အခန်း (၁၃၂၁-၁၃၂၅)
Vol. 78 Ch. 1321-1325
အခန်း(၁၃၂၁)
တခဏခန့် မှင်သက်နေပြီးနောက် ဝမ်ချောင်သည် အသိပြန်ဝင်လာသည်။ သူသည် ရွေ့လျားမှု သိုင်းပညာတစ်မျိုးကို အသုံးပြုလျှက် ဝမ်မိသားစုစံအိမ်သို့ ပြန်လည်ဦးတည်လိုက်သည်။
မြို့စားအဲ့စံအိမ်မှ အစောင့်နှင့် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်မှ စစ်သည်တော် နှစ်ယောက်ကမူ ဝမ်ချောင်နှင့် လမ်းခွဲရင်း အခြားသော ဦးတည်ရာတစ်ဘက်ရှိရာ အမှောင်ထုအတွင်းသို့ ဝင်ရောက်လျှက် လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
…..
သူသည် မြို့၏ တောင်ပိုင်းနယ်မြေ အစွန်နားရှိ တောအုပ်ထဲမှ ထွက်ခွာလာခဲ့သည်နှင့်အမျှ ဝမ်ချောင်သည် အေးစက်နေသော လေပြင်းများ၏ အေးစိမ့်မှုကို ခံစားလာရရင်း တဖြည်းဖြည်းချင်းစီ ခေါင်းကြည်လာသည်။ မည်သည့်အချိန်ကမှန်းမသိ ကောင်းကင်တွင် တောက်ပသော လမင်းကြီးက ပေါ်ထွက်နေပြီဖြစ်သည်။ သူဟာ မည်းမှောင်ကာ တိတ်ဆိတ်ငြိမ်းချမ်းနေသော မြို့တော်တခွင်အနှံ့ ကြည့်နေရင်း ရုတ်တရက် အိမ်မက် မက်နေသလိုမျိုး ခံစားလာရသည်။
ယခုအခါ သူတွေးကြည့်မိမှ အရာအားလုံးဟာ ပုံမှန်မဟုတ်သလိုမျိုး ဖြစ်နေသည်။ ဝမ်ချောင် ကိုယ်တိုင်ကပင် သူသည် ထိုစီနီယာကြီးများနှင့် တွေ့ဆုံခဲ့ပုံကို မယုံကြည်ရဲခဲ့ပေ။ သူဟာ ထိုလူများကို မြင်ခဲ့ကြောင်း သက်သေပင်မရှိချေ။ ထိုအတွက်ကြောင့် အိမ်မက်တစ်ခုဟုပင် ပို၍ ခံစားမိစေသေးသည်။
သို့သော် သူက သူ၏ အင်္ကျီဝမ်းဗိုက်အတွင်းသို့ ထိုးထည့်ထားသော ဖိတ်ကြားလွှာကပ်ကို ဆွဲထုတ်လိုက်ပြီး ညာဘက်အောက်ထောင့်နားတွင် တည်ရှိသော ရွှေရောင် အမှတ်အသားလေးကို မြင်သောအခါ ဒါဟာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း သိလာရသည်။ ထို့အပြင် ဝမ်ချောင်၏ မှတ်ဉာဏ်အတွင်း ထိုရွှေရောင် အမှတ်အသားနှင့် ကိုက်ညီသည့် တစ်ဦးတည်းသော ကျစ်ကျဲသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ထိုက်ကျုံးမျိုးဆက်တွင် ပြိုင်ဘက်ကင်းသည့် ဗိုလ်ချုပ်ကြီးဖြစ်သော ချန်းကျစ်ကျဲဖြစ်သည်။
သူ၏ခံစားချက်များကို ဖိနှိပ်ရင်း ဝမ်ချောင်သည် ဝမ်မိသားစုစံအိမ်သို့ တဖန်ပြန်လည်ကာ ထွက်ခွာခဲ့လိုက်သည်။
…..
ယခင်ဘဝမှ သူ့ကိုလမ်းညွှန်ပြသမှုများ ပေးခဲ့ဖူးသည့် စီနီယာကြီးသုံးယောက်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဝမ်ချောင်သည် ခံစားချက်အများကြီး ကောင်းလာသည်။ သူ၏စီနီယာများ ပြောစကားများအတိုင်း သူသည် ထိုကိစ္စများအတွက် ဘယ်သောအခါကမှ မျက်စိမကျခဲ့ကတည်းက သူတို့ကို ဂရုစိုက်မနေသင့်ပေ။ တစ်လောကလုံးက သူ့ကို သတ်ဖြတ်သုတ်သင်နေမည် ဆိုလျှင်ပင် သူ့အနေဖြင့် စိုးရိမ်စရာမရှိပါပေ။
ထိုအချိန်တွင် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ အချို့သောလူများ၏ လူအုပ်ကို သွေးထိုးလှုံ့ဆော်ပေးမှုများကြောင့် မြို့တော်အတွင်းမှ ဝမ်ချောင်အပေါ် ဝေဖန်အကဲဖြတ်မှုများဟာ ပြင်းထန်လာသည်။ စားသောက်ဆိုင်များ၊ လက်ဖက်ရည်စံအိမ်များအတွင်း ပုံပြောသူများကလည်း ကွန်ဖြူးရှပ်စာပေ လေ့လာသင်ကြားမှုများကို မြှင့်တင်ရင်း ဝမ်ချောင်၏ စာအုပ်ကို ဝေဖန်အကဲဖြတ်နေကြ၏။ အဆုံးသတ်တွင် မြို့တော်အတွင်းတွင် ဝမ်ချောင်ကို ဝေဖန်အကဲဖြတ်သော ပုံစံက အများက လိုက်ပါလှုပ်ရှားကြသည့် လုပ်ဆောင်မှု တစ်ခုကဲ့သို့ပင် ဖြစ်လာသည်။
သို့သော် ကိစ္စများဟာ ထိုမျှလွန်ကဲလွန်းသော အတိုင်းအတာသို့ ရောက်ရှိလာသောအခါ သက်ရောက်မှုက ဆန့်ကျင်ဘက်ဖြစ်သွားနိုင်သည်။ လူတိုင်းက ဝမ်ချောင်၏ အရာရာတိုင်းကို ထိုသို့ ဝေဖန်အကဲဖြတ်နေပြီး သူ့အား ရည်မှန်းချက်ကြီးလွန်းသော အကြံအစည်ကြီးသူ ဖြစ်စေနေချိန်တွင် အချို့သောသူများက ခြားနားသော အကြံများကို ထုတ်ပြလာပြီဖြစ်သည်။
“လူတိုင်းသိထားတဲ့အတိုင်းပဲ မဟာထန်က ဒီလောက်များပြားတဲ့ စစ်ပွဲတွေဖြစ်နေတာ ဒီရည်မှန်းချက်ကြီးတဲ့ ဗိုလ်ချုပ်ကြီးတွေက သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတွေအတိုင်း လိုက်လုပ်ဆောင်နေကြရင်း တိုက်ပွဲတွေကို ဖြစ်စေခဲ့လို့ပဲ။ ဒီလူတွေက ငါတို့မဟာထန်ရဲ့ ဂုဏ်သိက္ခာကို အစစ်အမှန် ပျက်စီးစေတဲ့လူတွေ။ နောက်ပြီး ဒီလူတွေအားလုံးက မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဝမ်ချောင်ကိုပဲ လေးစားကြတယ်”
မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံပြောသူက မြို့တော်၏ စားသောက်ဆိုင် တစ်ခုအတွင်း ထိုသို့ခပ်ကြမ်းကြမ်း ပြောဆိုလေသည်။
“မှန်တယ်”
အောက်ဘက်တွင် စုစည်းနေသော လူအုပ်ကလည်း ကျယ်လောင်စွာ အော်ဟစ်အားပေးလျှက် လက်ခုပ်တီးကြသည်။
ဒါက မဟုတ်ဘူး။ တိုင်းပြည်တစ်ခုက ခြားနားတဲ့ ထင်မြင်ချက်အမျိုးမျိုးကို လက်သင့်ခံနိုင်သင့်တယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က ကိုယ်ပိုင်စစ်တပ်တစ်ခုကို ဖွဲ့စည်းထားကောင်း ဖွဲ့စည်းလိမ့်မယ်။ သူက ခွင့်ပြုချက်မရှိဘဲ လက်နက်တိုက်ကို ဖွင့်ကောင်းဖွင့်လိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ စကားလုံးတွေကတော့ မှန်ကန်တယ်။ မဟာထန်က တစ်ဖတ်သတ် အမြင်တစ်ခုတည်းနဲ့ စစ်တပ်အင်အားကို လျော့ချပြီး အခြားတိုင်းပြည်တွေနဲ့ ပြောထားတဲ့ စကားတွေအပေါ်မှာ မျှော်လင့်ချက်တွေ မပုံထားသင့်ဘူး။
သိပ်သည်းသော လူအုပ်အတွင်း ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသားတစ်ယောက်ဟာ မျက်မှောင် အသာကျုံ့နေကြောင်း မည်သူကမှ သတိမထားမိလောက်ပေ။
အစပိုင်းတွင် သူသည်လည်း လူအုပ်၏ အကြိပ်အနှယ် လွှမ်းမိုးမှုအောက်တွင် သက်ရောက်ခံရသည်။ သို့သော် တဖြည်းဖြည်းချင်းစီ သူ၏စိတ် အနက်ရှိုင်းဆုံးအပိုင်းမှ ခြားနားသော အသံတစ်ရပ်ဟာ စကားစပြောလာသည်။
‘လုပ်နိုင်စွမ်းရည်က အမှန်တကယ် မှန်ကန်လာအောင် လုပ်နိုင်တယ်’ ‘တောရဲ့နိယာမ’ ‘အားကြီးသူက အားနည်းသူကိုစားတယ်’.. ထိုစာအုပ်ထဲတွင် ပါဝင်သော အတွေးများက သူ၏စိတ် အပေါ်ယံမျက်နှာပြင်တွင် မျောလွင့်လာသည်။ ဝမ်ချောင်အပေါ် ဝေဖန်အကဲဖြတ်မှုများက အမြင့်ဆုံးသော အတိုင်းအတာသို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် ထိုအကြောင်းအရာများဟာ မပျောက်ကွယ်သွားခဲ့ချေ။ အနှစ်ချုပ်ဆိုရသော် သူ၏စိတ်အတွင်း ပို၍နက်ရှိုင်းစွာသာ နစ်ဝင်လာသေးသည်။
တစ်ခုကမှ မမှန်ဘူး…
ထိုအမျိုးသားဟာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏လူအုပ်ကို ကြည့်နေသော အကြည့်အတွင်း ရှုပ်ထွေးသောအကြည့်က ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူသည် နောက်လှည့်လျှက် စားသောက်ဆိုင်မှ ထွက်သွားသည်။
သူတစ်ယောက်တည်းကသာ ထိုသို့တွေးတောသော တစ်ဦးတည်းသောလူ မဟုတ်ပေ။
မြို့၏အနောက်ဘက်ပိုင်းတွင် ယစ်မူးပျော်ဝင်နေသော ပုံပြောသူက ရွှေကျီးကန်းအဆောင်သို့ သွားလာနေသည်။ သူသည် ထိုစားသောက်ဆိုင်၏ မူလပုံပြောသူဖြစ်သည်။ သူကပုံပြောသော အကြိမ်တိုင်းလိုလို ထိုအိမ်တော်၌ လူပြည့်နေတတ်သည်။ စစ်ပညာရှင်များနှင့် ကွန်ဖြူးရှပ်ပညာရှင်များ အကြားမှ ရှုပ်ထွေးမှုက ပုံပြောသူများကို ပိုက်ဆံအမြောက်အများ ရစေသည်။
“သူဌေး ဒါကိုစရအောင်။ သူတို့ကို ဒီနေ့ရဲ့ အစီအစဉ်ကို အသင့်ဖြစ်ပြီလို့ပြောလိုက်မယ်”
ဝတ်စုံပြည့်ဝတ်ဆင်ထားသော ပုံပြောသူက သူ၏ ပုံပြောသော အစီအစဉ်ကို စတင်ရန်ပြင်ဆင်သည်။ သူသည် မူးနေသော်လည်း သူပုံပြောသော အချိန်တိုင်းလိုလို သူ၏ပုံစံဟာ အလွန်အမင်း ကျော့ရှင်းကြည့်ကောင်းလျှက် စိတ်ကူးယဉ်ဆန်ဖွယ်ဖြစ်သွားသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း မြို့တော်၏ အနောက်ပိုင်း တစ်ခုလုံးက သူ့ကို နွေးထွေးစွာ ကြိုဆိုပေးနေခြင်းဖြစ်သည်။ ဒီတစ်ကြိမ်တွင် သူက အတွင်းသို့ မဝင်နိုင်သေးခင် ရွှေကျီးကန်းအဆောင်တော်မှ စားပွဲထိုးတစ်ယောက်က ထွက်လာပြီး လမ်းကိုပိတ်သည်။
“တောင်းပန်ပါတယ် လူကြီးမင်းကျန်း ငါတို့ဒီနေ့ ပုံပြောတဲ့ကဏ္ဍကို ကျင်းပဖို့ မစီစဉ်ထားဘူး”
“ဘာ မင်းဘယ်လို ပေါက်ကရစကားတွေ ပြောနေတာလဲ။ ငါသာမင်းရဲ့သူဌေးကို ပြောလိုက်မယ်ဆိုရင် မင်းဘာဖြစ်သွားမယ်ထင်လဲ”
မူးနေသော ကျန်းချောင်က ထိုသို့အော်ဟစ်ပြောရင်း ထိုစားပွဲထိုးကို တွန်းထိုးကာ ကျိန်ဆဲရင်း ဖြတ်သွားရန် ကြိုးစားသည်။ သို့သော် စားပွဲထိုးက သူ့ကိုတဖန်ထပ်ပြီး လမ်းပိတ်လာသည်။
“လူကြီးမင်းကျန်း ခင်ဗျားတကယ် ဝင်သွားလို့မရဘူး။ ဒါကတကယ် သူဌေးရဲ့အမိန့်ပဲ”
“ဘာ”
ကျန်းချောင်က တုန်ယင်စွာ ရပ်တန့်သွားသည်။ သူဟာ စားပွဲထိုးကို ကြည့်သောအခါ သူ၏မျက်ဝန်းဟာ တုန်လှုပ်လာ၏။
“မဖြစ်နိုင်တာ သူဌေးကဒီလို လုံးဝလုပ်မှာမဟုတ်ဘူး။ ငါပုံမပြောဘူးဆိုရင် မင်းတို့ ဒီတစ်ရက် ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲဆိုတာကို မသိဘူးလား”
ကျန်းချောင်က တင်းမာစွာပြောသည်။
သူသည်လည်း ထိုစားပွဲထိုးက အနည်းငယ် နောက်တွန်းသွားမည်ဟု ယုံကြည်ထားသည်။ သို့သော် ရလဒ်ကမူ မျှော်လင့်ထားသည်နှင့် ခြားနားနေ၏။
“ဟား ဟား သူဌေးကတော့ သူဒီအရှုံးကို တောင့်ခံနိုင်တယ်လို့ပြောတယ်။ လူကြီးမင်းကျန်း မင်းအခြားနေရာကို သွားသင့်တယ်”
စားပွဲထိုးက ထိုသို့ပြောပြီး တစ်ချက်ဦးညွှတ်လိုက်သည်။ ထို့နောက် လက်ဟန် အမူအရာနှင့် ကျန်းချောင်အား ထွက်သွားသင့်ကြောင်းပြသည်။
“ကောင်းပြီလေ ဒါပေမဲ့ ငါဒါကိုမှတ်ထားမယ်။ နောက်မှ နောင်တမရနဲ့”
ကျန်းချောင်က နောက်ဆုံးတွင် အဖြစ်အပျက်ကို နားလည်လိုက်သည်။ သူသည် စားသောက်ဆိုင်ကို တစ်ချက်စိုက်ကြည့်ကာ အော်ဟစ်ပြီး ထိုနေရာမှထွက်ခွာသွားသည်။
ပုံပြောသူက ထွက်ခွာသွားပြီးနောက် ရွှေကျီးကန်းအဆောင်တော်၏ အရိပ်ထဲမှ ပုံရိပ်တစ်ခုထွက်လာသည်။
စားပွဲထိုးက သူဌေး၏အနားသို့ လျှောက်သွားရင်း ပြောလိုက်သည်။
“သူဌေး လူကြီးမင်းကျန်းက သူ့ရဲ့ ပုံပြောပြတဲ့ပုံစံမျိုးကြောင့် ဒီမြို့တော်တစ်ခုလုံးမှာ ကျော်ကြားတာ။ ဒီလိုမောင်းထုတ်တာ အကောင်းဆုံးအကြံ ဟုတ်ပါ့မလား။ စားသောက်ဆိုင်က စားသောက်သူတွေ အများကြီး ဆုံးရှုံးသွားလောက်တယ်”
ထိုစားပွဲထိုး၏ မျက်ဝန်းအတွင်း စိုးရိမ်မှုများက နက်ရှိုင်းစွာ တည်ရှိနေသည်။
“သွားခိုင်းလိုက်ပါ”
စားသောက်ဆိုင် ပိုင်ရှင်ကလည်း ပုံမှန်မဟုတ်သော အကြည့်မျိုးနှင့်ဖြစ်သည်။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်အပေါ် အတိုက်အခံလုပ်ပြီး အကဲဖြတ်တာတွေက အချိန်ကြာလာတာနဲ့အမျှ ကျယ်သထက်ကျယ်ပြီး ပြင်းထန်သထက် ပြင်းထန်လာတယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ပြောသွားတာက မှန်မမှန်တော့ ငါမသိဘူး။ ဒါပေမဲ့ သူက အနောက်တောင်ပိုင်း အန်းရှီနဲ့ချီရှီကို အမှန်တကယ် ကယ်ခဲ့တယ်ဆိုတာကိုတော့ ငါသိတယ်။ ဒီလိုလူမျိုးက ဒီလို အရှက်ခွဲမခံရသင့်ဘူး”
နောက်ပြီး သူမှားခဲ့တာလည်း မဟုတ်ဘူး။
နောက်ဆုံးအပိုင်းကိုမူ မပြောခဲ့ပေ။ ငြိမ်းချမ်းမှုကို ဆောင်ယူရန် စစ်ပွဲကို အတိုက်အခံလုပ်ရန်ဆိုသော အသံများဟာ အချိန်ကြလာသည်နှင့်အမျှ ကြမ်းတမ်းလာသည်။ ယခုလိုဝန်းကျင် အတောအတွင်း မည်သူကမှ အခြားသော ထင်မြင်ချက်များကို မပြောရဲကြချေ။ သို့ရာတွင် သူတို့၏ စိတ်အတွင်းတွင်မူ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ပြောသွားသမျှ စကားလုံးတိုင်းက မှားယွင်းနေခြင်းမရှိကြောင်း နားလည်နေပြီဖြစ်သည်။
သူသည်လည်း ထိုကိစ္စကို အချိန်အတန်ကြာအောင် စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်က သူတို့၏ အစစ်အမှန် ဆန္ဒကို ထုတ်ပြောသောလူမျိုး လိုအပ်သည်။ သူသည် ဒီလို အခြေအနေမျိုးကြောင့် စီးပွားရေးကို ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်သည်။ သို့သော် သူသာ ထိုသို့ မလုပ်ခဲ့ပါက ဘယ်တော့မှ ညအချိန်တိုင်း ကောင်းကောင်း အနားယူနိုင်တော့မည် မဟုတ်ချေ။ အနည်းဆုံး သူ၏စိတ် အနက်ရှိုင်းဆုံးအပိုင်းတွင် အပြစ်မကင်းစိတ်ကို ခံစားနေရပေလိမ့်မည်။
အချိန်ကြာလာသောအခါ ထိုသို့သော လူမျိုးများက အိမ်မက်ထဲမှ နိုးထလာသလိုမျိုး ခံစားနေရသည်။
မရေမတွက်နိုင်သော လူပေါင်းများစွာက ပူးပေါင်းလျှက် စစ်ပွဲကို အတိုက်အခံလုပ်သော ရွေ့လျားမှုများကို လုပ်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် အခြားသော အားလှိုင်းတစ်ရပ်ဟာ တဖြည်းဖြည်းချင်းစီ အင်အားများ ပြည့်နှက်လာသည်။
မည်သူကမှ လူကြီးမင်းကျူး၏ လွှမ်းမိုးမှုကို အတိုက်အခံမလုပ်နိုင်သလို ထိုအရှိန်အဝါ ကြီးမြတ်သော အားလှိုင်းကိုလည်း မဖယ်ရှားနိုင်ပေ။ သို့သော် ပို၍များပြားသော လူများက အလားတူမေးခွန်းများ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြရင်း သူတို့နည်းလမ်း သူတို့ဟန်ဖြင့် ဝမ်ချောင်ကို ထောက်ပံ့ကြောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖော်ထုတ်ပြသကြသည်။ တိုင်းပြည်ကြီး တစ်ခုလုံးကလည်း စတင်ကာ တွေးတောနေကြပြီဖြစ်သည်။
မြို့တော်ထဲတွင် စားသောက်ဆိုင် တစ်ဆိုင်တည်းကသာ ပုံပြောသည့်ကဏ္ဍကို ရပ်တန့်လိုက်ခြင်းမဟုတ်ပေ။ လူအုပ်က ရူးသွပ်စွာ အော်ဟစ်အားပေးနေချိန်တွင် တစ်စုံတစ်ရာကို ခံစားပြီး လှည့်ထွက်သွားသော လူကလည်း တစ်ယောက်နှစ်ယောက် မဟုတ်တော့ပေ။
….
