← Chapters

အခန်း (၁၃၄၆-၁၃၅၀)

Vol. 80 Ch. 1346-1450

အခန်း (၁၃၄၆-၁၃၅၀)

Vol. 80 Ch. 1346-1450

အခန်း(၁၃၄၆)

ထိုးဖောက်နိုင်စွမ်းအား ပြင်းထန်သောအချိန်

“ငါတို့ဘယ်လိုလုပ်ကြမလဲ ငါတို့ဘယ်လိုလုပ်ကြမလဲ... ငါတို့သူတို့ကို တားဖို့တောင် မတက်နိုင်ဘူးလေ။ ငါတို့တော့ အဆုံးသတ်ပြီထင်တယ်”

တောင်ထိပ်ပေါ်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်က အထက်တွင်ရှိသော ငရဲဆန်သည့် နဂါးနက်ကြီးကို ခေါင်းမော့ကြည့်ရင်း သူ၏နှလုံးသားက မီးတောက်လာသည်။ လက်ရှိအခြေအနေက အလွန်အမင်း အရေးပေါ်အခြေအနေ ဖြစ်နေလေပြီ။ တိုတောင်းသော ကာလအတောအတွင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် ငါးယောက်မှ ခြောက်ယောက်ခန့်ကို ယင်နက်ဘိုးဘေးက သတ်သွားပြီဖြစ်သည်။

အော့ရန်အကြီးအကဲကပင် ဒဏ်ရာရရှိထားလေရာ ကျန်သောသူများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

မည်သို့ပင်ဆိုစေ တစ်ဖက်သူသည် ယင်နက်ဘိုးဘေးဖြစ်နေသည်။ သူသည် ကိစ္စတိုင်းကို အမြစ်မှဆွဲနှုတ်တတ်ပြီး ဆိုးယုတ်သော သူများအတိုင်း လှုပ်ရှားချင်စိတ်ရှိသူဖြစ်လေသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရှိခဲ့သော ခေတ်ကာလအတောအတွင်းတွင် တစ်ဖက်သူကို ထိန်း၍ရသေးသည်။ သို့သော် ယခုအခါ မဟာမိတ်အရှင်အပြင် လူအနည်းစုကသာ ထိုသို့လုပ်နိုင်တော့သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်က သတိလက်လွတ် အော့ရန်ချန်းဟန်ကို လှည့်ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် အော့ရန်ချန်းဟန်၏ မျက်နှာဟာ ပို၍ပင် ဖျော့တော့လာပြီး ပို၍ပင် အကျည်းတန်လာကြောင်း မြင်လိုက်ရသည်။ တစ်ဖက်သူသည် အချိန်မရွေး လဲကျသွားနိုင်သည်။ အော့ရန်ချန်းဟန်က ယခုအချိန်ထိ တောင့်ခံနိုင်ရန်အတွက် အတက်နိုင်ဆုံး ကြိုးစားခဲ့ရပြီးလေပြီ။

“သခင်လေးချင်းယန် နင် အကြီးအကဲအဖွဲ့ကို ကူညီပေးဖို့အတွက် တောင်းဆိုလို့ရမလား”

ဝမ်ချောင်က သူ၏နားနားကပ်လျှက် ပြောလိုက်သောစကားကို ကြားသောအခါ ဘေးဘက်ရှိ စုန့်ယို့ရန်ကို လှည့်ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းက စိုးရိမ်မှုဖြင့် တောက်ပနေသည်။ သူမ၏အသံက ရေနစ်နေချိန်တွင် ဖမ်းကိုင်ရန် တစ်စုံတစ်ရာကို ရှာတွေ့သွားသော လူတစ်ယောက်ကဲ့သို့ မျှော်လင့်ချက်များကို သယ်ဆောင်ထားသည်။

“ယင်နက်ဘိုးဘေးက ဆိုးယုတ်မှုအမျိုးမျိုးကို လုပ်ချင်စိတ်ရှိတယ်။ ဘိုးဘေးငါးယောက် မဟာမိတ်နဲ့ ငါတို့က မီးနဲ့ရေလိုမျိုး တည်ရှိနေတာဆိုတော့ သူငါတို့ကို ထွက်ပြေးခွင့်ပေးမှာမဟုတ်ဘူး”

တိုက်ပွဲနယ်မြေတစ်ခုလုံးတွင် တောင်ထိပ်ပေါ်မှ တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်နိုင်သော တစ်ဦးတည်းသောသူက ထိုသခင်လေးချင်းယန်ဖြစ်သည်။ သူဟာလူတိုင်း၏ မျှော်လင့်ချက်ဖြစ်သည်။

ဝှစ်

သူ၏ပတ်ပတ်လည်မှ လေပြင်းက ဟိန်းဟောက်နေပြီး တိုက်ခိုက်သံများက နားအတွင်း ပြည့်နှက်နေသည်။ ဝမ်ချောင်က ကျောဘက်သို့ လက်များပို့လျှက် ရပ်နေကာ မိုးပြာရောင်ဝတ်စုံက လေတွင်လွင့်နေလေသည်။ သူ၏ ယင်နက်ဘိုးဘေးနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များကို ကြည့်သောအကြည့်က စူးရှပြီး မျက်ဝန်းက တောက်ပသွားသည်။

ဝမ်ချောင်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်း ဝင်ရောက်စွက်ဖက်လိုစိတ် မရှိချေ။ သူက သူကိုယ်တိုင်အကြောင်း ဖော်ထုတ်ပြသချင်ရင် ယခုအခါ အကောင်းဆုံးအချိန်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က စီနီယာဖြစ်သူထံ လာရောက်ကြခြင်းဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးတို့က သူတု့ိကြားတွင် ရန်ငြိုးရှိနေသေးသည်။ ထို့ကြောင့် ထိုအဖွဲ့အစည်းဘက်မှ လူနည်းသွားလျှင် ပိုကောင်းပေလိမ့်မည်။ သု့ိရာတွင်...

ဝမ်ချောင်က ယင်နက်ဘိုးဘေး၏ နဂါးနက်ပုံသဏ္ဍန်ကို ပြန်ကြည့်လိုက်သည်။ အပေါ်ယံတွင် ထိုယင်နက်ဘိုးဘေး၏ နဂါးက အသက်ဝင်လွန်းသည်ဟု ထင်ရပြီး အစစ်အမှန်နဂါးနှင့် ခွဲခြားနိုင်ရန် ခက်ခဲလွန်းသည်။ ဝမ်ချောင်ကလည်း သူ၏ တောက်လောင်နေသော ကြေးခွံများနှင့် နဂါးအမွှေးများကပင် လေတွင်ကခုန်နေကြောင်း မြင်နိုင်သေးသည်။

ဒါပေမဲ့ ဒီယင်နက်ဘိုးဘေးက ကောင်းတာတော့လည်း မဟုတ်ပါဘူး။

ဝမ်ချောင်က သူ့ကိုယ်သူ သတိပေးသည်။

ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းလျှောက်သော လူများကသာ ဆရာဖြစ်သူကို ပိတ်လှောင်ခဲ့ကြခြင်း မဟုတ်ပေ။ မိစ္ဆာလမ်းစဉ်လျှောက်သော လူများထဲမှ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော လူများနှင့် အင်အားကြီးမားသော ပုဂ္ဂိုလ်များအားလုံးအပြင် ထိုယင်နက်ဘိုးဘေးကပင် ပါဝင်ခဲ့ဖူးလေသည်။ သူက ဆရာဖြစ်သူကိုရင်ဆိုင်ရာတွင် ထူးခြားသောကဏ္ဍတစ်ခုမှ ပါဝင်ခဲ့၏။

“ကောင်းပြီ”

ထိုအတွေးတစ်ခုက သူ၏စိတ်အတွင်း ဖြတ်ပြေးသွားချိန်တွင် ဝမ်ချောင်က ခပ်မြန်မြန် သဘောတူလိုက်သည်။ သူ၏အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်မှုနှင့်အတူ သူသည် တောင်ထိပ်ကို ဝိုင်းနေသော ဖုန်များရှိရာဘက်သို့ စတင်ကာ ဦးတည်လိုက်သည်။ ထိုနေရာက အကြမ်းတမ်းဆုံးနှင့် အန္တရာယ်အများဆုံးတိုက်ပွဲ ဖြစ်ပွားရာနေရာဖြစ်သည်။

သူ၏အနောက်ဘက်မှ စုန့်ယို့ရန်က သူမ၏ဒဏ်ရာများကို ဖိနှိပ်ထားရင်း စုန့်ကြွယ်နှင့်အတူ နောက်မှလိုက်လာသည်။ ဝမ်ချောင်က တောင်ထိပ်နှင့် ခြေလှမ်းတစ်ရာအကွာတွင် ရပ်တန့်လိုက်ရင်း တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်လေ့လာသည်။ သခင်လေးချင်းယန်ဆိုသော နာမည်က လောကအနှံ့ ပျံ့နှံ့နေခဲ့သော်လည်း တစ်ဖက်သူဟာ အကြီးအကဲအဖွဲ့ကို ကူညီနိုင်စွမ်းရှိမရှိကိုမူ စုန့်ယို့ရန်အနေဖြင့် မသေချာပေ။

ဝမ်ချောင်က ထိုနဂါးနက်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် တွန်းအားပေးနေကြောင်းကို ကြည့်နေရင်း သူ၏စိတ်အတွင်း အမျိုးမျိုးသော အတွေးများက ပျံ့နှံ့သွားသည်။

ဒီကောင်က ငါနဲ့တောင် ယှဉ်နိုင်လောက်တယ်။

ယင်နက်ဘိုးဘေးသည် မတည်မြဲခြင်းဗိုလ်ချုပ်နက်နှင့် ခြားနားသည်။ သူ၏သိုင်းပညာက နက်နဲသော အဆင့်သို့ ရောက်ရှိနေပြီး လေးစားဖွယ်ကောင်းသော အနေအထားမျိုးတွင်ဖြစ်သည်။ ထိုအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များ၏ ပြစ်ချက်ကို ရှာဖွေရခြင်းက အထူးတလည် ခက်ခဲသည်။

ပို၍ဆိုးသည်မှာ ယင်နက်ဘိုးဘေးသည် နဂါးနက်ပုံသဏ္ဍန်ကို ယူထားသည်။ ထိုပုံသဏ္ဍန်က အားနည်းချက်များကို ပို၍ပင် သေးငယ်သွားစေသေးသည်။ ထိုဝမ်ချောင်သည်ပင် သူ၏အစစ်အမှန် နောက်ခံကို ဖော်ထုတ်ပြီး တိုက်ပွဲထဲ မဝင်ရောက်သမျှ ယင်နက်ဘိုးဘေးကို ခြိမ်းခြောက်ရန် အလွန်အမင်း ခက်ခဲသည်။

သို့သော် ဝမ်ချောင်တွင် ယင်နက်ဘိုးဘေးကို ရင်ဆိုင်ရန် အသုံးပြုနိုင်သည့် အခြားသောနည်းလမ်းတစ်ခု ရှိနေသေးသည်။ ဒါက စွမ်းအင်လောကဖြစ်သည်။

ဝုန်း

ဝမ်ချောင်၏မျက်လုံးက လေးနက်သွားသည်။ ထို့နောက် သူ၏အရှေ့မှ မြင်ကွင်းက အခြားလောကတစ်ခုမှ ကြည့်ရှု့ရသလို ရှု့ထောင့်ပြောင်းလဲသွားသည်။ ထိုလောကအတွင်းမှ အရာအားလုံးက ပျောက်ကွယ်သွားပြီး လောကတခွင် ပျံ့နှံ့ထိုးထွက်နေသော အဆုံးအစမဲ့သည့် စွမ်းအင်များသာ ကျန်ရစ်ခဲ့သည်။

ယင်နက်ဘိုးဘေးကလည်း ပျောက်ကွယ်သွားသည်။ ကျယ်ပြောပြီး ထိုးတက်နေသော စွမ်းအင်အားလှိုင်းများအကြား ကောင်းကင်အနှံ့ ပျံ့နှံ့နေသည့် ကြီးမားသော အနက်ရောင်ထုထည်ကြီးသာ တည်ရှိတော့သည်။

ထိုစွမ်းအားထုထည်ကြီးသည် ကြမ်းတမ်းပြီး လှည့်ကွက်များကို ပိုင်ဆိုင်ထားသည်။ ထိုအရာက တွင်းနက်ကြီးတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို စုပ်ယူထားသည်။

ထိုအရာက ယင်နက်ဘိုးဘေး၏ ဝမ်ချောင်၏မျက်လုံးထဲတွင် ပေါ်နေသောပုံစံဖြစ်သည်။ သူသည် အရာအားလုံးကို ဝါးမြိုနိုင်သည့် အဆုံးအစမဲ့သည့် တွင်းနက်ကြီးနှင့်တူသည်။

သူ၏ပတ်ပတ်လည်တွင် မြောက်များလှစွာသော အင်အားကြီး စွမ်းအင်လှိုင်းပေါင်းများစွာ ရှိနေလေပြီး ယင်နက်ဘိုးဘေး၏ စွမ်းအင်ထုထည်ကြီးနှင့် ဆက်တိုက်ဆိုသလို တွေ့ကြုံနေသည်။ သို့သော် ယခုလို ထိပ်တိုက်တွေ့ဆုံသည့် အချိန်တိုင်းလိုလို ထိုအရာများက လေထန်နေသော နေရာအတောအတွင်း မှိတ်တုပ်မှိတ်တုပ် ဖြစ်နေသော ဖယောင်းတိုင်များကဲ့သို့ ဖြစ်နေသည်။ ထိုတိုင်းဆက်ဖြစ်နေပါက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အဖွဲ့ဝင်များက သိပ်မကြာခင် ရှုံးသွားရပေမည်။

မလုံလောက်သေးဘူး။

ဝမ်ချောင်က သူ့ကိုယ်သူပြောသည်။ သူက မျက်တောင်တစ်ချက် ခတ်လိုက်ရင်း သူ၏အရှေ့မှ လောကက ပေါ်၍ပင် ကြည်လင်လာသည်။

ထိုအရာက ဝမ်ချောင် တာလာ့၏တိုက်ပွဲမှ ပြန်လာပြီးနောက် ပြောင်းလဲလာသော အနေအထားမျိုးဖြစ်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ချွီထေပါး သိမ်မွေ့နယ်မြေအဆင့်သို့ ဝင်ရောက်သွားခြင်းကို မျက်မြင်တွေ့ကြုံခဲ့ကြပြီး အကျိုးကျေးဇူးကို ရရှိခဲ့ကြသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း အကျိုးကျေးဇူးအများကြီး ရရှိခဲ့၏။ အကြီးမားဆုံး အကျိုးအမြတ်ကမူ သူ၏ အထိမခံနိုင်သော စွမ်းရည်က ပို၍မြင့်မားလာပြီး အမျိုးမျိုးသော စွမ်းအင်များနှင့်ပတ်သတ်ပြီး သိမြင်နိုင်စွမ်းရည်ကလည်း တိုးတက်လာသည်။

ဝမ်ချောင်၏အမြင်တွင် အရာအားလုံးက ပို၍ပင်ကြည်လင်သွားပြီး ပို၍ပင် အသေးစိတ်ကျလာသည်။ ထိုအတွက်ကြောင့် တောင်ထိပ်ပေါ်မှ စွမ်းအင်ထုထည်ကြီးကလည်း အလားတူဖြစ်သည်။ ထိုစွမ်းအင်ထုထည်ကြီးသည် နဂါးအသွင် ပြောင်းလဲသွားသည်။ ဝမ်ချောင်က ထိုအကောင်ကြီးအတွင်းမှ စီးဝင်လျှက် လည်ပတ်ကာ စီးဆင်းနေသော စွမ်းအင်ထောင်ပေါင်းများစွာကိုပင် မြင်နိုင်သည်။

ယင်နက်ဘိုးဘေး၏ နဂါးပုံသဏ္ဍန်၏ ရှုပ်ထွေးမှုကြောင့် ဝမ်ချောင်ကပင် သက်ပြင်းချကာ ချီးကျူးမိလေသည်။ နှာခေါင်းမွှေး၊ ကြေးခွံ၊ အမြှီး စသဖြင့် အရာအားလုံးက ကြယ်တာရာစွမ်းအင်များ စီးဆင်းနေသည်။ ကြယ်တာရာစွမ်းအင်ကို ထိန်းချုပ်ရာတွင် အဆင့်လွန် ကျွမ်းကျင်သော ဆရာသခင်တစ်ယောက်ကသာ ထိုသို့လုပ်နိုင်လောက်သည်။

ထိုနယ်ပယ်ဘက်တွင် ကြည့်ရှု့ပါက ယင်နက်ဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်က သိုင်းပညာရှင် အများစုကို ကျော်လွန်နေပြီးကြောင်း သိနိုင်သည်။ ထိုသို့ဖြစ်နေခဲ့သည့်တိုင်အောင် ဝမ်ချောင်ကမူ တည်ငြိမ်စွာနှင့် တုန်လှုပ်သွားခြင်းမရှိပေ။

သိုင်းပညာရှင်တိုင်းမှာ အားနည်းချက်တစ်ခုတော့ ရှိတာပဲ။ ဒီယင်နက်ဘိုးဘေးကလည်း ချွင်းချက်မရှိလောက်ဘူး။

