ကြယ်တာရာအစီအရင်ပုံကြမ်း၏ အံ့ဖွယ်အသုံးပြုမှုများ။
Vol. 21 Ch. 303
ဤတိုက်ပွဲအပြီးတွင် လျိုဝူရွှမ်း၏ စွဲလမ်းမှုသည် ပိုမိုပြင်းထန်လာခဲ့ပြီး အနာဂတ်တွင် မိမိကိုယ်ကို ဖျက်ဆီးရန်ပင် အားတတ်သရော စဉ်းစားနေခဲ့ရာ ချင်းယန်မှာ စကားမပြောနိုင်ပင် ဖြစ်သွားခဲ့သည်။
ဒီကောင်က ဘာလို့ ကိုယ့်ကိုယ်ကို ပျက်စီးဖို့ အမြဲတွေးနေတာလဲ။
သူ တကယ်ပဲ ဆိုးဆိုးရွားရွား လမ်းလွဲသွားခဲ့တာလား။
သို့သော် လျိုဝူရွှမ်းသည် ဤနည်းကို တွေးတောသူ တစ်ဦးတည်း မဟုတ်ပေ။ ယခုအချိန်တွင် အရှင်ကျိုထျန်းအပါအဝင် အပြင်ဘက် လူတိုင်းသည် ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ စရိုက်ကို ရိပ်မိသွားကြပါပြီ။
မကြောက်မရွံ့၊ အရူးတစ်စု။
"ကောင်းပြီ သွားကြရအောင်။"
ချင်းယန် လျိုဝူရွှမ်းကို လက်ပြပြီး အတွေးကို ဝင်ဖြတ်လိုက်လေ၏။ တစ်ဖက်လူအား ဤပြဿနာကို ဆက်မတွေးစေချင်တော့ပေ။ မဟုတ်လျှင် နားလည်မှုလွဲတာကို ပိုဆိုးသွားစေနိုင်သည်။
"အကြီးအကဲ လျိုဝူရွှမ်း ပြန်ကြရအောင်။"
ခဏအကြာ။
ကျန်းဟိုင်မြို့ အတွင်း၌။
လမ်းကြားများက လူဆိတ်ညံနေ၏။ တလီတောင်များမှ လေပြင်းများ တိုက်ခတ်ပြီးနောက် သစ်သီးများနှင့် သစ်ပင်များ နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ ထိုဘက်မှ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူပြည်သားများပင် တုန်လှုပ်သွားကြသည်။ ချင်းယန်တို့၏ ယခင်တိုက်ပွဲ နောက်ဆက်တွဲ ငလျင်များသည် ဝေးကွာသော မြို့ကိုပင် သိသိသာသာ သက်ရောက်မှု ရှိခဲ့သည်။
…
ဖုဟိုင်ဗီလာ လူနေရပ်ကွက်။
"နောက်ဆုံးရသတင်းတွေအရ... ဆုံးရှုံးမှုတွေကို အကဲဖြတ်နေပါတယ်.... ရဲဌာနကို သတင်းပို့ပြီးပြီ..."
ရုပ်မြင်သံကြားမှ အခင်းဖြစ်ရာ အခြေအနေကို တင်ဆက်ပြသနေသည်။ သို့သော် လွတ်နေသော ဧည့်ခန်းထဲမှာတော့ မည်သူမျှ နားမထောင်နေခဲ့။
ခြံအပြင်ဘက်တွင်တော့ ရှဟဲသည် ခေါင်းပေါ်မှ ပျံသန်းသွားနေသော အနက်ရောင် ရဟတ်ယာဉ်များကို ရေတွက်လျက်ရှိ၏။ သူကြည့်နေစဥ်အတွင်း တပ်ခွဲလေးငါးခု၊ ကြယ်သိုင်းရဲစခန်း ရဲဌာနမှ ကွင်းပြင်စစ်ဆင်ရေးအဖွဲ့များ အားလုံးပင် ပေါ်လာသည်။
လီညီအစ်မများသည်လည်း သူ့ဘေးတွင် ရပ်ကာ ကောင်းကင်အထက်ရှိ မြင်ကွင်းကို ကြည့်ကာ စိုးရိမ်စိတ်များနေကြသည်။ ယခုဆိုလျှင် ချင်းယန် ထွက်သွားသည်မှာ ငါးနာရီကျော်သွားပေပြီ။ မှောင်စပြုလာပြီ ဖြစ်သော်လည်း ပြန်လာမည့်အရိပ်အယောင် မတွေ့ရသေးပေ။ ယင်းအစား ရဟတ်ယာဉ်များကသာ အထက်သို့ ဆက်တိုက် ပျံသန်းလျက်ရှိသည်။
"ကြောက်စရာ ကောင်းလိုက်တာ!"
