အခန်း (၄၃၅)
Vol. 44 Ch. 435
တုပိုင် မှုတ်ထုတ်လိုက်သော လေသည် သာမန်လေ မဟုတ်သလို မိစ္ဆာစိတ်ကြွဆေးလုံး၏ အငွေ့အသက်လည်း မဟုတ်ပေ။
ထိုသည်မှာ စိတ်ကြွကျောက်တုံး၏ အမှုန့်... အသန့်စင်ဆုံးသော စိတ်ကြွကျောက်တုံး အမှုန့်များ ဖြစ်သည်။
လင်းမို့ချန်သည် စိတ်ကြွကျောက်တုံးကို အလွန်အမင်း စွဲလမ်းနေသူ ဖြစ်သည်။ ဤသည်မှာ စနစ်၏ သုံးသပ်ချက် သက်သက်မဟုတ်ဘဲ တုပိုင် ကိုယ်တိုင်လည်း မြင်တွေ့နေရခြင်း ဖြစ်သည်။
ဤကျောက်တုံးသည် အလွန်အစွမ်းထက်သော အကိုက်အခဲပျောက်ဆေး ဖြစ်ရုံသာမက ပြင်းထန်သော စွဲလမ်းမှုကိုလည်း ဖြစ်စေနိုင်ကြောင်း ၊ တစ်ကြိမ် စွဲလမ်းသွားပါက ဖြေရှင်းရန် နည်းလမ်းမရှိသလောက် ခက်ခဲကြောင်း စနစ်က တုပိုင်ကို ပြောပြဖူးသည်။ လူတစ်ယောက် စွဲလမ်းနေခြင်း ရှိမရှိ ကြည့်ရှုရန် အလွန် လွယ်ကူသည်။ လက်သည်းများသည် သဘာဝအတိုင်း အပြာရောင် ပြောင်းသွားတတ်ပြီး မျက်လုံးထောင့်စွန်းများတွင်လည်း အပြာရောင် သွေးကြောများ ယှက်သန်းနေတတ်သည်။
ယခု လင်းမို့ချန်၏ လက်သည်းများသည် လုံးဝ အပြာရောင် ပြောင်းနေပြီဖြစ်ပြီး မျက်လုံးတစ်ဝိုက်ရှိ အပြာရောင် သွေးကြောများသည် သူမ၏ မျက်ဝန်းအရောင်ကိုပင် ပြောင်းလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထိုအပြာရောင်သွေးကြောများက သူမကို ပိုမို ဆွဲဆောင်မှု ရှိစေပြီး ညှို့ဓာတ်ပြင်းစေသည်မှာတော့ အမှန်ပင်။
အရေးအကြီးဆုံးမှာ ဤကမ္ဘာတွင် စိတ်ကြွကျောက်တုံး ပမာဏသည် အလွန် ရှားပါးသည်။ အကယ်၍ အဖြူရောင်အမှုန့်ပုံစံ ဖြစ်နေလျှင် သန့်စင်မှု မရှိကြောင်း ပြသနေသည်။ အကယ်၍ အပြာရောင် ကျောက်တုံးကြီး ဖြစ်နေလျှင် အံ့မခန်း သန့်စင်မှုကို ကိုယ်စားပြုသည်။
ဤလောကရှိ လူအများစု ၊ အထူးသဖြင့် ကြာပန်းမိစ္ဆာဂိုဏ်းသားများသည် စိတ်ကြွကျောက်တုံးကို စွဲလမ်းနေကြသည်။ ကြာပန်းမိစ္ဆာဂိုဏ်း အကြီးအကဲပိုင်းကပင် သူ၏ လက်အောက်ငယ်သားများကို ထိန်းချုပ်ရန် ဤအရာကို အသုံးပြုကြသည်။
ယခု တုပိုင် မှုတ်ထုတ်လိုက်သော အရာသည် ထိုအပြာရောင်ကျောက်တုံးကြီးမှ တိုက်ရိုက် ခြစ်ယူထားသော အသန့်စင်ဆုံး စိတ်ကြွကျောက်တုံးအမှုန့်များ ဖြစ်သည်။