“လူကြီးမင်းကျူးကလည်း အမြဲတမ်း မမှန်နိုင်ဘူးလေ။ ငါတို့လည်း ကိုယ်ပိုင်အသံကို အများကြားအောင် ထုတ်ဖော်သင့်တယ်”
ဝါးတောလေးအတွင်းတွင် ကွန်ဖြူးရှပ်ပညာရှင်အချို့ စုစည်းနေကြသည်။ ထိုထဲမှ တစ်ယောက်ဟာ ရုတ်တရက် ထိုသို့ထုတ်ပြောလာသည်။
ထိုနေရာတွင် ရှိနေသော အခြားသော သူများက ထိုစကားကို ကြားသောအခါ မှင်သက်သွားကြသည်။
လီမင်ကျူး၏ အဆင့်အတန်းဟာ လှုပ်ခါ၍မရနိုင်လောက်အောင် မြင့်မားလွန်းသည်။ ယခုအခါ ကျောင်းတော်အတွင်းတွင် သူပြောသောစကားနှင့် ဆန့်ကျင်သည့် ဒုတိယအသံပင် မရှိချေ။ မည်သည့်ကျောင်းသားကမှ သူတို့၏ဆရာနှင့် အတိုက်အခံ မငြင်းရဲပေ။ သို့သော် လူတိုင်းကလည်း သူတော်စင်ကပင် အမှားလုပ်နိုင်လေရာ ဆရာသခင်ကျူးဆိုလျှင် ပို၍ပင် ဆိုးကြောင်း နားလည်နေကြသည်။
ဗဟိုပြင်ကျယ်တွင် ပြည်တွင်းနှင့် သိုင်းပညာဘက်သည် နှစ်ထောင်ကျော်နီးပါး အတူတကွ တည်ရှိနေကြခြင်းဖြစ်သည်။ ထိုသို့တည်ရှိရန် အကြောင်းပြချက်လည်းရှိတယ်။ ယခုအခါ ကွန်ဖြူးရှပ်ကျောင်းတော်က သူတို့၏အတွေးများကို ရိုးရှင်းစွာ အများသိအောင် ထုတ်ပြန်ကြေညာနေခြင်း မဟုတ်တော့လေဘဲ စစ်ဘက်ခြမ်းမှ အရာရာတိုင်းကို အမြစ်မှ ဆွဲနှုတ်ရန် ကြိုးစားလာနေသည်။ တိုင်းတစ်ပါးသားများက ကွန်ဖြူးရှပ်ပညာသင်သား၏ အကြံကို လက်ခံပြီး သူတို့၏ကတိကို တည်နိုင်လျှင် တစ်တိုင်းပြည်လုံးဟာ ငြိမ်းချမ်းပြီးလောက်လေပြီ။ ယခုလို အခြေအနေမျိုးတွင် မရှိလောက်ပေ။
“မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်နဲ့ပတ်သက်ပြီး အဖြစ်အပျက်တွေ အားလုံးကို လူတိုင်းနားလည်မယ်လို့ ငါယုံတယ်။ သူကသာ ဒီလိုမျိုး အကောက်ကြံစည်တတ်ပြီး မကောင်းတဲ့ အကြံအစည်တွေနဲ့ လှုပ်ရှားတာမျိုး ရှိနေမယ်ဆိုရင် သူတော်စင်ဧကရာဇ်က သူ့ရဲ့တည်ရှိမှုကို ဘယ်တော့မှ သည်းခံပေးခဲ့မှာ မဟုတ်ဘူး။ တိုင်းပြည်ကို ဒီလောက်ကြီးထိ အကျိုးပြုထားတဲ့ လူတစ်ယောက်က ဒီလောက်အတိုင်းအတာအထိတော့ မထိုးကျသွားသင့်ဘူး။ ဒီတိုင်း အစစ်အမှန် ဖြောင့်မတ်မှန်ကန်တယ်ဆိုတာက အဲဒီလိုပဲ မဟုတ်ဘူးလား”
နောက်ထပ် ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ပြောသည်။
“အဲဒါတင် မကသေးဘူး။ ငါတို့အားလုံးလည်း လုပ်နိုင်စွမ်းရည်ရှိတဲ့လူက မှန်ကန်အောင် လုပ်နိုင်တယ်ဆိုတဲ့ စာအုပ်ကို ဖတ်ထားပြီးပြီပဲ။ အဲဒီထဲက အကြောင်းအရာတွေကို ငါတို့အားလုံး နားလည်တယ်။ ဒါက အကျိုးအကြောင်း သင့်မှန်းလည်း ငါတို့အားလုံးသိတယ်။ လူတိုင်းက သည်းမခံနိုင်တဲ့ အနေအထားမျိုးမှာ ရောက်နေတာ။ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ပြဿနာတစ်ခုတည်းက အားလုံးကို ရိတ်သိမ်းသွားလိမ့်မယ်”
တတိယမြောက် ကွန်ဖြူးရှပ်ပညာရှင်က ပြောသည်။ သူက ထိုသို့ပြောရင်း သူ၏ရှေ့မှစာအုပ်ကို တစ်ချက်ကြည့်သေးသည်။
တစ်စုံတစ်ယောက်ဟာ ပို၍ငြင်းခုံလေလေ အမှန်တရားဟာ ပို၍ ရှင်းလာလေလေဖြစ်သည်။ တိုင်းပြည်တိုင်းအကြားတွင် မတည်ရှိသော နွေးထွေးမှုနှင့် ချစ်ခင်စိတ်များကလည်း ပို၍ပင် မှန်ကန်လာသည်။ အတိတ်တွင် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင် ပြောထားသမျှ စာအုပ်ထဲမှ အကြောင်းအရာများက မှန်ကန်ကြောင်း အတည်ပြုပြီးလေပြီ။
ပို၍တိတိကျကျ ပြောရသော် သူတို့သည် ထိုစာအုပ်ကို ဖတ်လိုက်သောကြောင့် သူတို့၏ မြင်နိုင်စွမ်းရည်များက ပို၍ပင် ထင်းထွက်လာပြီး အနှောက်အယှက်တိုင်းကို ထိုးဖောက်လျှက် အမှန်တရားကို တိုက်ရိုက်မြင်နိုင်အောင် စုစည်းပြီးသားဖြစ်သွားသည်။
“ငါတို့ တစ်ခုခုတော့ လုပ်ရမယ်။ ငါတို့ဒီတိုင်း ဆက်ဖြစ်နေခွင့် ပြုလို့မရတော့ဘူး”
ဝါးတောလေးအတွင်းမှ လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး ခိုင်မာစွာ ခေါင်းညိတ်လိုက်ကြသည်။ သို့သော် သူတို့၏ လှုပ်ရှားမှုက မြန်ဆန်သော်လည်း ပို၍မြန်ဆန်သော လူများက ရှိနေသည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် အမည်မသိရသော စာရေးသူများက ရေးသားထားသည့် စာအုပ်များသာ မြို့တော်အတွင်း ပျံ့နှံ့လာသည်။ ထိုစာအုပ်များသည် ‘လုပ်နိုင်စွမ်းရည် ရှိသူက မှန်ကန်အောင် လုပ်နိုင်တယ်ရဲ့ မှန်ကန်မှုများ’ ၊ ‘တောရဲ့နိယာမ’ နှင့် ‘တိုင်းပြည်များအကြားမှ ဆက်ဆံရေး’ စသဖြင့် ဝမ်ချောင်ရေးသားခဲ့သော စာအုပ်နှစ်အုပ်ကို အမျိုးမျိုးသော နည်းလမ်းများဖြင့် ကိုးကားရင်း ကိုယ်တိုင်ထင်မြင်ချက်များကို ထောက်ပံ့ထားသော စာအုပ်များ ပေါ်လာသည်။
……
“ငါတို့ငြိမ်းချမ်းရေးလိုချင်တယ်။ စစ်ပွဲမဟုတ်ဘူး”
“မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင်ကို ဆွဲချ။ သတ်ဖြတ်ခြင်း မိစ္ဆာဘုရင်ကို ဆွဲချ”
“ပိုင်ဆိုင်မှုတွေသာ မရှိရင် လူသားတွေက သားရဲတွေနဲ့ မခြားဘူး။ ‘လုပ်နိုင်စွမ်းရည်က မှန်ကန်စေတယ်’က ဒီတိုင်း ပေါက်ကရစာအုပ်ပဲ”
“စစ်တပ်ကိုလျော့ချ စစ်တပ်ကိုလျော့ချ ငါတို့စစ်သားတွေ မလိုချင်ဘူး”
ထိုသို့ဖြင့် လမ်းလျှောက်လျှက် ဆန္ဒပြသူများက စည်ကားသော မိုးပြာရောင် နဂါးလမ်းအတွင်းသို့ ဝင်ရောက်လာကြသည်။ သူတို့သည် မိုးပြာရောင်နဂါးလမ်း၏ အဆုံးတစ်ဖက်မှထွက်ပြီး အခြားတစ်ဖက်ခြမ်းသို့ ဝင်ရောက်ရန် ကြိုးစားသည်။ ထို့နောက် သွေးနီရောင် ငှက်လမ်းနှင့် အခြားသော လမ်းများအနှံ့ ပျံ့နှံ့ရင်း အဝေးထိတိုင် ပျံ့နှံ့သွားသဖြင့် အဆုံးအစမဲ့သည်ဟုပင် ထင်ရစေသည်။
******
အခန်း(၁၃၂၂)
ဆန္ဒပြသူများ၏ မြောက်များလွန်းသော လူအုပ်၏ အရေအတွက်ဟာ တစ်သိန်းကျော်လာသည်။
ဆန္ဒပြနေသော လူအုပ်နှင့် သိပ်မဝေးသော တစ်နေရာရှိ အိမ်တစ်ခု အတွင်းတွင် အသက်(၁၂)နှစ်၊ (၁၃)နှစ်အရွယ် လူငယ်လေးတစ်ယောက်ဟာ ဓားကိုကိုင်လျှက် ကျဉ်းမြောင်းသော ခြံဝန်း၏ ကျဉ်းမြောင်းသော ကျောက်ထုများအတွင်း ရိုးသားစွာလေ့ကျင့်နေကြောင်း မည်သူကမှ သတိမထားမိလောက်ပေ။
“ကျောင်းဝူ မင်းဘာလို့ လေ့ကျင့်နေသေးတာလဲ။ လူတိုင်းက သူတို့ရဲ့အသံတွေ ထုတ်ပြောဖို့အတွက် ထွက်သွားကြတာကို မမြင်ဘူးလား။ ဆရာသခင် ကျူးကတောင်မှ မဟာထန်ကြီးက ဒီလောက်စစ်ပွဲတွေ အများကြီး မရှိသင့်ဘူးလို့ ပြောထားတာ။ သွားရအောင် လေ့ကျင့်မနေနဲ့တော့ ငါတို့နဲ့အတူ သွားရအောင်”
နော်ထပ်လူငယ်တစ်ယောက်က ကျောင်းဝူကို ခပ်မြန်မြန်ဆွဲသည်။ သို့သော် ကျောင်းဝူကမူ သူ၏လက်ကို ခပ်မြန်မြန် ဖယ်ချလိုက်သည်။
“မင်းတို့ သွားကြပါ။ ငါ့ကို မနှောက်ယှက်နဲ့”
ကျောင်းဝူက ထိုသို့ပြောလိုက်ချိန်တွင် သူ၏မျက်နှာဟာ ခံစားချက်ကင်းမဲ့နေသည်။ သူသည် သူ၏ဓားဖြင့်သာ ဆက်လက်၍ လေ့ကျင့်၏။
“ကျောင်းဝူ မဟာထန်က နိုင်ငံခြားတိုင်းပြည်တွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ယူထားပြီးသား။ တိုက်ခိုက်စရာ ရန်သူမှ မရှိတော့တာ။ အမျိုးမျိုးသော ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က စစ်သားတွေကတောင် ခေတ်တွေ ကြာသွားတဲ့အထိ ရန်သူတွေကို မြင်ရမှာမဟုတ်ဘူး။ မင်းက မင်းရဲ့သိုင်းကို ဆက်ကျင့်နေရင်တောင်မှ ဘာအသုံးဝင်မှာလဲ။ ငါတို့နဲ့အတူ လိုက်ကစားသင့်တယ်။ မင်းမမြင်ဘူးလား။ ငါတို့အားလုံးလည်း သိုင်းပညာလေ့ကျင့်တာကို ရပ်တန့်လိုက်ပြီလေ”
နောက်ထပ်လူငယ်တစ်ယောက်ကလည်း သူ့ကိုလာဆွဲသည်။
သူတို့၏ အမူအရာများအရ ထိုလူငယ်များအားလုံးသည် မိတ်ဆွေများဖြစ်ဟန်တူသည်။
“မင်းတို့လက်လျော့ချင်တယ်ဆိုရင် ဒါကမင်းတို့ရဲ့ ကိစ္စပဲ။ ဒါပေမဲ့ တစ်ရက်မှာ ငါမှန်တယ်ဆိုတာကို မင်းတို့ သိပါလိမ့်မယ်”
ကျောင်းဝူက လက်ကိုတဖန် ခါချလျှက် သူ၏ဓားဖြင့် ဆက်လက်ပြီး လေ့ကျင့်သည်။ မည်သူကမှ သူ့ကို နားမလည်သည့်တိုင်အောင် ဒီအင်ပါယာကြီးသည် မှန်ကန်သောအရာများကို လုပ်ရန်အတွက် လူများကို လိုအပ်နေသေးသည်။ စစ်မှန်သော အမျိုးသားတစ်ယောက်က ကိုယ်ပိုင်လမ်းကို ဖောက်သင့်သည်။ သူအလေးစားဆုံး မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်အတွက်လည်း လေးစားမှုကို ပြသသင့်သည်။
“အရူး”
“သူ့ကိုထားလိုက် သူ့ကိုထားလိုက်ပါ”
ထိုနှစ်ယောက်က ခပ်တိုးတိုး ဆဲဆိုသွားကြပြီးနောက် လှည့်ထွက်သွားကြသည်။
လောကတွင် ထိုအသံက တစ်သံတည်းသာမဟုတ်ပေ။ အပြင်ဘက်ရှိ လူအများစုက အကြိတ်အနယ် လမ်းလျှောက်ထွက်လျှက် ဆန္ဒပြနေကြချိန်တွင် အခြားသောလူများကလည်း ကိုယ်ပိုင်နည်း ကိုယ်ပိုင်ဟန်ကိုသုံးလျှက် သူတို့၏ ထောက်ပံ့မှုကို ဖော်ပြကြသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက လုပ်နိုင်စွမ်းရည် ရှိသောလူက မှန်ကန်အောင် လုပ်နိုင်တယ်ဆိုသော စာအုပ်ကို လက်လျော့ထားကြပြီး မီးရှို့ရန်အတွက် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်လျှင်ပင် အခြားသောသူများကမူ မရေမတွက်နိုင်သော စာအုပ်များအဖြစ် ပြန်လည်ကူးယူလျှက် အမှောင်ထဲမှတစ်ဆင့် တိတ်တဆိတ် ထောက်ပံ့နေကြလေသည်။
လောကက သူတို့၏ ကိုယ်ပိုင်ကဏ္ဍအတိုင်း ဆက်လည်ပြီး လည်ပတ်နေသည်။ မြောက်များလွန်းသော လူအုပ်က ပြောဆိုစွပ်စဲမှု၊ ဝေဖန်အကဲဖြတ်မှုများဖြင့် လေထုကို ပြည့်နှက်နေချိန်တွင် အခြားသော လူများကမူ သူတို့၏ ကိုယ်ပိုင်နည်းလမ်းကိုသုံးလျှက် ဝမ်ချောင်ကို ထောက်ပံ့နေကြသည်။
တစ်ချိန်ထဲတွင် မုန်တိုင်း၏အပြင်ဘက် အာဏာများ၏ အလယ်ဗဟိုတွင် ပုဂ္ဂိုလ်နှစ်ယောက်က အရာအားလုံးကို စောင့်ကြည့်လေ့လာနေသည်။
“အရှင်မင်းကြီး သိပ်မကြာခင်က အရင်အစောင့်က မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် သွေးအန်ပြီး သတိလစ်သွားတယ်လို့ စာပို့လာပါတယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဒီကိစ္စကို ဒီတိုင်း ဆက်လက်ပြီး ဖြစ်ခွင့်ပြုပါရဲ့လား”
စိုးရိမ်တကြီးပြောနေသော အသံတစ်သံက ထွက်လာသည်။
အမှောင်ထဲမှ ထိုက်ကျိနန်းဆောင်ဟာ အကြွင်းမဲ့ တိတ်ဆိတ်နေသည်။ အချိန်အတန်ကြာပြီးနောက် နန်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ခမ်းနားထည်ဝါပြီး အရာအားလုံးကို နားလည်ပုံပေါက်သော အသံတစ်သံက ထွက်လာသည်။
“သရဖူကို အလိုချင်ဆုံးလူက အလေးချိန်ကို ခံနိုင်ရတယ်။ သူ့ကိုထားလိုက်ပါ။ သူကဒါကို တောင့်ခံနိုင်ရင် ငါတို့အနာဂတ်မှာ သူ့အတွက် ဖန်တီးပေးထားတဲ့ အကြံအစည်တွေကိုလည်း ဆက်လက်ပြီး တောင့်ခံနိုင်လိမ့်မယ်”
“ဟုတ်ကဲ့”
ကောင်းလီရှီက ခေါင်းကိုငုံ့လျှက် တိတ်ဆိတ်သွားလေသည်။
.....
