အခန်း (၁၃၃၁-၁၃၃၅)
Vol. 79 Ch. 1331-1335
အခန်း(၁၃၃၁)
ယန်ရန်နတ်ဘုရားသိုင်း
အနက်ရောင်ဝတ်စုံကို ဝတ်ထားသော လုဝူတစ်ပိုင်း အမျိုးသားကို ခြေထောက်တစ်ဖက်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဆောင်ပြီးနောက် ဝမ်ချောင်က နောက်ထပ်တစ်ကောင်ထံ ခုန်ဝင်လိုက်သည်။ သူ၏ခုန်ဝင်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းတွင် စီးဝင်နေသော အင်အားကြီးမားလွန်းသည့် အတက်စွမ်းအားများကို ခံစားမိသည်။ ထိုစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ကုသနေသည်။
ထို့ကြောင့် တစ်ကြိမ်တိုက်ခိုက်လိုက်ရုံနှင့် ဝမ်ချောင်သည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ ခန္ဓာကိုယ်အတွင်းမှ လုဝူ၏စွမ်းအင် ခုနှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို စုပ်ယူနိုင်သေးသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ”
သူ၏ခန္ဓာကိုယ်အတွင်းတွင် စီးဝင်လာသော လတ်ဆတ်သည့် စွမ်းအင်များက ကြည်လင်သော စမ်းချောင်းတစ်ခုလိုမျိုး ဝမ်ချောင်ကို အားအင်ပြည့်စေသည်။ ထိုသို့ဖြင့် သူ၏တိုက်ကွက်များကို ပို၍ မြန်ဆန်သွားစေသည်။
“သူ့ကိုဖမ်း”
လေထဲတွင် အသံတစ်သံက ထွက်လာသည်။ ထို့နောက် အရပ်ကိုးပေရှည်သည့် အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်က ရှေ့သို့ခုန်ဝင်လာသည်။ ထိုသုံးယောက်ထဲတွင် ဝမ်ချောင်ကသာ သူတို့၏ အစစ်အမှန် ပစ်မှတ်ဖြစ်သည်။
“လူငယ်လေး ဒီအဘိုးကြီးရဲ့ရှေ့မှာ မင်းက ဘယ်လိုများ စကားပြောလိုက်တာလဲ”
ရုတ်တရက် ရေခဲတမျှအေးစက်သော အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။
ထိုခေါင်းဆောင်က မတုန့်ပြန်နိုင်သေးခင် သူ၏ခေါင်းပေါ်မှ ထိုးထွက်လာသော စွမ်းအားတစ်ရပ်က ရောက်ရှိလာပြီဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းလိုလို မျက်နှာဖြူဖျော့သွားရသည်။ သူမြင်လိုက်ရသည်မှာ ကြီးမားလွန်းသော မိုးပြာရောင်လက်ကြီးဖြစ်သည်။ ထိုလက်ကြီးသည် တောင်တန်းကြီးတစ်လုံးတမျှ ကြီးမားကာ လေးလံလွန်းပြီး ကောင်းကင်ဘုံထံမှ ဆင်းသက်လျှက် အောက်သို့ထိုးဆင်းလာသည်။
“မကောင်းတော့ဘူး”
ခေါင်းဆောင်ကလည်း ချက်ချင်းဆိုသလိုပင် စွမ်းအင်လှိုင်းကို ဆင့်ခေါ်လျှက် မာရာ အနက်ရောင်မီးတောက် စွမ်းအားလှိုင်းကို ကောင်းကင်သို့ ပို့လွှတ်လိုက်သည်။ သို့သော် ထိုခေါင်းဆောင်သည်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လက်ထဲမှ ထိုစွမ်းအားကို အထင်သေးမိသွားသည်။
ဝုန်း
မြေကမ္ဘာဟာ တသိမ့်သိမ့်တုန်သွားရင်း ဖုန်မှုန့်များက လေထဲသို့ မြောက်တက်သွားသည်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူများအားလုံး၏ စောင့်ကြည့်မှုအောက်ထဲတွင် သူတို့ထဲမှ အသန်မာဆုံးဖြစ်သည့် သူတို့၏ခေါင်းဆောင်က တခဏခန့်သာ ထိန်းလိုက်နိုင်သည်။ ထို့နောက် သူ၏လေးစားဖွယ်ကောင်းသော မီးတောက်ကပင် ငြိမ်းသေသွားသည်။ ရုတ်တရက် အော်သံတစ်သံက ထွက်လာလေပြီး ထိုခေါင်းဆောင်ကိုယ်တိုင်က မြေပြင်ပေါ်သို့ ပြားကပ်လျှက် ကျရောက်သွားသည်။
“ခေါင်းဆောင်”
ပတ်ဝန်းကျင်မှ အနက်ရောင်ဝတ်စုံနှင့် လူများက ယခုလေးတင် အားအင်အပြည့်နှင့် သတ်ဖြတ်လိုစိတ်ဆန္ဒများ ပြည့်ဝနေခဲ့ရာမှ ချက်ချင်းဆိုသလို မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့၏ ခေါင်းဆောင်က အဖွဲ့ထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကို ရင်ဆိုင်မည့် သူတို့၏ဝှက်ဖဲလည်းဖြစ်သည်။
သူ၏ခွန်အားသည် အထွတ်အထိပ်သို့ ရောက်ရှိနေနှင့်ပြီးသားဖြစ်ပြီး ဒီလိုသေးငယ်သော လောကလေးအတွင်းမှ အင်အားကြီးမားသော မဟာဗိုလ်ချုပ်များကပင် သူ၏အမြင်တွင် ဘာကောင်မှ မဟုတ်တော့ချေ။ သူ၏ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော စွမ်းအင်များကြောင့် သူသည် မဟာဗိုလ်ချုပ်ကြီးတိုင်းကို အလွယ်တကူ နိုင်နိုင်သည်။ အနက်ရောင်မာရာ မီးတောက်ကလည်း အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်ပြီး ကြယ်တာရာစွမ်းအင်များကိုပင် ပြင်းပြင်းထန်ထန် ထိခိုက်စေသေးသည်။ ဒီလောကအတွင်းတွင် သူ့ကို ကိုင်တွယ်နိုင်သောလူက မရှိသင့်ပါချေ။
သူတို့ထဲမှ မည်သူကမှလည်း တစ်ဖက်သူက တစ်ချက်တိုက်ခိုက်လိုက်ရုံနှင့် မြေပြင်သို့ ပြားကပ်သွားသည်အထိ ဖိနှိပ်ခံရလိမ့်မည်ဟု မထင်ထားမိချေ။ ထို့ပြင် ဆက်တိုက်အော်ဟစ်နေသေးပုံအရ သူတို့၏ အဖွဲ့အစည်းအတွင်းမှ အဖွဲ့သားများအားလုံးပင် အဖွဲ့သားများကဲ့သို့ နာကျင်မှုကို တောင့်ခံနိုင်သော လူကပင် မယုံနိုင်စရာကောင်းနေပြီဖြစ်သည်။
တိုက်ပွဲအတွင်းမှ လေထုအခြေအနေဟာ ပြောင်းလဲသွားသည်။ အထူးသဖြင့် အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲ၏ ဆိုးရွားသော အခြေအနေကို မြင်တွေ့ရချိန်တွင် အားလုံး၏စိတ်ဓာတ်က ထိုးကျသွားသည်။
“ပုရွက်ဆိတ် တစ်ဖွဲ့လောက်က ဒီအဘိုးကြီးရဲ့ရှေ့မှာ လာပြီး ရမ်းကားရဲတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ဆံပင်များက လေတွင်လွင့်နေသည်။ သူ၏ဝတ်ရုံကလည်း ဘေးဘက်တွင် တဖြတ်ဖြတ် ခါနေ၏။ သူ၏မျက်နှာကလည်း ပြင်းထန်စွာ ရှုံ့မဲ့နေသေးသည်။ ထိုအခိုက်အတန့်တွင် သေဆုံးခြင်းစွမ်းအင်များ ပြည့်နှက်နေသော သိပ်သည်းလွန်းသော စွမ်းအားများက သူ၏ခန္ဓာကိုယ်အတွင်းမှ စတင်ကာ မြောက်တက်လာသည်။
ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လောကတစ်ခုလုံးတွင် ရှိသမျှသောဂိုဏ်းတိုင်း သိုင်းပညာရှင်တိုင်းက မျက်နှာများ ဖြူဖျော့သွားလောက်အောင် ကြောက်ရသော မိစ္ဆာလမ်းကြောင်းမှ အဆင့်လွန် ဆရာသခင်ကြီးအဖြစ် ပြန်ပြောင်းသွားလေသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက သူ၏တပည့်ကို ထပ်ခါထပ်ခါ လာရန်စနေလျှက် ဒုက္ခပေးနေခြင်းအား မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ဒေါသထွက်စေသည်။
သူသည် သူ၏တပည့်ဖြစ်သူ၏ သစ္စာဖောက်မှုကို ခံခဲ့ရဖူးသော်လည်း သိုင်းပညာလမ်းကြောင်းမှ လူတိုင်းကလည်း ထိုသစ္စာဖောက်မှု၏ အရှေ့တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုတပည့်၏ လိုအပ်ချက်တိုင်းကို အမြဲတစေ ကာပေးရန် ကြိုးစားမှုများ ရှိခဲ့ကြောင်း နားလည်ထားပြီးသားဖြစ်သည်။
“ခေါင်းဆောင်ကိုကယ် သူတို့ကိုသတ်”
ရုတ်တရက် ကျွမ်းကျင်ပညာရှင်တစ်ယောက်က အော်လိုက်သည်။ သူ၏လက်ထဲမှ ဓားက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို လှမ်းညွှန်လိုက်သည်။ ထိုအမျိုးသားသည် အဖွဲ့ထဲတွင် ဒုတိယမြောက် အင်အားအကြီးဆုံးဖြစ်ပြီး ဒီစီမံကိန်းတွင် သူတို့အဖွဲ့က အားလုံးပေါင်း ခေါင်းဆောင်သုံးယောက်နှင့်ဖြစ်သည်။
ဒုတိယအဆင့် ခေါင်းဆောင်က ယခုအခါ အမိန့်ပေးသည့်နေရာကို ပြောင်းယူလိုက်လေသည်။
ဘန်း ဘန်း ဘန်း
ပတ်ဝန်းကျင်မှ အနက်ရောင်ဝတ်စုံနှင့် လူများကလည်း အနည်းငယ်ပင် အချိန်မဆွဲတော့လေဘဲ ထိုသုံးယောက်ထံ ခုန်ဝင်လာသည်။ ဝမ်ချောင်ကသာ သူတို့၏ မူလပစ်မှတ်ဖြစ်လေသည်။
စွစ်
ရုတ်တရက် ပိန်းပိတ်အောင် မည်းမှောင်သော အနက်ရောင် ဓားတစ်လက်က ဝမ်ချောင်၏ ပုခုံးပေါ်သို့ ခုတ်ချလိုက်ချိန်တွင် ဒုတိယမြောက် အနက်ရောင်ဝတ်စုံနှင့် လူကလည်း ဝမ်ချောင်၏ အနောက်ဘက်တွင် တိတ်တဆိတ် ပေါ်လာရင်း ကျွီပိုင်ခရမ်းနက်ရောင် မီးတောက်များ ဖုံးလွှမ်းနေသည့် လက်သီးတစ်လုံးကို ကျောဘက်သို့ ပစ်သွင်းလိုက်သည်။
“သေစမ်း”
ရုတ်တရက် သားရဲဆန်သော ဟိန်းသံတစ်ချက်က ထွက်လာပြန်သည်။ မီးတောက်နက် အဇူရာကလည်း ရွေ့လျားမှုသိုင်းတစ်မျိုးကို သုံးလျှက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အနောက်ဘက်တည့်တည့်တွင် ပေါ်လာသည်။ ထိုအနက်ရောင်မီးတောက် အဇူရာ၏ လက်ခြောက်ဘက်လုံးက လှံများ၊ ဆေဘာများ၊ ခက်ရင်းခွများကို ကိုင်ဆွဲထားရင်း အနက်ရောင်မီးတောက်များနှင့် ပြည့်နှက်နေသေးသည်။ ထိုအရာများ အားလုံး လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကျောဘက်သို့ သွင်းလိုက်သည်။
အခြားသောသူများ အားလုံးက ဝူရှန်းရွာသူကြီးကို တိုက်ခိုက်နေကြသည်။
“မင်းတို့အားလုံး ဘာလို့ခေါင်းမာကြတာလဲ”
ဝူရှန်းရွာသူကြီးက သက်ပြင်းချသည်။ သူ၏မျက်နှာတွင် ကူကယ်ရာမဲ့မှုက ပေါ်ထွက်လာသည်။
“ဒီအဘိုးကြီးက သတ်ဖြတ်ရတာကို သဘောမကျဘူး။ ဒါပေမဲ့ မင်းတို့က ငါ့ရဲ့လက်ထဲကို အတင်းဝင်လာမှတော့လည်း ငါ့ကိုအပြစ်မတင်နဲ့တော့”
ဘုန်း
ရုတ်တရက် လေများက ဖြတ်တိုက်သွားပြီး ကောင်းကင်အထက်မှ အလင်းတန်းတစ်တန်းက ဆင်းသက်လာကာ ဝူရှန်းရွာသူကြီးကို လွှမ်းခြုံသွားသည်။ ဝူရှန်းရွာသူကြီးသည် အလင်းများဖြင့် ထိန်လင်းတောက်ပနေရင်း သူ၏အနောက်ဘက်တွင် မျက်လုံးသုံးလုံးပါသော နတ်ဘုရားတစ်ပါးက ပေါ်ထွက်လာသည်။
မျက်လုံးသုံးလုံးနှင့် နတ်ဘုရားသည် ကြေးနီရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သော အရှိန်အဝါနှင့် နတ်ဘုရားက တစ်လောကလုံးကို ငုံ့ကြည့်သလိုမျိုး ပြိုင်ဘက်ကင်းသည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ တခဏခန့်ကြာပြီးနောက် မျက်လုံးသုံးလုံးနှင့် နတ်ဘုရားက မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည်။ သို့သော် မျက်လုံးအိမ်များကမူ ဗလာဖြစ်နေ၏။ ထိုမျက်လုံးအိမ်များအတွင်းမှ သေးငယ်သော လက်လေးနှစ်ဖက်က ဆန့်ထွက်လာလေသည်။ ထိုလက်နှစ်ဖက်က လက်ဖဝါးကို ဖြန့်လိုက်သောအခါ အလွန်နက်ရှိုင်းလွန်းသော မျက်ဝန်းများက ပေါ်လာသည်။
“ယန်ရန်”
လူတစ်ယောက်က အော်လိုက်သည်။ သူသည် ဒါဟာ မိစ္ဆာသိုင်းကို ကွပ်မျက်သုတ်သင်သော ဒဏ္ဍာရီလာ ယန်ရန်ဖြစ်ကြောင်း မှတ်မိလိုက်သည်။
ဝူရှန်းရွာသူကြီးက ယန်ရန်ကို ဆင့်ခေါ်လိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သေလုခြောက်ခြားဖွယ်ကောင်းသည့် အရှိန်အဝါများနှင့် ပြည့်နှက်သွားသည်။
“မိစ္ဆာအားလုံးကို ကွပ်မျက်သူ”
တင်းမာသော မျက်နှာထားနှင့် ဝူရှန်းရွာသူကြီးက သူ၏တုတ်ကောက်လေးကို ရှေ့သို့ပစ်လိုက်သည်။ တခဏခန့်ကြာပြီးနောက် ထိုအဖြူရောင် တုတ်ကောက်လေးက အနက်ရောင် ပုဆိန်ကြီးအသွင် ပြောင်းလဲသွားသည်။ ဝူရှန်းရွာသူကြီး ကိုယ်တိုင်ကလည်း ပျောက်သွားသည်။ ဝူရှန်းရွာသူကြီးက ပျောက်သွားသည့် အခိုက်အတန့်တွင် လေထဲတွင်ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူများအားလုံး၏ ခန္ဓာကိုယ်က တောင့်ခဲသွားကြသည်။ သူတို့သည် ခန္ဓာကိုယ်ကို ထိန်းချုပ်မှု လွတ်ကင်းသွားသလိုမျိုး သူတို့၏ ခန္ဓာကိုယ်အတွင်းတွင် ကြောက်လန့်မှုက ပြည့်နှက်လာသည်။
ဘုန်း ဘုန်း ဘုန်း
ထို့နောက် ပေါက်ကွဲသံများက ထွက်ပေါ်လာပြီး ဝူရှန်းရွာသူကြီးက တည်းခိုဆောင်၏အဝတွင် ပြန်ပေါ်လာသည်။ သူ၏အနောက်ဘက်တွင် ရှိသမျှသော အနက်ရောင်ဝတ်စုံနှင့် လူတိုင်း၏ ခန္ဓာကိုယ်တွင် သွေးသံရဲရဲ အပေါက်များပြည့်နှက်နေသည်။ သူတို့တွင် ပိုင်ဆိုင်ထားသော ကြယ်တာရာစွမ်းအင်များက မည်မျှသိပ်သည်းပြီး အင်အားကြီးမားနေစေကာမူ မည်သူကမှ ဝူရှန်းရွာသူကြီး၏ တိုက်ကွက်ကို တောင့်မခံနိုင်ခဲ့ကြပေ။
တခဏခန့်ကြာပြီးနောက် သူတို့အားလုံးက ဖုန်မှုန့်များဖြစ်သည်အထိ ပျောက်ကွယ်သွားကြသည်။ ထိုလူများသည် လုဝူတစ်ပိုင်းပင်ဖြစ်စေ၊ မီးတောက်နက်အဇူရာပင်ဖြစ်စေ သူတို့၏ အကြွင်းအကျန်များက အနက်ရောင်ပြာများအဖြစ် လေကြောင့် လွင့်သွားပြီဖြစ်သည်။
ယန်ရန်နတ်သိုင်း
