← Chapters

လူသားများအတွက် 'မကောင်းတဲ့လူများ'ကို ဖယ်ရှားခြင်း

Vol. 58 Ch. 808

လူသားများအတွက် 'မကောင်းတဲ့လူများ'ကို ဖယ်ရှားခြင်း

Vol. 58 Ch. 808

ကု၀ါကို၏အကြံပြုချက်ကို လက်ခံပြီး ထန်ရှု၏ လက်ချောင်းများသည် အရိပ်များသဖွယ် ပြောင်းလဲသွားကာ ပုံရိပ်ယောင်ကီးဘုတ်ဆီသို့ သူ၏လက်များ ရောက်ရှိသွားတော့သည်။ အမေရိကန်နှင့်ပြင်သစ်အဖွဲ့တို့ သဘောတူညီမှု ရပြီးနောက် စွမ်းအင်ကျောက်များကို ခွဲဝေရန် ပြင်ဆင်နေကြစဉ်တွင် အသင်းနှစ်သင်း ရှိနေသည့် ခန်းမအတွင်းရှိ မီးများအားလုံး ရုတ်တရက် ပိတ်ကာ အမှောင်ကျသွားလေသည်။

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ။"

ဆိုရော့ဒ်နှင့် အယ်လန်တီနှစ်ဦးစလုံးသည် တပြိုင်နက်တည်း အော်မိကြပြီး တခဏအတွင်း အဖွဲ့သားများနှင့်အတူ နောက်ပြန်ဆုတ်ကာ ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် စောင့်ကြည့်ရင်း တစ်ဖက်အဖွဲ့က မကောင်းကြံမည်ကို သတိကြီးစွာ ထားနေကြသည်။

“မီးတောက် …”

“လောင်ကျွမ်းလိုက်စမ်း…”

နှစ်ဖွဲ့စလုံးတွင် မီးစွမ်းရည်ရှိသော အဖွဲ့ဝင်များရှိသည်။ တောက်လောင်နေသော မီးတောက်သည် အဖွဲ့နှစ်ဖွဲ့လုံး၏မီးစွမ်းရည်အဖွဲ့၀င်များ၏လက်ထဲမှ ထွက်ပေါ်လာပြီး မှောင်နေသော ခန်းမကို လင်းထိန်သွားစေသည်။

တစ်ဖက်အဖွဲ့စီအား ဂရုတစိုက် ကြည့်ရှုလိုက်သောအခါတွင် ပိတ်နေသောနံရံသည် ရုတ်တရက် ကွဲအက်သွားပြီး အက်ကြောင်းများမှ အားနည်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။ အက်ကြောင်းရှစ်ခုသည် ပိုမိုကြီးမားလာသောအခါတွင် အနီရောင်မျဉ်းတစ်ကြောင်း ဖြစ်ပေါ်လာပြီး အတွင်းပိုင်းမှ စက်ရုပ်ရှစ်ကောင် ထွက်လာကာ ထိုသူတို့၏ခြေထောက်နားတွင် စက်ရုပ်ခွေးတစ်ကောင်စီ လိုက်ပါလာသည်။

ဝမ် … ဝမ် ...

စက်ရုပ်ပျားတစ်အုပ်သည် နောက်မှ လိုက်ပါလာပြီး စက်ရုပ်များနှင့် စက်ရုပ်ခွေးများကို ချက်ခြင်းကျော်တက်ကာ ခန်းမအတွင်းရှိ လူကိုးဦးဆီသို့ ဝိုင်းအုံလာကြသည်။ စက်ရုပ်ပျားများသည် လက်သီးအရွယ်အစားရှိပြီး ရာနှင့်ချီသော အရေအတွက် ရှိကာ ချွန်ထက်သော ဆူးတစ်ခုစီ ရှိကြသည်။ သူတို့၏ နဖူးများကိုပင် စင်တီမီတာများစွာ ရှည်လျားသော ချွန်ထက်သော ဆူးများဖြင့် အလှဆင်ထားသည်။

"သတိထား။"

"ထွက်သွားစမ်း … မြန်မြန် …"

