← Chapters

အခန်း (၁၂၇၆-၁၂၈၀)

Vol. 75 Ch. 1276-1280

အခန်း (၁၂၇၆-၁၂၈၀)

Vol. 75 Ch. 1276-1280

1276 01

အခန်း(၁၂၇၆)

ဘုရင်ချီသည် တစ်ကိုယ်ကောင်းဆန်လွန်းသည်။ ကိစ္စများကို စဉ်းစားဆင်ခြင်ရာတွင် တိုင်းပြည်ရေးရာ ကိစ္စများ၏ အထက်တွင်ပင် သူ၏ကိုယ်ပိုင် အကျိုးအမြတ်ကို ထည့်ပေါင်းသေးသည်။ သူ၏အဖွဲ့သည် ပြိုင်ဘက်များကို ခေါင်းကိုက်စေလောက်အောင် လုံလောက်နေခဲ့ပြီးသားဖြစ်သည်။ သူ့ကိုသာ ကောဟွမ်အား ထည့်ခွင့်ပြုလိုက်မည်ဆိုလျှင် သူဟာ ခုံရုံးအတွင်းသို့ မည်သို့သောအခြေအနေ ထည့်သွင်းမည်ဖြစ်ကြောင်း မည်သူကမှ မသိနိုင်ချေ။

အရေးကြီးသော အချက်ကမူ ရှိသမျှ အရာရှိများထဲတွင် ဝမ်ချောင်နှင့် ဘုရင်စုန့်ကသာ သူ့ကိုရင်ဆိုင်ပြီး အကြံအစည်ကို ဖျက်ဆီးနိုင်စွမ်းရည် ရှိသောသူဖြစ်သည်။

“ရမ်းကားလိုက်တာ ဒါက ဘယ်လိုပေါက်ကရ ကိစ္စလဲ”

ဘုရင်စုန့်၏ ဆန့်ကျင်မှုက ဘုရင်ချီအား ချက်ချင်းဆိုသလို ဒေါသထွက်ပြီး အတိုက်အခံ ငြင်းစေသည်။

“ဘယ်လိုလူကများ အင်ပါယာခုံရုံးထဲကို အတွေ့အကြုံတွေနဲ့အတူ ဝင်လာခဲ့ကြလို့လဲ။ အားလုံးက ဗလာကနေစပြီး တဖြည်းဖြည်းချင်းစီ အပေါ်ကို တက်သွားရတာပဲ မဟုတ်ဘူးလား။ အခြားသူတွေကိုသာ အခွင့်အရေးမပေးရင် ငါတို့က ပါရမီရှင်အသစ်တွေကို ဘယ်လိုများ ပျိုးထောင်ပေးနိုင်မှာလဲ။ ကောဟွမ်က ထူးချွန်တဲ့လုပ်ဆောင်မှုတွေ ရှိခဲ့ပြီးသား။ ဒီဘုရင်ကတော့ သူက ဒီနေရာနဲ့ အရမ်းကိုသင့်တော်တယ်လို့ ထင်တယ်”

ဘုရင်ချီက အတက်နိုင်ဆုံးကြိုးစားပြီး သူ၏လူကို ခုံရုံးတွင် ထည့်လိုသည်။

“ဒါပေမဲ့ ဒီဘုရင်ကတော့ သူ့ကို သင့်လျော်တယ်လို့ မထင်ဘူး”

ဝမ်ချောင်၏အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။ သူသည် ရှေ့တက်လာပြီး အေးစက်စွာပြုံးရင်း ပြောသည်။ ဘုရင်ချီက ထိုအခွင့်အရေးကို အရယူပြီး သူ၏လူကိုသာ တော်ဝင်ခုံရုံးထဲသို့ထည့်ရန် မကြိုးစားသင့်ပေ။ ကောဟွမ်သည် အရည်အချင်း ပြည့်မှီလျှင် မှီပေလိမ့်မည်။ သို့သော် မဟာထန်ကြီးတွင် သူ့ထက်ပို၍ ပါရမီရှိသော လူပေါင်းများစွာ ရှိနေလေသည်။

“ဝမ်ချောင်”

ဘုရင်ချီက ဝမ်ချောင်၏ စကားကို ကြားသောအခါ ဒေါသတကြီးအော်သည်။ သူ၏မျက်နှာက နီရဲသွား၏။ ဝမ်ချောင်သည် ယခုလေးတင် သူ၏အကြံအစည်ကို နှစ်ကြိမ်ဆက်တိုက် ဖျက်ဆီးပြီးလေပြီ။

“ဒီအရာရှိကတော့ ကောဟွမ်က အသင့်တော်ဆုံး ရွေးချယ်ခံမဟုတ်ဘူးလို့ ယုံကြည်တယ်”

ထိုအချိန်တွင် စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးကလည်း ရှေ့ထွက်လာသည်။ တောက်ပသော အမတ်မင်း ဟယ်ချီရုံ၏ မြို့တော်မှ ထွက်ခွာသွားမှုကတင် ကြိုးကိုင်၍မရသည့် သဘောတူညီမှုကြီး ဖြစ်ပြီးနေလေပြီ။ သူတို့လက်ရှိ လုပ်နိုင်သမျှက အတက်နိုင်ဆုံး ဘုရင်ချီ၏လူများကို ဟယ်ချီရုံ၏နေရာကို မရသွားအောင် တားမြစ်ရမည်ဖြစ်သည်။

“ဒီအရာရှိက သဘောတူတယ်”

“ဒီအရာရှိကလည်း သဘောတူပါတယ်”

ချက်ချင်းဆိုသလိုပင် ဘုရင်စုန့်၏ဘက်မှ ဗိုလ်ချုပ်များနှင့် အရာရှိများအားလုံးက ရှေ့ထွက်ကာ သဘောတူကြောင်း ပြောကြသည်။ သူတို့၏မျက်နှာကလည်း တင်းမာနေကြ၏။ ထိုသို့ဖြင့် ဘုရင်ချီ၏ မျက်နှာပေါ်တွင် ဒေါသတကြီးဖြစ်လျှက် ရှုံ့မဲ့သောမျက်နှာထားမျိုးက ပေါ်လာသည်။

“အရှင့်သား ကောဟွမ်ကို လက်မခံနိုင်ဘူးဆိုရင် ဒီအရာရှိက လူတစ်ယောက်ကို ထောက်ခံပေးချင်ပါတယ်”

အပြင်းအထန် ငြင်းခုံမှုများအကြားတွင် အလွန်အမင်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လူကြီးတစ်ယောက်က ထုတ်ပြောလာသည်။ မဟာဆရာက စကားပြောရန် ရွေးချယ်လိုက်သည်။

“ဒီအရာရှိအိုကြီးက ဒီလူနဲ့ အရင်က အဆက်အသွယ် ပြုခဲ့ဖူးတယ်။ ဒီအရာရှိအိုကြီးရဲ့ ဆုံးဖြတ်ချက်အရ သူက ဟယ်ချီရုံရဲ့နေရာကို ဝင်ယူပြီး အတွင်းရေးမှူးလုပ်ငန်းတွေကို လုပ်ဆောင်လို့ ပြည်နယ်ကြီးရဲ့ ကိစ္စတွေကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တယ်”

မဟာဆရာ၏ စကားလုံးများက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့ကပင် ကြောင်သွား၏။ အနောက်ဘက်မှ ဝမ်ချောင်ကလည်း ကြောင်သွားပြီး မကောင်းလွန်းသော ခံစားချက်မျိုးကို ရလိုက်ပြန်သည်။

အင်ပါယာခုံရုံးအတွင်းရှိ ရှုပ်ထွေးသော ငြင်းခုံမှုများ စတင်ချိန်ကတည်းက မဟာဆရာက မနက်ခင်းညီလာခံများတွင် ပေါ်မလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် ဆွေးနွေးမှုအတွင်းသို့ ဝင်မပါခဲ့ချေ။ ထို့အပြင် မဟာဆရာက ဟယ်ချီရုံကို မေးခွန်းစမေးချိန်က စတင်ပြီး တော်ဝင်ခုံရုံးမှ ကိစ္စအားလုံးကို ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း ဖော်ပြရာရောက်နေခဲ့ပြီးသား ဖြစ်လေသည်။ ထို့ကြောင့် ဝမ်ချောင်သည် မဟာဆရာက ထိုလူကို ယခုမှသာ တွေးတောလိုက်ပြီဟု မယုံကြည်ချေ။

“ဘယ်သူလဲ”

1276 02

ဘုရင်ချီက ဒေါသတကြီး အော်လိုက်သည်။ သူ၏မျက်လုံးဟာ သွေးထွက်မတက် နီရဲနေလေပြီး ဒေါသထွက်လွန်းသဖြင့် စကားပြောလိုက်သူက မဟာဆရာဖြစ်ကြောင်းကိုပင် မေ့နေပုံရသည်။ သူလုပ်ခဲ့သောကိစ္စကို ဘုရင်ချီက မသိနိုင်သေးခင် အပြင်ဘက်မှ ကျယ်လောင်ကာ အားအင်တက်ကြွသော အသံကထွက်လာသည်။

“ကျွန်တော်ပါ”

ရိုးရှင်းသော စကားလုံးကတင် ယုံကြည်မှုအပြည့်ပါပြီး ခုံရုံးအတွင်းတွင် ရှိနေသော လွှမ်းမိုးမှုကြီးမားသည့် အရာရှိများကို မကြောက်ရွံ့ပုံ ဖော်ပြသည်။ ထိုစကားလုံးတစ်ခုနှင့်အတူ ထိုက်ဟယ်နန်းဆောင် အပြင်ဘက်မှ ခြေလှမ်းသံများကို ကြားရသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း၏အာရုံက ဆွဲဆောင်သွား၏။

ဝှစ်

ချက်ချင်းဆိုသလိုပင် ဝမ်ချောင်အပါအဝင် အရာရှိများအားလုံးက ကြည့်လိုက်ကြသည်။

တခဏခန့်ကြာပြီးနောက် ခမ်းနားထည်ဝါသော အလင်းရောင်အောက်တွင် ခေါင်းကိုမြင့်မားစွာ မော့ထားပြီး နှင်းကဲ့သို့ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မားမတ်သော ပုံရိပ်တစ်ခုက အတွင်းသို့ လျှောက်ဝင်လာသည်။

သူ၏ခြေလှမ်းဟာ ယုံကြည်မှုအပြည့်ပါလေပြီး ပြုမူပုံကလည်း ကျော့ရှင်းကြည့်ကောင်းသည်မှာ အေးချမ်းတိတ်ဆိတ်သော ချိုင့်ဝှမ်းငယ် အနက်ရှိုင်းဆုံးအပိုင်းတွင် ပေါက်ရောက်သည့် သစ်ခွတစ်ပင်အလား ထင်ရသည်။

ထိုလူကိုမြင်ပြီးနောက် ခုံရုံးအတွင်းရှိ ပြည်တွင်းရေးရာ အရာရှိအမတ် တစ်ဝက်နီးပါးက လေးစားစွာဖြင့် ခေါင်းငုံ့လိုက်ကြသည်။

ဝမ်ချောင်က အစပိုင်းတွင်မူ ဂရုသိပ်မစိုက်ချေ။ သို့သော် ထိုလူကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက်တွင် မိုးကြိုးအပစ်ခံရသလိုမျိုး တစ်ကိုယ်လုံးက တုန်ယင်သွားသည်။

လီကျွင်းရှန်း

ဝမ်ချောင်က ထိုရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မယုံကြည်နိုင်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ မဟာဆရာက ထောက်ခံပေးလိုက်သောလူက သူနှင့် ယစ်မူးခြင်း လမင်းကျောင်းဆောင်တွင် တွေ့ဆုံခဲ့ဖူးသော ကွန်ဖြူးရှပ်ဂိုဏ်းမှခေါင်းဆောင် လီကျွင်းရှန်းဖြစ်နေမည်ဟု မထင်ထားမိချေ။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကပင် ရုတ်တရက် သူသည် အကြံအစည်များ၏ အလယ်တွင် ရေနစ်သလိုမျိုး မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။

ဟယ်ချီရုံက ထွက်ခွာသွားမှုနှင့် ဘုရင်ချီ၏ ကောဟွမ်ကို ထောက်ခံပေးမှုအပြင် မဟာဆရာ၏ လီကျွင်းရှန်းကို ထောက်ခံပေးမှု... စသဖြင့် အရာအားလုံးက ဝမ်ချောင်၏စိတ်အတွင်း မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ဘုရင်စုန့်၏ သူလျိုက ဘုရင်ချီထံမှတစ်ဆင့် ကြားသိခဲ့ရသည့် အင်ပါယာခုံရုံး၏ တည်ဆောက်ပုံကို ပြောင်းလဲမည်ဆိုသော ကိစ္စထံ ရောက်ရှိသွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ အဖြစ်အပျက်ကို နားလည်လိုက်သည်။

ထိုအခိုက်အတန့်တွင် လီကျွင်းရှန်းက ခန်းမ၏ ဝင်ပေါက်တွင်ရပ်ပြီး အရာရှိများအားလုံးကို လျှင်မြန်စွာ အကဲခတ်နေသည်။ နှစ်ယောက်စလုံးတွင် ဝမ်ချောင်ထံ ရောက်သွားသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ”

ဝုန်း

ထိုစကားလုံးများက ခန်းမတစ်ခုလုံးကို ဆွေးနွေးသံများဖြင့် ကျွတ်စီသွားပြန်သည်။ ဗိုလ်ချုပ်များအားလုံးက အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်ကြသည်။ ထိုလူငယ်၏ စကားများအရ သူသည်ဝမ်ချောင်ကို သိကြောင်း ဖော်ပြသည်။ သို့သော် နှစ်ယောက်အကြားမှ စိတ်အခြေအနေအရ ရန်လိုသော ဆက်ဆံရေးဖြစ်ကြောင်း ရှင်းလင်းနေ၏။ ရင်းနှီးသောဆက်ဆံရေး မဟုတ်ပေ။ မဟာဆရာကသူ့ကို ထောက်ခံပေးသောကြောင့် သူသည် မျိုးနွယ်ခြားနယ်မြေများ၏ဘုရင်နှင့် ရန်သူဖြစ်သွားသည်။ ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်ကလည်း ပုံမှန်မဟုတ်သော နောက်ခံမှလာသူဖြစ်လောက်၏။

ဝင်ပေါက်တွင်ရပ်နေသည့် လီကျွင်းရှန်းက မည်သည့်အရာကိုမှ မမြင်သလို ထိုစကားများကို မကြားသလိုမျိုး အားလုံးကို လျစ်လျူရှု့ထားပြီး ဝမ်ချောင်နှင့် မျက်လုံးချင်းဆုံကာ ပြုံးပြလိုက်သည်။ ထိုအခိုက်အတန့်တွင် လေထဲတွင် လျှပ်စီးကြောင်းက ဖြတ်ပြေးသွားသလိုမျိုး ဖြစ်သွားသည်။ ခန်းမကြီးတစ်ခုလုံးက တိတ်ဆိတ်သွားပြီး အရာရှိတိုင်းက နှစ်ယောက်ကြားမှ ရန်လိုမှုကို ထင်ရှားစွာ တွေ့လိုက်သည်။

“သူပဲ”

နဂါးရစ်တိုင်အနားရှိ ဘုရင်စုန့်သည်လည်း တစ်စုံတစ်ရာကို အာရုံခံမိပုံပေါ်သည်။ သူ၏မျက်လုံးက ပြူးကျယ်သွားပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်ကိုကြည့်သော မျက်လုံးက တင်းမာသွားသည်။

သူသည် လီကျွင်းရှန်းနှင့် မဆုံဖူးချေ။ ဘုရင်စုန့်သည် ဝမ်ချောင်၏ ဖော်ပြချက်အတိုင်း လူလွှတ်ကာ ပန်းချီရေးဆွဲစေခဲ့၏။ ထို့ကြောင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ လူငယ်ခေါင်းဆောင်အပေါ် နက်ရှိုင်းသည့် ထင်မြင်ချက်ရှိသည်။ ကိစ္စအားလုံး၏ နောက်ကွယ်မှ အကြံအစည် ကြီးမားလွန်းသောလူက ခုံရုံးအတွင်းသို့ ဝင်ရောက်လာပြီဟု မထင်ထားမိချေ။

127 603

အနီးအနားရှိ ကျန်းချုံကျန့်ချုံး၏ တုန့်ပြန်မှုက အနည်းငယ် နှေးကွေးသည်။ သို့သော် သူသည် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး လီကျွင်းရှန်းကို သံသယအပြည့်ဖြင့် အကဲခတ်နေသည်။

“အရှင့်သား ဒီဘုရင်က ငြင်းဆန်တယ်။ အတွင်းရေးမှူးဆိုတဲ့ တာဝန်က အရမ်းကို အရေးကြီးလွန်းတယ်။ ဒါကို ကြုံရာကျဘမ်းလို ဒီတစ်ယောက်ကို ပေးအပ်လို့ မသင့်ပါဘူး”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။ သူ၏အမူအရာက အေးစက်နေသည်။ ကွန်ဖြူးရှပ်ဂိုဏ်းက မည်သို့သော အကြံအစည်များ ရှိနေစေကာမူ သူသည် သူတို့အား အောင်မြင်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

လီကျွင်းရှန်းက ပြုံးရုံသာပြုံးပြီး မည်သည့်စကားမှ မတုန့်ပြန်ချေ။

ထိုအချိန်တွင် ဘုရင့်လက်အောက်ခံ အဖွဲ့အစည်းများကို စီမံအုပ်ချုပ်သော အမှုဆောင်လူကြီးမင်း ဖန်းချန်းချင်က ရုတ်တရက် ရှေ့ထွက်ပြီး ခိုင်မြဲစွာပြောသည်။

“သူက ကြုံရာကျဘမ်းလူလို့ ဘယ်သူကပြောလဲ။ ဒါက ငါတို့ရုံးတော်က ဒုလက်ထောက် လူကြီးမင်းပဲ”

