ရှောင်ပိုင် ဂိုဏ်းဆရာနယ်ပယ် ဖြတ်လို့ လီကျစ်ရွှမ်းက ထိုးထွင်းသိမြင်မှု ရသွားတယ်
Vol. 21 Ch. 312
တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်းယန်သည် အရှိန်မြှင့် အွန်လိုင်းဆွေးနွေးမှုများကို အာရုံစိုက်ရန် ပျင်းရိလွန်းသွားသဖြင့် ဖုန်းကို ပစ်ချလိုက်သည်။
လူတွေ သူတို့လိုချင်တာကို ပြောပါစေ လုပ်ပါစေ သူနဲ့ ဘာဆိုင်လို့လဲ။
စိတ်လှုပ်ရှားတာက သူတို့ပဲလေ။
ငြိမ်သက်ခြင်းနှင့် တိတ်ဆိတ်ခြင်းကသာ သူ့အတွက် ပိုအရေးကြီးလှသည်။
ချင်းယန်သည် သူ၏သတင်း အွန်လိုင်း၌ အသွားအလာ များပြားလာခြင်းကြောင့် အကျိုးအမြတ်ရဖို့ မစဥ်းစားဖူးပေ။ ဤလူများသည် တစ်ပတ်မပြည့်ခင်မှာပင် ဤကိစ္စအား မေ့လျော့သွားကြပေလိမ့်မည်။
ချင်းယန်သည် သူ၏ စိတ်အစဥ်အတိုင်းသာ ငြိမ်သက်နေပြီး ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်နေသည်။ ပြင်ပလေထုကြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်ကို သူသတိပြုမိလိုက်ပြီးမှ အချိန်ကို တွက်ချက်ကြည့်လိုက်သည်။
"လျိုဝူရွှမ်း နဲ့ တခြားသူတွေ... အခုအချိန်ဆို သူတို့ရဲ့ ထိုးထွင်းသိမြင်မှုတွေကို ပြီးမြောက်သင့်ပြီမလား?"
ဤနဂါး၏အစွမ်းသတ္တိ ထင်ရှားပြီးနောက် ကျန်းဟိုင်မြို့ရှိ ကြယ်စစ်သည်များအားလုံး အားကောင်းလာမည် ဖြစ်ပြီး ၎င်းတို့၏ ခွန်အားများ သိသိသာသာ တိုးလာမည်။ လျိုဝူရွှမ်း ကဲ့သို့သော သူများသည်တော့ ပို၍ပင် အကျိုးရှိမည်မှာ သေချာပါ၏။
"သူတို့က ထူးထူးခြားခြား အရည်အချင်းတွေ ရှိပြီး ဗဟုသုတအများကြီးကို နားလည်နိုင်စွမ်းရှိတဲ့ အဓိပတိနယ်ပယ်က ထိပ်တန်းတွေ ဖြစ်လာမှာပဲ!"
ဤသည်က သေချာပေါက် ကောင်းသည့်အရာပင်။
"မဆိုးပါဘူး မဆိုးပါဘူး"
ချင်းယန် ၎င်းကို တွေးတောရင်း ကျေနပ်သွားသည်။ သူတို့ ခွန်အားများက တိုးလာနေချေပြီ။ သို့သော်လည်း ကြယ်တာရာအစီအရင်ပုံကြမ်းက ရှိသေးသည်။ ချင်းယန်၏ အစီအစဉ်များမှာ အရင်းရှင် ခေါင်းပုံဖြတ်မှုများအထိပါ ပါဝင်နေလေ၏။
ထိုအခိုက် အလွန်ရိုင်းစိုင်းကြမ်းတမ်းသော ရောင်ဝါတစ်ခု ရုတ်တရက် ပျံ့လွင့်လာသည်။
"အိုး ရှောင်ပိုင် နိုးလာပြီလား"
ချင်းယန် မျက်ခုံးပင့်ကာ ဆိုဖာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာရှိ ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ရှောင်ပိုင်သည် ပန်းပွင့်ဝတ်စုံကို ၀တ်ဆင်ထားပြီး တင်ပျဉ်ခွေထိုင်လျက် ရှိ၏။ သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံ အနည်းငယ်မြန်နေကာ သူမ၏မျက်နှာမှာ အနည်းငယ် နီမြန်းလာသည်။ အရေးကြီးသော အခိုက်အတန့်ကို ရောက်နေကြောင်း ချင်းယမ် နားလည်သဘောပေါက်လိုက်သည်။
