← Chapters

အခန်း (၄၃၁)

Vol. 44 Ch. 431

အခန်း (၄၃၁)

Vol. 44 Ch. 431

တုပိုင်သည် ခေါင်းခါယမ်းလိုက်ဆဲ ဖြစ်သည်။

မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့က ပြောလိုက်၏။ “ဒါဆိုရင်လည်း ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့... သေပေတော့”

ထို့နောက် သူ၏ ကြောက်မက်ဖွယ် ကောင်းသော လက်သည်းကြီးများသည် တုပိုင်၏ ဦးခေါင်းခွံကို အနည်းငယ် အားစိုက်၍ ဆုပ်ကိုင်လိုက်သည်။

တစ်ခဏချင်းမှာပင် တုပိုင်၏ ဦးခေါင်းခွံသည် ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဒီသွေးသစ္စာကို မပြုဘူးဆိုရင် ငါ မင်းကို သတ်ရလိမ့်မယ်” မိစ္ဆာအိုကြီး စစ်ခုန်းက ပြောလိုက်သည်။ “မင်း မလုပ်နိုင်ဘူးလား။ မြောက်ပိုင်းဂိုဏ်းကို စုစည်း ၊ တောင်ပိုင်းဂိုဏ်းကို ဖျက်ဆီးပြီး ပေမင်ဓားဂိုဏ်းရဲ့ မူလလမ်းစဉ်ကို ပြန်လည် ရယူပြီး နင်တောက်ရွှမ်ကို သတ်မယ်လို့ သွေးသစ္စာဆိုစမ်း ၊ မဆိုရင် မင်းသေပြီသာမှတ်”

“ကတိမပေးနဲ့... ကတိမပေးနဲ့...” အိပ်မက်စနစ်က ထူးဆန်းစွာ အသည်းအသန် ပြောလာသည်။

တုပိုင်သည် မျက်လုံးများကို မှိတ်ထားလိုက်သော်လည်း ပြုံးနေလေ၏။ ယနေ့ အခြေအနေတွင် သူသည် အရာများစွာကို ထိုးထွင်းမြင်နေရပြီး ဖြစ်ပျက်ခဲ့သည်များထက် ပိုမို ဝေးကွာသော အနာဂတ်ကိုပင် မြင်တွေ့နေရသည်။

“ဒါဆိုရင်လည်း သေပေတော့...” မိစ္ဆာအိုကြီး စစ်ခုန်းက ခြောက်ခြားဖွယ် အသံကြီးဖြင့် ပြောလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် လက်သည်းများကို ရုတ်တရက် ဝှေ့ယမ်းကာ တုပိုင်၏ ဦးခေါင်းကို ရိုက်ခွဲရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင်...

“ရွှပ်...”

လေထုထဲတွင် ပန်းပွင့်များ ဖူးပွင့်လာသကဲ့သို့ မွှေးပျံ့သော ရနံ့တစ်မျိုး ပျံ့လွင့်လာသည်။

ထို့နောက် လူသုံးဦး ဖြည်းညှင်းစွာ ဆင်းသက်လာကြသည်။

အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ၊ လူငယ်တစ်ဦး ၊ မီးခိုးရောင် ဝတ်ရုံနှင့် အဖြူရောင် ဝတ်ရုံတို့ ဖြစ်ကြသည်။

အထူးသဖြင့် ထိုလူငယ်လေးသည် နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေပြီး သိုင်းဧကရာဇ် နင်တောက်ရွှမ်၏ ကျက်သရေ အနည်းငယ် ပါရှိကာ ဓားဝိညာဉ်တစ်ခုအလား မတ်မတ်ရပ်နေသည်။

အမျိုးသမီးသည် ရောင်စုံတိမ်တိုက်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ကျက်သရေရှိကာ အိပ်မက်ဆန်လှသည်။ မျက်နှာကို ပဝါပါးဖြင့် ဖုံးအုပ်ထားသဖြင့် ရုပ်သွင်ကို သဲကွဲစွာ မမြင်ရဘဲ ရက်ရက်စက်စက်လှပလွန်းသည့် မျက်လုံးတစ်စုံကိုသာ မြင်တွေ့နေရသည်။

သူမ၏ မျက်ဝန်းများသည် ရေကန်ကဲ့သို့ အေးစက်ပြီး ၊ ပြာလဲ့သော ပင်လယ်နှင့် ဆောင်းဦးလှိုင်းတံပိုးများကဲ့သို့ ဖြစ်နေသည်။

