← Chapters

သားရဲနတ်ဘုရား။ နတ်အရှင်နယ်ပယ်?

Vol. 21 Ch. 306

သားရဲနတ်ဘုရား။ နတ်အရှင်နယ်ပယ်?

Vol. 21 Ch. 306

နက်နဲသော ချိုင့်ထဲရှိ ယဇ်ပလ္လင်ရှေ့မှာ၌ နန်းကုန်းလီ ရိုရိုသေသေ ဦးညွတ်နေခဲ့သည်။

ကြီးမားသော အပြောင်းအလဲတစ်ခု စတင်ခဲ့သောကြောင့် ယဇ်ပလ္လင်၏ မျက်နှာပြင်တစ်လျှောက်တွင် ပျံ့နှံ့နေသော အနီရောင်မျဉ်းများသည် ကျယ်ပြန့်လာပြီး သွေးကြောများကဲ့သို့ ပုံမှန်မဟုတ်စွာ ကြီးမားလာကာ မျက်နှာတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ကောင်းကင်ယံတွင် ထွက်ပေါ်လာသောအခိုက် ချောက်နက်ကြီးသည်လည်း ရုတ်တရက် မှောင်ကျသွားလေ၏။

"ဒါဆို ကိုးလေးပေါ့...."

ဟောက်သံများ ပဲ့တင်ထပ်နေချိန်တွင် ယဇ်ပလ္လင်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏လေသံမှာ အနည်းငယ် ပျော့ပျောင်းသော်လည်း ငြင်းမရသော ဘုန်းအာနုဘော်ကို ထုတ်ဖော်နေဆဲ ဖြစ်သည်။

တစ်ဆက်တည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည်လည်း ချောက်တစ်ခုလုံးပေါ် ဖုံးအုပ်ထားလေသည်။

"သားရဲနတ်အရှင်ကို ကိုးလေး ဒီမှာ စောင့်နေတာ ကြာပါပြီ။"

နန်းကုန်းလီသည် မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် သူ့တစ်ကိုယ်လုံး မြေကြီးပေါ်သို့ ဖိလုနီးပါးပင်။

"သားရဲနတ်အရှင် အသက်ရှည်ပါစေ!"

"တကယ် သားရဲနတ်အရှင်ပဲ..."

သူ့ဘေးမှာရပ်နေသူ မုန့်ထျန်းရွှမ်လည်း အံ့အားသင့်သွားသည်။ သူသည် မြေပြင်မှ ရုန်းထချင်သော်လည်း ယဇ်ပလ္လင်၏ ဖိအားကြောင့် မလှုပ်ဝံ့ဘဲ ဘေးမှသာ စောင့်ကြည့်နေနိုင်ခဲ့သည်။

ယဇ်ပလ္လင်မှ ထွက်ပေါ်လာသော နယ်ပယ်ကို သူ ချက်ချင်း မှတ်မိ၏။ ၎င်းမှာ နတ်အရှင်ရောင်ဝါပင်။ သူသည်ကား ကောင်းကင်အဓိပတိ နယ်ပယ်သာ ရှိသေးသည်။

ထိုအခိုက်အတန့်ကို အတည်ပြုပြီးနောက် မုန့်ထျန်းရွှမ်၏ဗီဇသည်လည်း ပြင်းထန်စွာ တုန်လှုပ်လာသည်။ အဖက်ဖက်မှ ဆင်းသက်လာသော ဖိအားမှာ သူ့အား သစ်သားတစ်စလို တောင့်တင်းစေကာ ခုခံရန်ပင် စိတ်မကူးရဲစေချေ။

ဒီလိုဖြစ်တည်မှုရှေ့မှာ သူဘယ်လိုလွတ်မြောက်နိုင်မလဲ။

"ကိုးလေး မင်းငါ့ကိုဘာလို့နှိုးတာလဲ။"

