← Chapters

အလျှော့ပေးခြင်း …

Vol. 58 Ch. 806

အလျှော့ပေးခြင်း …

Vol. 58 Ch. 806

ကြယ်အစားကြူးပိုးကောင်၏အဖြေကြောင့် ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ ဤတောက်ပသောနွယ်ပင်သည် ခြိမ်းခြောက်တိုင်း အလျှော့ပေးမည့် လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးမို့လို့လား။

'ငါ့ကို ဒီလိုပေါက်ကရတွေ မပြောစမ်းနဲ့။ အကြံသာ မြန်မြန်ပေးစမ်းပါကွာ။'

'တောက်ပနွယ်ပင်က အလွန်ကြောက်စရာ ကောင်းတဲ့ မျိုးနွယ်ဖြစ်သလို မီးတောက်ကိုလည်း အကြောက်ဆုံးပဲ။ သာမန်မီးတောက်က သာမန်တောက်ပစပျစ်နွယ်ပင်များကို လောင်ကျွမ်းရန် လုံလောက်ပေမယ့် သန်မာတဲ့နွယ်ပင်တွေဆိုရင်တော့ အားကောင်းတဲ့ မီးတောက်များစွာ လိုအပ်လိမ့်မယ်။ ငါတို့အရှေ့က တောက်ပနွယ်ပင်လိုပဲ အားကောင်းတဲ့ မီးတောက်တစ်ခု ရှိနေရင် သတ်စရာမလိုဘဲ ကြောက်လန့်သွားနိုင်တယ်။”

ဒီအရာက ကြောက်စရာကောင်းပြီး မီးကို ကြောက်တာတဲ့လား…

ထန်ရှု၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ကြယ်အစားကြူးပိုးကောင်နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ဖြတ်လိုက်ပြီး ကု၀ါကို၏ပွေ့ဖက်ထိန်းပေးထားမှုမှ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။ သူ၏မှော်အစွမ်းကို အားကုန်ထုတ်လိုက်သောအခါတွင် တောက်လောင်နေသော မီးတောက်နှစ်ခုသည် သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

"တောက်ပနွယ်ပင်က မင်းက ပုံမှန်ဆိုရင် အထူးမီးတောက်တွေကို ကြောက်တတ်တယ်မဟုတ်လား။ ငါ့မှာ အရမ်းထူးခြားတဲ့ မီးတောက်တစ်ခုရှိနေတာက တိုက်ဆိုင်မှုလို့ဆိုရမယ်။ ဒါကြောင့် ဒီနေ့က မင်းရဲ့သေနေ့ပဲ။"

ထန်ရှုသည် ၎င်းနှင့် ဆက်သွယ်ရန် သူ၏အတွေးကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြောင်းလဲပေးပို့ခဲ့သည်။

ချက်ချင်းပင် တောက်ပနွယ်ပင်သည် ၎င်း၏အကိုင်းအခက်များကို ပြန်လည်ဆုတ်ခွာကာ ပင်စည်ကို ဖုံးအုပ်ထားရင်း သူ၏ကြောက်ရွံ့မှုနှင့် အတွေးများကို ပျံ့နှံ့စေပြီး

“ဒါက နတ်ဆိုးမီးတောက်ပဲ။ ဘုရားသခင် ... မင်းလို ကမ္ဘာပေါ်ကလူသားတွေက ဒီမှော်မီးတောက်ကို ဘယ်လို ရနိုင်တာလဲ။"

ထန်ရှု မျက်လုံးအစုံ ကျဥ်းမြောင်းလိုက်သည်။ သူ၏ ကျင့်ကြံမှုနည်းစနစ်သည် ထိပ်သီးနတ်ဆိုး ကျင့်ကြံနည်းစနစ်တစ်ခုအဖြစ် သတ်မှတ်ခံရသော ကောင်းကင်ဘုံစကြ၀ဠာကျင့်စဥ် ဖြစ်သည်။ သူ၏ မှော်အစွမ်းဖြင့် ပြုလုပ်ထားသည့် မီးလျှံသည် နတ်ဆိုးအငွေ့အသက်များ ရှိနေပေသည်။ သို့သော် သည်တောက်ပနွယ်ပင်က ထိုအရာအား နတ်ဆိုးမီးတောက်အဖြစ် အသိအမှတ်ပြုခဲ့သဖြင့် သူ အံ့အားသင့်သွားသည်။