ထိုသိုင်းသည် ဝူရှန်းရွာ၏ အင်အားအကြီးဆုံးသိုင်းဖြစ်သည်။ ထိုသိုင်းသည် မည်သည့်နေရာကလာကြောင်း မည်သူကမှ မသိလောက်ချေ။ ဝူရှန်းရွာသူကြီးကသာ ရှာတည်ထောင်ချိန်ကတည်းက ထိုသိုင်းက ရှိနေကြောင်း သိနေလောက်လေသည်။ ထိုသိုင်းသည် ကျင့်ကြံရန် အလွန်အမင်းခက်ခဲပြီး လိုအပ်မှုများကလည်း အလွန်အမင်း တင်းကြပ်လွန်းသည်။
ဝူရှန်းရွာသူကြီး ကိုယ်တိုင်က တာလာ့၏ တိုက်ပွဲပြီးမှသာ နားလည်သွားခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲမတိုင်ခင်ကို ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့သည် သိမ်မွေ့နယ်မြေအကြောင်း အကြောင်းအရာ အချို့ကိုသာ နားလည်သဘောပေါက်ထားခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်းမှသာ ထိုနှစ်ယောက်က ထိုနယ်မြေအဆင့်သို့ ရောက်ရှိနေကြောင်းကို အမှန်တကယ် တွေ့လိုက်ရလျှက် တိုးတက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။
သူတို့က တိုက်ပွဲမှ ပြန်ရောက်လာခဲ့ပြီးနောက် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ကိစ္စပေါင်းများစွာကို နားလည်သဘောပေါက်နိုင်လာသည်။
ဝူရှန်းရွာသူကြီးက ထိုအချိန်တွင် ယန်ရန်နတ်သိုင်းကို နားလည်ကျွမ်းကျင်သွားသည်။ မိစ္ဆာအားလုံးကို ကွပ်မျက်သူသည် ထိုသိုင်း၏ အဓိကသိုင်းကွက် သုံးကွက်ထဲမှ တစ်ကွက်ဖြစ်သည်။ ထိုသိုင်းကွက်ကို အသုံးပြုလိုက်သောအခါ ပြိုင်ဘက်၏ခုခံမှုတိုင်းကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ပြိုင်ဘက်က အသုံးပြုထားသော သိုင်းများက မည်မျှပင် လေးစားဖွယ် ကောင်းနေစေကာမူ သူတို့၏ သံချပ်ကာများက မည်မျှပင် ထူစေကာမူ အသုံးမဝင်ချေ။
ပို၍အရေးကြီးသည်မှာ ဝူရှန်းရွာသူကြီးအနေနှင့် ယန်ရန်နတ်သိုင်းသည် ရန်သူများ၏ ကိုယ်အတွင်းမှ စွမ်းအင်တိုင်းကို လွှမ်းမိုးနိုင်ကြောင်း သိလိုက်သည်။ ထိုနည်းအားဖြင့် ထိုလူများကို မလှုပ်နိုင်အောင် ဖြစ်သွားစေလေရာ ထိုလူများအားလုံးက လေထဲတွင် တောင့်ခဲသွားကြခြင်းဖြစ်သည်။
တစ်ကွက်တည်းနှင့် ပတ်ပတ်လည်တွင်ရှိနေသော ရန်သူ တစ်ဝက်ကျော်ကျော်ခန့်က ရှင်းလင်းပြီးသား ဖြစ်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူများပင် မဆိုထားဘိ ဝမ်ချောင် ကိုယ်တိုင်ကပင် အံ့ဩသွားသည်။
“ဘယ်လောက်အင်အားကြီးလိုက်တဲ့ သိုင်းလဲ”
ဝူရှန်းရွာသူကြီးက လမ်းတွင် ထိုသိုင်းအကြောင်း ပြောခြင်းအား သူကြားခဲ့လေသည်။ သို့သော် ပြောသည်ကို ကြားခြင်းနှင့် ထိုသိုင်း၏စွမ်းအားကို အမှန်တကယ် တွေ့ရခြင်းက မတူညီပေ။ အနက်ရောင်ဝတ်စုံနှင့် လူများက အင်အားကြီးမားသော သိုင်းများကို ပိုင်ဆိုင်ထားကြပြီး လေးစားဖွယ်ကောင်းသော စွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် အဇူရာမီးတောက်နတ်ကို လေ့ကျင့်ထားသောလူကို တစ်ကွက်တည်းနှင့်သတ်ရန် ခက်ခဲသေးလေသည်။ သို့သော် ဝူရှန်းရွာသူကြီးကို ရင်ဆိုင်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးက တစ်ကွက်ပင် မခံနိုင်ခဲ့ပေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ မြြန်မန်ပြေးတော့”
အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်က ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ သူသည်လည်း ထိုသုံးယောက်ကို ကိုင်တွယ်ရ ထိုမျှအထိ ခက်နေမည်ဟု မထင်ထားမိပေ။ သူခေါ်လာသော တစ်ဖွဲ့လုံးသည် တစ်ဂိုဏ်းလုံးကို သုတ်သင်နိုင်လောက်အောင် သန်မာနေခဲ့ပြီးသားဖြစ်သည်။ သို့သော် ဒီတိုက်ပွဲအတွင်းတွင်မူ ရန်သူများကို ပင်ပန်းအောင် မလုပ်နိုင်ခဲ့ရုံသာ မကသေးလေဘဲ သူ၏လူ တစ်ဝက်ကျော်ကပဲ သတ်ခံလိုက်ရသည်။ သူတို့၏ခေါင်းဆောင်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဆက်လက်တိုက်ခိုက်ရန် မျှော်လင့်ချက် မရှိတော့ပါချေ။
စွစ်
အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက်က နှောင့်နှေးခြင်းမရှိဘဲ သူ၏လက်ကို တစ်ချက်ယမ်းလျှက် ဝမ်ချောင်တို့၏အဖွဲ့ထံ အဆိပ်မှုန့်များကို ပစ်လိုက်ပြန်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ကြောက်လန့်တကြား သားရဲကောင်များအလား အရပ်မျက်နှာအနှံ့ ထွက်ပြေးသည်။
“ဟွန်း”
ဝမ်ချောင်က တဖန်ထပ်ပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးလျှက် စုပ်ဝဲတစ်ခုကို လွှတ်ထုတ်လိုက်ရင်း ထိုအမှုန့်များကို လွင့်ထွက်သွားစေလိုက်သည်။
“ထားလိုက်တော့ လွှတ်ပေးလိုက်”
ဝမ်ချောင်က နောက်မှ တိုက်ခိုက်တော့မည့် အချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏အသံက ထွက်လာသည်။ ဝမ်ချောင်က တခဏခန့် တုန့်ဆိုင်းသွားပြီးနောက် ခန္ဓာကိုယ်ထဲတွင် လည်ပတ်ထားပြီးသား စွမ်းအင်များအားလုံးက အပြင်ဘက်သို့ ထိုးထွက်လျှက် ကျန်ရှိနေသမျှ စွမ်းအင်အမှုန်တိုင်းကို ပတ်ဝန်းကျင်သို့ လွင့်ထွက်သွားစေလိုက်သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက် တည်းခိုဆောင်အတွင်းတွင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့နှင့် အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်သာ ကျန်ရစ်တော့သည်။ ယခုအခါ သူတို့က ထိုငါးကြီးကို ဖမ်းမိထားပြီဖြစ်သောကြောင့် အကောင်ငယ်လေးများကို ဂရုမစိုက်တော့ချေ။
“ပြောစမ်း မင်းတို့က တကယ်ပဲဘယ်သူလဲ။ ဘာလို့ ငါ့ရဲ့တပည့်နောက်ကို တောက်လျှောက် လိုက်နေတာလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခြေထောက်က ထိုခေါင်းဆောင်၏ ကိုယ်ပေါ်သို့ ဖိထားသည်မှာ သံတစ်ချောင်းဖြင့် ရိုက်ထားသည့်အလား တစ်ဖက်သူကို မြေပြင်တွင် ကပ်နေစေလေသည်။
အခန်း(၁၃၃၂)
အနက်ရောင်ဝတ်စုံနှင့် လူ၏ ခြောက်ခြားမှု
“ဟား ဟား ငါပြောမယ်လို့ မင်းထင်လား”
အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်သည် မြေပြင်ပေါ်တွင်ပင် တံတွေးကို လှမ်းထွေးလိုက်သေးသည်။ သို့သော် သူ၏ပါးစပ်ထဲတွင် သွေးများက ပြည့်နှက်နေသောကြောင့် သွေးများကိုသာ ထွေးထုတ်သလိုသာ ဖြစ်သွားသည်။ ထို့နောက်သူသည် ခန္ဓာကိုယ်တစ်ဖက်သို့ လှည့်လျှက် လူသုံးယောက်ကို လှမ်းပြုံးကြည့်သည်။
ထိုခေါင်းဆောင်သည် မယုံနိုင်လောက်အောင် သန်မာသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ၏အဆိပ်ဖြစ်နေ၏။ သူ၏ ကျောပြင်နှင့် ရင်ဘက်တွင်လည်း သေးငယ်သော်လည်း သွေးများလွှမ်းနေသည့် အပေါက် လေးဆယ်မှ ငါးဆယ်ခန့်အထိ ရှိနေသေးသည်။ ထိုအရာများအားလုံးက သူ၏သိပ်သည်းလွန်းသော အတက်စွမ်းအားများကို စိမ့်ထွက်နေစေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လက်ဝါးတစ်ချက်တည်းနှင့် တစ်ဖက်သူ၏ အတက်စွမ်းအား တစ်ဝက်ကျော်ကျော်ကို ဖျက်ဆီးပစ်လိုက်သည်။
“ဟွန်း အမှန်ပဲ ဒီလိုဆိုမှတော့လည်း မင်းကိုဆက်ထားဖို့ မလိုတော့ဘူးပေါ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသို့ပြောသည်။ အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးက ဖော်ပြရန် ခက်ခဲလောက်အောင် သစ္စာရှိသည်။ ထို့ကြောင့် သူတို့ကို စစ်မေး၍လည်း ဘာကိုမှ ရနိုင်လိမ့်မည်မဟုတ်ပေ။
“ဟား ဟား မာနမကြီးလွန်းစမ်းပါနဲ့။ ငါသေသွားရင်တောင်မှ မင်းတို့လည်း အသက်ကြာကြာ ရှည်မှာမဟုတ်ပါဘူး။ မင်းတို့က ဧကရာဇ်ဖြစ်ဖြစ်၊ ဗိုလ်ချုပ်ဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် ဒါမှမဟုတ် ကလန်တစ်ခုခုက ပုဂ္ဂိုလ်ကြီးတွေဖြစ်ဖြစ် အရေးမကြီးဘူး။ ငါတို့ကသာ တစ်ယောက်ယောက်ကို သတ်ချင်ပြီဆိုရင် ဘယ်သူကမှ အသက်မရှင်ရဘူး။ ငါတု့ိဒီတစ်ကြိမ် သတိမဲ့သွားတယ်။ ငါသာ အောင်မြင်ဖို့အတွက် အလောတကြီး ပြေးမထွက်ခဲ့ရင် အနည်းဆုံးတော့ အကျိုးအမြတ်တစ်ခုခု ရရှိဦးမှာပဲ။ ငါကိုယ်တိုင်အောင် ဒီနေရာမှာ သေချင်မှသေရမှာ။ ငါမင်းတို့တွေ အောက်ကိုရောက်လာမဲ့ အချိန်ကို စောင့်နေမယ်။ မင်းနဲ့ မင်းရဲ့တပည့်ကတော့ သိပ်မကြာခင် လိုက်လာရမှာပါ”
“အတင့်ရဲတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အနက်ရောင်ဝတ်စုံနှင့်လူ မသေခင် ကြမ်းတမ်းသောစကားများ ပြောဆိုခြင်းကို သိပ်အာရုံမစိုက်ပေ။ သူက ခြေထောက်ဖြင့်သာ တစ်ချက်ဖိနင်းလျှက် ဖျက်ဆီးခြင်းစွမ်းအင်များကို ပေါက်ထွက်လာစေပြီး တစ်ဖက်သူ၏အသက်ကို ချုပ်ငြိမ်းပေးရန် ကြိုးစားလိုက်သည်။
သိုင်းပညာလောကတွင် ကျော်ကြားလွန်းသော မိစ္ဆာဧကရာဇ်ကြီးအနေဖြင့် မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ခဲ့ဖူးသည်။ ထို့ကြောင့် အနက်ရောင်ဝတ်စုံနှင့်လူ၏ ခြိမ်းခြောက်မှုလောက်ကို ဂရုစိုက်မနေပေ။
“ဆရာ ခဏနေပါဦး”
ဝမ်ချောင်က ရုတ်တရက် အော်သည်။
သူသည် ခေါင်းဆောင်ဆီသို့ တဖြည်းဖြည်းချင်းစီလာသည်။
“ဆရာ ငါဒီအနက်ရောင်ဝတ်စုံနဲ့လူကို သုံးစရာရှိသေးတယ်။ ကျေးဇူးပြုပြီး ငါနဲ့လွှဲထားလိုက်ပါ”
“ဟွန်း မင်းသေချင်ရင်တောင်မှ မခက်ခဲပါဘူး။ မင်းရဲ့ အသေခံချင်တဲ့ စိတ်ကိုလည်း ငါက လေးစားပါတယ်။ ဒါပေမဲ့ မင်းအနေနဲ့ အချို့လျို့ဝှက်ချက်တွေကို မင်းကိုယ်တိုင် ထုတ်မပြောရင်တောင်မှ ငါတို့က သိပြီးသားဆိုတာကို သိသင့်တယ်”
ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့်လူကို စိုက်ကြည့်သည်။
“မင်း”
အနက်ရောင်ဝတ်စုံနှင့်လူက တစ်စုံတစ်ရာကို တွေးမိပြီး သူ၏မျက်နှာက ချက်ချင်းလိုလို တင်းမာသွားသည်။ သို့သော် သူက မပြောနိုင်သေးခင် ဝုန်းကနဲအသံနှင့်အတူ စိတ်စွမ်းအား စွမ်းအင်လှိုင်းတစ်ရပ်က လေထုကိုကျော်ဖြတ်လျှက် သူ၏စိတ်အတွင်းသို့ ပစ်ဝင်လာသည်။
ဝုန်း
မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်၏ အကန့်အသတ်မဲ့အောင် မြောက်များလွန်းသော စိတ်စွမ်းအားများက ရေကြီးသလိုမျိုး ထိုလူ၏စိတ် အခွဲနေရာတိုင်းကို လွှမ်းမိုးပစ်လိုက်သည်။
ဝမ်ချောင်သည် ကျင့်ကြံခြင်းသွေဖယ်မှုကို ခံစားနေရသော်လည်း သူ၏စိတ်စွမ်းအားများက သက်ရောက်ခံရခြင်း မရှိပေ။ သူ၏စိတ်စွမ်းအားများသည် သန်မာပြီးသားဖြစ်သည်။ သူသည် မြေအောက်အတွင်းမှ အတွေ့အကြုံရှိ စီနီယာကြီးသုံးယောက်၏ စိတ်စွမ်းအားအမွေ ဆက်ခံပေးမှုကို တွေ့ကြုံခဲ့ပြီးနောက်တွင် ပို၍သာ သန်မာလာလေသည်။ ဝမ်ချောင်၏ စိတ်စွမ်းအားက ထိုလူ၏ စိတ်အတွင်းသို့ တိုးဝင်သွားသည့် အချိန်တွင် ချိတ်စည်းတစ်ခုကို ခပ်မြန်မြန် တွေ့လိုက်သည်။
ဝုန်း
အတိတ်ကနှင့် မတူသည်မှာ ဝမ်ချောင်သည် ရှေ့သို့သာ ဆက်သွားသည်။ ထို့နောက် သော့ခလောက်တစ်ခုကို သော့ဖြင့် ဖွင့်လိုက်သလို အသံမျိုးက ထွက်ပေါ်လာလေပြီး ယခင်က ကျော်ဖြတ်ရန် မဖြစ်နိုင်ခဲ့သော ခံတပ်ကြီးက ယခုအခါ သူ့အတွက် ဟင်းလင်ပြင်ဖြစ်သွားသည်။
“ရပ်”
အနက်ရောင်ဝတ်စုံနှင့်လူဟာ နောက်ဆုံးတွင် စတင်ကာ ထိတ်လန့်လာပြီး သူသည် သူ၏ ကိုယ်ပိုင်စိတ်စွမ်းအားများနှင့် စတင်ကာ တိုက်ခိုက်ရန် ကြိုးစားကြည့်သည်။ သို့သော် သူ၏ သိုင်းပညာဟာ အဆင့်မြင့်မားသော်လည်း စိတ်စွမ်းအားချင်းယှဉ်သော် သူသည် ဝမ်ချောင်၏အဆင့်နှင့် ဝေးကွာလွန်းသော နေရာမျိုးတွင်သာ ရှိနေသေးလေသည်။
“အရှင်”
သူ၏အရှေ့မှ သုန်မှုန်မည်းမှောင်နေမှုက ချက်ချင်းဆိုသလို အလင်းများနှင့် ပေါက်ထွက်သွားသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်ဟာ အသံတစ်သံကို ကြားလိုက်ရသည်။ သူ့အနေဖြင့် အနက်ရောင်ဝတ်စုံနှင့် အဆင့်မြင့်လူထံမှ ပထမဦးဆုံးအကြိမ် ရဖူးသည့် အသုံးဝင်သော အချက်အလက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် အာရုံစိုက်လိုက်သည်။
....