ဆိုရော့ဒ်နှင့် အယ်လန်တီနှစ်ဦးစလုံးသည် အသည်းအသန် အော်ဟစ်လိုက်ကြပြီး သူတို့၏စွမ်းရည်များဖြင့် ဤစက်ရုပ်ပျားများကို ဖယ်ရှားရန် ကြိုးပမ်းကြသည်။ ကံမကောင်းစွာပင် မီးလျှံသည် ဤစက်ပျားအပေါ်တွင် အနည်းငယ်သာ သက်ရောက်မှုရှိပြီး အလင်းလျှပ်စီးတန်းသည်လည်း ထို့နည်းတူပင်။ အမေရိကန်နိုင်ငံသားများအတွက် စိတ်သက်သာရာ ရစေသည့် တစ်ခုတည်းသော အရာမှာ ၎င်းတို့တွင် ရေစွမ်းရည်အသုံးပြုသူ ပါလာသဖြင့် အလင်းလျှပ်စီးစွမ်းရည်အသုံးပြုသူနှင့် တွဲဖက်လုပ်ဆောင်ကာ စက်ရုပ်ပျားအများအပြားကို ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်သည်။

ပီ … ပီ ...

လေဆာလှိုင်း ၁၆ခုသည် ပစ်ခတ်ခံရစဥ်တွင် စက်ရုပ်ရှစ်ရုပ်သည် ကျောပေါ် မှ ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် တောင်ပံများကို ဖြန့်လိုက်သည်။ ထိုစက်ရုပ်များ လေထဲသို့ ပျံတက်သွားချိန်တွင် ၄င်းတို့ဆီမှ မီးတောက်များ ဖြာထွက်လာသည်။

ဒြပ်စင်စွမ်းရည်ပညာရှင်များသည် ၎င်းတို့အား အချိန်မီ ရှောင်တိမ်းခဲ့သော်လည်း အန္တရာယ်ရှိနေဆဲဖြစ်သည်။ စက်ရုပ်များ၊ စက်ရုပ်ခွေးများနှင့် စက်ရုပ်ပျားများတို့၏ တိုက်ခိုက်မှုများ၏ပထမဆုံးသော အတားအဆီးမှ လွတ်မြောက်ပြီးနောက်တွင် လျှပ်စစ်ပိုက်ကွန်ကြီးသည် လေးဘက်လေးတန်မှ ချက်ချင်း ထွက်ပေါ်လာပြီး ၎င်းတို့ကို ဖုံးအုပ်လုနီးပါး ဖြစ်သွားသည်။

မကြာမီ ထိုအဖွဲ့နှစ်ဖွဲ့လုံးမှ စွမ်းရည်အသုံးပြုသူများ၏ ခန္ဓာကိုယ်များကို လေဆာရောင်ခြည်တန်းများက ထိုးဖောက်ဝင်ရောက်ကာ အသက်ကို တိုက်ရိုက် ခြွေယူသွားသည်။ စက်ရုပ်ခွေးများဆီမှ မီးတောက်များ ဖြာထွက်လာပြီး ၎င်းတို့၏အလောင်းများကို လောင်ကျွမ်းကာ ပြာများ ဖြစ်သွားစေသည်။

အမေရိကန်နှင့် ပြင်သစ်မှ ထိပ်တန်းစွမ်းရည်ရှင်များ ပြာများဖြစ်သွားသည်ကို ရောင်ပြန်ရုပ်ပုံများမှတဆင့် မြင်တွေ့နေရသော ကု၀ါကို၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ သူမသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း စိတ်လှုပ်ရှားနေသော လေသံဖြင့်

“ငါ အဲ့ဒီကောင်စုတ်တွေကို ရွံရှာစွာနဲ့ ကြည့်နေခဲ့ရတာ။ အခုတော့ သူတို့ကို ဆုံးမမယ့်သူနဲ့ တွေ့သွားပြီ။ ဒီမကောင်းတဲ့ကောင်တွေကို သူဌေးက ဖယ်​ရှားလိုက်နိုင်တာပဲ။"

မကောင်းတဲ့ကောင်​တွေကို ဖယ်​ရှားလိုက်တာလား…

ထိုအချင်းအရာက မယုံနိုင်စရာ ကောင်းလွန်းသောကြောင့် ထန်ရှုက သူမကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်ကာ အပြုံးဖြင့် "သူတို့က အဲ့ဒီလောက်တောင် ဆိုးနေတာလား။"