နက်နဲသော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။

နန်းကုန်းလီသည် အသံကို ကြားသောအခါ ခေါင်းကို ဖြည်းညှင်းစွာ မော့၍။

"သားရဲနတ်အရှင်ကို အပြည့်အဝ နိုးထဖို့အတွက် ကောင်းကင်အဓိပတိရဲ့ ဝိညာဉ်တစ်ခု လိုအပ်တယ်၊ မြေအဓိပတိတွေရဲ့ ဝိညာဉ်ပေါင်းများစွာနဲ့ ဖြည့်တင်းဖို့ လိုတယ်လို့ တစ်ချိန်က မိန့်ခဲ့ပါတယ်။ အခု အားလုံးအဆင်သင့် ဖြစ်ပါပြီ၊ ကျွန်တော် အစိတ်အပိုင်းတွေ အားလုံးကို စုပြီးပြီ..."

ထိုသို့ပြောပြီးနောက် နန်းကုန်းလီသည် သူ့လက်ကိုလှန်လိုက်ပြီး ကြယ်လက်စွပ်ထဲမှ မီးခိုးရောင်ပုတီးစေ့တစ်ခုကို ထုတ်ယူလိုက်သည်။ ပုတီးစေ့၌ မှောင်မိုက် အုံ့မှိုင်းပြီး ပြင်းထန်သော စွမ်းအားများ ထိုးတက်လာနေ၏။ အတွင်းပိုင်းကို အနီးကပ်ကြည့်လိုက်ရင် မှုန်ဝါးနေသော ရုပ်ပုံအများကြီးကို မြင်နိုင်သလို မှောင်မိုက်နေသော စွမ်းအင်များ စီးဆင်းနေသည်ကိုလည်း တွေ့လိုက်ရပေသည်။

လျှို့ဝှက်ရတနာကို ထုတ်ယူလိုက်သည့် အခိုက်တွင် ချိုင့်ဝှမ်းအတွင်းတွင်ရှိ ပင့်ကူပန်းပွင့်များပင် ပွင့်လန်းလာသည်။

အနီရောင် ပန်းပင်လယ်ကြီးက တောင်တွေကို လွှမ်းခြုံထားပြီး လရောင်အောက်မှာ ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုအလား ဖန်တီးနေ၏။ ချမ်းအေးသော တောင်လေသည် အဝေးမှ ဖြတ်ဝင်လာပြီး ဖြူဖွေးသော အရိုးစုများသည် တုန်လှုပ်ချောက်ချားဖွယ် ကောင်းစွာ လှုပ်ရှားလာသည်။

၎င်းက ဝိညာဉ်ဖမ်းပုတီးစေ့ ဖြစ်သည်။

၎င်းသည် ကြယ်စစ်သည်များ၏ ဝိညာဉ်သုံးမျိုးနှင့် ဆန္ဒဝိညာဉ်ခုနစ်ခုကို စုပ်ယူနိုင်ပြီး အတွင်းတွင် ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ မိမိကိုယ်ကို ဖျက်ဆီးကာ သေဆုံးသွားသူများလည်း ရှိ၏။

ကျူးချွဲ့ငှက်၊ ကျားဖြူ၊ ချိချင်းရှန်း နှင့် လွန်ခဲ့သည့် ရက်အနည်းငယ်က တလီတောင်များတွင် မိမိကိုယ်ကို ယဇ်ပူဇော်ခဲ့သော သတ္တဝါများအားလုံး ပါဝင်သည်။

သို့သော် နန်းကုန်းလီကို စိတ်ရှုပ်စေသော တစ်ခုတည်းသော အရာမှာ ဝိညာဉ်များစွာ ပါ၀င်သော်လည်း သိသာထင်ရှားသော အရေအတွက်တစ်ခုက ပျောက်ဆုံးနေသည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းက မြေအဓိပတိများပင်။

"ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေမှာ ဝိညာဉ်တွေတောင် မရှိဘူး... လျှို့ဝှက်ချက်ကြီးတစ်ခု ဝှက်ထားပုံရတယ်။"

