← Chapters

အခန်း (၄၃၄)

Vol. 44 Ch. 434

အခန်း (၄၃၄)

Vol. 44 Ch. 434

“ဦးစွာ ကျွန်မကိုယ်ကို မိတ်ဆက်ပါရစေ။ ကျွန်မ နာမည်က လင်းမို့ချန်ပါ။ ကြာပန်းမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့။ ကျွန်မမှာ နောက်ထက် ဂုဏ်ပုဒ် တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ လင်းအာချန်ရဲ့ ညီမဝမ်းကွဲ ဖြစ်သလို... လင်းအာချန်ရဲ့ ဇနီးသည်လည်း ဖြစ်ပါတယ်”

လှပသော အမျိုးသမီးက ဖြည်းညှင်းစွာ ပြောလိုက်၏။

“နယ်စားတုပိုင်... ဒီဘက်ကို လာပြီး စကားပြောပါဦး”

တုပိုင်က လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်သည်။

“သခင်မလင်း... ခင်ဗျားရဲ့ ခင်ပွန်းက လူယုတ်မာတစ်ယောက်ပါ။ ပြီးတော့ ခင်ဗျားကွယ်ရာမှာ တခြားမိန်းမတွေနဲ့ ရှုပ်ပွေနေခဲ့တဲ့သူပါ။ ကျွန်တော်က ခင်ဗျားအတွက် သူ့ကို သတ်ပေးလိုက်တာပါ။ ကျေးဇူးတင်ဖို့ မလိုပါဘူး”

ထိုလှပသော အမျိုးသမီးက ပြန်ပြောလိုက်၏။

“ကျွန်မ ယောကျ်ားက လူယုတ်မာဆိုရင် ကျွန်မကလည်း မိန်းမယုတ်ပါပဲ။ ကျွန်မတို့နှစ်ယောက်စလုံး ကိုယ်ပိုင်ကစားပွဲတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြပေမဲ့ပေါ့လေ...။ သူက မိန်းမတွေ အများကြီးနဲ့ ရှုပ်သလိုသလို ကျွန်မမာလည်း ယောကျ်ားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ငယ်ချစ်တွေမို့လို့ သံယောဇဉ်က အရမ်းနက်ရှိုင်းတယ်။ သူက ကျွန်မကို မရေမတွက်နိုင်အောင် ကယ်တင်ခဲ့ဖူးသလို ကျွန်မကလည်း သူ့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတယ်။ ကျွန်မ သူ့ကို ချစ်သလို သူကလည်း ကျွန်မကို ချစ်တယ်”

“ဒီလို ကမောက်ကမလောကကြီးမှာ ကျွန်မတို့နှစ်ယောက်က အပြန်အလှန် မှီခိုပြီး အသက်ရှင်ခဲ့ကြတာ။ ရှင်က သူ့ကို သတ်ပစ်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျွန်မ တာ့နင်အင်ပါယာ တစ်ဝက်လောက်ကို လှည့်ပတ်ပြီး သူ့အတွက် လက်စားချေဖို့ လိုက်ရှာနေခဲ့တာ... ရှင့်ရဲ့ အလောင်းကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ထစ်ပစ်ဖို့အတွက်လေ... ဒါပေမဲ့ ရှင့်ကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ သံဖိနပ်ပေါက်အောင် ရှာတာတောင် မတွေ့ခဲ့ရပေမဲ့ ဒီနေ့တော့ မထင်မှတ်ဘဲ အလွယ်တကူ တွေ့လိုက်ရတာပဲ”

စကားအဆုံးတွင် လှပသော အမျိုးသမီး လင်းမို့ချန်၏ မျက်လုံးများထဲ၌ အရိုးထဲစွဲနေသော အမုန်းတရားများ ပြည့်နှက်နေပြီး မျက်လုံးအိမ်တစ်ခုလုံး သွေးရောင် လွှမ်းနေလေသည်။

ဤသည်ကား ရှုပ်ထွေးပွေလီလှသော ဆက်ဆံရေးပင် ဖြစ်ချေသည်။

ဤလင်းမောင်နှံ၏ ခန္ဓာကိုယ်များသည် ရှုပ်ပွေဖောက်ပြန်နေကြသော်လည်း စိတ်ပိုင်းဆိုင်ရာအရ အပြန်အလှန် မှီခိုနေကြပြီး သံယောဇဉ် အလွန်ကြီးမားကြသည်။ မြို့ပြက လူတွေလို ကစားတတ်ကြပါပေတယ်ဟု ပြောရမည်လော။