"အမှန်ပဲ။"

ကူဝါကို လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “သောက်ကျိုးနည်း အမေရိကန်အဖွဲ့ခေါင်းဆောင် ဆိုရော့ဒ်လိုပဲ။ သူက တော်တော်ဆိုးတဲ့ လူ။ အပြစ်မဲ့သူတွေကို သတ်ပစ်တာ ဘယ်နှစ်ခါ ရှိပြီလဲတောင် မသိဘူး။ သူက ကြောက်မက်ဖွယ်စွမ်းရည်နဲ့ အခြေအနေ ရှိတယ်။ အရေးကြီးဆုံးကတော့ သူရဲ့ထူးခြားတဲ့ စွမ်းရည်နဲ့ ခြေသလုံးအိမ်တိုင်တွေကို သတ်ပစ်ခဲ့တာကို ငါ မြင်ခဲ့ရတယ်။”

“အာ … မင်းရဲ့ကိုယ်ပိုင်အခြေအနေကို မေ့သွားတာလား" ထန်ရှုက ရယ်ရမလို ငိုရမလို ဖြစ်သွားကာ မေးလိုက်သည်။

"ဘယ်အချိန်ကစပြီး ခြေသလုံးအိမ်တိုင်တွေကို ဂရုစိုက်သွားတာလဲ။"

"အာ … တကယ်တော့ ငါ သူတို့ကို ဂရုစိုက်တာ မဟုတ်ပါဘူး။"

ကု၀ါကို၏မျက်နှာသည် နီရဲလာပြီး ရှက်ရွံ့ဟန်ဖြင့်

“ပြောရမယ်ဆိုရင် … အဓိကအကြောင်းအရင်းကတော့ တခါတုန်းက ငါ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ဆိုရော့ဒ်ရဲ့လက်ထဲက ဒြပ်စင်ကျောက်တုံးတစ်တုံးကို လုခဲ့ဖူးတယ်။ သူ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပေမယ့် ငါ့အဖွဲ့သား အယောက်(၂၀) သေဆုံးခဲ့တယ်၊ ဒါကြောင့် သူနဲ့ငါ့ကြားမှာ ပဋိပက္ခတစ်ခု ရှိတယ်။”

ထန်ရှု ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်းရဲ့ရဲဘော်တွေကို လက်စားချေဖို့ သူ့ကို သတ်ချင်နေတာမလား။"

“ငါ့ရဲ့လက်ရှိအသင်းမှာ ငါ့လူနှစ်ယောက် ရှိတယ်။ ကျန်တာတွေကတော့ ယာမာမိုတိုကလန်က။

ကု၀ါကိုက လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"သူတို့ သေသေ၊ ရှင်ရှင် ငါနဲ့ နည်းနည်းပဲ သက်ဆိုင်တယ်။"

"စကားမစပ် … လက်ရှိမှာ ယာမာမိုတိုကလန်ရဲ့ တိုးတက်မှုက ဘယ်လိုလဲ။" ထန်ရှုက မေးလိုက်သည်။

"သူဌေးရဲ့အကူအညီနဲ့ အရမ်းကို အဆင်ချောနေတယ်။" ကု၀ါကိုက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောသည်။ "တကယ်လို့ ငါက အကြီးကျယ်ဆုံး သြဇာလွှမ်းမိုးမှုကို မဖော်ဆောင်ဝံ့တာသာ မဟုတ်ရင် ယာမာမိုတိုကလန်တစ်ခုလုံးက အခုချိန်ဆို ငါ့လက်ထဲမှာ ရှိနေလောက်ပြီ။ အမှောင်ထဲမှာ ငါ အလုပ်လုပ်နေပေမယ့် ယာမာမိုတိုလက်နက်တပ်ဖွဲ့ရဲ့ သုံးပုံတစ်ပုံနဲ့ မြောက်ပိုင်းကြယ်ဓားတစ်စင်းရဲ့ တပ်ဖွဲ့ဝင်တစ်ဝက်ကို ငါ ထိန်းချုပ်ထားတယ်။”