သူမသည် ထိုနေရာတွင် ရပ်နေသော်လည်း တိမ်တိုက်များကြားတွင် ရှိနေသကဲ့သို့ ထင်မှတ်ရသည်။ အကွာအဝေးအားဖြင့် အလွန် နီးကပ်သော်လည်း အလွန် ဝေးကွာနေသကဲ့သို့ ခံစားရစေသည်။

သူမ နာမည်ကို မပြောသော်လည်း တုပိုင်သည် သူမကို ချက်ချင်း မှတ်မိလိုက်သည်။ သူမကား နင်တောက်ရွှမ်၏ တရားဝင် မွေးစားသမီး ၊ အဓိကတပည့် ၊ ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှမယ် ၊ နီရှန် နတ်မိမယ်ပင် ဖြစ်သည်။

“စစ်ခုန်းမြဲ့...” နီရှန်နတ်မိမယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

မိစ္ဆာအိုကြီးသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် စူးရှစွာ အော်ဟစ် ရယ်မောလိုက်သည်။ “မြောက်ပိုင်းဂိုဏ်းနဲ့ တောင်ပိုင်းဂိုဏ်းကို ပေါင်းစည်းဖို့ ကိစ္စက မင်းတို့ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဘုရားသခင်ရဲ့ အလိုတော်ပဲ... ဘုရားသခင်ရဲ့ အလိုတော်ပဲ...”

နီရှန်နတ်မိမယ်က ပြောလိုက်၏။ “စစ်ခုန်းမြဲ့... ရှင်က လူပေါင်း ၂၉၅ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ပေမင်ဓားဂိုဏ်းကို နှစ်ပိုင်းကွဲစေခဲ့တယ်။ ပေမင်ဓားဂိုဏ်း ကိုယ်စား ၊ ထျန်တောက်အဖွဲ့ ကိုယ်စား ရှင့်ကို သေဒဏ်ပေးတယ်”

စစ်ခုန်းမြဲ့က ရယ်မောပြီး ပြောလိုက်သည်။ “နင်တောက်ရွှမ် မမွေးလာကတည်းက ငါက လောကကြီးမှာ ရှိနေခဲ့ပြီးသားကွ။ ငါ့ကို သတ်ချင်တာလား။ မင်းတို့ သုံးယောက်လောက်နဲ့ ငါ့ကို သတ်ချင်နေတာလား။ ဟားဟားဟားဟား...”

သူ၏ ပိန်လှီနေသော ခြေထောက်များဖြင့် ရုတ်တရက် ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် လင်းတတစ်ကောင်ကဲ့သို့ မီတာဆယ်ပေါင်းများစွာ အမြင့်သို့ ပျံတက်သွားကာ ထိုလူသုံးဦးထံသို့ ခုန်အုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော သားရဲဆန်းကြီးသည် ယင်း၏ လက်သည်းများဖြင့် ရိုက်ချလိုက်ပြီး ပါးစပ်ကို ဖွင့်ဟလိုက်ရာ အတွင်း၌ မရေမတွက်နိုင်သော သွားများကို မြင်လိုက်ရသည်။

ဤစစ်ခုန်းမြဲ့သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက လောကကို ဖြတ်ကျော်ခဲ့သူ ဖြစ်သည်။ ဒုက္ခိတ ဖြစ်နေပြီး သူ၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်သည် စက်ဝန်းတစ်ခုအဖြစ် မလည်ပတ်နိုင်တော့သော်လည်း သူ၏ သိုင်းပညာသည် မိစ္ဆာမိုချိုထက်ပင် မြင့်မားနိုင်ပေသည်။

ဤအစွမ်းထက်သော မျိုးစိတ်ကွဲ သားရဲကြီးနှင့် ပေါင်းစပ်လိုက်လျှင် နီရှန်နတ်မိမယ်တို့ သုံးဦးသည် ပြိုင်ဘက် မဟုတ်မှာကို စိုးရိမ်ရသည်။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိပ်တွင် ကျောက်မျက်ရတနာ တပ်ဆင်ထားသော ထူးခြားသည့် တုတ်ကောက်တစ်ချောင်းကို ရုတ်တရက် ထုတ်လိုက်သည်။ ထိုကျောက်မျက်မှ ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“ရွှပ်...”

