← Chapters

အခန်း (၅၀၂)

Vol. 40 Ch. 502

အခန်း (၅၀၂)

Vol. 40 Ch. 502

ဗုဒ္ဓက အဲဒီလောက်တောင် ကောင်းလို့လား?

နန်ပါးထျန်း နားမလည်ပေ။ နန်ပါးထျန်း ရထားလုံးပေါ်တက်လုနီးတွင် အပြေးလာနေသည့် ငါးဖမ်းကုန်သည်အဖွဲ့သားငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုအဖွဲ့သားလေးမှ စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

“ခေါင်းဆောင် ချန် ချန်ကျိုစစ် ရောက်နေပါတယ်”

“ဟမ်?”

နန်ပါးထျန်းသည် အံ့ဩသွားပြီး အဖွဲ့သားလေးကို မေးလိုက်သည်။

“သူက ဘာလို့ လာတာတဲ့လဲ”

အဖွဲ့သားလေးမှ ပြောသည်။

“ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့နောက်လိုက်က ပြောတာတော့ အလုပ်ကိစ္စတင်ပြဖို့ပါတဲ့”

“အလုပ်ကိစ္စတင်ပြဖို့တဲ့လား?”

နန်ပါးထျန်း ရှုပ်ထွေးသွားခဲ့သည်။

ဘယ်အလုပ်ကိစ္စကို တင်ပြမှာလဲ? ကျားဖြူခန်းမက ဘယ်တုန်းကများ ငါ့ကို အလုပ်ကိစ္စတင်ပြဖူးလို့လဲ?

နန်ပါးထျန်းသည် စဉ်းစားမရပေ။ သို့သော် ချန်ကျိုစစ်သည် တံခါးဝတွင် ရောက်နေပြီဖြစ်ရာ လက်ခံတွေ့ဆုံမှ သင့်တော်ချေမည်။ ထိုသို့တွေးလျက် နန်ပါးထျန်းမှ ပြောသည်။

“ကောင်းပြီ၊ သူ့ကို ဧည့်ခန်းထဲမှာ စောင့်ခိုင်းပြီး လက်ဖက်ရည်ဧည့်ခံထားလိုက်”

နန်ပါးထျန်းသည် စိတ်ထဲမှ စဉ်းစားလိုက်ပြီးနောက် ရထားလုံးနောက်မှ လိုက်ပါသူများကို ပြောလိုက်သည်။

“မင်းတို့ဒီမှာစောင့်နေကြ”

“ဟုတ်ကဲ့”

ရထားလုံးလက်ထောက်မှ ပြန်ပြောသည်။ နန်ပါးထျန်းသည် ချန်ကျဲ့ လက်ဖက်ရည်သောက်ရင်း စောင့်ဆိုင်းနေသည့် ဧည့်ခန်းဆီသို့ ထွက်လာခဲ့သည်။

နန်ပါးထျန်းကို မြင်သောအခါ ချန်ကျဲ့သည် ချက်ချင်းထရပ်၍ အရိုအသေပြုနှုတ်ဆက်သည်။

“ခေါင်းဆောင် ဟားဟားဟား တွေ့ရတာဝမ်းသာပါတယ်”

နန်ပါးထျန်းသည် ချန်ကျဲ့ကို ခပ်တည်တည်စိုက်ကြည့်၍ မေးသည်။

“ဘာကိစ္စရှိလို့လဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အင်း ကျွန်တော် ခေါင်းဆောင်ကို ကျားဖြူခန်းမမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအကြောင်း တင်ပြချင်လို့ပါ”

နန်ပါးထျန်းမှ မေးသည်။

“ငါ့ကို တင်ပြမလို့?”

