← Chapters

အခန်း (၁၃၅၁-၁၃၅၅)

Vol. 80 Ch. 1351-1355

အခန်း (၁၃၅၁-၁၃၅၅)

Vol. 80 Ch. 1351-1355

အခန်း(၁၃၅၁)

“ဟား ဟား ရှောင်ကွိင်ကွိင်က ပစ်မှတ်ကို ရှာတွေ့သွားပြီပဲ”

ကျင်းကော်(ယပ်တောင်ပုံ အဝါရောင်ပန်းပွင့်များ ပွင့်တတ်သည့် အပင်ကြီးတစ်မျိုး)၏ အောက်တွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့်လူက ခပ်ဟဟရယ်သည်။ သူက သူ၏ဆန့်ထုတ်ထားသော လက်မောင်းကို ပြန်ရုတ်သိမ်းလိုက်ရင်း အခြားသောလက်တစ်ဖက်ကိုသုံးလျှက် ထိုသိန်းငှက်၏ကျောကို အသာပုတ်ပေးလိုက်သည်။ သူ၏မျက်လုံးကမူ သိန်းငှက်၏ သွေးရောင်မျက်ဝန်းကိုသာ စိုက်ကြည့်နေသည်။

“ဟစ်”

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက အသက်ရှုသွင်းလိုက်ချိန်တွင် သိန်းငှက်၏ ခန္ဓာကိုယ်ထဲမှ သွေးမြူက စတင်ကာ မြောက်တက်လာသည်။ ထိုသွေးမြူသည် ချက်ချင်းလိုလို လှုပ်ရှားလိုက်ပြီး ကိုယ်ပိုင် အသက်ဝင်နေသလိုမျိုး တစ်နေရာသို့ ထွက်ခွာသွားသည်။ ထို့နောက် တစ်စစီ ကွဲထွက်သွားရင်း မြူစီးကြောင်း နှစ်ကြောင်းအသွင် ပြောင်းလဲလျှက် ထိုအမျိုးသား၏ မျက်လုံးတစ်လုံးစီအတွင်းသို့ ဝင်ရောက်သွားလေသည်။ တခဏခန့်ကြာပြီးနောက် ထိုအမျိုးသား၏စိတ်အတွင်း အနီရောင်ပုံရိပ်များ ပေါ်လာသည်။

ထိုပုံရိပ်များက ယခင်ကသိန်းငှက်မြင်ခဲ့သမျှ အရာအားလုံးဖြစ်ပြီး ယခုအခါ သွေးရောင်လွှမ်းနေသလို ချင်းချင်းရဲနေသည်။

“သွေးမျက်လုံး ဘယ်လိုလဲ။ ပစ်မှတ်က ဘယ်မှာလဲ”

သူ၏အနောက်ဘက်မှ အေးစက်ပြီး ထောင်လွှားမောက်မာသော အသံက ထွက်လာသည်။

ဝါးဦးထုတ်ဆောင်းထားသော လူသုံးယောက်က အနီးအနားတွင် ရပ်နေကြသည်။ သူတို့၏ဦးထုတ်များက အနည်းငယ် စောင်းနေသောကြောင့် သူတို့၏ မျက်နှာသွင်ပြင် အများစုကို ဖုံးကွယ်ထားသည်။ သူတို့၏ခန္ဓာကိုယ်တွင်လည်း ဝတ်ရုံများက တင်းတင်းကြပ်ကြပ် ခြုံလွှမ်းထားသေးသောကြောင့် သူတို့က ဝင်္ကပါသို့ကျလာသော လင်းနို့များအလား လျို့ဝှက်ဆန်းကြယ်လွန်းနေပြီး ရုပ်သွင်အားလုံးကို ဖုံးကွယ်ထားလေသည်။

“ဟား ဟား ငါသူ့ကိုမြင်ပြီးပြီ။ သူက ငါတို့ရဲ့အနောက်ဘက် လီနှစ်ဆယ့်ငါးအကွာက တောင်ပေါ်မှာရှိတယ်။ အဲ့ဒီတောင်မှာ အလံတွေအများကြီးရှိတယ်ဆိုတော့ ငါတို့လွဲမှာတော့မဟုတ်ဘူး။ ပိုဆိုးတာက မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင်က နောက်ထပ် မဟာမိတ်တွေ ရှာတွေ့သွားတဲ့ပုံပဲ”

အနက်ရောင်ဝတ်စုံနှင့်လူက ကောက်ကျစ်စွာ ရယ်သည်။ ရက်ပေါင်းများစွာ လိုက်ဖမ်းနေခဲ့ရသလို သူတို့၏ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက် အဆုံးတွင် သူတို့၏ မျက်စိအောက်မှ မလွတ်မြောက်ခဲ့ပါပေ။

“မဟာမိတ်ဟုတ်လား”

ဝါးဦးထုတ်နှင့် လူများထဲမှတစ်ယောက်က ခေါင်းအသာမော့လျှက် သွေးမျက်လုံးကို တစ်ချက်ကြည့်သည်။

“အွန်း”

သွေးမျက်လုံးက တင်းမာစွာ ခေါင်းညိမ့်သည်။

“တောင်ပေါ်က အဲ့ဒီအလံတွေမှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်လို့ ရေးထားတယ်။ ဗဟိုပြင်ကျယ်က ဂိုဏ်းအချို့တော့ ဖြစ်လောက်တယ်။ နောက်ပြီး အင်အားကြီးမားတဲ့ တိုက်ခိုက်ရေးသမားတွေလည်း ပါတယ်”

သွေးမျက်လုံးကပြောသည်။

“ဟွန်း အရေးတယူထားစရာမလိုတဲ့ ကောင်တွေပါပဲ။ သူတို့ကို စိုးရိမ်မနေနဲ့။ ငါတို့ကို အတိုက်အခံလုပ်သမျှ အားလုံးကိုသာသတ်လိုက်”

နောက်ထပ် ဝါးဦးထုတ်နှင့် လူတစ်ယောက်က ထိုသို့ပြောသည်။ သူ၏အသံက အေးစက်နေသည်မှာ နယ်သာလောကမှ တက်လာသော မိစ္ဆာနတ်ဆိုးအလား ထင်ရသည်။

အခြားသော ဝါးဦးထုတ်ဆောင်းထားသော လူနှစ်ယောက်ကလည်း ခေါင်းညိမ့်ကြသည်။ ဒီလောက၏ နတ်များအတွက်မူကား သူတို့က သေမျိုးကဏ္ဍထဲသို့သာ ထည့်ထားသည်။ သူတို့ဟာ မည်မျှပင် အင်အားကြီးမားနေစေကာမူ ပုရွက်ဆိတ်ထက် မပိုချေ။ ထို့ကြောင့် အာရုံစိုက်ရန်ပင် မလိုချေ။ ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဆိုသည်မှာလည်း နည်းနည်းပိုကြီးသော ပုရွက်ဆိတ်ထက် ပိုလိမ့်မည်မဟုတ်ချေ။

“အသင့်ပြင် ငါတို့ကျစ်ကာလမှာ လှုပ်ရှားမယ်။ အားလုံးကိုသာသတ်”

ဝါးဦးထုတ်ဆောင်းထားသော လူများထဲမှ တစ်ယောက်က နောက်ဆုံးတွင် အမိန့်ပေးလိုက်သည်။

.....

ထိုအချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်စခန်းတွင် ဝမ်ချောင်က ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပြင်ချိတ်ကာ ထိုုင်နေရင်း အောက်ဘက်သို့ ငုံ့ကြည့်နေသည်။ တစ်နေ့တာ အချိန်အတောအတွင်း တိုက်ပွဲက ချန်ရစ်ထားခဲ့သည့် အမှတ်အသားများဟာ ရှင်းလင်းသွားပြီဖြစ်ပြီး မည်သည့်အခြေအနေကမှ မဖြစ်ပျက်ခဲ့ဖူးသလိုမျိုးသာ မြင်နေရလေသည်။

ဝမ်ချောင်က ထိုနေရာကို တဖြည်းဖြည်းချင်း အကဲခတ်နေရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့၏ တပည့်ဂိုဏ်းသားများတွင် အနားယူသူက အနားယူ၊ တရားထိုင်သူက တရားထိုင်လျှက်ရှိကြောင်း မြင်ရသည်။ သူတို့၏အမူအရာများက အလွန်အမင်း တည်ငြိမ်နေသည်။

နေ့အချိန်အတောအတွင်းမှ ကြမ်းတမ်းသောတိုက်ပွဲက လူတိုင်းနီးပါးကို အမြစ်ဖြတ်သုတ်သင်နိုင်လောက်အောင် ဖြစ်ခဲ့သော်လည်း သူတို့၏မျက်ဝန်းထဲတွင် အားလှိုင်းအနည်းငယ် ထနေသော အခြေအနေမျိုးကိုပင် မမြင်ရချေ။

ဂိုဏ်းလောကမှာ သတ်ဖြတ်တာက ပုံမှန်လိုဖြစ်နေတာ။ အကြမ်းတမ်းဆုံး တိုက်ပွဲကတောင် သူတို့အတွက် ထမင်းစားရေသောက်ပဲနေမှာ။

သူ၏အကြည့်က တောင်အောက်သို့ ဆက်ဆင်းသွားသည်။ ဝမ်ချောင်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အနည်းဆုံး အကြီးအကဲ ငါးယောက်ခန့်က တောင်ခြေနားတွင် ရှိနေကြောင်း မြင်ရ၏။ သူတို့၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်မုန်တိုင်းလှိုင်းများက မြောက်တက်လာရင်း အရပ်မျက်နှာအနှံ့ကို ကာကွယ်ထားကြသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲတိုင်းက သူတော်စင်သိုင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။ အချို့ဆိုလျှင် ကောင်းရှန်းကျစ်၏ အဆင့်တွင်ဖြစ်သည်။

ထိုအကြီးအကဲ ငါးယောက်က တာဝန်ကျသော နေရာအသီးသီးတွင် လှုပ်ရှားမှုကင်းမဲ့စွာသာ ထိုင်နေကြသည်။ ထိုအခြေအနေကြောင့်သာ ကြီးမားသောတိုက်ပွဲကြီး ဖြစ်ပျက်ခဲ့ပြီး ယင်နက်ဂိုဏ်းနှင့် ဘိုးဘေးငါးယောက် မဟာမိတ်က ညလယ်ခေါင်တွင် တိုက်ခိုက်ရန် စီစဉ်ထားခြင်းလောဟု တွေးမိစရာရှိလေသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သူ့ကို အမှန်တကယ် ပစ်မှတ်ထားနေကြောင်း ခံစားမိသေးသည်။ နေရာအသီးသီးယူထားသော ထိုအကြီးအကဲများက သူ၏ပတ်ပတ်လည်တွင်ဝိုင်းလျှက် ထောင်ချောက်ကဲ့သို့ ပိတ်လှောင်ထားခြင်းဖြစ်သည်။

သူဟာ မည်သည့်နေရာသို့ သွားစေကာမူ ထိုအကြီးအကဲများ၏ မျက်လုံးအောက်မှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။

“မိန်းကလေးစုန့် နေ့အချိန်အတောအတွင်းက ငါမင်းအဖေ မဟာမိတ်အရှင်စုန့်ဆီက ကြားထားပါတယ်။ မင်းတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့နောက်ကို လိုက်ဖမ်းသွားတယ်ဆိုတာလေ။ နောက်ပြီး မင်းရဲ့စီနီယာအစ်ကို ကျစ်အန်းတုကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နဲ့ ဆက်ဆံရေးအချို့ ရှိတဲ့ပုံပဲ။ ဒါက ဘာတွေလဲ”

ဝမ်ချောင်က အကြည့်ကိုပြန်ရုတ်ရင်း သူ၏ဘေးနားတွင် ထိုင်နေသော စုန့်ယို့ရန်ကို ခပ်မြန်မြန် ပြန်ကြည့်လိုက်သည်။ ဝမ်ချောင်သည် ဒီတောင်တွင် စုန့်ယို့ရန်ကိုသာသိသည်။ ထို့ကြောင့် စုန့်ယွမ်ယွီက စုန့်ယို့ရန်အား သူ့ကို ဂရုစိုက်ခိုင်းထားခြင်းဖြစ်သည်။

“သခင်လေးချင်းယန်က မသိဘူးလား”

စုန့်ယို့ရန်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။

“ဟမ်း အတိတ်က ဒီလိုကိစ္စမျိုးတွေကို ငါသိပ်ဂရုမစိုက်တတ်တာ မင်းသိပါတယ်”

ဝမ်ချောင်က သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ကြုံသလို အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ ကံကောင်းသည်မှာ စုန့်ယို့ရန်ကလည်း ဆက်မမေးချေ။

“ဆိုတော့ ဒီလိုကိုး”

စုန့်ယို့ရန်က ရှင်းပြသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်လောက်ကပေါ့။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို မတည်ထောင်ခင်မှာ ဂိုဏ်းလောကမှာ ကျန်းဝမ်ဖူလို့ခေါ်တဲ့ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ရှိတယ်။ သူက မိစ္ဆာလမ်းကိုလျှောက်တဲ့ နံပါတ်တစ်ပုဂ္ဂိုလ်လေ။ ဂိုဏ်းလောကထဲမှာ သူ့ကို မိစ္ဆာဧကရာဇ်လို့ လူသိများတယ်။ သူက တော်တော်လေးကို အင်အားကြီးပြီး ဆိုးယုတ်တဲ့လူတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူက ကျော်ကြားလာခဲ့တာ။ နောက်ပြီး မိစ္ဆာသိုင်းတစ်ခုဖြစ်တဲ့ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို လူအနည်းစုလောက်ကပဲ ရောက်နိုင်တဲ့ အဆင့်ကိုတောင် ရောက်ခဲ့သေးတာ။ ဒါကြောင့် သူကျော်ကြားလာတဲ့ အချိန်ကစတင်ပြီး သူက သူ့ရဲ့လက်အောက်မှာ ကျွမ်းကျင်ပညာရှင်တွေ အများစုကို စုစည်းလို့ ဂိုဏ်းလောကရဲ့ အစစ်အမှန် မိစ္ဆာကြီး ဖြစ်လာစေခဲ့တယ်”

“သူက တော်တော်လေးကို ရက်စက်တဲ့ စိတ်နေသဘောထားရှိပြီး သိုင်းပညာလောကရဲ့ နေရာတိုင်းနီးပါးကို တောက်လျှောက် ဖြတ်သန်းသွားလာလို့ အားလုံးကို သတ်ဖြတ်လုနီးပါးပဲ။ လူတိုင်းက သူ့နာမည်ကြားတာနဲ့ ကြောက်လွန်းလို့ တုန်ယင်နေရတယ်။ နောက်ပြီး သူ့နာမည်ကိုတောင် ထုတ်မပြောရဲတဲ့လူတွေတောင် ရှိသေးတယ်။ ငါ့အဖေကတော့ သူ့ကိုမကြောက်ပါဘူး”

သူမ၏ဖခင်နှင့် ပတ်သတ်လာသောအခါ စုန့်ယို့ရန်က ဂုဏ်ယူပုံရသည်။

“ဒါပေမဲ့ ‘လူကောင်းနဲ့ လူဆိုးမှာလည်း ကိုယ်ပိုင်ဆုလဒ်တွေ ရှိတယ်။ သူတို့က အခုမလာရင် အနာဂတ်မှာ လာလိမ့်မယ်’ဆိုတဲ့အတိုင်းပဲပေါ့။ ကျန်းဝမ်ဖူရဲ့ မိစ္ဆာသိုင်းက အခြားသူတွေရဲ့စွမ်းအင်ကို စုပ်ယူပြီး အဲ့ဒီစုပ်ယူခံရတဲ့ လူတွေကို ရှုံ့တွသွားတဲ့ အလောင်းတွေ ဖြစ်စေတာလေ။ ဒီလိုနဲ့ သိုင်းပညာလောကထဲမှာ တော်တော်လေးကို ကြီးမားတဲ့ အမျက်ဒေါသလှိုင်းတွေကို မွှေနှောက်ခဲ့သေးတယ်။ အချိန်အတန်ကြာတဲ့အထိ ဘယ်သူကမှသူ့ကို ရင်မဆိုင်ရဲခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သူစုပ်ယူထားတဲ့ မတူညီတဲ့ ကြယ်တာရာစွမ်းအင်တွေ အားလုံးက သူ့ကို သိုင်းပညာဖောက်ပြန်သွားစေတာပဲ”