လင်းမို့ချန်သည် တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် လုံးဝ ကြက်သေသေသွားတော့သည်။ တုပိုင်၏ အမျိုးသားအင်္ဂါကို ဖြတ်တောက်ရန် ရွယ်ထားသော ဓားမြှောင်သည် ရပ်တန့်သွားပြီး လွတ်ကျသွားတော့သည်။
“ဒုတ်...” ထက်မြက်သော ဓားမြှောင်သည် တုပိုင်၏ ပေါင်ကြားသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားလေသည်။
‘သေစမ်း... နည်းနည်းလေး... နည်းနည်းလေးပဲ လိုတော့တယ်။’
လင်းမို့ချန်သည် အံ့သြတကြီးဖြင့် တုန်ရီစွာ မေးလိုက်၏။ “နတ်ဘုရားမှုန့်တွေ ဘယ်မှာလဲ... ဘယ်မှာလဲ... ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားမှုန့်တွေ ဘယ်မှာလဲ” သူမ ရူးသွပ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ဘေးနားရှိ ပိုင်လျန်ဟွာက မထီမဲ့မြင် ပြုံးလိုက်သည်။
ဘာ နတ်ဘုရားမှုန့်လဲ...။ ဤသည်က ကြာပန်းမိစ္ဆာဂိုဏ်းက လက်အောက်ငယ်သားတွေကို ထိန်းချုပ်ဖို့ သုံးတဲ့ မိစ္ဆာပစ္စည်း တစ်မျိုးသာ ဖြစ်သည်။ သူကတော့ လုံးဝ မထိတွေ့ပေ။ သူသည် အသက်ရှည်ရန် ၊ သိုင်းပညာ စွမ်းအားကြီးမားရန်အတွက် အမျိုးသမီးများ၏ ယင်ဓာတ်ကို အသည်းအသန် စုပ်ယူစုဆောင်းခဲ့သည်။ ထို့ကြောင့် အသက် ၇၀ ၊ ၈၀ အရွယ် ရောက်နေသော်လည်း ဆံပင်များ နက်မှောင်နေဆဲ ဖြစ်ပြီး ဇနီးမယားအများအပြားဖြင့် စည်းစိမ်ယစ်မူးနေနိုင်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ပိုင်လျန်ဟွာသည် ပါးလွှာသော ဇာပဝါကို ဝတ်ဆင်ထားပြီး ကုတင်ကြီးပေါ်ရှိ ကျီပြောင်ပြောင်ကို ယုတ်မာစွာ ကြည့်နေလေသည်။ သူမကို ကြိုးများဖြင့် တုပ်နှောင်ထားပြီး ကျစ်လျစ်၍ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်သည် အလွန်အမင်း ညှို့ဓာတ်ပြင်းနေသည်။
အရသာရှိသော သားကောင်ကို ရင်ဆိုင်နေရသော်လည်း ပိုင်လျန်ဟွာ မလောလောပေ။ သူ အရှိန်ယူချင်သေးသည်။
မိမိ၏ စိတ်အခြေအနေနှင့် ဆန္ဒကို အမြင့်ဆုံးအထိ စုစည်းပြီးမှ သားကောင်ကို တစ်ကိုက်တည်း ဝါးမြိုလိုက်ခြင်းကသာ အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်သည်။