ဝမ်ချောင်က သူ့ကိုယ်သူပြောသည်။ သူ၏ထက်ရှသော အကြည့်က ထိုယင်နက်ဘိုးဘေး၏ အပြင်ဘက်ခြမ်းရှိ စွမ်းအင်များ စီးဆင်းနေသော နေရာပေါ် ခပ်မြန်မြန် အာရုံစိုက်လိုက်သည်။

ယင်နက်ဘိုးဘေး၏ စွမ်းအင်များက မုန်တိုင်းနှင့်တူသည်။ ကြမ်းတမ်းသော်လည်း အစီအစဉ်တကျ ရှိနေသေး၏။ လောက၏ စွမ်းအင်များအတွင်းတွင်ပင် ဝမ်ချောင်က သိသာသောပြစ်ချက်ကို မမြင်ရပေ။

ဝမ်ချောင်သည်လည်း သိုင်းပညာရှင်များ၏ လောကက ဖော်ပြရန်ခက်ခဲလောက်အောင် ကျွမ်းကျင်လွန်းသူ၊ အင်အားကြီးမားလွန်းသူများ ပြည့်နက်နေသေးကြောင်း သတိထားမိပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူကို ကိုင်တွယ်ရန် ရိုးရှင်းသောနည်းလမ်း မရှိပါပေ။

“သခင်လေးချင်းယန် ဘယ်လိုလဲ”

သူ၏ဘေးဘက်မှ စိုးရိမ်တကြီးဖြစ်နေသည့် စုန့်ယို့ရန်၏အသံက ထွက်လာသည်။

ဝမ်ချောင်က ဘာစကားမှမပြောလေဘဲ တောင်ထိပ်ကိုသာ စိုက်ကြည့်နေသည်။

တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေသေးသည်။ ယင်နက်ဘိုးဘေး၏ ကြမ်းတမ်းသော ရယ်သံများက တစ်လောကလုံးအနှံ့ ပျံ့နှံ့နေသလို ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားပေါင်း များစွာက ကျရှုံးလာကြသည်။ ယင်နက်ဘိုးဘေး တစ်ယောက်တည်းကတင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အင်အားစုအများစုကို ဖိနှိပ်ထားရန် လုံလောက်နေပြီဖြစ်သည်။

တောင်ထိပ်မှ ကြမ်းတမ်းသောလေပြင်းက ဖြတ်တိုက်ဆင်းချလာသောအခါ ဝမ်ချောင်၏ မျက်လုံးက ယင်နက်ဘိုးဘေးထံတွင်သာ ရှိနေသေးပြီး ဝမ်ချောင်၏စိတ်အတွင်း ကြယ်တာရာစွမ်းအင် အပြောင်းအလဲတိုင်းက ထင်ဟပ်နေသည်။

“တွေ့ပြီ”

အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က ယင်နက်ဘိုးဘေးခန္ဓာကိုယ်မှ တစ်နေရာကို စိုက်ကြည့်လိုက်ရင်း သူ၏မျက်ဝန်းက တောက်ပသွားလေသည်။

ထိုနေရာက လက်သည်းခွံအရွယ်အစားခန့်သာရှိသော အနက်ရောင်အစက်လေးဖြစ်ပြီး ယင်နက်ဘိုးဘေး၏ ဆိုးယုတ်သောစွမ်းအင်များက ကောင်းမွန်စွာ ဖုံးကွယ်ပေးထားလေသည်။ ဝမ်ချောင်ကပင် အချိန်တစ်ခုကြာ ယူပြီးမှသာ ထိုနေရာကို သတိထားမိလေသည်။

လက်သည်းခွံအရွယ်အစားခန့်ရှိသော အနက်ရောင် အစက်လေးက မူလကမူ ယင်နက်ဘိုးဘေး၏ ခန္ဓာကိုယ်အတွင်းမှ နက်ရှိုင်းစွာ ဖုံးကွယ်ခြင်းကို ခံလိုက်ရသည်။ သို့သော် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ကြယ်တာရာစွမ်းအင်များက စီးဆင်းနေသည့်အလျောက် ထိုအစက်လေးကလည်း တဖြည်းဖြည်းချင်းစီ အပေါ်ယံသို့တက်လာရသည်။ သာမာန်သိုင်းပညာရှင်များဆိုလျှင် ထိုသေးငယ်သော အလှည့်အပြောင်းကို သတိမထားမိလောက်ပေ။ သို့သော် ဝမ်ချောင်၏ မျက်လုံးထဲတွင်မူ ထိုအစက်ဟာ မီးတောက်အလား တောက်ပထင်ရှားလွန်းနေသေးပြန်သည်။

ဒါက အသက်ကြီးလာတော့ ဒီလိုလျို့ဝှက်ဒဏ်ရာမျိုးက ဖြစ်လာတတ်ပါတယ်။ ယင်နက်ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးနေတာ။ နောက်ပြီးသူ့ရဲ့ ငယ်ရွယ်စဉ်ဘဝမှာလည်း ဒဏ်ရာအများကြီး ရခဲ့ဖူးမှာပဲ။ ဒီဒဏ်ရာတွေက ခန္ဓာကိုယ်ထဲမှာ တည်ဆောက်ထားသလို ဖြစ်နေပြီ။ ဒဏ်ရာအများစုက သူ့ရဲ့ ပြင်းထန်သိပ်သည်းလွန်းတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အဆင်ပြေပြေ ရှိနေကြတယ်။ ဒါပေမဲ့ ဒီဒဏ်ရာတွေက ရိုးရှင်းစွာပဲ များပြားလွန်းနေတယ်။ ယင်နက်ဘိုးဘေးလို ကျင့်ကြံခြင်းအဆင့်မှာရှိတဲ့ လူမျိုးကတောင်မှ အားလုံးကို မဖြေရှင်းနိုင်ဘူး။

ပုန်းကွယ်နေသော ဒဏ်ရာများဟာ သူ့အလိုလို ပေါ်ထွက်လျှက် သက်ရောက်မှုကိုယူခဲသည်။ သို့သော် တစ်စုံတစ်ယောက်က အင်အားကြီးမားလွန်းသောရန်သူ သို့မဟုတ် ကြမ်းတမ်းလွန်းသောတိုက်ပွဲတွင် ရင်ဆိုင်ရပြီး သူတို့၏ကြယ်တာရာစွမ်းအင်ကို အကန့်အသတ်သို့ တွန်းပို့ခံရလာသော ထိုဒဏ်ရာများက အလိုအလျောက်ပင် ပေါ်ထွက်လျှက် ကြယ်တာရာစွမ်းအင် စီးဆင်းမှုကို သက်ရောက်ပေလိမ့်မည်။

သို့ရာတွင် ယင်နက်ဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းအားကြီးသောကြောင့် သာမာန် သိုင်းပညာရှင်များအတွက်မူ အသုံးမဝင်ဖြစ်လောက်မည့် အားနည်းချက်မျိုးကို သတိထားမိရန် ခက်ခဲလွန်းနေလေသည်။ သို့သော် ထိုအခြေအနေက ဝမ်ချောင်အတွက်မူ ပြော၍မရချေ။

“စုန့်ယို့ရန် ငါ့စကားကိုနားထောင် အခုချက်ချင်း ဓား(၁၆)လက်ဝင်္ကပါကို ယူလာခဲ့”

ဝမ်ချောင်က တောင်ထိပ်ကိုကြည့်ရင်းပြောသည်။

“စုန့်ကြွယ် အမိန့်ကိုနာခံ ဓားဝင်္ကပါတွေအားလုံးကို ခေါ်လာခဲ့”

စုန့်ယို့ရန်က ချက်ချင်းပြောသည်။

တောင်ထိပ်ကကျသွားသည်နှင့် လူတိုင်းကိုစောင့်ကြိုနေသည်မှာ သေဆုံးခြင်းနှင့် အရှုံးဖြစ်သည်။ ယင်နက်ဘိုးဘေး၏ လုပ်လေ့လုပ်ထရှိသော အပြုအမူများအရ ဒီနေရာတွင်ရှိသော တပည့်ဂိုဏ်းသား ကိုးဆယ်ရာခိုင်နှုန်းခန့်က သေချာပေါက် သေပေလိမ့်မည်။

တောင်ခြေမှ တိုက်ပွဲက ပြင်းထန်နေသည်။ သို့သော် ဓား(၁၆)လက်ဝင်္ကပါကမူ ချက်ချင်းလိုလို ရောက်ရှိလာသည်။ လူတိုင်းက ဝမ်ချောင်၏အမိန့်ကို စောင့်နေရင်း လေထုအတွင်းရှိ တင်းအားက ပြင်းထန်လာသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ တောင်ထိပ်ကတိုက်ပွဲက အရေးအကြီးဆုံးပဲ။ ဒါပေမဲ့ ငါတို့က အထောက်အပံ့တွေကိုပဲ လုပ်ဖို့လိုအပ်တာ။ ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူကမှ ယင်နက်ဘိုးဘေးကို တိုက်ရိုက်မတိုက်ခိုက်နဲ့”

ဝမ်ချောင်က တင်းမာစွာပြောသည်။

ဝေါင်း

တောင်ထိပ်ထံမှ နောက်ထပ် သားရဲအော်သံ တစ်သံက ထွက်လာပြန်သည်။ ယင်နက်ဘိုးဘေး၏ ကြီးမားသော လက်သည်းကြီးက အောက်သို့ဖိချလာ၏။ တောင်တစ်ခုလုံးက တုန်ခါသွားပြီး ဖုန်မှုန့်များက လေထဲသို့ မြောက်တက်လာသည်။

“စ”

ဝမ်ချောင်၏မျက်လုံးက တောက်ပစွာနှင့် အမိန့်ကိုပေးလိုက်သည်။

ဓား(၁၆)လက်ဝင်္ကပါက ဝမ်ချောင်၏အမိန့်အတိုင်း နာခံစွာနှင့် စတင်သည်။ သူတို့သည် အချင်းချင်း ခြေဆယ်လှမ်းခန့်အကွာ ခြားထားကြရင်း z ပုံသဏ္ဍန် အနေအထားမျိုးနှင့် တောင်ပေါ်သို့တက်ကြသည်။

ဘန်း

ဓားဝင်္ကပါတစ်ခုက တဖြည်းဖြည်းချင်းစီ လှုပ်ရှားနေရာမှ ယင်နက်ဘိုးဘေး၏ စွမ်းအင်လှိုင်းများတစ်တန်းကို ခံလိုက်ရရင်း ပြိုကွဲသွားသည်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားတစ်စုက တောင်ထိပ်သို့ အောင်မြင်စွာရောက်သွားသည်။

“သတ်”

ကောင်းကင်ကိုပင် တုန်ခါစေသော အော်သံမျိုးနှင့်အတူ ထိုဓားဝင်္ကပါများက ယင်နက်ဘိုးဘေး၏ အနားသို့ ချဉ်းကပ်သွားသည်။

“ဟွန်း အသုံးမကျတဲ့ လှည့်ကွက်တွေ”

ယင်နက်ဘိုးဘေးကမူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကို တစ်ချက်သာကြည့်လိုက်ပြီး သူ၏မျက်ဝန်းက အထင်သေးမှုဖြင့် တောက်လောင်လာသည်။ ပိုးစုန်းကြူးများ၏ အလင်းရောင်လောက်က လအလင်းရောင်ကို ယှဉ်ရဲသည်။

သူသည် တစ်ချက်ပင် မတွေးတော့လေဘဲ ထိုဓားဝင်္ကပါများထံ စွမ်းအားလုံးတစ်လုံးကိုသာ ပစ်ထည့်လိုက်လေသည်။

အခန်း(၁၃၄၇)

ပုရွက်ဆိတ်ပေါင်းများစွာက နဂါးကိုဝိုင်းကြိတ်ခြင်း

တောင်ထိပ်ပေါ်တွင်ရှိသော လူများထံမှ အလန့်တကြား အော်ဟစ်သံများက ထွက်လာသည်။ အချို့သော တပည့်ဂိုဏ်းသားများကဆိုလျှင် စတင်ကာ နောက်ဆုတ်နေကြပြီဖြစ်သည်။ ဝမ်ချောင်ကသာ တည်ငြိမ်နေ၏။

“ခန်းနေရာ နဂါးခန္ဓာကိုယ် ဆယ်လက်မ”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

ဘန်း

နဂါး၏ခန္ဓာကိုယ်သို့ အနည်းဆုံး ဓားဝင်္ကပါ သုံးခုခန့်က တိုက်ခိုက်လိုက်ချိန်တွင် မိုးခြိမ်းတမျှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာသည်။

ယင်နက်ဘိုးဘေးသည် အော့ရန်ချန်းဟန်ကိုသာ တိုက်ခိုက်ရန် အာရုံစိုက်ထားခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏မျက်နှာက ဖြူဖျော့သွားသည်။

“လီနှစ်ရာ နဂါးခန္ဓာကိုယ် လေးလက်မ”

ထိုသို့ဖြင့် ဓားဝင်္ကပါလေးခုကလည်း နို့နှစ်ဖြူရောင် ဓားချီအလင်းတန်းပေါင်း များစွာကို လွှတ်ထုတ်လျှက် နဂါးခန္ဓာကိုယ်၏ အခြားတစ်နေရာသို့ သွားကြပြန်သည်။

“ကျန်းနေရာ နဂါးခန္ဓာကိုယ် ကိုးလက်မ”

“သွမ်နေရာ နဂါးခန္ဓာကိုယ် နှစ်လက်မ”

“ချန်နေရာ နဂါးခန္ဓာကိုယ် ခြောက်လက်မ”

လေကသူ့ကို ဖြတ်တိုက်နေချိန်တွင် ဝမ်ချောင်ဟာ နဂါးနက်ခန္ဓာကိုယ်ပေါ်တွင်ရှိသော လက်သည်းခွံ အရွယ်အစားမျှသာရှိသည့် အစက်လေးကိုသာ အာရုံစိုက်ထားလေသည်။

ထိုအစက်လေးက ရွေ့သမျှ ဝမ်ချောင်က ဓားဝင်္ကပါ (၁၆)ခုလုံးကိုသုံးပြီး တိုက်ခိုက်ခိုင်းလေသည်။

ယင်နက်ဘိုးဘေးသည် မူလကမူ ထိုဝင်္ကပါများကို အာရုံပင်မစိုက်ချေ။ သို့သော် တဖြည်းဖြည်းချင်းစီ သူ၏အမူအရာဟာ ပြင်းထန်လာသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများသည် သူ၏ကြယ်တာရာ စွမ်းအင်များ၏ အားအနည်းဆုံးနေရာကို တိုက်ခိုက်သထက် တိုက်ခိုက်နေခြင်းက သူ့အား အာရုံနောက်အောင် လုပ်နေသည်ထက်မပိုချေ။ သာမာန်အခြေအနေမျိုးတွင် ယင်နက်ဘိုးဘေးအနေဖြင့် ဂရုစိုက်ခဲလောက်သည်။ သို့သော် သူ၏အားနည်းသော နေရာများကို ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရခြင်းက သူ၏ကြယ်တာရာ စွမ်းအင်များကိုလည်း ကုန်ဆုံးစေလေသည်။ ပို၍အရေးကြီးသည်မှာ ထိုတိုက်ကွက်များက သူ၏ခန္ဓာကိုယ်၏ စွမ်းအားစီးဆင်းပုံကိုပင် တဖြည်းဖြည်းချင်းစီ သက်ရောက်လာသည်။

ထိုသက်ရောက်မှုများက အချိန်ကြာလာသည်နှင့်အမျှ ပို၍သိသာလာသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သူသည်ပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများက သူ၏ကြယ်တာရာစွမ်းအင်များကို စုတ်ဖြဲထုတ်ရင်း တိုက်ခိုက်နေသလိုမျိုး ခံစားနေရသည်။ ယင်နက်ဘိုးဘေးက အံ့ကိုကြိတ်ရင်း သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာသည်။

သူ့အနေဖြင့် ယခုတစ်ကြိမ်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်ပေ။ အတိတ်တွင် ယခုထက်ပို၍များပြားသော တပည့်ဂိုဏ်းသားများ ရှိနေသော အခိုက်အတန့်မျိုးတွင်ပင် သူတို့ကသူ့ကို မခြိမ်းခြောက်နိုင်ခဲ့ပါပေ။

သို့သော် ဒီတစ်ကြိမ်တွင်မူ ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများက အလုံးစုံ ပြောင်းလဲနေသည်။ အရေအတွက်က ပိုနည်းပြီး ဓားဝင်္ကပါက ပိုနည်းနေသေးသော်လည်း ထိုဝင်္ကပါများ၏ တိုက်ကွက်မှ သက်ရောက်မှုကတင် အရင်တိုက်ပွဲတိုင်းကို ကျော်နိုင်နေသည်။

“ကောင်စုတ်လေး”

ယင်နက်ဘိုးဘေး၏ နဂါးမျက်လုံးက တိုက်ပွဲနယ်မြေတစ်ခုလုံးကို အကဲခတ်ကြည့်ရင်း ဝမ်ချောင်ကို ခပ်မြန်မြန် တွေ့သွားသည်။

“မင်းက သေချင်နေတာပဲ”

