အခန်း (၄၂၉)
Vol. 43 Ch. 429
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဘာကြောင့်မှန်းမသိ ၊ ကျန်ရှိနေသော မဟာဆရာသခင် ၇ ယောက်သည် သူတို့ခေါင်းထဲတွင် မူးဝေလာသလို ခံစားလိုက်ရသည်။ ကောင်းကင်ကြီး ချာချာလည်လည် ဖြစ်သွားသကဲ့သို့ သူတို့၏ စိတ်အာရုံများ ဝေဝါးလာလေ၏။
သူတို့ မသိလိုက်သည့်အချက်မှာ မိစ္ဆာမိုချို၏ တုံ့ပြန်မှုက ပိုမို ပြင်းထန်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အပြင်းအထန် တိုက်ခိုက်နေရပြီး အသက်ရှူသံ ပြင်းထန်နေသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသော ကျောက်မှုန့်များကို အများဆုံး ရှူရှိုက်မိလိုက်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် သူမ၏ မျက်လုံးရှေ့၌ ပုံရိပ်ယောင်အချို့ စတင်ပေါ်ပေါက်လာပြီ ဖြစ်လေသည်။ သို့သော် ကျန်ရှိနေသော မဟာဆရာသခင် ၇ ယောက်သည် အလွန်ကြောက်လန့်သွားကြသဖြင့် မိုချိုကို ဆက်လက် မတိုက်ခိုက်ရဲကြတော့ပေ။
ထို ၇ ယောက်သည် အသက်လု၍ ထွက်ပြေးကြတော့သည်။
သို့သော် မည်သို့ ထွက်ပြေး၍ လွတ်နိုင်မည်နည်း။
မိစ္ဆာမိုချိုသည် သူမ၏ စိတ်အာရုံ ရှုပ်ထွေးမှုနှင့် မူးဝေမှုများကို အံတုပြီး လင်းပိုဝေပု သိုင်းကွက်ကို အသုံးပြု၍ တစ်ယောက်ပြီးတစ်ယောက် လိုက်မီသွားသည်။ ထို့နောက် လက်တစ်ကမ်းအကွာမှနေ၍ မြေအောက်ကမ္ဘာလက်ဝါးသိုင်းဖြင့် ရိုက်ထုတ်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့လေသည်။
ကျန်ရှိနေသော မဟာဆရာသခင် ၇ ယောက်စလုံး အသတ်ခံလိုက်ရလေသည်။ နောက်ဆုံးတွင် မိစ္ဆာမိုချိုက သူမ၏ ဓားကို ဆွဲထုတ်လိုက်လေ၏။
“ရွှပ်... ရွှပ်... ရွှပ်...”
ဓားချက်တစ်ချက်တွင် ခေါင်းတစ်လုံးစီ ကိုယ်နှင့် ခေါင်း အိုးစားကွဲသွားကြသည်။
ခဏအကြာတွင် မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၃၀ စလုံးသည် သူမတစ်ယောက်တည်း၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရလေ၏။ ယခုအချိန်တွင် တုပိုင် အသံပင် မထွက်ရဲတော့ပေ။ အလွန် သန်မာလွန်းလှသည်။ မည်သို့ ဤမျှထိ သန်မာနိုင်ရသနည်း။
ဤသည်မှာ ဦးနှောက်မရှိလေ ပိုသန်မာလေ ဆိုသည့် သဘောတရားလော။ ဤအခြေအနေသည် တုပိုင်၏ ထင်မြင်ယူဆချက်နှင့် လုံးဝ ကွဲလွဲနေသည်။ မူလက တုပိုင် တွေးထားသည်မှာ ပရမ်းပတာ တိုက်ပွဲတစ်ခု ဖြစ်လာပြီး မိုချိုနှင့် မဟာဆရာသခင်အချို့ အတူတူ သေဆုံးသွားကြလိမ့်မည် ဟူ၍ ဖြစ်သည်။