လင်းမို့ချန်၏ ရင်ထဲမှ နာကျင်မှုသည် စစ်မှန်ပြီး ခင်ပွန်းဖြစ်သူ လင်းအာချန်အပေါ် ထားရှိသော မေတ္တာတရားသည်လည်း စစ်မှန်ပေသည်။ ထို့အတူ တုပိုင်အပေါ် ထားရှိသော အမုန်းတရားသည်လည်း စစ်မှန်လှပေ၏။

တုပိုင်က ပြောလိုက်သည်။ “သခင်မလင်း... ဝမ်းနည်းစရာပါပဲ... ဝမ်းနည်းစရာပါပဲ...”

ထို့နောက် သူသည် သင်္ဘောကို အရှိန်အကုန်မြှင့်ပြီး ထွက်ပြေးရန် အမိန့်ပေးတော့မည် ပြုလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ရန်သူသင်္ဘောပေါ်မှ မြင်ကွင်းကြောင့် တုပိုင်၏ မျက်လုံးအိမ်များ ကွဲထွက်လုမတတ် ဖြစ်သွားရလေသည်။

ကျစ်လျစ်ပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပိုင်ရှင် အလွန်လှပသည့် အမျိုးသမီးတစ်ဦးကို တွန်းထုတ်လာကြသည်။ သူမ၏ တစ်ကိုယ်လုံးကို ထူးခြားသော ကြိုးတစ်မျိုးဖြင့် တုပ်နှောင်ထားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သူမ၏ ဝိညာဉ်စွမ်းအားများ အားနည်းနေပုံရပြီး မျက်လုံးများလည်း ဝေဝါးနေလေ၏။

‘အစ်မကျီပြောင်ပြောင်’

“နယ်စားတု... ဒါက ရှင့်ရဲ့ အမျိုးသမီး မဟုတ်လား။ သူ့ကို ဖမ်းဖို့အတွက် ကျွန်မ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ ၊ လူဘယ်နှယောက်လောက် သေပေးလိုက်ရလဲ ရှင် သိလား။ သူ့ရဲ့ သိုင်းပညာက အရမ်းမြင့်လွန်းတယ်။ ဒီလို ငယ်ရွယ်တဲ့ ဆရာသခင်တစ်ယောက် ရှိတာ တကယ်ကို အားကျစရာပါပဲ။ ဒါပေမဲ့ သူ့မှာ အားနည်းချက် တစ်ခုရှိတယ်... အဲဒါကတော့ တရားမျှတမှုကို အရမ်း လိုလားလွန်းတာပဲ။ ဒါကြောင့် ထောင်ချောက်ထဲကို အလွယ်တကူ ဝင်လာတာပေါ့။ အဆိပ်တွေရော ၊ ထောင်ချောက်တွေရော သုံးပြီး နောက်ဆုံးမှာ ကျွန်မကိုယ်တိုင် ဝင်ပါမှ သူ့ကို ဖမ်းလို့ ရသွားတာ” လင်းမို့ချန်က ရယ်မောလျက် ပြောလိုက်သည်။

ထိုအချိန်တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထောင့်စွန်းမှ ပါးစပ်ထောင့်စွန်းအထိ ရိုင်းစိုင်းမှုနှင့် ယုတ်မာမှုများကို ရေးထိုးထားသကဲ့သို့ ရှိသည်။

“ပိုင်လျန်ဟွာက နယ်စားတုကို ဂါရဝပြုပါတယ်” ထိုလူငယ်က တုပိုင်ကို ဦးညွှတ်လိုက်သည်။

ပိုင်လျန်ဟွာ...။ တုပိုင် ထိုနာမည်ကို ကြားဖူးပေသည်။

တိမ်တိုက်အောက်က မိစ္ဆာသခင် ပျောက်ဆုံးသွားပြီးနောက် သိုင်းလောကထဲတွင် ပန်းသူခိုး အများအပြား ပေါ်ထွက်လာခဲ့သည်။

ထိုအထဲတွင် ဤပိုင်လျန်ဟွာသည် အဆိုးဆုံး ဖြစ်သည်။ ငယ်ရွယ်ပုံပေါက်သော်လည်း အမှန်တကယ်တွင် အသက် ၃၀ ကျော်နေပြီဖြစ်သည်။ သူ့လက်ချက်ဖြင့် အပျက်စီးခံလိုက်ရသော မိန်းကလေးများသည် ရက်အနည်းငယ်အကြာတွင် အိုစာသွားတတ်ကြသည်။