ဝုန်း

ထိတွေ့ကိုင်တွယ်လုနီးပါး ပြင်းထန်သိပ်သည်းသော စိတ်စွမ်းအားများက လေထုကို ထိုးခွဲလျှက် ဝမ်ချောင်ကို ပိတ်လှောင်လိုက်သည်။

“ဟွန်း ပြောင်မြောက်တဲ့ အခွင့်အရေး”

အော့ရန်ချန်းအနေဖြင့် ယင်နက်ဘိုးဘေးတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မသိရန် ခက်ခဲလေသည်။ သူသည် အရှုံးကို လက်ခံရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော်ယခုမူ ဓားဝင်္ကပါ (၁၆)ခုက ယင်နက်ဘိုးဘေး၏ အာရုံစိုက်မှု လေးဆယ်ရာခိုင်နှုန်းခန့်ကို ဆွဲဆောင်သွားသည်။

သူတို့၏တိုက်ကွက်များက ယင်နက်ဘိုးဘေး၏ ကြယ်တာရာစွမ်းအင်ပေါ်လည်း သက်ရောက်မှုရှိပုံရပြီး ထိုစွမ်းအားများအား မတည်မငြိမ် စီးဆင်းစေသည်။ ဒီအဆင့် တိုက်ပွဲမျိုးတွင် အရာရာတိုင်းက သေစေနိုင်လောက်သည်။

“အားလုံးပဲ အမိန့်ကိုနာခံကြ ယင်နက်ဘိုးဘေးကိုဝိုင်းထား သူ့ကို မထွက်သွားစေနဲ့”

အော့ရန်ချန်းကအော်သည်။ သူသည် တဖန်ထပ်ပြီး သူ၏စွမ်းအားများကို စုစည်းလျှက် ကြီးမားသော အနက်ရောင်ချီလင်းပုံသဏ္ဍန်ကို အရယူလိုက်သည်။ ထိုစွမ်းအားများက ဖြောင့်မတ်မှန်ကန်ကာ ကျယ်ပြောသည်။

ဘုန်း

ချီလင်းက လေထဲသို့ ထိုးတက်သွားချိန်တွင် ယင်နက်ဘိုးဘေးထံ ဝင်ရောက်သွားသည်။

“အနက်ရောင်ချီလင်းက ကောင်းကင်ပေါ်ကနေ ဆင်းသက်မယ်”

ထိုးထွက်လာသော စွမ်းအင်လုံးကြီးက အားလှိုင်းများကဲ့သို့ လေထုကိုပင် လှိုင်းများထစေရင်း ကြီးမားလွန်းသော ချီလင်းလက်သည်းကြီးအသွင် ပြောင်းလဲလိုက်ကာ ယင်နက်ဘိုးဘေးကို ရိုက်ချလိုက်သည်။

ဘုန်း ဘုန်း

တောင်ထိပ်က ဖုန်မှုန့်များ လွှမ်းသွားပြန်သည်။ ကြယ်တာရာစွမ်းအင် ထိပ်တိုက်တွေ့ဆုံမှုများကြောင့် လေထုဟာ တဝီဝီပင်မြည်နေသေးသလို တိုက်ပွဲအော်သံများကလည်း ပြည့်နှက်လာသည်။ တိုက်ပွဲက ယခင်ကထက် ပို၍ပင် ပြင်းထန်လာသေးသည်။

တိုက်ပွဲကြောင့်ဖြစ်သော လေပြင်းများက ဆင်ခြေလျောတောက်လျှောက် ဆင်းသက်သွားပြီး ဝမ်ချောင်၏ ဆံပင်ကို လေတွင်ကခုန်နေစေသည်။

“စုန့်ယို့ရန် မင်းတို့ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့က အသုံးပြုနိုင်တဲ့ ဓားဝင်္ကပါတွေအားလုံး ငါ့ကိုပြောပြ မြန်မြန်”

ဝမ်ချောင်က တောင်ထိပ်သို့ စိုက်ကြည့်နေရင်း ဆက်ပြောလိုက်သည်။ စုန့်ယို့ရန်က ခေါင်းညိမ့်ရင်း အသုံးပြု၍ရသော ဓားဝင်္ကပါ နည်းလမ်းတိုင်းကို စာရင်းပြုစုပေးလိုက်သည်။

“ကျွဲနဲ့ထည် ဓားချီတက်ခြင်း၊ ပြိုင်ဘက်ကင်းဓားချီ၊ တောက်ပသော နေအလင်းရောင်၊ တောက်ပတဲ့ လမင်းက အရှေ့ဘက်က ထွက်ပေါ်လာပြီ၊ မှင်သက်ဖွယ်ကောင်းတဲ့ နေမင်းနဲ့လမင်း...”

စုန့်ယို့ရန်ကလည်း ဝမ်ချောင်က မည်သည့်အတွက်ကြောင့် ထိုအကြောင်းအရာကိုမေးကြောင်း မသိထားပေ။ ထိုသိုင်းများကို မကျင့်ကြံထားသောသူအနေဖြင့် ဒီသိုင်းများ၏ အရေးကြီးသော အချက်အလက်များကို နားလည်ရန် ခက်ခဲလောက်သည်။ သို့ရာတွင် ယခုလို အလျင်လိုနေသော အခိုက်အတန့်မျိုးတွင် စုန့်ယို့ရန်အနေဖြင့် ဝမ်ချောင်၏အမိန့်ကိုသာ လိုက်နာရုံရှိလေသည်။

“ယင်နက်ဘိုးဘေးက ပြန်လည်တိုက်ခိုက်မှုကို စတင်တော့မယ်ဆိုရင် စုန့်ယို့ရန်၊ စုန့်ကြွယ် လူတိုင်းကို ပေနှစ်ရာအကွာလောက်အထိ ဆုတ်ပြီး တိုက်ပွဲနယ်မြေကနေ အကွာအဝေးခြားခိုင်းလိုက်”

ဝမ်ချောင်၏အသံက ထပ်ထွက်လာပြီး ညွှန်ကြားမှုပေးသည်။ စုန့်ယို့ရန်၏ နှလုံးသားက တုန်ယင်သွားသည်။ အချို့သော အကြောင်းပြချက်များကြောင့် ဒီတခဏမှ သခင်လေးချင်းယန်သည် သူ၏အမိန့်ကို ငြင်းဆန်ရန် မဖြစ်နိုင်လောက်သော အဆင့်လွန် မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ အရှိန်အဝါကို လွှတ်ထုတ်ထားလေသည်။

စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့က နှစ်ယောက်လုံး နောက်သို့ဆုတ်လိုက်ကြရင်း ဝမ်ချောင်၏ ပတ်ပတ်လည်တွင် အကွာအဝေးကြီးတစ်ခုကို ခြားလိုက်သည်။

ထိုအချိန်တွင် တောင်ထိပ်ပေါ်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကလည်း ဝမ်ချောင်၏ အမိန့်အောက်တွင် တဖြည်းဖြည်းချင်းစီ အခြေအနေကို ပြောင်းလဲအောင် လုပ်နိုင်လာသည်။ အစပိုင်းတွင် ယင်နက်ဘိုးဘေးက ရပ်တန့်၍မရနိုင်အောင် ဖြစ်နေသေးသည်။ သို့သော် ယခုမူ သူသည် တဖြည်းဖြည်းချင်းစီ သူ၏အစွန်းကို ပြသလာသည်။ ထိုသု့ိဖြင့် ယင်နက်ဘိုးဘေးသည်လည်း စတင်ကာ ရုန်းကန်လာရ၏။ သူသည် အော့ရန်ချန်းဟန်ကို အရှေ့ဘက်မှ ရင်ဆိုင်ရန် လိုအပ်ရုံသာ မကသေးလေဘဲ ဓား(၁၆)လက်ဝင်္ကပါကိုလည်း ရင်ဆိုင်နေရသည်။

အခြားသော သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကလည်း သဲလွန်စများကို အမိအရ ဖမ်းယူလျှက် ဓားဝင်္ကပါ၏ နောက်မှလိုက်ကာ ယင်နက်ဘိုးဘေး၏ ကြယ်တာရာစွမ်းအင် အားအနည်းဆုံးနေရာကို တိုက်ခိုက်နေကြပြီဖြစ်သည်။ ထိုအခြေအနေက ယင်နက်ဘိုးဘေး၏ အခြေအနေကို ဆိုးသထက်ဆိုးလာစေသည်။ အော့ရန်ချန်းဟန်ကို သတ်ရန်မဆိုထားဘိ ယခုအခါ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဖိနှိပ်မှုကို ခံနေရပြီဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်အချိန်က ဒီဂိုဏ်းလောကမှာ ဒီအဆင့်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပေါ်လာရတာလဲ”

ယင်နက်ဘိုးဘေး၏စိတ်က မုန်တိုင်းထန်လာသည်။ သူ၏မျက်နှာကလည်း သရဲတစ်ကောင်ကို မြင်ရသလို ဖြစ်နေ၏။ မိစ္ဆာလမ်းစဉ်လျှောက်သော ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက်ဖြစ်သော ယင်နက်ဘိုးဘေးသည် ဂိုဏ်းလောကအတွင်းမှ ပုဂ္ဂိုလ်ကြီးများနှင့် မြင့်တက်လာသော ကြယ်စင်များကို သူ၏လက်ခုံအလား သိထားပြီးသားဖြစ်သည်။ သို့သော် တောင်ပေါ်မှ ထိုလူငယ်ကိုမူ မမြင်ဖူးပါချေ။

ပို၍ဆိုးသည်မှာ ယင်နက်ဘိုးဘေးကလည်း ထိုကောင်လေးသည် သူ၏ကြယ်တာရာစီးဆင်းပုံ လမ်းကြောင်းကို အနည်းနှင့်အများ ဖောက်မြင်နိုင်နေပြီး ဟာကွက်ကိုပင် သိနိုင်နေကြောင်း သတိထားမိလာသည်။ သိထားရမည်မှာ ထိုအားနည်းသောနေရာသည် ဆက်တိုက်ပြောင်းလဲနေပြီး ကြယ်တာရာစွမ်းအင် စီးကြောင်းအတိုင်း ရွေ့လျားနေခြင်းဖြစ်သည်။

သို့သော် ဝမ်ချောင်ကမူ ထိုအစက်လေးပေါ်လာမည့် နေရာတိုင်းကို သိနေပုံရသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများ တိုက်ခိုက်သော အရှိန်နှုန်းကိုပင် ကွက်တိ တွက်ချက်ပေးနေသေးသောကြောင့် သူတို့သည် သူ၏အားနည်းချက်ကို အကြိမ်တိုင်းလိုလိုရအောင် တိုက်ခိုက်နိုင်နေသည်။ ထိုအခြေအနေက သူ့ကို အထိတ်လန့်စေဆုံးဖြစ်သည်။

“ဒီဘိုးဘေးနဲ့ ရန်သူလုပ်ရဲတာက သေချင်နေလို့ပဲဖြစ်မယ်။ ဒီဘိုးဘေးက မင်းကိုအရင်သတ်မယ်။ အဲ့ဒီနောက်မှ အဲ့ဒီလူရမ်းကား အော့ရန်ချန်းဟန်နဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က တပည့်ဂိုဏ်းသားတွေ အားလုံးကိုသတ်မယ်”

ယင်နက်ဘိုးဘေးက မိုးပြာရောင်ဝတ်စုံနှင့် အောက်ဘက်မှ လူငယ်ကောင်စုတ်လေးကို သတ်ချင်စိတ် ပြင်းထန်စွာ ခံစားလိုက်ရသည်။

ခြိမ်း

တောင်ဟာ စတင်ကာ လှုပ်ခါသွားချိန်တွင် ထိုနဂါးနက်ကြီးက အနက်ရောင်ကြယ်တာရာ စွမ်းအင်များကို စစ်ထုတ်ရင်း အားလှိုင်းများနှင့်အတူ တောင်အောက်သို့ ဆင်းချလာသည်။

ထိုအနက်ရောင် စွမ်းအင်လှိုင်းများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ဆင်းသက်လာသော ဓားများကို စတင်ကာ သယ်ဆောင်လျှက် ဝမ်ချောင်ကို ဓားမိုးဖြင့် ပစ်လွှတ်လိုက်သည်။

စွစ်

ဓားတစ်လက်က အနက်ရောင်ဓားချီ အလင်းတန်းအသွင်ပြောင်းလျှက် မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ ဝမ်ချောင်ထံ စီးဝင်လိုက်သည်။ သို့သော် ဝမ်ချောင်ကမူ တည်ငြိမ်စွာနှင့် လှုပ်ရှားမှုကင်းမဲ့နေသည်။ သူဟာ ထိုအရာကိုလည်း ခန့်မှန်းမိပြီးထားသည့်အတိုင်း ဘေးဘက်ခြမ်းသို့ ခြေလှမ်းတစ်ဝက်ခန့်သာ ယူလိုက်ရုံနှင့် ထိုဓားဟာ သူ၏ဘယ်ဘက် ပါးဘက်မှကပ်လျှက် ဖြတ်ကျော်သွားစေလေသည်။

ဘုန်း

ထိုဓားသည် ဝမ်ချောင်၏အနောက်ဘက် ခြေခုနှစ်လှမ်း၊ ရှစ်လှမ်းခန့်အကွာသို့ ကျရောက်ပြီး ပေါက်ကွဲသွားသည်။ ဓားက သူ၏လက်ကိုင်ကို မြေပြင်သို့ ထိုးစိုက်သွားစေလေရင်း ကျောက်တုံးမိုးများကို ရွာသွန်းစေလေသည်။

စွစ် စွစ် စွစ်

အနောက်ဘက်မှ ဓားဆယ်လက်ခန့်ကလည်း ကပ်လိုက်ပါလာသေးသည်။ သို့ရာတွင် ဝမ်ချောင်ကမူ ကောင်းကင်ကိုသာကြည့်လျှက် ဟိုနေရာဒီနေရာသို့ ခြေလှမ်းလိုက်ရုံနှင့် ပထမဓားတစ်လှိုင်းကို အေးအေးဆေးဆေး ရှောင်ရှားလိုက်နိုင်သည်။

“သခင်လေးကိုကာကွယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ချက်ချင်းလိုလို တုန့်ပြန်ကြရင်း အမျိုးမျိုးသော ဓားမိုးများကို ကာပေးရန် ပြန်တက်လာကြသည်။ တောင်ထိပ်ပေါ်မှ ကျွမ်းကျင်ပညာရှင်များကလည်း အောက်ဘက်မှ ချောမောသော ကောင်လေးကြောင့်သာ ယခုလိုဖြစ်နေကြောင်း သတိထားမိသဖြင့် သူ့ကိုကာကွယ်ပေးကြလေသည်။

ဝမ်ချောင်က စိတ်ထဲတွင် ခေါင်းညိမ့်လိုက်မိသည်။ သူသည် ထိုတိုက်ကွက်များကို ရင်ဆိုင်ရန် လုံလောက်အောင် အင်အားကြီးသော်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့်ဆိုလျှင် သူ၏နောက်ခံကို ဖော်ထုတ်ရန် မလိုအပ်သေးပါပေ။

“ကန်းနေရာ နဂါးကိုယ် ခြောက်လက်မ”

“ရွှမ်နေရာ နဂါးကိုယ်ရှစ်လက်မ”

“လီနေရာ နဂါးခန္ဓာကိုယ် တစ်လက်မ”

ယင်နက်ဘိုးဘေး တိုက်ကွက်များက စူးရှပြီး ထိုးဖောက်နိုင်စွမ်းရည် ပြင်းထန်သော်လည်း ဝမ်ချောင်၏ ပြန်လည်တိုက်ခိုက်မှုကမူ ဖော်ပြရန်ခက်ခဲသော လျှင်မြန်မှုနှင့် ရောက်ရှိလာသည်။ ဝမ်ချောင်ကို ကြမ်းတမ်းသော တိုက်ပွဲကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းက ယင်နက်ဘိုးဘေးအတွက် သူ၏ အားနည်းချက်များကို ပို၍ပေါ်သွားစေသည်။ ထို့ကြောင့် ယခုအခါ ဝမ်ချောင်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကို တိုက်ခိုက်ရန် အမိန့်ပေးနိုင်ပြီဖြစ်သည်။

နဂါးနက်ကြီးကလည်း အံ့အားသင့်သလို ဒေါသလည်း ထွက်သွားသည်။ အကြောင်းမူကား သူက တိုက်ကွက်များအောက်တွင် နောက်ဆုတ်နေရသောကြောင့်ဖြစ်သည်။

“မဖြစ်နိုင်ဘူး ဒီကောင်စုတ်လေးက ဘယ်လိုကြောင့် ဒီဘိုးဘေးရဲ့တိုက်ကွက်တွေကို ရှောင်နိုင်နေတာလဲ”

သူသည် မိစ္ဆာလမ်းစဉ် လျှောက်သောလူများထဲတွင် အာဏာကြီးသည်။ အော့ရန်ချန်းဟန်ကဲ့သို့ ဖြောင့်မတ်သော လမ်းစဉ်ကိုလျှောက်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်ကပင် သူ၏တိုက်ကွက်များကို ရှောင်ရန်ခက်ခဲလေသည်။ အနည်းဆုံး အော့ရန်ချန်းဟန်အနေဖြင့် ယုံကြည်မှုအနည်းငယ်နှင့်သာ သူ၏တိုက်ကွက်များကို ရှောင်နိုင်လိမ့်မည်မဟုတ်ချေ။ ထိုလူငယ်ကဲ့သို့လည်း ခပ်အေးအေး ခြေလှမ်းရုံနှင့် ရှောင်နိုင်လိမ့်မည်မဟုတ်ချေ။