နောက်ဆုံး နဂါးစွမ်းအင်က သူမ၏နှာခေါင်းပေါက်ထဲသို့ ပြည့်လျှံသွား၏။
နောက်အခိုက်၌။
*ဗုန်း!*
ပြင်းထန်သော ရောင်ဝါသည် ရုတ်ခြည်း ကျုံ့သွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လုံးလုံး စုစည်းနေသည်။ သူမ၏သေးငယ်သော နယ်မြေလေးမှာ အနည်းငယ်တုန်ခါသွားပြီး ပို၍ပင်အားကောင်းသော ဝိညာဥ်စွမ်းအင် စီးဆင်းမှုများကို သဲကြီးမဲကြီး စုပ်ယူနေတော့၏။
*ဝုန်း!!!!*
ရှောင်ပိုင် သူမ၏မျက်လုံးများကို ဖျပ်ခနဲ ဖွင့်လိုက်သည်။ စူးရှပြီး ကြောက်ရွံ့ ထိတ်လန့်စရာကောင်းသော ရောင်ဝါတစ်ခု သူမကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ သူမ ဝမ်းသာအားရဖြင့် ဆိုဖာပေါ်မှ ခြေဖျားထောက်ကာ ခုန်ထလိုက်သည်။
"အဆင့်တက်ပြီ!"
ဧကရာဇ်အဆင့်ရှိ ကြယ်သားရဲ တစ်ကောင်သည် လူသားမျိုးနွယ်၏ ဂိုဏ်းဆရာနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်။ တလီတောင်တန်း တစ်ခုလုံးမှာတောင် ဧကရာဇ်အဆင့် သားရဲဟာ အလွန်ရှားပါးပေ၏။
ယခု သူမသည် သူမ၏နယ်ပယ်ကို ဖြတ်ကျော်သွားသောကြောင့် မြေခွေးမျိုးနွယ်က အဘွားတစ်ဦးဖြစ်ရန် အရည်အချင်း ပြည့်မီပြီး သူမ၏အဆင့်အတန်းမှာ အထူးကောင်းမွန်လာပေပြီ။
ရှောင်ပိုင်၏ ထက်မြက်သော သွားများသည် ကိုက်ခဲနေသော်လည်း သူမ၏ မျက်လုံးများက ပို၍ပင် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ အပြုံးနှင့် လှည့်ကြည့်တိုင်းသည် စွဲမက်ဖွယ်ကောင်းသည်။ သူမ၏ နူးညံ့သော ရယ်မောသံနှင့်အတူ နှင်းဖြူမြေခွေးအမြီး၏ လှုပ်ယမ်းနေကာ ကြာပန်းကဲ့သို့ပင်။
သူမအတွင်းက တောရိုင်းသဘာဝများ ပေါက်ကွဲတော့မှာမို့ ဖိနှိပ်ဖို့ မဖြစ်နိုင်တော့ချေ။
"ဒီနတ်သမီး တစ်အိမ်လုံးကို ဖြိုခွဲပစ်မယ်!"
သူမ၏သခင် မရှိခြင်းကို အခွင့်ကောင်းယူ၍ ပန်းနုရောင်လျှာကို ညှစ်ထုတ်ကာ သွားများကို သပ်လိုက်သည်။ အကယ်၍ ချင်းယန် ထွက်လာလို့ အိမ်ထဲမှာ ရှုပ်ပွနေတာကိုမြင်လျှင် ၎င်းမှာ နဂါးလှိုင်းကြောင့်သာ ဖြစ်မည်။ အပြင်မှာလည်း မုန်တိုင်းတိုက်ခတ်ကာ မြေကြီးကလည်း လှုပ်နေခဲ့သောကြောင့် မေးခွန်းထုတ်လျှင် နဂါး၏ အပြစ်သာ ဖြစ်သွားမည်။
"ဟီးဟီး ဒီနတ်သမီးက မယုံနိုင်လောက်အောင် ထက်မြက်တာပဲ!"