မထင်မှတ်ဘဲ သူသည်လည်း ကြာပန်းမိစ္ဆာဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့သည်လား။

ပိုင်လျန်ဟွာသည် လင်းမို့ချန်၏ အနောက်သို့ ရောက်ရှိလာပြီး သူမ၏ ပြည့်ဖြိုးသော ခါးကို ဖက်လျက် ပြောလိုက်သည်။ “အစ်မလင်း... ကျီပြောင်ပြောင်ကို ကျွန်တော် သွားရည်ကျနေတာ ကြာပြီဗျ။ ဒီရက်ပိုင်းတွေမှာ ကျွန်တော် ရူးတော့မလို ဖြစ်နေပြီ။ ဒီနေ့တော့ သူ့ကို ကျွန်တော့်အတွက် စားခွင့်ပေးတော့နော်”

လင်းမို့ချန်က မေးလိုက်သည်။ “ရှင် ဘယ်နှရက်လောက် စားချင်တာလဲ”

ပိုင်လျန်ဟွာက ပြောလိုက်၏။ “ဆယ်ရက်... သူ့ရဲ့ သိုင်းပညာက အရမ်းမြင့်တော့ ခန္ဓာကိုယ်ထဲက မူလစွမ်းအင်တွေက သေချာပေါက် အံ့မခန်း ဖြစ်နေမှာပဲ။ အဲဒါတွေကို စုပ်ယူဖို့ အနည်းဆုံး ၁၀ ရက်လောက်တော့ အချိန်ယူရလိမ့်မယ်... ဟားဟားဟား... ကြာပန်းမိစ္ဆာဂိုဏ်းကို ကျေးဇူးတင်ရမယ် ၊ မိစ္ဆာအိုကြီးကျန်းကို ကျေးဇူးတင်ရမယ်...”

ယင်ဓာတ်ကို စုပ်ယူပြီး ယန်ဓာတ်ကို ဖြည့်တင်းသည့် နည်းလမ်းပင်လော။ ပိုင်လျန်ဟွာ ဤမျှ ငယ်ရွယ်နုပျိုနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ မိစ္ဆာအိုကြီးကျန်းသည် ယခင်က အရူးတစ်ယောက် ဖြစ်ခဲ့ဖူးပြီး သူ၏ မဟာအတတ်များ ပေါက်ကြားသွားခဲ့ခြင်းဖြစ်ပုံရသည်။

“အင်း... ဒီလောက် လှပတဲ့ မိန်းမတစ်ယောက်ကို ဆေးဖတ်ဝါးဖတ် ဖြစ်သွားအောင် လုပ်ပစ်ရမှာ နှမြောစရာတော့ ကောင်းသား။ တကယ်ဆို သူက တစ်သက်လုံး အိပ်ပျော်နေရင်တောင် လှနေဦးမယ့် မိန်းမမျိုး။ ဒါပေမဲ့ သူ့မှာ အရမ်းတော်တဲ့ အဖေတစ်ယောက် ရှိနေတော့ သူသေမှပဲ စိတ်ချရမှာ။ ဒီရက်ပိုင်း မိန်းမတွေကို မထိဘဲ အောင့်ထားရတာ... ဒီတစ်ခါတော့ ၁၀ ရက်အတွင်း သူ့ကို အကြိမ်တစ်ရာလောက် အိပ်ပစ်ရမယ်” ပိုင်လျန်ဟွာက ရက်စက်စွာ ပြောလိုက်သည်။

လင်းမို့ချန်က တုပိုင်ဘက်သို့ လက်ယပ်ခေါ်လိုက်ပြီး ပြောလိုက်၏။ “နယ်စားတုပိုင်... ရှင့်ရဲ့ မိန်းမကို ကယ်ချင်သလား။ လာလေ... လာခဲ့လေ...”

