← Chapters

ကောင်းကင်အဓိပတိ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှုအတွက် စနစ်ဆုလာဘ်- အဆတစ်ရာ မြှင့်တင်ခြင်း

Vol. 21 Ch. 302

ကောင်းကင်အဓိပတိ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှုအတွက် စနစ်ဆုလာဘ်- အဆတစ်ရာ မြှင့်တင်ခြင်း

Vol. 21 Ch. 302

"ကိစ္စမရှိဘူး အိမ်ပြန်ဖို့ အချိန်တန်ပြီ"

တလီတောင်တန်းအတွင်း၌ ချင်းယန်သည် အရှင်ကျိုထျန်း ပျောက်ဆုံးသွားသည့် နေရာမှ ခြေရာလက်ရာများကို စစ်ဆေးနေခဲ့သည်။ ၎င်းတို့ အဝေးကြီးကို ထွက်ပြေးသွားပြီး ပြန်မလာကြောင်း အတည်ပြုကာ နေရာအနှံ့ပိတ်ဆို့ခြင်း အစီအရင်ကို ရုတ်သိမ်းရန် ပြင်ဆင်လိုက်သည်။

'ထွက်ပြေးဖို့ စိတ်အားထက်သန်သော ရန်သူကို မလိုက်နှင့်' ဟူသော သဘောတရားကို ယခုမှသာ နားလည်တော့သည်။ ယခုအချိန်တွင် အဓိကတရားခံများ လွတ်မြောက်သွားသော်လည်း ခြေရာလက်ရာပင် မကျန်တော့ပေ။

ရုတ်တရက်!

သူ့နားထဲတွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။

"တင်း! host က လက်တစ်ဖက်တည်းနဲ့ ကောင်းကင်အဓိပတိ နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် တိုက်ခိုက်နိုင်ခဲ့တာ တွေ့ရှိရပါတယ်!"

"ဟင်???"

"ဆုလာဘ်!?"

ဤရင်းနှီးသော အသံကို ကြားလိုက်ရခိုက် ချင်းယန်သည် အံသြသွားသည်။

ဆုလာဘ်ကို သူ မေ့လုမတတ်ပင် ဖြစ်ခဲ့၏။

"ဒီစနစ်က ရွေးချယ်ထားတဲ့ hostလို့ကို မပြောရဘူး.. အဆင့်မြင့်သူတွေကို အနိုင်ယူတဲ့ သာဓကတွေ အများကြီး သုံးသွားတယ်!"

ချင်းယန်၏ စိတ်ရှုပ်ထွေးမှုကို အာရုံခံမိနေပုံရပြီး စနစ်က တုန်တုန်ယင်ယင်ဖြင့် ပြောလေသည် ။

"အနှစ်ငါးရာအတွင်းမှာ host တစ်ယောက်ပဲ ဒါကို ပြီးမြောက်အောင် လုပ်ခဲ့တာ။ ဒီစနစ်ကတော့ တကယ်ကို အံ့သြနေပြီ ကောင်းကင်အဓိပတိကို အနိုင်ယူနိုင်လို့ ဂုဏ်ယူပါတယ်။

ဆုငွေ အဆတစ်ရာ တိုးလာပါပြီ ဧကရာဇ်အဆင့်ဆုလာဘ်တစ်ခု- ကြယ်တာရာအစီအရင်ပုံကြမ်းကို ရရှိပါတယ်။ "

စနစ်၏အသံ ထပ်၍ ထွက်ပေါ်လာသည်။ ချင်းယန်မှာ ရင်းနှီးပြီးသား ဆုလာဘ်အကြောင်းကြားချက်ကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။

တကယ်ကြီး အလုပ်ဖြစ်သွားခဲ့သည်။

ဒါက ဘယ်လို စီရင်ချက်လဲ။

သူသည် မုန့်ထျန်းရွှမ်နှင့် သူ၏အဖော်များကို ဝန်းရံရန်အတွက် ကြီးမားသော ကိုယ်ပွားလူတစ်စုကို စုစည်းထားခဲ့သည်။ လက်တွေ့အားဖြင့် အုပ်စုဖွဲ့ ရန်ပွဲဟုပင် ဆိုရမည်။

"ဟမ်..."

