← Chapters

နတ်ဘုရားအဖြစ် လေးစားကြည်ညိုသော နဂါးတစ်ကောင် လေထဲတွင် ပျံဝဲနေပြီ

Vol. 21 Ch. 309

နတ်ဘုရားအဖြစ် လေးစားကြည်ညိုသော နဂါးတစ်ကောင် လေထဲတွင် ပျံဝဲနေပြီ

Vol. 21 Ch. 309

နောက်ဆက်တွဲ ငလျင်လှိုင်းများသည် ကျောက်ခန်း၏အမိုးခုံးမှ ဖုန်မှုန့်များကို လှုပ်ယမ်း လွင့်ပျံသွားစေသည်။ ထိုရုန်းရင်းဆန်ခတ် အသံနက်ကြီးသည် ငြိမ်သက်စေဖို့ မဖြစ်နိုင်သလို တောင်များကိုပင် တုန်လှုပ်သွားစေသည်။

မြေကြီးတစ်ခုလုံး တုန်ခါနေသဖြင့် အားလုံး ဆူညံသွားသည်။

"ဘာတွေဖြစ်နေတာလဲ"

လီချင်းဟဲသည် နံရံကို လက်ဖြင့် လှမ်းထောက်ကာ လီကျစ်ရွှမ်းဘက်သို့ လှည့်ကာ :"ရွှမ်းရွှမ်း နင့်ရဲ့ ကျောက်ခန်းထဲမှာ အသံမလုံဘူးထင်တယ် အပြင်က မိုးခြိမ်းသံတောင် ဝင်လာတယ်"

“အဲဒါ မဖြစ်သင့်ဘူး”

လီကျစ်ရွှမ်းလည်း ကွဲအက်နေသော ကျောက်သားနံရံများကို ကြည့်ရင်း အံ့အားသင့်သွားကာ လုံးလုံး စိတ်ပျက်သွားသည်။

"အရင်က ငါဒီမှာ ကျင့်ကြံနေခဲ့တာ... ရက်ပေါင်းများစွာ ကြာတယ် မိုးရေစက်လေးတစ်ပေါက်တောင် မကြားရဘူး။ အခု ဘယ်လိုဖြစ်တာလဲ"

ကျောက်ဆောင်တောင် လှုပ်နိုင်သောကြောင့် အပြင်က မိုးခြိမ်းသံဟာ ဘယ်လောက်ကြောက်စရာ ကောင်းလိုက်လေမလဲ။

“မဟုတ်ဘူး ဒါက သာမန်တုန်လှုပ်မှုမျိုး မဖြစ်နိုင်ဘူး!”

လောင်လီကလည်း ရုတ်တရက် ထအော်လိုက်သည်။ သူ၏ ဖြူဖွေးဖွေး မျက်ခုံးမွှေးများက သူမတို့၏ ထင်မြင်ယူဆချက်ကို တိုက်ရိုက် ငြင်းဆိုလိုက်သည့်အလား တုန်ယင်နေ၏။

ကျောက်ခန်း၏ ဆောက်လုပ်မှုက လက်ရာမြောက်သည်။ ၎င်း၏ဆောက်လုပ်ရေးကို သူကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့သည်။ နံရံများကို အနက်ရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အတွင်းနှင့်အပြင်တွင် ရေးထိုးထားသည့် အစီအရင်ပုံစံ သုံးလွှာပါရှိသည်။ ၎င်းသည် မြေအဓိပတိ ကျွမ်းကျင်သူထံမှ တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိနိုင်သည်။

လိုအပ်သော အခြေအနေများတွင် ခိုလှုံရာအဖြစ်ပင် အသုံးပြုနိုင်သည်။

ယခုမူကား တုန်လှုပ်သွားချေပြီ။

မိုးခြိမ်းသံက ကျောက်မျက်နှာပြင်ကို အမှန်တကယ် ထိုးဖောက်ဝင်ရောက်ခဲ့တာလား။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?"

လောင်လီသည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို တွေးတောနေပုံဖြင့် တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

ကျောက်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလို အပြင်ဘက်က မြင်ကွင်းကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက အနောက်တောင်တန်းကို ဖြတ်ကျော်ဝင်ရောက်လာကာ တောင်လေသည် သစ်တောကြီးအား လှိုင်းလုံးကြီးအဖြစ်သို့ တွန်းတိုက်ပစ်လိုက်၏။

ကောင်းကင်၌လည်း တိမ်မည်းများ ပြိုကျလာသည်။ အရှေ့တောင်ဘက် အစွန်ဆုံးတွင် ရှည်လျားစွာ ပဲ့တင်ထပ်နေသော နဂါးကြီး၏ ဟောက်သံကို ကြားနေရလေသည်။ အသံလှိုင်းသည် ကောင်းကင်ကို ရွှေရောင်အဆင်းဖြင့် တောက်ပသွားစေလေ၏။

"အမ် ဒါက..."