နန်းကုန်းလီသည် လေးလေးစားစား လက်နှစ်ဖက်ကို ဆန့်တန်းကာ ဝိညာဉ်ဖမ်းပုတီးစေ့ကို ယဇ်ပလ္လင်ဆီသို့ ပို့လွှတ်လိုက်စဥ် သူ့စိတ်ထဲတွင် မသက်မသာ ခံစားချက်များ စိမ့်ဝင်လာပြီး မျက်ခုံးတွန့်သွားသည်။

ဤလောကထဲရှိ ကျင့်ကြံသူများသည် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို မွေးမြူကြသည်။ ကြယ်စစ်သည်များသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ပုံဖော်ရန်အတွက် ကြယ်စွမ်းအားများကို အသုံးပြုရကာ ၎င်းတို့၏ ဝိညာဉ်များသည်လည်း တူညီသော ခွန်အားကို ရရှိကြသည်။

သို့သော် ဖောက်ခွဲကောင်းကင်ဂိုဏ်းက မြေအဓိပတိများ သူ့ကိုယ်သူ စတေးလိုက်သည့်အခါတိုင်း သူသည် အခင်းဖြစ်ပွားရာ အနီးတွင်နေ၍ မည်သည့်အခါမျှ ထွက်ခွာသွားမည်မဟုတ်ပေ။ ၎င်းတို့ ဝိညာဉ်ကိုခိုးယူရန် ဝိညာဥ်ဖမ်းပုတီးစေ့ ချက်ချင်းဆိုသလိုပင် သုံးလိုက်မည်။

တစ်ယောက်ယောက်က ကိုယ့်ကိုကိုယ် ဖျက်ဆီးခဲ့ရင်တောင် သဲလွန်စတွေ ချန်ထားခဲ့ရမှာ မဟုတ်ဘူးလား။

သို့သော်လည်း ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာမူ သူတို့၏ ဝိညာဉ်များကို မဆိုထားနှင့် ခြေရာလက်ရာကိုတောင် ရှာမတွေ့ခဲ့ချေ။ ၎င်းတို့မှာ သဘာဝတရားနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

"နောက်မှ ထပ်ရှာပေးပါ့မယ်။"

နန်းကုန်းလီသည် ကောင်းကင်ဘုံသို့ မော့ကြည့်ရင်း တစ်ချက်စဉ်းစားကာ :“သားရဲနတ်အရှင်... အခု ဝိညာဉ်ဖမ်းပုတီးစေ့က အရှင် ကောင်းကင်တံခါးကို ပြန်ဖွင့်တဲ့နေ့အထိ အကူအညီ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်”

"ကောင်းလိုက်တာ! ကိုးလေး မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။"

ယဇ်ပလ္လင်အထက်မှ ပဲ့တင်ထပ်သံ ထွက်ပေါ်လာပြီး အတွင်းမှ ညည်းသံက ပိုကျယ်လောင်လာကာ ချောက်ကမ်းပါးတစ်လျှောက် ရိုက်ခတ်သွားခဲ့သည်။ မီးခိုးရောင် ဝိညာဉ်ဖမ်းပုတီးစေ့သည်လည်း လေထဲသို့ လွင့်ပျံသွားပြီး ယဇ်ပလ္လင်အထက်တွင် တိတ်တဆိတ် ပျံဝဲနေ၏။

နောက်အခိုက်၌။

ဗုန်း!

ဝိညာဉ်ဖမ်းပုတီးစေ့ ကွဲအက်သွားခဲ့ကာ အတွင်းမှ အဆုံးမရှိသော အနက်ရောင် အမှုန်အမွှားများ ပေါက်ကွဲထွက်လာလေသည်။ ဝိညာဥ်ဖမ်းပုတီးစေ့ အတွင်းတွင် မြေအဓိပတိများသာမက မွေးရာပါနယ်ပယ်က ပါရမီရှင်များစွာလည်း ပါဝင်သေး၏။ ၎င်းမှာ အထူးတလည် စုဆောင်းထားသော အမြည်းများ ဖြစ်သည်။

ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံရပ်ပြီးနောက် ၎င်းတို့သည် အပြင်းထန်ဆုံးသော အမုန်းတရားများဖြင့် လှောင်ပိတ်ခံခဲ့ကြရသည်။

ထိုစဥ် အနက်ရောင် မီးခိုးများ လျှံတက်လာ၏။

"နန်းကုန်းလီ ငါတို့ကို လွှတ်ပေး!!"

