အခန်း (၁၂၈၁-၁၂၈၅)
Vol. 75 Ch. 1281-1285
1281 01
အခန်း(၁၂၈၁)
“ဟွန်း ကျန်းရှို့ကွေးက ရက်စက်တဲ့ကျား။ ငါတို့ကသာ ငါတို့ရဲ့ စစ်တပ်အင်အား လျော့ချပြီးနောက်ပိုင်း ကျန်းရှို့ကွေးက တိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုပြီး စာကပြောထားလား”
ယွန်းဂယ်ဆိုမွန်က နောက်သို့အသာမှီလိုက်သည်။ သူ၏ခန္ဓာကိုယ်က ကျားသစ်တစ်ကောင်၏ ပြင်းထန်လွန်းသော စွမ်းအင်များကို လွှတ်ထုတ်ထားသည်။
“ယွီစန်းရဲ့ အင်ပါယာအမတ်မင်းကတော့ အရာအားလုံးကို ကိုင်တွယ်ထားပြီးသားလို့ ပြောတယ်။ ကွန်ဖြူးရှပ်ပညာရှင်တွေက ကျန်းရှို့ကွေးကသာ အမိန့်ကိုဖီဆန်ရဲပြီး တိုက်ခိုက်ရဲတယ်ဆိုရင် ကွန်ဖြူးရှပ်တွေရဲ့ အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းတွေက သူ့ကို ခုံရုံးမှာ သေတဲ့အထိ အကဲဖြတ်ကြလိမ့်မယ်။ သူတို့က ကျန်းရှို့ကွေးကို မတားနိုင်ဘူးဆိုရင်တောင်မှ တိုက်ပွဲပြီးတဲ့နောက်မှာ သူ့ကိုဖမ်းနိုင်မှာပဲ”
အစောင့်ကဖြေသည်။ အံ့အားသင့်စရာကောင်းလောက်အောင် သာ့လွန်သာ့ရင်လင်သည် စာထဲတွင် ယွန်းဂယ်ဆိုမွန်က မေးလောက်မည့် မေးခွန်းကို ခန့်မှန်းပေးထား၏။
ယွန်းဂယ်ဆိုမွန်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ ထို့နောက် သူသည် ရုတ်တရက် အော်ရယ်သည်။
“ဟား ဟား ကောင်းတယ် ငါသာ ကျန်းရှို့ကွေးကို သတ်နိုင်သမျှ ဒီလိုမျိုး စစ်တပ်အင်အား လျော့ချပေးတဲ့ကိစ္စနဲ့ အပြည့်အဝ ပူးပေါင်းပေးနိုင်တယ်။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် တောင်ပိုင်းနယ်မြေက စစ်တပ်ကို အင်အားနှစ်သိန်းရှစ်သောင်းအထိ လျော့ချပေးလိုက်”
ယွန်းဂယ်ဆိုမွန်က အော်ရယ်သည်။ သူ၏အသံက ခန်းမ၏ ခေါင်မိုးကိုပင် တုန်ခါသွားစေသေးသည်။
မဟာထန်တခွင်တွင် ဂိုဂူလျောကို အမှန်တကယ် ခြိမ်းခြောက်နိုင်ပြီး ယွန်းဂယ်ဆိုမွန်ကိုပင် ပြင်းထန်စွာ အထိနာစေခဲ့သောလူကို ပြပါဆိုလျှင် အန်းတုံးကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေးသာရှိသည်။ ဂိုဂူလျောဘက်ကို ကာကွယ်ထားသည့် မဟာထန်ဘက်မှ ရိုကျိုးကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ ဗိုလ်ချုပ်ကြီးသည်လည်း ကျန်းရှို့ကွေးဖြစ်သည်။
ထို့အပြင် ဂိုဂူလျော အင်ပါယာကြီးသည် မြောက်ပိုင်းနှင့်တောင်ပိုင်း ကွဲနေသည်။ မြောက်ပိုင်းသည် ရဲရင့်ပြီး စစ်သွေးကြွသော စစ်သည်တော်များ အပြည့်ရှိကာ တောင်ပိုင်းသားများကမူ လယ်ယာစိုက်ပျိုးရေးကို အဓိကထားသည့် သာမာန်ပြည်သူများသည်။ ထိုနေရာတွင် လုပ်ရဲကိုင်ရဲသော စစ်သည်တော်များက နည်းပါးလေသည်။
ယွန်းဂယ်ဆိုမွန်က စစ်သည် နှစ်သိန်းရှစ်သောင်း လျော့ချပေးရန် သဘောတူလိုက်ခြင်းက တောင်ပိုင်းသား အားလုံးကို လက်နက်ချခိုင်းလိုက်သည်နှင့်ပင် တူသေးသည်။ ထိုသို့ဖြင့် အင်အားနည်းပါးသော တောင်ပိုင်းစစ်သည်တော်များက ကျန်းရှို့ကွေးထံမှ ကြီးမားလွန်းသော ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်မည်ဆိုလျှင်မူ ယွန်းဂယ်ဆိုမွန်အတွက် ကြီးမားသော အကျိုးအမြတ်ကြီး ရရှိလိုက်ခြင်းဖြစ်သည်။
တခဏခန့်ကြာပြီးနောက် ပိုင်စာထံမှ လင်းယုန်ငှက်များစွာ ပျံသန်းထွက်ပြီး ဂိုဂူလျောဧကရာဇ် ယွန်းဂယ်ဆိုမွန်၏ အမိန့်အား တောင်ပိုင်းနယ်မြေသို့ သွားရောက်ပို့ဆောင်သည်။
.....
အရှေ့ပိုင်းလောကတစ်ခုလုံးသည် အလုံးအရင်းနှင့် လက်နက်အင်အား လျော့ချသွားသော ကိစ္စက လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။
သတင်းပို့ခိုတစ်ကောင်က မြို့တော်၏ အနောက်မြောက် ထောင့်နေရာတွင် တည်ရှိသော ကျော့ရှင်းကြည့်ကောင်းသည့် လက်ဖက်ရည်စံအိမ်အတွင်း ဝင်သွားသည်။ ထိုနေရာတွင် ထိုင်နေသော ကွန်ဖြူးရှပ်လူငယ်လေးက စာကိုချောမွေ့စွာ ယူထုတ်လိုက်ပြီး အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်ထံ စိတ်လှုပ်ရှားစွာ အပြေးပေးသည်။
“သခင်လေး ပတ်ဝန်းကျင်တိုင်းပြည်တွေ အားလုံးက သူတို့ရဲ့စစ်တပ်ကို အင်အားလျော့ချလိုက်ကြပြီ”
အဖြူရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်ပညာရှင်၏ အနောက်တွင် အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်အပြင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်လေး တစ်ယောက်ရှိသည်။
“ငါသိပြီ”
လီကျွင်းရှန်းသည် သူ၏ အဖြူရောင်ကြွေ ရေနွေးကြမ်းခွက်လေးကို ဘေးဘက်ရှိ စန္ဒကူးသားစားပွဲပေါ်သို့ ညင်သာစွာချလိုက်သည်။ သူ၏မျက်နှာအမူအရာသည် အလွန်အမင်း တည်ငြိမ်နေသည်မှာ သူသည် ကြားသင့်ကြားထိုက်ပြီး မျှော်လင့်ထားသော အကြောင်းအရာမျိုးကို ကြားလိုက်သည်နှင့်တူသည်။
ထိုကွန်ဖြူးရှပ်ပညာရှင် ထွက်သွားသည်နှင့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ရယ်မောရင်းပြောသည်။
1281 02
“သခင်လေး တိုင်းပြည်တွေအားလုံးက သူတို့ရဲ့လက်နက်အင်အားကို လျော့ချလိုက်တဲ့အခါ ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းကြီးရဲ့ ကြီးမြတ်တဲ့ ဘိုးဘေးကြီးတွေ ကြာရှည်သတ်မှတ်ခဲ့တဲ့ ဆန္ဒက နောက်ဆုံးတော့ ပြီးမြောက်သွားပြီပေါ့”
မဟာထန်ဝန်းကျင်ရှိ တိုင်းပြည်တိုင်းကို လက်နက်အင်အား လျော့ချစေခြင်းသည် သူရဲကောင်းဆန်သည့် လုပ်ဆောင်မှုဖြစ်သည်။ ထိုအရာအားလုံးက သူတို့၏သခင်လေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“အခုက ပျော်ရမဲ့အချိန် မဟုတ်သေးဘူး”
သူတို့ကို အံ့အားသင့်စေသည်မှာ လီကျွင်းရှန်း၏အသံက ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်ပြီး ပျော်ရွှင်မှုကင်းမဲ့နေသည်။
“သူတို့က သူတို့ရဲ့ စစ်တပ်အင်အားကိုပဲ လျော့ချထားတာ။ ဒီကိစ္စကို လုံးဝဖြေရှင်းလိုက်နိုင်တာ မဟုတ်ဘူး။ အခုအချိန်မှာ မရေမတွက်နိုင်တဲ့လူတွေက ငါတို့ကို ပေါ်တင်တစ်မျိုး၊ အရိပ်ထဲကတစ်မျိုး ကြည့်နေကြတယ်။ ငါတို့ကသာ စစ်တပ်အင်အား လျော့ချခိုင်းတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဟာကွက်နည်းနည်း ပြလိုက်မိတာနဲ့ တစ်စုံတစ်ယောက်က ဒီဟာကွက်ကို အမိအရဖမ်းယူပြီး ပြဿနာရှာလာမှာပဲ။ ပိုဆိုးတာက တိုင်းပြည်တွေအားလုံးရဲ့ အုပ်ချုပ်သူတွေက သူတို့ရဲ့စစ်တပ်အင်အားကို လျော့ချဖို့ သဘောတူထားပေးတယ် ဆိုပေမဲ့လည်း သူတို့က သဘောတူချင်ယောင်ဆောင်ပြီး လက်နက်အင်အားကို အမှန်တကယ် မလျော့ချတာမျိုး၊ ဒါမှမဟုတ် ငါတို့သဘောတူထားတဲ့ ပမာဏထက် နည်းပါးပြီး လျော့ချပေးလိုက်တာမျိုးတွေ ဖြစ်လာနိုင်ချေကို မဖယ်ထားသင့်ဘူး။ ဒီတော့ အရာအားလုံးကို စောင့်ကြပ် ကြည့်ရှု့ရဦးမယ်”
“အမျိုးသားတစ်ယောက်က ယုံကြည်မှုမရှိဘဲ မအောင်မြင်နိုင်ဘူး။ ဒီအုပ်ချုပ်သူတွေက စတင်သဘောတူခဲ့တဲ့ အချိန်က ဘယ်လိုပဲတွေးနေတွေးနေ သူတို့သဘောတူပြီးပြီဆိုတာနဲ့ အဆုံးအထိ ဆက်လုပ်ရမယ်”
လီကျွင်းရှန်း၏မျက်လုံးက အလွန်အမင်း စူးရှသွားသည်။
“ဟုတ်ကဲ့သခင်လေး”
လူအိုကြီးနှင့် မိန်းမငယ်လေးတို့က ချက်ချင်းလိုလို ခေါင်းညိမ့်သည်။
“ငါတို့ လူတွေလွှတ်ပြီး စောင့်ကြည့်ခိုင်းလိုက်မယ်”
“အွန်း လူတွေအားလုံးရဲ့စိတ်က ငြိမ်းချမ်းမှုဆီ သွားနေပြီ။ သာယာဝပြောတဲ့ လောကကြီးက မတွန်းလှန်နိုင်တဲ့ ဆွဲဆောင်မှုတွေမျိုးပဲ။ မဟာထန်ရဲ့ စစ်တပ်ဘက်က ကျွမ်းကျင်ပညာရှင်တွေပဲဖြစ်ဖြစ် အခြားတိုင်းပြည်က အုပ်ချုပ်သူတွေပဲဖြစ်ဖြစ် ဒါကိုမတားနိုင်ဘူး။ တစ်ယောက်ယောက်ကသာ ဗောဓိဆာဗာရဲ့ နှလုံးသားကိုလိုချင်ရင် မိုးကြိုးလက်ကိုတော့ လိုအပ်ဦးမှာပဲ သွား”
လီကျွင်းရှန်းက အင်္ကျီလက်ကို အသာယမ်းလိုက်သည်။ သူတို့နှစ်ယောက်သည် အမိန့်အသီးသီးကို သယ်ဆောင်လျှက် ချက်ချင်းလိုလို ထွက်ခွာသွားကြသည်။
.....
ထိုအချိန်တွင် မြို့တော်၏ အခြားတစ်နေရာ စစ်တပ်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်၏ အရှေ့တွင် ကျွမ်းကျင်ပညာရှင် သုံးထောင့်ငါးရာခန့်က စုဝေးနေကြသည်။
ထိုလူများအားလုံးသည် အမြင်စူးရှပြီး တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားကြကာ နားထင်ကချိုင့်သည်။ အသားမာတက်နေသော လက်များနှင့်ဖြစ်ကြပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် စစ်ပညာရှင်များဖြစ်ကြောင်း သိနိုင်သည်။
စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်၏ အရာရှိတစ်ယောက်ဖြစ်သလို သူ၏ ပြုမူပုံများကလည်း ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသော လူတစ်ယောက်သည် လှေကားထစ်များ၏ အရှေ့တွင်ရပ်လျှက် တင်းမာစွာပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ မင်းတို့တွေ အယောက်လေးရာတစ်ဖွဲ့ ဖွဲ့စည်းထားရမယ်။ မင်းတို့တွေအားလုံးက ယွီစန်း၊ မာန်ရှဲ့ကျောင်း၊ ဂိုဂူလျော၊ အာရေးဗီးယား၊ ရှီနဲ့ ခစ်ထန်တို့အားလုံးရဲ့ စစ်တပ်အင်အား လျော့ချတယ်ဆိုတဲ့ ဖြစ်စဉ်ကို တောက်လျှောက် စောင့်ကြည့်နေရမယ်။ မှတ်ထား မင်းတို့အားလုံးက ဒီတိုင်း သာမာန်လူတွေပဲ။ ဘာစစ်တပ်အဆင့်မှမရှိဘူး။ ဒါကြောင့် မင်းတို့တစ်ခုခု ဖြစ်သွားတဲ့အခါ အင်ပါယာခုံရုံးက မင်းတို့ကို ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါတွေအပြင် မင်းတို့က ဒီတာဝန်တောက်လျှောက် ပုန်းအောင်းနေရမယ်။ ဘယ်သူကမှ မင်းတို့ကို ရှာတွေ့သွားလို့မဖြစ်ဘူး။ နားလည်လား”
ကျန်းချုံကျန့်ချုံးက အန်းနန်ကာကွယ်စောင့်ရှောက်ရေး ဌာနမှတစ်ဆင့် မြို့တော်သို့ ပြန်ရောက်လာသောအခါ သူသည် သူနှင့်အတူ အနောက်တောင်ပိုင်းမှ အရာရှိပေါင်းများစွာ ခေါ်လာသည်။ အနောက်ပိုင်းတွင် ထိုအဖွဲ့သည် စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်၏ ကျောရိုးဖြစ်လာသည်။ ထိုလူသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်၏။
“နားလည်ပါတယ်”
အောက်ဘက်တွင်ရှိသော ကျွမ်းကျင်ပညာရှင် အယောက်သုံးထောင်ကျော်က တစ်ပြိုင်တည်းလိုလို ဖြေကြသည်။ သူတို့၏အော်သံက လေထဲတွင် တစ်သားတည်းထွက်သွားသည်။
“သွား”
1281 03
ထိုအမိန့်နှင့်အတူ ကျွမ်းကျင်ပညာရှင်များက မြင်းများပေါ်သို့ အသီးသီးတက်လျှက် ရှစ်သင်းခွဲလိုက်ကြသည်။ တစ်သင်းချင်းစီတိုင်းတွင် လူအယောက်လေးရာကျော် ပါသည်။ သူတို့အားလုံးက အဝေးသို့ ဒုန်းစိုင်းချီတက်သွားလိုက်ကြသည်။
ထိုစစ်သည်အင်အားစု ထွက်ခွာသွားသောအခါ လှေကားထစ်တွင် ကျန်ရစ်ခဲ့သော အရာရှိက နောက်ဆုံးတွင် နောက်သို့လှည့်လျှက် ဝင်ပေါက်နားတွင် စောင့်နေသော ကျန်းချုံကျန့်ချုံးထံ လျှောက်သွားလိုက်သည်။
“အရှင် အရာအားလုံးကို ကိုင်တွယ်ပြီးပါပြီ”
“အွန်း ငါဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုအာဏာအပြည့် ပေးထားတယ်။ ဒီတိုင်းပြည်တွေနဲ့ ပတ်သတ်ပြီး လှုပ်ရှားမှုတစ်ခုခု ရှိတာနဲ့ ငါအချိန်နဲ့တပြေးညီ တင်ပြချက်တွေလိုချင်တယ်”
ကျန်းချုံကျန့်ချုံးက တင်းမာစွာပြောသည်။
“ဟုတ်ကဲ့အရှင်”
......