လီချင်းဟဲလည်း အပြင်ဘက်မှ မြင်ကွင်းကို အံသြစွာ စိုက်ကြည့်နေသည်။

"ဒါက ကမ္ဘာရဲ့အဆုံးသတ်လား?"

"ကြားလား...? ကြားလား" သူမသည် အခြားသူများဘက်သို့ လှည့်ကာ ကောင်းကင်ဆီသို့ နားရွက်စောင်းလျက်။

"နဂါးဟောက်သံကို ကြားလိုက်ရတယ်ထင်တယ်"

"ဟုတ်တယ်၊ နဂါးဟောက်တာ"

လီကျစ်ရွှမ်းကလည်း ဝင်ရောက် အတည်ပြုရင်း ခေါင်းညိတ်လိုက်သည်။ မိုးကုတ်စက်ဝိုင်းပေါ်ရှိ ထူးဆန်းသော မြင်ကွင်းကို ငေးကြည့်ရင်း စိတ်လှုပ်ရှားစွာ လက်ချောင်းများကို ဆုပ်ထားလိုက်သည်။

သူမသည် ထိုဦးတည်းရာ ဖုဟိုင်ဗီလာ ဖြစ်ပြီး ဆရာတူအစ်ကို ရှိရာ ဖြစ်ကြောင်း ရုန်းရင်းဆန်ခတ်မှု အားလုံးဟာ ထိုနေရာမှ ဆင်းသက်လာကြောင်း သတိပြုမိ၏။

"တိမ်တွေထဲ ခုန်ပျံနေတဲ့ နဂါးကြီး... ဒီရောင်ဝါက မြေအဓိပတိမှာ မရှိနိုင်ဘူး တကယ်ပဲ ကောင်းကင်အဓိပတိလား။"

လောင်လီ မယုံနိုင်စွာ ရေရွတ်လိုက်သည်။ လေတိုက်ခတ်လာသော လားရာဘက်သို့ မော့ကြည့်လိုက်လျှင် တိမ်များကြားတွင် နဂါးအရိပ်များ ကခုန်နေသည်ကို ယောင်ဝါးဝါး မြင်နေရ၏။

“ဒါ တကယ် ကောင်းကင်အဓိပတိ ကောင်းကင်အရှင်ပဲ…”

အသက်အငယ်ဆုံး ကောင်းကင်အဓိပတိပင်။ ဤကမ္ဘာပေါ်က မှတ်တမ်းများကို ကြည့်လိုက်လျှင် သူတစ်ယောက်တည်းသာ အောင်မြင်သေး၏။

"မျိုးဆက်သစ်လူငယ်တွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ဖောက်ခွဲကောင်းကင်ဂိုဏ်းကတော့ နောက်ထပ် ကောင်းကင်အရှင် ကျင့်ကြံသူတစ်ယောက် ထပ်ရတော့မယ်။"

ကောင်းကင်အဓိပတိ တစ်ယောက် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းတွင် ပါဝင်လိုက်ခြင်းဖြင့် ကျန်းဟိုင်မြို့၏ အလုံးစုံ ခွန်အားသည်လည်း အလွန်တိုးတက် ကောင်းမွန်လာပေလိမ့်မည်။

၎င်းသည် သူတို့အား အနာဂတ်တွင် ရှိလာဦးမည့် သားရဲနတ်အရှင် ဂိုဏ်း၏ ကျူးကျော်မှုကို တွန်းလှန်ရန်လည်း အခွင့်အလမ်း ပိုများစေမည် ဖြစ်သည်။

"ကောင်းတဲ့ အတိတ်နိမိတ်ပဲ ဒီနဂါးအစစ်အမှန်က ထင်ရှားတဲ့ နိမိတ်ကောင်းတစ်ခု ဆိုတာ သေချာတယ်!"

လောင်လီသည် အဖြူရောင်မျက်ခုံးကို ပင့်တင်ကာ လီကျစ်ရွှမ်းတို့ကို လက်ဝှေ့ယမ်းပြကာ ကျယ်လောင်စွာ တိုက်တွန်းလိုက်သည်။

"သွားကြစို့ ငါ့နောက်က မြန်မြန်လိုက်ခဲ့ကြ။ အခု ငါတို့က အဲ့နားကပ်သွားရင် အကျိုးရှိနိုင်တယ်။"

"ကောင်းပြီ!"

“ကောင်းပြီ!”