ယင်နက်ဘိုးဘေးကဲ့သို့သော လူမျိုးအနေဖြင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် ကြိုးစားရာတွင် မလုပ်နိုင်ခဲ့ခြင်းက အလွန်ပင် လက်သင့်မခံနိုင်စရာ ကိစ္စကြီးတစ်ခုဖြစ်နေသည်။ ထို့ကြောင့် ထိုလူငယ်က ဝက်ဟန်ဆောင်လျှက် ကျားသားစားရန် ကြိုးစားနေခြင်းဖြစ်လောက်သည်။ ထိုအခြေအနေကြောင့်သာ သူ၏တိုက်ကွက်တိုင်းကို ခန့်မှန်းနိုင်နေခြင်း ဖြစ်ရပေမည်။ ထိုပုဂ္ဂိုလ်ရှိနေကြောင်း အတွေးကတင် ယင်နက်ဘိုးဘေးကို အထိတ်တလန့်ဖြစ်စေသည်။

မည်သည့်နောက်ခံကိုမှလည်း မသိရသလို နာမည်လည်း မသိရ၊ ဇစ်မြစ်လည်း မသိရသူ... သို့တိုင်အောင် ထိုမျှအထိ မှင်သက်ဖွယ်ကောင်းပြီး မြင့်မားလွန်းသော အတွေ့အကြုံကို ပိုင်ဆိုင်ထားသူတစ်ယောက်က ရှိနေသည်။ ယင်နက်ဘိုးဘေးကပင် ထိုလူငယ်သည် အလွန်အမင်း ခြိမ်းခြောက်နိုင်ကြောင်း ခံစားလိုက်ရ၏။

“ဟွန်း ပြောင်မြောက်တဲ့အခွင့်အရေး”

ဝမ်ချောင်သည်လည်း တိုက်ပွဲ၏အခြေအနေကို ရှု့ထောင့်တိုင်းမှ မြင်နိုင်နေသည်။ ထိုအခိုက်အတန့်တွင် ယင်နက်ဘိုးဘေး၏စိတ်က ထပ်ခါတလဲလဲ နောက်ဆုတ်နေရမှုကြောင့် ကစဉ့်ကလျားဖြစ်သွားသည်။ ထိုအခိုက်အတန့်က အကြွင်းမဲ့သုတ်သင်ရန် ပြီးပြည့်စုံသော အခွင့်အရေးဖြစ်သည်။

“ခန်းနေရာ တောက်ပတဲ့ နေမင်းနဲ့လမင်း”

“လီနေရာ တောက်ပတဲ့ နေမင်းရဲ့အလင်းရောင်”

“ကန်းနေရာ ကျွဲနဲ့ထည်တို့ရဲ့ ချီတက်ခြင်းဓား”

“ရွှမ်နေရာ ပြိုင်ဘက်ကင်းဓားချီ”

“ချန်နေရာ အရှေ့ဘက်ကနေ တောက်ပတဲ့လမင်းက မြင့်တက်လာပြီ”

ယင်နက်ဘိုးဘေး၏ အာရုံစိုက်မှု ပြတ်လတ်သွားသော အခိုက်အတန့်တွင် ဝမ်ချောင်က အမိန့်ခြောက်ခုကို ဆက်တိုက်ထုတ်လိုက်သည်။ ထိုအချိန်တွင် နဂါး၏ပတ်ပတ်လည်မှ နေရာခြောက်ခုအတွင်းတွင်ရှိသော ဓားဝင်္ကပါ (၁၆)ခုလုံးကလည်း ကောင်းကင်ကိုပင် တုန်လှုပ်စေသော အရှိန်အဝါအပြည့်နှင့် ဆက်တိုက်ဆိုသလို တိုက်ခိုက်ကြလေသည်။

အခန်း(၁၃၄၈)

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏အရှင်

ပြင်းထန်လွန်းသော တိုက်ကွက်များက ရုတ်ချည်းဆိုသလို ရောက်ရှိလာသဖြင့် ယင်နက်ဘိုးဘေးကပင် အငိုက်မိသွားသည်။ သို့သော် အော့ရန်ချန်းဟန်ထံမှသာ အစစ်အမှန် ထိုးနှက်ချက်ကလာသည်။

“အမှောင်ထုချီလင်း”

လေထဲတွင် ချီလင်းတစ်ကောင်၏ အော်ဟစ်သံက ထွက်ပေါ်လာသည်။ အော့ရန်ချန်းဟန်၏ မုတ်ဆိတ်ကြီးက ရုတ်တရက် စတင်ကာ ကခုန်လာရင်း သူ၏မျက်လုံးက တောက်ပသော အလင်းများဖြင့် ပေါက်ကွဲသွားလေသည်။ ကြီးမားလွန်းသော အနက်ရောင်ချီလင်းကြီးတစ်ကောင်က ယင်နက်ဘိုးဘေး၏ ခုခံမှုများအကြားမှ ဟာကွက်ကို အရဖျက်လျှက် နဂါးနက်၏ ရင်ဘက်နေရာကို ဖျက်ဆီးခြင်းစွမ်းအား အပြည့်နှင့် ဝင်ဆောင့်တိုးကာ တိုက်ခိုက်လိုက်ချိန်တွင် ကျယ်လောင်သော မိုးခြိမ်းသံကပင် ထွက်ပေါ်လာသေးသည်။

အား

ယင်နက်ဘိုးဘေးက သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သော ရိုက်ချက်အောက်တွင် နဂါးခန္ဓာကိုယ်ကြီးထဲမှ လွင့်ထွက်သွားပြီး အော်ဟစ်လိုက်ရသည်။ ယင်နက်ဘိုးဘေးအနေဖြင့် ပထမဦးဆုံးအကြိမ်ဖြင့် ယခုလိုထိုးနှက်ချက်ကို ခံစားရခြင်းဖြစ်လောက်သည်။

“မျိုးမစစ်ကောင်”

ယင်နက်ဘိုးဘေးက သွေးအန်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အံ့အားသင့်မှုဖြင့် ဒေါသများဖြင့် တုန်ယင်လာသည်။

အော့ရန်ချန်းဟန်၏ တိုက်ကွက်များက သူ့အား ဒေါသထွက်စေသည်။ သို့သော် အနောက်ဘက်မှ ကြိုးကိုင်သူသည် အောက်ဘက်မှ ထိုမိုးပြာရောင်ဝတ်စုံနှင့် ကောင်စုတ်လေးသာဖြစ်သည်။

သူ့ကြောင့်သာမဟုတ်လျှင် အော့ရန်ချန်းဟန်ကလည်း သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်မဟုတ်ချေ။

“မင်းအသုံးမကျတဲ့အမှိုက်တွေ ဒီကောင့်ကို မြန်မြန်သတ်လေ”

ယင်နက်ဘိုးဘေး၏ အော်ဟစ်သံက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ စခန်းတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ သို့သော် သူ၏ဒေါသများ အားလုံး၏ ပစ်မှတ်က အော့ရန်ချန်းဟန်မဟုတ်လေဘဲ တိုက်ပွဲထဲတွင်ပင် ဝင်ရောက်ပါဝင်ခြင်းမရှိသည့် ဝမ်ချောင်ဖြစ်နေမည်ဟု မထင်ထားလောက်ပေ။ ယင်နက်ဘိုးဘေးက အော်ဟစ်လိုက်သည်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် တိုက်ခိုက်နေသော ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက တောင်တက်လမ်းတစ်ဝက်မှ လူငယ်လေးကို စတင်ကာ သတိထားမိသွားကြသည်။

....

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုဖြစ်လာသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက သူ့ကို အာရုံစိုက်လာကြသည်။

ဝမ်ချောင်သည် ရုတ်တရက် ထူးဆန်းသွားသော စိတ်အခြေအနေကြောင့် အနည်းငယ်ပင် ကြောင်သွားသည်။ ထို့နောက် ခပ်မြန်မြန် ပြုံးလိုက်သည်။

ယခုအခါ လူတိုင်းကသူ့ကို သတိထားမိသွားကြသော်လည်း ဒါဟာ ဝမ်ချောင်ကသာ သူ၏နောက်ခံကို တစ်လောကလုံးကို သိသွားစေချင်လျှင် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေလိမ့်မည်။ အနည်းဆုံး သူသည် ဒီတိုက်ပွဲမှတစ်ဆင့် ဂုဏ်သတင်းတစ်ခုရလိုက်သည်။

“သတ်”

“ဒီကောင်စုတ်လေးကိုသတ်”

ယင်နက်ဘိုးဘေး၏ မြောက်များလှစွာသော တပည့်ဂိုဏ်းသားများကလည်း ဝမ်ချောင်ရှိရာ နေရာသို့ ချီတက်လာကြသည်။

ရာမဘုရင်က သုံးကြိမ်ခန့်စိုက်ကြည့်ရုံနှင့် တစ်စုံတစ်ယောက်ကို သေစေလိုလျှင် မည်သူကမှ ငါးကြိမ်မြောက် စောင့်ကြည့်ခံရသည်အထိ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။

ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများအတွက် ယင်နက်ဘိုးဘေးကသာ တစ်စုံတစ်ယောက်ကို သေစေလိုလျှင် ထိုလူကို မည်သည့်တန်ကြေးမျိုးကိုမဆို ပေးပြီး သတ်ဖြတ်ရပေမည်။

ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများက ဝမ်ချောင်ထံ ချီတက်လာချိန်တွင် တိုက်ပွဲအော်သံများကလည်း ပဲ့တင်ထပ်လာသည်။

ထိုအခိုက်အတန့်တွင် စုန့်ယို့ရန်၏ အသံကလည်း လူတိုင်း၏နားအတွင်း ဟိန်းထွက်လာသည်။

“ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ တပည့်ဂိုဏ်းသားတွေ ငါ့ရဲ့အမိန့်ကိုနာခံ သခင်လေးချင်းယန်ကို ကာကွယ်ကြ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကလည်း ထိုအမိန့်ကို တုန့်ပြန်ကြရင်း သူတို့၏ဓားများကိုထုတ်ကာ ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများကို တားဆီးနေကြသည်။ အခြားသောသူများကမူ ဝမ်ချောင်၏ပတ်ပတ်လည်တွင် အကာအကွယ်အဖြစ် ဝိုင်းပတ်ထားလိုက်ကြသည်။

“သခင်လေးချင်းယန်ကို ကာကွယ်”

“သခင်လေးချင်းယန်ကို ကာကွယ်”

“သခင်လေးချင်းယန်ကို ကာကွယ်”

အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကလည်း အဖြစ်အပျက်ကို သတိထားမိရင်း ဝမ်ချောင်ထံ အပြေးလာလျှက် အော်ဟစ်လိုက်ကြသည်။

ချွင် ချွင် ချွင်

တိုက်ပွဲက ယခင်ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဖူးသလိုမျိုး အလွန်အမင်း ပြင်းထန်လာသလို လက်နက်ခြင်း ထိခတ်သံများ၊ ကြယ်တာရာစွမ်းအင်များ၏ ထွက်ပေါ်လာသံများကလည်း ဟိန်းထွက်နေလေသည်။ ပထမဦးဆုံးအကြိမ် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့နှင့် ယင်နက်ဂိုဏ်းကဲ့သို့ ဂိုဏ်းလောကမှ ထိပ်တန်းအဆင့် အဖွဲ့အစည်းကြီးနှစ်ခုသည် ဘယ်အဖွဲ့အစည်းအပိုင်မှ မဟုတ်သော လူငယ်လေးတစ်ယောက်အတွက် ပြင်းထန်စွာ တိုက်ခိုက်နေကြလေသည်။

ဝမ်ချောင်သည် တိုက်ပွဲနယ်မြေကြီး တစ်ခုလုံး၏ အာရုံစိုက်ရာနေရာ ဖြစ်လာပြီး နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးနိုင်သော အရေးပါသည့် အနေအထားတစ်ခုသို့လည်း ရောက်ရှိသွားသည်။

စုန့်ယို့ရန်ကဲ့သို့ ဝမ်ချောင်ကို ဒီနေရာသို့ အရင်ဦးဆုံး ခေါ်လာသူကပင် ဒီရလဒ်မျိုးကို မမျှော်လင့်ထားလောက်ချေ။

ဟား

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင်ရယ်သည်။ သူ၏အားနည်းနေသော အနေအထားမျိုးတွင် ယခုအခါ လူတိုင်းက သူ့ကို အားနည်းပြီး အင်အားမဲ့သော သခင်လေးချင်းယန်အဖြစ် မှတ်ယူထားကြပုံပေါ်သည်။ ယင်နက်ဘိုးဘေးကပင် သူ၏နောက်ခံကို သံသယဝင်ပုံမရပေ။

ယခုလိုဖြစ်ပျက်လာသော လောကကြီးက သူ့အတွက် အရန်သင့် ဆုံးဖြတ်ထားပေးပြီးသား ဖြစ်သွားသည်။

“ခန်းနေရာ၊ လီနေရာ၊ တောက်ပတဲ့ နေမင်းရဲ့အလင်းရောင်”

“ချန်နေရာ၊ ရွှမ်နေရာ အရှေ့ဘက်က တောက်ပတဲ့လမင်းက ထွက်ပေါ်လာပြီ”

ဝမ်ချောင်ကမူ တည်ငြိမ်စွာနှင့် တောင်ထိပ်ကိုသာကြည့်ရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများကို ကူညီကာ ယင်နက်ဘိုးဘေးကို တိုက်ခိုက်နိုင်စေသည်။ ပုရွက်ဆိတ်ပေါင်းများစွာကပင် ဆင်ကိုသေသည်အထိ ကြိတ်ဝါးနိုင်ကြသည်။ ယင်နက်ဘိုးဘေးဟာ အင်အားကြီးမားလွန်းသော်လည်း ဓားဝင်္ကပါနှင့် အော့ရန်ချန်းဟန်တို့၏ အမျိုးမျိုးသော တိုက်ကွက်ပေါင်းများစွာကို ရင်ဆိုင်ရချိန်တွင် သူကိုယ်တိုင်ကပင် တောင့်ခံရန်ခက်ခဲလောက်သည်။

ဝမ်ချောင်၏ အမိန့်အောက်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ သာမာန် ကျွမ်းကျင်ပညာရှင်များက ယင်နက်ဘိုးဘေးကို မမြင်ရသော လှောင်အိမ်ကြီးတစ်ခုကဲ့သို့ ပိတ်လှောင်ထားရင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်နေကြလေသည်။

ယင်နက်ဘိုးဘေးသည်ပင် အံ့အားသင့်နေသလို ဒေါသလည်းထွက်လာသည်။ ဒါဟာ အလွန်အမင်း ထူးခြားသော အခွင့်အရေးဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အင်အားစုတိုင်းကလည်း မူလအမရတောင်ကို သွားရှာနေကြသည်။ အချို့ကမူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို သွားရှာနေကြသည်။ ထိုအတွက်ကြောင့် သူသည်လည်း ဒီနေရာသို့ အရောက်လာလျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ပြီး စခန်းတစ်ခုလုံးကို ရှင်းလင်းပစ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့သော် ထိုအဘိုးကြီး အော့ရန်ချန်းဟန်ကို ခြုံခိုတိုက်ခိုက်ရာတွင် အောင်မြင်ခဲ့ပြီးသည့်တိုင်အောင် မည်သည့်နေရာက လာရောက်မှန်းမသိသော လျို့ဝှက်ဆန်းကြယ်သည့် ကောင်လေးတစ်ကောင်၏ ကြိုးစားအားထုတ်မှုများကြောင့် ပျက်စီးသွားရလိမ့်မည်ဟု မထင်ထားမိချေ။ သူ၏အကြံအစည်များ အားလုံးက သဲထဲရေသွန်ဖြစ်သွားသည်။

ယင်နက်ဘိုးဘေးကပင် သူ၏ဘဝ တစ်ဝက်ခန့်နီးပါး ဂိုဏ်းလောကကို အုပ်စိုးလာသူဖြစ်သည်။ ထို့ကြောင့် မည်သူကမှသူ့ကို ဒီလိုအတိုက်အခံ မလုပ်ရဲခဲ့ပေ။

“အသုံးမကျတဲ့အကောင် ငါက အခု ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ဘေးဖယ်ထားလိုက်မယ်။ ဒီဘိုးဘေးက ဒီနေ့ အော့ရန်ချန်းဟန်ကို မသတ်နိုင်ရင်တောင်မှ မင်းကိုအရင်သတ်ပြီး အခြားသူတွေကို သတိပေးရမယ်”

ယင်နက်ဘိုးဘေး၏ အမျက်ဒေါသက ရှေ့သို့ထိုးထွက်လာသည်။ သူ၏ဝမ်ချောင်ကို သတ်ဖြတ်လိုစိတ်က အော့ရန်ချန်းဟန်ကို သတ်ဖြတ်လိုစိတ်ထက်ပင် ကျော်လွန်သွားသည်။

ဘုန်း

ထိုသို့ဖြင့် အလွန်အမင်း ထူထပ်သိပ်သည်းပြီး အနက်ရောင်အရည်များအသွင် ပြောင်းလဲမတက် ဖြစ်နေသော ဆိုးယုတ်သည့် မိစ္ဆာစွမ်းအင်များက ယင်နက်ဘိုးဘေး၏ တန်ထျန်းထံမှ ပေါက်ထွက်လာသည်။

ယင်နက်ဘိုးဘေးက သူ့ကိုပင် အမြောက်အများ ထိခိုက်စေသည့် လျို့ဝှက်သိုင်းကိုပင်သုံးပြီး ရန်သူကို ရင်ဆိုင်တော့မည့် အခိုက်အတန့်တွင်...