“မဟုတ်ဘူး… မဟုတ်ဘူး…”

"မဟာမိတ်ခေါင်းဆောင် ငါ့ကိုကယ်ပါ"

"ငါတို့ မင်းနောက်ကို တစ္ဆေဖြစ်သွားလည်း တောက်လျှောက် လိုက်နေမယ်!"

နာကျည်းမှုများ ပြည့်နေသော ဟောက်သံများသည် ဆိုးရွားရက်စက်ပြီး ကြောက်စရာကောင်းသော ကျိန်စာများနှင့်အတူ ပဲ့တင်ထပ်လာ၏။ ထောင်ပေါင်းများစွာသော ဝိညာဉ်များသည် မြေအောက်ကမ္ဘာ၏ ရှည်လျားသောမြစ်ကို ဖြတ်၍ ကူးခတ်နေကြရသည့်အလား ယဇ်ပလ္လင်ဆီသို့ ပျံသန်းသွားကြသည်။

ယဇ်ပလ္လင်သည် ချောက်နက်ထဲက နေလုံးကြီးကဲ့သို့ တောက်ပသော အလင်းရောင်ဖြင့် ဖြာထွက်လာ၏။ တစ်ဆက်တည်း ၎င်းထံမှ ပေါက်ကွဲသံများသည် ချောက်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အားကောင်းသော ရောင်ဝါတစ်ခုပမာ လွှမ်းခြုံသွားခဲ့သည်။

"သားရဲနတ်ဘုရား... နိုးထတော့မယ်..."

အနီးနားရှိ မုန့်ထျန်းရွှမ်သည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မော့ကြည့်လိုက်မိခိုက် ကြောက်ရွံ့မှုများကြောင့် သူ၏ ဦးရေပြားတို့ တုန်ရီလာလေသည်။

ဤအခိုက်အတန့်တွင်မှ သူ သဘောပေါက်သွားခဲ့သည်။

နေ့လယ်စာ အလကား စားရသည့်နေရာ မရှိချေ။ နန်းကုန်းလီ၏ ကုသခြင်းပူဇော်သက္ကာ၊ ကြိုတင်မှာကြားခြင်းမရှိဘဲ သားရဲနတ်အရှင် ဂိုဏ်း၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသခြင်းသည် ဂရုတစိုက်စီစဉ်ထားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။

ပြီးတော့ သူသည် ဤအစီအစဥ်၏ အဓိက အစိတ်အပိုင်း ဖြစ်လေ၏။

"ဆရာတူညီလေး ဒီလျှို့ဝှက်ချက်ပေါက်ကြားမှာကို မကြောက်တာ အံ့သြစရာဘဲ..."

နန်းကုန်းလီ၏ ကျောပြင်ကို ကြည့်ရင်း မှင်တက်နေမိသည်။ ယခုအခါ ထိုလူသည် ယခု ယဇ်ပလ္လင်ရှေ့၌ ရိုရိုသေသေ ဦးညွှတ်နေပေ၏။ ထိုအခိုက် မုန့်ထျန်းရွှမ်၏ မျက်လုံးများထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။

သူအရင် လုပ်ကြံရမယ်!

ဝုန်း!

သူက လက်ကို မြှောက်ကာ နန်းကုန်းလီ၏ နောက်ကျောပြင်ကို တိုက်ခိုက်လိုက်သည်။ ကြယ်စွမ်းအင်များသည် မိုးကြိုးတစ်စင်းပမာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။

လျှပ်စီးကြောင်းများက ချောက်ကြီးအား တခဏချင်း လင်းထိန်သွားသော်လည်း ဖြတ်သန်းသွားသည်နှင့်အမျှ နန်းကုန်လီ၏ နောက်ကျောကို မထိမီတွင် ကွဲအက်နေသော နေရာအလွှာသည် ၎င်း၏လမ်းကြောင်းကို ပိတ်ဆို့ကာ တိုက်ခိုက်မှု တစ်ခုလုံးကို မျိုချပစ်လိုက်သည်။

"အကိုကြီး မင်းငါ့ကို အရမ်းလျှော့တွက်နေတာပဲ!"

