အားကြီးသော နဂါး၏ ဟောက်သံ
Vol. 21 Ch. 310
ဖုဟိုင်လူနေအိမ်ရာ အထက်၌။
မီးခိုးရောင် တိမ်တိုက်များသည် ကောင်းကင်တစ်ခွင် ပြည့်နေပြီး မိုးကလည်း သည်းထန်စွာ ရွာနေသည်။
ဧရာမသတ္တဝါကြီးသည် တိမ်များကိုဖြတ်၍ လွင့်ပျံသွားကာ တိမ်ပင်လယ်ထဲ၌ လွတ်လပ်စွာ ကူးခတ်နေပြီး ၎င်း၏ ရွှေရောင်အကြေးခွံများသည်လည်း တလတ်လတ် တောက်ပလျက်ရှိ၏။ မိုးရေစက်များကြောင့် လမ်းမများပေါ်၌ မှုန်ဝါးဝါး ဖြစ်နေခဲ့သည်။
မိုးသား ကန့်လန့်ကာသည် ကောင်းကင်မှ ရေတန်ချိန်ထောင်ပေါင်းများစွာ သွန်ချလိုက်သကဲ့သို့ တဝုန်းဝုန်း အသံမြည်နေသည်။
စုရုံးနေသော နိုင်ငံသားများသည် ထီးများကိုင်ဆောင်ကာ လမ်းများပေါ်တွင် စုဝေးနေခဲ့ကြသည်။ အားလုံးသည် ကောင်းကင်ကို မျှော်ကြည့်နေကြပြီး ထိုမြင်ကွင်းကြောင့် စကားမပြောနိုင်လောက်အောင် ဆွံ့အနေခဲ့ကြ၏။
ကောင်းကင်က နဂါးကြီးသည် တိမ်များကို ဖြတ်ကျော်ကာ ကြယ်များနှင့် လတို့ကိုပင် ဖုံးကွယ်ပစ်ခဲ့သည်။
ထိုသို့သော ဒဏ္ဍာရီလာ မြင်ကွင်းကို ရိုးရာပုံပြင်များနှင့် ဒဏ္ဍာရီမှတ်တမ်းများတွင်သာ မြင်တွေ့နိုင်သည်။
"တကယ့်နဂါးအစစ်ကြီး ဒါ တကယ့်ကောင်းတဲ့ နိမိတ်တစ်ခုပဲ!"
"ဝိုး!"
"ကျန်းဟိုင်က သေးငယ်လွန်းတဲ့ နေရာလို့ ဘယ်သူကပြောလဲ။"
“မိုက်တယ်!”
"ဟေး ငါ့ရဲ့ ကျင့်ကြံမှုက ပေါ့ပါးသွားသလိုပဲ မင်းတို့ရော အဲ့လိုခံစားရလား"
…
ကျယ်လောင်သော ဆွေးနွေးမှုများကြားတွင် နိုင်ငံသားအများအပြားသည် ရွှံ့ဗွက်အိုင်များကို လျစ်လျူရှုကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ ထို့နောက် ကောင်းကင်ဘုံရှိ နဂါးကြီးကို တိုက်ရိုက် ဦးညွှတ်ကာ အနာဂတ်ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေကြသည်။
ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော ကောင်းကင်မြင်ကွင်းသည် သက်ရှိအားလုံးကို လက်အောက်ခံစေသလို ဦးညွတ်စေနိုင်၏။
"ဒါက ကောင်းကင်နဂါးရဲ့ ရုပ်သဏ္ဌာန်မလား"
လျိုဝူရွှမ်းသည် အိမ်ကြီးတစ်ခုအထက်တွင် ရပ်ကာ ဤအံ့မခန်းသော မြင်ကွင်းကို မျှော်ကြည့်ရင်း ပြည်သူများနည်းတူ အံ့သြတုန်လှုပ်သွားမိသည်။
မြင့်မြတ်သော မဟာမိတ်ခေါင်းဆောင်ကြီး ကောင်းကင်အရှင် နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်စဥ်က ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကို သူ အတော်လေး အံ့သြခဲ့ရ၏။ သို့သော် ၎င်းကို သူ့မျက်စိဖြင့် မြင်မှသာလျှင် ထိုနယ်ပယ်၏ နက်နဲသော အရာကို အမှန်တကယ် ခံစားနိုင်ကြောင်း နားလည်သွားသည်။
ထိုနေရာ၌ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ စုစည်းနေသကဲ့သို့ပင်။