ည၏ အထီးကျန်ဆန်မှုအောက်တွင် ဝမ်ချောင်ကသာ သူ့စံအိမ်၏ လေ့ကျင့်ရေးကွင်းအတွင်း တစ်ယောက်တည်း ပြေးလွှားနေသူဖြစ်သည်။ အပြင်ဘက်ရှိ မုန်တိုင်းကို မြင့်မားသော မြို့ရိုးက ကာထားပေးထားသည်။ နေ့အချိန်အတောအတွင်း ဝမ်ချောင်သည် လမ်းလျှောက်ဆန္ဒပြသူများ၏ အသံကို ကြားနိုင်သေးသည်။ သို့သော် ထိုညက မြေအောက်ဘက်မှ ကျောက်တုံးခန်းအတွင်းသို့ ရောက်ပြီးချိန်ကတည်းက ဝမ်ချောင်အနေဖြင့် သူ၏စိတ်ကို ဖွင့်နိုင်သွားပြီး ထိုအရာများ၏ အနှောက်အယှက်ပေးမှုကို မခံတော့ချေ။ အရှုံးကို ရင်ဆိုင်ရသည့်အတွက် ပျော်ရွှင်မှုလည်း မရှိသလို စိုးရိမ်သော ခံစားချက်မျိုးလည်း မရှိတော့ချေ။ ဝမ်ချောင်သည် ယခုအခါ အရာအားလုံးကို တည်ငြိမ်စွာ လက်ခံနိုင်သွားသည်။ ပန်းဟာပွင့်သည်ဖြစ်စေ၊ ညိုးသည်ဖြစ်စေ၊ တိမ်များဟာ စုစည်းသည်ဖြစ်စေ၊ ပျက်ပျယ်သွားသည်ဖြစ်စေ သူ့အနေဖြင့် ထိုကိစ္စများအပေါ် အထူးတလည်ကြီး အလေးမထားတော့ပါချေ။
သူ၏စိတ် အနက်ရှိုင်းဆုံး အပိုင်းတွင်ပင် ဝမ်ချောင်ဟာ သူဆန္ဒရှိသော အစစ်အမှန် ငြိမ်းချမ်းမှုကို ပိုင်ဆိုင်သွားပြီဖြစ်သည်။
စွစ်
ရုတ်တရက် ဝမ်ချောင်က မြင့်မားသော နံရံကြီးပေါ်သို့ လျှောက်တက်သွားသည်။ တစ်ချက်ခုန်လိုက်ရုံနှင့် ဝမ်ချောင်သည် ငှက်တစ်ကောင်လိုမျိုး ပျံတက်သွားနိုင်ပြီး နံရံ၏ အခြားတစ်ဖက်ခြမ်းသို့ ညင်သာစွာနှင့် ဆင်းကျသွားနိုင်သည်။
ထိုညပြီးချိန်ကတည်းက ဝမ်ချောင်သည် မည်သူကမှ မရှိချိန်တွင် ညဘက်တစ်ယောက်တည်း အပြင်သို့ထွက်သည့် အလေ့အကျင့်ကို တဖြည်းဖြည်းချင်းစီ ရလာသည်။ အရပ်သားဝတ်စုံများကို ဝတ်ဆင်လျှက် လက်ကို ကျောနောက်ဘက်သို့ ပို့ထားသည့် ဝမ်ချောင်သည် အမှောင်ထုအတွင်းသို့ တိုးဝင်ရင်း သူ၏စိုးရိမ်မှုများ အားလုံးကို လေများကိုသာ မှုတ်ထုတ်ခွင့်ပြုလိုက်သည်။
ဝှစ်
ဝမ်ချောင်က လမ်းများအတွင်း ဖြတ်သန်းသွားလာနေချိန်တွင် ရုတ်တရက် အမှောင်အတွင်းမှ ထွက်လာသော ပုံရိပ်တစ်ခုက ဝမ်ချောင်ထံ ဦးတည်သည်။
“အစ်ကိုကြီး ဒီထန်ဟူလူက အစ်ကိုကြီးအတွက်”
ဝမ်ချောင်ကလည်း သူ့ကိုလာပေးသူက မည်သူဖြစ်ကြောင်း မသိနိုင်သေးခင် သူ၏နားအတွင်းမှ အလွန်အမင်း ငယ်ရွယ်သော လူငယ်တစ်ယောက်၏ အသံက ထွက်လာသည်။ ထို့နောက် သူ၏မျက်စိရှေ့တွင် ထန်ဟူလူကောင်လေးက ပေါ်လာသည်။
အဖြစ်အပျက်ဟာ ရုတ်တရက်ဆန်လွန်းသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ဖိအားများသွားသည်။ ဂရုတစိုက် ကြည့်လိုက်သောအခါ အသက်ဆယ်နှစ်ပင် မရှိသေးသော ကလေးငယ်လေး တစ်ယောက်က ထန်ဟူလူ တုတ်ချောင်းလေးကို လေးနက်တည်ကြည်သော မျက်နှာထားနှင့် ကိုင်ထားကြောင်း မြင်လိုက်ရသည်။ ဝမ်ချောင်က ကြောင်သွား၏။ သူသည် ယခုလိုမျိုး အပြင်သို့ထွက်နေသည်မှာ ရက်အနည်းငယ် ကြာသွားလေပြီ။ ယခုလို အခြေအနေမျိုးကို တစ်ကြိမ်သော်မျှ မတွေ့ဖူးပါချေ။
ကလေးတစ်ယောက်ဟာ ဒီလောက်နောက်ကျသော အချိန်ကာလတွင် လမ်းဘေးတွင် ပေါ်လာခြင်းဟာ အတော်လေး ထူးဆန်းသည်။
“မိတ်ဆွေလေး ငါဘယ်သူလဲဆိုတာ သိလား”
ဝမ်ချောင်က ငုံ့ကိုင်းလျှက် ကောင်လေး၏ခေါင်းကို အသာပုတ်သည်။ ထိုကောင်လေးကသူ့ကို တစ်စုံတစ်ယောက်နှင့် လူမှားနေသော အခွင့်အရေးဟာ များလေသည်။
သို့သော် ကောင်လေး၏ စကားလုံးဟာ ဝမ်ချောင်ကို အများကြီး အံ့ဩသွားစေသည်။
“ဒါပေါ့ ငါသိတာပေါ့။ မင်းက မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်လေ”
ကောင်လေးက ငယ်ရွယ်သော အသံလေးနှင့် ခေါင်းမာစွာပြောသည်။ ထိုအခြေအနေက ဝမ်ချောင်၏ စိတ်အတွင်းမှ ထူးဆန်းမှုကို ပို၍မြင့်တက် လာစေသည်။ ယခုလို ညသန်းခေါင်အချိန်တွင် ကောင်ငယ်လေးတစ်ယောက် ပေါ်လာပြီး ယခုလို စကားလုံးများကို ပြောခြင်းက ပုံမှန်မဟုတ်ပေ။
“ငါဒီနေရာမှာ ပေါ်လာမယ်ဆိုတာကို ဘယ်လို သိတာလဲ”
ဝမ်ချောင်က ခပ်တိုးတိုး မေးသည်။
ကောင်လေးက ခေါင်းကိုမော့လျှက် ရိုးသားစွာပြောသည်။
“မင်းအရင်တစ်ခေါက် မြို့တော်ကိုပြန်လာတော့ ငါ့အဖေနဲ့ငါ သွားကြည့်တယ်လေ။ အဲ့ဒီတော့ မင်းကို မှတ်မိတာပေါ့။ နောက်ပြီး မင်းဒီနေရာကနေ ဖြတ်ဖြတ်သွားတာ နည်းနည်းကြာပြီဆိုတာကိုတောင် ငါတွေ့တယ်လေ။ နောက်ပြီး မင်းအမြဲတမ်း ဒီနေရာကနေ ဖြတ်သွားတာပဲ”
ဝမ်ချောင်က စကားများ မဆိုနိုင်လောက်အောင် ဆွံ့အသွားသည်။
သူသည်လည်း အကြံအစည် ကြီးသူများက ညတိုင်းလိုလို တစ်ယောက်တည်း အပြင်ဘက်သည့် သူ့ကို သတိမထားမိသည့်အချိန်တွင် ထိုကောင်ငယ်လေးဟာ သတိမထားမိကြောင်း မမျှော်လင့်ဖူးပါပေ။ ထိုကောင်လေးသည် သူဟာ ထန်ဟူလူ တစ်ချောင်းပင် လက်ဆောင်ပေးနေသည်။ ဝမ်ချောင်သည် သတိလက်လွတ် လှမ်းယူလိုက်မိသည်။ သူ၏နှလုံးသားထဲတွင် ဖော်ပြရန်ခက်ခဲသော ခံစားချက်က ဝင်ရောက်လာ၏။
ဝမ်ချောင်က အနည်းနှင့်အများ အာရုံလွင့်သွားချိန်တွင် ကောင်ငယ်လေးက သူ့ကို ပို၍ပင် မှင်သက်စေသော စကားများ ပြောလာသေးသည်။
“သူတို့အားလုံးက မင်းကို သတ်ဖြတ်ခြင်း မိစ္ဆာဘုရင်လို့ ပြောနေကြတာ။ ဒါပေမဲ့ ငါကတော့ မင်းက အဲ့ဒီလို မဟုတ်ဘူးဆိုတာကို သိတယ်။ မင်းက သူရဲကောင်းလေ။ မင်းက လူဆိုးတွေကိုပဲ သတ်တာ”
ထိုသို့ပြောပြီးနောက် ကောင်ငယ်လေးက လမ်းကြားတစ်ခုအတွင်းသို့ ဝင်ရောက်လျှက် သူ၏မြင်ကွင်းမှ ပျောက်သွားသည်။
ဝုန်း
ရုတ်တရက် သူ၏စိတ်အတွင်းသို့ လျှပ်စီးကြောင်းတစ်ကြောင်းက ပြေးဝင်လာသလို ခံစားလိုက်ရပြီး ဝမ်ချောင်သည် ထိုကလေးငယ်လေး ထွက်ပြေးသွားသောဘက်သို့ စိုက်ကြည့်ရင်း ဆွံ့အစွာ ကျန်ရစ်ခဲ့သည်။ မရေမတွက်နိုင်သော စွပ်စွဲပြောဆို ကျိန်ဆဲမှုများကို နေ့ပေါင်းများစွာ၊ ရက်ပေါင်းများစွာ ခံခဲ့ပြီးနောက် ဝမ်ချောင်သည် ပထမဦးဆုံး အကြိမ်အဖြစ် ထိုလူများထံမှ သူကြားချင်သည့် ထောက်ပံ့ပေးမှု၊ နှစ်သိမ့်ပေးမှုများကို ပထမဦးဆုံးအကြိမ် ကြားရသည့်အခါ အသက်ဆယ်နှစ်ပင် မရှိသေးသော ကလေးတစ်ယောက်ထံမှ ဖြစ်နေမည်ဟု မထင်ထားမိပေ။
ညဟာ အေးဆေးသည်။ ဝမ်ချောင်ကမူ နွေးထွေးမှုကို ခံစားလိုက်ရ၏။
လူတစ်သန်းရှိသောမြို့တွင် ထိုကလေးငယ်လေး တစ်ယောက်၏ ထောက်ပံ့ပေးမှုက သိသာထင်ရှားခြင်းပင် မရှိချေ။ သို့သော် ဝမ်ချောင်အတွက် မည်သို့ပင် ဖြစ်နေစေကာမူ အချိန်အတန် ကြာရှည်မှ ပြန်လည်ခံစားရသည့် ပထမဦးဆုံးသော အလင်းရောင်တန်းလေးဖြစ်သည်။ ထိုအလင်းရောင်တန်းလေးဟာ သေးငယ်သော်လည်း အားနည်းခြင်းမရှိပေ။ ပြောရမည်ဆိုလျှင် ရိုးသားသော ထောက်ပံ့မှု အနည်းငယ်ကတင် လုံလောက်သည်။
“အနည်းဆုံးတော့ ဒီအင်ပါယာကြီးမှာ ငါ့ကို ထောက်ပံ့ပေးတဲ့လူတွေ ရှိနေသေးတာပဲ”
ဝမ်ချောင်ဟာ ခံစားချက်အားလှိုင်းတစ်ရပ် ထိုးဝင်လာသည်။ ထန်ဟူလူကို ကိုင်ထားရင်း ဝမ်ချောင်သည် ရှေ့သို့ဆက်သွားသည်။ အချိန်တစ်ခုကြာပြီးနောက် ရုတ်တရက်
“အဲဒီမှာ ဘယ်သူလဲ”
ဝမ်ချောင်၏ မျက်လုံးဟာ အေးစိမ့်သွားရင်း အနီးရှိ နံရံ၏ အမှောင်ထောင့် တစ်နေရာသို့ လှည့်ဝင်လိုက်သည်။ အရာအားလုံးဟာ တိတ်ဆိတ်နေသည်။ မည်သည့်အရာကိုမှ မမြင်ရပေ။ ဝမ်ချောင်သည်သာ ထိုအကြောင်းအရာများကို ကြားနေသလိုမျိုးဖြစ်သည်။
“ဟွန်း မထွက်လာသေးဘူးလား”
အေးစိမ့်နေသော မျက်နှာထားနှင့် ဝမ်ချောင်က သူ၏ညာဘက်လက်မှ လက်ညိုးတစ်ချောင်းကို ဆန့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏လက်ချောင်းထိပ်မှ ခရမ်းရောင်မီးတောက်က ထွက်ပေါ်သွားလေပြီး အမှောင်ထောင့် တစ်နေရာအတွင်းသို့ ဥက္ကာတုံးတစ်ခုအလား ဝင်တိုးသွားသည်။
လုဝူရဲ့မီးတောက်
ဒါဟာ ဝမ်ချောင်၏ အင်အားအကြီးဆုံး စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ ထိုမီးတောက်က လောင်ကျွမ်းသွားသည်နှင့် ငြိမ်းသက်ရန်ခက်ခဲသည်။
စွစ်
ခရမ်းရောင်မီးတောက်က ရှေ့သို့တိုးဝင်သွားသည်နှင့် ထောင့်တစ်နေရာမှ အလင်းက ဖြတ်ကနဲ လက်သွားသည်။ ထို့နောက် ပုံရိပ်တစ်ခုဟာ စွန်ရဲတစ်ကောင်လိုမျိုး လေထဲသို့ ထိုးတက်သွားရင်း ဝမ်ချောင်၏ တိုက်ကွက်ကို ဆံချည်တစ်မျှင်စာ အကွာအဝေးမျိုးနှင့်ရှောင်သည်။
“ဟား ဟား မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက ကွန်ဖြူးရှပ်-စစ်တပ်ပညာရှင် အရှုပ်အထွေးကြားမှာ ဖိချခံရပြီး မင်းရဲ့အင်အားတွေ အများကြီး လျော့ကျသွားတယ်လို့ ကြားထားတာ။ အင်ပါယာ ဆေးဝါးပညာရှင်တွေတောင်မှ မင်းဆီ ထပ်ခါတလဲလဲ သွားလည်နေတာတောင် သက်ရောက်မှု မရှိဘူးဆိုပဲ။ ကြည့်ရတာ ကောလဟလတွေက မှားနေတာပါပဲ”
ဝမ်ချောင်နှင့် ခြေလှမ်းနှစ်ဆယ်အကွာ တစ်နေရာမှ ကျယ်လောင်သော အော်သံက ထွက်လာသည်။ ထို့နောက် နံရံထိပ်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ဟာ ပေါ်လာသည်။ သူ၏မျက်နှာက မျက်နှာဖုံးအောက်တွင်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တွင် အနက်ရောင်မီးတောက်များက တောက်လောင်နေသလို သူ၏ ခြုံလွှာကြီးကလည်း လေတွင်လွင့်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက သမုဒ္ဒရာကြီးအလား ကျယ်ပြောသော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။
မျက်နှာတွင် လျို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံးကိုတပ်ထားသော အနက်ရောင် မျက်နှာဖုံးကို တပ်ထားပြီး ဘေးပတ်ဝန်းကျင်တွင် လိမ့်တက်နေသော အနက်ရောင် မြူထုများအရ သူသည် အမှောင်ထုအတွင်း မြုပ်ကွယ်နေသလို ထင်ရသည်။
“ဟွန်း မင်းတို့တွေပဲ”
ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ ရုတ်တရက် သူ၏ အင်္ကျီဝမ်းဗိုက်အတွင်းမှ သတ္ထုသေတ္တာလေးကို ဆွဲထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သေတ္တာ၏ထိပ်မှ ရတနာလေးက ကြိမ်းလောင်သလိုမျိုး အပူဓာတ်များ ပြင်းထန်လျှက် လောင်ကျွမ်းတက်လာရင်း တောက်ပသော အစိမ်းရောင် အလင်းများနှင့် မှိတ်တုပ်မှိတ်တုပ် လင်းလက်လာသည်။
ထိုသတ္ထုသေတ္တာကို သူ့အား ဆင်းတူမှ အဆင့်မြင့်ဘုန်းတော်ကြီးက လူတစ်ဖွဲ့ အထူးသဖြင့် အနက်ရောင်ဝတ်စုံနှင့် ဆန်းကြယ်သောလူများ အဖွဲ့အတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ခိုရာစန်းအောက်တွင် ရှာတွေ့ခဲ့သော ဖိုင်မွန်စာအုပ်ထဲတွင် ထည့်သွင်းထားသော နတ်ဘုရားများနှင့်လည်း သက်ဆိုင်သည်။
“ဟား ဟား ဆင်းတူရဲ့အောက်မှာ အမြုပ်ခံထားရတဲ့ အဲဒီအဘိုးကြီးက မင်းကို တော်တော်လေး သဘောကျတဲ့ပုံပဲ။ သူကမင်းကို ဒါတောင်ပေးလိုက်တယ်။ နှမြောစရာပဲ။ ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ မင်းဒီနေ့ သေရတော့မှာလေ”
ထိုလူ၏ မျက်လုံးများက လှောင်ပြောင် အထင်သေးမှုအသွင် ပြောင်းလဲသွားပြီး သူ၏လက်မောင်းများကို ဖြန့်လိုက်သည်။ သူ၏အနက်ရောင် ခြုံလွှာက ချက်ချင်းဆိုသလိုပင် တောင်ပံနှစ်ဖက်အသွင် ပြောင်းသွားသည်။
ဝှစ်
အနက်ရောင်မြူထုများက လေထဲတွင် ကျန်ရစ်နေသေးသည်။ သို့သော် ထိုအနက်ရောင်ဝတ်စုံနှင့် လူကမူ မှင်သက်ဖွယ် ကောင်းလွန်းသော အချိန်တွင် ရုတ်တရက် ပျောက်ကွယ် သွားလေပြီး ကိုယ်ရောင်ပျောက်သလိုမျိုး ပျောက်ကွယ် သွားသည်။ သူ၏အရှိန်အဝါကပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ သူသည် ဒီလောကမှ ထွက်ခွာသွားခဲ့ပြီး အခြားသော လောကတစ်ခုအတွင်းသို့ လှမ်းဝင်သွားသည်ဟုပင် ထင်ရသည်။