သို့သော် ရှောင်ပိုင် မသိသည်မှာ သူမအနောက်တွင် ချင်းယန်တစ်ယောက် သူ့ရောက်ရှိနေမှုကို ဖုံးကွယ်ကာ အရာအားလုံးကို တိတ်တဆိတ် နားထောင်နေခဲ့ခြင်းပင်။
သူ မျက်မှောင်ကြုတ်လိုက်သည်။
သားရဲ-ကျွန်အချိတ်အဆက်ဖြင့် သူနှင့် ရှောင်ပိုင်တို့သည် တစ်စိတ်တစ်ပိုင်းတည်း ဖြစ်နေပြီဖြစ်သည်။ သူမ၏ အစီအစဥ် အသေးအမွှားများကို ကောင်းစွာမြင်နေပြီးပြီ။
ဒါပေမယ့်…အိမ်ကို ဖျက်မလို့လား။ နိုးလာတာနဲ့ အိမ်ကိုဖျက်စီးဖို့ စီစဉ်နေပြီလား။
ချင်းယန် နဖူးပေါ်မှ ချွန်ထက်သော ချိုနှစ်ချောင်း၏ အရိပ်များ ပေါ်ထွက်လာ၏။ နဂါးရောင်ဝါသည် ရှောင်ပိုင်ကို ပြင်းထန်စွာ ရိုက်ခတ်ကာ လူသတ်ချင်နေသည့် အသွင်အပြင်ကို ချက်ချင်း ထုတ်ပြလိုက်သည်။
"အား...!"
ရှောင်ပိုင်ခမျာ ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး ပျော်ရွှင်နေသည်များလည်း ကြက်ပျောက်ငှက်ပျောက် ကွယ်ပျောက်သွားတော့သည်။
သူမ မျက်လုံးလေးများ ချက်ချင်းပင် ကြည်လင်သွား၏။ သို့သော် မကျေနပ်သော အရိပ်အမြွက် သယ်ဆောင်လာဆဲ။
“???”
သူမ အံ့အားသင့်စွာ ခေါင်းလှည့်လိုက်ရာ ချင်းယန်သည် သူမနောက်တွင် တိတ်တဆိတ် ရပ်နေနေသည်ကို တွေ့လိုက်ရသည်။
"သခင် ဘယ်တုန်းက ထွက်လာတာလဲ ဒီမြေခွေးကို ရိုက်ဖို့ ထွက်လာတာလား။"
သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာကာ နှုတ်ခမ်းများမှာ မကျေမနပ်ဖြစ်ကာ စူလာကာ ဆိုဖာပေါ်မှ တုံ့ဆိုင်းစွာ ပြန်တက်သွားသည်။
"ဒီနတ်သမီး ပျော်နေတာ မှားလား!"
"ကျစ် ဒါကို မင်းကပျော်တယ်လို့ ခေါ်တာလား ငါသာ စောစောမလာခဲ့ရင် မင်း ဒီအိမ်ကို ဖြိုချပစ်လောက်ပြီ!"
"အမ်..သခင်. အကုန်လုံး ကြားသွားတာလား"
ထိုစကားကို ကြားသည်နှင့် ရှောင်ပိုင်၏ နှလုံးသားလေး ဆောင့်ခုန်သွားပြီး သူမချက်ချင်း အားနည်းသွားသလို ခံစားလိုက်ရသည်။ သူမ၏ ယရင်က မာနကြီးမိတာကို သတိရကာ မြေခွေးတစ်ကိုယ်လုံး မကျေမနပ် ဖြစ်လာ၏။
“…”
ချင်းယန် သူမအား လျစ်လျူရှုပြီး စိတ်ဆိုးသော လေသံဖြင့် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
“သခင်ရယ်… စိတ်မဆိုးပါနဲ့”
ဒါကိုမြင်တော့ ရှောင်ပိုင်တစ်ယောက် ချင်းယန်၏နံဘေးသို့ ကပ်လာပြီး သတိထားကာ သူ့ပခုံးကို ပုတ်လိုက်သည်။
"သခင် ဒီနတ်သမီးက လူသားတွေရဲ့ ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်သွားခဲ့ပြီလေ!"
