အခန်း (၁၂၈၆-၁၂၉၀)
Vol. 76 Ch. 1286-1290
အခန်း(၁၂၈၆)
လူတွေရဲ့ဆန္ဒ
ဘယ်လောက်များပြားတဲ့ လူတွေကများ သူတို့အခု မြင်နေရတဲ့ ရှက်တတ်ပြီး ကြောက်လန့်နေတဲ့ လူငယ်တွေက ရက်စက်ပြီး သွေးဆာတဲ့ ဟူမြင်းတပ်အဖွဲ့ဝင် ဖြစ်မလာဘူးလို့ မမြင်ချင်ယောင် ဆောင်နိုင်ကြလို့လဲ။
နယ်စပ်က ဘယ်လောက်များပြားတဲ့ ဟန်အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေက ဒီဟူတွေရဲ့ ဓားတွေ၊ ဆေဘာတွေ လက်ထဲကိုကျပြီး ကိုယ်တိုင် သွေးအိုင်ထဲမှာ မမျောဘူးကြလို့လဲ။
အရက်စက်ဆုံး သားသတ်သမားက ကြင်နာမျက်နှာကို ဆောင်ထားနိုင်သလို မိဘတွေကို သိတတ်ပုံလည်း ပြနိုင်ကြတယ်။ နောက်ပြီး သူတို့ရဲ့ကလေးတွေကို ပူပန်မှုလည်း ပြနိုင်ကြတယ်။ ဒါပေမဲ့ သူတို့က တိုက်ပွဲနယ်မြေထဲကို ခြေချလိုက်ပြီဆိုတာနဲ့ သူတို့ရဲ့ရန်သူအပေါ် ဘယ်တော့မှ ညှာတာပေးတော့မှာ မဟုတ်ဘူး။
“သွားရအောင်”
ဝမ်ချောင်က သက်ပြင်းချသည်။ သစ္စာရှိသူ၏ အကြံပေးစကားသည် နားဝင်ဆိုးသည်။ တစ်စုံတစ်ရာသော ကိစ္စက မှန်ကန်နေသော်လည်း လူတိုင်းက နားထောင်နေမည်ဟု မဆိုလိုသေးချေ။ လူတိုင်းက သူတို့ယုံကြည်ချင်သော အရာကိုသာ မြင်ရန်ဆန္ဒရှိကြလေသည်။
လူများ၏နှလုံးသားသည် ပြောင်းလဲသွားလေပြီ။
ဝမ်ချောင်၏ မျက်ဝန်းများက စိုးရိမ်ပူပန်မှုများဖြင့် တောက်လောင်လာသည်။
တစ်ချိန်ထဲတွင်ပင် လမ်း၏ အခြားတစ်ဖက်ခြမ်းတွင် ထိုမြင်ကွင်းကို ငုံ့ကြည့်နေသော ပုံရိပ်တစ်ခုလည်း ရှိသည်။ ဝမ်ချောင်နှင့် မတူသည်မှာ ထိုလူကမူ တိုင်းပြည်တိုင်းမှလာသော ထိုလူများက အချင်းချင်း ရယ်မောကာ နှုတ်ခမ်းတွင် အပြုံးများ ချိတ်ဆွဲလျှက်ရှိနေကြကြောင်း မြင်ရချိန်တွင် ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
ကြိုးစားအားထုတ်မှုတိုင်းက တန်ကြေးရလိုက်သည်။ မဟာထန်မှလူများသည် အခြားသော တိုင်းပြည်များမှ လူများကို ရင်းနှီးကျွမ်းဝင်စွာနှင့် ဆက်ဆံနေကြကြောင်း မြင်သောအခါ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူများက မှန်ကန်ကြောင်း ထပ်မံပြီး သက်သေပြလိုက်ပြန်သည်။ လူတိုင်းကသာ တူညီသောစိတ်များ ရှိနေခဲ့လျှင် သူတို့သည် ခြားနားသော ပုံပန်းသွင်ပြင် ပေါ်နေသည့်တိုင်အောင် မတူသော ဘာသာစကားများကို အသုံးပြုနေခဲ့သည့်တိုင်အောင် မတူညီသော တိုင်းပြည်များတွင် နေနေခဲ့သည့်တိုင်အောင် မတူညီသော ဓလေ့ထုံးတမ်းများ ပိုင်ဆိုင်ထားသည့်တိုင်အောင် အဆုံးသတ်တွင် မတူညီသော အရာများအားလုံးကို ဘေးဖယ်ထားပြီး သူတို့၏ စိတ်နှင့်နှလုံးသားက တူညီနိုင်သည်။ ဒီနည်းအားဖြင့် သူတို့သည် တူညီသောစိတ်နှင့် ခံစားချက်များကို မျှဝေနိုင်သည်။ မသိရသော အကြောင်းအရာများမှ စစ်ပွဲများ ဖြစ်လာနိုင်သည်။ နားလည်မှုလွဲမှားမှု၊ မသိနိုင်မှု အကြောင်းအရာများမှ စစ်ပွဲများက ဖြစ်လာတတ်သည်။
နှစ်ဖက်လုံးကသာ တစ်ဖက်လူများသည်လည်း သူတို့နည်းတူ အသွေးအသားများဖြင့် ဖွဲ့စည်းထားသော သာမာန်လူများဖြစ်ကြောင်း သိနေကြမည်ဆိုလျှင် စစ်ပွဲများက အလွယ်တကူ အဆုံးသတ်သွားနိုင်သည်။ ထိုခမ်းနားကြီးကျယ်သော စိတ်ကူးကို အကောင်အထည်ဖော်ရန် အလို့ဌာ တစ်စုံတစ်ယောက်ကတော့ဖြင့် လှုပ်ရှားမှုတစ်ခုကို စလုပ်ရန် ကြိုးစားရပေမည်။
လီကျွင်းရှန်းက ခေါင်းကိုလှည့်လျှက် အနောက်ဘက်မှလူများကို ပြောလိုက်သည်။
“သွားရအောင် နောက်ထပ် ကိစ္စတစ်ခုကို အမြန်အကောင်အထည်ဖော်ဖို့ အကြောင်းကြားလိုက်”
“ဟုတ်ကဲ့သခင်လေး”
အကြီးအကဲစုန့်နှင့် အခြားသူများဟာ ဂါရဝပြုကြသည်။
လီကျွင်းရှန်းသည် အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ပြီး စားပွဲမှထသည်။ သူက အပြင်ဘက်တွင် စည်းစည်းလုံးလုံးနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေကြသောလူများကို တစ်ချက်ကြည့်လိုက်သေးသည်။ သူ၏ ကြယ်ရောင်မျက်ဝန်းများက ဆုံးဖြတ်ချက် ပြတ်သားလာသည်။ မတူညီသော တိုင်းပြည်မှ လူများက အချင်းချင်း အတူရှိနိုင်ကြသည်။ ထိုလေသာဆောင်အပြင်ဘက်ရှိ မြင်ကွင်းက တစ်လောကလုံးအတွက် အလွန်အမင်း အဖိုးတန်သည်။ ထိုမြင်ကွင်းနှင့်ဆိုလျှင် သူသည် မည်သည့်တန်ကြေးကိုမဆို ပေးရန် ဆန္ဒရှိသည်။ တစ်စုံတစ်ယောက်ကသာ သူ့ကိုတားရန် ကြိုးစားမည်ဆိုလျှင် တိုင်းပြည်တိုင်းမှ လူတိုင်းနှင့် မြင့်မားလွန်းသော အကြံအစည်အတွက်ကြောင့်နှင့် သူသည် ထိုလူကို စတေးရပေမည်။
ဝှစ်
လေက ဖြတ်တိုက်လာသောအခါ လီကျွင်းရှန်းက စားသောက်ဆိုင်တွင်းမှ ပျောက်ကွယ်သွားသည်။
.....
ရက်ပေါင်းများစွာ ကြာပြီးနောက် ဝမ်မိသားစုစံအိမ်တွင် ...
“အရှင့်သား လမ်းတွေမှာ အသံတစ်သံ စထွက်လာတယ်။ လူတွေအတူ စုစည်းပြီး နောက်ထပ် စစ်တွေ မဖြစ်တော့ဖို့ တောင်းဆိုနေတယ်”
မနက်အစောပိုင်းတွင် စုရွှတ်ရွှမ်းက ဝမ်ချောင်၏အခန်းထဲသို့ အပြေးဝင်လာသည်။
အခြေအနေဟာ ဆိုးသထက် ဆိုးလာသည်။ လက်ဖက်ရည်စံအိမ်များနှင့် တည်းခိုဆောင်များတွင် ပြောသော ပုံပြင်များက နယ်စပ်ဘက်မှ စစ်မဖြစ်ခင်နှင့် စစ်ဖြစ်ပြီးနောက်ပိုင်း ငွေကြေးအခြေအနေ ပြောင်းလဲလာမှုမှတစ်ဆင့် မြို့တော်ထဲသို့ ဝင်ရောက်လာသော အမျိုးမျိုးသော တိုင်းပြည်များနှင့် ဟူအကြောင်း ပါလာပြီး တိုင်းပြည်အတွင်းတွင် စစ်ပွဲကို အကြောက်အကန် ငြင်းဆန်မှုများက ပြင်းထန်သထက် ပြင်းထန်လာသည်။ ပတ်ဝန်းကျင်တိုင်းပြည်များ၏ အလုံးအရင်းနှင့် လက်နက်လျော့ချမှုအပြင် စစ်တပ်အင်အားကို လျော့ချလိုက်ခြင်းက ထိုအသံများကို ပို၍ပင် အင်အားမြှင့်တင်ပေးလိုက်ပြီး အခြေအနေကို ပို၍ပင် ဆိုးရွားလာစေသည်။
ထိုသို့ဖြင့် မကြာခဏဆိုသလို သင့်တော်သော အကြောင်းပြချက်များက ထွက်လာသည်။
“လူအုပ်ထဲမှာရှိတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက လူတွေက သူတို့ရဲ့အသံကိုသုံးပြီး လမ်းညွှန်ဖို့ ကြိုးစားနေတာလား”
ဝမ်ချောင်က တည်ငြိမ်စွာမေးသည်။
“မဟုတ်ပါဘူး”
စုရွှတ်ရွှမ်းက ခေါင်းခါသည်။
“သူတို့အကုန်လုံးက မြို့တော်က စစ်မဖြစ်ရဆိုတဲ့ လေထုအခြေအနေအောက်မှာ လွှမ်းမိုးခံလိုက်ရတဲ့ လူနည်းစုအဖွဲ့လေးတွေပါပဲ။ အဲ့ဒီလိုနဲ့ သူတို့က အတူပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြတာ”
ဝမ်ချောင်က ဘာစကားမှမဆိုပေ။ မျက်လုံးကိုသာမှိတ်ထားပြီး ထိုမျက်လုံးအတွင်းမှ စိုးရိမ်မှုများကို ဖုံးကွယ်ထားသည်။
“ငါတို့ တစ်ခုခုလုပ်ရမယ်”
ဝမ်ချောင်ကပြောသည်။ သူသည် ခေါင်းကိုအသာမော့လိုက်သည်။ သူ၏စိတ်ကမူ မုန်တိုင်းထန်နေပြီဖြစ်သည်။
စစ်ပွဲသည်ရက်စက်သည်။ မည်သူကမှ မပျော်မွေ့ချေ။ သာမာန်ပြည်သူများက စစ်ပွဲကို နွမ်းလျသည်လည်း ဖြစ်သင့်သည်။ သို့သော် ကလေးတစ်ယောက်၏ ကစားပွဲနှင့် မတူသည်မှာ သူတို့သည် စစ်ပွဲအတွင်းတွင် ဘာမှမလုပ်ဘဲ နေ၍မရချေ။ ထိုစစ်ပွဲအတောအတွင်းတွင် ခံစားချက်များကလည်း ဘာမှမဟုတ်တော့ချေ။ တစ်စုံတစ်ယောက်က စစ်ပွဲကို မုန်းတီးသည်ဖြစ်စေ၊ ချစ်မြတ်နိုးသည်ဖြစ်စေ စစ်ပွဲကိုရင်ဆိုင်ရသောအခါ တိုက်ခိုက်မည် မတိုက်ခိုက်မည်ဆိုသော ရွေးချယ်စရာသာရှိသည်။
စစ်ပွဲတစ်ခုကို မတိုက်ခိုက်ခြင်းဖြင့် နယ်မြေများကိုပျက်စီးပြီး လူများကို သေဆုံးစေနိုင်သလို အရာအားလုံးက သုတ်သင်ခံရနိုင်သော အချက်ကို ထည့်တွက်ရဦးပေမည်။ ထိုအခြေအနေတွင် စစ်ပွဲကို မုန်းတီးသည် မမုန်းတီးသည်ဆိုသော အခြေအနေက အရေးမကြီးတော့ချေ။
ရန်သူက အိမ်တံခါးကို လာခေါက်သောအခါ ငြင်းဆန်ပိုင်ခွင့်မရှိတော့ချေ။ ကွန်ဖြူးရှပ်ဂိုဏ်း၏ အကြံအစည် စိတ်ကူးများဟာ ရိုးရှင်းလွန်းသည်။ ပို၍ဆိုးသည်မှာ သာမာန်လူများသည် ထိုအတွေးနှုန်းအတိုင်း စစ်ပွဲကို ရိုးရှင်းလွန်းစွာ တွေးနေခြင်းဖြစ်သည်။ ဝမ်ချောင်သည်လည်း လက်ရှိအခြေအနေက အင်အားကို တည်ဆောက်နေခြင်းဖြစ်ကြောင်း အာရုံခံမိပြီးသားဖြစ်သည်။ ကွန်ဖြူးရှပ်ဂိုဏ်းများက လမ်းညွှန်ပြသပေးခြင်းအားဖြင့် ဒီလိုအခြေအနေမျိုး ဖြစ်လာသော်လည်း ပို၍ နက်ရှိုင်းပြီး အခြေခံကျသော အကြောင်းပြချက်များရှိကြောင်း နားလည်သည်။
လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းက ဒီအရာကို အများသိစေရန် မွှေနှောက်ပြီး မောင်းတင်ပေးရုံသာ ဖြစ်သည်။ သူတို့မရှိလျှင်ပင် ထိုစွမ်းအင်ဆိုသောအရာဟာ ပေါ်ထွက်လာလောက်သေးသည်။ လူတစ်ယောက်က လျစ်လျူရှု့ရန် ကြိုးစားမည်ဆိုလျှင် ပို၍ကြီးမားလာရုံသာ ရှိပေလိမ့်မည်။
ဝမ်ချောင်က မျက်လုံးကိုမှိတ်ရင်း ရုတ်တရက်ပြောလိုက်သည်။
“ဗိုလ်ချုပ်များရဲ့ အခြေစိုက်စခန်းနဲ့ပတ်သတ်ပြီး အခြေအနေ ဘယ်လိုရှိလဲ”
စုရွှတ်ရွှမ်းက တိတ်ဆိတ်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူကပြောသည်။
“ဒီစခန်းထဲကို လူအင်အားအမြောက်အများ၊ အရင်းအမြစ် အမြောက်အများ ထည့်သွင်းပြီးတဲ့နောက်မှာ အချိန်အတိုင်း ပြီးဆုံးသွားမှာပါ။ ဒါပေမဲ့ အခုတော့ စစ်သားတွေက မသက်မသာ ဖြစ်နေကြပြီ။ ဗိုလ်ချုပ်စခန်းကလည်း လျှောက်လာတဲ့အများကြီး မရဘူး။ လူဟောင်း စီနီယာကျန်းကတောင် ကျွန်တော်တို့ဖွင့်မဲ့ရက်ကို နောက်ရွေ့သင့်လားဆိုပြီး အရှင့်သားကို မေးမြန်းထားသေးတယ်”
ငြိမ်းချမ်းရေးကို တောင့်တပြီး စစ်ပွဲကို ရွံ့ရှာစက်စုတ်ခြင်းသည် မြို့တော်မှလူများအပေါ်သာ သက်ရောက်သွားခြင်းမဟုတ်လေဘဲ နယ်စပ်မှ စစ်သားများပေါ်လည်း သက်ရောက်သည်။ ယွီစန်း၊ အရှေ့ပိုင်းနှင့်အနောက်ပိုင်းတူရကီ၊ အာရေးဗီးယား၊ မာန်ရှဲ့ကျောင်း... မဟာထန်တွင် ဝိုင်းနေသော တိုင်းပြည်တိုင်းက သူတို့၏ စစ်တပ်အင်အားကို တစ်သန်းနီးပါး လျော့ချပေးလိုက်သည်။ ထိုကဲ့သို့သော ကိစ္စက ယခင် မဟာထန်၏သမိုင်းတွင် မဖြစ်ပျက်ခဲ့ဖူးချေ။ မဟာထန်သည်လည်း ထိုတိုင်းပြည်များ အားလုံးနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားပြီး ထိုမျိုးနွယ်ခြားများ၏ စစ်တပ်ကလည်း မူရင်းခံတပ်နေရာနှင့် လီသုံးရာခန့်အထိ နောက်ဆုတ်ထားပြီး မဟာထန်ဘက်က လီနှစ်ရာထိ နောက်ဆုတ်ပေးထားသည်။
ဆိုလိုသည်မှာ ယခုအခါ ထိုစစ်တပ်များသည် အချင်းချင်း လီငါးရာနီးပါး ဝေးနေကြပြီဖြစ်သည်။ မည်သည့်ကင်းထောက်ကိုမှလည်း မတွေ့ရတော့ချေ။ ထိုအခြေအနေက ဓားများကိုင်ကာ လမ်းလျှောက်ရင်း အသင့်ပြင်ထားသော လေထုအခြေအနေမှ လူမနေသော ကန္တာရအသွင် ပြောင်းလဲသွားသည်။ ပါဝင်ကြသော စစ်သားများက မည်သူ့ကိုမှ ရင်ဆိုင်ပြီး ခုခံစရာ မလိုအပ်တော့ချေ။
တစ်ဖက်ခြမ်းကသာ ရန်လိုမှုများမရှိလျှင် ရန်သူကိုသာ အာရုံမခံမိလျှင် စစ်တပ်က တည်ရှိစရာအကြောင်း မရှိချေ။
လက်ရှိအခြေအနေမျိုးတွင် စစ်တပ်က အတွေ့အကြုံအရှိဆုံးသော သူများကပင် ကြောင်တောင်တောင် ဖြစ်နေလောက်သည်။ မဟာထန်သည် ထိုတိုင်းပြည်များနှင့် အမှန်တကယ် ငြိမ်းချမ်းရေးယူနိုင်ပြီလောဟု တွေးနေလောက်၏။ ထိုစစ်သားများ၏ တည်ရှိမှုက မလိုအပ်သလောက်နီးပါး ဖြစ်သွားမည်ဟုပင် သုံးသပ်နေလောက်သည်။
ထိုအချက်အလက်များအားလုံးကို စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်နှင့် ဝမ်ချောင်တို့ထံသို့ နယ်စပ်မှ ဗိုလ်ချုပ်များက ဆက်တိုက်ပို့ထားသည်။
“မလိုဘူး စီနီယာဟောင်းကျန်းနဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်ကို ပုံမှန်အတိုင်း ဆက်လုပ်ဖို့ ပြောထားလိုက်။ ဒါတွေအပြင် ကွန်ဖြူးရှပ်ဂိုဏ်းကို အထူးတလည် စောင့်ကြည့်ထား။ ဒါကပဲ သူတို့လိုချင်တာမဟုတ်ဘူးလို့ ငါခံစားမိနေတယ်။ သူတို့ တစ်ခုခု သေချာပေါက် လုပ်လိမ့်မယ်”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“ဒီလက်အောက်ငယ်သားက ဒီအမိန့်ကို သွားရောက်ပို့ဆောင်လိုက်ပါ့မယ်”
......