သူသည် ထူးဆန်းသော ကျင့်စဉ်တစ်ခုကို စတင် လေ့ကျင့်လိုက်သည်။ အိန္ဒိယ ယောဂနှင့် အနည်းငယ် တူညီသော်လည်း သိုင်းကွက်များက ပိုမို ခက်ခဲပြီး ပိုမို ထူးဆန်းသည်။
တုပိုင် မှတ်မိလိုက်သည်။ ဤသည်မှာ တျန်ကျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ ဟွမ်းယန်မဟာအတတ် ဖြစ်သည်။ တိတိကျကျ ပြောရလျှင် မိစ္ဆာကျင့်စဉ်ဖြင့် လက်တွေ့ စစ်မတိုက်မီ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများနှင့် သွေးကြောများကို အပြည့်အဝ ဆန့်ထုတ်ပြီး သွေးကြောပေါက်များကို အကောင်းဆုံး အခြေအနေသို့ ရောက်ရှိစေရန် ဖြစ်သည်။ ထို့နောက်မှ ယင်ဓာတ်ကို စုပ်ယူပြီး ယန်ဓာတ်ကို ဖြည့်တင်းခြင်းက ပိုကောင်းပေလိမ့်မည်။
တျန်ကျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းက ဟွမ်းယန်မဟာအတတ်၏ အကြောင်းအရာများကို ကြာပန်းမိစ္ဆာဂိုဏ်းထံ အဘယ်ကြောင့် လက်ဆင့်ကမ်းပေးခဲ့သနည်း ဆိုသည်ကို သူ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။
ပေမင်ဓားဂိုဏ်းနှင့် ကြာပန်းမိစ္ဆာဂိုဏ်းသည် ရန်ဘက် ဆက်ဆံရေး ဖြစ်သင့်သည် မဟုတ်ပါလော။
ထိုအချိန်တွင် လှပသော အမျိုးသမီး လင်းမို့ချန်သည် လုံးဝ ရူးသွပ်လုနီးပါး ဖြစ်နေပြီး တုပိုင်၏ ပခုံးများကို ဆုပ်ကိုင်ကာ အသည်းအသန် လှုပ်ခါလိုက်သည်။ “နတ်ဘုရားမှုန့်... နတ်ဘုရားမှုန့်... ရှင့်ဆီမှာ အစွမ်းအထက်ဆုံး နတ်ဘုရားမှုန့် ရှိတယ် မဟုတ်လား”
တုပိုင်က ပြောလိုက်၏။ “ရှိတယ်... ခင်ဗျား သုံးနေကျတွေထက် သန့်စင်မှု ပိုမြင့်တယ်”
လင်းမို့ချန်က မေးလိုက်သည်။ “ဘယ်လောက်ရှိလဲ... ဘယ်လောက်ရှိလဲ”
တုပိုင်က ဖြေလိုက်၏။ “တစ်ပိဿာကျော်လောက် ရှိမယ်”
“ပေး... ငါ့ကို ပေး... ငါ့ကို ပေး...” လင်းမို့ချန်သည် အော်ဟစ်လိုက်ပြီး တုပိုင်၏ ခန္ဓာကိုယ်ကို အသည်းအသန် လှုပ်ခါနေလေသည်။
ဤပုံစံသည် ခေတ်သစ်ကမ္ဘာမြေမှ မူးယစ်ဆေး အကြီးအကျယ် စွဲနေသူများနှင့် တစ်ထပ်တည်း တူညီနေသည်။
တုပိုင် ပြုံးပြီး ပြောလိုက်၏။ “ခင်ဗျားက နတ်ဘုရားမှုန့် လိုချင်တာလား... ခင်ဗျားယောကျ်ားအတွက် လက်စားချေချင်တာ မဟုတ်ဘူးလား”
