ပျားရည်ထောင်ချောက်
Vol. 12 Ch. 126
လေလံပွဲမှာ ဆက်အရှိန်မြင့်နေပြီ နောက်ဆုံး အခြေတည်ဆေးလုံး၏ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး လေးသောင်း ခုနစ်ထောင်အထိ လျင်မြန်စွာ တက်လာသည်။
လေ့ထျန်းယုလည်း စိုးရိမ်တကြီးဖြင့် သူပေးနိုင်သော အမြင့်ဆုံးဈေးကို အော်လိုက်တော့သည်။
“လေးသောင်း ရှစ်ထောင်”
ခို့ချန်သည် လေ့ထျန်းယု၏ လက်မောင်းကို စိုးရိမ်တကြီး ဆုပ်ကိုင်ပြီး ခပ်တင်းတင်းကျပ်ကျပ် ညှစ်ထားမိသည်။ လွန်ခဲ့သော နှစ်လက သူမသည် ချီစုစည်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် အဆင့်တက်နိုင်ရန် အခြေတည်ဆေးလုံးတစ်လုံး အသည်းအသန် လိုအပ်နေခြင်း ဖြစ်သည်။
သူမ၏ ဆရာဖြစ်သူ ချယ်ဝမ်ယင်၏ တပည့်လေးဦးစလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ခို့ချန်မှာ စတုတ္ထမြောက် ဖြစ်ပြီး၊ ကျန်သော စီနီယာအစ်မ သုံးဦးစလုံးမှာ အခြေတည်အဆင့် ရောက်ရှိပြီးသား ဖြစ်ကြသည်။ ခို့ချန် တစ်ယောက်သာ ချီစုစည်းခြင်းအဆင့်တွင် ကျန်ရှိနေခြင်း ဖြစ်သည်။
“လေးသောင်း ကိုးထောင်”
စျေးပြိုင်ပေးသံ ထွက်ပေါ်လာသောအခါ ခို့ချန်အတွက် မျှော်လင့်ချက် ကုန်ဆုံးသွားတော့သည်။ ဤလေလံပွဲတွင် လွဲချော်သွားလျှင် နောက်ထပ်အခွင့်အရေးကို ဘယ်အခါတွင်မှ ရနိုင်မည်ကို မသိနိုင်ပေ။
ခို့ချန်၏ စိတ်ထဲတွင် နောင်တတစ်ခု ဖြတ်ပြေးသွားသည်။
“ငါသာ ငါ့ဝိညာဉ်ကျောက်တုံးတွေကို စောစော ထုတ်ပေးခဲ့ရင်၊ ဒုတိယဆေးလုံးကို ဝယ်နိုင်ခဲ့မှာပဲ။'
တချိန်တည်းမှာပင် လေ့ထျန်းယုပေါ် မကျေမချမ်းဖြစ်မှုလည်း ပိုတိုးလာသည်။ အသံမထွက်သော်လည်း စိတ်ထဲတွင် အားပါးတရ ပေါက်ကွဲနေတော့သည်။
'အသုံးမကျတဲ့ လူဖျင်းပဲ။ လေ့မိသားစုရဲ့ မြင့်မြတ်တဲ့ သားတော်၊ အနာဂတ်ဆက်ခံသူ ဖြစ်ပြီးတော့ အခြေတည်ဆေးလုံး တစ်လုံးတောင် မယူပေးနိုင်ဘူး။ တကယ်ပါပဲ၊ ဘယ်ယောက်ျားကိုမှ အားကိုးလို့ မရဘူး'
ခို့ချန်၏ မျက်နှာမည်းမှောင်သွားပြီး လေ့ထျန်းယုလက်မောင်းကို လွှတ်လိုက်ကာ ပြတင်းပေါက်နား သွားပြီး ဝယ်ယူသွားသူကို ရှာလိုက်သည်။
မကြာမီမှာပင် ဝယ်ယူသွားသူကို တွေ့လိုက်ရသဖြင့် ခို့ချန် ဒေါသပေါက်ကွဲသွားသည်။ ထိုသူမှာ သူ့ကို အမြဲလိုလို ဆန့်ကျင်နေသည့် ဒုတိယစီနီယာအစ်မ ကန်ယွဲ့ပင် ဖြစ်သည်။