အရာအားလုံးကို အာရုံခံမိသည့် ဝမ်ချောင်က မျက်လုံးပြူးကျယ်သွားသည်။
ဒီလူက ... အရမ်းအင်အားကြီးတယ်။
ဝုန်း
ဝမ်ချောင်က အရာအားလုံးကို တွေ့ကြုံခံစားနေချိန်တွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်လာပြီး ကောင်းကင်အတွင်းမှ အနက်ရောင် မီးတောက်များက ကျယ်လောင်စွာ တောက်လောင်လျှက် ဝမ်ချောင်၏ ခေါင်းရှိရာတည့်တည့်သို့ ဥက္ကာပျံတစ်ခု ထိုးကျလာသလိုမျိုး ဆင်းသက်လာသည်။ ထို့နောက် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဝမ်ချောင်ကလည်း ပျောက်ကွယ်သွားပြန်ပြီး ပုံရိပ်ယောင်များကို ချန်ထားရစ်ခဲ့လျှက် ရှောင်ရှားလိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူသည် ညာဘက်လက်မှ လက်ညိုးတစ်ချောင်းကို အတူတကွ စုစည်းလျှက် မှင်သက်ဖွယ်ကောင်းလွန်းသော အဖြူရောင် ဓားချီများကို ထုတ်လွှတ်ရင်း လေထဲမှ ပြောင်ရှင်းနေသော တစ်နေရာသို့ ပစ်လွှတ်လိုက်လေသည်။
******
အခန်း(၁၃၂၃)
ဘုန်း
အနက်ရောင်မြူထု၏ ပေါက်ခွဲမှုအတွင်းတွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ပေါ်လာသည်။ သူ၏ခြုံလွှာက လေတွင် တဖြတ်ဖြတ် လွင့်နေသည်။ ထိုလူက သူ၏လက်မောင်းကို ကြက်ခြေခတ်ပုံသဏ္ဍန်မျိုး ပြုလုပ်လိုက်သောအခါ ထူထည်းသော အနက်ရောင်မီးတောက်များက ဒိုင်းတစ်ခုအသွင် ပြောင်းလဲလျှက် ဝမ်ချောင်၏ ထက်ရှသော ဓားချီကို ကာတားလိုက်သည်။
“ကြည့်ရတာ ပုံပြင်တွေက ချဲ့ကားတာ မဟုတ်ဘူးဘဲ။ ငါ့ရဲ့ရွေ့လျားမှုတိုင်းက လျှပ်စီးလို မြန်ဆန်ပြီး နှိုင်းယှဉ်နိုင်လောက်အောင် အနုစိတ် ကျလှတယ်။ အရင်က ဘယ်သူကမှ ငါ့ရဲ့လှုပ်ရှားမှုတွေကို ကြိုတင်တွက်ချက်နိုင်တာမျိုး မရှိခဲ့ဘူး။ မင်းကတော့ သက်ရောက်မှု မရှိတဲ့ ပထမဦးဆုံးတစ်ယောက်ပဲ”
အနက်ရောင်ဝတ်စုံနှင့်လူ၏ အဝတ်များက လေတွင်လွင့်နေသည်။ သူ၏မျက်လုံးက ထူးဆန်းသောအလင်းဖြင့် တောက်လောင်လာသည်။ သူက လေအတွင်း တိတ်တဆိတ် ရွေ့လျားနေသည်။ သူဟာ တိုက်ခိုက်သောအခါ သူ၏တိုက်ကွက်များလာသော နေရာနှင့် သူ၏ အစစ်အမှန် ခန္ဓာကိုယ် တည်ရှိသောနေရာဟာ အမြဲတစေ ခြားနားနေတတ်သည်။ ထိုသို့ထူးခြားသော စွမ်းရည်မျိုးနှင့် သူသည် မကြာခဏဆိုသလို ရန်သူများကို တစ်ချက်တည်းနှင့် သတ်နိုင်တတ်သည်။ သို့ရာတွင် ထိုလှုပ်ရှားမှုသည် ဝမ်ချောင်နှင့် ရင်ဆိုင်သောအခါ အသုံးမဝင်တော့ချေ။
“အသုံးမဝင်ဘူး။ မင်းက ဘယ်လိုသိုင်းကိုပဲ တတ်တတ် ငါ့အပေါ် သက်ရောက်မှု အများကြီးရှိမှာ မဟုတ်ဘူး”
ဝမ်ချောင်က မထူးခြားနားသလိုသာ ပြောသည်။
သူသည် သိမ်မွေ့သော နယ်မြေသို့ ထိတွေ့ပြီး စွမ်းအင်၏ မူလကို နားလည်သဘောပေါက် ပြီးချိန်ကတည်းက ရွေ့လျားမှုသိုင်းများက သူ့အတွက် လျို့ဝှက်ဆန်းကြယ်မှုများ သယ်ဆောင်ထားခြင်း မရှိတော့ချေ။ မည်သည့် ရွှေ့လျားမှုကမဆို လောက၏ စွမ်းအင်များအတွင်း သဲလွန်စများ ချန်ထားရစ်ပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်အတွက် ထိုသဲလွန်စများက နေအလင်းရောင်တမျှ သို့မဟုတ် လအလင်းရောင်တမျှ တောက်ပထင်းထွက် နေတတ်သည်။
ဘန်း
တုန့်ဆိုင်းနေခြင်း အနည်းငယ်ပင် မရှိတော့လေဘဲ ဝမ်ချောင်က လျှပ်စီးလက်သွားသလိုမျိုး ရှေ့သို့ ဖြတ်ကနဲ ဝင်ရောက်သွားရင်း အနက်ရောင်ဝတ်စုံနှင့် လူထံ ခုန်ဝင်သွားသည်။ တစ်လောကလုံးက လှုပ်ခါသွားသလိုမျိုး သူနှင့် ပေတစ်ထောင်အတွင်းရှိ စွမ်းအင်တိုင်းက ကစဉ့်ကလျား ဖြစ်သွားသည်။ အမှောင်ထုအတွင်းတွင် ပုံရိပ်ယောင် နေတစ်စင်းနှင့် လတစ်စင်းဟာ ဆင့်ခေါ်ခြင်း ခံရသည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း။
ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် သူ၏ ကောင်းကင်ဘုံလှုပ်ခါခြင်း သိုင်းပညာကို ထုတ်သုံးလိုက်သည်။ ထိုအရာ၏ လွှမ်းမိုးမှုအောက်တွင် ထိုနယ်ပယ်အတွင်းရှိ အရာအားလုံးက သူ့ထံ ဆွဲယူခံနေရပုံ ပေါ်သည်။
ဘန်း
ထိုစွမ်းအားဒဏ်ကို တောင့်မခံနိုင်သည့် နံရံတစ်ပိုင်းက ပေါက်ထွက်သွားသလို ဝမ်ချောင်ထံ လွင့်စင်လာသည်။ သူ၏ပတ်ပတ်လည်တွင် ဝိုင်းနေသော ကျောက်သားတုံးကြီးများ၊ အုတ်ခဲတုံးကြီးများဟာ သစ်ရွက်များအလား လွင့်လျှက်တည်ရှိနေသည်။ အနက်ရောင်ဝတ်စုံနှင့် လူသည် ပြင်းထန်လွန်းသော ဆွဲအားကို တောင့်ခံထားနေရသလို ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ ကိုးဆယ်ရာခိုင်နှုန်းသော စွမ်းအားများ၏ သူ့ပေါ် သက်ရောက်မှုကိုလည်း အာရုံစိုက်နေရသေးသည်။
ဝုန်း
ပြင်းထန်လွန်းသော စွမ်းအားကို အာရုံခံမိသည့် အနက်ရောင်ဝတ်စုံနှင့် လူက တင်းမာသွားသည်။ သူ၏ ခန္ဓာကိုယ်က ကြယ်တာရာ စွမ်းအင်များဖြင့် တောက်လောင်လာပြီး သူသည် အရွယ်အစား ကြီးလွန်းသော ရွှံ့ငါးတစ်ကောင်လိုမျိုး ချောမောစွာနှင့် လျောထွက်ရင်း ဝမ်ချောင်၏ ဆွဲစုပ်အားသိုင်းမှ ထွက်ပြေးလေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
ထိုအချိန်တွင် ဝမ်ချောင်၏မျက်နှာက အနည်းငယ် တင်းမာသွားသည်။ သူသည် ပြိုင်ဘက်ပေါင်း များစွာကို ကြုံတွေ့ဖူးသည်။ သို့သော် မည်သည့်တစ်ယောက်ကမှ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းထံမှ ထိုသို့ မထွက်ပြေးနိုင်ခဲ့ချေ။
“ဟွန်း မင်းလို လူရမ်းကားတွေမှာ ဘယ်လိုလှည့်ကွက်တွေ ရှိမလဲ ငါကြည့်မယ်”
ဝမ်ချောင်၏ ထိုအတွေးနှင့်အတူ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ချက်ချင်းဆိုသလို ပြင်းထန်စွာ ပြောင်းလဲသွားသည်။ ရိုးရှင်းသော ဆွဲစုပ်အားတစ်ရပ်က ချက်ချင်းဆိုသလို စွမ်းအားလှိုင်း ဆယ်ကျော်အဖြစ် ပြောင်းလဲလျှက် အမျိုးမျိုးသော ဦးတည်ရာဘက်အနှံ့သို့ အမျိုးမျိုးသော မတူညီသည့် အင်အားများနှင့်အတူ ဆန့်ထွက်သွားသည်။ သူတို့သည် တစ်ခါတစ်ရံတွင် အချင်းချင်း ထိပ်တိုက်ဆုံသောအခါ ပြင်းထန်သော ပျက်စီးအားများကိုပင် ထုတ်လွှတ် လာသေးသည်။ ထိုအရာသာ မကသေးချေ။ ထိုစွမ်းအင်လှိုင်းများသည် သိပ်မကြာခင် ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုအသွင် ပြောင်းလျှက် ဝမ်ချောင်၏အနောက်ဘက် တစ်နေရာသို့ တိုက်ရိုက် လှမ်းဖမ်းလိုက်သလိုမျိုး ဝင်တိုးသွားလေသည်။
အရာအားလုံးသည် ဆက်တိုက်ဆိုသလို ချက်ချင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
ဒီတစ်ကြိမ်တွင် အနက်ရောင်ဝတ်စုံနှင့်လူက မယုံနိုင်ဘဲ မျက်လုံးပြူးသွားရသည်အထိ ဖြစ်သွားသည်။ အကြောင်းမူကား ယခင်ကထက် ဆယ်ဆကျော်ခန့်အထိ အင်အားကြီးမားလွန်းသော ပြင်းထန်လွန်းသည့် ဆွဲစုပ်အားကွင်းကြီးတစ်ခုကို အာရုံခံမိလိုက်၍ ဖြစ်သည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် သူ့အပေါ် သက်ရောက်မှု မရှိသင့်ပေ။ သို့သော် ဝမ်ချောင်၏ ထိုသိုင်းကို ကြိုးကိုင်နိုင်သော စွမ်းရည်က ကြောက်စရာကောင်းသော အဆင့်သို့ ရောက်သွားလေရာ အဆပေါင်းများစွာ ပို၍ရှုပ်ထွေးပြီး ပို၍အင်အားကြီးသွားအောင် လုပ်နိုင်သည်။
ဝုန်း
ထိုလူ၏ကိုယ်အတွင်းမှ သိပ်သည်းသော အနက်ရောင်မီးတောက်က ပေါက်ထွက်လာသည်။ ထိုမီးတောက်သည် ထူထည်းသိပ်သည်းလွန်းပြီး ကြီးမား များပြားသည်မှာ အရည်များ အိုင်နေသည့်အလားပင် ထင်ရသည်။ ထိုသို့ဖြင့် ဝမ်ချောင်က ဖန်တီးထားသော ကြီးမားသည့် ပိုက်ကွန်ကြီးကို ချေမွပစ်ရင်း ဝင်ရောက်သွားသည်။ ထိပ်တိုက်တွေ့ဆုံသောအခါ ဝင်ရောက်ထားသော အင်အားကြီးမားသည့် စွမ်းအားလှိုင်းများက ပျံ့နှံ့ထွက်လာသည်။
ထိုသို့ဖြင့် ပေတစ်ထောင်အတွင်းရှိ လေထုတစ်ခုလုံးကို စုတ်ဖြဲပစ်ရင်း နံရံများကို ပေါက်ထွက်သွားစေသလို အမိုးများကိုလည်း ကျွတ်ထွက်သွားစေသည်။ ထိုမျှ ပြင်းထန်ကြမ်းတမ်းလွန်းသော ပေါက်ကွဲအားက အမှောင်ထုအတွင်းမှ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ မီးတုတ်များကို လင်းထိန်လာစေသလို အလန့်တကြား အော်ဟစ်သံများကိုလည်း ထွက်ပေါ်လာစေသည်။ အနီးအနားတွင် နေထိုင်သောလူများက အိမ်ထဲမှ အပြင်သို့ထွက်လျှက် တိုက်ပွဲနယ်မြေနှင့် ဝေးဝေးတွင်နေရန် ကြိုးစားကြသည်။
အမှောင်အတွင်းမှ ဝရုန်းသုန်းကား အခြေအနေကို ကြားလိုက်သည့် ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ သူ၏မျက်လုံးက ပြင်းထန်ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်ဆန္ဒများ တောက်လောင်လာသည်။ သူသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံးပြီး တိုက်ပွဲတစ်ခုလုံးကို ထိန်းချုပ်လျှက် သက်ရောက်မှုကို အကန့်အသတ်သို့ ရောက်အောင် လုပ်ထားသည်။ သို့သော် ယခုလို ထိပ်တိုက်တွေ့ဆုံသွားသောအခါ ဖြစ်လာသော သက်ရောက်မှုက သိသာထင်ရှားသော ပျက်စီးမှု ဖြစ်နေသေးသည်။
ပို၍ဆိုးသည်မှာ ဒီဝရုန်းသုန်းကား အခြေအနေက မြို့စောင့်တပ်နှင့် ကင်းလှည့်နေသော အင်ပါယာ စစ်တပ်မှ စစ်သည်တော်များကို ဆွဲဆောင်မိပေလိမ့်မည်။ ထို့ကြောင့် သူသည် ပြိုင်ဘက်ကို အမြန်ဆုံး ရှင်းလင်းရန် လိုအပ်သည်။
“အခု ငါ့အလှည့်ပဲ”
သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။ ဝမ်ချောင်က လူသုံးယောက် အသွင်ပြောင်းလျှက် မတူညီသော ဦးတည်ရာဘက်သုံးခုမှ အနက်ရောင်ဝတ်စုံနှင့်လူထံ ခုန်ဝင်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူကလည်း ဒီလို ရုတ်တရက် အပြောင်းအလဲကို မျှော်လင့်ထားပုံရသည်။ သူ့ကို ပိုပြီး အံ့အားသင့်စေသည်မှာ ထိုပုံရိပ်ယောင် သုံးခုလုံးက ရုပ်ရည်နှင့် အင်အားချင်းက တစ်ထေရာတည်း တူညီနေသည်။ သူ၏အင်အားအဆင့်တွင် ရှိနေသော လူမျိုးကပင် မည်သည့် တစ်ကိုယ်က အစစ်အမှန်ဖြစ်ကြောင်း မခွဲခြားနိုင်ပေ။
ထို့ကြောင့် သူက မတုန့်ပြန်နိုင်သေးခင် ပုံရိပ်ယောင် သုံးခုလုံးဟာ သူ့ကို ဝိုင်းလိုက်ပြီဖြ စ်သည်။
“အစောင့်အရှောက် နတ်ဘုရား.. အနက်ရောင်မီးတောက် အဇူရာ”
သူ၏ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်မီးတောက်များက လျံထွက်လာပြီး အရင်ကထက် အဆပေါင်းများစွာ များပြားလာသည်။
ဝါး ဟား ဟား
ကောင်းကင်ကိုပင် လှုပ်ခါသွားစေသော အော်သံကြီးက မြေအောက်လောက အနက်ရှိုင်းဆုံးအပိုင်းမှ ကျယ်လောင်သထက် ကျယ်လောင်ကာ ဟိန်းထွက်လာရင်း ကြမ်းတမ်းရက်စက်လွန်းသည့် ပြိုင်ဘက်ကင်းသော အလင်းများဖြင့် တောက်ပလာသည်။ အနက်ရောင်ဝတ်စုံနှင့် လူက ပျောက်ကွယ်သွားပြီး ကြောက်ရွံ့ရိုသေဖွယ် ကောင်းသော အနက်ရောင် နတ်ဘုရားတစ်ပါးက ပေါ်လာသည်။ သူ၏မျက်ဝန်းက အမျက်ဒေါသ ဆိုးယုတ်မှုများဖြင့် တောက်ပနေရင်း ခန္ဓာကိုယ်ဟာ သံမဏိသားဖြင့် လုပ်ထားသလိုမျိုး ဖြစ်နေသည်။
ခြိမ်း
အနက်ရောင်သံချပ်ကာဝတ် ထိုနတ်ဆိုးက မြေကမ္ဘာကြီးထဲမှ ထွက်လာသည်နှင့်အမျှ သူ၏ ကြွက်သားအပြည့်ပါသော လက်ခြောက်ဘက်လုံးကို ဖျက်ဆီးခြင်း စွမ်းအားအပြည့် ထည့်သွင်းလျှက် ဝမ်ချောင်၏ ပုံရိပ်ယောင် သုံးခုလုံးကို ထိုးလိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကိုယ်တိုင်ကလည်း နတ်ဘုရား၏ကျောပေါ်တွင် ခေါင်းတစ်လုံး ပေါက်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။