“ဒီတော့ ဘုရင့်လက်အောက်ခံ အဖွဲ့အစည်း ရုံးတော်ဌာနက ပြည်ပဧည့်သည်တွေကို ကိုင်တွယ်ဂရုစိုက်ပြီး ရာထူးမြှင့်တင်ပေးရင်းနဲ့ ပြည်နယ်ကြီးတစ်ခုလုံးရဲ့ အရေးပါတဲ့ ကိစ္စတွေကို ဆောင်ရွက်ရတဲ့ အတွင်းရေးမှူးနေရာကိုတောင် ကိုင်တွယ်ခိုင်းနိုင်တဲ့ စွမ်းရည်မျိုး ရှိနေပြီပေါ့လေ ဟုတ်လား။ ဘယ်အချိန်ကများ ငါတို့ရဲ့ အင်ပါယာခုံရုံးက ဒီလိုလက်လွတ်စပယ် လက်လွှဲပိုင်ခွင့် ရှိသွားတာလဲ”

ဝမ်ချောင်က အေးစက်စွာပြောသည်။

သူ၏လက်အောက်ခံ အဖွဲ့အစည်းသည် ဘုရင်ချီဘက်မှဖြစ်သည်။ ထို့ကြောင့် သိသာစွာပင် လီကျွင်းရှန်းအတွက် အကောင်းဆုံး ပေးနိုင်သည့် နေရာလည်းဖြစ်သည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ ရည်ရွယ်ချက်ကို သူမသိပေ။ သို့သော် အင်ပါယာခုံရုံးကမူ မဟာထန်၏ အချက်အချာ နေရာဖြစ်သလို ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံး၏ နှလုံးသားအလား ဖြစ်နေသော နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် လီကျွင်းရှန်းကသာ ထိုကဲ့သို့သောနေရာအထိဝင်ပြီး အင်ပါယာခုံရုံးအထိ လက်ဆန့်နေမည်ဆိုလျှင် ဟယ်ချီရုံကို ပြောင်းသောကိစ္စက စတင်ပြီး ရည်မှန်းချက်ကြီးမားလွန်းကြောင်း ဖော်ပြရာရောက်သည်။

မဟာဆရာက ကုလားထိုင်မှ ထရပ်လိုက်ပြီဖြစ်သည်။ သူသည် အလျင်လိုစွာပြောသည်။

“ဘုရင့်လက်အောက်ခံ အမှုထမ်းရေးရာ ရုံးတော်မှာ တာဝန်ထမ်းဆောင်တာက မလုံလောက်ဘူး။ ငါအားလုံးကို ပြောဖို့မေ့နေတာ။ သူက အဲ့ဒီက လက်ထောက်လူကြီးမင်းအပြင် သူက ဒီအရာရှိအိုကြီးရဲ့ နောက်ဆုံးတပည့်လည်းဖြစ်တယ်။ ငါအနားယူသွားတဲ့ နှစ်တွေမှာ ဒီအရာရှိအိုကြီးက အင်ပါယာခုံရုံးကို အတက်နိုင်ဆုံး တာဝန်ထမ်းဆောင်ဖို့ မျှော်လင့်နေသေးတယ်။ ပိုဆိုးတာက ဒီလူက ထူးချွန်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်။ ဒီတော့ ဒီအရာရှိလူကြီးမင်းကလည်း သူ့ကို တပည့်အဖြစ်လက်ခံပြီး လမ်းညွှန်ပေးဖို့ ဆန္ဒရှိတယ်။ နေ့ရက်တိုင်းလိုလို တော်ဝင်ခုံရုံးကို ဒီအရာရှိအိုကြီးကတစ်ဆင့် တော်ဝင်ခုံရုံးကို ပို့သမျှ စာလွှာတိုင်းကို သူ့ဆီကနေ ထွက်လာတာပဲ။ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ဒီအရာရှိအိုကြီးက သူ့ကို သိသမျှ အရာအားလုံးကို သင်ပေးခဲ့ပြီးသား။ ဒါကြောင့် ဒီလူက ဒီအရာရှိအိုကြီးရဲ့ မျှော်လင့်ချက်တွေကို မပယ်ချခဲ့ဘူး။ ကျောင်းသားဟာ ဆရာထက်တော်နေတယ်။ သူက အုပ်ချုပ်မှုရေးရာ ကိစ္စတွေမှာ ဝင်ပါနိုင်တဲ့အပြင် ခုံရုံးက ကိစ္စတွေကို ကိုင်တွယ်နိုင်တဲ့စွမ်းရည် ရှိနေတာအမှန်ပဲ”

“အရှင့်သား ဒီအရာရှိအိုကြီးကလည်း ဒီလူက ဟယ်ချီရုံရဲ့တာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ သူကသာ အတွင်းရေးမှူးနေရာကို ရရှိသွားပြီဆိုရင် ဘာအမှားအယွင်းမှ မရှိနိုင်တော့ဘူး။ ဒီနယ်ပယ်မှာဆိုရင်တော့ ဒီအရာရှိအိုကြီးက သူ့ရဲ့ဂုဏ်သိက္ခာကိုတောင် တိုင်တည်ပြီး ကျိန်ဆိုရဲပါသေးတယ်။ အရှင့်သား ကျေးဇူးပြုပြီး စဉ်းစားဆင်ခြင်ပေးတော်မူပါ”

နောက်ဆုံးစကားကိုပြောပြီးနောက် သူဟာ လေးနက်စွာ ဂါရဝပြုလိုက်သည်။

သူသည် ဒီနေ့ခုံရုံးတွင် တတိယအကြိမ်မြောက် ဝင်ပြောခြင်းဖြစ်သည်။ ဝမ်ချောင်က မဟာဆရာဟာ လီကျွင်းရှန်းကို နောက်ဆုံးတပည့်ဟု ခေါ်ကြောင်း ကြားလိုက်ချိန်တွင် သူ၏နှလုံးသားဟာ အေးခဲသွားပြီး ကျောက်တုံးတစ်တုံးလို မြုပ်သွားသည်။

ဘုရင့်လက်အောက်ခံ အမှုထမ်းရေးရာ ရုံးတော်ဘက်မှ ထောက်ခံအားပေးမှုနှင့် မဟာဆရာ၏ အားပေးမှုများအပြင် မဟာဆရာ၏ တပည့်ဆိုသော အဆင့်အတန်းမျိုးကိုပင် ရရှိထားသည်။ လီကျွင်းရှန်းကို ထောက်ခံပေးရန်အလို့ဌာ မဟာဆရာက သူ၏ဂုဏ်သတင်းများကိုပင် ထည့်သွင်းထားသည်။ ဝမ်ချောင်သည် လီကျွင်းရှန်းဟာ မဟာဆရာသိသမျှ အရာအားလုံးကို ကောင်းကောင်း သိထားသည်လော သို့မဟုတ် ပြည်နယ်ရေးရာ ကိစ္စများကို အမှန်တကယ် ကိုင်တွယ်နိုင်သည်လော မသေချာပေ။ သို့သော် မဟာဆရာပြောသော စကားများကသာ မှန်ကန်လျှင် ကွန်ဖြူးရှပ်ဂိုဏ်း၏ အကြံအစည်များ၊ မဟာဆရာ၊ ဘုရင်ချီတို့၏ အကြံအစည်များဟာ ကြောက်စရာကောင်းနေလေပြီ။

သို့သော် ထိုထက်ပို၍ဆိုးသည်မှာ ဝမ်ချောင်ကသူတို့ကို အောင်မြင်ခွင့်မပြုနိုုင်ပေ။

1276 04

“တော်ဝင်ခုံရုံးမှာလည်း ကိုယ်ပိုင် စံချိန်စံနှုန်းတွေ ရှိတယ်။ အရာအားလုံးက စံချိန်စံနှုန်း၊ စည်းမျဉ်းတွေအတိုင်း ဖြစ်ရမယ်။ ဘာအကျိုးပြု လုပ်ဆောင်ထားမှုမှမရှိဘဲ မဟာဆရာရဲ့ တပည့်ဆိုတိုင်း ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းနဲ့တက်ပြီး အတွင်းရေးမှူးရာထူးကို ယူပိုင်ခွင့်မရှိဘူး။ ငါ့ရဲ့ငြင်းဆန်မှုက အရင်အတိုင်းတည်မယ်။ လက်မခံနိုင်ဘူး”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ ထိုအခိုက်အတန့်တွင် နောက်ထပ် အသံတစ်သံက ပြောလိုက်သည်။ ပြောသူသည် မဟာထန်၏ အတွင်းဝန်အမတ်ကြီး လီလင်းဖူဖြစ်သည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်ပြောတာ မှန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီလူအိုကြီးကလည်း ကိစ္စတစ်ခုကို ကြေညာစရာရှိတယ်။ သိပ်မကြာခင်က လက်ထောက်ဒါရိုက်တာလူကြီးမင်း လီကျွင်းရှန်းက မဟာထန်ရဲ့ သံတမန်အဖြစ် ပတ်ဝန်းကျင်တိုင်းပြည်တွေဆီကို သွားပြီး ယွီစန်း၊ အနောက်ပိုင်းတူရကီ၊ ဂိုဂူလျောနဲ့ အခြားတိုင်းပြည်တွေနဲ့ ဆွေးနွေးလို့ သူတို့ရဲ့စစ်တပ်တွေကို လျော့ချစေဖို့ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ ယွီစန်းကတော့ အရင်စစ်ပွဲမှာ ပမာဏအမြောက်အများ ဆုံးရှုံးသွားခဲ့တဲ့အတွက်ကြောင့် သူတို့ရဲ့ စစ်တပ်အင်အားကို တစ်သိန်းခွဲအထိ လျော့ချသွားလိမ့်မယ်။ အနောက်ပိုင်းတူရကီကတော့ သူတို့ရဲ့ စစ်တပ်အင်အားကို နှစ်သိန်းလျော့ချမယ်။ အရှေ့ပိုင်း တူရကီက သူတို့ရဲ့စစ်တပ်ကအင်အားကို နှစ်သိန်းသုံးသောင်း လျော့ချလိမ့်မယ်။ ဂိုဂူလျောကတော့ သူတို့ရဲ့ စစ်တပ်အင်အားကို နှစ်သိန်းရှစ်သောင်းအထိ လျော့ချပေးမယ်။ နောက်ဆုံးမှာတော့ မာန်ရှဲ့ကျောင်းက သူတို့ရဲ့ စစ်တပ်အင်အားကို သုံးသိန်းအထိ လျော့ချပေးမယ်လို့ သဘောတူခဲ့တယ်။ ဒီတိုင်းပြည်တွေ အားလုံးက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အင်ပါယာခုံရုံးကို အကြောင်းကြားပြီးတာ။ ဒါကြောင့် ဒီလိုလျော့ချတဲ့ ပမာဏက ဆယ်ရက်အတွင်း ပြီးမြောက်သွားလိမ့်မယ်”

ထိုအခြေအနေက လူတိုင်းကို သတိလက်လွတ် ဖြစ်သွားစေသည်။ လီလင်းဖူက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့၏။ သို့သော် သူဟာ ယခုလို ရုတ်တရက် စကားပြောလာမည်ဟု မထင်ထားမိချေ။ ပို၍အံ့အားသင့်စရာ ကောင်းသည်မှာ သူကြေညာလိုက်သော စကားက မှင်သက်ဖွယ် ကောင်းလွန်းနေသည်။

ဘုန်း

တိတ်ဆိတ်သော ထိုက်ဟယ်နန်းဆောင်က ချက်ချင်းလိုလို ဆူပူပွက်လော ရိုက်သွားသည်။ လီကျွင်းရှန်း၏ နောက်ခံဟာ ထိုမျှအထိ အံ့အားသင့်စရာ ကောင်းနေသည်ဟု မည်သူကမှ မထင်ထားကြပေ။

++++++

1277 01

အခန်း(၁၂၇၇)

“အခြားတိုင်းပြည်တွေက သူတို့ရဲ့စစ်တပ်အင်အားကို လျော့ချပေးမယ် ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါနားကြားများ မှားတာလား။ ယွီစန်းက သူတို့ရဲ့ စစ်သည်အင်အားကို တစ်သိန်းခွဲတောင် လျော့ချပေးတယ်။ အနောက်ပိုင်းတူရကီက နှစ်သိန်း၊ ဂိုဂူလျောက နှစ်သိန်းရှစ်သောင်း... ဒီလိုကိစ္စမျိုးက ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဒီတိုင်းပြည်တွေက ဗဟိုပြင်ကျယ်အနားမှာ အမြဲတမ်းဝိုင်းနေတဲ့ ရည်မှန်းချက်ကြီးကြတဲ့ တိုင်းပြည်ကြီးတွေ။ ငါတို့က ချစ်ကြည်လိုစိတ်အပြည့်နဲ့ စစ်ပြေငြိမ်းရေးစာချုပ်ကို လက်မှတ်ထိုးချင်ခဲ့တာတောင်မှ သူတို့က သဘောမတူခဲ့ဘူး။ အခုဘယ်လိုများ စစ်တပ်အင်အားကို လျော့ချပေးဖု့ိ သဘောတူမှာလဲ”

လီလင်းဖူ၏ စကားလုံးများက လူတိုင်း၏စိတ်အတွင်း အံ့အားသင့်မှု အားလှိုင်းများကို ရိုက်ခတ်သွားစေသည်။ တိုင်းပြည်အားလုံးကသာ စစ်သည်အင်အားကို လျော့ချရန် သဘောတူမည်ဆိုလျှင် ဒါဟာသမိုင်းတွင် အကောင်းဆုံးသတင်း ဖြစ်ပေလိမ့်မည်။ နယ်စပ်တွင်ရှိသော မျိုးနွယ်ခြားများ၏ ခြိမ်းခြောက်မှုက အများကြီး လျော့ကျသွားသောအခါ မြင်းတပ်စစ်တပ်၏ မျက်နှာသာပေးမှုကို ခံရသည့် တိုင်းပြည်ပေါင်းများစွာကို စဉ်းစားဆင်ခြင်ကြည့်ရာတွင် မဟာထန်ကို ကျော်လွန်သော အင်အားစုကြီးကိုပင် ကိုင်တွယ်ထားနိုင်မည်ဟု ယုံကြည်၍ရလေသည်။

အရာရှိများက အချင်းချင်း ဆွေးနွေးနေချိန်တွင် လီလင်းဖူက ထပ်ပြောသည်။

“ဒါတွေအပြင် မဟာထန်နဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိလိုတဲ့ စိတ်ဆန္ဒကို ဖော်ပြတဲ့အနေနဲ့ နောက်ထပ် ဘယ်တော့မှ စစ်မဖြစ်ချင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ဒီတိုင်းပြည်တွေအားလုံးက သူတို့ရဲ့ စစ်တပ်တွေကို လီသုံးရာအထိ နောက်ဆုတ်ပေးမယ်လို့ သဘောတူပေးထားတယ်”

ဝုန်း

လီလင်းဖူ၏ ကြေညာချက်များကြောင့် အရာရှိများအားလုံးက မှင်သက်ကုန်ကြသည်။ ယခုထပ်ထွက်လာသော စကားလုံးများက သူတို့၏ခံစားချက်များကို အဆုံးစွန်ထိ တွန်းပေးလိုက်၏။

“အရှင်အတွင်းဝန်အမတ်ကြီး မင်းပြောတာအမှန်လား”

အရာရှိများက လီလင်းဖူကို ကြည့်လိုက်သည်။ အချို့လူကမူ အနည်းငယ်ပင် တိုးကပ်လာကြသေး၏။ တစ်ဖက်သူသည် အတွင်းဝန်အမတ်ကြီး ဖြစ်နေသောကြောင့်သာ မဟုတ်လျှင် ချက်ချင်းလိုလို ဆောင့်ဆွဲပြီး မေးခွန်းကို တိုက်ရိုက်မေးချင်လောက်သည်။

“ဒီကိစ္စက အတည်ပြုပြီးပြီ။ အတွင်းရေးမှူးက တိုင်းပြည်အနှံ့က စာဖိုင်တွေကို သက်သေအဖြစ် ပြသနိုင်တယ်။ တစ်ခုချင်းစီတိုင်းကလည်း တိုင်းပြည်တစ်ခုချင်းစီရဲ့ အုပ်ချုပ်သူတွေရဲ့ စည်းတံဆိပ် ပါရှိပြီးသားပဲ”

လီလင်းဖူက တင်းမာစွာပြောသည်။ တစ်ပြိုင်တည်းတွင်ပင် ပထမမင်းသားကို တစ်ချက်ကြည့်သည်။

နဂါးပုလ္လင်ပေါ်တွင် ထိုင်နေသော ပထမမင်းသားက ခေါင်းအသာညိမ့်လိုက်သည်။ ထိုကိစ္စက မှန်ကန်ကြောင်း အတည်ပြုပေး၏။

ဘုန်း

ထိုအခိုက်အတန့်တွင် ဗိုလ်ချုပ်များအားလုံး၏စိတ်က လှုပ်ခတ်သွားကြသည်။

ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက သူတို့၏စစ်သည်အင်အား နှစ်သိန်း သို့မဟုတ် သုံးသိန်းအထိပင် လျော့ချပေးမည်ဟု မထင်ထားမိချေ။ အမှန်တိုင်းဆိုရသော် ရန်သူများက တိုက်ပွဲမရှိဘဲ အညံ့ခံသွားခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တိုင်းပြည်များက သူတို့၏စစ်သည်အင်အားကို တစ်သန်းနီးပါးအထိ လျော့ချပေးခဲ့ခြင်းအားဖြင့် လက်ညိုးတစ်ချောင်း ယမ်းလိုက်ရုံဖြင့် ကြီးမားသော လုပ်ဆောင်မှုကြီး လုပ်ဆောင်ပေးနိုင်သည်ဟု ဆို၍ရသည်။ ထို့ကြောင့် ဝမ်ချောင်၏ အနောက်ပိုင်းဒေသမှ စီမံကိန်းနှင့် တူညီလုနီးပါးဖြစ်သွားသည်။ ထိုအချက်တစ်ခုတည်းနှင့်တင် လီကျွင်းရှန်း၏ နောက်ခံက အင်ပါယာခုံရုံးအတွင်းဝင်ရောက်ကာ ပြည်နယ်ရေးရာ ကိစ္စများကို ဆွေးနွေးရန် အရည်အချင်း ပြည့်မှီသွားပြီဖြစ်သည်။