“ကန်ယွဲ့၊ နင်က အခြေတည်အဆင့် ရောက်နေတာ ကြာလှပြီ၊ ဘာလို့ ငါ့အခွင့်အရေးကို လာဖျက်ဆီးနေရတာလဲ”
ခို့ချန်က အံကြိတ်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
ခို့ချန် တီးတိုးပြောတဲ့အသံကို ကြားသွားလို့ လေ့ထျန်းယုက ချဉ်းကပ်လာပြီး နူးညံ့စွာ ပြောလိုက်သည်။
“ဂျူနီယာညီမလေးခို့၊ မင်း အခြေတည်ဆေးလုံး လွဲချော်သွားတာ ငါ့အပြစ်ပါ”
ခို့ချန်က ခံစားချက်မဲ့ မျက်ဝန်းတွေနဲ့ လေ့ထျန်းယုကို လှည့်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။
“စီနီယာလည်း အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ ကျွန်မ စီနီယာ့ကို အပြစ်မတင်ပါဘူး”
အပြစ်မတင်ဟုသာ ပြောနေသော်လည်း၊ အကြည့်မှာ ခံစားချက်မဲ့နေသလို မျက်နှာမှာလည်း အေးစက်မှုန်မှိုင်းနေသည်။ အခေါ်အဝေါ်မှာလည်း စီနီယာဟု ပြန်ပြောင်းလဲသွားသည်။ မကျေနပ်ဖြစ်နေသည်ကို လေ့ထျန်းယု မဆိုထားနှင့် အရူးတစ်ယောက်ပင် မြင်နိုင်သည်။
ခို့ချန်၏ မကျေမနပ် ဖြစ်တေသည်ကို ရိပ်မိသဖြင့် သူ့စိတ်ကူးထဲမှ နတ်သမီးလေးနှင့် ဆက်ဆံရေးပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် လေ့ထျန်းယုတစ်ယောက် စိုးရိမ်လွန်ပြီး ဂနာမငြိမ်ဖြစ်နေတော့သည်။
ခဏအကြာတွင် လေ့ထျန်းယုသည် အဖြေတစ်ခုကို တွေးမိသွားသကဲ့သို့ မျက်နှာရွှင်လန်းသွားသည်။
“မကြာသေးခင်က ငါတို့မိသားစုမှာ အခြေတည်ဆေးလုံး နှစ်လုံး သန့်စင်ပြီးပြီ။ အဲဒီထဲက တစ်လုံးပေးဖို့ ငါ့ဦးလေးကို တောင်းဆိုပြီး ဂျူနီယာညီမလေးခို့ကို ပေးနိုင်ပါတယ်”
စိတ်ဓာတ်ကျနေသော ခို့ချန်သည် လေ့ထျန်းယုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး တောက်ပသော အပြုံးများ ပြန်ပေါ်လာတော့သည်။
“အကိုထျန်းယု၊ တကယ်ပြောတာလား”
လေ့ထျန်းယုက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။
“ဂျူနီယာညီမလေးခို့၊ မစိုးရိမ်ပါနဲ့။ ဒီတစ်ကြိမ် ငါ မင်းကို စိတ်ပျက်အောင် မလုပ်တော့ဘူး။ ငါ့ဦးလေးဆီကနေ မင်းအတွက် အခြေတည်ဆေးလုံး တစ်လုံး သေချာပေါက် ရအောင် တောင်းပေးပါ့မယ်”
ခို့ချန် တစ်ခုခုကို စဥ်းစားမိဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။