ထိုကိစ္စပြီး နာရီပေါင်းများစွာ ကြာပြီးနောက် ဝမ်မိသားစုစံအိမ်အတွင်းတွင် ဝမ်ချောင်၏ စာကြည့်ခန်းထဲတွင် ကျွမ်းကျင်ပညာရှင်များက စုစည်းနေကြပြန်သည်။ သူတို့အားလုံးသည် မရင်းနှီးသော မျက်နှာများဖြစ်သည်။ အချို့ကမူ ဘုရင်စုန့်၊ အကြီးအကဲယဲ့၊ အကြီးအကဲကျောင်းနှင့် ကျန်းချုံကျန့်ချုံးတို့က ပို့လိုက်သော ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး ဝမ်ချောင်က မြေအောက်လောကမှ ခန့်အပ်ထားသော အမျိုးမျိုးသောဂိုဏ်း သို့မဟုတ် ကြေးစားစစ်သား အဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များလည်း ပါသည်။
သူ၏ကောင်းကင်ဘုံသားတော်၏ တပည့်၊ မဟာထန်၏ဘုရင်နှင့် ချွီထေပါးကို သတ်ဖြတ်သူဆိုသော အမျိုးမျိုးသော ဂုဏ်သတင်းများကို မှီခိုခြင်းအားဖြင့် ဝမ်ချောင်သည် ကျွမ်းကျင်ပညာရှင်များကို လိုရာဆွဲသုံးရန် အောင်မြင်စွာ စီမံလိုက်နိုင်သည်။
ဝမ်ချောင်က သူ၏လက်ကို ကျောဘက်တွင်ထားရင်း ရုတ်တရက် လှမ်းပြောလိုက်သည်။
“မင်းတို့အားလုံး ဒီမြေပုံပေါ်မှာ ငါမှတ်သားထားတဲ့ အမှတ်အသားတွေကို မင်းတို့မှတ်မိပြီလား”
“ဟုတ်ကဲ့ ငါတို့မှတ်မိပါပြီ”
စာကြည့်ခန်းထဲမှ လူတိုင်းက နှိမ့်ချထားသော တည်ကြည်သော မျက်နှာများဖြင့်ဖြစ်ကာ အလိုအလျောက်ပင် ဖြေလိုက်ကြသည်။
“အရမ်းကောင်းတယ်”
ဝမ်ချောင်၏မျက်လုံးက လင်းလက်သွားရင်း ကျေနပ်စွာခေါင်းညိမ့်သည်။
“အင်ပါယာခုံရုံးက လက်ရှိအချိန်မှာ မတည်ငြိမ်ဘူး။ ဒီလိုနဲ့ ပြဿနာတွေ အများကြီးကို ကြုံတွေ့နေရတဲ့ ကာလဖြစ်နေတယ်။ ပတ်ဝန်းကျင်တိုင်းပြည်တွေက ဒီအခွင့်အရေးကို အရယူပြီး မဟာထန်ကို အားနည်းအောင် သေချာပေါက်လုပ်မှာပဲ။ အရှင်ကျန်းချုံက ဒီကိစ္စကို သေချာပေါက် သတိထားမိသွားပြီ။ ဒါကြောင့် သူတို့ရဲ့တာဝန်က တိုင်းတစ်ပါးသားတွေ သူတို့ရဲ့စစ်သည်အင်အားကို လျော့ချတဲ့ကိစ္စကို စောင့်ကြည့်ဖို့ပဲ။ သူတို့က အမှန်တကယ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အနည်းဆုံး အယောင်ပြတော့ လုပ်ပြဦးမှာပဲ။ သူတို့ကသာ မဟာထန်ကို တန်ကြေးတစ်ခုခု ပေးဆပ်ချင်ရင် သူတို့ကိုယ်တိုင် အရင်ဆုံး တန်ကြေးတစ်ခုတော့ ပေးရလိမ့်မယ်”
“ဒါပေမဲ့ သာ့လွန်သာ့ရင်လင်၊ အက်ရှာဘာရာခါကန်း ဒါမှမဟုတ် ဂိုဂူလျောဧကရာဇ် ယွန်းဂယ်ဆိုမွန်တို့ပဲဖြစ်ဖြစ် သူတို့ထဲက ဘယ်သူကမှ သာမာန်လူတွေမဟုတ်ကြဘူး။ ဒီတော့ သူတို့က ဘာကိုပဲ သဘောတူထားတူထား သူတို့အတွက် အလျင်းသင့်တဲ့ အကြံအစည်တစ်ခုလောက်ပဲ ဖြစ်နေမှာ။ သူတို့သေချာပေါက် တစ်ခုခုကို ကြံစည်နေဦးမှာပဲ။ ငါအမှတ်အသားပြထားတဲ့ အဲ့ဒီနေရာတွေက သံသယအဝင်ဆုံးနေရာတွေ။ သူတို့က စစ်သည်အင်အား လျော့ချပေးပြီးတဲ့နောက်မှာ အဲ့ဒီနေရာမှာ စစ်သားတွေကို ပုန်းခိုင်းပြီး လေ့ကျင့်ပေးဖို့ လွယ်ကူတယ်။ ဒါကြောင့် မင်းတို့ရဲ့တာဝန်က ဒီနေရာတွေကို ခြေရာခံကောက်ပြီးသွားလို့ အဲ့ဒီနေရာမှာ လှုပ်ရှားမှုလက္ခဏာရှိမရှိ ကြည့်ဖို့ပဲ။ နားလည်လား”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“ဟုတ်ကဲ့အရှင်”
“ငါတို့မင်းကို စိတ်မပျက်စေရပါဘူး”
ကျွမ်းကျင်ပညာရှင်များ၏ မျက်လုံးထဲတွင် ပုံမှန်မဟုတ်လောက်အောင် ရိုသေလေးစားမှုများနှင့်အတူ ဂါရဝပြုလိုက်ကြသည်။
“သွား”
ဝမ်ချောင်က အင်္ကျီလက်ကို ခါယမ်းရင်း အမိန့်ထုတ်သည်။
ဝုန်း
1281 04
ထိုအမိန့်နှင့်အတူ စာကြည့်ခန်းတံခါးက ပွင့်သွားရင်း လူတစ်ဖွဲ့က ပြေးထွက်သွားကြသည်။ သူတို့သည် အတူမသွားကြချေ။ ထိုအစား ကိုယ်ပိုင်စွမ်းရည် သို့မဟုတ် ဒိုင်းအသီးသီးကိုသုံးကာ တစ္ဆေသရဲများအလား နံရံပေါ်သို့ကျော်တက်လျှက် ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။
ရွှီခဲ့ယွီသည်လည်း မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ထွက်သွားသောလူများကို ကြည့်ပြီး သူတို့၏မျက်ဝန်းအတွင်း စိုးရိမ်ပူပန်မှုများက ပေါ်လာသည်။
“အရှင့်သား ဒီလူတွေကို တကယ်ပဲ ယုံလို့ရတာလား”
သူတို့က ထွက်သွားသောပုံစံအရ သူတို့သည်လည်း အချင်းချင်း မပူပေါင်းလိုကြသည်မှာ သေချာသည်။ ထို့ကြောင့် နာခံသေဝပ်သော စစ်သည်တော်များနှင့် မတူချေ။
“အရာအားလုံးမှာ အားသာချက်ရှိတယ်။ ဂိုဏ်းတွေ၊ မြေအောက်လောကတွေက ခေါ်ထားတဲ့ ဒီလူတွေက အချို့လေ့ကျင့်ရေးတွေ လိုအပ်ကောင်း လိုအပ်လိမ့်မယ်။ ဒါကြောင့် အချင်းချင်း မပူးပေါင်းနိုင်လောက်ဘူး။ ဒါပေမဲ့ ဒီလိုမပူးပေါင်းနိုင်တာက ပိုပြီးအားသာချက်ရှိတယ်။ ဒါကြောင့် သူတို့က ပြဿနာတစ်ခုခု တွေ့တဲ့အခါ လျှင်လျှင်မြန်မြန် လှုပ်ရှားနိုင်ပြီး အခြေအနေတိုင်းကို တုန့်ပြန်ပေးလိမ့်မယ်။ ဒါတွေအပြင် သူတို့က သံသယတွေအများကြီးကို ဆွဲဆောင်မှာမဟုတ်ဘူး။ ကျန်းချုံကျန့်ချုံးက စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်ကနေ ရွေးချယ်ထားတဲ့ အဲ့ဒီကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်း ကျော်လောက်က စောင့်ကြည့်ခံရမှာပဲ။ ဒီအတွက်ကြောင့်ပဲ ငါက ကျန်းချုံကျန့်ချုံးကို အချိန်မရွေး ကယ်ဆယ်ရေးလုပ်ဖို့ အသင့်ပြင်ခိုင်းထားတယ်”
“သူတို့အတွက်ကတော့ အရင်က သူတို့ဘာပဲဖြစ်ဖြစ် နောက်ပိုင်းသူတို့ ဘာလုပ်လုပ် ဘာတွေပဲ ဖြစ်သွားဖြစ်သွား အင်ပါယာနဲ့ပတ်သတ်လာရင် သူတို့ရဲ့ သစ္စာရှိမှုက ပြဿနာမရှိဘူးလို့ ငါယုံတယ်”
“ဟွန်း ထန်တွေက အမြဲတမ်း ထန်ပဲဖြစ်မှာ”
နောက်ဆုံးစကားလုံးများနှင့်အတူ ဝမ်ချောင်က ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ရင်း မျက်လုံးထဲတွင် နက်နဲသော အကြည့်မျိုးက ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အနီးအနားမှ ရွှီခဲ့ယွီကပင် ဝမ်ချောင်၏မျက်ဝန်း အနက်ရှိုင်းဆုံးအပိုင်းတွင် ဖြတ်ပြေးသွားသော စိုးရိမ်မှုအလင်းတန်းကို မမြင်နိုင်လောက်ချေ။
မဟာထန်ကြီးသည် အတွင်းနှင့်အပြင် ပြဿနာများ ပြည့်နှက်နေသည်။ လီကျွင်းရှန်းနှင့် သူ၏ကွန်ဖြူးရှပ်ဂိုဏ်းက မျိုးနွယ်ခြားတိုင်းပြည်များအား နှစ်တစ်ထောင်ကျော်အတွင်း မြင်ရခဲသည့် အခွင့်အရေးမျိုးကို ပေးလိုက်သည်။ သူသည်လည်း အနောက်ဘက်မှ ယွီစန်း၏ အင်ပါယာအမတ်မင်း သာ့လွန်သာ့ရင်လင်သည် ထွက်လာခဲ့ပြီးကြောင်း သိထားသည်။ တစ်ဖက်သူသည် ယခင်ခေတ် မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ကပင် ကြောက်ရသောသူဖြစ်သည်။ အက်ရှာဘာရာခါကန်း၊ အော့မစ်ခါကန်း၊ ယွန်းဂယ်ဆိုမွန်နှင့် အာရေးဗီးယား၏ ကာလစ်တို့အားလုံးသည် တောက်လောင်နေသော ရည်မှန်းချက်များနှင့် အရှိန်အဝါကြီးမြတ်သော အုပ်ချုပ်သူများဖြစ်သည်။
လီကျွင်းရှန်းနှင့်အဖွဲ့က အရာအားလုံးကို ရိုးရှင်းစွာတွေးလွန်းသည်။ သူတို့သည် သူက မဟာထန်ကြီးအတွက် ခက်ခက်ခဲခဲ ကြိုးစားပြီး တည်ဆောက်ထားသည့် သံမဏိမြို့ရိုးကို အပေါက်ရအောင်ဖွင့်ပြီး ဝံပုလွေတစ်အုပ်ကို ခေါ်သွင်းလာသေးသည်။
ယခုအခါ ဝမ်ချောင်အနေဖြင့် လီကျွင်းရှန်းကို မဟာထန်အား ဒုက္ခရောက်အောင် ထပ်မလုပ်ရန် တားရန်လိုအပ်ရုံသာမကသေးလေဘဲ သာ့လွန်သာ့ရင်လင်၊ ယွန်းဂယ်ဆိုမွန်နှင့် ဝူနူရှီပီတို့ကဲ့သို့ ကြောက်စရာကောင်းသော ပြိုင်ဘက်မျိုးကိုလည်း မျက်စိဒေါက်ထောက် ကြည့်ရန်လိုအပ်လာပြန်သည်။
စာကြည့်ခန်းသည် တိတ်ဆိတ်သွားသည်။ ရွှီခဲ့ယွီက စိတ်ရှုပ်ထွေးလျှက် ကျန်ရစ်၏။ အချိန်အတန်ကြာပြီးနောက် သူသည် တစ်စုံတစ်ရာကို နားလည်သွားပုံရကာ သူ၏မျက်လုံးထဲမှ သံသယများအားလုံးက ပျောက်ကွယ်သွားသည်။
++++++
1282 01
အခန်း(၁၂၈၂)
ဝှစ်
ငှက်များသည် အမျိုးမျိုးသော ဦးတည်ရာဘက်အနှံ့ တစ်စစီကွဲပျံလျှက် ဆင်းသက်သွားသလို အမျိုးမျိုးသော မြင်းတပ်အဖွဲ့များကလည်း ကိုယ်ပိုင်တာဝန်များကို အသီးသီးသယ်ဆောင်လျှက် ထွက်ခွာသွားကြသည်။ မဟာထန်ပင်ဖြစ်စေ၊ ပတ်ဝန်းကျင်တိုင်းပြည်များအတွက်ပင်ဖြစ်စေ အပေါ်ယံ၏ အောက်ခြေတွင် တစ်စုံတစ်ရာဟာ ထိုးထွက်လျှက် ပြောင်းလဲလာနေပြီဖြစ်သည်။ အမျိုးမျိုးသော တိုင်းပြည်များ၏ လက်နက်အင်အားလျော့ချသော ကိစ္စက မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သို့သော် တစ်လောကလုံးက ထိုသို့ အလုံးအရင်းနှင့် လက်နက်အင်အား လျော့ချသည့်ကိစ္စကို အာရုံစိုက်နေချိန်တွင် လူနည်းစုကသာ အင်ပါယာခုံရုံးသည် တိတ်တဆိတ်နှင့် ကမ်းလှမ်းချက်နှစ်မျိုးကို ကျော်ဖြတ်ခွင့် ပြုလိုက်ကြောင်း သိလိုက်သည်။
ပထမကမ်းလှမ်းချက်ကမူ မဟာထန်မှ စစ်သားများအားလုံးကို အခြားသောတိုင်းပြည်များမှ လှုပ်ရှားမှုကို တုန့်ပြန်သည့်အနေဖြင့် လီနှစ်ရာခန့်အထိ ဆုတ်ခွာရန်ဖြစ်သည်။ ဒုတိယကမ်းလှမ်းချက်ကမူ သဘောတူစာချုပ်အရ မြို့နှစ်ဆယ့်သုံးမြို့ကို ဖွင့်လှစ်ရန်ဖြစ်သည်။ ထိုသဘောတူစာချုပ်မြို့များသည် မဟာထန်ကြီးနှင့် အခြားသောတိုင်းပြည်များမှ ပြည်သူများကို အချင်းချင်း ထိတွေ့ဆက်ဆံမှု ရှိစေရန်၊ ကုန်သွယ်မှုများလုပ်ရင်း ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ထားသည်။ အင်ပါယာခုံရုံး၏ ရှင်းပြချက်အရ မဟာထန်ကြီးသည် ယခုအခါ အခြားသောတိုင်းပြည်များနှင့် မဟာမိတ်များ ဖြစ်သွားသည့်အလျောက် လူအများသည်လည်း အချင်းချင်းနားလည်မှု ပိုတိုးလာစေရန် လိုအပ်သည်။ ဒီနည်းနှင့်မှသာ မလိုအပ်သောစစ်ကို ရှောင်နိုင်မည်ဖြစ်သည်။
ကမ်းလှမ်းချက်များအားလုံးသည် လီကျွင်းရှန်းက အကြံပေးအတွင်းဝန်ရုံးတွင် အဖွဲ့ဝင်တစ်ယောက်အဖြစ် ဝင်ရောက်ပြီးနောက်မှ သိပ်သွင်းထားခဲ့ခြင်းဖြစ်သည်။ ထိုမျှသေးငယ်သော ကိစ္စအတွက်ကမူ ဘုရင်စုန့်ကပင် မတားချေ။
အင်ပါယာခုံရုံးမှ အချက်အလက်များအပြင် မြို့တော်အတွင်းတွင်လည်း ကွန်ဖြူးရှပ်ပညာရှင်များက ကြေညာချက်များကို ဆက်တိုက်ဆိုသလို တင်နေကြသေးသည်။ မြို့တော်မှ သာမာန်ကလေးကပင် တိဗက်၊ ထန်၊ တူရကီ၊ ဂိုဂူလျောနှင့် အခြားသောလူများအားလုံးက မဟာထန်၏ ဘာသာစကားကို လေ့လာနေကြောင်းကို သိသွားကြပြီဖြစ်သည်။ ကွန်ဖြူးရှပ် ပညာရှင်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ အခြားသော တိုင်းပြည်များတွင် ကျောင်းများကို ဖွင့်လှစ်လာနေပြီဖြစ်ပြီး ပို၍များပြားသော ဟူများသည်လည်း ကျောင်းများသို့ဝင်ရောက်လျှက် ယဉ်ကျေးမှုကို လေးစားသောအားဖြင့် ထန်ဘာသာစကားကို သင်ကြားနေကြပြီဖြစ်သည်။