မထင်မှတ်ထားသည်မှာ မဟာဆရာသခင် ၃၀ စလုံး သူမတစ်ယောက်တည်း၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။
ယခုအချိန်တွင် မိစ္ဆာမိုချိုသည် ထင်ယောင်ထင်မှားဖြစ်စေသော ကျောက်မှုန့်များကို အလွန်အကျွံ ရှူရှိုက်မိထားသဖြင့် သူမတစ်ကိုယ်လုံးရှိ စိတ်အာရုံများမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး စိတ်ဝေဒနာသည်တစ်ယောက်ကဲ့သို့ ဖြစ်လုနီးပါး ဖြစ်နေသည်။
ထို့ကြောင့် ယခုအချိန်တွင် သူမ၏ စိတ်အခြေအနေသည် လုံးဝ စိုးရိမ်စရာ ကောင်းနေသည်။ နောက်တစ်စက္ကန့်တွင် မိုချိုသည် တုပိုင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး စကားတစ်ခွန်းမျှ မပြောဘဲ တုပိုင်ကို တိုက်ရိုက် သတ်ဖြတ်ရန် ပြင်လိုက်သည်။
တကယ့်ကို ရက်စက်လွန်းလှသည်။ နောက်ဆုံးစကား မှာကြားခွင့်တောင် ပေးမည့်ပုံ မပေါ်ပေ။ သူမသည် မဟာဆရာသခင် ၃၀ ကို ဆက်တိုက် သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ တုပိုင်ကို သတ်ဖြတ်ရသည်မှာ အသက်ရှူရသည်ထက်ပင် ပိုလွယ်ကူနေသည်။
တုပိုင်သည် ရုတ်တရက် အလောတကြီး ပြောလိုက်လေ၏။
“ရှောင်ချို... ကိုယ်ပါကွ”
ဤသည်မှာ သေချာပေါက် တုပိုင်၏ အသံ မဟုတ်ပေ။ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်၏ အသံဖြစ်ပြီး ၊ နင်တောက်ရွှမ်၏ ငယ်ဘဝအသံလည်း ဖြစ်သည်။
ထိုအသံကို တုပိုင် ထိန်းချုပ်ထားခြင်း မဟုတ်ဘဲ အိပ်မက်စနစ်က အသံအိုးကို ထိန်းချုပ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလို တုပိုင်လည်း အနည်းငယ် ကြောင်အမ်းသွားသည်။
မိုချို အံ့သြမှင်တက်သွားသည်။ ချက်ချင်းပင် လက်ထဲမှ ဓားကို ရပ်တန့်လိုက်ပြီး ခေါင်းကို အပြင်းအထန် ခါလိုက်သည်။ သူမ စိတ်များ ရှုပ်ထွေးပြီး ဟိုဟိုဒီဒီ မြင်နေရခြင်းများလော။
ခေါင်းကို ခါလိုက်ပြီးနောက် သူမ သေချာသွားသည်မှာ သူမသည် နင်တောက်ရွှမ်ကို အရမ်းလွမ်းဆွတ်ပြီး အရမ်းချစ်လွန်းနေသဖြင့် ပုံရိပ်ယောင်များ မြင်နေရခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။
ထို့ကြောင့် သူမသည် ဓားကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ပြီး တုပိုင်ကို နှစ်ပိုင်းပိုင်းရန် ကြိုးစားလိုက်လေသည်။
ယခုတစ်ကြိမ်တွင်မူ တုပိုင် သင်ပေးရန် မလိုတော့ပေ။ သူ့မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးကို အမြန်ဆုံး ခွာချလိုက်ရာ အခြားသော သားရဲအရေခွံမျက်နှာဖုံးတစ်ခု ပေါ်လာသည်။