“လော့ချီးယင် ငါမရှိတဲ့အချိန်မှာ မင်းက ဒီလောက်ပဲလုပ်နိုင်တာလား။ ကလေးတွေကို တိုက်ခိုက်ဖို့ပဲ အာရုံစိုက်နေတဲ့ပုံပဲ”

ထိုအခိုက်အတန့်တွင် အကန့်အသတ်မဲ့အောင် မြောက်များသော ထည်ဝါမှုများနှင့် ပေါင်းစပ်ထားသည့် အသံတစ်သံက လေထဲတွင် ဟိန်းထွက်သွားသည်။

ထိုအသံက ထွက်လာရုံနှင့် တိမ်စိုင်များအတွင်းမှ ရွှေရောင်အလင်းတန်းက ပေါက်ထွက်ပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ရောင်ပြန်ဟပ်ပေးသည်။ နေဝင်ချိန် အခိုက်အတန့်မှ ကောင်းကင်တစ်ခုလုံးကိုပင် ထိုသို့အရောင်များ ဆေးဆိုးပေးလိုက်သည်။ တိမ်စိုင်အတွင်း အနက်ရှိုင်းဆုံးအပိုင်းတွင် ကောင်းကင်ကိုပင် လောင်မြိုက်နိုင်သော ဖျက်ဆီးခြင်းစွမ်းအားများက တောင်ထိပ်ထံ လျှင်မြန်စွာ ချဉ်းကပ်လာသည်။

“မကောင်းတော့ဘူး စုန့်ယွမ်ယွီ”

တောက်လောင်သော ရွှေရောင်အလင်းတန်းနှင့် အတွင်းဘက်မှ အနက်ရောင်ပုံရိပ်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသားများနှင့် တိုက်ခိုက်နေသည့် ယင်နက်ဘိုးဘေးထံ လျှင်မြန်စွာ ချဉ်းကပ်လာသည်။ ယင်နက်ဘိုးဘေးကလည်း ထိုအရာကို မြင်သောအခါ ကြွက်ကကြောင်ကို တွေ့ရသလိုမျိုးဖြစ်သွားပြီး သူ၏မျက်နှာက ဖြူဖျော့စွာနှင့် မျက်ဝန်းထဲတွင် ကြောက်လန့်မှုက ပေါ်ထွက်လာသည်။

“နောက်ဆုတ် အားလုံးပဲ နောက်ဆုတ် စုန့်ယွမ်ယွီက ပြန်လာပြီ အားလုံးပဲ ထွက်သွားကြတော့”

ယင်နက်ဘိုးဘေးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

အော့ရန်ချန်းဟန်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားပေါင်း များစွာထံမှ ထိုးနှက်ချက်ကို အရယူပြီးနောက် ကြယ်တာရာစွမ်းအင်များနှင့် ပေါက်ကွဲနေသော ထိုနဂါးကြီးက အရာအားလုံးကို လျစ်လျူရှု့လျှက် ဖုန်များကို ပေါက်ကွဲစေရင်း တိမ်ထဲသို့ ထိုးတက်သွားလေသည်။

သို့သော် ယင်နက်ဘိုးဘေးက လျှင်မြန်စွာ တုန့်ပြန်နေသည့်တိုင်အောင် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ထိုပုံရိပ်ကလည်း လျှင်မြန်စွာ တုန့်ပြန်နိုင်သေးသည်။ ယင်နက်ဘိုးဘေးက ပေထောင်ဂဏန်းခန့်သာ ထွက်ပြေးရသေးသည်။ တစ်ဖက်သူက ဖမ်းမိလာပြီး သူ့ကိုရင်ဆိုင်သည်။

ဘုန်း

ထို့နောက် ကောင်းကင်တွင် ကောင်းကင်ကိုပင် တုန်ခါစေသော ပေါက်ကွဲမှုကြီးက ထွက်ပေါ်လာလျှက် ပြင်းထန်ကြမ်းတမ်းသော လေပြင်းများကို လွှတ်ထုတ်လိုက်သည်။

ခလွက် ခလွက်

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တောင်ပေါ်တွင် စိုက်ထူထားသော အလံရှစ်ခုက ယမ်းခါနေသလို မြောက်များလှစွာသော မဟာမိတ်၏ တပည့်ဂိုဏ်းသားများကလည်း အလန့်တကြား အော်ဟစ်လျှက် လေပြင်းနှင့်အတူ မြောက်တက်သွားကြသည်။

“စုန့်ယွမ်ယွီ မင်းစောင့်နေ ဒါက အစပဲရှိသေးတယ်”

ယင်နက်ဘိုးဘေး၏ ဒေါသတကြီး အော်ဟစ်သံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ သို့သော် သူကိုယ်တိုင်ကမူ အဝေးသို့ အနက်ရောင် အလင်းတန်းအသွင်ပြောင်းကာ ထွက်ပြေးသွားပြီဖြစ်သည်။ အခြားတစ်ယောက်ကမူ ဆက်မလိုက်တော့ချေ။ ထိုအစား သူက ငှက်မွှေးတောင်လေး ဆင်းသက်လာသလိုမျိုး အသာအယာ ဆင်းသက်လာသည်။

ခွက်

သို့သော် လူကိုယ်တိုင်က ရောက်ရှိလာသောအခါ ကျင်းတစ်သောင်းကျော် အလေးချိန်ရှိပုံရပြီး တောင်တန်းတစ်ခုလုံးကိုပင် သူ၏အလေးချိန်ကြောင့် တုန်ခါသွားစေသေးသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့အရှင်

“ပြေးတော့”

ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများက တောင်ထိပ်ပေါ်မှပုံရိပ်ကို မြင်လိုက်ရုံနှင့် ကြောက်လန့်မှုဖြင့် ဖြူဖျော့သွားသည်။ သူတို့အားလုံးက ချက်ချင်းလိုလို နောက်သို့လှည့်လျှက် ကြောက်လန့်နေသော သားရဲကောင်များအလား ထွက်ပြေးလေသည်။

“သတ်”

ထိုအချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများက ထွက်ပြေးသွားသော ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများနောက်သို့ လိုက်လေသည်။

တူညီသော အခိုက်အတန့်တွင်ပင် အနောက်ဘက်ခြမ်းမှ အော်ဟစ်သံများကိုလည်း ကြားရသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသား ရာပေါင်းများစွာက ပြန်လည်ချီတက်လာကြပြီဖြစ်သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားသည်။ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရုံနှင့် အော့ရန်ချန်းဟန်နှင့် ယှဉ်နိုင်သော ပုဂ္ဂိုလ် ခြောက်ယောက်၊ ခုနှစ်ယောက်ခန့် ပါလေသည်။ ထို့ကြောင့် အခြေအနေ တစ်ခုလုံးက ပြောင်းပြန်ဖြစ်သွားသည်။ ယင်နက်ဂိုဏ်းက သိပ်မကြာခင် အလုံးစုံ အရှင်းခံလိုက်ရသည်။

လူတိုင်းက ယင်နက်ဂိုဏ်းနောက်သို့ လိုက်နေကြချိန်တွင် ဝမ်ချောင်ကမူ နဂိုနေရာတွင်သာ ရပ်လျှက်ရှိနေသည်။ သူ၏အကြည့်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသော အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ထံ ခပ်မြန်မြန် ရောက်ရှိသွားသည်။

ဒီလူက... ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့အရှင်လား

ဝမ်ချောင်ကပင် ထိုလူကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ ထိုပုဂ္ဂိုလ်သည် အသက်လေးဆယ် ငါးဆယ်ခန့်သာ ရှိလောက်ပြီး နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှဖြစ်ကြောင်း ဖော်ပြနေသည်။ သို့သော် သူသည် ဖော်ပြရန်ခက်ခဲလောက်အောင် မြင့်မြတ်မှုကို ဖော်ပြထားသေးသည်။ သူ၏မျက်နှာက တင်းမာပြီး တည်တင်းနေသည်။ သူသည် မျက်နှာကြောသေနေသော လူများကဲ့သို့ တင်းမာသော မျက်နှာထားပိုင်ရှင်အမျိုးအစားထဲမှ ဖြစ်လောက်သည်။ သူ၏အကြည့်က စူးရှသောအလင်းကို လွှတ်ထုတ်ထားပြီး တစ်ဖက်သူအား ထက်ရှကာ ကြမ်းတမ်းသည့် အရှိန်အဝါမျိုး ပိုင်ဆိုင်နေစေသည်။

ပို၍နက်ရှိုင်းသော ထင်မြင်ချက်ကို ရရှိစေသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းမှ အကန့်အသတ်မဲ့အောင် မြောက်များသော စွမ်းအင်များဖြစ်နေသည်။ ထိုစွမ်းအင်များက လောက၏ နေရာအမြောက်အများကိုပင် သိမ်းယူနိုင်စွမ်းရည် ရှိလောက်သည်။

ထိုမျှခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်များကို ပင်လယ်တမျှ မြောက်များစွာ ပိုင်ဆိုင်ထားဖူးသူ တစ်ယောက်အနေဖြင့် ကြောက်ရွံ့ရိုသေကာ လေးစားခံရထိုက်ပေသည်။

အင်အားကြီးမားတဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဝမ်ချောင်၏ နှလုံးသားက အေးစိမ့်သွားမှုကို ခံစားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် သူ၏ကျင့်ကြံခြင်းအဆင့်ကို ပို၍နက်ရှိုင်းစွာ မြုပ်နှံလိုက်မိသည်။ သူ့အနေဖြင့် ပထမဦးဆုံး အကြိမ်အဖြစ် တစ်ဖက်သူကို မြင်တွေ့ဖူးခြင်းဖြစ်သော်လည်း ဖြောင်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်သည် အလွန်အမင်း အန္တရာယ်များကြောင်း ခံစားမိနေသည်။ ယင်နက်ဘိုးဘေးထက်ပင် ပို၍ အန္တရာယ်များသေးသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် သူ၏မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ရှာတွေ့သွားခဲ့သော် ကြမ်းတမ်းသော တိုက်ပွဲထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိသည်ဟု ခံစားလိုက်ရသည်။

“ဟွန်း လှည့်ကွက်လေးတွေပါပဲ”

ထိုအချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက တောင်ထိပ်ပေါ်တွင်ရပ်လျှက် လေတွင် ဝဲလွင့်နေသော ဝတ်ရုံ၏ ခြံရံမှုနှင့်အတူ နတ်စွမ်းအင်များနှင့် ပေါင်းစပ်လျှက် ထည်ဝါစွာ တည်ရှိနေသည်။ ထိုအချိန်တွင် သူက ဝမ်ချောင်ကို သတိမထားမိသေးချေ။ သူ၏စူးရှကာ အေးစက်သောအကြည့်က ထွက်ပြေးသွားသော ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များထံတွင်သာ ရှိသည်။

စွစ်

စုန့်ယွမ်ယွီက သူ၏ညာဘက်လက်ကို အကြိမ်အနည်းငယ် လှမ်းတောက်လိုက်သောအခါ သိပ်သည်းသော စွမ်းအင် ဆယ်ကြောင်းခန့်က အမျိုးမျိုးသော ဦးတည်ရာအနှံ့ ပျံပြေးသွားလေသည်။ ထိုစွမ်းအင်များက ပေတစ်ရာကျော်အချို့ ပျံသန်းသွားပြီးနောက် နှစ်သုတ်ခွဲသွားသည်။ ထို့နောက် သုံးကြောင်း ပြန်ခွဲသွားသည်။ ထိုသို့ဖြင့် ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များကို ပစ်ခတ်လေသည်။

ခြိမ်း

ထိုစွမ်းအင်တန်းများက ထွက်ပြေးသွားသော ယင်နက်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများ၏ကိုယ်တွင် အပေါက်ကြီးအပေါက်ငယ် များစွာ ဖြစ်ပျက်နေစေလေရင်း အော်ဟစ်သံများ၊ ပေါက်ကွဲသံများက လေတွင် ပဲ့တင်ထပ်သွားသည်။ ထိုတပည့်ဂိုဏ်းသားများကလည်း တုန်ယင်စွာနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျကြသည်။ အချို့ကမူ ပေတစ်ရာဝန်းကျင်ခန့်တွင် တောက်လျှောက် လိမ့်သွားကြသည်။

တစ်လောကလုံးက ရုတ်ချည်းတိတ်ဆိတ်သွားသည်။ အနည်းငယ်လှုပ်ရှားလိုက်ရုံနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင် အနည်းဆုံး အယောက်ငါးဆယ်ခန့်ကို သတ်ဖြတ်လိုက်လေသည်။

အခန်း(၁၃၄၉)

အဆုံးအစမဲ့တံဆိပ်

“မဟာမိတ်အရှင်”

“မဟာမိတ်အရှင်”

“မဟာမိတ်အရှင်”

မရေမတွက်နိုင်သော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများက အံ့အားသင့်နေရာမှ အသိဝင်လာကြပြီးနောက် ကြမ်းတမ်းစွာ အော်ဟစ်အားပေးကြသည်။ သူတို့က တောင်ထိပ်ပေါ်တွင်ရှိသော အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ကို ကြည့်နေသော အကြည့်ထဲတွင် အလွန်အမင်း ပြင်းထန်သော စိတ်အားထက်သန်မှုနှင့် လေးစားမှုများကို ဖော်ထုတ်ပြသထားသည်မှာ တောင်ထိပ်ပေါ်ရှိ အမျိုးသားက လူမဟုတ်ဘဲ နတ်အလား ထင်ရလေသည်။

ဝမ်ချောင်၏ မျက်နှာအမူအရာကလည်း ချက်ချင်းဆိုသလို အလွန်အမင်း တင်းမာလာသည်။ သူသည်ပင် ထိုလူဟာ သံသယဝင်ရန် မလိုလောက်အောင် ဆရာဖြစ်သူ၏ ရန်သူကြီးဖြစ်ကြောင်း သိနေသည်။

“အဖေ”

ထိုအချိန်တွင် ကျော့ရှင်းကြည့်ကောင်းသော ပုံရိပ်တစ်ခုက ဝမ်ချောင်ကိုကျော်ဖြတ်လျှက် တောင်ထိပ်ပေါ်သို့ အပြေးသွားပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်၏ ထွေးပွေ့မှုအတွင်းသို့ ရောက်သွားသည်။

“???”

ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ သူ၏စိတ်ကပင် မုန်တိုင်းထန်လာ၏။ စုန့်ယို့ရန်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားများကို အမိန့်ပေးသောအခါ ဝမ်ချောင်အနေဖြင့် သူမတွင် ပုံမှန်မဟုတ်သော အဆင့်အတန်းရှိကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် စုန့်ယို့ရန်သည် စုန့်ယွမ်ယွီကဲ့သို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်၏ သမီးဖြစ်နေမည်ဟုတော့ပင် မထင်ထားမိချေ။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်နှင့် ရန်သူဖြစ်ပြီး စုန့်ယွမ်ယွီကလည်း ကဏ္ဍတစ်ခုမှ ပါဝင်ပတ်သတ်ခဲ့သေးသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် သူသည် စုန့်ယွမ်ယွီ၏သမီးကို ကယ်မိမည်ဟု မထင်ထားမိပေ။ ထိုအခိုက်အတန့်တွင် သူ၏မျက်ဝန်းအတွင်း ရှုပ်ထွေးသော ခံစားချက်များက ပေါ်လာသည်။

လုံလောက်ပြီ ငါရှေ့ဆက်သွားပြီး နှုတ်ထွက်သင့်ပြီ။ ဒီဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က သာမာန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ငါ့ရဲ့ဆရာကို ရင်ဆိုင်ခဲ့တဲ့ အကြံအစည်ကြီးသူတွေထဲက တစ်ယောက်ဆိုတော့ သူက တော်တော်လေးကို ကောက်ကျစ်တဲ့လူဖြစ်လိမ့်မယ်။ ငါက ငါ့ရဲ့ဒဏ်ရာတွေကလည်း သက်သာသေးတာ မဟုတ်တော့ ငါဒီမှာသာ ဆက်နေမယ်ဆိုရင် ငါ့ရဲ့နောက်ခံ ပေါ်သွားဖို့ အခွင့်အရေးက ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိတယ်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က အကောင်းအဆိုးများကို ချောမွေ့စွာ ချိန်ဆလိုက်ရင်း ထွက်သွားရန် ကြိုးစားလိုက်သည်။

“ဟား ဟား သခင်လေးချင်းယန် မင်းက ဘယ်နေရာကိုသွားဖို့ စီစဉ်ထားတာလဲ”

ဝမ်ချောင်က ခြေလှမ်းအနည်းငယ်သာ ဆုတ်ရသေးသည်။ သူ၏နားအတွင်း ဆိုးယုတ်သောအသံက ထွက်လာ၏။ အလွန်အမင်း အေးစိမ့်သော အရှိန်အဝါနှင့် ပုံရိပ်တစ်ခုက ရုတ်ချည်း ရှေ့သို့တိုးဝင်လာလျှက် သူ၏လမ်းကြောင်းကိုပိတ်သည်။

“ကျစ်အန်းတု”

ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားရင်း ထိုလူကိုမှတ်မိလိုက်သည်။

ယင်နက်ဘိုးဘေးနှင့် တောင်ထိပ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတောအတွင်း ဝမ်ချောင်က ကျစ်အန်းတုကို မတွေ့ရချေ။ သို့သော် ယခုအခါ သူသည် မည်သည့်နေရာကမှန်းမသိ ထွက်လာပြီး ဝမ်ချောင်၏လမ်းကို လာပိတ်သည်။

“သခင်လေးချင်းယန် မင်းက ယင်နက်ဘိုးဘေးနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ အဓိကနေရာက ပါဝင်ပတ်သတ်ခဲ့တာပဲ။ မဟာမိတ်အရှင်က ဒီနေရာကို ရောက်လာပြီဆိုတော့ မင်းကဒီတိုင်း ထွက်သွားတော့မှာလား”

ကျစ်အန်းတုက တောက်ပစွာပြုံးရင်း ကောင်းမွန်သော ရည်ရွယ်ချက်ရှိသလို ထင်ရသော်လည်း သူ၏မျက်လုံးကမူ အေးစိမ့်လျှက် ခံစားချက်ကင်းမဲ့နေသည်။ ထိုသို့စကားပြောပြီးနောက် သူဟာ ဘေးဘီကို ကြည့်လိုက်ပြီးနောက် တောင်ထိပ်မှ စုန့်ယွမ်ယွီကို လှမ်းကြည့်သည်။

“အားလုံးပဲ ဒီတစ်ယောက်က ဂိုဏ်းလောကမှာ နာမည်ကျော်ကြားလွန်းတဲ့ သခင်လေးချင်းယန်ပဲ။ ဂျူနီယာညီမလေး သခင်လေးချင်းယန်က ထွက်သွားတော့မှာတဲ့။ မင်းသူ့ကို မတားတော့ဘူးလား”

သူ၏နောက်ဆုံးစကားနှင့်အတူ သူသည် စုန့်ယို့ရန်ကိုကြည့်ပြီး အသံကိုမြှင့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ဝုန်း

ဝမ်ချောင်က ကျစ်အန်းတုကို တစ်ချက်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးက အေးစိမ့်သွားသည်။ သို့သော် သိပ်မကြာခင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်၏။ ကျစ်အန်းတု၏ စိတ်အတွင်း မည်သို့သော အကြံအစည်မျိုး ရှိနေစေကာမူ သူက ကျရှုံးပေလိမ့်မည်။

“ဟုတ်တယ်အဖေ ဒီလူက နာမည်ကြီးတဲ့ သခင်လေးချင်းယန်လေ။ သူနဲ့ သူ့ရဲ့အစောင့်က လူစုကွဲသွားတာ။ အဖေ့ရဲ့သမီးက တိုက်တိုက်ဆိုင်ဆိုင် သူနဲ့တိုးပြီး သူ့ကိုခေါ်လာခဲ့တာပဲ။ သူ့ရဲ့အကူအညီသာ မရှိရင် ငါတို့တွေ ကျရှုံးသွားပြီးတာ ကြာလောက်ပြီ”

ကျစ်အန်းတု၏ သတိပေးချက်က စုန့်ယို့ရန်အား ထိုကိစ္စကို မှတ်မိသွားစေသည်။ ယခုအခါ သူမ၏အဖေက ရောက်ရှိလာပြီဖြစ်ပြီး အခြေအနေကလည်း တည်ငြိမ်သွားလေပြီ။ ထို့ကြောင့် စိတ်အေးစွာနှင့် သခင်လေးချင်းယန်အကြောင်း မိတ်ဆက်ပေးနိုင်လေပြီ။ သခင်လေးချင်းယန်က သိုင်းပညာပေါင်း များစွာကို သိကြောင်း လူသိများပြီးသားဖြစ်ပြီး အဖွဲ့အစည်းပေါင်း များစွာကလည်း သူ့ကိုခန့်အပ်ရန် ကြိုးစားဖူးကြသည်။ ထို့ကြောင့် ထိုအကြောင်းအရာကို တွေးမိပြီး ဝမ်ချောင်ကို တောင်ပေါ်သို့ ပြန်ခေါ်လာခဲ့ခြင်းဖြစ်လေသည်။

“အိုး...”

စုန့်ယွမ်ယွီက တစ်ဖက်သို့လှည့်လိုက်သည်။ သူ၏ဓားသွားလို စူးရှသောအကြည့်က ဝမ်ချောင်၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကပင် သူ၏ခန္ဓာကိုယ်၏ လက်မတိုင်းက စစ်ဆေးခံနေရသလို ခံစားလိုက်ရသည်။

“မဟာမိတ်အရှင်စုန့် ဂါရဝပြုပါတယ်”

သူက စိတ်ဆုံးဖြတ်ပြီးပြီဆိုကတည်းက ဝမ်ချောင်က ကိုယ့်ကိုယ်ကို တည်ငြိမ်စွာသာ ထိန်းလိုက်ရင်း တောင်ထိပ်ပေါ်သို့တက်သည်။ သူသည် စုန့်ယွမ်ယွီနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်တန့်လိုက်သည်။ သူ၏အမူအရာဟာ မနှိမ့်ချလွန်းသလို မောက်မာခြင်းလည်း မရှိပါချေ။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က လူတိုင်း၏အာရုံစိုက်ရာ ဖြစ်လာသည်။ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက သူ့ထံရောက်လာသည်။

“လူကြီးမင်းက သခင်လေးချင်းယန်လား”

ရုတ်တရက် ဘေးဘက်မှ အသံတစ်သံထွက်လာသည်။ ထို့နောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အင်အားကြီးမားသော အကြီးအကဲပေါင်း များစွာကလည်း လူအုပ်ထဲမှ လျှောက်ထွက်လာပြီး ဝမ်ချောင်ကို စစ်ဆေးလေ့လာကြသည်။

သခင်လေးချင်းယန်၏ ဂိုဏ်းလောကအတွင်းမှ ဂုဏ်သတင်းက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီပင်ဖြစ်စေ၊ အကြီးအကဲ အော့ရန်ချန်းဟန်ကဲ့သို့ ပုဂ္ဂိုလ်ကြီးများကိုပင်ဖြစ်စေ မယှဉ်နိုင်ပေ။ သို့သော် သူသည် လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ဖြစ်သည်။ ထိုအတွက်ကြောင့် သခင်လေးချင်းယန်သည် မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုကို ခံနေရလေသည်။

ပို၍အရေးကြီးသည်မှာ သခင်လေးချင်းယန်က လျို့ဝှက်ဆန်းကြယ်လွန်းသည်။ မည်သူကမှ သူ့ကို မမြင်ဖူးချေ။

“သခင်လေး မင်းရဲ့ကူညီမှုအတွက် ငါအရမ်းကျေးဇူးတင်ပါတယ်။ ဒီစုန့်က မဟာမိတ် အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားပြုပြီး သခင်လေးကို ကျေးဇူးတင်ပါတယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက နောက်ဆုံးတွင်ပြောသည်။ သူ၏အသံက ခပ်ပြတ်ပြတ်နိုင်ပြီး ခံစားချက်ကင်းမဲ့သည်။

“ဟုတ်တယ် အနောက်မြောက်ပိုင်းက ဒီလောက်လူသူရှင်းလင်းတာ။ ပြီးတော့ လူနေလည်း ကျဲပါးသေးတယ်။ ဒါပေမဲ့ သခင်လေးချင်းယန်က ဘယ်လိုရည်ရွယ်ချက်ကြောင့်နဲ့များ ဒီနေရာကို ရောက်လာတာလဲ။ ဒါတွေအပြင် သခင်လေးရဲ့အစောင့်က ဘယ်သောအခါမှ သခင်လေးနဲ့ လူစုကွဲလေ့မရှိဘူးမဟုတ်လား။ ဘယ်လိုကြောင့်များ သခင်လေးက သူနဲ့ လူစုကွဲသွားတာလဲ။ ငါ့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှာ တပည့်ဂိုဏ်းသားတွေ အများကြီးရှိပြီး အားလုံးကလည်း သတင်းအချက်အလက် ကောင်းကောင်းစုစည်းနိုင်ကြလို့ ငါတို့မင်းကိုယ်စား မေးပေးလို့ရပါတယ်”

စုန့်ယွမ်ယွီက ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း နက်နဲသောအလင်းက လက်လာသည်။

“ဟမ်း ဟမ်း ဒီလူက တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဂိုဏ်းတွေက လူပေါင်းများစွာက အနောက်မြောက်ပိုင်းကို သွားတဲ့အကြောင်းကို အချို့သိုင်းပညာရှင်တွေရဲ့ ဆွေးနွေးမှုကတစ်ဆင့် ကြားခဲ့တယ်။ နောက်ပြီး မဟာမိတ်အရှင်တောင် သွားတယ်လို့ ကြားခဲ့ရတာပဲ။ အဲ့ဒီလိုနဲ့ ဒီလူကလည်း သိချင်လာမိပြီး တစ်ချက် လာကြည့်ရုံပါပဲ။ ဒါပေမဲ့ လမ်းမှာ လွဲမှားမှုတစ်ခုဖြစ်သွားလို့ ငါ့ရဲ့အစောင့်နဲ့ငါက ခြုံခိုတိုက်ခိုက်ခံရတယ်။ ငါတို့နှစ်ယောက်လုံး လူစုကွဲရင်း အဆုံးသတ်သွားတာပဲ။ ငါသူနဲ့ပတ်သတ်ပြီး ဘာသတင်းကိုမှ မကြားသေးဘူး။ ငါ့အထင် ကျစ်ဝူက အချို့နေရာမှာ ဒဏ်ရာတွေကို ကုသနေတာဖြစ်မယ်။ သူပြန်လည် သက်သာလာတာနဲ့ သေချာပေါက် ငါ့ကို လာရှာမှာပဲ။ ကျစ်ဝူက အင်အားကြီးမားလွန်းတဲ့ သိုင်းပညာရှင်တစ်ယောက်။ ဒီတော့ သူ့မှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ကျေးဇူးတင်ပါတယ် မဟာမိတ်အရှင်”

ဝမ်ချောင်က ပြုံးလိုက်ရင်း ခပ်အေးအေးသာပြောသည်။ ထို့နောက် ဂါရဝပြုလိုက်သည်။ သူ၏အမူအရာနှင့် ပြုမူပုံများက လူအများ၏ လေးစားမှုကို ရရှိသွားစေသည်။

စုန့်ယို့ရန်သည်လည်း တစ်စုံတစ်ရာကို အာရုံခံမိပြီး ဝမ်ချောင်ကို ကူညီရန် ချက်ချင်းလိုလို ပြောလိုက်သည်။

“အဖေ သခင်လေးချင်းယန်က တော်တော်လေးကို ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာနော်။ သူက အင်အားနည်းတယ်ဆိုပေမဲ့လည်း သူ့ရဲ့ညွှန်ကြားမှု စကားလုံး အနည်းငယ်နဲ့တင် ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က တပည့်ဂိုဏ်းသားတွေကို အတူပူးပေါင်းရင်းနဲ့ ယင်နက်ဂိုဏ်းရဲ့ မတည်မြဲခြင်း ဗိုလ်ချုပ်နက်ကို သတ်ဖြတ်နိုင်စေခဲ့တာလေ။ ဒါ့အပြင် သူ့ရဲ့ ဆက်တိုက် ကူညီမှုတွေကြောင့်ပဲ အဖေ့ရဲ့သမီးက ဝေ့ချန်းထင်ရဲ့လက်ထဲကနေ လွတ်လာခဲ့တာပေါ့”

“အိုး”

စုန့်ယို့ရန်၏ နောက်ဆုံးစကားက စုန့်ယွမ်ယွီ၏ မျက်လုံးအတွင်း အားလှိုင်းများ ဖြတ်ပြေးစေသည်။ သူ၏အမူအရာကပင် အများကြီးညင်သာလာသည်။

သမီးတစ်ယောက်သည် အဖေကို အသိဆုံးဖြစ်သည်။ သခင်လေးချင်းယန်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ထိုမျှ ကြီးမားစွာ ကူညီပေးထားလေရာ စုန့်ယို့ရန်ကလည်း သူ့အား ကို့ယို့ကားယား အခြေအနေအတွင်းတွင် မရှိစေလိုပေ။

စုန့်ယွမ်ယွီက လှည့်ပြောသည်။

“ဒီလိုဆိုမှတော့ ဒီစုန့်က သခင်လေးကို ပိုပြီးကျေးဇူးတင်ရတော့မှာပဲ။ သခင်လေးက ဒီနေရာကို ရောက်နေပြီဆိုကတည်းက ဘာလို့ ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့ ရက်အနည်းငယ်လောက် မနေတာလဲ”

“အကြီးအကဲအော့ရန် ငါတို့ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ အဆုံးအစမဲ့တဲ့ တံဆိပ်ပြားတွေထဲက တစ်ခုကိုယူပြီး သခင်လေးချင်းယန်ကိုပေးလိုက်။ သခင်လေးချင်းယန် ဒီတံဆိပ်ပြားနဲ့ဆိုရင် အနောက်မြောက်ပိုင်းမှာပဲဖြစ်ဖြစ် အခြားဘယ်နေရာကိုပဲရောက်ရောက် ငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဂိုဏ်းရဲ့ ကျွမ်းကျင်ပညာရှင်တွေကို စုစည်းလို့ရတယ်။ ဒီလိုနည်းလမ်းနဲ့ မင်းကိုယ့်ကိုယ်ကို ပိုပြီးကာကွယ်နိုင်လိမ့်မယ်”

အော့ရန်ချင်းဟန်အပါအဝင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများ အားလုံး၏ မျက်ဝန်းက တောက်ပသွားသည်။ သခင်လေးချင်းယန်၏ ထူးခြားသော မြင်နိုင်စွမ်းအားနှင့် သိုင်းပညာများပေါ် နက်နဲသော နားလည်နိုင်စွမ်းရည်က အဖွဲ့အစည်းပေါင်း များစွာကပင် အကြိတ်အနှယ် ယှဉ်ပြိုင်ရသော အနေအထားမျိုးတွင်ဖြစ်သည်။ သို့သော် သူ၏သွေးကြောများဟာ ပျက်စီးနေပြီး ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနှင့် အခြားသော လျို့ဝှက်သိုင်းများကပင် သူ့ကို စိတ်ဝင်စားစေခြင်း မရှိတော့ချေ။ ယခုလို အဆုံးအစမဲ့ တံဆိပ်ပြားကို လက်ဆောင်ပေးခြင်းအားဖြင့် မဟာမိတ်အရှင်က သခင်လေးချင်းယန်ကို မျက်နှာသာတစ်ခု ပြန်ပေးလိုက်သလို ဖြစ်သွားသည်။ ဒီနည်းအားဖြင့် ဂိုဏ်းနှင့် ပို၍နီးကပ်အောင် ဆွဲဆောင်နိုင်ခဲ့သလို နောက်ထပ် ထူးချွန်သော အဖွဲ့ဝင်တစ်ယောက်ကိုလည်း ပိုင်ဆိုင်စေသည်။ ဒီနည်းအားဖြင့် အပြောင်မြောက်ဆုံး လှုပ်ရှားမှုဟု ဆိုနိုင်သည်။

“ဒီလိုဆိုမှတော့ ဒီလူက လက်ခံလိုက်ပါ့မယ်”

ဝမ်ချောင်ကပြုံးရင်း လက်ခုပ်တစ်ချက်တီးလျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အလွန်အမင်း အဆင့်မြင့်ပုံရသော ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်စားပြုသည့် တံဆိပ်ပြားကို ယူလိုက်သည်။ ထိုတံဆိပ်ပြားသည် သူ၏လက်ထဲတွင် လေးလံနေသည်။ ဝမ်ချောင်က တစ်ချက်ငုံ့ကြည့်လိုက်သောအခါ တံဆိပ်ပြား၏ တစ်ဖက်ခြမ်းတွင် တိမ်စိုင်များအတွင်းမှ ကြိုးကြာပုံရိပ်နှင့် အခြားတစ်ဖက်ခြမ်းတွင် အဆုံးအစမဲ့သော စကားလုံးက ငွေရောင်များဖြင့် ရေးထိုးထားရင်း တောက်ပသော စွမ်းအားများကို လွှတ်ထုတ်ထားကြောင်း ခံစားလိုက်ရသည်။

ယခုအခါ ကိစ္စကို တည်ငြိမ်အောင် လုပ်ဆောင်ပြီးပြီဖြစ်ပြီး ဝမ်ချောင်ကိုယ်တိုင်ကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တံဆိပ်ပြားကို ရရှိလိုက်သည်။ အော့ရန်ချန်းဟန်က ရှေ့တက်လျှက် လက်ကိုယမ်းလျှက်ပြောသည်။

“ဒီတိုင်းရပ်မနေနဲ့လေ တောင်ကိုမြန်မြန်လေး ရှင်းလင်းကြ”