လူများသည် ထိုဘာသာရပ်တွင် အာရုံစိုက်လွန်းအားကြီးသဖြင့် လောင်းကစားအိမ်များကပင် ထိုကျောင်းသစ်များနှင့် ဟူကျောင်းသားသစ်များကို အလေးပေးလာကြပြီဖြစ်သည်။ ထိုကဲ့သို့သော အထူးတလည် ဆက်ဆံခံရမှုများက လူပေါင်းများစွာ၏ အာရုံစိုက်မှုကို မျှော်လင့်ထားစွာပင် လက်ခံရရှိလိုက်သည်။
တစ်ချိန်ထဲတွင်ပင် သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ စည်ပင်ဝပြောမှု၊ ဉာဏ်ပညာရှိမှုနှင့် ယုံကြည်မှုစသော အရာများကိုအသုံးပြုပြီး ဟူများကို တဖြည်းဖြည်း ပြောင်းလဲလျှက် မဟာထန်ကြီးနှင့် ယုံကြည်အားကိုးထိုက်သော ဆက်ဆံရေးမျိုးကို နက်ရှိုင်းစွာ ပိုင်ဆိုင်လာစေရင်း ထာဝရငြိမ်းချမ်းသော လောကကြီးကို ဖန်တီးမည်ဆိုသောကိစ္စက မြို့တော်ကို ကြီးမားစွာ ပွက်လောရိုက်စေသေးသည်။ ထိုသို့ဖြင့် တဖြည်းဖြည်း၊ တိတ်တဆိတ်နှင့် လူအများ၏စိတ်က စတင်ပြောင်းလဲလာသည်။
“အရှင့်သား သတင်းဆိုး”
ရက်အနည်းငယ်ကြာပြီးနောက် ဝမ်ချောင်က စာကြည့်ခန်းအတွင်း အမျိုးမျိုးသော တိုင်းပြည်များမှ ပြန်ပို့လိုက်သည့် သတင်းများကို ဖတ်နေသည့်အခိုက်အတန့်တွင် စုရွှတ်ရွှမ်းက အလျင်စလို ပြေးဝင်လာသည်။ သူသည် လက်ထဲတွင် စာတစ်စောင်ကိုင်ထားပြီး မသက်မသာဖြစ်သလို စိုးရိမ်သော ပုံစံမျိုးဖြင့် ဝင်ရောက်လာသည်။
“မြို့တော်ထဲမှာ တစ်ယောက်ယောက်က မဟာထန်နဲ့ အခြားတိုင်းပြည်အကြားက စစ်မဖြစ်ခင်နဲ့ စစ်ဖြစ်ပြီးကာလ ငွေကြေးဆိုင်ရာ ဆက်ဆံရေးကို ရှင်းပြထားတဲ့ အကြောင်းအရာ ပေါ်လာတယ်။ ဒီအခြေအနေအရ အရှင့်သားအတွက် အခြေအနေမကောင်းဘူး”
စုရွှတ်ရွှမ်း၏မျက်နှာက နီရဲနေပြီး သူသည် အသက်ကိုမနည်းရှုနေရပုံပေါ်သည်။ စုရွှတ်ရွှမ်းသည် ဝမ်ချောင်ကို အနောက်တောင်ပိုင်း စစ်ပွဲကတည်းက တာလာ့နှင့် ခိုရာစန်း စီမံကိန်းအထိ တောက်လျှောက် ခစားလာခဲ့သူဖြစ်သည်။ ထိုစစ်ပွဲများအားလုံးသည် ထိုးဖောက်မှုအပြည့်နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး အခြေအနေက မည်မျှအန္တရာယ်များစေကာမူ စုရွှတ်ရွှမ်းဟာ ဘယ်သောအခါမှ မထိတ်လန့်ခဲ့ဖူးချေ။
“စိတ်အေးအေးထား ဖြေးဖြေးပြော”
1282 02
ဝမ်ချောင်က စုရွှတ်ရွှမ်းကို တစ်ချက်ကြည့်သည်။ ထို့နောက် သူသည် စုတ်တံကို မြှောက်လိုက်ရင်း ဖတ်လက်စ မှတ်တမ်းပေါ်တွင် စာလုံးအနည်းငယ်ရေးသည်။ ထို့နောက်သူသည် ထိုမှတ်တမ်းကို ဘေးဘက်တွင် ထားလိုက်လျှက် စုတ်တံကို ခွက်ထဲသို့ ပြန်ထည့်လိုက်သည်။
စုရွှတ်ရွှမ်းက အသက်ပြင်းပြင်း ရှုပြီးသောအခါ အများကြီး တည်ငြိမ်သွားပုံပေါ်သည်။ သို့သော် သူသည် ပို၍သာ မသက်မသာဖြစ်လာ၏။
“အရှင့်သား မြို့တော်ထဲက အချို့လူတွေက နယ်စပ်မှာ စစ်မဖြစ်ခင်နဲ့ စစ်ဖြစ်ပြီးအခြေအနေဆိုပြီး ယှဉ်ပြထားတယ်”
စုရွှတ်ရွှမ်းက အလျင်စလိုပြောသည်။
“သူပြောတဲ့အတိုင်းဆိုရင် စစ်မဖြစ်ခင် နှစ်တိုင်းလိုလို နယ်စပ်မှာရှိတဲ့လူတိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြတယ်တဲ့။ တိုင်းပြည်နှစ်ခုလုံးက ကုန်သည်တွေက ကုန်သွယ်နိုင်တယ်။ ပြောဆိုဆက်ဆံမှု ရှိနိုင်တယ်။ ဒါပေမဲ့ စစ်သားတွေက စစ်စဖြစ်ပြီဆိုတာနဲ့ ဒီနေရာတွေက အလောင်းတွေ ပြည့်နှက်သွားတယ်။ မြို့ငယ်တွေ ရွာတွေအားလုံးက မြေပြင်မှာ မီးရှို့ခံရတယ်။ နယ်စပ်နားမှာနေတဲ့ လူတွေအားလုံးရဲ့ နေထိုင်မှုပုံစံက တောက်လျှောက်ကို ထိုးကျသွားတယ်လို့ ပြောကြပါတယ်”
ဝမ်ချောင်ကခေါင်းကို မော့လျှက် ကြည့်ရင်းမေးလိုက်သည်။
“ဒါကငါနဲ့ ဘာဆိုင်လဲ”
“အရှင့်သားက အရှင်မင်းကြီးကိုယ်တိုင် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဘွဲ့ကို ချီးမြှင့်ထားလို့ အရှင့်သားက စစ်ဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ ခေါင်းဆောင်ဖြစ်နေတာပါ။ ဒီလူတွေက အရှင့်သားနဲ့ စစ်ဘက်ဆိုင်ရာ ပညာရှင်တွေကို ချိန်ရွယ်ထားတာဆိုတော့ အဓိကအဖြစ် အရှင့်သားကိုပါပဲ”
စုရွှတ်ရွှမ်းက တင်းမာစွာပြောသည်။
ဝုန်း
ဝမ်ချောင်၏မျက်မှောင်က အနည်းငယ်ပင် ကျုံ့သွားသည်။
“အရှင် ဒါတင်မဟုတ်ဘူးနော်။ လက်ရှိ မြို့တော်ထဲမှာ ဒီလိုအကြောင်းအရာတွေကို ပြောပြောနေတာ အတော်များတယ်။ နောက်ပြီး ပုံပြောသူ အများစုဆိုရင် တိုင်းပြည်သုံးထောင်၊ ဝေ့-ကျင်းခေတ် ဒါမှမဟုတ် မြေအောက်လောကက ဒဏ္ဍာရီအကြောင်းကိုတောင် ပြောကြတယ်။ အခုဆိုရင် သူတို့က ဒီကိစ္စအကြောင်းကို ပြောင်းပြောနေကြပြီ။ သူတို့ရဲ့ အပြုအမူက မြို့ထဲက လူပေါင်းများစွာရဲ့ အာရုံကို ဆွဲဆောင်ထားတယ်။ နောက်ပြီး လမ်းပေါ်မှာ လျှောက်ပြေးနေတဲ့ ကလေးသေးသေးလေးတောင် ဒီပုံပြင်ကို ကြားဖူးကြတယ်။ ငါတို့ ဒီနေရာကိုလာရင်း စားသောက်ဆိုင်တစ်ခုကနေ ဒီကြေညာချက်ကို ကောက်ယူလာခဲ့တယ်။ အရှင့်သား တစ်ချက်ကြည့်ကြည့်ပါဦး”
စုရွှတ်ရွှမ်းက ထိုသို့ပြောရင်း ဝမ်ချောင်၏စားပွဲပေါ်တွင် စာရွက်တစ်ရွက် တင်ပေးလိုက်သည်။ သူ၏မျက်နှာဟာ စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။
ဝမ်ချောင်က ထိုစာရွက်ကိုယူပြီး တစ်ချက်ကြည့်လိုက်သည်။ သူသည် ဘာစကားမှမပြောသေးချေ။ မျက်မှောင်က ပို၍သာ ကျုံ့သွားသည်။
ထိုကြေညာစာရွက်သည် အသေးစိတ် အများကြီးမပါချေ။ သို့သော် ဒီနေ့ ရွှီကာလ(7-9pm) ကာလအတောအတွင်း ပတ်ဝန်းကျင်နယ်မြေများနှင့် လွတ်လပ်စွာ စကားပြောခန်း ရှိလိမ့်မည်ဖြစ်ပြီး မြို့တော်မှလူတိုင်း လာရောက်နားထောင်ရန် ကြိုဆိုကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
“အရှင် ဒီကိစ္စက အရှင့်အတွက် တော်တော်လေးကို မျက်နှာသာမပေးတော့ဘူး။ ဒါက ကွန်ဖြူးရှပ်ဂိုဏ်းက လုပ်တာလို့ထင်တယ်”
စုရွှတ်ရွှမ်းကပြောသည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူသည် မျက်လုံးကိုမှိတ်လိုက်သည်။ ထို့နောက် စန္ဒကူး ကုလားထိုင်ပေါ်သို့ လှဲချလိုက်ရင်း အတွေးနက်သွားပုံပေါ်သည်။ အချိန်တစ်ခုကြာပြီးနောက် သူဟာ မျက်လုံးကို ပြန်ဖွင့်လာသည်။
“ငါဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လိုက်မယ်။ ဒီည ရွှီကာလမှာ ငါသွားပြီး ကိုယ်တိုင်နားထောင်မယ်”
.....
တိမ်စိုင်များတည်းခိုဆောင်
ထိုတည်းခိုဆောင်သည် မြို့တော်၏ အကျော်ကြားဆုံးသော တည်းခိုဆောင်များထဲမှ တစ်ခုဖြစ်သည်။ အဆင့်မြင့်အရာရှိများနှင့် အထက်တန်းလွှာများက မကြာခဏ သွားလေ့သွားထမရှိသော်လည်း ခရီးသွားသော ကုန်သည်များကမူ မကြာခဏ သွားလေ့ရှိသည်။ ထိုကုန်သည်အများစုက မြို့တော်သို့ လာရောက်လည်ပတ်သူများ ဖြစ်သည့်အလျောက် ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ထိုနေရာတွင်နေရန် ရွေးချယ်ထားသည်။
1282 03
ရွှီကာလတွင် ဧည့်သည်များက ညစာစားပြီးကာစဖြစ်သည်။ ဝမ်ချောင်က အရပ်သားဝတ်စုံနှင့် ထိုဆိုင်သို့ ရောက်သွားသောအခါ ထိုဆိုင်သည် တောက်ပစွာ လင်းထိန်နေပြီး လူများပြည့်နှက်နေပြီဖြစ်သည်။ ထိုင်ခုံအများစုကိုပင် အပြည့်ထားပေးထား၏။ လာရောက်နားထောင်သော မြို့တော်မှ လူအများစုမှ ထိုင်နေကြလေသည်။
“လာ လာ လာ မင်းကြိုက်တဲ့နေရာမှာထိုင်ပြီး ကြိုက်သလိုနားထောင်။ ဒီမှာရေနွေးကြမ်း၊ ဒီမှာ အဆာပြေမုန့်တွေ”
“ကြိုဆိုပါတယ် ကြိုဆိုပါတယ် ပိုက်ဆံပေးစရာမလိုဘူး”
“မင်းငါ့ကို မယုံဘူးလား။ ဒါပေါ့ ငါတို့က ပိုက်ဆံမယူဘူး။ ဟိုမှာလူတွေအားလုံး ထိုင်နေကြတာတွေ့လား။ ဟွန်း လေးစားရတဲ့ဧည့်သည် ငါမင်းဆီက မဖုံးကွယ်တော့ဘူး။ မင်းအတွက် တစ်ယောက်ယောက်က ပေးထားပြီးသား”
တည်းခိုဆောင်အပြင်ဘက်တွင် ပုခုံးတွင် အဖြူရောင်လည်စည်းပုဝါများ ချည်ထားကြသည့် အစေခံအချို့က တက်တက်ကြွကြွ အလုပ်လုပ်နေရင်း ရေနွေးကြမ်းများ၊ ရေများကို ချပေးနေကြသလို လူများကိုလည်း နေရာရစေရန် ကူညီပေးနေကြသည်။
“အရှင်”
စုရွှတ်ရွှမ်းက ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။ သူနှင့်ဝမ်ချောင်တို့ နှစ်ယောက်လုံးသည်လည်း အစေခံ၏ နောက်ဆုံးစကားများကို ကြားလိုက်ကြသည်။ ပိုက်ဆံလုပ်စရာ မရှိလျှင် ကုန်သည်တစ်ယောက်သည် စောစောထလေ့မရှိချေ။ တိမ်စိုင်များတည်းခိုဆောင်သည် ပိုက်ဆံရှာရာတွင် ကျော်ကြားလေသည်။ ပုံမှန်အားဖြင့် လူပေါင်းများစွာ ဒီနေရာတွင် စုဝေးနေပြီး ပိုက်ဆံတစ်ပြားပင် ပေးရန်မလိုကတည်းက တည်းခိုဆောင်၏ စီးပွားရေးကို နှောက်ယှက်သောကြောင့် မောင်းထုတ်ခံရသင့်လေသည်။ သူတု့ိသည်လည်း ယခုလို ရေနွေးကြမ်းများချပေးခြင်း၊ အဆာပြေမုန့်များ ချပေးခြင်းများ မပြုလုပ်သင့်ပေ။
အရိပ်ထဲမှ ထိုကိစ္စကို ထောက်ခံအားပေးနေသော တစ်စုံတစ်ယောက် ရှိမည်ဟု သူမယုံကြည်နိုင်ပေ။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သို့သော် သူသည်လည်း စုရွှတ်ရွှမ်း၏အတွေးကို နားလည်လိုက်သည်။ မြို့တော်တွင် ယခုတလော ကိစ္စအများကြီး ဖြစ်နေသည်။ ပုံမှန်မဟုတ်သော တစ်စုံတစ်ရာက ဖြစ်ပျက်နေခဲ့လျှင် သေချာစွာပင် နောက်ခံတွင် ကြံစည်သူ ရှိနေပေလိမ့်မည်။
ဒါပေ့ါ သူကလည်း ဘယ်သူက နောက်ကွယ်ကနေ ဝင်ရှုပ်နေသလဲဆိုတာကို အကင်းပါးပါးနဲ့ သတိထားမိတာပေါ့။
“ငါ့အတွက် အခန်းတစ်ခန်းပြင်ပေး”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောသည်။
တည်းခိုဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် သူသည် တိမ်စိုင်တည်းခိုဆောင်များအတွင်းရှိ အခန်းများထဲက တစ်ခန်းသို့ ဝင်ရောက်လိုက်သည်။ ထိုနေရာရှိခုံများသည် စင်နှင့်အနီးဆုံးဖြစ်ပြီး အခြားသောသူများ၏ မျက်လုံးရှေ့တွင်မူ လိုက်ကာက ကာထားသော်လည်း ဝမ်ချောင်ကမူ ရှင်းလင်းစွာမြင်ရသည်။
ကလပ်
အချိန်တစ်ခုကြာပြီးနောက် စင်ထံမှ လက်ခုပ်တီးသံကို ကြားရသဖြင့် လူတိုင်းက တိတ်ဆိတ်သွားကြသည်။
အခန်းအတွင်းတွင် ဝမ်ချောင်က အသက်ငါးဆယ်အရွယ်ခန့်ရှိသည့် ဟောပြောသူကို မြင်လိုက်ရသည်။ တစ်ဖက်သူသည် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်ပေါ်သို့တက်လာသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းက ထိုလူကို အာရုံစိုက်လိုက်ကြသည်။