အမှုထမ်းရေးရာရုံးတော် လူကြီးမင်းစံအိမ်....
နေ့အချိန်အတောအတွင်း ထိုနေရာအတွင်း မရေမတွက်နိုင်သော လူပေါင်းများစွာက ဝင်လိုက်ထွက်လိုက် ရှိနေသော်လည်း ညအချိန်တွင်မူ မရေမတွက်နိုင်သော သတင်းပို့ငှက်များက ပျံလိုက်ထွက်လိုက် ရှိနေသည်။ အချို့သည် အမျိုးမျိုးသော တိုင်းပြည်များထံမှလာပြီး အချို့သည် မြို့တော်မှဖြစ်သလို အချို့သည် မဟာထန်အနှံ့တွင်ရှိသော မြို့တော်များမှဖြစ်သည်။ ထို့ကြောင့် ထိုလူများနှင့်ပတ်သတ်သော အချက်အလက်များ အားလုံးကို ထိုနေရာတွင် တစ်စုတစ်စည်းတည်း မြင်နိုင်သည်။ ညအချိန် ကျရောက်လာသောအခါ အမှုထမ်းရေးရာရုံးတော်စံအိမ်က အစောင့်အကြပ် တင်းကြပ်စွာတည်ရှိနေပြီး မရေမတွက်နိုင်သော လက်နက်အပြည့်အဝ တပ်ဆင်ထားသည့် စစ်သားများက ပတ်ဝန်းကျင်တစ်ခုလုံးကို သတိအပြည့်ကပ်လျှက် စောင့်ကြည့်စစ်ဆေးနေကြကာ မည်သူ့ကိုမှ သတိလက်လွတ် မနီးကပ်နိုင်အောင် စောင့်ကြည့်နေသည်။
အမှုထမ်းရေးရာရုံးတော် လူကြီးမင်းစံအိမ်၏ အလယ်တွင် တောက်ပလင်းထိန်နေသည်။ မရေမတွက်နိုင်သော မီးအိမ်နှင့် ဖယောင်းတိုင်များ၏ အလင်းအောက်တွင် ဝင်လိုက်ထွက်လိုက်လုပ်နေသော အင်အားကြီးမားသည့် ပုံရိပ်ပေါင်းများစွာ၏ အရှိန်အဝါကို မြင်နိုင်သည်။ ထိုလူများအားလုံးသည် သူတို့၏ လက်ကောက်ဝတ်တွင် ကွန်ဖြူးရှပ်ဂိုဏ်း၏ မှင်သင်္ကေတကို ပိုင်ဆိုင်ထားကြသည်။
“အခြားတိုင်းပြည်တွေက လက်နက်အင်အား လျော့ချတယ်ဆိုတာနဲ့ပတ်သတ်ပြီး ဘယ်လိုအခြေအနေ ရှိလဲ”
ခန်းမ၏အလယ်တွင် သစ်သားစားပွဲရှိသည်။ စားပွဲပေါ်တွင် ကြည်လင်သော ရေနွေးကြမ်းတစ်ခွက်ကလွဲပြီး ဘာမှရှိမနေခဲ့ချေ။ လီကျွင်းရှန်းက စားပွဲနားတွင် ထိုင်နေသည်။ သူ၏ ချောမောပြီး ကျော့ရှင်းကြည့်ကောင်းသော မျက်နှာက ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ ခန်းမထဲရှိ လေထုဟာ တောင့်တင်းနေသည်။
“သခင်လေး အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်နေတာပါ။ ဂိုဂူလျောက အရင်ဆုံး လက်နက်ကို လျော့ချလိုက်တာပါ။ ငါတို့က လူတွေလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းခဲ့တဲ့နောက်မှာ သူတို့က စစ်သည် နှစ်သိန်းရှစ်သောင်း အတိအကျ လျော့ချပေးခဲ့တာကို တွေ့လိုက်ရတယ်။ ဒါတွေအပြင် အရှေ့ပိုင်းနဲ့အနောက်ပိုင်း တူရကီ၊ ယွီစန်း၊ ရှီ၊ ခစ်ထန်နဲ့ အာရေးဗီးယားတွေ အားလုံးကလည်း သူတို့ရဲ့ သဘောတူညီချက်ကို ထိန်းသိမ်းထားကြပြီး သူတို့လုပ်ပေးမယ်လို့ပြောတဲ့ အရေအတွက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်ပိုပြီးတော့တောင် လျော့ချပေးကြပါသေးတယ်။ ငါတို့ရဲ့လူတွေကလည်း ဖြစ်စဉ်တောက်လျှောက် စောင့်ကြည့်နေခဲ့တာပါ။ ဒါတွေအပြင် စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်က လူတွေကိုလည်း သတိထားမိသေးတယ်။ ဒါက အခြားတိုင်းပြည်တွေနဲ့ ငါတို့ရဲ့ သဘောတူညီမှု၊ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်က လူတွေကတော့ ငါတို့နဲ့ သဘောတူညီမှုမရှိဘဲ ဝင်ရောက်စွက်ဖက်တယ်။ ငါတို့ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်ကို သတိပေးပြီး သူတို့ရဲ့လူတွေကို ပြန်ရုတ်သိမ်းခိုင်းလိုက်ရမလား”
ကွန်ဖြူးရှပ်ဂိုဏ်းမှ မိုးပြာရောင်ဝတ်စုံနှင့် လူငယ်ကျွမ်းကျင်ပညာရှင်က ဂါရဝပြုလျှက်ပြောသည်။ သူ့ကိုသာ ဂရုစိုက် ကြည့်လိုက်မည်ဆိုလျှင် ထိုသူသည် ယစ်မူးခြင်းလမင်းကျောင်းဆောင်ထံမှ မျက်နှာဖုံးနှင့် အကသမားဖြစ်ကြောင်း သိပေလိမ့်မည်။
လီကျွင်းရှန်းက လက်ကိုခါယမ်းလျှက် ပြောလိုက်သည်။
“မလိုဘူး စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်က သူတို့ရဲ့လူတွေ လွှတ်ထားတာက အားသာချက်တစ်ခုလို့ သတ်မှတ်လို့ရတယ်။ အနည်းဆုံးအနေနဲ့ အခြားတိုင်းပြည်တွေက သတိအပြည့် ကပ်နေလိမ့်မယ်။ ဒီအခြေအနေက သူတို့သဘောတူထားတဲ့အတိုင်း လုပ်မလုပ်ဆိုတဲ့အပေါ် ငါတို့ကို ကူညီပေးနိုင်တယ်”
လီကျွင်းရှန်း၏ လှုပ်ရှားမှုတိုင်းက အဝေးကိုမြင်နိုင်လွန်းသော ဗိုလ်ချုပ်တစ်ယောက်၏ ကျင့်ဝတ်၊ ပြုမူပုံများကို လွှတ်ထုတ်ထားသည်မှာ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိသလိုမျိုး အဝေးရှိ တိုင်းပြည်များအားလုံးကိုပင် အနီးဆုံးတွင်ရှိနေသော မြို့တော်အလား သူက ကိုင်တွယ်ထားနိုင်သလိုမျိုး ထင်ရသည်။
“ဟုတ်ကဲ့”
“ဒါ့အပြင် တစ္ဆေဓား မြို့တော်က အခြေအနေက ဘယ်လိုလဲ”
လီကျွင်းရှန်းကမေးသည်။
“မြို့တော်ထဲမှာရှိတဲ့ လက်ဖက်ရည်စံအိမ်တွေနဲ့ တည်းခိုဆောင်တွေထဲမှာ ပုံပြောသူ အယောက် တစ်ထောင့်သုံးရာရှိပါတယ်။ သူတို့အားလုံးကလည်း ငါတို့စုစည်းပေးထားတဲ့ အချက်အလက်တွေ အကြောင်းကိုပဲ ပြောနေကြတာပါ။ ဒီအချက်အလက်တွေ အားလုံးကို ဘဏ္ဍာရေးရုံးတော်ကနေ ရရှိထားတာဖြစ်ပြီး ဘာကိုမှ လီဆယ်ထားတာမျိုးမရှိဘူး။ ဒါတွေအပြင် မြို့တော်ထဲကို အရင်တစ်ခေါက်က ဝင်လာတဲ့ ဟူတွေက ငါတို့မျှော်လင့်ထားတာထက် ပိုပြီး သက်ရောက်မှုကောင်းနေတယ်။ အတိတ်ကဆိုရင် မြို့တော်ကလူတွေက ဒီဟူတွေကို ကြောက်တယ်။ သူတို့အကြောင်း ထည့်ပြောရုံနဲ့ကို မျက်နှာဖြူဖျော့သွားတတ်ကြတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ပြောဆိုဆက်ဆံပြီးတဲ့နောက်မှာ လူတိုင်းကလည်း ဟူတွေက သူတို့လို သာမာန်လူတွေပဲဖြစ်ပြီး ကောလဟာလတွေလောက် ကြောက်စရာမကောင်းဘူးဆိုတာကို လက်ခံသွားကြတယ်။ သခင်လေးပြောသလိုပေါ့ အမည်မသိတဲ့ အရာကနေ ကြောက်လန့်ပြီး စစ်ပွဲတွေက ဖြစ်တည်လာခဲ့တာမဟုတ်လား။ ငါတို့နှစ်ဖက်လုံးက အချင်းချင်း နားလည်မှု၊ နက်ရှိုင်းနေမယ်ဆိုရင်တော့ စစ်ပွဲတွေ ဒီလောက်မများနိုင်တော့ပါဘူး”
“ရလဒ်ကတော့ စပြနေပြီ။ မြို့ထဲက လူအများစုက စုစည်းပြီး စစ်ပွဲကို လက်မခံတဲ့အသံတွေကို ထုတ်ဖော်ပြောကြားလာကြတယ်။ အားလုံးက သူ့ဘာသာသူ ထုတ်ပြောကြတာဖြစ်ပြီး ငါတို့ဘက်က ဝင်ရောက်စွက်ဖက်ထားတာမျိုး မဟုတ်ဘူး”
တစ္ဆေဓားက တင်းမာစွာပြောသည်။
“မဆိုးဘူး။ ဒါပေမဲ့ ဒီတစ်ခုတည်းက မလုံလောက်သေးဘူး။ အကြီးအကဲစုန့် ငါတို့စီစဉ်ထားတဲ့လူတွေ ဘယ်လောက်ကြာကြာနေမှ ရောက်လာမှာလဲ”
လီကျွင်းရှန်းက ရုတ်တရက် အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲစုန့်ကို လှည့်ကြည့်သည်။
“သူတို့က လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက မြို့တော်ကိုရောက်နေပြီ။ သခင်လေးရဲ့ အမိန့်ကို စေင့်နေတယ်”
အကြီးအကဲစုန့်က တင်းမာသောမျက်နှာနှင့် ပြောသည်။ သူ၏မျက်နှာက ပုံမှန်အတိုင်း မာကြောတတ်ပုံရသည်။
“အရမ်းကောင်းတယ် တစ်ခါတစ်ရံမှာ လူတွေများများ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့အတွက်ကြောင့်နဲ့ ပိုကြီးတဲ့ပန်းတိုင်အတွက်ကြောင့်နဲ့ ငါတို့က အချို့နည်းလမ်းတွေကို သုံးဖို့လိုအပ်တယ်။ အကြီးအကဲစုန့် စတော့။ ဒီညပဲစမယ်”
လီကျွင်းရှန်းက သူ၏ထိုင်ခုံမှထလိုက်သည်။
“ဟုတ်ကဲ့”
ထိုစကားလုံးများနှင့်အတူ အကြံပေးရုံးတော် လူကြီးမင်းစံအိမ်မှ လူများက ကြိတ်ဆုံကျောက်တုံးကို စလှည့်လိုက်သလိုမျိုး ဖြစ်သွားသည်။ လူအများစုက သတိမထားမိသော်လည်း မြို့တော်ရှိ လူတိုင်းနီးပါးက လီကျွင်းရှန်း၏ အမိန့်အတိုင်း စတင်ကာ လုပ်ဆောင်နေကြလေသည်။
+++
အခန်း(၁၂၈၇)
“ဝမ်ချောင် လူတွေရဲ့နှလုံးသားက ကောင်းကင်ရဲ့နှလုံးသားပဲ။ ကောင်းကင်ဘုံရဲ့ဆန္ဒက လူတွေရဲ့ဆန္ဒပဲ။ အခု လူတွေအားလုံးရဲ့စိတ်က ငြိမ်းချမ်းမှုကို တောင့်တပြီး စစ်ပွဲကို စက်ဆုပ်တဲ့ပုံစံမျိုးအဖြစ် ပြောင်းနေကြပြီ။ ဒါတောင်မှမင်းက ဒီအခြေအနေကို ကိုင်တွယ်နိုင်တဲ့နည်းလမ်း ရှိနေတုန်းပဲလား။ ဒါက လောကရဲ့လမ်းစဉ်ပဲ။ လူသားတိုင်းရဲ့အင်အားက သမိုင်းရဲ့ ချီတက်မှုအရှေ့မှာ ပြောပလောက်တာမျိုး ရှိတော့မှာမဟုတ်ဘူး။ ပုဇွန်ကြီးတစ်ကောင်က ရထားလုံးတစ်စီးကို တားဖို့ကြိုးစားရင် ကိုယ်တိုင် နင်းချေခံရရင်းနဲ့ အဆုံးသတ်သွားနိုင်တယ်။ အခု မင်းဘာကို ရွေးချယ်မလဲဆိုတာကို ကြည့်ဖို့အချိန်ကျပြီ။ ဒါကမင်းရဲ့ နောက်ဆုံးသော အခွင့်အရေးပဲ”
လီကျွင်းရှန်းက ထိုနောက်ဆုံး စကားလုံးများကို အလွန်အမင်း စူးရှသော အကြည့်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ မြင့်မားသောတောင်ပေါ်မှ ဆင်းကျလာသော ရေတံခွန်တစ်ခုသည် ခမ်းနားပြီး ရပ်တန့်၍မရနိုင်ချေ။ အစမှ အဆုံးအထိ အရှိန်အဟုန်ကို စတင်ပြီးသားဖြစ်လေရာ မည်သူကမှ မတားနိုင်တော့ချေ။
ဝမ်ချောင်ကပင် မလုပ်နိုင်ချေ။
...