သူ၏အရှေ့တွင် ကျယ်ပြောသော နယ်မြေကြီးတစ်ခုက ရှိနေသည်။ သဲလေပြင်းကလည်း ထိုနယ်မြေနှင့် ဖြတ်တိုက်နေပြီး အဝါရောင်ကျောက်သားများ၊ ကျောက်စရစ်ခဲများ၊ တူးမြောင်းများကိုလည်း မြင်နိုင်သည်။ အနီးအနားတွင် အဝေးသို့ပင် ဆန့်ထွက်နေသည့် ကျယ်ပြောမြောက်များသော သဲသောင်ကြီးကိုလည်း မြင်ရသေးသည်။ ဝမ်ချောင်က ထိုလောကအတွင်း ရပ်လျှက် အရာအားလုံးကို တိတ်တဆိတ်သာ ကြည့်နေသည်။
သူသည် အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်ကိုလည်းမြင်သည်။ ထို့ပြင် အဝါတောက်တောက် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ကိုလည်းမြင်သည်။ တစ်ဖက်သူသည် အဆင့်အတန်းအားဖြင့် မြင့်မားသော ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လောက်သည်။ ထိုတစ်ယောက်သည် နယ်နိမိတ်ကဲ့သို့ အနောက်ဘက်တွင်ရပ်လျှက် သူတို့အား အနီးကပ် စောင့်ကြည့်နေသည်။ အနက်ရောင်ဝတ်စုံနှင့်လူများ ဝိုင်းရံလျှက် တည်ရှိနေသေးသည်။
“ဒီကောင်က တော်တော်လေးကို သတိကြီးတယ်။ သူ့ကို ပေးလိုက်တဲ့ အဲ့ဒီသေတ္တာဘူးနဲ့ဆိုရင် ငါတို့ကို အဝေးက ကတည်းက အာရုံခံမိမှာပဲ။ ဒီတော့ အခုအနေအထားအရ သူ့ကိုကိုင်တွယ်ဖို့က မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ငါတု့ိကသူ့ကို ကိုင်တွယ်ချင်ရင် ငါတို့အနေနဲ့ မြို့တော်သို့ သွားလုပ်ရုံပဲ။ ဘယ်လိုနည်းနဲ့မဆို အဲ့ဒီမှာရှိနေတဲ့ နိုင်ငံတွေရဲ့ အာဏာပိုင်တွေက ငါတို့ကို မထိန်းထားနိုင်ဘူးလေ။ ဒါကိုဘာလို့ အရှင်က သူ့ကိုမတိုက်ခိုက်ခင် မြို့တော်ထဲက ဆွဲထုတ်ချင်နေတာလဲ”
အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်က ဒူးတစ်ဖက်ထောက်ရင်း ရိုသေစွာပြောလေသည်။
“အခုက အချိန်မကျသေးဘူး။ မြို့တော်က အဲ့ဒီလူက ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံးကို အုပ်စိုးထားတာ။ ငါတို့ မိုက်ရူးရဲဆန်ဆန် တိုက်ခိုက်လိုက်လို့မဖြစ်ဘူး။ မင်းတို့အားလုံးက တအား အားနည်းသေးတယ်။ သူသတိထားမိအောင် မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ မင်းတို့က အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတာနဲ့ အခြေအနေတွေ အားလုံးက ခြားနားသွားလိမ့်မယ်။ မြို့တော်က ပြင်းပြင်းထန်ထန် စောင့်ကြပ်ထားတယ်။ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ရှိနေတယ်။ ဒါကြောင့် ငါတို့အနေနဲ့ အဲ့ဒီလိုနေရာမျိုးမှာ သူ့ကိုကိုင်တွယ်ဖို့ ယုံကြည်ချက်မရှိဘူး”
အဝါရောင်နဂါးဝတ်ရုံနှင့် ထိုလူက ထိုသို့ပြောသည်။ သူ၏လက်ကို ကျောဘက်သို့ပို့ထားသည်။
ဝမ်ချောင်ကလည်း ထိုစကားလုံးများကို ကြားသောအခါ သူ၏စိတ်က လွတ်ထွက်သွားသလို ခံစားလိုက်ရသည်။
“သူတို့က သူတော်စင်ဧကရာဇ်အကြောင်း ပြောနေကြတာပဲ”
သူတော်စင်ဧကရာဇ်သည် ဗဟိုပြင်ကျယ်၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ အနက်ရောင်ဝတ်စုံနှင့် လူများက သူတော်စင်ဧကရာဇ်ကို ထိုမျှအထိ ကြောက်ကြောင်း မသိထားမိပေ။
“ဒါက”
အနက်ရောင်ဝတ်စုံနှင့်လူက ခေါင်းငုံ့လျှက်ပြောသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်”
“မြို့တော်ထဲမှာဆိုရင် အဲ့ဒီကောင်လေးကို ကိုင်တွယ်ဖို့ အလျင်လိုစရာမလိုဘူး။ ငါတု့ိအရင်ဦးဆုံး လုပ်ရမဲ့အရာက အခြားပစ်မှတ်တစ်ခုကို ရှာဖို့ပဲ။ အဲ့ဒီသူက အနောက်မြောက်ပိုင်းမှာ ပုန်းနေတယ်လို့ ကျန်းသတင်းရထားတယ်။ တိတိကျကျပြောရရင် ငါတို့လှုပ်ရှားနေတဲ့ နေရာပဲ။ အနားယူသွားတဲ့ ပုဂ္ဂိုလ်ကြီးက ခုံရုံးထဲမှာ ရှိနေပြီး အနားယူသွားတဲ့ ပုဂ္ဂိုလ်လေးကတော့ တောထဲမှာရှိနေတယ်။ အဲ့ဒီမျိုးမစစ်ကောင်က တကယ်ကို ခေါင်းမာတာပဲ”
အဝါရောင်ဝတ်စုံနှင့် လူကပြောသည်။
အနက်ရောင်ဝတ်စုံနှင့်လူက နားထောင်ရုံသာ တက်နိုင်သည်။ သူသည် ဘာကိုမှ ဖက်မပြောရဲချေ။
ဒီတစ်ကြိမ်မှာ ငါမင်းကို လက်အောက်ငယ်သား အယောက်သုံးဆယ် ပေးလိုက်မယ်။ မင်းကို ထောက်ပံ့ကူညီပေးဖို့အတွက် ကောင်းကင်ဘုံ သံတမန် နှစ်ယောက်ကိုလည်း ထည့်ပေးလိုက်မယ်။ မင်းအတက်နိုင်ဆုံး အဲ့ဒီကောင်လေးကို ဖမ်းလာခဲ့။ သူ့ဆီမှာ ငါတို့လိုအပ်တဲ့ အရာတစ်ခုခု ရှိနေတယ်။
အဝါရောင်ဝတ်စုံနှင့်လူက ထိုသို့ပြောသည်။
ဝမ်ချောင်သည် တစ်ဖက်သူ၏မျက်နှာကို မြင်နိုင်ရန် ကြိုးစားကြည့်သည်။ သို့သော် သူမြင်နိုင်သမျှက အရိပ်ထဲမှ ပုံသဏ္ဍန်မပေါ်သည့် ပုံသဏ္ဍန်များသာဖြစ်သည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက နားထောင်ပါတယ်”
ထိုခေါင်းဆောင်က ထရပ်လိုက်သည်။ ထို့နောက် အရာအားလုံးက ဝေဝါးသွား၏။ ဝမ်ချောင်သည်လည်း အနက်ရောင်ဝတ်စုံနှင့် လူ၏မှတ်ဉာဏ်ကို အချို့မြင်ပြီးပြီဖြစ်ကြောင်း သိလိုက်သည်။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး မင်းက ငါ့ရဲ့မှတ်ဉာဏ်ထဲက အစစ်အမှန် အရှင်နဂါးဝါကို မြင်လိုက်နိုင်တာပဲ”
အနက်ရောင်ဝတ်စုံနှင့်လူက အသိပြန်ဝင်ချိန်တွင် စတင်ကာ ရုန်းကန်သည်။ တစ်ကြိမ်ထဲတွင်ပင် သူ၏အသံကလည်း အံ့အားသင့်မှုနှင့် ဒေါသများက ပြည့်နှက်နေသေးသည်။ စစ်ပညာလောကအတွင်းတွင် အချိန်ကို သာမာန်အသိစိတ်ဖြင့် တိုင်းတာ၍မရနိုင်ချေ။ ဝမ်ချောင်က ထိုအခန်းတစ်ခန်းလုံးကို ကြည့်ရန်အတွက် အချိန်တခဏလိုသည်။ သို့သော် အစစ်အမှန် လောကတွင်မူ တစ်စက္ကန့်ပင် မကြာသေးချေ။
“အစစ်အမှန် အရှင်နဂါးဝါဟုတ်လား”
ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ ထို့နောက် သူသည် အေးစက်စွာပြုံးလိုက်သည်။
“ဟွန်း မင်းက ဘာပဲပြောပြော ငါ့ဆီကနေ လျို့ဝှက်ချက်တွေ မဖုံးကွယ်ထားနိုင်ပါဘူူး”
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က သူ၏စိတ်စွမ်းအားများကို အောက်ဘက်သို့ ထပ်ပို့လွှတ်လျှက် နက်ရှိုင်းသော လျို့ဝှက်ချက်များကို ကြည့်နိုင်ရန်ကြိုးစားသည်။ သူသည် ထိုမှတ်ဉာဏ်များကို ရှာဖွေရာတွင် အကျိုးအမြတ်ကြီးကြီးကို ရရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် အရေးကြီးဆုံး လျို့ဝှက်ချက်က အောက်ပိုင်းတွင် ဆက်ရှိနေသင့်ကြောင်း နားလည်နေသည်။ ထိုခေါင်းဆောင်၏ အဆင့်မှတစ်ဆင့် လျို့ဝှက်ချက်ပေါင်း များစွာကို သိနေလောက်သည်။
ဝမ်ချောင်၏ စိတ်စွမ်းအားများက ထိုလူ၏ စိတ်အနက်ရှိုင်းဆုံး အပိုင်းသို့ တိုးဝင်သွားသည်။ တခဏခန့် ကြာပြီးနောက် ဘန်းကနဲ မြည်သံနှင့်အတူ ဝမ်ချောင်၏စိတ်စွမ်းအားများက သံမဏိနံရံကြီးနှင့် တိုက်မိသလိုမျိုး ပြန်ကန်ထွက်လာသည်။
ဝမ်ချောင်သည် ထိုလူ၏စိတ်အတွင်းတွင် သံမဏိခံတပ်ကြီး တစ်ခုဖြင့် အဝိုင်းခံထားရသလိုမျိုး နက်ရှိုင်းလွန်းသော လျို့ဝှက်ချက်များ ရှိနေကြောင်း ခံစားလိုက်ရသည်။ သူကသာ လျို့ဝှက်ချက်များကို မြင်ချင်လျှင် စိတ်စွမ်းအားများဖြင့် ဖန်တီးထားသော ထိုခံတပ်ကြီးကို ထိုးဖောက်ရန် လိုအပ်သည်။
“ဟား ဟား ဟား စွမ်းအားတွေဖြုန်းမနေနဲ့။ ရွှေချိတ်တံဆိပ် (၁၂)ခုထဲမှာ တစ်ခုချင်းစီတိုင်းက တစ်ခုထက်တစ်ခု ပိုပြီးသန်မာပြီး ပိုပြီးကြီးမားသွားတတ်တယ်။ မင်းအနေနဲ့ အပြင်ဆုံးအပိုင်းကို ဖျက်ဆီးဖို့တောင် ဒီလောက်ခက်ခဲနေတာ။ ဟွန်း နောက်ထပ်လျို့ဝှက်ချက်တွေ သိနိုင်မှာမဟုတ်ဘူး”
အနက်ရောင်ဝတ်စုံနှင့်လူက လည်ပင်းကိုလိမ်လျှက် ဝမ်ချောင်ကို စိုက်ကြည့်ရင်း သူ၏မျက်လုံးထဲမှ ခက်ထန်ကြမ်းတမ်းမှုကို ဖော်ထုတ်ပြသသည်။
သိုင်းပညာရှင်တစ်ယောက်က မည်မျှပင် သန်မာနေစေကာမူ ဝမ်ချောင်ကဲ့သို့ အင်အားကြီးမားသော စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အရှေ့တွင် သူတို့သည် အပြင်ဘက်ဆုံး အလွှာကိုသာ ဖျက်ဆီးနိုင်သည်ဟု ထင်လောက်လေသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူအတွက်လည်း နားလည်နိုင်သည့် လျို့ဝှက်ချက်များက အတိုင်းအတာနှင့် ရှိပေလိမ့်မည်။
“အဲ့ဒီလိုလား”
ဝမ်ချောင်ကလှောင်သည်။
“ဒါဆိုရင်လည်း မင်းရဲ့ အဲ့ဒီနတ်ဘုရားက ဘယ်လောက်ထိ လေးစားဖွယ်ကောင်းသလဲဆိုတာကို ပြစမ်းပါဦး”
ဝမ်ချောင်အနေဖြင့် ထိုလူ၏စကားကို ဘယ်သောအခါမှ အလေးမထားဖူးပေ။ သူသည် အနည်းငယ်ပင် တုန့်ဆိုင်းနေခြင်း မရှိတော့ဘဲ သူ၏ ကျယ်ပြောလွန်းသော စိတ်စွမ်းအားများကို သိပ်သည်းစေလျှက် ဒုတိယမြောက် စည်းတံဆိပ်ထံ ဥက္ကာတုံးကြီးဖြင့် ဆောင့်ပစ်လိုက်သလိုမျိုး ထိုးဝင်သွားလိုက်သည်။
ဝုန်း
မတူညီ ခြားနားသော စိတ်စွမ်းအား စွမ်းအင်နှစ်မျိုးက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကလည်း ထိုလူ၏ စိတ်အတွင်းမှ ကြီးမားလွန်းသော ရွှေရောင် စည်းတံဆိပ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာက အရေးပါသော အချက်အလက် အမြောက်အများကို ကာကွယ်ထားသည်။ ဝမ်ချောင်၏ စိတ်စွမ်းအားများက ထိပ်တိုက်ရင်ဆိုင်လိုက်သောအခါ ကြီးမားမည်းနက်နေသည့် ရှေးဟောင်းစာလုံး တစ်လုံးက စည်းတံဆိပ်ပေါ်တွင် တောက်ပလာသည်။
ဝမ်ချောင်သည် ထိုစာလုံးကို မမြင်ဖူးချေ။ ထိုစာလုံး၏ရေးသားပုံက အလွန်အမင်းရှုပ်ထွေးပြီး နွေဦးနှင့် ဆောင်းဦးခေတ်မှ ငှက်စည်းတံဆိပ် ကျမ်းစာထက်ပင် ပို၍ရှေးကျလောက်သေးသည်။ ထို့ပြင် အလွန်အမင်း လျို့ဝှက်ဆန်းကြယ်လွန်းသော စွမ်းအားများနှင့် ပြည့်နှက်နေသေးသည်။
အဆောင်လူသား