လင်းမို့ချန်က ပြောလိုက်သည်။ “တစ်ကိစ္စစီပဲ... ကျွန်မနဲ့ ကျွန်မယောကျ်ားက အပြန်အလှန် မှီခိုပြီး အသက်ရှင်နေကြတာ။ နှစ်ယောက်က တစ်ယောက်တည်းလိုပဲ။ သူ့ရဲ့ အမုန်းကို ဘယ်လိုလုပ် လက်တုံ့မပြန်ဘဲ နေမလဲ”
တုပိုင် ကြက်သေသေသွားသည်။ ခင်ဗျား မွေးထားတဲ့ မျက်နှာဖြူလေးက ဘေးမှာ ရှိနေတာတောင် ခင်ဗျားယောကျ်ားနဲ့ သံယောဇဉ် ဘယ်လောက်နက်ရှိုင်းကြောင်း ပြောနေသေးတယ်ပေါ့။
လင်းမို့ချန်က ဆက်ပြောသည်။ “ဒီလိုလုပ်မယ်... အစက ရှင့်ကို အရင်ဆုံး သင်းကွပ်မယ် ၊ ပြီးမှ ရှစ်ပိုင်းပိုင်းပြီး ကျွန်မယောကျ်ားအတွက် လက်စားချေမယ်လို့ စဉ်းစားထားတာ။ ဒါပေမဲ့ အခုတော့ ရှင့်အလောင်းကို အကောင်းပကတိအတိုင်း ထားပေးမယ်။ ပြီးတော့ ရှင့်ကို အရမ်း ဇိမ်ရှိသွားအောင် လုပ်ပြီးမှ သတ်ပေးမယ်လေ... ဘယ်လိုလဲ”
တုပိုင်က ပြောလိုက်၏။ “ကျွန်တော်က ကုန်းကုန်းလေ... ဘယ်လိုလုပ် ဇိမ်ရှိမှာလဲ”
လင်းမို့ချန်က ပြောလိုက်သည်။ “ရှင် ကျွန်မတို့ရဲ့ မိစ္ဆာကျင့်စဉ်ကို လျှော့တွက်နေတာပဲ။ ရှင်က ကုန်းကုန်းဖြစ်နေရင်တောင် ကျွန်မမှာ နည်းလမ်းရှိပါတယ်။ ခဏနေရင် ရှင့်ကို ကောင်းကင်ဘုံ ရောက်သွားအောင် ပို့ပေးမယ်။ ဒါပေမဲ့ ရှင့်ခန္ဓာကိုယ်ထဲက မူလစွမ်းအင်တွေ အကုန်လုံးကိုတော့ ကျွန်မ ဝါးမြိုပစ်လိုက်မယ်။ ရှင်က ဆေးဖတ်ဝါးဖတ် ဖြစ်သွားမှာပေါ့။ သာမန်ယောကျ်ားတွေလောက် မကောင်းပေမဲ့ မရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်”
ထို့နောက် လင်းမို့ချန်နှင့် တုပိုင်တို့၏ ခန္ဓာကိုယ်များ ထပ်တူကျသွားပြီး သွေးကြောပေါက်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြသည်။
“ဟားဟားဟားဟား... ရှင်က ကုန်းကုန်းဆိုတော့ နတ်ဘုရားတစ်ပါးလို ခံစားရတဲ့ အရသာကို ခံစားလိုက်စမ်းပါ။ ပြီးရင်တော့ ရှင်က ဆေးဖတ်ဝါးဖတ် ဖြစ်သွားလိမ့်မယ်။ ရှင့်ရဲ့ ယန်ချီစွမ်းအင်တွေက ကျွန်မရဲ့ နုပျိုလှပမှုအတွက် အထောက်အပံ့ ဖြစ်လာလိမ့်မယ်” လင်းမို့ချန်သည် မိစ္ဆာကျင့်စဉ်ကို ကြမ်းတမ်းစွာ ထုတ်ဖော်လိုက်ပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲရှိ ယန်ချီစွမ်းအင်များကို အကုန်အစင် ဝါးမြိုရန် ပြင်ဆင်လိုက်သည်။
“ဖောက်... ဖောက်... ဖောက်...”