“အစပိုင်းမှာတော့သူက ဖုံးကွယ်ဖို့ ကြိုးစားပြီး သူ့ပြဿနာသူ ဖြေရှင်းနေခဲ့သေးတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ့ရဲ့တပည့်က ရှာတွေ့သွားပြီး သတင်းပေါက်ကြားစေလိုက်တယ်။ ကျန်းဝမ်ဖူရဲ့ အဖွဲ့အစည်းက ဂိုဏ်းလောကတစ်ခုလုံးကို ဒေါသထွက်အောင် လုပ်ထားတာဆိုတော့ ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်ကလူတွေပဲဖြစ်ဖြစ် မိစ္ဆာလမ်းစဉ်က လူတွေပဲဖြစ်ဖြစ် အတူပူးပေါင်းလိုက်ကြတယ်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်ရဲ့ အထောက်အပံ့ပေးမှုနဲ့ အတွင်းဘက်က လှုပ်ရှားမှုအောက်မှာ သူတို့က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေပြီး သူ့ရဲ့တန်ထန်းကို ကွဲအက်သွားစေခဲ့တယ်။ ဒီလိုနဲ့ သိုင်းပညာလောကက သူ့ရဲ့ ခြောက်ခြားစရာကောင်းတဲ့ အုပ်စိုးမှုအောက်ကနေ လွတ်သွားခဲ့တာပေါ့”

“ဒါက ဂိုဏ်းလောကကြီးတစ်ခုလုံးမှာ တော်တော်လေးကို ကြီးမားတဲ့ ဖြစ်ရပ်ကြီးပဲလေ။ ဒီလိုနဲ့ စွမ်းအင်အများစုက ပျက်စီးသွားတယ်လို့ ပြောရမှာပေါ့။ အဲ့ဒီအချိန်မှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့ ဘိုးဘေးငါးယောက် မဟာမိတ်ဆိုတာက ပေါ်ထွက်လာခဲ့တာ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရဲ့ အဲ့ဒီကိစ္စမှာ ဝင်ပါခဲ့တဲ့ တပည့်တွေအားလုံးကို ငါ့အဖေက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထဲကို ခန့်အပ် လက်ခံပေးခဲ့တယ်။ နောက်ပြီး အဲ့ဒီလူက ငါ့ရဲ့စီနီယာအစ်ကို ကျစ်အန်းတုလေ”

“ငါ့ရဲ့အဖေကတော့ သူက ဆိုးယုတ်တဲ့လမ်းစဉ်ကို ကျောခိုင်းခဲ့ပြီး ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းကို ဝင်ရောက်ခဲ့ပြီဖြစ်လို့ ငါသူ့ကို အခွင့်အရေးပေးသင့်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါကတော့ သူမပြောင်းလဲသေးဘူးလို့ထင်တယ်။ သူက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထဲကို ဝင်လာတဲ့အချိန်ကစပြီး နည်းမျိုးစုံသုံးပြီး ငါ့ရဲ့နောက်ကို လိုက်နေတာပဲ။ သူက ငါ့ရဲ့အဖေကိုတောင် ဒီလက်ထပ်ပွဲကို သဘောတူဖို့ ကြိုးစားလိုက်သေးတယ်။ သူ့ရဲ့ပန်းတိုင်က ငါ့ရဲ့အဖေရဲ့နေရာကို ဆက်ခံပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ အရှင်သခင်ဖြစ်ချင်နေတာလေ။ ငါသူ့ကို အကြိမ်အများကြီး ငြင်းထားပြီးသား။ ဒါပေမဲ့သူ့မှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိတယ်ဆိုပေမဲ့လည်း အဖေနဲ့ အကြီးအကဲတွေကတော့ အကျိုးအမြတ်ကို ချိန်ဆကြည့်ပြီး သူက အရင်ကလည်း ဝန်ဆောင်မှုအကြီးကြီး ပေးခဲ့တယ်လို့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အဆုံးမှာ နိုင်ခဲ့မယ်လို့ ဘယ်သူကမှ မထင်ထားဘူးလေ။ ဒီလိုနဲ့ ဒီနေ့လိုအခြေအနေမျိုးက ဖြစ်လာခဲ့တာပေါ့”

သူမ၏လက်ထပ်ပွဲအကြောင်း ဆွေးနွေးသောအခါ စုန့်ယို့ရန်က ဝမ်းနည်းသလို၊ အထီးကျန်သလို မျက်နှာမျိုးကို ဖော်ပြသည်။

ဝမ်ချောင်ကလည်း တိတ်တဆိတ် စဉ်းစားကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

“စိတ်အေးအေးထား သူက ဘာကိုပဲကြံစည်ကြံစည် မအောင်မြင်ဘူး”

“အာ”

စုန့်ယို့ရန်က ကြောင်အသွားရင်း ဝမ်ချောင်ကို စိတ်ရှုပ်ထွေးစွာကြည့်သည်။

“ဟွန်း ငါကမဖြစ်ဘူးလို့ပြောရင် သေချာပေါက် မဖြစ်ဘူး။ မင်း အနာဂတ်မှာ နားလည်ပါလိမ့်မယ်”

ဝမ်ချောင်က ဆက်လက်ပြီး ရှင်းပြမနေတော့ပေ။

စုန့်ယို့ရန်က ပို၍ပင် မှင်သက်အံ့ဩလာမိသည်။ သခင်လေးချင်းယန်ဟာ အလွန်နာမည် ကြီးမားသော်လည်း သူ့တွင် အင်အားမရှိချေ။ သူသည် အင်အားကြီးမားသော သိုင်းပညာရှင်တစ်ယောက် ဖြစ်လျှင်ပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကိစ္စရေးရာများကို ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည် မဟုတ်ပေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထဲတွင် သူမ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်သူက သူမ၏အဖေ စုန့်ယွမ်ယွီတစ်ယောက်တည်းသာ ရှိလေသည်။

“သခင်လေး”

စုန့်ယို့ရန်က မေးခွန်းဆက်မေးမည့် အချိန်တွင် ရုတ်တရက် အနောက်ဘက်မှလာသည့် ခြေလှမ်းသံများကို ကြားရသည်။ ထို့နောက် အသံတစ်သံက ထွက်လာသည်။

“ဂျူနီယာညီမလေး မဟာမိတ်အရှင်က မင်းကိုမေးနေတယ်။ မင်းအခု သွားသင့်ပြီ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က နှစ်ယောက်ဘေးနားတွင် ပေါ်လာသည်။

“အာ ငါအခုသွားလိုက်မယ်”

အံ့အားသင့်သွားသော စုန့်ယို့ရန်က ချက်ချင်းထရပ်သည်။

“သခင်လေး ငါအရင်သွားလိုက်ဦးမယ်။ ပြဿနာတစ်ခုခုရှိရင် ငါ့ကိုအကြောင်းကြားပါ”

ထိုစကားလုံးများနှင့်အတူ စုန့်ယို့ရန်က ထွက်သွားသည်။

အရာအားလုံး တိတ်ဆိတ်သွားသည်။ ဝမ်ချောင်က တောင်အောက်သို့ ပြန်ကြည့်သည်။

အချိန်တစ်ခုကြာပြီးနောက် သူ၏အနောက်ဘက်တွင် အလောတကြီးနိုင်သော ခြေလှမ်းသံများနှင့် အေးစက်ကာ ဆိုးယုတ်သောအသံက ထပ်ထွက်လာသည်။

“သခင်လေးချင်းယန်က တကယ်ကို တက်ကြွနေတာပဲ”

ပုံရိပ်တစ်ခုဟာ ဝမ်ချောင်ရှိရာနေရာသို့ လာနေသည်။

“ဟမ့် စီနီယာအစ်ကိုကြီးက တော်တော်လေးကို နာကျင်မှုကို သည်းခံထားရတဲ့ပုံပဲ။ ငါနဲ့တစ်ယောက်တည်း တွေ့ဖို့အတွက်ကြောင့် မိန်းကလေးစုန့်ကိုတောင် ထွက်သွားအောင် နည်းလမ်းရှာရသေးတယ်”

ဝမ်ချောင်က ပြုံးလိုက်သည်။ သို့သော် သူက ထိုသို့ပြောနေရင်း ခေါင်းပင်လှည့်မကြည့်ချေ။

ဝုန်း

ခြေလှမ်းသံများက ရုတ်တရက် ရပ်တန့်သွားသည်။ ကျစ်အန်းတုက မျက်လုံးကိုမှေးကျဉ်းရင်း ဝမ်ချောင်၏ကျောပြင်ကိုကြည့်သည်မှာ သားကောင်ကိုချောင်းနေသော အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ ထင်ရသည်။

“ဟွန်း မင်းကတော်တော် ခေါင်းမာတာပဲ။ လူပေါင်းများစွာရဲ့ အရှေ့မှာတောင် သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်ရဲတယ်”

ကျစ်အန်းတုက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏စကားလုံးများက လူတစ်ယောက်ကို အရိုးထဲထိ အေးစိမ့်သွားစေရန် လုံလောက်သည်။

ဝုန်း

ထိုတခဏတွင် အချိန်ဟာ ရပ်တန့်သွားပုံပေါ်သည်။ ဝမ်ချောင်၏မျက်နှာဟာ ခံစားချက်ကင်းမဲ့နေသေးသည်။ သို့သော် နှလုံးသားကမူ တုန်လှုပ်သွားသည်။ အဆုံးသတ်တွင် ဝမ်ချောင်ဟာ ထိုစီနီယာအစ်ကိုကို မလိမ်နိုင်ခဲ့ပေ။ လေထုက ချက်ချင်းဆိုသလိုပင် တင်းကြပ်သွားသည်။

“ဟမ့် လူကြီးမင်း ကာကွယ်စောင့်ရှောက်သူ ဘာများပြောလိုက်တာလဲ”

ဝမ်ချောင်က ရယ်သည်။ မျက်နှာက မပျက်သွားပေ။

“ဟွန်း ဂိုဏ်းလောကက လူတိုင်းကလည်း သခင်လေးချင်းယန်က သိုင်းပညာလိုအပ်ချက်ရှိပေမဲ့လည်း သူ့ရဲ့ဘေးကအစောင့်က တော်တော်လေးကို အင်အားကြီးလွန်းတဲ့အပြင် သခင်လေးချင်းယန် ကိုယ်တိုင်က လေ့ကျင့်ပေးထားတာဆိုတာကို သိကြတယ်။ သူတို့နှစ်ယောက်လုံးက ဘယ်တော့မှ ခွဲလို့မရဘူး။ သခင်လေးချင်းယန်က အစောင့်မရှိဘဲ တစ်ယောက်တည်း သွားလာနေတယ်ဆိုတဲ့ ခရီးဟာ ဖြစ်ကိုမဖြစ်သင့်တာ။ ဂျူနီယာညီမလေးကတော့ မင်းရဲ့စကားလုံး အနည်းငယ်ကိုယုံလိမ့်မယ်။ ဒါပေမဲ့ ငါတို့အားလုံးက ကန်းနေမယ်လို့ ထင်လို့လား”

ကျစ်အန်းတုက ဝမ်ချောင်၏အနားသို့ ချဉ်းကပ်လာသည်။ ဝမ်ချောင်ကို လေ့လာနေသော သူ၏မျက်နှာထားက ဆိုးယုတ်ကာ ကြောက်စရာပင်ကောင်းလေသည်။

သူ၏ညာဘက်လက်ကောက်ဝတ်တွင် ကြယ်တာရာစွမ်းအင်များက စုစည်းလာပြီး ဝမ်ချောင်ကို အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။

အခန်း(၁၃၅၂)

“ဟွန်း ကြည့်ရတာ ကာကွယ်စောင့်ရှောက်သူကြီးက ငါ့အပေါ် မကောင်းတဲ့ ထင်မြင်ချက်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ပုံပဲ။ မဟာမိတ်အရှင်စုန့် ရှိနေတဲ့အချိန်က ငါရှင်းပြပြီးပြီ မဟုတ်ဘူးလား။ ငါတို့ကို ဓားမြတွေက ခြုံခိုတိုက်ခိုက်လို့ လူစုကွဲသွားခဲ့တာ။ ကာကွယ်စောင့်ရှောက်သူကြီးကသာ ငါ့ရဲ့အစောင့်ကို စိတ်ဝင်စားနေရင် သူ့ကိုတွေ့ဖို့ သိပ်အကြာကြီး စောင့်စရာမလိုပါဘူး။ ဒါပေမဲ့ ဒီလူက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ကူညီပြီးသား။ ဒါတောင်မှ ကာကွယ်စောင့်ရှောက်သူကြီးက ငါ့ကို သံသယဝင်နေတုန်းပဲဆိုတော့ ဒါက မင်းတကယ်စိုးရိမ်နေတဲ့အရာ ဟုတ်ပါ့မလားပဲ”

ဝမ်ချောင်က အသာတိုးတိုးရယ်သည်။

ဝုန်း

ကျစ်အန်းတု၏မျက်နှာက တင်းမာသွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ အေးစက်ပြီး ဆိုးယုတ်သော စွမ်းအင်များက စထွက်လာလျှက် သူဟာပို၍ အန္တရာယ်များပုံပေါက်သွားစေသည်။

“ဟွန်း အတော်ခေါင်းမာတယ်။ အခု ဂျူနီယာညီမလေးက ဒီမှာရှိတာမဟုတ်တော့ ငါမင်းကိုသတ်လိုက်မှာ မကြောက်ဘူးလား”

ကျစ်အန်းတု၏ အသားအရောင်က အေးစက်သထက် အေးစက်လာသည်။ သူ၏လက်ညိုးနှင့် လက်ခလယ်က အနည်းငယ်ကွေးလာရင်း အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားပုံပေါ်သည်။ သို့သော် ဝမ်ချောင်ကမူ မလှုပ်သေးချေ။

“ဟား ဟား ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ အကြီးအကဲငါးယောက်လုံး အောက်ဘက်မှာရှိတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကလည်း တောင်ထိပ်ပေါ်မှာပဲ။ ဒီတစ်တောင်လုံးမှာ မဟာမိတ်ရဲ့ တပည့်ဂိုဏ်းသား ရာပေါင်းများစွာရှိနေတယ်။ ကာကွယ်စောင့်ရှောက်သူကြီးကသာ တိုက်ခိုက်ချင်ရင် အရင်ဆုံး လုပ်ကြည့်လိုက်ပါ”

ဝမ်ချောင်က ထိုသို့ပြောလိုက်သည်။ သူ၏မျက်နှာက ခပ်အေးအေးသာဖြစ်နေပြီး ယုံကြည်မှုလည်းရှိသည်။ သိသာစွာပင် သူသည် ကျစ်အန်းတု၏ ခြိမ်းခြောက်မှုကို အနည်းငယ်ပင် ဂရုစိုက်ပုံမရချေ။

“မင်း”

ကျစ်အန်းတု၏မျက်လုံးက မှေးမှိန်သွားရင်း နှလုံးသားအတွင်းတွင် ဒေါသများက တောက်လောင်လာသည်။ ထိုမျိုးမစစ်ကောင်က လုံခြုံကာ အေးဆေးနေပုံပေါ်သည်။

ဝမ်ချောင်က တည်ငြိမ်စွာသာ ပြန်ပြုံးပြလိုက်သည်။ စုန့်ယွမ်ယွီက အကြီးအကဲငါးယောက်ကို တောင်ခြေတွင် ချထားသည်မှာ သူ့အား တိတ်တဆိတ် မထွက်သွားနိုင်အောင် တားဆီးလို၍ဖြစ်သည်။ သို့သော် ဒီနည်းအားဖြင့် ကျစ်အန်းတုကိုလည်း စောင့်ကြည့်နေနိုင်သည်။

သူက ယခုလောက် ခုခံပေးထားသည့် ဝန်းကျင်အတောအတွင်း ရှင်းပြရန်ခက်ခဲလောက်အောင် ဒဏ်ရာရသွားခဲ့လျှင် လူရယ်စရာ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်သည် မမြင်ရသော ကာကွယ်စောင့်ရှောက်မှု တစ်မျိုး၏အောက်တွင် ရှိနေလေ၏။