ထိုမျက်နှာဖုံးသည် နင်တောက်ရွှမ်၏ ငယ်ဘဝရုပ်ရည်နှင့် တထပ်တည်း တူညီနေသည်။
ခဏချင်းမှာပင် မိစ္ဆာမိုချို လုံးဝ ကြောင်အမ်းသွားရသည်။
သူမ၏ လက်ထဲမှ ထက်မြက်သော ဓားသည် မြေကြီးပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။ သူမ ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်ပြီး မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ကြည့်လိုက်သော်လည်း သူမရှေ့တွင် ရပ်နေသူမှာ နင်တောက်ရွှမ်ပင် ဖြစ်နေသည်။
ဟုတ်သည်။ သူမ၏ မှတ်ဉာဏ်ထဲမှ နင်တောက်ရွှမ်နှင့် တထပ်တည်း တူညီနေပြီး ၊ သူမ အမြတ်တနိုး ချစ်ခင်ရသော နင်တောက်ရွှမ်နှင့် လုံးဝ တူညီနေသည်။
သူမသည် ပေမင်ဓားဂိုဏ်းတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သော်လည်း နင်တောက်ရွှမ်ကို မတွေ့ရသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ရှိသော နင်တောက်ရွှမ်သည် ငယ်ရွယ်စဉ်က နင်တောက်ရွှမ်ပုံစံအတိုင်း အမြဲ ရှိနေခဲ့သည်။
မိုချိုက တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်၏။
“နင်လန်... ကျွန်မ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား။ တကယ်ပဲ ရှင်လားဟင်”
စနစ်က တုပိုင်ကို ထိန်းချုပ်ပြီး နင်တောက်ရွှမ်၏ ငယ်ဘဝအသံဖြင့် အဆုံးမဲ့ ဆွဲဆောင်မှုများ ပြည့်နှက်စွာ ပြောကြားလိုက်လေသည်။
“ရှောင်ချို... မင်း အိပ်မက်မက်နေတာ မဟုတ်ပါဘူး။ တကယ်ပဲ ကိုယ်ပါ”
နောက်တစ်စက္ကန့်တွင် မိုချိုသည် ရှေ့သို့ တိုက်ရိုက် ခုန်အုပ်လိုက်လေသည်။ သူမ၏ ခွန်အားက ကြီးမားလွန်းသဖြင့် တုပိုင်ကို မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားစေပြီး နှုတ်ခမ်းကို တိုက်ရိုက် နမ်းရှိုက်လိုက်လေသည်။
ပူနွေးနေသော လျှာဖျားလေးသည် တိုက်ရိုက် တိုးဝင်လာသည်။ ရူးသွပ်စွာ နမ်းရှိုက်ခြင်းပင်။ အလွန် ပြင်းပြသော်လည်း အလွန် နုနယ်သေးသည်။ ဤသည်မှာ သူမ၏ ပထမဆုံးအနမ်းပင် ဖြစ်သည်။ မိုချိုသည် ဤအသက်အရွယ် ရောက်နေပြီ ဖြစ်သော်လည်း ပထမဆုံးအနမ်းက ရှိနေသေးသည်။
“နင်လန်... နင်လန်... အို... ကျွန်မရဲ့ နင်လန်... ရှင့်ကို အချစ်ဆုံးမိန်းမက ကျွန်မပါဆိုတာ ရှင် နောက်ဆုံးတော့ သိသွားပြီပေါ့လေ။ ရှင် နောက်ဆုံးတော့ ကျွန်မဆီ ရောက်လာခဲ့ပြီပေါ့”
မိုချိုသည် နက်ရှိုင်းစွာ နမ်းရှိုက်ပြီးနောက် အဝတ်အစားများကို စတင် ချွတ်ပစ်တော့သည်။ တုပိုင် ကြောက်လွန်းသဖြင့် တောင့်ခဲသွားသည်။ မိစ္ဆာမိုချို၏ စိတ်ရောဂါသည် အလွန် ပြင်းထန်လွန်းနေပြီ မဟုတ်ပါလော။