အခြားတစ်ဖက်တွင် ဝမ်ချောင်က ဗိုလ်ချုပ်တိုင်းထက် အံ့ဩနေသည်။ သူက ပတ်ဝန်းကျင်တိုင်းပြည်များက စစ်တပ်အင်အား လျော့ချပေးသည့် ကိစ္စကြောင့် အလွန်အမင်း သတိလက်လွတ် ဖြစ်သွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်သည်။ သူ၏စိတ်အတွင်း မုန်တိုင်းများက လိမ့်တက်လာသည်။ သတိလက်လွတ် ဝမ်ချောင်က ဘုရင်စုန့်နှင့် ကျန်းချုံကျန့်ချုံးတို့ကို လှမ်းကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများကို မြင်နိုင်သည်။ သိသာစွာပင် သူတို့သည်လည်း ထိုအကြောင်းကို ကြိုမသိထားပါချေ။

ဒါကတကယ်ကို ဗုံးကျဲလိုက်တာပဲ။

အစပိုင်းတွင် အံ့အားသင့်ပြီးနောက် ဝမ်ချောင်က တဖြည်းဖြည်းချင်းစီ ပြန်ငြိမ်သွားသည်။ ဘုရင့်လက်အောက်ခံ အမှုထမ်းရေးရာရုံးတော်၏ အမှုဆောင်လူကြီးမင်း၊ မဟာဆရာ လီလင်းဖူနှင့် ထိုခုံရုံးမှ တောက်ပသော ပုဂ္ဂိုလ်ကြီးတိုင်းက ရှေ့သို့ထွက်လျှက် လီကျွင်းရှန်းကို ချီးကျူးပေးနေကြသည်။ လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းက ဟယ်ချီရုံ၏ လိုအပ်နေသော နေရာကို အရယူသွားမည်မှာ သေချာနေသည်။

1277 02

“အရှင့်သား”

ဝမ်ချောင်က စကားပြောသည်။ သို့သော် တခဏကြာပြီးနောက် သူ၏နားနားကပ်ကာ တိုးလျစွာပြောသည့် ရင်းနှီးကျွမ်းဝင်သည့် အသံကို ကြားလိုက်ရသည်။ ထိုအသံက သူ့ကိုတား၏။

“ဝမ်ချောင် ထားလိုက်တော့။ မဟာဆရာ၊ လီလင်းဖူ၊ ဘုရင်ချီနဲ့ ဒီလူတွေအားလုံးက နောက်ပြီး ပထမမင်းသားတောင်မှ ဒီကိစ္စကို အာရုံစိုက်နေကြတာ။ သူတို့က အားလုံးကို ပြင်ဆင်တွက်ချက်ခဲ့ပြီးသား။ သူတို့ပြောတဲ့စကားတွေက မှန်နေခဲ့ရင် ပတ်ဝန်းကျင် တိုင်းပြည်တွေကသာ သူတို့ရဲ့စစ်တပ်အင်အားကို လျော့ချပေးတာ မှန်ခဲ့ရင် ဒါက လီကျွင်းရှန်းနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက အများကြီး အကျိုးပြုပေးလိုက်တာပဲ။ ကွန်ဖြူးရှပ်ဂိုဏ်းက အစိုးရရေးရာ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာမျိုး ငါမကြိုက်ပေမဲ့လည်း ငါဝန်မခံချင်ရင်တောင်မှ ဒီစီမံကိန်းက ပြည်သူတွေနဲ့ အခြားသူတွေအပေါ် တကယ်အကျိုးရှိတယ်။ ဒီလုပ်ဆောင်မှု တစ်ခုတည်းကတင် သူ့အနေနဲ့ အုပ်ချုပ်မှုရေးရာ အလယ်ဗဟိုကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မှီနေပြီ။ ငါတို့ တားနိုင်တဲ့အခြေအနေ မဟုတ်ဘူး”

ဘုရင်စုန့်က ပြောလိုက်ခြင်းဖြစ်သည်။ အသံထဲတွင် ရှုပ်ထွေးသော ခံစားချက်များလည်း ပါဝင်၏။ အများကိစ္စက အများကိစ္စဖြစ်ပြီး ကိုယ်ရေးကိုယ်တာကိစ္စက ကိုယ်ရေးကိုယ်တာကိစ္စ သီးသန့်ဖြစ်နေသည်။ သူကသာ ကွန်ဖြူးရှပ်ဂိုဏ်းကို အလွန်အမင်း သတိကပ်နေသည့်တိုင်အောင် ကိုယ်ပိုင် အကျိုးအမြတ်နှင့် ပတ်သတ်ပြီး ဆွေးနွေးဆောင်ရွက်သောအခါ လီကျွင်းရှန်း၏ ကွန်ဖြူးရှပ်ဂိုဏ်းက ပတ်ဝန်းကျင် တိုင်းပြည်များကို စစ်တပ်အင်အား လျော့ချခိုင်းနိုင်ခြင်းအားဖြင့် ကောင်းမွန်သည့် လုပ်ဆောင်မှုကို လုပ်ပေးပြီးလေပြီ။

ဘုရင်စုန့်ကပင် သူတို့မည်သို့လုပ်ခဲ့ကြောင်း မသိပေ။

“မဖြစ်နိုင်ဘူး ဒီတိုင်းပြည်တွေရဲ့ သဘောသဘာဝအရ သူတို့က ဘယ်လိုများ စစ်တပ်အင်အားကို လျော့ချပေးမှာလဲ”

ဝမ်ချောင်ကပြန်ပြောသည်။

“ဒါပေမဲ့ အခြားတိုင်းပြည်တွေက ပို့လိုက်တဲ့ မှတ်တမ်းလွှာတွေ အားလုံးက အင်ပါယာခုံရုံးကို ရောက်နေပြီ။ ဒါက တုပထားတာမဟုတ်ဘူး။ အနည်းဆုံးတော့ လီကျွင်းရှန်းနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက လူအများ ကောင်းဖို့အတွက် လုပ်ပေးထားတာပဲ။ ဘယ်သူကမှ ဒါကို မငြင်းဆန်နိုင်ဘူး။ အကျိုးပြုမှုက အကျိုးပြုမှုတစ်ခုဖြစ်ပြီး အမှားရှိမှ အပြစ်ပေးလို့ရမယ်။ ဒါက အင်ပါယာခုံရုံးရဲ့ စည်းမျဉ်းဖြစ်သလို လူတွေအားလုံး လိုက်နာကျင့်သုံးတဲ့ စံချိန်စံနှုန်းပဲ။ ဒီလုပ်ဆောင်မှုနဲ့ ဆရာ၊ ဘုရင်ချီနဲ့ အတွင်းဝန်အမတ်ကြီးတို့ အားလုံး ပံ့ပို့မှုတွေကြောင့် သူက အင်ပါယာခုံရုံးထဲကို ဝင်တာထက် လုံလောက်နေပြီ။ ဒီတော့ ငါတို့တွေ ဘာမှမတက်နိုင်တော့ဘူး”

ဘုရင်စုန့်က ကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။

သူက ကျင်းနန်ဆည်တာတမံ ဆောက်လုပ်ရေး စီမံကိန်းကို လက်ခံလိုက်ပြီးသည့် အချိန်ကစတင်လေပြီး ဒီနေ့အရှုံးက ကျောက်တုံးတွင် ရေးချထားသလိုမျိုး သိသာနေခဲ့ပြီးသားဖြစ်သည်။ နောက်ပိုင်းကိစ္စများတွင် သူ၏အမှားကို ပြင်ဆင်ရန် အလွန်အမင်း ခက်ခဲသွားသည်။ တိုက်ပွဲ၏အရှုံးက စစ်သည်တော် တစ်ယောက်တည်းနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် ဒီနေ့၏အရှုံးဟာ ဝမ်ချောင်နှင့် မသက်ဆိုင်ပါချေ။

ဝမ်ချောင်သည်လည်း ဘုရင်စုန့်၏လေသံကြောင့် ကူကယ်ရာမဲ့သွားပြီး ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။

“လီကျွင်းရှန်း ရှေ့ထွက်”

ထိုအခိုက်အတန့်တွင် ပထမမင်းသား၏ အသံက အထက်မှထွက်လာသည်။ သူ၏ခန္ဓာကိုယ်က မရွေ့လျားနိုင်သော တောင်တန်းတစ်ခုအလား တည်ငြိမ်နေသည်။

“ဒီနိမ့်ကျတဲ့အရာရှိက အမိန့်တော်ကို နာခံပါတယ်”

ခန်းမ၏ဝင်ပေါက်မှ လီကျွင်းရှန်းက အသာပြုံးလိုက်သည်။ သူ၏ဝတ်ရုံက လမ်းလျှောက်လိုက်တိုင်းလိုလို လွင့်ထွက်သွားသည်။

အင်ပါယာခုံရုံးကြီး တစ်ခုလုံးက တစ်ချိန်လုံးလိုလို သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဝမ်ချောင်နှင့် ဗိုလ်ချုပ်များကလည်း သူ့ကိုတားနိုင်မည့် အခွင့်အရေး ရှိလောက်သည်ဟု ယုံကြည်လောက်သေးသည်။ သို့သော် လီကျွင်းရှန်းက ထိုနေရာကို ယူပြီးချိန်ကတည်းက အရာအားလုံးကို စွန့်ပစ်ခဲ့ပြီးသားဖြစ်သည်။

ဖလပ် ဖလပ်

လီကျွင်းရှန်း၏ အလျင်မလိုသော အရှိန်နှင့် တည်ငြိမ်အေးဆေးသော အရှိန်အဝါက ခုံရုံးအတွင်းမှ အမတ်ကြီးတိုင်းကို လေးလံသည့်ခံစားချက် ရရှိသွားစေပြီး သူ့အား နက်ရှိုင်းစွာ လေးစားသွားစေသည်။ သူသည် ဝမ်ချောင်နှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်တန့်လိုက်သည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ကြည့်ရတာ မင်းရဲ့ငါ့အပေါ် မတရားစွပ်စွဲချက်တွေက နက်ရှိုင်းလွန်းပါတယ်”

လီကျွင်းရှန်းက ဝမ်ချောင်ကို တစ်ချက်ကြည့်ပြီး အသာပြုံးသည်။ ဝမ်ချောင်က ပြန်မဖြေနိုင်သေးခင် လီကျွင်းရှန်းက ရှေ့ဆက်သွားသည်။

1277 03

ဝမ်ချောင်က လီကျွင်းရှန်း၏ ကျောပြင်ကို စိုက်ကြည့်သည်။ သူ၏မျက်လုံးများက ရေခဲတုံးများအလား အေးခဲလာသည်။

ဒီတစ်လှည့်တွင် သူရှုံးသွားသည်။ အနည်းဆုံး အပေါ်ယံတွင်ဖြစ်သည်။ သို့သော် ဝမ်ချောင်ကလည်း ကိစ္စများဟာ ထင်သလောက် မရိုးရှင်းကြောင်း နားလည်သည်။

မဟာထန်၏နယ်စပ်တွင် ဝိုင်းနေသော မျိုးနွယ်ခြားတိုင်းပြည်များက စစ်တပ်အင်အားကို လျော့ချပေးသည်.... ပေးသည်တဲ့လား။

ယွီစန်း၊ အနောက်ပိုင်းတူရကီနဲ့ အခြားတိုင်းပြည်တွေကတောင် သူတို့ရဲ့စိတ်ရင်းနဲ့ သူတို့ရဲ့ စစ်တပ်အင်အားကို လျော့ချပြီး မဟာထန်နဲ့ ငြိမ်းချမ်းမှုလိုချင်ရင် ဒီလိုလုပ်ဆောင်သွားတဲ့ ကိစ္စမှာ လှည့်ကွက်တွေ မရှိထားဘူးဆိုရင် သူတကယ်ပျော်မိမှာပဲ။

သို့သော် ဝံပုလွေက ဝံပုလွေသာဖြစ်ပြီး ကျားသည်ကျားသာဖြစ်သည်။ သူတို့ကသာ လက်သည်းကို ပြန်ရုတ်ပေးလျှင်ပင် သူတို့၏ အသွေးအသားကို ဆာလောင်သော စိတ်ဆန္ဒက ပြောင်းနိုင်မည်မဟုတ်ပေ။ ဝမ်ချောင်သည်လည်း ထိုစံနှုန်းကို ကောင်းကောင်း နားလည်သည်။ ငြိမ်းချမ်းမှုကသာ အသုံးဝင်မည်ဆိုလျှင် မဟာထန်က ယွီစန်းနှင့် အချိန်အကြာကြီး တိုက်ခိုက်နေလိမ့်မည်မဟုတ်ပေ။

အနောက်ပိုင်းတူရကီနှင့် အခြားသောတိုင်းပြည်များကသာ စိတ်ရင်းဖြင့် ငြိမ်းချမ်းမှုကို လိုချင်လျှင်ပင် ဧကရာဇ်ထိုက်ကျုံးနှင့် အခြားသော ဉာဏ်ပညာကြီးမြတ်လွန်းသည့် အရှင်သခင်တိုင်းက ထိုပြဿနာကို ဖြေရှင်းခဲ့ပြီးသည်မှာ ကြာလောက်လေပြီ။ မဟာထန်ကြီးဟာ ယခုလောက်အထိ စစ်တပ်အင်အားကို ချဲ့ထွင်ပြီး အချိန်တိုင်း စစ်တပ်အတွက် ပြင်ဆင်နေစရာ အကြောင်းမရှိပေ။

လီကျွင်းရှန်းက သူလုပ်နေသောကိစ္စကို မသိလောက်ပေ။ သူသည် ထိုတိုင်းပြည်များကို အထင်သေးသလို လူအများ၏စိတ်ကိုလည်း အထင်သေးလျော့တွက်ခဲ့မိလောက်ခြင်း ဖြစ်လောက်သည်။

“လီကျွင်းရှန်းက အမိန့်ကိုနာခံပါတယ်”

“ချစ်ရတဲ့အရာရှိ မောင်မင်းက တိုင်းတစ်ပါးနယ်မြေတွေကို ထွက်ခွာပြီး အမျိုးမျိုးသော တိုင်းပြည်တွေအနှံ့ ခြေဆန့်လို့ မဟာထန်ကြီးနဲ့ ပြည်သူတွေအတွက် အကျိုးပြုမှုအများကြီး ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် သူ့ကို အတွင်းဝန် အကြံပေးသူရာထူးကို ခန့်အပ်မယ်။ ဒီလိုနဲ့ အတွင်းရေးမှူးနေရာကို ဝင်ရောက်ယူပြီး ခုံရုံးတွေမှာ ဝင်တက်လို့ မဟာဆရာကို ထောက်ပံ့ကူညီစေ။ အမှုထမ်းရေးရာ လက်ထောက်ရုံးတော်က မှတ်တမ်းလွှာစာဖိုင်ကို အကြမ်းထုတ်ဝေစေပြီး ဒီဘွဲ့ထူးကို ချီးမြင့်တဲ့ ချစ်ရတဲ့အရာရှိတွေ အားလုံးကို ထည့်သွင်းကြေညာပြီး တစ်လောကလုံးကို သူ့ရဲ့လုပ်ဆောင်မှုတွေ သိပါစေ”

ပထမမင်းသားက ကျယ်လောင်စွာအော်လိုက်သည်။

“ငါဒီကိစ္စကို ခမည်းတော်ကို ကြည့်ရှု့ဖို့ တင်ပြခဲ့ပြီးသား။ ခမည်းတော်ကလည်း ဒီလိုချီးမြင့်တာမျိုးကို လက်ခံတယ်။ ဒါကြောင့် ဘယ်သူကမှ မငြင်းဘူးလို့ မျှော်လင့်တယ်”

ပထမမင်းသားက ခန်းမတစ်ခုလုံးကို အကဲခတ်လိုက်ပြီး ဝမ်ချောင်ကို နက်နဲစွာတစ်ချက်ကြည့်လိုက်သည်။ ဝမ်ချောင်၏နှလုံးသားက လေးလံသွားသည်။ ပထမမင်းသားသည် ရှင်းလင်းစွာဖြင့် ထိုစကားလုံးများက သူ့ကိုချိန်ရွယ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အင်ပါယာခုံရုံးတွင် လီကျွင်းရှန်းကို အတိုက်အခံလုပ်သူထဲတွင် သူ့ထက် မည်သူကမှ မပြင်းထန်လောက်ချေ။ သို့ရာတွင် ဝမ်ချောင်သည်လည်း ကိုယ့်ကိုယ်ကို ချုပ်ထိန်းလိုက်သည်။ အမှားတစ်ခုက အမှားသောင်းပေါင်းများစွာကို ဦးဆောင်သွားနိုင်၏။ အမျိုးမျိုးသော တိုင်းပြည်များက စစ်တပ်အင်အားကို လျော့ချမည်ဆိုသော သတင်းက ဝမ်ချောင်မငြင်းနိုင်သော ဆွဲဆောင်မှုဖြစ်သည်။ ခန်းမ၏ အမြင့်ပိုင်းတွင်ထိုင်နေသော ပထမမင်းသားက ခပ်မြန်မြန် အကြည့်ပြန်ရုတ်သွားသည်။

“လီကျွင်းရှန်း မဟာဆရာက မောင်မင်းကို အရမ်းချီးကျူးထားတယ်။ ဒါကြောင့် ဒီမင်းသားကို စိတ်မပျက်စေနဲ့”

“ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား လီကျွင်းရှန်းက အတက်နိုင်ဆုံးကြိုးစားပြီး တိုင်းပြည်ကို ခစားမှာပါ”

လီကျွင်းရှန်းက ရှေ့သို့တက်ပြီး ဂါရဝပြုသည်။ သူသည် မနှိမ့်ချလွန်းသလို မောက်မာခြင်းလည်း မရှိပါချေ။