“ဒါပေမဲ့ စီနီယာ့အဖေက မဟာမိတ်အဖွဲ့နဲ့အတူ အလောင်းနတ်ဆိုးဂိုဏ်းကို ဝိုင်းရံထားတာလေ။ မိသားစုခေါင်းဆောင်နေရာကို အခု စီနီယာ့ဦးလေးက ယာယီစီမံနေတာ။ စီနီယာ့ဦးလေးက ကျွန်မလို အပြင်လူတစ်ယောက်ကို ဒီလောက် အဖိုးတန်တဲ့ အခြေတည်ဆေးလုံး ပေးဖို့ သဘောတူပါ့မလား”
“ငါ့ဦးလေးက ငါ့ကို သူ့သားအရင်းလို သဘောထားတာပါ။ အခြေတည်ဆေးလုံးက တန်ဖိုးကြီးတယ်ဆိုပေမယ့် ငါကိုယ်တိုင် တောင်းဆိုမယ်ဆိုရင် ရဖို့ အခွင့်အရေး အများကြီးရှိပါတယ်။ နောက်ပြီး ဦးလေးက အခြေတည် နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် မိသားစုကိစ္စတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အရမ်းတော်တယ်။ သူက လေ့မိသားစုနဲ့ သားရဲသခင်ဂိုဏ်းကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို အမြဲတမ်း အလေးထားလေ့ရှိတယ်”
လေ့ထျန်းယုက စကားခဏရပ်သွားပြီးမှ ချောမောလှပလွန်းတဲ့ ခို့ချန်မျက်နှာကို စူးစိုက်ကြည့်ရင်း ဆက်ပြောလာတယ်။
“ဂျူနီယာညီမလေးသာ လက်ခံမယ်ဆိုရင်၊ မင်း အခြေတည်အဆင့် တက်ပြီးတဲ့နောက် ငါတို့ နှစ်ယောက် တာအိုလက်တွဲဖော်အဖြစ် လက်တွဲကြမယ်လေ။ ဒါဆိုရင် သားရဲသခင်ဂိုဏ်းနဲ့ လေ့မိသားစုကြားက ဆက်နွှယ်မှုလည်း ပိုခိုင်မြဲသွားလိမ့်မယ်။ ငါ့ဦးလေးလည်း ဒါကို သဘောကျလိမ့်မယ်လို့ ငါ ယုံကြည်တယ်”
ခို့ချန်၏ မျက်ဝန်းများတွင် ဝေခွဲမရသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ လေ့ထျန်းယုက စကားကို လှည့်ပတ်ပြောနေသော်လည်း တကယ့်ရည်ရွယ်ချက်မှာ တစ်ခုတည်းသာရှိသည်။ သူ့ကို လက်ထပ်ရန်ပင် ဖြစ်သည်။ ခို့ချန်အနေဖြင့် လေ့ထျန်းယုဆီမှ အခြေတည်ဆေးလုံးကို လိုချင်နေပြီး၊ ထိုအတွက် အပျိုစင်ဘဝကို ပေးဆပ်ရန်ပင် ဝန်လေးမည်မဟုတ်ပေ။ သို့သော် တာအိုလက်တွဲဖော် ဖြစ်ရန်မှာမူ သေချာစဉ်းစားရမည့် ကိစ္စဖြစ်သည်။
လေ့ထျန်းယုသည် လေ့မိသားစု၏ အမွေဆက်ခံသူနှင့် အနာဂတ်မိသားစုခေါင်းဆောင် ဖြစ်သော်လည်း အနာဂတ်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ သူသာ ရွှေအမြုတေအဆင့် တက်လှမ်းရန် ကျရှုံးခဲ့ပြီး မိသားစုခေါင်းဆောင် မဖြစ်လာလျှင် မည်သို့လုပ်မည်နည်း။ ခေတ္တခဏ စဥ်းစားပြီးနောက် ခို့ချန် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အခြေတည်ဆေးလုံး ရရှိရေးသည် အရေးကြီး ဦးစားပေးဖြစ်ပြီး တာအိုလက်တွဲဖော် ဖြစ်ရန်ကိစ္စကိုမူ နောင်မှသာ မီးစင်ကြည့်ကပြီး ဖြေရှင်းတော့မည်ဟု တွေးလိုက်သည်။