အဇူရာ…
ထိုအရာသည် မြေအောက်လောကမှ ဒဏ္ဍာရီလာ အင်အားကြီးမားသော မိစ္ဆာနတ်ဘုရားများထဲမှ ကြောက်စရာအကောင်းဆုံး မျက်နှာနှစ်ခုပါသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ ဝမ်ချောင်အနေဖြင့် ယခုလို အဆင့်လွန်သိုင်းမျိုးကို တစ်စုံတစ်ယောက် အသုံးပြုသည်အား ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။
ပုံရိပ်ယောင် နေမင်းနှင့် လမင်းကပင် မှိတ်တုပ်မှိတ်တုပ် လင်းလက်လာသည်။ ထိုအခိုက်အတန့်တွင် လေဟာနယ်အတွင်းမှ ပြင်းထန်လွန်းသော စွမ်းအားများက ထိုးထွက်လာ၏။
“မဟာဖျက်ဆီးခြင်းသိုင်း”
ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အင်အားအကြီးဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်၏ တန်ထန်းအတွင်းမှ စွမ်းအင်များက ပေါက်ထွက်သွားသည်။
မြို့အစောင့်နှင့် အင်ပါယာစစ်တပ်တို့က အချိန်မှီရောက်လာနိုင်သော ဖြစ်နိုင်ချေတွင် ဝမ်ချောင်အနေဖြင့် အနက်ရောင်ဝတ်စုံနှင့်လူကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ အမြန်ဆုံးဖမ်းရန်အတွက် သူ၏အင်အားအကြီးဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။
ခြိမ်း
ပြင်းထန်ကြီးမားလွန်းသော စွမ်းအင်များက ကြမ်းတမ်းစွာ ထိပ်တိုက် တွေ့ဆုံသွားသည်။ အနက်ရောင် မီးတောက်များက အဆုံးအစမဲ့အောင် တောက်လောင်ပြီး အာဏာရှင်ဆန်သည်ဟု ထင်ရသော်လည်း သူတို့သည် မဟာဖျက်ဆီးခြင်းသိုင်း၏ စွမ်းအားများကို မယှဉ်နိုင်ခဲ့ပေ။
ဘန်း ဘန်း ဘန်း
အဇူရာ၏ လက်ခြောက်ဘက်လုံးက ဖြတ်ရိုက်ခံရရင်း အော်ဟစ်ချိန်တွင် သန့်စင်လွန်းသော ဖျက်ဆီးခြင်းစွမ်းအားများက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို လွင့်ထွက်သွားစေကာ လေထဲတွင်ပင် ဝုန်းဝုန်းဒိုင်းဒိုင်း အသံများနှင့် ကျွတ်ကျွတ်ကျွတ်ကျွတ် အသံများကို ထွက်ပေါ်လာစေသေးသည်။
ဘန်း
အဇူရာဟာ လွင့်ထွက်သွားသည်နှင့် ဝမ်ချောင်၏မျက်လုံးက အေးစက်သော အလင်းဖြင့် လင်းလက်သွားပြီး လေထဲသို့ ခုန်တက်လိုက်ကာ အနက်ရောင်ဝတ်စုံနှင့်လူ၏ ဘေးဘက်သို့ ချက်ချင်းလိုလို ရောက်ရှိသွားသည်။ သူ၏လက်ငါးချောင်းလုံးက ဘေးဘက်သို့ တိုးဝင်သွားပြီး ထိုလူ၏ ပုခုံးကို ဆုပ်ကိုင်သည်။
“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”
သူဟာ ပြိုင်ဘက်ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည့် အခိုက်အတန့်တွင် ဝမ်ချောင်က သူ၏ အဆင့်လွန်မိစ္ဆာသိုင်းကို အကန့်အသတ်သို့ တွန်းပို့လိုက်ပြီ ဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့်လူ၏ ကြယ်တာရာစွမ်းအင်များက ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်။ ထိုမျှ နီးကပ်နေသော အကွာအဝေးတွင် ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မည်သူကမှ မတားနိုင်လုနီးပါး ဖြစ်သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာတွင်လည်း အလွန်အမင်း ကြောက်လန့်လွန်းသော မျက်နှာထားဟာ နောက်ဆုံးတွင် ပေါ်လာပြီ ဖြစ်သည်။ ထိုအရာသာ မကသေးဘဲ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူ့အား မလှုပ်ရှားနိုင်အောင် ဖြစ်စေသည်။
တိုတောင်းလွန်းသော အချိန်အတိုင်းအတာ တစ်ခုအတွင်း ဝမ်ချောင်က သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များဟာ ဖောင်းကားလာသလို ခံစားလိုက်ရသည်။ အနက်ရောင်ဝတ်စုံနှင့် စွမ်းအင်များဟာ လျှင်မြန်စွာဖြင့် လျော့ပါးပျောက်ကွယ်လာ၏။ ဒါဟာ ဝမ်ချောင် ယခင်က မမြင်ဖူးသော ကြယ်တာရာစွမ်းအင် သိုင်းတစ်မျိုးဖြစ်ပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည့်အခါ အနက်ရောင်မီးတောက် စွမ်းအင်များက ကပ်ပါလာသည်။
သူဟာ အနက်ရောင်ဝတ်စုံနှင့် လူများနှင့် အထိအတွေ့ရှိချိန် ကြာလေလေ ဝမ်ချောင်အနေဖြင့် သူတို့၏ သိုင်းပညာများဟာ ဖော်ပြရန်ခက်ခဲလောက်အောင် ထူးခြားပြီး သူတို့၏ ဉာဉ်လက္ခဏာများကလည်း သိသာထင်ရှားကြောင်း သိလာရသည်။
ဘယ်လောက်အောင် အင်အားကြီးလိုက်တဲ့ စွမ်းအားလဲ။
ဝမ်ချောင်က ရေရွတ်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့်လူက ရှင်းလင်းစွာဖြင့် အလွန်အမင်း မြင့်မားသော စွမ်းအားများကို ပိုင်ဆိုင်ထားပုံရပြီး ကိုယ်အတွင်းမှ စွမ်းအားများကလည်း ဖော်ပြရန်ခက်ခဲလောက်အောင် မြင့်မားနေသည်။ သူသည် အစပိုင်းတွင် ဘာကိုမှ အာရုံမခံမိခဲ့ဘဲ အနက်ရောင်စွမ်းအင်များကို စုပ်ယူလိုက်မိသောအခါ ဝမ်ချောင်အနေဖြင့် ပြင်းထန်လွန်းသော လွှမ်းမိုးနိုင်စွမ်းအားကို အာရုံခံမိလာသည်။ ထိုအရာဟာ လုဝူ၏မီးတောက်နှင့် ကျွီပီး၏ မီးတောက်ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရည် ရှိသည်။
မဟုတ်သေးဘူး။
ထိုစွမ်းအင်ဟာ သူ့ကို လွှမ်းမိုးလာသည်နှင့်အမျှ ဝမ်ချောင်သည် မကောင်းသော ခံစားချက်ကို ရလိုက်သည်။ သူဟာ မျက်ဝန်းထောင့်မှ တစ်ချက်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လှုပ်ရှားမှုကင်းမဲ့ကာ အကြောက်အလန့်မဲ့သော လူ၏မျက်နှာတွင် အကြံအောင်မြင်သွားသလို အထင်သေးသောအပြုံးဟာ ပေါ်နေကြောင်း မြင်လိုက်သည်။
မကောင်းတော့ဘူး။
ဝမ်ချောင်၏နှလုံးသားက အလန့်တကြား ဖြစ်လာသည်။ သို့သော် သူ မတုန့်ပြန်နိုင်သေးခင် အနက်ရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်အတွင်းမှ အင်အားကြီးမားသော အနက်ရောင်မီးတောက်က ထတောက်လျှက် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ ပြေးဝင်လာသည်။ ထိုစွမ်းအားလုံးက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် အလွန်လိုက်ဖက်ပုံ ရသည်။ ထို့ပြင် ထူးခြားသော နည်းလမ်းတစ်ခုကတစ်ဆင့် ဝမ်ချောင်၏ တိုက်ခိုက်ရန် ကြိုးစားမှုများကို ရှောင်တိမ်းရင်း သူ၏ တန်ထန်းထဲသို့ တိုက်ရိုက်ပစ်ဝင်ကာ ပြင်းထန်သည့် ပေါက်ကွဲမှုကို ဖြစ်စေသည်။
ဘန်း
တစ်ချိန်ထဲလိုလို ဝမ်ချောင်နှင့် အနက်ရောင်ဝတ်စုံနှင့် လူအကြားတွင် ပြင်းထန်လွန်းသော ပေါက်ကွဲမှုတစ်ခုက ဖြစ်ပေါ်လာလေပြီး နှစ်ယောက်က ကွဲထွက်သွားသည်။
“ဟွန်း ကောင်လေး မင်းက တကယ်ကို ကိုင်တွယ်ရခက်တဲ့ကောင်ပဲ။ မင်းကို သတ်ရမဲ့တာဝန်က ကျရှုံးသွားရုံတင် မကသေးဘဲ မင်းက ငါတို့ရဲ့စွမ်းအင်ကိုတောင် စုပ်ယူလိုက်သေးတယ်။ လုဝူရဲ့မီးတောက်၊ ကျွီပီးရဲ့မီးတောက် အခု မာရာရဲ့မီးတောက် အခုမင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ငါတို့ရဲ့ စွမ်းအင်သုံးမျိုးလုံးက ရှိနေပြီ။ ဒါပေမဲ့ ဒီမီးတောက်တွေက အချင်းချင်း အဆင်မပြေသလို အတူပေါင်းပြီး ကျင့်ကြံလို့လည်း မရဘူးဆိုတာ ဘယ်သူကမှ မင်းကို မပြောထားဘူးထင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အခြားစွမ်းအင်တွေကိုတောင် ငါက ထည့်သွင်း မစဉ်းစားရသေးဘူး။ ဒီလိုနဲ့ မင်းရဲ့ ကျင့်ကြံခြင်းက အလိုလျောက် ပျက်စီးသွားတဲ့အချိန်ကိုပဲ စောင့်နေလိုက်။ ဒီလိုဆိုရင် ငါတို့တောင် ဘာမှလုပ်စရာမလိုဘဲ မင်းက သေမှာပဲ”
ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ အနက်ရောင်ဝတ်စုံနှင့်လူကို ထပ်ခေါ်ထားရန် အားအင် မရှိတော့သလိုမျိုး ခံစားလိုက်ရသည်။
******
အခန်း(၁၃၂၄)
“သေချင်နေတာပဲ”
ဝမ်ချောင်ဟာ ဒေါသများဖြင့် ပေါက်ကွဲသည်။ သူသည် နောက်ဆုံးတွင် အဖြစ်အပျက်များ အားလုံးကို စတင်ကာ နားလည်လာသည်။ အရာအားလုံးက အနက်ရောင်ဝတ်စုံနှင့်လူ၏ အကြံများထဲမှ တစ်ခုဖြစ်လောက်သည်။ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် အဖမ်းခံခြင်းအားဖြင့် ဝမ်ချောင်က မာရာ၏ အနက်ရောင်မီးတောက်ကို စုပ်ယူရန် ကြံစည်ထားခြင်းဖြစ်လောက်သည်။
“ဟွန်း ငါကလည်း မင်းနဲ့တိုက်ခိုက်ဖို့ အချိန်မရှိတော့တာ အမှန်ပဲ။ ဒီတိုင်း မင်းရဲ့ကျင့်ကြံခြင်း တစ်ခုလုံးက ကစဉ့်ကလျားဖြစ်ပြီး ခန္ဓာကိုယ် ပေါက်ကွဲသွားတဲ့အထိပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်”
အနက်ရောင်ဝတ်စုံနှင့်လူဟာ လှောင်လိုက်သည်။ ဝမ်ချောင်က အနားသို့ မလာနိုင်သေးခင် သူ၏ခန္ဓာကိုယ်က ယမ်းခါလျှက် ပျောက်ကွယ်သွားသည်။
“အရှေ့မှာပဲ မြန်မြန်”
“သူတို့ကို မပြေးစေနဲ့”
ဝမ်ချောင်က ခြေနှစ်လှမ်းသာ လှမ်းရသေးသည်။ အဝေးမှ ဝရုန်းသုန်းကားအသံကို ကြားလိုက်၏။ လူများနှင့် မြင်းများ၏ အော်သံကိုလည်း ကြားရသည်။ စစ်သည်တော်များက ဒီနေရာသို့ ဦးတည်လာခြင်း ဖြစ်လောက်သည်။ ပို၍ဆိုးသည်မှာ တိုက်ပွဲဟာ ကြီးမားသော အားလှိုင်းများကို ထွက်စေသောကြောင့် မြို့စောင့်တပ်နှင့် အင်ပါယာစစ်တပ်မှ ကျွမ်းကျင်ပညာရှင်များကိုလည်း ပြာဖြစ်စေလေသည်။ ဝမ်ချောင်ကလည်း အဘက်ဘက်မှ ဒီနေရာသို့ လာနေသည့် စစ်သည်တော်များကို သိလိုက်သည်။
“ငါ အခုတော့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်”
ခလွက်
ဝမ်ချောင်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏အကြည့်က တစ်ဖက်လူထံ တခဏခန့်သာ ရောက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူ၏ စိတ်အခြေအနေတိုင်းကို ချိန်ညှိလိုက်သည်။ လက်ရှိ သူ၏အဆင့်အတန်းဟာ ထူးခြားလွန်းနေသည်။ မြို့စောင့်တပ်နှင့် အင်ပါယာ စစ်တပ်ကသာ သူ့ကို ဒီနေရာတွင် ရှာတွေ့သွားခဲ့လျှင် မနက်ဖြန်မနက် ညီလာခံတွင် ခုံရုံးအတွင်း ကြမ်းတမ်းသည့် ငြင်းခုံမှုက ဖြစ်ပွားပေလိမ့်မည်။ ဒီကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲ အတောအတွင်း ဖမ်းမိခံလိုက်ခြင်းက ဉာဏ်ရှိသော ဆုံးဖြတ်ချက် မဟုတ်ချေ။
ဘန်း
ဝမ်ချောင်က ချက်ချင်းဆိုသလို ဝမ်မိသားစုစံအိမ် ရှိရာဘက်သို့ ထွက်ခွာသွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူကလည်း မှန်ကန်သည်။ စွမ်းအင်မီးတောက်က တိုက်ခိုက်နေပြီး အချင်းချင်း သည်းမခံနိုင်ပေ။ ထိုအခိုက်အတန့်တွင် သူတို့က အချင်းချင်း တိုက်ခိုက်နေပြီ ဖြစ်သည်။
အချိန်မရှိတော့ဘူး ငါအမြန်ဆုံး ပြန်ရမယ်။
ဝမ်ချောင်က သူ၏စွမ်းအင်များကို အကန့်အသတ်သို့ ပို့လွှတ်လျှက် တစ်ဖက်စစ်သည်များ မရောက်ခင် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
ဝမ်ချောင်က ပျောက်ကွယ်သွားသည့် အချိန်တွင် အနီးအနားရှိ အိမ်တစ်အိမ်အတွင်းမှ အနက်ရောင်ဝတ်စုံနှင့် လူက တစ္ဆေတစ်ကောင်လို ရုတ်တရက် ပေါ်လာသည်။ သူ၏မျက်နှာဟာ ဖျော့တော့နေပြီး သူ၏နဖူးတွင် ချွေးစေးများရွှဲနေသည်။ သူသည် ထင်ရသလောက် တည်ငြိမ်နေခြင်း မရှိပေ။
“ဒီကလေးက ကောလဟာလတွေထက်တောင် ကိုင်တွယ်ဖို့ ပိုခက်သေးတယ်။ ငါ့ရဲ့ ရွှေ့လျားမှုသိုင်းက သူနဲ့ အလုပ်မဖြစ်တာတင် မကသေးဘူး။ ငါတောင်မှ သူ့လက်ထဲမှာ သေမလို ဖြစ်သွားတယ်”
အနက်ရောင်ဝတ်စုံနှင့်လူက အံ့ကို ကြိတ်လိုက်သည်။ သူက ဝမ်ချောင် ထွက်သွားသောဘက်သို့ စိုက်ကြည့်နေ၏။