ကျစ်အန်းတုက ဝမ်ချောင်၏ကျောပြင်ကို တိတ်တဆိတ် စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲမှ အမူအရာဟာ ဆက်တိုက်ပြောင်းလဲနေ၏။ ဝမ်ချောင်၏ စကားလုံးများက သူ့အား အလွန်အမင်း စဉ်းစားဆင်ခြင်သွားစေသည်။ သို့သော် တခဏခန့်ကြာပြီးနောက် သူသည် တစ်စုံတစ်ရာကို တွေးမိကာ ထရယ်သည်။

“ဟား ဟား မင်းက အစစ်အမှန် သခင်လေးချင်းယန်ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါ့မှာမင်းကို ကိုင်တွယ်စရာ နည်းလမ်းမရှိဘူးလို့ထင်နေလား”

ကျစ်အန်းတု၏ မျက်လုံးအတွင်း အလွန်အမင်း အန္တရာယ်များသည့် အလင်းက ဖြတ်ပြေးသွားသည်။ သူ၏လက်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်ရုံနှင့် စူးရှသော စွမ်းအင်အလင်းတန်း တစ်တန်းက ဝမ်ချောင်၏ညာဘက်ပုခုံးထံ တည့်တည့်တိုးဝင်သွားသည်။ သူသည် အကျိုးဆက်ကို စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ဝမ်ချောင်ကို တိုက်ခိုက်ရန် ရွေးချယ်လာသည်။ သို့သော် တခဏခန့်ကြာပြီးနောက် ဝှစ်ကနဲ မြည်သံနှင့်အတူ ဝမ်ချောင်၏ခန္ဓာကိုယ်က ရုတ်တရက် အလင်းမှိတ်တုပ်မှိတ်တုပ် လင်းလက်ကာ ပျောက်ကွယ်သွားသည်။ သူသည် ကျစ်အန်းတု၏ ရိုက်ချက်ကို ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ဆံချည်တစ်မျှင်စ အကွာအဝေးနှင့် ရှောင်လိုက်သည်။

“ဟွန်း ဟန်ဆောင်ချင်တုန်းပဲလား”

ကျစ်အန်းတု၏ ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်လိုစိတ် ဆန္ဒများနှင့် ပြည့်နှက်လာသည်။

“ကာကွယ်စောင့်ရှောက်သူကြီး ငါဘယ်သူလဲ မေ့သွားပြီလား”

ဝမ်ချောင်က ကျစ်အန်းတုနှင့် ခြေခုနှစ်လှမ်း၊ ရှစ်လှမ်းခန့်အကွာတွင် ရပ်နေလျှက် လှမ်းပြောလိုက်သည်။

ကျစ်အန်းတုက ချက်ချင်းဆိုသလို သီးမတက်ဖြစ်သွားသည်။ သခင်လေးချင်းယန်သည် သိုင်းလောက အတောအတွင်း သိုင်းပညာတိုင်းနီးပါး ကောင်းမွန်စွာ လေ့လာနိုင်ကြောင်း ကျော်ကြားသည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများကိုပင် ကူညီကာ ယင်နက်ဘိုးဘေးကို တိုက်ခိုက်နိုင်ရန် လုပ်ပေးနိုင်ခဲ့သည့်အလျောက် သူ၏တိုက်ကွက်ကို သဘာဝအလျောက်ပင် ရှောင်နိုင်စွမ်းရည် ရှိပေလိမ့်မည်။

“ကာကွယ်စောင့်ရှောက်သူကြီး ငါ့ရဲ့ရင်ထဲက ကြင်နာမှုနဲ့ ငါမင်းတု့ိအဖွဲ့ကို ကူညီပေးခဲ့တာ။ ငါဒီမှာ ဆက်နေနေတာကလည်း မင်းတို့ မဟာမိတ်အရှင်က တောင်းဆိုနေတာကြောင့်ပဲ။ ကာကွယ်စောင့်ရှောက်သူကသာ ငါ့ကို ဒီလောက်ထိ မကျေမနပ် ဖြစ်နေတယ်ဆိုရင် ကြည့်ရတာ ငါအခုပဲ မဟာမိတ်အရှင်စုန့်ကိုသွားပြီး နှုတ်ဆက်သင့်ပြီထင်တယ်”

ဝမ်ချောင်က အသံကို ရည်ရွယ်ချက်ရှိရှိမြှင့်လျှက် ပြုံးကာပြောလိုက်သည်။

“မင်းကငါ့ကို ခြိမ်းခြောက်နေတာ”

ကျစ်အန်းတု၏ မျက်နှာက အေးစိမ့်သွားသည်။ သူသည် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်လိုက်သည်။ ထိုအခိုက် အမှောင်ထုအတွင်းမှ စူးရှသောအော်သံက ထွက်လာသည်။

“ကာကွယ်စောင့်ရှောက်သူကြီး မင်းဘာလုပ်တာလဲ။ သခင်လေးချင်းယန်က ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လေးစားရတဲ့ ဧည့်သည်တော်။ သူက လေးစားမှုအပြည့်နဲ့ ဆက်ဆံခံရသင့်တာ”

လေထဲတွင် အကြီးအကဲတစ်ယောက်၏ အသံကထွက်လာသည်။ တခဏခန့်ကြာပြီးနောက် လေးလံသော ခြေလှမ်းသံများနှင့် ဝမ်ချောင်ရှိရာဘက်သို့ ချဉ်းကပ်လာသံများကို ကြားရသည်။ ကျစ်အန်းတုက တစ်ဖက်ကို လှည့်ကြည့်လိုက်သောအခါ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အကြီးအကဲတစ်ယောက်က လျှောက်လာနေကြောင်း မြင်လိုက်ရသည်။

ကျစ်အန်းတု၏မျက်နှာက ဖြူဖျော့သွားပြီး နှလုံးသားက တင်းကြပ်သွားသည်။

တောင်ခြေစခန်းတွင်ရှိသော အကြီးအကဲ ငါးယောက်အပြင် စခန်းတစ်ခုလုံးအနှံ့ ကင်းလှည့်နေသော အကြီးအကဲများလည်း ရှိသည်။ ကျစ်အန်းတုက ဝမ်ချောင်ကို အာရုံစိုက်လွန်းနေသောကြောင့် အခြားသော ခြေလှမ်းများကို အာရုံမစိုက်မိပေ။ သို့ရာတွင် ဝမ်ချောင်က ကြိုတင်တွက်ချက်မှုများ ပြုလုပ်ထားလျှက် အချိန်ကိုက် အသံကိုမြှင့်လိုက်ရင်း ‘မဟာမိတ်အရှင်ကို အခုပဲ နှုတ်ဆက်ရတော့မယ်’ဆိုသော စကားကို ထိုအကြီးအကဲကြားပြီး ရောက်လာစေရန် လုပ်နိုင်မည်ဟု မထင်ထားလောက်ပေ။

“ဟွန်း ငါမင်းကို အခုတော့ လွှတ်ပေးလိုက်မယ်”

ကျစ်အန်းတုကလည်း သူသည် ဝမ်ချောင်၏အင်အားကို ဆက်လက်ပြီး စမ်းသပ်ရန် မဖြစ်နိုင်သောကြောင့် လက်ချောင်းများကို ပြန်ရုတ်လိုက်သည်။

“အကြီးအကဲက နားလည်မှုလွဲတာပါ။ သခင်လေးချင်းယန်က ငါတို့မဟာမိတ်ရဲ့ ကျေးဇူးရှင်တစ်ယောက်ပဲ။ ငါကသူ့ကို သေချာပေါက် ကြိုဆိုပြီး အကူအညီ ပေးချင်တာပါ။ သခင်လေး ငါတို့နောက်တစ်ကြိမ်မှပဲ စကားပြောရအောင်”

ထိုသို့ပြောပြီးနောက် ကျစ်အန်းတုက ချက်ချင်းဆိုသလို နောက်လှည့်လျှက် တောင်ပေါ်သို့ ပြန်တက်သွားသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အကြီးအကဲက အနားသို့လျှောက်လာရင်း စိုးရိမ်တကြီးမေးသည်။

“သခင်လေးချင်းယန် အဆင်ပြေရဲ့လား”

“ဟွန်း ငါအဆင်ပြေပါတယ်။ ကာကွယ်စောင့်ရှောက်သူကြီးကို ကြည့်ရတာ ငါ့ကိုနည်းနည်း နားလည်မှုလွဲနေတဲ့ပုံပဲ။ ဒါပေမဲ့ အခုတော့ ပြဿနာ မရှိတော့ပါဘူး”

ဝမ်ချောင်က ထိုသို့ပြောသည်။

အနီးအနားတွင် ခြေလှမ်းငါးဆယ်အကွာသို့သာ ရောက်သေးသည့် ကျစ်အန်းတုက ရုတ်တရက် ယိုင်လဲချင်သွားသည်။

“အိုး”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အကြီးအကဲက မျက်မှောင်ကျုံ့သည်။ သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုက ပေါ်လာ၏။

ဝမ်ချောင်ကသာ ပြောချင်စိတ်မရှိလျှင် သူသည်လည်း မတက်နိုင်ပေ။ ထို့ကြောင့် အနည်းငယ် စကားပြောကာ နှုတ်ဆက်ပြီး နောက်လှည့်ကာ ထွက်သွားလိုက်လေသည်။

တောင်ထိပ်ပေါ်တွင် ကျစ်အန်းတုသည် အမှောင်ထဲတွင်ရပ်လျှက် ဝမ်ချောင်ကိုသာ စိုက်ကြည့်နေသည်။

ဝမ်ချောင်ကလည်း ထိုကိစ္စကို သတိထားမိပြီးသားဖြစ်သည်။ ကျစ်အန်းတုကသာ စုန့်ယို့ရန်ကို အဝေးသို့ ဆွဲခေါ်သွားပြီး သူ့အား ပေါ်တင်ခြိမ်းခြောက်လာကတည်းက သူကလည်း သူ၏အင်္ကျီလက်အတွင်း လှည့်ကွက်များကို သေချာပေါက် ပိုင်ဆိုင်ထားရပေလိမ့်မည်။

မင်းကသေချင်နေတာပဲ။

ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးများက ဖြတ်ပြေးသွားသည်။ သူ၏မျက်ဝန်းက အေးစိမ့်လာသည်။

ဝမ်ချောင်က ခပ်မြန်မြန်ပြန်ထိုင်လျှက် တည်ငြိမ်အောင်လုပ်ရင်း တရားထိုင်လိုက်သည်။ အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်သည် သူ၏ကြယ်တာရာစွမ်းအင်များကို စတင်ကာ ရှင်းလင်းနေချိန်တွင် ရုတ်တရက် သူ၏ရင်ဘက်မှ အနည်းငယ် ပူတက်လာမှုကို ခံစားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် သူ၏အဝတ်များကိုပင် တောက်လောင်စေသော ဖျော့တော့သည့် အစိမ်းရောင် အလင်းများက ပေါ်ထွက်လာသည်။ ထိုအလင်းသည် ထင်သလောက် မတောက်ပသော်လည်း အမှောင်အတွင်းတွင်မူ ထင်းထွက်နေသေးသည်။

“ဒါက”

ဝမ်ချောင်က သူ၏အင်္ကျီဝမ်းဗိုက်အတွင်းသို့ လက်ကိုထည့်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာက တင်းမာသွားသည်။ သူသည် လက်ကိုမြှောက်လျှက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ အမှောင်ညအတွင်း ဘာကိုမှ မမြင်ရပေ။ အပေါ်တွင် ဖြတ်တိုက်နေသော လေပြင်းသံကိုသာ ကြားရသည်။

အခြေအနေက ယခုတခဏနှင့် ခြားနားမှုမရှိပေ။ သို့သော် ဝမ်ချောင်ကမူ တစ်စုံတစ်ရာဟာ ပြောင်းလဲနေကြောင်း သိလိုက်သည်။ အချိန်မရွေး တိုက်ခိုက်လာနိုင်သည့် အမှောင်ထဲမှ အန္တရာယ်က ရှိနေသည်။

စွစ်

ဝမ်ချောင်က ချက်ချင်းထရပ်လျှက် တောင်ပေါ်သို့စတက်ပြီး မျက်တောင်တစ်ခတ် အချိန်အတွင်း ပျောက်ကွယ်သွားသည်။

ဝမ်ချောင်က ထွက်ခွာသွားပြီးနောက် တောင်ခြေနှင့် သိပ်မဝေးသောနေရာတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူအနည်းစုသာ သတိထားမိလောက်သည့် ပုံရိပ်တစ်ခုက ပေါ်လာသည်။ သူက အလွန်တုတ်ခိုင်သော သစ်ကိုင်းကြီးတစ်ခု၏အနောက်တွင် ကောင်းမွန်စွာ ပုန်းကွယ်နေပြီး သူ၏မျက်လုံးကိုသာ အပြင်သို့ထုတ်လျှက် တောင်ကိုလေ့လာနေသည်။

“ဒါက တတိယမြောက် စောင့်ကြည့်ချိန်ပဲ။ တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်လည်းဟုတ်တယ်။ တခဏနေရင် ငါတို့သူတို့ကို ကြမ်းကြမ်းတမ်းတမ်း အရင်တိုက်ခိုက်လိုက်မယ်။ ဒီလိုမှ သူတို့ရဲ့ လက်နက်တွေကို လွင့်ပစ်ပြီး ထွက်ပြေးချင်စိတ်ရှိမှာ။ အဲ့ဒီနောက် သွေးတွေကမြစ်လို စီးလာမှာပဲ”

အနက်ရောင်ဝတ်စုံနှင့်လူက ထူးဆန်းသောရယ်သံကြီးနှင့်အတူ အနောက်ဘက်မှလူကို ခပ်မြန်မြန် လှည့်ပြောလိုက်သည်။

“သွေးမျက်လုံး ပစ်မှတ်ကို ရှာတွေ့ပြီလား”

“ခီး ခီး စိတ်အေးအေးထား ပစ်မှတ်က တောင်ပေါ်မှာပဲ သူမပြေးနိုင်ဘူး”

သွေးမျက်လုံးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သစ်ပင်တစ်ပင်အနောက်တွင် ပုန်းလိုက်သည်။ သူ၏အရှိန်အဝါက ပတ်ဝန်းကျင်နှင့် တစ်သားတည်းပေါင်းသွားပုံပေါ်၏။ လူတစ်ယောက်ကသာ တစ်စုံတစ်ယောက်ကို ရှာရန်ရည်ရွယ်ချက်ဖြင့် အနီးကပ် သွားမကြည့်လျှင် သူ့ကို သတိထားမိလိမ့်မည် မဟုတ်ပေ။

“ဟား အချိန်ကျလာပြီ ငါတို့လှုပ်ရှားသင့်ပြီ”

သူတို့နှစ်ယောက်က တစ္ဆေများလို တိတ်ဆိတ်စွာနှင့် ရှေ့သို့လှမ်းတက်သွားရင်း ဝါးဦးထုပ် ဆောင်းထားသော လူသုံးယောက်ရှိရာ နေရာသို့ ခပ်မြန်မြန် သွားလိုက်သည်။

ဝှစ်

လေပြေက တိုက်ခိုက်လာသောအခါ အမှောင်ထဲတွင် အရာအားလုံးက ဖုံးကွယ်လျှက်သား ဖြစ်သွားပြီး အရာအားလုံးက တိတ်ဆိတ်နေသည်။ ငါးမိနစ်နီးပါးခန့်ကြာပြီးနောက် နောက်ထပ် လေလှိုင်းများက လိမ့်တက်လာလျှက် အရှေ့ဘက်မှ စတင်ကာ လှည်းကျင်းရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထံ တိုက်ခတ်လေသည်။

ညအချိန်မျိုးတွင် ထိုကဲ့သို့သော အခြေအနေမျိုးက သာမာန်သာဖြစ်သည်။ မည်သူကမှလည်း လေ၏ ပုံမှန်မဟုတ်မှုကို သတိထားလိမ့်မည်မဟုတ်ချေ။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ယာယီစခန်း၏အရှေ့ပိုင်းတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်ဂိုဏ်းသားတစ်ယောက်က မြေပြင်တွင် တင်ပြင်ခွေထိုင်လျှက် ကျင့်ကြံမှုကို အာရုံစိုက်နေသည်။

ရုတ်တရက် လေပြင်းက ဖြတ်တိုက်သွားသောအခါ ထိုတပည့်ဂိုဏ်းသား၏ နှာခေါင်းက ယားယံလာသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ငိုက်မြည်းသောစိတ်က ပေါ်ထွက်လာသည်။

သို့သော်သူက မည်သည့်အရာက မှားယွင်းနေကြောင်း မပြေနိုင်သေးခင် ခွပ်ကနဲအသံနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးက ခွေယိုင်လျှက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

တစ်ယောက် နှစ်ယောက် သုံးယောက်...