နောက်အခိုက်၌ သုံးယောက်သား ဖျပ်ခနဲ ပျောက်ကွယ်သွားကြသည်။

ထိုအချိန်တွင် ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာကာ ညနေ နေရောင်ကို ရောင်ပြန်ဟပ်နေသော ဆည်းဆာလည်း ပျောက်ကွယ်သွားပေပြီ။ မိုးရေများသည် ကောင်းကင်မှ သဲသဲမဲမဲ ရွာချနေသော်လည်း ဖုဟိုင်ဗီလာ ဧရိယာအထက်ရှိ ကောင်းကင်မှာမူ မိုးလင်းနေသည့်ပမာ တောက်ပနေခဲ့သည်။

ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ကြီးအား သိမ်းပိုက်ထားလေ၏။

……………

အဝေးပြေး လမ်းမကြီးပေါ်၌။

နေသည် မိုးကုပ်စက်ဝိုင်းအောက်မှာ နစ်မြုပ်သွားပြီးနောက် လက မြင့်တက်လာချေပြီ။ နီယွန်မီးပေါင်း မြောက်များစွာသည် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ရပ်တန့်နေကြရ၏။

ထိုစဥ် ကောင်းကင်နဂါးမင်းကြီး ဆင်းသက်လာကဲ့သို့ မိုးက သည်းထန်စွာ ရွာသွန်းချလာခဲ့သည်။ ရှည်လျားသော ဟောက်သံ သို့မဟုတ် မိုးခြိမ်းသံများသည် ပြည်သူအားလုံး၏ အာရုံကို ဖမ်းစားပစ်လေ၏။ သို့ဖြင့် လူတိုင်းသည် ကားပေါ်က ဆင်းလာပြီး ဖုန်းကို ထုတ်ကာ ထုံးစံအတိုင်း ဤခမ်းနားသော မြင်ကွင်းကို ရိုက်ကူးနေကြတော့သည်။

"ကောင်းကင်မှာ ဘာဖြစ်နေတာလဲ!"

"ရွှေရောင်တွေ!"

"နဂါးအစစ် ပေါ်လာတာများလား ဒါက ကောင်းတဲ့လက္ခဏာပဲ"

"သူတို့တွေ မျိုးတုံးသွားတာ ကြာပြီ မဟုတ်ဘူးလား? ငါအမြဲတမ်း ဒဏ္ဍာရီတစ်ခုပဲလို့ ထင်ခဲ့တာ။"

"ဖုဟိုင်လူနေအိမ်ရာဘက်ကမလား။ အဲဒီနေရာက ဖုန်းရွှေ တော်တော်ကောင်းတဲ့ နေရာတစ်ခုဟ။"

"ဒီတစ်ခါတော့ တကယ့်ရေတိမ်ပိုင်းထဲမှာ တကယ့်နဂါးကြီး!!"

"လေကပြင်းလိုက်တာ ငါ့ကားပြတင်းပေါက်တွေ မပိတ်ရသေးဘူးဟ!"

ဝူး!

အနက်ရောင်လေးကို ကိုင်ဆောင်ထားသူ တစ်ဦးသည် ဖုဟိုင်ဆီသို့ တိုက်ရိုက် ဦးတည်ပြေးသွားလေ၏။ ၎င်း၏အရှိန်သည် အလွန်ကြီးမားသောကြောင့် ပို၍ ပြင်းထန်သောမုန်တိုင်းကို လှုံ့ဆော်ပေးသလိုပင် ဖြစ်သွားခဲ့သည်။

ဝုန်း!!

တံတားပေါ်မှ မိုးစက်များသည် ခေတ္တမျှ ကြည်လင်လာပြီး နှစ်ဖက်စလုံးသို့ ပျံ့နှံ့သွားလေသည်။ ထိုအခိုက် အမိအရ မကိုင်ထားနိုင်သော လူများသည် ၎င်းတို့၏ လက်ကိုင်ဖုန်းကို ဆုံးရှုံးသွားကြသည်။

လျိုဝူရွှမ်းသည် မိုင်ထောင်ပေါင်းများစွာမှ အပြေးအလွှား လာရသောကြောင့် ၎င်းတို့၏ဖုန်းများကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်ပြီး အပြစ်ရှိကြောင်း ခံစားရသော်လည်း သူ့တွင် ရပ်နေရန် အချိန်မရှိပေ။

ယခုအချိန်မှာ ထိုနေရာကို အပြေးသွားဖို့ကလွဲ၍ ဘာတစ်ခုမျှ အရေးမကြီးချေ။ သူ ရှေ့ကို မျှော်ကြည့်လိုက်သောအခါ ထိုနေရာမှ ထွက်လာသော ရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။

"ကောင်းကင်အရှင်ရဲ့ အဓိပတိခန္ဓာ!"