“အရှင့်သား သတင်းဆိုး”
မနက်ခင်းအစောတွင် စုရွှတ်ရွှမ်းက ဝမ်ချောင်၏ စာကြည့်ခန်းထဲသို့ အပြေးဝင်လာသည်။ သူ၏မျက်နှာက သေလုခြောက်ခြားဖွယ် ဖြူဖျော့နေသည်။
“ကွန်ဖြူးရှပ်ဂိုဏ်းက နယ်စပ်က စစ်ပွဲကြောင့်ဖြစ်လာတဲ့ ကစဉ့်ကလျားကိစ္စတွေ အားလုံးကို တည်းခိုဆောင်တွေ၊ လက်ဖက်ရည်စံအိမ်တွေမှာ ပြောကြားခိုင်းတဲ့သတင်းက သာမာန်လူတွေ အများကြီးအပေါ် သက်ရောက်သွားခဲ့ပါတယ်။ အခုဆိုရင် လူတိုင်းက စစ်ပွဲကြောင့် ပျက်စီးသွားခဲ့တဲ့ သူတို့ရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှု အတွေ့အကြုံတွေကိုတောင် ပြောနေကြတယ်။ နောက်ပြီး ဒီကိစ္စက မြို့တော်တစ်ခုလုံးကို ငလျင်တစ်ခု လှုပ်ခတ်သွားသလိုမျိုး ဖြစ်နေစေပါပြီ။ ဒီတည်းခိုဆောင်တွေ၊ စားသောက်ဆိုင်တွေ အားလုံးက လူတွေပြည့်ကြပ်နေပါတယ်”
“ဘာ”
ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားပြီး စာရေးနေသောလက်ကမူ ရုတ်တရက် တောင့်ခဲသွားသည်။
“ဘယ်အချိန်က ဒါတွေဖြစ်တာလဲ”
“မနေ့ညကပါ”
စုရွှတ်ရွှမ်းကပြောသည်။ သူ၏တစ်ကိုယ်လုံးကလည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“အတိတ်က ကတည်းက ကွန်ဖြူးရှပ်ဂိုဏ်းက လူတွေက သူတို့ရဲ့လုပ်ဆောင်မှုတွေကို ဖုံးကွယ်ဖို့ အနည်းနဲ့အများ ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမဲ့ သူတို့က ဒီတစ်ကြိမ်မှာတော့ မဖုံးကွယ်ထားဘူး။ အရှင့်ရဲ့ လက်အောက်ငယ်သားကတော့ ဒါက အစပဲဖြစ်နေမှာကို စိုးရိမ်မိပါတယ်။ ကွန်ဖြူးရှပ်ဂိုဏ်းက အခု လှုပ်ရှားမှုတွေ ပိုပိုပြီး စတင်နေကြပြီ”
စုရွှတ်ရွှမ်းသည် ဝမ်ချောင်နှင့်အတူ ရှိနေချိန်က များပြားလာသည်နှင့်အမျှ သူသည်လည်း အချို့သော အချက်အလက်များကို နားလည်လာပြီး ကိုယ်ပိုင် နားလည်နိုင်စွမ်းရည် ရှိလာသည်။ ကွန်ဖြူးရှပ်ဂိုဏ်းသည် လက်ရှိအခြေအနေနှင့် ကျေနပ်လိမ့်မည်မဟုတ်ချေ။ ရည်မှန်းချက် ပို၍ကြီးလာလောက်သည်။ ထို့ကြောင့် ဝမ်ချောင်က မူလပစ်မှတ်များထဲမှ တစ်ယောက်ဖြစ်နိုင်သည်။
ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သို့သော် သူ၏မျက်မှောင်ကမူ စကျုံ့လာသည်။
ကွန်ဖြူးရှပ်ဂိုဏ်းက မြို့တော်၏ တည်းခိုဆောင်များ၊ လက်ဖက်ရည်စံအိမ်များထဲသို့ ပို့ထားသော ပုံပြောသူများ အားလုံးသည် မြို့တော်၏ လူအများ၏ စိတ်အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ချုပ်ကိုင်ထားပြီးသားဖြစ်သည်။ ဒီနည်းအားဖြင့် သက်ရောက်မှုကရှိလာသည်။ ယခုအခါ ကွန်ဖြူးရှပ်ဂိုဏ်းက ထိုသက်ရောက်မှုကို ပို၍ပင် သိသာထင်ရှားအောင် မီးမောင်းထိုးပြနေပြန်သည်။
“ဒီကိစ္စကို ဆက်ပြီးစုံစမ်းလိုက်”
ဝမ်ချောင်ကပြောသည်။
စုရွှတ်ရွှမ်းက ထိုအမိန့်နှင့်အတူ ခပ်မြန်မြန်ထွက်သွားသည်။ သို့သော် သိပ်မကြာခင် ဝမ်မိသားစုစံအိမ်မှ မရေမတွက်နိုင်သော စစ်မြင်းများက အမျိုးမျိုးသော တည်းခိုဆောင်များ၊ လက်ဖက်ရည် စံအိမ်များသို့ ထွက်ခွာသွားကြလေသည်။ ဝမ်ချောင်ပင်ဖြစ်စေ၊ စုရွှတ်ရွှမ်းပင်ဖြစ်စေ သို့မဟုတ် စုံစမ်းသူများ အားလုံးအတွက်ပင်ဖြစ်စေ လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသည် စစ်ပွဲ၏ ကစဉ့်ကလျား အခြေအနေကြောင့် သက်ရောက်ခံထားရသော ထိုသာမာန်လူများကိုသုံးပြီး မြို့တော်ကို သက်ရောက်မှုရှိအောင် အမှန်တကယ် လုပ်မည့်ပုံပေါ်သည်။
စစ်ပွဲ၏ ရက်စက်မှုနှင့် ခြောက်ခြားဖွယ်ကောင်းသည့်အပြင် ချစ်ရသူများကို ဆုံးရှုံးသောကြောင့် ခံစားရသည့် နာကျင်မှုက မြို့တော်ရှိ လူတိုင်းကို ရန်စနိုင်သည်။ ထို့အပြင် ကွန်ဖြူးရှပ်ဂိုဏ်းမှ တွန်းအားပေးမှုများနှင့် ပေါင်းစပ်လိုက်သော် လူသိန်းပေါင်းများစွာက အတူစုစည်းလျှက် ငြိမ်းချမ်းမှုကို အဓွန့်ရှည်အောင်လုပ်ရန် စစ်ပွဲတိုင်းကို ပြေငြိမ်းစေရန် စတင်ကာ အော်ဟစ်လာကြသည်။ ဒီနည်းအားဖြင့် သူတို့သည် ခက်ခက်ခဲခဲ တိုက်ထုတ်ပြီးရထားသည့် အခြားသောတိုင်းပြည်များနှင့် သဘောတူညီမှုစာချုပ် ချုပ်ဆိုထားသော ငြိမ်းချမ်းရေးစာချုပ်များကို တန်ဖိုးထားရန် မျှော်လင့်နေကြ၏။ ဒီနည်းအားဖြင့် မဟာထန်က အချို့လူများဆိုလျှင် ကိုယ်ပိုင်စစ်တပ်များကိုပင် လျော့ချခိုင်းသင့်ကြောင်း ပြောကြသည်။
သူတို့သည် သူတို့၏သားများကိုပင် စစ်တပ်မှထွက်ပြီး မိဘများဘေးသို့ ပြန်လာရန် တောင်းပန်ကြသည်။ ဒီနည်းအားဖြင့် ကွဲကွာရသော နာကျင်မှုက လွတ်မြောက်နိုင်ပေလိမ့်မည်။
နေ့တစ်နေ့တာ၏ အဆုံးတွင် ကွန်ဖြူးရှပ်ဂိုဏ်းမှ လူများက လူပေါင်းများစွာ၏ အလုံးအရင်းနှင့် စိတ်ထားပြောင်းလဲလာမှု အခြေအနေကို အခွင့်ကောင်းယူလျှက် အင်ပါယာခုံရုံးသို့ စစ်သည်အင်အား သုံးသိန်းကို လျော့ချသင့်ကြောင်းပင် တင်ပြလိုက်သေးသည်။ ထိုကမ်းလှမ်းချက်က အသိုင်းအဝိုင်း တစ်ခုလုံးနှင့် အင်ပါယာကြီးတစ်ခုလုံးကို လှုပ်ခါသွားစေသည်။
“မဖြစ်နိုင်ဘူး လက်မခံနိုင်ဘူး”
အင်ပါယာခုံရုံးအနံှ့ အသံတစ်သံက ဟိန်းထွက်သွားသည်။ ဝမ်ချောင်သည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်လုံးက သွေးရောင်လွှမ်းနေလေပြီး လူတိုင်းကို အရှင်လတ်လတ် ဝါးမြိုချင်နေပုံရသည်။ လူတိုင်းနီးပါးသည်ပင် ဝမ်ချောင်၏ အခြေအနေကြောင့် ကြောက်လန့်သွားကြသည်။
“မဟာထန်က စစ်တပ်အင်အား အများကြီး လျော့ချထားပြီးပြီ။ နောက်ထပ် သုံးသိန်းကိုသာ ထပ်ပြီး လျော့ချလိုက်မယ်ဆိုရင် အဲ့ဒီလျော့ချထားပြီးသား စစ်သားတွေအားလုံးကို စီရင်စုစစ်တပ်အပိုင် ပြောင်းလဲလိုက်မယ်ဆိုရင်တောင်မှ မဟာထန် တစ်ခုလုံးမှာ စစ်သည်အင်အား သုံးသိန်းဝန်းကျင်ပဲ ကျန်တော့မှာ။ ဒီလောက်သေးငယ်တဲ့ စစ်တပ်လေးနဲ့ နယ်စပ်မှာသာ မတော်တဆမှု တစ်ခုခု ဖြစ်လာခဲ့ရင် အင်ပါယာက ဘယ်လိုများ ကာကွယ်ကြမှာလဲ”
ဝမ်ချောင်၏ဒေါသက အလုံးအရင်းနှင့် ထွက်ပေါ်လာသည်။ ကွန်ဖြူးရှပ်ပညာရှင်များ၏ လှုပ်ရှားမှုက သူ၏ဘောင်ကို လာထိသည်။
“ငါဒီမှာရှိနေသမျှ ဒီကမ်းလှမ်းချက်က လုံးဝ တရားဝင်မဖြစ်စေရဘူး”
အခြားတစ်ဖက်ခြမ်းတွင် လီကျွင်းရှန်းက ဝမ်ချောင်၏ စကားကို ကြားသောအခါ သူ၏မျက်လုံးထဲတွင် စူးရှသောအလင်းက ဖြတ်ပြေးသွားသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းလည်း မြို့တော်က လူတွေကို မြင်ပြီးပြီပဲ။ လူတိုင်းက ငြိမ်းချမ်းရေးကို တောင့်တနေကြတယ်။ ဘယ်သူကမှ စစ်ကို မလိုချင်ကြဘူး။ ဒါတောင်မှမင်းက ဒီအခြေအနေကိုသုံးပြီး ကိုယ့်နာမည်ကို ကျော်ကြားအောင် လုပ်ချင်သေးတာလား”
လီကျွင်းရှန်းက တင်းမာစွာပြောသည်။ သူ၏အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် သူကရှေ့သို့ ဖနောင့်ပေါက်ကာတက်ရင်း ဝမ်ချောင်ကို အတိုက်အခံပြုသည်။ အင်ပါယာခုံရုံးတစ်ခုလုံးတွင် ကွန်ဖြူးရှပ်ဂိုဏ်းမှ အကြံပေးဌာနရုံးတော် လူကြီးမင်းတစ်ယောက်တည်းကသာ ဝမ်ချောင်ကို ရင်ဆိုင်နိုင်လောက်သည်။
“ပိုဆိုးတာက အခြားမျိုးနွယ်ခြားတိုင်းပြည်တွေ အားလုံးကလည်း သူတို့ရဲ့ စစ်တပ်အင်အားကို တစ်သန်းနီးပါး လျော့ချဖို့ သဘောတူထားပြီးသား။ အမှန်တကယ်လည်း လျော့ချပေးထားတယ်။ စစ်တပ်အင်အားကို လျော့ချလိုက်ခြင်းအားဖြင့် မဟာထန်က မျိုးနွယ်ခြားတိုင်းပြည်တွေနဲ့ စစ်ဖြစ်စရာအကြောင်း မရှိတော့ဘူး။ စစ်ဖြစ်စရာအကြောင်း မရှိတော့ဘူးဆိုကတည်းက ဘာလို့ စစ်သားတွေအများကြီး လိုအပ်မှာလဲ”
“ရမ်းကားတယ် ဒီကမ်းလှမ်းချက်ကို လုံးဝ အတည်ပြုခွင့် ပြုလို့မဖြစ်ဘူး။ သမိုင်းအစမှာကတည်းက ဘယ်အချိန်ကများ စစ်ပွဲက အမှန်တကယ် ပြေငြိမ်းခဲ့ဖူးလို့လဲ။ ငါတို့က စစ်ပွဲစတင်တဲ့အချိန်မှာ စစ်တပ်တစ်ခုကို လိုအပ်နေမယ်ဆိုရင် နယ်မြေနဲ့ ပြည်သူတွေကပဲ ကပ်ဘေးစိုက်ပြီး ခံစားကြရမှာ။ အဲ့ဒီအချိန် ရောက်လာတဲ့အခါ မင်းက တာဝန်ယူမှာလား”
ဝမ်ချောင်က ကြမ်းတမ်းစွာပြောလိုက်သည်။
အရာအားလုံးတွင် အကန့်အသတ်ရှိသည်။ ကွန်ဖြူးရှပ်ဂိုဏ်းမှ လုပ်ဆောင်မှုတိုင်းက အင်ပါယာကို အကြီးကြီး ထိုးနှက်ခဲ့ပြီးသားဖြစ်သည်။ ပထမဦးဆုံး အကြိမ်အဖြစ် ဝမ်ချောင်သည် လီကျွင်းရှန်းကို သတ်ချင်စိတ် ပြင်းပြလာသည်။
“ဒါကြောင့်ပဲ ငါတို့တွေက စစ်တပ်တစ်ခုလုံးကို ဖယ်ရှားလိုက်မဲ့အစား အင်အားသုံးသိန်းကိုပဲ လျော့ချခိုင်းတာမဟုတ်ဘူးလား။ ဒီလိုနဲ့ စစ်တပ်အင်အားက အများကြီး လျော့ချသွားတော့ အခြားတိုင်းပြည်တွေကိုလည်း ပူးပေါင်းပေးရာရောက်တယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် လောကက ငြိမ်းချမ်းနေတယ်။ အရာအားလုံးက လူအများ လက်ခံထားတဲ့ အခြေအနေအတိုင်း ဖြစ်ရမှာပဲ။ ဒီလို ခက်ခက်ခဲခဲ အနိုင်ရထားတဲ့ ငြိမ်းချမ်းမှုကို ဖောက်ဖျက်တဲ့လူတိုင်းက သမိုင်းမှာ ရာဇဝတ်သားအဖြစ် ထင်ကျန်လိမ့်မယ်။ ဒါမှမဟုတ် မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်က မင်းရဲ့ စကားပြောရာမှာ ပိုင်နိုင်ကျွမ်းကျင်လွန်းတဲ့ လက်ဆောင်တော်နဲ့ သားတွေ၊ သမီးတွေ၊ ဇနီးတွေ၊ အဖေတွေ၊ ညီအစ်ကိုတွေ ဆုံးရှုံးထားတဲ့ ဒီလူတွေဆီသွားပြီး ကိစ္စတွေကို ရှင်းပြလိုက်ပါ့လား”
လေးကြိုးပေါ်တင်ထားသော မျှားက အလိုလို လျော့သွားနိုင်သည်။ ယခုအခါ ကွန်ဖြူးရှပ်ဂိုဏ်းက ဒီအခြေအနေထိ ရောက်ပြီးကတည်းက မည်သူကမှ နောက်မဆုတ်နိုင်ကြတော့ချေ။
“လုံလောက်ပြီ”
ရုတ်တရက် ပထမမင်းသားက ကျယ်လောင်သောအသံနှင့် အော်ပြောလိုက်သည်။
“ဒီကိစ္စကို ဒီနေ့တော့ ပယ်ချထားလိုက်မယ်။ ဆုံးဖြတ်ချက်ကိုတော့ တော်ဝင်ခမည်းတော်ကပဲ အခြေအနေကိုကြည့်ပြီး လုပ်လိမ့်မယ်”
ပထမဦးဆုံးအကြိမ်အဖြစ် ပထမမင်းသားကပင် လီကျွင်းရှန်းနှင့် ချက်ချင်း သဘောမတူပေးတော့ချေ။ သူသည်လည်း သူတော်စင်ဧကရာဇ်ပြီးလျှင် သူကသာ ထီးနန်းကိုဆက်ခံရန် ပထမတန်းစားပြေးနေကြောင်း နားလည်သည်။ ထိုအတွက်ကြောင့် သူကပင် စစ်တပ်အင်အားကို လျော့ချရာနှင့် ပတ်သတ်လျှင် သတိကြီးလေသည်။
ခုံရုံး၏ညီလာခံက အဆုံးသတ်သွားပြီးနောက် လီကျွင်းရှန်းနှင့် ဝမ်ချောင်တို့က ထိုက်ဟယ်နန်းဆောင်မှ အတူထွက်လိုက်ကြသည်။ ကျောက်လှေကားထစ်များ၏ အဆုံးတွင် နှစ်ယောက်က တစ်ပြိုင်တည်းနီးပါး ရပ်တန့်လိုက်ကြသည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက လမ်းဆုံလမ်းခွမှာရှိနေတယ်။ အတိတ်က မင်း တိုက်ပွဲတိုင်းကို နိုင်တယ်။ မင်းက ပြည်သူတွေရဲ့ စိတ်ဆန္ဒကို တုန့်ပြန်ပေးတဲ့အတွက်ကြောင့် ပြိုင်ဘက်ကင်းတဲ့ ဒဏ္ဍာရီကိုတောင် ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့အခု မင်းပြည်သူတွေရဲ့ စိတ်ဆန္ဒကိုတားပြီး သူတို့ကို မင်းရဲ့ရန်သူအဖြစ်လုပ်ဖို့ ရွေးချယ်မှာလား။ မင်းက မင်းကိုယ်မင်း ပျက်စီးရာပျက်စီးကြောင်း ရောက်မဲ့လမ်းကြောင်းကို ရွေးနေတာပဲ”
“အဲ့ဒီလိုလား ငါက ငါ့ကိုယ်ငါ ပျက်စီးစေမဲ့လမ်းကြောင်းကိုရွေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ မင်းကတော့ တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်စီးစေမဲ့လမ်းကြောင်းကို ရွေးနေတာ။ တစ်ရက်မှာ မင်းအရမ်းကို တောင့်တလွန်းတဲ့ ဒီလမ်းက ဖျက်ဆီးခြင်းလမ်းဖြစ်နေပြီး မင်းကိုယ်တိုင်က မဟာထန်ကြီးတစ်ခုလုံးကို ဒုက္ခရောက်စေမဲ့ အပြစ်သား ဖြစ်လာတယ်ဆိုတာကို နားလည်လာလောက်လိမ့်မယ်”
သူ့ရဲ့အမူအရာက ဒေါသများဖြင့် ရှုံ့မဲ့နေသည်။ ဝမ်ချောင်က အင်္ကျီလက်ကို ခါယမ်းလျှက် ထွက်သွားသည်။
ခြားနားသောလမ်းကို လျှောက်သောလူများက အတူသွား၍ မဖြစ်နိုင်ချေ။ သူနှင့်လီကျွင်းရှန်းသည် ရှေ့တက်နိုင်သည်။ သို့သော် သူတို့၏လမ်းက ဝေးသထက် ဝေးသွားပြီး ဘယ်သောအခါမှ မဆုံနိုင်တော့ချေ။
လီကျွင်းရှန်းက အနည်းငယ် မှင်သက်သွားသည်။ သူသည်ပင် ဝမ်ချောင်ထံမှ ထိုကဲ့သို့သော အဖြစ်မျိုးကို မမျှော်လင့်ထားပုံရသည်။ သို့သော် သူသည် ခပ်မြန်မြန် ဟန်အမူအရာ ပြန်ထိန်းလိုက်သည်။
“စိတ်အေးအေးထားပါ အဲ့ဒီလိုရက်က ဘယ်တော့မှ ရောက်မလာစေရဘူး”
လီကျွင်းရှန်းက ခပ်တိုးတိုးပြောသည်။ သူ၏အမူအရာက တင်းမာပြီး သူသည်လည်း ထွက်သွားသည်။
.....