တကယ်တမ်းတွင် မိုချိုသည် ယခုအချိန်တွင် အသိစိတ် လုံးဝ ကင်းမဲ့နေပြီ ဖြစ်သည်။ ထင်ယောင်ထင်မှားဖြစ်စေသော ကျောက်မှုန့်များကို အလွန်အကျွံ ရှူရှိုက်မိထားသဖြင့် သူမ၏ အိပ်မက်ကမ္ဘာထဲတွင် လုံးဝ နစ်မြုပ်နေခြင်း ဖြစ်သည်။
တုပိုင်က အော်ဟစ်လိုက်လေ၏။
“စနစ်... စနစ်... ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲကွ”
ထူးဆန်းသော အလင်းရောင်အရိပ်က ပြန်ဖြေလိုက်လေသည်။
“မင်း မငြင်းဆန်နိုင်မှတော့ မျက်လုံးမှိတ်ပြီးသာ ခံစားလိုက်စမ်းပါ။ မိစ္ဆာမိုချိုက လီတောက်ယွဲ့ထက် ပိုငယ်ပြီး ပိုလှတယ်။ မင်းအတွက် အမြတ်ထွက်တာပဲဟာကို”
“အမြတ်ထွက်တာပေါ့... ခင်ဗျား ဦးလေးကြီးတော်... ဒီအရူးမက လီတောက်ယွဲ့ထက် ပိုလှပြီး ပိုငယ်တယ် ဆိုပေမယ့် အရမ်း ကြောက်စရာကောင်းတယ်ဗျ”
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုချိုသည် ရေလို၊ နှင်းလို၊ မီးလို၊ မီးတောက်လို ဖြစ်လာသည်။ ပြည့်နှက်နေသော စိတ်ခံစားချက်များကို အသေအလဲ ထုတ်လွှတ်ပစ်တော့မည့်ဟန် ရှိသည်။ သို့သော် သူမ မည်သို့ ပြုလုပ်ရမည်ကို လုံးဝ မသိပေ။
အဓိကအချက်မှာ ကျောက်ကြားထဲတွင် နေထိုင်သော အဘိုးကြီးက ရှိနေသေးသည် မဟုတ်ပါလော။ စနစ်၏ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်လေ၏။
“စိတ်မပူပါနဲ့... သူက မျက်စိကန်းနေတာ။ ဘာမှမမြင်ရဘူး”
မိစ္ဆာမိုချိုသည် တုပိုင်နှင့် ရူးသွပ်စွာ ပူးကပ်လျက် ချစ်ရည်လူးနေစဉ် ကျောက်ကြားထဲမှ မိစ္ဆာအိုကြီးက အေးစက်စွာ ပြောလိုက်လေသည်။
“အီစီကလီ လုပ်မနေကြနဲ့... ငါ့စကားကို မှတ်ထား။ ၃၂ ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်ခွင့်ရှိမယ်။ ကျန်တဲ့လူတွေ အကုန်သေရမယ်။ အသက်ရှင်တဲ့ တစ်ယောက်တည်းကသာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ဆက်ခံနိုင်မယ်”
ချက်ချင်းပင် မိုချို ရပ်တန့်သွားသည်။
“ဝေါင်း...”
နောက်တစ်စက္ကန့်တွင် မိစ္ဆာအိုကြီး၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး တုပိုင်နှင့် မိုချို၏ ရှေ့တည့်တည့်သို့ တိုက်ရိုက် ရောက်ရှိလာသည်။
သူ မျက်စိကန်းနေသော်လည်း တုပိုင် ရှိနေသည်ကို အာရုံခံနိုင်သည်။
မိစ္ဆာအိုကြီးသည် လက်သည်းများကို ဖြန့်ကားလိုက်ပြီး တုပိုင်နှင့် မိုချို၏ ခေါင်းပေါ်တွင် မိုးထားလိုက်သည်။
“ဝေါင်း...”
