သူက လူသားမဟုတ်ဘူး၊ ပြစ်ဒဏ်ပေးတဲ့ မိုးကြိုး လျှပ်စီးပဲ
Vol. 21 Ch. 299
ယခုခေတ်မှာ မြေအဓိပတိ ဖြစ်ဖို့ရာက မလွယ်ကူလှချေ။ လျိုဝူရွှမ်းသည် မိမိကိုယ်မိမိ ဖျက်ဆီးဖို့ အဘယ်ကြောင့် ဤမျှလောက် စိတ်အားထက်သန်နေရလေသနည်း။
သူ့ဘဝကို နည်းနည်းလေးတောင် မမြတ်နိုးနိုင်ဘူးလား?
ဒီဆိုးဆိုးဝါးဝါး လမ်းကြောင်းကို ဘယ်သူကများ စတင်ခဲ့တာလဲ။
"အိုး.. အဲဒါ ငါပဲကိုး..အဲဒါဆိုလည်း စိတ်မဆိုးတော့ဘူး"
ချင်းယန်သည် အတားအဆီး အပြင်ဘက်ရှိ လျိုဝူရွှမ်းအား လက်ဝှေ့ယမ်းကာ ပြတ်ပြတ်သားသား တွန်းထုတ်လိုက်ပြီး။
"ခင်ဗျားရဲ့တာဝန်က အပြင်မှာ စောင့်နေဖို့ပဲ၊ ဒါ အမိန့်ပဲ၊ ဖွဲ့စည်းရေးနဲ့ သက်သေတွေအတွက် အပြင်မှာနေ..."
"သက်သေ?"
နယ်မြေအပြင်ဘက်မှာ ရပ်နေသူ လျိုဝူရွှမ်းမှာလည်း အံ့အားသင့်သွားလေသည်။
"ဘာသက်သေလဲ"
"ကျွန်တော်တို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်တွေကို သက်သေပြရမှာလေ"
ချင်းယန်က ပြောပြီးနောက် အမျက်တော် မထွက်သေးသော နတ်ဘုရားတစ်ပါးအလား မုန့်ထျန်းရွှမ်နှင့် အရှင်ကျိုထျန်းကို ငုံ့ကြည့်လိုက်သည်။
"ဒီနေ့ကစပြီး သားရဲနတ်အရှင်ဂိုဏ်းနဲ့ အဓိပတိ မဟာမိတ်အဖွဲ့က ဒီကမ္ဘာကြီးမှာ တည်ရှိတော့မှာ မဟုတ်ဘူး။ ငါတို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကြီး ပေါ်လာပြီဆိုမှတော့ သူတို့ အသက်ရှင်ကျန်နေစရာ အကြောင်းမရှိဘူး"
တည်ငြိမ်အေးဆေးစွာ ပြောလာသော စကားများသည် တိမ်တိုက်များကို ထိုးဖောက်ဝင်ရောက်လာကာ မုန့်ထျန်းရွှမ်နှင့် အရှင်ကျိုထျန်းကို ရုတ်ခြည်း တုန်လှုပ်သွားစေသည်။
"ဘာ…?!"
ထိုစကားကို ကြားသောအခါ အရှင်ကျိုထျန်း၏ ခြေတို့ပင် အားနည်းသွားရ၏။ သူ့နှလုံးသားမှာ တုန်လှုပ်ချောက်ချားသော လှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်။
ယခင် ဗုံးကြဲတိုက်ခိုက်မှု အဆက်ဆက်တွင် သူ၏ သားရဲနတ်အရှင် ဂိုဏ်းသည် အကြီးကျယ်ဆုံးသော အသေအပျောက်များကို သံသယမရှိ ကြုံတွေ့ခဲ့ရပြီး အဓိပတိမဟာမိတ်ဘက်မှလည်း များစွာ ဆုံးရှုံးခဲ့ရသည်။ ကောင်းကင်လျှပ်စီးသည် ယင်နတ်ဘုရားများကို ပင်ကိုယ်အားဖြင့် ထိရောက်မှုရှိလေ၏။
ယခု ဖောက်ခွဲ ကောင်းကင်ဂိုဏ်းသည် သားရဲနတ်အရှင်ဂိုဏ်းကို တိုက်ရိုက် နှိပ်စက်နေချေပြီ။
တိုက်ပွဲတွေ ဆက်ဖြစ်ရင် သေချာပေါက် သေမှာဘဲ!