“မဟာဆရာ လီကျွင်းရှန်းက မောင်မင်းရဲ့နောက်ဆုံးတပည့်ပဲ။ သူ့ရဲ့တိုင်းပြည်တွေအားလုံးကို စစ်တပ်အင်အား လျော့ချစေတယ်ဆိုတဲ့ အကျိုးပြုလုပ်ဆောင်မှုကြီးက သေးငယ်တဲ့ကဏ္ဍမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မဟာဆရာအနေနဲ့ အဆင့်တစ် အမှုထမ်းအရာရှိဖြစ်ခဲ့ပြီးတာကြောင့် ထပ်တိုးဘွဲ့ထူးတွေကို ချီးမြင့်ဖို့ မဖြစ်နိုင်တော့လေဘူး။ ဒါကြောင့် ဒီမင်းသားက မဟာဆရာကို အင်ပါယာခါးပတ်၊ ရွှေသားထည်တစ်သောင်းနဲ့ အင်ပါယာမျိုးနွယ်ဝင်တွေရဲ့ တံဆိပ်ပြားတစ်ခု ချီးမြင့်ပေးမယ်”

“ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား”

မဟာဆရာက ပျော်ရွှင်စွာ လှည့်ပြီးဂါရဝပြုသည်။

တခဏခန့်ကြာပြီးနောက် ခုံရုံး၏ညီလာခံက အဆုံးသတ်သွားပြီး လူတိုင်းကထွက်ကြသည်။

1277 04

“အရှင့်သား ဒီကိစ္စမှာ ချင်းရုံက အရှင့်သားကို အများကြီးထိခိုက်စေမိပြီ”

ဝမ်ချောင်နှင့် ဘုရင်စုန့်တို့ ထိုက်ဟယ်နန်းဆောင်ထဲမှ အတူထွက်လိုက်ချိန်တွင် တောက်ပသော အမတ်ကြီး ဟယ်ချီရုံက အပြေးလာသည်။ သူ၏မျက်နှာက အရှက်ရမှုနှင့် ပျက်ယွင်းနေသည်။ ထိုတခဏတွင် လူတိုင်းက တိတ်ဆိတ်သွားသည်။

“ညီအစ်ကိုဟယ် အမှန်တိုင်းပြောရရင် မင်းနေနေ မနေနေ ဒီဘုရင်က မင်းကိုအပြစ်တင်ဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ ဘာတွေများ ဖြစ်ခဲ့လို့လဲ။ ငါမှတ်မိတာ မှန်မယ်ဆိုရင် ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်က အစ်ကိုဟယ်နဲ့ တွေ့ခဲ့တဲ့အချိန်က အစ်ကိုဟယ်ကိုယ်တိုင် မိခင်ဖြစ်သူကိုတွေ့ဖို့ နှစ်လခွင့်တောင်းခဲ့တာ။ အဲ့ဒီနောက် ပြန်လာမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘုရင်ချီကိုလည်း မအောင်မြင်စေရဘူးလို့ ပြောခဲ့သေးတယ်။ ဒါပေမဲ့... ”

ဘုရင်စုန့်က ရပ်တန့်လိုက်ပြီး သက်ပြင်းကိုချသည်။

အနိုင်နှင့်အရှုံးက စစ်သည်တော်အတွက် သိသာထင်ရှားသည့် အရာဖြစ်သည်။ သို့သော် ထိုအရာဟာ တိုက်ပွဲနယ်မြေတွင်ဖြစ်ပြီး ယခုအခါ အင်ပါယာခုံရုံးတွင်ဖြစ်သည်။ ဘုရင်စုန့်သည် ဘုရင်ချီကို ရှုံးသည့်အတွက် စိတ်ထဲမထားပါချေ။ သို့သော် သူ့ကို အမှန်တကယ် စိုးရိမ်စေသည်မှာ ဟယ်ချီရုံ၏ အခြေအနေဖြစ်သည်။ မဟာဆရာက ဟယ်ချီရုံအား ထိုမေးခွန်းကို မေးခဲ့သည်။ ထို့ကြောင့် ဟယ်ချီရုံ၏အဖြေက လူတိုင်းကို သတိလက်လွတ် ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။ ဟယ်ချီရုံကသာ ကြိုတင်ဆုံးဖြတ်ခဲ့ပြီးသားဆိုလျှင် လူတိုင်းက ထိုမျှအထိ ထိတ်လန့်နေခဲ့မည်မဟုတ်ချေ။ အခြားသော အကြံအစည်များကို တွေးမိကောင်း တွေးမိလောက်လေသည်။

အရာအားလုံးက တိတ်ဆိတ်နေ၏။ ဝမ်ချောင်ကလည်း ဘာစကားမှမပြောဘဲ ဟယ်ချီရုံကိုသာကြည့်သည်။ ရှု့ထောင့်တစ်ခုမှကြည့်သော် ဟယ်ချီရုံ၏ ပုံစံက သစ္စာဖောက်ခြင်းဖြစ်သည်။ ရန်သူ၏တိုက်ခိုက်မှုနှင့် ယှဉ်သော် သစ္စာဖောက်ခြင်းက နှလုံးသားထဲထိ တိုက်ရိုက်ရောက်သည်။

“အရှင်ဟယ် ကျေးဇူးပြုပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြောပါ”

ဝမ်ချောင်က နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။

လူတစ်ယောက်၏ အဆင့်အတန်းကို ခပ်မြန်မြန် ပြောင်းလဲ၍မရချေ။ ဝမ်ချောင်သည်လည်း မဟာဆရာနှင့် အခြားသောသူများက လှည့်ကွက်များမသုံးဟု မယုံကြည်ပေ။

“ဟင်း”

ဟယ်ချီရုံက ခေါင်းကိုငုံ့လျှက် သက်ပြင်းချသည်။ သူ၏မျက်လုံးထဲတွင် ခံစားချက်ပေါင်းများစွာ ပေါ်ထွက်လာသည်။

“ငါဘာကိုမှ မဖုံးကွယ်တော့ပါဘူး။ ဒီနေ့မနက်ခင်းညီလာခံမတက်ခင် ငါစာတစ်စောင်ကို ရခဲ့တယ်”

ဝမ်ချောင်နှင့် ဘုရင်စုန့်တို့၏ နှလုံးသားက အံ့အားသင့်မှုများနှင့်အတူ တုန်ယင်သွားလေသည်။

++++++

အခန်း(၁၂၇၈)

“ဘာစာလဲ ဘုရင်ချီဆီကလား”

“မဟုတ်ဘူး”

ဟယ်ချီရုံက ခေါင်းကိုခါပြီး ခါးသီးစွာပြုံးသည်။ သူ၏မျက်နှာတွင် ရှုပ်ထွေးသောအကြည့်က ပေါ်လာသည်။

“ဒီကိစ္စက အဲ့လောက်ထိ မရှုပ်ထွေးပါဘူး။ သူတို့ကငါ့ကို ငါ့ရဲ့ လေးစားရတဲ့ မိခင်ကိုယ်တိုင် ရေးထားတဲ့ စာကိုပဲ ပို့ပေးခဲ့တာ။ ဒီမထိုက်တန်တဲ့ဟယ်က ကျန်းနန်က အဓိကကလန်တစ်ခုကပဲ ငါ့ရဲ့လေးစားရတဲ့ မိခင်က ပညာသင်သားတွေ အပြည့်ရှိတဲ့ ကျော်ကြားတဲ့မိသားစုတစ်ခုကဖြစ်သလို ပညာတတ်ပြီး စာပေရေးသားရာမှာ ကျွမ်းကျင်တဲ့လူတစ်ယောက် ဒါကြောင့် ငါတစ်ချက်ကြည့်လိုက်ရုံနဲ့ လေးစားရတဲ့ မိခင်ရဲ့လက်ရေးကို တန်းမှတ်မိတယ်”

ဝမ်ချောင်နှင့် ဘုရင်စုန့်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏စိတ်အတွင်း မုန်တိုင်းထန်နေပြီဖြစ်သည်။

“အရှင့်သား ဘုရင်ချီက ငါ့ဆီ ဘာလို့ဒီစာပို့ခဲ့လဲ ငါသိပါတယ်။ သူတို့ရဲ့အကြံကိုလည်း ငါသိတယ်။ ဒါပေမဲ့ ငါ့ရဲ့အမေပြောတာမှန်တယ်။ ငါခုံရုံးထဲကို ဝင်ပြီးချိန်ကတည်းက အိမ်ပြန်လာခဲသွားတယ်။ ငါ့ရဲ့လေးစားရတဲ့ မိခင်က အခုအသက်ကြီးနေပြီ။ ငါသာမပြန်ရင် ကောင်းကင်က ငါတို့ကို ခွဲသွားလောက်တယ်။ ဒီလိုဆိုရင် ငါ့မှာ အခွင့်အရေး မရှိနိုင်တော့ဘူး။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ဒီဟယ်က တစ်ဘဝလုံး နောင်တရသွားရလိမ့်မယ်”

“ဘုရင်ချီက ဝင်မရှုပ်ရင်တောင်မှ ငါမြို့တော်ကို ပြန်လာဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါကငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ ဘုရင်စုန့်ကတော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ဟယ်ချီရုံက တဖန်ထပ်ပြီး သက်ပြင်းချပြန်သည်။ သူသည် အလွန်နိမ့်သည်အထိငုံ့ကာ ဂါရဝပြုသည်။

“ငါနားလည်တယ်”

ဘုရင်စုန့်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။ ကျေးဇူးသိတတ်မှုက အရေးကြီးဆုံးသော ကိစ္စတစ်ရပ်ဖြစ်သည်။ ဟယ်ချီရုံ၏ ဆုံးဖြတ်ချက်က အံ့အားသင့်စရာကောင်းသော်လည်း အကျိုးအကြောင်း ရှိသေးသည်။ ထို့ကြောင့် ဘုရင်စုန့်က အကဲမဖြတ်နိုင်ပေ။

“အစ်ကိုဟယ်က ဒီခရီးမှာ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပါ။ စိတ်အေးအေးထား။ ငါမင်းကိုအပြစ်မတင်ဘူး”

“ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား”

ဟယ်ချီရုံက အရှက်ရမှုနှင့်အတူ ရှက်သွားသည်။ သူသည်ခေါင်းကို ထပ်၍ပင် ငုံ့လိုက်သေး၏။ ဒါသည် သူဘုရင်စုန့်ကို လေးစားရသည့် အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်သည်။ တစ်ဖက်သူသည် သဘောထားပွင့်လင်းပြီး လူအနည်းစုကသာ ယှဉ်နိုင်သော အခြေအနေမျိုးဖြစ်သည်။

ဟယ်ချီရုံက ခပ်မြန်မြန် ထွက်သွားသည်။ သူ၏ကျောက ဖြောင့်မတ်သွားပြီး စိတ်အေးသွားပုံပေါ်သည်။ ဝမ်ချောင်က ထွက်သွားသောသူ့ကို ကြည့်နေရင်း သက်ပြင်းကိုချသည်။

“ငါတို့ဒီတစ်လှည့်တော့ တကယ်ရှုံးသွားပြီ။ ဟယ်ချီရုံက ခုံရုံးမှာ နှစ်တွေအများကြီးနေခဲ့တာ။ သူ့ကိုပြန်လာခိုင်းတဲ့စာက သူ့အမေဆီကစာမဟုတ်ဘဲ သူ့ရဲ့နှလုံးသားထဲမှာ တည်ရှိနေတဲ့ သူ့ရဲ့မိခင်အပေါ် အပြစ်မကင်းစိတ်ပဲ။ တိတိကျကျပြောရရင် သူတို့က ဒါကိုသုံးပြီး ကိုင်တွယ်ခဲ့တာ။ ဒီအကြံက ဘုရင်ချီတွေးနိုင်တာမဟုတ်သလို လီလင်းဖူ ဒါမှမဟုတ် မဟာဆရာတွေလည်း မတွေးနိုင်ဘူး”

“ဟုတ်တယ်”

ဘုရင်စုန့်က ကျောဘက်သို့လက်ပို့ရင်း သက်ပြင်းချသည်။

“ဒီလူက ငါတို့ထင်ထားတာထက် အများကြီးဉာဏ်ကောင်းတယ်။ အရာအားလုံးက သူ့ရဲ့အကြံထဲမှာပဲလို့ ငါပြောရဲတယ်။ အခုသူက ဆန္ဒပြည့်သွားပြီ။ ခုံရုံးထဲကို ဝင်နိုင်သွားပြီ။ ငါစိုးရိမ်တာက အင်ပါယာခုံရုံးက ပြဿနာတွေ ပိုများလာတော့မှာပဲ”

နှစ်ယောက်လုံးက တိတ်ဆိတ်သွားသည်။

သူတို့က နန်းတွင်းဂိတ်ဝသို့ ရောက်ချိန်တွင် အရှေ့မှ အုပ်အော်သောင်းနင်းသံများကို ကြားရသည်။

မျက်လုံးကိုတစ်ချက် ဝေ့လိုက်သောအခါ အရာရှိပေါင်းများစွာက မြို့ဂိတ်နားတွင်ဝိုင်းရင်း ဦးတည်ရာတစ်ဖက်တည်းသို့ကြည့်ကာ လေးစားသောမျက်နှာများဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။ လူအုပ်၏အလယ်တွင် နှင်းဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုရှိနေသည်။ ကျော့ရှင်းကြည့်ကောင်းစွာ ရည်မွန်စွာရပ်နေပြီး အရာရှိများနှင့် လွတ်လပ်ပေါ့ပါးစွာ စကားပြောနေကြသည်။ သူက ထုတ်ပေးနေသော အရှိန်အဝါအရ ကြက်အုပ်ထဲတွင်ရပ်နေသော ကြိုးကြာတစ်ကောင်အလား ထင်ရသည်။

“ဒါက ကွန်ဖြူးရှပ်ဂိုဏ်း ခေါင်းဆောင်ပဲ”

ဘုရင်စုန့်က ဝမ်ချောင်ကို တစ်ချက်ကြည့်ပြီး မျက်ခုံးပင့်သည်။

ဝမ်ချောင်က ဘာစကားမှမပြောဘဲ လီကျွင်းရှန်းကို မျက်လုံးသာမှေးကျဉ်း၍ကြည့်သည်။ ထိုအခိုက်အတန့်တွင် နှစ်ယောက်လုံးက တစ်စုံတစ်ရာကို အာရုံခံလိုက်မိပုံပေါ်သည်။

“အရှင့်သား အရှင်အရင်ထွက်သွားပါ။ ငါသိပ်မကြာခင် လိုက်လာခဲ့မယ်”

ဝမ်ချောင်က ရုတ်တရက် ပြောသည်။ သူ၏ခန္ဓာကိုယ်က နေရာတွင် သံရိုက်ထားသလို ရပ်သွားသည်။

“အွန်း”

ဘုရင်စုန့်ကလည်း ခေါင်းညိမ့်သည်။

“ငါမင်းကို အပြင်မှာစောင့်မယ်”

သူသည် လီကျွင်းရှန်းကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်မျိုး ကြည့်ပြီးနောက် ဘုရင်စုန့်က ခပ်မြန်မြန် ထွက်သွားသည်။

တစ်ချိန်ထဲတွင်ပင် အနီးအနားရှိ လီကျွင်းရှန်းက တစ်စုံတစ်ရာကိုပြောလိုက်ပြီး အနားတွင်ဝိုင်းနေသည့် အရာရှိများကို လူစုကွဲသွားစေသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်နှင့် လီကျွင်းရှန်းသာ ထိုအနားတွင် ကျန်ရစ်တော့သည်။

မည်သည့်အရာရှိမှ မရှိတော့သောအခါ ပင်အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ တခဏခန့်ကြာပြီးနောက် မည်သူကမှ မလှုပ်ကြပေ။ အားလုံးက တစ်ယောက်လာမည့်အချိန်ကို တစ်ယောက်က စောင့်နေကြသည်။

တခဏခန့်ကြာပြီးနောက် နှစ်ယောက်လုံးက တစ်ချိန်ထဲတွင်ပင် ရှေ့သို့လှမ်းလိုက်သည်။ နှစ်ယောက်က တစ်ချိန်ထဲတွင်ပင် ရပ်တန့်သွားပြီး အလွန်အမင်း တိတ်ဆိတ်သွားပြန်သည်။ တခဏခန့်ကြာပြီးနောက် လီကျွင်းရှန်းက တစ်စုံတစ်ရာကို တွေးမိပုံရကာ ပြုံးရင်း ဝမ်ချောင်ထံလျှောက်လာသည်။ တစ်စက္ကန့်ခွဲခန့် ကြာပြီးနောက်တွင် ဝမ်ချောင်ကလည်း ရှေ့သို့ဆက်လျှောက်၏။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒီတစ်ကြိမ်မှာ ငါတို့တွေ တူညီတဲ့ အရှင်သခင်ကို အတူခစားနိုင်သွားပြီ”

လီကျွင်းရှန်းကသာ အရင်ဦးဆုံး ပြောသူဖြစ်သည်။ သူ၏မျက်နှာထားက သဘာဝကျပြီး ချုပ်ထိန်းထားပုံလည်း မရှိပါပေ။

သူတို့သည် ရန်သူများ ဖြစ်နေခဲ့သည့်တိုင်အောင် ခြားနားသော ရပ်တည်ပုံကို ဘေးဖယ်လိုက်လျှင် လီကျွင်းရှန်းက အမှန်ပင် သဘောထားပွင့်လင်းပြီး လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပေမည်။

“မင်းဒီတစ်လှည့်မှာ နိုင်တယ်။ မင်းက ဟယ်ချီရုံရဲ့အမေကိုတောင် သုံးလိမ့်မယ်လို့ မထင်ထားမိဘူး”

ဝမ်ချောင်က လှောင်လိုက်သည်။

“ဟား မင်းနားမလည်ဘူးလား။ ငါတို့က ဒီတစ်ပွဲမှာ ဆုံးဖြတ်ချက် ချခဲ့တာမဟုတ်ဘူး။ ဟယ်ချီရုံကိုယ်တိုင် ဆုံးဖြတ်ချက်ချသွားတာ။ လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းနိုင်အောင် မလွှမ်းမိုးနိုင်ပါဘူး။ ငါတို့လုပ်နိုင်သမျှက သူ့ကိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ လမ်းကြောင်းပြပေးရုံပဲ”