သူသည် အမိန့်ကို စရသောအခါ ယူလိုစိတ် မရှိခဲ့ပေ။ သူ၏အမြင်တွင် လူသားလောကမှ သာမာန် ဘုရင်တစ်ပါးကို ကိုင်တွယ်ရန် ထိုမျှအထိ ဒုက္ခများ ခံမနေသင့်ပေ။ ထို့အပြင် သူ့အား မာရာမီးတောက်ကိုပင် စုပ်ယူခိုင်းပြီး ကျင့်ကြံခြင်းတွင် ရှုံးနိမ့်မှုတစ်ခု ဖြစ်လာအောင် လုပ်ခိုင်းသေးသည်။ ထိုအခြေအနေကြောင့်ပဲ သူက အရင်တိုက်ခိုက်ခံရင်း အနက်ရောင်မီးတောက် အဇူရာကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ သို့သော် အနက်ရောင်မီးတောက် အဇူရာကပင် ဝမ်ချောင်ကို ယှဉ်နိုင်စွမ်းရည် မဲ့နေလိမ့်မည်ဟု မထင်ထားမိချေ။
ပို၍ဆိုးသည်မှာ အကြံအစည်အရ ဝမ်ချောင်သည် မာရာမီးတောက်၏ လေးဆယ်ရာခိုင်နှုန်းကိုသာ စုပ်ယူရန် လိုအပ်သည်ဟု ပြောထားသည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်က ခြောက်ဆယ်ရာခိုင်နှုန်းအထိ စုပ်ယူသွားသည်။ သူ၏ခွန်အားကလည်း အများကြီး ထိုးကျသွား၏။ သူကသာ တစ်ဖက်သူကသာ သူထွက်သွားချိန် မထွက်သွားခဲ့လျှင် ဝမ်ချောင်၏ ကျင့်ကြံခြင့် တစ်ခုလုံးက ကစဉ့်ကလျား မဖြစ်ခင် အရင်သေရလောက်သည်။
“မျိုးမစစ်ကောင် ငါ့ရဲ့ ကျရှုံးသွားတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်တင်ဖို့ နှစ်တစ်ဝက်နဲ့တောင် လုံလောက်မှာ မဟုတ်ဘူး”
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများဟာ မုန်းတီးမှုများဖြင့် တောက်လောင်လာသည်။ သို့သော် စစ်သားများဟာ နီးကပ်လာပြီဖြစ်သောကြောင့် အနက်ရောင်ဝတ်စုံနှင့် လူကလည်း ဆက်မနေရဲတော့ချေ။ သူသည် အိမ်ထဲမှ ချက်ချင်းလိုလို ခုန်ထွက်လျှက် အမှောင်ညအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
.....
ထိုအချိန်တွင် ဝမ်ချောင်ဟာ အမှောင်ထုအတွင်း လျှပ်စီးလက်သလိုမျိုး ပျံသန်းနေခြင်း ဖြစ်သည်။ သို့သော် တခဏခန့် ကြာပြီးနောက် မီးတောက်စွမ်းအင်များဟာ ဝရုန်းသုန်းကား ဖြစ်သွားပြီး ခန္ဓာကိုယ်အတွင်း တိုက်ခိုက်နေလေသည်။
သဘာဝချင်း ခြားနားလွန်းသော မီးတောက်သုံးမျိုးက နဂါးနှင့် ကျားများအလား အချင်းချင်း တိုက်ခိုက်နေသောအခါ ဖြစ်လာသည့် တိုက်ကွက်များ၏ သက်ရောက်မှုက ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ အခြားသော ကြယ်တာရာစွမ်းအင်များအပေါ်လည်း သက်ရောက်လာသည်။ ထိုသို့ဖြင့် ပေါင်ဒါမှုန့်ပေါ်တွင် မီးဖွားလေး ကျသွားသလိုမျိုး ဝမ်ချောင်၏ ခန္ဓာကိုယ်ဟာ ပြင်းထန်စွာနှင့် ဖျက်ဆီးခြင်းခံရသည်။
အစစ်အမှန် သိုင်းနယ်မြေအဆင့်မှ သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် ဝမ်ချောင်သည် မရေမတွက်နိုင်အောင် ခြားနားသည့် စွမ်းအင်များကို စုပ်ယူခဲ့ရသည်။ ထိုစွမ်းအင်များအားလုံးက ဝမ်ချောင်၏ကိုယ်အတွင်း စုစည်းရန် တည်ရှိနေ၏။ အစပိုင်းတွင်မူ ထိုအခြေအနေဟာ မထူးခြားပေ။ သို့သော် အဆင့်တစ်ခုသို့ ရောက်ရှိလာသောအခါ သိသာထင်ရှားသည့် ပြောင်းလဲမှုတစ်မျိုးက ဖြစ်ပေါ်လာရင်း ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်း ဗုံးတစ်လုံး မြုပ်ထားသလိုမျိုး ဖြစ်လာစေသည်။ အနက်ရောင်ဝတ်စုံနှင့် လူက သယ်ဆောင်လာသော မာရာမီးတောက်ဟာ ထိုဗုံးကို မီးမြိုက်လိုက်သလိုဖြစ်သည်။
ဒရစ်
သူ၏မျက်နှာတွင် ကြီးမားသော ချွေးစက်ကြီးက စီးကျသွားပြီး လက်ဖဝါးပေါ်သို့ ရောက်လာကာ မြေပြင်ပေါ်သို့ ပြန်ကျသည်။ ဒုတိယတစ်စက်၊ တတိယတစ်စက်
ပို၍များပြားသော ချွေးစေးများက ဝမ်ချောင်၏နဖူးမှ စီးကျလာပြီဖြစ်သည်။ မှန်မရှိသည့်တိုင်အောင် ဝမ်ချောင်သည်လည်း သူ၏မျက်နှာဟာ တစ္ဆေတစ်ကောင်လိုမျိုး ဖြူစုတ် နေလောက်ကြောင်း နားလည်သည်။
အနက်ရောင် မီးတောက်များက သူ၏ခန္ဓာကိုယ်အတွင်း မတူညီသည့် ကြယ်တာရာစွမ်းအင် အမျိုးအစား တစ်ထောင်နီးပါးကို ဖြစ်ပေါ်လာစေလျှက် သူ၏သွေးကြောများကို စတင်ကာ စုတ်ဖြဲရင်း အကြမ်းပတမ်း ဝင်ရောက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ နာကျင်မှုကို ပို့လွှတ်လေသည်။
ဝမ်ချောင်သည် အတက်နိုင်ဆုံး ကြိုးစားလျှက် ထိုအရာကို ဖိနှိပ်ထားသည်။ သူ၏ စွမ်းအင်မူလအပေါ် အဆင့်လွန်း နားလည်သဘောပေါက်မှုနှင့် ကြိုးကိုင်နိုင်မှုကို အသုံးပြုထားရင်း အတက်နိုင်ဆုံး ကြိုးစားကာ ထိုစွမ်းအင်များကို တန်ထန်းထံ လမ်းညွှန်ပေးနေသည်။ သို့သော် သူသည် အကန့်အသတ်သို့ ရောက်နေကြောင်းကိုလည်း အာရုံခံမိနေသည်။
“ငါ မြန်မြန်ပြန်ရမယ်”
သူသည် စံအိမ်မြို့ရိုးများကိုပင် လှမ်းမြင်နေပြီ ဖြစ်သည်။ ဝမ်ချောင်က တစ်ချက်ခုန်လိုက်ပြီး မြို့ရိုးများပေါ်သို့ ဆင်းသက်လျှက် မည်သူ့ကိုမှ သတိမထားမိခင် သူ၏စာကြည့်ခန်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်လိုက်သည်။
ဝုန်း
ဝမ်ချောင်က ကြမ်းပြင်းပေါ်တွင် တင်ပြင်ချိတ် ထိုင်ရုံသာ ထိုင်ရသေးသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လွန်းသော စွမ်းအင်များက ထွက်ပေါ်လာသည်။
ဝုန်း
ခရမ်းရောင်မီးတောက်၊ ခရမ်းနက်ရောင်မီးတောက်၊ အနက်ရောင်မီးတောက်တို့က ပေါက်ထွက်လာပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလျှက် မီးတောက်လေဝဲကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ဝှစ်
စားပွဲခုံ ကုလားထိုင်၊ စာအုပ်စင်၊ အိုးများ၊ စုတ်တံများ၊ မှင်တုံးများ... အရာအားလုံးက ချက်ချင်းဆိုသလို ပြာဖြစ်သွားသည်။ ဝမ်ချောင်၏ အောက်ဘက်မှ ကျောက်သားအုတ်ခဲတုံးများကပင် ထိုးဖောက်ခံရလျှက် မည်းတူးသွားသည်။
ဝမ်ချောင်က အံ့ကို ကြိတ်ထားသည်။ သူ၏မျက်နှာက ဖျော့တော့သထက် ဖျော့တော့လာသည်။ သူဟာ စာကြည့်ခန်းထဲသို့ ရောက်ပြီးပြီးချင်း သူ၏ ဝရုန်းသုန်းကား ဖြစ်နေသည့် ကြယ်တာရာ စွမ်းအင်များဟာ ထိန်းချုပ်မှုမှ လွတ်ကင်းသွားလျှက် အပြင်သို့ ပေါက်ထွက်သွားသည်။
ချီရှီတွင် ဝမ်ချောင်က စစ်တပ်၏ ဆုတ်ခွာသွားမှုအကြောင်းကို သိလိုက်ရချိန်က ခံစားချက်များ၏ လွှမ်းမိုးခံရရင်း သွေးအန်ကာ သတိလစ်သွားခဲ့ချိန်တွင် သူ၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းဟာ ကျင့်ကြံခြင်း သွေဖယ်သည့် လက္ခဏာများကို စပြလာပြီ ဖြစ်သည်။ ထိုအချိန်က သူသည် ဖိနှိပ်နိုင်ခဲ့သည်။ ထို့ကြောင့် အခြေအနေဟာ မပြင်းထန်ခဲ့ပေ။ သို့သော် ကွန်ဖြူးရှပ်-စစ်ပညာရှင်များ၏ အရှုပ်အထွေးများကြောင့် သူ၏အခြေအနေဟာ ပို၍သာ ဆိုးရွားလာသည်။ အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ထိုအခြေအနေကို သိသိသာသာ သတိထားမိသည်။ ထိုအတွက်ကြောင့် ဒီအကြံကိုတွေးပြီး ရည်ရွယ်ချက်ရှိရှိနှင့် ဝမ်ချောင်၏ အနားသို့ ကပ်လျှက် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသုံးပြုစေခြင်း ဖြစ်လောက်သည်။
ရန်သူကို သတ်ဖြတ်ရာတွင် ရှစ်ရာကို စတေးလျှက် တစ်ထောင်ကို သတ်ရန် ကြံစည်ခြင်းက အဆင်ပြေလောက်သော်လည်း ဝမ်ချောင်အတွက်မူ ဒီနည်းလမ်းက အကောင်းဆုံး ဖြစ်နေသည်။
“အား”
ဝမ်ချောင်၏မျက်နှာက ဖျော့တော့သထက် ဖျော့တော့လာသည်။ သူ၏မျက်နှာ နဖူးအနှံ့ ချွေးစေးများ စီးကျနေပြီး အောက်ဘက်ရှိ ကြမ်းပြင်တွင်ပင် စိုစွတ်နေလေပြီး မတူညီသည့် စွမ်းအင်အမျိုးအစား တစ်ရာကျော်ခန့်က သူ၏ခန္ဓာကိုယ်အတွင်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သူ၏ခန္ဓာကိုယ်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ဆွဲစုတ်ခံနေရသလိုမျိုး အရေပြားများကပင် ပြတ်ထွက်လာသည်။
ဝှစ်
သူ၏ခန္ဓာကိုယ်အတွင်းမှ ဝရုန်းသုန်းကား အခြေအနေများက အပြင်းထန်ဆုံးသော အခိုက်အတန့်သို့ ရောက်ရှိသွားသောအခါ ဝမ်ချောင်သည် ပါးစပ်ကိုဟလျှက် သွေးနီရောင် သွေးများကို အန်ထုတ်လိုက်သည်။
ထိုသွေးများကို အန်ပြီးနောက် ဝမ်ချောင်ဟာ နောက်ဆုံးတွင် စိတ်အေးသလို ဖြစ်သွားသည်။ သူ၏ဖျော့တော့နေသော မျက်နှာပေါ်တွင် အရောင်နည်းနည်း ပြန်ပေါ်လာပြီး အသက်ရှုမှုကလည်း တည်ငြိမ်သွားသည်။
“အခုတော့ ယာယီ ဖိနှိပ်နိုင်သွားပြီ”
ဝမ်ချောင်ဟာ မျက်လုံးကို ဖွင့်လိုက်ပြီး စိုးရိမ်မှုကို ထုတ်ပြသည်။ သူ၏ သွေးအန်လိုက်သော ဖြစ်စဉ်ဟာ လေးနက် ပြင်းထန်သည်ဟု ထင်ရလောက်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ သည်းမခံနိုင်ဆုံးသော ကြယ်တာရာစွမ်းအင် အများစုထဲမှ အချို့ကို ဖယ်ရှားရန် နည်းလမ်းတစ်ခုလည်း ဖြစ်လေသည်။ သူကသာ သူတို့ကို မဖိနှိပ်နိုင်လျှင် အတက်နိုင်ဆုံး ကြိုးစားကာ ဖယ်ရှားရတော့ပေမည်။ သို့သော် ထိုနည်းလမ်းက လက္ခဏာကို ကုသရုံသာ တက်နိုင်သည်။ သူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံးပြီး စုပ်ယူထားသော အရှုပ်အထွေးဖြစ်နေသော စွမ်းအင်များကို နောက်ဆုံးတွင် ဖြေရှင်းနိုင်သည်အထိ ထိုအခြေအနေက ထပ်ခါတလဲလဲ ဖြစ်နေပေလိမ့်မည်။
ငါ နည်းလမ်းတစ်ခုရှာပြီး ဒီပြဿနာကို ရှင်းရမယ်။
ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် နံပါတ်တစ် မိစ္ဆာသိုင်းဖြစ်ပြီး မိစ္ဆာလမ်းစဉ်တွင် အင်အားအကြီးဆုံးသော သိုင်းလည်းဖြစ်သည်။ ဒီသိုင်းကို ဖိနှိပ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော သိုင်းက ဒဏ္ဍာရီလာ အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရာသိုင်း ဖြစ်သည်။
သို့သော် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ စွမ်းအားများဟာ သိသာထင်ရှားသော်လည်း သူ၏ပြစ်ချက်ကမူ အမျိုးအစားမတူသော စွမ်းအင်များဟာ လိုက်ဖက်နေခြင်း မရှိနေခြင်း ဖြစ်နေသည်။ ထို့ကြောင့် သူ၏ဆရာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က နှောက်ယှက်ခံရသောအခါ သူ၏ကျင့်ကြံခြင်း တစ်ခုလုံးက ချေမွခံရပြီး တန်ထန်းကလည်း ကွဲအက်သွားခဲ့သည်။ ထို့နောက် သူသည်လည်း သစ္စာဖောက်တပည့်၏ လိုက်ဖမ်းမှုကို ခံခဲ့ရသည်။
ထိုသိုင်းကို နှစ်နှစ်ခန့်သာ ကျင့်ရသေးသော်လည်း ဝမ်ချောင်ကမူ တူညီသောပြဿနာကို ခံစားရသည့် လက္ခဏာများ ပြလာသည်။ ပို၍ဆိုးသည်မှာ တူညီသော ရှု့ထောင့်တစ်ခုမှကြည့်သော် ပို၍ပင် ဆိုးနေသေးသည်။
မည်သို့ပင်ဆိုစေ မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် ဝမ်ချောင်ကဲ့သို့ တိုက်ပွဲနယ်မြေတွင် လူပေါင်း မရေမတွက်နိုင်အောင် မြောက်များသော ရန်သူများကို သတ်ဖြတ်ခဲ့ဖူးခြင်း မရှိသလို ထိပ်တန်းအဆင့် ဗိုလ်ချုပ်များ၊ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများ အထွတ်အထိပ်အဆင့် သူတော်စင်သိုင်းနယ်မြေအဆင့် မဟာဗိုလ်ချုပ်ကြီးများ၏ စွမ်းအင်များကို မစုပ်ယူဖူးသလို စွမ်းအင်မူလကို နားလည်သဘောပေါက်ထားသော မဟာဗိုလ်ချုပ်ကြီးကိုပင် မသတ်ဖြတ်ဖူးချေ။ ထိုအတွက်ကြောင့် သူ၏ပြဿနာဟာ ပို၍ပြင်းထန်နေခြင်း ဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း
သူက တွေးတောနေချိန်တွင် ရုတ်တရက် တံခါးခေါက်သံကို ကြားရသည်။ ထို့နောက် စုရွှတ်ရွှမ်းတို့၏ စိုးရိမ်တကြီး အသံများကိုလည်း ကြားရ၏။
“အရှင် ဘာဖြစ်တာလဲ”
“အရှင် အဆင်ပြေရဲ့လား”
ထိုနှစ်ယောက်ကလည်း အတွင်းမှ ဝရုန်းသုန်းကား အသံများကို ကြားသောကြောင့် အပြေးလာကြည့်ခြင်း ဖြစ်လောက်သည်။
“ငါ အဆင်ပြေတယ်”
ဝမ်ချောင်၏မျက်လုံးက လက်သွားသည်။ သူသည် အသိပြန်ဝင်လာသောအခါ ပါးစပ်မှ သွေးများကို သုတ်ရင်း မတ်တပ်ထရပ်လျှက် တံခါးဆီ သွားသည်။
.....