"နားလည်မှုလွဲနေတာပါ ဂိုဏ်းချုပ်လေး! ဒါတွေအားလုံးက နားလည်မှုလွဲနေတာပါ!"
အရှင်ကျိုထျန်းသည် ရှေ့သို့ လှမ်းတက်၍ လေသံကို အမြန်ပြောင်းကာ တောင်းပန်လေသည်။
“ငါတို့ သားရဲနတ်အရှင်ဂိုဏ်းက မင်းကို တောင်းပန်ပါတယ်... နောက်တစ်ခေါက် မင်းကို မနှောင့်ယှက်တော့ပါဘူး”
သူသည် ဒေါသတကြီး တံတွေးထွေးကာ သူ့ဘေးက မုန့်ထျန်းရွှမ်ကို လှည့်ကြည့်လိုက်ပြီး။
"ငါ သူ့ကို မကြိုက်တာကြာပြီ၊ သူက ကြောင်သူတော်လူမိုက်! ငါတို့ သားရဲနတ်အရှင်ဂိုဏ်းရဲ့ အရင်လုပ်ရပ်တွေ အားလုံးက ဒီသူတော်ကောင်းရဲ့ လှုံ့ဆော်မှုကြောင့်ပဲ!"
မုန့်ထျန်းရွှမ် : "???"
မဟုတ်ဘူးလေ…ဆရာတူညီလေး … မင်းငါ့ကိုဒီလိုပဲ သစ္စာဖောက်သွားတာလား။
ကောင်းပြီ၊ ကောင်းတယ်၊ မင်းက ဟိုဘက်လှည့်နေတာပေါ့ ဟမ့်။
"ဟမ့်... မိုက်မဲလိုက်တာ! ညီလေး မင်းပဲ ငါ့ကို အဆက်မပြတ် ဆွဲဆောင်နေတာလေ!"
မုန့်ထျန်းရွှမ်လည်း အံကြိတ်ကာ ကောင်းကင်ယံက ချင်းယန်ကို အရိုအသေ ပြုလိုက်သည်။
"ဂိုဏ်းချုပ်လေး ငါ့ရဲ့ အဓိပတိမဟာမိတ်ကြီးက နတ်ဆိုးတွေရဲ့ ဖြားယောင်းမှုကြောင့် အမှားလုပ်မိလို့ အပြစ်ရှိပါတယ်။ ဒီနေ့ ငါ ကောင်းကင်ဘုံကိုယ်စား မင်းရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ဒီသားရဲခေါင်းဆောင်ကို သုတ်သင်ပစ်မယ်!!"
"မုန့်ထျန်းရွှမ်! မင်းက သေချင်နေတာပဲ!"
"ပါးစပ်ပိတ်ထားစမ်း! နတ်ဆိုး။ ငါ့ကို မဟာမိတ်ခေါင်းဆောင်လို့ ခေါ်!"
"ဖွီး!"
"..."