လီကျွင်းရှန်းကရယ်သည်။ သူသည် ဝမ်ချောင်၏စကားကို စိတ်ထဲမထားပေ။

“မင်းက မဟာထန်အနားမှာ တပ်ဆွဲထားတဲ့ မျိုးနွယ်ခြားတွေကို ဘာသွားလုပ်လိုက်သလဲ မသိပေမဲ့ မဟာထန်ရဲ့ အရာရှိတစ်ယောက်လည်းဖြစ်၊ အမှုထမ်းတစ်ယောက်လည်းဖြစ်တဲ့ငါက မင်းကို သတိပေးချင်တယ်။ တောင်တွေနဲ့ကျားက လူတွေရဲ့ စိတ်သဘောထားထက် ပြောင်းလွယ်တယ်”

ဝမ်ချောင်က တင်းမာစွာဆက်ပြောသည်။

“မဟာစွေ့ သာ့ယဲ့ခေတ်ရဲ့ (၁၆)နှစ်မြောက်မှာ မဟာစွေ့က ယွီစန်းနဲ့ သဘောထား တူညီမှုအပြည့်နဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်။ နှစ်ဖက်လုံးကလည်း စစ်သားတွေကို လီသုံးဆယ်အထိ ဆုတ်စေပြီး ရန်လိုမှုတွေကို ပျက်ပျယ်စေခဲ့တယ်။ ဒါပေမဲ့ စာရွက်ပေါ်ကမှင်က မခြောက်သေးခင် တိဗက်တွေက စွေ့စစ်တပ်တွေရဲ့ ဆုတ်ခွာသွားမှုကိုအသုံးချပြီး ပြင်းပြင်းထန်ထန် ထိုးနှက်လို့ စစ်သည်တစ်သိန်းကျော်ကို သတ်သွားခဲ့တယ်။ ဒါက သာ့ယဲ့ခေတ်ရဲ့ (၁၈)နှစ်မြောက်နှစ်မှာမှ စွေ့တွေက နောက်ဆုံးမှာ ကလဲ့စားချေနိုင်ခဲ့တာ”

“စွေ့အုပ်ချုပ်တဲ့ နောက်ဆုံးဧကရာဇ် (၇)နှစ်မြောက်နှစ်မှာပေါ့။ စွေ့မင်းသမီးက အနောက်ပိုင်းတူရကီနဲ့ လက်ထပ်သွားတယ်။ နှစ်ဖက်လုံးက မဟာမိတ်အဖြစ်ဖွဲ့ပြီး အချင်းချင်း မတိုက်ခိုက်ပါဘူးလို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတယ်။ တူညီတဲ့နှစ်ရဲ့ (၁၂)လမြောက်မှာပဲ စွေ့မင်းသမီးက အနောက်ပိုင်းတူရကီခါကန်းအတွက် သားတော်တစ်ပါး ဖွားမြင်ခဲ့တယ်။ မင်းသမီး ဧကရီရှောင်းဘွဲ့ ချီးမြင့်ခဲ့တယ်။ နယ်စပ်က ဗိုလ်ချုပ်တွေကလည်း မဟာစွေ့က အနောက်ပိုင်းတူရကီနဲ့ အမှန်တကယ် ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပြီလို့ ယုံကြည်သွားခဲ့တယ်။ ဒါကြောင့် သတိပေ့ါလျော့သွားခဲ့ကြပြန်တယ်။ မမျှော်လင့်ထားတာက အနောက်ပိုင်းတူရကီတွေက ဒီအခိုက်အတန့်ကို အရယူပြီး အကြီးအကျယ် ထိုးဖောက်လာခဲ့ကြတာပဲ။ စွေ့တွေက ပြင်းပြင်းထန်ထန် ရှုံးသွားခဲ့တယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ စစ်အရှင်ခေတ်ဆိုတဲ့ နောက်ပိုင်းအကျိုးဆက်တွေ ဖြစ်လာခဲ့တာ။ ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်နှစ်ရာ၊ သုံးရာအတွင်းက ဖြစ်ရပ်တွေ။ သမိုင်းတောက်လျှောက် ပြန်ကြည့်ခဲ့မယ်ဆိုရင် ဒီလိုအဖြစ်အပျက်တွေကို တိုင်းတာလို့တောင် မရနိုင်ဘူး။ မျိုးနွယ်ခြားတွေရဲ့စကားကို အလွယ်တကူ မယုံနိုင်သင့်ဘူး”

“ပိုဆိုးတာက ရေကြည်ရာမြက်နုရာ ရှာတဲ့လူတွေက မဟာထန်လိုမျိုး မဟုတ်ဘူး။ သူတို့ရဲ့စစ်တပ်က စစ်သားတွေကို လျော့ချပေးလိုက်တာက သူတို့ရဲ့ တိုက်ခိုက်အင်အားကို မသက်ရောက်သွားစေဘူး။ အမိန့်တစ်ခုတည်းနဲ့ သူတို့က သူတို့ရဲ့စစ်တပ်ကို ချက်ချင်းပြန်စုစည်းနိုင်တယ်။ အင်အားတောင် ပိုများလာနိုင်သေးတယ်။ စစ်တပ်အင်အား လျော့ချပေးတာက သူတို့အပေါ် တူညီတဲ့အလေးချိန် မရှိသလို ယုံကြည်လို့လည်းမရဘူး”

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်အနေနဲ့ ဒီကိစ္စကို ဒီလောက်ထိ မစိုးရိမ်ပါနဲ့။ ငါအရာအားလုံးအတွက် စီစဉ်ထားပြီးသား။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ရဲ့ သတိပေးချက် မရှိရင်တောင်မှ ငါက ယွီစန်း၊ အနောက်ပိုင်းတူရကီတွေနဲ့ အခြားတိုင်းပြည်တွေကို သူတို့ရဲ့စစ်တပ်အင်အား အမှန်တကယ် လျော့ချလား မလျော့ချလားဆိုတာကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီးသား။ အဲ့ဒါကအရင်က အခုကအခုပဲ။ လူတစ်ယောက်က ပြစ်မှုကျူးလွန်နိုင်ရင်တောင်မှ ဆက်ခံသူတွေကတော့ အပြစ်သားတွေလို့ မစွပ်စွဲသင့်ဘူးလေ”

“နွေဦးနဲ့ဆောင်းတွင်းကာလမှာ ရန်ကျော့ယွီက လျန်ဖူရဲ့ ဓားမြတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူက သူတော်စင်ကွန်ဖြူးရှပ်ကြီးရဲ့ တပည့်ဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့တာပဲမဟုတ်ဘူးလား။ အဆုံးသတ်မှာတော့ သူက အကျိုးပြုမှုအများကြီး လုပ်ဆောင်ခဲ့တယ်။ တူညီတဲ့ စကားသုံးပြီး ပြောရရင် မင်းမစမ်းကြည့်ရင် မင်းမအောင်မြင်ဘူးဆိုတာ ဘယ်လိုသိနိုင်မှာလဲ”

လီကျွင်းရှန်းက ညင်သာစွာပြုံးသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မဟာခေတ်ကြီးရောက်လာပြီ။ လူတွေရဲ့စိတ်က စစ်ကို ဆက်စုတ်နေကြပြီ။ လူတိုင်းရဲ့စိတ်က ငြိမ်းချမ်းမှု၊ သာယာဝပြောမှုကို လိုချင်နေကြပြီ။ ဒါက မတွန်းလှန်နိုင်တဲ့ လှုံ့ဆော်မှုကြီးပဲ။ စစ်က ဒီခေတ်အတွက် မသင့်တော်တော့ဘူး။ ဒါကိုတွန်းလှန်ဖို့ ကြိုးစားတဲ့လူတိုင်းက ဒီခေတ်နဲ့ သမိုင်းရဲ့ဖီဆန်မှုကို ခံရလိမ့်မယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက စစ်ပညာရှင်တွေရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒီလိုလျှင်မြန်စွာ တက်လာတဲ့ ဒီရေလှိုင်းအကြားမှာ အရဲရင့်ဆုံးသောလူတောင် နောက်ဆုတ်ရတယ်။ ဒါကြောင့် ကိုယ့်ကိုကာကွယ်ဖို့အတွက် ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာကို သိတဲ့လူကသာ တကယ်ပါရမီကြီးတဲ့လူလို့ ငါတော့ယုံတယ်။ ဒါကမင်းရဲ့ နောက်ဆုံးသော အခွင့်အရေးပဲ”

ဝုန်း

ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားပြီး သူ၏အမူအရာက ချက်ချင်းဆိုသလို အေးစက်သွားသည်။

“ဆိုတော့ဒါက ခြိမ်းခြောက်တာပေါ့”

ပေါ့ပါးနေသော လေထုက ချက်ချင်းဆိုသလို တင်းကြပ်သွားသည်။ လွတ်လပ်ပေါ့ပါးစွာ တိုက်ခတ်နေသော လေက အလုံးစုံ ပျောက်ကွယ်သွား၏။ ဝမ်ချောင်၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော လီကျွင်းရှန်း၏အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး မျက်လုံးထဲမှအပြုံးကပင် ပျောက်သွားသည်။

လီကျွင်းရှန်းက ဝမ်ချောင်ကိုစိုက်ကြည့်ပြီး အေးစက်စွာပြောသည်။

“ငါသာမင်းဆိုရင် ဒီလိုစကားမျိုး ပြောမှာမဟုတ်ဘူး။ အဲ့ဒီအစား စိတ်ရင်းကောင်းစွာနဲ့ သတိပေးတယ်လို့ပဲ သုံးနှုန်းမှာပဲ။ ငါတို့ကြားမှာ ဒီလိုစကားပြောခန်းတွေ မရှိဖို့မျှော်လင့်တယ်။ မဟာထန်က လူတွေနဲ့ ဒီလောကကြီးအတွက် ငါခက်ခက်ခဲခဲ တိုက်ထုတ်ထားရတဲ့ ငြိမ်းချမ်းမှုကို ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့် ပြုမှာမဟုတ်ဘူး။ ဒါကြောင့် သိုင်းပညာရှင်တစ်ယောက်ယောက်ကများ ဒီငြိမ်းချမ်းမှုကို ဖျက်ဆီးဖို့ ကြိုးစားတာမျိုးကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါညှာတာပေးမှာ မဟုတ်တော့ဘူး”

ကွန်ဖြူးရှပ်ဂိုဏ်း၏ သာယာဝပြောသော လောကကြီးအတွက် အကြံအစည်က အရေးပါဆုံးသော အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ အင်ပါယာခုံရုံးသို့ သူက ဝင်ရောက်လာပြီးချိန်ကတည်းက အရာအားလုံးဟာ ပီသထင်ရှားလာပြီဖြစ်ပြီး နောက်ပြန်လှည့်၍ မရတော့ချေ။ ထိုအခိုက်အတန့်တွင် ကွန်ဖြူးရှပ်ဂိုဏ်းနှင့် လောက၏ ပြည်သူများ၏ တိုးတက်မှုကိုတားသော မည်သူ့ကိုမဆို သူက သည်းခံပေးလိမ့်မည်မဟုတ်ချေ။

ထိုအတွက်ကြောင့်လည်း သူဟာ ဝမ်ချောင်အား ဒီနေရာတွင် စောင့်နေခဲ့ခြင်းဖြစ်သည်။

“ငါလည်းမင်းကို ပြောချင်တာရှိတယ်”

ဝမ်ချောင်က ချက်ချင်းလိုလို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးက လီကျွင်းရှန်းထက်ပင် အေးစက်နေသည်။

“လီကျွင်းရှန်း သိုင်းပညာရှင်တွေက မင်းတို့ရဲ့ ကွန်ဖြူးရှပ်ဂိုဏ်းကလူတွေ သာယာဝပြောတဲ့ လောကကြီးတည်ဆောက်တာကို အဖော်ပြုပေးဖို့ တည်ရှိနေတာမဟုတ်ဘူး။ သူတို့က ဒီနယ်မြေကလူတွေကို ကာကွယ်ဖို့ တည်ရှိနေတာ။ စစ်တပ်ကိုရုတ်သိမ်းလိုက်တယ်။ ငြိမ်းချမ်းမှုယူမယ်။ မျိုးနွယ်ခြားတိုင်းပြည်တွေနဲ့ ငြိမ်းချမ်းမှု သဘောတူစာချုပ် ရေးထိုးမယ်... မင်းက မင်းဘာလုပ်နေလဲဆိုတာကို လုံးဝနားလည်မှာမဟုတ်ဘူး။ လီကျွင်းရှန်း ငါမင်းကို တစ်ခုထပ်ပြောမယ်။ မင်းလုပ်နေတာတွေက လောကကို ကာကွယ်တာမဟုတ်ဘူး။ အနှစ်ချုပ်ပြောရရင် မင်းက ဒီအင်ပါယာကြီးရဲ့ ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ထုတ်ဖော်ပြီး အကာအကွယ်မခံရတဲ့ နယ်မြေတစ်ခုအသွင် ပြောင်းနေတာ။ ငါမင်းကို အောင်မြင်ခွင့်ပြုမှာမဟုတ်ဘူး။ ငါတစ်ရက် အသက်ရှင်နိုင်တာနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းကို တစ်ရက်အောင်မြင်ခွင့် ပြုမှာမဟုတ်ဘူး။ မင်းကအခု အတွင်းရေးမှူး အကြံပေးသူတစ်ယောက် ဖြစ်သွားရင်တောင်မှ ဟယ်ချီရုံရဲ့နေရာကို ဝင်ရောက်နိုင်ရုံပဲ ရှိသေးတယ်။ ဒီအချက်က ဘာကိုမှ မပြောင်းလဲသွားစေသေးဘူး”

ဝုန်း

နှစ်ယောက်က အချင်းချင်း စိုက်ကြည့်နေကြသည်။ မျက်လုံးများက ဓားအလား ထက်ရှလာကြသည်။ နှစ်ယောက်လုံးကလည်း သူတို့ဆန္ဒရှိရှိ မရှိရှိ မည်သူ့ကိုမှ နောက်ဆုတ်အောင် မလုပ်နိုင်ကြောင်း နားလည်နေကြသည်။

အချိန်တစ်ခုကြာပြီးနောက် လီကျွင်းရှန်းက အသက်ပြင်းပြင်းရှုပြီး အေးစက်စွာပြောသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းနောင်တရလိမ့်မယ်”

“ဟုတ်လား ငါစောင့်နေမယ်”

ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ယမ်းပြီးနောက် နန်းတော်အပြင်ဘက်ကို စထွက်သွားသည်။

“ဟုတ်တယ် ငါကခြိမ်းခြောက်ခံရတာကို အမုန်းဆုံးဆိုတာကို ပြောသွားရဦးမယ်”

ထိုစကားများနှင့်အတူ ဝမ်ချောင်က နန်းတော်ဂိတ်ဝမှ ထွက်ခွာသွားပြီဖြစ်သည်။

အနောက်ဘက်မှ လီကျွင်းရှန်းက ဝမ်ချောင်၏ကျောကို ထက်ရှသော အကြည့်မျိုးဖြင့် စိုက်ကြည့်နေသည်။

လီကျွင်းရှန်း၏ အနောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။

“သခင်လေး မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က အခု ခုံရုံးမှာ ငါတို့အတွက် အကြီးမားဆုံး အနှောက်အယှက်ပဲ။ သူရှိနေသမျှ ငါတို့ရဲ့ အကြံအစည်တွေ အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်”

မိုးပြာရောင် ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်က ထွက်လာသည်။ သူသည် လီကျွင်းရှန်းနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်လိုက်၏။ ညင်သာသော လေပြေက အင်္ကျီလက်ကို တိုက်ခတ်လာသောအခါ လိမ့်တက်သွားသော အင်္ကျီအနားစမှတစ်ဆင့် သူ၏လက်တွင်ရှိသော မှင်သင်္ကေတကို မြင်လိုက်ရသည်။

မိုးပြာရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်က ဝမ်ချောင်ကိုကြည့်သည်။ သူ၏မျက်ဝန်းက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေသည်။ သူက ဝမ်ချောင်နှင့် လီကျွင်းရှန်းကြားမှ စကားပြောခန်း တစ်ခုလုံးကို ကြားလိုက်သည်။ အဆုံးသတ်တွင် စစ်တပ်ဘက်မှခေါင်းဆောင် ကောင်းကင်ဘုံ၏ သားတော်၏ တပည့်က ကွန်ဖြူးရှပ်ဂိုဏ်းအတွက် အကြီးမားဆုံးသော အနှောက်အယှက် ဖြစ်နေစေသည်။

“သခင်လေး ငါတို့တွေ ဆက်ပြီညှာတာပေးလို့ မဖြစ်တော့ဘူး။ ငါတို့ ဒီအဆင့်ထိ ရောက်လာကတည်းက အများကြီး လှမ်းထားရပြီးပြီ။ ဒါကြောင့် ဒီကိစ္စက သခင်လေး တစ်ယောက်တည်းအတွက် စိုးရိမ်ရတဲ့ ကိစ္စမဟုတ်တော့ဘဲ ငါတို့ကွန်ဖြူးရှပ်ဂိုဏ်းကြီး တစ်ခုလုံးရဲ့ ကံကြမ္မာဖြစ်လာပြီ။ ဒါကြောင့် ငါတို့က နောက်ဆုတ်ချင်ရင်တောင်မှ နောက်ကျလွန်းသွားပြီ။ ဒါကြောင့် ဘာတွေပဲဖြစ်လာဖြစ်လာ သူ့ကို ငါတို့ကို ဆက်ပြီး ခြိမ်းခြောက်ခွင့် ပြုလို့မရဘူး”

ထိုအခိုက်အတန့်တွင် လီကျွင်းရှန်း၏ ညာဘက်ခြမ်းမှ ငွေရောင်ခေါင်းလောင်းသံများနှင့် အသံတစ်သံ ထွက်လာသည်။ မသိလျှင် မိန်းကလေးများကဲ့သို့ အဖြူရောင် ဂွမ်းသားဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာလေသည်။

++++

အခန်း(၁၂၇၉)

မိန်းကလေး၏နားတွင် ဆွဲထားသော ရတနာအလား ခေါင်းလောင်းနှစ်ခုက တုန်ခါနေသောအခါ လေထဲတွင် သာယာသော အသံမျိုးကထွက်လာသည်။

ထိုမိန်းကလေးသည် လီကျွင်းရှန်း၏ ဘေးဘက်တွင် ယခင်က ပေါ်လာခဲ့ဖူးသည့် လူတစ်ယောက်ဖြစ်သည်။

“စိုးရိမ်စရာမလိုဘူး။ ငါအကြီးအကဲစုန့်ကို ဒီကိစ္စကို ကိုင်တွယ်ဖို့ လွှတ်ထားပြီးသား။ တခဏလောက်နေရင် ငါတို့တွေ အင်ပါယာခုံရုံးကနေ သူ့ကို တွန်းထုတ်နိုင်လိမ့်မယ်။ အဲ့ဒီအခါ အင်ပါယာခုံရုံးမှာ ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ ရန်စွယ်တွေကို ဖယ်ထားပြီးသားဖြစ်ပြီ”

လီကျွင်းရှန်းကပြောသည်။

ထိုစကားလုံးများနှင့်အတူ ထိုလူများအားလုံးက အင်ပါယာနန်းတော်အတွင်းမှ ပျောက်ကွယ်သွားလေသည်။

.....