ချန်ကျဲ့မှ အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်”

နန်ပါးထျန်းသည် ချန်ကျဲ့ကို သင်္ကာမကင်းကြည့်လျက် ပြောသည်။

“ဒါဆိုလည်း တင်ပြကြည့်ပါဦး”

ချန်ကျဲ့ စတင်တင်ပြသည်။

“လတ်တလောမှာ ကျားဖြူခန်းမက ချောချောမွေ့မွေ့လည်ပတ်နေပါတယ်”

နန်ပါးထျန်း : (⊙o⊙)…

“ဒါပဲလား??”

နန်ပါးထျန်း၏ခေါင်းထဲမှာ မေးခွန်းအမှတ်သင်္ကေတများ ပြည့်နှက်သွားတော့သည်။

ကျားဖြူခန်းမက အရာရာအဆင်ပြေနေတဲ့အကြောင်း ပြောဖို့အတွက်နဲ့ ငါ့ဆီကို တကူးတက လာခဲ့တာပေါ့လေ?

ထိုအခါ ချန်ကျဲ့မှ ချက်ချင်းခေါင်းညိတ်သည်။

“ဒါပါပဲ”

နန်ပါးထျန်းသည် သိသိသာသာမျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ချန်ကျိုစစ် မင်း ဘာအဓိပ္ပာယ်လဲ? မင်း မနက်အစောကြီးမှာ ငါ့ဆီ တကူးတကလာပြီး လှောင်ပြောင်နေတာလား? တခြားဘာကိစ္စမှ မရှိတော့ရင်လည်း ကျေးဇူးပြုပြီး ထွက်သွားလိုက်တော့။ ငါ့မှာ တခြားလုပ်စရာကိစ္စတွေရှိသေးတယ်”

“တခြားကိစ္စရှိပါသေးတယ်။ ခေါင်းဆောင်ရဲ့လက်ဖက်ရည်က အရသာကောင်းတယ်လို့ ကျွန်တော်ကြားဖူးပါတယ်”

ချန်ကျဲ့သည် နန်ပါးထျန်းနှင့် အချိန်ပို၍ အပြန်အလှန်စကားပြောနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့မှသာ စနစ်သည် သက်ဆိုင်ရာသတင်းအချက်အလက်များကို ဖော်ပြပေးနိုင်လိမ့်မည်ဖြစ်သည်။

နန်ပါးထျန်းမှ ပြောသည်။

“အင်း ကောင်းတယ်။ အဲဒါကြောင့် နည်းနည်းလောက် ထပ်သောက်လိုက်။ အရမ်းကြိုက်နေရင် မင်းအိမ်ကို နှစ်ထုပ်လောက် ပို့ပေးလို့လည်း ရတယ်။ တခြားကိစ္စရှိသေးလား”

ချန်ကျဲ့မှ ပြောသည်။

“ကျစ်…”

ချန်ကျဲ့လည်း အကျပ်ရိုက်နေပါ၏။

နောက်ထပ် ဘာပြောစရာရှိဦးမလဲနော်

ထို့နောက် အပြင်ဘက်မှ ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည့် လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူသည် အခန်းထဲဝင်ပြီးနောက် ချန်ကျဲ့ကိုမြင်သောအခါ အနည်းငယ် တွေဝေသွား၏. သို့သော် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ပေးလာသည်။

နန်ပါးထျန်းသည် ထန်ဇီယွဲ့ရောက်လာသည်ကို မြင်သောအခါ ပြော၏။

“ခန်းမအရှင်သခင်ထန် ရောက်လာပြီပဲ”

ချန်ကျဲ့လည်း ထန်ဇီယွဲ့ကို ယဉ်ကျေးစွာ နှတ်ဆက်လိုက်ပြီးနောက် စတင်၍ စကားစမြည်ပြောတော့သည်။

နန်ပါးထျန်းသည် ဝမ်းမြောက်ဝမ်းသာ စကားစမြည်ပြောနေသည့် သူတို့နှစ်ဦးကိုကြည့်၍ မတ်တပ်ထရပ်ပြီး ပြောသည်။