သူမစ ကားပြောနေစဉ်တွင် သူမအမြီးကို ဆွဲကိုင်ကာ ချင်းယန်ရှေ့သို့ လှည့်ပြလိုက်သည်။ သူမ၏ ပျော့ပျောင်းသော မြေခွေးအမြီးသည် သူ့မျက်နှာအနှံ့ ဖြီးဖြန်းနေသော ယပ်ခတ်ပေးနေသကဲ့သို့ ပေါ့ပါးစွာ ယိမ်းထိုးသွားသည်။
“ထိကြည််”
"ကျစ်"
ချင်းယန် ပျင်းရိစွာ သမ်းကာ လက်ဆန့်ထုတ်ရင်း မြေခွေးအမြီးကို ပွတ်သပ်လိုက်၏။
“မဆိုးပါဘူး ခံစားချက်က အရင်ကထက် ပိုကောင်းလာပြီ အရမ်းချောမွေ့တယ်”
"ဟီးဟီး သခင် သဘောကျလို့ ဝမ်းသာပါတယ် ဒီသားရဲကျွန်က သခင့်ရဲ့ ပခုံးတွေကို နှိပ်ပေးမယ်လေ။"
ချီးမွမ်းသံကို ကြားတော့ ရှောင်ပိုင်သည် ချင်းယန်၏ကျောပြင်ကို ချိုမြိန်စွာ ပွေ့ဖက်ကာ နှိပ်နယ်ပေးရင်း သူမ၏ခန္ဓာကိုယ်အတွင်းက ခံစားချက်ကို မျိုသိပ်လိုက်၏။ သူမ တိတ်တဆိတ် ဝမ်းသာသွားသည်။ သူမသာ သခင်နောက်ကို ဤကဲ့သို့ နေ့တိုင်းလိုက်နေရလျှင် အလွန် ကောင်းလိမ့်မည်။
…
တစ်ဖက်တွင်ရှိ ဖုဟိုင်လူနေအိမ်ရာ အပြင်ဘက်တွင်မူ လရောင်သည် အေးစက်နေပြီး ပတ်ဝန်းကျင်က အလွန်အမင်း တိတ်ဆိတ်လျက်ရှိသည်။
ဟိုဟိုဒီဒီ ကြည့်လိုက်သောအခါ ထိုင်နေခဲ့ကြသော ကြယ်စစ်သည်များ အသီးသီး နိုးလာကြတာ တွေ့လိုက်ရလေ၏။ သူတို့သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ မြေကြီးပေါ်မှ ခုန်ထရင်း အကြည့်ချင်းဖလှယ်နေကြသည်။ ပြီးသည်နှင့် တစ်ယောက်ပြီး တစ်ယောက် ကြည်နူးရွှင်မြူးလာကြသည်။
ဤအခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ တိုးလာကာ သူတို့၏သွေးများသည် အစိတ်အပိုင်းတိုင်းသို့ စီးဆင်းနေလျက် ရှိ၏။ လူတိုင်းဟာ သူတို့ခန္ဓာကိုယ် အတွင်းက အပြောင်းအလဲတွေကို သိသိသာသာ ခံစားနိုင်ကြလေသည်။
"ဟုတ်ပြီ မနက်ဖြန် စင်မြင့်ထက်မှာ ရာထူးတိုးတောင်းကြမယ် ညီအစ်ကိုတို့။"
"ငါတို့လည်း ကုမ္ပဏီကို ပြန်ရောက်ရင် သူဌေးကို လစာတိုးတောင်းလို့ရပြီ!"
"ခဏနေဦး တစ်ခုခုတော့ မှားနေသလိုပဲ မင်း ရာထူးတိုးရင် ငါလည်း ရာထူးတိုးမယ် ကျန်းဟိုင်မြို့ကလူတိုင်း ရာထူးတိုးခံရတယ်... ဒါဆို ဘယ်သူမှ ရာထူးမတိုးတာနဲ့ အတူတူပဲမဟုတ်ဘူးလား။"
"သေစမ်း...!"