"မင်းလုပ်တာ ကောင်းတယ်။"

ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည်။

"ဒါနဲ့ သူဌေးက ငါ့ဆီ ထိပ်တန်းကျွမ်းကျင်သူတချို့ကို စေလွှတ်နိုင်မယ်ဆိုရင် ငါက ယာမာမိုတိုကလန်ရဲ့ မိသားစုခေါင်းဆောင်စစ်စစ် ဖြစ်လာနိုင်သလို မြောက်ပိုင်းကြယ်ဓားတစ်စင်းရဲ့ ကျောင်းအုပ်ဆရာကြီးအဖြစ်လည်း အချိန်တိုအတွင်းမှာ ရောက်လာနိုင်မှာပါ။" ကု၀ါကိုက ဆက်လက်ပြောပြသည်။

“အဲ့ဒီအကြောင်းကို စဉ်းစားကြည့်ရင် ဘုရင်ကို အရင်ဖမ်းရင် သူ့နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်နိုင်တယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်မလား။ အဲ့ဒီရာထူးကြီးမားတဲ့သူတွေကို ငါ ထိန်းချုပ်နိုင်သရွေ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုကို အာမခံနိုင်ပါတယ်။”

ထန်ရှုက ထိုအကြောင်းကို စဥ်းစားပြီး ခေါင်းညိတ်လိုက်တယ်။

"ကောင်းပြီ။ ငါတို့ ဒီနေရာကထွက်သွားတဲ့အခါ မင်းကို ကူညီဖို့ ကျွမ်းကျင်သူနှစ်ယောက်ကို ငါ လွှတ်ပေးလိုက်မယ်။ သူတို့အကူအညီနဲ့ဆိုရင် အဲ့ဒီအင်အားစုနှစ်ခုကို အမြန်ပဲ ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါ​ပေမယ့်​ မင်း အဲ့ဒီ​အင်အားစု​တွေ​ကို ထိန်းချုပ်​ပြီး​ရင် မင်း​ ဘာ​လုပ်​မှာ​လဲ။”

ကု၀ါကို၏မျက်လုံးများတွင် အေးစက်စက်အရိပ် လက်သွားကာ

“ချယ်ရီပွင့်စက်၀ိုင်းကို ဖယ်ရှားပစ်မယ်။”

ထန်ရှုသည် ဂျပန်ရှိ ချယ်ရီပွင့်စက်ဝိုင်း၏အခြေအနေကို မသိပါ။ ၎င်းကို လေ့လာပြီးနောက် ချယ်ရီပွင့်စက်၀ိုင်းသည် ယာမာမိုတိုကလန်နှင့် အမြဲတမ်းရန်သူဖြစ်ကြောင်း သူ နားလည်သွားသည်။ အဖွဲ့နှစ်ခုကြားက အခြေအနေသည် အပေါ်ယံတွင် မထူးခြားသော်လည်း မထင်မှတ်ဘဲ ရေဒါအောက်၌ အမြဲတမ်း ငြိစွန်းမှုများ ရှိနေပေသည်။ မကြာသေးမီကပင် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ခဲ့သည်။ ကု၀ါကိုသည် ထိုပဋိပက္ခတွင် သူမ၏ ကျွမ်းကျင်သူအဖွဲ့ကို ဦးဆောင်ကာ ချယ်ရီပွင့်စက်၀ိုင်း၏ကျွမ်းကျင်သူများစွာကို သတ်ပစ်ခဲ့သောကြောင့် ယာမာမိုတိုကလန်မှ ဆုချီးမြှင့်ခြင်းခံရပြီး ကလန်၏ မျိုးဆက်သစ် ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။

"မင်း လုပ်ချင်တာကို လုပ်ရဲတဲ့သတ္တိ ရှိတယ်။ အနာဂတ်မှာ မင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အရာတွေ ငါ့မှာ အများကြီး ရှိတယ်။ ဒါကြောင့် မင်း ပိုသန်မာလာလေ … အနာဂတ်မှာ တစ်ချို့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုလွယ်လာလေပဲ။ မင်း ရန်ပုံငွေ ဒါမှမဟုတ် လူအင်အား လိုအပ်တဲ့အချိန်တိုင်း ငါ့ကို ပြောပြပါ … ငါကိုယ်တိုင် လာစေချင်ရင်တောင်ပဲပေါ့။ ဒါပေမယ့် မင်းရဲ့ရန်သူတွေကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်မယ်ဆိုတာတော့ သေချာပလေ့စေ။"