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သားရဲဆန်းကြီးသည် ပြင်းထန်စွာ ခုန်ဆင်းလာပြီး ကြီးမားလှသော လက်သည်းကြီးများကို ထုတ်လိုက်သည်။
လက်သည်းများကို ဖြန့်ကားလိုက်ရာ အတွင်းဘက်တွင် လူကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းပစ်နိုင်သော သွားများ မရေမတွက်နိုင်အောင် ရှိနေသည်ကို တွေ့ရသည်။
မိုချို၏ သိုင်းပညာသည် အလွန် အစွမ်းထက်သည်။ သူမ အစွမ်းကုန် အခြေအနေတွင် ရှိနေပါက သူမရှေ့မှ မိစ္ဆာအိုကြီးထက် အနည်းငယ်သာ နိမ့်ပါးနိုင်သည်။
ယခုအချိန်တွင် သူမသည် မဟာဆရာသခင် ၃၀ ကို သတ်ဖြတ်ခဲ့ရသဖြင့် အတွင်းအား ဆယ်ပုံကိုးပုံခန့် ကုန်ခမ်းနေပြီ ဖြစ်လေသည်။ ထို့ပြင် ထင်ယောင်ထင်မှားဖြစ်စေသော ကျောက်မှုန့်များကို အလွန်အကျွံ ရှူရှိုက်မိထားပြီး နင်တောက်ရွှမ်နှင့် ပြန်လည်ဆုံတွေ့ရသဖြင့် အချစ်စိတ် မူးယစ်ကာ အသိစိတ် လုံးဝ လွတ်ကင်းနေသည်။ သူမ၏ စိတ်ဓာတ်ခွန်အားများ လုံးဝ ပျောက်ဆုံးနေပြီး တိုက်ခိုက်နိုင်စွမ်း အကြီးအကျယ် ကျဆင်းနေသည်။
မိစ္ဆာအိုကြီးတွင် အစွမ်းထက်သော သားရဲဆန်းတစ်ကောင်လည်း ရှိနေသေးသည်။
အကယ်၍ သူကသာ တုပိုင်ကို သတ်ချင်ပါက မိုချိုအနေဖြင့် သူ့ကို တားဆီးရန် ခက်ခဲပေလိမ့်မည်။
မိစ္ဆာအိုကြီးက စူးရှစွာ ပြောလိုက်လေ၏။
“ဆုံးဖြတ်ကြ... နှစ်ယောက်မှာ တစ်ယောက်ပဲ ရှင်ရမယ်။ ဒါမှမဟုတ်ရင် အကုန်သေမယ်”
“နှစ်ယောက်မှာ တစ်ယောက်ပဲ ရှင်ရမယ်... ဒါမှမဟုတ်ရင် အကုန်သေမယ်တဲ့”
ယခုအချိန်မှာ မိစ္ဆာမိုချိုသာ အနည်းငယ်မျှသော အသိစိတ် ရှိနေဦးမည်ဆိုလျှင် နင်တောက်ရွှမ်၏ သိုင်းပညာသည် အလွန်အစွမ်းထက်ကြောင်း သူမ ရှင်းလင်းစွာ သိနေပေလိမ့်မည်။ သူသည် ဤကဲ့သို့ အသတ်ခံရမည့် အခြေအနေမျိုးနှင့် မည်သို့ ရင်ဆိုင်ရနိုင်မည်နည်း။ သူမ၏ ကာကွယ်မှုကို မည်သို့ လိုအပ်မည်နည်း။
သို့သော် ယခုအချိန်တွင် မိစ္ဆာမိုချိုသည် ထင်ယောင်ထင်မှားဖြစ်စေသော ကျောက်မှုန့်များကို ပိုမို ရှူရှိုက်မိနေပြီး နီးပါး ရူးသွပ်နေပြီ ဖြစ်သည်။ သူမသည် သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် လုံးဝ နစ်မြုပ်နေပြီ ဖြစ်သည်။
သူမစိတ်ထဲတွင် အချစ်တစ်ခုတည်းသာ ရှိတော့သည်။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း လုံးဝ မရှိတော့ဘဲ တစ်ကိုယ်လုံးသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းထဲသို့ ကျရောက်နေသည်။
မိုချိုသည် တုပိုင်ကို ကြည့်လိုက်ပြီး အလွန် ကြင်နာနူးညံ့စွာ မေးမြန်းလိုက်လေသည်။
“နင်လန်... ရှင် ဟို ကျီကျန်ယန်ဆိုတဲ့ မိန်းမယုတ်ကို လက်ထပ်ခဲ့တာ နောင်တရရဲ့လားဟင်”
စနစ်က တုပိုင်၏ အသံကို ထိန်းချုပ်လိုက်ပြီး နင်တောက်ရွှမ်၏ အသံကို ဟန်ဆောင်ကာ ပြောလိုက်သည်။
“ကိုယ် နောင်တရပါတယ်... ကိုယ် နောင်တရပါတယ် ရှောင်ချိုရယ်။ မင်းက ကိုယ့်ကို အချစ်ဆုံးမိန်းမပါ။ ကိုယ် တကယ်ချစ်တဲ့သူက မင်းပါဆိုတာ အခု ကိုယ် သိပါပြီ”
“အား...”
