီက ချုပ်ထိန်းရအခက်ဆုံး လျို့ဝှက်ချက်ထားဖို့ အခက်ဆုံးပဲ။ အိမ်တော်ထိန်းအိုကြီး ငါမင်းကို ဒီကိစ္စ လွှဲထားပေးလိုက်မယ်”
ဘုရင်စုန့်က နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“ဒီအိမ်တော်ထိန်းအိုကြီးက နားလည်ပါပြီ”
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်တော်ထိန်းအိုကြီးက လေးစားစွာ ဂါရဝပြုလိုက်သည်။ သူ၏မျက်နှာတွင် ခံစားချက်က ကင်းမဲ့နေသည်။
ဝမ်ချောင်က ထိုမြင်ကွင်းကို မြင်လိုက်သောအခါ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ ဘုရင်စုန့်၊ သူ၏ဦးလေးကြီး၊ လုထင်၊ အကြီးအကဲကျောင်း.... ထိုတစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း အတွေ့အကြုံ များကာ ဗဟုသုကြွယ်ဝကြသည်။ ဉာဏ်လည်းကောင်းကြ၏။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်ဟာ သူတို့ကို စုစည်းခဲ့ခြင်းဖြစ်သည်။
အပ်ချည်တစ်မျှင်တည်းက ကြိုးမလုပ်နိုင်ချေ။ သစ်တစ်ပင်တည်းကလည်း တောအုပ်ဟု ဆို၍မရချေ။ အမည်မသိရသော အဖွဲ့အစည်းကြီးတစ်ခုကို ရင်ဆိုင်နိုင်ရန်အလို့ငှာ သူသည် သူ၏မဟာမိတ်တိုင်းကို စုစည်းထားရန် လိုအပ်သည်။
ဘုရင်စုန့်နှင့် အခြားသောသူများက ဝမ်ချောင်ကို အရေးပါဆုံးသော အကူအညီများ ပေးနိုင်ကြောင်းကို အတည်ပြုပြီးရာလည်းရောက်သည်။
ဒုန်း ဒုန်း ဒုန်း
ထိုအခိုက်အတန့်တွင် စိုးရိမ်တကြီး တံခါးခေါက်သံများက ထွက်လာသည်။
“ဘယ်သူလဲ”
ဘုရင်စုန့်၏မျက်နှာက တင်းမာသွားပြီး ခေါင်းလှည့်လိုက်သည်။ ခန်းမမှ စိတ်အခြေအနေက တင်းမာလာ၏။
“အရှင့်သား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်ရဲ့ လက်အောက်ငယ်သားတစ်ယောက် ဂိတ်ဝကို ရောက်လာပြီး အရေးတကြီး တင်ပြစရာရှိတယ်လို့ ပြောလာပါတယ်”
အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။ အသံက ဘုရင်စုန့်၏ အစောင့်ခေါင်းဆောင်အသံဖြစ်သည်။
တခဏခန့်ကြာပြီးနောက် တံခါးများက ပွင့်သွားသည်။ ထိုသို့ဖြင့် သိန်းငှက်အိုကြီးက ဝင်လာသည်။
“အရှင် ပြဿနာတတ်ပြီ။ ခွန်းဝူ လူသစ်လေ့ကျင့်ရေးစခန်းမှာ”
သိန်းငှက်အိုကြီးက တင်းမာသော မျက်နှာထားနှင့် ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ဝမ်ချောင်အား စာတစ်စောင်ကမ်းပေးလာသည်။
ဝမ်ချောင်က စာကိုဖွင့်လိုက်သည်။ စာထဲတွင် စကားလုံးအနည်းငယ်သာ ပါ၏။ ပထမအကြောင်းအရာကမူ ဝမ်ချောင်၏ ခွန်းဝူလူသစ် လေ့ကျင့်ရေးစခန်းမှ ညွှန်ကြားပြသသူ ကျောင်းချန်ချုံ အဖမ်းခံရကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ဒုတိယကိစ္စကမူ ကွန်ဖြူးရှပ်ကျောင်းက မဟာလူသစ် လေ့ကျင့်ရေးစခန်း သုံးခုထဲသို့ ခြေလှမ်းဆန့်လာကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ဝမ်ချောင်က ထိုအခြေအနေကို မြင်လိုက်သောအခါ မျက်နှာက ဖြူဖျော့သွားပြီး ချက်ချင်းလိုလို မတ်တပ်ထရပ်လိုက်သည်။
“ဘုရင်စုန့်၊ ဦးလေးကြီး၊ အရှင်ကျန်းချုံ နောက်ပြီး လေးစားရတဲ့ စီနီယာတို့ ငါ့မှာ လုပ်စရာကိစ္စရှိနေလို့ အရင်ထွက်သွားခွင့်ပြုပါ”
ဝမ်ချောင်က ချက်ချင်းလိုလို ထွက်ခွာသွားသည်။ သူသည် ဘုရင်စုန့်စံအိမ်၏ အဓိကဂိတ်ဝကို ကျော်ဖြတ်ပြီး ရထားလုံးထဲသို့ဝင်သည်။
“ဘယ်အချိန်က ဒီကိစ္စတွေ စဖြစ်တာလဲ”
ဝမ်ချောင်ကမေးသည်။
“သိပ်မကြာခင်ကပါ။ ငါလူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ။ ခွန်းဝူလူသစ်လေ့ကျင့်ရေးစခန်းကလည်း သိပ်မဝေးဘူးဆိုတော့ သိပ်မကြာခင် သိရပါလိမ့်မယ်”
သိန်းငှက်အိုကြီးက လေးစားစွာပြောသည်။
ဖလပ် ဖလပ်
သူတို့က ပြောနေပြီး တခဏခန့်သာ ကြာသေးသည်။ ခိုတစ်ကောင်က ရထားလုံးအတွင်းသို့ ဝင်လာသည်။ သူသည် သတင်းအချက်အလက်များကို သယ်ဆောင်လာသည်။ သို့သော် အခြေအနေက မကောင်းချေ။
ကွန်ဖြူးရှပ်ကျောင်း၏ ကြေညာချက်က တစ်ပြည်လုံးအနှံ့ ပျံ့နှံ့သွားခဲ့ပြီး သူတို့၏ လုပ်ဆောင်မှုများဟာ စတင်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်သည်။ ဝမ်ချောင်က ဘုရင်စုန့်၏စံအိမ်တွင် အခြားသောသူများကို စုစည်းထားပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ လျို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြိုးစားနေချိန်တွင် လီကျွင်းရှန်းကမူ ကွန်ဖြူးရှပ်ဂိုဏ်းကို ဦးဆောင်လျှက် နောက်ထပ် ပစ်မှတ်တစ်ခုကို ခပ်မြန်မြန် ချလိုက်သည်။ ထိုပစ်မှတ်က မဟာထန်၏ မဟာလေ့ကျင့်ရေးစခန်းကြီး သုံးခုဖြစ်သည်။
သိပ်မကြာခင်က ကြေညာချက်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း ကွန်ဖြူးရှပ်ခန်းမဟာ မဟာလေ့ကျင့်ရေးစခန်းကြီး သုံးခုထဲမှ တစ်ခုချင်းစီတိုင်းတွင် တည်ရှိနေမည်ဖြစ်ပြီး ယခုအချိန်ကစတင်လျှက် ခြေလျှင်တပ်သားများ၊ မြင်းတပ်သားများ၊ လေးသည်တော်များ အားလုံးကို လေ့ကျင့်သည့် ရလဒ်များ၊ အမျိုးမျိုးသော ဗျူဟာများ၊ နည်းပညာများ၊ မဟာလေ့ကျင့်ရေးစခန်း သုံးခုလုံးသည်လည်း သူတို့၏ ကွန်ဖြူးရှပ်စာပေများကို အပိုထပ်စောင်းပြီး လေ့လာသင်ယူရမည်ဖြစ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း ခန်းမမှ စုံစမ်းစစ်ဆေးမှုကိုသာ မအောင်မြင်လျှင် မဟာလေ့ကျင့်ရေးစခန်းမှ ဘွဲ့ရနိုင်မည်မဟုတ်လေဘဲ မဟာထန်၏ မည်သည့်စစ်တပ်သို့မျှ ဝင်ရောက်ပူးပေါင်းနိုင်လိမ့်မည် မဟုတ်ချေ။ သုံးကြိမ်ဆက်တိုက် စစ်ဆေးမှု ကျရှုံးခဲ့သော် စခန်းမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။ နောက်ပိုင်းတွင် စာသင်ခွင့်မရှိတော့သလို လေ့ကျင့်ခွင့်လည်း ရှိတော့မည်မဟုတ်ချေ။
“ရမ်းကားလိုက်တာ”
ဝမ်ချောင်က ထိုစာကို မြင်လိုက်သောအခါ ဒေါသတကြီး စုတ်ဖြဲပစ်လိုက်သည်။
မဟာလေ့ကျင့်ရေးစခန်း သုံးခုရှိနေရသည့် အကြောင်းပြချက်က ဗိုလ်ချုပ်များကို ပျိုးထောင်ရန်ဖြစ်သည်။ ထို့ကြောင့် မူရင်းဦးတည်ရာသည် စစ်အနုပညာသာဖြစ်သည်။ ကြင်နာမှုသည် စစ်သားများကို အမိန့်ပေးခြင်းမဟုတ်သလို စစ်၏ သဘောသဘာဝ ရိုးရှင်းစွာပင် သတ်ဖြတ်ခြင်းနှင့် ဆက်စပ်နေသည်။ ကွန်ဖြူးရှပ်ဂိုဏ်းများက မဟာလေ့ကျင့်ရေးစခန်း သုံးခုသည် ဖြောင့်မတ်မှန်ကန်ခြင်း ခန်းမများကို တည်ထောင်လိုက်ပြီး စာသင်သားများအလား စံချိန်မှီစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှဆိုသော အချက်က စခန်း၏ မူရင်းရည်ရွယ်ချက်များကို အတိုက်အခံ လုပ်နေခြင်းဖြစ်သည်။
ထိုအတွက်ကြောင့်လည်း စခန်းမှ ညွှန်ကြားသူများထဲမှ တစ်ယောက်ဖြစ်သည့် ကျောင်းချန်ချုံက သဘောမတူဘဲ အတိုက်အခံ လုပ်ခဲ့သောကြောင့် အင်ပါယာခုံရုံးက အကျဉ်းချရန် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“အရှင် မဟာထိန်းသိမ်းရေးစခန်း သုံးခုကို အရှင်ဧကရာဇ်ကိုယ်တိုင်က တည်ထောင်ထားခဲ့ပြီး မြင့်မားလွန်းတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ပြီးသားပါ။ ဘယ်စစ်တပ်မှ ချဉ်းကပ်ပိုင်ခွင့်တောင် မရှိပါဘူး။ ဒါကို သူတို့က ဒီလောက်ပြင်းထန်တဲ့ စွမ်းရည်မျိုးကိုသုံးပြီး ဝင်ရောက်စွက်ဖက်လာလို့ ဒီလိုအမိန့်မျိုးတောင် ထုတ်နိုင်တာလဲ”
သိန်းငှက်အိုကြီးက တင်းမာစွာပြောသည်။
သူဟာ ထိုကွန်ဖြူးရှပ်ဂိုဏ်းကို နားလည်လာလေလေ သိန်းငှက်အိုကြီးဟာ ပို၍ ကြောက်ရွံ့လာလေလေဖြစ်သည်။ သူတို့၏ စွမ်းရည်များဟာ အကန့်အသတ် မဲ့လာလေပြီး မည်သည့်အရာ၊ မည်သည့်နေရာကိုမဆို ဝင်ရောက်စွက်ဖက်နိုင်လာသည်။
“ပထမမင်းသားနဲ့ သက်ဆိုင်မှာပေါ့”
ဝမ်ချောင်က ရထားလုံးကို မှီထားသည်။ သူ၏မျက်နှာက တင်းမာလာ၏။
“မဟာထိန်းသိမ်းရေးစခန်း သုံးခုလုံးက သူတော်စင်ဧကရာဇ်ရဲ့ တိုက်ရိုက် စောင့်ကြည့်စစ်ဆေးမှု အောက်မှာရှိတယ်။ သာမာန်လူတွေက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ အခု ပထမမင်းသားက ဘုရင်ခံဖြစ်နေတယ်။ ဒါကြောင့် သူတို့မှာ သူ့ရဲ့အမိန့်တော် ရှိတာနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက ဝင်ပါလို့ရတယ်။ ပိုဆိုးတာက ကွန်ဖြူးရှပ်တွေက ပြည်သူပြည်သားနဲ့ သိုုင်ပညာ ကောင်းမွန်စွာ ပျိုးထောင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝင်ရောက်စွက်ဖက်လာလို့ ဒီကွန်ဖြူးရှပ်ခန်းမတွေကို အလွယ်တကူ တည်ထောင်ဖို့ အမိန့်ရလာတာပဲ”
ထိုကိစ္စက ဖြစ်ပွားကာစသာဖြစ်ပြီး ဝမ်ချောင်ဟာ အချက်အလက်များ လိုအပ်ချက် ရှိနေသေးသော်လည်း သူ့အနေဖြင့် အနည်းငယ် တွေးတောလိုက်ရုံနှင့် အချက်အလက်ကို ခန့်မှန်းနိုင်သည်။
စွစ်
သူက ပြောနေချိန်တွင် နောက်ထပ် သတင်းပို့ ပင်ဂွင်းတစ်ကောင်က ရထားလုံး၏ ပြတင်းပေါက်ကို ဖြတ်သန်း၍ ဝင်ရောက်လာသည်။ တစ်ချိန်ထဲတွင်ပင် တစ်စုံတစ်ရောက် ရောက်လာသလိုမျိုး ရထားလုံးက အနည်းငယ် လေးသွားသည်။
“အရှင် ပြဿနာပဲ။ ငါတို့အခုလေးတင် သတင်းရထားတာ။ အင်ပါယာခုံရုံးက မဟာထိန်းသိမ်းရေးစခန်း သုံးခုနဲ့ လီတစ်ရာအတွင်းက ဘယ်သီးသန့် အဆောက်အဦးကိုမဆို ဆောက်လုပ်ခွင့် ပိတ်ပင်တဲ့ အမိန့်တော် ထုတ်လိုက်တယ်။ အဲ့ဒီဝန်းကျင်အတွင်းက စံအိမ်တွေ၊ ကျောင်းဆောင်တွေ အားလုံးကို ဖြိုပစ်ရမယ်။ အရှင် လမ်းလွဲဓားစံအိမ်ကတော့ ပြဿနာပဲ”
ကျန်းချွယ်၏အသံက အပြင်ဘက်မှ ထွက်လာသည်။ သူ၏အသံဟာ အဆုံးသတ်နားတွင် ပို၍ပင် တိုးသွားသည်။
လွန်လာပြီ ဒါက တအားလွန်သွားပြီ။
အနောက်မြောက်ပိုင်းမှ စုဟန်ရှန်းနှင့် လီစစ်ယဲ့တို့၏ ပြဿနာကို မဖြေရှင်းရသေးခင် ယခုအခါ နောက်ထပ် မုန်တိုင်းတစ်ခုက စလာပြန်သည်။ သူ့တွင် သက်သေမရှိသေးသော်လည်း ကွန်ဖြူးရှပ်ဂိုဏ်းက ဝမ်ချောင်ထံ ဦးတည်ပြီး မုန်တိုင်းဖွဲ့တည်နေကြောင်း ရှင်းလင်းနေ၏။
မဟာထိန်းသိမ်းရေးစခန်း သုံးခုက အင်ပါယာ၏ အုတ်မြစ်ဖြစ်သည်။ အင်ပါယာမှ မရေမတွက်နိုင်သော ဗိုလ်ချုပ်ပေါင်းများစွာ ထွက်လာရာလည်းဖြစ်သည်။
ဝမ်ချောင်၏ လက်အောက်ငယ်သား ချန်းပုယွမ်၊ စွန်းကျစ်မင်၊ စုဟန်ရှန်းနှင့် အခြားသောလူများ အားလုံးက ခွန်းဝူလူသစ် လေ့ကျင့်ရေးစခန်းမှ ထွက်လာကြပြီး လမ်းလွဲဓားစံအိမ်ဟာ ဝမ်ချောင်၏ ကိုယ်ပိုင် အပိုင်သီးသန့်နယ်မြေဖြစ်ပြီး သူက မဟာလေ့ကျင့်ရေးစခန်းမှ လက်ရွေးစင်များကို ရွေးချယ် ခေါ်ဆောင်စုစည်းရာ နေရာတစ်ခုလည်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် ထိုအခွင့်အရေးကို အရယူပြီး သူ၏ကိုယ်ပိုင်ဗျူဟာ နည်းပညာများကို အသုံးပြုလျှက် ကိုယ်ပိုင်လေ့ကျင့်ရေး နည်းလမ်းများကိုသုံးကာ အင်ပါယာ၏ အနာဂတ် ဗိုလ်ချုပ်ကြီးများကို မွေးထုတ်ပေးနေခြင်းဖြစ်သည်။
လမ်းလွဲဓားစံအိမ်သည် ခွန်းဝူလူသစ် လေ့ကျင့်ရေးစခန်းနှင့် ဖော်ပြရန်ခက်ခဲလောက်အောင် အလွန်နီးကပ်နေသည်။ ထို့ကြောင့် အင်ပါယာခုံရုံး၏ အမိန့်အောက်တွင် အတိအကျ ပါနေသည်။ သံသယဝင်ရန် မလိုလောက်အောင် ထိုအမိန့်က ဝမ်ချောင်ကိုဦးတည်ကာ ပစ်မှတ်ထားခြင်းဖြစ်သည်။
လေကမုန်တိုင်းကို ပိုပြင်းစေနိုင်သည်။ ကွန်ဖြူးရှပ်များ၏ လုပ်ကြံသတ်ဖြတ်မှုက မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်ကာ ကြမ်းတမ်းသေးသည်။
“ဒါတွေအပြင် အရှင် ငါတို့အခုလေးတင် သတင်းရထားတဲ့အတိုင်းဆိုရင် ကွန်ဖြူးရှပ်ကျောင်းက မြို့တော်ရဲ့ လက်ဖက်ရည်စံအိမ်တွေ၊ စားသောက်ဆိုင်တွေ အားလုံးဆီကို ကွန်ဖြူးရှပ်ပညာရှင်တွေ စေလွှတ်ပြီး သာယာဝပြောတဲ့ လောကကြီးနဲ့ ပတ်သတ်တဲ့ ချိတ်ဆက်မှုတွေကို ဟောပြောခိုင်းထားတယ်။ ဒီလိုလုပ်ရပ်က အရင် သူတို့လုပ်နေတာထက် ပိုပါသေးတယ်”
ကျန်းချွယ်က ထပ်ဖြည့်ပြောသည်။
ချီရှီကာကွယ်စောင့်ရှောက်ရေးစစ်တပ်၊ လမ်းလွဲဓားစံအိမ်၊ ခွန်းဝူလူသစ်လေ့ကျင့်ရေးစခန်း၊ ကွန်ဖြူးရှပ် သင်ခန်းစာ... ကွန်ဖြူးရှပ်များ၏ လုပ်ကြံသတ်ဖြတ်မှုက တစ်ခုပြီးတစ်ခု ဆက်တိုက်လာနေသည်။ သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့ကလည်း သူတို့၏ပုခုံးပေါ်သို့ ကျရောက်နေသည့် ပြင်းထန်လွန်းသည့် ဖိအားကို ခံစားနေရပြီဖြစ်သည်။