“မင်းတို့နှစ်ယောက် စကားပြောနေလိုက်ကြ။ ငါ့မှာ တခြားကိစ္စလုပ်စရာရှိသေးလို့ အရင်သွားနှင့်ပြီ”

“နေပါဦး ခေါင်းဆောင်။ ခန်းမအရှင်သခင်ထန် ခုနက ပြောတာ ခေါင်းဆောင်ရဲ့ ကျားထိုးစွမ်းရည်က ပြိုင်ဘက်ကင်းပဲတဲ့။ ခေါင်းဆောင်လည်း ကျွန်တော်တို့နဲ့ တစ်ပွဲလောက် ကစားပါလား”

နန်ပါးထျန်း : (⊙o⊙)… (အံ့ဩသွား)

တစ်ခုခုတော့ မူမမှန်ဘူး။ ချန်ကျိုစစ်က ဒီနေ့ ချန်ကျိုစစ်နဲ့ တူမနေဘူး။ သူဘာလုပ်ချင်နေတာလဲ? ဘာတွေကြံစည်နေတာများလဲ?

နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။ ထန်ဇီယွဲ့လည်း အတော်လေး ရှုပ်ထွေးနေပုံရ၏။

ချန်ကျိုစစ်က ဒီနေ့ အရမ်းထူးဆန်းနေတယ်။

သူဘာလုပ်ချင်နေတာလဲ?

ဒီတိုင်း ကျားကစားရင်း အချိန်ဖြုန်းဖို့ လာခဲ့တာလား?

ဒါမှမဟုတ် ဒီနေ့ရောက်လာတာမှာ ဖုံးကွယ်ထားတဲ့ အကြောင်းအရင်းတစ်ခုခုရှိနေတာလား?

ထန်ဇီယွဲ့သည် မျက်လုံးတို့မှေးကျုံ့၍ စဉ်းစားနေပြီးနောက် နန်ပါးထျန်းကို ကြည့်လာသည်။

“ခေါင်းဆောင် ခန်းမအရှင်သခင်ချန်က ဒီလိုသစ်လွင်တဲ့ စိတ်ဝင်စားမှုမျိုးရှိလာမှတော့ ခေါင်းဆောင်အနေနဲ့ သူ့ကို အဖော်ပြုပြီး တစ်ပွဲလောက် ကစားပေးလိုက်ပါလား”

ထိုအခါ နန်ပါးထျန်းသည် ဝေခွဲမရဖြစ်သွားခဲ့သည်။

ကျားကစားမယ်? အဲဒါက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား?

နန်ပါးထျန်းသည် ထန်ဇီယွဲ့အား ကစားရမှာ သေချာလားဟူသည့် အကြည့်မျိုးဖြင့် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

ထန်ဇီယွဲ့မှ ရယ်မောသည်။

“ခေါင်းဆောင် ကစားရအောင်ပါ”

“ကောင်းပြီ၊ ဒါဆိုလည်း ကစားကြတာပေါ့”

သို့ဖြင့် ကျားကစားပွဲစတင်ခဲ့သည်။ ချန်ကျဲ့သည် သတင်းအချက်အလက်စနစ်မှ အသုံးဝင်သည့် အချက်အလက်အသစ် ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။

ကစားပွဲတစ်ပွဲမှ စတင်လိုက်သည်မှာ ၅ပွဲကစား သုံးပွဲအနိုင်ပွဲအထိ ရောက်သွားခဲ့သည်။

ထို့နောက် နေ့လယ်စာစားချိန်သို့ ရောက်လာခဲ့သည်။

ချန်ကျဲ့မှ မေးသည်။

“ခေါင်းဆောင် ဒီမှာ နေ့လယ်စာကျွေးလားဗျ”

နန်ပါးထျန်းမှ အံကြိတ်လျက် ပြန်ဖြေသည်။

“ကျွေးတယ်”