နန်းကုန်းလီသည် တစ်ဖက်လူအား ချာခနဲ လှည့်ကြည့်ကာ သူ့မျက်လုံးများတွင် သရော်လှောင်ပြောင်သည့် အရိပ်အမြွက်တို့အား ပြသနေ၏။

"ငါ မင်းကို ဒီကို ဖိတ်ပြီးကတည်းက ဘယ်လိုလုပ် သတိမထားဘဲနေမှာလဲ။ ဒါ ငါတို့ သားရဲနတ်အရှင် ဂိုဏ်းရဲ့ နယ်မြေပဲ။ အပြင်လူ မင်းကဒီလောက် ပေါ့ပေါ့တန်တန် ပြုမူတာ သတ္တိ ဘယ်လောက်ကောင်းနေလို့လဲ"

သူ ပြောပြီးနောက် တစ်ခဏအတွင်း ချိုင့်ဝှမ်းအတွင်းရှိ နေရာလွတ်များ ကွဲအက်သွားသည်။ နိယာမစွမ်းအင်များ၏ လွှမ်းမိုးမှုအောက်တွင် မုန့်ထျန်းရွှမ်၏ ရွေ့လျားနိုင်မှုသည်လည်း အဆင့်သုံးဆင့်မျှ လျော့ကျသွားလေသည်။

"ဒါက မင်းအတွက် စီစဉ်ထားတာလေ"

ဤသည်ကိုမြင်သောအခါ မုန့်ထျန်းရွှမ်သည် အနီးနားက ပိတ်ဆို့ထားသော နေရာကို တစ်ချက်ကြည့်လိုက်ရင်း ပျာပျာသလဲ ဖြစ်သွားတော့၏။

အာကာသနိယာမများသည် ပင်ကိုယ်အားဖြင့် လျှို့ဝှက်ဆန်းကြယ်ပြီး အရာခပ်သိမ်းကို လွှမ်းခြုံနိုင်သော စွမ်းအားရှိသည်။ ယခု ဤအစီအရင်ကြီးထဲမှာ ပိတ်မိနေပြီ။ လက်ရှိ သူ၏ခွန်အားသည် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ပြန်လည်ကောင်းမွန်လာတာကြောင့် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ချေ။

"ဟမ့်"

နန်းကုန်းလီ အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့ကို လျစ်လျူရှုကာ ယဇ်ပလ္လင်ဘက်သို့ လှည့်ကာ လေးလေးစားစား ပြောနေသည်

“အရှင် ဒီလူက မဟာမိတ်အဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်။ ကျွန်တော် ပူဇော်နေတဲ့ ကောင်းကင်အဓိပတိပါ"

"အဓိပတိ မဟာမိတ်လား။ ဒါဆို သေပေတော့!"

သားရဲနတ်အရှင်သည် မနှစ်မြို့ဖွယ် အမှတ်တရများကို နှိုးဆော်ခံလိုက်ရသကဲ့သို့ ဒေါသနှင့် ရောယှက်နေသော အသံတစ်သံအား ထုတ်လွှတ်လိုက်လေသည်။ ထိုသူ တိုက်ခိုက်လိုက်ရာ လေထုကြီးကလည်း ပြင်းထန်စွာ တုန်လှုပ်သွားလေ၏။

နောက်အခိုက်၌ ၎င်းသည် ပြိုင်ဘက်ကင်းသော စွမ်းအားများ သယ်ဆောင်လာကာ မုန့်ထျန်းရွှမ်ရှေ့၌ ဧရာမလက်သည်းကြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

All Chapters