ဝမ်ချောင်က ဘာစကားမှမဆိုဘဲ မျက်လုံးကိုသာ အသာမှိတ်လိုက်သည်။ အပြင်ဘက်တွင် မြင်းများ၏ ခွာသံက ဆက်လက်ထွက်ပေါ်နေသေးသည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ လက်ချောင်း တတောက်တောက် ခေါက်သံနှင့် နီးလာသည်။
“ရပ်”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။ ထိုအမိန့်နှင့်အတူ ရထားလုံးက ဟီသံတစ်ချက်နှင့်အတူ ရပ်သွားသည်။
အမိန့်ဟာ ရုတ်တရက် ထွက်လာသောကြောင့် သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့ကပင် အံ့ဩသွားသေးသည်။ လူတိုင်းက တိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်နေကြပြီး လေထဲတွင် အခြားသော ရထားလုံးများ၏ ဘီးလိမ့်သံ၊ လူအုပ်၏ အသံများကသာ ပြည့်နှက်လာသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက်”
ဝမ်ချောင်က တခဏခန့်ကြာပြီးနောက် စကားထပြောလာသည်။
“ငါ့ရဲ့နာမည်နဲ့ လမ်းလွဲဓားစံအိမ်က ခွန်းဝူလူသစ်လေ့ကျင့်ရေးစခန်းကို အပိုလေ့ကျင့်ရေးကွင်းအဖြစ် ခွန်းဝူလူသစ်လေ့ကျင့်ရေးစခန်းရဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ရာ နေရာတစ်ခုအဖြစ် လက်ဆောင်ပေးထားတဲ့အကြောင်း ပြောလိုက်”
သူ၏မျက်လုံးက အသာဖွင့်လာပြီးနောက် သူ၏ဆုံးဖြတ်ချက် ပြတ်သားကာ နက်နဲသောအကြည့်က ပေါ်ထွက်လာသည်။
“အာ”
သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့က ပင့်သက်ရှိုက်လိုက်သည်။ သူတို့၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး အမူအရာများက မှင်သက်သွားကြသည်။
++++
အခန်း(၁၂၆၇)
လမ်းလွဲဓားစံအိမ်သည် ဝမ်ချောင်၏ သွေးချွေးများဖြင့် မွေးဖွားဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး သူသည် ထိုအဆောက်အဦးကို တည်ဆောက်ရန် အင်အားအများကြီး စိုက်ထုတ်ကာ အချိန်အများကြီး ရင်းနှီးမြုပ်နှံထားရသည်။ သူ၏ လက်အောက်ငယ်သား ဗိုလ်ချုပ်များအားလုံးက ထိုနေရာမှ မြေတောင်မြှောက်လာခဲ့ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ တာလာ့၏ တိုက်ပွဲအတောအတွင်း ထိုလက်အောက်ငယ်သားများ အားလုံးက ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်သည့် ပါရမီနှင့် လုပ်နိုင်စွမ်းရည်များကို ဖော်ပြခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က မဟာထိန်းသိမ်းရေးစခန်း သုံးခုမှ စုစည်းထားသည့် ကျောင်းသားများ အားလုံးကို လမ်းလွဲဓားစံအိမ်သို့ ပို့ဆောင်ထားပြီး ထိုလူများသည် ဝမ်ချောင်ဟာ မဟာထန်စစ်တပ်တစ်ခုလုံးကို ကြိုးကိုင်ရန် ကြိုးစားအားထုတ်ထားသမျှဟု ဆို၍ရသည်။
သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့ကလည်း ဝမ်ချောင်ဟာ လမ်းလွဲဓားစံအိမ်သို့ ချက်ချင်းသွားပြီး အတိုက်အခံလုပ်မည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် ဝမ်ချောင်ဟာ လမ်းလွဲဓားစံအိမ်အား ခွန်းဝူလူသစ်လေ့ကျင့်ရေးစခန်းသို့ ပေးလိုက်သည်။
ထိုနှစ်ယောက်လုံးဟာလည်း ဝမ်ချောင်ကို ခိုင်မြဲစွာ ယုံကြည်သည်။ ထို့ကြောင့် သူဟာ ဘယ်သောအခါမှ အဓိပ္ပာယ်မဲ့သော ဆုံးဖြတ်ချက်များကို မလုပ်ကြောင်း နားလည်နေကြသည်။
“အာ”
ပထမဦးဆုံး အသိဝင်လာသူက သိန်းငှက်အိုကြီးဖြစ်သည်။ ကျန်းချွယ်ကမူ အနည်းငယ် မှင်သက်နေပုံရပြီး ထိုအကြံကို အပြည့်အဝ နားမလည်သေးချေ။
“နားမလည်သေးဘူးလား။ ကွန်ဖြူးရှပ်ဂိုဏ်းက ပထမမင်းသားရဲ့ အာဏာကိုသုံးတယ်။ ပထမမင်းသားက သူတော်စင်ဧကရာဇ်ရဲ့ အာဏာကိုသုံးတယ်။ ငါတို့က ဒီတစ်ကြိမ်မှာ ကွန်ဖြူးရှပ်ဂိုဏ်းကို အတိုက်အခံလုပ်ပြီး တိုက်ခိုက်မယ်ဆိုရင် သူတော်စင်ဧကရာဇ်ကို တိုက်ခိုက်တာဖြစ်သွားပြီ။ ဒီလိုအခြေအနေမျိုးကို ဖြစ်ခွင့်ပြုလို့မရဘူး။ ပိုဆိုးတာက မဟာလေ့ကျင့်ရေးစခန်း သုံးခုက သူတော်စင်ဧကရာဇ်ရဲ့ အမိန့်တော်အတိုင်း တည်ဆောက်ထားတာ။ ကွန်ဖြူးရှပ်ဂိုဏ်းက ပြဿနာမရှာခင် ဒီအခြေအနေကို ကြိုတင်ပြင်ဆင်ထားလောက်တယ်”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ တစ်ချိန်က တွေ့ဆုံခဲ့ဖူးသော ချောမောခန့်ညားပြီး ကျော့ရှင်းကြည့်ကောင်းသည့် အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားတစ်ယောက်က သူ၏စိတ်ထဲ ပေါ်ထွက်လာသည်။
ကွန်ဖြူးရှပ်ဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သည့် လီကျွင်းရှန်းဟုခေါ်သော ထိုလူဟာ အသက်(၂၆)၊ (၂၇)နှစ်ခန့်သာ ရှိသေးသည်။ သို့သော် သူ၏ တိုက်ကွက်များက ချောမွေ့မြန်ဆန်ပြီး ကြမ်းတမ်းလေရာ ပြိုင်ဘက်များကို အသက်ရှုချိန်ပင် မပေးချေ။ အဆုံးအစမဲ့သော အားလှိုင်းများကို လွှတ်ထုတ်နိုင်စွမ်းအား ရှိသည်။ ပို၍အရေးကြီးသည်မှာ သူသည် အရာအားလုံးကို တွက်ချက်ထားပြီး အနုစိတ်ကျသော အစီအစဉ်များကို ဖွဲ့စည်းထားလေရာ တစ်ဖက်သူကို တိုက်ခိုက်မည့် လမ်းကြောင်းတိုင်းနီးပါးကို ခန့်မှန်းထားနိုင်သလို ဖြစ်နေခဲ့သည့်အတွက် ရန်သူများအတွက် ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်း မကျန်သလောက် ဖြစ်နေသည်။
ဒါဟာ ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်သလို ဓားများ၊ ဆေဘာများကို အသုံးမပြုထားသော်လည်း ဝမ်ချောင်၏ ပြိုင်ဘက်ကမူ သူမျှော်လင့်ထားသည်ထက် ပို၍ကြောက်စရာကောင်းလာသေးသည်။ သူသည် ယခင်က ပြိုင်ဘက်ပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ သို့သော် မည်သူကမှ လီကျွင်းရှန်းနှင့် ယှဉ်နိုင်စွမ်းအား မရှိခဲ့ချေ။
“သူတို့က လမ်းလွဲဓားစံအိမ်ကို ဖြိုမဲ့အချိန်ကို စောင့်နေတာထက်စာရင် ခွန်းဝူလေ့ကျင့်ရေးစခန်းကို ပေးလိုက်တာက ပိုကောင်းတယ်။ ငါတို့က ကိစ္စတွေကို အရင်အတိုင်းပြန်ဖြစ်အောင် မလုပ်နိုင်ပေမဲ့ အနည်းဆုံးတော့ ကွန်ဖြူးရှပ်ဂိုဏ်းသားတွေကို ဆက်ရှုပ်ခွင့် မပြုနိုင်တော့ဘူး။ ဒီလိုအခြေအနေအရ လမ်းလွဲဓားစံအိမ်ကို တက်နိုင်သမျှ ထိန်းထားနိုင်လိမ့်မယ်”
ဝမ်ချောင်က လေးလံသောလေသံနှင့် ပြောသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်”
သိန်းငှက်အိုကြီးက တည်ငြိမ်စွာပြောသည်။
သူသည် ဝမ်ချောင်၏ ငယ်ရွယ်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာကို မြင်သောအခါ ပို၍ပင် ရိုးသားစွာ လေးစားလာမိသည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ တိုက်ကွက်များက ဒေါသထွက်စရာဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ဆက်တိုက်ခုခံမည့်အစား တက်တက်ကြွကြွ တုန့်ပြန်ပေးလိုက်သည်။ ကွန်ဖြူးရှပ်ဂိုဏ်းကပင် ဘာမှမလုပ်နိုင်လောက်ချေ။ သူတို့၏ တိုက်ကွက်များကပင် အလဟသ ဖြစ်သွားပေလိမ့်မည်။
“ကျန်းချွယ် ငါ့ကိုကူညီပြီး နယ်စပ်က မဟာဗိုလ်ချုပ်ကြီးတွေနဲ့ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်သွယ်ပေးပါ။ သူတို့ကိုပြောပြီး စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်ကို ဗိုလ်ချုပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်သင့်ကြောင်း တင်ပြဖို့ပြောလိုက်။ အဲ့ဒီအခြေစိုက်စခန်းက နယ်စပ်ကာကွယ်စောင့်ရှောက်ရေး ဌာနတွေအတွက် ဗိုလ်ချုပ်တွေကို လေ့ကျင့်ပေးဖို့အတွက် သီးသန့်ပါလို့ ပြောလိုက်ပါ။ ဖြောင့်မတ်မှန်ကန်ခြင်း ခန်းမကြောင့် မဟာလေ့ကျင့်ရေးစခန်း သုံးခုက ထုတ်ပယ်ခံခဲ့ရတဲ့ အဖွဲ့ဝင်တိုင်းကို ဗိုလ်ချုပ်အခြေစိုက်စခန်းက ခန့်အပ်မယ်။ စံချိန်မှီတဲ့ကျောင်းသားတိုင်း နယ်စပ်က ကာကွယ်စောင့်ရှောက်ရေး စစ်တပ်တွေကို ရွှေ့ပြောင်းပေးမဲ့ ကိစ္စမှာ စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်က စစ်ဆေးမှုတွေအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးမှ နယ်စပ်က ကာကွယ်စောင့်ရှောက်ရေး ဌာနတွေကို စံချိန်မှီတဲ့ ကျောင်းသားတွေကို ရွှေ့ပြောင်းမဲ့အကြောင်း ပြောလိုက်”
ဝမ်ချောင်ဟာ ဉာဏ်ကောင်းသည်။ သူ၏ အဝေးသို့ကြည့်နေသော မျက်ဝန်းများဟာ ဉာဏ်ပညာရှိပြီး နက်နဲသော အလင်းများဖြင့် တောက်ပနေသေး၏။
“ဒါတွေအပြင် ခဲ့ရှု့ဟန်၊ အန်းစစ်ရွှန်း၊ ရှန်းဝူကျုံ့ထုံး၊ ကောင်းရှန်းကျစ်နဲ့ ကျန်းရှို့ကွေးတို့ဆီကို သီးသန့် စာတွေရေးပေးဦး။ သူတို့ကိုပြောလိုက် ငါက ဗိုလ်ချုပ်အခြေစိုက်စခန်းမှာ ငါ့ရဲ့စစ်အနုပညာကို သင်ပေးမယ်။ သူတို့ကသာ ဒီကမ်းလှမ်းချက်ကို အင်တိုက်အားတိုက် ထောက်ပံ့ပေးပြီး သဘောတူလက်မှတ်တွေ ရေးထိုးပေးဖို့ လိုအပ်တယ်။ အဲ့ဒီလက်မှတ်တွေက သူတို့ရဲ့စစ်တပ်ကို ရွှေ့ပြောင်းလာတဲ့ အရာရှိတွေရဲ့ အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်းတော့ ပိုင်ရမယ်။ အဲ့ဒီလို လုပ်ပေးတာနဲ့ ငါက ငါ့ရဲ့ စစ်အနုပညာကို အပြည့်အဝ သင်ကြားပေးမယ်လို့ ပြောလိုက်ပါ။ တာလာ့နဲ့ ခိုရာစန်းမှာ ငါလုပ်ခဲ့တဲ့ ကိစ္စတွေကို မြင်ခဲ့ပြီးတဲ့နောက်မှာ သူတို့ငါ့ကို ငြင်းမှာမဟုတ်ဘူးလို့ ငါယုံတယ်”
ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ငါးယောက်၏ အသိအမှတ်ပြုမှုကို ရရှိလိုက်ပြီး ဆုံးဖြတ်ချက် ချနိုင်သည်နှင့် စစ်ဘက်ဆိုင်ရာ၊ အမှူထမ်းရေးရာ ရုံးတော်နဲ့ စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးတို့ကသာ လက်ခံပေးမည်ဆိုလျှင် အင်ပါယာရုံးတော်ကို တိုက်ရိုက်ကျော်ပြီး အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဝမ်ချောင်ဟာ ကိုယ်ပိုင်စစ်တပ်ကို မတည်ထောင်သမျှ စစ်သားတိုင်းကို နယ်စပ်ကာကွယ်စောင့်ရှောက်ရေး ဌာနများသို့ ပို့ဆောင်မည်ဆိုလျှင် ကွန်ဖြူးရှပ်ဂိုဏ်းများကလည်း ဘာမှ လုပ်နိုင်မည်မဟုတ်ချေ။
ဝမ်ချောင်၏နှုတ်ခမ်းမှ အမိန့်များ တသီတတန်းကြီး ထွက်လာသည်နှင့်အမျှ သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့၏ စိုးရိမ်မှုများ ပြည့်နှက်ပြီး မသက်မသာဖြစ်နေသော အမူအရာများက ချက်ချင်းလိုလို ပြေလျော့လာသည်။ လီကျွင်းရှန်းဟာ မည်သူဖြစ်နေစေကာမူ ကွန်ဖြူးရှပ်ဂိုဏ်းဟာ မည်သည့်နေရာက လာနေစေကာမူ ဒီတစ်ကြိမ်တွင် သူတို့သည် ပြိုင်ဘက် မှားရွေးမိသွားသည်။
“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက လုပ်လိုက်ပါ့မယ်”
နှစ်ယောက်လုံးက တစ်ပြိုင်တည်းဖြေသည်။
“ဒါတွေအပြင် ကျောင်းချန်ချုံကို ဘယ်နေရာမှာ အကျဉ်းချထားတာလဲ”
ဝမ်ချောင်က ရုတ်တရက်မေးသည်။
အရာအားလုံးတွင် သင့်တော်သော တိုင်းတာမှုများ ရှိသင့်သည်။ လီကျွင်းရှန်းတွင် မည်သို့သော အကြံအစည်များ ရှိနေစေကာမူ မည်သူကမှ သူ့ကို မခြိမ်းခြောက်နိုင်ချေ။ ဝမ်ချောင်ဟာ ယခုအခါ အစိုးရိမ်ဆုံးက ကျောင်းချန်းချုံ၏ လုံခြုံရေးဖြစ်သည်။
ကျောင်းချန်းချုံသည် ဝမ်ချောင်၏ ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ညွှန်ကြားပြသသူဖြစ်သည်။ ဝမ်ချောင်သည် တစ်ဖက်သူကို အမြဲတစေ လေးစားရိုသေနေမိသည်။
ကျန်းချွယ်က ဂါရဝပြုသည်။
“အရှင် ငါတို့သူ့ရဲ့ တည်နေရာကို ရှာတွေ့ပြီးပါပြီ။ အကျဉ်းချပြီးတဲ့နောက်မှာ အရှင်ကျောင်းချန်းချုံကို မြို့တော်ကို ပြန်ပို့လာပြီး အပြစ်ဒဏ်ခုံရုံးကို ပို့ထားပါတယ်”
ဝမ်ချောင်က ထိုသတင်းကြောင့် မျက်တောင်ခတ်လိုက်မိသည်။ အင်ပါယာခုံရုံး၏ စည်းမျဉ်းများအရ အပြစ်ကျူးလွန်သော အရာရှိတိုင်းကို စစ်ဘက်ဆိုင်ရာ အမှူထမ်းရေးရာရုံးတော်သို့ ပို့ဆောင်သင့်ပြီး ပြစ်မှုကျူးလွန်သည့် အပြစ်သားများကိုသာ အပြစ်ဒဏ်ရုံးတော်သို့ ပို့ရသည်။ အင်ပါယာခုံရုံးပင်ဖြစ်စေ၊ အင်ပါယာ မျိုးနွယ်ဝင်များကပင်ဖြစ်စေ ပါဝင်ပတ်သတ်သည်နှင့် ထိုအပြစ်သားများကို အဆုံးအဖြစ် ဆင်ခြင်ခြင်းရုံးတော်သို့ ပို့ဆောင်ရသည်။ ထိုအမျိုးအစား သုံးခုနှင့် မကိုက်ညီသော အပြစ်သားများကိုမူ အပြစ်ဒဏ်ရုံးတော်သို့ ပို့ဆောင်သည်။ ထိုနေရာသည် ထူးခြားသောအပြစ်သားများကို ကိုင်တွယ်ရန် အသုံးပြုသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာကို ကြီးစိုးသောသူက ဘုရင်ချီဖြစ်၏။
ထိုအကြောင်းအရာကို ကြားသိရပြီးနောက် အချို့သော ကိစ္စများဟာ သိသာထင်ရှားလာသည်။
“သွားရအောင် အပြစ်ဒဏ်ရုံးတော်ကို သွားမယ်”
ဝမ်ချောင်က တင်းမာစွာပြောသည်။
.....