“လေးစားရတဲ့ဧည့်သည်တို့ ဒါက မဟာထန်ကြီးက တစ်လောကလုံးမှာ အင်အားအကြီးဆုံးလို့ ပြောကြတယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က တိုက်ပွဲက သူ့ရဲ့ အကျိုးပြုလုပ်ဆောင်မှုတွေနဲ့ နယ်မြေကိုတောင် ကျော်လွန်ပြီး ကျော်ကြားလာခဲ့တယ်။ ဒီလိုနဲ့ သူက မဟာထန်က မျိုးရိုးနာမည်မတူတဲ့ ပထမဦးဆုံးသော ဘုရင်ဖြစ်လာတယ်။ ဗဟိုပြင်ကျယ်က အစစ်အမှန် ကြွယ်ဝမှုအာဏာတွေကို ပိုင်ဆိုင်တဲ့ ကာလအတွင်းကို ဝင်ရောက်ထားတယ်။ ဒါပေမဲ့ အခု လူတွေက ဒါတွေကို ရဖို့အတွက် ဘယ်လောက်တောင် များပြားတဲ့တန်ကြေးတွေ ပေးဆပ်ခဲ့ရလဲ။ ဘယ်လောက်တောင် ခက်ခဲခဲ့သလဲဆိုတာကို သိရဲ့လား”
ပထမဦးဆုံးစကားလုံးက ဝမ်ချောင်ထံမှ မျက်မှောင်ကျုံ့မှုကို လက်ခံရရှိစေသည်။
1282 04
“ငါ့ရဲ့မဟာထန်က တိုင်းတစ်ပါးတိုင်းပြည်တွေအကြားမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေနိုင်တယ်။ တူရကီတွေကို ထိုးဖောက်တိုက်စစ်ဆင်ပြီး တောင်ပိုင်းသား မျိုးနွယ်ခြား လူထွားကောင်တွေကို နှိမ်နှင်းနိုင်ခဲ့တယ်။ အနောက်ပိုင်းက မျိုးနွယ်ခြားတွေကိုလည်း မောင်းထုတ်နိုင်ခဲ့တယ်။ ဒီလိုအကျိုးပြုမှုကြီးက နယ်မြေတစ်ခုလုံးအနှံ့ ကျော်ကြားခဲ့ပြီးသား။ ဒါပေမဲ့ ဒီတိုင်းပြည်တွေအားလုံးနဲ့ ဆက်ဆံရေးက ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို အားလုံးသိရဲ့လား။ အနောက်တောင်ပိုင်းမှာ အ့ဟိုင်မှာပေါ့ မဟာထန်က မာန်ရှဲ့ကျောင်းနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ထားခဲ့တယ်။ နှစ်ဖက်လုံးက လူတွေကလည်း ကုန်သွယ်မှုလုပ်ကြတယ်။ အချင်းချင်း ပြောဆိုဆက်ဆံကြတယ်။ သူတော်စင်ဧကရာဇ် အုပ်စိုးတဲ့ (၂၇)နှစ်မြောက်နှစ်မှာ ပြည်သူတွေ စစ်ကြောင်းစီသွားပြီး အဲ့ဒီကထွက်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းတယ်။ ဝယ်တာတွေ လတ်ဆတ်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ဝယ်တာတွေ၊ ဆန်တွေ၊ သစ်သီးတွေ ဝယ်တာတွေကို ရေတွက်လို့တောင်မရဘူး။ မင်းတို့တွေ အခု ပျက်စီးသွားတဲ့ အ့ဟိုင်ပြင်ကျယ်ရဲ့ ခြင်္သေ့မြို့ကနေ အောက်ကို ငုံ့ကြည့်ကြည့်ပါလား။ အဲ့ဒီလိုငုံ့ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတွေကြောင့် မှင်သက်သွားလောက်တယ်။ ဝါးဦးထုတ်တွေ ဆောင်းထားတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ကျောမှာ လွယ်ထားတဲ့ ခြင်းတောင်းထဲမှာ ကလေးတွေကို သယ်ပိုးထားတယ်။ နောက်ပြီး လူအိုကြီးတွေ ရှိမယ်။ လူသန်မာကြီးတွေက လက်ဖက်ခြောက်ကုန်သည်တွေကို လက်ဖက်ညွန့် ကူခူးနေတာတွေကို တွေ့ရလိမ့်မယ်။ ဒီလူတွေအားလုံးက မဟာထန်နဲ့ တူညီတဲ့ ပုံစံမျိုးနဲ့ ရှင်သန်နေကြတာပဲ”
“နောက်ပြီး ဒီကျယ်ပြောတဲ့ အ့ဟိုင်မှာ ပင်လယ်ပြင်မှာ ရွက်လွင့်နေတဲ့ မရေမတွက်နိုင်တဲ့ လူကြီးလူကောင်းကြီးတွေ ရှိနေကြတယ်။ ဒါပေမဲ့ မဟာထန်ရဲ့ ဒီအမျိုးကောင်းသားကြီးတွေနဲ့ ဒီမာန်ရှဲ့ကျောင်းရဲ့ အမျိုးကောင်းသားတွေက ဒီလှေတွေပေါ်မှာတောင် အတူရှိနိုင်တယ်။ ဒီလှေတွေပေါ်မှာ လေးထောင့်စားပွဲလေး တစ်လုံးချ၊ အဲ့ဒီစားပွဲပေါ်မှာ မီးဖိုသေးသေးလေးတင်ပြီး ဝိုင်ကို ပူနွေးအောင်လုပ်သောက်ရင်း သူတို့ကဗျာတွေ တည်ဆက်ချင် ဆက်ကြလိမ့်မယ်။ ဒါက ဘယ်လိုပဲ တွေးကြည့်တွေးကြည့် တော်တော်လေးကို မျက်စိပသာဒဖြစ်စေတဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ မြင်ကွင်းပဲ။ သူတို့တည်ဆက်ထားတဲ့ အဲ့ဒီကဗျာတွေက အ့ဟိုင်စစ်ကြောင်းတောက်လျှောက် ပျံ့နှံ့သွားပြီး မဟာထန် အနောက်တောင်ပိုင်းကနေတစ်ဆင့် ရောက်ရှိလာလိမ့်မယ်။ ဒီလိုနဲ့ လူပေါင်းများစွာရဲ့ ဈာန်ဝင်စားမှုတွေကို ဖမ်းစားလိမ့်မယ်”
“နောက်ပြီး သီးသန့်မှာဆိုရင် ဒီတိုင်းပြည်နှစ်ခုက လူတွေက အချင်းချင်းဆက်သွယ်လို့ လက်ထပ်ကြောင်းလမ်းတာမျိုးတွေတောင် ရှိခဲ့ကြတယ်။ ထန်အဖေနဲ့ မာန်ရှဲ့ကျောင်းအမေ ရှိတာမျိုးတွေ၊ မာန်ရှဲ့ကျောင်းအဘွားကို ပိုင်ဆိုင်ထားတာမျိုးတွေလည်း ရှိကြတယ်။ နောက်ပြီး ဒီလိုအချင်းချင်း လက်ထပ်ကြောင်းလမ်းထားတဲ့ အနေအထားမျိုးတွေကြောင့် တစ်ရွာလုံးက သွေးနှောတွေ ပြည့်နှက်နေတာမျိုးတွေတောင် ရှိသေးတယ်။ ဒီတော့ ဘဏ္ဍာရေးရုံးတော်မှာရှိတဲ့ အရေအတွက်အရ ဒီ(၂၇)နှစ်တည်းနဲ့ တရားဝင်စာရင်းသွင်းထားတဲ့ ဒီလိုသွေးနှော လက်ထပ်ပွဲက နှစ်သောင်းရှစ်ထောင်အထိ ရှိတယ်။ ဒါဆို စာရင်းမသွင်းထားတဲ့ အရေအတွက်က ဘယ်လောက်ရှိမယ်လို့ ထင်ကြလဲ”
“တိုင်းပြည်နှစ်ပြည်ကြားက ဒီလောက်သာယာဝပြောနေတဲ့ ဆက်ဆံရေးနဲ့ဆိုရင် နေထိုင်သမျှ အိမ်ထောင်စုတိုင်းကလည်း နှစ်တိုင်းလိုလို ငွေထည် တစ်ဆယ်လောက်တော့ လုပ်နိုင်မှာပဲ။ အမှန်တိုင်းပြောရရင် အိမ်ထောင်စုတိုင်းက အစားအစာတွေ ပိုလျံနေတယ်။ သူတို့မဟာထန်က နေထိုင်နေတဲ့ သာမာန်နေထိုင်မှု စံချိန်ထက်တောင် ခုနှစ်ထည်လောက် ပိုလျံနေလောက်ကြသေးတယ်”
ပုံပြောသူက လက်ခုပ်တီးလိုက်ပြန်သည်။ သူ၏မျက်လုံးထဲတွင် တောင့်တမှုကို မြင်နိုင်သည်။
ဝမ်ချောင်က ဘာစကားမှမဆိုဘဲ ကြည့်နေသည်။ သူသည် ထိုအကြောင်းအရာများကို မသိချေ။ သူတော်စင်ဧကရာဇ်က အုပ်စိုးသည့် (၂၇)နှစ်တွင် သူသည် စစ်တပ်ထဲသို့ပင် မဝင်ရသေးချေ။
“ဒါပေမဲ့အခု ဘာဖြစ်သွားလဲ။ အနောက်တောင်ပိုင်းက လွင်ထီးခေါင်နယ်မြေကြီး ဖြစ်သွားပြီ။ အဲ့ဒီနေရာက အိမ်တိုင်းအဖျက်ခံလိုက်ရတယ်။ အဲ့ဒီနယ်မြေမှာဆိုရင် အလောင်းတွေတောင် ပြည့်နေတာပဲ။ နောက်ပြီး အဖေရှိတဲ့ အချို့မိသားစုတွေက အမေကိုရင်ဆိုင်ကြတယ်။ အချို့သားတွေက အဖေကို ရင်ဆိုင်ကြတယ်။ နယ်စပ်မှာဆိုရင် ဒီတိုင်းပြည်နှစ်ခုက လူတွေက အခုမြင်တာနဲ့ အချင်းချင်း တိုက်ခိုက်ချင်စိတ်အပြည့်နဲ့ ဆက်ဆံရေး မကောင်းကြတော့ဘူး။ အရင်ကလောက်လည်း ကုန်သွယ်တာမျိုး မလုပ်ကြတော့ဘူး။ အနောက်တောင်ပိုင်းမှာ မိသားစုဝင် လေးယောက်ရှိတဲ့ မိသားစုတစ်ခုက ကောင်းမွန်တဲ့နှစ်မှာတောင် ငွေထည် သုံးထည်လောက်ပဲ ရှာနိုင်တော့တယ်။ ဒီတော့ သူတို့ဝမ်းဗိုက် ပြည့်ရုံလောက်လေးပဲ တက်နိုင်တော့တာ။ နောက်ပြီး သွေးနှောလက်ထပ်ထားတဲ့ မျိုးနွယ်တွေဆိုရင် တစ်စေ့တောင် ရှာနိုင်မှာမဟုတ်ဘူး”
++++++
1283 01
အခန်း(၁၂၈၃)
“အနောက်တောင်ပိုင်းက စစ်ပွဲမှာ လူငယ်အမတ်မင်းက သူ့ရဲ့ကြွယ်ဝမှုတွေကို ဖြန့်ကျက်သုံးပြီး ခန့်အပ်ထားတဲ့ ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာကို ဘယ်လိုဦးဆောင်လို့ ဒီရေကို ပြောင်းပြန်လှန်ပြီး မာန်ရှဲ့ယွီစန်းက စစ်တတ်အင်အားလေးသိန်းကို သူ့ရဲ့အင်အား တစ်သိန်းနဲ့ အလဲထိုးခဲ့သလဲဆိုတာကို မှတ်မိကြလား။ လူတိုင်းက လူငယ်အမတ်မင်းရဲ့ သူရဲကောင်းဆန်မှု၊ ဖော်ပြဖို့တောင်ခက်တဲ့ ဗျူဟာတွေကို ချီးကျူးနေကြတာ။ ဒါပေမဲ့ အနောက်တောင်ပိုင်း တစ်ချိန်က ဘယ်လောက်တောင် စည်ပင်ဝပြောခဲ့သလဲဆိုတာကို ဘယ်သူသိကြလဲ။ တစ်ချိန်က ဒီတိုင်းပြည်က လူတွေက အချင်းချင်း ဘယ်လောက်ရင်းနှီးကျွမ်းဝင်ကြသလဲ။ အချင်းချင်း ဘယ်လိုကူညီခဲ့ကြသလဲ။ တူညီတဲ့ စားစရာ သောက်စရာတွေကို ဘယ်လိုဝေမျှခဲ့ကြလဲဆိုတာကို မှတ်မိကြသေးလို့လဲ”
ပုံပြောသူ၏မျက်နှာတွင် ဝမ်းနည်းသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။
“လူရမ်းကား”
စုရွှတ်ရွှမ်းက ဒေါသထွက်လာသည်။
“အရှင် လူဒီရမ်းကားကောင်တွေမှာ ဆိုးယုတ်တဲ့ အကြံအစည်တွေ ရှိတယ်။ သူတို့က လူတိုင်းရဲ့ အရှင့်အပေါ်ထားတဲ့ ခံစားချက်ကို သိသိသာသာ တွန်းပို့ပြီး အရှင့်ရဲ့ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် လုပ်နေတာပဲ။ အနောက်တောင်ပိုင်းရဲ့ စစ်ပွဲက အရှင်ဝင်မပါခင်ကတည်းက စနေပြီဆိုတာကို ဘယ်သူက မသိလို့လဲ။ အရှင့်ကြောင့်သာမဟုတ်ရင် အနောက်တောင်ပိုင်းက လွင်ထီးခေါင် ဖြစ်နေရုံတင်မဟုတ်သေးဘဲ သေတဲ့လူ အရေအတွက်က ပိုတောင်များနေဦးမယ်။ ဒီမျိုးမစစ်ကောင်က အခြားတစ်ယောက်ရဲ့ ပိုက်ဆံကိုယူပြီး ဒီလိုစကားမျိုးတွေကို ပြောတယ်။ ငါဒီကောင့်ပါးစပ်ကို ဆွဲဖြဲချင်တယ်”
စုရွှတ်ရွှမ်း၏ နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်လာရင်း သူသည် မတ်တပ်ထရပ်လိုက်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ပုံပြင်များသည် အချက်အလက်ကျကျ ပြောသင့်သည်။ ပြောသော အချက်အလက်များပေါ် မူတည်ပြီး ကိုယ်ပိုင်ဆွေးနွေးမှုများကို လုပ်သင့်သည်။ သို့သော် ထိုပုံပြောသူကမူ အနောက်တောင်ပိုင်းက စစ်ပွဲ၏ ရလဒ်ကို ဝမ်ချောင်နှင့်တိုက်ရိုက် ဆက်စပ်လိုက်ပြီး မှားယွင်းစွာ ပြောနေသည်မှာ ရှင်းလင်းနေသည်။ ထိုပြောစကားများထဲတွင် အလွန်အမင်း ဆိုးယုတ်သည့် ဆန္ဒများက ပါဝင်နေသေး၏။ တစ်စုံတစ်ယောက်ကသာ ထိုပုံပြောသူက အခြားတစ်ဖက်ခြမ်းမှ ပိုက်ဆံမယူထားဘူးဟု ပြောလာလျှင်ပင် စုရွှတ်ရွှမ်းက ယုံလိမ့်မည်မဟုတ်ပေ။
အကြောင်းမူကား သူသည် ဝမ်ချောင်၏ဘေးဘက်တွင် ခစားနေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်ပြီး ဝမ်ချောင်သည် မည်သို့လုပ်ခဲ့ကြောင်း အားလုံးကို သိထားပြီးသားဖြစ်သည်။ ဝမ်ချောင်က မည်မျှအထိ ပေးဆပ်ကြောင်းကိုလည်း သိထားသည်။ ထိုအတွက်ကြောင့် ဝမ်ချောင်က ယခုလို စွပ်စွဲလျှက် အရှက်ခွဲနေသော ဖြစ်ရပ်မျိုးကို သည်းခံပြီး ကြည့်မပေးနိုင်ချေ။ သူကိုယ်တိုင်က အရှက်ခွဲခံရသည်ထက်ပင် ပို၍ ဒေါသထွက်မိသေးသည်။ စုရွှတ်ရွှမ်း၏ ထိုအတွေးကို ဝမ်ချောင်၏ လက်အောက်ငယ်သားတိုင်းက အလားတူ တွေးကြသည်။
အင်ပါယာကြီးကို အားလုံးပေးဆပ်လျှက် နစ်မြုပ်ပြီး သစ္စာရှိထားသော တစ်စုံတစ်ယောက်သည် ကပ်ဘေး အချိန်ကာလ တစ်ခုပြီးတစ်ခုထံမှတစ်ဆင့် အင်ပါယာကို အရာအားလုံး ရင်းနှီးကာ ကယ်ဆယ်ပေးနေခဲ့သူ ဖြစ်သည့်အလျောက် ယခုလိုပုံစံမျိုးဖြင့် အရှက်ခွဲမခံရသင့်ပေ။ သို့မဟုတ်လျှင် အင်ပါယာတွင် သိက္ခာပင် ကျန်တော့မည်မဟုတ်ပေ။
“ရပ်”
စုရွှတ်ရွှမ်းက ချက်ချင်းလိုလို ပြေးထွက်ပြီး ပုံပြောသူကို ပညာပေးတော့မည့် အခိုက်အတန့်တွင် ရုတ်တရက် အသံတစ်သံက ထွက်လာသည်။ စုရွှတ်ရွှမ်း၏စိတ်က တသိမ့်သိမ့် တုန်သွား၏။ သူ၏အနောက်ဘက်မှ ဝမ်ချောင်က တည်ငြိမ်သော မျက်နှာထားမျိုးနှင့်ဖြစ်ပြီး သူ၏မျက်ဝန်းဟာ ထူးဆန်းသော အလင်းဖြင့် တောက်ပနေရင်း ထိုင်ခုံတွင် လှုပ်ရှားမှုကင်းမဲ့စွာ ဆက်ထိုင်နေသည်။
“မြို့တော်မှာ ပုံပြောသူတွေ အများကြီးပဲ။ များသထက်တောင် များလာသေးတယ်။ မင်းက သူတို့ တစ်ယောက်ချင်းစီကိုလိုက်ပြီး သင်ခန်းစာပေးမှာလား”
“ဒါပေမဲ့ အရှင့်သား...”