သူ့အနေဖြင့် ဒီတစ်ခုကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ရှေးအကျဆုံးသော အဆောင်လူသားများ၏ စွမ်းအားဖြစ်ကြောင်း မှတ်မိလိုက်သည်။ ကပ်ဘေးခေတ်ကာလတွင် ဝမ်ချောင်သည် စွမ်းအားအမျိုးအစားပေါင်း များစွာနှင့် တွေ့ခဲ့ရသည်။ ထိုထဲတွင် အမျိုးမျိုးသော သိုင်းပညာများ၊ ဝင်္ကပါများလည်း ပါသည်။ ထိုထဲမှ အထူးခြားဆုံး တစ်ခုကမူ အဆောင်များဖြစ်သည်။ ထိုအရာများသည် သာမာန်အာရုံဖြင့် နားလည်ရန်ခက်ခဲသည်။ ဝမ်ချောင်အနေဖြင့် ထိုအဆောင်များသည် ကိုယ်ပိုင်ထူးခြားသော စကားလုံးကဏ္ဍများကို ပိုင်ဆိုင်ထားကြောင်းကိုသာ နားလည်ထားသည်။ ထို့ကြောင့် ထိုစကားလုံးများကို နားလည်ရန်အတွက် လောက၏ နားလည်သဘောပေါက်မှုကို နက်ရှိုင်းစွာ ပိုင်ဆိုင်ထားရန် လိုအပ်လေပြီး လောကနှင့် ပေါင်းစပ်ဖွဲ့စည်း ထားနိုင်မှသာ စကားလုံးများကို ထူးခြားသော စွမ်းအားတစ်ရပ်ဖြင့် ဖတ်ရှု့နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့သော စွမ်းအင်မျိုးက အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်အတွင်းရှိ နတ်ဆရာ အစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့သော စွမ်းအားမျိုးဖြစ်သည်။ သို့သော် ထိုသို့ လက်ဆင့်ကမ်းပေးသည်မှာလည်း အနိမ့်ဆုံးအဆင့်တွင်သာရှိသော အဆောင်စွမ်းအားများသာဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် လူအတွင်းမှ ထိုအဆောင်စွမ်းအားများကမူ ပို၍ရှေးကျကာ ပို၍ လျို့ဝှက်ဆန်းကြယ်သေးသည်။ ထို့ပြင် ပို၍ပင် အင်အားကြီးမားလောက်သည်။
“အား”
ဝမ်ချောင်က နောက်ထပ် တိုက်ခိုက်လျှက် စည်းတံဆိပ်ကို ဖျက်ဆီးရန် ကြိုးစားချိန်တွင် ရုတ်တရက် ဆံပင်များကိုပင် ထောင်ထစေသော အော်သံကို ကြားလိုက်ရသည်။ အနက်ရောင်ဝတ်စုံနှင့် လူ၏မျက်နှာက စတင်ကာ ရှုံ့မဲ့လာပြီး သူ၏သွေးကြောများကလည်း ထောင်းထလာလျှက် သူ၏နားများအတွင်းမှပင် သွေးများစီးကျလာသည်။ ထို့နောက် မျက်လုံး၊ နှာခေါင်းများမှ သွေးများ စီးကျလာသည်။
“ချောင်အာ သူ့ရဲ့စည်းတံဆိပ်က အသက်ဝင်သွားပြီ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်စွာပြောသည်။
ထိုလူ၏ ဒွာရပေါက်များအတွင်းမှ သွေးများက ပို၍စီးကျလာပြီး ခရမ်းမှ အနက်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ အတက်စွမ်းအားများက လျှင်မြန်စွာ ထိုးကျလာသည်။
“သေစမ်း”
ဝမ်ချောင်က အံ့ကိုကြိတ်ပြီး တစ်ချက်ကျိန်ဆဲကာ စည်းတံဆိပ်အတွင်းသို့ ဆက်လက် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ ဒီနည်းအားဖြင့် သူသည် တစ်ဖက်သူမသေခင် လျို့ဝှက်ချက်များကို ပို၍ သိရရန် မျှော်လင့်မိသည်။ သို့သော် နောက်ကျသွားသည်။
ဝမ်ချောင်သည်လည်း ထိုလူ၏စိတ်အတွင်းမှ ရွှေရောင်စည်းတံဆိပ်က အနက်ရောင်အရည်များအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလာကာ ထိုအနက်ရောင်များက စည်းတံဆိပ်တစ်ခုလုံးကို တိုက်စားသွားကြောင်း မြင်လိုက်ရသည်။ ထိုအရာသာ မကေသေးချေ။ အချို့သော မမြင်ရသည့် စွမ်းအားအချို့၏ လွှမ်းမိုးမှုအောက်တွင် စည်းတံဆိပ် ချိတ်ဆက်မှုများက တဖက်ဖက် ပျံ့နှံ့လျှက် သူ၏ဦးနှောက်အတွင်းသို့ ရောက်ရှိကာ သူ့ကို ပို၍ပင် မြန်ဆန်စွာသေအောင် လုပ်လိုက်သေးလေသည်။
အခန်း(၁၃၃၃)
ဝါးဦးထုပ်နှင့် လူများနှင့်အတူ ကစားပေးခြင်း
“အား”
အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်က သူ၏ခေါင်းကို လက်နှစ်ဖက်လုံးဖြင့် အုပ်ထားသည်။ သူ၏မျက်လုံးများက တဖြည်းဖြည်းချင်းစီ ဖြူစွတ်လာသလို ချွေးများကလည်း စီးကျလာသေးသည်။ လူသားမဆန်သော အသံများကလည်း ပါးစပ်ထဲမှ ထပ်ခါတလဲလဲ ထွက်ပေါ်လာနေပြီး အချိန်မရွေး သေသွားနိုင်သလို ဖြစ်နေသည်။
“ချောင်အာ လက်လျော့လိုက်တော့ သူသေတော့မှာ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း ခြေထောက်ကိုပြန်ရုတ်ရင်းပြောသည်။
အနက်ရောင်ဝတ်စုံနှင့်လူသည် တစ်ကိုယ်လုံး လိမ်တွန့်လျှက် လူးလွန့်နေသည်မှာ နာကျင်မှုဖြင့် လိမ့်နေပုံပေါ်လေသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူသည် နောက်ဆုံးသော အသက်ကို ရှုထုတ်လိုက်ပြီး လှုပ်ရှားမှုကင်းမဲ့သွားသည်။ သူ၏ပတ်ပတ်လည်မှ မြေပြင်တစ်ခုလုံးက သူ၏သွေးများဖြင့် စိုရွှဲနေသည်။
အရာအားလုံးဟာ တိတ်ဆိတ်သွားသည်။ ဝမ်ချောင်ပင်ဖြစ်စေ၊ ဝူရှန်းရွာသူကြီးပင်ဖြစ်စေ၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်အတွက်ပင်ဖြစ်စေ အားလုံးသည်လည်း ထိုအမျိုးသား၏ ဝမ်းနည်းဖွယ်ကောင်းသော သေဆုံးခြင်းကြောင့် စွံ့အသွားရသည်။ ဝူရှန်းရွာသူကြီး ကိုယ်တိုင်ကပင် အံ့ဩသွား၏။ သူသည်လည်း ထိုအနက်ရောင်ဝတ်စုံနှင့် လူများသည် အလွန်အမင်း တင်းကြပ်ကာ ရက်စက်သော အဖွဲ့အစည်းဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် ကြားရခြင်းက မြင်ရခြင်းနှင့် ခြားနားသည်။ ရှင်းလင်းစွာပင် တစ်ဖက်သူက မသေခင် အလွန်အမင်း ပြင်းထန်လွန်းသော ဖော်ပြရန်ခက်ခဲသည့် နာကျင်မှုမျိုးကို ခံစားသွားရခြင်းဖြစ်နေလေသည်။
“ဒီလူရမ်းကားတွေက ဘာမဆို လုပ်ရဲကြတာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အေးစက်စွာပြောသည်။ သူသည် အနက်ရောင်ဝတ်စုံနှင့် လူများအပေါ် ကောင်းသောထင်မြင်ချက် မရှိပေ။ ယခုအခါ ပို၍ပင် ဆိုးရွားသေးသည်။
ဝူရှန်းရွာသူကြီးက အနားသို့လျှောက်လာရင်း နှစ်သိမ့်လိုဟန်ဖြင့် ပြောသည်။
“ကလေး မင်းသူ့ရဲ့စိတ်ထဲကနေ ဘာအချက်အလက်တွေ ရလိုက်လဲ”
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။
“ဒါက တော်တော်လေးတော့ ဒုက္ခများတယ်။ ဒီလူတွေက ဒီတိုင်း ရှေ့ပြေးတပ်ပဲ။ သူတို့ရဲ့နောက်မှာ ပိုပြီး အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တွေက ရှိလိမ့်မယ်။ ဒါ့အပြင် လူကြီးမင်းနဲ့ ဆရာသိထားသလိုပဲ သူတို့ရဲ့စခန်းက အနောက်မြောက်ပိုင်းမှာ”
ဝမ်ချောင်က တင်းမာစွာပြောသည်။ ထို့နောက်သူသည် အနက်ရောင်ဝတ်စုံနှင့် လူ၏ စိတ်အတွင်း မြင်ခဲ့ရသမျှ အရာအားလုံးကို ပြောပြလိုက်သည်။
ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ကလည်း တိတ်ဆိတ်သွားသည်။ ထိုလူက ထိုသို့သေသွားသေးသည့်တိုင်အောင် ဝမ်ချောင်သည် သူ၏စိတ်ထဲမှ အသုံးဝင်သော အချက်အလက် အချို့ကို ရလိုက်သည်။
“ကြည့်ရတာ အနောက်မြောက်ပိုင်းကို သွားတဲ့ခရီးကတော့ ဒုက္ခများတော့မှာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ သူ၏မျက်လုံးထဲတွင် စိုးရိမ်မှုများက ပြည့်နှက်နေသည်။
“ဒီကိစ္စကို နောက်မှပြောရအောင် အရင်ဆုံး ထွက်သွားကြမယ်”
ဝူရှန်းရွာသူကြီးက ထိုသို့ပြောသည်။
အနက်ရောင်ဝတ်စုံနှင့် လူများသည် စည်းဘောင်များမရှိချေ။ ဝမ်ချောင်က ဒီနေရာတစ်ခုလုံးကို ရှာဖွေလိုက်သောအခါ တည်းခိုဆောင်၏ မြေအောက်ခန်းအတွင်း ဆိုင်ပိုင်ရှင်နှင့် စားပွဲထိုး၏ အလောင်းများကို ရှာတွေ့သည်။ လျောင်မြို့မှ လူအများစုကလည်း အသတ်ခံရသူက အသတ်ခံရ၊ အဖမ်းခံရသူက အဖမ်းခံရနှင့်ဖြစ်သည်။
ထိုရှာဖွေတွေ့ရှိမှုက ထိုသုံးယောက်လုံးကို ဒေါသများဖြင့် အံ့ကြိတ်မိစေသည်။
အဖမ်းခံထားရသူများကို လွှတ်ပေးပြီး ရိက္ခာအချို့ကို ထည့်ပြီးကာ အနက်ရောင်ဝတ်စုံနှင့် လူများကို ရှာဖွေပြီးနောက် သူတို့က ထွက်ခွာခဲ့လိုက်ကြသည်။
ဝမ်ချောင်တို့၏ အဖွဲ့က ထွက်သွားပြီး သိပ်မကြာခင် လက်ကျယ်သော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် မြင်းစီးသမားသုံးယောက်က ရောက်လာသည်။ သူတို့အားလုံးက ဝါးဦးထုပ်များ ဆောင်းထားကြသည်။ သူတို့က ပျက်စီးနေသော တည်းခိုဆောင်၏အရှေ့တွင် ရပ်သွားသည်။
“ငါတို့နောက်ကျသွားပြီ တိုက်ပွဲက ပြီးသွားပြီ”
တစ်ယောက်ကပြောသည်။
“သွားပြီးစုံစမ်းလိုက်”
ဒုတိယမြောက်အသံက မကျယ်လွန်းသလို မတိုးလွန်းချေ။ သို့တိုင်အောင် အကြီးအကဲတစ်ယောက်၏ ထည်ဝါမှုမျိုးက ပိုင်ဆိုင်ထားသည်။ အသံပိုင်ရှင်က ထိုသုံးယောက်၏ ခေါင်းဆောင်ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။
သုံးယောက်လုံးက မြင်းပေါ်မှဆင်းလျှက် အကြမ်းတမ်းဆုံးတိုက်ပွဲ ဖြစ်ခဲ့ရာနေရာသို့သွားသည်။ တည်းခိုဆောင်ကြီး တစ်ခုလုံးက လူသူရှင်းလင်းနေပြီး အပျက်အစီးပုံများ ကျန်ရစ်သည်။
“အလောင်းတွေအားလုံးက ဖျက်ဆီးခံလိုက်ရတယ်။ ငါမာရာမီးတောက်အနံ့ရတယ်”
“ပစ်မှတ်က လုပ်သွားတာပဲ”
သုံးယောက်က နေရာကို အကဲခတ်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့၏အကြည့်က သေဆုံးနေသော အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်ထံ ရောက်သွားသည်။
“ဒီတာဝန်က လုံးဝကျရှုံးသွားတာပဲ။ ပစ်မှတ်က နဂိုကတည်းက ကိုင်တွယ်ရခက်ခဲနေပြီးသား။ ငါတို့ထင်ထားတာထက်တောင် ပိုဆိုးသေးတယ်။ ငါတို့လူတွေ ပိုစုရမယ်”
သုံးယောက်ထဲမှ တစ်ယောက်ကပြောသည်။
“အမှိုက်တစ်သိုက်ပဲ။ အကျိုးပြုမှု ပိုများဖို့အတွက်ကြောင့်နဲ့ ငါ့ရဲ့အမိန့်ကိုတောင် မနာခံဘဲ အရင်လှုပ်ရှားတယ်။ ဟွန်း သေတာတောင် ခွင့်လွှတ်လို့မရဘူး။ သွားကြစို့ ငါတို့တွေ ပစ်မှတ်ကို ထွက်ပြေးသွားခွင့် ပြုလို့မရဘူး။ အရှင်က တာဝန်တွေကို ရှုံးနိမ့်တဲ့လူတွေကို သဘောကျမှာမဟုတ်ဘူး။ ဒီကောင်တွေ မြန်မြန်ထွက်မပြေးသွားနိုင်လောက်ပါဘူး”
ဝှစ်
သုံးယောက်လုံးက သူတို့၏မြင်းများပေါ်သို့ ခပ်မြန်မြန်တက်လျှက် သူတို့၏ ဝတ်ရုံခြုံလွှာများက အနောက်ဘက်တွင် ယမ်းခါလျှက် တည်ရှိနေရင်း ဝမ်ချောင်တို့ရထားလုံးက ပျောက်ကွယ်သွားသော ဦးတည်ရာဘက်သို့ ထွက်ခွာသွားလိုက်ကြလေသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် သူတို့သုံးယောက်က ချောက်ကမ်းပါး၏ အစွန်းဘက်သို့ ရောက်သွားသည်။ အောက်ဘက်တွင် အဆုံးအစမဲ့သည့် ချောက်ကမ်းပါးကြီးကသာ ရှိနေသောကြောင့် သုံးယောက်လုံးက အံ့ဩသွားရသည်။
“သေစမ်း ငါတို့ကစားခံလိုက်ရပြီ”
ထိုသုံးယောက်လုံး၏ မျက်နှာများက တင်းမာသွားကြသည်။ အချိန်နှင့် အကွာအဝေးအရ သူတို့သည် ဝမ်ချောင်တို့၏အဖွဲ့ကို မှီသင့်နေလေပြီ။ ယခုအခါ သူတို့ကြုံတွေ့ရလိုက်သည့် အရာမျိုးက အစစ်အမှန် အရာမျိုးမဟုတ်ချေ။ ရှင်းလင်းစွာပင် ဝမ်ချောင်က မထွက်သွားခင် ခြေရာလက်ရာများကို အတုဖန်တီးသွားခဲ့ခြင်းဖြစ်သည်။
“သေစမ်း ငါ့ရဲ့အမိန့်ကိုနာခံ အခုချက်ချင်း နည်းလမ်းတစ်ခုရှာ။ ပစ်မှတ်ရဲ့တည်နေရာကို ရှာစမ်း။ သူ့ရဲ့တည်နေရာကို အမြန်ဆုံးသိရဖို့ လိုအပ်တယ်”
ခေါင်းဆောင်က အံ့ကိုကြိတ်သည်။
“ဟုတ်ကဲ့”
...