ထိုအချိန်တွင် ကျီပြောင်ပြောင်၏ လှပသော မျက်လုံးများသည် ဝေဝါးနေပြီ ဖြစ်ပြီး လင်းမို့ချန် သူမကို ဆေးတိုက်ထားသည်မှာ ထင်ရှားလှပေသည်။

တစ်ချိန်တည်းမှာပင် တုပိုင်၏ ခေါင်းထဲ၌ ထူးဆန်းသော အလင်းရောင်နှင့် ပုံရိပ်များ လင်းလက်လာခဲ့သည်။ “မစ်ရှင်အသစ် စတင်ပါပြီ ၊ ကျီပြောင်ပြောင်ကို ခြစ်ရာမထင်ဘဲ ကယ်ဆယ်ရမည်”

“မစ်ရှင်အသစ် ဖွင့်လှစ်လိုက်ပါပြီ။ ပထမဆုံးအကြိမ်အဖြစ် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အသုံးပြုပြီး ကြာပန်းမိစ္ဆာဂိုဏ်းခွဲသခင် လင်းမို့ချန်၏ အတွင်းအားနှင့် ပန်းသူခိုး ပိုင်လျန်ဟွာတို့၏ အတွင်းအားကို ဝါးမြိုစုပ်ယူရမည်”

**--**--**--**--**--**--**--**

“လာလေ... ဒီဘက်ကို လာခဲ့လေ...” ကြာပန်းမိစ္ဆာဂိုဏ်းသခင် လင်းမို့ချန်သည် တုပိုင်ကို ဆက်တိုက် လက်ယပ်ခေါ်နေလေသည်။

“ကောင်းပြီလေ...” တုပိုင် ပြောလိုက်၏။

သင်္ဘောနှစ်စင်းသည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီးနောက် မီတာအနည်းငယ် ရှည်လျားသော ပျဉ်ပြားတံတားကို သင်္ဘောနှစ်စင်းကြားတွင် ထိုးလိုက်ကြသည်။

“သခင်လေး...” ကျန်းနန်စစ်သည်တစ်ဦးက လှမ်းတားလိုက်သည်။

“ကိစ္စမရှိဘူး” တုပိုင် ပြုံးလိုက်ပြီးနောက် လင်းမို့ချန်၏ သင်္ဘောပေါ်သို့ လျှောက်သွားလိုက်သည်။

“လောကကြီးမှာ အချစ်ဆိုတာ ဘာလဲလို့ မေးရင်... သေအတူ ရှင်မကွဲ လက်တွဲဖော်လို့ ဆိုပါရစေ” လင်းမို့ချန်သည် ရက်စက်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး တုပိုင်၏ အနောက်သို့ ရောက်လာကာ ပုလင်းတစ်လုံးကို ထုတ်ပြီး တုပိုင်၏ နှာခေါင်းအောက်တွင် ဝှေ့ယမ်းလိုက်သည်။

ထူးဆန်းသော ရနံ့တစ်ခုသည် နှာခေါင်းထဲသို့ တိုးဝင်လာပြီး တုပိုင် ချက်ချင်း သတိလစ်သွားတော့သည်။

အိုး... မဟုတ်သေးပေ။ သတိလစ်ချင်ယောင် ဆောင်လိုက်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိစ္ဆာနှိမ်နှင်းပုတီးစေ့ကို ကိုင်ဆောင်ထားသောကြောင့် ဖြစ်၏။

**--**--**--**--**--**--**--**

တုပိုင်ကို ကြာပန်းမိစ္ဆာသင်္ဘော၏ ဝမ်းဗိုက်ခန်းထဲသို့ ခေါ်ဆောင်သွားကြသည်။ ဤအခန်းသည် သံမဏိများဖြင့် လုံခြုံစွာ ပိတ်ဆို့ထားပြီး အလွန် ခိုင်ခံ့လှသည်။

အမျိုးသမီးအနည်းငယ်က ရှေ့တိုးလာပြီး ကျီပြောင်ပြောင်ကို ကြိုးဖြေလိုက်ကြသည်။ ထို့နောက် သူမ၏ ခြေလက်များကို ကားကာ ထူးဆန်းသော ကုတင်ကြီးတစ်ခုပေါ်တွင် ပြန်လည် ချည်နှောင်လိုက်ကြပြန်သည်။

တုပိုင်သည် ထိုအရာအားလုံးကို အာရုံခံမိနေပြီး သူ၏ စိတ်နှလုံးသည် ရုတ်တရက် ဒေါသထွက်လာခဲ့သည်။

“စိတ်မလောပါနဲ့... စိတ်မလောပါနဲ့...” စနစ်က ထူးဆန်းစွာ ပြောလာ၏။

နောက်တစ်မိနစ်တွင် ထိုအမျိုးသမီးများသည် တုပိုင်ကိုပါ ထိုကုတင်ကြီးပေါ်သို့ တင်လိုက်ကြပြီး သူ၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ကြသည်။