စုရွှတ်ရွှမ်းက ငြင်းလိုသေးသည်။ သို့သော် ဝမ်ချောင်က သူ့အား လက်ယမ်းပြလိုက်သည်။ ထိုသို့ဖြင့် သူက တိတ်ဆိတ်သွားရ၏။
“မင်းနားမလည်သေးဘူးလား ငါဒီပုံပြောသူတွေကို ဘယ်တော့မှ မစိုးရိမ်ခဲ့ဖူးဘူး။ လူတွေရဲ့ နှလုံးသားကိုပဲ စိုးရိမ်တာ။ နားထောင်နေတဲ့ လူတွေကိုကြည့်လိုက်”
ဝမ်ချောင်က သက်ပြင်းချသည်။
ချက်ချင်းဆိုသလိုပင် စုရွှတ်ရွှမ်းက စင်ပတ်ပတ်လည်မှ လူအုပ်ကိုကြည့်လိုက်သည်။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် လူအုပ်ကိုသာ အာရုံစိုက်မိသွားသည်။ ထိုအခါ ကြည့်ရှု့သူပေါင်း များစွာက ပုံပြောသူ၏စကားတွင် ဖမ်းစားခံထားရကြောင်း တွေ့လိုက်ရသည်။
သူတို့တင်မဟုတ်ချေ။ တည်းခိုဆောင် အပြင်ဘက်တွင်လည်း လူအုပ်ကျယ်ကြီး ရှိနေသည်။ ထိုင်ခုံထဲတွင် ထိုင်နေသူများ အမျိုးမျိုးရှိနေ၏။ လူငယ်၊ လူအို၊ အမျိုးသား၊ ယောကျာ်း သူတို့အားလုံးက ပုံပြောသူကို တိတ်ဆိတ်တည်ကြည်စွာ ကြည့်နေကြသည်။
1283 02
စုရွှတ်ရွှမ်း၏ နှလုံးသားက နားလည်သဘောပေါက်မှု တစ်မျိုးကြောင့် တုန်ယင်သွားသည်။
“မင်းမြင်လား”
သူ၏နားထဲသို့ ဝမ်ချောင်၏အသံက ဝင်ရောက်လာသည်မှာ အလွန်ဝေးကွာသော နေရာမှ ဝင်ရောက်လာသော အသံမျိုးနှင့်ပင် တူသည်။
“ဒီတစ်ကြိမ် ငါသီးသန့်ခန်းတောင်းတာက ပုံပြောသူရဲ့စကားကို နားထောင်ဖို့မဟုတ်ဘူး။ ဒီအစား သာမာန်လူတွေကို ကြည့်ဖို့ပဲ။ မင်းလူတစ်ယောက်ရဲ့စိတ်ကို မပြောင်းလဲနိုင်ဘူး။ အဲ့ဒီလူတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲနိုင်တာက အဲ့ဒီလူကိုယ်တိုင်ပဲ။ သူတို့ရဲ့စိတ်ထဲမှာ သူတို့တွေးတဲ့ အတွေးက အမြဲတစေ ရှိနေလိမ့်မယ်။ ဒီပုံပြောသူက ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ ဆက်စပ်ချင် ဆက်စပ်လိမ့်မယ်။ ဒါပေမဲ့ သူပြောသွားတဲ့ စစ်မဖြစ်ခင်နဲ့ စစ်ဖြစ်ပြီး အားလုံးက အမှန်ပဲ။ တမင်ဖန်တီးထားတာမျိုးလည်း မရှိဘူး။ ဒီလူတွေက ငါတို့ရဲ့ရန်သူတွေဆိုရင်တောင်မှ လီကျွင်းရှန်းနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက ဒီလိုယုတ်ညံ့တဲ့ အရာမျိုးတွေကို မလုပ်ဘူးလို့ ငါယုံကြည်မှုရှိတယ်”
“ကွန်ဖြူးရှပ်ဂိုဏ်းက ငါတို့စိုးရိမ်ရတာနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ငါတို့စိုးရိမ်ရတာက လူတွေရဲ့စိတ်ပဲ ဖြစ်နေတုန်းပဲ။ မဟာထန်က စစ်ပွဲတစ်ပွဲပြီးတစ်ပွဲ တိုက်ခိုက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ အခု ဒီလူတွေက ငြိမ်းချမ်းမှုကို လိုချင်လာတယ်။ စစ်ကိုမုန်းတီးလာတယ်။ ဒီတစ်ချက်နဲ့ သူ့ရဲ့လူတွေက အတွင်းစိတ်ကို ကြိုးကိုင်ပေးနေရုံပဲ”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောသည်။
သူသည် ပုံပြောသူကို မကြာခဏဆိုသလို ကြည့်သည်။ သို့သော် သူ၏အချိန် အများစုကမူ တည်းခိုဆောင် အတွင်းနှင့်အပြင်ရှိ ကြည့်ရှု့သူများကိုသာ ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူသည်လည်း တစ်စုံတစ်ရာသော အပြောင်းအလဲကို မြင်ထားသည်။ ထိုအရာကသာ သူ၏အစစ်အမှန် စိုးရိမ်မှုဖြစ်သည်။
“မဟာထန်ရဲ့ အနောက်မြောက်ပိုင်းမှာ တာလာ့ရဲ့တိုက်ပွဲ၊ ခိုရာစန်းရဲ့တိုက်ပွဲ၊ မဟာထန် အရေအတွက် ဘယ်လောက်ပဲ ကွာခြားကွာခြား အာရပ်စစ်သည် တစ်သန်းကို သတ်ဖို့တောင် ကြံစည်နိုင်ခဲ့သေးတယ်။ အာရေးဗီးယားရဲ့ စစ်ပွဲမှာတောင်မှ ချွီထေပါးက အသတ်ခံခဲ့ရတယ်။ ဒါက လူငယ်အမတ်မင်းကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဘွဲ့ကြီးရသွားစေခဲ့တယ်။ သူက မဟာထန်ရဲ့သမိုင်းမှာ ပထမဦးဆုံး မျိုးရိုးနာမည်မတူတဲ့ ဘုရင်တစ်ပါးဖြစ်လာတယ်။ လောကက လူတိုင်း ဒါကိုသိတယ်။ ဒါပေမဲ့ ဒီစစ်ပွဲက မဟာထန်အပေါ် ဘယ်လိုသက်ရောက်သွားလဲ မင်းတို့သိကြလား”
ပုံပြောသူက လက်ခုပ်တီးပြီးမှ ဆက်ပြောသည်။
“ပိုးသားလမ်းက မဟာထန်ကြီးက ပိုင်ဆိုင်ထားတဲ့ အခမ်းနား အကြီးကျယ်ဆုံးသော ကုန်သွယ်လမ်းကြီးပဲ။ နှစ်တိုင်းလိုလို မရေမတွက်နိုင်တဲ့ ကုန်သည်တွေက လာကြတယ်။ ပိုးတွေ၊ မဟူရာတွေ၊ သန္တာကျောက်တွေ၊ ကျောက်စိမ်းတွေ၊ လက်ဖက်ခြောက်တွေ၊ ကြွေထည်တွေ... ဒီပစ္စည်းတွေ အားလုံးက တောင်လိုရာလို ပုံနေခဲ့တာ။ ဒါတွေက ချီရှီ၊ အန်းရှီ၊ တာလာ့၊ ခိုရာစန်းတောက်လျှောက်သွားပြီး အဝေးက အာရေးဗီးယား၊ ချရာစပါဆီနူနဲ့ အခြားဝေးကွာတဲ့ နေရာတွေအထိရောက်တယ်။ ဒီတော့ တော်တော်လေးကို ခမ်းနားကြီးကျယ်တဲ့ လမ်းကြီးလို့ ခေါ်လို့ရတာပေါ့။ ကုန်သည်ပေါင်း များစွာကလည်း ဒါကို ရွှေလမ်းလို့တောင်ခေါ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလမ်းက ပစ္စည်းတွေကြောင့်မဟုတ်ဘဲ ရွှေရည်တွေ စီးနေတယ်လို့တောင် နောက်ပြောင်ပြောကြသေးတယ်။ ဒီလမ်းကို ဓားမြတွေ၊ လူရမ်းကားအဖွဲ့တွေက ဝိုင်းနေလေ့ရှိပြီး ကြွယ်ဝမှုတွေကို ထွင်းထုထားနိုင်တယ်။ ဒါပေမဲ့အခု ဘာဖြစ်သွားလဲ”
“အခု အဲ့ဒီဓားမြတွေ လူရမ်းကားတွေအားလုံး မရှိတော့ဘူး။ အရှေ့နဲ့အနောက်ကြားက ကုန်သွယ်မှုက အဆုံးမသတ်သေးပေမဲ့လည်း ဒီကုန်သည် ယာဉ်တန်းတွေရဲ့ အရေအတွက်ကတော့ မူလကနဲ့ယှဉ်ရင် ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး။ နောက်ပြီး မဟာထန်နဲ့ အာရေးဗီးယားအကြားက စစ်ပွဲက တိုင်းပြည်နှစ်ခုကြားက ကုန်သွယ်မှုကို ဖြတ်တောက်လုနီးပါးတောင် ဖြစ်သွားသေးတယ်။ ခိုရာစန်းကိုယ်တိုင်က သံမဏိမြို့ရိုးကြီးအလား ဖြစ်နေလို့ အရေးပါတဲ့ ရွှေထည်ဆယ်သန်းကျော် ဒါမှမဟုတ် ရွှေထည် သန်းရာပေါင်းများစွာ ထိုက်တန်တဲ့ ကုန်သွယ်မှုလမ်းကြောင်းကိုတောင် ခွဲထားသလို ဖြစ်သွားတယ်”
“လူတိုင်းကတော့ အနောက်တောင်ပိုင်းက တော်တော်လေး ဝေးလွန်းတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ပိုးသားလမ်းရဲ့အစက ငါတို့မဟာထန်ကြီးရဲ့ မြို့တော်ပဲ။ နှစ်တိုင်းလိုလို များပြားလွန်းတဲ့ ပိုးထည်တွေ၊ ကြွေထည်တွေ၊ လက်ဖက်ခြောက်တွေ အားလုံးက ရေထဲကနေ စီးဆင်းလာသလိုမျိုး ဝယ်ယူလို့ ရနိုင်တယ်။ ဒါပေမဲ့ ဒီစစ်ပွဲပြီးတဲ့နောက်မှာ လက်ရှိအခြေအနေကို မင်းတို့ အာရုံမခံမိကြဘူးလား။ မင်းတို့ရဲ့ နေထိုင်မှုပုံစံ ကျဆင်းသွားတာကို သတိမထားမိကြဘူးလား။ နောက်ပြီး ရောင်းရတဲ့ပစ္စည်းတွေ နည်းသွားတာကိုရော သိကြလား။ မြို့တော်ကိုလာတဲ့ ဟူတွေရဲ့အရေအတွက်က လျော့နည်းသွားတယ်။ မဟာထန်ရဲ့ ကုန်သည်တွေက နေရာတိုင်းမှာ ရှိနေတဲ့အခါ ရန်လိုပြီး စိုက်ကြည့်နေတာမျိုးတွေကို ခံစားမိကြလား။ ဒါက စစ်ပဲ။ ဒါက မင်းတို့လိုချင်တာလား”
ပုံပြောသူ၏အသံက ရုတ်တရက် မြင့်သွားသည်။
ကြည့်ရှု့သူများက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ယခင်ကနှင့်မတူသည်မှာ ကြည့်ရှု့သူများထဲမှ လူများ၏ မျက်လုံးများထဲမှ တင်းမာမှုက လျော့ကျလာသည်။
1283 03
“ငြိမ်းချမ်းရေး ငါတို့စစ်မလိုချင်ဘူး”
လူအုပ်ထဲမှ တစ်ယောက်က စအော်သည်။ သိပ်မကြာခင် အခြားသောသူများက အသိဝင်ပြီး ပေါင်းအော်ကြ၏။
“စစ်ပွဲကို မလိုချင်တော့ဘူး”
“စစ်ပွဲကို မလိုချင်တော့ဘူး”
အစပိုင်းတွင် လူအနည်းစုသာ ရှိသော်လည်း အသံဟာ ကျယ်သထက် ကျယ်လာသည်။ လူတိုင်းက အသားကုန် ပူးပေါင်းလျှက် တစ်ပြိုင်တည်း အော်ကြသည်။ အဆုံးသတ်နားတွင် တိမ်စိုင်တည်းခိုဆောင် အတွင်းရှိ ကြည့်ရှု့သူများအားလုံးက အော်နေကြပြီဖြစ်သည်။
လူအုပ်က စိတ်အလှုပ်ရှားဆုံးသော အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ထအော်သည်။
“ရမ်းကားတယ်”
ဝမ်ချောင်အခန်း၏ ဘေးဘက်အခန်းအတွင်းတွင် ဗိုလ်ချုပ်တစ်ယောက်၏ အရှိန်အဝါကို လွှတ်ထုတ်ထားသော တောင့်တင်းသန်မာသော လူတစ်ယောက်က စားပွဲကိုလှန်လိုက်ရင်း သူ၏ထိုင်ခုံမှထသည်။
“မင်းတို့ရမ်းကားတဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေ စစ်သားတွေက သူတို့ရဲ့အသက်ကို မြင်းပေါ်တင်ပြီး တိုက်ပွဲနယ်မြေအနှံ့ သွေးထွက်တဲ့အထိ တိုက်ခိုက်တာ။ ဒါပေမဲ့ မင်းတို့ရဲ့ပါးစပ်မှာတော့ ဒီလို ကစဉ့်ကလျားဖြစ်စေတဲ့ အရင်းအမြစ် ဖြစ်သွားပါရောလား။ ငါတို့လို စစ်သည်တော်တွေ၊ ဗိုလ်ချုပ်တွေသာ မရှိရင် မင်းတို့လူတွေ ဘယ်လောက်သေမလဲ သိလား”
ထိုတောင့်တင်းသန်မာသော သတ်လတ်ပိုင်းအရွယ် အမျိုးသားကြီးက ဒေါသထွက်နေသော ကျားတစ်ကောင်ကဲ့သို့ အော်ဟစ်ရင်း စင်ပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်သွားကာ ပုံပြောသူကို အင်္ကျီကော်လံမှ ဆွဲမလိုက်သည်မှာ ကြက်ပေါက်တစ်ကောင်ကို ကောက်မလိုက်သည်နှင့်တူသည်။
“ဒါကငါနဲ့ မဆိုင်ဘူးနော်။ ငါနဲ့မဆိုင်ဘူး။ ငါကဒီတိုင်း ပုံပြော...”
မိုးပြာရောင်ဝတ်စုံနှင့် ထိုပုံပြောသူက ကြောက်လန့်စွာဖြင့် ထိုသန်မာသော လူ၏လက်ကို တဖြန်းဖြန်းရိုက်သည်။ သို့သော် သူသည် ခုခံရန် အားအင်မဲ့နေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။
“ရမ်းကားလိုက်တာ”
ထိုအခိုက်အတန့်တွင် နောက်ထပ် အော်ဟစ်သံ တစ်သံကို ကြားရပြန်သည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ရုတ်တရက် စင်ပေါ်တွင် ပေါ်လာသည်။ သူက တစ်ချက်လှုပ်ရှားလိုက်ရုံနှင့် သတ်လတ်ပိုင်းလူ၏ လက်မောင်းကို ဖြောင်းကနဲရိုက်လိုက်ပြီး ထိုလူ၏ အကြောများကိုပိတ်လိုက်ကာ ဖမ်းဆီးလိုက်သည်။
ထိုဖြစ်စဉ်တောက်လျှောက်တွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက သူ၏ပေါ်သွားသော အင်္ကျီလက်အောက်မှ အနက်ရောင်သင်္ကေတကို ဖော်ပြမိသွားသည်။ ထိုသင်္ကေတက ဝမ်ချောင်နှင့် စုရွှတ်ရွှမ်းတို့၏ မျက်နှာကို တင်းမာသွားစေသည်။
“အရှင် ဒါက ကွန်ဖြူးရှပ်ဂိုဏ်းကပဲ”
စုရွှတ်ရွှမ်းက တင်းမာစွာပြောသည်။
သတ်လတ်ပိုင်းလူက စစ်သည်တော်တစ်ယောက်၏ အရှိန်အဝါကို သိပ်သည်းစွာ လွှတ်ထုတ်ထားပြီး နက်နဲသော သိုင်းနယ်မြေ အဆင့်ခုနှစ်၊ ရှစ်ခန့်တွင်ရှိသည်။ ပို၍ပင် မြင့်လောက်သေး၏။ သို့သော် သူကမူ ထိုလူငယ်ကို ရင်ဆိုင်ရာတွင် အားအင်မဲ့နေသည်။
“ငါ့ကိုအခုချက်ချင်း လွှတ်စမ်း။ မင်းက ဘယ်သူလဲ”
သတ်လတ်ပိုင်းလူက ခပ်ကြမ်းကြမ်း ရုန်းကန်ရင်းအော်သည်။
“ဟွန်း ငါတို့က စောင့်ကြပ်ရေး ရုံးတော်ကပဲ။ အင်ပါယာခုံရုံးက အသစ်စက်စက် ဖွဲ့စည်းထားတာလေ။ ငါတို့က မြို့တော်အတွင်းမှာ ဒီလိုဝရုန်းသုန်းကားဖြစ်အောင် လုပ်တာတွေကို တားဆီးဖို့ တာဝန်ယူထားတယ်။ အခုလိုမျိုး ဗိုလ်ချုပ်တွေရဲ့ပြစ်မှုနဲ့ စစ်သည်တော်တွေရဲ့ ပြစ်မှုနဲ့ ပတ်သတ်လာရင်တော့ ပိုပြီးတော့တောင် သိသာသေးတယ်။ မင်းက ပြဿနာရှိရင် မင်းရဲ့ အကြီးအကဲကို စောင့်ကြပ်ရေးရုံးတော်ကို မှတ်တမ်းလွှာ တင်ခိုင်းပြီး အထွန့်တက်ခိုင်းလိုက်”
ကွန်ဖြူးရှပ်ဂိုဏ်းမှ ထိုလူငယ်က အေးစက်စွာပြောသည်။ သူက ထိုသို့ပြောပြီးနောက် စောင့်ကြပ်ရေးရုံးတော်ဟု ရေးထားသော တံဆိပ်ပြားကို ထုတ်ပြသည်။
“တစ်ယောက်ယောက်လာစမ်း သူ့ကိုခေါ်သွား”
အဖြူရောင်ဝတ်စုံနှင့် လူငယ်က လူအုပ်၏အနောက်ဘက်သို့ လက်ယမ်းပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် လက်နက် အပြည့်အဝ တပ်ဆင်ထားသော စစ်သည်တော်နှစ်ယောက်က သတ်လတ်ပိုင်းအရွယ် လူကြီးကို ဖမ်းဆွဲပြီး တည်းခိုဆောင်အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။
1283 04
“စောင့်ကြပ်ရေးရုံးတော် ဟုတ်လား ဘာစောင့်ကြပ်ရေးရုံးတော်လဲ။ ငါတစ်ခါမှ မကြားဖူးဘူး။ ငါ့ကို အခုချက်ချင်း လွှတ်စမ်း”
သတ်လတ်ပိုင်းလူက ခေါင်းကိုနောက်လှည့်ကြည့်လျှက် ခပ်ကြမ်းကြမ်း ရုန်းကန်ရင်း လူငယ်ကိုကြည့်သည်။
“မင်းမသိလည်း ကိစ္စမရှိဘူး။ နည်းနည်းလောက်ကြာရင် လူတိုင်းသိသွားမှာပဲ။ သူ့ကိုခေါ်သွားတော့”
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ထိုသို့ပြောသည်။
++++++
အခန်း(၁၂၈၄)
ဝမ်ချောင်နှင့် စုရွှတ်ရွှမ်းတို့သည် သူတို့၏အခန်းထိုင်ခုံမှတစ်ဆင့် အဖြစ်အပျက်များ အားလုံးကို မြင်လိုက်ကြပြီး သူတို့၏အကြည့်ဟာလည်း တဖြည်းဖြည်းချင်းစီ တင်းမာလာကြသည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အင်ပါယာခုံရုံးက စောင့်ကြပ်ရေးရုံးတော်ကို ဖွဲ့စည်းလိုက်တာလဲ။ ဘယ်အချိန်ကလဲ။ ဘုရင်စုန့်က ဒီအကြောင်းအရာကို ပြောထားသေးလို့လား”
မြို့တော်ထဲတွင် မြို့စောင့်သည်သာ အားလုံးကို အစီအစဉ်တကျရှိရန် တာဝန်ယူရခြင်းဖြစ်သည်။ ယခုလိုမျိုး စောင့်ကြပ်ရေးရုံးတော်နှင့် ပတ်သတ်သော ကိစ္စများကိုပင် မကြားဖူးချေ။
စုရွှတ်ရွှမ်းက ခေါင်းကိုငုံ့ကာပြောသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက မသိပါဘူး။ အရှင်မင်းသား ဘုရင်စုန့်ကလည်း စောင့်ကြပ်ရေး ရုံးတော်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေ မပြောထားဖူးပါဘူး”
ဝမ်ချောင်က မဖြေချေ။ သူ၏မျက်လုံးထဲရှိ အကြည့်က တင်းမာလာသည်။ ဒါသည် အင်ပါယာရုံးတော်က သာမာန်လမ်းကြောင်းကတစ်ဆင့် တင်သွင်းထားသော ပေါ်လစီ၏ ရလဒ်မျိုးသာဆိုလျှင် သူမသိစရာ အကြောင်းမရှိချေ။ အင်ပါယာခုံရုံးတွင် အလုပ်လုပ်သော ဌာနကလည်း ထိုဆုံးဖြတ်ချက်ကို ချနိုင်စွမ်းရည် မရှိချေ။ လက်ရှိအချိန်တွင် ဘုရင်ချီ၊ အတွင်းဝန်အမတ်မင်းနှင့် မဟာဆရာတု့ိအားလုံးသည် မဟာမိတ်ဖြစ်သွားပြီး ပထမမင်းသားက ဘုရင်ခံအဖြစ် ရှိနေသည့်အလျောက် သူက ခေါင်းတစ်ချက် ညိမ့်ပေးလိုက်ရုံနှင့် ကမ်းလှမ်းချက်ပေါင်းများစွာကို ကျော်ဖြတ်ခွင့် ပြု၍ရသည်။ ယခင်က အနည်းဆုံး ကျော်ဖြတ်ခွင့်ရရန် အခက်ဆုံးကိစ္စများက လီကျွင်းရှန်းက ဟယ်ချီရုံ၏နေရာကို အရယူသွားပြီးနောက်တွင် ပို၍လွယ်ကူသွားသည်။ စောင့်ကြပ်ရေးရုံးတော်သည် ထိုအရာများထဲမှ တစ်ခုဖြစ်လောက်သည်။
“ဘုရင်စုန့်ရဲ့ စံအိမ်ကိုသွားပြီး ဘာတွေဖြစ်နေလဲ စုံစမ်းလိုက်”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက လုပ်လိုက်ပါ့မယ်”
စုရွှတ်ရွှမ်းက ထိုအမိန့်နှင့်အတူ ချောမွေ့စွာ ထွက်သွားသည်။
လီကျွင်းရှန်း ဟွန်း မင်းကတကယ်ကို စိတ်မရှည်တော့ဘူးပဲ။
စုရွှတ်ရွှမ်းက ထွက်သွားသည်နှင့် ဝမ်ချောင်က ခေါင်းကိုအသာမော့လျှက် သက်ပြင်းချသည်။ စစ်ဘက်ဆိုင်ရာ ဌာနမှ အမျိုးသားအများစုက အနုစိတ် တွေးတောသူများ မဟုတ်ချေ။ အလွယ်တကူ ရန်စ၍ရသည်။ လီကျွင်းရှန်းက ထိုပုံပြောသူများကို စေလွှတ်ထားသည်မှာ ရှင်းလင်းစွာပင် ဒီဌာဘက်မှ လူများကို တုန့်ပြန်ရန် ရည်ရွယ်နေခြင်းဖြစ်ပြီး ထိုတာဝန်ကိုလည်း စောင့်ကြပ်ရေးရုံးတော်ကို ဦးဆောင်ခိုင်းထားပုံရသည်။
မြို့တော်ထဲတွင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်က အကာအကွယ်သာ ဖြစ်လောက်သည်။
ဒါပေမဲ့ မင်းဘယ်လို ကြံစည်ထား ကြံစည်ထား ငါကတော့ မင်းကို ဒီတိုင်းသွားခွင့် ပြုမှာမဟုတ်ဘူး။
ဝမ်ချောင်က ဆုံးဖြတ်လိုက်သည်။
ဗိုလ်ချုပ်များနှင့် စစ်သည်တော်များသည် တိုင်းပြည်အတွက် သူတို့၏အသက်များကို ရင်းထားရသည်။ သို့သော် သူတို့က မြို့တော်သို့ ပြန်ရောက်သောအခါ ကွန်ဖြူးရှပ်ပညာရှင်များက သူတို့၏ အကျင့်စရိုက်မှ အားနည်းချက်ကိုထုတ်ပြပြီး သူတို့အား ဒေါသထွက်အောင်လုပ်လျှက် အကျဉ်းထောင်ထဲသို့ ပစ်ထည့်ချင်နေကြသည်။ ထိုအခြေအနေက ဝမ်ချောင်ငြိမ်ငြိမ်ထိုင်ပြီး စောင့်ကြည့်နေမည့် အခြေအနေမျိုး မဟုတ်ချေ။ ထို့ကြောင့် ဝမ်ချောင်သည် ထိုဗိုလ်ချုပ်၏ လုပ်ရိုးလုပ်စဉ် ကိစ္စကို သဘောမကျ၊ အသိအမှတ် မပြုသည့်တိုင်အောင် လီကျွင်းရှန်းအား တစ်ဖက်သူကို နှိပ်စက်ခွင့် ပြုလိမ့်မည်မဟုတ်ချေ။
ဝှစ်
အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ရုံနှင့် ဝမ်ချောင်က နေရာမှ ထွက်သွားသည်။
“ကောင်းတယ်”
ဝမ်ချောင်က ထွက်သွားပြီး သိပ်မကြာခင် တည်းခိုဆောင်အတွင်းမှ အော်ဟစ်အားပေးသံများကို ကြားရပြန်သည်။ ထိုအသံများက ဝမ်ချောင်၏ စိုးရိမ်မှုကို ပို၍သာ ပြင်းထန်သွားစေသည်။
....