အပြစ်ဒဏ်ရုံးတော်သည် အင်ပါယာနန်းတော် အနောက်မြောက်ဘက် ထောင့်ကျသောနေရာတွင် တည်ရှိသည်။ ထိုနေရာသည် လူအလွန်ရှင်းသည်။ မြို့တော်မှ လူအနည်းဆုံး နေရာမျိုးတွင် တည်ရှိသည်။ ပို၍ဆိုးသည်မှာ ထိုနေရာကို အင်ပါယာမျိုးနွယ်အပိုင်ဖြစ်လေရာ သာမာန်လူများက ဝင်ရောက်ခွင့်မရှိချေ။
ဘုန်း
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံထွက်လာသည်။ ပြင်းထန်သော အားလှိုင်းများနှင့် မရေမတွက်နိုင်သော အော်ဟစ်သံများက ထိုခုံရုံးတော်မှ သံချပ်ကာအပြည့်အဝ တပ်ဆင်ထားသော အစောင့်များကို ခွေးသေကောင်များအလား လွင့်ထွက်သွားစေသည်။ လေထဲတွင် ရှိနေသေးသည့် အချိန်တွင်ပင် သူတို့၏ သံချပ်ကာ လက်နက်များ အားလုံးက ကြယ်တာရာစွမ်းအင်များကြောင့် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။ ဝမ်ချောင်က သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်ကို ဦးဆောင်လျှက် မရပ်တန့်နိုင်သည့် အရှိန်မျိုးဖြင့် အတွင်းသို့ တိုက်ရိုက်ဝင်သွားသည်။
“ဒါက ပြစ်ဒဏ်ခန်းမပဲ။ ရပ်စမ်း”
အပြစ်ဒဏ်ခန်းမမှ ကျွမ်းကျင်ပညာရှင်များက အရပ်မျက်နှာအနှံ့မှ ထွက်လာသည့်အချိန်တွင် ဒေါသတကြီးဖြစ်သံ၊ အံ့အားတကြီး အော်ဟစ်သံများက ထွက်ပေါ်လာသည်။
သို့သော် ကျွမ်းကျင်ပညာရှင်များက တစ်အုပ်ပြီးတစ်အုပ် ရောက်လာသော်လည်း မည်သူကမှ ဝမ်ချောင်နှင့် ခြေလှမ်းသုံးဆယ်အကွာသို့ မဝင်ရောက်နိုင်ချေ။ စွမ်းအင်များက သူတို့အား စုတ်ဖြဲပစ်သည်။ သူတို့အား လွင့်ထွက်အောင် လုပ်သည်။ သို့မဟုတ် လေထဲတွင်ပင် လည်ပတ်သွားစေလျှက် အချင်းချင်း စတိုက်မိသွားစေသည်။
“ကျောင်းချန်းချုံကို ဘယ်နေရာမှာ ထိန်းသိမ်းထားတာလဲ”
ဝမ်ချောင်ဟာ လက်တစ်ဖက် ဆန့်ထုတ်လိုက်သောအခါ လေထဲသို့ လွင့်ပျံသွားသော အပြစ်ဒဏ်ရုံးတော်မှ အရာရှိတစ်ယောက်က ချက်ချင်းလိုလို လွင့်ပျံလာပြီး ဝမ်ချောင်ထံ ရောက်လာသည်။ သူ၏လက်ချောင်းများက တစ်ဖက်သူ၏ လည်တိုင်ကို ခပ်တင်းတင်း ညှစ်လိုက်ပြီး ငှက်တစ်ကောင်လို လေထဲတွင် တွဲလောင်းဆွဲထားသည်။
“ငါ ငါ ငါမပြောဘူး အရှင့်သား ဘုရင်ချီကို အကြောင်းကြားပြီးပြီ။ သူသိပ်မကြာခင် ရောက်လာတော့မှာ။ မင်းလွတ်မှာမဟုတ်ဘူး”
အပြစ်ဒဏ်ရုံးတော်မှ ကျွမ်းကျင်ပညာရှင်၏ မျက်နှာက နီရဲလာပြီး ကြောက်လန့်မှုဖြင့် ပြည့်နှက်နေသော်လည်း ပြောရန်ငြင်းဆန်သည်။
“ဟွန်း ငါ့ရဲ့အရှေ့မှာ မင်းလျှာဘယ်လောက်ကျက်ကျက် ကိစ္စမရှိတော့ဘူး”
ထိုအတွေးနှင့်အတူ ဝမ်ချောင်က သူ၏စိတ်စွမ်းအင်များကို တစ်ဖက်သူ၏ စိတ်အတွင်းသို့ တလဟော ထိုးထည့်လိုက်သည်။ အားနည်းသော ခုခံမှုကို ကြုံတွေ့ခဲ့ပြီးနောက် ဝမ်ချောင်၏ စိတ်စွမ်းအားများက တစ်ဖက်သူ၏ စိတ်အတွင်းသို့ နက်ရှိုင်းစွာ တိုးဝင်လိုက်နိုင်သည်။
“အပြစ်ဒဏ်ခုံရုံး နံပါတ်(၂၂) အကျဉ်းခန်း”
ဝမ်ချောင်က ရေရွတ်လိုက်ပြီးနောက် ထိုလူအား အနောက်ဘက်မှ ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ကျော်ထံ လွင့်ပစ်လိုက်သည်။ ထိုသို့ဖြင့် ထိုလူအုပ်ကိုလည်း ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
ဘုန်း
ဝမ်ချောင်က အပြစ်ဒဏ်ရုံးတော်မှ ကျွမ်းကျင်ပညာရှင် အယောက်ရာကျော်ကို ကျော်ဖြတ်သွားသည့် အချိန်တွင် ကြယ်တာရာစွမ်းအင်များက သူတို့ကို ရိုက်ခတ်လိုက်သည်။ ထိုသို့ဖြင့်သူဟာ အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။
သူသည် အပြစ်ဒဏ်ရုံးတော်၏ မြေအောက် အကျဉ်းထောင်သို့ ဆက်လက် စီးဝင်သွားပြီဖြစ်သည်။ ထိုနေရာဟာ ပို၍ခြောက်ခြားဖွယ်ကောင်းပြီး ဆိုးယုတ်မှုအပြည့်နှင့်ဖြစ်သည်။ ထိုနေရာတွင် စုတ်ပြတ်သပ်နေသော ပုံစံမျိုးဖြင့် အကျဉ်းသားများကို ထိန်းထားသည်။ သူတို့၏ ခန္ဓာကိုယ်များက အရွန်းရာအပြည့်နှင့်ဖြစ်ပြီး သူတို့သည် နှိပ်စက်ခံထားရကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ဝမ်ချောင်က ထိုအခြေအနေကို မြင်သောအခါ ပို၍ပင် ဒေါသထွက်လာသည်။ ဘုရင်ချီ၏လူများက ကျောင်းချန်းချုံကို နှိပ်စက်ခဲ့သောလူဟာ ထိုလူများကို ခွင့်လွှတ်ပေးနိုင်မည်မဟုတ်ချေ။
“အရှင်ကျောင်း”
ကျန်းချွယ်နှင့် သိန်းငှက်အိုကြီးတို့က ဝမ်ချောင်၏နောက်မှလိုက်သည်။ ဝမ်ချောင်ဟာ ခြေလှမ်းကျဲကြီးများနှင့်အတူ နံပါတ်(၂၂) အကျဉ်းခန်းသို့သွားသည်။ သို့သော် ထိုအကျဉ်းခန်းကို ရှာတွေ့ပြီးနောက် သူတို့၏ တစ်ကိုယ်လုံးက ထုံထိုင်းသွားသည်။
“ဒါက....”
နှစ်ယောက်လုံးက ထိုအကျဉ်းခန်းအား စွံ့အစွာ ကြည့်လိုက်ကြသည်။
“သိန်းငှက်အိုကြီး၊ ကျန်းချွယ်”
ဝမ်ချောင်ဟာ ထိုအကျဉ်းခန်း၏ အခြေအနေကို မြင်သောအခါ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူ၏အသံဟာ ရုတ်တရက် ရပ်တန့်သွားသည်။ အကျဉ်းခန်းဟာ ဗလာဖြစ်နေသည်။ မည်သူမှ ရှိမနေချေ။
မဖြစ်နိုင်တာ။
ဒါဟာ ဝမ်ချောင်၏ ပထမဦးဆုံး တုန့်ပြန်မှုဖြစ်သည်။ ဝမ်ချောင်ဟာ ကျောင်းချန်းချုံ အဖမ်းခံရပြီးပြီးချင်း ဒီနေရာသို့ အပြေးလာခြင်းဖြစ်သည်။ သူသည် ထိုအပြစ်ဒဏ်ခုံရုံးမှ ကျွမ်းကျင်ပညာရှင်၏ စိတ်မှတစ်ဆင့် ဒီတည်နေရာကို သိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သတင်းအချက်အလက်က မမှားနိုင်ချေ။
“အခြားအကျဉ်းခန်းတွေကို ရှာစမ်း။ သူ့ကို တစ်နေရာကို ရွှေ့ထားတာဖြစ်မယ်”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင်”
ကျန်းချွယ်နှင့် သိန်းငှက်အိုကြီးတို့က ချက်ချင်းဆိုသလို အခြားသော အကျဉ်းခန်းများထံ သွားကြသည်။ ထိုအချိန်တွင် ဝမ်ချောင်ဟာ ဘေးဘီကိုကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို တစ်ဖက်ခြမ်းသို့ လွင့်ပစ်ခံလိုက်ရသည့် အကျဉ်းထောင်စောင့်တစ်ယောက်ကို ခပ်မြန်မြန် သတိထားမိသွားသည်။ သူဟာ တစ်ဖက်သူ၏ စိတ်အတွင်းသို့ သူ၏စိတ်စွမ်းအားများကို လျှင်မြန်စွာ ထိုးသွင်းလိုက်သည်။ ထိုအချိန်တွင် အကျဉ်းထောင်စောင့် သိသော အရာများကို သိလိုက်ရပြီး သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မျက်မှောင်ကလည်း ကျုံ့သွား၏။ သို့ရာတွင် သူ၏မျက်နှာပေါ်မှ တင်းကြပ်မှုက ပြေလျော့သွားသည်။
ကျောင်းချန်းချုံကို တစ်စုံတစ်ယောက်က လာကယ်သွားတယ်
ဒါဟာ ဝမ်ချောင်က ထိုလူ၏ စိတ်ထဲမှ ရရှိလိုက်သည့် သတင်းအချက်အလက်ဖြစ်သည်။ သူက ရောက်ပြီး သိပ်မကြာခင် အဆင့်အတန်း မြင့်မားပုံရသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က အပြစ်ဒဏ်ခုံရုံးသု့ိ ရောက်ရှိလာပြီး ကျောင်းချန်းချုံကို အကျဉ်းထောင်ထဲမှ ခေါ်ဆောင်သွားသည်။ အခြေအနေများအရ ထိုလူသည် ဘုရင်ချီနှင့် ဆက်ဆံရေး ကောင်းမွန်ပုံမရချေ။ ထို့ပြင် ဒီရုံးတော်မှ လူများကလည်း ထိုလူအား တားရန်ကြိုးစားခဲ့သေးသည်။
“ဘာတွေဖြစ်နေတာလဲ”
ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ သူ၏စိတ်က ရှုပ်ထွေးသွား၏။ သူသည် ဒီလိုအခြေအနေကို မမျှော်လင့်ထားမိချေ။ ဘုရင်ချီသည် ဘယ်သောအခါမှ လာဒ်ထိုးမှုကို လက်ခံလိမ့်မည်မဟုတ်ချေ။ သူ၏အကျင့်စရိုက်ကလည်း ကြမ်းတမ်းသည်။ သူသည် မောက်မာထောင်လွှားပြီး မာနကြီးလွန်း၏။ သူ၏ အပြစ်ဒဏ်ခုံရုံးတော်မှ တစ်စုံတစ်ယောက်ကို ဖယ်ရှားသောကိစ္စက သာမာန်လူများ လုပ်နိုင်သည့် ကိစ္စမဟုတ်ချေ။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်သည်လည်း ကျောင်းချန်းချုံကို သိသည်မှာ ကြာပြီဖြစ်သည်။ သို့သော် တစ်ဖက်သူဟာ ထိုမျှအဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ယောက်ကို သိထားကြောင်း မသိခဲ့ဖူးပါချေ။
ဒါဆိုရင် ဒဏ္ဍာရီက မှန်နေတာလား။
ဝမ်ချောင်၏စိတ်က အမျိုးမျိုးသော အတွေးများဖြင့် မွှေနှောက်ခံလိုက်ရသည်။
အမှန်တိုင်းဆိုရသော် မြို့တော်တွင် ကျောင်းချန်းချုံနှင့် ပတ်သတ်ပြီး ကောလဟာလ အမြောက်အများရှိသည်။ အကျယ်ပြန့်ဆုံး ကောလဟာလကမူ ကျောင်းချန်းချုံသည် နောက်ခံအချို့ရှိကြောင်း ပျံ့နှံ့နေသည်။ ထိုအခြေအနေအတွက် သက်သေကမူ ကျောင်းချန်းချုံတွင် နောက်ခံမရှိသလို မည်သည့်အဆင့်အတန်းမှ မရှိသော်လည်း ခွန်းဝူလေ့ကျင့်ရေးစခန်းမှ ညွှန်ကြားရေး ခေါင်းဆောင်တစ်ယောက် ဖြစ်လာမည့် အခြားသော ညွှန်ကြားရေးမှူးတိုင်းကို ကျော်တက်ခဲ့သည်ဆိုသည့် ဖြစ်ရပ်ဖြစ်သည်။
ပို၍ဆိုးသည်မှာ သူသည် ခွန်းဝူလူသစ် လေ့ကျင့်ရေးစခန်းတွင် အမိန့်ပေးအနုပညာကိုသင်သည့် တစ်ဦးတည်းသော ညွှန်ကြားပြသသူ ဖြစ်လေသည်။
++++
1268 01
အခန်း(၁၂၆၈)
“အရှင်ကျောင်း ငါခင်ဗျားကို အထင်သေးမိသွားတာပဲ။ ကြည့်ရတာ ခင်ဗျားရဲ့ဝန်းကျင်မှာ လျို့ဝှက်ချက်အချို့ ရှိနေသေးတဲ့ပုံပဲ”
ဝမ်ချောင်က ရှင်းလင်းသွားသော နံပါတ်(၂၂)အကျဉ်းထောင်အခန်းကိုကြည့်ပြီး သူ၏နှုတ်ခမ်းက ကော့တက်ပြီး အပြုံးတစ်ခုပေါ်လာသည်။
“ကျန်းချွယ်၊ သိန်းငှက်အိုကြီး ရှာဖို့မလိုတော့ဘူး သွားရအောင်”
ဝမ်ချောင်က ရုတ်တရက် လှမ်းပြောလိုက်သည်။ ထို့နောက် ခေါင်းကိုလှည့်လိုက်ပြီး အပြစ်ဒဏ်ရုံးတော်ထဲမှ ထွက်ရန် ပြင်ဆင်လိုက်၏။
“အာ”
ရုတ်တရက် ထွက်လာသောအမိန့်က ကျန်းချွယ်နှင့် သိန်းငှက်အိုကြီးတို့ကို နားမလည်နိုင်သလို ကြည့်မိစေသည်။ သို့သော် တွေးတောရန် အချိန်မရှိလေဘဲ နောက်မှစပြေးလိုက်ရ၏။
အပြစ်ဒဏ်ရုံးတော်၏ သုန်မှုန်မည်းမှောင်နေသော မြေအောက် အကျဉ်းထောင်ထဲမှ ထွက်လိုက်ပြီးနောက် ချက်ချင်းဆိုသလို အဝေးမှလာသည့် ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။
“ဝမ်ချောင် မင်းက စည်းမျဉ်းတွေ၊ စည်းကမ်းတွေ၊ အသိတရားတွေကို လေးစားမှု ဆုံးရှုံးကုန်ပြီး အပြစ်ဒဏ်ရုံးတော်ထဲကိုတောင်ဝင်လို့ အကျဉ်းသားကိုတောင် ခေါ်ဆောင်သွားရဲတယ်။ မင်းက ဒီဘုရင်မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား”