ချင်းယန် တွေးတောလိုက်သည်။

သူသည် မုန့်ထျန်းရွှမ် ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင် လွင့်မျောနေသည့် မြေအဓိပတိ ၁၂ ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ခဏလောက် တွေးပြီးမှ စနစ်က မှားကြေညာခြင်း မဟုတ်ကြောင်း သဘောပေါက်သွား၏။

နောက်ဆုံးတွင် ဤကိုယ်ပွားများ အားလုံးကို သူ၏ကိုယ်ပိုင်အနှစ်သာရနှင့် သွေးများမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်လေသည်။ သူတို့၏ စွမ်းအားသည် ခွဲထုတ်၍မရသော အရိပ်ကဲ့သို့ တူညီသော အရင်းအမြစ်မှ ခွဲထွက်လာခဲ့ခြင်းပင်။

ဤတိုက်ပွဲတွင် လူအများအပြား ပါဝင်ခဲ့ကြသော်လည်း လက်တွေ့မှာမူ သူတစ်ယောက်တည်း ဖြစ်လေသည်။

"မဆိုးပါဘူး မဆိုးပါဘူး"

ထိုအချက်ကို တွေးကြည့်ပြီးသော် ချင်းယန်ဟာ အိပ်မက်၏ ချိုမြိန်မှုကို ချက်ချင်း ခံစားလိုက်ရပြီး စနစ်ဆီက ဆုလာဘ်ကို အလွယ်တကူ လက်ခံလိုက်လေသည်။

အမှန်ပင် ဤလုပ်ဆောင်ချက်က အချည်းနှီးတော့ ဖြစ်မသွားချေ။

သို့သော် သူ့တွက်ချက်မှု အားလုံးကြားမှ အရှင်ကျိုထျန်းက လွတ်မြောက်သွားနိုင်ဆဲဖြစ်သဖြင့် နှမြောစရာတော့ ကောင်းလှသည်။ မဟုတ်ပါက ကျောက်တစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ပစ်နိုင်ပြီ။

"အကောင်းဆုံး အစီအစဉ်တွေတောင် ချို့ယွင်းချက်တွေ ရှိနိုင်တယ် ငါ နောက်ထပ် အခွင့်အရေးတစ်ခုကို စောင့်ရဦးမယ်။"

ချင်းယန် သူ့ရှေ့က နေရာကို လက်ဆန့်လိုက်ပြီး အရှင်ကျိုထျန်း ပြေးထွက်သွားသော လမ်းကြောင်းကို ခြေရာခံဖို့ ကြိုးစားသော်လည်း မည်သို့ပင် စုံစမ်းနေကာမူ ခြေရာလက်ရာ ရှာမတွေ့ခဲ့ပေ။

အာကာသနိယာမများက နက်နဲသိမ်မွေ့သည်။ ကောင်းကင်နှင့်မြေကြီး၏ နိယာမများကြားတွင် အထူးခြားဆုံး ဖြစ်ပြီး အူတိုင်အထိ ထိုးဖောက်ဝင်ရောက်နိုင်သည်။ သူ့ကိုယ်ပိုင် တံဆိပ်ခတ်ထားသော အာကာသနိယာမ စွမ်းအင်နယ်မြေသည် ထိုမျက်နှာပြင်ကို ကုတ်လိုက်ရုံသာဖြစ်သည်။

ထိုလျှို့ဝှက်ရတနာကို ထုတ်ယူလိုက်သည့် အခိုက်၌ ချင်းယန်သည် *လက်နက် သန့်စင်ခြင်း၏ အစစ်အမှန် ရှင်းလင်းချက်* မှတဆင့် ၎င်း၏ ထူးခြားသော သဘာဝကို ချက်ချင်း မြင်နိုင်ခဲ့၏။

ထိုရတနာ၏ အာကာသဆိုင်ရာ နိယာမများကြောင့်သာ အရှင်ကျိုထျန်းနှင့် မုန့်ထျန်းရွှမ်တို့သည် ၎င်းကို စွမ်းအားအပြည့်ဖြင့် အသက်သွင်းရင်း မိုင်ပေါင်းသောင်းချီ ဝေးကွာသော ၎င်းတို့၏ မြို့တော်ထဲသို့ ပြန်လည်ရောက်ရှိကာ ပုန်းနေပေလိမ့်မည်။

မိမိဘက်က ဖမ်းဆုပ်နိုင်ခြေမှာ လက်တွေ့တွင် သုညဖြစ်သည်။

"ကောင်းပြီ အားလုံး အိမ်ပြန်ကြရအောင်"

သူ့အတွေးထဲတွင် ဤအချက်ကို တွေးကြည့်ပြီးနောက် ရိုးရှင်းစွာ လက်ဝှေ့ယမ်းပြီး နေရာအနှံ့ပိတ်ဆို့ခြင်းကို ဖယ်ရှားပစ်လိုက်သည်။

နောက်အခိုက်၌ ကွဲအက်နေသော အာကာသနိယာမများ ပျောက်ကွယ်သွားကာ အာကာသအတွင်းမှ လှိုင်းထနေသော ရေစီးကြောင်းများလည်း ရပ်တန့်သွားတော့သည်။ တလီတောင်များ၏ ဧရိယာကိုလည်း ယခင်အတိုင်း ပြန်လည် ငြိမ်သက်စေခဲ့သည်။