ခို့ချန်၏ နုနယ်သော မျက်နှာလေးမှာ နီမြန်းသွားပြီး တိုးညင်းသော အသံလေးဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“အကိုထျန်းယု ….. ဒါက ကျွန်မကို လက်ထပ်ခွင့် တောင်းနေတာလား”
လေ့ထျန်းယု မျက်နှာမှာ မျှော်လင့်ချက်များဖြင့် ဝင်းပသွားသည်။
“ညီမလေးခို့၊ မင်း သဘောတူတယ် မဟုတ်လား”
ခို့ချန်က ခေါင်းငုံ့လိုက်ပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် အဝတ်စွန်းကို ကစားရင်း တိုးတိုးလေး ပြောလိုက်သည်။
“ဒါက ကျွန်မဆရာ့ကို အရင်မေးကြည့်ရဦးမယ်”
“ညီမလေး ပြောတာ မှန်ပါတယ်။ ဒီလို အရေးကြီးတဲ့ကိစ္စ ဆရာ့ကို အရင်မေးရမှာပေါ့”
ခို့ချန်းသည် ရိုးသားဖြူစင်သော အကြည့်များဖြင့် မေးလိုက်သည်။
“အကိုထျန်းယု၊ အခြေတည်ဆေးလုံးကို ဘယ်တော့လောက် ပေးနိုင်မလဲ”
လေ့ထျန်းယုက ခို့ချန်းနှင့် ကျင့်ကြံခြင်းဖော် ဖြစ်ရန် အသည်းအသန် လိုလားနေပုံရသည်။
“မနက်ဖြန် ငါနဲ့အတူ လေ့မိသားစုဆီ လိုက်ခဲ့ပါ။ ဦးလေးနဲ့ တွေ့ပြီး အခြေတည်ဆေးလုံး တောင်းရအောင်။ ဒါက မင်းကို ငါ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေးလည်း ဖြစ်တာပေါ့”
ခို့ချန်း၏ မျက်နှာပျက်သွားသည်၊ သူ့အနေဖြင့် လေ့မိသားစုဆီသို့ အလျင်စလို မသွားချင်ပေ။
“မိသားစုနဲ့ တွေ့ဖို့က ဒီလောက်အထိ မြန်မြန်ဆန်ဆန် လိုအပ်လို့လား”
“ညီမလေး၊ မင်းရဲ့ အလှအပနဲ့ အရည်အချင်းကို မြင်ရင် ငါ့ဦးလေးက ငါတို့ လက်တွဲမှာကို သေချာပေါက် သဘောတူမှာပါ။ အဲဒါဆိုရင် အခြေတည်ဆေးလုံး ရဖို့လည်း ပိုလွယ်သွားတာပေါ့”
ခို့ချန်သည် တွန့်ဆုတ်နေသော်လည်း အခြေတည်ဆေးလုံး၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘဲ သဘောတူလိုက်ရသည်။
“ကောင်းပါပြီ၊ အကိုထျန်းယု ပြောသလိုပဲ လုပ်ကြတာပေါ့”
လေ့ထျန်းယု မျက်နှာမှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ သူက ချက်ချင်းပဲ လေလံဆွဲထားတဲ့ မိုးကြိုးနိယာမကျောက်ကို ခို့ချန်ဆီ ထိုးပေးလိုက်တယ်။
“ဒီမိုးကြိုးနိယာမကျောက်တုံးက ငါတို့ရဲ့ စေ့စပ်ခြင်း အထိမ်းအမှတ် လက်ဆောင်ပေါ့။ ဒါကို အရင်ပေးထားမယ်”