“ဘယ်လိုလဲ”

ဝမ်ချောင်က ရထားလုံးထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်တွင် နားထဲသို့ အသံတစ်သံ ထွက်လာသည်။ ဘုရင်စုန့်က ထောင့်တစ်နေရာတွင် ထိုင်နေ၏။ သူသည် ဝမ်ချောင်ကို စောင့်နေသည်မှာ ကြာလေပြီဖြစ်ပြီး ဘေးဘက်တွင်လည်း စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးက ရှိနေသည်။ သူတို့အားလုံး ဝမ်ချောင်ကို ကြည့်လာကြသည်။

ဒါသည် ကွန်ဖြူးရှပ်ဂိုဏ်းခေါင်းဆောင်က အင်ပါယာခုံရုံးတွင် ပထမဦးဆုံးအကြိမ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ လူတိုင်းကလည်း သူနှင့်ဝမ်ချောင်၏ တွေ့ဆုံမှုကို မျှော်လင့်စောင့်စားနေကြ၏။

“ကွန်ဖြူးရှပ်ဂိုဏ်းက သိပ်မကြာခင် လှုပ်ရှားလာလိမ့်မယ်။ ဗိုလ်ချုပ်တွေအားလုံးကို သတိထားဖို့ ပြောလိုက်”

ဝမ်ချောင်က ဘုရင်စုန့်၏ဘေးနားတွင် ဝင်ထိုင်သည်။ ထိုစကားကို ကြားသောအခါ ရထားလုံးထဲမှ လူများအားလုံး၏ မျက်နှာက တင်းမာသွားသည်။

“ဒါ့အပြင် ပတ်ဝန်းကျင်တိုင်းပြည်တွေကို ယုံကြည်လို့မရဘူး။ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးပြီးပြီ ဆိုကတည်းက အခြားတိုင်းပြည်တွေက သူတို့ရဲ့ကတိအတိုင်း စစ်တပ်အင်အားကို လျော့ချပေးမှာပဲ။ အရှင်ကျန်းချုံ ငါဒီကိစ္စကို ခင်ဗျားတာဝန် ထားလိုက်မယ်”

ဝမ်ချောင်က ကျန်းချုံကျန့်ချုံးကို လှည့်ကြည့်သည်။

“အွန်း”

ကျန်းချုံကျန့်ချုံးက တင်းမာစွာခေါင်းညိမ့်သည်။

“လီကျွင်းရှန်းအတွက်ကတော့ ငါ့ရဲ့တာဝန်ထား”

ဝမ်ချောင်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်သည်။ သူ၏မျက်ဝန်းထဲမှ အလင်းက လေးနက်သွားသည်။

ခြိမ်း

ရထားလုံးက ရှေ့ဆက်ကာ လမ်းများအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

နာရီအနည်းငယ်ခန့် ကြာပြီးနောက် အင်ပါယာနန်းတော်ထဲမှ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာ ထွက်လာကြသည်။ အမျိုးမျိုးသော အစိုးရအရာရှိများကလည်း မြို့တော်အနှံ့ အကြောင်းကြားစာများကို လိုက်ကပ်ကြ၏။ မရေမတွက်နိုင်သော သတင်းပို့ခိုပေါင်းများစွာကလည်း ဗဟိုပြင်ကျယ်၏ နေရာအနှံ့သို့ သတင်းများကို ပို့လွှတ်ရန်အတွက် ကောင်းကင်ဘုံသို့ တက်သွားကြသည်။ ယွီစန်း၊ အာရေးဗီးယား၊ အနောက်ပိုင်းတူရကီ၊ အရှေ့ပိုင်းတူရကီ၊ ဂိုဂူလျောအင်ပါယာ၊ မာန်ရှဲ့ကျောင်း... စသဖြင့် တိုင်းပြည်ပေါင်းများစွာက သူတို့၏စစ်တပ်အင်အားကို တစ်သန်းနီးပါးထိ လျော့ချပေးမည်ဖြစ်သည်။ ထိုသတင်းက တစ်တိုင်းပြည်လုံးအနှံ့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

ခြိမ်း

ချက်ချင်းဆိုသလိုပင် ဗဟိုပြင်ကျယ်ရှိ လူတိုင်းက ထိုသတင်းကြောင့် မှင်သက်သွားကြသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဝမ်းသာစရာပဲ ဝမ်းသာစရာပဲ မဟာထန်ကြီးက နောက်ဆုံးတော့ ငြိမ်းချမ်းသွားပြီပေါ့”

ဗဟိုပြင်ကျယ်အတွင်းရှိ လူတိုင်းက စိတ်လှုပ်ရှားစွာ အောင်ပွဲခံနေကြသည်။ ထိုအခြေအနေက ဗဟိုပြင်ကျယ်ကြီးတစ်ခုလုံး ကြားခဲ့ဖူးသမျှ သတင်းများထဲတွင် အကောင်းဆုံးသတင်းဖြစ်သည်။ မရေမတွက်နိုင်သည့် လူပေါင်းများစွာက သူတို့၏မိတ်ဆွေများကို အပြေးအလွှား သွားပြောကြသည်။ မီးပန်းများပင် ဖောက်ကြ၏။ ထိုသတင်းနှင့်အတူ အတွင်းရေးမှူးအကြံပေး လီကျွင်းရှန်း၏နာမည်က ကပ်ပါသည်။

သာမာန်ပြည်သူများအနေဖြင့် ပထမဦးဆုံးအကြိမ် ထိုနာမည်ကို ကြားဖူးခြင်းဖြစ်သည်။ ပထမဦးဆုံးအကြိမ် ဖြစ်သည့်တိုင်အောင် သူ၏အနုစိတ်ကျသော အနိုင်က လူတိုင်း၏စိတ်အတွင်း ထိုနာမည်ကို စွဲမြဲသွားစေသည်။

“လီကျွင်းရှန်း”

“လီကျွင်းရှန်း”

.....

မဟာထန်၏ လမ်းများပေါ်တွင်ရှိသော လူကြီးများနှင့် ကလေးများအားလုံးက နီရဲသောမျက်နှာများနှင့် စိတ်လှုပ်ရှားစွာ ပြေးလွှားနေကြသည်။

“သခင်လေး နားထောင်ဦး”

ချန်းအန်းလမ်းများပေါ်တွင် လူအများက ပြည့်နှက်နေသည့် အခိုက်အတန့်တွင် ရိုးရှင်းသော ရထားလုံးတစ်စီးက အခြားရထားလုံးများနှင့်အတူ ကပ်ရပ်ဖြတ်သွားသည်။ လိုက်ကာတစ်ခုက အသာပင့်တင်သွားပြီး စိတ်လှုပ်ရှားနေသော လူငယ်တစ်ယောက်၏ မျက်နှာက ပေါ်လာသည်။

“ဒီတစ်ကြိမ်မှာ သခင်လေးရဲ့နာမည်က တစ်တိုင်းပြည်လုံးအနှံ့ သိသွားပြီ။ ငါတို့က ဒီတစ်လှည့်မှာ တကယ် နိုင်သွားတာပဲ”

သို့သော် အဖြူရောင်ဝတ်စုံနှင့် ချောမောသော လူငယ်ကမူ တည်ငြိမ်ပြီး မလှုပ်ရှားသွားခဲ့ပေ။

“ငါတို့နိုင်တာမဟုတ်ဘူး။ လောကနဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒရဲ့ ငြိမ်းချမ်းမှုက ဒီလိုဖြစ်စေတာ”

လီကျွင်းရှန်းက ချိုသာစွာသာပြောသည်။ လူငယ်ကပင် ကြောင်သွား၏။

ညင်သာသော လေပြေက ပြတင်းပေါက်ဘေးဘက်တွင်ရှိသည့် ကြီးမားသော ဝူထုံသစ်ပင် သစ်ရွက်များကို ဖြတ်တိုက်သွားပြီး ရထားလုံးအတွင်းသို့ ဝင်ရောက်လာစေသည်။ လီကျွင်းရှန်းက လက်ဝါးကို ဖြန့်လိုက်ပြီး သစ်ရွက်တစ်ရွက်ကို လက်ဖဝါးပေါ် ကျဆင်းလာစေ၏။ ထို့နောက် နေရောင်အောက်တွင် ထိုသစ်ရွက်၏အရောင်က တောက်ပလာသည်။ ထိုအခြေအနေက လီကျွင်းရှန်းကို အကြာကြီး ငေးငိုင်သွားစေပုံပေါ်သည်။ အချိန်တစ်ခုကြာပြီးမှသာ သူသည် အသိပြန်ဝင်သွားသည်။

“ဆရာ ငါတို့တွေ အောင်မြင်မဲ့လမ်းစကို ရောက်နေပြီ။ ဒါတွေအားလုံးကို ကောင်းကင်ကနေ ကြည့်နေပါရဲ့လား”

လီကျွင်းရှန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ဝမ်းနည်းမှုက ပေါ်ထွက်လာသည်။

ရထားလုံးက ရှေ့ဆက်သွားသည်။ ထိုသို့ဖြင့် လူအုပ်ထဲသို့ဝင်ရောက်ကာ ခပ်မြန်မြန် ပျောက်ကွယ်သွားလေသည်။

.....

မဟာထန်၏မြို့တော်က အရှေ့ပိုင်းလောက၏ အလယ်ဗဟိုတွင် တည်ရှိပြီး မရေမတွက်နိုင်သော လက်ရွေးစင်စစ်သားများနှင့် ဗိုလ်ချုပ်ပေါင်းများစွာက ကြောက်ရသည့် တည်ရှိမှုဖြစ်သည့် မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်၏ နေရာလည်းဖြစ်သည်။ အချိန်တိုင်းလိုလို မရေမတွက်နိုင်သော သတင်းပေါင်းများစွာကလည်း ရောက်ရှိနေ၏။ ခုံရုံးညီလာခံက အဆုံးသတ်သွားပြီး သိပ်မကြာခင် လူအချို့သည်လည်း မြို့တော်မှငှက်များနှင့် ရောနှောလျှက် အချို့သောငှက်များသည် အမျိုးမျိုးသော ဦးတည်ရာအနှံ့ ပျံ့နှံ့ထွက်ခွာသွားကြောင်း မြင်လိုက်ရလေသည်။

......

ဝေးကွာလွန်းသော အနောက်ပိုင်းတူရကီ ခါကာနိတ်၊ ဆန်းမီတောင်ထိပ်တွင် ရွှေရောင်နေမင်းကြီးက ကောင်းကင်တွင် ထင်ရှားတောက်ပစွာ ထိန်လင်းနေသည့် အခိုက်အတန့်တွင် ပို၍ကြီးမားသော နေမင်းကြီးလည်း အထက်တွင် မြောက်တက်လျှက် တည်ရှိနေသည်။ ထိုအခိုက်အတန့်တွင် ဆန်းမီတောင်က မြေကမာပေါ်မှ သာယာသော သုခဘုံအလားထင်ရပြီး နတ်ဘုံနန်းသဖွယ် လှပလွန်းနေလေသည်။ လူတစ်ယောက်ကသာ တောင်ထိပ်တွင် ရှိနေသည့် ရွှေရောင်အလင်းတန်းကိုသာ လှမ်းထိလိုက်မည်ဆိုလျှင် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အလင်းထဲတွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်နိုင်ပေလိမ့်မည်။ သူ၏သိုင်းပညာ အဆင့်အတန်းက သူ့အား ကောင်းကင်ပေါ်မှ ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးအလား ထင်ရစေသည်။ သူသည် ကြီးမားသော ကျောက်တုံးကြီးပေါ်တွင်ထိုင်လျှက် တိတ်တဆိတ် တွေးနေသည်။

ထိုအချိန်တွင် ကျယ်ပြောလှသော ကြယ်တာရာစွမ်းအင်ပေါင်း များစွာက သူ၏ကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီး တုဝူစစ်လီကဲ့သို့သော တည်ရှိမှုကပင် သူနှင့်ယှဉ်လျှင် မှေးမှိန်သွားလောက်၏။ ဆန်းမီတောင် ပတ်ဝန်းကျင်တွင် အစောင့် သောင်းပေါင်းများစွာ ရှိနေပြီး အားလုံးက ခါကန်းကို စောင့်ကြပ်နေကြသူများဖြစ်သည်။ သို့သော် သူတို့သည်ပင် ဖုန်သာသာဖြစ်သွားသည်။

အကြောင်းမူကား ကျယ်ပြောကာ မြောက်များလွန်းသော စွမ်းအင်များအားလုံးက ဆန်းမီတောင်ပေါ်မှ အင်အားကြီးသော တည်ရှိမှုကြောင့် ဖြစ်ပေါ်လာသောကြောင့်ဖြစ်သည်။ သူသည် နေမဟာဗိုလ်ချုပ်ကြီး ဝူနူရှီပီဖြစ်သည်။

အနောက်ပိုင်းတူရကီ ခါကာနိတ်များ အားလုံးထဲတွင် အင်ပါယာ၏ စစ်နတ်ဘုရားဆိုသော အင်အားမျိုးကို ခမ်းနားထည်ဝါစွာ ပိုင်ဆိုင်ထားသောသူ၊ ယွီစန်း၏ ခြင်္သေ့ဖြူ မဟာဗိုလ်ချုပ်ကြီးနှင့် မဟာထန်၏ ဝမ်ကျုံးစစ်နှင့် ယှဉ်နိုင်သောသူဆို၍ ဝူနူရှီပီသာရှိသည်။

မဟာကျား၊ မဟာဗိုလ်ချုပ်ကြီး ဝီသာထရာခုံးလော့၊ နေမဟာဗိုလ်ချုပ်ကြီး ဝူနူရှီပီသည် အချိန်အတန်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အနောက်ပိုင်းတူရကီ ခါကာနိတ်မှ ကိစ္စများကို တုဝူစစ်လီကို လွှဲပေးထားသည်။ သို့သော် သိပ်မကြာခင်က ဝူနူရှီပီသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး စစ်အာဏာ အပြည့်အဝ ကို ပြန်ယူလိုက်သည်။ ထိုသို့ဖြင့် အနောက်ပိုင်းတူရကီ ခါကာနိတ်များ အားလုံးကို ပြန်လည်ကိုင်တွယ်လာသည်။

အက်ရှာဘာရာခါကန်းက ဝူနူရှီပီကို အယုံကြည်ဆုံး ဖြစ်သည့်အလျောက် အနောက်ပိုင်းတူရကီ၏ စစ်နတ်ဘုရားအား အနောက်ပိုင်း မြင်ခင်းလွင်ပြင် ဒေသတစ်ခုလုံးကို အဆင့်လွန်အုပ်ချုပ်ခွင့်တစ်ခု ပေးထားသည်။

ဝှစ်

လေပြင်းက အပေါ်မှ ဖြတ်တိုက်လာပြီးနောက် ဝူနူရှီပီကို အသိပြန်ဝင်သွားစေပုံရသည်။ သူကလက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် သိန်းငှက်ကြီးတစ်ကောင်က ဆင်းသက်လာသည်။ ထိုသိန်းငှက်ကြီးသည် လေထဲအထက် ပေတစ်ဆယ်ကျော်တွင် ရှိနေခဲ့ရာမှ ရုတ်တရက် မမြင်ရသောအားဖြင့် လျော့ချခြင်းကိုခံရပြီး သူ၏လက်ပေါ်သို့ ရောက်လာသည်။ ဝူနူရှီပီက စာကိုဖွင့်ပြီး တစ်ချက်ကြည့်ကာ ပြန်သိမ်းလိုက်သည်။

“ဟား နောက်ဆုံးတော့ အချိန်ကျပြီလား”

သူ၏နှုတ်ခမ်းတွင် နက်နဲသောအပြုံးက ပေါ်လာသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် မျှားအဖွဲ့သုံးဖွဲ့၊ အနောက်ပိုင်းနွားထီအဖွဲ့၊ ထက်ရှတဲ့ဝံပုလွေအဖွဲ့၊ အနောက်ပိုင်း ဝံပုလွေအဖွဲ့ သူတို့အားလုံးကို ချက်ချင်း လက်နက်တွေဖြုတ်ပြီး နောက်ဆုတ်ခိုင်းလိုက်။ ဒါတွေအပြင် စစ်သားတွေအားလုံးကလည်း လီသုံးရာအထိ နောက်ဆုတ်ရမယ်”

“ဟုတ်ကဲ့အရှင်”

ဝူနူရှီပီ၏ ပတ်ဝန်းကျင်မှ အမျိုးမျိုးသော အသံများ ထွက်လာသည်။ ထို့နောက် ပုံရိပ်ပေါင်းများစွာက မြင်းများပေါ်သို့ အပြေးတက်လျှက် အရပ်မျက်နှာအနှံ့ ထွက်ခွာသွားကြသည်။ အရာအားလုံးက တိတ်ဆိတ်သွားပြီး တခဏခန့်ကြာပြီးချိန်တွင် ဝူနူရှီပီ၏ အနောက်ဘက်မှ ခြေလှမ်းသံကို ကြားရသည်။ ဝူနူရှီပီက အင်အားကြီးမားသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်၏။ ထို့နောက် မည်းမှောင်ပြီး ဝေဝါးလွန်းသော်လည်း ဖော်ပြရန်ခက်ခဲလောက်အောင် သန့်စင်သည့် တစ်စုံတစ်ရာက သူ့နား ချဉ်းကပ်လာကြောင်း သိလိုက်သည်။