"ဂိုဏ်းချုပ်လေး အဆင်ပြေရဲ့လား"

စွမ်းအင်နယ်မြေ ပျောက်ကွယ်သွားပြီးနောက် လျိုဝူရွှမ်း ချက်ချင်း ပြေးဝင်လာပြီး ချင်းယန်၏ အခြေအနေကို စိုးရိမ်သောကဖြင့် စစ်ဆေးကြည့်သည်။

"နောက်ဆုံးတော့ ကျုပ်ကို ဝင်ခွင့်ပေးလိုက်ပြီ! ကျုပ်တစ်ယောက်တည်း အပြင်မှာ ပိတ်မိပြီး ဂိုဏ်းချုပ်လေးကို ကြည့်နေရတာ။ အရမ်း!"

"မစိုးရိမ်ပါနဲ့ ကျွန်တော် အဆင်ပြေပါတယ်။"

ချင်းယန်သည် သူ့ကိုယ်သူ ပြသရန် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း။

"ကျွန်တော် လုံးဝ မထိခိုက်ပါဘူး။ အကြီးတန်းအဖွဲ့ဝင်တွေက ကျွန်တော့်ကို ကာကွယ်ပေးထားတာ! အရှင်ကျိုထျန်း ကျွန်တော့်ကို သတ်နိုင်မယ့် အခွင့်အလမ်းက သုညပဲ"

"ကောင်းပြီ အဆင်ပြေတာ အရမ်းကောင်းတယ်"

ဒါကိုမြင်တော့မှ လျိုဝူရွှမ်းလည်း နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက လူငယ်ခေါင်းဆောင်အနေဖြင့် ချင်းယန်သည် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရပါက သို့မဟုတ် ယင်းကြောင့် သေဆုံးသွားပါက သူသည်လည်း ဆိုးရွားစွာခံစားရမည် ဖြစ်လေသည်။

လျိုဝူရွှမ်းက လှည့်၍ လူ ၁၂ ယောက်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ခင်ဗျားတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ကျုပ်က အပြင်မှာနေပြီး ဂိုဏ်းချုပ်ငယ်လေးကို အဲဒီဒုက္ခကနေ မကူညီနိုင်ခဲ့ဘူး၊ တကယ်ကို ရှက်မိပါတယ်"

"ကိစ္စမရှိပါဘူး "

မြေအဓိပတိ ၁၂ ယောက်သည် သိက္ခာရှိသော အမူအရာဖြင့် အနည်းငယ် ခေါင်းညိတ်ပြလေသည်။

"ဒီတိုက်ပွဲပြီးပြီ ဆိုတော့ ငါတို့ ဒီလောကထဲမှာ အကြာကြီးမနေသင့်ဘူး၊ လောကီရေးရာတွေနဲ့လည်း ကိုယ့်ကိုကိုယ် မနှောင်ဖွဲ့ဘူး... ဂိုဏ်းချုပ်ငယ်လေးက အနာဂတ်မှာ ကမ္ဘာကြီးကို ဂရုစိုက်ဖို့လိုလာရင် မင်းကို အားကိုးရလိမ့်မယ်။"

"စိတ်ချပါ အကြီးအကဲတို့ လျိုဝူရွှမ်းက ကျွန်တော့်ကို အကာအကွယ်ပေးမှာပါ။"

လျိုဝူရွှမ်း၏ လက်သီးဆုပ်များ အနည်းငယ် တုန်ခါသွားကာ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျုပ် သေချာပေါက် မပျက်ကွက်စေရပါဘူး ကျုပ်အသက်နဲ့ ကျိန်ဆိုပါတယ်!"

"အင်း"

မြေအဓိပတိ ၁၂ ပါးသည် လျိုဝူရွှမ်းအား ခေတ္တမျှ လမ်းညွှန်ချက်အချို့နှင့် ကျင့်ကြံခြင်းဆိုင်ရာ ညွှန်ပြချက်အချို့ကို ပေးပြီးနောက် အတူတကွ လှည့်ထွက်သွားကာ မိုးကုတ်စက်ဝိုင်း အတွင်း ပျောက်ကွယ်သွားကြသည်။

"တကယ့်ဆရာကြီးတွေရဲ့ အပြုအမူပဲ"

လျိုဝူရွှမ်းသည် ကြည်ညိုလေးစားသော အရိပ်အယောင်များဖြင့် ဤသက်ကြီးရွယ်အိုများ၏ ထွက်ခွာသွားသော ရုပ်ပုံများကို ကြည့်နေခဲ့သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းဝင်တွေရဲ့ စိတ်နေစိတ်ထားတွေက မယုံနိုင်လောက်အောင် လေးနက်တယ်.. ငါ ပူးပေါင်းပါဝင်လိုက်တာ သေချာပေါက် ထိုက်တန်တယ်။"