ခို့ချန်က ဟန်ပင်မဆောင်ဘဲ တန်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကိုထျန်းယု”
“ရပါတယ် .. ဒါက ညီမအတွက်ပဲလေ။ ဒါနဲ့ ဝိညာဉ်သားရဲတစ်ကောင် အဆင့်တက်တာကို အကို တစ်ခါမှ မမြင်ဖူးသေးဘူး။ အခုပဲ အဇူရာနွားလားကို မိုးကြိုးနိယာမကျောက် ကျွေးလိုက်ရင် ဘယ်လိုလဲ။ ငါလည်း ဝိညာဥ်သားရဲ အဆင့်တက်တဲ့ လုပ်ငန်းစဉ်ကို မြင်ဖူးတာပေါ့”
လေ့ထျန်းယုက ရုတ်တရက် အကြံပြုလိုက်သည်။
ခို့ချန်သည် တွန့်ဆုတ်သွားသည်။
“ဝိညာဉ်သားရဲတစ်ကောင် အဆင့်တက်တဲ့အခါ ခဏတာ ငြိမ်သက်သွားတတ်တယ်။ ပြီးရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတတ်တယ်။ အပြင်မှာ ပြာလဲ့နွားလားကို အဆင့်တက်ခိုင်းဖို့ ကျွန်မ စိတ်မချဘူး။ နောက်ပြီး အဇူရာနွားလား မပါဘဲနဲ့ ကျွန်မက မပျံသန်းနိုင်ဘူးလေ။ လေ့မိသားစုဆီကို ဘယ်လိုသွားကြမှာလဲ”
လီထျန်းယွီက သူမကို စိတ်ချစေရန် ပြောသည်။
“မစိုးရိမ်ပါနဲ့ .. ပြီးခဲ့တဲ့ ရက်ကတင် ဦးလေးက ငါ့ကို သင်္ဘောပျံလေးတစ်စင်း လက်ဆောင်ပေးထားတယ်။ သိပ်မကြီးပေမယ့် ငါတို့နှစ်ယောက်နဲ့ အဇူရာနွားလားကို တင်ဆောင်ဖို့ လုံလောက်ပါတယ်”
ခို့ချန် အသေအချာ စဉ်းစားနေပြီး ချက်ချင်း ပြန်မဖြေပေ။
လေ့ထျန်းယု ဆက်ပြောသည် ။
“ဝိညာဉ်ကျောက်တုံး အများကြီး ပေးပြီး ဒီကျောက်တုံးကို ဝယ်ခဲ့တာက အဇူရာနွားလား အဆင့်တက်တာကို မြင်ချင်လို့ပါ။ ကျေးဇူးပြုပြီး လိုက်လျောပေးပါလား”
လက်ထဲတွင် မိုးကြိုးနိယာမကျောက်တုံးကို ကိုင်ထားသော ခို့ချန်သည် နောက်ဆုံးတွင် လိုက်လျောလိုက်ရသည်။
“ကောင်းပါပြီ”
“မူး …”
ခို့ချန်က ခါးတွင်ချိတ်ထားသည့် ဝိညာဥ်သားရဲအိတ်ကို ပုတ်လိုက်သည်နှင့် သန်မာလှသော အဇူရာနွားလား အခန်းထဲတွင် ပေါ်လာသည်။ သီးသန့်ခန်းမှာ အတော်အတန် ကျယ်ဝန်းသော်လည်း ကြီးမားသော အဇူရာနွားကြောင့် ကျဥ်းကြပ်သွားသလို ခံစားလိုက်ရသည်။ အဇူရာနွားက ခို့ချန်၏ ခါးကို ဦးခေါင်းဖြင့် ပွတ်သပ်နေသည်။
ခို့ချန်သည် လက်တစ်ဖက်ဖြင့် အဇူရာနွားလား၏ ဦးခေါင်းကို ပွတ်သပ်ပေးကာ ကျန်လက်တစ်ဖက်က မိုးကြိုးနိယာမကျောက်ကို ပါးစပ်နားသို့ ကပ်ပေးလိုက်သည်။ မိုးကြိုးနိယာမကျောက်တုံးကို မြင်သောအခါ အဇူရာနွားလားသည် အငမ်းမရ ဝါးမြိုလိုက်တော့သည်။
ခဏအကြာတွင် အဇူရာနွားလား၏ အရေပြားအောက်မှ ငွေရောင်အလင်းတန်းများမှာ တောက်ပလာပြီး စီးဆင်းမှုအရှိန်မှာလည်း ပိုမို မြန်ဆန်လာသည်။