မိစ္ဆာမိုချို ရှိုက်ကြီးတငင် ငိုကြွေးလိုက်လေသည်။
ထို့နောက် သူမ တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။
“အဲဒီနေ့တုန်းက ကျွန်မ ရှင့်ရှေ့မှာ ဒူးထောက်ပြီး ကျွန်မကို ချစ်ပေးပါ ၊ လက်ခံပေးပါလို့ တောင်းပန်ခဲ့တယ်။ အခု ရှင် မှားသွားပြီဆိုတာ သိပြီမလား။ ရှင် နောင်တရပြီဆိုတာ သိပြီမလား”
စနစ်က တုပိုင်ကို ထပ်မံ ထိန်းချုပ်လိုက်ပြီး နင်တောက်ရွှမ်၏ ငယ်ဘဝအသံဖြင့် အလွန် သနားစဖွယ်ကောင်းအောင် ငိုကြွေးပြီး ပြောကြားလိုက်လေ၏။
“ရှောင်ချို... ကိုယ် တကယ် မှားသွားပါတယ်။ ကိုယ် တကယ် နောင်တရပါတယ်။ ကိုယ် မင်းကိုပဲ ရွေးချယ်ခဲ့သင့်တာ... မင်းကိုပဲ...”
ရုတ်တရက် မိုချိုသည် သူမတစ်ဘဝလုံး ကြိုးပမ်းအားထုတ်ခဲ့ရသမျှအတွက် ကျေနပ်သွားလေသည်။
သူမကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို လိုချင်ခဲ့သည်မှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ဖြစ်ချင်လို့ မဟုတ်ဘဲ နင်တောက်ရွှမ်ကို အနိုင်ယူပြီး သူမရှေ့တွင် ဒူးထောက်ကာ ဝန်ချတောင်းပန်စေချင်လို့သာ ဖြစ်သည်။
“နင်လန်... ကျွန်မရဲ့ နင်လန်... ဒီတစ်ဘဝတော့ ကျွန်မအတွက် တန်ပါပြီ။ ရှင် ယုံကြည်သွားအောင် ကျွန်မ သက်သေပြပါ့မယ်။ ရှင့်ကို အချစ်ဆုံးမိန်းမက ကျွန်မပါဆိုတာ သက်သေပြပါ့မယ်။ ရှင့်အတွက်ဆို ကျွန်မ သေပေးရဲပါတယ်”
သူမ တုပိုင်ကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်သည်။
“ကောင်းကောင်း အသက်ရှင်နေရစ်ခဲ့ပါနော်... ငရဲပြည်ရောက်ရင်တောင် ကျွန်မ ရှင့်ကို ချစ်နေမှာပါ”
ထို့နောက် မိစ္ဆာမိုချိုသည် တုပိုင်၏ ရင်ခွင်ထဲမှ ရုတ်တရက် ရုန်းထွက်လိုက်ပြီး ကျောက်သားပလက်ဖောင်းပေါ်မှ ပြေးထွက်ကာ အောက်ဘက်ရှိ မီးတောင်ချော်ရည်ပင်လယ်ထဲသို့ ခုန်ချလိုက်လေသည်။
အပိုင်း ၄၂၉ ပြီး။
True Immortal Team