← Chapters

မတွေ့ရတာ ကြာပြီဖြစ်သောကြောင့် မင်္ဂလာဦးထက် ပို၍ ချိုမြိန်ခြင်း။

Vol. 34 Ch. 390

မတွေ့ရတာ ကြာပြီဖြစ်သောကြောင့် မင်္ဂလာဦးထက် ပို၍ ချိုမြိန်ခြင်း။

Vol. 34 Ch. 390

"လျှို့ဝှက်ကျမ်းတွေနဲ့ အမွေအနှစ်ကျောက်စိမ်းမှတ်တမ်းတွေ အများကြီးပါလား"

ကျိုးစွေ့သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသုံးဦး၏ သိုလှောင်အိတ်များထဲတွင် များပြားလှသော အမွေအနှစ်ကျောက်စိမ်းမှတ်တမ်းများကို တွေ့ရှိလိုက်ရသည်။

ထင်ရှားသည်မှာ ဤဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသုံးဦးအတွက် ကျင့်ကြံခြင်း ပညာရပ်အမျိုးမျိုးနှင့် အမွေအနှစ်များသည် အလွန် အရေးပါလှပေသည်။

အချို့ကို ရွှမ်ယင်ဂိုဏ်းမှ ရရှိခဲ့ခြင်း ဖြစ်ပြီး၊ အချို့ကို အခြားကျင့်ကြံသူများထံမှ ရယူထားခြင်း ဖြစ်ကာ၊ အခြားအရာများကိုမူ ဂူအချို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ၎င်းတို့သည် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော တန်ဖိုးကြီး စုဆောင်းမှုများ ဖြစ်ကြသည်။

သူသည် ကြည့်ပင်မကြည့်ဘဲ ထိုအမွေအနှစ်ကျောက်စိမ်းမှတ်တမ်းများကို ‘စာအုပ်ကူ’အား တိုက်ရိုက်ကျွေးလိုက်သည်။

ယခင်က အမွေအနှစ်ကျောက်စိမ်းမှတ်တမ်းများတွင် လှည့်ကွက်များ ပါတတ်သည်ကို ကြုံဖူးသောကြောင့် ရန်သူ၏ ထောင်ချောက်အတွင်း မကျရောက်စေရန် သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးခြင်း မပြုတော့ပေ။

မှန်ပေသည်၊ သူသည် အမွေအနှစ်ကျောက်စိမ်းမှတ်တမ်းကို နတ်ဘုရားအာရုံဖြင့် စမ်းသပ်စစ်ဆေးကြည့်ခဲ့သော်လည်း ၎င်းကို သူ၏ကိုယ်ပွားဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ တစ်စုံတစ်ခု မှားယွင်းသွားပါက ကိုယ်ပွားသာ သေဆုံးသွားမည် ဖြစ်ပြီး သဘာဝကျကျပင် ပြဿနာရှိမည် မဟုတ်ချေ။

မူလခန္ဓာကိုယ်ကို ထိခိုက်စေမည် မဟုတ်ပေ။

"ဟမ်..."

ခဏအကြာတွင် ‘စာအုပ်ကူ’၏ ပုံရိပ်ယောင်စာကြည့်တိုက်ထဲ၌ စာအုပ်များစွာ ပေါ်လာသည်ကို ကျိုးစွေ့ အာရုံခံလိုက်မိသည်။ ဤစာအုပ်များ အားလုံးသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသုံးဦးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် အများစုမှာ မိစ္ဆာလမ်းစဉ် လျှို့ဝှက်ပညာရပ်များ ဖြစ်ပြီး သူ့အတွက် အခြေခံအားဖြင့် မသင့်လျော်ပေ။

အကျဉ်းချုပ်ကို တစ်ချက်ကြည့်ရုံဖြင့် သူ လျစ်လျူရှုလိုက်သည်။

"နေဦး... ဒါက ကာကွယ်ရေး ပညာရပ်တစ်ခုပဲ... ရှေးဟောင်းလိပ်ပညာရပ်"