ခုံရုံးညီလာခံ ပြီးဆုံးပြီး သုံးရက်ခန့်ကြာပြီးနောက် ဝမ်ချောင်၊ လီကျွင်းရှန်းနှင့် အင်ပါယာခုံရုံးကြီး တစ်ခုလုံးက စစ်တပ်အင်အား လျော့ချသည့် ကိစ္စနှင့်ပတ်သတ်ပြီး အကြိတ်အနှယ် လွန်ဆွဲနေခဲ့ကြချိန်တွင် အနက်ရောင် အမဲလိုက် စွန်ရဲတစ်ကောင်က အမှောင်ထုကိုထိုးခွင်းလျှက် မဟာထန်၏ မြို့တော်ထဲသို့ မှင်သက်ဖွယ်ကောင်းသော သတင်းကို သယ်ဆောင်လျှက် ရောက်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အာရပ်စစ်သည် ခြောက်သိန်းခန့်က အရှေ့ပိုင်းသို့ချီတက်လာပြီး တိုင်ဂရစ်မြစ်ကိုဖြတ်လျှက် ခိုရာစန်း၏ မြို့ကိုဝိုင်းကာ တပ်ဆွဲထားသည်။ ဆမ်ဆာနစ်မင်းဆက်နှင့် ပုန်ကန်သူစစ်တပ် အင်အားစုများအားလုံးက အပြင်းထန်၊ အကြိပ်အနယ် ခုခံခဲ့ကြသည်။ သို့သော် ခိုရာစန်း၏ မြို့ရိုးက မြင့်မားပြီး မရေမတွက်နိုင်သော စစ်သားများ ရှိနေသော်လည်း ထန်လက်နက် စစ်သည်ငါးသောင်း၏ အကူအညီမရှိသောအခါ ဆမ်ဆာနစ်မင်းဆက်မှ စစ်သည်တော်များသည်လည်း ကြောက်မက်ဖွယ်ကောင်းသော အာရပ်များ၏ လုပ်ကြံသတ်ဖြတ်မှုများကို ရင်မဆိုင်နိုင်ကြချေ။ ခိုရာစန်းက ပြင်းထန်စွာ ထိုးဖောက်တိုက်ခိုက် ခံနေရပြီး အချိန်မရွေး ပြိုလဲကျသွားနိုင်လေသည်။
ဆမ်ဆာနစ်ဧကရီ အတိယာက မဟာထန်ထံမှ အကူအညီကို တောင်းဆိုလာသည်။
ဝုန်း
ထိုသတင်းက ဗုံးတစ်လုံးလိုမျိုး မဟာထန်ကြီးတစ်ခုလုံးကို လှုပ်ခါသွားစေလျှက် တစ်လောကလုံးကို အံ့ဩသွားစေသည်။
“အရှင့်သား မဟာဗိုလ်ချုပ်ကြီး ပါးရန်က စာပို့လိုက်ပါတယ်”
“အရှင့်သား ဧကရီ အတိယာက စာပို့လိုက်ပါတယ်”
“အရှင့်သား ပုန်ကန်သူခေါင်းဆောင်တွေ အားလုံးက စာပို့လိုက်ပါတယ်။ ခိုရာစန်းက ထိုးစစ်ဆင်ခံနေရပါပြီ။ အရှင့်ရဲ့ အထောက်အပံ့ကို တောင်းဆိုနေကြပါတယ်”
မရေမတွက်နိုင်သော သတင်းပို့ငှက်များ အားလုံးက ဝမ်မိသားစု စံအိမ်အတွင်းသို့ ဝင်ရောက်လျှက် တပ်ကူများကိုတောင်းဆိုသော အသနားခံစာများကို သယ်လျှက် ဝမ်မိသားစုစံအိမ်အတွင်းသို့ ဝင်ရောက်လာကြပြီး ဝမ်ချောင်၏ စာကြည့်ခန်းကို စာနှင်းမုန်တိုင်းများအောက်သို့ ရောက်ရှိသွားစေသည်။ စံအိမ်ကြီးတစ်ခုလုံးကလည်း အထိမခံသော အခြေအနေမျိုး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
“အရှင့်သား ခိုရာစန်းက ထိုးစစ်ဆင်ခံနေရပါပြီ။ အာရပ်တွေက အဆုံးအစမဲ့ပြီး အကြောက်အလန့် မဲ့ကြတယ်။ ဆမ်ဆာနစ်မင်းဆက်က စစ်သည်နှစ်သိန်းကို ဆုံးရှုံးပြီးပါပြီ။ ဆုံးရှုံးူမှုက ဆက်လက်ပြီး မြင့်တက်နေတုန်းပါပဲ။ ခိုရာစန်းက အချိန်မရွေး ပြိုလဲကျသွားနိုင်ပါတယ်”
စုရွှတ်ရွှမ်းသည် ဘေးဘက်တွင်ရပ်လျှက် ဝမ်ချောင်ကိုစိုးရိမ်တကြီး ကြည့်သည်။ ဆမ်ဆာနစ်မင်းဆက်သည် မဟာထန်၏ မဟာမိန်မင်းဆက်ဖြစ်သည်။ နှစ်ဖက်လုံးက စစ်သားတိုင်းက သေတူရှင်မကွာ တိုက်ခိုက်ခဲ့ကြသည်။ ရွှီခဲ့ယွီ၊ စုရွှတ်ရွှမ်းနှင့် ချန်းစန်းယွမ်တို့ အားလုံးက ဆမ်ဆာနစ်မင်းဆက်မှ သတ္တိကြီးလွန်းသော စစ်သည်တော်များနှင့် ဘေးချင်းယှဉ်လျှက် ပုခုံးချင်းတိုက်၍သာ တိုက်ခိုက်ခဲ့ကြသည်။ ထိုလူများအတွက် ဆမ်ဆာနစ်မင်းဆက်မှ စစ်သည်တော်များသည် နာမည်သီးသန့်မဟုတ်တော့ချေ။ သူတို့သည်လည်း အသွေးအသားတည်ရှိသည့် အစစ်အမှန် တည်ရှိမှုများဖြစ်နေသည်။ ယခုအခါ သူတို့၏ မဟာမိတ်များက ပြင်းထန်သည့် ကပ်ဘေးအောက်သို့ ရောက်နေသည်။ လူတိုင်းက ဝမ်ချောင်ကို စိုက်ကြည့်ပြီး သူ၏ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
ဝမ်ချောင်က သူ၏စားပွဲမှ မတ်တပ်ထရပ်လျှက် ခိုင်မာစွာပြောသည်။
“ငါ့ရဲ့ညီလာခံဝတ်စုံကို ပြင်ဆင်လိုက်။ ငါအခုချက်ချင်း ခုံရုံးကိုသွားမယ်”
တခဏခန့်ကြာပြီးနောက် ရထားလုံးတစ်စီးက စံအိမ်တော်ထဲမှ ထွက်ခွာလျှက် အင်ပါယာနန်းတော်ဆီ သွားသည်။ ထိုရက်တွင် မဟာထန်ကြီးက မငြိမ်းချမ်းချေ။
“အရှင့်သား ဆမ်ဆာနစ်မင်းဆက်နဲ့ မဟာထန်က နှုတ်ခမ်းနဲ့ သွားတွေလိုပါပဲ။ ငါတို့ရဲ့ မဟာမိတ်လည်းဖြစ်သလို အာရပ်တွေကို ရင်ဆိုင်ဖို့ အရေးပါတဲ့ အကာအကွယ်လွှာလည်း ဖြစ်သလိုပဲ။ ဆမ်ဆာနစ်မင်းဆက်ကသာ ကျရှုံးသွားခဲ့ရင် ဘယ်သူကမှ အာရပ်ကို ထိန်းထားတော့မှာမဟုတ်ဘူး။ အနာဂတ်မှာ အာရပ်တွေက အရှေ့ဘက်ကို ဆက်တိုးလာကြလိမ့်မယ်။ သူတု့ိရဲ့ စစ်တပ်က မဟာထန်ကို ချိန်ရွယ်မှာပဲ။ တာလာ့ကစစ်ပွဲက နောက်တစ်ကြိမ် ထပ်ဖြစ်ဦးလိမ့်မယ်”
ဝမ်ချောင်က သူ၏မှတ်တမ်းတင်ကျောက်ပြားကို မြှောက်ကိုင်လျှက် စိုးရိမ်မှုအပြည့်နှင့်ပြောသည်။
“စစ်ပွဲမှာ အရှိန်နှုန်းက အရေးကြီးဆုံးပဲ။ ဒီလို အရေးပါလွန်းနေတဲ့ အခိုက်အတန့်မျိုးမှာ အရှင့်ရဲ့ နိမ့်ကျတဲ့ ဒီအစေခံက အန်းရှီကာကွယ်ရေးစစ်တပ်နဲ့ ချီရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကို အတူပေါင်းပြီး အနောက်ပိုင်း နယ်မြေဒေသတွေနဲ့ ပေါင်းစပ်လို့ ခိုရာစန်းကို ချက်ချင်းထွက်ခွာဖို့ တောင်းဆိုပါတယ်။ ဒါတွေအပြင် အာရေးဗီးယား အင်ပါယာကိုလည်း သူတို့ရဲ့စစ်တပ်ကို ချက်ချင်းစွန့်ခွာခိုင်းဖို့ အမိန့်ထုတ်စေချင်ပါတယ်”
“အရှင့်သား ဒီအရာရှိကတော့ ငြင်းပါတယ်”
လီကျွင်းရှန်းက သူ၏ဝတ်စုံများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ရင်း ရှေ့ထွက်လာသည်။ သူ၏မျက်နှာ အမူအရာဟာ တည်ငြိမ်နေသည်။
“မဟာထန်က ခက်ခက်ခဲခဲ ကြိုးစားပြီး ပတ်ဝန်းကျင်တိုင်းပြည်တွေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ထားရုံပဲ ရှိနေသေးတာ။ ဒီအခြေအနေက ခိုရာစန်းတစ်ခုတည်းအတွက်ကြောင့်နဲ့ ကြိုးပြတ်သွားလို့ မဖြစ်ဘူး။ မဟာထန်က စစ်သားတွေကို လွှတ်လိုက်တဲ့ အခိုက်အတန့်မှာ တိုင်းပြည်တွေအားလုံးနဲ့ သဘောတူစာချုပ်က ပျက်သွားလိမ့်မယ်။ မဟာထန်က ယုံကြည်အားကိုးလို့မရတဲ့ တိုင်းပြည်လို့ပဲ သူတို့က သတ်မှတ်သွားကြပြီး စစ်တပ်အင်အား လျော့ချခိုင်းတာတွေက အဟလသ ဖြစ်သွားမှာ။ ပိုဆိုးတာက ဒီငြိမ်းချမ်းရေး ပျက်ပြယ်သွားတာနဲ့ ဆံပင်တစ်ချောင်းဆွဲရုံနဲ့ တစ်ကိုယ်လုံး လှုပ်သွားနိုင်တာပဲ။ အဲ့ဒီအချိန်မှာ မဟာထန်ကြီးက အာရေးဗီးယားတင်မဟုတ်ဘဲ အရာအားလုံးကို စိုးရိမ်ရတော့မှာပါ”
+++
အပိုင်း ၁၂၈၈
ခိုရဆန် အန္တရာယ်ရှိနေပြီ..
လီကျွင်းရှား မျက်နှာအမူအရာအေးစက်နေကာ အသံမှာလည်း ကျယ်လောင်လာ၏။ သတင်းသည် သူ့အား သတိလက်လွတ်ဖြစ်စေခဲ့သည်။ ခိုရာစန်း ဝန်းရံတိုက်ခိုက်ခံနေရခြင်းမှာ အလွန်ရုတ်ချည်းဆန်လှပေသည်။ သို့သော် ယခုအချိန်တွင် ကြီးမြတ်သောထန်သာ စစ်သည်တော်များ စေလွှတ်လိုက်ပါက ကြိုးစားအားထုတ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
“… ပြီးတော့ အာရေဗျနဲ့ ခိုရာစန်းကြားက ဆက်ဆံရေးကလည်း ရှုပ်ထွေးလွန်းလှပါတယ်.. ခိုရာစန်းက အရင်တုန်းက အာရေဗျနယ်မြေဖြစ်ခဲ့ပြီး အာရပ်တွေက နှစ်ပေါင်း ၃၀ ကျော် အုပ်စိုးခဲ့တယ်.. ဒီအစေခံ အကြံပေးချင်တာက အရင်ဆုံး အာရေဗျနဲ့ ဆွေးနွေးပြီး ကြီးမြတ်သောထန်ရဲ့ ရပ်တည်ချက်ကိုသိအောင်လုပ်ပါ.. ပြီးမှ ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်အောင် အစွမ်းကုန်ကြိုးစားလုပ်ဆောင်သင့်ပါတယ်..”
“အရှင်၊ ဒီအကြံပြုချက်ကို ထောက်ခံပါတယ်..”
အဓိကအရာရှိတစ်ဦး အရှေ့ထွက်လာကာ ဝမ်ချုံးရှိရာဘက်သို့ အေးစက်စွာလှည့်ကြည့်လိုက်သည်။
“တိုင်းတစ်ပါးနယ်မြေဘုရင်၊ ကြီးမြတ်သောထန်နဲ့ ခိုရဆန်ကြားကတိုက်ပွဲက အခုမှ ပြီးဆုံးခါစပဲရှိပါသေးတယ်.. သေဆုံးခဲ့ရတဲ့ ထန်စစ်သည်တော်တွေရဲ့ အရေအတွက်က မလုံလောက်သေးလို့ပါလား.. အရင်တုန်းက အနောက်ပိုင်းဒေသကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ခဲ့တယ်.. ဒါပေမဲ့ အခုတော့ အာရေဗျနဲ့ စဆန်နိုက်မင်းဆက်ကြားက တိုက်ပွဲအတွက် ကျွန်တော်မျိုးတို့ရဲ့ ရဲရင့်တဲ့ထန်စစ်သည်တော်တွေရဲ့ သွေးတွေ ဆုံးရှုံးခံရမှာပါလား.. တိုင်းတစ်ပါးနယ်မြေဘုရင်၊ ကျွန်တော်မျိုးအထင်တော့ အရှင့်ရဲ့ဆုံးဖြတ်ချက်က မမှန်ကန်ဘူးလို့ထင်ပါတယ်..”
“လူတွေရဲ့ငိုကြွေးသံတွေကို အရှင်လည်းကြားပါတယ်.. အခုအချိန်မှာ စစ်သည်တော်တွေ စေလွှတ်ရဲတဲ့လူ ဘယ်သူမဆို ကမ္ဘာကြီးကို မထီမဲ့မြင်ပြုမူလိုက်တာပါပဲ.. တိုင်းတစ်ပါးနယ်မြေဘုရင်၊ ကျွန်တော်မျိုးတို့တိုင်းပြည်က အခုလိုငြိမ်းချမ်းဖို့အတွက် အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ခဲ့ရတာပါ.. ကျေးဇူးပြုပြီး အရှင်က ကြီးမြတ်သောထန်ရဲ့ ဘုရင်ဖြစ်ပြီး စဆန်နိုင်မင်းဆက်ရဲ့ဘုရင် မဟုတ်ဘူးဆိုတာ အမှတ်ရပေးပါ..”
တရားရေးရာအရာရှိများ တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာကြကာ ကန့်ကွက်သံများ ပိုမိုကျယ်လောင်လာခဲ့သည်။ လက်ရှိတွင် တရားရေးရာနှင့် စစ်တပ်ကြားမှ အငြင်းပွါးမှု မရှိလျှင်ပင် သူတို့သည် ဤအဆိုပြုချက်အား ဘယ်သောအခါမှ အတည်ပြုခွင့်ပေးမည်မဟုတ်ပေ။ ဤစစ်ပွဲသည် အာရေဗျနှင့် စဆန်နိုက်မင်းဆက်ကြားမှ စစ်ပွဲဖြစ်သည်၊ ကြီးမြတ်သောထန်မှ စစ်သည်တော်များ စေလွှတ်ရမည်လော.. အဓိပ္ပာယ်မရှိချေ။
ဝမ်ချုံး ဘာမှမပြောခဲ့ပေ၊ ထိုက်ဟယ်နန်းဆောင် ဗိုလ်ချုပ်များရှိများဘက်သာ လှည့်ကြည့်လိုက်၏။ သို့သော် ယခုတွင် ဗိုလ်ချုပ်များသည်ပင် နောက်ဆုတ်နေကြသည်။ အခြားအချိန်များတွင် သူတို့သည် အနည်းငယ်ပင် တွန့်ဆုတ်နေကြမည်မဟုတ်ချေ။ သို့သော်.. မြို့တော်အတွင်းမှ စစ်ပွဲဆန့်ကျင်သံများမှာ ယခုအချိန်အထိ သူတို့နားအတွင်း၌ ပဲ့တင်ထပ်ထွက်ပေါ်နေဆဲပင်။ တော်ဝင်မြို့တော်၏ ဂိတ်တံခါးပေါက်အပြင်တွင် မရေမတွက်နိုင်သောလူများသည် စစ်ပွဲများ ထပ်မံမပေါ်ပေါက်ရေးအတွက် ဆန္ဒပြနေကြ၏။ ဤဗိုလ်ချုပ်များသည်ပင် မသက်ဆိုင်သည့် စစ်ပွဲကြား၌ ကြီးမြတ်သောထန်အား ဆွဲသွင်းရန်သတ္တိမရှိကြပေ။
ဤဗိုလ်ချုပ်များ သူနှင့် အကြည့်ခြင်းရှောင်လွဲနေကြသည်ကိုမြင်သော် ဝမ်ချုံး နားလည်သဘောပေါက်သွားကာ စိတ်ထဲအေးစက်သွားသည်။ သူ အစိုးရိမ်ဆုံးကိစ္စမှာ နောက်ဆုံးတွင် ဖြစ်ပွါးလာခဲ့လေပြီ : လူများသည် စစ်ပွဲအားဆန့်ကျင်နေကြ၏။ ကွန်ဖြူးရှပ်ကျောင်းများ အောင်မြင်ခဲ့လေသည်၊ ရုံးတော်မှ ဗိုလ်ချုပ်များသည်ပင် အလွှမ်းမိုးခံလိုက်ရ၏။
“အရှင်၊ နှုတ်ခမ်းတွေခြောက်သွေ့သွားရင် သွားတွေလည်းအေးစက်ကုန်မှာပါ.. အရေပြားမရှိတော့ရင် ကပ်ညှိစရာအမွေးတွေ ရှိပါဦးမလား.. ခိုရဆန်က ကြီးမြတ်သောထန်ရဲ့ရေကာတာပါ.. ရေကာတာသာ ကျိုးပေါက်သွားရင် နေရာအနှံ့ ရေတွေလွှမ်းကုန်ပါလိမ့်မယ်.. ကြီးမြတ်သောထန်ကာ သူ့တစ်ကိုယ်တည်း ရှင်သန်နိုင်မှာမဟုတ်ပါဘူး..” ဝမ်ချုံး မချိတင်ကဲပြောလိုက်၏။ သို့သော် စကားဆုံးအောင်ပင် ပြောလိုက်ရချေ၊ ပထမမင်းသားမှ ကြားဖြတ်ပြောလာခဲ့သည်။
“တိုင်းတစ်ပါးနယ်မြေဘုရင်၊ အရှင်ပြောခဲ့သလိုပဲ.. စစ်တပ်ဆိုတာ သေချာဂရုတစိုက် စဉ်စားကိုင်တွယ်ရမဲ့ တိုင်းပြည်တစ်ပြည်ရဲ့အသက်ပဲ.. အခုကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်မယ်.. ဒီကိစ္စကို တော်ဝင်ခမည်းတော်ဆီ တင်ပြရင် ပြောရမဲ့ဟာကို ဆုံးဖြတ်ပြီးပြောလိုက်မယ်..”
ထိုစကားများကြောင့် ဝမ်ချုံး သူပြောမည့်စကားများကို အတင်းအကြပ် ပြန်မြိုသိပ်လိုက်ရသည်။
“မှူးမတ်တို့၊ ညီလာခံသိမ်းပြီ..”
“အရှင်မင်းသားအား ရိုသေစွာ ပြန်လည်ပို့ဆောင်ပါတယ်..”
ပထမမင်းသား ပလ္လင်ထက်မှ ထလိုက်သည်ကိုမြင်သော် ဝမ်ချုံး စိတ်ထဲတွင် ဗလာကျင်းဖြစ်သွားသည်။ ရုတ်တရက် ပါးလျသည့် လေဟာနယ်ပေါ်ရပ်မိကာ ယခုတွင် အဆုံးမရှိသော အသူရာချောက်နက်အတွင်း ထိုးဆင်းကျသွားသည်ဟု ခံစားလိုက်ရ၏။
ရှုပ်ထွေးနေသော အတွေးများကြားတွင် ထိုက်ဟယ်နန်းဆောင်နှင့် တော်ဝင်နန်းတော်တို့မှ ဘယ်လိုထွက်လာမှန်းပင် ဝမ်ချုံး မသိလိုက်ချေ။
ကျားတစ်ကောင် ပျိုးထောင်နေခြင်းပင်.. ဤသည်မှာ အနာဂတ်ကပ်ဘေးများကို ဖိတ်ခေါ်ရန်အတွက် ကျားတစ်ကောင် ပျိုးထောင်နေခြင်းပင်။
ခိုရဆန် ကျရှုံးသွားလျှင် အာရေဗျ၏ နောက်ပစ်မှတ်မှာ ကြီးမြတ်သောထန် ဖြစ်မည်ကို မည်သူမှ နားမလည်ကြသည်လော..