လေပြင်းက ဖြတ်တိုက်သွားသည်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား တစ်ယောက်ပြီးတစ်ယောက် သစ်သားတိုင်များလို လဲကျကုန်လေသည်။

“ဘယ်သူလဲ”

ညအချိန်တွင် ကြမ်းတမ်းသောအော်သံက ထွက်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အရှေ့ပိုင်းစခန်းကို စောင့်ကြပ်နေသော အကြီးအကဲတစ်ယောက်က ချက်ချင်းလိုလို ထရပ်လျှက် စိုက်ကြည့်သည်။ သူ၏မျက်နှာတွင် သတိအပြည့်ကပ်ထားသော မျက်နှာထားမျိုးက ပေါ်လာသည်။ အချို့အကြီးအကဲသည် သာမာန်လူတစ်ယောက်ထက် အန္တရာယ်ကိုပို၍ အထိမခံဖြစ်လေသည်။ ယခုလေးတင် ပုံမှန်မဟုတ်သော အန္တရာယ်ကို သူသတိထားမိလိုက်သည်။

“ဟား”

တစ်လီဝန်းကျင်ခန့်အကွာတွင် အနက်ရောင်ကို ဝတ်ဆင်ထားသော လူတစ်ယောက်က သစ်ကိုင်းပေါ်မှ ပေါ်ထွက်လာသည်။ အခြားနှစ်ယောက်က လေထဲတွင် ဝဲပျံလျှက်ဖြစ်ပြီး သူတို့၏လက်များက ကျောနောက်သို့ပို့လျှက် အေးစက်စွာသာ ပြုံးနေကြသည်။ ထိုလူများ၏ ဘေးပတ်ဝန်းကျင်တွင် အနက်ရောင်အိမ်များ ပိုင်ဆိုင်ထားလေပြီး သူတို့၏ ကြယ်တာရာစွမ်းအင်များကို ထိန်းချုပ်မှုနှင့်အတူ ထိုအဖြူရောင်အမှုန့်များက အိတ်ထဲမှ အလိုအလျောက်ထွက်လျှက် ငွေရောင်မြစ်များအလား ဖြတ်သန်းသွားလာရင်း လေထဲသို့ ပေါင်းစပ်သွားလေသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် သူတို့၏စခန်းတွင် အနည်းဆုံး တပည့်ဂိုဏ်းသား တစ်သိန်းရှိလေသည်။ သာမာန်သူများဆိုလျှင် ထိုကဲ့သို့သော အင်အားစုများနှင့် ခပ်ဝေးဝေးမှာသာ နေပေလိမ့်မည်။ ဘိုးဘေးငါးယောက် မဟာမိတ်ကပင် စုန့်ယွမ်ယွီရှိနေသော အခိုက်အတန့်မျိုးတွင် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။

သို့သော် အနက်ရောင်ဝတ်စုံကို ဝတ်ထားသော လူများကမူ ပုလ္လင်၏ ထူးခြားသော စွမ်းအားလောက်ကိုပင် ဂရုမစိုက်လေရာ သိုင်းပညာလောကမှ ထိုအဖွဲ့အစည်းလောက်ကို ဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။ တောင်ပေါ်တွင် စုစည်းနေသော သိုင်းပညာရှင်က မည်မျှများပြားနေစေကာမူ သူတု့ိဟာ တစ်ချိန်ထဲတွင်ပင် တိုက်ခိုက်လိုက်ကြသည်။

“မကောင်းတော့ဘူး ရန်သူတိုက်ခိုက်လာပြီ။ လေထဲမှာ အဆိပ်တွေပါတယ်။ အားလုံးပဲ အသက်ရှုအောင့်ထားကြ”

အမှောင်ထုအတွင်း အလွန်အမင်း ထိတ်လန့်သောအသံက ထွက်လာသည်။ တခဏခန့်ကြာပြီးနောက် တိတ်ဆိတ်နေသော တောင်ဆင်ခြေလျောတောက်လျှောက် အုပ်အော်သောင်းနင်းဖြစ်သွားသည်။

“အား”

တောင်ထိပ်မှ အလန့်တကြား အော်သံများနှင့်အတူ ကျင့်ကြံရာမှ အသိဝင်လာသော တပည့်ဂိုဏ်းသားများ၏ အရေအတွက်ကလည်း များသထက် များလာရင်း အောက်ဘက်မှ အခြေအနေကို သတိထားမိသွားကြသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ အရောင်နှင့် အရသာမရှိသော ကောင်းကင်ဘုံ ထိုအမှုန့်သည် မြောက်များလှစွာသော တပည့်ဂိုဏ်းသားများ၏ ကိုယ်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့၏။

ငါဒီမှာနေနေတာတောင် ငါ့ကိုရှာတွေ့သွားတုန်းပဲ။

ဝမ်ချောင်က တောင်ထိပ်မှငုံံ့ကြည့်ရင်း သူ၏မျက်လုံးက အေးစက်သွားသည်။

တိုက်ပွဲဟာ မစတင်သေးသော်လည်း ဝမ်ချောင်ကမူ အနက်ရောင်ဝတ်စုံနှင့်လူများ၏ အနံ့ကို ရလိုက်သည်။

သူက မြို့တော်မှ ထွက်လာသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ သို့သော် ထိုလူများကမူ ခြောက်လန့်နေသော တစ္ဆေများအလား အရိုးထဲစွဲနေသည့် လောက်များအလား လိုက်လံ ကပ်တွယ်နေကြသည်။

အခန်း(၁၃၅၃)

အဖွဲ့အစည်းများ၏ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် သူ့အား ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်းသို့ ရောက်နေစေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်အနေဖြင့် ထိုအနက်ရောင်ဝတ်စုံနှင့် လူများကို တစ်ယောက်တည်းသီးသန့် ရင်ဆိုင်ရလောက်သည်။ ထိုအခါ သူ၏ လက်ရှိအခြေအနေမျိုးကြောင့် ပြဿနာကြီးတက်နိုင်သည်။

သို့သော် ယခုမူ ဆရာဖြစ်သူ၏ ရန်သူများကတစ်ဖက် တစ်ချိန်လုံးသူ့နောက်သို့ သတ်ဖြတ်ရန် လိုက်နေခဲ့သော အင်အားစုကတစ်ဖက် တွေ့ဆုံကြလေပြီ။ ထို့ကြောင့် သူတို့အချင်းချင်းကို ကိုက်ခိုင်းလိုက်ရန် ပြီးပြည့်စုံသော အခွင့်အရေးလည်းဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့အားလုံးကို ပုန်ကန်သွားစေလိုက်သည်။

မင်းတို့က ရောက်နေပြီဆိုမှတော့လည်း ငါက တန်ကြေးတစ်ခုခုမှ မပေးခိုင်းဘဲ မင်းတို့ကို ထွက်သွားခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။

ဝမ်ချောင်က ထိုသို့ပြောရင်း တောင်ထိပ်မှ ပျောက်ကွယ်သွားသည်။

“တကယ်ပဲ မင်းတို့အားလုံးက ဘယ်သူလဲ”

တောင်ခြေတွင် ကြွက်သားအပြည့်နှင့် သန်မာသော စစ်ခွန်းယွမ်ကျားက ရှေ့ထွက်လာသည်။ သူ၏မျက်နှာဟာ တင်းမာပြီး အေးစက်လျှက် အရှေ့ဘက်ခြမ်းမှ တိုက်ခတ်လာသော လေများကိုကြည့်သည်။ သို့သော် စစ်ခွန်းယွမ်ကျားကို ပြန်ပေးသော အဖြေက စူးရှသော လေချွန်သံသာဖြစ်သည်။

ကျင်းထောင်ပေါင်းများစွာ အလေးချိန်ရှိသည့် ကျောက်တုံးကြီးတစ်တုံးက ကောင်းကင်ကို ကျည်ဆန်တစ်ခုအလား ဖြတ်သန်းလျှက် စစ်ခွန်းယွမ်ကျားထံ ရောက်ရှိလာသည်။

“သေချင်နေတာပဲ”

စစ်ခွန်းယွမ်ကျား၏ မျက်နှာက အေးစက်သွားသည်။

ချွင်

သူ၏ခြေထောက်မှ ရွှေရောင်ချီစက်ကွင်းတစ်ခုက ထွက်ပေါ်လာလျှက် သတ္ထုချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ တခဏခန့်ကြာပြီးနောက် စစ်ခွန်းယွမ်ကျားက ပျောက်သွားပြီး သူ၏နေရာတွင် ပုံရိပ်ယောင်များသာ ကျန်ရစ်တော့သည်။ ထို့နောက် သူက ကြီးမားသော ကျောက်တုံးကြီးကို ရိုက်ချလိုက်သည်။

ဝုန်း

စစ်ခွန်းယွမ်ကျား၏ လက်သီးက ကျောက်တုံးကြီးကို ချက်ချင်းလိုလို ကွဲကြေသွားစေလေရင်း အမှုန်အမွှား၊ အပျက်အစီးတုံးများ အားလုံးကို အရပ်မျက်နှာအနှံ့ လွင့်စင်စေကုန်သည်။

“အား”

စစ်ခွန်းယွမ်ကျားက ထိုသို့ချီထွက်သွားရန် အသင့်ပြင်နေသည့် အခိုက်အတန့်တွင် သူ၏နားအတွင်းတွင်ပင် ပဲ့တင်ထပ်သွားစေသည့် အခြားနေရာများမှလာသော အော်ဟစ်သံများကို ကြားလိုက်ရသည်။ သေခါနီး ငယ်သံပါအောင် အော်ဟစ်သံများက စစ်ခွန်းယွမ်ကျား၏ မျက်နှာကိုပင် ဖြူဖျော့သွားစေ၏။ သူက သွားရောက် အကူအညီပေးမည့် အခိုက်အတန့်တွင် သူသည်လည်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်ရသည်။

“သေချင်နေတာလား”

တွေးတောရန် အချိန်မရှိတော့သည့် စစ်ခွန်းယွမ်ကျားက သူ၏ကြယ်တာရာစွမ်းအင်များ အားလုံးကို စုစည်းလိုက်သည်။ သူ၏ညာဘက်လက်မောင်းက ချက်ချင်းလိုလို ဖောင်းကားထွက်လာပြီးနောက်တွင် ချီလင်းတစ်ကောင်အသွင် ပြောင်းလဲလျှက် ရှေ့သို့တိုးဝင်သွားလေသည်။

ဝုန်း

လက်ဖဝါးချင်း ထိပ်တိုက်ရိုက်မိလိုက်ရုံနှင့် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ခရမ်းရောင်နှင့် အနက်ရောင်မီးတောက် နှစ်ခုက စစ်ခွန်းယွမ်ကျား၏ လက်သီးကို ရစ်ပတ်ထားသည်။ ထိုမီးတောက်များတွင် ကိုယ်ပိုင်အသက် ရှိနေသလိုမျိုး သူ၏ကျန်သောခန္ဓာကိုယ် တစ်ခုလုံးကို လျှင်မြန်စွာ လောင်မြိုက်လေသည်။

“မကောင်းတော့ဘူး”

စစ်ခွန်းယွမ်ကျား၏ မျက်နှာက တင်းမာသွားသည်။ သူသည်လည်း ပို၍များပြားသော ကြယ်တာရာစွမ်းအင်များကိုပင် လွှတ်ထုတ်လျှက် အနက်ရောင်နှင့် အမျိုးသားကို တွန်းထုတ်ရန် ကြိုးစားသည်။ သူက ခပ်မြန်မြန် နောက်ဆုတ်လိုက်ရင်း ခြေဆယ်လှမ်း အကွာအဝေးခြားလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘာသိုင်းလဲ”

စစ်ခွန်းယွမ်ကျားက သူ၏လက်မောင်းပေါ်တွင် ဆက်လက် တောင်လောက်နေသည့် ဒီခရမ်းရောင်နှင့် အနက်ရောင်မီးတောက်များကို ကြည့်ရင်း မျက်နှာက တင်းမာလာသည်။

စစ်ခွန်းယွမ်ကျားက အလုပ်များနေချိန်တွင် နောက်ထပ် ကောင်းကင်ဘုံ အမှုန့်များက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသား တစ်ဝက်ကျော်ကျော်ခန့်အနှံ့ ပျံသွားခဲ့ပြီဖြစ်ပြီး အနက်ရောင်ဝတ်စုံနှင့်လူ အယောက်ငါးဆယ်မှ ခြောက်ဆယ်ခန့်ကလည်း တိတ်တဆိတ် ပေါ်လာလျှက် တောင်ပေါ်သို့စတင်ကာ တက်နေပြီဖြစ်သည်။

ထိုလူများက အေးစက်ကာ တိတ်ဆိတ်သည်။ တောင်ပေါ်သို့ ရောက်ရှိသွားပြီးနောက် သူတို့အားလုံးက အတူတကွ စုစည်းလျှက် အရပ်မျက်နှာ တစ်ခုတည်းထံသို့ ဦးတည်ဝင်ရောက်သွားကြသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် အလုံးအရင်း တိုက်ပွဲကိုပင် စတင်ရန် ကြိုးစားခြင်းမရှိပေ။ အနက်ရောင်ဝတ်စုံနှင့် လူများတွင် ပန်းတိုင်တစ်ခုတည်းသာရှိသည်။

ပတ်ဝန်းကျင်တွင် လက်နက်ချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ အာရုံစူးစိုက်မှုကို ရှောင်ရှားရန်အလို့ငှာ ခပ်တိုးတိုးပြောသံက ထွက်လာသည်။

“သွေးမျက်လုံး ပစ်မှတ်ကိုတွေ့ပြီလား”

အနက်ရောင်ဝတ်စုံနှင့် နီရဲသော မျက်လုံးပိုင်ရှင်လူက ခေါင်းညိမ့်သည်။

“ငါသိန်းငှက်ဝိညာဉ်ကိုသုံးပြီး လမ်းပြခိုင်းလိုက်မယ်”

သူက ရပ်တန့်လိုက်သည်။ သူ၏ ညာခြေထောက်က ကျောက်တုံးတစ်ခုပေါ်သို့ ကောက်တင်လိုက်ပြီး ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ တခဏခန့်ကြာပြီးနောက် သူ၏မျက်လုံးထဲမှ တောက်ပသော သွေးနီရောင် အလင်းတန်းက ထွက်လာသည်။

ခီး...

ထိုသိန်းငှက်၏ စူးရှသောအော်သံက အပေါ်စီးမှ ထွက်ပေါ်လာပြီးနောက်တွင် သွေးရောင်မျက်လုံးနှင့် ထိုသိန်းငှက်က တိမ်စိုင်ထဲမှ ထိုးထွက်လာသည်။ သူ၏တောင်ပံများက အနောက်ဘက်သို့ပင် ရောက်နေရင်း မျှားတစ်စင်း ပစ်ဆင်းလာသလိုမျိုးပင် ဆင်းသက်လာလေသည်။ ထို့နောက် တောင်၏ တစ်နေရာသို့သွားသည်။

“အဲ့ဒီမှာ”

သွေးမျက်လုံးက အေးစက်သော အလင်းဖြင့် တောက်ပသွားသည်။ ထိုတစ်ဖွဲ့လုံးက သိန်းငှက်ဝိညာဉ်က ညွှန်ပြသော တည်နေရာသို့ သွားကြသည်။

“ရန်သူ”

အမှောင်ထုအတွင်းမှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင် တစ်ယောက်က အော်ဟစ်ရင်း သူ၏လူများကို ဦးဆောင်လျှက် အနက်ရောင်ဝတ်စုံနှင့်လူများကို ရင်ဆိုင်သည်။

သူ၏အနောက်ဘက်တွင် ပို၍များပြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကလည်း ဝင်ရောက်လာကြသည်။ သူတို့အားလုံးက လျှင်မြန်စွာနှင့် ဓားဝင်္ကပါအတွင်းသို့ ဝင်ရောက်လျှက် အနက်ရောင်ဝတ်စုံနှင့် လူများကို တိုက်ခိုက်သည်။

“ဟား ဟား သေမျိုးလောကက ပုရွက်ဆိတ်တွေက တကယ် သေချင်နေကြတာပဲ”

အနက်ရောင်ဝတ်စုံနှင့်လူ၏ ရက်စက်သော မျက်လုံးက လှုပ်ခါသွားသည်။ ထို့နောက် သူသည် သူ၏ အာကာသ ရွေ့လျားခြင်းသိုင်းကိုသုံးလျှက် ပျောက်ကွယ်သွားလေသည်။

စွစ် စွစ် စွစ်

ချီတက်လာသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားခြောက်ယောက်က ရုတ်တရက် သူတို့လည်ပင်းအနှံ့ သွေးလမ်းကြောင်းလေး ပေါ်ထွက်လာမှုကိုသာ သိလိုက်သည်။ ထို့နောက် သူတို့ကလည်း အခြေအနေကို နားမလည်နိုင်သေးခင် ထိုနေရာမှ သွေးများပေါက်ထွက်လာပြီးနောက် မြေပြင်သို့ ပြုတ်ကျလျှက် အသက်မဲ့သွားလေသည်။

အာဝူး...