ဤအချိန်တွင် ကျိုးစွေ့၏ မျက်လုံးများ တောက်ပလာသည်။ သူနှင့် သင့်လျော်သော ကျင့်ကြံခြင်း ပညာရပ်တစ်ခုကို အမှန်တကယ် တွေ့ရှိလိုက်ရသည်။ ဤအရာကို ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ချီဟန်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ချီဟန်သည် သေရမည်ကို အလွန် ကြောက်ရွံ့တတ်သော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟုသာ သူ ဆိုရပေမည်။ သူသည် ကာကွယ်ရေး ဝိညာဉ်ရတနာများကို ဝယ်ယူရန် ငွေအမြောက်အမြား သုံးစွဲခဲ့ရုံသာမက စွမ်းအားကြီးမားသော ကာကွယ်ရေး ပညာရပ်တစ်ခုဖြစ်သည့် ရှေးဟောင်းလိပ်ပညာရပ်ကိုလည်း ကျင့်ကြံခဲ့သည်။

ဝမ်းနည်းစရာမှာ ချီဟန်သည် ဤပညာရပ်ကို ကျွမ်းကျင်အောင် တတ်မြောက်ခဲ့ပုံ မရပေ။

အကယ်၍ သူသာ အမှန်တကယ် ကျွမ်းကျင်ခဲ့ပါက၊ သူ၏ ဝိညာဉ်ဖြန့်ကျက် အဆိပ်ဆူးသည် ချီဟန်အတွက် ပြဿနာ ဖြစ်လာမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းလိပ်ပညာရပ်၏ စွမ်းအားသည် အမှန်တကယ်ပင် ကြီးမားလှသောကြောင့် ဖြစ်သည်။

၎င်းသည် ရှေးဟောင်းလိပ်ကို တုပထားသော အထွတ်အထိပ် ပညာရပ်တစ်ခု ဖြစ်သည်။

ဤပညာရပ်ကို ဖန်တီးသူသည် ရှေးဟောင်းလိပ်ကို မြင်ဖူးခဲ့ပြီး ရှေးဟောင်းလိပ်၏ အခွံပုံစံများ အားလုံးကို ပုံဖော်ကာ ဤနတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး ရွန်းသင်္ကေတများကို မှတ်တမ်းတင်ထားခဲ့သည်။

ကျင့်ကြံခြင်း အောင်မြင်သွားသည်နှင့် တပြိုင်နက် မိမိ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရှေးဟောင်းလိပ်အကာအရံတစ်ခုကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော ရှေးဟောင်းလိပ်အကာအရံ၏ ကာကွယ်ရေးစွမ်းအားသည် လုံးဝ ထိပ်တန်းအဆင့် ဖြစ်သည်။

ဓားကျင့်ကြံသူတစ်ဦးသည် ရှေးဟောင်းလိပ်အကာအရံကို ခွဲချင်လျှင်ပင်၊ ၎င်းသည် အလွန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။

ထို့အပြင် ၎င်းသည် ဘက်စုံကာကွယ်ပေးနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ မန္တန်တိုက်ခိုက်မှု သို့မဟုတ် ဝိညာဉ်တိုက်ခိုက်မှု မည်သည်မဆို၊ အားလုံးကို ပိတ်ဆို့ထားနိုင်သည်။

အကယ်၍ ချီဟန်သာ ဤပညာရပ်ကို အမှန်တကယ် ကျွမ်းကျင်ခဲ့ပါက၊ ချီဟန်ကို သတ်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ဤပညာရပ်ကို ဖန်းတီးခဲ့သူသည် ဤပညာရပ်ကို အသုံးပြု၍ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ထိခိုက်မှု မရှိခဲ့ဟု ဆိုကြသည်။ သူသည် သူ၏ ဝိညာဉ်သန္ဓေသားအဆင့်ဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့သည်။