"..."
ရုန်းရင်းဆန်ခတ်များကြားတွင် လေပြည်သည် သူမ၏အဝတ်အစားများကို လှုပ်ခတ်သွားကာ တိမ်ထူထပ်နေသော ရေကန်တစ်လျှောက် လှိုင်းလုံးကြီးများက ကြွလာခဲ့သည်။ လီကျစ်ရွှမ်းတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်ပြီး အနက်ရောင် ဆံပင်ရှည်များက လေထဲတွင် လှုပ်ယမ်းနေ၏။
သူမ၏ လှပသော မျက်နှာပေါ်တွင် လရောင်က လင်းလက်နေသည်။ လေထုသည် ဒါဇင်များစွာသော မီတာအချင်းဝက်အတွင်းက လေထုကို ရှင်းထုတ်ပစ်ရန် ကြံရွယ်ထားသော ဓားရောင်ဝါကို သယ်ဆောင်သွားလေသည်။
ထို့ကြောင့် လျိုဝူရွှမ်းနှင့် လီချင်းဟဲတို့သည် သူမကို ထိတ်လန့်တကြားကြည့်ကာ အဝေးတွင် ပြေးရပ်နေလိုက်ကြသည်။
"အကြီးအကဲ လျိုဝူရွှမ်း! လူတိုင် သူတို့ရဲ့ နားလည်နိုင်စွမ်းကနေ လွတ်မြောက်သွားပြီ၊ ဒါပေမဲ့ ရွှမ်းရွှမ်းက ဘာလို့ မပြီးသေးတာလဲ။"
လီချင်းဟဲ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"တစ်ခုခု ဖြစ်နေတာလား သူမ တစ်ခုခု ဖြစ်သွားရင် ကျွန်မမိသားစုကို ရှင်းပြနိုင်မှာ မဟုတ်ဘူး..."
"စိတ်မပူပါနဲ့။"
လျိုဝူရွှမ်းက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ :"ဒီကောင်းကင်အရှင် ဖြစ်ရပ်ကို လျှော့မတွက်ပါနဲ့ ကျင့်ကြံမှုအဆင့်ကို မခွဲခြားဘဲ ကြည့်ရင် တစ်ယောက်ယောက်ကသာ ဉာဏ်အလင်း ရရင် ကြီးမားတဲ့ တွန်းအားကို ရနိုင်မှာပဲ မင်းဝမ်းကွဲညီမရဲ့ အရည်အချင်းက ပြည့်စုံတဲ့ နယ်ပယ်ကို ရောက်နေပြီ သူမ သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မယ်"
ရုတ်တရက်!
ဝုန်း!
ဓားရောင်ဝါများ လေထုထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။
"လာပြီ!"
ပတ်ဝန်းကျင်က အသံများကို နားထောင်ရင်း လျိုဝူရွှမ်း၏ မျက်လုံးများ တောက်ပလာသည်။
ချလွင်း!
ဓားစွမ်းအင်များ ထွက်လာပြီးနောက် ဓားသယ်လာသော ကြယ်စစ်သည် အားလုံး၏ဓားများသည် လီကျစ်ရွှမ်းဆီသို့ ပြေးထွက်သွားကြလေ၏။
၎င်းတို့သည် သူမကို ဗဟိုပြု၍ ကခုန်ဝေ့ဝဲနေကာ လေထဲတွင် ဓား၏ အော်ဟစ်သံများကသာ ပိုကျယ်လောင်လာသည်။ ဓားသည် ပျံသန်းနေသော လိပ်ပြာများကဲ့သို့ ခမ်းနားထည်ဝါသော ဓားသွားများကို လွှတ်ထုတ်လိုက်သည်။ ပြတ်သားသော ဓားသည် အောင်ပွဲခံသည့် သံစဉ်ကဲ့သို့ အဆုံးမရှိ ပဲ့တင်ထပ်နေ၏။
မည်မျှ ကြာသွားသည်မသိ
မုန်တိုင်းစဲသွားချိန်၌ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် လီကျစ်ရွှမ်း ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်သည်။
"အောင်မြင်ပြီ!"