“မင်း ထင်တာမှန်တယ်။ ဒါက နတ်ဆိုးမီးတောက်ပဲ။ နတ်ဆိုးနယ်မြေက ကောင်းကင်ဘုံကို လှုပ်ခါနေတဲ့ နတ်ဆိုးဘုရင်များတောင် ငါ့ထက် သာမှာ မဟုတ်ဘူး။ နတ်ဆိုးမီးတောက်ရဲ့စွမ်းအားကို မင်း သိတယ်ဆိုမှတော့ ငါ့လက်ထဲက လောင်ကျွမ်းနေတဲ့ ဒီနတ်ဆိုးမီးတောက်နှစ်ခုက မင်းကို ပြာအဖြစ် ချက်ချင်းပြောင်းသွားနိုင်တယ်ဆိုတာကိုလည်း မင်း သိထားသင့်တယ်။"

"ငါ့ကို မသတ်ပါနဲ့။" တောက်ပနွယ်ပင်သည် ၎င်း၏အတွေးအမြင်ကို လျင်မြန်စွာ ပေးပို့ခဲ့သည်။

“ဟမ့် … မင်းက ငါ့ကို ချောင်းမြောင်းပြီး တိုက်ခိုက်လို့ အဲ့ဒီအတွက် မင်း ပေးဆပ်ရမယ်။ မင်း ငါ့ကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ မပေးဘူးဆိုရင် ငါ့ဒေါသကို မပြေလျှော့ဘဲ မင်းကို ဒီနတ်ဆိုးမီးတောက်ထဲမှာ ဒုက္ခပေးပြီး အော်ခိုင်းလိုက်မယ်။ စကားမစပ် … ငါ မင်းကို ပြောဖို့မေ့သွားတယ်။ တစ်ချိန်က အင်မော်တယ်ကမ္ဘာမှာ ငါက ထိပ်သီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ မင်း နေထိုင်ခဲ့ဖူးတဲ့ ကြယ်ဒေသကို ငါ မသိပေမယ့် အင်မော်တယ်ကမ္ဘာရဲ့တည်ရှိမှုကို မင်း သိမှာပဲ။ နောက်ပြီး ငါ့မှာ ဝိညာဉ်တွေကို ချိပ်ပိတ်တဲ့ အထူးစွမ်းရည် ရှိသေးတယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ပြာချပြီး ငါ့နတ်ဆိုးမီးတောက်ထဲမှာ မင်းရဲ့ဝိညာဉ်ကို ချိတ်ပိပ်ထားမယ်။ ငါ မင်းကို နေ့ရောညပါ မီးရှို့ပြီး ထာဝရ ပူလောင်နေအောင် မင်းကို နာကျင်အောင် လုပ်မယ်။"

"မင်းဟာ တစ်ချိန်က အင်မော်တယ်ကမ္ဘာမှာ ထိပ်သီးတစ်ယောက် ဖြစ်ခဲ့တာလား။ သောက်ကျိုးနည်း …”

တောက်ပနွယ်ပင်၏ပင်စည်သည် ပြင်းထန်စွာ တုန်လှုပ်သွားကာ ထန်ရှု ထပ်ပြီးခြိမ်းခြောက်မည်ကို  မခံစားနိုင်သည့်အလား ကျုံ့သည်ထက်ကျုံ့လိုက်သည်။ ထန်ရှုက ထပ်ပြီးခြိမ်းခြောက်ရန် ဟန်ပြင်လိုက်စဥ် ကြယ်အစားကြူးပိုးကောင်က သူ၏လက်ချောင်းလေးများကို နာကျင်စေပြီး

'မင်း ... မင်းက အင်မော်တယ်ကမ္ဘာမှာ ထိပ်သီးဖြစ်ခဲ့ဖူးတာလား။'

“ဟုတ်တယ်။”

ထန်ရှုက ထိုအကြောင်းအား ကြယ်အစားကြူးပိုးကောင်မှ ဖုံးကွယ်ထားရန် မလိုအပ်ဟု ခံစားကာ တန်းပြန်ဖြေသည်။