“ရှူးးး”
မကြာမီမှာပင် အဇူရာနွားလားဆီမှ လေလည်သံနှင့်အတူ လျှပ်စီးကြောင်းတစ်ခု ပေါ်ထွက်လာပြီး အခန်းထဲရှိ သစ်သားထိုင်ခုံကို ထိမှန်သွားရာ ထိုင်ခုံမှာ ချက်ချင်းပင် အစအနပင်မကျန် ကြေမွသွားသည်။
'အဇူရာနွားလား အဆင့်တက်ဖို့ ဒီနေရာက တကယ်ကို အဆင်မပြေဘူးပဲ'ဟု ခို့ချန် တွေးလိုက်မိသည်။
လေ့ထျန်းယု မျက်ဝန်းများတွင်မူ စိတ်လှုပ်ရှားမှုနှင့် လောဘရိပ်များ လင်းလက်နေသည်။
“ညီမလေးခို့ … မစိုးရိမ်ပါနဲ့။ လေလံပွဲလည်း ပြီးတော့မှာဆိုတော့ ဒီမှာ ဆက်နေဖို့အကြောင်း မရှိတော့ဘူး။ အခုပဲ သွားကြစို့”
ခို့ချန်လည်း ခေါင်းညိတ်သည်။
“ကောင်းပြီ .. သွားကြတာပေါ့”
သူတို့နှစ်ဦးသည် အဇူရာနွားလားနှင့်အတူ အခန်းထဲမှ ထွက်လာကြသည်။ အခန်းအပြင်ဘက်တွင် ရှည်လျားသော စင်္ကြံလမ်းတစ်ခု ရှိနေသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ဘေးအခန်းတစ်ခုမှ ထွက်လာသော သာမန်ရုပ်ရည်ရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် တိုးမိကြသည်။
ထိုအမျိုးသမီးကျင့်ကြံသူ၏ အကြည့်မှာ ခို့ချန်း၏ ရင်သပ်ရှုမောဖွယ် အလှတရားနှင့် ပြေပြစ်တောင့်တင်းသော ကိုယ်ဟန်ပေါ်သို့ ရောက်ရှိသွားပြီး မျက်နှာတွင် မနာလိုမှုများ ဖြတ်ပြေးသွားသည်။ သူမသည် တံခါးဝတွင် ခဏမျှ ရပ်နေပြီး ခို့ချန်နှင့် လေ့ထျန်းယုတို့ သူ့အနား ရောက်လာသောအခါ စကားစလိုက်သည်။
“ညီမလေး၊ နင်လည်း လေလံပွဲ လာလိမ့်မယ်လို့ ငါ မထင်ထားဘူး”
ခို့ချန်သည် ထိုအမျိုးသမီးကို အမုန်းတရားများဖြင့် စိုက်ကြည့်လိုက်သည်။ ဤသူမှာ နောက်ဆုံး အခြေတည်ဆေးလုံးကို ဝယ်ယူသွားသည့် သူမ၏ စီနီယာအစ်မကန်ယွဲ့ပင် ဖြစ်သည်။
“ကန်ယွဲ့၊ နင်က အခြေတည်အဆင့် တက်ထားတာ ကြာလှပြီပဲ။ ဘာလို့ နောက်ဆုံး အခြေတည်ဆေးလုံးကို ငါနဲ့ လုပြီး ဝယ်ခဲ့ရတာလဲ”
ခို့ချန်နှင့် ကန်ယွဲ့တို့၏ မသင့်မြတ်မှုမှာ သားရဲသခင်ဂိုဏ်းအတွင်း လူသိများသည်။ ထို့ကြောင့် ခို့ချန်က ယဉ်ကျေးပြနေရန် မကြိုးစားတော့ဘဲ တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။
ကန်ယွဲ့က မျက်ခုံးပင့်လိုက်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။