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ အိမ်တွင်းအကျဉ်းချခံရသည့် နှစ်လတာက ကျော်လွန်သွားလေပြီး ဝမ်ချောင်က တဖန်ပြန်လည်ပြီး လွတ်လပ်သွားသည်။ သို့သော် သူတို့သည် အောင်ပွဲခံသင့်သော်လည်း စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယွီတို့ကမူ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်သည်။
အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်၏ အရှိန်အဝါဟာ အားနည်းနေပြီး မျက်နှာဟာ ဖျော့တော့နေသလို အတိတ်က သူတို့သိထားသော ဝမ်ချောင်နှင့် ခြားနားသလိုမျိုး ဖြစ်နေသည်။ ထိုအရာသာ မကသေးဘဲ ဝမ်ချောင်သည် နောက်ပိုင်းတွင် စာကြည့်ခန်းထဲတွင်သာ နေထိုင်နေလေ့ရှိပြီး သူတို့ နေထိုင်နေတိုင်းလိုလို ပုံမှန်မဟုတ်သည့် အခြေအနေမျိုးဟာ ဖြစ်ပျက်လာတတ်သည်။ စုရွှတ်ရွှမ်းနှင့် ရွှီခဲ့ယွီတို့ နှစ်ယောက်လုံးက ဝမ်ချောင်၏ စာကြည့်ခန်းသို့ သွားလည်သောအခါ အမြဲတစေ မဲတူးနေသည့် မီးလောင်ခံထားရသော အရာများကို တွေ့ရသည်။ သို့သော် ဝမ်ချောင်က ဘာမှမဟုတ်ဟု ပြောကတည်းက သူတို့ကလည်း မမေးရဲသဖြင့် ဒီတိုင်း စိုးရိမ်မှုများကိုသာ ဖိနှိပ်ထားရသည်။
စွစ်
တစ်မနက်ခင်းတွင် ဝမ်ချောင်သည် ဥယျဉ်အတွင်း လှည့်လည်သွားလာနေရင်း ရုတ်တရက် အင်အားကြီးမားသော လေပြင်းအတွင်းမှ ထက်ရှသည့် ဇီးကွက်တစ်ကောင်က လျှပ်စီးလက်သလိုမျိုး ဝမ်ချောင်ရှိရာဘက်သို့ ထိုးဆင်းလာသည်။ ထိုဇီးကွက်သည် သိသာထင်ရှားခြင်း မရှိသော်လည်း ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအင်များကို သယ်ဆောင်လာသည်။
ဘန်း
ဝမ်ချောင်နှင့် ပေတစ်ဆယ်ခန့်အကွာသို့ ရောက်ရှိလာသောအခါ ပြင်းထန်သော စွမ်းအင်များက ပေါက်ထွက်လာရင်း ထိုဇီးကွက်ကို အလိုအလျောက် ကာကွယ်သည့် သံမဏိလို အရံအတားတစ်ခုက ပေါ်လာသည်။
တင်
ဇီးကွက်က မြေပြင်သို့ ပြုတ်ကျသွားသည်။ သို့သော် ဘာကမှ ဖြစ်မလာပေ။
ဒါဟာ လေးကြိမ်မြောက် ဖြစ်သည်။
ဝမ်ချောင်၏ မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွားသည်။ ထို့ကြောင့် သူသည် ထိုကိစ္စကို စုံစမ်းရန် မကြိုးစားပေ။ သူက အနက်ရောင်ဝတ်စုံနှင့်လူ၏ ထောင်ချောက်အတွင်းသို့ ကျရောက်သွားခဲ့ပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူ၏ကျင့်ကြံခြင်းအဆင့်ကို ကစဉ့်ကလျား ဖြစ်စေကတည်းက ယခုလိုမျိုး ချောင်းမြောင်း လုပ်ကြံသတ်ခံရခြင်းများ၊ ချောင်းမြောင်း တိုက်ခိုက်ခံရခြင်းများကို နေ့တိုင်းလိုလို ကြုံဆုံနေကျဖြစ်သည်။ သို့သော် သူ၏ပြိုင်ဘက်များဟာ ဘယ်သောအခါမှ မျက်နှာမပြသလို ယခုလိုမျိုး စမ်းသပ်သည့် ရိုက်ချက်များကိုလည်း ထုတ်လွှတ်နေလေ့ရှိသည်။ သူတို့က ဒီနည်းလမ်းကိုသုံးပြီး ဝမ်ချောင်၏ ကျင့်ကြံခြင်း သွေဖယ်သွားသော အနေအထားမျိုးကို စမ်းသပ်လိုခြင်း ဖြစ်လောက်သည်။
******
အခန်း(၁၃၂၅)
“သေစမ်း ဒီကောင်စုတ်လေးက မသေသေးဘူး”
ဝမ်ချောင်က မမြင်နိုင်သည့် တစ်နေရာတွင် စီးဖတ်ကြောင်တစ်ကောင်ကဲ့သို့ နံရံများအနှံ့ တောက်လျှောက် ပြေးလွှားနေသော အနက်ရောင်ပုံရိပ်တစ်ခု ရှိနေသည်။ သို့သော် တခဏခန့် ကြာပြီးနောက် ရုတ်တရက် ကြယ်တာရာစွမ်းအင်များက ထွက်ပေါ်လာရင်း အနက်ရောင်ဝတ်စုံနှင့်လူကို ထိပ်တိုက်ရင်ဆိုင်သည်။
“ငါ မင်းကို စောင့်နေတာ တော်တော်ကြာပြီ”
ထိုလူ၏နားအတွင်း လေးနက်ကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အသံက ထွက်လာသည်။
အနက်ရောင်ဝတ်စုံနှင့်လူက မျက်လုံးပြူးကျယ်သွားရင်း ကြောက်လန့်တကြား ဖြစ်သွားသည်။
“အား”
တခဏခန့် ကြာပြီးနောက် လေထဲတွင် စူးရှစွာ အော်ဟစ်သည့် ငယ်သံပါအောင် အော်ဟစ်သံက ထွက်ပေါ်လာရင်း ရုတ်တရက် ရပ်တန့်သွားသည်။
ဝမ်ချောင်က ဥယျာဉ်မှ ထွက်သွားရန် ကြံစည်ရုံသာရှိသေးသည်။ အော်သံကို ကြားလိုက်ရသဖြင့် ရပ်သွားသည်။
“ဒါက”
ဘန်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏အရှေ့သို့ အနက်ရောင်ပုံရိပ်တစ်ခုက ပြုတ်ကျလာသည်။ သူ၏ အဝတ်အစားများအရ အနက်ရောင်ဝတ်စုံနှင့် လူများဘက်မှ ဖြစ်လောက်သည်။
“မင်း ဒီအခြေအနေကို ရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
ရင်းနှီးကျွမ်းဝင်သောအသံ အိုမင်းပြီး နက်ရှိုင်းသောအသံက သူ၏နားအတွင်း ဟိန်းထွက်လာသည်။ ဝမ်ချောင်က ခေါင်းကို မော့လိုက်သောအခါ နံရံပေါ်တွင် ရပ်နေသည့် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုကို မြင်ရသည်။ သူ၏ ခပ်ပွပွ ဝတ်ရုံနှင့် ဆံပင်ရှည်များက လေတွင်လွင့်နေသည်။
“ဆရာ”
ဝမ်ချောင်က အံ့အားတကြီး အော်လိုက်သည်။ ထိုလူသည် သူ၏ဆရာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန် ဖြစ်သည်။
ဝှစ်
လေပြင်းက တစ်ချက်ဖြတ်တိုက်သွားပြီးနောက် မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ပျောက်ကွယ်သွားပြီး တခဏခန့် ကြာပြီးနောက် သူသည် ဝမ်ချောင်နှင့် ခြေလှမ်းအကွာသို့ ရောက်လာသည်။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့် တစ်စွန်းတစ်စမျှပင် ရှိမနေခဲ့ပါချေ။
ဝမ်ချောင်က တခဏခန့် တုန့်ဆိုင်းသွားပြီးမှသာ ဝန်ခံလိုက်သည်။
“လေးရက် ငါးရက်လောက်ပါ”
သူသည်လည်း ဆရာဖြစ်သူ၏ ထက်ရှသော မျက်လုံးအောက်တွင် မဖုံးကွယ်နိုင်ကြောင်း နားလည်သည်။
“ဒီလောက်ကြီးမားတဲ့ ကိစ္စကြီး ဖြစ်သွားတာတောင် ဘာလို့ငါ့ကို အကြောင်းမကြားတာလဲ”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဒေါသတကြီး ပြောသည်။ စုရွှတ်ရွှမ်းနှင့် အခြားသောသူများကသာ သူ့ကို မပြောခဲ့လျှင် သူသည်ပင် သတိထားမိလိမ့်မည် မဟုတ်ချေ။
ဝမ်ချောင်က ခါးသီးစွာ ပြောသည်။
“ဟုတ်ပါတယ် ဆရာ့ရဲ့တပည့်ကလည်း မှားမှန်း နားလည်ပါတယ်”
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ပြစ်ချက်က နှစ်ပေါင်းများစွာကြာအောင် သိသာထင်ရှားခဲ့ပြီးသား ဖြစ်သည်။ သူ၏ဆရာဖြစ်သူကပင် ထိုပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ ဝမ်ချောင်ကလည်း ဆရာဖြစ်သူကို မစိုးရိမ်စေရန်အလို့ငှာ ထိုကိစ္စကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သို့သော် သူသည် ဆန့်ကျင်ဘက်ရလဒ်ကိုသာ ရလာ၏။
ဝုန်း
တင်းမာသော မျက်နှာထားနှင့် မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရှေ့သို့ခုန်ဝင်လာသည်။ သူ၏လက်ငါးချောင်းက အင်္ကျီလက်ထဲမှ ဆန့်ထွက်လာရင်း ဝမ်ချောင်၏ပုခုံးကို လှမ်းကိုင်သည်။
သူ၏လက်ချောင်းများက လာထိသည့် အခိုက်အတန့်တွင် မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာက ဖျော့တော့သွားသည်။ သူသည်ပင် ဝမ်ချောင်၏ ကိုယ်အတွင်းမှ အဆိပ်ပြင်းမြွေ သုံးကောင်က သူ၏ အတက်စွမ်းအားများအား ဆက်တိုက်ဆိုသလို စားသုံးနေကြောင်း သိလိုက်သည်။
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မူလကမူ ဝမ်ချောင်သည် အစောပိုင်းလက္ခဏာ အနည်းငယ်ကိုသာ ရရှိထားပြီး အခြေအနေဟာ ထင်သလောက် မပြင်းထန်လောက်ဟု ယုံကြည်ထားခြင်းဖြစ်သည်။ သို့သော် အခြေအနေအရ မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းအားကြီးနေသည်။
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာတာလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခပ်တိုးတိုး ရေရွတ်သည်။ သူ၏မျက်နှာ အမူအရာဟာ အလွန်အမင်း တင်းမာနေ၏။ ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် လေးရက်ခန့်သာ သွေဖယ်သွားခြင်း ဖြစ်သည်။ သို့သော် ပြင်းထန်မှုကမူ သူ၏ ကိုယ်ပိုင် နှောင်းပိုင်းအဆင့် ထိပ်တိုက်ရင်ဆိုင်မှုများကိုပင် ယှဉ်နိုင်လောက်အောင် ပြင်းထန်လေးနက်လာသည်။ ဒါဟာ သာမာန် အခြေအနေမျိုး မဟုတ်ပေ။ လူသား၏ ဝင်ရောက်နှောက်ယှက်မှုဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသေးသည်။
“ချီဝေ့နဲ့ကျောင်းဝေ့... ဒီဆက်သွယ်မှုနှစ်ခုက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ အဓိက လျို့ဝှက်ချက်တွေပဲ။ ငါတို့ဘက်က မဟုတ်တဲ့လူတွေက ဒီအကြောင်းအရာကို သိမှာ မဟုတ်ဘူး။ ဘယ်လိုကြောင့်များ ဒီဆက်သွယ်မှုနှစ်ခုကိုသိတဲ့ တစ်စုံတစ်ယောက်က ရှိနေသေးတာလဲ”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာဟာ ပို၍ပင် တင်းမာလာသည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ကြံသောသူများက ခန္ဓာကိုယ်မှ ထိုအကြောအမှတ် နှစ်ခုကို အဓိက အာရုံစိုက်ရသည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံလူများအတွက် အဓိကတားမြစ်ချက်ကြီးများက ရှိနေသေးသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ကြံသောသူများက အလွန်အမင်း မြင့်မားသော အတိုင်းအတာအထိ သတိထားရသော အနေအထားမျိုးတွင် ရှိသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အားနည်းချက်က စတင်ကာ ပေါ်ပေါက်လာပြီး ထိုစွမ်းအင်လမ်းကြောင်း နှစ်ခုက ထိတွေ့ခြင်း ခံရသောအခါ ကြယ်တာရာစွမ်းအင်များက စတင်ကာ ထိပ်တိုက်ရင်ဆိုင်လျှက် ကစဉ့်ကလျား ဖြစ်လာပေလိမ့်မည်။ ဒီနည်းအားဖြင့် ပြင်းထန်သော သက်ရောက်မှု ရှိလာနိုင်သည်။
သို့သော် ထိုဆက်သွယ်မှုနှစ်ခုကို အလွယ်တကူထိ၍ မရချေ။ သာမာန်လူများဆိုလျှင် ထိုအရာများ၏ တည်ရှိမှုများကိုပင် မသိပေ။
“မင်း ဘယ်သူနဲ့ ကြုံခဲ့တာလဲ။ ငါ့ကို ဖြစ်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြစမ်း”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တင်းမာစွာပြောသည်။
ဝမ်ချောင်သည် ဆရာဖြစ်သူ၏ မျက်နှာပေါ်မှ တင်းမာသော မျက်နှာထားကို မမြင်ဖူးချေ။ သူသည် လျစ်လျူမရှု့ရဲတော့လေဘဲ အရာအားလုံးကို ချက်ချင်းလိုလို ပြန်ပြောပြလိုက်သည်။
“မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး”
ဝမ်ချောင်၏စကားများကို ကြားပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဖော်ပြရန်ခက်ခဲသည့် လျို့ဝှက်ဆန်းကြယ်မှု တစ်မျိုးကို ကြုံတွေ့ရသလိုမျိုး တောင့်ခဲသွားသည်။
“ဆရာ စီနီယာအစ်ကိုလား”
ဝမ်ချောင်က မေးလိုက်သည်။
သူ၏ဆရာသည် တပည့်တစ်ယောက်သာလျှင် ရှိခြင်းမဟုတ်ပေ။ ဝမ်ချောင်သည်လည်း ဆရာဖြစ်သူကို သစ္စာဖောက်ခဲ့ဖူးသော စီနီယာအစ်ကိုကို တွေးလိုက်မိသည်။ ထိုတစ်ယောက်တည်းကသာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထိုမျှအတိုင်းအတာအထိ နားလည်နိုင်ပြီး အနက်ရောင်ဝတ်စုံနှင့် လူများကို လျို့ဝှက်ချက်များ ပြောခဲ့ခြင်း ဖြစ်လောက်သည်။
“မဖြစ်နိုင်ဘူး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အဲဒီအဆင့်ထိ ရောက်အောင် မကျင့်ခဲ့ဖူးသေးရင် ဒီအကြောင်းအရာတွေကို သိဖို့က မဖြစ်နိုင်ဘူး။ ပိုပြီးအရေးကြီးတာက အဲ့ဒီ အကြံအစည်ကြီးတဲ့ ငါ့ရဲ့အဲ့ဒီတပည့်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ ဒုတိယတစ်ပိုင်းကို ရခဲ့တာတောင် မဟုတ်ဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် သူငါ့ကို အမဲလိုက်ခဲ့မှာ မဟုတ်ဘူး”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။