ကု၀ါကိုက ဒူးတစ်ဖက် ထောက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ကျေးဇူးတင်ပါတယ် သူဌေး။ ငါ အင်အားကို ပိုမိုထိန်းချုပ်နိုင်ဖို့ အရာရာတိုင်းကို လုပ်ပြီး သူဌေးအတွက် အစွမ်းကုန် လုပ်ပေးသွားမှာပါ။ သူ … သူဌေးက ဂျပန်ရဲ့တစ်ဦးတည်းသော အချုပ်အခြာ အာဏာပိုင်ဖြစ်ချင်ရင်တောင် ပြီးမြောက်အောင်မြင်ဖို့ သူဌေးရဲ့အနောက်မှာ ငါ ရှိနေမယ်။”

ထန်ရှုသည် သူမ၏ပခုံးကို အသာ ပုတ်လိုက်ပြီး ပြုံးလျက်

"ထပါ။ ဂျပန်ရဲ့ အချုပ်အခြာအာဏာကို ငါ စိတ်မဝင်စားသလို အဲ့ဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် မင်း … မင်းကတော့ တစ်နေ့ မင်းတို့တိုင်းပြည်ရဲ့သခင် ဖြစ်လာနိုင်ပါတယ်။ အလုပ်ကြိုးစားရုံပါပဲ။ မင်းရဲ့အောင်မြင်မှုကို ငါ မျှော်လင့်နေပါမယ်။"

ထို့နောက် မကြာမီ ထန်ရှုသည် ရောင်ပြန်ရုပ်ပုံများမှ အသံအချို့ကို ကြားလိုက်ရပြီး တရုတ်နိုင်ငံမှ စွမ်းရည်ရှင်လေးဦးသည် ယခုအခါ လက်နက်မျိုးစုံ အများအပြားသိမ်းဆည်းထားသည့် လက်နက်တိုက်တွင် သတိကြီးကြီးထားပြီး ရှာဖွေနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ အချို့ကို စမ်းသပ်ပြီးနောက် လူလေးဦးသည် အလွန်စိတ်လှုပ်ရှားနေပုံရပြီး သေးငယ်သော်လည်း အားကောင်းသည့် လက်နက်အချို့ကို ၎င်းတို့၏ စစ်သုံးအိတ်များထဲသို့ ထည့်လိုက်သည်။ သူတို့၏ ခွန်အားအကန့်အသတ်ကြောင့်သာ မဟုတ်ခဲ့ပါက လက်နက်တိုက်တစ်ခုလုံးကို ပြောင်စင်အောင် သိမ်းယူပြီးဖြစ်ပေမည်။

"ဒီအကြွင်းအကျန်နေရာက သူဌေးရဲ့ထိန်းချုပ်မှုအောက်မှာ လုံးလုံး ရှိနေတယ်။ သူတို့တွေကို လက်နက်တွေအားလုံး ယူခွင့်ပေးချင်လား။”

ထန်ရှုက အသံလည်း မထွက် မျက်နှာအမူအရာပင် မပြသည်ကို တွေ့ရသဖြင့် ကု၀ါကိုက မေးလိုက်သည်။

"သူတို့တွေ ဒီလက်နက်တွေအားလုံးကို သယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

ထန်ရှုက တည်ငြိမ်စွာ ပြောသည်။ "သူတို့ထွက်သွားတော့မယ့်အချိန်ကျမှ လက်ဆောင်ကြီးကြီးတစ်ခု ငါ ပေးလိုက်မယ်။"

"လက်ဆောင်ကြီးကြီးတစ်ခုလား…"

ထိုတရုတ်နိုင်ငံ မှ စွမ်းရည်အသုံးပြုသူများအတွက် ထန်ရှု၏အစီအစဥ် မည်သို့ဖြစ်မည်ကို သူမ တကယ် မြင်လိုသောကြောင့် ကု၀ါကိုသည် စောင့်မျှော်နေဟန်ရသည်။