အစွမ်းထက်သော သားရဲဆန်းကြီးသည် ထိုအလင်းတန်းနှင့် ထိတွေ့ပြီးနောက် ရုတ်တရက် အလွန် သနားစဖွယ်ကောင်းအောင် အော်ဟစ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အလင်းထိတွေ့သော နေရာများသည် စတင် တိုက်စားခံရပြီး ပုပ်ပွလာတော့သည်။

“ဝေါင်းးး ဝေါင်းးး ဝေါင်းးး”

မျှော်လင့်ချက်မဲ့စွာ အော်ဟစ် ရုန်းကန်နေရင်း အစွမ်းထက်သော သားရဲဆန်းကြီး၏ ခန္ဓာကိုယ် တစ်လက်မချင်းစီ ပုပ်ပွပျက်စီးလာလေသည်။

နောက်ဆုံးတွင် မြေကြီးပေါ်သို့ လဲကျသွားပြီး မီတာရာပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ကျောက်ရည်ပူများထဲသို့ ပြုတ်ကျသွားလေသည်။

ဤမျှ အစွမ်းထက်သော သားရဲကြီးက ဒီလောက် လွယ်လွယ်လေး သေဆုံးသွားသည်လား။ ရေဘဝဲကြီးနှင့် တူသော သားရဲဆန်းကြီးတွင် ဤမျှ ပျော့ညံ့သော အခြမ်း ရှိနေသည်လား။

ဤဘက်တွင်မူ နီရှန်နတ်မိမယ်သည် မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့ကို တစ်ဦးတည်း တိုက်ခိုက်နေသည်။ လူငယ်လေးက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ပါးစပ်မှ ထူးခြားသော သင်္သကရိုက်အသံကဲ့သို့ ၊ ကြောက်မက်ဖွယ် ကျိန်စာကဲ့သို့ ရွတ်ဆိုနေသည်။

ဤလူသုံးဦး မလာရောက်မီ သူတို့သည် စစ်ခုန်းမြဲ့အကြောင်းနှင့် သူ၏ ဘေးနားရှိ သားရဲဆန်းအကြောင်းကို အသေချာဆုံး နားလည်ထားပြီး ဖြစ်သဖြင့် ဖြေရှင်းရန် နည်းလမ်းကို ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့၏ ခြေထောက်များ ကျုံ့ဝင်နေပြီး မျက်လုံးများ ကွယ်နေသဖြင့် သူသည် နားနှင့် စိတ်အာရုံခံစားမှုကိုသာ အပြည့်အဝ အားကိုးနေရသည်။

သူ၏ နားများသည် အထူး ထက်မြက်လှသည်။

ပေမင်ဓားဂိုဏ်းမှ ထိုလူငယ်တပည့် ရွတ်ဆိုနေသော ကျိန်စာသည် စစ်ခုန်းမြဲ့ကို အထူးတလည် ချုပ်ထိန်းထားပုံရသည်။

ခဏအကြာတွင် စစ်ခုန်းမြဲ့သည် ရူးသွပ်သွားမတတ် ဖြစ်လာပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ ဖောင်းကြွလာကာ ခန္ဓာကိုယ်တစ်ခုလုံး၌ ချီစွမ်းအင်များ လည်ပတ်နေသည်ကိုပင် မြင်တွေ့နေရသည်။

နီရှန်နတ်မိမယ်သည် ပန်းပွင့်များ အရိပ်ထင်သကဲ့သို့ မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့၏ ပတ်လည်တွင် လှည့်ပတ် ပျံသန်းနေသည်။

ခဏအတွင်းမှာပင် နတ်သမီးပုံရိပ် ဆယ်ဂဏန်းမက စစ်ခုန်းမြဲ့ကို ဝိုင်းရံထားလိုက်သည်။ သူမသည် စစ်ခုန်းမြဲ့ကို တိုက်ရိုက်ပင် မတိုက်ခိုက်ပေ။

ဓားကခုန်ခြင်း ၊ ဓားဝှေ့ယမ်းခြင်းများကိုသာ ဆက်တိုက် ပြုလုပ်နေသည်။

သူမ၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် နောက်ဆုံးတွင် တုပိုင်၏ မြင်ကွင်းတစ်ခုလုံး၌ ပြိုင်ဘက်ကင်းသော အလှတရား ၊ နီရှန်နတ်မိမယ်၏ ပုံရိပ်များနှင့် သူမ၏ အေးစက်သော ဓားသွားများဖြင့် ပြည့်နှက်သွားတော့သည်။