တခဏခန့်ကြာပြီးနောက် လူအုပ်က လူစုကွဲသွားသည်။

တောင်ဟာ စုတ်ပြတ်သပ်နေပြီး ဆင်ခြေလျောကလည်း ပျက်စီးနေသော အလံများနှင့် ပြည့်နှက်နေသည်။ အလောင်းများနှင့် သွေးအိုင်များ၊ ကျိုးပဲ့နေသော ဓားများကလည်း ရှိနေသေး၏။ ထို့ကြောင့် ရှင်းလင်းရန် အချိန်တစ်ခုတော့ဖြင့် လိုအပ်သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ခံစားခဲ့ရသည်မှာ သေးငယ်သောအရှုံး မဟုတ်သည့်တိုင်အောင် တောင်ပေါ်မှ အလောင်းများကို ကြည့်လိုက်ရုံနှင့် ယင်နက်ဂိုဏ်းကလည်း ဆုံးရှုံးမှု ကြီးမားသွားသေးသည်။ စုန့်ယွမ်ယွီက နောက်ဆုံးအခိုက်အတန့်တွင် ပေါ်လာခဲ့ခြင်းက ယင်နက်ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို သတ်နိုင်ခဲ့လေသည်။

“ဟုတ်သားပဲအဖေ အဖေဒီခရီးမှာ ဘာတွေရခဲ့လဲ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန် ဒါမှမဟုတ် မူလအမရတောင်ကို တွေ့ခဲ့လား”

စုန့်ယို့ရန်က ရုတ်တရက်မေးသည်။ သူမ၏မေးခွန်းက အခြားသောလူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်ပြီး အားလုံးကလည်း တိတ်တဆိတ် အပြေးအလွှားလာ၍ ကြည့်လာကြသည်။ ဝမ်ချောင်၏နှလုံးသားကပင် တစ်ချက်ခုန်လျှက် လှမ်းကြည့်လိုက်မိသည်။ သူ၏ဆရာနှင့် စုန့်ယွမ်ယွီတို့က ရန်သူများဖြစ်သည်။ ဆရာဖြစ်သူက တစ်ချိန်ထဲတွင် အကြာကြီး ပျောက်နေသည့်အပြင် စုန့်ယွမ်ယွီကလည်း ထွက်ခွာသွားလေရာ ဝမ်ချောင်ကို အနည်းငယ် စိုးရိမ်စေသည်။ ထိုအခိုက်အတန့်မှ သူ၏အကြီးမားဆုံး စိုးရိမ်မှုကမူ ဆရာဖြစ်သူ၏ တည်နေရာဖြစ်သည်။

စုန့်ယွမ်ယွီက တိတ်ဆိတ်သွားသည်။ သူ၏မျက်လုံးအတွင်း အလင်းများက လက်သွားသည်။

“ဝိညာဉ်အမရတောင်နဲ့ ပတ်သတ်ပြီး ဘာသတင်းမှတော့မရှိဘူး။ တကယ်ရှိလား မရှိလားဆိုတာက ဆွေးနွေးငြင်းခုံစရာပဲ။ အမရတောင်က အလွယ်တကူ ပေါ်လာမှာတော့ မဟုတ်ဘူး။ ငါ့အနေနဲ့ ဒီကိစ္စက ထင်ရသလောက် မရိုးရှင်းဘူးလို့ထင်တယ်”

စုန့်ယွမ်ယွီက ခပ်ပေါ့ပေါ့ပြောသည်။

“ဒါဆိုရင် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကရော။ သူနဲ့ပတ်သတ်ပြီး သတင်းမရဘူးလား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲ အော့ရန်ချန်းဟန်က ရုတ်တရက်ပြောသည်။ သူ၏မျက်ဝန်းက မျှော်လင့်စောင့်စားမှုဖြင့် တောက်ပလာသည်။

မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူသည် သူ၏ဆိုးယုတ်သော မိစ္ဆာသိုင်းများကြောင့် ကျော်ကြားသည်။ သူသည် မရေမတွက်နိုင်သော သွေးမုန်တိုင်းများကို ဖန်တီးနိုင်ခဲ့ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကလည်း ထိုအကြောင်းပြချက်ကြောင့် ရောက်လာခဲ့ခြင်းဖြစ်လေသည်။

စုန့်ယွမ်ယွီက စကားမပြောနိုင်သေးခင် နှစ်မီတာခန့် အမြင့်ရှိသည့် သန်မာသော လူကြီးတစ်ယောက်က ရှေ့ထွက်လာသည်။

“ငါတို့သူနဲ့တိုးခဲ့တယ်။ ဒါပေမဲ့ သူက ထွက်ပြေးသွားနိုင်တယ်။ နောက်ပြီး ငါတု့ိလူ အနည်းငယ်ကိုတောင် ဒဏ်ရာရအောင် လုပ်သွားသေးတယ်”

သူ၏မျက်နှာတွင် ပါးမှနားထင်အထိ အရိုးပေါ်နေသည့် ကြီးမားသော ဒဏ်ရာကြီးက ရှိနေသည်။ ထိုဒဏ်ရာက သိပ်မကြာခင်က ရခဲ့ခြင်းဖြစ်လောက်၏။

စစ်ခွန်းယွမ်ကျား

ထိုလူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ နောက်ထပ် အကြီးအကဲတစ်ယောက်ဖြစ်သလို အဆင့်အတန်းချင်းယှဉ်သော် အော့ရန်ချန်းဟန်၏ အထက်တွင်ဖြစ်သည်။

စစ်ခွန်းယွမ်ကျား၏ မျက်နှာက ဖျော့တော့နေပြီး အသက်ရှုပုံကလည်း နွမ်းလျနေသေးသည်။ အသေးစိတ် အချက်အလက်များနှင့် မျက်နှာပေါ်မှ ဒဏ်ရာများအရ သူသည် သူပြောသော တိုက်ပွဲထဲတွင် သိသာထင်ရှားစွာ ဆုံးရှုံးခဲ့ပုံရလေသည်။

အခန်း(၁၃၅၀)

ဆရာ့ရဲ့သတင်း

ဝုန်း

စုန့်ယွမ်ကျန်း၏ စကားလုံးများက တောင်ထိပ်တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ လူပေါင်းများစွာကလည်း အံ့အားတကြီး တီးတိုးပြောနေကြသည်။ ဘေးဘက်မှ ဝမ်ချောင်က စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

ဆရာဖြစ်သူဟာ ထွက်သွားသည်မှာ အချိန်အတန်ကြာခဲ့သောကြောင့် ဝမ်ချောင်ဟာ စိုးရိမ်လာနေခြင်းဖြစ်သည်။ သို့သော် စစ်ခွန်းယွမ်ကျား၏ စကားလုံးများက သူ့ကို စိတ်အေးစေသည်။ ဆရာဖြစ်သူက သိမ်မွေ့သောနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် ဖြစ်လုနီးပါး ဖြစ်နေလေပြီ။ ထိုအတွက်ကြောင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တွင် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာ ရှိလောက်သော်လည်း ဆရာဖြစ်သူကို ကိုင်တွယ်ရန် မလွယ်ကူလောက်ချေ။

သူအဆင်ပြေတယ်ဆိုရင် ကောင်းတာပါပဲ။

ဝမ်ချောင်က တွေးတောလိုက်သည်။ သူသည် ဆရာဖြစ်သူနှင့် တွေ့ဆုံရန်အတွက် စိုးရိမ်စိတ်များနေသော်လည်း အလျင်လိုရန် မလိုအပ်သေးပါချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကတောင် တည်ရှိနေပြီး ကျွမ်းကျင်ပညာရှင်တွေ အများကြီးက ရောက်သွားတဲ့အခါ ကျန်းဝမ်ဖူက ဘယ်လိုများ လွတ်မြောက်နိုင်မှာလဲ”

အော့ရန်ချန်းဟန်က စုန့်ယွမ်ယွီက လှည့်ကြည့်ရင်း အံ့အားတကြီးပြောသည်။

“ကျန်းဝမ်ဖူက ကျင့်ကြံခြင်း သွေဖယ်သွားတာ မဟုတ်ဘူးလား။ ဘယ်လိုကြောင့်သူက ဒီလောက်ထိ အင်အားကြီးနေတာလဲ”

“ဘာတွေဖြစ်သွားမှန်းတော့ ငါတို့မသိဘူး။ ဒီအမှိုက်ကောင်က နှစ်နှစ်လုံးလုံး ပုန်းနေတာ။ သူ့ရဲ့အင်အားက အထွတ်အထိပ်ကို ရောက်သွားသေးတဲ့အပြင် ပိုတောင်ကျော်သွားသေးတယ်။ နောက်ပြီး သူက အတိတ်ကထက် ပိုပြီး ကိုင်တွယ်ရခက်လာတယ်။ သူ့ရဲ့နည်းလမ်းတွေကလည်း ခြားနားသွားတာပဲ။ နောက်ပြီး သူ့ရဲ့တိုက်ကွက်တွေက စွမ်းအင်ပိုးမျှင် ထောင်ပေါင်းများစွာ ပေါင်းစပ်လုပ်ဆောင်ပြီး သေစေနိုင်တဲ့ ရိုက်ချက်တစ်မျိုးကို ထုတ်လွှတ်နိုင်သေးတာ။ ဒါပေမဲ့ သူအရင်က သုံးခဲ့ဖူးတဲ့ မိစ္ဆာသိုင်းတွေ တစ်ခုမှမသုံးတော့ဘူး”

စစ်ခွန်းယွမ်ကျားက ထိုသို့ပြောသည်။ သူ၏မျက်လုံးထဲတွင် နက်ရှိုင်းသော အံ့အားသင့်မှုများလည်း ရှိနေသည်။

မိစ္ဆာဧကရာဇ်သည် သတ်ဖြတ်ရင်းနှင့် ဂုဏ်သတင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အချိန်အတန် ကြာပြီးသည့်တိုင်အောင် ဂိုဏ်းလောကမှ လူများကလည်း သူ၏နာမည်ကို အထူးတလည် အာရုံစိုက်နေခြင်းဖြစ်သည်။ သူ၏ မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်ပေါင်း များစွာဆိုလျှင် ကျန်းဝမ်ဖူကို မြင်ရုံနှင့် ဒူးများက တုန်ခါလာကြသည်။ ဂိုဏ်းလောကတွင် ကျန်းဝမ်ဖူကို မကြောက်သောလူဟူ၍ မရှိပေ။

“အဲ့ဒါက ဒဏ္ဍာရီ ဝိညာဉ်ပင်လယ်သိုင်းပဲ။ ဂိုဏ်းလောကထဲမှာ ထိပ်ဆုံးမှာရှိတဲ့ သိုင်းတစ်မျိုးပေ့ါ။ ငါကြားဖူးတဲ့အတိုင်းဆိုရင် သူ့ရဲ့ အစောပိုင်းနှစ်တွေမှာ သူက ဒီသိုင်းကိုရသွားပြီး ရတနာသိုက်ထဲမှာ သိမ်းထားခဲ့တယ်။ ဒါပေမဲ့ ဒီသိုင်းက သူ့ရဲ့ရတနာသိုက်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာတောင်မှ သူအောင်မြင်အောင် မကျင့်နိုင်ခဲ့ဘူး။ သူကံကောင်းမှုအချို့ တွေ့ခဲ့လို့ ဖျက်ဆီးခံရပြီးတဲ့နောက်ကနေ အဲ့ဒီသိုင်းကို အောင်အောင်မြင်မြင် ကျင့်နိုင်ခဲ့တာဖြစ်လိမ့်မယ်”

စုန့်ယွမ်ယွီက အေးစက်စွာပြောသည်။ သူ၏အမူအရာက တင်းမာကာ ထည်ဝါသည်။

ဝုန်း

လူအုပ်က ပို၍ပင် ပွက်လောရိုက်သွားသည်။ ကြောက်လန့်သော အကြည့်များကိုလည်း ဖလှယ်လိုက်ကြ၏။ စစ်ခွန်းယွမ်ကျားကပင် အံ့ဩသွား၏။ ထိတ်လန့်စွာပင် စုန့်ယွမ်ယွီက သူ့ကို ထိုအကြောင်းအရာကို ပြောပြခဲ့ဖူးခြင်း မရှိခဲ့ပေ။

ဘယ်ဘက်ခြမ်းမှ ဝမ်ချောင်ကမူ တည်ငြိမ်နေသည်။ သူ၏နှလုံးသားကမူ တုန်ခါနေပြီဖြစ်၏။ စုန့်ယွမ်ယွီက သံသယဝင်ရန် မလိုလောက်အောင် သူတွေ့ဖူးသမျှ ပုဂ္ဂိုလ်ထဲတွင် လေးစားဖွယ်အကောင်းဆုံးနှင့် ပြဿနာ အပေးနိုင်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်။

စကားလုံးအနည်းငယ်နှင့်တင် သူသည် ဆရာဖြစ်သူ၏ သိုင်း၏ မူလဇစ်မြစ်ကို ဆုံးဖြတ်နိုင်သည်။ ထိုအချက်ကတင် ဝမ်ချောင်အတွက် ဆရာဖြစ်သူအား မည်သည့်အတွက်ကြောင့် ထိုလူကို လေးစားဖွယ်ကောင်းသော လူအဖြစ် သတ်မှတ်ထားကြောင်း သိနိုင်သည်။

သခင်လေးချင်းယန်ရဲ့ အဆင့်အတန်းက ထူးခြားတယ်။ စုန့်ယို့ရန်ရဲ့ စကားလုံးတွေက သူ့ကိုအယုံသွင်းနိုင်ဖို့ လုံလောက်မှာမဟုတ်ဘူး။ နောက်ရက်အနည်းငယ်အတွင်းတော့ ငါသတိထားရမယ်။

ဝမ်ချောင်ကလည်း စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ စုန့်ယို့ရန်က သူ့အတွက် ပြောပေးသော်လည်း ဝမ်ချောင်ကမူ ထိုစကားလုံးများနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကို လှည့်စားရန် လုံလောက်မည်ဟု မယုံကြည်ပေ။

“ဒါပေမဲ့ မဟာမိတ်အရှင် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို ဘယ်သူကမှ အောင်အောင်မြင်မြင်နဲ့ မကျင့်ကြံနိုင်ခဲ့ဘူးလို့ ပြောနေကြတာမဟုတ်လား။ နောက်ပြီး ကျစ်အန်းတုတောင်မှ ကျန်းဝမ်ဖူရဲ့ တန်ထန်းကို ဖျက်ဆီးခဲ့သေးတယ်။ ဒါကိုသူက ဘယ်လိုများ ဆက်ကျင့်နိုင်တာလဲ”

အကြီးအကဲတစ်ယောက်ကမေးသည်။

“ငါလည်း ဒီကိစ္စကို မရှင်းလင်းဘူး။ ဒါပေမဲ့ သူသုံးတာ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းဆိုတာတော့ သေချာတယ်”

စုန့်ယွမ်ယွီက ထိုသို့ပြောသည်။ ကျစ်အန်းတုက ရုတ်တရက် ပြောလိုက်သည်။ သူ၏အသံက အေးစက်ပြီး ဆိုးယုတ်မှုအပြည့် ဖြစ်နေကာ မျက်နှာကလည်း တင်းမာသည်။

“မဟာမိတ်အရှင် အဲ့ဒီလူရမ်းကားအိုကြီး ကျန်းဝမ်ဖူက ဆိုးယုတ်ပြီး ကောက်ကျစ်ပြီး ရက်စက်တယ်။ ငါတို့အခု သူ့ကိုရှာတွေ့ပြီဆိုမှတော့ ထွက်ပြေးခွင့်ပြုလို့မရတော့ဘူး။ မဟာမိတ်အရှင်က ရှာဖွေမှုကို နှစ်ဆခန့်တိုးမြှင့်ပေးဖို့ တောင်းဆိုပါတယ်။ ငါတို့တွေ ကျန်းဝမ်ဖူကို သတ်ရမယ်”

လမင်းဟာ ချက်ချင်းဆိုသလို ထူးဆန်းသွားသည်။ ဝမ်ချောင်က အနီးအနားရှိ ကျစ်အန်းတုကို ကြည့်ချိန်တွင် သူ၏နှလုံးသားထဲတွင် သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်များက ပေါ်ထွက်လာသည်။ ထိုမျိုးမစစ်ကောင်သည် ဆရာဖြစ်သူကို တစ်ကြိမ် သစ္စာဖောက်ခဲ့ပြီးလေပြီ။ ယခုအခါ ပြန်လည်ပြီး တိုက်ခိုက်ချင်နေသေးသည်။ ထိုအကောင်က လွန်ကဲလွန်းစွာပင် အရှက်မဲ့သည်။

ဝမ်ချောင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျှက် စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်သည်။

ငါမင်းကို နည်းနည်းတော့ အသက်ရှင်ခွင့်ပေးထားဖို့ ကြံစည်တာ။ ဒါပေမဲ့ အခုတော့ မင်းကို ဖယ်ရှားဖို့ ကြိုးစားရတော့မယ်ထင်တယ်။

အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားများက ကျစ်အန်းတုကို ကြည့်ချိန်တွင် ထူးဆန်းသော မျက်နှာထားမျိုးနှင့်ဖြစ်ပြီး လက်မခံလိုသော သဲလွန်စမျိုးကို ဖော်ထုတ်ပြောထားကြသည်။ ဖြောင့်မတ်မှန်ကန်သည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ ဆရာဖြစ်သူနှင့် ဂိုဏ်းကို သစ္စာဖောက်ခဲ့သူများကို အမြဲတစေ အထင်သေးခံရပေလိမ့်မည်။ ကျစ်အန်းတုအနေဖြင့် ယခင်ဆရာကို ကိုင်တွယ်ချင်သော ကိစ္စက အကျိုးအကြောင်းကျကျ စဉ်းစားရသော် လူတိုင်းက အထင်သေးမည့် ကိစ္စမျိုးဖြစ်သည်။

သို့သော် ကျစ်အန်းတုကမူ ထိုအရာများကို မမြင်သလိုမျိုး ရည်ရွယ်ချက်ရှိရှိဖြင့် လျစ်လျူရှု့ထားလိုက်သည်။ သူသည် စုန့်ယွမ်ယွီကိုသာ အလွန်အမင်း တင်းမာသော မျက်နှာထားမျိုးနှင့်ကြည့်သည်။

“ဒါက ငါတို့လုပ်ရမဲ့ ကိစ္စပဲ။ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူက ထွက်ပြေးသွားခဲ့နိုင်ပေမဲ့လည်း ငါတို့က လက်ဗလာနဲ့တော့ လာခဲ့တာမှ မဟုတ်တာ။ အဲ့ဒီနောက် မိစ္ဆာဧကရာဇ်က ဂိုဏ်းလောကက တစ်စုံတစ်ယောက်နဲ့ ပူးပေါင်းနေတယ်ဆိုတာကို တွေ့လိုက်တယ်။ ငါတို့ကလည်း အရေးပါတဲ့ သတင်းအချို့ကို သိခဲ့ရသေးတာ။ မိစ္ဆာဧကရာဇ်က အနားယူသွားပြီးတဲ့နောက်မှာ တပည့်အသစ်တစ်ယောက် လက်ခံလိုက်တယ်။ အဲ့ဒီတပည့်က အသက်သိပ်မကြီးသေးဘူး။ (၁၇)နှစ်၊ (၁၈)နှစ်အရွယ် ဖြစ်လောက်တယ်။ နောက်ပြီးသူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို တက်ထားတယ်”

စုန့်ယွမ်ယွီကပြောသည်။

ခြိမ်း

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများ အားလုံးက ထိုသတင်းကြောင့် ဖိအားများသွားကြသည်။ အထူးသဖြင့် ကျစ်အန်းတုဖြစ်သည်။ သူသည် မေးရိုးကို ဖြတ်ရိုက်ခံလိုက်ရသလိုမျိုး ခေါင်းကို ဆက်ကနဲ မော့သည်။

“ဘာ”

ကျစ်အန်းတု၏ မျက်လုံးက မှေးကျဉ်းသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အန္တရာယ်များသော စွမ်းအင်များဖြင့် တောက်လောင်လာ၏။ သူသည် အတက်နိုင်ဆုံး ကြိုးစားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားသော်လည်း သူ၏မျက်ဝန်းထဲမှ သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်ဆန္ဒနှင့် မနာလိုမှုက ထွက်လာသည်။

ဒီသောက်ကျိုးနည်း အဘိုးကြီး

ကျစ်အန်းတု၏စိတ်က ဒေါသများ ပြည့်နှက်လာသည်။

သူသည် ထိုဖြစ်နိုင်ချေကို မစဉ်းစားဖူးပေ။ မိစ္ဆာဧကရာဇ်၏ မျိုးဆက်မှ စည်းမျဉ်းများသည် အလွန်အမင်း တင်းကြပ်သည်။ သူ့အနေဖြင့် အမျိုးမျိုးသော အားစိုက်ထုတ်မှုများ လုပ်ပြီးမှသာ မိစ္ဆာဧကရာဇ်၏ တပည့် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထိုလူရမ်းကားအိုကြီးက သူ၏ရေးရာကိစ္စများကို သူကိုယ်တိုင်အတွက်သာ ထန်းသိမ်းထားလေ့ရှိသည်။ သို့သော် ယခုအခါ နောက်ထပ် တပည့်တစ်ယောက်ကို လက်ခံလိုက်သည်။ ရိုးရှင်းစွာပင် ကျစ်အန်းတုအတွက် လက်မခံနိုင်ပေ။ မနာလိုစိတ်များက အဆိပ်ပြင်းမြွေတစ်ကောင် ဖြစ်လာလေပြီး သူ၏မျက်နှာက ရှုံ့မဲ့လာစေသည်။

ကျစ်အန်းတုက ဒေါသများဖြင့် တောက်လောင်နေချိန်တွင် ဝမ်ချောင်က မှင်သက်သွားသည်။

အင်ပါယာခုံရုံးနှင့် ဂိုဏ်းလောကက ခြားနားသည်။ အင်ပါယာခုံရုံးကမူ ဂိုဏ်းလောကအကြောင်းကို မသိပေ။ ဂိုဏ်းလောကမှ လူများကလည်း အင်ပါယာခုံရုံးထက် အနည်းငယ်သာ သိလောက်သည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က နှစ်ကြိမ်ခန့် လုပ်ဆောင်ခဲ့သေးသည့်တိုင်အောင် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ခဲ့ဖူးသေးသည့်တိုင်အောင် ဂိုဏ်းလောကမှ လူများကမူ ထိုအကြောင်းအရာကို မသိကြပေ။ သူ၏ဆရာဖြစ်သူကလည်း အပြင်လူများအကြောင်းကို သူ့ကို မပြောဖူးပေ။ ထို့ကြောင့် ဝမ်ချောင်ကိုယ်တိုင်ကပင် သိုင်းပညာရှင်များကလည်း ထိုအကြောင်းအရာကို သိနိုင်မည်ဟု မထင်ထားမိပေ။

“မဟာမိတ်အရှင် ဒီသတင်းက ယုံကြည်ရရဲ့လား။ ဘာပဲဖြစ်ဖြစ် အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအရ... ကျန်းဝမ်ဖူက တကယ်ပဲ တပည့် လက်ခံနိုင်ပါ့မလား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က လူအုပ်ထဲမှထွက်လာရင်း ပြောသည်။ သို့သော် သူသည် ကျစ်အန်းတုကို ကြောက်လန့်တကြား ကြည့်လိုက်သေး၏။ တစ်ဖက်သူ၏ မျက်နှာက ရှုံ့မဲ့နေပြီဖြစ်သည်။

ထိုလူသည် သူ၏တပည့်အရင်း၏ သစ္စာဖောက်မှုကို ခံခဲ့ရသည်။ ထိုသို့ မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် သာမာန်လူတစ်ယောက်ဆိုလျှင် သူတို့၏ နှလုံးသားတွင် အရိပ်အစွန်းတစ်ခု ရှိနေမည်ဖြစ်ကာ နောက်ထပ် တစ်ယောက်ကို လက်သင့်ခံလိုစိတ် ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် မေးခွန်းထုတ်သော လူကလည်း ထိုအခြေအနေဟာ ပို၍ပင် မဖြစ်နိုင်လောက်ဟု ခံစားမိသည်။

ဝမ်ချောင်က ဘာစကားမှမပြောဘဲ မဟာမိတ်အရှင်ကိုသာ ကြည့်နေသည်။ ယခုအခါ သူအနောက်တောင်ပိုင်းသို့ ရောက်လာပြီး သိပ်မကြာခင် ထိုသတင်း မည်သို့မည်ပုံ ပျံ့နှံ့လာကြောင်း နားမလည်နိုင်သေးပေ။

စုန့်ယွမ်ယွီက ဘာစကားမှမပြောဘဲ စစ်ခွန်းယွမ်ကျားကိုသာ ကြည့်သည်။ စစ်ခွန်းယွမ်ကျားက နားလည်ပြီး ရှေ့ထွက်လာ၏။

“ဒီသတင်းနဲ့ပတ်သတ်ပြီး ပြဿနာတော့ မရှိလောက်ဘူး။ ငါတို့ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ဘေးမှာ ဝင်္ကပါအကြီးအကဲတစ်ယောက်ရှိတယ်။ ဒီလူက ဒီလောကထဲမှာ ဂုဏ်သတင်းတော့ မရှိပေမဲ့လည်း ရှေးဟောင်းဝင်္ကပါ အမျိုးမျိုးနဲ့ ကျွမ်းကျင်တယ်။ နောက်ပြီး အဲ့ဒီလူက ကျန်းဝမ်ဖူကို ကူညီပြီး ထွက်ပြေးလွတ်မြောက်သွားအောင် လုပ်ခဲ့တာ။ ငါတို့ စုံစမ်းစစ်ဆေးလိုက်တဲ့နောက်မှာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်ကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်အကြောင်း သတင်းကိုသိလိုက်ရတာပဲ။ သူက ကျန်းဝမ်ဖူနဲ့ စကားပြောနေရင်း ငါတို့ဒါကို သိလိုက်ရတာ။ ဒီလူပြောတဲ့အတိုင်းဆိုရင် မိစ္ဆာဧကရာဇ်ရဲ့ တပည့်အသစ်က တော်တော်လေးငယ်တယ်။ ဒါပေမဲ့ တော်တော်လေးလည်း အင်အားကြီးတယ်။ ကျန်းဝမ်ဖူအနေနဲ့ သူ့ရဲ့ ဒီတပည့်အသစ်ကို တော်တော်လေးကို သဘောကျနေတာကို မြင်နိုင်တယ်။ အနောက်မြောက်ပိုင်းကို လာတဲ့ခရီးမှာတောင်မှ သူက ဒီတပည့်ကို ခေါ်လာသေးတာ။ မိစ္ဆာဧကရာဇ်နဲ့ အဲ့ဒီဝင်္ကပါ အကြီးအကဲက ကင်းထောက်အဖြစ် ထွက်လာချိန်က သူတို့က သူ့ရဲ့တပည့်ကို နောက်တန်းမှာ ထားခဲ့တာပဲ”

“ဒီကိစ္စက ဝင်္ကပါအကြီးအကဲကနေတဆင့် မတော်တဆ ထုတ်ပြောတာဆိုတော့ မမှားနိုင်လောက်ဘူး”

လူတိုင်းကလည်း ထိုစကားလုံးများကြောင့် မျက်နှာထားများ တင်းမာသွားကြသည်။ ကျစ်အန်းတုက ပို၍ပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပေါက်ကွဲလာပြီး အခြားသောလူများကမူ ထိုအပြောင်းအလဲကို နားလည်အောင် ကြိုးစားနေကြသည်။ ထိုအချိန်တွင် ဝမ်ချောင်၏စိတ်က လှုပ်ခါနေသည်။

ဆိုတော့ သူပေါ့။

ဝမ်ချောင်အနေဖြင့် ထိုသတင်းသည် ဝင်္ကပါအကြီးအကဲထံမှတဆင့် ပေါက်ကြားလာခြင်းဆိုသော အချက်ကို ရိုက်သတ်ခံရမည်ဆိုလျှင်ပင် မယုံကြည်နိုင်သေးသည့်တိုင်အောင် ထိုလူ၏ စိတ်နေသဘောထားအရ ဖြစ်နိုင်လောက်သည်။

ပြဿနာပဲ။

ဝမ်ချောင်က တွေးလိုက်သည်။

“သခင်လေးချင်းယန် မင်းဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာအတွေးများရှိလဲ”

သူ၏နားအတွင်း စုန့်ယွမ်ယွီအသံက ထွက်လာ၏။ ဝမ်ချောင်က တစ်ချက်မော့ကြည့်လိုက်သောအခါ ထိုအမျိုးသား၏ မျက်လုံးနှင့် ခံစားချက်ကင်းမဲ့သော မျက်နှာထားကို မြင်နိုင်သည်။ တစ်ဖက်သူ၏ အတွေးကို မပြောနိုင်လောက်ပေ။

“ဟွန်း ဒီလူက လှည့်လည်သွားလာနေတဲ့ ကြိုးကြာတစ်ကောင်လိုပါပဲ။ ဂိုဏ်းလောကရဲ့ ကိစ္စကြီးတွေကို မဟာမိတ်အရှင်လောက်တော့ နားလည်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဝေမျှချင်တာမရှိပါဘူး”

ဝမ်ချောင်က အသာဦးညွှတ်လျှက် တည်ငြိမ်စွာပြောလိုက်သည်။

စုန့်ယွမ်ယွီက ပြုံးရုံသာပြုံးပြီး ဘေးဘက်သို့ ခေါင်းလှည့်သည်။

“တောင်ကိုစောင့်ကြပ်ဖို့ အင်အားတိုးမြှင့်ထား။ ယင်နက်ဘိုးဘေးက ထွက်သွားပြီဆိုပေမဲ့လည်း သူဟာ ဘယ်အချိန်ပြန်ရောက်လာမလဲဆိုတာကို မသိနိုင်သေးဘူး။ ငါတို့သူ့ကို အခွင့်အရေး ထပ်ပေးလို့မရဘူး”

စုန့်ယွမ်ယွီကပြောသည်။

လူတိုင်းက ဂါရဝပြုလျှက် ကျယ်လောင်စွာ ပြန်ဖြေကြသည်။

“ဟုတ်ကဲ့ မဟာမိတ်အရှင်”

စုန့်ယွမ်ယွီက စစ်ခွန်းယွမ်ကျားကိုကြည့်သည်။

“ယွမ်ကျား မင်းက ဒီတိုက်ပွဲမှာ အတွေ့အကြုံ အများဆုံးပဲ။ ဒီတော့ ငါမင်းကို ကျန်တဲ့ကိစ္စတွေ လွှဲထားပေးခဲ့မယ်”

“ဟုတ်ကဲ့မဟာမိတ်အရှင်”

စစ်ခွန်းယွမ်ကျားက ခပ်မြန်မြန် ဂါရဝပြုလိုက်သည်။ သူ၏မျက်နှာတွင် လေးစားမှုများက ရှိနေ၏။

ထိုသို့ဖြင့် တွေ့ဆုံမှုက ခပ်မြန်မြန် အဆုံးသတ်ရန် နီးကပ်လာသည်။ လူတိုင်းက လူစုခွဲလိုက်ကြသည်။

အားလုံးက ထွက်ခွာသွားပြီးနောက် စုန့်ယို့ရန်က အနားသို့ ခပ်မြန်မြန်လျှောက်လာလျှက် တောင်းပန်သည်။

“သခင်လေး ငါတောင်းပန်ပါတယ်။ ငါ ငါနင့်ဆီကနေ ငါ့ရဲ့နောက်ခံကို ဖုံးကွယ်ထားပြီး ငါက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ရဲ့ သမီးဆိုတာကို မပြောခဲ့မိဘူး”

“အရေးကြီးတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ မိန်းကလေးစုန့်အနေနဲ့ မစိုးရိမ်သင့်ပါဘူး”

ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ခါယမ်းလျှက် ပြုံးလိုက်သည်။ ထိုကိစ္စကြောင့် သူသည် အနည်းငယ်သာ အံ့ဩသွားရုံရှိပြီး အထူးတလည် ဂရုမစိုက်ပါချေ။

စုန့်ယို့ရန်ကလည်း ဝမ်ချောင်၏ စကားလုံးများကြောင့် စိတ်အခြေအနေ ကောင်းသွားသည်။

“နင်စိတ်အေးအေးထားနော်။ အဖေက ငါ့ကိုကတိပေးထားပြီးသား။ သူနင့်ရဲ့ သက်တော်စောင့်ကို ရှာပေးလိမ့်မယ်”

စုန့်ယို့ရန်က ပြောသည်။

ကောင်းကင်က မှောင်လာသည်။ စုန့်ယို့ရန်က ဝမ်ချောင်အား နေရန်နေရာတစ်ခု ပြင်ဆင်ပေးရန် ခေါ်သွားသည်။

ခီး...

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက တောင်ပေါ်တွင် အလုပ်များနေချိန်တွင် အမြင့်ပိုင်းတစ်နေရာမှ သိန်းငှက်တစ်ကောင်၏ အော်ဟစ်သံက ထွက်ပေါ်လာသည်။ ထိုအသံက သတိထားမှု အနည်းငယ်ကိုသာ ယူဆောင်လိုက်နိုင်သည်။ ကောင်းကင်တွင် စူးရှသော မျက်ဝန်းတစ်စုံနှင့် သိန်းငှက်ကြီးတစ်ကောင်က တောင်တန်းတစ်ခုလုံးကို ဝိုင်းပတ်လျှက် ရှိနေသည်။

သိန်းငှက်ကြီးက သာမာန်သိန်းငှက်များ၏ ရွှေရောင်အတွင်းမှ အနက်ရောင် မျက်ဝန်းမျိုးကို မပိုင်ဆိုင်ထားချေ။ ထိုအစား သူ၏တစ်ကိုယ်လုံးက ကြောက်စရာကောင်းလောက်အောင် နီနေသည်။ ကောင်းကင်မှ ငုံ့ကြည့်လိုက်သောအခါ လူအုပ်ထဲမှ မိုးပြာရောင်ဝတ်စုံနှင့် ပုံရိပ်ကို ဆက်တိုက် တွေ့မြင်သွား၏။ ထိုလူက စုန့်ယို့ရန်နှင့် ပျော်ရွှင်စွာ စကားပြောနေသော ဝမ်ချောင်ဖြစ်လေသည်။

All Chapters