ကျော်ကြားသော နေမဟာဗိုလ်ချုပ်ကြီးက ပြုံးရုံသာ ပြုံးလိုက်သည်။ သို့သော် လှည့်မကြည့်ချေ။

ခြေလှမ်းသံများက ဝူနူရှီပီနှင့် ခြေဆယ်လှမ်းကျော်အကွာတွင် ရပ်တန့်သွားသည်။ ထို့နောက် အိုမင်းသော အသံတစ်သံက ဝင်ရောက်လာ၏။

“စစ်သည်အင်အားနှစ်သိန်း ဒါက တန်ကြေးမကြီးလွန်းဘူးလား”

“ဟွန်း နေနက်မှော်ဆရာလိုမျိုး အနာဂတ်ကို ကြည့်ရှု့နိုင်တဲ့လူတောင်မှ နောင်တရနေပြီလား”

ဝူနူရှီပီက နောက်မလှည့်ဘဲမေးသည်။

“နောင်တမရပါဘူး။ ဒါပေမဲ့ တုန့်ဆိုင်းနေတယ်ဆိုတာက ဒီတန်ကြေးက ကြီးလွန်းနေတာကြောင့်ပဲ”

အနက်ရောင်ဝတ်စုံကို ဝတ်ထားသော ရေနတ်ဆရာက သူ၏သားရဲခေါင်းတုတ်တံကို အသာဆုပ်ကိုင်လျှက် ပြောလိုက်သည်။

“နောက်ပြီး မင်းမှားနေတာ တစ်ချက်ရှိသေးတယ်။ ငါအနာဂတ်ကို မမြင်ခဲ့တာ တော်တော်ကြာပြီ။ နောက်ပြီး အနာဂတ်ဆိုတာက ဆက်တိုက်ပြောင်းနေတဲ့အရာ မနှစ်က ကြောက်စရာကောင်းတဲ့ နှင်းမုန်တိုင်းနဲ့ အေးခဲမှုက အရမ်းပြင်းထန်ခဲ့ပြီးနောက်ပိုင်း ငါနတ်ဝိညာဉ်တွေဆီ အဆက်အသွယ် ပြတ်တောက်သွားတယ်။ ဒါကြောင့် လက်ရှိငါက အနာဂတ်ကို မမြင်နိုင်တော့ဘူး”

“နောက်ပြီး မမြင်ရပေမဲ့ အင်အားကြီးမားလွန်းတဲ့ အားတစ်ရပ်က အနာဂတ်ကို ဆက်တိုက်ပြောင်းနေတယ်လို့ ခံစားရတယ်။ အဲ့ဒီလိုနဲ့ အရာအားလုံးကို ဖျက်ဆီးနေခဲ့တာ။ အခုအချိန်မှာ ငါအတိတ်ကိုပဲ မှီခိုပြီး အနာဂတ်အတွက် ဗျူဟာချရတော့မယ်”

ရေနက်နတ်ဆရာက လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရပ်နေသည်။ သူ၏ဝတ်ရုံက လေတွင်သာလွင့်နေသည်။ ထိုအခိုက်အတန့်တွင် ရပ်ကြည့်နေသူများသာရှိပါက မှင်သက်သွားလောက်သည်။ အကြောင်းမူကား အဆင့်လွန်ပုဂ္ဂိုလ်ကြီးဖြစ်သည့် ရေနက်နတ်ဆရာက အနာဂတ်ကို မြင်နိုင်သည့်စွမ်းရည် ပျောက်ဆုံးသွားလေသည်။ ထိုအခြေအနေက အထက်တန်းလွှာတိုင်းကို သတိလက်လွတ်ဖြစ်လောက်သည်။ တိတိကျကျဆိုရသော် ရေနက်နတ်ဆရာကသာ ခါကာနိတ်ကြီး တစ်ခုလုံးကို လမ်းညွှန်ပြသပေးနေခဲ့ခြင်း ဖြစ်လေသည်။

“မဟာထန်က အဲ့ဒီကောင်လေး... မင်းသူ့အနာဂတ်ကို မကြည့်နိုင်သေးဘူးလား”

ဝူနူရှီပီက ရုတ်တရက်ပြောသည်။

ထိုမေးခွန်းက ရုတ်တရက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ရေနက်နတ်ဆရာ၏ မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များက ပေါ်ထွက်လာသည်။

“သူက အမျိုးမျိုး ဖြစ်နိုင်တယ်။ သူ့မှာ အတိတ်မရှိဘူး။ အနာဂတ်အတွက်ကတော့ နတ်ဝိညာဉ်တောင် သေချာပေါက် မမြင်နိုင်ဘူး”

“ဟုတ်လား”

နေမဟာဗိုလ်ချုပ်ကြီးကပြောသည်။ အသံထဲတွင် လှောင်သံပင်ပါသည်။

“တစ်ယောက်က မဟာထန်ရဲ့ သူကောင်းမျိုးရိုး ဆက်ခံသူတစ်ယောက်၊ ဝမ်ကျို့လင်ရဲ့ အငယ်ဆုံးမြေး... သူနဲ့ပတ်သတ်သမျှ အရာအားလုံးကို သာမာန်သူလျိုတွေတောင် စုံစမ်းလို့ရနိုုင်တယ်။ ဒါပေမဲ့ မင်းရဲ့အမြင်မှာတော့ အတိတ်မရှိဘူးဟုတ်လား”

ရေနက်နတ်ဆရာသည် မြင့်မားလွန်းသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး အက်ရှာဘာရာခါကန်းကပင် လေးစားရသည်။ သို့သော် ရေနက်နတ်ဆရာက နေမဟာဗိုလ်ချုပ်ကြီး ဝူနူရှီပီနှင့် အလွန်နက်ရှိုင်းလွန်းသော ဆက်ဆံရေးရှိပြီး တစ်ဖက်သူက သူ၏နာမည်အရင်းကိုပင် သိကြောင်း လူအနည်းစုသာ သိလောက်သည်။

“မကြာခဏ မြင်နေရတာတွေကလည်း အရှုပ်ထွေးဆုံး ကိစ္စဖြစ်သွားနိုင်တာပဲ။ အသက်(၁၆)နှစ် မတိုင်ခင်က သူကဒီတိုင်း အရှုံးသမားတစ်ယောက်။ လူရမ်းကားတွေကတောင် အရူးလုပ်တာကို ခံရတဲ့ လူဘော်ကျော့ သူကောင်းမျိုးဆက်တစ်ယောက်ပဲ။ ဒါပေမဲ့ တိုတောင်းလွန်းတဲ့ ကာလအတောအတွင်းမှာ သူက လောကရဲ့ စစ်နတ်ဘုရားလိုမျိုး အထူးချွန်ဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြောင်းလဲကြီးပြင်းသွားတယ်။ အာရပ်စစ်သည် တစ်သန်းကျော်ကိုတောင် အလဲထိုး အနိုင်ယူလိုက်တာ။ ဒါက မြင်ရသလောက် ရိုးရှင်းတယ်လို့ မင်းကထင်နေတုန်းပဲလား”

ရေနက်နတ်ဆရာက တည်ငြိမ်ပြီး အချက်အလက်ကို ပြောပြသလိုမျိုး ပုံစံမျိုးဖြင့်သာ သူက ပြန်ပြောသည်။ ဒေါသမထွက်သွားခဲ့ပေ။

++++

1280 01

အခန်း(၁၂၈၀)

လေပြေက တောင်ပေါ်ဒေသကို ဖြတ်တိုက်လာပြီး ဆန်းမီတောင်ထိပ်သု့ိပင် တက်လာသေးသည်။ ရေနက်နတ်ဆရာ၏ ခေါင်းတွင်ဆောင်းထားသော အနက်ရောင်ဦးထုပ်က တုန်သွားပြီး မီးခိုးဖြူရောင် ဆံပင်များကို ပေါ်ထွက်လာစေသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုပါက ရေနက်နတ်ဆရာ၏ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး အသက်အရွယ် အလွန်ကြီးရင့်ပုံ ပေါက်နေကြောင်း မြင်နိုင်မည်ဖြစ်သည်။

သူ၏ နတ်များနှင့် ထပ်ခါတလဲလဲ ဆက်သွယ်မှုပြုကာ အနာဂတ်ကို ကြည့်ရှု့သောကြောင့် သူသည် တန်ကြေးတစ်ခုကို ပေးဆပ်ရလေသည်။

ဝူနူရှီပီက စကားဆက်မပြောတော့ချေ။ သူ၏မျက်လုံးထဲ တည်ငြိမ်သောအကြည့်က ပေါ်ထွက်လာသည်။ မဟာထန်၏ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်နှင့်ပတ်သတ်ပြီး စုစည်းထားသမျှ အချက်အလက်များ အားလုံးက တောင်ငယ်လေးတစ်ခုလောက်ပင် ကြီးသေးသည်။ သူ၏ဘဝအစပိုင်းတွင် သူသည် သာမာန်သာဖြစ်ပြီး လေးစားစရာလည်း မရှိပါချေ။ သို့သော် ထို့နောက်ပိုင်းတွင် သူသည် ရုတ်တရက် အသိဝင်လာသလိုမျိုး ဖြစ်သွားပြီး မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ရှေ့တက်သွားသည်။ ယခုအခါ လူပေါင်းများစွာကိုပင် မှင်သက်နေစေသည်။

“ဒါပေမဲ့ ဒီကိစ္စမှာ ခါကန်းက ငါ့ကိုယုံကြည်ပြီး မင်းကိုမေးခွန်းတစ်ခု မေးခိုင်းလိုက်တယ်။ စစ်သည်အင်အား နှစ်သိန်း အင်အားလျော့ချတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းစရာ နည်းလမ်းမရှိတော့ဘူးလား”

ရေနက်နတ်ဆရာကမေးသည်။

“ခါကန်းက မဟာထန်နဲ့ အနောက်ပိုင်းတူရကီတွေကို အကွာအဝေးတစ်ခု ခြားထားနိုင်တယ်လို့ ယုံကြည်နေတယ်ဆိုကတည်းက မဟာထန်က အင်အားလျော့ချတဲ့ အချိန်မှာ ငါတို့ရဲ့ လှည့်ကွက် နည်းနည်းလောက်ကို သတိပြုမိစရာ အကြောင်းမရှိတော့ဘူးမဟုတ်လား”

ယခုအခါ သူတို့သည် လေးနက်သော ကိစ္စများကို ပြောနေသည့်အလျောက် ဝူနူရှီပီက အပြုံးကိုသိမ်းလိုက်သည်။

ရေနက်နတ်ဆရာက ခေါင်းညိမ့်သည်။

“မဖြစ်နိုင်ဘူး”

ဝူနူရှီပီက ပေါ့ပါးစွာပြောသည်။ သူ၏အဖြေက သန့်ရှင်းသပ်ရပ်ပြီး တည့်တိုးဆန်သည်။

“မင်းတို့တွေက မဟာထန်ရဲ့ ကွန်ဖြူးရှပ်ပညာရှင်ကို အရမ်းအထင်သေးနေတာပဲ”

ဝူနရှီပီက ထိုသို့ပြောချိန်တွင် သူသည် တဖြည်းဖြည်းချင်းစီ ထရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် တောင်တန်းတစ်ခုလုံးကပင် တသိမ့်သိမ့် တုန်သွားလေပြီး သူ၏ ရွှေရောင် နေသံချပ်ကာအချင်းချင်း ပွတ်တိုက်ရာမှ သတ္ထုသံပင် ထွက်လာသေးသည်။ ဝူနူရှီပီဟာ နောက်ဆုံးတွင် ဖြောင့်မတ်စွာ ရပ်လိုက်ပြီးနောက် လုံးဝိုင်းသော ကျောက်တုံးအရှေ့တွင် ကြီးမားသော လူထွားကြီးတစ်ယောက်အလား ပေါ်လာပြီဖြစ်သည်။

ဝူနူရှီပီသည် နှစ်မီတာခန့် အရပ်ရှည်သည်။ သူသည် ရေနက်နတ်ဆရာထက် ခေါင်းတစ်လုံးစာခန့် အရပ်ပိုရှည်သေးသည်။ ခန္ဓာကိုယ်ကလည်း သိပ်သည်းလွန်းသော ပြင်းထန်သည့် ဖိနှိပ်အားကို လွှတ်ထုတ်ထားသည်။

“အဲ့ဒီကွန်ဖြူးရှပ်ပညာရှင်က တုံးရင်တုံးလွန်းလိမ့်မယ်။ ဒါပေမဲ့ အရူးတော့မဟုတ်ဘူး။ အနည်းဆုံး သူက မင်းတို့အားလုံး ထင်သလောက် မရိုးရှင်းဘူး။ သူ့လိုမျိုး မျိုးနွယ်ခြား နယ်မြေတွေကို ဖိနှိပ်နိုင်ပြီး ဂုဏ်သတင်းအမြင့်ဆုံး ကာလမှာတောင် မြို့တော်ကို ပြန်ခေါ်နိုင်တဲ့သူ၊ သိုင်းပညာရှင်တွေ အားလုံးကို ဖိနှိပ်နိုင်တဲ့သူက အထင်သေးလို့ရမှာတဲ့လား။ သူက အလွယ်တကူ အရူးလုပ်ခံမယ်လို့ ထင်လား”

ဝူနရှီပီက တဖြည်းဖြည်းချင်းစီ ပြောသည်။

ဝူနရှီပီသည် လီကျွင်းရှန်းကို လူတိုင်းမျှော်လင့်ထားသည်ထက်ပင် မြင့်မားစွာ သတ်မှတ်ထားပုံပေါ်သည်။ ရေနက်နတ်ဆရာ၏ မျက်လုံးက တစ်ချက်လက်သွားသည်။

“လက်ရှိမဟာထန်က အထွတ်အထိပ်ကို ရောက်နေပြီ။ ဘယ်အဖွဲ့အစည်းကမဆို တသီးတသန့် မရပ်တည်နိုင်တော့ဘူး။ ငါတို့က မဟာထန်မှာ ကွန်ဖြူးရှပ်တွေနဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကြားက ရှုပ်ထွေးတဲ့ အခြေအနေနဲ့ မဟာထန်ကို အင်အားကုန်ခမ်းသွားစေချင်ရင် ဘာအခွင့်အရေးမှ ပေးထားလို့မဖြစ်ဘူး။ အနည်းဆုံး အခုအချိန်မှာတော့ ငါတို့က ရိုးသားစွာနဲ့ စစ်တပ်အင်အားကို လျော့ချပေးတဲ့အကြောင်း ပြရမယ်”

ဝူနူရှီပီကပြောသည်။

“နားလည်ပြီ။ ငါမင်းရဲ့အဖြေကို ခါကန်းကို ပြန်ပေးလိုက်မယ်”

ရေနက်နတ်ဆရာက ခေါင်းညိမ့်ပြီးနောက် လှည့်ထွက်သွားသည်။

.....

တစ်ချိန်ထဲတွင်ပင် အဝေးရှီယွီစန်း...

1280 02

မြောက်ပိုင်းထံမှလာသည့် ပြင်းထန်ကြမ်းတမ်းလွန်းသော လေပြင်းများက တိုက်ခတ်လာပြီး တောင်ပိုင်းအထိ တောက်လျှောက် ပျံ့နှံ့သွားသည်။

မနှစ်က တာလာ့၏တိုက်ပွဲပြီးချိန်ကတည်းက သာ့လွန်ရော့ကျန်း၊ တုစုန့်မာန်ဖော်ကျဲ့၊ ဟော်ရှု့ဟွေ့ခမ်းတို့၏ လက်ရွေးစင်တိုက်ခိုက်ရေး အင်အားစုကြီးကို ဆုံးရှုံးခဲ့ပြီးနောက်တွင် ယွီစန်းကြီး တစ်ခုလုံးက ပြင်းထန်သည့် ဖိနှိပ်အားအောက် ရောက်ရှိသွားသည်။ ကောင်းကင်ကပင် ဖိနှိပ်ခံရပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် တိဗက်တောင်ပေါ်ဒေသ အရှေ့ဘက်ခြမ်းတွင် ပုံရိပ်အချို့ ရပ်နေကြသည်။ သူတို့အားလုံးက ဝေးကွာလွန်းသော နယ်မြေကို လှမ်းကာငုံ့ကြည့်နေလေသည်။

ဖုန်အပြည့်ပါဝင်သော လေပြင်းအကြားတွင် သုံးယောက်အဖွဲ့၏ ရှေ့ဆုံးတွင်ရပ်နေသော လူ၏ဝတ်စုံက လေကြောင့် တဖြတ်ဖြတ်လွင့်နေသည်။ သူသည် ပြိုင်ဘက်ကင်းသော အာဏာာကို ပိုင်ဆိုင်ထားသူတစ်ယောက်၏ အရှိန်အဝါကို လွှတ်ထုတ်နေသည်မှာ မြင့်မားလွန်းသော တောင်တန်းကပင် သူ့ကိုမော်ကြည့်ပြီး လေးစားရမည့်ပုံပေါ်သည်။

ထိုလူသည် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ရှေ့သို့ တိတ်တဆိတ်သာ ကြည့်နေ၏။ သူ၏မျက်လုံးဟာ အဆုံးအစမဲ့သော ဉာဏ်ပညာရှိမှုများနှင့် တောက်ပနေသည်။

ဖလပ် ဖလပ်

မြင့်မားသော တောင်ပေါ်ဒေသမှ ဗဟိုပြင်ကျယ်ရှိရာ နယ်မြေများကို ငုံ့ကြည့်နေကြသည့် အချိန်တွင် ရုတ်တရက် သိန်းငှက်တစ်ကောင်က တိမ်စိုင်များကို ထိုးခွဲပြီး ပျံသန်းရောက်ရှိလာသည်။ သိန်းငှက်သည် အနောက်မြောက်ဘက်ပိုင်းမှလာသည်။

စွစ်

တခဏခန့်ကြာပြီးနောက် လက်မောင်းတစ်ဖက်က ဆန့်ထွက်လာပြီး သိန်းငှက်ကိုယူသည်။

“အင်ပါယာအမတ်မင်းကြီး အနောက်ပိုင်းတူရကီ ခါကာနိတ်က စာတစ်စောင် ပို့လိုက်ပါတယ်။ ဝူနူရှီပီရဲ့ တံဆိပ်ပါ ပါပါတယ်”