ကောင်းကင်တစ်ခုလုံး ဓားအရိပ်များ ဖုံးလွှမ်းသွားသည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း စစ်ခုန်းမြဲ့၏ ခန္ဓာကိုယ်သည် ပိုမို ဖောင်းပွလာပြီး တစ်ကိုယ်လုံး ဖူးရောင်လာသည်။

ဤသည်က အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော လက္ခဏာတစ်ခု ဖြစ်သည်။ ရွှမ်းချီအတွင်းအားများသည် သွေးကြောများမှ စိမ့်ထွက်လာပြီး ကြွက်သားများထဲသို့ တိုးဝင်လာခြင်း ဖြစ်သည်။

“ထွက်သွားစမ်း...”

နီရှန်နတ်မိမယ် ချက်ချင်း ရပ်တန့်လိုက်သည်။

တစ်ခဏချင်းမှာပင် လှပသော နတ်သမီးဟန်ပန် ဒါဇင်ပေါင်းများစွာသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

ကောင်းကင်ထက်ရှိ ဓားအရိပ်များ ပျောက်ကွယ်သွားပြီး ချက်ချင်း သက်ဆင်းလာသည်။

မြေပြင်ပေါ်တွင် ထိုင်၍ ကျိန်စာရွတ်နေသော လူငယ်လေးသည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်သည်။ “ထွက်သွားစမ်း”

“အား... အား... အား...” မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ငါ လက်မခံဘူး... ငါ လက်မခံဘူး... မင်းတို့က နည်းလမ်းမကျတဲ့ လမ်းစဉ်ကို သုံးတယ်... ငါ့ကို တရားသဖြင့် မတိုက်ဘူး... ငါ မကျေနပ်ဘူး... ငါ လက်မခံဘူး...”

သူ၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ ဖောင်းပွလာပြီး အကန့်အသတ်သို့ ရောက်ရှိသွားသည်။

“ဘုန်းးးး”

ချက်ချင်းပင် သူ၏ အလွန် အရုပ်ဆိုးသော ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ရုပ်အလောင်းဟူ၍ပင် မကျန်တော့ချေ။

ဘေးတစ်ဖက်ရှိ တုပိုင်မှာမူ အမှန်တကယ် လုံးဝ ကြောင်အမ်းသွားရသည်။ ပေမင်ဓားဂိုဏ်းတွင် ဤကဲ့သို့သော သတ်ဖြတ်ခြင်း နည်းလမ်း ရှိနေသည်လား။ ဤမိစ္ဆာအိုကြီး စစ်ခုန်းမြဲ့သည် ကြယ်တာရာမဟာအတတ်၏ ဆက်ခံသူတစ်ဦး ဖြစ်ပြီး သူ၏ သိုင်းပညာသည် အလွန် မြင့်မားကာ မိစ္ဆာမမိုချိုထက်ပင် ပိုမို အစွမ်းထက်သည်။

သို့သော် နီရှန်နတ်မိမယ် လက်ချက်ဖြင့် ဤမျှ လွယ်ကူစွာ သေဆုံးသွားခဲ့သည်လား။ ကြောက်စရာကောင်းသည်မှာ နီရှန်နတ်မိမယ်သည် စစ်ခုန်းမြဲ့ကို ဓားဖြင့် တစ်ချက်ပင် တိုက်ရိုက် မထိတွေ့ခဲ့ပေ။

ဤနီရှန်နတ်မိမယ်သည် နင်တောက်ရွှမ်၏ တရားဝင် မွေးစားသမီးနှင့် တပည့်သာ ဖြစ်ပြီး ဤမျှ အစွမ်းထက်နေပြီ ဆိုလျှင် နင်တောက်ရွှမ်သည် မည်မျှ အစွမ်းထက်မည်နည်း။

နောက်တစ်ချက်မှာ နီရှန်နတ်မိမယ်တို့ သုံးယောက်သည် စစ်ခုန်းမြဲ့အကြောင်းကို အဘယ်ကြောင့် ဤမျှ အသေးစိတ် သိရှိနေရသနည်း။ သူ၏ နေရာကို ရှာဖွေပြီး အတားအဆီးမရှိသလောက် ဂိုဏ်းကို ရှင်းလင်းရန် အပြည့်အဝ ပြင်ဆင်ထားခဲ့ကြသည်။

မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့ အပိုင်းပိုင်း ဖြစ်သွားပြီးနောက် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကျမ်းလိပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ပြန်လည် ပြုတ်ကျလာသည်။

နီရှန်နတ်မိမယ်သည် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကျမ်းလိပ်ကို လေထဲတွင်ပင် ဖမ်းယူလိုက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားလက်သို့ ကမ်းပေးလိုက်သည်။ “ဒုတိယအစ်ကို... ကြည့်လိုက်ပါဦး”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျမ်းလိပ်ပေါ်ရှိ ကမ္ပည်းစာကို ကြည့်ရှုပြီး ယင်း၏ စွမ်းအင်အရှိန်အဝါကို အာရုံခံလိုက်ကာ ပြောလိုက်သည်။ “မှန်လောက်တယ်... ဒါ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သိုင်းကျမ်းပဲ”

ထို့နောက် နီရှန်နတ်မိမယ်သည် ကျောက်သေတ္တာကို တိုက်ရိုက် ပိတ်လိုက်ပြီး ဖယောင်းတံဆိပ်ဖြင့် ဖုံးအုပ်လိုက်သည်။

ဤသည်မှာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သိုင်းကျမ်းကို လုံးဝ ပိတ်သိမ်းလိုက်ခြင်း ဖြစ်ပြီး နင်တောက်ရွှမ်လက်ထဲသို့ မအပ်နှံမီ မည်သူမျှ ဖွင့်ကြည့်၍ မရနိုင်ပေ။

ပေမင်ဓားဂိုဏ်းမှ လူငယ်တပည့်က ပြောလိုက်သည်။ “ပါရမီ မပါ ၊ သွေးသား မကောင်း ၊ ကြွက်သားနဲ့ အရိုးအဆစ် မသန်မာဘဲနဲ့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အတင်းအဓမ္မ ကျင့်ကြံဖို့ ကြိုးစားတာက သေလမ်းရှာတာ သက်သက်ပါပဲ။ အရှင်မင်းမြတ်က ကျွန်တော်တို့ကို လမ်းညွှန်မှု အနည်းငယ် ပေးခဲ့လို့ သစ္စာဖောက်ကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့တာပါ”

နီရှန်နတ်မိမယ်က ပေမင်ဓားဂိုဏ်းမှ လူငယ်တပည့်ကို ပြောလိုက်သည်။ “ကူညီပေးခဲ့တဲ့အတွက် ဂိုဏ်းတူအစ်ကို ကျီလန်ထင်းကို ကျေးဇူးတင်ပါတယ်”

“မင်းနဲ့ ငါက မောင်နှမတွေပဲ... တစ်စိတ်တစ်ဝမ်းတည်းတွေလေ... ကျေးဇူးတင်စရာ လိုလို့လား” ကျီလန်ထင်းက လက်ကာပြပြီး ပြုံးလိုက်သည်။

ထို့နောက် နီရှန်နတ်မိမယ်သည် တုပိုင်၏ ရှေ့သို့ ရောက်လာပြီး ပြောလိုက်၏။ “အရှင်တုပိုင်... ဟုတ်ပါသလား”

တကယ်လို့ တုပိုင်သာ ပေမင်ဓားဂိုဏ်းတွင် ရှိနေပါက ထျန်ကျီးကျွန်းသခင်ဟု ခေါ်ဆိုခံရမည် ဖြစ်သည်။ တုပိုင်သည် ကမ္ဘာပေါ်တွင် အလှပဆုံးသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးတစ်စုံကိုသာ ဖော်ပြထားလျှင်ပင် သူမသည် အလှပဆုံး အမျိုးသမီး ဖြစ်နေဆဲပင်။

ပေမင်ဓားဂိုဏ်းတွင် သူသာ သဘောတူခဲ့လျှင် ဤအမျိုးသမီးသည် သူ၏ ဇနီး ဖြစ်လာပေလိမ့်မည်။ သူ ငြင်းပယ်ခဲ့လျှင်ပင် နင်တောက်ရွှမ်က နီရှန်နတ်မိမယ်ကို သုံးနှစ်အတွင်း အိမ်ထောင်မပြုစေရဟု ကတိပေးခဲ့သည်။

ထို့ကြောင့် လွန်ခဲ့သော သုံးနှစ်အတွင်း တုပိုင်သာ ဆန္ဒရှိပါက သူမသည် အချိန်မရွေး တုပိုင်၏ နှလုံးသားပိုင်ရှင် ဖြစ်လာပေလိမ့်မည်။