အချိန်ဟာတဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်တို့၏ အဖွဲ့ကမူ မည်သူတို့၏ တိုက်ခိုက်မှုကိုမှ မခံရလေဘဲ ငြိမ်းချမ်းစွာ ဖြတ်သန်းသွားလာနိုင်ခဲ့သည်။
ဝှစ်
ဝမ်ချောင်က ရထားလုံးအတွင်းရှိ ကြမ်းပြင်တွင် တင်ပြင်ခွေထိုင်လျှက် တည်ရှိနေသည်။ သူသည် တဖြည်းဖြည်းချင်းစီ အသက်ကိုရှုထုတ်လိုက်ရင်း မျက်လုံးကိုဖွင့်လိုက်သည်။ ထိုမျက်လုံးက ယခင်ကထက် အများကြီးတည်ငြိမ်လာသည်။
ရက်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်အပြင် ဆရာဖြစ်သူနှင့် ဝူရှန်းရွာသူကြီးတို့၏ ထောက်ပံ့ကူညီမှုများကြောင့် ဝရုန်းသုန်းကားဖြစ်နေသော ကြယ်တာရာစွမ်းအင်အချို့ကို ဖယ်ရှားပြီးနောက်တွင် ဝမ်ချောင်သည် အများကြီးတိုးတက်လာပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင် ရှုပ်ထွေးမှုဟာလည်း တည်ငြိမ်လာသည်။ သူယခင် နောက်ဆုံးတိုက်ပွဲအတောအတွင်း စုပ်ယူခဲ့သည့် လုဝူစွမ်းအားများက ခန္ဓာကိုယ်အတွင်း ပြည့်နှက်နေသောကြောင့် အတက်စွမ်းအားများ ပြင်းထန်မှုတို့နှင့်အတူ ဝမ်ချောင်၏ ဝရုန်းသုန်းကားဖြစ်နေသော ကြယ်တာရာစွမ်းအင်များကို ခုခံနိုင်စွမ်းရည်ကို မြင့်တက်လာစေနိုင်ခဲ့သည်။
“မဆိုးပါဘူး မင်းက စွမ်းရည်တွေကို အလွန်မြင့်မြင့်မားမား နားလည်သဘောပေါက်နိုင်စွမ်းရည် ရှိတယ်။ နောက်ပြီး မင်းဆရာရဲ့သိုင်းကိုလည်း ကောင်းကောင်း ဖမ်းဆုပ်ထားနိုင်ပြီးသား။ ဒါကြောင့် အခုကစတင်ပြီး အတက်နိုင်ဆုံး တိုက်ခိုက်မှုကို ရှောင်ရှားဖို့ပဲ ကြိုးစားထား။ ငါနဲ့ မင်းရဲ့ဆရာကပဲ အရာအားလုံးကို ကိုင်တွယ်ပေးလို့ရတယ်။ ဒါတွေအပြင် မင်းအရင်တိုက်ခိုက်မှ ဖြစ်မယ်ဆိုရင်လည်း ဘာစွမ်းအင်ကိုမှ မစုပ်ယူမိအောင် ရှောင်ဦး။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းအပြင် အခြားအသုံးပြုလို့ရတဲ့ သိုင်းမျိုးရှိရင်လည်း အဲ့ဒီသိုင်းကိုပဲသုံးလိုက်။ မင်းရဲ့ဆရာနဲ့ငါက မင်းရဲ့လက်ရှိ အခြေအနေကို တွက်ချက်ထားပြီးသား။ ဒါကြောင့် မင်းကသာ အင်အားကြီးမားလွန်းတဲ့ ရန်သူနဲ့ မတွေ့ဘူးဆိုရင် ငါးမိနစ်အထိ တိုက်ခိုက်လို့ရတယ်။ မင်းရဲ့ကြယ်တာရာစွမ်းအင်တွေကို ဆက်သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေက ပိုဆိုးလာလိမ့်မယ်။ မင်းရဲ့တန်ထန်းကိုလည်း ဒဏ်ရာရသွားစေခဲ့ရင် မင်းရဲ့ဆရာလိုမျိုး မင်းရဲ့တန်ထန်းကလည်း ကွဲအက်သွားရင်း အဆုံးသတ်သွားမှာပဲ”
“လူတိုင်းက မင်းရဲ့ဆရာလိုမဟုတ်ဘူး။ ဒီတော့ သူ့လိုမျိုး ဆယ်နှစ်ကျော်သွားတဲ့အထိ ဘာပြဿနာမှမဖြစ်ဘဲ ကျင့်ကြံခြင်းအဆင့် ပျက်စီးသွားရင်တောင် ဆက်ရှင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဝမ်ချောင် မင်းသတိမဲ့လို့မရဘူး”
ဝူရှန်းရွာသူကြီးက သတိပေးသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ရွာလူကြီး ဝမ်ချောင် သတိထားလိုက်ပါမယ်”
ဝမ်ချောင်က လေးနက်စွာပြောသည်။
ယခင်ရက်များအတောအတွင်း ဝမ်ချောင် သူ၏ဆရာနှင့် ဝူရှန်းရွာသူကြီးတို့က အချင်းချင်း အဖော်ပြုလျှက် ရှိနေကြသည်။ ထို့ကြောင့် သူ၏ဒဏ်ရာများကို တည်ငြိမ်အောင်လုပ်ခြင်းကလွဲလျှင် ဝမ်ချောင်သည် ထိုအကြီးအကဲ နှစ်ယောက်ထံမှတစ်ဆင့် သိုင်းပညာများနှင့် ပတ်သတ်သော ပြဿနာပေါင်း များစွာအား ရှင်းပြမှုကို လက်ခံရရှိထားပြီးသားဖြစ်သည်။ သူ၏ဒဏ်ရာများက အပြည့်အဝ မသက်သာသေးသလို ဝမ်ချောင်အနေဖြင့် သိုင်းပညာလမ်းကြောင်းအပေါ် နားလည်သဘောပေါက်မှု မြင့်တက်လာပြီဖြစ်သည်။
“ငါတို့သိပ်မကြာခင် ရောက်တော့မယ်။ အရှေ့ပိုင်း လီရာကျော်ဝန်းကျင်က ဘယ်သူမှမနေနိုင်တဲ့ တောတွင်းကြီးပဲ။ ဒါပေမဲ့ သိုင်းပညာရှင်အများစုက စုစည်းနေကြလိမ့်မယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် ငါတု့ိကိုယ်ငါတို့ မထုတ်ဖော်ပြသတာ အကောင်းဆုံးပဲ။ ဘာဖြစ်ဖြစ် မင်းရဲ့အခြေအနေက တိုက်ခိုက်လို့မကောင်းဘူးလေ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ၏အကြီးအကဲတစ်ယောက် လေသံမျိုးနှင့်ပြောသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် အလွန်တည်ငြိမ်သော မျက်နှာထားမျိုး ရှိနေခဲ့ပြီးသားဖြစ်သည်။ သူနှင့်ဝူရှန်းရွာသူကြီးတို့အနေဖြင့် ဒီနေရာသို့ရောက်ခြင်းမှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ထိုနယ်မြေသည် ကျွမ်းကျင်ပညာရှင်အများကြီး စုစည်းနေကြသည်။ သူတို့နှစ်ယောက်ကပင် သတိထားရန်လိုအပ်၏။
“ဆရာ့ရဲ့တပည့်က နားလည်ပါတယ်”
ဝမ်ချောင်က လေးစားစွာပြောသည်။
သူတို့က စကားပြောနေသည့် အချိန်တွင် ရုတ်တရက် အရှေ့ပိုင်းမှ အော်သံတစ်သံက ထွက်လာသည်။
“တုဝူချန် မင်းမပြေးနိုင်ဘူး”
“ရတနာမြေပုံကိုပေးစမ်း”
ထိုအော်သံက ရိုင်းစိုင်းကြမ်းတမ်းပြီး မိုးခြိမ်းလိုက်သလိုမျိုး လေထုတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားစေသည်။ ထိုအသံ၏နောက်တွင် လီရာပေါင်းများစွာကပင် ကြားနိုင်နေသည့် ပေါက်ကွဲသံကြီးက ကပ်ပါလာသည်။ ထို့နောက် ဓားနှင့်ဆေဘာများ၏ တချွင်ချွင်အသံများကိုလည်း ကြားရသည်။
ရထားလုံးတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ သုံးယောက်လုံးကလည်း တိတ်ဆိတ်သွားကြ၏။ ဝမ်ချောင်ကလည်း ဒီနယ်မြေဟာ မငြိမ်းချမ်းကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်အနေဖြင့် ဦးတည်ရာနှင့် အလွန်ဝေးကွာနေသေးသည့်တိုင်အောင် အရှေ့ဘက်တွင် တိုက်ခိုက်နေသော ကျွမ်းကျင်ပညာရှင်များ ရှိနေမည်ဟု မထင်ထားမိပေ။
စွစ်
ဝမ်ချောင်က လက်ညိုးဆန့်ထုတ်လျှက် လိုက်ကာကို အသာမကာ ကြည့်လိုက်သည်။
လီအနည်းငယ်အကွာတွင် ရှိသော အစိမ်းရောင် တောင်ကုန်းများအကြား လူနှစ်ဖွဲ့က တိုက်ခိုက်နေကြသည်။ အရှေ့တစ်ဖွဲ့၊ အနောက်တစ်ဖွဲ့ဖြစ်ပြီး အရှေ့ဘက်မှ လူပုံရိပ်အချို့က တင်းမာသော မျက်နှာထားဖြင့် အချိန်ဆွဲပေးနေသလိုမျိုး တစ်စုံတစ်ရာကို ထွက်ပြေးသွားစေရန် ကာကွယ်ပေးနေသလိုမျိုး ရှိနေကြသည်။ သို့သော် ရှင်းလင်းစွာပင် သူတို့ကလည်း တစ်ဖက်သူကို မယှဉ်နိုင်ပေ။
“အား”
ငယ်သံပါအောင် အော်ဟစ်သံများက အတန်းလိုက် ထွက်ပေါ်လာပြီးနောက်တွင် နောက်တန်းတွင် ကာထားသော လူများအားလုံးက ခုတ်ချခံရသည်။ ထို့နောက် လက်ညိုးတစ်ချောင်းစာမျှထူသော မျှားတစ်ချောင်းက ထိုအစိမ်းရောင် တောင်ကုန်းများထံမှ ထိုးထွက်လာရင်း လေထုကိုထိုးခွဲလျှက် လေချွန်သံအပြည့်နှင့်အတူ အရှေ့ဆုံးမှ တုဝူချန်ဟုခေါ်သော ကျွမ်းကျင်ပညာရှင်ထံ တိုးဝင်သွားသည်။
ထိုလူက ကောင်းကင်ပေါ်မှ ဝုန်းကနဲ ပြုတ်ကျလေရင်း မြေပြင်ပေါ်သို့ ပြိုလဲသွားသည်။ သူသည် မလှုပ်ရှားနိုင်တော့ပေ။
ထိုတိုက်ပွဲက မျှော်လင့်ထားသည်ထက် မြန်ဆန်လွန်းစွာ အဆုံးသတ်သွားသည်။ ထို့ကြောင့် ဝမ်ချောင်က ကူညီချင်လျှင်ပင် နောက်ကျသွားပြီဖြစ်သည်။
“ထားလိုက်တော့ ထားလိုက်ပါ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခပ်တိုးတိုးပြောသည်။ သူသည် တစ်စုံတစ်ရာကို တွေးမိနေပုံရ၏။
“ဒီနေရာက လူရှင်းပေမဲ့လည်း အဖွဲ့အစည်း အမျိုးမျိုးက ကျွမ်းကျင်ပညာရှင်တွေ အများကြီး စုစည်းနေကြတယ်။ ဒါကြောင့် ကုန်လွန်ခဲ့တဲ့ နှစ်တွေအတောအတွင်း အစစ်အမှန်မြေပုံတွေ၊ အတုအယောင် မြေပုံတွေ အများကြီးပေါ်ထွက်ခဲ့တယ်။ ဘယ်သူကမှ အဆင့်လွန် အဆုံးအစမဲ့ မူလအမရသိုင်းကို မရှာတွေ့ခဲ့ကြပေမဲ့လည်း အချို့လူတွေကတော့ တိုးတက်မှုအချို့ လုပ်နိုင်ခဲ့ကြသေးတာပဲ။ ဒါကြောင့် ဒီနေရာမှာ ရတနာမြေပုံဆိုတဲ့ နာမည်က သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်စွမ်းရည်ရှိတယ်။ ဒါကြောင့် ငါတို့ဒီအခြေအနေကို မတားနိုင်ဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် သိုင်းပညာလောကမှ နာမည်ကို ကြားရသည့်လူတိုင်းကို ခြောက်ခြားစေသောလူဖြစ်သည်။ သို့သော် သူကိုယ်တိုင်ကပင် ဒီလိုသတ်ဖြတ်မှုမျိုးကို ကျင့်သားရနေပြီဖြစ်လေသည်။
“ငါတို့ ဒီနေရာကို ရောက်နေပြီဆိုကတည်းက တစ်ချက်တော့ ကြည့်ရမယ်”
ဝမ်ချောင်က တခဏခန့်သာ တုန့်ဆိုင်းသွားသည်။ ထို့နောက် ရထားလုံး၏တံခါးကို ဖွင့်လျှက် ပြန်ထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် သူသည် တိုက်ပွဲ၏ ဘေးဘက်ခြမ်းသို့ ရောက်ရှိသွားသည်။ ထိုတောင်ကုန်းကြီး တစ်ခုလုံးတွင် သွေးများက စိုရွှဲနေသည်။ တိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်သော်လည်း အလောင်းများကမူ ပုံနေသည်။
“ကြည့်ရတာ ငါနောက်ကျသွားပြီထင်တယ်”
ဝမ်ချောင်က သက်ပြင်းချသည်။ ထိုလူများ၏ ဝတ်ထားသော ဝတ်စုံများအရ သူတို့သည်လည်း ဂိုဏ်းတစ်ခုမှဖြစ်လောက်သည်။ ဝမ်ချောင်သည် ခုံရုံးတွင် ရာထူးအလွန်မြင့်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသေးသည့်တိုင်အောင် သူ့အနေဖြင့် သိုင်းပညာလောကမှ လူများနှင့် အဆက်အဆံနည်းသည်။ ယခုအခါ သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် သိုင်းပညာလောကအတွင်းမှာ လိုက်ဖမ်းနေသော မြင်ကွင်းမျိုးကို တွေ့ကြုံလိုက်ရသည့်တိုင်အောင် အစစ်အမှန် တိုက်ပွဲနယ်မြေတွင် တိုက်ခိုက်မှုနှင့် အမှန်တကယ် ခြားနားနေကြောင်း သိလိုက်သည်။
“အား”
ဝမ်ချောင်က ထွက်သွားတော့မည့် အချိန်တွင် ရုတ်တရက် ဆူညံသံကို ကြားလိုက်ရသည်။ တောင်ကုန်း၏ထိပ်မှ မျှားတစ်ချောင်းဖြင့် ရင်ဘက်အဖောက်ခံလိုက်ရသော သိုင်းပညာရှင်က ရုတ်တရက် ထညဉ်းသည်။ သူ၏လက်ချောင်းများကလည်း တုန်လာသည်။