“အဲ့ဒီမှာဘယ်သူလဲ”
တိမ်စိုင်များ တည်းခိုဆောင်နှင့် လမ်းအနည်းငယ် ကွာဝေးသော နေရာတွင် ကြီးကြပ်ရေးရုံးတော်မှ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားနှင့် အခြားသော အစောင့်များက ဗိုလ်ချုပ်ကို ပို့ဆောင်နေရာမှ ရုတ်တရက် အတားခံရသဖြင့် ဒေါသထွက်သွားကြသည်။ ထို့နောက် အလင်းတစ်ချက်လက်ပြီး သူတို့၏ရှေ့တွင် ပုံရိပ်တစ်ခုက ပေါ်လာရင်း သူတို့၏လမ်းကြောင်းကိုပိတ်သည်။ ကွန်ဖြူးရှပ်ဂိုဏ်းမှ လူငယ်က ထိုလူငယ် မည်သို့ပေါ်လာကြောင်းပင် မသိလိုက်ချေ။
“ငါဒီလူကို ခေါ်သွားမယ်”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူ၏လက်နှစ်ဖက်က ကျောဘက်တွင် ကပ်လျှက်သားသာဖြစ်သည်။
“ရမ်းကားတယ်”
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ဒေါသထွက်သွားပြီး ချွင်ကနဲအသံနှင့်အတူ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
“စောင့်ကြပ်ရေးရုံးတော်က လူတွေက အရင်လှုပ်ရှားတယ်။ အဲ့ဒီနောက် သတင်းပို့လိုက်မယ်။ ဟွန်း မင်းက သေချင်နေတာပဲ”
“အဲ့ဒီလိုလား။ ဘယ်အချိန်က စောင့်ကြပ်ရေးရုံးတော်က ဒီလောက်ကြီးမားတဲ့အာဏာ ရသွားတာလဲ”
ဝမ်ချောင်က တစ်ချက်လှောင်ရင်း သူ၏လက်ဖဝါးကို ဖြန့်လိုက်ကာ ရွှေရောင်နဂါးတံဆိပ်ကို ထုတ်ပြသည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်က ထိုတံဆိပ်ကို မမှတ်မိချေ။ သို့သော် ကြီးကြပ်ရေးရုံးတော်မှ အစောင့်များကမူ ချက်ချင်းလိုလို မှတ်မိသွားပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
“အရှင့်သား”
အစောင့်တိုင်းက ခေါင်းကိုငုံ့လျှက် ဂါရဝပြုကြသည်။ သူတို့က ဖမ်းခေါ်လာသော ဗိုလ်ချုပ်ကပင် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားသည်။
စစ်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် တာဝန်ယူထားရသည်။
အစောင့်တိုင်းက ခေါင်းကိုငုံ့လျှက် ဂါရဝပြုကြသည်။ သူတို့က ဖမ်းခေါ်လာသော ဗိုလ်ချုပ်ကပင် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားသည်။
စစ်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် တာဝန်ယူထားရသည်။
အစောင့်တိုင်းက ခေါင်းကိုငုံ့လျှက် ဂါရဝပြုကြသည်။ သူတို့က ဖမ်းခေါ်လာသော ဗိုလ်ချုပ်ကပင် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားသည်။
စစ်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် တာဝန်ယူထားရသည်။
အစောင့်တိုင်းက ခေါင်းကိုငုံ့လျှက် ဂါရဝပြုကြသည်။ သူတို့က ဖမ်းခေါ်လာသော ဗိုလ်ချုပ်ကပင် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားသည်။
စစ်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် တာဝန်ယူထားရသည်။ ထို့ကြောင့် ဝမ်ချောင် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ကို မမှတ်မိသော စစ်သားဟူ၍ မရှိချေ။ ဝမ်ချောင်၏တံဆိပ်ပြားသည် ကွန်ဖြူးရှပ်ဂိုဏ်းအတွက် အသုံးဝင်ပေလိမ့်မည်။ သို့သော် စစ်သားများအတွက်မူ ခြားနားသော သက်ရောက်မှုရှိသည်။
“မင်းပဲ”
လူငယ်သည်လည်း မှတ်မိသွားသည်နှင့် သူ၏မျက်လုံးက အေးစိမ့်သွားသည်။ မဟာထန်တွင် နဂိုကတည်းက ဘုရင်အများကြီး မရှိချေ။ ထိုမျှငယ်သော ဘုရင်ဆိုလျှင် တစ်ယောက်မျှပင်မရှိချေ။ သို့သော် သူက ဘာမှမလုပ်နိုင်သေးခင် ဝှစ်ကနဲမြည်သံနှင့်အတူ အင်အားကြီးမားသော ဆွဲစုပ်အားတစ်ရပ်က ထွက်ပေါ်လျှက် အစောင့်များက ဖမ်းချုပ်ထားသော ဗိုလ်ချုပ်ကို ဆွဲယူသွားသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသား၏မျက်နှာက တင်းမာသွားပြီး သတိလက်လွတ် လှမ်းဆွဲလိုက်သော်လည်း လေးကိုသာ ဖမ်းဆွဲမိလိုက်သည်။
သူဟာ ခေါင်းမော့လိုက်သောအခါ ထိုဗိုလ်ချုပ်သည် ဝမ်ချောင်၏လက်ထဲသို့ ရောက်သွားသည်။
“ငါဒီလူကို ငါနဲ့ခေါ်သွားမယ်။ ပြဿနာရှိရင် မင်းရဲ့ အကြံပေးရုံးတော်က အဲ့ဒီဝန်ထမ်းကို ငါ့ဆီ ကိုယ်တိုင်လာခိုင်းလိုက်”
ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ခါပြီး ငှက်တစ်ကောင်ကဲ့သို့ ပျံတက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
“ရမ်းကားတယ်”
ထိုလူငယ်က ခြေလှမ်းအနည်းငယ်လောက် ပြေးလိုက်သေးသည်။ သို့သော် မည်သူ့ကိုမှ မဖမ်းမိခဲ့ချေ။ သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းအားကြီးသည်။ ဘေးဘက်မှ သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော အစောင့်များအတွက်ကမူ လိုက်ဖမ်းရန်အတွက် ခြေလှမ်းတစ်ဝက်မျှပင် မရွေ့ရဲချေ။
မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်သည် မဟာထန်၏ စစ်နတ်ဘုရားဖြစ်သည်။ သူကသာ တစ်စုံတစ်ယောက်ကို လိုချင်လျှင် မည်သူကမှ မတားရဲချေ။
ထိုလူငယ်က လိုက်ဖမ်းရန် အတွေးအနည်းငယ် ရှိသေးသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏နားထဲသို့ ဝင်ရောက်လာသည့် တိုးလျသော်လည်း ရင်းနှီးသည့် ခပ်တိုးတိုးပြောသံကို ကြားလိုက်ရသည်။
“သခင်လေးက ဒီကိစ္စကို သိပြီးပြီ။ လွှတ်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူကြာကြာ မပျော်ရတော့ပါဘူး”
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ရပ်တန့်သွားသည်။ သူသည် ခေါင်းကို တစ်ချက်လှည့်လိုက်သောအခါ အနီးအနားရှိ နံရံပေါ်တွင် တစ္ဆေများအလား ပေါ်လာသော ပုံရိပ်အချို့ကို တွေ့လိုက်သည်။ အဖြူရောင်ဝတ်စုံနှင့် မင်းသမီးက ဦးဆောင်လာခြင်းဖြစ်သည်။ သူမ၏ အသားအရည်က ဖြူဖွေးပြီး ဆံပင်ရှည်များက လေတွင်လွင့်နေသည်။ သူမက ဝမ်ချောင်ထွက်သွားသောဘက်သို့ ကြည့်လိုက်သည်။
“ဟုတ်ကဲ့ စီနီယာမ”
လူငယ်က ခပ်မြန်မြန် ရပ်တန့်လိုက်သည်။
....
ထိုအချိန်တွင် ဝမ်ချောင်သည် ဗိုလ်ချုပ်ကိုခေါ်လျှက် သူ၏နေထိုင်ရာအိမ်သို့ ပြန်ရောက်သွားသည်။
ထိုဗိုလ်ချုပ်ကို နှစ်သိမ့်ပေးပြီး စိတ်လိုက်မာန်ပါ ထပ်မလုပ်ရန် ပြောပြီးနောက် လွှတ်ပေးလိုက်သည်။ ထိုအချိန်တွင် ဘုရင်စုန့်ထံမှ သတင်းကလည်း ခပ်မြန်မြန် ရောက်ရှိလာသည်။
အရာအားလုံးက ဝမ်ချောင်ခန့်မှန်းထားသည့်အတိုင်း ဖြစ်သည်။ လီကျွင်းရှန်းသည် စောင့်ကြပ်ရေးရုံးတော်ကို တည်ထောင်ခဲ့သောလူဖြစ်ပြီး စစ်ဘက်ကို အတိုက်အခံလုပ်ရန် အထူးတလည် ရည်ရွယ်ထားပုံရသည်။ ဟယ်ချီရုံ၏နေရာကို အစားထိုးပြီး ရလာသော နေရာတစ်ခုလည်းဖြစ်သည်။ လီကျွင်းရှန်းက ဦးဆောင်လာမှုနှင့်အတူ မဟာဆရာ၊ ဘုရင်ချီ၊ အတွင်းဝန်အမတ်မင်းနှင့် ပထမမင်းသား၏ အသိအမှတ်ပြုမှုများပေါင်းပြီး သူတို့သည် အင်ပါယာခုံရုံးတွင် စောင့်ကြပ်ရေးရုံးတော်အသစ်ကို တည်ထောင်လိုက်နိုင်သည်။
“မြို့တော်ထဲမှာ ဒီလိုပုံပြောသူတွေ ဘယ်လောက်များလဲဆိုတာကို သိပြီးပြီလား။ နောက်ပြီး ဒီလိုစကားပြောခန်းတွေက ဘယ်လောက်များသွားပြီလဲ”
ဝမ်ချောင်က စာကြည့်ခန်းထဲတွင်ရပ်လျှက် ရွှီခဲ့ယွီ၊ စုရွှတ်ရွှမ်း၊ ချန်းစန်းယွမ်နှင့် အခြားသော လက်အောက်ငယ်သားတိုင်း နီးပါးကို ဆင့်ခေါ်ထားသည်။
ချန်းစန်းယွမ်က ဂါရဝပြုလျှက် တင်းမာစွာပြောသည်။
“အရှင့်သား ငါတို့တွေ မြို့ထဲမှာ ဒီလိုပုံပြောသူမျိုး တစ်ထောင့်နှစ်ရာကျော်လောက်ကို တွေ့ထားပါတယ်။ သူတို့အားလုံးက နယ်စပ်မှာ စစ်ဖြစ်ပြီးနောက် ပြောင်းလဲသွားတဲ့ အခြေအနေကိုပဲ အထူးတလည် ပြောကြတာပါ။ လူအများစုကလည်း သွားကြည့်ကြပါတယ်။ လူကြီးတွေဆိုရင် ကလေးတွေကိုလည်း ခေါ်သွားကြတယ်။ သုံးနှစ်အရွယ် ကလေးတွေတောင် ပါပါသေးတယ်။ နောက်ပြီး ဒီအကြောင်းအရာကို ဆွေးနွေးတဲ့လူတွေ ပိုများလာတာကို တွေ့ထားရတယ်။ လူအများစုက ငြိမ်းချမ်းရေးကို လိုချင်တယ်။ စစ်ဖြစ်တာကို မလိုချင်တော့ဘူးလို့ ပြောနေကြတယ်။ သူတို့က စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ပစ်မှတ်ထားနေတာပါပဲ။ အရှင့်သား ဒီအခြေအနေက ငါတို့အတွက် တော်တော် ဆိုးနေပြီ”
ဝမ်ချောင်၏အမိန့်ကို ရရှိပြီးနောက် သူတို့အားလုံးက သူတို့၏အင်အား အပြည့်အဝသုံးပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်မှာ နေ့ရောညပါ ကြာခဲ့သည်။ ရလဒ်ကို ရလာသောအခါ အားလုံးက မသက်မသာ ဖြစ်သွားကြ၏။
“အရှင့်သား ငါတို့ဘယ်လိုလုပ်ကြမလဲ။ ဒါက အစပဲရှိသေးတယ်။ ရက်အနည်းငယ်တောင် မကြာသေးဘူး။ ဒီလောက်ပြင်းထန်တဲ့ သက်ရောက်မှုက ဖြစ်နေပြီ။ ဒီအတိုင်းသာ ဆက်ဖြစ်ခွင့်ပြုလိုက်ရင် အခြေအနေက ပိုဆိုးသထက်ပဲ ဆိုးလာပါလိမ့်မယ်”
အခန်းထဲရှိ လူတိုင်းက စိုးရိမ်စိတ် ပြင်းထန်လာကြသည်။
စုရွှတ်ရွှတ်းက အံ့ကိုကြိတ်လျှက်ပြောသည်။
“အရှင့်သား ငါတို့ဘာလို့ လူနည်းနည်းလောက်လွှတ်ပြီး သူတို့ကို ပုံမပြောအောင် တားရမှာလဲ။ မြို့စောင့်တပ်ရဲ့ အင်အားနဲ့ဆိုရင် ငါတို့သေချာပေါက် လုပ်နိုင်တယ်”
ဝမ်ချောင်၏ဦးလေး လီလင်းက အာဏာအလွန်ကြီးပြီး မြို့စောင့်တပ် တစ်ခုလုံးကို စေလွှတ်နိုင်စွမ်းရည် ရှိသည်။ အများအမြင်ကိုသုံးပြီး အစိုးရရေးရာကိစ္စများကို ဖျက်ဆီးနေသည်ဆိုသော အကြောင်းပြချက်ကိုသုံးလျှင် သူတို့သည် ပုံပြောသူများကိုပင် ဖမ်းဆီးလျှက် ပုံမပြောနိုင်အောင် တားဆီးနိုင်သည်။
“အသုံးမဝင်ဘူး။ ကွန်ဖြူးရှပ်ဂိုဏ်းက သူတို့ရဲ့အကြံအစည်ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ထုတ်သုံးနေတယ်။ ငါတို့သူတို့ကို မတားနိုင်ဘူး။ ဒါ့အပြင် ငါတို့က လူလွှတ်လိုက်ရင်တောင်မှ မြို့စောင့်တပ်ပဲဖြစ်ဖြစ်၊ အခြားသူကိုပဲဖြစ်ဖြစ် လွှတ်ရင်တောင်မှ ဒီတိုင်း ပုံပြောသူတွေရဲ့စကားက မှန်တယ်လို့ အတည်ပြုလိုက်ရုံပဲ ဖြစ်သွားလိမ့်မယ်။ မြို့တော်က လူတွေက နားလည်မှုလွဲသွားတဲ့ အချိန်မှာ လီကျွင်းရှန်းကတော့ ငါတို့ဒီလိုလုပ်တာကို ပျော်နေလိမ့်မယ်”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“အာ”
“ဒါဆိုရင် ငါတို့ဘယ်လိုလုပ်ကြမလဲ”
လူတိုင်းက စတင်ကာ ဖြူဖျော့လာကြသည်။
“မင်းတို့အခုတော့ ထွက်သွားလိုက်ကြဦး။ ငါအကြံတစ်ခု တွေးဦးမယ်”
ဝမ်ချောင်က လက်ယမ်းပြလိုက်သည်။
လောကတွင် ကိုင်တွယ်ရ အခက်ခဲဆုံးသော အကြံအစည်သည် ဉာဏ်များလွန်းပြီး တိုင်းတာရခက်ခဲသော ဇာတ်ကြောင်းများ မဟုတ်လေဘဲ နေ့ခင်းကြောင်တောင် ဝင်စီးသော ဖြစ်ရပ်မျိုးဖြစ်သည်။ လီကျွင်းရှန်းသည် ဖြစ်လာနိုင်သော အကျိုးဆက်တိုင်းကို ရှင်းရှင်းလင်းလင်း တွက်ချက်ထားသည်။ ဝမ်ချောင်ကပင် တိတ်တဆိတ် စတွေးနေရလေသည်။
......