ဝမ်ချောင်သည် ခေါင်းကိုမော့လိုက်သောအခါ အပြစ်ဒဏ်ရုံးတော်၏ အပြင်ဘက်တွင် လူပင်လယ်ကြီးကို မြင်လိုက်ရသည်။ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များက ဒီနေရာအား ဝိုင်းနေကြ၏။ ထိုလူများ၏အလယ်တွင် အင်ပါယာဝတ်စုံကိုဝတ်ပြီး ဒေါသတကြီးဖြစ်နေသော မျက်နှာမျိုးနှင့် ဘုရင်ချီဖြစ်သည်။ ဘုရင်ချီသည် ရှေ့သို့လျှောက်လာသည့် အခိုက်အတန့်တွင် သူ၏ကိုယ်မှ သတ်ဖြတ်လိုစိတ်များက ဖြာထွက်နေသည်။ ဘုရင်ချီ၏မျက်နှာက ဒေါသများကြောင့် ရှုံ့မဲ့နေသည်။ အကြည့်ကတောင် လူသတ်နိုင်လျှင် ဝမ်ချောင်သည် အကြိမ်ထောင်ပေါင်းမက သေပြီးလောက်လေပြီ။
ဝမ်ချောင်က ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သောအခါ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ၊ စစ်သားပေါင်းများစွာက ဆက်လက်ပြီး စုစည်းလာနေသေးကြောင်း တွေ့လိုက်သည်။ အားလုံးဟာ ဘုရင်ချီခေါ်လာသည့် ကျွမ်းကျင်ပညာရှင်များ ဖြစ်လောက်သည်။
“ဟွန်း”
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီး မည်သူမျှ ရှိမနေသလိုမျိုး လူအုပ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဆောင့်ဝင်သွားလိုက်သည်။
တိုက်ပွဲနယ်မြေတွင် သူသည် စစ်သည်ထောင်ကျော်ကို ရင်ဆိုင်နိုင်သည်။ ဘုရင်ချီက ခေါ်လာသည့် လူအနည်းငယ်လောက်ကို ဂရုစိုက်နေလောက်မည်မဟုတ်ချေ။
“ငါက အကျဉ်းသားတွေကို ခေါ်သွားချင်ရင် ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ။ ခင်ဗျားက ခွန်းဝူလေ့ကျင့်ရေးစခန်းက ညွှန်ကြားရေးမှူးတွေကို ဘယ်အချိန်က ဖမ်းခွင့်ရှိသွားတာလဲ”
ဝမ်ချောင်က အကြောက်အလန့်မဲ့စွာနှင့် လျှောက်သွားရင်း ဘုရင်ချီကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ရမ်းကားလိုက်တဲ့ကောင်”
ဘုရင်ချီ၏မျက်နှာက ပြာနှမ်းလာပြီး ဒေါသများဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။ အပြစ်ဒဏ်ရုံးတော်သည် သူ၏ပိုင်နက်နယ်မြေဖြစ်သည်။ ဝမ်ချောင်သည် ဒီနေရာတွင် လှုပ်ရှားလိုက်ခြင်းက သူ့ကို ပြောင်စိန်ခေါ်ခြင်းဖြစ်သည်။
“အသုံးမကျတဲ့ကောင် မင်းရဲ့သွေးကြောထဲမှာ တော်ဝင်သွေး တစ်စက်မှမရှိတဲ့ မျိုးရိုးနာမည်မတူတဲ့ ဘုရင်ပဲဖြစ်နေတာ။ ဟွန်း မင်းကငါနဲ့ အဆင့်တူနေရာမှာ လာထိုင်နိုင်ပြီလို့ တကယ်ပဲ ထင်နေတာလား။ မင်းက အပြစ်ဒဏ်ရုံးတော်ကို လာပြီဆိုကတည်းက အလွယ်တကူ ထွက်သွားဖို့ မစဉ်းစားနဲ့”
သုန်မှုန်သောမျက်နှာနှင့် ဘုရင်ချီက လက်ကိုအသာယမ်းလိုက်သည်။ ထိုအခါ အနောက်ဘက်မှ ကျွမ်းကျင်ပညာရှင်များက ချက်ချင်းလိုလို ခုန်ထွက်လာ၏။ သူတို့၏ကိုယ်မှ ထွက်လာသော စွမ်းအင်များဟာ မီးတောင်မှ ထွက်လာသော ချော်ရည်များအလား ထင်ရပြီး အားလုံးဟာ ဝမ်ချောင်ကို ချိန်ရွယ်ထားကြသည်။
“မင်းတို့က ငါ့ကို ကိုင်တွယ်ချင်ရင် ကိုယ့်အင်အားကို သိသင့်တယ်”
ဝမ်ချောင်၏ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့သော စွမ်းအင်အားလှိုင်းများက ပေါက်ကွဲ၍ ထွက်လာသည်။ ထို့နောက် ညဉ်းညူသံ အတန်းလိုက် ပေါ်ထွက်လာ၏။ ဘုရင်ချီ၏အနောက်မှ ကျွမ်းကျင်ပညာရှင်တိုင်းက နောက်သို့ဆုတ်သွားကြရသည်။
“မင်းက သေချင်နေတာပဲ”
1268 02
ဘုရင်ချီသည် ဒေါသတကြီး အံ့ကိုကြိတ်သည်။ သူသည် ရှေ့သို့ထွက်ကာ ခြေထောက်ဆောင့်လိုက်သည့် အခိုက်အတန့်တွင် ခမ်းနားထည်ဝါသော မိုးပြာရောင်စွမ်းအင် အားလှိုင်းတစ်လှိုင်းက ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏အရှိန်အဝါသည် စတင်ကာ မြင့်တက်လာပြီး သူတော်စင်သိုင်းနယ်မြေ အဆင့်သို့ ရောက်သွားသည်။ ထို့နောက် အထွတ်အထိပ်သို့ ပြန်တက်သွား၏။ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ဆက်လက်ပြီး မြင့်တက်အောင် ကြိုးစားသေးပြန်သည်။ ထိုသို့ဖြင့် မဟာဗိုလ်ချုပ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။ ဒါဟာ အဆုံးသတ် မဟုတ်သေးပုံရသည်။ ဘုရင်ချီက ထုတ်ပြထားသော အင်အားဟာ အပုမူစလင်ကို ယှဉ်နိုင်သည်။
???
သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့သည်လည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ ဘုရင်ချီဟာ မောက်မာထောင်လွှားပြီး အာဏာရှင်ဆန်ကြောင်း မြင့်မားသော အဆင့်အတန်းကိုသုံးပြီး အနိုင်ကျင့်ရခြင်းအား သဘောကျကြောင်း လူတိုင်းနီးူပါး သိထားကြသည်။ သို့သော် ဘုရင်ချီဟာ ထိမျှအထိ ကျင့်ကြံခြင်းအဆင့် မြင့်မားနေလိမ့်မည်ဟု မည်သူကမှ မသိထားလောက်ချေ။ သူက ယခုထုတ်ပြထားသော ကျင့်ကြံခြင်းအဆင့်ကတင် လောကရှိ အတော်ဆုံးသော ကျွမ်းကျင်ပညာရှင်များကြားတွင် နေရာတစ်နေရာ ရနေစေပြီဖြစ်သည်။
ဝုန်း
အပြစ်ဒဏ်ရုံးတော်နှင့် လီပေါင်းများစွာအတွင်းရှိ အရာအားလုံးက စတင်ကာ လှုပ်ခါလာ၏။ တခဏခန့်ကြာပြီးနောက် ဘန်းကနဲ ပေါက်ကွဲသံက ထွက်လာ၏။ ဘုရင်ချီက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထို့နောက် ခုန်ထွက်လာသော နဂါးကြီးတစ်ကောင်အလား ဝမ်ချောင်ထံ ပြေးဝင်လာပြီး အနောက်ဘက်တွင် ပုံရိပ်ယောင်ပေါင်းများစွာကို ချန်ထားရစ်ခဲ့သည်။
“အသုံးမကျတဲ့ဟာ ဒီဘုရင်ကမင်းကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲပစ်မယ်”
ဘုရင်ချီ၏အော်သံက အပြစ်ဒဏ်ရုံးတော်တခွင် ပဲ့တင်ထပ်သွားသည်။
ဝေါင်း
လူတိုင်း၏နားထဲတွင် ကြားလိုက်ရသည့် အသံကမူ သွေးကိုဆာလောင်နေသော ဖျက်ဆီးရန် စိတ်အားထက်သန်နေသော ရှေးဟောင်းသားရဲကြီး တစ်ကောင်၏ ဟိန်းသံအဖြစ် ပြောင်းလဲသွားသည်။ တဏခန့်နီးပါး ကြာပြီးနောက် တောင်တစ်လုံး အရွယ်အစားခန့်ရှိပြီး အပြာအနက် အမွှေးများ ပြည့်နှက်နေကာ ရှည်လျားသော အစွယ်များကို ပိုင်ဆိုင်ထားသည့် ကြီးမားသော သားရဲကောင်ကြီးက ဘုရင်ချီ၏အနောက်ဘက်တွင် ပေါ်ထွက်လာသည်။ သူ၏မျက်လုံးထဲတွင် ဖျက်ဆီးလိုစိတ်ကသာ ပြင်းထန်နေ၏။ ထိုအကောင်ကြီးကို မြင်လိုက်သောလူတိုင်းက ကြောက်လန့်သွားရသည်။
မုန်တိုင်းသားရဲ
ထိုအကောင်ကြီးသည် ဝေးကွာလွန်းသော သမိုင်းမှတ်တမ်း တစ်ခုအတွင်းတွင် ဗဟိုပြင်ကျယ်တွင် ရှင်သန်နေထိုုင်ခဲ့ဖူးသည့် ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်ဖြစ်သည်။ အင်ပါယာနန်းတောင်ထဲတွင်လည်း မရေမတွက်နိုင်သော လျို့ဝှက်သိုင်းများရှိလေရာ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်သည့် ဘုရင်ချီအနေဖြင့် ရှေးဟောင်းစာအုပ်များထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ဖတ်ရှု့ခွင့်ရှိသည်။ ထိုသိုင်းသည် ရှေးဟောင်းသားရဲကြီး၏ အနှစ်သာရကို စစ်ထုတ်နိုင်သော သိုင်းမျိုးဖြစ်သလို ဘုရင်ချီကျင့်ကြံထားသည့် ရှေးကျပြီး လေးစားဖွယ်ကောင်းသော သိုင်းတစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြနေသည်။
“ကိုယ့်အင်အားကို မသိတာပဲ”
ဘုရင်ချီက ဥက္ကာပျံတစ်ခုလို ခုန်ဆင်းလာပြီး မှင်သက်ဖွယ်ကောင်းသော စွမ်းအားများကို လွှမ်းခြုံထားသည့် မြင်ကွင်းက ဝမ်ချောင်ထံမှ လှောင်သံကိုသာ ထွက်လာစေသည်။
ဘုရင်ချီသည် ဒီခေတ်တွင် ထိပ်တန်း စစ်ပညာရှင်ထဲမှ တစ်ယောက်ဖြစ်ထိုက်သည်။ သူသည် မြင့်မားသော အဆင့်အတန်းရှိပြီး ရည်မှန်းချက်ကြီးရုံသာ မကသေးလေဘဲ ဖော်ပြရန် ခက်ခဲလောက်အောင် ပြင်းထန်သည့် အင်အားနှင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်။
အား... ဘုရင်ချီက အင်အားကြီးမားပေမဲ့ သူ့ရဲ့အင်အားကို မြှင့်ထားရုံပဲရှိတာ။ သူက သိမ်မွေ့တဲ့နယ်မြေကို ထိတွေ့နိုင်သေးလို့လား။
ဘုန်း
ဝမ်ချောင်က ရှေ့သို့တစ်လှမ်းတိုးသည်။ မြေကမ္ဘာဟာ တသိမ့်သိမ့် တုန်သွားပြီးနောက် သူသည် အမြှောက်ကြီးတစ်ခုလိုမျိုး ရှေ့သို့ခုန်ထွက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်ခုနှင့်အတူ နှစ်ဖက်က ထိပ်တိုက်ဆုံသွားချိန်တွင် သူသည် ဘုရင်ချီ၏ကိုယ်မှ ထုတ်ပြထားသည့် စွမ်းအားအနည်းဆုံးနေရာသို့ တိုက်ရိုက် ထိုးချေပစ်လိုက်သည်။
“မဟာရင်ယန်သိုင်း”
အသံတစ်သံက အင်ပါယာရုံးတော်အတွင်း မိုးခြိမ်းသံလို ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လူတိုင်းက ကောင်းကင်ဘုံကို ကြည့်လိုက်ကြ၏။ သူတို့သည် ရှုပ်ယှက်ခက်နေသော အရာများကို မြင်နေရသလို ခံစားလိုက်ရ၏။ ထို့နောက် နေတစ်စင်းနှင့် လတစ်စင်းက ပေါ်လာသည်။
1268 03
ဘုန်း
တစ်စက္ကန့်သည် ခေတ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းသလို ကြာမြင့်သွားပြီးချိန်တွင် တစ်လောကလုံးကို လှုပ်ခါလိုက်နိုင်သည့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာသည်။
“အား”
တခဏခန့်ကြာပြီးနောက် အပြစ်ဒဏ်ရုံးတော်၏ မြေပြင်ပေါ်သို့ ဥက္ကာတုံးတစ်တုံး ကြွေကျလာသလိုမျိုး ပုံရိပ်တစ်ခုက ပြုတ်ကျလာသည်။ ထိုအခါ မြေပြင်တွင် ကြီးမားသော ကွဲအက်ရာကြီးက ပေါ်လာသည်။ ထိုနေရာကစတင်ပြီး သောင်းပေါင်းများစွာသော ကျောက်သားများက လေထဲသို့ မြောက်တက်သွားသည်။ ဖုန်တိမ်စိုင်လုံးများက ရစ်ခွေလာသေး၏။
“ဘုရင်ချီ”
“အရှင့်သား”
“အရှင့်သား”
ဘုရင်ချီ၏ ပြုတ်ကျမှုက အပြစ်ဒဏ်ရုံးတော် အရှေ့မှ ကျွမ်းကျင်ပညာရှင် တစ်အုပ်အား ပွက်လောရိုက်သွားစေသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက အလန့်တကြား အော်ဟစ်ရင်း ရှေ့သို့အပြေးသွားကြသည်။ သူတို့၏မျက်နှာတွင် အထိတ်တလန့်ဖြစ်မှုများက ပြည့်နှက်နေ၏။ ခွန်အားချင်း ကွာခြားချက်က လျှင်မြန်စွာ အဆုံးသတ်သွားစေလောက်အောင် သိသာသည်။ ထိုသို့ဖြင့် ပို၍မြန်ဆန်စွာပင် ပြီးဆုံးသွားသေးသည်။ တစ်လှည့်တည်းနှင့် ဘုရင်ချီဟာ အကြွင်းမဲ့ရှုံးသွားသည်။
“ဟွန်း”