မဟာမိတ်ခေါင်းဆောင်ကြီးသည် ကောင်းကင်အရှင် ကျရောက်လာတိုင်း အနီးပတ်ဝန်းကျင်ရှိ နိယာမစွမ်းအင်များအပေါ် သိသိသာသာ သက်ရောက်မှုရှိလိမ့်မည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။
ယခုအချိန်တွင် ဖုဟိုင်လူနေအိမ်ရာ တစ်ဝိုက်၌ အတိအကျ ဖြစ်ခဲ့ပေပြီ။ လျိုဝူရွှမ်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဆောင်းဦးပေါက်ခါနီးသော်လည်း မြက်ပင်နှင့် သစ်ပင်ပေါင်းစုံကပန်းများ ပွင့်လန်းနေပြီး မိုးရေထဲမှာ လွတ်လွတ်လပ်လပ် ကြီးထွားနေကြ၏။
“ဒါက ဉာဏ်အလင်းရဖို့ အခွင့်အရေးပဲ…”
လျိုဝူရွှမ်းသည် ဤအချက်ကို သဘောပေါက်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာပီတိဖြစ်ကာ သင့်လျော်သော နေရာတစ်ခုကို စတင်ရှာဖွေတော့သည်။
ယခု သူသည် ချင်းယန်နှင့် အလွန်နီးကပ်နေပြီဖြစ်သောကြောင့် ဉာဏ်အလင်းရရှိရန် အကောင်းဆုံးအချိန် ဖြစ်သည်။ နတ်နဂါးထံမှ စွမ်းအားများ တိုးလာလျှင် သူသည်လည်း နောက်ထပ် နယ်ပယ်တစ်ခုသို့ တက်လှမ်းရန် အခွင့်အရေး ရလိမ့်မည်။
နေရာရှာပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ အထက်သို့ မျက်နှာမူရင်း ကောင်းကင်နှင့်မြေကြီး၏ ကြယ်စွမ်းအင်များကို လောဘကြီးစွာ စုပ်ယူလိုက်သည်။
နောက်အခိုက်၌။
ဝုန်း!
လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ စုစည်းလာသည်။
လက်ရှိ၌ မိုးရေသည် အရာခပ်သိမ်း၏ အသက်စွမ်းအားဖြစ်လာပြီး ၎င်းတွင် စွမ်းအင်များစွာပါရှိသည်။ လွတ်သွားမှာကြောက်၍ လျိုဝူရွှမ်းဟာ ကြယ်စွမ်းအင် အတားအဆီးကိုပါ ဖွင့်ပစ်ပြီး သူ့ခန္ဓာကိုယ်ပေါ် မိုးရေစက်များအား ကျဆင်းခွင့် ပေးလိုက်သည်။
ပြီးသည်နှင့် သူ့ခန္ဓာကိုယ်တွင်းရှိ ကြယ်စွမ်းအင်များ တိုးလာသည်။ ကမ်းပါးများကို ရိုက်ခတ်နေသော လှိုင်းကြီးကဲ့သို့ပင်။ ကြယ်စွမ်းအင်များသည် သူ၏ ကျင့်ကြံမှုဆိုင်ရာ ပိတ်ဆို့မှုများကို မဆုတ်မနစ် တိုက်ခိုက်နေချေပြီ။
ထိုစဥ် လျိုဝူရွှမ်းသည် ရွှင်လန်းသော အမူအရာဖြင့် ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်သည်။ သူဟာ ဤများပြားလှသော ဝိညာဉ်စွမ်းအင်များ စုစည်းနေသည့် ကောင်းချီးပင်လယ်ကို ဗဟိုပြုထိုင်နေခဲ့သောကြောင့် ကျင့်ကြံမှုကလည်း အရှိန်မြှင့်လာပုံရသည်။
ကောင်းကင်က အဆက်မပြတ် ဟောက်သံများကြားတွင် လျိုဝူရွှမ်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို မဆင်မခြင် စုပ်ယူပစ်လိုက်သည်။
သူ၏ ကျင့်ကြံမှုနယ်ပယ်ရှိ အတားအဆီးများ ကွဲအက်သွားသံကိုပင် မှုန်ဝါးဝါး ကြားလိုက်ရသည်။ မရေမတွက်နိုင်သော သံကြိုးများ၏ ချည်နှောင်မှုများမှ လွတ်မြောက်လာသောကြောင့် ကြီးမားသော ကြယ်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်း စုစည်းကာ အရိုးများနှင့် ကြွက်သားများ၏ တစ်လက်မတိုင်းကို ပြောင်းလဲလာစေ၏။