ဤပညာရပ် မည်မျှ စွမ်းအားကြီးကြောင်း မှန်းဆကြည့်နိုင်သည်။ ၎င်းသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသော ကာကွယ်ရေး ပညာရပ်တစ်ခု ဖြစ်သည်။

ချီဟန်သည် ဤပညာရပ်ကို ရှေးဟောင်းဂူတစ်ခုတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

သူ ချက်ချင်း ဝမ်းသာသွားခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူသည် ဤပညာရပ်ကို ကျင့်ကြံရန် ခက်ခဲမှုကို လျှော့တွက်မိခဲ့သည်။

သူသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ၎င်းကို နားလည်ရန် အချိန်မည်မျှ ကြာမည်ကို မသိခဲ့ပေ။

ကျင့်ကြံရန် ဤမျှ ခက်ခဲရခြင်း အကြောင်းရင်းမှာ ရှေးဟောင်းလိပ် ရွန်းသင်္ကေတကို နားလည်သဘောပေါက်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

လိပ်ရွန်းသင်္ကေတ အမျိုးမျိုးကို ပေါင်းစပ်ပြီး ရွှမ်လိပ်အစီအရင်အဖြစ် ဖွဲ့စည်းကာ ရှေးဟောင်းလိပ်အကာအရံအဖြစ် စုစည်းရခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ဤပညာရပ်ကို အောင်မြင်စွာ ကျင့်ကြံရန်အတွက် ရွန်းသင်္ကေတလမ်းစဉ်တွင် မြင့်မားသော အောင်မြင်မှုအဆင့် လိုအပ်ရုံသာမက၊ အစီအရင်တွင်လည်း မြင့်မားသော အောင်မြင်မှုအဆင့် လိုအပ်သည်။

ပြဿနာမှာ ချီဟန်သည် ဤနယ်ပယ်နှစ်ခုတွင် ပါရမီ သိပ်မရှိခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် သူသည် ဤပညာရပ်တွင် မည်သည့် တိုးတက်မှုမှ မရရှိခဲ့ပေ။

ဆယ်စုနှစ်ပေါင်းများစွာ စဉ်းစားတွေးတောပြီးနောက် သူသည် ဤပညာရပ်ကို ကျင့်ကြံရန် လက်လျှော့ခဲ့ပြီး ဖြစ်သည်။

"မဆိုးဘူး... ဒါက ထိပ်တန်းပညာရပ်ပဲ... ငါနဲ့ ကွက်တိပဲ"

ကျိုးစွေ့၏ မျက်လုံးများ တောက်ပလာပြီး အလွန် စိတ်လှုပ်ရှားသွားသည်။

ချီဟန်တွင် ဤပညာရပ်ကို ကျွမ်းကျင်ရန် ပါရမီ မရှိခဲ့ပေ။

သို့သော် သူကမူ မတူညီပေ။ သူသည် ရွန်းသင်္ကေတများနှင့် အစီအရင်များ နှစ်ခုစလုံးတွင် မြင့်မားသော အောင်မြင်မှုအဆင့်ကို ပိုင်ဆိုင်ထားသည်။

သူ၏ ရွန်းသင်္ကေတများအပေါ် နားလည်မှုသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အစီအရင်များတွင်မူ စတုတ္ထအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

‘စာအုပ်ကူ’၏ အကူအညီကိုပါ ပေါင်းထည့်လိုက်လျှင် ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

(စကားချပ် - ယခင် အဆောင်ပညာ - Talisman လို့ သုံးပြီး နောက်ပိုင်းမှာ glyphs – အရုပ်စာ, ရွန်းသင်္ကေတ ဆိုပြီး ပြောင်းသွားလို့ လောလောဆယ်တော့ အဆောင်ပညာနဲ့ ရွန်းသင်္ကေတလမ်းစဉ်ကို အတူတူလို့ပဲ မှတ်ထားပေးပါ။ နောက်မှ လိုအပ်ရင် နာမည်ပြောင်းသင့်ရင် ပြောင်းပါမယ်)