ချင်းယန်၏ မျက်နှာထားမှာ အေးစက်နေမြဲဖြစ်ပြီး ထိုညီအစ်ကိုများ လိုက်လျောညီထွေ ချစ်ခင်တွယ်တာသည့်ပုံ ပေါ်နေသည်အား ဘာမှမထူးခြားသလို ကြည့်နေလေသည်။
သူ့နှုတ်ခမ်းအပေါ်သို့ ကွေးညွှတ်မသွားအောင်လည်း ရုန်းကန်နေရသည်။
သူ အခု ရယ်လိုက်လျှင် သူ တည်ဆောက်ထားသော အငွေ့အသက် အားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ပြဿနာကတော့ သူတို့နှစ်ယောက်၏ ညီအကိုလို ပြုမူခဲ့သော အတုအယောင် ဆက်ဆံရေးက အတော်လေး ရယ်စရာကောင်းလေ၏။ ဒုက္ခရောက်ချိန်၌ တစ်ယောက်နှင့်တစ်ယောက် စွန့်ပစ်ခဲ့ကြသည်။
'မဖြစ်ပါဘူး၊ မင်းတို့နှစ်ယောက်အတွက် လောင်စာထည့်ပါရစေ'
ချင်းယန် လက်သီးဆုပ်ပြီး ချောင်းဆိုးကာ :"ဒီနေ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက လှုပ်ရှားလိုက်ပြီမို့လို့ စိတ်ပျက်လက်ပျက်နဲ့ ထွက်မသွားနိုင်ဘူး.. ငါတို့ဆီကရတဲ့ ကြင်နာမှုတစ်စက်ကို ကျေးဇူးဆပ်ရမယ် ဖောက်ခွဲကောင်းကင်ဂိုဏ်းက အမြဲတမ်း စေတနာကောင်းပါတယ်။ ဒီနေ့လို ရောက်လာပြီဆိုတော့ မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားလို့ မရတော့ဘူး။ မင်းတို့ရဲ့ သေလမ်းကို အရင် ရွေးပါ၊ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက မင်းတို့အားလုံးကို တန်းတူရည်တူ ဆက်ဆံမှာပါ"
ထိုစကားလုံးများ သူ့ပါးစပ်က ထွက်လာသည်နှင့် တစ်ဖက်နှစ်ယောက်လည်း ရုတ်ခြည်း အသံတိတ်သွားတော့သည်။
"..."
မုန့်ထျန်းရွှမ်နှင့် အရှင်ကျိုထျန်းတို့သည် အချင်းချင်း ငြင်းခုံရန် ကြိုးစားနေကြပြီး တိုက်ပွဲဝင်ခါနီးတွင် သူတို့၏ ပြောင်းလဲနေသော ကြယ်စွမ်းအင်များကို ရပ်တန့်ကာ တိတ်ဆိတ်သွားခဲ့ကြသည်။
"ဘာ...သူ ဘာပြောလိုက်တာလဲ" “
မုန့်ထျန်းရွှမ် သူ့ဘေးနားရှိ အရှင်ကျိုထျန်းကို အံ့ဩစွာ ကြည့်ပြီး :"ငါကြားတာများ မှားနေလား...?"
"ကြိုက်တာရွေးတဲ့"
အရှင်ကျိုထျန်းလည်း စိတ်ပျက်လက်ပျက် ညည်းညူရင်း ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ အထွတ်အမြတ်ထားရာပမာ ကောင်းကင်ကို မျှော်ကြည့်ကာ :"ငါတို့ လိုချင်တာကို ရွေးလို့ရတယ်လို့ ပြောသွားတာ"
ထိုအချိန်၌ ကောင်းကင်အထက်မှ ရွှေရောင်တိမ်တိုက်များ ပြိုကျလာသော အရိပ်အယောင်တို့ ပေါ်ထွက်လာလေသည်။
မိုးကြိုးက ကောင်းကင်ကို အုံ့မှိုင်းစေသည်။
"ဒါက ကျပန်းရွေးချယ်ခိုင်းတဲ့ မေးခွန်းတစ်ခုလား။"
အရှင်ကျိုထျန်း တစ်ဖန် ငုံ့ကြည့်လိုက်သောအခါ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းဝင်များ အားလုံးသည် စပါးအုံးမြွေများကဲ့သို့ ထူထဲသော လျှပ်စီးကြောင်းများအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားကြသည်အား တွေ့လိုက်ရလေ၏။
ဤသည်မှာ လူသားများ မဟုတ်ကြချေ။ ၎င်းတို့သည် ကောင်းကင်က ပြစ်ဒဏ်ပေးတော့မည့် နတ်မိုးကြိုးများသာ ဖြစ်သည်။ မိုးကြိုးများကို ကြည့်ရင်း အရှင်ကျိုထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"ဒီအရူးတွေ..."
မုန့်ထျန်းရွှမ်လည်း သူ့ဘေးမှာ ငြီးတွားရင်း သူ့အမူအရာက အနည်းငယ် မည်းမှောင်လာ၏။ ချင်းယန်၏ ကောင်းကင်ပြင်က လုပ်ရပ်ကြောင့် လုံးဝကို အံ့သြသွားခဲ့သည် ။
"နေဦး... မင်းဘာဖြစ်ချင်နေတာလဲ?
ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့က အရမ်းလွယ်သလား။
ငါတို့အားလုံး တောင်းပန်ပြီးတာတောင် မင်းက ငါတို့အားလုံးကို သတ်ပစ်ဖို့ လုပ်နေသေးတာလား။
ချင်းယန်၏မျက်လုံးထဲတွင် ဤအကြီးတန်း ဦးလေးများနှင့် ဦးငယ်များ၏ ဘဝများက တန်ဖိုးမရှိပါသလား။ သူက ဗုံးလို လူတွေကို သုံးနေတာလား။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းခေါင်းဆောင်ရဲ့ အတွေးက ဘာဖြစ်နေတာလဲ။ ဂိုဏ်းချုပ်က ဂိုဏ်းကို ချင်းယန်လက်ထဲ ဘယ်လိုလုပ်များ အပ်နိုင်ရတာလဲ"
ယခုအချိန်၌ မုန့်ထျန်းရွှမ် အတော်လေး ထိတ်လန့်သွားသည်။ သူ ထိုအကြောင်းတွေ များများတွေးလေ၊ နှလုံးခုန်သံတွေ များလေလေပင်။
ဤဂိုဏ်းက ထူးဆန်းလွန်းလှ၏။
………..
"ဂိုဏ်းချုပ်လေးက ဘာကိုဆိုလိုတာလဲ။"
ကွင်းအပြင်ဘက်တွင်ရှိ လျိုဝူရွှမ်းမှာ သူ့ခေါင်းကို ကုတ်လိုက်သည်။ သူလည်း လက်ရှိအခြေအနေနှင့် ထပ်တူထပ်မျှ ရှုပ်ထွေးနေကာ အဖြစ်အပျက်များကို လုံးဝ နားမလည်နိုင်ပေ။ မုန့်ထျန်းရွှမ်တို့က ကရုဏာကို တောင်းထားပြီးသား ဖြစ်သော်လည်း မိမိကိုယ်ကို ဖျက်ဆီးရန် အဓိပတိတစ်ယောက်ကို အဘယ်ကြောင့် စေလွှတ်ရသနည်း။
မတန်ဘူး!
လုံးဝ မလိုအပ်ဘူး။
ဂိုဏ်းချုပ်လေး၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ သားရဲနတ်အရှင်ဂိုဏ်းကို ဖျက်ဆီးရန်၊ အဓိပတိမဟာမိတ်ကို ချေမှုန်းရန်နှင့် ဤဘေးဆိုးကြီး၏ ကမ္ဘာကို ဖယ်ရှားရန်ပဲ ဖြစ်နိုင်ပါသလား။
လျိုဝူရွှမ်းသည် ထိုအကြောင်းကို ပိုတွေးလေလေ၊ သူပို၍ ဉာဏ်အလင်းရလေလေ ဖြစ်သော်လည်း မသေချာမရေရာသော အရိပ်အမြွက်မျှသာ ရှိလေသည်။ ချင်းယန်က သူ့ကို အရိပ်အမြွက်မျှသာ အမြဲပေးလေ့ရှိပြီး အဖြေကို ပြတ်သားစွာ မပြောပေ။ ကျန်အရာများကို လျိုဝူရွှမ်းတစ်ယောက် သူ့ဘာသာသူ ဆုပ်ကိုင်ထားခဲ့ရသည်။
သို့သော် ဤအရာကပင် ချင်းယန်ကို ပိုပိုပြီး လေးစားလာမိ၏။ ဤအခိုက်တွင် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းနှင့် စပ်လျဉ်းသော လျိုဝူရွှမ်း၏ ခံစားချက်က တဖြည်းဖြည်း မြင့်တက်လာချေပြီ။
"ဂိုဏ်းချုပ်လေးက အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အမှားအမှန်ကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။"
လျိုဝူရွှမ်း သက်ပြင်းချလိုက်ပြီး နောင်တများအပြည့်နှင့် ဧရိယာအတွင်းက လူတွေကို ကြည့်လိုက်သည်။
…
စွမ်းအင်နယ်မြေ အတွင်း၌။
အာကာသသည် ကွဲအက်ကာ ပြိုးပြိုးပြက်ပြက်ဖြင့် အံ့သြဖွယ်ကောင်းသော မြင်ကွင်းများကို ပေါ်လွင်လာစေသည်။