နန်ပါးထျန်း တွေးလိုက်သည်။

စားသောက်ပြီးရင် ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့လား။

သို့သော် ချန်ကျဲ့သည် နေ့လယ်စာစားပြီးနောက် နန်ပါးထျန်းကို ပြောခဲ့သည်။

“ခေါင်းဆောင် မနက်က ကျွန်တော်အနိုင်ရခဲ့တာဆိုတော့ နောက်တစ်ပွဲလောက် ပြန်မကစားချင်ဘူးလား”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မကစားချင်ဘူး”

“ခေါင်းဆောင်တစ်ယောက်က လက်အောက်ငယ်သားကို ရှုံးတယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်။ နောက်တစ်ပွဲလောက် ထပ်ကစားရအောင်ပါ။ တစ်ပွဲပါပဲ”

နန်ပါးထျန်း အံတင်းတင်းကြိတ်လိုက်သည်။

“ကောင်းပြီ။ နောက်တစ်ပွဲပဲ ထပ်ကစားမယ်။ ပြီးတာနဲ့ ချက်ချင်းထွက်သွားလိုက်တော့”

သို့ဖြင့် သုံးပွဲကစား နှစ်ပွဲအနိုင်၊ ငါးပွဲကစား သုံးပွဲအနိုင်နှင့် ထို့နောက်…

ထို့နောက်ဟူသည် ဆက်မရှိတော့ပေ။ နန်ပါးထျန်းသည် တစ်နေ့လုံးပြင်ဆင်၍ စောင့်နေခဲ့သည့် ရထားလုံးနှင့် မြင်းများကို ပြန်လည်သိမ်းဆည်းခိုင်းလိုက်သည်။ သူ ဘယ်မှမသွားတော့ပေ။

ထို့နောက် ညအချိန်ရောက်လာခဲ့သည်။ ချန်ကျဲ့သည် ပြုံးရွှင်ပျသောမျက်နှာဖြင့် နန်ပါးထျန်းကို ပြောသည်။

“ခေါင်းဆောင် ညစာမကျွေးတော့ဘူးလားဗျ”

နန်ပါးထျန်းမှ မျက်နှာရှုံ့မဲ့လျက် ပြောသည်။

“ညဘက်ဆို ဘာမှမချက်ဘူး။ ညစာမရှိဘူး”

ချန်ကျဲ့သည် ကူကယ်ရာမဲ့သွားသော အမူအရာသို့ ပြောင်းသွား၏၊ နန်ပါးထျန်းမှ ပြောသည်။

“ချန်ကျိုစစ် မင်း တကယ်ပဲ ဘာလိုချင်လို့လဲ? တစ်နေ့လုံးကုန်သွားပြီ၊ မင်းတစ်နေ့လုံး ကျားကစားနေတာ။ မင်းကိုယ်မင်း အရမ်းကိုမှ ကျိုးကြောင်းမဆီလျော်ဘူးလို့ မတွေးမိဘူးလား”

“ပြီးတော့ ငါတို့ ဒီလောက်အကြာကြီး ကျားကစားနေကြတာကို မင်း ငါ့ကို တစ်ကြိမ်လေးတောင် ပေးနိုင်လို့မရဘူးလား”

ချန်ကျဲ့မှ ရယ်လျက် ပြန်ပြောသည်။

“ခေါင်းဆောင်ကို တောင်းပန်ပါတယ်။ ကျွန်တော် နောက်တစ်ခါကျ ခေါင်းဆောင်ကို အနိုင်ပေးပါမယ်”

နန်ပါးထျန်းမှ ပြောသည်။

“သွားစမ်းပါ။ ငါ့ဒီဘဝမှာ မင်းနဲ့ နောက်ထပ်ဘယ်တော့မှ ကျားမကစားတော့ဘူး။ မင်းမှာ တခြားကိစ္စမရှိတော့ရင် ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားလိုက်ပါတော့”