ခိုရဆန်သည် အမြဲတစေ အင်အားကြီးမားသော စစ်သည်တော်များ၏ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ အာရေဗျသာ ထိုအရင်းအမြစ်အား ပြန်လည်သိမ်းပိုက်ရရှိသွားပါက အချိန်အလုံအလောက်ပေးလိုက်လျှင် အာရေဗျအား ခုခံနေသော ခိုရဆန်မှာ ကြီးမြတ်သောထန်အား တိုက်ခိုက်ရန်အတွက် အသုံးချခံရပေမည်။ ထိုအချိန်ရောက်လျှင် အာရေဗျသည် အတောင်ပံတပ်ပေးခံလိုက်ရသော ကျားတစ်ကောင်နှယ် ဖြစ်သွားပေလိမ့်မည်..
ဝမ်ချုံး၏စိတ်ထဲတွင် အတွေးပေါင်းများစွာက ယောက်ယက်ခတ်နေခဲ့၏။ ရင်ဘတ်အတွင်း၌ တစ်စုံတစ်ခု တစ်ဆို့နေသည်ဟုခံစားရကာ မချိတင်ကဲခံစားနေရသည်။ အနောက်တောင်ဘက်ပိုင်းတွင်သာမက သိန်းနှင့်ချီသော စစ်သည်တော်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အနိုင်ရရှိနိုင်ချေ အနည်းငယ်သာ ရှိသည်ဆိုလျှင်ပင် သူ ဤကဲ့သို့ မချိတင်ကဲ မဖြစ်ခဲ့ပေ။ သို့သော် ရုံးတော်အတွင်းတွင် ဗိုလ်ချုပ်ကြီးများ၏ သူ့အား ရှောင်တိမ်းနေသောအကြည့်များမှာ..
ချမ်းသာကြွယ်ဝခြင်းနှင့် ငြိမ်းချမ်းမှုသည် လူများအား ပိုမိုရှည်ကြာသောငြိမ်းချမ်းမှုအား လိုလားတောင့်တစေ၏။ သို့သော် လူများ၏စိတ်သည် မည်သည့်အချိန်တွင် ဤအခြေအနေအထိ ပြိုကျပျက်စီးသွားခဲ့ပါသနည်း..
ဒုန်းး..
ရထားလုံးဖြင့် အချိန်တစ်ခုအကြာ ပြန်လာပြီးနောက် နောက်ဆုံးတွင် ဝမ်ချုံး ရင်းနှီးသည့်အသံတစ်သံ ကြားလိုက်ရသည်။
“အရှင်၊ ရုံးတော်မှာ အဆိုပြုချက်တင်သွင်းတာ အောင်မြင်ခဲ့တယ်မလား..”
အပြင်မှနေ၍ သတိထားမှုအပြည့်နှင့် စုရှီရွှမ်၏အသံ ထွက်ပေါ်လာခဲ့သည်။
ဟူး..
ဝမ်ချုံး ရထားလုံးအား ကျောမှီချကာ မျက်လုံးများမှိတ်လိုက်သည်။ သက်ပြင်းတစ်ချက်ချလိုက်ကာ နောက်ဆုံးတွင် အသိစိတ်ပြန်ကပ်လာခဲ့၏။
“ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး..” ဝမ်ချုံး တိုတိုတုတ်တုတ်ပြန်ဖြေလိုက်၏။
“ဟင်..”
ရထားလုံးအပြင်တွင် စုရှီရွှမ် မျက်နှာသွေးဆုတ်သွားကာ တုန်လှုပ်သွားသည်။ ရုံးတော်သို့ ထွက်သွားစဉ်တွင် သူ၏အရှင်သည် ဤအတွေးမျိုး တွေးထားသော်လည်း တော်ဝင်ရုံးတော်မှ တိုက်ရိုက်ငြင်းပယ်ချလိမ့်မည်ဟု စုရှီရွှမ် မထင်ထားလေ။ ဤအတိုင်းသာဆိုလျှင် ဘာရမ်နှင့် မင်းသားအိုက်ဒီရာတို့သည်.. စုရှီရွှမ် စိတ်ထဲလေးလံသွားသည်။
ရထားလုံးအတွင်းတွင်မူ အသံမှာတိတ်ဆိတ်နေ၏။
ဝမ်ချုံး ဘာမှမပြောခဲ့ပေ၊ မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်မှုကြောင့် တွန့်ချိုးနေ၏။ ပထမမင်းသားသည် ဤကိစ္စအား အရှင်ဧကရာဇ်ထံ တင်ပြပြီးလျှင် ဆုံးဖြတ်ချက်ချမည်ဟု ပြောခဲ့သော်လည်း ဤစကားမှာ ကြီးမြတ်သောထန်သည် ခိုရဆန်ထံသို့ တပ်ကူများ ဘယ်သောအခါမှ စေလွှတ်မည်မဟုတ်သည့် အဓိပ္ပာယ်ဖြစ်ကြောင်း အခြားသူများအားလုံးထက် သူပိုနားလည်ပေသည်။
ဝမ်ချုံးသည် စိုးရိမ်ပူပန်မှုများကြောင့် သူ့ကိုယ်သူ အတွင်းမှနေ၍ လှိုက်စားလောင်မြှိုက်နေသည်ဟုပင် ခံစားလာရ၏။
အချိန်တစ်ခုကြာပြီးနောက်တွင် ဝမ်ချုံး မျက်လုံးများ ပြန်ပွင့်လာကာ ပြတ်သားစွာပြောလာခဲ့သည်။ “ရှီရွှမ်၊ ငါတို့မှာ အချိန်မရှိတော့ဘူး.. စာရွက်နဲ့စုတ်တံပြင်ပြီး ငါ့အတွက် စာစောင်နည်းနည်းလောက်ရေးပေး..”
“ဒီလက်အောက်ငယ်သားက အခုချက်ချင်း လုပ်ဆောင်လိုက်ပါမယ်..”
စုရှီရွှမ် ဦးညွတ်လိုက်သည်။ ခိုရာစန်းပြဿနာသည် လက်ရှိတွင် အရေးအကြီးဆုံးဖြစ်၏။ ဝမ်ချုံး၏အမိန့်အတိုင်း စုတ်တံနှင့်စာရွက်ယူလာလိုက်သည်။
“ပထမစာတစ်စောင်ကို အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ကောင်းရှန်းကျီဆီရေးလိုက်.. သူ့စစ်တပ်ရဲ့ လေးဆယ်ရာခိုင်နှုန်းကို ချန်ချန်းလီ၊ လော့ရှီးယီ၊ ရှီယွမ်ချင်း၊ သံမဏိနံရံတပ်နဲ့ လေ့ကျင့်ထားတဲ့ မိုဓားအဖွဲ့တွေနဲ့အတူ လွှတ်လိုက်ဖို့ပြောလိုက်.. နယ်စပ်ကို ကင်းလှည့်စစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့ကို ဆန်မာအန်းဆီ သွားခိုင်း.. ပြီးရင် ညတွင်းချင်းခရီးနှင်ပြီး ခိုရဆန်ကို တပ်သွားကူ.. ငါ အရှင်ကျန့်ချိုးကို ခွင့်တောင်းပြီး သူတို့သုံးဖို့ ဒူးလေးသုံးထောင် ပို့ပေးခိုင်းလိုက်မယ်..” ဝမ်ချုံးမှ ခက်ထန်စွာပြောလာခဲ့သည်။
“ဟုတ်ကဲ့ပါအရှင်..”
ရထားလုံး သိသိသာသာ အရှိန်လျှော့သွားသည်။ ထို့နောက်တွင် စုရှီရွှမ် စာစရေးသည့် နူးညံ့သော စုတ်တံပွတ်တိုက်သံများကို ဝမ်ချုံးကြားလိုက်ရ၏။
“ဒုတိယတစ်စောင်ကိုတော့ စုဟန်ရှန်းနဲ့ လီစီယီဆီ ပို့လိုက်..”
အန္တရာယ်ပိုများလေ ဝမ်ချုံး၏အသံမှာ ပို၍အေးစက်တည်ငြိမ်လာလေပင်။
တောင်ဝင်ရုံးတော်အတွင်းတွင် ဝမ်ချုံးနှင့် ကျန့်ချိုး ကျန်းချုံးတို့၏ လှုပ်ရှားမှုများကြောင့် နောက်ဆုံးတွင် စုဟန်ရှန်းနှင့် လီစီယီတို့ လွတ်မြောက်လာခဲ့ကြသည်။ ထိုမျှသာမက ဤမတော်တဆမှုတွင် သူတို့၏ပါဝင်မှုသည် စစ်တပ်အတွင်း၌ သူတို့၏အဆင့်အတန်းအား များစွာမြင့်မားလာစေခဲ့၏။ ကွန်ဖြူးရှပ်တပ်မှူးသုံးဦးသည်ပင် သူတို့အား ပို၍သည်းခံလာလေသည်။
“သူတို့ကို ဝူရှန်းမြင်းတပ်တွေအားလုံးခေါ်ပြီး ခိုရာစန်းကို ချက်ချင်းခရီးနှင်ဖို့ပြောလိုက်.. ပြီးတော့ တပ်ရဲ့ စစ်တပ်ရာထူးတံဆိပ်တွေအားလုံး ဖယ်ရှားပစ်ဖို့လည်းပြောလိုက်.. သူတို့ကို နောက်တစ်ခေါက် လွတ်လပ်တဲ့လူတွေဖြစ်အောင် လုပ်ပေးလိုက်မယ်..”
“ဗျာ..”
ထိတ်လန့်မှုနှင့်အတူ စုရှီရွှမ်၏ စုတ်ချက်များ ရပ်တန့်သွားသည်။ သို့သော် အလျင်အမြန်ပင် နားလည်သဘောပေါက်သွားကာ ခေါင်းငုံ့၍ ပြန်ဆက်ရေးလိုက်၏။
“ဟုတ်ကဲ့ပါအရှင်”
ဝူရှန်းမြင်းတပ်သည် ဝမ်ချုံး၏အမိန့်အောက်ရှိ အထူးခြားဆုံးစစ်သည်တော်များဖြစ်သည်။ သူတို့၏တိုက်ခိုက်နိုင်စွမ်းမှာ အခြားမည်သည့်စစ်သည်တော်အုပ်စုထက်မဆို သာလွန်၏။ ကျွန်စစ်သည်တော်များသည်ပင် သူတို့နှင့်မယှဉ်နိုင်ပေ။ သို့သော် ဝမ်ချုံးသည် ကြီးမြတ်သောထန်နှင့် ခိုရဆန်တို့၏တိုက်ပွဲတွင် သူတို့အား ချီးရှီးရင်ခွင်ပိုက်အစိုးရစစ်တပ်နှင့်အတူ ခေါ်သွားခဲ့သော်လည်း ဝူရှန်းမြင်းတပ်သည် ချီးရှီးရင်ခွင်ပိုက်အစိုးရစစ်တပ်၏ တစ်ပိုင်းတစ်ပိုင်း မဟုတ်ခဲ့ပေ။
စစ်ပွဲပြီးသွားသည့်အချိန်တွင် သူတို့အား ပုံမှန်စစ်တပ်အတွင်း ခေါ်သွင်းရန် ကြိုးစားခဲ့သည့် အခေါက်ရေများရှိခဲ့၏။ သို့သော် ဝူရှန်းမြင်းတပ်သည် အရေအတွက်များပြားကာ မည်သည့်ရင်ခွင်ပိုက်အစိုးရစစ်တပ်နှင့်မျှ မကိုက်ညီဖြစ်ခဲ့သည်။ ထို့ကြောင့် ဤကိစ္စမှာ ယခုအချိန်အထိ မပြီးပြတ်သေးဘဲ ဖြစ်နေ၏။ ဤအင်အားစုသည် ယခုတွင် ခိုရဆန်အား တပ်ကူဖြည့်ပေးရန်အတွက် ဝမ်ချုံး၏ အင်အားအကြီးဆုံးအင်အားစုပင်။
ရထားလုံး၏အရှိန်မှာ နှေးသထက်နှေးလာ၏။ ယခုတွင် လမ်းလျှောက်သည့်နှုန်းထားထက်ပင် နှေးနေပေပြီ။ စုတ်တံကမူ အဆက်မပြတ်လှုပ်ရှားနေခဲ့၏။ စုရှီရွှမ်သည်လည်း အလျင်အမြန်ပင် ပထမစာစောင်နှင့် ဒုတိယစာစောင် ရေးသားပြီးစီးသွားခဲ့သည်။
“တတိယတစ်စောင်ကိုတော့ အနောက်ပိုင်းဒေသက ကန်းခဲ့ဘုရင်ကို အသိပေးဖို့ရေးလိုက်.. ငါ့နာမည်သုံးပြီး သူ့ကို အနောက်ပိုင်းဒေသမှာ စစ်သည်တော်အသစ်တွေ စုဆောင်းခိုင်းလိုက်.. မျိုးနွယ်စုခေါင်းဆောင်တွေကိုလည်း ငါတို့ရဲ့သဘောတူညီချက်က နောက်ဆုံးတစ်ခေါက်နဲ့ အတူတူပဲလို့ ပြောလိုက်.. လုံလုံလောက်လောက် အကျိုးခံစားခွင့် ရစေရမယ်လို့..”
အမိန့်များ တစ်ခုပြီးတစ်ခုပေးနေစဉ်တွင် ဝမ်ချုံး၏မျက်နှာအမူအရာသည် ပိုမိုတည်ငြိမ်လာခဲ့၏။ ရထားလုံးအပြင်ဘက်တွင် စုရှီရွှမ်သည်လည်း အဆက်မပြတ် လိုက်မှတ်ရေးသားနေခဲ့သည်။
“နောက်ဆုံးတစ်စောင်ကိုတော့ အာရေဗျရဲ့စော်ဘွား မူတာဆင်မ် သုံး ဆီရေး..” ဝမ်ချုံး ဆက်ပြောလာခဲ့သည်။
စုရှီရွှမ် တောင့်ခဲသွားသည်၊ မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်လာခဲ့၏။ ကောင်းရှန်းကျီနှင့် စုဟန်ရှန်းတို့ထံ စာရေးပို့သည်ကို သူ နားလည်နိုင်၏။ ဝူရှန်းမြင်းတပ်ထံမှ စစ်တပ်ရာထူးအဆောင်အယောင်များ ရုတ်သိမ်းသည်ကိုပင် နားလည်နိုင်သည်။ သို့သော် ဝမ်ချုံးသည် နောက်ဆုံးစာစောင်အား အာရေဗျမှစော်ဘွားထံ ရေးပေးပို့ခိုင်းလိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့ပေ။ စော်ဘွားအား စစ်သည်တော်များ ပြန်လည်ရုတ်သိမ်းပေးရန် ဖျောင်းဖြချင်နေခြင်းလော..
ဝမ်ချုံးကမူ စုရှီရွှမ်း တွေးနေသည်များကိုမသိပေ။ သူ၏စိတ်မှာ အတွေးထဲနစ်မြောနေ၏။
“မူတာဆင်မ်သုံးကို သူ့တပ်တွေ ချက်ချင်းပြန်ရုတ်သိမ်းဖို့ပြောလိုက်.. ယဉ်ကျေးမှုကို ယဉ်ကျေးမှုနဲ့ ပြန်တုန့်ပြန်ခံရတယ်လို့.. သူ့တပ်တွေ ပြန်ရုတ်သိမ်းဖို့ ငြင်းဆန်မယ်ဆိုရင် နောင်တစ်ချိန်မှာ ငါကိုယ်တိုင်စစ်တပ်ကိုဦးဆောင်ပြီး ဘဂ္ဂဒက်ကိုလာသိမ်းမယ်.. ပြီးတော့ပြောလိုက်၊ ခိုရဆန်ကျရှုံးသွားပြီး အာရပ်တွေ အစုလိုက်အပြုံလိုက် လူသတ်မယ်ဆိုရင် ငါ သူတို့ကို သူတို့စိုက်တဲ့အသီး သူတို့ပြန်ရိတ်သိမ်းရအောင် လုပ်ပေးမယ်လို့..”