ရှဟဲသည် ဟယ်လီကော်ပတာ ရေတွက်ရာကနေ သူ၏လက်ချောင်းများကို ချလိုက်ပြီး သူ့သွားများကို တင်းတင်းစေ့ထားလိုက်သည်။
"ဦးစီးချုပ် ဒီလောက် မာန်မာနကြီးတာကို ငါမြင်တာကြာပြီ... ဒီတစ်ခါတော့ အကုန်ထွက်သွားတယ်။ သူဘယ်လိုနေလဲ သိချင်လိုက်တာ။"
"အကိုကြီး တစ်ခုခုဖြစ်သွားလို့လား...?"
လီကျစ်ရွှမ်းသည်လည်း ကောင်းကင်ကို မော့ကြည့်ကာ စိုးရိမ်မှုများဖြင့် မေးလိုက်သည်။
"သူ ပြန်မရောက်လာတာကြာပြီ"
"ကျစ်! နင်တို့နှစ်ယောက်... မလိုအပ်ဘဲ စိတ်မပူပါနဲ့တော့!"
လီချင်းဟဲသည် ခြံဝင်းရှိ ကုလားထိုင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သခွားချဉ်များအား စားနေ၏။
"ဆရာကြီးရဲ့ ပင်ကိုယ်စရိုက် အတိုင်းဆို သူသာတကယ် ချချင်တယ်ဆိုရင် သူ့မှာ အစီအစဉ်ရှိမှာ သေချာတယ်။ ဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။"
သူမ စကားကို အဆုံးထိ မပြောရဲပေ။ နောက်ဆုံးတော့ သူမနှင့် ချင်းယန်ကြား၌ သဘောတူထားသော အချက်တချို့ရှိနေခဲ့ပြီး ၎င်းတို့ကို လုံးဝထုတ်ဖော်ခွင့် မရှိချေ။
*ဝူး!*
ခြံဝင်းအတွင်းက လေထုကြီး တုန်ခါသွားကာ ချင်းယန်နှင့် လျိုဝူရွှမ်းတို့ ပေါ်လာခဲ့သည်။
"ဟမ်!?"
"ပြန်လာပြီလား!?"
"ဒီလောက်မြန်လား!"
သူတို့ ဆင်းသက်လာပြီးနောက် ရှဟဲတို့ ပျာယာခတ်ကုန်ပြီး ပြေးထွက်သွားကြသည်။ လီကျစ်ရွှမ်းက ပထမဆုံး ချဉ်းကပ်သွားသူပင်။
"အဆင်ပြေရဲ့လား အစ်ကိုကြီး"
လီကျစ်ရွှမ်းသည် မျက်လုံးများက ဝိုင်းစက်ကာ ချင်းယန်၏လက်မောင်းကို ညင်သာစွာ ထိတွေ့ချင်သော်လည်း သူမလက်ကို ဂရုတစိုက် ပြန်ဆုတ်လိုက်သည်။
"အဓိပတိ မဟာမိတ်အဖွဲ့ထဲက လူတွေ အစ်ကို့ကို ဘာလုပ်လိုက်သေးလဲ"
"...အမ်"
ချင်းယနခသည် သူမ၏ စိုးရိမ်သောက မျက်နှာကို ကြည့်ပြီး မည်သို့ ရှင်းပြရမည်မသိ ဖြစ်သွားကာ တိုက်ပွဲကို မည်သို့ ဖုံးကွယ်ရမည်ကို စဉ်းစားနေလေသည်။
"ဂိုဏ်းချုပ်ငယ်လေးက အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျန်တဲ့အခြေအနေတွေက အကောင်းမြင်ဖို့ ဝေးလွန်းတယ်။"
လျိုဝူရွှမ်း၏ မျက်နှာသည်လည်း ညှိုးငယ်သွား၏။ ချင်းယန် တိတ်ဆိတ်နေခြင်းကို မြင်သောအခါ သူ စိတ်မကောင်းဖြစ်လာပြီး။
"မင်းတို့ အဲဒါကိုကြားချင်ရင် အဆင်သင့်ပြင်ထားရမယ်။ ငါအကုန်မြင်ခဲ့တယ်၊ ရလဒ်ကို ပြောရမယ်ဆိုရင် အရမ်းဆိုးတယ်..."