“ငါ့ကို ဈေးပြိုင်ဆွဲပြီး ဈေးတက်အောင် လုပ်ခဲ့တဲ့ အသုံးမကျတဲ့လူက ဘယ်သူလဲလို့ ငါ စဉ်းစားနေတာ။ ကြည့်စမ်း ... နင် ဖြစ်နေတာကိုး”
ကန်ယွဲ့က လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် လက်ရာမြောက်သော ကျောက်စိမ်းပုလင်းလေးတစ်ခု ပေါ်လာပြီး ဆက်ပြောလာသည်။
“ဒီအခြေတည်ဆေးလုံးက ငါ့မိသားစုအတွက်ပါ။ ငါ့လို ကျင့်ကြံခြင်းမိသားစုက မွေးဖွားလာသူတွေက ငယ်ငယ်တည်းက မိသားစုရဲ့ ထောက်ပံ့မှုကို ရခဲ့ကြတာ။ အခု ငါ့ကျင့်ကြံမှု အဆင့်တစ်ခု ရောက်လာပြီဆိုတော့ မိသားစုကို ပြန်ပြီး ကျေးဇူးဆပ်တာ သဘာဝကျပါတယ်။ နင့်လို သေမျိုးလောကက လာပြီး ဘာတွယ်တာမှုမှ မရှိတဲ့သူ၊ နှလုံးသားမရှိဘဲ အတ္တကြီးတဲ့သူမျိုးနဲ့တော့ မတူဘူးပေါ့လေ”
ကန်ယွဲ့၏ လှောင်ပြောင် သရော်စကားများကို ကြားသောအခါ ခို့ချန်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး ဒေါသထွက်လာသည်။ သို့သော် သူမသည် ဘေးရှိ လေ့ထျန်းယုကို ကြည့်လိုက်မိသောအခါ ထိုဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ခို့ချန်သည် လေ့ထျန်းယုလက်ကို ဆွဲလိုက်ပြီး ခေါင်းကို မော့ကာ ဝင့်ဝင့်ကြွားကြွား ပြုံးလိုက်သည်။
“ငါ မိတ်ဆက်ပေးပါရစေ။ ဒါက လေ့ထျန်းယုတဲ့၊ လေ့မိသားစုရဲ့ အမွေဆက်ခံသူနဲ့ အနာဂတ် မိသားစုခေါင်းဆောင်ပေါ့။ သူက ငါ့ကို လက်ထပ်ခွင့် တောင်းထားပြီးသား”
ထိုသို့ ပြောပြီးနောက် သူမသည် အံ့သြပြီး မနာလိုဖြစ်နေသော ကန်ယွဲ့ကို ဂရုမစိုက်တော့ဘဲ လေ့ထျန်းယုဘက်သို့ ပြန်လှည့်လိုက်သည်။
“အကိုထျန်းယု၊ ကျွန်မတို့ အကိုမိသားစုက လူကြီးတွေနဲ့ တွေ့ဖို့ ရှိသေးတယ် မဟုတ်လား။ အရေးမပါသူတွေနဲ့ အချိန်မဖြုန်းတော့ဘူး၊ သွားရအောင်”
ပြောပြောဆိုဆို ခို့ချန်က လေ့ထျန်းယု အခန်းအပြင်သို့ ဆွဲထုတ်သွားတော့သည်။
ကန်ယွဲ့သည် ထွက်ခွာသွားသော သူတို့နှစ်ဦး၏ ကျောပြင်ကို ကြည့်ကာ မနာလိုစိတ်များ ပိုမို ကြီးထွားလာသည်။
'လေ့မိသားစု အမွေဆက်ခံသူ၊ အနာဂတ် မိသားစုခေါင်းဆောင် တဲ့လား။ ဘာလို့များ ကံကောင်းမှု အားလုံး ဒီဟာမက ရနေရတာလဲ။ လေ့မိသားစု လူကြီးတွေနဲ့ တွေ့မယ် ဟုတ်လား၊ နင် တကယ်ပဲ လေ့မိသားစုထဲ ဝင်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့” ကန်ယွဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။
.......