သူ အမြင် မမှားကြောင်း လုံးဝသေချာသည်။

သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် နှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့သည်။ ဤမြင်ကွင်းကို ယခင်က တစ်ကြိမ်မျှ မမြင်ဖူးသော်လည်း မုန့်ထျန်းရွှမ်၏ အဓိပတိခန္ဓာ လက္ခဏာများကိုတော့ မြင်ဖူးပါ၏။

ထိုရောင်ဝါသည် အံ့သြတုန်လှုပ်ဖွယ် ကောင်းသည့်အပြင် မြေအဓိပတိများထံမှ ပေါ်ထွက်လာသော ကောင်းကင်ရောင်ဝါ ဖြစ်စဉ်ထက် အဆပေါင်းများစွာ အံ့သြဖွယ်ကောင်းလေသည်။

"ဒါ ကောင်းကင်အရှင် နယ်ပယ်ပဲ!"

လျိုဝူရွှမ်းသည် တစ်ဖက်တစ်ချက်စီတွင် အရှိန်အဟုန် ပြင်းပြင်းဖြစ်လာသော ရှုခင်းကို သတိမမူမိဘဲ သူ၏အိုမင်းသော မျက်နှာပေါ်၌ စိတ်လှုပ်ရှား ပျော်ရွှင်မှုများက တောက်ပနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ချင်းယန် ပြောခဲ့သော စကားကိုလည်း ပြန်လည် သတိရသွားသည်။

"ဂိုဏ်းချုပ်လေး ကောင်းကင်အဓိပတိကို ထိုးဖောက်နေပြီ!"

……….

ဖုဟိုင် လူနေအိမ်ရာ ဧရိယာအထက်၌။

ရွှေရောင်တိမ်တိုက်များက ကျယ်ပြောလှသော ညကောင်းကင်ကို ဖြန့်ကျက်ကာ မိုးခြိမ်းသံနှင့်အတူ နတ်ရောင်ဝါများ ဖြာထွက်နေသည်။ တစ်ဆက်တည်းလိုလို သက်တံ့တံတားတစ်စင်း ကောင်းကင်ကို ဖြတ်ပြေးသွား၏။

"နည်းနည်း လိုသေးတယ်"

အချိန်အနည်းငယ် ကြာပြီးနောက် ချင်းယန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများသည် ရှေးခေတ်နဂါးကြီး၏ ဒေါသအမျက်ထွက်နေသည့် အလင်းတန်းများကဲ့သို့ ရွှေမှုန်များ ဖြာထွက်နေ၏။ သူ့အကြည့်များ တောက်ပလာသလို သူ့ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုများကလည်း ပိုသိသာလာပါသည်။

ရှေးခေတ်က ခေါ်သံ၊ အမည်မသိ မင်းဆက်အချို့မှ ဘိုးဘေးများ၏ မိုးရေကြားက ဆုတောင်းသံများကို ကြားလိုက်ရသည်။

စစ်မှန်သောနဂါး၏ ပုံစံသည် ကောင်းကင်သို့တက်သွားပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ဆိုရိုးစကားရှိလေ၏။ တိမ်က နဂါးနောက်လိုက်သလိူ လေက ကျားနောက် လိုက်သည်။ ဤအခိုက်အတန့်တွင် ကျန်းဟိုင်မြို့ကို ဗဟိုပြု၍ ကျယ်ပြန့်သွားသော တိမ်တိုက်များသည် နိယာမစွမ်းအင်တချို့ထံမှ ထိမိသွားသကဲ့သို့ ရွှေ့ပြောင်းသွားကြသည်။

နှင်းဆီရောင် တိမ်တိုက်များက ကောင်းကင်ကို တဖြည်းဖြည်း အရောင်ဆိုးလာကာ တိမ်ပင်လယ်ကြီး အတွင်း၌ ရင်သပ်ရှုမောဖွယ် ရေဝဲဂယက်များ ဖြစ်ပေါ်လာစေခဲ့သည်။

ခမ်းနားထည်ဝါသော တိမ်ပင်လယ်ကြီး အောက်မှာ နိုင်ငံသားများကလည်း ပိုပိုပြီး စုဝေးလာကြသည်။ မိုးသည် သည်းထန်စွာ ရွာသွန်းချနေပြီး ကောင်းကင်အထက်၌ တိမ်မည်းများ ထူထပ်နေသလို ရွှေနဂါးကြီးကလည်း သူတို့ခေါင်းအထက်၌ လှည့်ပတ် ပျံ့သန်းနေ၏။

လူတိုင်းသည် ချက်ချင်း ဒူးထောက်လိုက်ကြကာ ၎င်းအား နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ကြိုဆိုကုန်ကြလေသည်။

All Chapters