သူ့စကား မပြီးသေးခင် အခန်းထဲ လုံးဝ တိတ်ဆိတ်သွားတော့သည်။ ရှဟဲ ပျံသန်းနေသော ရဟတ်ယာဉ်များအား လျစ်လျူရှုလိုက်သလို လီချင်းဟဲကလည်း သခွားချဉ်ကို ချလိုက်သည်။
"ပြောပါ ကျွန်မတို့ ထိန်းထားနိုင်တယ်......"
လီကျစ်ရွှမ်း နှုတ်ခမ်းများကို ဖွဖွရင်း တိုးတိုးလေး မေးလိုက်သည်။
“လူကြီးတွေ ဘယ်လိုနေလဲ”
"သူတို့အားလုံးက သူတို့ကိုယ်သူတို့ စတေးခဲ့ကြတယ်။ စုစုပေါင်း ထိပ်တန်း ခြောက်ယောက်... ကယ်ဆယ်ဖို့ ငါတို့နဲ့အတူ လိုက်ပါလာတဲ့ထဲက သက်ကြီးရွယ်အို သုံးဦး၊ အရင်က မင်းတို့နေရာမှာ အယောင်ဆောင်ခဲ့တဲ့ အကြီးတန်း ဦးလေးကြီး ၃ ယောက်။ သူတို့အားလုံး မုန့်ထျန်းရွှမ်ကိုသတ်ဖို့ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ အတူ ဆုံးပါးသွားခဲ့တယ်..."
လျိုဝူရွှမ်း၏ အသံသည် တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး အဆုံးတွင်တော့ လုံးဝ ငြိမ်သက်သွားခဲ့သည်။
"ဘယ်လို?!"
ဤသည်ကိုကြားသောအခါ လီကျစ်ရွှမ်းနှင့် ရှဟဲတို့ အံ့အားသင့်သွားပြီး မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။ ဤရလဒ်ကို သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။
အတူတူ ပျက်စီးသွားတာလား?
သူတို့လို မွေးရာပါနယ်ပယ်အတွက် ဖောက်ခွဲကောင်းကင်ဂိုဏ်းဟာ အဓိပတိခြောက်ပါးကို အမှန်တကယ် စေလွှတ်ခဲ့လေသလား။
ဤအရေးပါမှုအဆင့်သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်သွားခဲ့သည်။
"လူကြီးမင်းတို့ အေးအေးဆေးဆေး အနားယူပါ။"
သူတို့ဘေးမှာ ရပ်နေသော ရှောင်ပိုင်ကလွဲရင် အားလုံးက ဝမ်းနည်းပူဆွေးနေကြလေသည်။ ရှောင်ပိုင်မှာ ကြိတ်မှိတ် ရယ်မောရင်း မျက်နှာလေးပင် နီမြန်းသွား၏။
"ဒီလူမိုက်တွေတော့... သူတို့ကို သခင်က တကယ်လှည့်စားခဲ့တာပဲ"
ချင်းယန်သည် သားရဲကျွန်၏ အမှတ်အသား နိုးကြားလာပြီး ရုတ်တရတ် ပျော်ရွှင်မှု တဟုန်ထိုး တက်လာသည်ကို ခံလိုက်ရရာ ရှောင်ပိုင်ကို စိုက်ကြည့်ကာ သူ့ကို မဖော်မိဖို့ သတိပေးလိုက်သည်။ ထို့နောက် လူအုပ်ကြားမှ ရုန်းထွက်ရန် တိတ်တဆိတ် ပြင်ဆင်ခဲ့သည်။
"ဆရာကြီး ဘယ်သွားမလို့လဲ"
လီချင်းဟဲသည် သူမမျက်လုံးထောင့်မှ ချင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး လှမ်းအော်လိုက်သည်။ သို့သော် သူ လှုပ်ရှားနေချိန်တွင် လီကျစ်ရွှမ်းကလည်း ရုတ်တရက် သူမအင်္ကျီကို ဆွဲကိုင်လာ၏။
"အစ်မချင်းဟဲ"
လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ပြီး ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"အခု ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက အကြီးတန်း ဦးလေးတွေ အများကြီး ဆုံးရှုံးသွားတော့ ဆရာတူအစ်ကိုလည်း ခေါင်းဆောင်အနေနဲ့ အရမ်းဝမ်းနည်းမှာပဲ... သူတစ်ယောက်တည်း အေးအေးဆေးဆေး နေပါစေ"
"အင်းပါ..."
"..."