သိုင်းပညာ လောကကြီး တစ်ခုလုံးကလည်း မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် မိစ္ဆာဧကရာဇ်၏ အဆုံးစွန်သော လျို့ဝှက်ချက်တစ်ခုဟု သိထားကြသည်။ သို့သော် ယခုအခါ နောက်ထပ် တစ်ဖွဲ့ကလည်း ထိုသိုင်းကို နက်ရှိုင်းလွန်းစွာ နားလည်နေပြီး သူ့နည်းတူ လက်တွေ့ကျကျ သဘောပေါက်ထားပုံပေါ်သည်။
ဝမ်ချောင်က တိတ်ဆိတ်သွားရင်း မျက်မှောင်က ကြုတ်လာသည်။ သူသည် ယခုနောက်ပိုင်း ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များ၏ ချုပ်ထိန်းမှုများကို ဖိနှိပ်၍ အလုပ်များနေခဲ့သဖြင့် ထိုကိစ္စကို စဉ်းစားဆင်ခြင်ချိန်မရှိပေ။ သို့သော် ယခုအခါ ဆရာဖြစ်သူ၏စကားကို နားထောင်ပြီးမှ ဝမ်ချောင်သည်လည်း တစ်စုံတစ်ရာဟာ မမှန်ကန်ကြောင်း သိလာသည်။ အနက်ရောင်ဝတ်စုံနှင့် လူများ၏ အနောက်ဘက်မှ အဖွဲ့အစည်းဟာ လျို့ဝှက်ဆန်းကြယ်လွန်းသည်။ သူတို့လည်း တစ်ကြိမ်ပြီးတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့သေးသည့်တိုင်အောင် သူတို့၏ လျို့ဝှက်ချက်ကို ရှာမတွေ့ခဲ့သေးပေ။
အားလုံးထဲမှာ အရေးကြီးဆုံး အချက်ကမူ သူတို့သည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုုင်းအကြောင်း သိနေသည်။ ယခုအခါ သူပြန်တွေးကြည့်မှ သူ့ကို ပိတ်လှောင်ခဲ့သည့် အနက်ရောင်ဝတ်စုံနှင့် လူသည်လည်း မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းဟာ ခန္ဓာကိုယ်အတွင်းတွင် လည်ပတ်လျှက် တည်ရှိကြောင်း သိသဖြင့် ဝမ်ချောင်၏ တိုက်ခိုက်မှုများထံမှ ရှောင်ရှားရင်း သူ့ကိုနှောက်ယှက်ကာ ယခုလို အကြံအစည်ချခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်၏မျက်နှာက တင်းမာလာသည်။
“ဒီအနက်ရောင်ဝတ်စုံနဲ့လူကို တစ်ချက်ကြည့်ကြည့် ဒါက မင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ လူလား”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။
ဝမ်ချောင်က ရှေ့သို့တစ်လှမ်းတက်ရင်း တစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းခါ၏။
“မဟုတ်ဘူး။ ဒါက သူ့ရဲ့ အဆင့်နိမ့် လက်အောက်ငယ်သားတွေထဲက တစ်ယောက်ဖြစ်လောက်တယ်”
ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူများကို အတိုင်းအတာ တစ်ခုအထိ နားလည်လာပြီဖြစ်ပြီး သူတို့၏ အဖွဲ့အစည်းဟာ ခစ်ထန်၊ ရှီ၊ မာန်ရှဲ့ကျောင်း၊ တိဗက်၊ အာရပ်... တစ်လောကလုံးအနှံ့ တည်ရှိကြောင်း သိထားသည်။ လူအများ၏ နယ်နိမိတ်နှင့် တိုင်းပြည်များ၏ နယ်နိမိတ်က သူတို့အတွက် တည်ရှိပုံမရချေ။ ထိုလူများက အသေခံစစ်သားများဖြစ်ပြီး ဖမ်းမိတဲ့အခါတိုင်းလိုလို ပါးစပ်ထဲတွင် ဝှက်ထားသည့် အဆိပ်ဆေးများကို ကိုက်ချလိုက်တတ်သည်။ ဒီနည်းအားဖြင့် သတင်းအချက်အလက်များကို ရရှိချိန်ပင် မရှိချေ။
သူ၏ဆရာသတ်ခဲ့သော အနက်ရောင်ဝတ်စုံနှင့် လူက သူ၏ကျင့်ကြံခြင်းအဆင့် အခြေအနေကို စမ်းသပ်ရန်အတွက် သူတို့က စေလွှတ်ထားသော အဆင့်နိမ့်အဆင့် လက်အောက်ငယ်သား တစ်ယောက်သာ ဖြစ်လောက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ ငါသူနဲ့တိုက်ခိုက်တဲ့အချိန်က သူ့ကို တော်တော်လေး အားနည်းတယ်လို့ ခံစားမိထားတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခေါင်းညိတ်သည်။ သူသည် ယခုလေးတင် မေးမြန်းရန် အခွင့်အရေး ရခဲ့မည်ဆိုလျှင်ပင် အဖြေဟာလည်း သိသာထင်ရှားလိမ့်မည် မဟုတ်ပေ။
“ဆရာ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အဲဒီအဆင့်ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ”
ဝမ်ချောင်က မေးသည်။
“ချီဝေ့၊ ကျောင်းဝေ့၊ ကျန်းလုံ၊ ချီရှဲ့... ဒီအစဉ်လိုက်က ဒီသိုင်းပညာကို ပိုပြီးဆိုးသွားစေမဲ့ အစဉ်လိုက်ပဲ။ သာမာန် အခြေအနေမျိုးမှာဆိုရင် မင်းရဲ့ ပထမအဆင့် သွေလည်ဖောက်ပြားတဲ့ အနေအထားမျိုးကနေ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားတဲ့ အချိန်ဆိုရင် ကြားထဲမှာ သုံးနှစ်၊ လေးနှစ်လောက် လိုလိမ့်မယ်။ မင်းက မူလစွမ်းအင် အဆင့်ကနေ သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို ရောက်လာခဲ့တာက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကနေ စုပ်ယူထားခဲ့တဲ့ စွမ်းအင်တွေကို မှီခိုခဲ့လို့ဆိုတော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က တည်ငြိမ်အောင်လုပ်ဖို့ အချိန်မရှိခဲ့ဘူး။ သာမာန်လူတစ်ယောက်ဆိုရင် ပေါက်ကွဲပြီးသေသွားလောက်ပြီ။ ဒါပေမဲ့ မင်းရဲ့ ဖော်ပြဖို့ခက်တဲ့ ပါရမီနဲ့ ဖော်ပြဖို့ခက်တဲ့ ကံကောင်းမှုကြောင့်ပဲ အခုအချိန်မှပဲ။ ဒီလိုလမ်းမှားမှုတွေကို ကြုံရတာ။ မင်းအနေနဲ့ သူတော်စင်သိုင်းနယ်မြေအဆင့် အထွတ်အထိပ်ကို ရောက်ရှိလာပြီး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတွေကို အလဲထိုးနိုင်ခဲ့တာမျိုးကို ငါကိုယ်တိုင်တောင်မှ မလုပ်နိုင်ခဲ့လောက်ဘူး”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ပြောလေလေ ပို၍ပင် ခံစားချက် ပြင်းထန်လေလေ ဖြစ်လာသည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သို့သော် သူ၏မျက်ဝန်းထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူသည် သဘာဝအလျောက်ပင် သူ၏လွဲမှားမှု ဖြစ်လာရသည့် အကြောင်းပြချက်ကို နားလည်နေသည်။ သူသည် သူတော်စင်သိုင်းနယ်မြေ မဟာဗိုလ်ချုပ်ကြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးလေပြီ။ ထို့ကြောင့် သူ၏ စွမ်းအင်များအပေါ် နားလည်သဘောပေါက်မှုနှင့် လည်ပတ်ပုံများကို နားလည်သဘောပေါက်မှုက သာမာန်လူများထက် သာသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ရန် မလိုအပ်ချေ။
“ဒါပေမဲ့ မင်းမှတ်ထားရမယ်။ အခုကစပြီး မင်းအနေနဲ့ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မိုက်ရူးရဲဆန်ဆန် ဆက်သုံးလို့ မရတော့ဘူး။ မင်း အခြားသူတွေရဲ့ ကြယ်တာရာစွမ်းအင်ကိုလည်း မစုပ်သင့်တော့ဘူး”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်ကို စိုက်ကြည့်ချိန်တွင် တင်းမာသော မျက်နှာထားက ထင်ရှားလာသည်။
သူသည် ထိုသိုင်းကိုသုံးပြီး နာမည်ကျော်အောင် လုပ်နိုင်ခဲ့သည်။ နှစ်လေးဆယ်လုံးလုံး အသုံးပြုခဲ့၏။ ထို့ကြောင့် ထိုသိုင်းကို သူ၏လက်ခုံလို နားလည်နေပြီဖြစ်ပြီး မည်သူကမှ ထိုသိုင်း၏နောင်းပိုင်းအဆင့်တွင် ဒုက္ခပေးနိုင်သော အနေအထားမျိုးကို သူ့ထက်ပို၍ နားမလည်နိုင်ပေ။ ကြယ်တာရာစွမ်းအင်များက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်သည်နှင့် ကျင့်ကြံသူသည် အထိမခံသော အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကာ သူတို့၏ကျင့်ကြံခြင်းအဆင့်က အဆုံးသတ်တွင် ပျက်ပြယ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် တစ်ရက်ချင်းစီတိုင်းက သေသည်ကသာ လွတ်ငြိမ်းခွင့်ရမည်ဟု ခံစားမိလောက်အောင် နှိပ်စက်ခံရသော အနေအထားမျိုးကို ကြုံတွေ့ရမည်ဖြစ်သည်။ ထိုအခြေအနေဟာ ဆိုးရွားသထက် ဆိုးရွားရုံသာ ရှိပေလိမ့်မည်။ အဆုံးသတ်တွင် ထိုလူ၏ ကျင့်ကြံခြင့်အဆင့်ဟာ ပျက်ပျယ်သွားရင်း ခန္ဓာကိုယ်တစ်ခုလုံးဟာ ပေါက်ကွဲသွားနိုင်ချေကပင် မြင့်မားနေသေးသည်။
သူသည် သူ၏ ထိုသိုင်းအပေါ် ပြင်းထန်လွန်းသော နက်ရှိုင်းမှုကြောင့်သာ သူ၏ ကျင့်ကြံခြင်းအဆင့် တစ်ခုလုံး ပျက်စီးသွားပြီးနောက် အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။ အခြားသူ တစ်ယောက်ယောက်သာဆိုလျှင် သေသွားလောက်လေပြီ။
ကိစ္စအရေးပါမှုကို နားလည်သဘောပေါက်သည့် ဝမ်ချောင်ကလည်း တည်ငြိမ်စွာ ပြောသည်။
“ဆရာရဲ့တပည့်က နားလည်ပါတယ်”
“မင်းမှာ ဒီပြဿနာ မရှိရင်တောင်မှ ငါမင်းကို လာရှာရဦးမှာပဲ”
“အာ”
ဝမ်ချောင်က ကြောင်သွားသည်။
“တပည့် မင်းရဲ့ဆရာက မြို့တော်မှာ မင်းကြုံတွေ့နေရတဲ့ ကိစ္စတွေကို သိပြီးပြီ။ မင်းရဲ့ဆရာက ခုံရုံးရဲ့ကိစ္စတွေကို ဘယ်တော့မှ ဝင်မစွက်ဖက်ချင်ဘူး။ အင်ပါယာခုံရုံးအတွင်းက ဆက်ဆံရေးတွေကို ဖန်တီးဖို့ စိတ်မပါဘူးဆိုတာကို မင်းသိတယ် မဟုတ်လား။ ဒါပေမဲ့ မင်းရဲ့ဆရာကိုယ်တိုင် မင်းကို အကြံဉာဏ်အချို့ ပေးနိုင်တဲ့ အချိန်ကာလတွေလည်း ရှိပါတယ်”
မဟာမိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်၏ ဖျော့တော့သော အသားအရည်ကို ကြည့်နေရင်း ရင်နာသလိုမျိုး ဖြစ်လာသည်။ သူသည် သူ၏ဘဝတွင် တပည့်အများကြီး လက်ခံခဲ့ဖူးသည်။ သို့သော် ဝမ်ချောင်ကသာ သူ ဂရုအစိုက်ဆုံး ဖြစ်သည်။ ဝမ်ချောင်သည် ငယ်ရွယ်သည်။ ဆက်လက်ပြီး ကြိုးစားနိုင်စွမ်းရည် ရှိ၏။ ဆရာဖြစ်သူကိုလည်း လေးစားသည်။ သူ၏ အကျင့်လက္ခဏာနှင့် စိတ်နေစိတ်ထားနှင့် ပတ်သတ်ပြီး ဝေဖန်အကဲဖြတ်ရန်ပင် မရှိပါပေ။ သို့သော် အရာအားလုံးက သူ့ကို ပို၍ပင် ရင်နာစေသည်။
“မင်းက အမတ်တွေ၊ ဗိုလ်ချုပ်တွေ ပြည့်နေတဲ့ ကလန်တစ်ခုက လာတယ်။ မင်းရဲ့ နှလုံးသားက ဒီနယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီးသား။ ဒါကြောင့် ဒီနေရာမှာ ဘယ်လိုအန္တရာယ်များများ ဒီနယ်မြေက မင်းကိုလိုအပ်တာနဲ့ မင်းသွားမှာပဲ။ ဘာကိုမှ နောက်လှည့်မကြည့်ဘဲ ဆက်လုပ်မှာပဲ။ ဒီအတွက်ကြောင့်ပဲ ဆရာက မင်းကို ဂုဏ်ယူတာ။ ဒါပေမဲ့ မင်းဒီနယ်မြေအတွက် လုပ်ပေးထားတာတွေ လုံလောက်ပြီ။ သူတို့က မင်းကို နားမလည်ဘူး။ မင်းကိုတောင် အရှက်ခွဲကြသေးတယ်ဆိုရင် မင်း မလုပ်ပေးသင့်ဘူး။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်တစ်ယောက် အနေနဲ့ ဒီလိုမမျှတမှုမျိုးကို သည်းခံဖို့တောင် မသင့်ဘူး။ မင်း ကိုယ့်အတွက်ကိုယ် တွေးသင့်ပြီ။ ဒီတစ်ကြိမ် ဒီကိစ္စက အခွင့်အရေး တစ်ခုလို့တောင် စဉ်းစားလို့ရတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စကားကို တခဏခန့် ရပ်တန့်လျှက် တစ်ခုသော ပစ္စည်းတစ်ခုကိုထုတ်ကာ ဝမ်ချောင်ကိုပြသည်။ ဝမ်ချောင်ကလည်း ထိုအရာဟာ စုတ်ပြဲနေသော မြေပုံတစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။
“ဒါက မင်းအရင်က ငါ့ကို ပေးထားတဲ့ အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရာသိုင်းအတွက် ရတနာမြေပုံပဲ။ ဝူရှန်းရွာသူကြီးနဲ့ ငါက ပျောက်သွားတယ်ဆိုတာက ဒီရတနာမြေပုံနဲ့ ပတ်သတ်တဲ့ လျို့ဝှက်ချက်တွေကို သွားရှာနေတာ။ ငါတို့တွေ သဲလွန်စတွေ ရှာနေတာ။ အများကြီးကို သွားထားပြီးသား။ ဒါပေမဲ့ ဘာကိုမှ များများစားစား မရှာနိုင်ခဲ့ဘူး။ သိပ်မကြာခင်ကမှ ရွာသူကြီးနဲ့ငါ တိုးတက်မှုတစ်ခု ရခဲ့တယ်။ ဒီလိုနဲ့ ဒီအဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရာသိုင်း မြုပ်နှံထားတဲ့နေရာကို အကြမ်းဖျင်း အတည်ပြု ထားလိုက်နိုင်တယ်”