လေထဲတွင် မျောလွင့်နေသည့် ဝမ်ချောင်က ရွက်ကြွေကျဆင်းလာသလိုမျိုး တဖြည်းဖြည်းချင်းစီ မြေပြင်သို့ ပြန်လည်ဆင်းသက်လိုက်သည်။ ဘုရင်ချီသည် သိမ်မွေ့သောနယ်မြေသို့ မထိတွေ့နိုင်သေးချေ။ ထိုနယ်မြေကို ကြားပင် မကြားဖူးလောက်သေးချေ။ ထို့ကြောင့် ဝမ်ချောင်အား သန့်စင်သော ခွန်အားချင်းသုံးပြီး ယှဉ်လိုသော် အိမ်မက် မက်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။
“တက်”
ဝမ်ချောင်က မြေပြင်သို့ အသာဆင်းသက်လာသည်။ သူသည် ကျော့ရှင်းကြည့်ကောင်းစွာ ဆင်းသက်လာသော ပုံစံအရ အသက်ပင် ပြင်းပြင်းထန်ထန် ရှုထားပုံမရသည့်အလျောက် ပေါ့ပါးလွန်းစွာ ကိုင်တွယ်ခဲ့ကြောင်း ဖော်ပြရာရောက်သည်။ သူသည် အင်အားအပြည့် မသုံးထားခဲ့သည်မှာ သိသာ၏။
“သွားကြမယ်”
သူသည် ပြုတ်ကျသွားသော ဘုရင်ချီကို တစ်ချက်ပင် မကြည့်ပါချေ။ ဝမ်ချောင်သည် သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်ကို ခေါ်ထုတ်သွား၏။ သူ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းက လက်နေသည်။
“အရှင်”
သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့က နောက်မှကပ်လိုက်သွားသည်။ ယခုအဖြစ်အပျက်ကြောင့် နှစ်ယောက်လုံးက ပျော်နေကြ၏။ ဘုရင်ချီသည် အချိန်တိုင်းလိုလို အတိုက်အခံ လုပ်နေကြသည်။ ယခုအခါ တစ်ဖက်သူ၏ ထည်ဝါမှုများကို ဆွဲဖြဲနိုင်ခဲ့သလို တစ်ဖက်သူအား ရှုံနိမ့်အောင် လုပ်နိုင်ခဲ့၏။ ထို့ကြောင့် သူတို့သည်လည်း ဂုဏ်ယူမှုကို ခံစားနေရသည်။
“ဝမ်ချောင် ဒီဘုရင်က မင်းကိုသတ်မယ်”
ဝမ်ချောင်က ခြေနှစ်လှမ်းသာ လှမ်းရသေးသည်။ အဆုံးအစမဲ့လောက်အောင် ပေါများသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများနှင့် ရောယှက်နေသော ကောင်းကင်ကိုပင် လှုပ်ခါစေနိုင်သည့် ဟိန်းသံကြီးက နားအတွင်း ပေါက်ကွဲထွက်လာသည်။
ဘုန်း
ဖုန်မှုန့်များ၏ ပေါက်ကွဲမှုအတွင်းတွင် ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး ဝမ်ချောင်၏လမ်းကို ပိတ်သည်။ ထို့နောက် သတ်ဖြတ်လိုစိတ်များက ပို၍သာ မြင့်တက်လာသည်။
ဘုရင်ချီ၏ကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသည်။ သူ၏မျက်နှာဟာ ဖူးယောင်နေပြီး ပြာနှမ်းနေသည်။ သို့သော် မျက်လုံးများကမူ ဝမ်ချောင်ထံတွင်သာ မြဲမြံစွာရှိနေပြီး သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်ထားသည်မှာ ထိတွေ့ကိုင်တွယ်၍ပင် ရလောက်၏။
“အားလုံးပဲ အဲ့ဒီကိုသွားပြီး ဒီကောင်စုတ်ကိုသတ်”
ဘုရင်ချီဟာ ရက်စက်သော မျက်နှာထားမျိုးကို ထုတ်ထားသည်။ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်သည့်အလျောက် ဘုရင်ချီသည် အမြဲတစေ အဆင့်အတန်းမြင့်မားပြီး မြင့်မြတ်သော အရှိန်အဝါကို ထိန်ထားတတ်သည်။ သူ၏ဘဝတွင် လူများကသူ့ကို အကြွင်းမဲ့လေးစားမှု အပြည့်ဖြင့်သာ ဆက်ဆံခံခဲ့ရကြောင်း မှတ်မိနေသေး၏။ သို့သော် ဝမ်ချောင်နှင့် ဘုရင်ချီကမူ ဆက်တိုက်ဆိုသလို သူ၏ အကြံအစည်များကို ဖျက်ဆီးပြီး သူ၏ရန်သူပင် ဖြစ်လာသေးသည်။ သူတို့ကမူ ချွင်းချက်ဖြစ်၏။ သေချာစွာပင် ဝမ်ချောင်ကဲ့သို့ သူ့ကို စိန်ခေါ်ရဲသောသူ အပြစ်ဒဏ်ရုံးတော်ထဲသို့ဝင်ပြီး အများရှေ့တွင် သူ့ကို တိုက်ခိုက်ရဲသောသူကို မည်သူကမှ သဘောကျလိမ့်မည် မဟုတ်ချေ။ ဒါဟာ သိသာထင်ရှားစွာ အရှက်ခွဲခြင်းဖြစ်သည်။ ဘုရင်ချီကလည်း ဒေါသများကြောင့် ပေါက်ကွဲတော့မည်ဟု ခံစားနေရ၏။
1268 04
“ဝမ်ချောင် ငါမင်းကို ဒီနေ့သတ်မှာ”
ဘုရင်ချီ၏ မျက်လုံးထဲမှ ဒေါသမီးတောက်များက တောက်လောင်နေသည်။ သူ၏အမိန့်အောက်တွင် အပြစ်ဒဏ်ရုံးတော်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ဘုရင်ချီခေါ်လာသည့် ကျွမ်းကျင်ပညာရှင်များနှင့် အတူပေါင်းပြီး ဝမ်ချောင်ထံ မုန်တိုင်းတစ်ခုလိုမျိုး ခုန်ဝင်လာကြသည်။
“ရပ်စမ်း”
ထိုအခိုက်အတန့်တွင် ဒေါသတကြီး အော်ဟစ်သံက လေထုထဲတွင် ပေါက်ကွဲထွက်သွားသည်။ မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီး ဖုန်မှုန့်များက ရစ်ခွေလာသည်။ ထို့နောက် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက အပြစ်ဒဏ်ရုံးတော်ထံ ချီတက်လာကြသည်။ ဘုရင်ချီကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွား၏။ သူသည် သတိလက်လွတ် နောက်လှည့်ကာ ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ဝမ်ချောင်ဟာ အံ့အားတကြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို ချက်ချင်းဆိုသလို တွေ့လိုက်သည်။
“သူလား”
ဝမ်ချောင်ကပင် ထိုလူ၏ ပေါ်ပေါက်မှုကြောင့် မှင်သက်သွားရသည်။ သူသည် အရာရှိများ၏ခေါင်းဆောင် အမြဲတစေ အလုပ်ရှုပ်နေသော အမတ်ကြီး လီလင်းဖူက အရာရှိတိုင်းကိုခေါ်ပြီး ဒီနေရာသို့ ရုတ်တရက် ပေါ်လာမည်ဟု မထင်ထားမိချေ။ ထိုထဲတွင် ဘဏ္ဍာရေးရုံးတော်မှ စစ်သားများ၊ စစ်ဘက်ရေးရာ အမှုထမ်းရုံးတော်မှ စစ်သားများနှင့် မြို့စောင့်တပ်မှ စစ်သားများပါဝင်သည်။
“ဘုရင်ချီ၊ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းတို့က မဟာထန်ရဲ့ မြင့်မြတ်တဲ့ ဘုရင်ဘွဲ့ကို ရထားတဲ့လူတွေ။ အင်ပါယာကြီးအပေါ်ကို နေမင်းလိုမျိုး အလင်းရောင်တွေ လွှတ်ထုတ်ပေးနိုင်တဲ့သူ ဒါတောင်မှ အပြစ်ဒဏ်ရုံးတော်မှာ တိုက်ခိုက်နေကြတယ်။ ဒါကဘယ်လို သောက်ပေါက်ကရ ကိစ္စလဲ”
လီလင်းဖူ၏ အဆင့်တစ်အရာရှိ၏ သွေးနီရောင်ဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး အနက်ရောင်မြင်းကြီးကို စီးထားသည်။ သူသည် ထိုမြင်းကို စီးထားချိန်တွင် ထိုသို့ စကားများကို ကျယ်လောင်စွာ ပြောဆိုနေသော်လည်း မျက်နှာကမူ အရှက်ရနေဟန် ဖြစ်နေ၏။ အနောက်ဘက်မှ အယောက်နှစ်ဆယ်ကျော်သော အရာရှိများကလည်း ဝမ်ချောင်နှင့် ဘုရင်ချီအကြား ရှေ့ကြည့်နောက်ကြည့် လုပ်နေကြပြီး ထူးဆန်းသော မျက်နှာထားမျိုး ဖြစ်နေကြသည်။ ရိုးရှင်းစွာပင် ဒါသည် မဟာထန်၏ ဘုရင်နှစ်ယောက်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် မြို့တော်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။
“ငါကသာ အရာရှိတွေနဲ့အတူ မလာခဲ့ဘူးဆိုရင် မင်းတို့က ပြဿနာတွေ ဘယ်လောက်ရှာမယ်ဆိုတာကို ဘယ်သူက သိမှာလဲ။ မျိုးမစစ်ကောင်တွေ ဘာလို့ အခုအချိန်ထိ လူစုမခွဲသေးတာလဲ”
အံ့အားသင့်စရာ ကောင်းသည်မှာ နောက်ဆုံးစကားလုံးများဟာ အပြစ်ဒဏ်ရုံးတော်နှင့် ဘုရင်ချီက ခေါ်လာသော ကျွမ်းကျင်ပညာရှင်များကို ချိန်ရွယ်ကာ ပြောခြင်းဖြစ်သည်။
ဘုရင်ချီသည် ဝမ်ချောင်ကို မုန်းတီးစွာကြည့်သည်။ သူ၏မျက်နှာဟာ ဒေါသများကြောင့် စိမ်းလိုက်ဖြူလိုက် ဖြစ်နေသည်။ သို့သော် သူဟာ မည်မျှပင် ဆန္ဒမရှိစေကာမူ အတွင်းဝန်အမတ်ချုပ်ကြီးနှင့် အရာရှိပေါင်းများစွာ၏ စောင့်ကြည့်နေမှုအောက်တွင် သူသည်ပင် ဒီရန်ပွဲကိုရပ်တန့်ရန် ဖိအားပေးခံလိုက်ရသည်။
++++++
1269 01
အခန်း(၁၂၆၉)
ဝှစ်
ဘုရင်ချီက အမိန့်ပေးလိုက်သောအခါ သူ၏လူများဟာ လူစုခွဲသွားကြသည်။
သို့ရာတွင် ဝမ်ချောင်ကမူ မျက်လုံးကိုမှေးကျဉ်းလျှက် လီလင်းဖူနှင့် ဘုရင်ချီကိုသာ ကြည့်နေသည်။
ဝုန်း
ထိုအခိုက်အတန့်တွင် ရုတ်တရက် နောက်ထပ် လူတစ်အုပ် ရောက်လာသလိုမျိုး မြေပြင်က တသိမ့်သိမ့် တုန်သွားသည်။
“ပထမမင်းသား ရောက်လာပြီ”
ဝုန်း
ဝမ်ချောင်၏စိတ်က တုန်ယင်စွာနှင့် လှည့်ကြည့်လိုက်သည်။ အဝေးတွင် လေတွင်လွင့်နေသော ကြီးမားသည့် နဂါးအလံကြီးနှစ်ခုကို တွေ့လိုက်သည်။ အလံများ၏အနောက်ဘက်တွင် အင်ပါယာစစ်တပ်မှ မရေမတွက်နိုင်သော စစ်သားများပါဝင်သည်။ ထိုထဲတွင် ဧကရာဇ်၏ သီးသန့်အစောင့် ရွှေရောင်အစောင့်များပင် ပါဝင်သေး၏။ သူတို့က အပြစ်ဒဏ်ရုံးတော်ထံ အစီအစဉ်တကျ ချီတက်လာခြင်းဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အင်ပါယာအစောင့်များက ပို့ဆောင်ပေးခံရသောသူဟာ မြင့်မြတ်လွန်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုသိနိုင်သည်။
ပထမမင်းသား
ဝမ်ချောင်က စစ်သားပင်လယ်အကြား ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကိုမြင်လိုက်သည်။ သူတော်စင်ဧကရာဇ်က နန်းတွင်းထဲသို့ ပြန်လည်ဆုတ်ခွာသွားချိန်တွင် ပထမမင်းသားက ဘုရင်ခံဖြစ်လာပြီး ဧကရာဇ်၏ ကိုယ်စားပြုနိုင်သူဖြစ်လာသည်။ သို့သော် ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် အင်ပါယာနန်းတွင်း အပြင်ဘက်သို့ ထွက်လာသော ပထမမင်းသားကို မြင်ဖူးခြင်းဖြစ်သည်။
နှစ်ရက်တာ အချိန်အတောအတွင်း သေးငယ်သည့် အပြစ်ဒဏ်ရုံးတော်တွင် ခုံရုံးမှ အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော ပုဂ္ဂိုလ်သုံးယောက်ဖြစ်သည့် အတွင်းဝန်အမတ်ကြီး၊ ပထမမင်းသားနှင့် ဘုရင်ချီတို့က စုစည်းနေသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏နှလုံးသားက လေးလံသွားပြီး မကောင်းသော ခံစားချက်ကို ရလိုက်၏။
ဘုရင်ချီကို ဘေးဖယ်ထားမည်ဆိုလျှင်ပင် အတွင်းဝန်အမတ်ကြီးနှင့် ပထမမင်းသားတို့က ပြင်ဆင်ပြီးလာကြောင်း ရှင်းလင်းနေသည်။ မျှော်လင့်ထားသည့်အတိုင်း ဝမ်ချောင်ဟာ တခဏခန့်ကြာပြီးနောက် ပထမမင်းသားပြောသော စကားကို ကြားလိုက်ရသည်။
“ဝမ်ချောင် မင်းက ခေါင်းမာပြီး အင်ပါယာ ဦးလေးတော်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်။ မင်းက တိုက်ပွဲနယ်မြေမှာ နေတာများလို့ နေရာတိုင်းကို အလားတူ သတ်မှတ်နေတာလား”
ပထမစကားလုံးများနှင့်အတူ ပထမမင်းသားက ဘုရင်ချီကို တစ်ချက်ကြည့်သည်။ ထို့နောက် ဝမ်ချောင်ထံ မြဲမြံစွာ စိုက်ကြည့်လာသည်။ ပထမမင်းသား၏မြင်းက အင်ပါယာစစ်တပ်၏ စစ်သည်တော်များအကြားမှ ခုန်ထွက်လာပြီး အပြစ်ဒဏ်ရုံးတော်ထံ ချဉ်းကပ်လာသည်။
“ပထမမင်းသားကို ဂါရဝပြုပါတယ်”