အခန်း(၁၃၃၄)
ကြောက်လန့်နေသာ ရထားလုံးမောင်းနှင်သူ
“ဟွန်”
ဝမ်ချောင်က ရပ်တန့်လျှက် တစ်ချက်ကြည့်လိုက်သည်။
သူသည် လက်ညိုးတစ်ချောင်းကိုညွှန်လျှက် ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဘယ်လောက်ကပ်နေလိုက်သလဲ။ ကြည့်ရတာ ခင်ဗျားအနေနဲ့ ဒီနေရာမှာသေဖို့ ကံကြမ္မာ မပါဘူးထင်တယ်။ ဒီမျှားက နှလုံးနားကိုတောင် ကပ်နေတာ”
သူ၏လက်ချောင်းကို ထပ်ခါတလဲလဲ ဆန့်ထုတ်လိုက်ပြီးနောက် သူသည် ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ အရေးပါသော နေရာအချို့ကို ဖိနှိပ်ရင်း သွေးဆုံးရှုံးမှုကို ရပ်တန့်ခိုင်းလိုက်သည်။ ထို့နောက် ကြယ်တာရာစွမ်းအင်တစ်တန်း ပို့လွှတ်ရင်း တစ်ဖက်သူ၏နှလုံးကို ကာကွယ်ကာ ရထားလုံးပေါ်သို့ ပြန်ခေါ်ခဲ့လိုက်သည်။
“သူငါတို့နဲ့တွေ့ပြီး အသက်ရှင်နိုင်တယ်ဆိုကတည်းက သူကံကောင်းတာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတု့ိက ထိုမြင်ကွင်းကြောင့် အံ့ဩသွားကြသည်။ ဝူရှန်းရွာသူကြီးက ခပ်မြန်မြန် ဆေးလုံးတစ်လုံးထုတ်လျှက် ထိုလူကို မြိုခိုင်းလိုက်သည်။ ထို့နောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ထိုလူ၏ ဘယ်ညာ နေရာယူလိုက်ကြရင်း ပုခုံးပေါ်တွင် လက်ဝါးတစ်ဖက်စီတင်လျှက် သူ၏ဒဏ်ရာများကို ကုသရန် ကြယ်တာရာစွမ်းအင်များ ပို့လွှတ်လိုက်ကြသည်။
ထိုနှစ်ယောက်ကဲ့သို့ လုပ်နိုင်စွမ်းရည်ရှိလွန်းသော လူနှစ်ယောက်အနေဖြင့် အသက်ငွေ့ငွေ့ ကျန်လျှင်ပင် ရအောင်ကယ်တင်နိုင်ကြသေးလေသည်။ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း တခဏခန့်ကြာပြီးနောက် တုဝူရှန်ဟုခေါ်သော ဂိုဏ်းသား၏ ရင်ဘက်က စတင်ကာ မြင့်လိုက်နိမ့်လိုက် ဖြစ်လာပြီး အသားအရောင်ကလည်း ပုံမှန်ပြန်ဖြစ်လာသည်။
စွစ်
အသက်ပြင်းပြင်းရှုပြီးနောက် ထိုလူကလည်း မျက်လုံးဖွင့်လာသည်။
“မင်းတို့က ဘယ်သူလဲ”
သုံးယောက်ကို အံ့ဩစေသည်မှာ ထိုလူက မျက်လုံးဖွင့်လာပြီး သူတို့ကိုမြင်သောအခါ ရုတ်တရက် ကြောင်အသွားလျှက် ညာဘက်လက်ဖြင့် ကြမ်းပြင်ကို တစ်ချက်တွန်းလိုက်ရင်း အကွာအဝေးတစ်ခု ခြားသည့်အနေဖြင့် နောက်သို့ခုန်ဆုတ်သွားခြင်းဖြစ်သည်။
သူတို့သုံးယောက်ကလည်း ထိုမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်ကြသည်။ ရုတ်တရက် နိုးလာပြီး သူတို့၏ ကယ်တင်ရှင်ကို မြင်လိုက်ရသောအခါ ကျေးဇူးတင်ပါသည်ဟု ပြောသင့်သည်။ သို့သော် ယခုလိုမျိုး မတုန့်ပြန်သင့်ချေ။
“လူငယ်လေး မင်းရဲ့ဒဏ်ရာတွေက သက်သာသေးတာမဟုတ်ဘူး။ ခပ်မြန်မြန် မလှုပ်ရှားနဲ့”
ဝူရှန်းရွာသူကြီးက ပြောလိုက်သည်။
ထိုလူ၏မျက်နှာက ဖြူဖျော့နေသေးပြီး သူ၏အသက်ရှုပုံကလည်း နွမ်းလျနေသည်။ နောက်သို့ ခုန်ဆုတ်လိုက်ခြင်းက သူ၏နဖူးတစ်ခုလုံးကို ချွေးစေးများ ရွှဲသွားစေသည်။
“ဟွန်း ငါမင်းတို့စိုးရိမ်တာကို မလိုပါဘူး။ နောက်ပြီး မင်းတို့ရဲ့ အကူအညီကိုလည်း မလိုဘူး။ မင်းတို့ကိုယ်မင်းတို့ ငါမသိဘူးများထင်နေလား။ မင်းတို့ လောဘကြီးတဲ့ လူရမ်းကားတွေက မူလအမရတောင်ဆီ လာကြတာပဲ”
ထိုလူက ရင်ဘက်ကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်။ သူ၏အမူအရာက ခေါင်းမာပုံရပြီး သူ၏မျက်လုံးကလည်း သတိအပြည့်ကပ်ထားသည်။
“မူလအမရတောင်ဟုတ်လား”
ဝမ်ချောင်က ထိုလူကိုကြည့်ပြီး မျက်မှောင်ကိုကျုံ့သည်။
ခွက်
တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ထိုလူကလည်း သုံးယောက်ကို မုန်းတီးအပြည့်ဖြင့် တစ်ချက်ကြည့်လျှက် ရထားလုံးထဲမှ ခုန်ထွက်သွားသည်။
“ဒီလိုအခြေအနေမျိုးမှာတောင် သူ့ရဲ့စွမ်းအားတွေကို တစ်ချက် လှည့်ပတ်လိုက်သေးတယ်။ ဟွန်း ဘယ်လောက် မိုက်ရူးရဲဆန်လိုက်သလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထွက်သွားသောထိုလူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး နောက်မှလိုက်ဖမ်းမည့် အရိပ်အယောင် မပြချေ။ သူတို့က တစ်ဖက်သူ၏အသက်ကို ကယ်တင်ခဲ့သည့်တိုင်အောင် ကြင်နာမှုကို မုန်းတီးမှုဖြင့် အပေးခံရသည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သူသည် ထိုလူကို လိုက်သတ်ပြီးလောက်လေပြီ။
“ထားလိုက်ပါ သူ့ကိုလွှတ်ပေးလိုက်”
ဝမ်ချောင်ကပြောသည်။ သူသည် ထွက်သွားသောလူ၏ ကျောပြင်ကို တစ်ချက်ကြည့်လိုက်သည်။ အချို့သော အကြောင်းပြချက်များကြောင့် သူ၏နှလုံးသားအတွင်း ထူးဆန်းသောခံစားချက်ကို ရလိုက်သည်။
“ဒါက ဂိုဏ်းတွေရဲ့လောကပဲ။ ဒီလူတွေရဲ့စိတ်က အကြံအစည်ကြီးတယ်။ ဆိုးယုတ်တယ်။ တိုင်းတာဖို့တောင် ခက်သေးတယ်။ ဒါကြောင့် မင်းက သူတို့ရဲ့အသက်ကို ကယ်ရင်တောင်မှ သူက မင်းတို့ကို ကျေးဇူးတင်ချင်မှတင်မှာ။ နောက်ပြီး ကယ်တဲ့အတွက် အပြစ်တောင် တင်လိုက်သေးတယ်။ ဒီလိုနေရာမျိုးမှာ မင်းရဲ့နှလုံးသားက နည်းနည်း မမာကြောဘူးဆိုရင် မင်းရဲ့လက်က ပိုပြီးမရက်စက်ဘူးဆိုရင် အသက်ရှင်ဖို့တောင် ခက်လိမ့်မယ်။ ဒီအတွက်ကြောင့် ငါမင်းကို ဘယ်တော့မှ ဂိုဏ်းလောကထဲကို မဝင်ခိုင်းတာပေါ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အေးစက်စွာပြောသည်။
ဝမ်ချောင်ကလည်း ထိုအမျိုးသား မထွက်သွားခင် ပြောသွားသောစကားကို ပြန်တွေးနေရင်း ဘာစကားမှ မဆိုဖြစ်ချေ။
မူလအမရတောင် မူလအမရတောင်
ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်နေသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူသည်လည်း အနောက်မြောက်ပိုင်းသို့ သွားသော ဒီခရီးက သူနှင့်ဆရာကိုယ်တိုင်ပင် နားမလည်သော အနေအထားမျိုးသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ခံစားမိနေသည်။
ထိုလူက ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။ ဝမ်ချောင်တို့၏ အဖွဲ့အတွက် ထိုအခြေအနေက သေးငယ်သော ကဏ္ဍလေးတစ်ခုသာဖြစ်သည်။ သိပ်မကြာခင် ရထားလုံးက တောင်ကုန်းကို ကျော်ဖြတ်လျှက် အဝေးသို့ဆက်သွားသည်။
“ဖလပ် ဖလပ်”
သူတို့က ထွက်သွားပြီး သိပ်မကြာခင် အနက်ရောင် သိန်းငှက်ကြီးတစ်ကောင်က ကောင်းကင်ပေါ်သို့ ပျံတက်သွားရင်း အနီးအနားရှိ တောအုပ်ထဲသို့သွားသည်။
တခဏခန့်ကြာပြီးနောက် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူဆယ်ယောက်ကလည်း ထိုနေရာတွင် ပေါ်လာသည်။ သူတို့အားလုံးက ဖရိုဖရဲဖြစ်နေသော အရှိန်အဝါများနှင့်ဖြစ်သည်။ သူတို့၏ခေါင်းဆောင်က ဝါးဦးထုတ်ဆောင်းထားသော လူသုံးယောက်ဖြစ်လေသည်။
“သူတို့ဝေးဝေး မရောက်လောက်သေးဘူး။ သူတို့ဘယ်နေရာကိုသွားသွား ငါတို့ရဲ့ လက်ထဲကိုပဲ ရောက်မှာပဲ”
ခေါင်းဆောင်ကပြောသည်။
“နောက်ကလိုက်”
ထိုသို့ဖြင့် ဝါးဦးထုတ်ဆောင်းထားသော လူသုံးယောက်၏ ဦးဆောင်မှုနောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ကျော်တို့က ဝမ်ချောင်တို့၏အဖွဲ့ ထွက်သွားသောဘက်သို့ လိုက်သွားလေသည်။
...
ရထားလုံးက ရှေ့ဆက်သွားသည့် အချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက်ပြောသည်။
“အနောက်မြောက်ပိုင်းကိုသွားတဲ့ ဒီခရီးမှာ ငါတို့လူတစ်ယောက်နဲ့ ထပ်တွေ့ရလိမ့်မယ်။ ဝူရှန်းရွာသူကြီးနဲ့ ငါ ခရီးသွားနေချိန် တွေ့ခဲ့တဲ့တစ်ယောက်ပဲ။ ဒီတစ်ကြိမ် သူ့ဆီက အကူအညီ ယူရလောက်တယ်”
“အာ”
ဝမ်ချောင်ကပင် ဖိအားများသွားသည်။ သူသည် ဆရာဖြစ်သူထံမှတစ်ဆင့် တစ်စုံတစ်ယောက် လာမည်ဆိုသော အကြောင်းအရာမျိုးကို မကြားဖူးသေးချေ။ ထို့ပြင် ဆရာနှင့် ဝူရှန်းရွာသူကြီးတို့၏ အင်အားအရ ဝမ်ချောင်ကိုယ်တိုင်ပင် သူတို့ထံမှ အာရုံစိုက်မှုကို ခံရရန် ထိုက်တန်သောလူမျိုးကို မတွေးမိပါချေ။ သူတို့အားလုံးက ဦးတည်ရာဘက်သို့ ရောက်လုနီးပါးဖြစ်သွားသောအခါတွင် ရတနာကို အရင်ရှာရမည့်အစား တစ်ဖက်လူကို အရင်တွေ့ရမည်ဟု ဆိုလာသည်။
“ဒါပေမဲ့ မင်းကိုယ်မင်း ပြင်ဆင်ထား။ သူ့ရဲ့ စိတ်နေသဘောထားက နည်းနည်းလေးတော့ ထူးဆန်းတယ်”
ဝူရှန်းရွာသူကြီးက ရှားပါးသော အပြုံးမျိုးကို ထုတ်လျှက်ပြောသည်။
ဝမ်ချောင်က ပို၍ပင် သိချင်သွားသည်။
“ဟား ဟား ဟား မင်းတွေ့တဲ့အခါ သိလိမ့်မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပင် ရှားရှားပါးပါး ထိုသို့ပြောသည်။
ရထားလုံးက တောအုပ်တစ်ခုကို ကျော်ဖြတ်သွားသောအခါ ရထားလုံးအတွင်းမှ ကျယ်လောင်သော အသံတစ်ခုက ထွက်လာသည်။
“ရပ်”
ရထားလုံးက ရုတ်တရက် ရပ်သွားသည်။ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ အားလုံးက တံခါးကိုဖွင့်လျှက် ထွက်လိုက်ကြသည်။
“ဆရာကြီးတို့ ရောက်သွားပြီလား”
အရှေ့ဘက်မှ ခေါင်းတစ်လုံးက ထွက်လာသည်။ ထိုလူက အသက်သုံးဆယ်အရွယ်ခန့်ရှိပြီး မျက်နှာတစ်ဝက်ကို အုပ်ထားသည်။ သူက ဝမ်ချောင်တို့၏ အဖွဲ့ကို ကြောက်လန့်မှု၊ ခြောက်ခြားမှုများ အပြည့်ပါသော အကြည့်မျိုးနှင့်ကြည့်သည်။
“ငါတို့က ရပ်နားမဲ့နေရာကိုရောက်ပြီ။ နောက်ပြီး မင်းရဲ့ရပ်နားရာလည်းဟုတ်တယ်”
ဝမ်ချောင်က ရထားလုံး မောင်းနှင်သူကိုကြည့်လျှက် ပြုံးလိုက်သည်။
“ဆ ဆရာ သခင်လေးက ဘာကိုဆိုလိုတာလဲ”
ရထားလုံးမောင်းနှင်သူက ဝမ်ချောင်ကို ကြောက်လန့်မှုအပြည့်ဖြင့် ကြည့်ပြီး ပတ်ဝန်းကျင်ကို သတိအပြည့်ကပ်ကာ ကြည့်သည်။
“လုံလောက်ပြီ ဆက်ပြီး ဟန်ဆောင်စရာမလိုဘူး။ ဒီနေရာမှာ ရပ်လိုက်တော့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အေးစက်စွာပြောသည်။
“ဆ ဆရာ ဆရာကြီး ဘာကိုပြောတာလဲ”