ဒေါသတကြီး အော်ဟစ်သံများက ထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် လူအချို့၏ ခန္ဓာကိုယ်များက စတင်ကာ ကွဲအက်လျှက် သူတို့၏ခန္ဓာကိုယ်များက ကြီးလာကြသည်။ တခဏခန့်ကြာပြီးနောက် သူတို့က လုဝူတစ်ပိုင်း ပုံသဏ္ဍန်များအသွင် ပြောင်းလဲကြသည်။ ချက်ချင်းဆိုသလိုပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများထံ ချဉ်းကပ်သွားကြသည်။

ချွင် ချွင် ချွင်

အရပ်မျက်နှာအနှံ့မှ ဓားခုတ်ချသံများက ထွက်နေသလို လုဝူတစ်ပိုင်းများနှင့်လည်း တိုက်ခိုက်သံများက ထွက်ပေါ်လာသည်။ သို့သော် ဓားများက လုဝူတစ်ပိုင်းများကို တိုက်ခိုက်လိုက်ချိန်တွင် အလင်းမွှားများကသာ ထွက်လာပြီးနောက် ပြန်ကန်ထွက်သွားကြသည်။

“ဒါက ဘယ်လိုမကောင်းဆိုးဝါးတွေလဲ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား တစ်ယောက်က ကြောက်လန့်မှုဖြင့် နောက်ဆုတ်သည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေ၏။

ဂိုဏ်းလောကတွင် အမျိုးမျိုးသော သိုင်းပညာများရှိသည်။ အများစုက လျို့ဝှက်ဆန်းကြယ်ပြီး မိစ္ဆာလမ်းသို့ ရောက်လေသည်။ သို့သော် မည်သည့်သိုင်းပညာကမှ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ပုံသဏ္ဍန်ကို မပြောင်းပေးနိုင်ပေ။

အနက်ရောင်ဝတ်စုံနှင့် လူများ၏ ပေါ်ပေါက်လာမှုက သူတို့၏ သိုင်းလောကအပေါ် နားလည်မှုများကို ပြောင်းပြန်လှန်ပေးလိုက်သည်။ သို့ရာတွင် ထိုတပည့်ဂိုဏ်းသား အနေဖြင့် ခြေလှမ်းအနည်းငယ်သာ ဆုတ်လိုက်နိုင်သည်။

ဘုန်း

သာမာန်လူတစ်ယောက် အရွယ်အစား၏ နှစ်ဆခန့်မျှ ကြီးမားသော ထိုးသားရဲကြီးက ထိုတပည့်ဂိုဏ်းသား၏ ရင်ဘက်ထံ လက်သည်းဖြင့် ဆွဲကုပ်လိုက်လေသည်။

“အား”

အော်သံတစ်ချက်နှင့်အတူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားက လေထဲအထက် မီတာနှစ်ဆယ်ခန့်အထိ မြောက်တက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ သွေးများစီးကျလာပြီးနောက်တွင် မြေပြင်သို့မထိခင် သေသွားပြီဖြစ်သည်။

“မြန်မြန်လေး တားကြစမ်း”

ဒေါသတကြီးအော်သံ၊ အထိတ်တလန့် အော်သံများကို ကြားနိုင်သည်။ မည်သည့်နေရာကမှန်းမသိ ပေါ်လာသော အနက်ရောင်ဝတ်စုံနှင့် ထိုလူများက အလွန်မြောက်များလွန်းသည်။ သူတို့သည် ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားလေပြီး အမျိုးမျိုးသော နားမလည်နိုင်သည့် သိုင်းများကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သိုင်းပညာလောကတွင် နံပါတ်တစ် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ဒီလောကအတွင်းတွင် အမျိုးမျိုးသော ဂိုဏ်းမဟာမိတ် အားလုံးက သိထားလက်ခံထားကြသည့်တိုင်အောင် အနက်ရောင်ဝတ်စုံနှင့် လူများအကြောင်းကိုမူ မသိကြပါပေ။

“သတ်”

ပို၍များပြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည်။ သို့သော် သူတို့သည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများကို မတားနိုင်ကြပေ။

ဝှစ်

ထို့နောက် အလင်းတစ်ချက် လက်သွားသည်။

ခရမ်းရောင်နှင့် အနက်ရောင်မီးတောက်က ထိုးထွက်လာသည်။ ကျွီပိုင်နှင့် မာရာမီးတောက်များက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များ အတွင်းမှ ကြယ်တာရာစွမ်းအင်များကိုသာ လောင်ကျွမ်းသွားစေသည်။ သူတို့၏ ကြယ်တာရာစွမ်းအင် ဝိသေသလက္ခဏာသည် ထိုမီးတောက်များကို တားနိုင်စွမ်းရည် မရှိပါပေ။

ကောင်းကင်ဘုံအမှုန့်၊ ကျွီပိုင်၏မီးတောက်၊ မာရာ၏မီးတောက်နှင့် မြောက်များလှစွာသော အနက်ရောင်ဝတ်စုံနှင့် လူများက ဖော်ပြရန်ခက်ခဲလောက်အောင် ကြောက်စရာအကောင်းဆုံး နားမလည်နိုင်ဆုံးနှင့် ရှင်းပြရန် အခက်ခဲဆုံးည ဖြစ်သွားစေလေသည်။

သူတို့သည်လည်း အနက်ရောင်ဝတ်စုံနှင့်လူများ အသုံးပြုသော ထိုသိုင်းများအကြောင်း မကြားဖူးကြပါပေ။

အနက်ရောင်ဝတ်စုံ ဝတ်ထားသော ထိုလူများအားလုံးက တောင်ပေါ်တောက်လျှောက် သတ်ဖြတ်ရင်း ချီတက်သွားကြသည်။ ကောင်းကင်တွင် အသံတစ်သံက ဟိန်းထွက်လာ၏။

“မိစ္ဆာဖားနဲ့ မိစ္ဆာကောင်လေး မင်းတို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့အရှေ့မှာ ရမ်းကားရဲတယ်လား”

အသံ၏ အရင်းအမြစ်နှင့် နီးကပ်သည့် အနက်ရောင်ဝတ်စုံနှင့်လူက ချက်ချင်းဆိုသလို တုန်ယင်သွားပြီး အသံလာရာဘက်သို့ မာရာမီးတောက် ပင်လယ်လှိုင်းကို ပစ်လွှတ်လိုက်လေသည်။

သို့သော် တခဏခန့်ကြာပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူက မော့ကြည့်လိုက်ပြီးနောက် ဖြူဖျော့သွားသည်။

“မကောင်းတော့ဘူး”

အနက်ရောင်ဝတ်စုံနှင့်လူသည် နောက်ဆုတ်ရန်ကြိုးစားသည်။ သို့သော် နောက်ကျသွားသည်။ ကောင်းကင်က မည်းမှောင်သွားချိန်တွင် ကြီးမားသော အနက်ရောင်ပုံရိပ်ကြီး တစ်ခုက အောက်သို့ ရိုက်ချလိုက်သည်။

ဘုန်း

ကြယ်တာရာစွမ်းအင် ပေါက်ကွဲမှုက လေထဲအထက် ပေတစ်ရာခန့်သို့ပင် မြောက်တက်သွားစေသေးလေသည်။ ကောင်းကင်ထဲမှ ကြီးမားလွန်းသော အနက်ရောင်ချီလင်းကြီးက ဆင်းသက်လာသည်။ သူ၏လက်သည်းတစ်ဖက်က ယခုလေးတင် မာရာမီးတောက်ကို အသုံးပြုခဲ့သည့် အနက်ရောင်ဝတ်စုံနှင့်လူ၏ ကိုယ်ကို ထိုးဖောက်လိုက်၏။

အနက်ရောင်ဝတ်စုံနှင့်လူက မသေခင် နောက်ထပ် မာရာမီးတောက်ကို လွှတ်ထုတ်လိုက်သေးသည်။ ထိုမီးတောက်က အနက်ရောင်ချီလင်း၏ ခန္ဓာကိုယ်ကို စတင်ကာ လောင်ကျွမ်းသည်။ သို့သော် ကြယ်တာရာစွမ်းအင် ပေါက်ထွက်လာမှုနှင့်အတူ မာရာမီးတောက်ကလည်း အင်အားဖြင့် ဖိနှိပ်ခံရကာ ပျောက်ကွယ်သွားလေသည်။

သိုင်းပညာလောကတွင် နံပါတ်တစ် အဖွဲ့အစည်း၏ ခမ်းနားထည်ဝါမှုက လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံနှင့် လူများ၏ အဆိပ်ဖြင့် တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများအောက်တွင် ကြီးမားသည့် ဆုံးရှုံးမှုကို ခံရသေးလေသည်။ အော့ရန်ချန်းဟန်ကပင် ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားသည်။

အနက်ရောင်ဝတ်စုံနှင့် လူများသည် အင်အားကြီးမားပြီး သူတို့၏ အနက်ရောင်မီးတောက်များက လျို့ဝှက်ဆန်းကြယ်လွန်းသည့်တိုင်အောင် အော့ရန်ချန်းဟန်ကမူ အထွတ်အထိပ် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးလေသည်။ ထို့ကြောင့် ထိုဘာမှန်းမသိရသော မီးတောက်များ၏ ခြိမ်းခြောက်မှုက အခြားသောလူများလောက် သူ့ပေါ် သက်ရောက်မှုမရှိပါပေ။

ထို့ကြောင့် အော့ရန်ချန်းဟန်သည် တုန့်ဆိုင်းနေခြင်း မရှိတော့ဘဲ အနက်ရောင်ချီလင်းအသွင် ပြောင်းလဲလျှက် အခြားသော အနက်ရောင်ဝတ်စုံနှင့် ကျွမ်းကျင်ပညာရှင်များကို စတင်ကာ တိုက်ခိုက်သည်။

ဘုန်း ဘုန်း ဘုန်း

အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အင်အားကြီးမားသော ပုဂ္ဂိုလ်များက အင်အားကြီးမားသော အနက်ရောင်ချီလင်းကြောင့် လွင့်ထွက်ကုန်ကြသည်။

ပွက်

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုဝူတစ်ပိုင်းကလည်း အနက်ရောင်ချီလင်းထံ ခုန်ဝင်သွားသည်။ သို့သော် ချီတင်း၏ တစ်ချက် ဖိနင်းမှုနှင့်အတူ သူသည် ကိုယ်တွင်းအင်္ဂါများ ပေါက်ထွက်သွားလေသည်။

“ဒီလူကိုငါနဲ့လွှဲထားလိုက် မင်းတို့တွေ ဆက်ပြီးသွား”

ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ယောက်က သားရဲဆန်သော အော်သံကို ပေးလိုက်သည်။

ထိုလူသည် အမှောင်ထုအတွင်းသို့ ဝင်ရောက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ဝေါင်း

တခဏခန့်ကြာပြီးနောက် မြေကမ္ဘာအထက်မှ ကြီးမားလွန်းသော မီးတောက်နက် အဇူရာက မြောက်တက်လာသည်။ အခြားသော မီးတောက်နက် အဇူရာများနှင့် မတူသည်မှာ ထိုတစ်ကောင်သည် (၁၅)မီတာ၊ (၁၆)မီတာခန့်အထိပင် ရှည်ပြီး လက်ရှစ်ဖက်ပင် ပါဝင်နေလေသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များကလည်း ကောင်းမွန်စွာ အာရုံစိုက်ထားမှုကို ခံရလေပြီး သိပ်သည်းနေလေရာ သံမဏိသားဖြင့် လုပ်ထားသလိုမျိုးပင် ထင်ရသည်။

ဘုန်း

လက်ရှစ်ဖက်နှင့် အဇူရာက ရှေ့သို့ ဖနောင့်ပေါက်ကာ ဝင်ရောက်သွားရင်း အော့ရန်ချန်းဟန်၏ အနက်ရောင်ချီလင်းကို ရိုက်ချလိုက်သည်။ ထိုသို့ ထိပ်တိုက်တွေ့ဆုံနေသည့် အခိုက်အတန့်တွင် အချိန်က ရပ်တန့်သွားပုံပေါ်သည်။ တခဏခန့်ကြာပြီးနောက် တိုက်ရိုက်တွေ့ဆုံမှု အလယ်မှတစ်ဆင့် ခြောက်ခြားဖွယ်ကောင်းလွန်းသော အားလှိုင်းများက ပေါက်ထွက်လာလေသည်။

“သွားမယ်”

ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သွေးမျက်လုံးက ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့်အတူ ဝိညာဉ်သိန်းငှက်က ဖော်ပြသောနေရာသို့ ခုန်ဝင်သွားလေသည်။

“သတ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များက အနက်ရောင်ဝတ်စုံနှင့် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များထံ ခုန်ဝင်နေချိန်တွင် ကျယ်လောင်သော အော်ဟစ်သံများကလည်း ပျံ့နှံ့နေလေသည်။

ဝှစ်

မည်သည့်အချိန်ကမှန်းမသိ တောင်ပေါ်တွင် မီးစွဲလောင်နေပြီဖြစ်သည်။ သို့သော် ထိုမီးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ထွန်းလိုက်သည့် မီးပုံမီးသာဖြစ်သည်။ ထိုမီးပုံမီးက အမှောင်ထုကို အလင်းရောင်အချို့ ပေးလိုက်သည်။ ဒုတိယမြောက် မီးပုံမီ၊ တတိယမြောက် မီးပုံမီး၊ စတုတ္ထမြောက် မီးပုံမီး... ထိုသို့ဖြင့် တစ်စစီ ပေါ်ထွက်လာသော မီးပုံမီးများက တောင်တန်းတစ်ခုလုံးကို ကြောက်မက်ဖွယ်အလင်းကို ပေးစွမ်းလိုက်သည်။ ထိုအလင်းမှတစ်ဆင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများသည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများ၏ သဲလွန်စများကို ရှာတွေ့သွားကြသည်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် တစ္ဆေများလိုလို ကောက်ကျစ်သောလူများကို အထင်သေးမိနေသေးသည်။ သူတို့ကလည်း တစ်ဖက်သူများက သူတို့ကို ရှာတွေ့သွားသည့်အတွက် ဂရုစိုက်ပုံမရလေဘဲ လုဝူတစ်ပိုင်းများပင်ဖြစ်စေ၊ မီးတောက်နက် အဇူရာပုံသဏ္ဍန်များကပင်ဖြစ်စေ အနက်ရောင်မုန်တိုင်းလုံးကြီးအလား တောင်ပေါ်သို့ ချီတက်သွားကြသည်။

အခန်း(၁၃၅၄)

ဘုန်း

ဝိညာဉ်သိန်းငှက်က အောက်သို့ထိုးဆင်းလာသည်နှင့် သွေးမျက်လုံးကလည်း ထိုနေရာသို့ ရောက်လာသည်။ သူကလက်ကို မြှောက်လိုက်သောအခါ သိပ်သည်းလွန်းသော အနက်ရောင်မီးတောက် အားတစ်လှိုင်းက ပေါ်လာလျှက် အမှောင်ထုအတွင်းမှ မိုးပြာရောင်ဝတ်စုံနှင့် ပုံရိပ်ထံ ဝင်ရောက်သွားစေသည်။ ထိုပုံရိပ်က နေ့အချိန်က ဝိညာဉ်သိန်းငှက်က မြင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် တဏခန့်ကြာပြီးနောက် ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားပြီး အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်ကလည်း သုတ်သင်ခံလိုက်ရသည်။ ဒီနည်းအားဖြင့် အနက်ရောင်မီးတောက်၏ ဝါးမြိုမှုကြောင့် ထိုနေရာတစ်ခုလုံးဟာ ပြာကျနေသော ပစ္စည်းများကသာ ကျန်ရစ်သည်။