လူတိုင်းက မြင်းပေါ်မှ စဆင်းကြပြီး ဂါရဝပြုကြသည်။ အတွင်းဝန်အမတ်ကြီး လီလင်းဖူပင်ပါသည်။
“အရှင့်သား အရှင့်သားက အချိန်ကိုက်ရောက်လာတာပဲ။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အပြစ်ဒဏ်ရုံးတော်ထဲကို အတင်းဝင်လာပြီး အတွင်းက အကျဉ်းသားကို အတင်းခေါ်သွားဖို့ ကြိုးစားခဲ့တယ်။ အပြစ်ဒဏ်ရုံးတော်က အစောင့်တွေကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်။ သူက ဒီတိုင်းပြည်က စည်းမျဉ်းတွေကို အလေးမထားတာ ရှင်းလင်းနေတာပဲ။ ပထမမင်းသား ကျေးဇူးပြုပြီး ဒီဘုရင်ကိုယ်စား ဆောင်ရွက်ပေးပါ”
ဘုရင်ချီက ပထမမင်းသားကို တွေ့ချိန်တွင် ရုတ်တရက် မျက်နှာပြောင်းလဲသွားသည်။ သူသည် တစ်ဖက်သူအနားသို့ လျှောက်သွားလေပြီး ဝမ်ချောင်ကို လက်ညိုးထိုးကာ စွပ်စွဲလေသည်။
ချက်ချင်းဆိုသလိုပင် ရှိနေကြသော အရာရှိများ၊ အတွင်းဝန် လီလင်းဖူနှင့် ပထမမင်းသားတို့က ဝမ်ချောင်ကိုကြည့်သည်။ အပြစ်ဒဏ်ရုံးတော် တစ်ခုလုံးက ပြင်းထန်သောဖိအား ဆင်းသက်လာရင်း တိတ်ဆိတ်သွားသည်။
“မျိုးမစစ်တွေ အရှင့်သားအတွက် ဒုက္ခပေးဖို့ အတူပေါင်းထားတာ ရှင်းနေတာပဲ”
သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့က အခြေအနေကို ချက်ချင်းလိုလို နားလည်သွားသည်။ သူတို့သည် ဝမ်ချောင်ကို ကိုင်တွယ်ရန် အကွက်ချထားခြင်း ဖြစ်ရပေမည်။
1269 02
ပထမမင်းသားသည် ဘုရင်ခံဖြစ်သည်။ လီလင်းဖူသည် အတွင်းဝန်ဖြစ်သည်။ ဘုရင်ချီဟာ ဘုရင်ဖြစ်သည်။ ထိုသုံးယောက်ပေါင်းသည့် အင်အားစုဟာ ရပ်တန့်ရန် အလွန်ခက်သည်။
“ဟွန်း”
ဝမ်ချောင်၏ဝတ်ရုံသည် လေတွင်လွင့်သည်။ ရန်သူများ၏အကြံကို နားလည်ပြီးနောက် ဝမ်ချောင်ဟာ တည်ငြိမ်ပြီး အကြောက်အလန့်မဲ့နေသည်။
“ပထမမင်းသားနဲ့ အရှင်အတွင်းဝန် အမတ်ကြီးတို့က အချိန်ကိုက်ကို ကွက်တိရောက်လာကြတာပဲ။ ဒီဘုရင်က ရောက်ကာစပဲရှိသေးတယ်။ အရှင်တို့က ကွက်တိ တိတိကျကျ ရောက်လာတယ်။ အရှင့်သား ပထမမင်းသားကို အရမ်းကို သိမြင်နိုင်စွမ်းအား ပြင်းထန်တာပဲ။ ဒီဘုရင်နဲ့ ဘုရင်ချီက အတူရပ်နေကြတာ။ ဒါပေမဲ့ အရှင့်သားကတော့ ဒီဘုရင်ကမှားပြီး ဘုရင်ချီက မပတ်သတ်ဘူးလို့ တန်းပြီးဆုံးဖြတ်လိုက်တယ်”
ဝမ်ချောင်ဟာ ပြုံးနေသည်။ ထိုစကားလုံးများကမူ ထိုသုံးယောက်၏ မျက်နှာကို တင်းမာသွားစေသည်။
ပထမမင်းသားကပင် ကြောင်သွား၏။ သူသည် မူလကမူ ဒီအဆင့်တွင် ဝမ်ချောင်ဟာ အနည်းဆုံး အနည်းငယ် နောက်ဆုတ်ပေးမည်ဟု ယုံကြည်ထားသေးသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူဟာ ယခင်အတိုင်း ခေါင်းမာနေသေးသည်။ ဝမ်ချောင်ဟာ သူတို့ကို အတိုက်အခံ လုပ်နှင့်နေပြီဖြစ်သည်။
“ရမ်းကားလိုက်တာ”
တခဏခန့်ကြာပြီးနောက် ပထမမင်းသားက ဒေါသထွက်သွားသည်။ ဝမ်ချောင်ဟာ သူနှင့်ပူးပေါင်းရန် မောက်မာလွန်းနေသော ကိစ္စက တစ်ချိန်ထပ်ဖြစ်ပြီး မင်းသားငါး၏ဘက်သို့ ရွေးချယ်လိုက်သော ကိစ္စက ကိစ္စတစ်ခုဖြစ်သွားသည်။ သူသည် ရိုးရှင်းစွာပင် သူ၏ကြင်နာမှုကို အသိအမှတ်မပြုသည့်သူအား ဆက်နေခွင့် မပြုနိုင်ချေ။
“ဝမ်ချောင် မင်းဆိုလိုတာက ဒီမင်းသားက မင်းကိုစွပ်စွဲနေတယ်ပေါ့”
ဘုရင်ချီက အခွင့်အရေးကို အမိအရယူပြီး လောင်စာထည့်ပေးသည်။
“ဝမ်ချောင် မင်းက ခိုရာစန်းမှာ နိုင်သွားပြီးတဲ့နောက်မှာ ကောင်းကင်က ဘယ်လောက်မြင့်ကြောင်း မေ့သွားခဲ့တဲ့ပုံပဲ။ မင်းက လူတိုင်းကိုတောင် ဂရုမစိုက်တော့ဘူး။ အရှင့်သား ပထမမင်းသားက အကြီးဆုံးသားတော် ဘုရင်ခံလည်းဖြစ်နေသေးတယ်။ သူတော်စင်ဧကရာဇ်က မရှိနေတဲ့အချိန်မှာ ဧကရာဇ်ကိုယ်စားပြုနိုင်တာကို မင်းက ပထမမင်းသားကို ဘယ်လိုပြောလိုက်တာလဲ”
ဝမ်ချောင်၏ အပြစ်ဒဏ်ရုံးတော်မှ တည်ရှိမှုဟာ ငြင်းရန်ခက်သောအချက် ဖြစ်နေသည်။ သူသည် ပြစ်မှုများကို တာဝန်ယူမှုမှ လွတ်မြောက်ရန် ခက်ခဲလောက်သည်။
“ဟား ဟား ငါကဒီတိုင်း အကျိုးအပြစ်တွေကို ဆုံးဖြတ်ချက် ချပေးနေတာ။ ဘာရယ်မပိုပါဘူး။ အပြစ်ဒဏ်ရုံးတော်က အင်ပါယာနန်းတော်ရဲ့ တားမြစ်နယ်မြေမှမဟုတ်တာ။ မဟာထန်ရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ ဒီဘုရင်က ဒီနေရာကို ချဉ်းကပ်ခွင့်တောင် မရှိတာလား”
ဝမ်ချောင်က ကျောဘက်သို့ လက်ပို့လိုက်သည်။ သူသည် ထိုသုံးယောက်ထံ အညံ့ခံမည် အရိပ်အယောင် မပြချေ။
“ပိုဆိုးတာက ဘုရင်ချီ ခင်ဗျားက အရှင့်သားကို ငါကိုယ်တိုင် အပြစ်ဒဏ်ရုံးတော်ထဲကို အတင်းဝင်ပြီး အကျဉ်းသားတစ်ယောက်ကို ခေါ်သွားတယ်လို့ပြောတယ်။ ဒါဆိုရင် ဒီဘုရင်က မေးပါဦးမယ်။ ငါခေါ်သွားတဲ့ အကျဉ်းသားဆိုတာက ဘယ်နေရာမှာများလဲ”
ဝမ်ချောင်ဟာ ထိုသုံးယောက်ကို ကြည့်လိုက်သည်။ လီလင်းဖူ၊ ပထမမင်းသားနှင့် ဘုရင်ချီတို့၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။
သူတို့၏ အကြံအစည်များအရ ဝမ်ချောင်သည် ဒီအချိန်တွင် အပြစ်ဒဏ်ရုံးတော်ထဲမှ ကျောင်းချန်းချုံကို ခေါ်ထုတ်လာသင့်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်၏ ဘေးဘက်တွင် လက်အောက်ငယ်သား နှစ်ယောက်သာ ရှိနေသည်။ ကျောင်းချန်းချုံ၏ အရိပ်အယောင်ပင် မမြင်ရချေ။ ဒါဟာ သူတို့၏ ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ပထမမင်းသားနှင့် လီလင်းဖူတို့က ဘုရင်ချီကို လှည့်ကြည့်ကြ၏။
“သေစမ်း”
ဘုရင်ချီဟာ စိတ်ထဲတွင် ကျိန်ဆဲသည်။ သူသည်လည်း စွံ့အသွား၏။
ပထမမင်းသား၊ လီလင်းဖူတို့က သူ၏အဖြေကို စောင့်နေကြသည်။ သို့သော် သူသည်လည်း အပြစ်ဒဏ်ရုံးတော်ကို ရောက်ကာစဖြစ်လေရာ အခြေအနေကို အနည်းငယ်သာသိသည်။
သူတို့သည် ဝမ်ချောင်ကို စွပ်စွဲရန် မည်သည့်အရာမှ မရှိလျှင် သူ့ကို မည်သည့်ပြစ်မှုနှင့်မျှ စွပ်စွဲ၍ မရနိုင်ချေ။ ဝမ်ချောင်သည်လည်း အရာအားလုံးကို သိနေသောကြောင့် အကြောက်အလန့် မဲ့ပေလိမ့်မည်။
ဆိုးယုတ်တဲ့အကောင်၊ ညစ်ပတ်တဲ့အကောင်၊ ဒီဘုရင်က မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။
1269 03
ဘုရင်ချီက စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သို့သော် ဒေါသကိုသာ ထိန်းထားလိုက်ရသည်။
“ရမ်းကားတယ် မင်းက ငါ့ရဲ့လူတွေကို ဒဏ်ရာရအောင် လုပ်ထားတယ်ဆိုတဲ့ အချက်ကို ငြင်းချင်သေးတာလား”
ရှက်ရွံ့ပြီး ဒေါသထွက်သွားသော ဘုရင်ချီကအော်သည်။
“ဒီဘုရင်က အပြစ်ဒဏ်ခုံရုံးကို တစ်ချက်ပဲ ပတ်ကြည့်ချင်တာ။ ဒါပေမဲ့ သူတို့က နည်းလမ်းပေါင်းစုံသုံးပြီး ဒီမင်းသားကိုတားတယ်။ မသိရင် ဒီမင်းသားက အကျဉ်းသားတစ်ယောက်အလားပဲ... ဒါကြောင့် ဒီမင်းသားကလည်း လှုပ်ရှားမိတဲ့အခါ အပြစ်တင်လို့ မရနိုင်ပေဘူး။ ဒါပေမဲ့ ဒီမင်းသားက အရင်ဆုံး အမှားလုပ်မိတာပါ။ သိန်းငှက်အိုကြီး၊ ကျန်းချွယ် ခဏနေရင် အပြစ်ဒဏ်ရုံးတော်ကို ရွှေထည်နဲ့ ငွေထည်အချို့ပို့ပြီး သူတို့ရဲ့ ကုသမှုစရိတ်အဖြစ် ပေးလိုက်ပါ”
“မျိုးမစစ်ကောင်”
ဘုရင်ချီ၏နှာခေါင်းက ဒေါသများကြောင့် ကောက်လုနီးပါးပင် ဖြစ်သွားသည်။
ဝမ်ချောင်၏ ငြင်းခုံမှုဟာ ငြင်းဆန်ရန်ပင် ခက်ခဲ၏။ သူသည်ပင် ဘာမှမလုပ်နိုင်လောက်အောင် ကူကယ်ရာမဲ့သွားသည်။
အနောက်ဘက်မှ အကြံအစည်ကြီးသော လီလင်းဖူကပင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။ ပထမမင်းသားကပင် အံ့အားသင့်မှုကို ဖုံးကွယ်ရန် ခက်ခဲလာ၏။ အပြစ်ဒဏ်ရုံးတော်မှ ကိစ္စနှင့်ပတ်သတ်ပြီး ဝမ်ချောင်ကို ပြစ်မှုစွဲချက်တင်ရန် ခက်ခဲသွားသည်။ ပို၍ဆိုးသည်မှာ ဒီကိစ္စတွင် ဘုရင်ချီကို အထောက်အပံ့ ပေးရန်အတွက် အရာရှိပေါင်းများစွာကိုပင် သူတို့က ခေါ်လာမိထားသည်။ အကယ်၍ ဝမ်ချောင်ကိုသာ အပြစ်မတင်နိုင်လျှင် ခုံရုံးတွင် ရယ်စရာပြတ်လုံး ဖြစ်ရတော့ပေမည်။ ဒါဟာ အရာရှိများအကြားမှ သူ၏ ဂုဏ်သိက္ခာအပေါ်ပင် သက်ရောက်မှုရှိသွားသည်။
“ပိုဆိုးတာက ဘုရင်ချီ ခင်ဗျားရဲ့မျက်နှာက ယောင်ကိုင်းပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေအပြည့် ဖြစ်နေသလိုပဲ။ ဒါကိုတော့ ငါလုပ်တာလို့တော့ အပြစ်မတင်နဲ့နော် ဟုတ်တယ်မလား”
ဝမ်ချောင်က ဘုရင်ချီကို ရုတ်တရက် လှည့်ကြည့်လျှက် လှောင်လိုက်သည်။
ဝှစ်
ဘုရင်ချီဟာ ဒေါသများဖြင့် ဖောင်းကားလုနီးပါးဖြစ်သွားသည်။ ဝမ်ချောင်သည် ရှင်းလင်းစွာပင် လူအများရှေ့တွင် သူ့ကိုလှောင်နေသည်။ သို့သော် ဘုရင်ချီက ဝမ်ချောင်ကို သတ်ချင်စိတ်ထက် ပိုမရှိနိုင်တော့ချေ။ စုစည်းနေသော အရာရှိများ၏အရှေ့တွင် ဝမ်ချောင်က ပြောသောစကားကို အတည်ပြုပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထိုနည်းလမ်းကိုသုံးပြီး ဝမ်ချောင်ကို ကိုင်တွယ်နိုင်မည်ဆိုလျှင်ပင် သူထိုသို့ မလုပ်နိုင်ချေ။
“ဝမ်ချောင် မင်းဒီလိုနဲ့ ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတာပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်လောက်နဲ့ ဒီဘုရင်ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား”
ဘုရင်ချီက ချက်ချင်းလိုလို မုန်းတီးမှုအပြည့်နှင့်ပြောသည်။ သူ၏မျက်နှာက ဖြူဖျော့နေသည်။
သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့ကမူ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ ဒီတစ်ကြိမ် သူတို့၏ ဘုရင်ဘက်မှ လှုပ်ရှားမှုက ကျွမ်းကျင်ကာ ပညာရှင်ဆန်လွန်းသည်။ ဘုရင်ချီကဲ့သို့ မောက်မာကာ မာနထောင်လွှားပြီး ဘဝင်မြင့်နေသော လူတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို ဘယ်သောအခါမှ ဝန်ခံလိမ့်မည်မဟုတ်ချေ။ သူက သွားတစ်ချောင်း ဆုံးရှုံးရမည်ဆိုလျှင်ပင် ကိုယ့်သွေးကို ပြန်မြိုချမည့် လူမျိုးဖြစ်သည်။
ဝမ်ချောင်က တိတ်တဆိတ် ရယ်မိသွားသည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ။ ငါက အရှင့်သားဒဏ်ရာရသွားတာက ငါသတိမဲ့သွားတာကြောင့်လို့ ထင်မိသွားသေးတာ”