ချင်းယန် သူမတို့ပြောနေသည်ကို နားထောင်ပြီး သူ့မျက်နှာထားကို အေးစက်ထားသည်။ ဘာမှပြန်မပြောချင်တော့သလို ငြင်းခုံဖို့လည်း ပျင်းလွန်းသောကြောင့် လူတိုင်း၏ ကိုယ်ချင်းစာနေသော အကြည့်များအောက်၌ သူ့အခန်းထဲကို တစ်ယောက်တည်း ပြန်လာခဲ့သည်။
သူ စိတ်ပူနေခဲ့သော သူတို့အား ရှင်းပြရမည့် ဒုက္ခကို ကျော်ဖြတ်ခဲ့လိုက်ပြီ။ လီကျစ်ရွှမ်း၏ အကူအညီဖြင့် လိမ်ညာမှုကို ဖုံးကွယ်ရန်အတွက် အရာအားလုံးသည် ပိုမိုလွယ်ကူလာခဲ့သည်။
များမကြာမီ ချင်းယန်သည် သူ့အခန်းထဲသို့ ပြန်လာပြီး ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်ကာ စနစ်၏ ဆုလာဘ်များကို စတင်သိမ်းယူခဲ့သည်။
ဗုန်း!
အသိပညာသည် ပေါက်ကွဲနေသော ရေကာတာကဲ့သို့ ပြည့်လျှံကာ သူ့စိတ်ထဲ နစ်မြုပ်သွားသည်။ မကြာပါ ချင်းယန်တစ်ယောက် ကြယ်တာရာအစီအရင်ပုံကြမ်း၏ အသုံးပြုပုံကို နားလည်ခဲ့သည်။
သူ့စိတ်ကို အနည်းငယ် စူးစိုက်ကြည့်မိသည်နှင့် သူ၏ လက်ဖဝါးတွင် အလင်းတန်းများ ပေါ်လာပြီး ထူးထူးခြားခြားနှင့် ပြတ်ပြတ်သားသား သတ်မှတ်ထားသော အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။
"ဒီကမ္ဘာကြီးထဲက လူတိုင်းမှာ အထက်တွင်းနက်ရဲ့ ကြယ်စွမ်းအားနဲ့ ကိုက်ညီတဲ့ ဗဟိုနန်းတော် အနေအထားရှိတယ်"
ချင်းယန်သည် သူ၏လက်ဖဝါးကိုဖွင့်ကာ စူးရှတောက်ပသော ကြယ်ရောင်အမှတ်အသားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေ၏။
"ဒီကြယ်တာရာ အစီအရင်ပုံကြမ်းကပေးတဲ့ ကြယ်အမှတ်အသားကို သုံးရင် လူတစ်ယောက်က သူ့ရဲ့ ဗဟိုနန်းတော်နေရာကို သိမ်းပိုက်ပြီး ကြယ်စွမ်းအင်တွေကို အမွေဆက်ခံနိုင်တယ်"
ရိုးရိုးရှင်းရှင်း ပြောရလျှင် လူတစ်ဦးစီသည် ကြယ်အမှတ်အသားကို စိုက်ထူပြီးနောက် လက်ခံရရှိသူ၏ စွမ်းအားကို ဆွဲထုတ်ကာ ၎င်းတို့၏ခန္ဓာကိုယ်ထဲသို့ ခေတ္တစုသိမ်းရန် ဤအမှတ်အသားကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။
သို့ဆိုလျှင် တိုက်ခိုက်ရေး စွမ်းအားများလည်း အလွန် တိုးလာနိုင်၏။
"စွမ်းအင်တွေ အများကြီးကို တစ်ကိုယ်တည်းမှာ စုစည်းထားလို့ရတာလား"
အခန်းထဲမှ ချင်းယန်သည် ထိုအချက်ကို စဉ်းစားရင်း သူ့လက်ဖဝါးမှ တက်လာသော ကြယ်အမှတ်အသားကို ကြည့်ရင်း မျက်လုံးများ အရောင် တောက်ပလာတော့သည်။
"တကယ်လို့ တန်ခိုးကြီးတဲ့ မြေအဓိပတိနယ်ပယ်က ပညာရှင် ဒါမှမဟုတ် မုန့်ထျန်းရွှမ်လိုမျိုး ကောင်းကင်အဓိပတိ ပညာရှင်အဆင့်ကိုတောင် ကြယ်အမှတ်အသားက စိုက်ထားနိုင်ခဲ့ရင် ငါ့ဆီမှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ စုပုံလာလိမ့်မယ်...
"ကျစ် အဲ့ကျရင် ငါ အနိုင်ရပြီ!"