“မငြင်းဆန်နဲ့... မငြင်းဆန်နဲ့” စနစ်၏ ထူးဆန်းသော အလင်းရောင်နှင့် ပုံရိပ်က ပြောလာပြန်သည်။

တုပိုင် စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ “တောက်... စနစ်က ငါ့ကို ဂျင်းထည့်တာ အကြိမ်ကြိမ် ရှိပြီနော်”

ထူးဆန်းသော အလင်းရောင်ပုံရိပ်က ပြောလိုက်၏။ “ဒါပေမဲ့ အကြိမ်တိုင်း အန္တရာယ်မှ မရှိတာ။ မင်းရဲ့ ဆံပင်တစ်ပင်တောင် မထိခိုက်ဘဲ အကျိုးအမြတ်တွေ အများကြီး ရခဲ့တာချည်းပဲ မဟုတ်လား”

တုပိုင်ကို အဝတ်အစားများ ချွတ်ပြီးနောက် အမျိုးသမီးအနည်းငယ်သည် ကြိုးများဖြင့် တုပိုင်ကိုပါ တုပ်နှောင်လိုက်ကြပြန်သည်။

“မငြင်းဆန်နဲ့... မငြင်းဆန်နဲ့...” ထူးဆန်းသော အလင်းရောင်ပုံရိပ်က ဆက်တိုက် ရေရွတ်နေလေသည်။

ထိုသို့ဖြင့် တုပိုင်နှင့် ကျီပြောင်ပြောင် နှစ်ယောက်စလုံး ကုတင်ပေါ်တွင် အချည်နှောင်ခံထားလိုက်ရသည်။

စနစ်၏ ထူးဆန်းသော အလင်းရောင်ပုံရိပ်က ပြောလိုက်ပြန်၏။ “မှတ်ထားနော်... ခဏနေကျရင် အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်ရမယ်။ လင်းမို့ချန်နဲ့ ပိုင်လျန်ဟွာတို့ရဲ့ အတွင်းအားတွေကို အကုန်အစင် ဝါးမြိုပစ်ရမယ်။ ဒါမှ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရဲ့ စွမ်းအားကို သေချာပေါက် ခံစားနိုင်မှာ။ ပြီးရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်”

ထိုအချိန်တွင် အခန်းထဲ၌ အမွှေးတိုင်တစ်တိုင် ထွန်းညှိလိုက်ကြသည်။ ‘ဒါက ကြာပန်းမိစ္ဆာဂိုဏ်းရဲ့ ပေါင်းစပ်အဆိပ်ပဲ ဖြစ်ရမယ်။’

လင်းအာချန် လင်မယားဆိုသည့် အတိုင်းပင်။ သို့သော် ဤတစ်ခါ မိုဟယ်အဆိပ်မှုန့်၏ အရောင်က မတူညီပေ။ တုပိုင် ရှူရှိုက်လိုက်ပြီးနောက် သူ၏ စိတ်အာရုံတစ်ခုလုံး ချက်ချင်း ရှုပ်ထွေးသွားသည်။ ထင်ရှားသည်မှာ မိုဟယ်အဆိပ်မှုန့်သည် ယောကျ်ားများအတွက်လည်း အသုံးဝင်ပုံရသည်။ သို့သော် တုပိုင်က မိစ္ဆာနှိမ်နှင်းပုတီးစေ့ကို စိတ်ထဲမှအော်ခေါ်လိုက်သဖြင့် သူ၏ ဦးနှောက်သည် ချက်ချင်းလိုလို ပြန်လည် ကြည်လင်သွားသည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်ပြီးနောက် ဆေးအာနိသင် အပြည့်အဝ ပြသပြီဟု တစ်ဖက်လူများက ခံစားလိုက်ရပြီး ကျီပြောင်ပြောင်နှင့် တုပိုင်တို့ လုံးဝ စိတ်ရှုပ်ထွေးသွားပြီဟု ယူဆလိုက်ကြသည်။

အခန်းတံခါး ပွင့်သွားပြီး ပိုင်လျန်ဟွာနှင့် လင်းမို့ချန်တို့ ဝင်ရောက်လာကြသည်။

ထို ယောကျ်ားနှင့် မိန်းမ နှစ်ယောက်စလုံးသည် အလွန်ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပါးလွှာသော ဇာပဝါတစ်ထပ်သာ ဖုံးအုပ်ထားသကဲ့သို့ ရှိသည်။