ဘုရင်ချီ၏မျက်နှာက အိုးဖင်နီးပါး မည်းမှောင်လာသည်။ သို့သော် စကားတစ်ခွန်းမှ မဆိုတော့ချေ။
ထိုအခိုက်အတန့်တွင် မြင်းခွာသံများကို ကြားရကာ နောက်ထပ်တစ်အုပ်က ရောက်လာပြန်သည်။ ဒီတစ်ကြိမ်ကမူ လီလင်းဖူနှင့် ပထမမင်းသားတို့၏ ဦးတည်ရာဘက်နှင့် ခြားနားသည်။ ပထမမင်းသား လီလင်းဖူနှင့် ဘုရင်ချီတို့က အံ့အားတကြီး ခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။ သူတို့၏ လူများအားလုံးက ဒီနေရာတွင် ရှိနှင့်နေပြီးသားဖြစ်သည်။ ထို့ကြောင့် ရောက်လာသောလူက ခြားနားသောဘက်မှ ဖြစ်နိုင်သည်။
“အရှင့်သားဘုရင်စုန့် ရောက်လာပြီ”
လေထဲတွင် အော်သံကထွက်လာသည်။ ထို့နောက် ထိုလူအုပ်ထဲမှ ထွက်လာသည့် ရထားလုံးတစ်စီးက ဒီဘက်သို့ ဦးတည်လာနေကြောင်း မြင်လိုက်သည်။ ရထားလုံး၏ သင်္ကေတနှင့် စီရင်ထားပုံအရ ဘုရင်စုန့်၏ ရထားလုံးဖြစ်ကြောင်း ရှင်းလင်းနေသည်။ တခဏခန့်ကြာပြီးနောက် အော်သံတစ်သံ ထွက်လာပြန်သည်။
“စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးလည်း ရောက်လာပါပြီ”
1269 04
အော်သံများက သုံးယောက်၏မျက်နှာကို တင်းမာသွားစေပြန်သည်။ မည်သူကမှလည်း ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့ဟာ အချိန်ကိုက်ရောက်လာမည်ဟု မထင်ထားကြချေ။
အခြားတစ်ဖက်တွင် သိန်းငှက်အိုကြီးနှင့် ကျန်းချွယ်တို့က စိတ်အေးစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့သုံးယောက်သည် အပြစ်ဒဏ်ရုံးတော်တွင် မပြင်ဆင်ထားဘဲ လာမိသွားသည်။ အပြစ်ဒဏ်ရုံးတော်သည် ဘုရင်ချီ၏ ပိုင်နက်ဖြစ်သည်။ ထို့ကြောင့် ထိုသုံးယောက်သည် သူတို့ထွက်သွားပြီးနောက်မှသာ ဘုရင်စုန့်ကို အကြောင်းကြားနိုင်မည်ဖြစ်သည်။
ဒါဟာ လွဲမှားမှုတိုင်းကို ရင်ဆိုင်ရန် သတိကပ်ထားစေမည့် ဆုံးဖြတ်ချက်လည်းဖြစ်သည်။ ယခုမူ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သွားသည်။
ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့က ရှိနေသောအခါ ပထမမင်းသားနှင့် လီလင်းဖူတို့ကပင် အနည်းငယ်ပို၍ ချုပ်ထိန်းရသည်။ သူတို့သည် ဝမ်ချောင်ကို အရမ်းကာရော မဆက်ဆံရဲတော့ချေ။
တခဏခန့်ကြာပြီးနောက် ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့ ရှေ့ထွက်လာသည်။
“အရှင့်သားကို ဂါရဝပြုပါတယ်”
နှစ်ယောက်လုံးက ပထမမင်းသားကို ဦးစွာဂါရဝပြုသည်။
“တော်ဝင်ဦးရီတော် ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူး”
ပထမမင်းသားက လက်ကိုယမ်းလိုက်သည်။ သူ၏အမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် ကျိန်ဆဲနေပြီဖြစ်သည်။ ထိုနှစ်ယောက် ရောက်လာသောကြောင့် ပထမမင်းသားအနေဖြင့် လက်လျော့ရန် ရွေးချယ်လိုက်ရသည်။ ဘုရင်ခံသုံးယောက် ရှိနေသောအခါ အနာဂတ် ရှုပ်ထွေးမှုများက ရယ်စရာဟာသသာ ဖြစ်သွားနိုင်သည်။
ဘုရင်စုန့်က သူ၏ဝတ်ရုံကို သပ်ရပ်အောင်ပြင်ဆင်ပြီး ရှေ့ထွက်သွားသည်။ သူသည် ဘုရင်စုန့်ကို ဂါရဝပြုပြီးနောက် မေးခွန်းထုတ်သည်။
“ဒီဘုရင်က စံအိမ်ထဲက ကြားထားတဲ့အတိုင်းဆိုရင် အရှင့်သားက အပြစ်ဒဏ်ရုံးတော်ကို အရာရှိတွေ ခေါ်လာတယ်။ အဲ့ဒီနောက် အရှင်အတွင်းဝန်ကြီးလည်း ရောက်သွားတယ်လို့ ပြောကြတယ်။ ဒါက ဘာတွေများ ဖြစ်နေတာလဲ။ တစ်ခုခုများ ဖြစ်လို့လား”
ပထမမင်းသားက သဘာဝကျကျပင် ပေါ်လာသည်။ သူသည် သူ၏မြင်းပေါ်တွင် ထိုင်လျှက်သားဖြစ်သည်။ သို့သော် စိတ်ထဲတွင်မူ သူသည် အလွန်ရှက်နေပြီဖြစ်သည်။
ထိုအချိန်တွင် အတွင်းဝန်လီလင်းဖူက သူ၏ပုံမှန်လေသံဖြစ်သည့် လေးနက်သော်လည်း တိုးလျသည့် လေသံမျိုးဖြင့် လေတွင်ခါယမ်းနေသော အင်္ကျီလက်ကို တစ်ချက်ယမ်းရင်း ပြောသည်။
“ဟွန်း အရှင့်သားဘုရင်စုန့်က နားလည်မှုလွဲပြန်ပြီ။ အရှင့်သားက ဘုရင်ချီနဲ့ ပြည်နယ်ရေးရာ ကိစ္စတွေကို ဆွေးနွေးချင်ခဲ့တာ။ ဒါပေမဲ့ ဘုရင်ချီက အပြစ်ဒဏ်ရုံးတော်ကို ရောက်နေတယ်ကြားလို့ လာကြည့်ဖို့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာပဲ”
ထိုစကားလုံးများက ပထမမင်းသားကို ချောမွေ့စွာ ကာကွယ်ပေးလိုက်နိုင်သည်။
“ဟုတ်သားပဲ အရှင့်သား ဖူစီရင်စုကိစ္စကို ဆွေးနွေးဖို့ အရာရှိတွေကို ဘာလို့မစုစည်းသေးတာလဲ။ ငါတို့အခု ထွက်သွားသင့်ပြီ။ ဘုရင်ချီက ငါတို့နောက်ကို လိုက်လာလို့ရတယ်”
လီလင်းဖူကပြောသည်။
++++++
1270 01
အခန်း(၁၂၇၀)
လီလင်းဖူ၏ သတိပေးမှုကို ရရှိပြီးနောက် ပထမမင်းသားက ချက်ချင်းလိုလို အသိဝင်သွားသည်။
“အရှင်အတွင်းဝန်ကြီးပြောတာ မှန်ပါတယ်။ အင်ပါယာဦးကြီးတော် ကိုယ်တော်တို့ အရင်ထွက်သွားတော့မယ်။ မင်းကတော့ နောက်ကျမှ လိုက်လာနိုင်ပါတယ်”
ထိုစကားလုံးများနှင့်အတူ ပထမမင်းသားက မြင်းဇာတ်ကြိုးကိုဆွဲလျှက် အဝေးသို့စီးသွားသည်။
“အရှင့်သားဘုရင်စုန့် ငါပထမမင်းသားနဲ့ အရင်သွားတော့မယ်”
လီလင်းဖူက ထိုသို့ညင်သာစွာ ပြောသည်။ သူ၏မျက်နှာတွင် အပြုံးကရှိနေ၏။ သူသည် အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီးနောက် ဘုရင်စုန့်၏ ဘေးနားမှ ဖြတ်လျှောက်သွားသည်။
ဘုရင်စုန့်က သူတို့၏ကျောပြင်ကို အသိအမှတ်ပြုသလို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ချောင်ကို ပြန်ကြည့်ကာ စိတ်အေးသွားသလို သက်ပြင်းအသာချသည်။ သူနှင့်ကျန်းချုံကျန့်ချုံးတို့က အနည်းငယ် နောက်ကျပြီးမှ သတင်းရခဲ့ခြင်းဖြစ်သည်။ ပထမမင်းသားနှင့် လီလင်းဖူတို့က သူတို့ထက် အရင်စောစွာ ရောက်ရှိနေခဲ့၏။ ကျေးဇူးတင်စရာ ကောင်းသည်မှာ ဝမ်ချောင်က ဘာမှမဖြစ်သွားချေ။
“ဘုရင်ချီ မင်းရဲ့ဒဏ်ရာတွေက မပေါ့တဲ့ပုံပဲ။ အရင်ပြန်ပြီး နားလိုက်ပါဦး။ ဒီဘုရင်က လုပ်စရာကိစ္စတွေ ရှိနေသေးလို့ အရင်ထွက်သွားပါတော့မယ်”
ဝမ်ချောင်က ဘုရင်ချီကို တစ်ချက်ကြည့်ပြီးမှ ဘုရင်စုန့်ထံ လျှောက်သွားသည်။ အနောက်ဘက်မှ ဘုရင်ချီက ဒေါသကြောင့် တုန်ယင်နေသည်။ မျက်နှာကပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်နေသည်။
လူတိုင်းက ဘုရင်စုန့်၏ ရထားလုံးပေါ်တက်ပြီး အပြစ်ဒဏ်ရုံးတော်မှ ထွက်လာခဲ့လိုက်သည်။
ဘုရင်စုန့်၊ ဝမ်ချောင်နှင့် ကျန်းချုံကျန့်ချုံးတို့က ရထားလုံးထဲတွင် ထိုင်ပြီးချိန်တွင် ဘုရင်စုန့်ကပြောသည်။
“ဘယ်လိုလဲ အဆင်ပြေလား”
ဘုရင်စုန့်ကပြောသည်။
“အဆင်ပြေပါတယ်”
ဝမ်ချောင်က ခေါင်းအသာခါသည်။
“ဘုရင်ချီငါ့ကို ကိုင်တွယ်ဖို့က ထင်သလောက် မလွယ်ပါဘူး”
“ဒီကိစ္စက အတော်ထူးဆန်းတယ်။ မင်းက အပြစ်ဒဏ်ရုံးတော်ထဲကို အရင်ဝင်သွားတဲ့အခါ ဘုရင်ချီလာတာက အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သူ့အပိုင်ပဲလေ။ ဒါပေမဲ့ ပထမမင်းသားနဲ့ အတွင်းဝန်ကပါ ရောက်လာတယ်။ ဒါက သေးငယ်တဲ့ကိစ္စ မဟုတ်တော့ဘူး။ ကံကောင်းတာက မင်းက မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်တယ်။ သူတို့အသုံးပြုနိုင်တဲ့ ဘာကိုမှ မချန်ထားပေးခဲ့ဘူး”
ဘုရင်စုန့်ကပြောသည်။
“အမှန်ပဲ ပထမမင်းသားနဲ့ လီလင်းဖူက အကြံအစည်အပြည့်နဲ့ ရောက်လာတာ ရှင်းလင်းနေတာပဲ။ ဘုရင်စုန့်နဲ့ ငါရောက်လာတဲ့အချိန်မှာ ချွေးစေးတောင် ပြန်နေမိသေးတယ်”
ကျန်းချုံကျန့်ချုံးက ထပ်ဖြည့်ပြောသည်။
ပထမမင်းသားနဲ့ အတွင်းဝန်ကြီးတို့ နှစ်ယောက်လုံး အပြစ်ဒဏ်ရုံးတော်တွင် ပေါ်လာကြောင်း ကြားပြီးနောက် ကျန်းချုံကျန့်ချုံးကပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ ထိုအတွက်ကြောင့် သူသည် ဘုရင်စုန့်နှင့်အတူ အပြေးလာခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စက အဲ့သလောက် မရိုးရှင်းဘူး”
ဝမ်ချောင်၏တုန့်ပြန်မှုက အများကြီးတည်ငြိမ်သလို အများကြီး အေးဆေးနေသည်။
“ဘုရင်ချီရောက်လာတယ်။ ပထမမင်းသားနဲ့ အတွင်းဝန်တွေရောက်လာတာက ကျောင်းချန်းချုံကို ဖမ်းတဲ့ကိစ္စနဲ့ ဆက်စပ်နေတယ်။ ဒါက မဟာထိန်းသိမ်းရေးစခန်း သုံးခုလုံးရဲ့ တိုးတက်မှုနဲ့ ပတ်သတ်နေတယ်။ ငါက ပြစ်ဒဏ်ရုံးတော်ကို ရောက်ပြီးပြီးချင်း သူတို့က သိပ်မကြာခင် ရောက်လာတာက တိုက်ဆိုင်မှု မဟုတ်ဘူး။ ကြည့်ရတာ လူတစ်ယောက်ရဲ့ အသေးစိတ် အစီအစဉ်တစ်ခုလိုပဲ။ ဘုရင်ချီက ဒီလိုစွမ်းအင်မျိုးမရှိဘူး။ အတွင်းဝန်က ချောချောမွေ့မွေ့ ပြောတတ်ပေမဲ့ သူက ကောက်ကျစ်တဲ့လူမျိုး၊ သူ့ရဲ့ စွမ်းအင်တွေကို ဒီလောက်အလွယ်တကူ ဖော်ထုတ်ပြမှာမဟုတ်ဘူး။ သူ့မှာစွမ်းအားရှိတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်က သူမဖြစ်နိုင်ဘူး။ ပထမမင်းသားကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်”
ဝမ်ချောင်၏မျက်လုံးက နက်နဲသောအလင်းဖြင့် တောက်ပလာသည်။ သူသည် အချိန်နှင့်အာကာသကို ကျော်ဖြတ်ပြီး အရာအားလုံးကို မြင်နိုင်နေပုံပေါ်သည်။
1270 02
“ဆိုတော့ ဝမ်ချောင် ဒါကိုကွန်ဖြူးရှပ်ဂိုဏ်းက လီကျွင်းရှန်းလို့ခေါ်တဲ့ လူငယ်လေးက လုပ်တာလို့ ပြောချင်တာလား”
ဘုရင်စုန့်က ဝမ်ချောင်၏ ဆိုလိုရင်းကို ချက်ချင်းလိုလို နားလည်လိုက်သည်။
“အွန်း သူက တစ်ခုတည်းသော ဖြစ်နိုင်ချေပဲ”
ဝမ်ချောင်က ခိုင်မာစွာ ခေါင်းညိမ့်လိုက်သည်။ ထိုအခြေအနေက အရာအားလုံးကို ရှင်းပြပေးနိုင်သည်။ သူ၏ သက်တမ်းက နုသေးသော်လည်း သူသည် ဝမ်ချောင် ရင်ဆိုင်ဖူးသမျှထဲတွင် အင်အားအကြီးဆုံး ပြိုင်ဘက်ဖြစ်သည်။ သူ၏တိုက်ကွက်များက တစ်ကွက်ပြီးတစ်ကွက် ရောက်ရှိလာပြီး အသက်ရှုချိန်ပင် မပေးချေ။
ဝုန်း
ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့ကပဲ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏နှလုံးသားက လေးလံသွားသည်။ ဝမ်ချောင်သည် ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့ကို နှုတ်ဆက်ပြီးနောက် ရထားလုံးပေါ်မှ ထွက်ခွာပြီး အိမ်သို့ပြန်သည်။
.....