တုပိုင်သည် သဘောတူခြင်း ၊ ငြင်းပယ်ခြင်း မပြုခဲ့ပေ။

လူငယ်လေး ကျီလန်ထင်းက ရှေ့သို့ တိုးလာပြီး ပြောလိုက်၏။ “တုပိုင်... မင်းက အရှင်မင်းမြတ်အဖြစ် ဟန်ဆောင်တာက သေဒဏ်ထိုက်တဲ့ အပြစ်ပဲ”

နီရှန်နတ်မိမယ်က ပြောလိုက်သည်။ “အရှင်တုပိုင်... ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရဲ့ တည်နေရာကို ရှင် ဘယ်လို သိခဲ့တာလဲ။ ကိုယ့်ဘာသာ သိတာလား... တခြားတစ်ယောက်ယောက်က ပြောပြတာလား။ တကယ်လို့ တစ်ယောက်ယောက်က ပြောပြခဲ့တာ ဆိုရင် အဲဒီလူက ဘယ်သူလဲ ဆိုတာ ဝန်ခံပြီး သစ္စာဖောက်ကို ဖော်ထုတ်ပေးရင် ရှင့်ရဲ့ အပြစ်ကို တစ်စိတ်တစ်ပိုင်း လျှော့ပေါ့ပေးလို့ ရပါတယ်”

သူမသည် တုပိုင်ကို လီတောက်ယွဲ့အကြောင်း ဝန်ခံစေချင်နေခြင်း ဖြစ်သည်။

တုပိုင်က ပြောလိုက်၏။ “ဘယ်သူမှ ငါ့ကို မပြောပြဘူး။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရဲ့ တည်နေရာကို မိုချိုဆီကနေ ငါ ရခဲ့တာ”

နီရှန်နတ်မိမယ်က ပြောလိုက်သည်။ “ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်က ပေမင်မဟာအတတ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၊ ပေမင်ဓားဂိုဏ်းရဲ့ မြို့စားရတနာ ဖြစ်တယ်။ ပေမင်ဓားဂိုဏ်းဝင် တစ်ယောက် အနေနဲ့ ရှင်က ဘာလို့ သတင်းမပို့ဘဲ ကိုယ်ပိုင်အဖြစ် သိမ်းဆည်းချင်ရတာလဲ”

တုပိုင်က အေးစက်စွာ ပြုံးပြီး ပြောလိုက်၏။ “နီရှန်နတ်မိမယ်... မင်း အထင်လွဲနေပြီ ထင်တယ်။ ဂိုဏ်းချုပ် နင်တောက်ရွှမ်က ငါ့ကို ပေမင်ဂိုဏ်းရဲ့ ဆက်ခံသူ လုပ်ခိုင်းပြီး မင်းနဲ့ လက်ထပ်ပေးမယ် ပြောတုန်းက ငါ ငြင်းခဲ့တယ်။ ငါက ပေမင်ဓားဂိုဏ်းက ထွက်လာခဲ့ပြီးပြီ။ ငါက ပေမင်ဓားဂိုဏ်းသား မဟုတ်တော့ဘူး... ပေမင်ဓားဂိုဏ်းအတွက် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို တိုက်ခိုက်ယူပေးစရာ တာဝန်လည်း မရှိတော့ဘူး”

ဤစကား ထွက်ပေါ်လာသည်နှင့် ပေမင်ဓားဂိုဏ်းမှ လူငယ်တပည့် ကျီလန်ထင်းသည် တုပိုင်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ထျန်တောက်အဖွဲ့ရဲ့ နီရှန်နတ်မိမယ်ကို စော်ကားပြီး ပေမင်ဂိုဏ်းချုပ်အဖြစ် ဟန်ဆောင်တယ်။ ပေမင်ဓားဂိုဏ်း ကိုယ်စား မင်းကို ငါ သေဒဏ်ပေးမယ်”

ထို့နောက် သူသည် ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ချက်ချင်းပင် တုပိုင်၏ ခေါင်း ပြတ်သွားတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တစ်ချိန်တည်းမှာပင် မလှမ်းမကမ်း၌ ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ကျောက်ရည်ပူများသည် မီတာတစ်ရာအမြင့်သို့ တက်ကာ မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းသွားလေသည်။

အပိုင်း ၄၃၁ ပြီး။

All Chapters