အကယ်၍ သူပင် နားမလည်နိုင်ပါက ဤလောကတွင် မည်သူမျှ နားလည်နိုင်မည် မဟုတ်သလို၊ မည်သူမျှ ကျွမ်းကျင်နိုင်မည် မဟုတ်ချေ။

ဝန်ခံရလျှင် သူ၏ ခန္ဓာကိုယ်တွင် နဂါးဆင်သွေးမျိုးဆက် ပါဝင်ပြီး သူ၏ ခန္ဓာကိုယ် ကာကွယ်ရေးသည် အတော်လေး ကောင်းမွန်နေပြီ ဖြစ်ကာ အဆင့်နိမ့် ဝိညာဉ်ရတနာတစ်ခုနှင့် ယှဉ်ပြိုင်နိုင်သည်။

သို့သော် ရန်သူ၏ တိုက်ခိုက်မှုကို ခုခံရန် ကိုယ်ပိုင်ခန္ဓာကိုယ်ကို အသုံးပြုလောက်အောင် မည်သူက မိုက်မဲမည်နည်း။

သူ ခုခံနိုင်လျှင် ကောင်းသည်။ အကယ်၍ မခုခံနိုင်ပါက ချက်ချင်း အသတ်ခံလိုက်ရပြီး သူ၏ ကျင့်ကြံခြင်းများ ပျက်စီးသွားမည် မဟုတ်ပါလော။

နောက်ဆုံးနည်းလမ်း မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ခုခံမည် မဟုတ်ပေ။

ထို့ကြောင့် ကာကွယ်ရေး ပညာရပ်သည် အလွန် အရေးကြီးသည်။

ထင်ရှားသည်မှာ ဤရှေးဟောင်းလိပ်ပညာရပ်သည် သူ့နှင့် လုံးဝ ကိုက်ညီပြီး သူ၏ အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်သည်။

"ယောက်ျား... ဘယ်လိုလဲ"

"ဒီ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူသုံးဦးရဲ့ သိုလှောင်အိတ်ထဲမှာ ရတနာတွေ ပါရဲ့လား... အခြေအနေ ကောင်းရဲ့လား…”

ဤအချိန်တွင် ချူတျဲယီသည်လည်း ကျိပင်းယွီတို့ ညီအစ်မများနှင့် အလွမ်းသယ်နေသည်ကို လက်စသတ်လိုက်ပြီးနောက် အားလုံးအတူ ရောက်ရှိလာကြကာ၊ ကျိုးစွေ့လက်ထဲရှိ သိုလှောင်အိတ်များကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုပြီး ယခုတစ်ကြိမ် မည်သည့်ရတနာများ ရရှိခဲ့သည်ကို သိချင်နေကြသည်။

"မဆိုးပါဘူး... ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေဆီက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ"

"တစ်ယောက်စီတိုင်းက ကံကောင်းခြင်းတွေ ယူဆောင်လာပေးသူတွေပဲ... အမြတ်အစွန်းတွေ အများကြီး ရတယ်"

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။ သူသည် ဘာကိုမျှ ဖုံးကွယ်မထားဘဲ သိုလှောင်အိတ်များထဲရှိ ရတနာများ အားလုံးကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်သည်။

"ယောက်ျား... ရှင် ဝိညာဉ်သန္ဓေသားဆေးလုံး နောက်တစ်လုံး ရလိုက်တာလား"

"ညီမလေးလန်နဲ့ ညီမလေးရှန်တို့ နှစ်ယောက်လုံး သူတို့ရဲ့ ဝိညာဉ်သန္ဓေသားကို ဖွဲ့စည်းနိုင်မယ့် ဖြစ်နိုင်ချေ များသွားပြီပဲ"