ဖလပ် ဖလပ်
ဝမ်ချောင်က အိမ်သို့ပြန်သည့်လမ်းတွင် သတင်းပို့ခိုတစ်ကောင်က ကောင်းကင်ကို ကျော်ဖြတ်ပြီး မြို့တော်၏ အနောက်ဘက်ခြမ်းရှိ စားသောက်ဆိုင်သို့ ကျဆင်းသွားသည်။
ထိုစားသောက်ဆိုင်၏ သုံးထပ်လုံးက တိတ်ဆိတ်ကာ ငြိမ်သက်နေသည်။ အနောက်ပိုင်း လေထန်ကျောင်းဆောင်သည် လေးစားဖွယ်ကောင်းသော အဆောက်အဦး၏ ကျော့ရှင်းကြည့်ကောင်းမှုကို ပိုင်ဆိုင်ထားသလို လန်းဆန်းသော ခံစားချက်များကို ရစေသည့် အဆောက်အဦးကြီးဖြစ်သည်။ ထိုနေရာတွင် မြစ်ဘေးတောက်လျှောက် စိုက်ပျိုးထားသည့် မက်မွန်ပန်းပင်များ၏ အလှတရားကိုလည်း ပျော်မွေ့နိုင်သေးသည်။
နေ့တိုင်းဆိုသလို ပညာသင်သားပေါင်းများစွာ စာပေလေ့လာ လိုက်စားသူပေါင်း များစွာက ထိုနေရာတွင် စုစည်းပြီး ဝိုင်သောက်ရင်း မက်မွန်ပန်းများကို ရှု့စားလေ့ရှိသည်။
သို့သော် ထိုအခိုက်အတန့်တွင် အနောက်ဘက် ကျောင်းဆောင်က လူသူရှင်းလင်းနေပြီး အဆုံးအစမဲ့လောက်အောင် တိတ်ဆိတ်နေသည်။ အဓိကဂိတ်တွင် ချိန်ဆွဲထားသော သစ်သားပြားကြီးတွင်လည်း ပိတ်သည်ဆိုသော စကားလုံးကို ရေးသားထားသည်။ သို့သော် ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်ကမူ တတိယထပ်တွင်ထိုင်ရင်း ဝိုင်သောက်ကာ မက်မွန်ပန်းအလှကို တစ်ယောက်တည်း ခံစားနေသည်။
ထိုကျောင်းဆောင်ကြီးတစ်ခုလုံးက လေးစားရသော ဧည့်သည်တော်ကြီးကို ခစားရန်အတွက် အထူးတလည် ပိတ်ထားခြင်းဖြစ်သည်။
ဖလပ် ဖလပ်
သတင်းပို့ခိုက စားပွဲပေါ်တွင် နားလာသည်။ လက်တစ်ဖက်က အသင့်စောင့်နေရာမှာ စာကိုအသာယူလိုက်ပြီး ခိုကိုပြန်ထွက်သွားစေလိုက်သည်။
“သခင်လေး ငါတို့ အပြစ်ဒဏ်ရုံးတော်မှာ ကျရှုံးသွားတယ်။ ဝမ်ချောင်က လုံလုံခြုံခြုံနဲ့ ပြန်သွားပါပြီ”
ဘေးဘက်တွင် ခါးကုန်းကာ ဂါရဝပြုနေသော ပုံရိပ်တစ်ခုက ပြောလာသည်။ ထိုလူသည် လေးစားမှုအပြည့်ဖြင့် စာလွှာကို လက်နှစ်ဖက်လုံးဖြင့် ပေးလာသည်။
“အဲ့ဒီလိုလား”
လီကျွင်းရှန်းကရယ်သည်။ သူသည် မွေးပျံ့သော ဝိုင်ခွက်လေးကို အသာတစ်ငုံ သောက်လိုက်ပြီး သူ၏ကိုယ်မှ ဖော်ပြရန်ခက်ခဲလောက်အောင် ငြိမ်းချမ်းအေးဆေးသော အရှိန်အဝါကို လွှတ်ထုတ်လိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ ငါတို့ကသူ့ကို မဖမ်းဆုပ်နိုင်သေးဘူး”
“ဒါက ပြဿနာမဟုတ်ဘူး။ ငါတို့အခုလေးတင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အင်ပါယာခုံရုံးကို မှတ်တမ်းလွှာတစ်စောင် ပို့ပေးပြီး လမ်းလွှဲဓားစံအိမ်ကို ခွန်းဝူလေ့ကျင့်ရေးစခန်းကို ပို့ပေးတဲ့အကြောင်း သိလိုက်ရတယ်။ ဒါပေမဲ့ သူက လမ်းလွှဲဓားစံအိမ်ရဲ့ တာဝန်ခံကိုလည်း ခန့်အပ်ထားတယ်။ မျှော်လင့်ထားတဲ့အတိုင်း လမ်းလွှဲဓားစံအိမ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပေ့ါ။ ဒါတွေအပြင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က နယ်စပ်က မဟာဗိုလ်ချုပ်တွေတိုင်း အပါအဝင် စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်ကိုလည်း စာတွေပို့ထားတယ်။ နယ်စပ်က ကာကွယ်စောင့်ရှောက်ရေး စစ်တပ်တွေရဲ့နာမည်နဲ့ သူတို့က စစ်မတ်ရေးရာ အမှုထမ်းရေးရာရုံးတော်က ဗိုလ်ချုပ်ကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး မဟာလေ့ကျင့်ရေးစခန်း သုံးခုက လွတ်ကင်းတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်တာ”
1270 03
“ငါတို့က ပထမမင်းသားနဲ့ တော်ဝင်မျိုးနွယ်ကိုပဲ မှီခိုထားရင် မဟာလေ့ကျင့်ရေးစခန်းကိုပဲ ဝင်ရောက်စွက်ဖက်နိုင်မယ်။ ဗိုလ်ချုပ်အခြေစိုက်စခန်းကို တည်ထောင်လိုက်မယ်ဆိုရင် ဒါက စစ်ပညာရှင်တွေရဲ့ လက်အောက်က အဖွဲ့အစည်း သီးသန့်တစ်ခု ဖြစ်သွားပြီ။ ငါတို့အခု ဝင်ရောက်စွက်ဖက်နိုင်တော့မှာ မဟုတ်ဘူး။ ပိုဆိုးတာက အဲ့ဒီနယ်စပ်က ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးတွေ အားလုံးက ကြီးမားတဲ့ လွှမ်းမိုးမှုတွေရှိတယ်။ ဒီဗိုလ်ချုပ်စခန်းကလည်း မဟာလေ့ကျင့်ရေးစခန်း သုံးခုနဲ့ ညီမျှတဲ့ ဂုဏ်သတင်းမျိုးကို ပိုင်ဆိုင်လာမှာပဲ။ ဒါကိုသာ ဖြစ်ခွင့်ပြုလိုက်ရင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုှုတွေ အားလုံးက အလဟသ ဖြစ်သွားလိမ့်မယ်”
ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်က တင်းမာစွာပြောသည်။ သူ၏အသံထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
ကွန်ဖြူးရှပ်ဂိုဏ်းက တည်ထောင်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာလာပြီဖြစ်ပြီး ဒုက္ခပေးလွန်းသော ပြိုင်ဘက်မျိုးကို တွေ့ခဲသည်။ ထိုတစ်ယောက်သည် ဆယ်ကျော်သက်အရွယ်ဖြစ်ကြောင်း ရှင်းလင်းလွန်းနေခဲ့သည်။ သို့သော် သူ၏ကိစ္စများကို ကိုင်တွယ်သောပုံက ရာသီပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသော လူဟောင်းတစ်ယောက်အလား ထင်ရစေသည်။ သူ၏လှုပ်ရှားမှုတိုင်းက ကွန်ဖြူးရှပ်ဂိုဏ်းဘက်မှ လုပ်သမျှ လှုပ်ရှားမှုတိုင်းကို ကျုံ့သွားစေသည်။
နောက်ဆုံးစကားများကို ကြားလိုက်ရသည့် လီကျွင်းရှန်း၏ ညာဘက်လက်က အဖြူရောင်ကြွေခွက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ထို့နောက် တခဏခန့် ရပ်တန့်ပြီး မျက်မှောင်ကလည်း ကျုံ့သွားသည်။
အပြစ်ဒဏ်ရုံးတော်မှ ကိစ္စက အရေးမကြီးချေ။ သူတို့သည် ဝမ်ချောင်ကို အကျဉ်းချနိုင်လျှင် ကောင်းပေလိမ့်မည်။ အကျဉ်းချနိုင်ခြင်း မရှိလျှင်လည်း သက်ရောက်မှုက မကြီးမားပါချေ။ သို့သော် ထိုဗိုလ်ချုပ်အခြေစိုက်စခန်းကို တည်ထောင်လိုက်ခဲ့သော အရာအားလုံးက ခြားနားသွားပြီဖြစ်သည်။ သိုင်းပညာရှင်များနှင့် ကွန်ဖြူးရှပ်များက သင့်မြတ်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်က စစ်ဖြစ်မှဖြစ်မည့် အဖွဲ့ဖြစ်ပြီး တစ်ဖက်ကမူ စစ်မဖြစ်စေလိုသော အဖွဲ့ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံး လက်ရှိ အခြေအနေအရ စစ်ပညာရှင်များကို ရှေ့ဆက်တိုးခွင့်ပြု၍မရချေ။
“စိုးရိမ်ဖို့မလိုသေးဘူး။ ငါ့မှာဒီကိစ္စကို ကိုင်တွယ်မဲ့ အကြံအစည်ရှိတယ်”
လီကျွင်းရှန်း၏မျက်မှောင်က ခပ်မြန်မြန် ပြေလျော့သွားပြီး စိတ်ငြိမ်သွားသည်။ ကြည်လင်ပြတ်သားသော အကြည့်များက ရှေ့သို့ပြန်ကြည့်လိုက်ချိန်တွင် အကန့်အသတ်မဲ့လောက်အောင် တိုင်းတာရခက်ခဲသည့် ဉာဏ်ပညာများက လင်းလက်တောက်ပလာသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က လှုပ်ရှားလာပြီဆိုကတည်းက ငါတို့ကသူ့ကို အခုတော့ ဖယ်ထားလိုက်ဦး။ အချိန်ကျလာတဲ့အခါ ငါကိုယ်တိုင်ကိုယ်ကျ သူ့ကိုကိုင်တွယ်မယ်။ ငါမေးပါရစေဦး အဲ့ဒီကိစ္စအတွက် အဆင်သင့်ပြင်ပြီးပြီလား”
“သခင်လေး အရာအားလုံးက အဆင်သင့်ပါပဲ။ သခင်ရဲ့အမိန့်ကို စောင့်နေတာပါ။ ငါတို့က ဒီကိစ္စကို လုပ်ဆောင်ပြီးတာနဲ့ ငါတို့ရဲ့စီရင်စုတွေထဲမှာ ခြေလှမ်းကြီးကြီး လှမ်းနိုင်ပါပြီ။ နောက်ပြီး သခင်လေးရဲ့ ဂုဏ်သတင်းကလည်း လောကတစ်ခုလုံးကို လှုပ်ခါသွားစေမှာ သေချာပါတယ်။ သခင်လေး သခင်လေးက ငါတို့ကွန်ဖြူးရှပ်ဂိုဏ်းကို အနုစိတ်ကျကျ စဉ်းစားပေးနိုင်လွန်းတဲ့ အကျိုးဆောင်ပေးသူကြီးပါ”
ထိုကျွမ်းကျင်ပညာရှင်၏ အသံထဲတွင် လီကျွင်းရှန်းကို လေးစားမှုများ ပြည့်နှက်နေသည်။
အဆုံးအစမဲ့လောက်အောင် မြောက်များသော ကွန်ဖြူးရှပ်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့အားလုံးသည် အစစ်အမှန် သာယာဖွယ်ကောင်းသော လောကကြီးကို လိုချင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင်မူ နောင်တဖြင့်သာ သေသွားကြရသည်။ လီကျွင်းရှန်း၏ အမိန့်ပေးမှုအောက်တွင်သာ သူတို့သည် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းနိုင်ပြီး ပန်းတိုင်နှင့် နီးကပ်လာခြင်းဖြစ်သည်။
“အဆင်သင့်ပြင်ထား ရက်အနည်းငယ်နေရင် ငါအနောက်ပိုင်းတူရကီဘက်ကို ခရီးထွက်ပြီး နောက်ဆုံးကဏ္ဍကို ပြီးမြောက်အောင်လုပ်မယ်”
လီကျွင်းရှန်းကပြောသည်။
“ဟုတ်ကဲ့သခင်လေး”
ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်ကပြောသည်။
တင်
လီကျွင်းရှန်းက အဖြူရောင်ကြွေခွက်ကို စားပွဲပေါ်သို့ချသည်။ သူဟာ ကြွေခွက်ကို ကြည့်လိုက်သောအခါ တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး လေးနက်မှုက ပေါ်ထွက်လာသည်။ သို့သော် ခပ်မြန်မြန် ပျောက်ကွယ်သွားစေလိုက်သည်။
ဝှစ်
လေပြင်းက ဖြတ်တိုက်သွားပြီးနောက် ပုံရိပ်နှစ်ခုက ပျောက်ကွယ်သွားပြီဖြစ်သည်။
.....
ဝှစ်
သတင်းပို့ခိုက ဝမ်မိသားစု၏ စံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။ မြို့တော်ဟာ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အရိပ်ထဲတွင်မူ တိုက်ပွဲက ဖြစ်ပွားနေသည်။ ဝမ်ချောင်က သတင်းပို့ခိုကို လက်ခံရယူပြီးနောက် ခြေထောက်မှစာကိုဖယ်လိုက်သည်။ စာကိုတစ်ချက်ကြည့်ပြီးနောက် သူဟာ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။
1270 04
ထိုစာသည် အနောက်မြောက်ပိုင်းမှလာသည်။ အန်းရှီကာကွယ်စောင့်ရှောက်ရေး၏ ဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်၏ တံဆိပ်လည်းပါသည်။ ဝမ်ချောင်၏ အစောပိုင်းစာက အမှန်ပင်အသုံးဝင်ကြောင်း ဖော်ပြသည်။ စုဟန်ရှန်းနှင့် လီစစ်ယဲ့တို့ အကျဉ်းချခံရကြောင်း ကြားချိန်တွင် ကောင်းရှန်းကျစ်က ချန်းချန့်လီနှင့် အခြားသော အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ ရာထူးမြင့် အရာရှိများကိုခေါ်ပြီး ချီရှီသို့ ကိုယ်တိုင်ကိုယ်ကျသွားကာ အခြေအနေကို စုံစမ်းစစ်ဆေးခဲ့၏။ လီစစ်ယဲ့နှင့် စုဟန်ရှန်းတို့က တာလာ့၏တိုက်ပွဲတွင် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့လေရာ သူတို့သည် ပြင်းထန်လွန်းသော တိုက်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ပြီးသည့်အလျောက် ခိုင်မြဲလွန်းသော ချည်နှောင်မှုမျိုးကို ပိုင်ဆိုင်ခဲ့ပြီးလေပြီ။
ထို့ကြောင့် သူတို့သည် တိုက်ပွဲတွင် အသက်ကို မရင်းပေးခဲ့လျှင် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်က မကြည်လောက်တော့ချေ။ ပို၍ဆိုးသည်မှာ ထိုနှစ်ယောက်သည် အာရပ်နှင့် ရင်ဆိုင်သည့် တိုက်ပွဲတွင် အများကြီး အကျိုးပြုခဲ့သူဖြစ်သည်။ အကျိုးပြုမှုက လွန်ကဲလွန်းသည်။ သို့တိုင်အောင် သူတို့သည် သေးငယ်သော ကိစ္စလောက်နှင့် အကျဉ်းချခံလိုက်ရသည်။
ထိုအခြေအနေက ကောင်းရှန်းကျစ်ကို အလွန်ဒေါသထွက်စေသည့် ပထမဦးဆုံးအကြိမ် ဖြစ်လောက်သည်။ ဝမ်ချောင်၏ တောင်းဆိုမှုမရှိလျှင်ပင် သူဟာ ဝင်ရောက်စွက်ဖက်ဦးမည်ဖြစ်သည်။
ထိုအရာသာ မကသေးချေ။ ကောင်းရှန်းကျစ်က ချီရှီသို့သွားချိန်တွင် ခဲ့ရှု့ဟန်ကလည်း စာပို့ပြီး ရက်အနည်းငယ်အတွင်း ချီရှီသို့ ရောက်မည်ဖြစ်ကြောင်းပြောသည်။ မဟာထန်မှ မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်လုံးက ဒေါသတကြီးဖြစ်နေသော အရှိန်အဝါအပြည့်နှင့် ရောက်လာကာ သူတို့၏ ကြီးမားလွန်းသော ဂုဏ်အဆင့်အတန်းနှင့် စစ်တပ်ထဲမှ လွှမ်းမိုးမှုကို အပြည့်အဝ သက်သေပြကာ အသုံးပြုပြလိုက်သည်။ မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်၏ ဖိနှိပ်မှုအောက်တွင် ထိုကွန်ဖြူးရှပ်ဂိုဏ်းမှ ဗိုလ်ချုပ်သုံးယောက်ကလည်း လီစစ်ယဲ့နှင့် စုဟန်ရှန်းတို့ကို ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်း အာမခံပေးလိုက်ရသည်။
ပို၍ဆိုးသည်မှာ သူတို့၏ ရိုးသားမှုကို ဖော်ပြရန်အလို့ငှာ ကောင်းရှန်းကျစ်နှင့် ခဲ့ရှု့ဟန်တို့၏ လက်အောက်ငယ်သားများအား အင်ပါယာခုံရုံးမှ စစ်ဆေးသူများ ရောက်ရှိလာသည်အထိ စောင့်ကြပ်ရန် နေခွင့်ပေးလိုက်ရသည်။
“စုဟန်ရှန်းနှင့် လီစစ်ယဲ့ကို ဆက်ပြီး အကျဉ်းချထားဖို့က မလိုဘူး။ ဒါက အချိန်ဆွဲနေတာ ရှင်းနေတာပဲ။ သူတို့က ဘာလုပ်ချင်တာလဲ”
ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး စာကိုသိမ်းလိုက်သည်။
ဝမ်ချောင်ကလည်း လီကျွင်းရှန်း၏ ကွန်ဖြူးရှပ်ဂိုဏ်းဟာ စုဟန်ရှန်းနှင့် လီစစ်ယဲ့ကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ သူ့ကိုပစ်မှတ်ထားခြင်းဖြစ်ကြောင်း နားလည်သည်။ သို့သော် လီကျွင်းရှန်းတွင် မည်သို့သော အကြံများ ရှိနေစေကာမူ ဝမ်ချောင်က အကြောက်အလန့်မဲ့သည်။ သူက ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသည်။
“အရှင်”
ထိုအချိန်တွင် သိန်းငှက်အိုကြီးက ဝင်လာသည်။
“ကျွန်တော်တို့ အခုလေးတင် သတင်းရတယ်။ ကျွန်တော်တို့ ပူးပေါင်းထားတဲ့ ကလန်တွေထဲက တစ်ခုဖြစ်တဲ့ ကျင်းစီရင်စုက လီကလန်က ဝမ်ချုံရှု့ရဲ့ သဲလွန်စကို ရှာတွေ့ပြီလို့ပြောပါတယ်”