မြို့တော်၏ အနောက်မြောက်ပိုင်းနယ်မြေ လူနေရှင်းလင်းသော ဝန်းကျင်တွင် စံအိမ်တစ်ခုရှိသည်။ ထိုစံအိမ်၏ ဂိတ်တွင် အနက်ရောင် ကပ်ပြားလေးကို ချိတ်ဆွဲထားပြီး စကားလုံးသုံးလုံးထဲကိုသာ ရွှေရောင်မှင်ဖြင့် ရေးထားသည်။
“အကြံပေးရုံးတော် လူကြီးမင်းစံအိမ်”
ထိုနေရာသည် လီကျွင်းရှန်း၏ စံအိမ်ဖြစ်ပြီး သူသည် မဟာထန်၏ အကြံပေးရုံးတော်မှ လူကြီးမင်းတစ်ယောက် ဖြစ်လာပြီး ဘုရင်ချီက သူ့အား ထိုစံအိမ် ချီးမြင့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လီကျွင်းရှန်း၊ အကြီးအကဲစုန့်၊ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးနှင့် အခြားသော ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များက စုစည်းနေကြသည်။ ကွန်ဖြူးရှပ်ဂိုဏ်းသည် လောကမှ ခွဲထွက်၍ နေထိုင်သော မူဝါဒကို ကိုင်ဆွဲထားသည့်အလျောက် လောကမှ လူအများအတွက် အင်အားထုတ်ပြရခြင်းအား သဘောကျလေ့ မရှိချေ။ သို့သော် လီကျွင်းရှန်းက ခုံရုံးသို့ တက်ရောက်ပြီးမှ အရာအားလုံးက ပြောင်းလဲလာသည်။ ယခုအခါ သူတို့အားလုံးသည် မူဝါဒလောကအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး ဆက်လက်ပြီး သီးသန့်ခွဲထွက်နေ၍ မရတော့ချေ။
“အဲ့ဒီကိစ္စအကြောင်း ပြောပါဦး”
လီကျွင်းရှန်းကပြောသည်။
“ဟုတ်ကဲ့သခင်လေး”
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ဂါရဝပြုလိုက်သည်။ ထို့နောက် သူမသည် တိမ်စိုင်များ၏ တည်းခိုဆောင်တွင် ထိုဗိုလ်ချုပ်က စတင်ခဲ့သည့် ရန်ပွဲကို ပြောပြသည်။ ထိုကိစ္စကို ဝမ်ချောင်က သတိထားမိသွားပြီး ဝမ်ချောင်က မည်သူ့ကို ကယ်ဆယ်သွားကြောင်း သိလိုက်သည်။ အဆုံးသတ်တွင် ခန်းမက တိတ်ဆိတ်သွားသည်။
လီကျွင်းရှန်းက ကျောဘက်သို့ ပို့ထားသော လက်ကိုပင် အသာလက်ခုပ်တီးလိုက်မိရင်း ထပြောသည်။
“ကြည့်ရတာ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အခြေအနေကို သတိထားမိသွားပြီပဲ”
ဝမ်ချောင်ကဲ့သို့ ဘုရင်တစ်ပါးက ရွှီကာလမျိုးတွင် တိမ်စိုင်များ၏ တည်းခိုဆောင်သို့ သွားရောက်သည်မှာ ပုံပြင်ကိုနားထောင်ရန်သပ်သပ် မဟုတ်လောက်ချေ။ သူ့တွင် အခြားသော လှုပ်ရှားမှု ရှိပေလိမ့်မည်။
“အရှင့်သား မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အနုစိတ်ကျကျ တွေးတောတတ်ပြီး အရမ်းကို ဉာဏ်ကောင်းလွန်းတဲ့ ကြံစည်သူတစ်ယောက်ပါ။ သူက ငါတို့ရဲ့လှုပ်ရှားမှုကို သတိထားမိသွားပြီဆိုရင် ငါတို့အတွက် အကျိုးမရှိစေမဲ့ ကိစ္စတွေက ဖြစ်လာတော့မယ်ထင်တယ်”
ဘုရင်စုန့်က ပြောသည်။
သူတို့ယခင်တစ်ခေါက် ဝမ်ချောင်ကို ထိပ်တိုက်ရင်ဆိုင်ရာတွင် ဝမ်ချောင်က ခြိမ်းခြောက်မှုကို အသာအယာ ဖြေရှင်းရင်းနှင့် အဆုံးသတ်သွားသည်။ ထို့အပြင် ဝမ်ချောင်၏ လှုပ်ရှားမှုများက လီကျွင်းရှန်းအား အကြီးအကဲစုန့်နှင့် အခြားသော ကွန်ဖြူးရှပ်ဂိုဏ်းမှ အဖွဲ့ဝင်များအပေါ် နက်ရှိုင်းသည့် ခံစားချက် ဝင်သွားစေလေသည်။ ပြောရမည်ဆိုလျှင် မြို့တွင်းနှင့် သိုင်းပညာရှင်ဘက်မှ အမှုထမ်း အရာရှိများသည် ရှေးခေတ်ကာလကတည်းက အချင်းချင်း စောင်းမြောင်း ပြောဆိုနေကျဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ကွန်ဖြူးရှပ်ဂိုဏ်းက မည်သူကမှ (၁၈)နှစ်သာရှိသေးသော မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ကို အထင်မသေးဝံ့ကြချေ။
++++
အခန်း(၁၂၈၅)
“အကြီးအကဲစုန့်က အတွေးလွန်နေတာပဲ”
လီကျွင်းရှန်းက လက်ကိုယမ်းလျှက် ယုံကြည်မှုရှိစွာဖြင့် ရှေ့သို့ဆက်လျှောက်သည်။
“ပေါ်တင်အကြံအစည်၊ လျို့ဝှက်အကြံအစည်ဆိုတာမျိုးတွေ ရှိတယ်။ လျို့ဝှက်အကြံအစည်တွေက ရှောင်လို့လွယ်တယ်။ ပေါ်တင်အကြံအစည်တွေကတော့ ခုခံဖို့ခက်တယ်။ ဒီတစ်ကြိမ်မှာ ငါတို့က ဘာလှည့်ကွက်မှ မသုံးထားတဲ့ ရိုးရှင်းလွန်းတဲ့ ပေါ်တင်အကြံအစည်မျိုးကို သုံးထားတာ။ ဒါကြောင့် မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က ဘယ်လောက်ဉာဏ်ကောင်းကောင်း၊ ဘယ်လောက် ဉာဏ်များများ၊ သူဘာမှတက်နိုင်မှာမဟုတ်ဘူး။ လူတိုင်းကလည်း ဒါကို စောင့်ကြည့်နေကြတယ်။ သူကတော့ ဒါကို တစ်ခုခုလုပ်ရဲရင် သူ သူ့ကိုယ်သူ ဆွဲချသလို ဖြစ်သွားမှာပဲ။ ဘာပဲဖြစ်ဖြစ် သူရင်ဆိုင်ရမှာ ငါတို့တင်မဟုတ်ဘဲ မြို့တော်က ပြည်သူတွေဖြစ်နေတယ်။ ဒါက အားလုံးရဲ့နှလုံးသားပဲ”
“မဟာထန်က နှစ်ပေါင်းများစွာ စစ်ဖြစ်လာခဲ့တာ။ ဦးတည်ရာ တစ်ဖက်ပြီးတစ်ဖက်ကို ချိန်ရွယ်နေတော့တာပဲ။ သာမာန်လူတွေက စစ်ကို အတိုက်အခံဖြစ်လာပြီး ငြိမ်းချမ်းမှုကို တောင့်တလာကြတယ်။ မည်သူကမှ စစ်ပွဲကို သဘောမကျတော့ဘူး။ လူတိုင်းက ငြိမ်းချမ်းမှုကို အရင်ဆုံး လိုချင်လာကြပြီ။ ဒါက တွန်းလှန်ဖို့ခက်တဲ့ အခြေအနေတစ်မျိုးပဲ။ ငါတို့က သူ့ထက်အရင် ဒါကို ရှင်းရှင်းလင်းလင်း ပြပေးလိုက်ရုံပဲ။ ဒါက အကြံအစည်မဟုတ်ဘူး။ အစစ်အမှန် အမှန်တရား”
လီကျွင်းရှန်းက ခေါင်းကိုမော့သည်။ သူ၏မျက်လုံးက စကြာဝဠာကြီး၏ အဆုံးအစွန်ထိ မြင်နိုင်ပုံရသည်။
လူတိုင်းကလည်း တိတ်တဆိတ် နားထောင်နေကြသည်။ သူတို့၏မျက်လုံးက ယုံကြည်သက်ဝင်မှုဖြင့် တောက်ပလာသည်။ သခင်လေး၏ သိုင်းပညာ၊ အကြံအစည်နှင့် ဉာဏ်ပညာသည် ကွန်ဖြူးရှပ်ဂိုဏ်း တစ်ဂိုဏ်းလုံးတွင် အတော်ဆုံးဟု သတ်မှတ်ထားသည်။ မည်သူကမှ သူ၏အကြံများကို မေးခွန်းမထုတ်ရဲချေ။
“ဒါပေမဲ့ ရှည်လျားတဲ့ညက အိမ်မက်တွေတော့ များတတ်တယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က အထင်သေးလို့မရတဲ့ ပြိုင်ဘက် ဖြစ်နေတုန်းပဲ။ အကြီးအကဲစုန့်၊ ဂျူနီယာညီမလေး ငါတို့အစီအစဉ်ကို မြန်မြန် အကောင်အထည်ဖော်သင့်တယ်”
လီကျွင်းရှန်းက တင်းမာစွာပြောလိုက်သည်။
“ဟုတ်ကဲ့သခင်လေး”
အကြီးအကဲစုန့်နှင့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတို့က ချက်ချင်းလိုလို ဂါရဝပြုလိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် အပြုံးများရှိနေသည်။
တခဏခန့်ကြာပြီးနောက် ဆွေးနွေးမှုများက အဆုံးသတ်သွားပြီးသောအခါ လူတိုင်းက ထွက်သွားကြသည်။ လီကျွင်းရှန်း တစ်ယောက်တည်းကသာ ကျန်ရစ်သည်။
လီကျွင်းရှန်းက ခေါင်းကိုမော့လျှက် အသံတိုးတိုး ရေရွတ်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဓားနဲ့ဆေဘာက တားလို့လွယ်တယ်။ လူတွေရဲ့နှလုံးသားကတော့ ခုခံဖို့ခက်တယ်။ ဒီတစ်ခေါက် မင်းဘယ်လိုကိုင်တွယ်မလဲ ငါကြည့်ပါဦးမယ်”
.....