ချူတျဲယီက ခံစားချက်ပါပါ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့သည်လည်း အလွန် စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် အချိန်အနည်းငယ် လိုသေးသော်လည်း၊ ဝိညာဉ်သန္ဓေသား အရင်းအမြစ်များကို ကြိုတင်ပြင်ဆင်ထားနိုင်ပါက နောက်ပိုင်းတွင် အချိန်များစွာ ဖြုန်းတီးရန် မလိုအပ်တော့ပေ။

ချွမ်တောက်နှင့် အခြားသူများသည်လည်း မျက်လုံးများ တောက်ပလာပြီး ရင်ထဲတွင် နက်ရှိုင်းစွာ ထိခိုက်ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် သခင်မမက်မွန်ပွင့်၏ အစေခံများ ဖြစ်လင့်ကစား ဝိညာဉ်သန္ဓေသားဆေးလုံး ရရှိရန်မှာ မလွယ်ကူပေ။

အဘယ်ကြောင့်ဆိုသော် ဝူကျိမဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် ဝိညာဉ်သန္ဓေသားဆေးလုံး များများစားစား မရှိသောကြောင့် ဖြစ်သည်။

လူတိုင်းက ၎င်းတို့ကို လိုချင်တပ်မက်စွာ စောင့်ကြည့်နေကြသည်။

သူတို့ မည်သည့်အချိန်တွင် ရရှိနိုင်မည်ကို သူတို့ မသိခဲ့ကြပေ။

ယခု ဝိညာဉ်သန္ဓေသားဆေးလုံး ခုနစ်လုံးသည် သူတို့အတွက် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။

"မင်းတို့အားလုံး ဝိညာဉ်သန္ဓေသားဆေးလုံး လိုချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

"ဒါပေမဲ့ မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တယ်"

"မင်းတို့ ပိုကြိုးစားလေ... ဝိညာဉ်သန္ဓေသားဆေးလုံး ရနိုင်ချေ ပိုများလေပဲ"

ကျိုးစွေ့သည် သူ၏ လှပသော တာအိုလက်တွဲဖော်များကို ကြည့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဟွန့်.. အချစ်လေး... ဘယ်လိုမျိုးကို ကြိုးကြိုးစားစား လုပ်တယ်လို့ ခေါ်တာလဲ"

"နေ့စဉ် ကျင့်ကြံတာရော အကျုံးဝင်လား"

ရှန်ပိချန်သည် ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကျိုးစွေ့အနားသို့ တိုးကပ်လာပြီး သူမ၏ ထင်မြင်ချက်များကို ချုပ်တည်းမထားခဲ့ပေ။

"အင်း... မင်းရဲ့ ထင်မြင်ချက်တွေက တော်တော် ခိုင်လုံသားပဲ... မင်းပဲ အဆုံးအဖြတ်ပေးတော့"

ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ နဂါးဆင်သွေးမျိုးဆက် ဆူပွက်လာသည်ကို သူ ခံစားလိုက်ရသည်။

မကြာမီ အခန်းထဲတွင် တာအိုစည်းချက်သံများ ပြည့်နှက်သွားတော့သည်။

အပြင်ဘက်တွင် သည်းထန်စွာ ရွာသွန်းနေသော မိုးသံများသည် မြေကြီးကို ရိုက်ခတ်နေပြီး အရာအားလုံးကို လွှမ်းမိုးသွားသကဲ့သို့ ရှိသည်။

မိုးကြိုးနှင့် လျှပ်စီးတို့သည် ညကောင်းကင်ယံကို ခွင်းသွားသော်လည်း နောက်ဆုံးတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရောက်ရှိလာခဲ့တော့သည်။

(စကားချပ် - ယခင်က လူသားကျင့်ကြံသူတွေနဲ့ ကူကောင်တွေကို ကွဲပြားစေချင်လို့ ပထမအဆင့်နဲ့ အဆင့်တစ် ဆိုပြီး ခွဲရေးခဲ့ပါတယ်။ အခုတော့ ပထမအဆင့်၊ ဒုတိယအဆင့် စသဖြင့်ပဲ ပြောင်းလဲရေးသားသွားပါ့မယ်)

……

All Chapters