သူတို့မျှဝေပေးလိုက်သော လေးပစ်ခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှု အားလုံးသည် ချင်းယန် သူ၏ဉာဏ်အလင်းရရှိသည့် နေရာမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်း နက်နဲတဲ့ အခြေခံအုတ်မြစ် ရှိတယ်။"

သက်ပြင်းတစ်ချက်ချရင်း လျိုဝူရွှမ်းတစ်ယောက် ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်ကာ ချင်းယန်ကို မေးလိုက်သည်။

"ဂိုဏ်းချုပ်လေး မုန့်ထျန်းရွှမ်နဲ့ အရှင်ကျိုထျန်းတို့ ဘယ်မှာလဲ"

"သူတို့ ထွက်ပြေးသွားပြီ ဒီအကြောင်း သိပ်မမေးပါနဲ့ အကြီးအကဲ.. အဲဒါကို တွေးကြည့်ရုံနဲ့ ကျွန်တော် စိတ်ဆိုးသွားတယ်။ သူတို့ကို ဖမ်းမိဖို့ အမြဲတမ်း နည်းနည်းလေးပဲ လိုသွားတာ ဒါပေမဲ့ အရှင်ကျိုထျန်းမှာ အရန်အစီအစဉ်တစ်ခု ရှိမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။"

"ဟမ့် အဲ့လူယုတ်မာနှစ်ယောက်အတွက်တော့ စိတ်မပူပါနဲ့။"

လျိုဝူရွှမ်းက အံကြိတ်ကာ လှောင်ပြောင်လေသည်။

"ဘယ်ပြေးပြေး အသုံးမဝင်ပါဘူး။ ကျန်းဟိုင် ဧရိယာမှာ ခြေချရဲသရွေ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းဆီကနေ မလွဲမသွေ ဗုံးကြဲခံရတော့မှာ သေချာပါတယ်။"

"ဟုတ်တယ် ဒါပေမယ့် ပြဿနာက သူတို့ ဒီတစ်ကြိမ် လွတ်မြောက်ပြီးရင် သူတို့ကို ဗုံးခွဲဖို့ နောက်ထပ် အခွင့်အရေး ရှာတွေ့ဖို့ ခက်လိမ့်မယ်။ သူတို့ရဲ့ သတိကြီးကြီးထားပြီး သံသယဖြစ်စရာကောင်းတဲ့ သဘာဝတွေကြောင့် ဒီလိုဆုံးရှုံးမှုကြီးကို ခံစားခဲ့ရတာ သူတို့ ကျွန်တော့်ကို ထပ်ပြီး တိုက်ရိုက် မရင်ဆိုင်တော့မှာ သေချာတယ်။ အချိန်အခါ၊ တည်နေရာနဲ့ ပံ့ပိုးမှု ပြည့်စုံတဲ့ အစီအစဉ်က ရှားတယ်။ ဘယ်တော့မှ ပြန်ဖမ်းမိမလဲ မသိဘူး.."

"အင်း ဂိုဏ်းချုပ်လေး အခု ပြောနေတာက အဓိပ္ပာယ်ရှိပါတယ်။"

လျိုဝူရွှမ်း အံ့အားသွားသင့်ပြီး :"ဒါဆို ဂိုဏ်းချုပ်လေးက အဲဒီကို အဓိပတိတွေ အများကြီး စေလွှတ်ပြီး မဟာမိတ်အဖွဲ့ကို ဝိုင်းသတ်ဖို့ စီစဉ်နေတာလား။"

လျိုဝူရွှမ်း သူ့ရင်ဘတ်ကို လေးလေးနက်နက် ပွတ်သပ်ရင်း :"ဂိုဏ်းချုပ်လေး စိတ်ချထားနိုင်ပါတယ်၊ အခွင့်အရေးတစ်ခု အမြဲရှိနေမှာပါ။ မုန့်ထျန်းရွှမ်တို့ ကျန်းဟိုင်က ထွက်သွားပေမယ့် တစ်နေ့ သူတို့ပြန်လာမှာပဲ။ သူတို့ကို ကြားဖြတ် သတ်ပစ်လို့ရတယ်...အဲ့အချိန်ကျရင် ကျုပ်ကိုယ်တိုင် အရေးယူတော့မှာမို့ ကျေးဇူးပြုပြီး ကျုပ်ကို မထားခဲ့ပါနဲ့..."

"..."

ချင်းယန် ရယ်မောလိုက်သည်။

လျိုဝူရွှမ်းက မိမိကိုယ်ကို ဖျက်ဆီးပစ်ချင်နေတာလား။

"နောက်တစ်ခါဆို သေချာပေါက်ပေါ့!"

All Chapters