လင်းမို့ချန်က အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်သည် ပြည့်ဖြိုးကာ အဖုအထစ် အကွေးအဝိုက်များဖြင့် ပြည့်နှက်နေသဖြင့် လှပမှုနှင့် ဆွဲဆောင်မှုများ ပြည့်ဝနေသည်။ ပိုင်လျန်ဟွာကမူ ယောကျ်ားတစ်ဦး ဖြစ်ပြီး သွယ်လျကာ သန်မာသော်လည်း ပါးလွှာသော ဇာပဝါကို ဝတ်ဆင်ထားသဖြင့် ရွံရှာဖွယ်ရာ ကောင်းလှသည်။

ထိုယုတ်မာသော ယောကျ်ားနှင့် မိန်းမ လမ်းလျှောက်ဝင်လာပြီးနောက် လင်းမို့ချန်က ပြောလိုက်သည်။ “ပိုင်လျန်ဟွာ... ရှင့်ရဲ့ သားကောင်ကို ပျော်ပျော်ကြီး စားသုံးလိုက်တော့။ ဒါက ဆရာသခင်အဆင့်ရှိတဲ့ ကျီပြောင်ပြောင်ပဲ။ တစ်ယောက်တည်းက သိုင်းပညာရှင် အယောက်တစ်ရာနဲ့ ညီမျှတယ်”

တုပိုင် အနေဖြင့် အစ်မကျီပြောင်ပြောင်ကို ထိုလူယုတ်မာ ပိုင်လျန်ဟွာ၏ လက်ချောင်းတစ်ချောင်းနှင့်မျှ အထိခံမည် မဟုတ်ပေ။

ပိုင်လျန်ဟွာက ပြောလိုက်၏။ “အစ်မလင်း... ခင်ဗျားလည်း ခင်ဗျားရဲ့ သားကောင်ကို ပျော်ပျော်ကြီး စားသုံးလိုက်ပါဦး။ ပြီးတော့ ခင်ဗျားယောကျ်ားအတွက် လက်စားချေတဲ့အနေနဲ့ ဒီကုန်းကုန်းရဲ့ အလောင်းကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်လိုက်”

ထို့နောက် ပိုင်လျန်ဟွာသည် ယုတ်မာသော အမူအရာဖြင့် ကျီပြောင်ပြောင်ရှိရာသို့ လျှောက်သွားလိုက်သည်။

“အချောလေးကျီပြောင်ပြောင်... ကိုကြီး လာပါပြီဗျာ။ တကယ် အားနာစရာပါပဲ... ခင်ဗျားကို ဆေးဖတ်ဝါးဖတ် ဖြစ်တဲ့အထိ စုပ်ယူပစ်ရတော့မယ်”

ကြာပန်းမိစ္ဆာဂိုဏ်း၏ ရက်စက်ပြီး လှပသော အမျိုးသမီး လင်းမို့ချန်သည် ထက်မြက်လှသော ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး တုပိုင်ရှိရာသို့ လျှောက်လာကာ တုပိုင်၏ ပေါင်ပေါ်သို့ ခွထိုင်လိုက်လေသည်။

“ယောကျ်ား... လင်းအာချန်... ရှင့်အတွက် ကျွန်မ လက်စားချေပေးမယ်နော်။ တုပိုင်... ငါ နင့်ရဲ့ သွေးကို သောက်ပြီး နင့်ရဲ့ နှလုံးကို စားပစ်မယ်”

လင်းမို့ချန်သည် ချက်ချင်းပင် မိစ္ဆာမကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး လက်ထဲရှိ ဓားမြှောင်ဖြင့် တုပိုင်၏ ဝမ်းဗိုက်ကို တန်းတန်းမတ်မတ် ချိန်ရွယ်လိုက်သည်။ ဓားချက်သာ ကျလာပါက တုပိုင် ခါးလည်မှ ပြတ်သွားနိုင်ပေသည်။

ထိုအချိန်တွင်ပင် တုပိုင်သည် ပါးစပ်ကို ဖွင့်လိုက်ပြီး သူမ၏ မျက်နှာတည့်တည့်သို့ လေတစ်ချက် မှုတ်ထုတ်လိုက်လေ၏။

အပိုင်း ၄၃၄ ပြီး။

All Chapters