ကြယ်အစားကြူးပိုးကောင်၏စိတ်ခံစားမှုသည် ပြောင်းလဲသွားသည်။ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့အပြင် သတိနှင့်သတိထားမှုတို့ဖြင့် ၎င်း၏ခံစားချက်သည် အထူးအဆန်းအဖြစ် ပြောင်းလဲသွားကာ

'အင်မော်တယ်ကမ္ဘာမှာ မင်းသာ တကယ်ပဲ ထိပ်သီးတစ်ယောက် ဖြစ်ခဲ့ဖူးရင် မင်း အင်မော်တယ်ကမ္ဘာသို့ ပြန်တက်တဲ့အခါ ငါ့ကို ယူဆောင်သွားသရွေ့ ငါ မင်းကို ထာဝရ အစေခံပါမယ်။'

“မင်းက အင်မော်တယ်ကမ္ဘာကို သိလို့လား။” ထန်ရှုက မေးလိုက်သည်။

'အင်း။ အင်မော်တယ်ကမ္ဘာကို ငါတို့ သိတယ်။ ငါတို့ နေထိုင်ခဲ့ဖူးတဲ့ ကြယ်ဒေသကနေ အင်မော်တယ်ကမ္ဘာကို သွားတဲ့ စကြာဝဠာ အာကာသလမ်းကြောင်း ရှိတယ်လေ။ အဲ့ဒါက အရမ်းတော့ အန္တရာယ်များတယ်။ ကြောက်မက်ဖွယ် စွမ်းရည်ရှိတဲ့ မျိုးစိတ်တွေသာ အဲ့ဒီလမ်းကြောင်းကနေ သွားနိုင်ပြီး အထက်ဂြိုဟ်ဖြစ်တဲ့ အင်မော်တယ်ကမ္ဘာကို ရောက်လာနိုင်ကြတာ။ တစ်ခါတုန်းက အင်မော်တယ်ကမ္ဘာကနေ အင်မော်တယ်တစ်ယောက် ငါတို့ဒေသကို ရောက်လာဖူးတယ်။ သူက အစွမ်းထက်ဆုံး ခြေဖ၀ါးနီနဂါးနက်ကို အလွယ်တကူ သတ်ပြီး အင်ပါယာကြီးတစ်ခုကို ဖျက်ဆီးပစ်ခဲ့တယ်။”

ထန်ရှု လျှပ်တပြက်အတွင်း နားလည်သွားပြီး ကြယ်အစားကြူးပိုးကောင်၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။ ထို့နောက် သူသည် တောက်ပနွယ်ပင်အား ဆက်လက်ခြိမ်းခြောက်သည်။ "တစ်ချိန်က မင်း နေထိုင်ခဲ့ဖူးတဲ့ ဒေသဆီ ငါ့လက်အောက်ငယ်သား အင်မော်တယ်ကို စေလွှတ်ခဲ့သေးတယ်။ သူက မင်းတို့ဒေသရဲ့ စွမ်းအားအကြီးဆုံး ခြေဖ၀ါးနီနဂါးနက်ကို သတ်ပစ်ခဲ့ပြီး အင်ပါယာတစ်ခုကို အလွယ်တကူ ဖျက်ဆီးလိုက်ပုံပဲ။ ငါ့လက်အောက်ငယ်သားက စိတ်နှလုံးနူးညံ့လို့ ရန်သူတွေကို တစ်ခါတည်း သတ်လိုက်တာ နှမြောစရာပဲ။ ငါသာဆိုရင်တော့ အဲ့ဒီကောင်တွေရဲ့ဝိညာဉ်တွေကို ထုတ်ယူ၊ နေ့ရောညပါ ညှဉ်းပန်းနှိပ်စက်ပြီး သံသရာလည်နေရင်တောင် ၎င်းတို့ကို ဘယ်တော့မှ သွားခွင့်မပေးဘူး။”