သို့သော် သူ၏စိတ်တည်ငြိမ်မှု ပြန်မရနိုင်သေးခင် တဟုန်းဟုန်း တိုက်ခတ်လာသော လေနှင့် မိုးများကြားတွင် အလင်းရောင်တစ်ခုသည် လျှပ်တစ်ပြက် အတွင်း နေ့တစ်နေ့ပမာ လင်းထိန်သွားစေခဲ့သည်။ သူသည် ပေပေါင်းများစွာအကွာမှ သူ၏ အာရုံခံအကွာအဝေးသို့ လျင်မြန်စွာ ဝင်ရောက်လာသော ရင်းနှီးကျွမ်းဝင်သော ရောင်ဝါသုံးခုကို ချက်ချင်း ခံစားလိုက်ရသည်။
“အကြီးအကဲ လျိုဝူရွှမ်း…”
သူ့နောက်ကနေ အသက်ကြီးသူ၏ အသံတစ်သံ ထွက်လာ၏။ သူ ချာကနဲ လှည့်ကြည့်လိုက်တော့ လောင်လီသည် လီကျစ်ရွှမ်းနှင့် လီချင်းဟဲတို့ကို ဦးဆောင်လာနေတာ တွေ့လိုက်ရသည်။ သူတို့သည်လည်း အချိန်မဆိုင်းဘဲ သူအနား ရောက်လာကြကုန်၏။
လီကျစ်ရွှမ်း: "အကြီးအကဲလည်း ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်မတို့ရောက်ပြီးရင် အခြေအနေကို အရင်စစ်ဆေးဖို့ စီစဉ်ထားတာ ပြီးမှ ရှင့်ကို အကြောင်းကြားမလို့..."
"ဟားဟား တိုက်ဆိုင်လိုက်တာ!"
လျိုဝူရွှမ်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံက မိုးရေထဲမှာ ပဲ့တင်ထပ်နေလေ၏။
"ဒီရောင်ဝါပေါ်လာတာနဲ့ ငါလည်း ချက်ချင်းပြေးလာတာ။ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက ဒီမှာ ပေါက်ဖွားလာတာလေ အဲဒါကို ငါလက်လွတ်မခံနိုင်ဘူး။ မင်းတို့ ရောက်လာတဲ့အချိန်ကလည်း ကွတ်တိပဲ..."
လျိုဝူရွှမ်းက သူ့ဘေးနားရှိ နေရာလွတ်များကို ညွှန်ပြလိုက်သည်။
"မင်းတို့အားလုံးအတွက် နေရာတွေရှိတယ် နောက်ထပ် ကြယ်စစ်သည်တွေလည် ရောက်လာမှာ သေချာတယ် ဒီနေရာက မကြာခင် ပြည့်တော့မှာ!"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ လျိုဝူရွှမ်း"
လောင်လီက ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဆရာတူအစ်ကိုကြီး ဘယ်လိုနေလဲ သိချင်လိုက်တာ..."
မိုးရေထဲက လီကျစ်ရွှမ်းသည် ဗီလာဆီသို့ မျှော်ကြည့်ကာ သူမ၏ ကြယ်စွမ်းအင်အချို့ကို ဖြန့်ခွဲရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ် မိုးရေစက်များ ကျဆင်းလာသောအခါ ကောင်းကင်က ရောင်ဝါကိုပါ သိသိသာသာ ခံစားလိုက်ရ၏။
“ကောင်းကင်ဘုံကို ဖြတ်ကျော်ဖို့ တော်တော်ခက်မှာပါ…”
လျိုဝူရွှမ်း: "စိတ်ချပါ ဂိုဏ်းချုပ်လေးက ပါရမီရှင်ပဲ။ သူဖြတ်ကျော်ဖို့ ကြံရွယ်ထားတယ် ဆိုမှတော့ စေ့စေ့စပ်စပ် ပြင်ဆင်မှုတွေ လုပ်ထားမှာပဲ ကျန်းဟိုင်မြို့တစ်ခုလုံးက ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ ကောင်းချီးတွေကနေ အကျိုးခံစားရမှာပါ...သူလည်း သေချာပေါက် အဆင်ပြေသွားမှာ။”
“ဟုတ်ကဲ့ ဒါဆိုရင်တော့ အကောင်းဆုံးပေါ့ အခုလူတွေလည်း စုနေကြပြီ..."