ဝမ်ချုံး၏အသံမှာ ရေခဲသမျှအေးစက်လာခဲ့၏။
စုရှီရွှမ် ကြောင်အသွားကာ ရုတ်တရက် နားမလည်နိုင်ဖြစ်သွား၏။ ကြီးမြတ်သောထန်နှင့် အာရေဗျကြားမှ ကျယ်ပြောသောအကွာအဝေးနှင့် တော်ဝင်ရုံးတော်၏ ဆုံးဖြတ်ချက်ချရန် ငြင်းဆန်ခြင်းတို့အရ ယခုတွင် သူတို့စဉ်းစားရမည်မှာ ခိုရဆန်အား ကယ်တင်ရမည့်နည်းလမ်းမဟုတ်ပေ။ ခိုရဆန် ကျရှုံးသွားလျှင် အာရပ်များ ကလဲ့စားချေလာမည်ကို မည်သို့မည်ပုံ ကိုင်တွယ်ရမည်ကို စဉ်းစားရမည်ဖြစ်၏။
ကြီးမြတ်သောထန်သည် အာဆွာရန် ကတ်တီဖရစ်နှင့်အတူ ပူးပေါင်းကာ အာရပ်စစ်သည်တော်များ တစ်သန်းနီးပါး သတ်ဖြတ်ခဲ့သည်။ အာရပ်များသည် ဤကိစ္စနှင့်ပတ်သက်၍ ရန်ငြိုးကြီးကြီးမားမား ထားမည်မှာ ကျိန်းသေပေသည်။ သူတို့၏ ပုံမှန်လုပ်ဆောင်ချက်များအရ မြို့ကျရှုံးသွားသည်နှင့် မြို့သူမြို့သားများကို ရှင်းလင်းသတ်ဖြတ်ပစ်မည်မှာ ကိုးဆယ်ရာခိုင်နှုန်း သေချာနေ၏။ ဝမ်ချုံး၏ နောက်ဆုံးစကားမှာ ဤအဖြစ်အပျက်မျိုး မဖြစ်လာစေရန် တားဆီးနေခြင်းပင်။
အာရပ်များ၏ ကြမ်းတမ်းသည့် ပင်ကိုယ်စရိုက်အရ သူတို့အား စာတစ်စောင်တည်းဖြင့် ခြိမ်းခြောက်ရန်မှာ ဖြစ်နိုင်မည်မဟုတ်ချေ။ သို့သော် ထိုစာမှာ ဝမ်ချုံးထံမှဖြစ်လျှင်တော့ အရာအားလုံး ကွဲပြားသွားပေပြီ။ ဝမ်ချုံးသည် အာရပ်စစ်သည်တော်များ တစ်သန်းနီးပါး သတ်ဖြတ်ခဲ့ဖူး၏၊ ဆိုလိုသည်မှာ သူသည် ပို၍ပင်သတ်ဖြတ်နိုင်ပေသည်၊ မြို့တစ်မြို့ကိုပင် ဖြိုနိုင်၏။
ဤစာသည် ဟန်ပြခြိမ်းခြောက်နေခြင်းမဟုတ်ပေ၊ အမှန်အကန်ခြိမ်းခြောက်နေခြင်းပင်။
ဝမ်ချုံးသည် သူပြောသည့်စကားအား သူနားလည်၏။
ဤနောက်ဆုံးစကား ပြောပြီးသည်နှင့် ဝမ်ချုံးသည် ရှိသမျှခွန်အားအားလုံး အသုံးပြုလိုက်ရသည့်နှယ်.. ပင်ပန်းနွမ်းနယ်စွာဖြင့် ရထားလုံးအား ပြန်လည်မှီချလိုက်သည်။ စုတ်ချက်လှုပ်ရှားသံများကမူ အချိန်တစ်ခုအထိ ဆက်လက်ထွက်ပေါ်နေခဲ့၏။ နောက်ဆုံးတွင် စာများအားလုံး ပြီးဆုံးသွားချိန်တွင် ကောင်းကင်သို့ ပျံတက်သွားသည့် လင်းယုန်ငှက် တောင်ပံတဖျတ်ဖျတ်ခတ်သံများ ကြားလိုက်ရလေတော့သည်။
+++
အပိုင်း ၁၂၈၉
ပြောင်းလဲသွားသော စိတ်များ
စာလွှာများ ရေးသားပေးပို့ပြီးနောက်တွင် စုရှီရွှမ်းသည် ဝမ်ချောင်အား အနှောင့်အယှက် မဖြစ်စေချင်တော့သည့်အတွက်ကြောင့် လူနည်းသည့်လမ်းကြားမှ ဝမ်မိသားစုစံအိမ်သို့ပြန်ရန် ရွေးချယ်လိုက်သည်။
လတ်တလောတွင် ဖြစ်ပွါးခဲ့သည့်ကိစ္စများမှာ များလွန်းလှ၏။ သူ၏အရှင် အမှန်တကယ် ပင်ပန်းနေလေပြီ။
ရထားလုံးအတွင်းတွင် ဝမ်ချောင်သည် နောက်မှီထိုင်ကာ ခေါင်းမော့၍ တိတ်ဆိတ်နေ၏။ သို့သော် သူ၏စိတ်အစဉ်မှာမူ ယောက်ယက်ခတ်လှုပ်ရှားနေခဲ့သည်။ ဤကိစ္စများ ပြုလုပ်ပြီးသည့်တိုင်အောင် စိတ်ထဲတွင် အနည်းအကျဉ်းမျှ စိတ်သက်သာရာမရသေးချေ။ လူများ၏ စစ်ပွဲအပေါ် မုန်းတီးမှုက ဤအခြေအနေအထိ ရောက်ရှိနေသည်ကို တွေးမိသော် စိတ်ဓာတ်ကျမှုတို့ကသာ ပိုတိုးလာခဲ့၏။ လူများ၏ ငြိမ်းချမ်းမှုနှင့် ပတ်သက်သောအတွေးများမှာ အလွန်ရိုးရှင်းလွန်းလှသည်။ ငြိမ်းချမ်းမှုဟူသည်မှာ လှုပ်ရှားတိုက်ခိုက်ရန် လိုအပ်သည်။
လူအများစုသည် ခိုရာစန်က ကြီးမြတ်သောထန်နှင့် မည်မျှပင် ဝေးကွာကြောင်း၊ ဤစစ်ပွဲက မဟာထန်နှင့် ဘာမှမဆိုင်ကြောင်း ပြောဆိုနေကြစဉ်တွင်.. အလယ်ပိုင်းလွင်ပြင်ဖြစ်သည့် မဟာထန်တွင်လည်း တူညီသည့်ကိစ္စမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း မည်သူမှနားမလည်ကြလေ။ အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ စစ်ပွဲမှာ ရောက်လာပေလိမ့်မည်။
ခိုရာစန်၌ ဖြစ်ပွါးနေသည်များမှာ လက်တွေ့ဖြစ်၏။
ဒုန်းး..
ဝမ်ချောင် အတွေးထဲမြောနေစဉ်မှာ ရထားလုံး ရုတ်တရက် ရပ်သွားသည်။
မျက်လုံးများပွင့်လာကာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ..”
“အရှင်၊ ဘာမှမဖြစ်ပါဘူး.. အရှေ့ကလမ်းမှာ လမ်းပိတ်နေလို့.. ကျွန်တော် ချက်ချင်းလမ်းကြောင်းပြောင်းလိုက်ပါမယ်..”
အပြင်မှနေ၍ စုရှီရွှမ်း၏ အနည်းငယ်ထိတ်လန့်တုန်ယင်နေသောအသံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ရထားလုံးအား ပြန်လှည့်ရန်ပြင်လိုက်၏၊ သို့သော် နောက်ကျလွန်းသွားပေပြီ။
“စစ်ပွဲတွေ အ လို မ ရှိ..”
နားအူမတတ် အသံကုန်အော်ဟစ်သည့်အသံတစ်သံ အရှေ့ရှိလမ်းမှ ထွက်ပေါ်လာခဲ့သည်။
“မဟာထန်မှာ စစ်ပွဲတွေ များလွန်းခဲ့ပြီးပြီ..”
“စစ်ပွဲစရဲတဲ့လူ ဘယ်သူမဆို အဲလူက လူတိုင်းရဲ့ရန်သူပဲ..”
“ဗိုလ်ချုပ်တစ်ယောက်က နယ်စပ်မှာ သောင်းနဲ့ချီတဲ့ အရိုးပုံတွေပေါ်ရပ်ပြီး ဂုဏ်သတင်းကျော်စောမှုတွေရဖို့ ကြိုးစားခဲ့တယ်.. နာမည်မက်ခဲ့တယ်.. ကျုပ်တို့ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး..”
“လူတွေ ဘယ်နှယောက်ထပ်သေရဦးမှာလဲ.. တစ်သောင်းလား၊ တစ်သန်းလား.. တစ်ကမ္ဘာလုံး အလောင်းတွေနဲ့ ပြည့်နေမှ အဲဗိုလ်ချုပ်တွေ စိတ်ကျေနပ်ကြမှာလား.. ခိုရာစန်ရဲ့စစ်ပွဲက ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ.. စစ်ပွဲတွေ အလိုမရှိ..”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဤကြွေးကြော်သံများသည် ဝမ်ချောင်၏မျက်နှာအရောင်အား ဖြူလျော့သွားစေခဲ့သည်။
“အရှင်..”
စုရှီရွှမ်း ခေါင်းလှည့်ကာ ရထားလုံးအတွင်းပိုင်းအား စိုက်ကြည့်လိုက်သည်။ စိတ်ထဲတွင် ပြင်းထန်သည့်မသက်မသာဖြစ်သော ခံစားချက်တစ်ခု လိမ့်တက်လာခဲ့၏။ ရုံးတော်အတွင်း၌ အခြေအနေအား ငြင်းခုန်နေကြစဉ်တွင် မြို့တော်တွင် ပြည်သူများသည် လမ်းထက်စုဝေးဆန္ဒပြနေကြသည်။ သောင်းနှင့်ချီသောလူများ စုဝေးနေကြကာ သူတို့၏သဘောထားအား ကျယ်လောင်စွာ ဖော်ပြနေကြ၏။ ရထားလုံးအရှေ့တွင် မြို့တော်၏ငိုကြွေးသံအား ကြားနိုင်ပေသည်။
“ဆက်သွား၊ ငါ တစ်ချက်ကြည့်ကြည့်ချင်တယ်..“ အနည်းငယ်ကြာပြီးနောက်တွင် ရထားလုံးအတွင်းရှိ ဝမ်ချောင်ထံမှ အသံထွက်လာခဲ့သည်။ အသံမှာ ပုံမှန်မဟုတ်အောင်ကို စိတ်ဓာတ်ကျနေလေသည်။
စုရှီရွှမ်း စိတ်ထဲတုန်လှုပ်သွား၏။ ဓားဆွဲထုတ်ကာ ရထားလုံးထက်ရှိ အမှတ်အသားများကို ဖယ်ရှားပစ်လိုက်သည်။
ဝှစ်..
ဝမ်ချောင် ပြတင်းပေါက်လိုက်ကာ မ,တင်ကာ အပြင်သို့ ကြည့်လိုက်သည်။ အဆောက်အဦးတန်းများအား မျက်စိတဆုံးမြင်နေရကာ လမ်းလယ်ခေါင်တွင် စာတန်းများကိုင်ဆောင်ထားသည့် လူအုပ်ကြီးအား မြင်လိုက်ရ၏။ ထောင်နှင့်ချီသောလူများ စုဝေးနေကြကာ လမ်းမများ၊ တည်းခိုဆောင်များနှင့် စားသောက်ဆိုင်များတွင်လည်း လူများပြည့်ကြပ်နေသည်။
အချို့သူများသည် ကုလားထိုင်များ၊ စားပွဲခုံများပင် ထုတ်ယူလာကာ ထိုပေါ်ပင် ရပ်နေကြ၏။
ဝမ်ချောင် လူအုပ်အား တစ်ချက်လေ့လာကြည့်လိုက်သည်။ အထဲတွင် ယောကျာ်းမိန်းမ၊ လူကြီးလူငယ်မရွေး ပါဝင်နေ၏.. လူတိုင်းသည် မျက်နှာများရဲတက်လာသည်အထိ အော်ဟစ်နေကြကာ သူတို့အသံ ကြားရန်အတွက် ရှိသမျှခွန်အားအားလုံး အကုန်ထုတ်သုံးနေကြသည့်နှယ်။ အသံများသည် တစ်သံပေါ်တစ်သံဆင့်ကာ အဝေးသို့ပြန့်နှံ့သွား၏။ အရှေ့သို့လှမ်းကြည့်လိုက်သော် လူအုပ်ကြီးက ပို၍ပင်များပြားနေသည်ကို ဝမ်ချောင် မြင်လိုက်ရသည်။
ဤအခိုက်အတန့်တွင် လွန်စွာမှ စိမ်းသက်လွန်းသည့် ခံစားချက်တစ်ခု သူ၏စိတ်နှလုံးအတွင်း၌ လိမ့်တက်လာခဲ့၏။ ထိတ်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ မချိတင်ကဲဖြစ်ခြင်း.. ဤခံစားချက်များ သူ၏စိတ်နှလုံးအတွင်း ရောနှောဝင်ရောက််လာခဲ့သည်။ သို့သော် အပြင်းထန်ဆုံးမှာ ဝမ်းနည်းသည့်ခံစားချက်ပင်။ ‘ဗိုလ်ချုပ်တစ်ယောက်က နယ်စပ်မှာ သောင်းနဲ့ချီတဲ့ အရိုးပုံတွေပေါ်ရပ်ပြီး ဂုဏ်သတင်းကျော်စောမှုတွေရဖို့ ကြိုးစားခဲ့တယ်’— တော်ဝင်ရုံးတော်နှင့် မြို့တော်ရှိလူများသည် စစ်ပွဲနှင့်ပတ်သက်၍ နားလည်မှုလွဲမှားနေကြလေပြီ။
မဟာထန်သည် သင်ခန်းစာရသည်အထိ၊ ဤရိုးရှင်းပြီး ကလေးဆန်သောအတွေးများကို စွန့်လွှတ်နိုင်သည်အထိ၊ ကမ္ဘာကြီး၏ ရက်စက်မှုကို နားလည်သည်အထိ၊ နောက်ကောက်ကျန်ခဲ့လျှင် ရိုက်နှက်ခံရမည်ဖြစ်ကာ အင်အားကြီးသည့်လူကသာ မိမိကိုယ်ကိုယ်မိမိ ကာကွယ်နိုင်သည်ဖြစ်ကြောင်း နားလည်သည်အထိ သွေးပေါင်းမည်မျှ စွန်းထင်းရဦးမည်နည်း.. မည်မျှပင် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရဦးမည်နည်း..
ရထားလုံးသည် ဆန္ဒပြပွဲကြောင့် ပိတ်မိနေသည့် အခြားရထားလုံးများနှင့်အတူရောကာ အရှေ့သို့ တဖြည်းဖြည်းချင်း ဆက်သွားခဲ့၏။
ပြတင်းပေါက်မှတဆင့် မြင်နေရသည့် မရေမတွက်နိုင်သော စစ်ပွဲဆန့်ကျင်သူများကိုကြည့်ကာ ဝမ်ချုံး၏ မျက်နှာအရောင်မှာ သိသိသာသာ လျော့ကျလာခဲ့သည်။
“ဘာလို့စစ်ပွဲတွေ ရှိနေရမှာလဲ.. ဟူလူမျိုးတွေကလည်း ငါတို့လို သာမန်လူတွေပဲ.. ငါတို့က စစ်ပွဲကို စတဲ့လူတွေ မဖြစ်ချင်ဘူး..”
“ဟူလူမျိုးတွေကို သူတို့ပြဿနာကို သူတို့ဘာသာသူတို့ဖြေရှင်းခိုင်း.. မဟာထန်က အာရေဗျနဲ့ ဆာဆမ်နစ်တွေကြားက စစ်ပွဲနဲ့ ဘာမှမဆိုင်ဘူး..”
အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ အရှေ့ဘက် မလှမ်းမကမ်းတွင် လူတစ်စု လမ်းပေါ်ပြေးတက်လာကာ လက်များကို လေပေါ်မြှောက်၍ကြွေးကြောလိုက်ကြ၏။ သူတို့အနောက်တွင် အခြားတစ်ဖွဲ့၊ ဒုတိယမြောက်၊ တတိယမြောက်.. ဆန္ဒပြသမားများမှာ တွေးထားသည်ထက်ကို များစွာပိုများနေသည်။
အဝေးမှ ခိုရာစန်၏ စစ်ပွဲမှာ မီးစတစ်ခုအလား၊ လူအုပ်ကြီး၏ စစ်ပွဲဆန့်ကျင်သည့်သဘောထားအား မီးမြှိုက်ပေးခဲ့သည်။
လမ်းမထက်ရှိ ဆန္ဒပြပွဲတွင် လူပေါင်းမရေမတွက်နိုင်အောင် ပါဝင်နေကာ ဤလူများ၏ စစ်ပွဲဆန့်ကျင်အော်ဟစ်သံများမှာ ကောင်းကင်ယံထက်ထိတိုင် သောသောညံ ထွက်ပေါ်နေ၏။ ရှိသမျှအင်အားများစုကာ အော်ဟစ်နေသည့် ဤကြွေးကြော်သံများသည် ဝမ်ချောင်အတွက် သူ၏နှလုံးအား အပ်များဖြင့် ထိုးစိုက်နေသကဲ့ပင်။ ဝမ်ချောင် မျက်လုံးတင်းတင်းမှိတ်ချလိုက်သည်၊ အသက်ရှူရန်ပင် အင်အားများ စုသုံးနေရသည်ဟု ခံစားလာရ၏။
ရထားလုံးမှာ အရှေ့သို့ဆက်သွားခဲ့သည်။
ရုံးတော်မှ သတင်းများ ပိုမိုပေါက်ကြားလာသည်နှင့်အမျှ လူအုပ်ကြီး၏ ဆန္ဒပြသည့်အကြောင်းအရာမှာလည်း စတင်ပြောင်းလဲလာခဲ့သည်။ ငြိမ်းချမ်းရေးခေါ်ဆောင်ကာ စစ်ပွဲအားဆန့်ကျင်သည့် ကြွေးကြော်သံများမှတဆင့် ဝမ်ချောင်အား အဓိကထားပစ်မှတ်ထားလာခဲ့ကြသည်။
“ဒါတွေအားလုံးက မျိုးနွယ်ခြားဘုရင်ရဲ့အကြံပဲ.. အားလုံးပဲ ဆန္ဒပြကြမယ်၊ ဒါမှကောင်းကင်နဲ့ တော်ဝင်ရုံးတော်က ကျုပ်တို့အတွေးကိုသိမှာ..”
“မျိုးနွယ်ခြားဘုရင်ကို ဖြုတ်ချပေး..”
အော်ဟစ်သံများက လေထုအတွင်း ပိုမိုကျယ်လောင်လာခဲ့သည်။ မြို့တော်၏ လူအစည်ကားဆုံးနေရာတစ်နေရာတွင် စင်မြင့်တစ်ခုတည်ဆောက်ထားသည်ကို ဝမ်ချောင်တွေ့လိုက်ရ၏။ ထိုစင်ထက်တွင် မိုးပြာရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်သမားများ ရပ်နေကြကာ သူ့အားကျယ်လောင်စွာ ရှုံ့ချပြောဆိုနေကြသည်။
“တိုင်းပြည်ကအေးချမ်းနေပြီ.. မျိုးနွယ်ခြားဘုရင်က ဘာလို့ ခိုရာစန်ကို စစ်သည်တော်တွေ စေလွှတ်ဖို့ တင်ပြခဲ့တာလဲ..”
“အနောက်တောင်ဘက်မှာ စစ်သည်တော်ပေါင်း လေးသိန်း၊ တာလက်စ်နဲ့ ခိုရာစန်စစ်ပွဲမှာ တစ်သန်း.. စစ်သည်ပေါင်း စုစုပေါင်း တစ်သန်းနဲ့လေးသိန်း သတ်ပြီးတာကို သူက မလုံလောက်သေးဘူးလား.. ဘယ်နှယောက်တောင်သတ်ချင်နေတာလဲ.. ခိုရာစန်ကို စစ်သည်တော်တွေ နောက်တစ်ခေါက် ထပ်စေလွှတ်ဖို့တောင် တင်ပြလိုက်သေးတယ်..”
“မဟာထန်မှာ မျိုးနွယ်ခြားဘုရင်က အကြီးဆုံးလူသတ်မိစ္ဆာဘုရင်ကြီးပဲ..”
“မျိုးနွယ်ခြားဘုရင်ကို ဖြုတ်ချပေး.. အရှင်ဧကရာဇ်မင်းကြီးကို မျိုးနွယ်ခြားဘုရင်ကို လက်ရှိနေရာတွေအားလုံးကနေ ဖြုတ်ချပေးဖို့ တောင်းဆိုပါတယ်.. ကျုပ်တို့ မဟာထန်က ဒီလိုလူသတ်မိစ္ဆာဘုရင်မျိုးကို သည်းမခံနိုင်ဘူး..”
စင်ဘေးပတ်ပတ်လည်တွင် လူအုပ်ကြီးစုဝေးလာကာ ကွန်ဖြူးရှပ်သမားများ၏ ကြွေးကြော်သံများအား အားရပါးရအော်ဟစ်ထောက်ခံလိုက်ကြသည်။ ကွန်ဖြူးရှပ်သမားများက တစ်ကြိမ်ကြွေးကြော်လျှင် သူတို့သည်လည်း အနောက်မှလိုက်ကာ ထောက်ခံပြီးသားပင်။ တစ်ကြိမ်ပြီးတစ်ကြိမ် အဆုံးမရှိသော ဒီရေလှိုင်းများကဲ့သို့ မြည်ဟီးထွက်ပေါ်နေခဲ့၏။
“ဒီကောင်တွေတော့..”