*ဟူး…*

တောက်ပနွယ်ပင်၏နွယ်လက်တစ်ခု ရုတ်တရက် ထန်ရှုဆီသို့ တိုးလာသည်။ အစိမ်းရင့်ရောင် နွယ်လက်ပေါ်တွင် ကြည်လင်တောက်ပသော စိန်ပုံသဏ္ဍာန် သလင်းကျောက် ပါရှိသည်။ ထန်ရှု ၎င်းကို မထိရသေးသည့်တိုင် အတွင်း၌ ပါရှိသော ကြီးမားသော စွမ်းအင်ကို ခံစားနိုင်သည်။ ဤစိန်ပုံသဏ္ဍာန်အတွင်းမှ စွမ်းအင်သည် ပေါက်ကွဲပါက ကမ္ဘာမြေတစ်ခုလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်သွားလိမ့်မည်ဟုပင် ခံစားရလေသည်။

"မင်း ဒါနဲ့ ဘာကိုဆိုလိုတာလဲ။" ထန်ရှုက မေးလိုက်သည်။

ထိုအရာ၏အတွေးထဲတွင် မြှောက်ပင့်မှုအကြီးစား ရှိနေသော်လည်း ၎င်း၏ကြောက်စိတ်ကို မဖုံးကွယ်ထားနိုင်ပေ။

“ဒါက ငါ့ရဲ့စွမ်းအင်အမြုတေဖြစ်သလို ပင်မအုတ်မြစ်လည်း ဖြစ်ပါတယ်။ မင်းရဲ့ထိန်းချုပ်မှုအောက်မှာ ငါ့ရဲ့စွမ်းအင်အမြုတေကို ထားပြီး ငါ့အသက်နဲ့သေခြင်းကို မင်း ထိန်းချုပ်နိုင်တယ်။ မင်း ငါ့ကို မသတ်သရွေ့ ငါ မင်းကို အမြဲတမ်း စိတ်ရောကိုယ်ပါနဲ့ မင်းတောင်းဆိုသမျှ လုပ်ပေးပါ့မယ်။"

ထန်ရှု ကြယ်အစားကြူးပိုးကောင်ကို မေးကြည့်သောအခါ သူ့အဖြေကလည်း ထပ်တူဖြစ်သည်။ ထန်ရှုသည် တောက်ပနွယ်ပင်၏စွမ်းအင်အမြုတေကို ထိန်းချုပ်ထားပါက ၄င်း၏အသက်နှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်သော်လည်း နွယ်ပင်၏ကြီးထွားမှုနှုန်း အလွန်နှေးကွေးသွားသည့်အတွက် ၎င်းအပေါ် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်လေသည်။

“အသက်နှင့်သေခြင်းချိပ်စည်း…”

ထန်ရှုက မှော်ပညာကို စွမ်းအင်အမြုတေထဲသို့ ထည့်သွင်းလိုက်ကာ တောက်ပနွယ်ပင်ဆီသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး

"မင်းရဲ့ အသက်နဲ့သေခြင်းကို ထိန်းချုပ်ရတာ ငါ့အတွက် လွယ်တာမို့ မင်းရဲ့စွမ်းအင်အမြုတေကို ငါ ထိန်းချုပ်ဖို့ မလိုဘူး။ မင်းရဲ့စွမ်းအင်အမြုတေထဲ ငါ ထည့်ပေးလိုက်တဲ့ ချိပ်စည်းတံဆိပ်ရဲ့စွမ်းအားကို မင်း နားလည်လိမ့်မယ်။ မင်း ငါ့ကို ဆန့်ကျင်ဖို့ စိတ်ကူး ရှိတယ်ဆိုရင် မင်းကို အတွေးသက်သက်နဲ့ ငါ သေအောင်လုပ်နိုင်တယ်။"

စွမ်းအင်အမြုတေကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ယူလိုက်သော တောက်ပနွယ်ပင်သည် ၎င်း၏စွမ်းအင်အမြုတေထဲတွင် တစ်စုံတစ်ရာ စိမ့်ဝင်နေသည်ကို သတိပြုမိသည်။ ၎င်းသည် ပေါက်ကွဲလိုက်သည်နှင့် အမှန်တကယ်ပင် ၎င်းတို့ကို သတ်ပစ်လိမ့်မည်ဟူသော ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။