နာရီဝက်အကြာတွင် ကျူးလုံတို့လေးယောက်အဖွဲ့သည် လက်နက်တိုက်မှ ထွက်ခွာကာ အခြားနေရာများကို ဆက်လက်ရှာဖွေရန် ပြင်ဆင်နေသည်ကို ထန်ရှု စောင့်ကြည့်နေရင်း တွေ့လိုက်ရသည်။ သူ၏လက်များသည် ပုံရိပ်ယောင်ကီးဘုတ်ကို ဆက်လက်နှိပ်ကာ လုပ်ထုံးလုပ်နည်းဖြစ်စဥ်တစ်ခုအား ချမှတ်ပြီးသွားသောအခါတွင် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။ ထို့နောက် သူက ပြုံးပြီး ထူးမခြားဟန်ဖြင့်

"ငါ တချို့နေရာတွေကို လျှောက်ကြည့်လိုက်ဦးမယ်။ မင်း ဒီနေရာမှာ စောင့်ကြည့်ထားလိုက်။ သူတို့ကို အန္တရာယ်တွေ မကျရောက်စေအောင် လုပ်ထုံးလုပ်နည်းတွေ ဆက်တိုက်လုပ်ထားပေမယ့် တိုက်ပွဲအတွင်း မတော်တဆဆိုတာက အမြဲဖြစ်တတ်တာမို့ အန္တရာယ်တွေ့ရင် ဒီခလုတ်ကို ချက်ချင်း နှိပ်လိုက်ပါ။”

ကု၀ါကိုက ထန်ရှု ညွှန်ပြသော နေရာကို ကြည့်ကာ ခေါင်းညိတ်ပြပြီး

"ရပါပြီ သူဌေး။ ငါ သေချာစောင့်ကြည့်ထားလိုက်မယ်။"

ကြယ်သုံးပွင့်အကြွင်းအကျန်နေရာတစ်ခုလုံးသည် ကျယ်ပြောလှသော်လည်း ထန်ရှုသည် မှတ်ဉာဏ်အမွေကို ရရှိထားသောကြောင့် ယခုအခါ ထိုနေရာနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ ပင်မကွန်ပျူတာခန်းမမှ ထွက်ခွာပြီးနောက် သူသည် အခြားနေရာများဖြစ်သည့် လက်နက်တိုက်၊ စွမ်းအင်သိုလှောင်ရုံ၊ လူနေရပ်ကွက်၊ အားကစားဧရိယာ...များဆီသို့ ချက်ချင်းပင် အပြေးသွားတော့သည်။

နောက်ဆုံးတွင် ချန်းရွှဲ့မေ သောင်တင်နေသည့် ဆေးပင်စိုက်ခင်းဧရိယာသို့ သူ ရောက်လာသည်။

သူ့အရှေ့တွင် အစိမ်းရင့်ရောင်အလင်းပိုးအိမ်အား မြင်လိုက်ရပြီး ချန်းရွှဲ့မေ၏အရေးကြီးသော လက္ခဏာများ တည်ငြိမ်နေကာ သူမသည် အခြေအနေကောင်းနေပြီး ပိုမိုသန်မာလာသည်ကို သူ တွေ့ရသည်။ ထို့နောက် သူသည် ဆေးပင်စိုက်ခင်းရှိ သောင်းနှင့်ချီသော အပင်များဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ သည်ဧရိယာတွင် စိုက်ပျိုးထားသော အပင်များအားလုံးသည် နှစ်ပေါင်းတစ်သန်းကျော်အကြာမှ ကျန်ခဲ့သော အရာများဖြစ်မှန်း မန်မိုရီကတ်ကတစ်ဆင့် သူ သိထားပြီးဖြစ်သည့်တိုင် ထိုအပင်တစ်ပင်ချင်းစီမှ မှော်အစွမ်းများသည် သူ့ကို လွန်စွာ စိတ်လှုပ်ရှားစေခဲ့သည်။