စုရှီရွှမ်း မျက်လုံးများရဲတက်လာသည်။ လူသတ်လိုစိတ်များက စိတ်အတွင်း၌ ထကြွဖြစ်ပေါ်လာခဲ့၏။
ကပ်ဘေးအတွင်းတွင် ဦးဆောင်နိုင်ရန်အတွက် မိမိထံ၌ ရှိသမျှအရာအားလုံးကို လက်လွှတ်ရန် ဆန္ဒရှိခဲ့သောလူတစ်ဦး၊ ဧကရာဇ်မင်းကြီးထံ၌ မိမိ၏အင်အားအား ပေးအပ်မြှုပ်နှံထားသောလူတစ်ဦး၊ အနောက်တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့ကို ကယ်တင်ခဲ့သောလူတစ်ဦး၊ မဟာထန်အတွက် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်ခဲ့သော သူရဲကောင်းတစ်ဦး.. ဤကဲ့သို့သောလူမျိုးသည် သူတို့၏ပါးစပ်အတွင်းတွင် လူသတ်မိစ္ဆာဘုရင် ဖြစ်သွားခဲ့ရသည်လော..
အရှင် မြို့တော်သို့ ပြန်လာသည့်အချိန်တွင် သူတို့ မည်မျှပင် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သည်ကို မေ့သွားကြသည်လော၊ သူ့အား မည်မျှပင် လေးစားချီးကျူးကြကာ သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြသည်ကို မေ့သွားကြသည်လော..
ဤလူများ၏စိတ်သည် အချိန်တိုအတွင်းတွင် အဘယ်ကြောင့် ဤကဲ့သို့ အပြောင်းလဲကြိး ပြောင်းလဲသွားခဲ့ရပါသနည်း..
စုရှီရွှမ်း သူ၏နှလုံးအတွင်းတွင် သွေးများတစက်စက်ကျနေသည်ဟု ခံစားလိုက်ရ၏။ သူ၏အရှင်အား မည်သူမှ ဤကဲ့သို့ အရှက်ခွဲ၍မရပါ။ မဟာထန်၏ သူရဲကောင်းတစ်ဦး ဤကဲ့သို့ အရှက်ခွဲ အတင်းပြောခံနေရသည်ကို ကြည့်နေမည့်အစား သူ သေသာသေလိုက်ပေမည်။
“ကျွန်တော် ဒီခွေးကောင်တွေကို သွားသတ်မယ်..”
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ စုရှီရွှမ်း ရထားလုံးထက်မှ ခုန်ဆင်းရန်ပြင်လိုက်သည်။
“ထားလိုက်တော့.. သူတို့ ပြောကြပါစေ..” ရထားလုံးအတွင်းမှ မောပန်းနွမ်းနယ်နေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အသံကြောင့် စုရှီရွှမ်းမှာ ပို၍ပင်မချိတင်ကဲ ဒေါသဖြစ်သွားတော့၏။
“ဒါပေမဲ့ အရှင်..”
“သူတို့ လုပ်ချင်တာလုပ်ကြပါစေ..” ဝမ်ချောင်မှ နောက်တစ်ကြိမ်ပြောလာခဲ့သည်။
ရထားလုံးအား နောက်မှီထားသည့် သူ၏ပုံစံမှာ လှုပ်ရှားမှုကင်းမဲ့ကာ မျက်လုံးများကလည်း အသက်မဲ့နေ၏။ ကွန်ဖြူးရှပ်သမားများ၏ မုန်းတီးစွပ်စွဲမှုများကို သူ သိပ်ဂရုမစိုက်ပါ။ သူ ဂရုစိုက်သည်မှာ လူအုပ်ကြီး၏ ပြင်းထန်သောတုန့်ပြန်မှုဖြစ်၏။ ကွန်ဖြူးရှပ်သမားများအား အားပေးထောက်ခံနေသည့် ကြွေးကြော်သံများမှာ မည်သည့်ဓားမဆိုထက် ပိုမိုအေးစက်နာကျင်ရလေသည်။
“ယား ယား ယား…”
ထိုအချိန်တွင် လမ်းဘေးတစ်နေရာမှ ကလေးတစ်ဦးအသံ ထွက်ပေါ်လာကာ ဝမ်ချောင်၏ အာရုံအား ဆွဲခေါ်သွားခဲ့သည်။
“ကျားသားကောင်ချောင်းခြင်.. လျှို့ဝှက်နဂါး..”
“တောင်ပိုင်းမှ ပျံလွှားငှက် မြောက်ပိုင်းသို့ ခရီးပြန်ခြင်း..”
ဆန္ဒပြနေသာ လူအုပ်ကြီး၏အလယ်တွင် ဤစည်းချက်ကျသော အော်ဟစ်သံနှင့်အတူ လက်နက်ထိတိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ဝမ်ချောင် လိုက်ကာ မ,တင်ကြည့်လိုက်သော် ဆေးဆိုင်ဆိုင်းဘုတ်ဘေးတွင် ဓားလွှဲရမ်းနေသည့် အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကောင်လေးတစ်ဦး တွေ့လိုက်ရသည်။ ဝါးဖြင့်ပြုလုပ်ထားသော ဓားသည် မည်သည့်အားမှမပါသော်လည်း ကောင်လေးသည် စိတ်အားတက်ကြွမှုအပြည့်ဖြင့် လှုပ်ရှားနေခဲ့၏။
သူ၏ဘေးပတ်ပတ်လည်တွင် ဆန္ဒပြအော်ဟစ်နေကြသော လူအုပ်ကြီးများရှိသည်၊ သို့သော် ကောင်လေးသည် ထိုလူများအား အာရုံသိပ်မစိုက်ပေ။ တစ်ကမ္ဘာလုံးတွင် သူ၏လက်အတွင်း၌ ကိုင်ထားသော ဝါးဓားတစ်ချောင်းတည်းသာ ရှိတော့သကဲ့သို့ ထိုဓားအပေါ်ကိုသာ အပြည့်အဝ အာရုံစူးစိုက်ထား၏။
“နင် ဘာတွေလုပ်နေတာလဲ.. အကုန်လုံး စစ်ပွဲကို ဆန့်ကျင်ဖို့ဆန္ဒပြနေကြတာ မမြင်ဘူးလား..” ထိုအချိန်တွင် ခက်ထန်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဖြောင်း.. ကောင်လေးမှ ပြန်မတုန့်ပြန်နိုင်ခင်မှာပင် လက်ဝါးတစ်ချက်က ကောင်လေး၏ ဦးခေါင်းအနောက်အား ကျယ်လောင်စွာဖြတ်ရိုက်လိုက်၏။ ထို့နောက်တွင် ဝါးဓားအား ဆွဲယူကာ လွင့်ပစ်လိုက်သည်။
“သူတို့ အထဲမှာပြောနေကြတာ မကြားဘူးလား.. စစ်ပွဲထဲသွားတဲ့လူက ကိုယ်တွင်းကလီစာတွေ ဖောက်ထုတ်ခံရပြီး ဦးနှောက်တွေတောင် ပွင့်လို့.. ဒီအဖွားကြီးက နင့်ကို စစ်ပွဲမှာသေဖို့ ကျွေးမွေးထားတာမဟုတ်ဘူး.. ဒီလောက်အသက်ငယ်ငယ်လေးနဲ့ မကောင်းတဲ့လမ်းနောက်လိုက်နေတယ်.. ပြန်ဝင်ပြီး စာသွားကျက်စမ်း.. မှတ်ထား၊ နောက်တစ်ခါ နင် ဒီဓားကိုင်ခွင့်မရှိဘူး..”
ကောင်လေးနောက်တွင် ကြမ်းကြမ်းတမ်းတမ်းပုံစံရှိသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ ခက်ထန်သောမျက်နှာအမူအရာဖြင့် ကောင်လေးအား စတင်ဆူပူကြိမ်းမောင်းတော့၏။
“ဒါပေမဲ့ အမေ၊ ဘာလို့..”
ကောင်လေး ခေါင်းမော့ကြည့်လိုက်သည်။ မကျေနပ်ဟန်ဖြင့် ပြန်ငြင်းရန်ပြင်လိုက်၏။ သို့သော် အလျင်အမြန်ပင် ကြားဖြတ်ပြောခံလိုက်ရသည်။
“ဘာ ‘ဘာလို့လဲ’ ဆိုတာမှမရှိဘူး.. စစ်သည်တော်ဖြစ်ရတာ ဘာတွေကောင်းနေလို့လဲ.. ဘယ်လူကောင်းကမှ စစ်ပွဲထဲသွားရတာ မကြိုက်ဘူး..” အမေဖြစ်သူမှ ပြင်းပြင်းထန်ထန် ပြန်ဆူလိုက်လေ၏။
++++
1290 01
အပိုင်း ၁၂၉၀
အင်အားကသာ အမှန်တရား..
ဝမ်ချောင် သူ၏နှလုံးအား အပ်များ တစ်ချောင်းပြီး တစ်ချောင်း ထိုးစိုက်နေသည်ဟု ခံစားလိုက်ရသည်။ စိတ်နှလုံးလည်း လွန်စွာတုန်လှုပ်သွား၏။ မြို့တော်အတွင်းမှ သောင်းနှင့်ချီသော လူများ၏ ဆန္ဒပြသံများ၊ အော်ဟစ် ကြွေးကြော်သံများမှာ သူ့အား တိုက်ရိုက် တိုက်ခိုက်နေသော်ငြားလည်း ထိုမိခင် ပြောလိုက်သည့်စကားနှင့် မယှဉ်နိုင်ပေ။ ကောင်လေးသည် အမှားတစ်ခုခု လုပ်မိသကဲ့သို့ ခေါင်းငိုက်စိုက် ချကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိမ်ထဲ ဝင်သွားလိုက်သည်။
ထိုကောင်လေး၏ စိတ်ပျက် အားလျော့သွားသည့်ပုံစံ၊ ဝမ်းနည်းသွားသည့်ပုံစံနှင့် ဇဝေဇဝါ ဖြစ်သွားသော အကြည့်တို့ကို မြင်သော် ဝမ်ချောင်သည် သူ၏ နှလုံးညှစ်ဆုပ်ခံလိုက်ရသကဲ့ပင်။
လူသူ ထူထပ်များပြားသော လမ်းမထက်တွင် ဆိုင်းဘုတ်ဘေးမှ ကောင်လေးအား သတိပြုမိသည့်လူမှာ အလွန်နည်း၏၊ ထိုမိခင်အား သတိပြုမိသည်မှာလည်း အလွန်နည်း၏။ သူတို့၏တည်ရှိမှုသည် နိမ့်ကျကာ ထင်ပေါ်မှုမရှိပေ။ သို့သော် ဝမ်ချောင်အတွက်မူ ဤနှစ်ဦးသည် မြို့တော်အတွင်းရှိ ဆန္ဒပြနေသော လူအုပ်ကြီးထက် ပိုကြီးနေလေသည်။
အသရေ ဖျက်သော စကားများ၊ တိုက်ခိုက် ပြောဆိုသော စကားများ၊ သွားပုပ်လေလွင့် စွပ်စွဲချက်များ.. မည်သည့်စကားကမှ ထိုကောင်လေး ဇဝေဇဝါအကြည့်များဖြင့် အိမ်ထဲဝင်သွားသည်ကို မြင်လိုက်ရသည့်ချိန်၌ ခံစားရသည့် နာကျင်မှုနှင့် မယှဉ်နိုင်ပေ။
အင်ပါယာ၏ အခြေခံအုတ်မြစ်သည် ပြည်သူများ ဖြစ်၏။ ပြည်သူများ၏ အခြေခံအုတ်မြစ်သည် ထို’ကောင်လေး’များသာ ဖြစ်ပေသည်။အင်ပါယာအား ကာကွယ်ချင်စိတ် ပြင်းပြသော လူငယ်တစ်ဦးသည် သူနှင့် အနီးကပ်ဆုံးလူမှ သိုင်းပညာလေ့ကျင့်ခြင်းအား လက်လျှော့ကာ ပညာရေးပိုင်းသာ အာရုံစိုက်သင့်ကြောင်း ပြောလာလျှင်.. စစ်တိုက်ကြသည့်လူများမှာ မကောင်းသည့်လူများ ဖြစ်ကြောင်း ပြောလာလျှင် ထိုအင်ပါယာ၏အနာဂတ်မှာ အဆုံးသတ်လေပြီ။
အင်ပါယာအား ကာကွယ်ရန်အတွက်၊ အလယ်ပိုင်းလွင်ပြင်နှင့် သူ၏ပြည်သူများအား ကာကွယ်ရန်အတွက် ရှေ့ထွက်မည့်လူ မရှိခဲ့လျှင် မဟာထန်၌ ဗိုလ်ချုပ်အရေအတွက်မှာ ပိုမိုလျော့နည်းလာပေလိမ့်မည်။ အင်ပါယာအား စောင့်ကြိုနေသည်မှာ အဆိုးဝါးဆုံးသော ကံကြမ္မာများသာ ဖြစ်ပေလိမ့်မည်။
သူသည် ပြန်လည်ဝင်စား လာသည့်အချိန်မှစ၍ အေးအေးဆေးဆေး နေခဲ့သည့် အချိန်များမှာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပေ။ သူ လွန်စွာချစ်ခင်မြတ်နိုးရသော အင်ပါယာနှင့် ဤနယ်မြေရှိ လူများအားလုံးကို မည်သို့မည်ပုံ ကယ်တင်သင့်ကြောင်း မစဉ်းစား မစိုးရိမ်ခဲ့သည့်အချိန် တစ်ချိန်မျှ မရှိခဲ့ချေ။ ထို့အတွက်ကြောင့် အနောက်တောင်ပိုင်းစစ်ပွဲ ၌ဖြစ်စေ၊ တာလက်စ်စစ်ပွဲ၌ ဖြစ်စေ သို့တည်းမဟုတ် ခိုရာစန်းစစ်ပွဲ ၌ဖြစ်စေ အသက်ပင် အမှုမထားဘဲ အမြဲတစေ အစွမ်းကုန် ကြိုးစားခဲ့သည်။
အာရေးဗီးယားများ ဖြုတ်ချခံရသည့် အချိန်တွင် သိန်းနှင့်ချီသော စစ်သည်တော်များသည် နှင်းမုန်တိုင်းများ အတွင်း၌ ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲကုန်ခဲ့၏။ အာရေးဗီးယား၏ ကြီးမြတ်သောအရှင် ကာလစ်မူတာဆင်၃မှ ရွှေတစ်ဘီလီယံ အတင်းအကြပ် ပေးဆောင်ရချိန်တွင် ဝမ်ချောင်သည် သူ အနိုင်ရရှိပြီဟု ယုံကြည်ခဲ့သည်။ အင်ပါယာနှင့် အလယ်ပိုင်းလွင်ပြင်၏ ကံကြမ္မာအား အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီဟု ယုံကြည်ခဲ့၏။
သို့သော် ရုံးတော်အတွင်းမှ ပြည်သူ့အရာရှိများနှင့် ဗိုလ်ချုပ်ကြီးများအား မြင်လိုက်ရသည့်အချိန်၊ မြို့တော်၏ လမ်းမများထက်မှ ဆန္ဒပြလူအုပ်ကြီးအား မြင်လိုက်ရသည့်အချိန်၊ လမ်းဘေးမှ မကျေမနပ် ဖြစ်နေသော ကောင်လေးအား မြင်လိုက်ရသည့်အချိန်များတွင် သူ အမှတ် မှားနေခဲ့ကြောင်း ဝမ်ချောင် ရုတ်တရက် နားလည်လိုက်ရသည်။
မဟာထန်သည် အချိန် အတော်ကြာအောင် အေးချမ်းတည်ငြိမ်ခဲ့သည့် အတွက်ကြောင့် အပေါ်ယံ ကြွယ်ဝချမ်းသာမှုများသည် မြှုပ်ကွယ်နေသော ကိစ္စများစွာ၊ အန္တရာယ်များစွာကို ဖုံးကွယ်ထားခဲ့၏။ သူသည် ဝူရှန်းမြင်းတပ်ကို တည်ထောင်ခဲ့သည်။ မော့ဓားစနစ်ကို ဖန်တီးခဲ့သည်။ ပင်လယ်ရပ်ခြားကျွန်းများတွင် သတ္တုရိုင်းများ ရှာဖွေခဲ့သည်။ ဝုသံမဏိလက်နက်များ သွန်းလုပ်ခဲ့သည်။ ကြေးစားစစ်သားများ စုဆောင်းခဲ့သည်..။ အင်ပါယာနှင့် စစ်တပ်၏အင်အားကို တိုးချဲ့နိုင်ရန်အတွက် အမြဲတစေ အကောင်းဆုံး ပြုလုပ်ခဲ့၏။
သို့သော် အင်ပါယာတစ်ခုသည် မည်မျှပင် အင်အား ကြီးနေပါစေ၊ စစ်သည်တော်များ မည်မျှပင် ပေါများနေပါစေ၊ ဤအရာများသည် အင်ပါယာအား တဒင်္ဂကပ်ဘေးမှသာ ကယ်တင်နိုင်၏၊ အလယ်ပိုင်းလွင်ပြင်အား ထာဝရ ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။ အနောက်တောင်ဘက်မှ စစ်ပွဲ၊ တာလက်စ်များ၏ စစ်ပွဲ.. ဤကပ်ဘေးများသည် အစသာ ရှိသေး၏၊ ဆက်လာရန် များစွာ ကျန်နေသေးပေသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုကို ရရှိရန်အတွက် သူ့အနေနှင့် အင်ပါယာ၏ စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲနိုင်မည့်နည်းလမ်းတစ်ခု စဉ်းစားရပေမည်။
ဤကမ္ဘာပေါ်တွင် ပြန်လည် အဖတ်ဆယ်ရမည်မှာ ရှုံးနိမ့်မှုမဟုတ်ပေ၊ လူများ၏ ပျက်စီး ယိုယွင်းနေသော စိတ်ထားပင် ဖြစ်၏..
ဝမ်ချောင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။
ယခုအချိန်တွင် သူ လုပ်သင့်သည့်အရာအား ဝမ်ချောင် ခပ်ရေးရေး နားလည်လာပေပြီ။
1290 02
သူ့အား အားပေးထောက်ခံသည့်လူ မရှိဘူးဆိုလျှင်ပင်၊ သူ့အား နားလည်ပေးသည့်လူ မရှိဘူးဆိုလျှင်ပင် သူ ဤအရာအား လုပ်ရမည်။ မိုးသက်မုန်တိုင်းများက ကမ္ဘာကြီးအား မဝါးမြိုသွားမီတွင် သူ ဤတိုင်းပြည်အား ရွှံ့နွံအတွင်းမှ ဆွဲထုတ်၍ လမ်းမှန်ပေါ် ပြန်တင်ပေးရမည်။
“စံအိမ် ပြန်မယ်..”