အတုအယောင်

သွေးမျက်လုံး၏ မျက်လုံးက မှေးကျဉ်းသွားပြီး မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။ အနက်ရောင်မီးတောက်များသည် အင်အားကြီးမားပြီး အရာအားလုံးကို လောင်ကျွမ်းနိုင်သော်လည်း သက်ရှိလူတစ်ယောက်ကို လုံးဝပျောက်ကွယ်သွားနိုင်သည်အထိ လောင်ကျွမ်းနိုင်စွမ်းရည် မရှိပေ။ သွေးမျက်လုံးက ချက်ချင်းဆိုသလို သူဟာ ငါးစာဟပ်လိုက်မိကြောင်း သိလိုက်သည်။

“သေစမ်း”

သွေးမျက်လုံးက ကောလဟာလတစ်မျိုးကို မှတ်မိလိုက်သည်။ သူ၏နှလုံးသားက ဒေါသများဖြင့် ပေါက်ကွဲလာ၏။ ပြောကြသည်မှာ ဆင်းတူမှ ထိုလူရမ်းကားအိုကြီးက သူတို့၏ပစ်မှတ်အား သူတို့ကို ကြိုတင်သတိထားမိစေသည့် ပစ္စည်းတစ်ခု ပေးလိုက်သည်ဟုဆိုသည်။ ထို့ကြောင့် ဖြစ်ပျက်သွားသော အခြေအနေနှင့် ပတ်သတ်ပြီး မေးခွန်းထုတ်စရာ မရှိတော့ပေ။ သူတို့အားလုံးက ကစားခံလိုက်ရသည်။

“အရှင် ငါတို့ပစ်မှတ်ကို တောင်ရဲ့အနောက်တောင်ပိုင်းမှာ တွေ့တယ်”

အနက်ရောင်ဝတ်စုံနှင့် လက်အောက်ငယ်သားတစ်ယောက်က ရုတ်တရက် ထပြောသည်။

“သွားမယ် ဒီနေ့ ဘယ်လိုနည်းနဲ့မဆို ငါတို့သူ့ကိုသတ်ပြီး ပစ္စည်းကို ယူသွားရမယ်”

သွေးမျက်လုံးက ကြမ်းတမ်းစွာပြောလိုက်သည်။ ဗိုလ်ချုပ်ကြီးသုံးယောက်က တောင်ခြေတွင် ထိန်းထားသည်နှင့် ထိုကောင်စုတ်က အတောင်ပေါက်လာလျှင်ပင် ထွက်ပြေးရန် ခက်ခဲပေလိမ့်မည်။ သူဟာ တောင်ပေါ်တွင် ရှိနေသေးသမျှ သူတို့၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်လိမ့်မည်မဟုတ်ပေ။

သွေးမျက်လုံးက သူ၏လူများကို တစ်နေရာသို့ ဦးဆောင်ခေါ်သွားတော့မည့် အခိုက်အတန့်တွင် ....

စွစ်

“မိစ္ဆာလမ်းကိုလျှောက်တဲ့ မကောင်းဆိုးဝါးတွေ မင်းတို့က ဘယ်နေရာကို ရောက်လာတယ်လို့ထင်လဲ”

ရုတ်တရက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အကြီးအကဲတစ်ယောက်၏ အသံက အော်ထွက်လာသည်။ သူတို့က မတုန့်ပြန်နိုင်သေးခင် ကြယ်တာရာစွမ်းအင်လှိုင်း တစ်လှိုင်းက တောင်ပေါ်မှ ဆင်းသက်လာသည်။

သွေးမျက်လုံး၏ မျက်နှာက တင်းမာသွားသည်။ ချက်ချင်းလိုလို နောက်သို့လှည့်လိုက်ကာ လက်ဝါးတစ်ချက်ကို ဆန့်ထုတ်လိုက်သည်။ သံမဏိများလို ခိုင်မာသော စွမ်းအင်လှိုင်းနှစ်လှိုင်းက ထိပ်တိုက်ဆုံသွားချိန်တွင် သွေးမျက်လုံးက ခြောက်ခြားဖွယ်ကောင်းသော မြစ်၏အလယ်တွင် မားမားမတ်မတ် ဆက်ရှိနေသော ကျောက်တုံးကြီးအလား ဆက်လက်ပြီး တည်ငြိမ်နေသေးသည်။ သို့ရာတွင် သွေးမျက်လုံးက ရင်ဆိုင်ရသူထံမှ အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူဆယ်ယောက်ကျော်ခန့်ကလည်း ထိုစွမ်းအင်များကြောင့် လေပြေတွင် လွင့်ထွက်သွားသော ဆောင်းတွင်းသစ်ရွက်များအလား လွင့်ထွက်ကုန်သည်။

“မင်းတို့ ဆိုးယုတ်တဲ့လမ်းကိုလျှောက်တဲ့ အဖွဲ့ဝင်တွေက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ ပိုင်နက်ထဲမှာတောင် လာပြီးရမ်းကားရဲတယ်။ ဒီအဘိုးကြီးက မင်းတို့ကို လုံးဝညှာတာပေးမှာမဟုတ်ဘူး”

အမှောင်ထဲတွင် အဖြူရောင်ဝတ်စုံနှင့် သန်မာသော လက်မောင်းပိုင်ရှင် အဘိုးကြီးတစ်ယောက်က ရပ်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက မှင်သက်ဖွယ်ကောင်းသော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။

ကျုံးလီကျစ်

ထိုလူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဧည့်သည်အကြီးအကဲဖြစ်သည်။ မူလယန်ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်လည်းဖြစ်သည်။ ကျုံးလီကျစ်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်နှင့် မိတ်ဆွေဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အင်အားကြီးသော အကြီးအကဲများထဲမှ တစ်ယောက်လည်းဖြစ်သလို စစ်ခွန်းယွမ်ကျားနှင့်ပင် ယှဉ်နိုင်သည်။

“ဟွန်း ကျန်တဲ့လူတွေသွားတော့”

သွေးမျက်လုံးက အနောက်ဘက်ကို ဟန်အမူအရာ တစ်ခုပြလိုက်ပြီး ကျုံးလီကျစ်ကို စောင့်ကြည့်ရန် ဆက်နေခဲ့သည်။

ပွက်

ရုတ်တရက် အသွေးအသားကို ထက်ရှသောဓားက လှီးဖြတ်သွးသလို အသံမျိုးက ထွက်လာပြီးနောက် သွေးမျက်လုံး၏ ကျောရိုးထဲမှ နှစ်ပေခန့်ရှည်သည့် စူးရှသော အရိုးတစ်ခု၊ ထို့နောက် ဒုတိယတစ်ခု၊ တတိယတစ်ခု... မျက်တောင်တစ်ခတ် အချိန်အတွင်း သွေးမျက်လုံး၏ ကျောပြင်ရှိ အစိတ်အပိုင်းတိုင်းမှ ချွန်ထက်နေသော အရိုးများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ သူ၏အရှိန်အဝါကလည်း ကောင်းကင်ကိုပင် လှုပ်ခါစေသော ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသလိုမျိုး ပို၍ပင် အန္တရာယ်များလာပြီး ပို၍ပင် အရိုင်းဆန်ကာ ရက်စက်လျှက် ဝရုန်းသုန်းကားဖြစ်လာသည်။

ဝုန်း

ကျုံးလီကျစ်၏ မျက်လုံးကပင် မှေးကျဉ်းသွားပြီး မျက်နှာကလည်း ရှုံ့မဲ့သွားသည်။

ကျုံးလီကျစ်သည် ဂိုဏ်းလောကအတွင်း ရှင်သန်နေခဲ့သည့် ကာလတစ်လျှောက် မရေမတွက်နိုင်သော သိုင်းပေါင်းများစွာကို သူ၏လက်ခုံလို နားလည်နေခဲ့ပြီးသားဖြစ်သည်။ သို့သော် ယခုလိုမျိုး လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အဆပေါင်းများစွာ အင်အားကြီးသွားအောင် အသွင်ပြောင်းနိုင်သည့် သိုင်းမျိုးကိုမူ မကြားဖူးပါချေ။ ဒါဟာ သာမာန်သိုင်းပညာ၏ လမ်းအတွင်းတွင်ပင် မရှိတော့ချေ။

“မိစ္ဆာ မင်းတို့အားလုံးက မိစ္ဆာတွေပဲ”

ကျုံးလီကျစ်၏ မျက်လုံးထဲတွင် အလွန်အမင်း အံ့အားသင့်သွားသော အကြည့်တစ်မျိုးက ပေါ်လာသည်။ သို့သော် ပြင်းထန်လွန်းသည့် သတ်ဖြတ်လိုစိတ်လည်းပါသည်။ ထိုလူများဟာ မည်သူများ ဖြစ်နေစေကာမူ ဒီတစ်ညတည်းကတင် သူတို့၏သေမိန့်ကို လက်ခံရန် လုံလောက်နေပြီဖြစ်သည်။

“ဟား ဟား ဟား သာမာန် တောကျိုအုံကြားက ကောင်တစ်ကောင်က ကောင်းကင်ဘုံသားတွေရဲ့ နည်းလမ်းကို ဘယ်သိမှာလဲ။ ပုရွက်ဆိတ်ကောင် မင်းရဲ့အသက်ကို ငါ့ဆီပေးခဲ့စမ်း”

သွေးမျက်လုံး၏ ဆံပင်ရှည်များက အောက်သို့ ဆင်းသက်လာပြီး စတင်ကာ ကခုန်လျှက် တုန်ခါလာသည်။ သူ၏ပါးစပ်ထဲမှ ထူးဆန်းသောရယ်သံက ထွက်လာရင်း သူသည် ကျုံးလီကျစ်ကိုကြည့်ကာ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သိပ်သည်းပြီး ထိတွေ့ကိုင်တွယ်၍ မရလောက်သည့် သတ်ဖြတ်လိုစိတ်ဆန္ဒကို လွှတ်ထုတ်သည်။

ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာပြီးနောက် သွေးမျက်လုံးက ကျုံးလီကျစ်ထံ ခုန်ဝင်လာသည်။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းဆိုသလိုပင် ထိုနှစ်ယောက်က ပြင်းထန်စွာတိုက်ခိုက်ရင်း လျှပ်စီးများလက်သလိုမျိုး ရင်ဆိုင်နေကြသည်။ အနက်ရောင်ဝတ်စုံနှင့် အခြားသောလူများကမူ အနောက်တောင်ပိုင်းသို့ ချောမွေ့စွာ တက်ရောက်သွားပြီဖြစ်သည်။ သို့သော် သူတို့က ထွက်ခွာရုံသာရှိသေးသည်။ သွေးမျက်လုံးကို အရင်အသိပေးလိုက်သည့် အနက်ရောင်ဝတ်စုံနှင့်လူက ချက်ချင်းလိုလို ရပ်တန့်လျှက် မျက်နှာထားက တင်းမာသွားသည်။

အနက်ရောင်ဝတ်စုံနှင့် လူများ၏ အဖွဲ့အစည်းသည် ထူးခြားသော သိုင်းတစ်မျိုးကို တက်မြောက်ထားသည်။ ထို့ကြောင့် သူတို့ကသာ ပစ်မှတ်အသုံးပြုသည့် အဝတ်အစား သို့မဟုတ် တစ်စုံတစ်ရာ ရှိနေသေးသမျှ အတိုင်းအတာတစ်ခု အတောအတွင်းတွင် ရှိနေပါက ထိုပစ်မှတ်ကို သေချာပေါက် ရှာနိုင်သည်။ သို့သော် ယခုလေးတင် သူတို့၏ပစ်မှတ်ဟာ အနောက်တောင်ပိုင်းတွင်ရှိကြောင်း ခံစားလိုက်ရသည်။ ထို့နောက် ယခု သူတို့၏ပစ်မှတ်ဟာ အရှေ့တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ရှိနေကြောင်းကိုလည်း ခံစားလိုက်ရပြန်သည်။

သူတို့သည်လည်း တစ်ဖက်သူဟာ မည်သို့ လုပ်ဆောင်နေကြောင်းကို နားမလည်နိုင်သည့်တိုင်အောင် ပစ်မှတ်က သူတို့ကို ကစားနေသည်နှင့် ပတ်သတ်ပြီး မေးခွန်းထုတ်စရာပင် မရှိချေ။

“မင်းတို့တွေ အရှေ့မြောက်ပိုင်းကိုသွား မင်းတို့က အရှေ့တောင်ပိုင်းကိုသွား”

အနက်ရောင်ဝတ်စုံနှင့်လူက နောက်သို့လှည့်လျှက် အမိန့်ပေးပြီးနောက် လူစုခွဲကာ ထွက်ခွာသွားလိုက်သည်။ သူကိုယ်တိုင်ကမူ အနောက်တောင်ပိုင်းသို့သွား၏။ ကျန်သောလူများက လူစုခွဲလိုက်ပြီး ဦးတည်ရာဘက် အသီးသီးသို့ သွားကြသည်။

ထို့နောက် ပို၍များပြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များက ဆင်ခြေလျောတွင် ပေါ်လာသည်။ အကြီးအကဲများ၊ ကာကွယ်စောင့်ရှောက်သူများ အားလုံးကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်ရင်း အနက်ရောင်ဝတ်စုံနှင့် လူများကို တိုက်ခိုက်နေကြ၏။ နှစ်ဖက်လုံးက ပြင်းထန်သည့် ဆုံးရှုံးမှုများကို ခံစားနေရသည်။

သူတို့က သတိလက်လွတ် ဖြစ်သွားခဲ့ပြီး ကောင်းကင်ဘုံအမှုန့်ကြောင့် များပြားလှသော အင်အားစု တစ်ဝက်ကျော်ခန့်ကို ထိခိုက်သွားသည့်တိုင်အောင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသား တစ်ထောင်ခန့်က ထိုတောင်ပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အနက်ရောင်ဝတ်စုံနှင့် လူများက အဆိပ်ကို သုံးခဲ့သေးသည့်တိုင်အောင် တစ်ဖက်ခြမ်းက အဆိပ်ကို ဖြူးခဲ့ရုံသာဖြစ်ပြီး တစ်တောင်လုံးပေါ်သို့ မရောက်ခဲ့သေးပေ။

ထို့ပြင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များကလည်း အနက်ရောင်ဝတ်စုံနှင့် လူများကို တိုက်ခိုက်နိုင်နေသေးလေသည်။

“မြန်မြန် အဲ့ဒီမျိုးမစစ်တွေ ဘာလုပ်နေတာလဲ”

အရှေ့တောင်ပိုင်းမှ ကျစ်အန်းတုက ကျောက်တုံးတစ်ခုပေါ်တွင်ရပ်ရင်း အမိန့်ကို တစ်ခုပြီးတစ်ခု ပေးနေသည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများအား အနက်ရောင်ဝတ်စုံနှင့် လူများကို တိုက်ခိုက်ရန် အမိန့်ပေးနေခြင်းဖြစ်သည်။ လူတိုင်းက ထိုနေရာတွင် စုစည်းလာသောအခါ ကျစ်အန်းတုက သူ၏အချိန်ကို အကုန်မခံရဲတော့ချေ။

ကျစ်အန်းတုသည် သတင်းကို ရရှိထားပြီးသားဖြစ်သည်။ သူက အခြေအနေကို နားလည်အောင် ကြိုးစားနေရချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဟာ တိုက်ခိုက်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“သေစမ်း ဘာတွေဖြစ်နေတာလဲ။ ဒီလောကမှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က မသိတဲ့ အဖွဲ့အစည်းက ဘယ်လိုလုပ်ရှိမှာလဲ”

ကျစ်အန်းတုက မှင်သက်စွာနှင့် စိတ်ရှုပ်သွားသည်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်သားများများ ဆုံးရှုံးသည့် အချက်အလက်ကိုမူ ကျစ်အန်းတုက အမှန်တကယ် ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ သေသူများက သူ၏အစစ်အမှန် လက်အောက်ငယ်သားများလည်းမဟုတ်ပေ။ သူက အချိန်မရွေး ထွက်ပြေးသွားနိုင်သမျှ အရေးမကြီးပါပေ။