ထန်ရှုက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကြောက်ရွံ့ထိတ်လန့်နေသော ကု၀ါကို ယာမာမိုတို၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် တောက်ပနွယ်ပင်ရှေ့သို့ လျှောက်သွားသည်။ သူသည် တောက်ပနွယ်ပင်၏ပင်စည်ကို လှမ်းကိုင်ကာ ပုံစံပြောင်းလဲခြင်းကျင့်စဥ်ကို ၎င်း၏စိတ်ထဲသို့ ပို့လိုက်ပြီး

"ဒီပုံစံပြောင်းလဲခြင်းကျင့်စဥ်ကို ကျင့်ကြံပါ။ ဒါမှပဲ မင်းရဲ့ခန္ဓာကိုယ်ကို လူသားအသွင်ကို ပြောင်းလဲနိုင်လိမ့်မယ်။"

"အင်မော်တယ်ကျင့်စဥ်လား…"

တောက်ပနွယ်ပင် စိတ်လှုပ်ရှားသွားသည်။ ၎င်း၏နွယ်လက်များကို ဖွင့်လိုက်ပြီး ပုံစံပြောင်းလဲခြင်းကျင့်စဥ်၏အကြောင်းအရာများကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ အသက်ရှုချိန် အနည်းငယ် အကြာတွင် ပုံဆောင်ခဲ အစိမ်းရောင် အလင်းတန်းတစ်ခု ပွင့်အာလာပြီး ၎င်း၏ခန္ဓာကိုယ်ကို ပိုးအိမ်ကဲ့သို့ အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ထိုအထဲတွင် အ၀တ်ဗလာနှင့်မိန်းကလေးတစ်ယောက် ပေါ်လာသည်။ သူမကို ကြည့်ရတာ ဆယ့်ငါးနှစ်ကျော် ဆယ်ကျော်သက်ရွယ်အလားဖြစ်ပြီး ကောင်းမွန်သော တရုတ်ကြွေထည်အလား ဖြူဖွေးသော အသားအရည်နှင့် ချောမွတ်နေပေသည်။

"ကိုယ့်အတွက် အဝတ်အစားတွေကို ဖန်တီးပြီး ပုံစံပြောင်းပါ။” ထန်ရှုက ပြောလိုက်သည်။

တောက်ပနွယ်ပင်သည် သူမ၏ခန္ဓာကိုယ်ကို သဘောကျစွာ ကြည့်လိုက်သည်။ ထန်ရှု၏အ၀တ်အစားနှင့် တူညီလုနီးပါး ဖြစ်သော အစိမ်းရင့်ရောင်၀တ်စုံအား သူမ၏အ၀တ်ဗလာကိုယ်ပေါ်တွင် ချောမွေ့စွာ ဆင်မြန်းလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာသခင်…”

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်ပြီး

"မင်း ငါ့နောက်ကို လိုက်ရလိမ့်မယ်။ ငါ မင်းကို အချိန်တစ်ခုလောက် သင်ကြားပေးမှာမို့ တချို့လူသားအသိပညာတစ်ချို့ကို သင်ယူနိုင်တယ်။"

“ထန်းနုက လူသားအသိပညာတချို့ကို သိပြီးသားပါ” တောက်ပနွယ်ပင်က အလျင်စလို ပြောလိုက်သည်။ “ဒီအခြေစိုက်စခန်းကနေ ဒီကမ္ဘာရဲ့ဘယ်နေရာကိုမဆို စောင့်ကြည့်နိုင်ပြီး ကျွန်မ ဒီမှာ ရှိနေတာ နှစ်တစ်သန်းကျော်ပြီမို့လို့ လူသားတွေရဲ့ဆင့်ကဲဖြစ်စဉ် သမိုင်းအားလုံးကို သိပါတယ်။ ရှင်က တရုတ်ပြည်လို့ ခေါ်တဲ့နိုင်ငံက လာတာတောင် သိပါတယ်။”

"ငါ့ရဲ့ဇစ်မြစ်ကို မင်း ရှာတွေ့နိုင်လို့ ငါ ဘာလုပ်ခဲ့လဲဆိုတာ မင်း မသိဘူးလား။"