ထို့နောက် သူမသည် ငွေအပ်အနည်းငယ်ကို တုပိုင်၏ ခန္ဓာကိုယ်ရှိ အကြောမကြီးအချို့၌ လျင်မြန်စွာ ထိုးစိုက်လိုက်သည်။ တုပိုင်၏ တစ်ကိုယ်လုံးရှိ အထူး မူလစွမ်းအင်များသည် ဝမ်းဗိုက်ထဲ၌ အမှန်တကယ် စုစည်းသွားသည်။
ဤမူလစွမ်းအင်သည် အတွင်းအားရွှမ်းချီ မဟုတ်ဘဲ အမျိုးသားများ ပိုင်ဆိုင်သော မူလစွမ်းအင် ၊ ပိုမိုတိကျစွာ ပြောရလျှင် ယန်ချီဖြစ်သည်။
ယခုအချိန်တွင် တုပိုင်၏ ယန်ချီသည် သာမန်အမျိုးသားတစ်ဦး၏ တစ်ဝက်ခန့်သာ ရှိသော်လည်း ဘာပဲဖြစ်ဖြစ် ရှိနေသေးသည်သာ ဖြစ်သည်။ အပ်စိုက်ကုထုံး ပြီးဆုံးသွားသောအခါ တုပိုင်၏ ခန္ဓာကိုယ်ထဲရှိ ယန်စွမ်းအင်များ စတင် စုစည်းလာသည်။
လင်းမို့ချန်က ပြုံးပြီး ပြောလိုက်၏။ “တွေ့လား... ရှင်က ကုန်းကုန်း ဖြစ်နေရင်တောင် ကျွန်မမှာ နည်းလမ်းရှိတယ်”
ကြီးမားသော စုပ်ယူအားတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲရှိ ယန်စွမ်းအင်များ ယိုင်နဲ့လာပြီး စုပ်ယူခံရတော့မည့်အလား သူ ခံစားလိုက်ရသည်။
တုပိုင်၏ တစ်ကိုယ်လုံးရှိ သွေးကြောပေါက်များသည် ယန်စွမ်းအင်များ စီးဆင်းထွက်ခွာရာ လမ်းကြောင်းများ ဖြစ်လာသည်။ အကယ်၍ တုပိုင်သာ လင်းမို့ချန်၏ ယန်စွမ်းအင် စုပ်ယူခြင်းကို ခံလိုက်ရပါက သူသည် အရှင်လတ်လတ် ဆေးဖတ်ဝါးဖတ် ဖြစ်သွားပြီး တစ်ကိုယ်လုံး အိုမင်းရင့်ရော်ကာ သေဆုံးသွားပေလိမ့်မည်။
“ဟားဟားဟား...” လင်းမို့ချန် ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ကောင်းကင်ဘုံကို တက်လှမ်းပြီး ငါ့ရဲ့ ဆေးဖတ်ဝါးဖတ် ဖြစ်သွားလိုက်စမ်း...”
တစ်ချိန်တည်းမှာပင် တစ်ဖက်၌ ပိုင်လျန်ဟွာ၏ ကျင့်စဉ် လေ့ကျင့်မှု ပြီးဆုံးသွားပြီ ဖြစ်ပြီး တစ်ကိုယ်လုံးတွင် ပြင်းထန်သော ယောကျ်ားဆန်သည့် ညှို့ဓာတ်များ လျှံကျနေသည်။
“အမကျီပြောင်ပြောင်... ဒီည အမကို ဘယ်တော့မှ မမေ့နိုင်အောင် လုပ်ပေးမယ်” ထို့နောက် သူသည် ကျီပြောင်ပြောင်ရှိရာသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။
လင်းမို့ချန်၏ မိစ္ဆာကျင့်စဉ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်များကို အတင်းအဓမ္မ စုပ်ယူနေလေသည်။ ကြာပန်းမိစ္ဆာဂိုဏ်းမှ ဤမိန်းမယုတ်သည် တစ်ကိုယ်လုံး လုံးဝ မိန်းမောနေပြီ ဖြစ်သည်။ အချိန်တန်ပြီ ဖြစ်သဖြင့် ထိုအမျိုးသမီးသည် ကာကွယ်မှုအားလုံးကို လုံးဝ လျှော့ချလိုက်သည်။
“ရွှပ်... ရွှပ်...”