နန်ပါးထျန်းသည် ဒေါသထွက်နေခဲ့သည်။

ဤအနှောင့်အယှက်ပေးလွန်းသည့် ဂြိုဟ်ကောင်အား ရိုက်ထုတ်ပစ်လို့ရလျှင် သူအစောကြီးကတည်းက ရိုက်ထုတ်ပြီးလောက်ပေပြီ။

သို့သော် နန်ပါးထျန်းမှာ ချန်ကျဲ့ကို တိုက်ရိုက်တိုက်ခိုက်၍ မရချေ။ ဤဂြိုဟ်ကောင်သည် ဒီနေ့တစ်နေ့လုံး သူ့အား ကပ်ခွာအလား ကပ်နေခဲ့သည်။ တစ်ချက်မျှ လှည့်ကြည့်ရန်ပင် စိတ်အနှောင့်အယှက်ဖြစ်ရလောက်သည်အထိ စိတ်မသက်မသာဖြစ်စေခဲ့၏။ နန်ပါးထျန်းမှ ရိုက်ထုတ်ပစ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားခဲ့ရပေသည်။

သို့သော် ထိုရိုက်ထုတ်ပစ်ချင်စိတ်မှာ အတွေးသက်သက်သာ ဖြစ်ပါ၏။ ချန်ကျဲ့လည်း စိတ်ထဲမှတွေးနေခဲ့သည်။

ဒီနေ့တစ်နေ့လုံး ကပ်နေခဲ့တာဆိုတော့ စနစ်လည်း လိုအပ်တဲ့သတင်းအချက်အလက်ကို လုံလုံလောက်လောက် စုဆောင်းပြီးလောက်ပါပြီ။ အဖိုးကြီး ကျုပ်ကရော ခင်ဗျားနဲ့ ကျားကစားရတာကို သဘောကျတယ်ထင်နေလား။

တကယ်တမ်းတွင် ရန်သူနှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး အားတက်သရော ကျားကစားနိုင်ခြင်းသည်လည်း အတော်လေး အထင်ကြီးစရာကောင်းလှပါသည်။ ချန်ကျဲ့၏ မျက်နှာအမူအရာသည် အလွန်ကောင်းမွန်လှပါ၏။

ချန်ကျဲ့သည် ထရပ်လိုက်ပြီး နန်ပါးထျန်းအား ရွှင်ပျစွာပြုံးလျက် ပြောသည်။

“ခေါင်းဆောင် ဒီမှာ ညစာမကျွေးဘူးဆိုတော့ ကျွန်တော့်အထင် ကျွန်တော်ပြန်သင့်ပြီထင်ပါတယ်။ နှုတ်ဆက်ပါတယ်”

ချန်ကျဲ့ ထိုသို့ပြောပြီးနောက် ထွက်ခွာလာခဲ့သည်။

ထန်ဇီယွဲ့သည် ချန်ကျဲ့ကို ဧည့်လိုက်ပို့သည်။

“ခန်းမအရှင်သခင်ချန် ဂရုစိုက်ပြန်ပါ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အဖော်ပြုပေးတဲ့အတွက် ခန်းမအရှင်သခင်ထန်ကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့သည် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်ခွာသွားခဲ့သည်။ ချန်ကျဲ့ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်လျက် နန်ပါးထျန်းမှ ဒေါသတကြီးပြောသည်။

“အဲဒီခွေးကောင် တကယ်ပဲ အဲဒီကောင်က ဒီနေ့ ဘာအတွက် ရောက်လာရတာလဲ”

ထန်ဇီယွဲ့လည်း မျက်မှောင်ကြုတ်လျက် ပြောသည်။

“ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ဒီလူက အရမ်းဉာဏ်များပါတယ်။ သူလုပ်သမျှအရာတိုင်းက သေချာပေါက် နက်ရှိုင်းတဲ့ရည်ရွယ်ချက်တစ်ခုခု ရှိနေလိမ့်မှာပါ။ ကျွန်တော်တို့က အဲဒါကို ထွင်းဖောက်မမြင်နိုင်ခဲ့ရုံပါပဲ”

All Chapters