ထန်ရှုက မျက်လုံးအစုံကို ကျဥ်းမြောင်းလိုက်သည်။

“မဟုတ်ဘူး … ရှင့်ရဲ့ဘာသာစကားကတစ်ဆင့် ရှင့်ရဲ့ဇာစ်မြစ်ကို သိတာပါဆရာသခင်။ ဒါပေမယ့် ကျွန်မ ပြင်ပကမ္ဘာကို လေ့လာတာက ရှားပြီး အပြင်အခြေအနေကို မကြည့်ဖြစ်တာ နှစ်ထောင်ချီ ကြာပါပြီ။ ကျွန်မ နောက်ဆုံး တွေ့လိုက်တဲ့သူတွေက အတွင်းထဲကို ဖောက်ထွင်းဝင်ရောက်လာတဲ့ လူတချို့ပဲ။ သူတို့က ကျွန်မရဲ့စိတ်ဝင်စားမှုကို မြင့်တက်စေတယ်။”

"ငါ သိပြီ။" ထန်ရှု ချက်ခြင်း နားလည်သွားပြီး ခေါင်းညိတ်ပြလျက်

"မင်းမှာ နာမည်ရှိလား"

“မရှိပါဘူး။ ဒါပေမယ့် ဆရာသခင်ရဲ့အစေခံ ဖြစ်လာပြီးဆိုမှတော့ ကျွန်မကို နွယ်ပင်အစေခံ ထန်းနုလို့ ခေါ်နိုင်ပါတယ်။”

တောက်ပနွယ်ပင်က ပြန်ဖြေသည်။

အာ … နွယ်ပင်အစေခံ ထန်းနုလား…

ထန်ရှုက ခေါင်းညိတ်ပြပြီး သူမကို နာမည်အသစ်ပေးရန် ပျင်းနေသောကြောင့် သူက

“ဒါဆိုရင် ငါ မင်းကို အခုကစပြီး ထန်းနုလို့ ခေါ်မယ်။ စကားမစပ် … ဒါက ပင်မကွန်ပျူတာမလား။ ဒီအကြွင်းအကျန်ကို ငါ လုံး၀ ထိန်းချုပ်ထားဖို့ လိုအပ်တာမို့ ငါ့ကို သင်ပေးပါ။”

ထန်းနုသည် ချာကနဲလှည့်ကာ ခန်းမအလယ်ရှိ ထိုင်ခုံအရှေ့သို့ ရောက်လာသည်။ သူမက ထိုအရာကို ညွှန်ပြပြီး

“ဒီထိုင်ခုံမှာ မန်မိုရီကတ်တစ်ခု ရှိတယ်။ ဆရာသခင်က ကုလားထိုင်ပေါ်ထိုင်ပြီး အဲ့ဒီကတ်ထဲက အကြောင်းအရာကို ဒေါင်းလုဒ်လုပ်ဖို့ပဲ လိုတယ်။ ဒေါင်းလုဒ်လုပ်ထားတဲ့ အကြောင်းအရာတွေကို ဦးနှောက်ဆီ ပေးပို့မှာမို့ ဒီအကြွင်းအကျန်နေရာ ထိန်းချုပ်တဲ့နည်းကို လေ့လာနိုင်သွားမှာပါ။"

“ကောင်းတယ်။”

“ကောင်းပြီ။”

ထန်ရှုသည် သတ္တိရှိသူဖြစ်သောကြောင့် ထန်းနု သူ့ကို အကြံထုတ်မည်ကို မကြောက်ပေ။ ထို့ကြောင့် ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်လိုက်သည်။

ထိုအချိန်တွင် ကု၀ါကို၏မျက်လုံးများထဲတွင် ထန်ရှုအား ကြည်ညိုလေးစားမှုအပြည့် ရှိနေသည်။ ထန်ရှုသည် နွယ်ပင်၏တိုက်ခိုက်ခြင်းကို ရပ်တန့်အောင် မည်သို့လုပ်ဆောင်နိုင်သည်ကို သူမ မသိခဲ့သည့်အပြင် ၎င်းနွယ်ပင်အား လူသားပုံစံအဖြစ်ပင် ပြောင်းလဲစေခဲ့သည်။