တုပိုင် လက်ချောင်းများကို ကွေးလိုက်ပြီး သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို အသုံးပြုကာ သူ့လက်ကို ချည်နှောင်ထားသော ကြိုးများကို အလွယ်တကူ ဖြတ်တောက်လိုက်သည်။
လက်နှစ်ဖက် လွတ်မြောက်သွားပြီးနောက် တုပိုင်သည် လင်းမို့ချန်၏ နုနယ်သော ကျောပြင်ကို ကြမ်းတမ်းစွာ ဖိကပ်လိုက်ပြီး အသင့်ပြင်ဆင်ထားသော ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ပြင်းထန်စွာ ထုတ်ဖော်လိုက်သည်။
“ဝါးမြိုစမ်း...”
“အားးးးး”
လင်းမို့ချန် ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးရှိ မိစ္ဆာကျင့်စဉ်များ ချက်ချင်း ရပ်တန့်သွားကာ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားလိုက်သည်။
သို့သော် တုပိုင်သည် သူမ၏ ကျောပြင်ပေါ်တွင် လက်တင်ထားရုံသာမက တစ်ကိုယ်လုံးရှိ သွေးကြောနှင့် အကြောများသည် သူမနှင့် ထပ်တူကျ ချိတ်ဆက်နေသည်။
“ဘုန်း...”
ကွဲအက်သံတစ်ခုကို ကြားလိုက်ရသကဲ့သို့ လင်းမို့ချန်၏ ဒန်တျန်တွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
မူလက ဤသဘောတရားအတိုင်းပင် ဖြစ်သည်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူမ၏ ဒန်တျန်တွင် အပေါက်တစ်ခုကို တိုက်ရိုက် ဖွင့်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ရူးသွပ်မတတ် ဝါးမြိုလေတော့သည်။ ယခုအချိန်တွင် လူနှစ်ဦး၏ ကြွက်သားများနှင့် သွေးကြောများ ထပ်တူကျနေပြီး လင်းမို့ချန်၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များသည် မရေမတွက်နိုင်သော ကြွက်သားများနှင့် သွေးကြောများ ၊ သွေးကြောပေါက်များ အားလုံးမှတစ်ဆင့် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။
ထို့ပြင် သူမ၏ ဒန်တျန်ရှိ အက်ကွဲကြောင်းသည်လည်း ပို၍ ပို၍ ကြီးမားလာသည်။
“အားးးး အားးးး အားးးး”
လင်းမို့ချန်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး ရုန်းထွက်ရန် အသည်းအသန် ကြိုးစားနေသည်။ သို့သော် တစ်ကိုယ်လုံးရှိ ကြွက်သားများ ၊ သွေးကြောများ ၊ သွေးကြောပေါက်များနှင့် လမ်းကြောင်းများအားလုံး ထပ်တူကျနေပြီး လုံးဝ ချိတ်ဆက်နေသဖြင့် သူမ ရုန်းထွက်၍ မရနိုင်တော့ပေ။
သူမ၏ ဒန်တျန်ထဲမှ အတွင်းအားရွှမ်းချီစွမ်းအင်များသည် ဒီရေအလား တိုးထွက်လာပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်နေကြသည်။ အမှန်တကယ်တွင် တုပိုင်လည်း အလွန် နာကျင်စွာ ခံစားနေရသည်။
ဤသည်မှာ ကျောက်စိမ်းမယ်တော်ကျမ်းရင်း၏ ဝါးမြိုခြင်းမျိုး မဟုတ်ဘဲ အရှင်လတ်လတ် အတင်းအဓမ္မ လောင်းထည့်ခံနေရခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော နက်နဲသည့် အတွင်းအားများသည် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောပေါက်များမှတစ်ဆင့် ဝင်ရောက်လာပြီး ဒန်တျန်ထဲသို့ ရူးသွပ်စွာ တိုးဝင်နေကြသည်။
ထို့နောက် သန့်စင်သည့် လုပ်ငန်းစဉ် မရှိတော့ပေ။
အပိုင်း ၄၃၅ ပြီး။