ရထားလုံးမောင်းနှင်သူက နောက်သို့ဆုတ်သွားသည်။ သူသည် ပို၍ပင် စိုးရိမ်လာ၏။ သို့သော် ထိုသုံးယောက်ကမူ မလှုပ်ပေ။
“မင်းမသိသေးဘူးလား ဟွန်း သိပ်မကြာခင် သိပါလိမ့်မယ်”
ဝမ်ချောင်က ပြုံးလိုက်ရင်း သူ၏လက်ညိုးနှင့် လက်ခလယ်ကို အတူပူးကပ်လျှက်သာ ဓားချီတစ်စင်းကို ပစ်လိုက်သည်။
စွစ်
ထိုဓားချီက ရထားလုံး ကိုယ်ထည်တစ်ခုလုံးကို ထိုးဖောက်လျှက် ရထားလုံးမောင်းနှင်သူထံ တိုက်ရိုက်ဝင်သွားသည်။
“အား”
ရထားလုံးမောင်းနှင်သူက အလန့်တကြား ဘေးဘက်သို့ခုန်ရှောင်းရင်း အော်ဟစ်သည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ တိုက်ခိုက်မှုကို ကပ်သီလေးရှောင်လိုက်နိုင်ရင်း နောက်သို့လိမ့်လျှက် လဲကျသွားသည်။
“မင်းက ဆက်ပြီး ဟန်ဆောင်ချင်တုန်းပဲပေါ့”
ဝမ်ချောင်က သူ၏မပီသသည့် သရုပ်ဆောင်မှုကို ကြည့်လိုက်ရင်း လှောင်သည်။
သူ၏တိုက်ကွက်သည် သမန်ကာလျံကာလုပ်သည်ဟု ထင်ရသည်။ သို့သော် ရှောင်ရမလွယ်ကူပေ။ ယခုလို အထိတ်တလန့် ဖြစ်နေသူဆိုလျှင် ပို၍ မရှောင်နိုင်သင့်ပေ။
“မင်း မင်း မင်းဘာတွေပြောနေလဲ ငါမသိဘူးနော်။ ငါက အခြားသူတွေထက် ရထားလုံးတွေကို မောင်းနှင်ပေးနေတဲ့အချိန်မှာ သိုင်းပညာရှင်လောကက လူတွေက သဘောထားကြီးတာကိုသိလို့ ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် သိုင်းပညာနည်းနည်းကို သင်ထားရုံပါပဲ။ ဒီလိုအခြေအနေမျိုးကြောင့် မင်းငါ့ကို သံသယဝင်လို့ မရဘူးနော်”
“ငါမင်းတို့တွေ အားလုံးအတွက် ဒီလောက်ထိ ပြင်းပြင်းထန်ထန် ကြိုးစားပေးထားတာ။ မင်းတို့ကငါ့ကို ပိုက်ဆံမပေးချင်ဘူးဆိုရင်တောင်မှ ဒီလိုတော့ မဆက်ဆံသင့်ပါဘူး”
ရထားလုံးကို မောင်းနှင်သူက အံ့ဩသင့်မှု၊ ဒေါသတို့အပြည့်နှင့် ပြောသည်။
“ဟွန့် မင်းတို့ နတ်ဘုရားမျက်လုံးဂိုဏ်းကလူတွေ သိပ်မကြာခင် ရောက်လာတော့မယ်ထင်တယ်”
ဝမ်ချောင်က ရထားလုံးမောင်းနှင်သူပြောသော စကားကို မကြားသလိုမျိုး လှောင်ပြုံးကာသာ ပြန်ပြောလိုက်သည်။
ဝုန်း
ရထားလုံးမောင်းနှင်သူက အပြင်ဘက်တွင် ဒေါသတကြီးဖြစ်သလို အံ့အားသင့်သလို ပြုမူနေသော်လည်း စိတ်ထဲတွင်မူ အံ့ဩနေပြီဖြစ်သည်။
“ဟင်း မင်းက နားမလည်ရင်တော့ အဆင်ပြေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ အနက်ရောင်ဝတ်စုံနဲ့ လူတွေအားလုံးမှာ မင်းတို့ရဲ့စိတ်အတွင်း ရွှေရောင်စည်းတံဆိပ် (၁၂)ခုရှိတယ်မဟုတ်လား။ ငါတစ်ချက်ကြည့်လိုက်ရင် ဟုတ်မဟုတ် သိရမှာပေါ့”
ဝမ်ချောင်က ထိုသို့ပြောပြီးပြီးချင်း မောင်းနှင်သူထံ လျှောက်လာသည်။ ထို့နောက် အလွန်အမင်း ကြီးမား များပြားလွန်းသော ကြယ်တာရာစွမ်းအင်များက သူ၏မျက်ခုံးနားတွင် စုစည်းလာပြီးနောက် လျှပ်စီးလက်သလိုမျိုး ရှေ့သို့ထိုးထွက်သွားသည်။
ရထားလုံးကို မောင်းနှင်သူက အချိန်တိုင်းလိုလို ကြောက်လန့်ဟန်ဆောင်နေခဲ့ရာမှ ရုတ်တရက် မျက်နှာက ဖြူဖျော့သွားသည်။
ဝုန်း
တခဏခန့်ကြာပြီးနောက် များပြားလွန်းသော ကြယ်တာရာစွမ်းအင်များက သူ၏စိတ်အတွင်းသို့ ဖောင်းဝင်လာပြီး အင်အားကြီးမားသော စည်းတံဆိပ်တစ်ခုကလည်း ပေါ်လာသည်။ အတွင်းတွင် စည်းတံဆိပ် (၁၂)ခုရှိလာသည်။
“သေစမ်း”
မောင်းနှင်သူက ဝမ်ချောင်၏ စိတ်စွမ်းအားများကြောင့် လန့်ထွက်သွားသည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ခုန်ဆုတ်ရင်း ဝမ်ချောင်ကို စူးစိုက်ကြည့်လိုက်သည်။ သူသည် ဟန်ဆောင်မနေတော့ပေ။
“မင်းတို့ မျိုးမစစ်ကောင်တွေ ငါက ငါ့ကိုယ်ငါ သတိကြီးကြီးထားပြီး တစ်ချိန်လုံး ဟန်ဆောင်နေခဲ့နိုင်ပြီထင်တာ။ ပြစ်ချက်တစ်ခုမှလည်း မရှိပါဘူး။ ဒါကိုမင်းတို့က ဘယ်လိုများ သိသွားတာလဲ”
အရာအားလုံးက ရုတ်တရက်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကပင် ထိုသုံးယောက်က သာမာန် တောအုပ်အတွင်း ဖြတ်သန်းသွားလာနေစဉ် အတောအတွင်း ဒီလိုအတည်ငြိမ်ဆုံး အခိုက်အတန့်မျိုးတွင် ရုတ်တရက် ရပ်တန့်လျှက် သူ့ကိုသတ်ရန် ကြိုးစားလိမ့်မည်ဟု မထင်ထားမိချေ။
ဝူရှန်းရွာသူကြီးက သက်ပြင်းချသည်။
“လျောင်မြို့ကတိုက်ပွဲက အရမ်းကြမ်းတမ်းတယ်။ ဒါပေမဲ့ မင်းကတော့ တည်ငြိမ်နေတုန်းပဲ။ အနက်ရောင်ဝတ်စုံနဲ့ လူတွေက သိသိသာသာကို ရက်စက်တယ်။ သာမာန်လူတွေဖြစ်တဲ့ ဆိုင်ပိုင်ရှင်နဲ့ စားပွဲထိုးကိုတောင် သတ်သွားသေးတယ်။ သူတို့အနေနဲ့ ဒီလူတွေကို ပူးချည်ထားလို့ရတယ်။ ဒါပေမဲ့ ရအောင်သတ်သွားတယ်။ ဒါပေမဲ့ မင်းကတော့ ငါတို့နဲ့အတူ တည်းခိုဆောင်ထဲကို လိုက်ဝင်ခဲ့ပေမဲ့ အသက်ရှင်လျှက် ရှိနေသေးတုန်းပဲ။ သူတို့ကမင်းကို မထိသွားဘူး”
“ဘာလို့လည်းဆိုတော့ မင်းကသူတို့ရဲ့ ရဲဘော်ရဲဘက် ဖြစ်နေလို့ပေါ့”
ဝမ်ချောင်က ပြုံးလိုက်သည်။ ဝူရှန်းရွာသူကြီး၏ စကားကို ပြီးအောင်ပြောပေး၏။
“ဘာ”
ရထားလုံးမောင်းနှင်သူက ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက ပေါ်လာသည်။
“မင်းတို့က အဲ့ဒီအချိန်ကတည်းက သံသယဝင်နေခဲ့တာပေါ့”
ဝမ်ချောင်က အပြုံးဖြင့်သာ ပြန်ဖြေသည်။ ထိုလူရမ်းကားကောင်က သေချာပေါက် လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
“ဒီလိုဆိုမှတော့ ဘာလို့ အခုအချိန်ထိ စောင့်ပြီးမှ ငါ့ကိုသတ်တာလဲ”
ရထားလုံးမောင်းနှင်သူက အံ့ကိုကြိတ်၏။
“ဘာလို့လည်းဆိုတော့ ငါတို့မှာ ရထားလုံးမောင်းပေမဲ့သူ မရှိလို့လေ”
ဝမ်ချောင်က ထိုသို့ပြုံးလျှက်ပြောသည်။
“မျိုးမစစ်ကောင်”
ရထားလုံးမောင်းနှင်သူသည် သူ၏ဒေါသကို မထိန်းထားနိုင်တော့ပေ။ သူသည် လက်ဝါးကို တစ်ချက်ယမ်းလိုက်ပြီးနောက် အနက်ရောင်အမှုန်များကို ဖြန့်လျှက် အနက်ရောင်မီးခိုးအသွင် ပြောင်းနေရင်း ကြယ်တာရာစွမ်းအင်များမှတစ်ဆင့် တစ်ဖက်သို့ လွင့်ပစ်လိုက်သည်။ သူသည် ဝမ်ချောင်၏ အသက်ကို ယူချင်သလိုမျိုး ကြိုးစားလိုက်၏။
တစ်ချိန်ထဲတွင်ပင် မရေမတွက်နိုင်လောက်အောင် မြောက်များသည့် ကျွဲတစ်ကောင်၏ အမွှေးများကဲ့သို့ ထင်ရသော အပ်ပျံပေါင်းများစွာက လေချွန်သံအပြည့်နှင့်အတူ ရှေ့သို့ တိုးဝင်သွားသေးလေသည်။
အခန်း(၁၃၃၅)
ဝင်္ကပါအကြီးအကဲ
ဘန်း
အနက်ရောင်မီးခိုးများနှင့် အဆိပ်အပ်များသည် ဝမ်ချောင်နှင့် ပေတစ်ဆယ်ကျော်ခန့် အကွာသို့ ရောက်သွားသောအခါ မမြင်ရသော အရန်အတားအဆီး တစ်ခုနှင့် ရုတ်ချည်းဝင်တိုးမိသလိုမျိုး ဘေးဘက်သို့သာ လွင့်ထွက်ကုန်လေသည်။
ဘုန်း
ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ရုံနှင့် အနက်ရောင်မီးခိုးနှင့် အဆိပ်အပ်များကို ကောင်းကင်ပေါ်သို့ မြောက်တက်သွားစေသည်။
အဝေးမှ ရထားလုံးမောင်းနှင်သူက ထွက်ပြေးနေခဲ့ပြီးလေပြီ။
ဝမ်ချောင်ပင်ဖြစ်စေ၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ပင်ဖြစ်စေ၊ ဝူရှန်းရွာသူကြီးပင်ဖြစ်စေ သူ၏နောက်သို့ လိုက်ဖမ်းရန် မရွေးချယ်ကြပေ။ သို့ရာတွင် ရထားလုံးမောင်းနှင်သူက မြင်ကွင်းမှ ပျောက်တော့မည့် အခိုက်အတန့်တွင် ကောင်းကင်ပေါ်မှ မရေမတွက်နိုင်အောင် မြောက်များသောအပ်များက မုန်တိုင်းမိုး ရွာသွန်းသလိုမျိုး ထိုမောင်းနှင်သူကို ထိမှန်သွားလေသည်။
ထို့နောက် ငယ်သံပါအောင် အော်ဟစ်သည့် စူးရှသည့်အသံက ထွက်ပေါ်လာသည်။ ထိုမောင်းနှင်သူသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပုံလျှက်သား ကျသွားလေသည်။
တခဏခန့်ကြာပြီးနောက် ခန္ဓာကိုယ်ဟာ လျှင်မြန်စွာတောင့်တင်းလျှက် မည်းနက်လာသည်။ အဆုံးသတ်တွင် ငြိုးနွမ်းခြောက်သွေ့နေသော သစ်ပင် ပင်စည်ကြီးတစ်ခုလိုမျိုး စုတ်ပြတ်သပ်သွားလေသည်။
“သွားရအောင် သူတု့ိသိပ်မကြာခင် ရောက်လာလောက်တယ်။ ငါတို့မှာ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ ဒီကောင်တွေနဲ့ရှုပ်ဖို့ အချိန်မရဘူး”
ထိုသုံးယောက်က သူတို့၏ပစ္စည်းများကို စုစည်းပြီးရုံနှင့် ထိုနေရာကို ခပ်မြန်မြန် ရှင်းလင်းကာ ထွက်သွားကြသည်။
ဝမ်ချောင်တို့၏အဖွဲ့က ထွက်သွားပြီး နှစ်နာရီနီးပါးခန့် ကြာပြီးနောက် လေပြင်းက ဖြတ်တိုက်သွားကာ သစ်ရွက်သိန်းပေါင်းများစွာအား လှိုင်းကဲ့သို့ ဖြစ်သွားစေသည်။ ထို့နောက် အလင်းတစ်ချက်လက်ပြီးချိန်တွင် ဝါးဦးထုတ်ဆောင်းထားသော လူသုံးယောက်က သစ်ပင်ထံမှ ထိုးဆင်းလျှက် စွန့်ပစ်ခံ ရထားလုံး၏ဘေးဘက်တွင် ပေါ်လာသည်။ တခဏခန့်ကြည့်ရုံနှင့် ထိုသုံးယောက်လုံး၏ မျက်နှာက တင်းမာသွားသည်။
“ငါတို့အကြောင်း ပေါ်သွားပြီ။ ဒီလူရမ်းကားတွေက ငါတို့ထင်ထားတာထက်တောင် သတိကြီးသေးတယ်”
ထိုလူများထဲမှ တစ်ယောက်ကပြောသည်။
သုံးယောက်လုံးသည်လည်း တောအုပ်၏အစွန်နားမှ အလောင်းကို ခပ်မြန်မြန် သတိထားမိသွားကြသည်။
“သွားရအောင်”
သူတို့က အကြည့်ချင်းဖလှယ်လိုက်ပြီး ပေထောင်ပေါင်းများစွာ အမြင့်မှ အောက်သို့ထိုးဆင်းလျှက် ထိုရထားလုံးမောင်းနှင်သူ၏ အလောင်းဘေးနားသို့ သွားကြသည်။ ရထားလုံးမောင်းနှင်သူ၏ အလောင်းက အဆိပ်ကြောင့် မည်းနက်နေပြီး သစ်ပင်တစ်ပင်တွင် တွဲလောင်းအဆွဲခံထားရသည်။ သူ၏ဘေးဘက်တွင် ဓားဖြင့် သစ်ပင်တစ်လက်ကို ထွင်းထုထားသော စာပါအကြောင်းအရာများကိုလည်း မြင်ရသည်။ ‘မပြောပလောက်တဲ့ လက်ဆောင်လေးနဲ့ ငါ့ရဲ့လေးစားမှုကို ပြသလိုက်တယ်’
အောက်ဘက်တွင် မဟာထန်၏ မျိုးနွယ်ခြားနယ်မြေများ၏ဘုရင် အမှတ်အသားပါသည်။
“မျိုးမစစ်ကောင်”
လက်သီးတမျှကြီးသော အနက်ရောင်မီးလုံးတစ်လုံး ပစ်ထွက်သွားချိန်တွင် သစ်ပင်နှင့်အလောင်းကပင် အမြစ်ဖြတ်ဖယ်ရှားခြင်း ခံလိုက်ရသည်။
...