ထိုစဥ် လောင်လီသည် သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ကာ အဝေးမှ မြင်ကွင်းကို ပြန်ကြည့်နေ၏ယ ဖရိုဖရဲဖြစ်နေသော နိုင်ငံသားများကိုသာ မြင်လိုက်ရသဖြင့် သူ စိတ်မပူဘဲ မနေနိုင်ပေ။
"အခု လှုပ်ရှားမှုတွေနဲ့ စည်ကားနေပြီ။ မလွှဲမရှောင်သာတဲ့ ပရမ်းပတာတွေက ဒုက္ခတွေဆီကို ဦးတည်နေတတ်တယ် ဘာမှ မဖြစ်ပါစေနဲ့။"
လီချင်းဟဲ: "အဆင်ပြေသွားမှာပါ! ဦးစီးချုပ်က မြို့အပြင်ဘက်မှာ ယာယီစစ်ဆေးရေးဂိတ်တွေ ချထားပေးဖို့ ရဲတွေကို စေလွှတ်ထားပြီးသား အားလုံး စိတ်ချနိုင်ပါတယ်။" “
…….
ဖုဟိုင်လူနေအိမ်ရာ ပတ်လည်ဧရိယာတွင်။
သံချပ်ကာ ရဲကားများသည် အခင်းဖြစ်ပွားရာနေရာ၌ စည်းမျဥ်းစည်းကမ်းများအတိုင်း ထိန်းသိမ်းရန် သံမဏိခံစစ်စည်းများ ဖွဲ့ကာ တန်းစီမောင်းနှင်နေကြသည်။
အနီရောင်နှင့် အပြာရောင် မီးရောင်များသည် မိုးရေများအတွင်း တလတ်လတ် ရောင်ပြန်ဟပ်နေသည်။
ခန္ဓာကိုယ်ထွားကျိုင်းသော အရာရှိများသည် ရှေ့တန်းတွင် ရပ်နေကာ စည်းမျဥ်းစည်းကမ်းကို လုံ့လစိုက်ထုတ်ကာ မလိုလားအပ်သော ထိတ်လန့်ခြင်းများကို တားဆီးနေကြ၏။ ရှည်လျားသော ဥဩမြည်သံများ ဆိုလျှင် လေထဲတွင် ပြည့်နှက်နေလျက်။
သို့သော်လည်း လူအများ၏ စိတ်အားထက်သန်မှုကို မဟန့်တားနိုင်ခဲ့ချေ။ သည်းထန်စွာ ရွာသွန်းချသော မိုးသည်လည်း ထိုအော်သံများနှင့်အတူ အလွန်အမင်း ဆူညံ့နေ၏။
ကောင်းချီးကံကြမ္မာက ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပေပြီ။ ထို့ကြောင့် နီးလေလေ ကံကောင်းလေလေပဲ ဖြစ်ကာ ဤအခွင့်အရေးကောင်းကို မည်သူမျှ လက်လွတ်မခံချင်ကြချေ။
"ကံကောင်းခြင်းကို ရှာဖွေပြီး ကံဆိုးခြင်းက ရှောင်ကြဉ်ချင်တာက လူ့သဘာဝပဲ"
လျိုဝူရွှမ်း ရေရွတ်ရင်း ချင်းယန်၏အိမ်ရှိရာဘက်ဆီသို့ လှည့်ကြည့်လိုက်ကာ သူ၏မျက်လုံးများထဲတွင် မနာလိုမှု အရိပ်အမြွက်များ ပြသလာတော့သည်။
“ရေနဲ့နီးတဲ့သူတွေက လကို အရင်ရကြတယ်တဲ့။
ဂိုဏ်းချုပ်လေးရဲ့ မြေခွေးလေးက အကြီးမားဆုံး အကျိုးခံစားခွင့် ရသူပဲ..."