သူမက စိတ်ဝိညာဉ်တစ်ခုပေလော…

ထန်းနုဟု သူ့ကိုယ်သူ ပြောသော ဤမိန်းကလေးသည် နတ်ဆိုးစိတ်၀ိညာဥ်တစ်ခုဟု သူမ ကောက်ချက်ချနိုင်သည်။ ကျင့်ကြံခဲ့သော နွယ်ပင် … သို့သော် ဤနတ်ဆိုးသည် သူမ၏သူဌေးထန်ရှုထံ အမှန်တကယ် အလျှော့ပေးခဲ့သည်။ ၎င်းသည် သူမ၏စိတ်ကူးနိုင်စွမ်းကို အမှန်တကယ် ကျော်လွန်ပြီး ထန်ရှုနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့သည်မှာ အလွန်ပညာရှိသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သူမ မခံစားဘဲ မနေနိုင်ပါချေ။

အချိန်တွေ ကုန်လွန်ခဲ့ပြီဖြစ်သည်။

အကြွင်းအကျန်နေရာရှိ အခြားခန်းမတစ်ခုတွင် အဖိုးတန်စိတ်ဝိညာဉ်ဆေးပင်များစွာရှိသော စိုက်ခင်းတစ်ခု ရှိသည်။ ထိုအပင်များအားလုံးသည် အာရုံခံစားမှု ဖွံ့ဖြိုးလာသော်လည်း မည်သည့်အပင်ကမျှ စိုက်ခင်းမှ မထွက်ခွာခဲ့ကြပေ။ မှုန်ရီသော အလင်းရောင်သည် အိမ်ခေါင်မိုးမှ အောက်ဘက်သို့ ဖြန့်ကျနေပြီး သူတို့လိုအပ်သော အာဟာရများ အားလုံးကို ဖြည့်ဆည်းပေးနေသည်။

ချန်းရွှဲ့မေ ဤနေရာသို့ ဝင်ရောက်လာသောအခါ အလွန်လတ်ဆတ်သောလေထုကို အားရပါးရ ရှူသွင်းမိသည်။ ၎င်းကို အနည်းငယ် ရှူရှိုက်မိခြင်းဖြင့် သူမ၏စိတ်၀ိညာဥ်ကို အနည်းငယ် လှုပ်ခါသွားစေပြီး သူမခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံး ပွင့်သွားစေသည်။ ဤစိုက်ခင်းထဲရှိ သစ်သီးများပေါ်သို့ အကြည့်ရောက်သွားသောအခါ သစ်သီးများ၏ မွှေးရနံ့က သူမကို အနည်းငယ် သွားရည်ကျလာစေသည်။

ကံကောင်းထောက်မစွာ သူမသည် သူမ၏ဆန္ဒကို ချုပ်တည်းနိုင်ခဲ့ပြီး စိုက်ပျိုးခင်းအတွင်းရှိ အရာအားလုံးကို လျင်မြန်စွာ အကဲခတ်လိုက်သည်။

"ဒီနေရာက ပန်းတွေနဲ့အပင်တွေချည်းပဲလို့ ငါ့ကို မပြောနဲ့နော်။"

ချန်းရွှဲ့မေ အတန်ငယ်စိတ်ပျက်သွားရင်း တုံ့ဆိုင်းနေပြီးမှ ဆေးပင်စိုက်ခင်းဆီသို့ ချဉ်းကပ်သွားသည်။ စိုက်ခင်းအစွန်းကနေ မီတာဝက်လောက်အလိုတွင် ရပ်လိုက်ပြီး ငုံ့ကာ အထဲသို့ ကြည့်လိုက်သည်။

ရွှစ်…

ထက်ရှသော အစိမ်းရောင် သစ်ရွက်ရှည်တစ်ရွက်သည် ချက်ချင်းပင် သူမ၏လက်ကောက်ဝတ်တွင် ရစ်ပတ်လာကာ ပြတ်ရှရာတစ်ခု ဖြစ်စေပြီး သွေးများ ထွက်လာစေသည်။

သို့သော် သစ်ရွက်သည် ချန်းရွှဲ့မေ၏သွေးများ စွန်းထင်းနေချိန်တွင် ၎င်းသည် သူမ၏လက်ကောက်ဝတ်ကို ချက်ခြင်းလွှတ်လိုက်ပြီး သူမ၏စောင့်ကြည့်မှုအောက်တွင် မီတာအနည်းငယ်အကွာသို့ လျင်မြန်စွာ ရွေ့လျားသွားလေသည်။

All Chapters