စစ်ကြောင့် မဟာထန်၏ စီးပွားရေးအခြေအနေအပေါ် မည်မျှကြောက်မက်ဖွယ် ကောင်းလောက်အောင် ပျက်စီးသွားကြောင်း ပြောဆိုနေသံများက ကျယ်သထက် ကျယ်လာသည်။ ပြင်းထန်သထက် ပြင်းထန်လာသည်။ မဟာထန်၏ နယ်စပ်အပေါ်တွင် ယခင်က ဖြတ်သန်းခွင့်ရထားသော တင်ပြချက်များ အားလုံးက စတင်ကာ ဆိုင်းငံ့ခံရ၏။ စစ်တပ်က လီနှစ်ရာခန့်အထိ ဆုတ်ထားရပြီး သဘောတူစာချုပ် မြို့များကိုလည်း ဖွင့်လှစ်ထားသည်။
ပို၍များပြားသော ဟူများကလည်း အတွင်းပိုင်းသို့ဝင်လျှက် ကုန်သွယ်မှုကို ပြုလာကြသည်။ ထိုသို့ဖြင့် သူတို့သည် ကို့ယို့ကားယားနိုင်သော လေသံမျိုးဖြင့် ထန်ဘာသာစကားကို ပြောလာကြသည်။ လီကျွင်းရှန်းက အင်ပါယာခုံရုံးအား ပစ္စည်းဝယ်သည့် ဟူတိုင်းကို ဝင်ခွင့်ပြုရန် တင်ပြထားသလို ထန်ဘာသာစကားပြောသော လူတိုင်းကိုလည်း လျော့ဈေး (၁၂)ရာခိုင်နှုန်းခန့် ပေးမည်ဟု တင်ပြထားသည်။ အင်ပါယာခုံရုံးက ခြားနားသော ကောက်ခံမှုမျိုးကို ရရှိမည်ဖြစ်သည်။
ထိုသို့ဖြင့် အရာအားလုံးက ချောမွေ့စွာနှင့် တိတ်တဆိတ် ရှေ့တက်နေခဲ့သည်။ လဝက်နီးပါးခန့် ကြာပြီးနောက် မဟာထန်တစ်ခုလုံးကို လှုပ်ခါစေသည့် သတင်းက ရောက်လာသည်။
ရုံးတော်ခြောက်ခုနှင့် အကြံပေးအရာရှိ လူကြီးမင်းတို့ ဆွေးနွေးဆုံးဖြတ်ပြီးနောက် အင်ပါယာခုံရုံးသည် တူရကီ၊ မာန်ရှဲ့ကျောင်း၊ တိဗက်၊ တန်နှင့် အခြားသော မျိုးနွယ်ခြားနယ်မြေများကို ထန်ဘာသာစကားကို သင်ယူရန် ထန်ယဉ်ကျေးမှုကို လေ့လာခွင့်ရရန် မြို့တော်အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဆိုသော သတင်းဖြစ်သည်။ အင်ပါယာခုံရုံးက သူတို့အား နေထိုင်စရိတ်များ ထောက်ပံ့ပေးထားမည်ဖြစ်ပြီး မဟာထန်ကြီး၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများကို ပျော်မွေ့ခံစားစေမည်ဖြစ်သည်။
ထိုသို့လာရောက်လည်ပတ်ခြင်းဟာ သာမာန်ပြည်သူများအား ဟူများကို နားလည်သွားစေမည်ဖြစ်သည်။ ထိုသို့ဖြင့် နှစ်ဖက်လုံးကလည်း အချင်းချင်း နားလည်လျှက် နားလည်မှု လွဲမှားမှုများကို လျော့ချစေနိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် အခြားသောတိုင်းပြည်များနှင့် ချစ်ကြည်ရင်းနှီးမှုတိုးလျှက် ငြိမ်းချမ်းမှုကို တည်ထောင်နိုင်မည်ဖြစ်သည်။
ခြိမ်းဆိုထားသော အချိန် ရောက်လာသောအခါ တစ်မြို့တော်လုံးက လာရောက်ကြည့်ရှု့ကြသည်။
“သား သွားရအောင် မင်းရဲ့အဖေက မင်းကို ဟူကိုကြည့်ဖို့ ခေါ်သွားပေးမယ်”
မနက်အစောပိုင်းတွင် အဖေနှင့်သားက မြို့ဂိတ်သို့ စိတ်လှုပ်ရှားစွာ အပြေးသွားကြသည်။ မြို့တော်သည် မဟာထန်ကြီး၏ မူဝါဒရေးရာဆိုင်ရာ စီးပွားရေးအရ အချက်အချာကျသော မြို့တော်ကြီးဖြစ်သော်လည်း မကြာခဏဆိုသလို ဟူကုန်သည်များက ဝင်ရောက်နေကြပြီဖြစ်သည်။ ဒီတစ်ကြိမ်ကမူ ခြားနား၏။ အင်ပါယာခုံရုံးမှ ကြေညာချက်အရ လာရောက်မည့်လူတိုင်းသည် ယခင်မြင်နေကျကဲ့သို့ ဗိုက်ပူပူ ဟူကုန်သည်များ မဟုတ်လေဘဲ အစစ်အမှန် သာမာန်ဟူများဖြစ်လေသည်။
သူတို့သည် မဟာထန်၏ သာမာန်ပြည်သူများနည်းတူ သာမာန်ဘဝတွင် နေထိုင်နေကြသည့် အသွေးအသားနှင့် လူများဖြစ်ပြီး လူတိုင်းမျှော်လင့်ထားသည့် သွေးဆာရက်စက်သော ဟူများမဟုတ်ချေ။ အင်ပါယာခုံရုံးသည် များပြားလှသော ဟူအမျိုးသမီးများ၊ ကလေးများ ပါလိမ့်မည်ဟု ပြောထားသည်။ သူတို့အားလုံးသည်လည်း မြို့တော်တွင် မြင်တွေ့ရန် ခက်ခဲသောလူများဖြစ်သည်။
ထိုအဖေနှင့်သားက မြို့အနောက်ဘက်ဂိတ်သို့ ရောက်သွားသောအခါ များပြားလွန်းသော လူအုပ်နှင့် တွေ့ဆုံသည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်ပူးပေါင်းကာ ကြည့်လိုက်ကြသည်။ အားလုံး၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို မြင်နိုင်၏။
ဘန်း
လူတိုင်းက စောင့်ကြိုနေသည့် အခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာသည်။ ဂိတ်တံခါးက ဝုန်းကနဲပွင့်သွားပြီး အပေါ်စီးမှ အော်ဟစ်အားပေးသံများက ထွက်လာသည်။
“သူတို့လာပြီ သူတို့လာပြီ အားလုံးပဲ မြန်မြန်ကြည့်ကြ။ ဟူတွေအများကြီးပဲ”
လူအုပ်အတွင်း ကျယ်လောင်သောအသံက ဖြတ်ပြေးသွားသည်။ တခဏခန့်ကြာပြီးနောက် မြင်းစီးလာသော ပုံရိပ်ပေါင်းများစွာက မြို့ထဲသို့ ဝင်ရောက်လာသည်။ ထို့အပြင် ကုလားအုပ်များကို စီးလာသောလူများလည်း ပါသည်။ သူတို့ကို စစ်တပ်မှ စစ်သည်တော်များက လိုက်ပါပို့ဆောင်ကြခြင်းဖြစ်သည်။
“သား ဟိုကိုကြည့်”
အဖေကသားကို မြောက်အောင် မြှင့်ချီပေးလျှက် အရှေ့ဘက်သို့ စိတ်လှုပ်ရှားစွာနှင့်ပြသည်။ ဟူထောင်ပေါင်းများစွာက အစီအစဉ်တကျ စီတန်းလျှက် မြို့ဂိတ်သို့ ချီတက်လာနေသော မြင်ကွင်းကို မြင်ရပြီဖြစ်သည်။ ထိုအဖေနှင့်သားက မျက်လုံးများပြူးကျယ်ကာ ကြည့်နေကြသည်။ ချက်ချင်းဆိုသလိုပင် ရှေ့ဆုံးမှလူသည် အရေးအကြောင်းများ ပြည့်နှက်နေသော လူအိုကြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့မျှော်လင့်ထားသောဟူကဲ့သို့ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ကြမ်းတမ်းသော စစ်သည်တော် တစ်ယောက်ကဲ့သို့ ဆေဘာနှင့်ဓားများကို ကိုင်ဆွဲထားသူမျိုးနှင့် မတူလေဘဲ သာမာန်လူအိုကြီးသာဖြစ်သည်။
သူသည် ကြမ်းရှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်ဖဝါးတွင်လည်း အရေးအကြောင်းများက ပြည့်နှက်နေသေးကာ ပိန်ပါးပြီး မာကြောပုံရသည်။ သူသည် သာမာန် ဟန်အကြီးအကဲထက် သန်မာပုံတော့ မရချေ။ သူ၏အနောက်ဘက်တွင် ဟူလူငယ်နှစ်ယောက်ပါသည်။ သူတို့သည် ဟူများဖြစ်သော်လည်း ဟန်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သတိကြီးကာ သန့်စင်ပုံပေါ်သည်။ ထို့ကြောင့် သူတို့မျှော်လင့်ထားသော ပျင်းစရာကောင်းသည့် ဟူများနှင့် မတူချေ။
အဝေးသို့ ဆက်ကြည့်မည်ဆိုလျှင် ထိုအဖေနှင့်သားက ဆံပင်တွင် ပန်းများပန်ထားသော အမျိုးသမီးနှစ်ယောက်ကို မြင်ရသည်။ ထိုနှစ်ယောက်သည် ပတ်ဝန်းကျင်သို့ ရှက်ရွံ့စွာကြည့်ရင်း သူတို့၏ မျက်နှာများက ရှက်သွေးကြွယ်သွားကြသည်။ သိသာစွာပင် ထိုနှစ်ယောက်သည်လည်း မဟာထန် မြို့တော်သို့ ရောက်ဖူးပုံမရသလို ယခုလိုစည်ကား သာယာဝပြောသော မြို့ကိုလည်း မြင်ဖူးပုံမရချေ။ အားလုံးက လတ်ဆတ်ပြီး သစ်လွင်သော ခံစားချက်မျိုးကို ရနေသည်။
“ကျားရာလီ အဲ့ဒီကိုကြည့်စမ်း ဘယ်လောက်လှတဲ့ အိမ်တွေလဲ။ ဒီနေရာက တကယ်အံ့ဩဖို့ကောင်းတာပဲ”
မြင်းကျောပေါ်မှ မိန်းမငယ်လေးတစ်ယောက်က သူမကိုကြည့်နေသော လူအုပ်ကို သိပ်အာရုံမစိုက်ချေ။ သူမ၏မျက်လုံးက ပျံတက်မတက် လှပသော တံစက်မြိတ်ခုံးများနှင့် လှပစွာ ဆေးခြယ်ထားသော စားသောက်ဆိုင် တစ်ဆိုင်ထံသို့ရောက်သွားသည်။ သူမက ဘိလပ်မြေသားဖြင့် လုပ်ထားသော ထွက်နေသည့် အမိုးစွန်းများကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေသည်။ သူမမြင်သမျှ အရာအားလုံးက ဆရာဖြစ်သူက ကျောင်းတွင်ဖော်ပြထားသော မြင်ကွင်းထက်ပင် အဆပေါင်းများစွာ ခမ်းနားကြီးကျယ်နေသေးသည်။
ထို့ပြင် အတန်းလိုက်စီနေသော အဆောက်အဦးများ၊ လေတွင်လွင့်နေသော အလံများ၊ လမ်းမပေါ်တွင် ပြည့်နှက်နေသော လူအုပ်များနှင့် အမျိုးမျိုးသော ပိုးသားထည်များ၊ ဖိနပ်များ အားလုံးက မဟာမြက်ခင်းလွင်ပြင် ဒေသတွင် မြင်ခဲ့ဖူးသမျှနှင့် ခြားနားနေသည်။
“ဒီနေရာက တော်တော်လှတာပဲ။ ငါအိမ်မက် မက်နေသလိုပဲ”
ကျားရာလီဟုခေါ်သော အမျိုးသမီးက သူမ၏ အပေါင်းအဖော်ထက်ပင် ပို၍အံ့ဩသွားသေးသည်။
ဝှစ်
ကောင်မလေးနှစ်ယောက်က စကားပြောနေသည့် အချိန်တွင် အနောက်ဘက်မှ ဟူလူငယ်တစ်ယောက်က ရုတ်တရက် မြင်းပေါ်မှ လျောဆင်းသွားရင်း လမ်းဘေးတွင် အသားပေါက်စီရောင်းသော ဆိုင်တစ်ဆိုင်သို့ အပြေးသွားသည်။
ထိုအပြုအမူက ရုတ်တရက်ဆန်သဖြင့် အားလုံးကို အစီအစဉ်တကျ ရှိစေရန် တာဝန်ယူထားရသော စစ်သားများကပင် သတိလွတ်မတက် ကြောင်သွားကြသည်။ သို့သော် သူတို့က ထိုလူငယ်ကိုတားရန် နောက်ကျသွားပြီဖြစ်သည်။ ထိုအသားပေါက်စီရောင်းသော ဆိုင်ပိုင်ရှင်ကဆိုလျှင် ကြောက်လန့်လွန်းသဖြင့် မျက်နှာကပင် ဖြူဖျော့သွားသည်။
“မဟုတ်ဘူး မဟုတ်ဘူး မလာနဲ့”
ဆိုင်ပိုင်ရှင်က ကြောက်လန့်တကြားပြောသည်။
“ဒါ ဒါက ဘယ်လောက်လဲ”
ထိုဟူလူငယ်က ကို့ယို့ကားယားဖြစ်နေသော ထန်ဘာသာစကားနှင့် ပြောသည်။ သူသည် ရှက်တတ်ပုံရသည်။ ထိုသို့ပြောလိုက်ပြီးနောက် သူသည် သူ့တွင်ပါလာသော ကြေးပြားအချို့ကို ထုတ်လျှက် ပေးလာသည်။
???
ဆိုင်ပိုင်ရှင်က အံ့အားသင့်မှုကြောင့် မေးရိုးအဟောင်းသားဖြစ်သွားသည်။ ထို့နောက် အချို့ယူပြီးမှသာ အသိပြန်ဝင်နိုင်သည်။
“အဝေးကြီးကလာရတဲ့ ဧည့်သည်တွေပဲ။ ငါတစ်ပြားပဲ ယူလိုက်မယ်။ တစ်ပြားဆိုရင် လုံလောက်တယ်”
ဆိုင်ပိုင်ရှင်က ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ပူနွေးနေသော ထိုပေါက်စီများကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
ထိုလူငယ်က အသားပေါက်စီနှစ်လုံးကို ယူပြီးနောက် တစ်လုံးကို အကြီးကြီး ကိုက်ချလိုက်ကာ ကျေးဇူးတင်ကြောင်း ပြောသည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်ပင် ကျချင်လာသည်။
“ငါစားလိုက်ရပြီ ငါ ဆရာပြောပြောနေတဲ့ အသားပေါက်စီကို စားလိုက်ပြီ”
လူငယ်က လေထဲသို့ လက်မောင်းမြှောက်လိုက်ကာ အော်ဟစ်ရင်း သူ၏အပေါင်းအဖော်များစီ အပြေးသွားကာ အော်ပြောသည်။
ဘုန်း
လူငယ်၏ သူရဲကောင်းဆန်သော လုပ်ဆောင်မှုကို မြင်သောအခါ အခြားသော ဟူများက ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် မြို့တော်မှလူများသည် တခဏကြာအောင် အံ့အားသင့်နေပြီးနောက်တွင် ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။
ဟူး...
မြို့တော်သို့လာနေကျ ဟူကုန်သည်များသည် မကြာခဏ တွေ့နေကျ မဟုတ်သည့်တိုင်အောင် ထိုသာမာန်ဟူသည် ပြင်ကျယ်တွင်သာ နေနေကျဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် မြို့တော်မှလူများသည်လည်း ဟူများသည် သူတို့နည်းတူသာဖြစ်ကြောင်း ရှာတွေ့လိုက်ကြသည်။ သူတို့သည်လည်း အသားမည်းကြသည်။ ပါးရေတွန့်နေသော အကြီးအကဲများလည်းရှိသည်။ ထို့ပြင် ယခုလိုမျိုး အနားဝန်းကျင်ရှိ အရာအားလုံးကို စိတ်ဝင်စားသည့် လူငယ်များနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်များလည်း ရှိကြသည်။
သူတို့၏ လူငယ်များသည်လည်း ရှက်တတ်သည်။ ကြင်နာတတ်သည်။ စိုးရိမ်သောဘက်ခြမ်း ရှိ၏။
သူတို့သည်လည်း ဗဟိုပြင်ကျယ်မှ သာမာန်လူများနည်းတူဖြစ်ပြီး သူတို့မျှော်လင့်ထားသည်နှင့် ခြားနားနေသည်။
ဘုန်း
သူတို့က ထိုအချက်ကို သတိထားမိသွားသောအခါ လူအုပ်က စတင်ကာ ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။ အားလုံးကို အစီအစဉ်တကျရှိရန် ထိန်းသိမ်းထားသော စစ်သည်တော်များက ထိုအခြေအနေကို မြင်သောအခါ ပြုံးကြသည်။ ရှည်ကြာလွန်းသော အဆုံးအစမဲ့သည့် စစ်ပွဲများပြီးနောက် ဟူနှင့်ထန်များသည် ငြိမ်းချမ်းသောကာလကို နောက်ဆုံးတွင် ကြိုဆိုနိုင်ပြီဖြစ်သည်။
နားလည်သဘောပေါက် လွဲမှုများ၊ ထူးဆန်းမှုများသာ မရှိလာတော့လျှင် နှစ်ဖက်လုံးမှ သာမာန်ပြည်သူများသည်လည်း တဖက်ခြမ်း၏ အစစ်အမှန် မျက်နှာကို မြင်နိုင်လောက်သည်။
“ဟား ဟား ဟား သားကြည့် ဟူတွေက ကြောက်စရာမကောင်းပါဘူး ဟုတ်တယ်မလား”
လူအုပ်၏ အစွန်နားတွင် သားဖြစ်သူကို ပုခုံးပေါ်တင်ပေးထားသည့် အဖေဖြစ်သူက လေထဲမှ ပျော်ရွှင်ဖွယ်ကောင်းပြီး သာသာယာယာရှိသော လေထုအခြေအနေကို ခံစားမိနိုင်သည်။
စစ်သည်တော်များနှင့် လူအုပ်၏ ကျယ်လောင်စွာ အော်ဟစ်အားပေးကာ လိုက်ပါပို့ဆောင်မှုအောက်တွင် ထောင်ပေါင်းများစွာသော ဟူများက မြို့ဂိတ်များကို ကျော်ဖြတ်လျှက် မြို့တော်အတွင်းပိုင်းသို့ ဝင်ရောက်ရင်း သူတု့ိအတွက် စီစဉ်ပေးထားသော တည်းခိုဆောင်များသု့ိ သွားကြသည်။
ထိုအခိုက်အတန့်တွင် လမ်းပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်ထံမှ စောင့်ကြည့်နေသော မျက်လုံးတစ်စုံကို မည်သူကမှ သတိမထားမိလောက်ချေ။ မျက်လုံးပိုင်ရှင်က တဖြည်းဖြည်းချင်း အကြည့်လွှဲသွားသည်။ သူ၏မျက်နှာတွင် စိုးရိမ်မှုက ရှိနေ၏။
“အရှင် ဒီတိုင်းဆက်ဖြစ်နေရင် မမှန်ကန်တဲ့ ဆုံးဖြတ်မှုတွေက ပိုများလာလိမ့်မယ်။ သူတို့က ဒီလိုကြင်နာတတ်ပြီး သန့်စင်တဲ့လူက ဟူတိုင်းကို ကိုယ်စားပြုတယ်လို့ ထင်သွားလိမ့်မယ်။ ဒီလိုနဲ့ နယ်စပ်က တင်ပြချက်တွေအားလုံးက စစ်သည်တော်တွေက တမင်တကာ ကျော်ကြားချင်လို့ တုပဖန်တီးထားတာလို့ ယုံကြည်သွားကြလိမ့်မယ်။ ကွန်ဖြူးရှပ်ဂိုဏ်းက အဲ့ဒီလူတွေက သာမာန်လူတွေကို နားလည်မှုလွဲမှားအောင် လုပ်နေတာပဲ”
စုရွှတ်ရွှမ်းက ပြတင်းပေါက်ဘေးနားမှနေ၍ စိုးရိမ်တကြီးပြောသည်။
အင်ပါယာခုံရုံးက ကြေညာချက်ထုတ်သော အချိန်မတိုင်ခင် သူသည် သခင်ဖြစ်သူကို ဒီတည်းခိုဆောင်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ သူတို့မျက်စိရှေ့မှ မြင်ကွင်းက အမှန်ပင် စိတ်အေးစေပြီး ငြိမ်းငြိမ်းချမ်းချမ်းရှိသော ခံစားချက်မျိုးကို ပေးစွမ်းနေသလို ထိုဟူအကြီးအကဲများနှင့် ဟူများသည်လည်း ခြိမ်းခြောက်မှုမရှိသည်မှာ မှန်ကန်သော်လည်း စုရွှတ်ရွှမ်းက မပျော်နိုင်ချေ။ လူများသည် တစ်ဖက်ခြမ်းထဲကိုသာမြင်ပြီး ထိုတစ်ဖက်ခြမ်းထဲကိုသာ ကြည့်သွားလျှင် အခြားတစ်ဖက်ခြမ်းကို မေ့သွားရန်လွယ်သည်။
ဟုတ်တယ် ဒီလိုကြင်နာတတ်တယ်။ ရှက်တတ်တယ် ဆိုတာတွေက ဟူတွေဖြစ်သလို အဲ့ဒီရက်စက်ပြီး ယုတ်မာသလို ရုတ်ရင့်ကြမ်းတမ်းလွန်းတဲ့ လူတွေကလည်း ဟူတွေပဲ။ အဲ့ဒီမီးခိုးရောင် အသားအရည်နဲ့ အကြီးအကဲတွေ မွေးထားတဲ့ အဲ့ဒီစစ်မြင်းတွေက မြက်ခင်းလွင်ပြင် ဒေသမှာဆိုရင် သားသတ်သမားတွေရဲ့ သားရဲတွေ ဖြစ်သွားနိုင်တယ်။ အင်အားအပြည့် တက်ကြွနေတဲ့ အဲ့ဒီအမျိုးသမီးငယ်တွေက သိုးတွေကနေ အသားခြောက်တွေ ဖန်တီးပြီး သိုးအုပ်ကိုကျောင်းတာတွေ၊ စစ်တပ်အတွက် ရိက္ခာခြောက်တွေ ပြုလုပ်ပေးနိုင်တယ်။ နောက်ပြီး အဲ့ဒီရှက်တက်ပြီး ကြောက်ရွံ့တတ်တယ်ဆိုတဲ့ အဲ့ဒီလူငယ်တွေကလည်း....