တောင်က ကစဉ့်ကလျားဖြစ်နေတာဆိုတော့ အဲ့ဒီကောင်စုတ်လေး သေပြီလားလို့ သိချင်မိတယ်။

ကျစ်အန်းတုက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသည်။

သူ့တွင်လုံလောက်သော သက်သေမျိုး မရှိသည့်တိုင်အောင် ကျစ်အန်းတုအနေဖြင့် ထိုကောင်သည် အစစ်အမှန် သခင်လေးချင်းယန်ဟု မယုံကြည်ပါပေ။ သူဟာ တစ်ဖက်သူကို စတွေ့သည့် အခိုက်အတန့်မှာပင် ထိုလူငယ်က သူ့အား ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် အရေးကြီးဆုံး အပိုင်းကမူ ကျစ်အန်းတုက စုန့်ယို့ရန်၏ အနားတွင် အခြားသောသူများ ရှိနေခြင်းကို သဘောမကျပေ။ သူ့ကို အတိုက်အခံလုပ်သော လူများကိုမူ သဘောတကျ ရှိခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ကျစ်အန်းတုအနေဖြင့် သခင်လေးချင်းယန်ထံသို့ ခံစားမိသည့် ရန်လိုမှုများကို မငြင်းနိုင်ပေ။

ဝုန်း

ကျစ်အန်းတုက တွေးတောနေသည့် အခိုက်အတန့်တွင် ရုတ်တရက် သူ၏မျက်လုံးအတွင်း အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။ သူဟာ ဘာကိုမှ မမြင်လိုက်နိုင်သော်လည်း ပြင်းထန်သည့် အန္တရာယ်ကိုမူ ခံစားမိလိုက်သည်။

ဘုန်း

ရုတ်တရက် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ပုံရိပ်တစ်ခုက အမှောင်ထဲမှ ခုန်ထွက်လာသည်။ တစ်ဖက်သူ၏ဓားက ကျစ်အန်းတုကို ခုတ်ချလိုက်သည်။

“မကောင်းတော့ဘူး”

ကျစ်အန်းတု၏ နှလုံးသားက အေးစိမ့်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ သူသည် တွေးတောရန် အချိန်မရှိတော့သည့်အတွက် ချက်ချင်းဆိုသလို နောက်သို့ခုန်ဆုတ်လိုက်ကာ သူ၏ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်ထဲမှ လွှတ်ထုတ်ရင်း လက်သီးတစ်လုံးဖြင့် ရင်ဆိုင်လိုက်သည်။

ဘုန်း

လက်သီးနှင့်ဓား ထိပ်တိုက်ရင်ဆိုင်သွားသည်။ တခဏခန့်ကြာပြီးနောက် ကျစ်အန်းတုကပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူ၏လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သော ရိုက်ချက်သည် အလွန်အမင်း ကြမ်းတမ်းပြင်းထန်သည်ဟု ထင်ရသော်လည်း အနောက်ဘက်တွင် အလေးချိန် မပါပေ။ ကျစ်အန်းတု၏လက်သီးက ရှေ့သို့တိုးဝင်သွားပြီး လုပ်ကြံသတ်ဖြတ်သူကို ပေါက်ကွဲသွားစေလျှက် ပျောက်ကွယ်သွားစေသည်။

“???”

ကျစ်အန်းတုသည် နာမည်ကြီး မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကိုယ်တိုင်က လက်သပ်မွေးခဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သို့သော် သူသည်ပင် ထိုမျှခက်ခဲသော မြင်ကွင်းကြောင့် မှင်သက်သွားရသည်။ သူကိုယ်တိုင်ကပင် အဖြစ်အပျက်ကို နားမလည်တော့ပေ။

သို့သော် ကျစ်အန်းတု၏ စိတ်ရှုပ်ထွေးမှုက အချိန်အကြာကြီးမခံပေ။ တခဏခန့်ကြာပြီးနောက် သူသည် အဖြစ်အပျက်ကို နားလည်သွားသည်။

“အဲ့ဒီမှာပဲ”

“သူ့ကိုသတ်”

လေးလံသောအသံက ထွက်လာသည်။ ထို့နောက် အနီးအနားတွင် အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ခန့်က ပေါ်လာပြီး သူတို့၏ပါးစပ်မှ သားရဲလိုအော်သံများက ထွက်လာသည်။

ဘန်း

ကျစ်အန်းတုက မတုန့်ပြန်နိုင်သေးခင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များနှင့် အနက်ရောင်မီးတောက်များက သူ့ဆီဝင်ရောက်လာသည်။

ကျစ်အန်းတုက ဘေးဘက်သို့ ခုန်ရှောင်ပြီး ကပ်သီးလေး ရှောင်လိုက်နိုင်သည်။ သူကိုယ်တိုင်ကလည်း သူ၏ ဘေးဘက်မှ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်တန်းက ဖြတ်ပြေးသွားသလို ခံစားရပြီး ဆံပင်မွှေးကပင် ထောင်တက်သွားသည်။ သူ၏မျက်လုံးအတွင်း ကြောက်လန့်မှုများက ပေါ်ထွက်လာ၏။

ထိုအခြေအနေသည် ကျစ်အန်းတု၏ တစ်ဘဝလုံးတွင် တွေ့ကြုံဖူးသမျှထဲတွင် အန္တရာယ်အများဆုံးသော မီးတောက်ဖြစ်လေသည်။

“သူ့ကိုသတ်”

ထို့နောက် နက်ရှိုင်းကာ ခပ်ဆတ်ဆတ်နိုင်သည့်အသံက ထပ်ထွက်လာပြန်သည်။

ထိုသို့ဖြင့် ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်ဆယ်ခုကျော်ခန့်က ကျစ်အန်းတုကို ဝိုင်းကာတိုက်ခိုက်သည်။ ကျစ်အန်းတု၏မျက်နှာက ဖြူဖျော့သွားရင်း အသက်မရှုနိုင်လုနီးပါး ဖြစ်သွားသည်။ သူသည် အမျိုးမျိုးသော အန္တရာယ်များနှင့် အခြေအနေများကို ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် မည်သည့်အခြေအနေကမှ ယခုလောက်ထိ မကြောက်စေပေ။

“သွား”

ကျစ်အန်းတုက တုန့်ဆိုင်းမနေတော့ဘဲ ညာဘက်ခြေထောက်ကို အောက်သို့ဆောင့်နင်းလျှက် အနောက်သို့ ခုန်ရှောင်လိုက်ရင်း အလောတကြီး ထွက်ပြေးရန် ကြံစည်သည်။

အနက်ရောင်ဝတ်စုံနှင့် လူများက အင်အားကြီးမားလွန်းသည်။ ကျစ်အန်းတုသည်လည်း သူဟာ မထွက်ပြေးခဲ့လျှင် အသတ်ခံရနိုင်သည်ဟု ခံစားမိလေသည်။

သို့ရာတွင် ကျစ်အန်းတုက ထိုလူများ၏ တုန့်ပြန်နိုင်သော အရှိန်နှုန်းကို အထင်သေးမိသွားသည်။

ဘုန်း

မရေမတွက်နိုင်သော စွမ်းအင်အလင်းတန်းပေါင်း များစွာက ကျစ်အန်းတု ယခုလေးတင် ရပ်နေသော နေရာသို့ ပစ်ခတ်လိုက်လေပြီး ဖုန်များကို မြောက်တက်လာစေသည်။

သိပ်မကြာခင် အင်အားကြီးမားသော လုဝူတစ်ပိုင်း တစ်ယောက်က ခုန်ဝင်လာ၏။ သူက ကျစ်အန်းတု၏ အနောက်ဘက်သို့ ရုတ်တရက် ရောက်လာလေရင်း သူ၏ တုတ်ခိုင်လွန်းသော လက်မောင်းဖြင့် တစ်ဖက်သူ၏ ဆုတ်လမ်းကိုပိတ်လိုက်သည်။ ထို့နောက် တစ်ချက်ရိုက်လိုက်ရုံနှင့် ကျစ်အန်းတု၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ကွဲအက်သွားစေရင်း တစ်ဖက်သူ၏ ရင်ဘက်ကို လက်ဝါးဖြင့် ကုန်ဆွဲလိုက်လေသည်။

အခန်း(၁၃၅၅)

“ဝေါ့”

ကျစ်အန်းတုက ချိုင့်ဝင်သွားသော ရင်ဘက်နှင့်အတူ သွေးများကို အန်ထုတ်လိုက်ရသည်။ သူသည်လည်း သူ၏ရင်ဘက်မှ သွေးများအားလုံးက သူ၏ ခြေ၊ လက်၊ ခေါင်းများထံသို့ ဝင်ရောက်သွားသလိုမျိုး သူ၏ ကိုယ်တွင်းအင်္ဂါများ အားလုံးက ညှစ်ထုတ်ခံရသလို ခံစားလိုက်ရသည်။

ကျစ်အန်းတုအနေဖြင့် သူ၏နံရိုး မည်မျှကျိုးသွားကြောင်းကိုပင် မသိနိုင်တော့ချေ။

ပို၍ဆိုးရွားသည်မှာ သူ၏ကိုယ်အတွင်းသို့ အနက်ရောင်မီးတောက် တစ်ခုက ဝင်ရောက်သွားရင်း သူ၏ ခြေလက်နှင့် အရိုးများကို လောင်မြိုက်နေခြင်းဖြစ်သည်။

ပွက် ပွက်

သူ၏နှာခေါင်းမှ အနက်ရောင်သွေးများက စတင်ကာ စီးကျလာသည်။ ပြင်းထန်လွန်းသော ခြောက်ခြားစိတ်က ကျစ်အန်းတု၏ စိတ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် သေခြင်းနှင့်နီးကပ်သော ခံစားချက်ကို ရလိုက်ခြင်းလည်းဖြစ်သည်။

“အဲ့ဒီမျိုးမစစ်ပဲ သူပဲဖြစ်ရမယ်”

ကျစ်အန်းတုက အံ့ကိုကြိတ်ရင်း စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူသည်လည်း သူသည် အခြားတစ်ယောက်၏ အကြံအစည်တွင် ကျရောက်သွားကြောင်း သိလိုက်သည်။ သူ့ကို ထိုသို့ အကွက်ချ ကြံစည်လိုစိတ်ရှိသူမှာ တစ်ယောက်တည်းသာရှိသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံကြ သူတို့ကိုသတ်”

ကျစ်အန်းတု၏ စူးရှသောအော်သံက ကောင်းကင်တခွင်အနှံ့ ပျံ့နှံ့သွားသည်။

ဘန်း

တခဏခန့်ကြာပြီးနောက် သွေးမြူလုံးက ပေါက်ထွက်လာသည်။ ကျစ်အန်းတုအနေဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ပထမဦးဆုံး အကြိမ်အဖြစ် မိစ္ဆာလမ်းကြောင်းမှ သွေးလွတ်မြောက်ခြင်းသိုင်းကို ထုတ်သုံးရခြင်းဖြစ်လောက်သည်။ သူ၏အရှိန်နှုန်းက ထိုးတက်လာပြီးနောက်တွင် သူသည် အနက်ရောင်နှင့် သွေးများကို တစ်စစီ ကျန်ရစ်စေခဲ့လျှက် အဝေးသို့ ခုန်ဝင်သွားလိုက်သည်။ သူ၏အရှိန်နှုန်းဟာ ယခင်ထက် အဆပေါင်းများစွာ မြန်ဆန်သွားသည်။ ထို့ကြောင့် လုဝူတစ်ပိုင်းများကပင် လိုက်မမှီနိုင်ခဲ့ပေ။

“တိုက်ခိုက် သူတို့အားလုံးကိုသတ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက အော်ဟစ်နေချိန်တွင် တိုက်ပွဲအော်သံများကလည်း ပျံ့နှံ့လာရင်း ဓားဝင်္ကပါ အမျိုးမျိုးနှင့် အနက်ရောင်ဝတ်စုံနှင့် လူများကို တိုက်ခိုက်ကြသည်။

အနက်ရောင်ဝတ်စုံနှင့် လူများက အင်အားကြီးမားသော်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် သိုင်းပညာလောကမှ နံပါတ်တစ်အဖွဲ့အစည်း ဖြစ်နေသေးပြီး သူတို့သည်လည်း ထိုနေရာကို ရထားရန် အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသေးလေသည်။ ထို့ကြောင့် မည်သို့သော ပြိုင်ဘက်ကို ရင်ဆိုင်ရစေကာမူ ဘယ်သောအခါမှ နောက်မတွန့်သွားတတ်ပေ။

ချွင် ချွင် ချွင်

လက်နက်များက ထိပ်တိုက်ရင်ဆိုင်ပြီး စွမ်းအင်အားလှိုင်းများကလည်း ဝုန်းကနဲမြည်ဟီးကာ ပျံ့နှံ့ထွက်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ရောက်လာသည်။ အချိန်တခဏသာကြာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူများကို အတက်နိုင်ဆုံး ထိန်းထားပေးရင်း ကျစ်အန်းတုကို လွတ်မြောက်သွားစေလိုက်သည်။

“နေဦး သူမဟုတ်သလိုပဲ”

အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်က တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သူ၏မျက်လုံးက လင်းလက်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ထိုအကောင်၏ ကိုယ်ပေါ်မှ ပစ်မှတ်၏ အရှိန်အဝါကို အာရုံခံမိလိုက်ပြီး တစ်ဖက်သူကို ပစ်မည့် ပစ်မှတ်ဟုပင် ထင်လုနီးပါးဖြစ်သွားခဲ့သည်။ သို့သော် ထိုအကောင်က လျို့ဝှက်သိုင်းကိုသုံးပြီး အသက်ဘေးမှလွတ်မြောက်အောင် ထွက်ပြေးသွားခဲ့သောအခါ ပစ်မှတ်၏ အရှိန်အဝါက ပျောက်ကွယ်သွားလေသည်။

ယခုအခါ တစ်ဖက်သူသည် သူတို့၏ အစစ်အမှန် ပစ်မှတ်မဟုတ်ကြောင်း မေးခွန်းထုတ်စရာပင် မလိုအပ်တော့ပေ။

“ထွက်ပြေးသွားတဲ့ကောင်ကိုမေ့လိုက် ငါတို့ အစစ်အမှန် ပစ်မှတ်ကိုရှာရမယ်။ အဲ့ဒီအရူးတွေအတွက်ကတော့ အားလုံးကိုသတ်လိုက်”

အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်၏မျက်လုံးက လင်းလက်သွားသည်။

ဘန်း

သူသည် ညာဘက်လက်ကို မြှောက်လိုက်ရုံဖြင့် ကြီးမားလွန်းသော အနက်ရောင်မီးတောက်ကြီး တစ်လုံးက ထွက်ပေါ်လာလေပြီး အရှေ့ဆုံးမှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်ကို ထိမှန်သွားစေလျှက် သူ့ကို မီးတောက်များအကြား ဆွေးမြေ့သွားစေသည်။

“အား”

လေထဲတွင် စူးရှသောအော်သံက ထွက်ပေါ်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား၏ ကြယ်တာရာစွမ်းအင်များက လောင်ကျွမ်းခံရသည်။ တခဏခန့်ကြာပြီးနောက် သူသည် မည်းတူးနေသော အရိုးချောင်းအဖြစ် ပြုတ်ကျသွားပြီဖြစ်သည်။

လေထဲတွင် ပို၍များပြားသော ပေါက်ကွဲသံများက ထွက်ပေါ်လာသည်။ အခြားသော အနက်ရောင်ဝတ်စုံနှင့် လူတစ်အုပ်ကလည်း ဝမ်ချောင်၏ စွမ်းအင်များကို အာရုံခံမိလိုက်သည်။ သို့သော် ပေါက်ကွဲမှုများထဲတွင် စွမ်းအင်လက္ခဏာများက ပျောက်သွားပြန်သည်။ သူတို့ အရှေ့တောင်ပိုင်းတွင် ရင်ဆိုင်ခဲ့ရသော အခြေအနေအတိုင်းပင် ဖြစ်နေခဲ့သည်။ ထိုသို့ အချိန်တစ်ခုမျှ ကြာပြီးနောက်တွင် ပစ်မှတ်အစစ်အမှန်ကို ရှာရမည့်အစား အနက်ရောင်ဝတ်စုံနှင့် လူများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့်သာ ကတောက်ကဆ ဖြစ်လာမှုက ပြင်းထန်လာလေသည်။

“အချိန်ကျပြီ”