ရထားလုံးမရှိတော့သောအခါ သူတို့အနေနှင့် လေးနာရီနီးပါးခန့် အချိန်ယူပြီးမှသာ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာက တောင်တန်းအစွန်နားတွင်ရှိသော ကန့်လန့်ဖြတ် လမ်းလေးဖြစ်သည်။ ထိုကန့်လန့်ဖြတ်လမ်းတွင် ဆယ်မီတာကျော်ခန့် မြင့်မားသော ကျွန်းဂတိုးတိုင် သုံးတိုင်က ထောင်လိုက် စိုက်ထူထားလျှက်ရှိသည်။ ထို့ကြောင့် ထိုနယ်မြေနှင့်ယှဉ်သော် ထင်းထွက်နေလေသည်။
ထိုနေရာသည် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က သူတို့ အနောက်မြောက်ပိုင်းသို့ လာခဲ့သည့် နောက်ဆုံးခရီးတွင် ကတိပေးထားသောလူနှင့် ဆုံတွေ့ရန် ချိတ်ဆိုထားသောနေရာလည်း ဖြစ်သည်။
အချိန်တစ်ခုကြာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မျက်မှောင်ကျုံ့လိုက်သည်။
“တစ်ခုခုတော့ မမှန်တော့ဘူး။ သတ်မှတ်ထားတဲ့ အချိန်ကကျော်နေပြီ။ သူကဘာလို့ ရောက်မလာသေးတာလဲ”
ဝူရှန်းရွာသူကြီးကလည်း မျက်မှောင်ကျုံ့သည်။
“မကောင်းတော့ဘူး တစ်ခုခုတော့ ဖြစ်နေပြီထင်တယ်”
ဒီနေရာရှိ အခြေအနေဟာ ရှုပ်ထွေးသည်။ ဂိုဏ်းများက အချင်းချင်း တိုက်ခိုက်သည်မှာလည်း ပုံမှန်ဖြစ်သည်။ သစ်ပင်အောက်တွင် ကျင့်ကြံနေသော ဝမ်ချောင်က ယခုအခါ မျက်လုံးကိုဖွင့်လိုက်သည်။ သူသည်လည်း ဒီအခြေအနေကြောင့် အံ့ဩသွားရသည်။
စွစ်
ထိုအခိုက်အတန့်တွင် အပေါ်ဘက်မှ တောင်ပံကို တဖြတ်ဖြတ်ခတ်နေသော အသံမျိုးကို ကြားရပြီးနောက်တွင် အဖြူရောင်သတင်းပို့ငှက် တစ်ကောင်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ထိုငှက်သည် ချက်ချင်းဆိုသလိုပင် သုံးယောက်လုံး၏အာရုံကို ဆွဲဆောင်လိုက်လေသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ကိုဆန့်တန်းလျှက် ငှက်ကို လက်ခံယူဆောင်သည်။ စာကိုဖြုတ်ယူကြည့်ပြီးနောက် သူ၏မျက်နှာဟာ ချက်ချင်းလိုလို တင်းမာသွားရသည်။
“ပြဿနာရှိနေတာပဲ သွားရအောင်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စာကိုသိမ်းလိုက်ပြီး ချက်ချင်းလိုလို အပြေးထွက်လာခဲ့သည်။
ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ခန္ဓာကိုယ်ကလည်း တင်းကြပ်စွာနှင့် နောက်မှအပြေး လိုက်လာခဲ့လိုက်သည်။
“ငှက်ရဲ့နောက်ကိုလိုက်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ကောင်းကင်ကို တစ်ချက်ကြည့်သည်။ သတင်းပို့ငှက်သည် စာကိုလက်ခံနိုင်သူအား ရှာဖွေနိုင်သလို ပိုင်ရှင်ကိုလည်း ပြန်ရှာနိုင်သည်။
“ဆရာ ဘာဖြစ်လို့လဲ”
ဝမ်ချောင်ဟာ နောက်ဆုံးတွင် မနေနိုင်ဘဲ မေးလိုက်သည်။
ဒီတစ်ကြိမ်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဘာကိုမှ မဖုံးကွယ်ထားချေ။ အဖြစ်အပျက်များမှာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ဝင်္ကပါဆရာသခင်တစ်ယောက်နှင့် တိုးခဲ့ခြင်းဖြစ်သည်။ သူတို့သုံးယောက်လုံးက စိတ်နေသဘောထားခြင်းအားဖြင့် ကိုက်ညီပြီး အချင်းချင်း ခရီးအတူသွားဖြစ်ခဲ့ကြသည်။ ရှု့ထောင့်တစ်ခုမှ ကြည့်သောအခါ သူတို့သည် မိတ်ဆွေကောင်းများဟု ဆို၍ရသည်။
“ဝူရှန်းရွာသူကြီးနဲ့ ငါတို့ စုံစမ်းစစ်ဆေးခဲ့ပြီးသား။ ရတနာက အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ဝင်္ကပါတွေ ဝိုင်းနေတာကတော့ ပုံမှန်ပဲ။ ဒီတော့ ငါတို့နှစ်ယောက်လုံးကလည်း ဒီလမ်းကြောင်းကို မကျွမ်းကျင်တော့ ဒီလူရဲ့ အကူအညီသာ မရှိဘူးဆိုရင် ငါတို့အနေနဲ့ မူလအမရသိုင်းကိုရှာဖို့ အရမ်းကို ခက်ခဲလိမ့်မယ်”
“သူက တော်တော်လေးကို အချိန်တိကျတဲ့လူ သူက ဒီနေရာမှာ ဒီအချိန်ရောက်မယ်လို့ ပြောလိုက်ရင် အဲ့ဒီအချိန်ကို လုံးဝနောက်ကျလေ့မရှိဘူး။ ဒီတော့ သူရန်သူတွေထဲက တစ်ယောက်ယောက်နဲ့ တိုးနေတာပဲဖြစ်မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ သူ၏ခန္ဓာကိုယ်က လျှပ်စီးလက်သလို မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ သစ်ပင်များအကြား ဖြတ်သန်းသွားလာနေရာ အုပ်စိုင်းနေသော တောအုပ်ကပင် သူ့ကို မတားနိုင်ခဲ့ချေ။
ဝမ်ချောင်က ဆရာဖြစ်သူကို တစ်ချက်ကြည့်လိုက်ကာ တွေးဆလိုက်သည်။
သူ၏ဆရာသည် ထူးခြားသော စိတ်နေသဘောထားရှိသည်။ ထို့ကြောင့် ထိုအကျင့်စရိုက်ကြောင့် မိတ်ဆွေအပေါင်းအသင်းကလည်း အမှန်တကယ် နည်းပါးလေသည်။ ဝူရှန်းရွာသူကြီးနှင့် ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းလျှက် မူလအမရသိုင်းကို လိုက်ရှာခြင်းကပင် အံ့အားသင့်စရာ ကောင်းနေခဲ့ပြီးသားဖြစ်သည်။ ထိုဝင်္ကပါအကြီးအကဲက ဆရာဖြစ်သူကပင် မိတ်ဆွေအဖြစ် အသိအမှတ်ပြုခံရကတည်းက သူက သံသယမဝင်လောက်အောင် မှင်သက်ဖွယ်ကောင်းသော ညဉ်လက္ခဏာများကို ပိုင်ဆိုင်ထားလောက်သည်။
သူက တွေးတောနေသည့် အချိန်တွင် လေပြင်းနှင့် သစ်ပင်များဟာ သူ့ကိုဖြတ်တိုက်သွားသလိုမျိုး ဖြစ်သွားသည်။ ရုတ်တရက် အလင်းက တစ်ချက်လက်သွားလေပြီး မြေပြင်ကြီးက ပွင့်ထွက်သွားသည်။
သူတို့တောက်လျှောက် လိုက်နေခဲ့သည့် သတင်းပို့ငှက်က ရုတ်တရက် ရပ်တန့်သွားပြီး လေထဲတွင် ဝဲပျံလျှက် ပျံသန်းနေကာ မဆင်းသက်ချင်သလို ဖြစ်နေသည်။
ထိုမြင်ကွင်းက သူတို့အားလုံးကို တိတ်ဆိတ်သွားစေသည်။
“သူဒီနေရာမှာ ရန်သူတွေနဲ့ တိုးခဲ့တာဖြစ်မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်စွာပြောသည်။ သူ၏မျက်မှောင်များက ကျုံ့နေသည်။
“နေပါဦး ဒီနေရာမှာ တိုက်ခိုက်ထားတဲ့ လက္ခဏာမရှိဘူး”
ဝမ်ချောင်က ရုတ်တရက် ပြောလိုက်သည်။
တခဏခန့်ကြာပြီးနောက် သူသည် ထိုနေရာတစ်ခုလုံးကို စစ်ဆေး၍ပြီးသွားသည်။ မြေပြင်တွင် ခြေရာအချို့ရှိသည်။ သို့သော် ကစဉ့်ကလျားဖြစ်နေသော လက္ခဏာမရှိသလို တိုက်ခိုက်ထားသည့် လက္ခဏာမျိုးကိုပင် မမြင်ရချေ။ တစ်စုံတစ်ယောက်က ရန်သူနဲ့ ဒီနေရာမှာတိုးပြီး ရှုံးနိမ့်သွားခဲ့ခြင်း သို့မဟုတ် အဖမ်းခံခဲ့ရခြင်းမျိုးပင် မဖြစ်နိုင်ပါချေ။
ဝမ်ချောင်က ထိုသို့ပြောလိုက်မှသာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့လည်း ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို စစ်ဆေးကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ မျက်မှောင်များက ပို၍သာ ကျုံ့သွားသည်။
“အဲ့ဒါတင် မကသေးဘူး ဒီသတင်းပို့ငှက်နဲ့ ပတ်သတ်ပြီး ထူးဆန်းတာ ရှိသေးတယ်”
ဝမ်ချောင်က ကောင်းကင်ကိုကြည့်လျှက်ပြောသည်။ သတင်းပို့ငှက်များက လမ်းပျောက်သွားသောအခါ သူတို့သည် ယခုလိုမျိုး မြေပြင်သို့ ဆင်းသက်ခြင်းမရှိဘဲ လေထဲတွင်ဝဲပျံလျှက် နေနေတတ်ခြင်းမျိုး မရှိပါချေ။ သိန်းငှက်အိုကြီးက မွေးထားသော သိန်းငှက်များပင်ဖြစ်စေ၊ အခြားသော ငှက်များပင်ဖြစ်စေ ထိုကဲ့သို့သော အခြေအနေမျိုးက မရှိဖူးချေ။
“ကျန်းဝမ်ဖူ လူရမ်းကားအိုကြီး”
လူတိုင်းက တွေးတောနေသည့် အချိန်တွင် ရုတ်တရက် အကြီးအကဲတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ အသံထဲတွင် အံ့အားသင့်မှု အချို့နှင့် စိတ်ရှုပ်ထွေးမှုများပါသည်။
“ဘာလို့ မင်းတို့နှစ်ယောက်လဲ”
ထိုအသံက ရုတ်တရက် ထွက်လာသောအခါ တစ်လောကလုံးက တုန်ယင်သွားသည်။ ဝမ်ချောင်က အံ့အားတကြီး ကြည့်နေသည့် အကြည့်အောက်တွင်ပင် ဝမ်ချောင်နှင့် ခြေလှမ်းတစ်ရာတွင်ရှိသော သဲနှင့်ကျောက်စရစ်များက အလင်းများဖြင့် လက်လာသည်။ ထို့နောက် လူတစ်ယောက် အရွယ်အစားထက် ပိုမြင့်သော ကြီးမားသည့် အညိုရောင် ကျောက်သားကြီးက မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာသည်။ ထို့နောက် တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
တစ်ခဏခန့်ကြာပြီးနောက် ကျောက်တုံးဝင်္ကပါကြီးက ဝမ်ချောင်တို့၏အရှေ့တွင် ပေါ်ထွက်လာသည်။ ထိုကျောက်သားဝင်္ကပါကြီးကို ကြီးမားသော ကျောက်တုံး ငါးတုံး၊ ခြောက်တုံးခန့်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ တစ်တုံးချင်းစီတိုင်းက သေးငယ်သော တောင်တစ်လုံးကဲ့သို့ ထင်ရပြီး မြေပြင်ပေါ်တွင် ထားထားသောကြောင့် ထူးခြားသော ပုံစံတစ်မျိုးအလား ဖြစ်နေလေသည်။
“ဒါက”
မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းက ဝမ်ချောင်ကိုပင် အံ့အားတကြီး မျက်လုံးပြူးသွားစေလေသည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည်။ သို့သော် ဝမ်ချောင်က ဘာကိုမှ မပြောနိုင်သေးခင် နောက်ထပ်အလင်းက တစ်ချက်လက်သွားသည်။ ဝမ်ချောင်၏ မေးရိုးအဟောင်းသားဖြစ်သလို အကြည့်အောက်တွင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သံမဏိအပ်များနှင့်ပင် လုပ်ထားသည်ဟု ထင်ရသော မုတ်ဆိတ်ဖြူကြီးကို ဆက်တိုက်ပွတ်နေသည့် အရပ်ပုပုနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ပေါ်လာလေသည်။ သူသည် မျက်လုံးထဲမှ အထင်သေးသော အကြည့်နှင့်အတူ ရှေ့သို့လျှောက်လာသည်။
“ဟား ဟား လူရမ်းကားအိုကြီး မင်းက ဒီနေရာမှာ လိပ်လိုပုန်းနေတာပဲ။ အစ်ကိုဖန်းနဲ့ငါက မင်းကို ရန်သူတွေ ဆွဲခေါ်သွားပြီထင်နေတာ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ထိုအရပ်ပုပုနှင့် လူ၏အနားသို့ လျှောက်သွားရင်း သဘောတကျဖြစ်နေသော မျက်နှာထားမျိုးနှင့် အော်ရယ်ကာ နှုတ်ဆက်ကြသည်။
လက်စသတ်တော့ ဒါက ဆရာပြောတဲ့ ဝင်္ကပါအကြီးအကဲ ဖြစ်နေတာကိုး။
ဝမ်ချောင်က တွေးလိုက်သည်။
သိသာစွာပင် သူ၏ယခင်ဘဝတွင် မကြားခဲ့ဖူးသော ပါရမီကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်သည်။ ဆရာနှင့် ဝူရှန်းရွာသူကြီးတို့က တစ်ဖက်သူနှင့် မည်သို့မည်ပုံ ရင်းနှီးသွားကြကြောင်းကိုပင် မသိသေးပါချေ။
“ဟွန်း ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒီမျိုးမစစ်အိုကြီးတွေက ဒီနေရာမှာ ငါ့ကိုဖမ်းဖို့အတွက် ရက်အနည်းငယ်လောက် စောင့်နေရမယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ငါ့ရဲ့ ဒီကျောက်သားတွေကြောင့် အရူးလုပ်ခံရပြီး သူတို့ပတ်ပတ်လည် လမ်းလျှောက်ရင်းနဲ့ ပြီးသွားတာပဲ”
ဝင်္ကပါအကြီးအကဲက ထိုသို့အေးစက်စွာ နှာမှုတ်သည်။ သူ၏မျက်နှာတွင် လှောင်ပြောင်ဟန်က အပြည့်နှင့်ဖြစ်သည်။
“ဟား ဟား အဲ့ဒီလိုဆိုမှတော့ မင်းကဘာလို့ ငါ့ကိုလွှတ်ပြီး အကူအညီတောင်းသေးတာလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သဘောတကျရယ်ရင်း ထိုအကြီးအကဲကို မျက်နှာသာမပေးချေ။
“ကျန်းဝမ်ဖူ မင်း မျိုးမစစ်အို မင်းက နှစ်အနည်းငယ်လောက် မိစ္ဆာဧကရာဇ် လူအိုကြီး ဖြစ်ခဲ့တာနဲ့ပဲ ငါကမင်းကို ကြောက်မယ်လို့တော့ မပြောနဲ့နော်။ ဒီအဘိုးကြီးက ဘယ်တုန်းကများ မင်းဆီက အကူအညီ တောင်းခဲ့ဖူးလို့လဲ”
ဝင်္ကပါအကြီးအကဲ၏ မျက်နှာကနီသွားသည်။ သူ၏မျက်လုံးဟာ ပြူးကျယ်လာပြီး မုတ်ဆိတ်ကလည်း တုန်သွား၏။ သူသည် ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ပေါ် အကြည့်ပြောင်းလိုက်သည်။ ထို့နောက် အမြှီးတက်နင်းခံရသလိုမျိုး ချက်ချင်းလိုလို ရှေ့သို့ခုန်ထွက်လာသည်။
“ကောင်စုတ်လေး မင်းကဘာကို ကြည့်တာလဲ။ မင်းရဲ့အဲ့ဒီမျက်လုံးထဲက မျက်နှာထားက ဘာလဲ။ မင်းကိုယ်မင်း အရပ်ပိုရှည်တာနဲ့ပဲ ငါ့ထက်တော်နေပြီလို့ ထင်နေတာလား။ ငါမင်းရဲ့ခေါင်းကို ဖြုတ်လိုက်ရင် ငါတို့အရပ် မတူသွားဘူးလား”
ဝင်္ကပါအကြီးအကဲ၏ နဖူးတွင် သွေးကြောများပင် ဖောင်းထလာသည်။ သူ၏မျက်နှာကလည်း ရှုံ့မဲ့နေ၏။ ဝမ်ချောင်က ခွင့်လွှတ်ရန် မထိုက်တန်သော ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုမျိုးပင် ထင်ရသည်။
ဝမ်ချောင်ကိုယ်တိုင်ကပင် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ သူသည် ဘာကိုမှ မလုပ်မိသော်လည်း ဝင်္ကပါအကြီးအကဲကမူ သူ့ကိုပြဿနာရှာလာသည်။
ထိုအချိန်တွင် ဝူရှန်းရွာသူကြီးက ခပ်တိုးတိုးပြောလာသော စကားကို ကြားလိုက်ရသည်။
“ဒီလူက သူ့ရဲ့အရပ်ကြောင့် အခြားသူတွေ အကြည့်နဲ့ပတ်သတ်ပြီး တော်တော်လေးကို အထိမခံဖြစ်တယ်။ ဒါကြောင့် မင်းအနေနဲ့ သူနဲ့ပြန်ငြင်းဖို့မလိုဘူး”
ဝမ်ချောင်ကလည်း အံ့ဩသွားသည်။ ဝူရှန်းရွာသူကြီးက အသာပြုံးပြနေကြောင်းကိုလည်း မြင်လိုက်ရ၏။
“ကျန်းဝမ်ဖူ ဘာဖြစ်လို့လဲ။ ဒီတာဝန်က အရမ်းအန္တရာယ်များတယ်လို့ ငါပြောထားတယ် မဟုတ်ဘူးလား။ ဒါတောင်မှမင်းက ဒီကြည့်ကောင်းရုံကလွဲပြီး ဘာမှအသုံးမကျတဲ့ကောင်ကို ခေါ်လာသေးတယ်။ ဒီနယ်မြေက အရမ်းအန္တရာယ်များတာ။ မင်းက အသက်(၁၉)နှစ်ထက်တောင် မကျော်လောက်သေးတဲ့ ကောင်စုတ်လေးတစ်ကောင်ကို ခေါ်လာတယ်ဟုတ်လား”
ဝင်္ကပါအကြီးအကဲက သူ၏ဒေါသများအား မိစ္ဆာဧကရာဇ် လူအိုကြီးမာန်အပေါ် ပုံချလေသည်။
“အစ်ကိုကျိုး နားလည်မှု မလွဲပါနဲ့။ ဒါက ညီငယ်ဝမ်ဖူရဲ့တပည့် အပြင်လူမဟုတ်ဘူး”
ဝူရှန်းရွာသူကြီးက ပြုံးသည်။
“တပည့်ဟုတ်လား”
ဝင်္ကပါအကြီးအကဲက ကျန်းဝမ်ဖူကို မှင်သက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ပေါက်ကွဲပြန်သည်။
“သူ့ရဲ့တပည့်ဆိုတော့ ဘယ်သူက ဂရုစိုက်လို့လဲ။ ငါက အဲ့ဒီတပည့်ပြီးတော့ ဘယ်တပည်ကိုမှ ဂရုမစိုက်တော့ဘူး။ ဒီအဘိုးကြီးက ခရီးတစ်ခုလုံး နောက်ကနေ အဆွဲခံရမဲ့ အနေအထားကို မလိုချင်ရုံပဲ။ မြန်မြန်လေး သူ့ကိုပြန်ပို့လိုက်တော့”