ချောက်ကမ်းပါး ထောင့်စွန်းနားတွင်ရှိသော တိဗက်စစ်သည်တစ်ယောက်က ယွီစန်း၏ လေးစားရသော အင်ပါယာအမတ်မင်းကြီး သာ့လွန် သာ့ရင်လင်ထံ ခပ်မြန်မြန် လှမ်းလာလျှက် စာကိုကမ်းပေးသည်။

သာ့လွန်သာ့ရင်လင်သည် အသက်ငါးဆယ် မကျော်သေးဘဲ ဘဝ၏ အထွတ်အထိပ်တွင် ရှိနေသေးသည့်တိုင်အောင် သူ၏မျက်နှာကမူ နှစ်ပေါင်းများစွာ အိုစာနေသလို ဖြစ်နေသည်။ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် မဟာအမတ်မင်းတစ်ယောက် သေဆုံးသွားမှုဟာ အင်ပါယာကြီး တစ်ခုလုံးကို မျှော်လင့်ရန်ခက်ခဲလောက်သည့် ထိုးနှက်မှုကြီး ဖြစ်သွားစေသည်။ ယခုအခါ သာ့လွန်သာ့ရင်လင်သည်ပင် ထိုထိုးနှက်မှုမှ အပြည့်အဝ မသက်သာသေးပေ။ စာကိုဖွင့်ဖတ်ပြီးနောက် သာ့လွန်သာ့ရင်လင်က ရိုးရှင်းစွာသာ တစ်ချက်ကြည့်ပြီး အနောက်ဘက်သို့ လက်ပြန်ပို့လိုက်သည်။

“ဝူနူရှီပီက အနောက်ပိုင်းတူရကီတွေက စစ်သည်အင်အား နှစ်သိန်းကို လျော့ချပြီးတဲ့အကြောင်း အကြောင်းကြားလိုက်တာပဲ။ မင်းတို့လည်း ပြင်ဆင်သင့်ပြီ”

သာ့လွန်သာ့ရင်လင်၏ ထူးမခြားနားသော အသံက ပဲ့တင်ထပ်လာသည်။

“ဟုတ်ကဲ့ မဟာအမတ်မင်းကြီး”

ရာလန်တော်ဝင်တပ်ရင်းမှ ဗိုလ်ချုပ်ကြီးများနှင့် ရာဆန့်တော်ဝင်တပ်ရင်းမှ ဗိုလ်ချုပ်များက ဂါရဝပြုကြသည်။

မဟာထန်နှင့် စစ်ပွဲများ ထပ်ခါတလဲလဲ ဖြစ်ခဲ့ပြီးချိန်တွင် ယွီစန်းအင်ပါယာကြီးသည် ကပ်ဘေးပေါင်းများစွာကို ကြုံဆုံပြီး အများကြီးဆုံးရှုံးပြီးခဲ့လေပြီ။ ကျော်ကြားသော နာ့ယိတော်ဝင်တပ်ရင်းက အလုံးစုံ ရှင်းပစ်ခံခဲ့ရပြီး မြောက်ပိုင်းတော်ဝင်တပ်ရင်းလည်း အလားတူသာလျှင် ဖြစ်သည်။ ထိုသို့ဖြင့် တော်ဝင်တပ်ရင်း နှစ်ခုသာကျန်သည်။ ထိုအရာမရှိလျှင်ပင် ယွီစန်းဟာ ပါရမီကြီးသော ပုဂ္ဂိုလ်များ အမြောက်အများ ဆုံးရှုံးနေခဲ့ပြီးသားဖြစ်သည်။ လက်ရှိအချိန်တွင် သာ့လွန်သာ့ရင်လင်အနေဖြင့် သူ၏ဘေးဘက်မှ လူငယ်မျိုးဆက် အများစုကို ကြည့်လိုက်သောအခါ သာ့ယန်အစုန့်ရုန်နှင့် တာလာ့ နာ့ယိစိုင်တို့ကဲ့သို့ မဟာကလန်ကြီးများမှ ဆက်ခံသူများကိုသာ တွေ့ရသည်။

“အင်ပါယာအမတ်မင်း စစ်သည်အင်အား တစ်သိန်းခွဲကို လျော့ချတာက ငါတု့ိမလုပ်ဖူးတဲ့ ကိစ္စပဲ။ ကွန်ဖြူးရှပ်ကျောင်းက ကံကြမ္မာပါသားတော်က ဝမ်ချောင်ကို တကယ်ပဲ အလဲထိုးနိုင်မယ်ဆိုတာကို ယုံကြည်လို့ ရပါ့မလား”

ရာလွန်တော်ဝင်တပ်ရင်းမှ မဟာဗိုလ်ချုပ်ကြီး နာရီစုန့်ထျန်းကမေးသည်။

ယွီစန်း၏ မဟာဗိုလ်ချုပ်ကြီးဖြစ်သလို နောက်ဆုံးမျိုးဆက်မှ တစ်ယောက်ဖြစ်သည့်အလျောက် နာရီစုန့်ထျန်းသည်လည်း တောင်ပေါ်ဒေသမှ ကျန်ရစ်သော မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည်။ သာ့လွန်ရော့ကျန်းနှင့် အခြားသောသူများ၏ သေဆုံးမှုက ရာလွန်တော်ဝင်တပ်ရင်းမှ မဟာဗိုလ်ချုပ်ကြီးကို ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်သွားစေခဲ့သည်။

သာ့လွန်သာ့ရင်လင်က ရှေ့သို့ကြည့်ပြီး အေးစက်စွာပြောသည်။

“ငါတို့မလုပ်နိုင်ရင် သူလုပ်နိုင်တာကိုပဲ စောင့်ဖို့လိုအပ်တယ်”

1280 03

အနီးကပ်စစ်ဆေးကြည့်မည်ဆိုပါက သာ့လွန်သာ့ရင်လင်၏ မျက်လုံးက အရှေ့ဘက်နယ်မြေများကို ကြည့်နေကြောင်း မြင်ရမည်ဖြစ်သည်။

“ဒါကြောင့်ပဲ ငါတို့သူတို့နဲ့ ပူးပေါင်းတာ”

မဟာထန်ဝန်းကျင်ရှိ တိုင်းပြည်တိုင်းကို ထိုသို့နောက်ဆုတ်စေရအောင် လုပ်နိုင်သည့် အဖွဲ့အစည်းများကို တွေးကြည့်ရန်ပင် ခက်ခဲသည်။ သို့သော် အရာအားလုံး၏ နောက်ကွယ်တွင် ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ကံကြမ္မာပါကလေးက အသည်းအသန် ပြေးလွှားကာ ညှိနှိုင်းကာ ဆွေးနွေးခဲ့ခြင်းအပြင် လူအနည်းစုသာ အဓိက အကြောင်းပြချက်ကို သတိထားမိလောက်သည်။

ထိုလူသည် မျက်နှာမပြသော်လည်း ယွီစန်း၏ အင်ပါယာအမတ်မင်းကြီးကလွဲပြီး မည်သူကမှ အခြားသော တိုင်းပြည်များနှင့် ဆက်သွယ်လျှက် ထိုကိစ္စကို လက်ခံအောင် မဖြောင့်ဖြနိုင်ပေ။

တစ်ခုယူရင် တစ်ခုတော့ ပေးရမှာပေါ့။ ထိုကဲ့သို့ဆုံးဖြတ်ချက်ကို လက်ခံရဲခြင်းက သာမာန်လူများ မလုပ်နိုင်ပေ။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်”

နာ့ယိစုန့်ထျန်းက ခေါင်းကိုငုံ့လိုက်သည်။ သူ၏မျက်နှာက လေးစားမှုနှင့် ပြည့်နှက်နေ၏။ ယွီစန်းတွင် သာ့လွန်ရော့ကျန်းကို ကျော်လွန်သော ဗျူဟာ၊ ကြံစည်နိုင်စွမ်းအားနှင့် ဉာဏ်ပညာ ကြီးမားလွန်းသူကို ကြည့်ကြည့်ပါဆိုလျှင် မဟာအင်ပါယာ အမတ်မင်းကြီးသာရှိသည်။

အင်ပါယာအမတ်မင်းကြီးသည် တုစုန့်မာန်ဖော်ကျဲ့အတွက် ကလဲ့စားချေပေးနိုင်သည်။ သူကသာ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့အတွက် ကလဲ့စားချေပေးနိုင်သည်။

ထိုအချက်ကို နာရီစုန့်ထျန်းနှင့် အခြားသော တိဗက်စစ်သားတိုင်းက ယုံကြည်ထားကြသည်။

“အချိန်ကကျပြီ။ မဟာထန်ရဲ့ အတွင်းပိုင်းရိုက်ချက်က ငါတို့ကို ဓားငှားပြီး လူသတ်ရင်းနဲ့ မဟာထန်ကို အင်အားနည်းသွားအောင် လုပ်နိုင်တဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ ငါတို့ သတိလက်လွတ် ဖြစ်လို့မရဘူး။ ငါ့အတွက် စာတစ်စောင်ရေးပေး။ အခြားတိုင်းပြည်တွေကို သတိပေးထားလိုက်။ မဟာထန်ရဲ့ စစ်တပ်ပညာရှင်တွေကို အလုံးစုံဖိနှိပ်ပြီးသမျှ ဘယ်သူကမှ သတိလက်လွတ် လုပ်ပိုင်ခွင့်မရှိဘူး။ ဒါတွေအပြင် မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ကိုလည်း အာရုံစိုက် စောင့်ကြည့်ထားဖို့ သတိပေးလိုက်”

သာ့လွန်သာ့ရင်လင်က တင်းမာစွာပြောသည်။

ဝုန်း

နာရီစုန့်ထျန်းက တစ်စုံတစ်ရာကိုတွေးမိပြီး တုန်ယင်သွားသည်။

“အင်ပါယာအမတ်မင်းက ဘာကိုဆိုလိုတာလဲ”

သာ့လွန်သာ့ရင်လင်က ရုတ်တရက် လှည့်လာသည်။ သူ၏မျက်လုံးက လူအများ၏စိတ်အတွင်း ထိုးဖောက်နိုင်သည်။

“ဒီလူက သာ့လွန်ရော့ကျန်း၊ အပုမူစလင်၊ ချွီထေပါးတို့ကိုတောင် အနိုင်ယူပြီး အလောင်းတောင်ကို ကျော်ဖြတ်လို့ သွေးပင်လယ်ကို ခုတ်ပိုင်းနိုင်တဲ့လူ။ ဟွန်း သူကဒီတိုင်း ငြိမ်ငြိမ်ထိုင်ပြီး အသေခံနေမယ်လို့ ထင်လား”

နာရီစုန့်ထျန်း၏ နှလုံးသားက တုန်ယင်သွားပြီး ကြောက်လန့်သော မျက်နှာထားမျိုးက ပေါ်လာသည်။ သူသည် ယွီစန်းဟာ ဒီကိစ္စတစ်ခုလုံးတွင် ဘေးတွင်ရပ်ကြည့်နိုင်မည်ဟု ယုံကြည်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် ရုတ်တရက် တွေးပုံတွေးနည်းက ရိုးရှင်းလွန်းနေကြောင်း သိလိုက်သည်။

“ရလဒ်ကို မဆုံးဖြတ်နိုင်သေးဘူး။ မျှော်လင့်ထားတာတွေအတိုင်းသာ ဖြစ်လာရင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က သေချာပေါက် လှုပ်ရှားမှာပဲ။ အားလုံးကိုပြောလိုက် ဟာကွက်တွေ မပေါ်စေနဲ့”

သာ့လွန်သာ့ရင်လင်က မျက်လုံးတစ်ချက်ဝေ့လျှက် အရှေ့ဘက်သို့ကြည့်သည်။ မိုးကုတ်စက်ဝိုင်း အစွန်းနားတွင် မဟာထယ်ကြီးမြို့က ထည်ဝါစွာ တည်ရှိနေသည်။

တောင်ပေါ်ဒေသ တစ်ခုလုံးက တည်ငြိမ်သွားသည်။ သို့သော် သာ့လွန်သာ့ရင်လင်၏ အမိန့်နှင့်အတူ ဒေသကြီးတစ်ခုလုံးက အသက်ဝင်လာသည်။

လက်နက်အင်အားလျော့ချပြီး စစ်သည်အင်အား လျော့ချသော အခြေအနေက အမှန်ကတယ် ဖြစ်လာသည်။

.....

တခဏခန့်ကြာပြီးနောက် စွန်ရဲကြီးတစ်ကောင်က တောင်ပံကိုတဖြတ်ဖြတ်ခတ်လျှက် မဟာထန်၏ အရှေ့မြောက်ဘက်ပိုင်းသို့ ရောက်ရှိသွားသည်။

1280 04

အရှေ့မြောက်ဘက်ပိုင်းတွင် ရိုကျိုးရှိသည်။ အနောက်ပိုင်းနယ်မြေများအပြင် ထိုနေရာဟာ မဟာထန်နယ်မြေကြီး၏ အရှုပ်ထွေးဆုံး ဒေသကြီးလည်းဖြစ်သည်။ အရှေ့ပိုင်းတူရကီ ခါကာနိတ်၊ ဂိုဂူလျောအင်ပါယာ၊ ရှီနှင့် ခစ်ထန်တို့အားလုံးသော ပြည်နယ်လေးများက ထိုနယ်မြေကို ဝိုင်းထားသည်။ ထို့ကြောင့် အဓိကအင်အားစုက ဝိုင်းထားခြင်းဟု ဆိုရမည်ဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင် အလံကြီးပေါင်းများစွာက ပိုင်ဆိုင်ကာ မြို့နံရံမှတစ်ဆင့် လေတွင်လွင့်လျှက် တည်ရှိနေသည်။ ထိုမြို့သည် ရိုကျိုးနယ်စပ်နှင့် အနီးဆုံးဖြစ်သည်။ သို့သော် လူအနည်းစုကသာ ထိုအတွင်းတွင် အဝါရောင်အင်ပါယာအလံအချို့ရှိကြောင်း သိလိုက်သည်။

ဖလပ် ဖလပ်

သိန်းငှက်တစ်ကောင်က ကောင်းကင်ကို ထိုးဖောက်လျှက် ပိုင်စာသို့ရောက်သည်။

တခဏခန့်ကြာပြီးနောက် ဂိုဂူလျောဘက်မှ အနက်ရောင် သံချပ်ကာဝတ် စစ်သည်တော်တစ်ယောက်က သိန်းငှက်ကို ပုခုံးပေါ်သို့နားစေလျှက် အခန်းထဲသို့ အပြေးဝင်သွားသည်။

“အရှင်မင်းကြီး ယွီစန်းဆီကစာပဲ”

သူနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသောလူက စွမ်းအင်မုန်တိုင်းများဝိုင်းလျှက် သန်မာသော ကြွက်သားအပြည့်နှင့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူသည် မြင့်မားလွန်းသော တစ်နေရာတွင် ထိုင်နေသည်။ သူ၏လက်က လက်တင်ပေါ်တွင် တင်ထားချိန်တွင် အညိုရောင် မျက်ဝန်းတစ်စုံကမူ လျှပ်စီးလက်သလိုမျိုး အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူသည် ခြင်္သေ့ သို့မဟုတ် ကျားတစ်ကောင်က လူအသွင်ပြောင်းထားသူကဲ့သို့ပင် ထင်ရပြီး သူ၏အရှိန်အဝါက မှင်သက်ဖွယ်ကောင်းကာ ခြောက်ခြားစေသည်။

ဂိုဂူလျော အင်ပါယာကြီးတွင် ထိုကဲ့သို့သော အရှိန်အဝါကို ပိုင်ဆိုင်သောသူကို ပြပါဆိုလျှင် ဂိုဂူလျော၏ ဧကရာဇ်ကြီးသာ ဖြစ်လောက်သည်။

သူ၏အနောက်ဘက်တွင်လည်း ဓားခြောက်လက်ကို ကြက်ခြေခတ် ခတ်လျှက်ထားပြီး သိသာထင်ရှားသော သက်သေကိုပြထားသည်။

ယွန်းဂယ်ဆူမွန်

ဂိုဂူလျော အင်ပါယာကြီး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည့်သူသည် ရေထဲမှ အနုစိတ်ကျကျ ပုံသဏ္ဍန်ဖော်ကာ မွေးဖွားထားသည်ဟုပင် ပြောနိုင်သေးသည်။ သူ၏မွေးဖွားချိန်က စတင်ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကာ ကြည့်ရှု့သူများအားလုံး၏ မျှော်လင့်ချက်ကိုလည်း စိတ်မပျက်စေခဲ့သည့်အလျောက် ဂိုဂူလျော အင်ပါယာကြီး၏ အဆင့်လွန် ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သေးသည်။ သူသည် သိုင်းပညာတွင် အခြားသော ဂိုဂူလျောဘက်မှလူတိုင်း မော်ကြည့်ရသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏အနောက်ဘက်မှ ဓားခြောက်လက်က အသူရာဓားများဖြစ်ပြီး ကောလဟာလအရ မည်သူကမှသူ့ကို ခြောက်လက်လုံး ဆွဲထုတ်အောင် မလုပ်နိုင်သေးဟု ဆိုကြသည်။

“ဖက်လိုက်”

ယွန်းဂယ်ဆိုမွန်က အေးစက်စွာသာပြောသည်။ သူ၏ခမ်းနားထည်ဝါသော အသံက ခံစားချက်ကင်းမဲ့၏။

အစောင့်ကလည်း စာကိုခပ်မြန်မြန်ဖွင့်ကာ ဖတ်ပြ၏။

“ယွီစန်းက သတင်းပို့လာတာပါ။ ယွီစန်းအနောက်ပိုင်းတူရကီ၊ ရှီနဲ့ ခစ်ထန်တို့အားလုံးက သူတို့ရဲ့ စစ်တပ်အင်အားတွေကို လျော့ချပြီးပါပြီ။ ဒါကြောင့် ဂိုဂူလျောကလည်း အတက်နိုင်ဆုံး ပူးပေါင်းပေးဖို့ မျှော်လင့်တယ်လို့ပြောပါတယ်”

All Chapters