"ချင်းယန် ငါတို့ကို ဒီလောက်ရုပ်ဆိုးအောင် လုပ်စရာ မလိုဘူး"
မုန့်ထျန်းရွှမ် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ၏ ကိုယ်ဟန်အနေအထားမှာ ရိုသေလေးစားပုံဖြင့်။
"အားလုံး ညှိနှိုင်းလို့ရတယ်။ ငါတို့ ဖျက်ဆီးခံရရင် သွေးဝိညာဉ် အစီအရင်ကို ဘယ်သူမှ စောင့်မှာ မဟုတ်ဘူး။"
"ဟုတ်တယ် ချင်းယန် ဆရာတူအစ်ကိုပြောတာ မှန်တယ်။ မင်း စဉ်းစားဖို့လိုတယ်။ ငါတို့ကို အသက်ရှင်လျက် ထိန်းထားနိုင်မှ အခြေအနေကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှာ။ မဟုတ်ရင် သွေးဝိညာဉ်အစီအရင်ကို ဘယ်သူမှ မစောင့်ထိန်းနိုင်ရင် အကျိုးဆက်တွေက တွေးဆလို့တောင် မရဘူး"
သူက စကားပြောနေစဉ်တွင် သူက မုန့်ထျန်းရွှမ်ကို ကြည့်ကာ :"ငါ့ရဲ့အကြီးတန်းအစ်ကိုက မင်းကို ကောင်းကင်ရဲ့ချိန်ခွင်လျှာက အမြဲတမ်း ယင်နဲ့ယန် ညီနေသင့်တယ်လို့ မင်းကိုပြောခဲ့သင့်တယ်။ အခု မင်းရဲ့လုပ်ရပ်တွေက ဒီချိန်ခွင်ကို လုံးဝ ပျက်စီးသွားစေပြီကွ... မင်းအပြစ်သား ဖြစ်သွားလိမ့်မယ်!"
"ကျုပ်ကို ကိုယ်ကျင့်တရား ပျက်ပြားလာအောင် ကြိုးစားနေခဲ့တာလား"
၎င်းကိုကြားတော့ ချင်းယန်၏မျက်နှာ မည်းမှောင်သွားလေသည်။
သူစကားပြောနေစဉ်တွင် လေထဲတွင်ရှိ ကျယ်လောင်သော မိုးခြိမ်းသံများက ပေါက်ကွဲသံများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူ လက်ပြလိုက်သည်နှင့် မြေအဓိပတိတစ်ယောက်သည် သူ၏ မြင့်မြတ်သော တန်ခိုးအာဏာကို သိမ်မွေ့စွာ ထုတ်လွှတ်လိုက်တော့သည်။
"ခင်ဗျားတို့ရဲ့ ပူးပေါင်းကြံစည်မှုကို ပြန်ကြည့်ရင် ခင်ဗျားတို့ကို ဒီနေရာကနေ ထားခဲ့တာက လူသားတွေအတွက် အကြီးမားဆုံး ဘေးဆိုးကြီးပဲ!"
နောက်အခိုက်၌ မြေအဓိပတိနှစ်ယောက် ရှေ့သို့ ပြေးတက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များသည် လျှပ်စီးကြောင်းများဖြင့် အက်ကွဲနေပြီး ကြောက်မက်ဖွယ်ကောင်းသည့် လေသံများ ထွက်ပေါ်လာသည်။
လျှပ်စီးကြောင်းများနှင့်အတူ ၎င်းတို့သည် အောက်ဘက်သို့ ကျဆင်းသွားကာ မုန့်ထျန်းရွှမ်နှင့် အရှင်ကျိုထျန်းတို့ထံ ပစ်ခတ်လိုက်ကြ၏။
"ခဏနေပါဦး ဂိုဏ်းချုပ်လေး...."
အရှင်ကျိုထျန်းသည် သူ့လက်ကို အလျင်အမြန်ဝှေ့ယမ်းကာ ချင်းယန်ကို တားဆီးရန် ကြိုးစားသော်လည်း ချင်းယန်က သူ့ကို မည်သို့မျှ အခွင့်အရေးမပေးချေ။
ဗုန်း!
ကောင်းကင်နှင့် မြေကြီးတို့ တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားခဲ့လေသည်။