သိရမည်မှာ ဤအပင်များသည် ပုံစံပြောင်းလဲခြင်း ကျင့်စဥ်ကို သင်ယူပြီး လူသားများအဖြစ်သို့ ပြောင်းလဲသွားမည်ဆိုပါက ၎င်းတို့ပိုင်ဆိုင်ထားသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းတို့သည် အင်မော်တယ်ကမ္ဘာတွင် ရှိနေလျှင်ပင် ထည့်သွင်းစဉ်းစားရမည့် အင်အားတစ်ရပ် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ထွက်ခွာပြီးနောက် မလိုလားအပ်သော ပြဿနာများကို ကာကွယ်ရန်အတွက် အပင်အားလုံးကို ပုံစံပြောင်းလဲခြင်းကျင့်စဥ် သင်ကြားပေးခြင်းမပြုမီတွင် စိတ်၀ိညာဥ်နှင့်အသိဉာဏ် မြင့်မားသော အပင်အားလုံးသည် သူ့ထံ အညံ့ခံရန် လိုအပ်သည်။

ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တိမ်နက်ကြယ်ပွင့်ဒေသ၏ ဘုံဘာသာစကားဖြင့် ပြောလိုက်သည်။

"မင်းတို့ ငါ့စကားကို ကြားနိုင်ပြီး ငါ ပြောနေတာတွေကို နားလည်နိုင်တယ်ဆိုတာ ငါ သိတယ်။ ငါက အခုဆို ကြယ်နက်အင်ပါယာရဲ့အမွေကို လက်ခံထားတဲ့အတွက် ဒီနေရာရဲ့ပိုင်ရှင် ဖြစ်လာပြီ။ ဆိုတော့ ငါ မင်းတို့ကို ရွေးချယ်မှုနှစ်ခု ပေးမယ်။ ပထမတစ်ခုက ဒီနေရာမှာ အသတ်ခံဖို့။ ဒုတိယတစ်ခုက ငါ့စည်းမျဥ်းတွေကို လက်ခံပြီး ငါ့လက်အောက်ငယ်သား ဖြစ်ဖို့ပဲ။"

ဘိဇ် …

ဆေးပင်စိုက်ခင်းတစ်ခုလုံးရှိ သောင်းနှင့်ချီသော အာရုံခံစားနိုင်သည့် အပင်များသည် ဟစ်အော်သံများကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ ထိုအသံများသည် ၎င်းတို့၏မျိုးနွယ်နှင့် စကားစမြည်ပြောဆိုရာတွင် ထူးခြားသော ဆက်သွယ်ရေး နည်းလမ်းဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် အဖြူရောင်ပင်စည်နှင့် မီတာများစွာမြင့်သော အပင်တစ်ပင်က ထန်ရှု၏စိတ်ထဲသို့ အတွေးတစ်စ ပို့လာသည်။

"ငါတို့က ဘာအတွက် မင်းကို ယုံကြည်ရမှာလဲ။ ငါတို့ ဒီနယ်မြေကနေ မခွာနိုင်ရင်တောင် မင်းကို ချက်ချင်း သတ်နိုင်တယ်။"

"ကြယ်နက်အင်ပါယာကလူတွေ  အထူးခင်းကျင်းထားတဲ့ နေရာတစ်ခုမှာ မင်း နေတာဆိုတော့ မင်း မှန်တယ်။ ဒါပေမယ့် မင်းက ဒီနေရာမှာသာ ရွေ့လျားနိုင်ပြီး ဒီခိုင်ခံ့တဲ့အကြွင်းအကျန်ရဲ့ တခြားဘယ်နေရာမှာမှ မပေါ်လာနိုင်ဘူး။"

ထန်ရှုက သရော်လိုက်သည်။

"ဒါကြောင့် မင်းကို ဘယ်သူမှ မကူညီရင် မင်း ဒီမှာ အမြဲပိတ်မိနေလိမ့်မယ်။ အဲ့ဒါကပဲ မင်း ငါ့ကို အခုမသတ်နိုင်ရတဲ့ အကြောင်းရင်းပဲလေ။ ဆန့်ကျင်ဘက်အနေနဲ့ မီးကို အသုံးပြုခြင်းလိုမျိုး မင်းကို ပြာဖြစ်သွားစေမယ့် နည်းလမ်းတွေ ငါ့မှာ အများကြီး ရှိတယ်။”

All Chapters