ရထားလုံးသည် လူအုပ်များနှင့် လမ်းသွယ်များကို ဖြတ်ကျော်လာကာ နောက်ဆုံးတွင် ဝမ်မိသားစုစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ဝမ်ချောင်အပါအဝင် မြို့တော်အတွင်းရှိ လူများအားလုံးသည် မကြာမီတွင် မုန်တိုင်းတစ်ခုသည် မဟာထန်နှင့် ကမ္ဘာတစ်ခုလုံးအား တိုက်ခတ်တော့မည် ဖြစ်ကြောင်း မသိကြသေးပေ။ ထိုမုန်တိုင်းသည် အရှေ့တိုင်းကမ္ဘာ၏ ဤရှေးဟောင်းတိုင်းပြည်အား အပြည့်အဝ ဖျက်ဆီးပစ်ပေလိမ့်မည်။ သမိုင်းဇာတ်ကြောင်းမှာလည်း မတူကွဲပြားသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။
……
ဝမ်ချောင်သူ၏စံအိမ်အတွင်း ဝင်သွားသည်နှင့် မြို့တော်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အခြေအနေမှာ လူအများစု တွေးထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့၏။ မြို့တော်အနှံ့ ပြန့်နှံ့နေသော စစ်ပွဲဆန့်ကျင် ဆန္ဒပြပွဲများသည် အရှိန်လျော့သွားမည့် အရိပ်အယောင် မရှိပေ၊ ပို၍ပင် ပြင်းထန်လာခဲ့သည်။ မြို့တော်မှတဆင့် အင်ပါယာ၏ အခြားမြို့များထံသို့ ကူးစက် ပြန့်နှံ့သွား၏။ စစ်ပွဲဆန့်ကျင်သည့် ကြွေးကြော်သံများ ပိုမိုကျယ်လောင် လာသည်နှင့်အမျှ စစ်တပ်အား လျှော့ချပေးရန် တောင်းဆိုသည့် အသံများမှာလည်း ကျယ်လောင်လာခဲ့သည်။
သူတို့သားသမီးများကို စစ်တပ်မှ ပြန်ခေါ်နိုင်ရန် မျှော်လင့်ချက်ဖြင့် နယ်စပ်သို့လည်း စာလွှာများ မရေမတွက်နိုင်အောင် ပို့ခဲ့ကြ၏။ စစ်ပွဲအပေါ် ရွံရှာကြသည့် အမျိုးမျိုးသော ခံယူချက်သဘောထားများမှာ အဆုံးစွန်ဂိတ်ဆုံးထိ ရောက်လာခဲ့သည်။
နှစ်ရက်ကြာပြီးနောက်တွင် ပြည်သူလူထု၏ ဖိအားအောက်၌ တော်ဝင်ရုံးတော်သည် စစ်သည်တော်များ ပို့တော့မည် မဟုတ်ကြောင်းနှင့် စစ်သားရေအတွက်အား သုံးသိန်း လျှော့ချမည်ဖြစ်ကြောင်း အတင်းအကြပ် ဆုံးဖြတ်လိုက်ရ၏။ သို့သော် ကိစ္စတစ်ခု မငြိမ်သေးခင်မှာပင် နောက်ထပ်ကိစ္စလှိုင်းလုံးတစ်ခု ရိုက်ခတ်လာခဲ့သည်။ သုံးရက်ကြာပြီးနောက်တွင် ထိတ်လန့်စရာကောင်းသော နောက်ထပ်သတင်းတစ်ခု ရောက်ရှိလာခဲ့၏။
မဟာထန်၏ အကူအညီ မရသည့်အတွက်ကြောင့် ခိုရာစန်း၏မြို့သည် အချိန်အတော်ကြာ ခုခံခဲ့ပြီးနောက် နောက်ဆုံးတွင် ရန်သူများ၏ ထိုးဖောက်ခြင်း ခံလိုက်ရလေပြီ..။
ခိုရာစန်း လုံးဝဥဿုံ ကျရှုံးသွားလေပြီ..။ ထိုအကြောင်း သတင်းများသည် ဝမ်မိသားစု စံအိမ်သို့လည်း ရောက်ရှိလာခဲ့၏။
……
မြို့တော်အတွင်း၌ အော်ဟစ် ကြွေးကြော်သံများ ပြန့်နှံ့နေစဉ်တွင် ဝမ်မိသားစုစံအိမ်၏ ဂိတ်တံခါးမှာ တင်းကြပ်စွာ ပိတ်ထား၏။
“ဘယ်လိုလဲ.. အစားအသောက်တွေကို မထိသေးဘူးလား..”
စံအိမ်အတွင်းတွင် စုရွှတ်ရွမ်း ရွှီခဲ့ယီအား စိုးရိမ်တကြီး ကြည့်လိုက်သည်။ ရုံးတော်မှ ပြန်ရောက်လာသည့်အချိန်မှစ၍ ဝမ်ချောင်သည် စာကြည့်ခန်း၌သာ နေနေခဲ့သည်၊ ဘာမှမပြော ဘာမှလည်း မလုပ်ခဲ့ပေ။ ပို့ထားသည့် အစားသောက်များသည်ပင် မတို့မထိဘဲ ဒီတိုင်းသာ ရှိနေ၏။
စုရွှတ်ရွမ်း တံခါးနား ကပ်ကာ အတွင်းမှအသံများကို နားထောင်ကြည့်သေးသည်။ သို့သော် စာကြည့်ခန်းသည် တိတ်ဆိတ်နေ၏။ ဤအခြေအနေကြောင့် လူတိုင်းလည်း စိုးရိမ်နေလေပြီ။
“မထိသေးဘူး.. အရှင့်အခြေအနေက တကယ်စိုးရိမ်စရာကောင်းနေပြီ..” ရွှီခဲ့ယီမှ ပြန်ပြောလာခဲ့သည်။
“ဒီတစ်ခေါက် ဒီကိစ္စက အရှင့်အပေါ် ထိချက် ပြင်းသွားတယ်..”
ရွှီခဲ့ယီ စိတ်ပူနေသည်မှာလည်း စုရွှတ်ရွမ်းထက် လျော့ပေ။
ဝမ်ချောင်သည် အမြဲတစေ တော်ဝင်ရုံးတော်အပေါ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့၏။ သို့သော် ယခုတစ်ကြိမ်တွင် ရုံးတော်နှင့် ပြည်သူများမှာ သူ့အား အကြီးအကျယ် စိတ်ပျက်စေခဲ့လေသည်။ မြို့တော်ရှိ ကွန်ဖြူးရှပ်သမားများသည် ဝမ်ချောင်ကိုပင် တိုက်ရိုက် တိုက်ခိုက်လာကြ၏။ ဝမ်ချောင်အနေနှင့် အလွန်ကို မချိတင်ကဲ ဖြစ်နေမည်ကို ရွှီခဲ့ယီ ခံစားကြည့်နိုင်ပေသည်။ လက်အောက်ငယ်သားများ အနေနှင့် သူတို့သည်လည်း ဝမ်ချောင် မတရား ဆက်ဆံခံနေရသည်ကို ခံစားမိ၏။ သို့သော် ဤစစ်ပွဲဆန့်ကျင်သည့်ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ရန်အတွက် သူတို့နှစ်ဦးသည် သေးနုပ်လွန်းကာ ဘာမှကြီးကြီးမားမား လုပ်ပေးနိုင်စွမ်းမရှိပေ။
“ဟူးး….”
တံခါးပိတ်ထားသော ဝမ်ချောင်၏ စာကြည့်ခန်းအား ကြည့်ကာ နှစ်ဦးလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
1290 03
သို့သော် စာကြည့်ခန်းမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။
တံခါးအား ဖောက်ထွင်း မြင်နိုင်မည်ဆိုလျှင် ကုလားထိုင်၌ လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်နေသော ဝမ်ချောင်အား တွေ့ရပေမည်။ ဤအနေအထားအတိုင်း ရှိနေသည်မှာ ငါးရက်တိုင်တိုင် ရှိနေပေပြီ။ ခိုရာစန်းမှ စာများ၊ တော်ဝင်ရုံးတော်မှစာများ၊ ပြည်သူများထံမှစာများ.. သူ့ရှေ့ရှိ စားပွဲပေါ်တွင် စာလွှာမျိုးစုံမှာလည်း ပြန့်ကျဲနေ၏။ သတင်းတစ်ခုချင်းစီ တိုင်းသည် ပုရွက်ဆိတ်တစ်ကောင်က သူ၏နှလုံးတား တတိတိ ကိုက်နေသကဲ့ပင်။ မျက်လုံးများမှိတ်လျက် ထိုင်နေသည့် ဝမ်ချောင်သည် မျက်နှာအရောင်မှာ ဖြူလျော့နေ၏။ သို့သော် တည်ငြိမ်နေသည့် ဤမျက်နှာအောက်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်ကို မည်သူမှ မသိကြချေ။
သူ ပြန်လည်ဝင်စားခဲ့သည့်အချိန်မှစ၍ ဖြစ်ပွါးခဲ့သော အနောက်တောင်ပိုင်း၏စစ်ပွဲ၊ တာလက်စ်၏စစ်ပွဲမြင်ကွင်းများ.. ဆက်လက်၍ သူ၏ယခင်ဘဝမှ အဖြစ်အပျက်များ၊ နတ်ဘုရားနယ်မြေ ပျက်စီးခြင်းများ၊ စီရင်စုကိုးခုအပေါ် ကျရောက်ခဲ့သော ကပ်ဘေးများ။ ထိုမြင်ကွင်းများအားလုံး ဝမ်ချောင်၏စိတ်အတွင်း၌ တလှည့်စီ ထွက်ပေါ်လာခဲ့သည်။
မဟာထန်သည် အင်အားကြီးမားကာ စည်းစိမ်ကြွယ်ဝ၏။ သို့သော် လူများသည် ဤတောက်ပမှုနှင့် အဆက်မပြတ်သော အောင်မြင်မှုများကိုသာ မြင်နိုင်ကြသည်။ ဤအခြေအနေအထိ ရောက်ရှိရန် ဖိတ်စင်ခဲ့ရသော သွေးများ၊ ဆုံးရှုံးခဲ့ရသော အသက်များအကြောင်း သိပ်မသိကြချေ။
သမိုင်းသည် ဓားသွားတစ်လက် ဖြစ်၏။ လူများသည် ချွန်ထက်သော ဓားသွားကိုသာ မြင်ကြသည်။ ထိုဓားသွား၌ စွန်းထင်းခဲ့သော သွေးများကိုမူ မျက်ကွယ် ပြုကြ၏။ သမိုင်းသည် ကျောက်မျက်အဆင်တန်ဆာ တစ်ခုနှင့် တူသည်။ လူများသည် သူ၏အရောင်အသွေးနှင့် လှပမှုအပေါ် မှင်သက်အံ့အား သင့်ကြ၏၊ သို့သော် ဤရတနာအပေါ် အားစိုက်ထုတ်ထားသည့် ပန်းထိန်ဆရာ၏ ကြိုးစားအားထုတ်မှုများကိုမူ မေ့ထားကြသည်။
မြို့တော်ရှိလူများသည် စိတ်ကူးယဉ်မှုအပြည့်နှင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကာ စစ်ပွဲအား ဆန့်ကျင်နေကြ၏၊ ထိုစဉ်တွင် အချို့သည် ခိုရာစန်းမှ လူများသည်လည်း ငြိမ်းချမ်းမှုကို လိုလားကြောင်း တွေးမိကြ၏။ သို့သော် ယခုတွင် ထိုနေရာ၌ အလောင်းများ ပုံနေကာ သွေးစီးကြာင်းများ စီးဆင်းနေလေသည်။
စစ်ပွဲသည် လူတိုင်းတွေးနေသကဲ့သို့ မဟာထန်နှင့် မဝေးတော့ပေ။ ခိုရာစန်း၏ လမ်းများထက်၌ သွေးစီးကြောင်းများ စီးဆင်းနေစဉ်တွင် မဟာထန်သည် သက်တောင့်သက်သာသာ နေနေ၏။
ငြိမ်းချမ်းရေးအား မည်သူမဆို အလိုရှိပါသည်။ သို့သော် မေ့နေကြသည်မှာ ငြိမ်းချမ်းရေးသည် တောင်းဆိုရသည့် အရာမဟုတ်၊ ကြိုးစားအားမှုဖြင့် ရယူရသည့် အရာဖြစ်၏။ စစ်ပွဲဖြင့် ငြိမ်းချမ်းရေး ရယူနိုင်မည်ဆိုလျှင် ငြိမ်းချမ်းမှု ရှိလာနိုင်သည်။ သို့သော် ငြိမ်းချမ်းရေးဖြင့် ငြိမ်းချမ်းမှု ရယူမည်ဆိုလျှင် ထိုငြိမ်းချမ်းမှုမှာ ထပ်မံရှိလာတော့မည် မဟုတ်ပေ။
သဘာဝတရားသည် ရက်စက်၏၊ ကမ္ဘာကြီးသည် ရက်စက်၏။ ရှိခိုးကောင်များသည် ပုစဉ်းကောင်များကို စားကြသည်။ သို့သော် သူတို့သည်လည်း ငှက်များ၏ အစာသာ.. ‘အားနည်းသောတိုင်းပြည်များ၏ အမြင်ကို အင်အားကြီးသော တိုင်းပြည်များက ထည့်သွင်း စဉ်းစားလေ့မရှိ..’ ဤကဲ့သို့ ရိုးရှင်းသော နိယာမအား နားလည်ရန်အတွက် သွေးပေါင်းမည်မျှ ဖိတ်စင်ရဦးမည်နည်း..။
အနောက်တောင်ပိုင်းတိုက်ပွဲတွင် ဝမ်ချောင် ပြည်သူများ တစ်သန်းနီးပါး ကယ်တင်ခဲ့၏။ တာလက်စ်တိုက်ပွဲတွင် အန်းရှီ၊ ချီရှီ၊ လုံရှီအားလုံးကို ကယ်တင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ ကယ်တင်ရမည်မှာ အင်ပါယာမှလူများ၏ တိမ်းစောင်းနေသော စိတ်သဘောထားများ ဖြစ်သည်ဟု ဝမ်ချောင် ခံစားမိနေ၏။
ဒေါသ၊ စိုးရိမ်မှု၊ မကျေနပ်မှု..။
ခံစားချက်ပေါင်းစုံက ဝမ်ချောင်၏ စိတ်အတွင်း စုပြုံလာခဲ့သည်။
ဤကဲ့သို့ ဆက်ဖြစ်ခွင့်ပေး၍ မရပါ။ ဘယ်သောအခါမှ မရပါ..။
ဝမ်ချောင်၏ စိတ်အခြေအနေမှာ ဝရုန်းသုန်းကားပင်..။
လူတိုင်း နှုတ်ဆိတ်နေရန် ရွေးချယ်နေကြစဉ်တွင် သူသည် ထိုကဲ့သို့ မရွေးချယ်နိုင်ပါ။ အခြားသူများက မမြင်ချင်ယောင်ဆောင် မျက်ကွယ်ပြုနေကြလျှင် သူတစ်ဦးတည်း ဝန်ထမ်းကာ မကြောက်မရွံ့ အရှေ့သို့ ဆက်တိုးမည်။ နားလည် ပေးမခံရဘူးဆို လျှင်ပင်၊ ဂုဏ်သတင်း ပျက်စီးသွားမည်ဆိုလျှင်ပင်၊ ခန္ဓာကိုယ်က မြေပြင်ထက် အမှုန့်ဖြစ်သွားမည်ဆိုလျှင်ပင်.. ဤအင်ပါယာအား နိယာမတစ်ခုနားလည်သွားအောင် လုပ်ပေးမည်။
ဝှစ်..
ဝမ်ချောင် စုတ်တံတစ်ချောင်း ကောက်ယူကာ မှင်ထဲနစ်လိုက်သည်။ ဤအချိန်တွင် သူ၏စိတ်အတွေးများအားလုံးသည် ရှင်းလင်းပြတ်သားသည့် အတွေးတစ်ခုတည်း၌သာ စုစည်းနေ၏။
စာရွက်တစ်ရွက်ယူကာ ရှိသမျှခွန်အားအားလုံးဖြင့် ကြီးမားသော စာလုံးသုံးလုံး ရေးသားလိုက်သည်။
“အင်အားကသာ အမှန်တရား..”
1290 04
ဝမ်ချောင် ပထမစာလုံး ရေးသားသည့်အချိန်တွင် လေပြင်းများတို က်ခတ်လာကာ လျှပ်စီးတစ်ချက် လျှပ်သွားသည်။ မိုးခြိမ်းသံလည်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ ဒုတိယစာလုံး ရေးသားသည့်အချိန်တွင်မူ လျှပ်စီးနှင့် မိုးကြိုးများ အကြိမ်ရေစိပ်ကာ ကြီးမားသော မိုးစက်မိုးပေါက်များ ရွာသွန်းကျလာခဲ့သည်။ နောက်ဆုံးစာလုံး ရေးသားသည့်အချိန်တွင် မြို့တော်တစ်ခုလုံး ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲနှင့် ကြုံတွေ့လိုက်ရ၏။ မြို့တော်တစ်ခုလုံး အဆုံးမရှိသော တိမ်မည်းများအောက် ကျရောက်သွားကာ လျှပ်စီးများသည်လည်း မရပ်တန့်တော့ပေ။
နားအူမတတ် ကျယ်လောင်သောအသံများက ကမ္ဘာတစ်ခွင် ဟိန်းထွက်နေ၏။ သည်းထန်စွာ ရွာသွန်းနေသာ မိုးနှင့် ပြင်းထန်စွာ တိုက်ခတ်နေသော လေသည် တစ္ဆေသရဲများ ငိုကြွေးနေကြသကဲ့ပင်.. ။
“ဘာဖြစ်သွားတာလဲ.. မိုးချုပ်ဖို့ လိုပါသေးတယ်၊ ဘာလို့ ရုတ်တရက်ကြီး အမှောင် ကျသွားတာလဲ..”
မြို့တော်ရှိ လူများသည် ပြတင်းပေါက်မှ ခေါင်းပြူထွက်လာကြ၏။ မော့ကြည့်လိုက်သော် ပိန်းပိတ်မည်းမှောင်နေသော ကောင်းကင်နှင့် နဂါးများ လူးလွန့်နေသကဲ့သို့ တဖျတ်ဖျတ် လက်နေသော လျှပ်စီးတန်းများ တွေ့လိုက်ရ၏။ ချက်ချင်းပင် ကျောချမ်းကြောက်ရွံ့ သွားကုန်ကြသည်။ လမ်းပေါ်၌ ရက်ပေါင်းများစွာ ကြာအောင် ဆန္ဒပြနေသည့် ဆန္ဒပြသမားများသည်ပင် အိမ်ပြန် ပြေးရန်သာ လုပ်ကြရတော့၏။ ကောင်းကင်ထက်ရှိ ကမ္ဘာပြိုမတတ် မြင်ကွင်းအားကြည့်ကာ လူတိုင်း စိတ်ထဲ လေးပင် လာကြလေတော့သည်။