တိုက်ပွဲနယ်မြေနှင့် ဝေးကွာသော တစ်နေရာတွင် အဆိပ်ကြောင့် လဲကျနေသည့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား အပုံကြားမှ ပုံရိပ်တစ်ခုက မတ်တပ်ထရပ်လိုက်သည်။ ဝမ်ချောင်က တောက်လောင်နေသော မီးအလင်းရောင်အောက်တွင် မရေမတွက်နိုင်သော တိုက်ပွဲများကိုကြည့်ရင်း သူ၏နှုတ်ခမ်းက ကော့တက်ကာ ပြုံးသွားသည်။

အနက်ရောင်ဝတ်စုံနှင့် လူများက ရှင်းလင်း၍မရနိုင်ပေ။ ထိုစုန့်ယွမ်ယွီကလည်း သူ၏ဆရာဖြစ်သူနောက်ကို တောက်လျှောက် လိုက်နေခဲ့သည်။ ဝင်္ကပါအကြီးအကဲ၏ ပေါက်ကြားလွယ်သော ပါးစပ်ကြောင့် သူ၏နောက်ခံကိုပင် သံသယဝင်စေခဲ့သေးသည်။ ဒီနည်းအားဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အင်အားကြီးမားသော အကြီးအကဲ ငါးယောက်ကပင် နေရာငါးနေရာယူလျှက် ဝမ်ချောင်မထွက်သွားနိုင်အောင် တားဆီးထားသည်။ ထိုအချက်အပြင် ဝမ်ချောင်သည်လည်း စခန်း၏တောင်ခြေတွင် ပို၍လေးစားဖွယ်ကောင်းလောက်သော ပုဂ္ဂိုလ်များက သူ့ကိုစောင့်ကြည့်နေကြောင်း သတိထားမိနေသေးသည်။ ယခုလိုအခြေအနေမျိုးတွင် ဝမ်ချောင်အနေဖြင့် ရှေ့တိုး၍လည်းမရသလို၊ နောက်ဆုတ်၍လည်းမရပေ။ သူသည် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါ၍ပင် မရနိုင်ချေ။ ထို့ကြောင့် ဗျူဟာကိုသာ တွေးနိုင်လေသည်။ အနက်ရောင်ဝတ်စုံနှင့်လူများ ပိုင်ဆိုင်သော အဖွဲ့အစည်းက သူ၏စွမ်းအင်ကို သိရှိနိုင်သည်။ သို့သော် ဝမ်ချောင်ကလည်း သူ၏ကြယ်တာရာစွမ်းအင်ကို အသုံးပြုလျှက် ကိုယ်ပွားများကို ဖန်တီးပြီး ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်သေးသည်။

ကိုယ်ပွားများက အချိန်အကြာကြီးမခံသလို မတိုက်ခိုက်နိုင်သော်လည်း အနက်ရောင်ဝတ်စုံနှင့် လူများကို လမ်းမှားအောင်လုပ်ရန်အတွက် လုံလောက်နေပြီဖြစ်သည်။

“ဒါပေမဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က လူတွေကတော့ မလုံလောက်ဘူး”

ဝမ်ချောင်က တိုက်ပွဲကို အကဲခတ်ကြည့်ပြီး မျက်မှောင်ကျုံ့လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက လျို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်ကို ပိုင်ဆိုင်ထားကြပြီး ဖော်ပြရန်ခက်ခဲသော အင်အားမျိုးကိုလည်း ပိုင်ဆိုင်ထားသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အော့ရန်ချန်းဟန်ကဲ့သို့သော ပုဂ္ဂိုလ်များက သူတို့ကို ရင်ဆိုင်နိုင်သော်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကမူ ရုတ်ချည်း တိုက်ကွက်အောက်တွင် မလွတ်မြောက်နိုင်သေးပေ။

ဝမ်ချောင်က သတိလက်လွတ် တောင်ထိပ်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အဖြူရောင် ရွက်ဖျင်တဲလေးက ရှိနေသည်။ ထိုနေရာတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အရှင်သခင် စုန့်ယွမ်ယွီက နေထိုင်၏။ ထိုတစ်ယောက်တည်းကသာ တိုက်ပွဲ၏ အခြေအနေတစ်ခုလုံးကိုမူ ကြိုးကိုင်နိုင်လေသည်။

ရုတ်တရက် ဝမ်ချောင်က တွေးလိုက်သည်။ သူကပြုံးလိုက်ရင်း တောင်ထိပ်ပေါ်သို့ တက်သွားလိုက်၏။

...

တောင်ထိပ်ပေါ်တွင်လည်း ကြမ်းတမ်းသောတိုက်ပွဲက ဖြစ်ပျက်နေသည့်တိုင်အောင် တောင်အပြင်ဘက်တွင်မူ အရာအားလုံးက တိတ်ဆိတ်နေသည်။ ဂရုစိုက်ကြည့်လိုက်မည်ဆိုပါက တိုက်ခိုက်နေသော လူများအကြားတွင် တောင်၏ ခြေလှမ်းနှစ်ရာခန့်အကွာတွင် သစ်ရွက်များကပင် လွင့်နေသေးကြောင်းကို သတိထားမိပေလိမ့်မည်။ သစ်ရွက်များ၏အထက်တွင် ဝါးဦးထုပ်ဆောင်းထားသော လူသုံးယောက်က တန်းစီလျှက် ရပ်နေကြရင်း လှုပ်ရှားမှုကင်းမဲ့စွာနှင့် လေကိုသာ စိုက်ကြည့်နေကြသည်။

တိုက်ပွဲဟာ ဖြစ်ပွားခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်သည်။ သို့သော် ထိုလူသုံးယောက်ကမူ ဝင်ရောက်စွက်ဖက်ရန် အာရုံဝင်စားပုံမရဘဲ ထိုတိုက်ပွဲဟာ သူတို့နှင့် မသက်ဆိုင်သလိုမျိုးသာ ဆက်နေနေလေသည်။

ဘယ်ဘက်အကျဆုံးအပိုင်းမှလူက တောင်ကိုကြည့်ပြီး ရုတ်တရက်ပြောသည်။

“ကြည့်ရတာ တောင်ပေါ်မှာ ပြဿနာသေးသေးလေး ရှိတဲ့ပုံပဲ”

“ဟား ဟား ကြွက်လေးက သူ့ရဲ့အကြံအစည်လေးတွေကို ထုတ်သုံးနေပြန်ပြီ”

ညာဘက်ခြမ်းမှလူက ကောက်ကျစ်စွာရယ်သည်။ သူ၏အသံဟာ အေးစက်ပြီး ရက်စက်လေသည်။

“ခေါင်းဆောင် ငါတို့ဝင်ပါသင့်လား”

တခဏခန့်ကြာပြီးနောက် ထိုနှစ်ယောက်က အလယ်မှလူကိုကြည့်သည်။ ထိုလူက သုံးယောက်ထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ ထိုအမျိုးသားက ဝါးဦးထုပ်ကို ဆောင်းထားသေးသော်လည်း သူ၏အရှိန်အဝါကမူ ပို၍လေးလံသိပ်သည်းလေပြီး အခြားသော နှစ်ယောက်ထက် သိသာစွာပင် အင်အားကြီးမားကာ သန်မာလေသည်။ သူသည် ထိုအဖွဲ့အစည်းမှ ခေါင်းဆောင်ဖြစ်သည်။

အလယ်မှလူက ဘာစကားမှမပြောသလို ဘာမှလည်းမလုပ်ပေ။ လက်အောက်ငယ်သား နှစ်ယောက်ကလည်း သူ၏အတွေးကို မပြောနိုင်တော့ပေ။

တခဏခန့်ကြာပြီးနောက် အလယ်မှလူကပြောသည်။

“မလိုဘူး”

“အဲ့ဒီတစ်ယောက်က မလှုပ်သေးဘူး”

ထိုသို့ပြောနေသည့်လူက တောင်ပေါ်မှ အဖြူရောင်ရွက်ဖျင်တဲလေးကို ကြည့်သည်။

တိုက်ပွဲ၏ ဝရုန်းသုန်းကား အခြေအနေနှင့် မြောက်များလှစွာသော အသက်များ၏ ဆုံးရှုံးမှုအကြားတွင် ထိုအဖြူရောင်တဲလေးက အခြားသော လောကတစ်ခုတွင် တည်ရှိနေသလိုမျိုး သက်ရောက်ခံရခြင်းပင် မရှိချေ။ တိုက်ပွဲ၏ အပူမီးတောက်အတွက် လူအနည်းစုကသာ ထိုအခြေအနေကို သတိထားမိသည့်တိုင်အောင် ဝါးဦးထုပ်နှင့် ထိုလူကမူ ရွက်ဖျင်တဲအတွင်းမှ အလွန်အမင်း အင်အားကြီးမားသည့် မုန်တိုင်းကို ခံစားမိနေလေသည်။

.....

တောင်ပေါ်တွင် တိုက်ပွဲဟာ ပြင်းထန်နေသည်။ သိုင်းပညာရှင်လောကမှ နံပါတ်တစ် အဖွဲ့အစည်း ဖြစ်သည့်အလျောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို စုစည်းထားခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ထိုကျွမ်းကျင်ပညာရှင်များသည် အနက်ရောင်ဝတ်စုံနှင့် လူများနှင့်ယှဉ်သည့်အခါ ဆုံးရှုံးမှု အနည်းငယ်သာဖြစ်လေသည်။

“သေစမ်း ဘာလို့ အဲ့ဒီကောင်စုတ်လေးရဲ့ လက္ခဏာကို မတွေ့ရသေးတာလဲ။ သူက အတောင်ပေါက်ပြီး ပျံတက်သွားတာလား”

သွေးမျက်လုံးက အံ့ကိုကြိတ်ရင်း ဒေါသတကြီးပြောလေသည်။

ခီး....

ထိုအခိုက်အတန့်တွင် တောင်ထိပ်မှ စူးရှသောအော်သံက ထွက်လာသည်။ သွေးမျက်လုံးက ခေါင်းမော့လျှက် ကြည့်လိုက်သောအခါ သူကောင်းကင်ပေါ်သို့ ပစ်လွှတ်ခဲ့သော ထိုဝိညာဉ်သိန်းငှက်က ပစ်မှတ်ကိုရှာနေကြောင်း တွေ့လိုက်ရသည်။ ဒီတစ်ကြိမ်တွင် ပစ်မှတ်ဟာ တောင်ပေါ်တွင်ရှိကြောင်း ပြသလေသည်။

“သွားမယ်”

သွေးမျက်လုံး၏ မျက်လုံးက အေးစက်သောအလင်းများဖြင့် တောက်ပစွာနှင့် တောင်ပေါ်သို့တက်သည်။ သူ၏ပါးစပ်တွင်လည်း ကျယ်လောင်သည့် လေချွန်သံကို ထုတ်လွှတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် တောင်ပေါ်တွင် ရှိသမျှသော အနက်ရောင်ဝတ်စုံနှင့် လူများက ယခင်ပစ်မှတ်တိုင်းကို ဘေးဖယ်ထားရင်း တောင်ပေါ်သို့သာတက်ကြသည်။ သူတို့၏ ဦးတည်ရာက အဖြူရောင် ရွက်ဖျင်တဲထံသို့ဖြစ်သည်။

မြောက်များလှစွာသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက သူတို့ကိုတားရန် ကြိုးစားကြသော်လည်း လုပ်နိုင်စွမ်းရည် မရှိကြပေ။ ပေနှစ်ရာ၊ ပေတစ်ရာ၊ ပေရှစ်ဆယ်

သူတို့က တောင်ထိပ်နှင့် နီးသထက် နီးသွားသည်။

ပေခြောက်ဆယ်ဝန်းကျင်ခန့်သို့ ရောက်သောအခါ သွေးမျက်လုံးက ရပ်တန့်သွားပြီး ရုတ်တရက် အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သွေးမျက်လုံးအတွက် သတိထားမိလောက်ခြင်းပင် မရှိလောက်မည့် အဖြူရောင်ရွက်ဖျင်တဲထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

ဇွက် ဇွက် ဇွက်

သွေးမျက်လုံးက အန္တရာယ်ကို အာရုံခံမိသောအချိန်တွင် ရပ်တန့်လိုက်သော်လည်း ပတ်ပတ်လည်မှ အနက်ရောင်ဝတ်စုံနှင့် လူများကမူ သတိမထားမိကြပေ။ ထိုသို့ဖြင့် တစ္ဆေများလို မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွက်ဖျင်တဲထံ ချီတက်သွားကြသည်။

လုဝူတစ်ပိုင်းပုံသဏ္ဍန် ယူထားသော အနက်ရောင်ဝတ်စုံနှင့် လူဆိုလျှင် ရွက်ဖျင်တဲနှင့် ခြေလှမ်းနှစ်ဆယ်ပင် မဝေးတော့ပေ။

ဘုန်း

လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခါလိုက်ပြီးနောက် သူက ဖျက်ဆီးခြင်းစွမ်းအားလုံးများကို ရွက်ဖျင်တဲထံ ပစ်လွှတ်လိုက်သည်။ သူသည် အတွင်းရှိ အရာကိုပင် မြင်ချင်စိတ်ရှိပုံမရပေ။ ထိုစွမ်းအားလုံးက ရွက်ဖျင်တဲကို ထိမှန်သွားမည့်အချိန်တွင် အတွင်းဘက်မှ ဒေါသထွက်နေသော အသံကလာသည်။

“ရမ်းကားတယ်”

ထိုအသံထဲတွင် မြင့်မြတ်သော အရှိန်အဝါတစ်ရပ်က ပေါင်းစပ်နေသလိုမျိုး ကြားရသူတိုင်းကို ခြောက်ခြားသွားစေသည်။

ဝုန်း

ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်တန့်သွားသလို ထင်ရသည်။ ရွက်ဖျင်တဲအတွင်းမှ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံး တစ်လုံးက ပေါက်ထွက်လာ၏။ ထို့နောက် ဟာရီကိန်း မုန်တိုင်းတစ်ခုလိုမျိုး ရှေ့သို့ထွက်လာလေပြီး အနက်ရောင်ဝတ်စုံနှင့်လူက ပစ်လွှတ်ခဲ့သော မီးတောက်ကို ကျော်ဖြတ်ထိုးဖောက်ရင်း တစ်ဖက်သူကို ထိပ်တိုက်ရင်ဆိုင်လေသည်။

ဇွက်

အနက်ရောင်ဝတ်စုံနှင့် လုဝူတစ်ပိုင်း၏ ရင်ဘက်က ချက်ချင်းလိုလို ချိုင့်ဝင်သွားပြီး အရိုးများက ကြေမွသွားသည်။ သွေးကိုအန်ထုတ်ရင်း ထိုလူကလည်း လေထဲသို့ မြောက်တက်သွားသည်။

အဖြူရောင်စွမ်းအင်လှိုင်းကမူ ရှေ့သို့ဆက်လက်ပြီး တိုးဝင်လာနေသေးပြီး အနောက်ဘက်မှ အနက်ရောင်ဝတ်စုံနှင့်လူကို ထိမှန်သွားပြန်သည်။

ခွက် ခွက် ခွက်

ထိုသို့ဖြင့် အနောက်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူခုနှစ်ယောက်ဆက်တိုက်က သံမဏိနံရံနှင့် ဆောင့်တိုက်မိသလိုမျိုး ဖြစ်သွားကြရင်း စူးရှစွာ အော်ဟစ်လိုက်ရသည်။ ထိုအဖြူရောင် စွမ်းအင်လှိုင်းများက သူတို့ကို လေထဲသို့ မြောက်တက်သွားစေသည်။ အချို့ကဆိုလျှင် ကြောက်စရာကောင်းသော လုဝူတစ်ပိုင်း ပုံသဏ္ဍန်များနှင့်ဖြစ်ပြီး အခြားသောသူများက အရှိန်အဝါ ကြီးမြတ်သည့် မီးတောက်နက်အဇူရာ ပုံစံများနှင့်ဖြစ်သည်။ အချို့ကဆိုလျှင် သူတော်စင်သိုင်းနယ်မြေ အဆင့်တွင် ရှိကြ၏။ သို့သော် ထိုလူများအားလုံးက အဖြူရောင်စွမ်းအင်လှိုင်း၏ အရှေ့တွင်မူ စက္ကူသားဖြင့် လုပ်ထားသလိုမျိုး အော်ဟစ်ရင်းသာ မြောက်တက်သွားရလေသည်။

All Chapters