အခန်း (၄၃၇-၄၃၈)
Vol. 44 Ch. 437-438
သို့သော် အဘယ်ကြောင့်မှန်းမသိ ၊ ယခင်က ကြံ့ခိုင်သန်မာခဲ့သော သူမ၏ စိတ်နေသဘောထားသည် ယခုအချိန်တွင် အားနည်းသွားခဲ့ပြီ ဖြစ်သည်။
တုပိုင်၏ အကြည့်ကို မြင်သောအခါ ကျီပြောင်ပြောင်သည် တုပိုင်၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ပြောလိုက်၏။
“မမေးနဲ့... ငါ့မှာ တရားမျှတမှုတွေ လွန်ကဲနေမှန်း ငါသိတယ်။ တစ်ခါတလေ ငါ အရမ်း တုံးအတယ် ဆိုတာလည်း ငါသိတယ်။ ဒါကြောင့် ရန်သူ့ထောင်ချောက်ထဲကို ဝင်မိသွားတာ။ ငါ မှားမှန်း ငါသိပါတယ်... မမေးပါနဲ့တော့”
တုပိုင်က ညင်သာစွာ ပြောလိုက်သည်။ “ကျွန်တော် မမေးပါဘူး။ ကျွန်တော် မေးချင်တာက... ဒဏ်ရာရသွားသေးလားလို့ပါ”
ကျီပြောင်ပြောင် ခေါင်းခါလိုက်သည်။ သူမ၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ကျဆင်းလုမတတ် ဖြစ်နေသည်။ သူမသည် အလွန် သန်မာထက်မြက်သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မျက်ရည် လုံးဝ မကျတတ်သူ ဖြစ်သည်။ ယခုအချိန်တွင် မျက်ရည်ကျရခြင်း အကြောင်းရင်းမှာ ဝမ်းနည်းပက်လက် ဖြစ်ရ၍ မဟုတ်ဘဲ သူမကြောင့် တုပိုင်ပါ ပါဝင်ပတ်သက်ခဲ့ရပြီး တုပိုင်က အသက်စွန့် ကယ်တင်ခဲ့ရသောကြောင့် ဖြစ်သည်။
ထို့နောက် ဘာစကားမှ မပြောတော့ဘဲ သူမသည် တုပိုင်ကို အတင်းဖက်ပြီး ရူးသွပ်မတတ် နမ်းရှိုက်လိုက်လေသည်။ တုပိုင်က သူမ၏ ခါးအောက်ပိုင်းရှိ အံ့သြဖွယ် ကော့တက်နေသော နေရာလေးကို ပုတ်လိုက်ပြီး ပြောလိုက်၏။ “အပြင် အရင် ထွက်ရအောင်... ပြီးမှ အမ စိတ်ကြိုက်လုပ်ခွင့် ပေးမယ်”
**--**--**--**--**--**--**--**
ထို့နောက် တုပိုင်သည် အင်္ကျီကို ပြန်ဝတ်လိုက်သည်။ ဘယ်ဘက်လက်တွင် လင်းမို့ချန်၏ ခေါင်းကို ကိုင်ထားပြီး ညာဘက်လက်တွင် ပိုင်လျန်ဟွာ၏ ခေါင်းကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။
အခန်းတံခါးကို ဖွင့်ပြီး ကုန်းပတ်ပေါ်သို့ ရောက်လာခဲ့သည်။ တုပိုင်နှင့် ကျီပြောင်ပြောင်ကို မြင်လိုက်ရသောအခါ ကြာပန်းမိစ္ဆာဂိုဏ်းသားများသည် အလိုအလျောက် ဓားများကို ဆွဲထုတ်လိုက်ကြပြီး လေးနှင့်မြှားများကို ပြင်ဆင်လိုက်ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းမို့ချန်နှင့် ပိုင်လျန်ဟွာတို့၏ ခေါင်းပြတ်များကို မြင်လိုက်ရသောအခါ သူတို့အားလုံး တုန်လှုပ်ချောက်ချား သွားကြပြန်သည်။
“မင်းတို့ ခေါင်းဆောင် သေသွားပြီ... ငါနဲ့ ဆက်ပြီး အသေခံ တိုက်ချင်သေးလား” တုပိုင် အေးစက်စွာ ပြောလိုက်သည်။
တစ်ကိုယ်လုံးရှိ အဆိပ်များ ပြယ်သွားပြီဖြစ်သော ကျီပြောင်ပြောင်သည် ဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး တုပိုင် ဓားမထုတ်ခင်မှာပင် သူမ၌ မည်သည့် ကြောက်ရွံ့မှုမျှ မရှိတော့ပေ။
ကြာပန်းမိစ္ဆာဂိုဏ်းသားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အော်ဟစ်လိုက်ကြသည်။ “သတ်...”
ထို့နောက် ထိုလူအုပ်ကြီးသည် အရူးများကဲ့သို့ အမှန်တကယ်ပင် ဝင်ရောက် တိုက်ခိုက်လာကြသည်။ ခေါင်းဆောင်မရှိဘဲ လှေလှော်နေကြသည့်တိုင် ဤမျှထိ အသက်စွန့်ရဲကြသေးသည်လား။ သေမှာ မကြောက်ဘဲ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်လာကြသဖြင့် တုပိုင် အံ့သြသွားရသည်။
“ရွှပ်... ရွှပ်... ရွှပ်...”
တုပိုင်သည် လက်ထဲမှ ခေါင်းပြတ်များကို လွှင့်ပစ်လိုက်ပြီး သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ရူးသွပ်စွာ ထုတ်သုံးလိုက်လေသည်။ ရုတ်တရက် အလွန် အံ့မခန်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ သွေးကြောခြောက်သွယ် ဓားချီများသည် မိုးကြိုးမုန်တိုင်းအလား ကျလာသည်။
စက်သေနတ်ဖြင့် ပစ်ခတ်သကဲ့သို့ တရစပ် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ခဏအတွင်းမှာပင် လူအုပ်ကြီး တစ်ခဲနက် လဲကျကုန်ကြသည်။ ယခင်က တုပိုင် အဆင့်ခြောက် သိုင်းပညာရှင် ဖြစ်စဉ်ကပင် သွေးကြောခြောက်သွယ် နတ်ဓားသိုင်း၏ စွမ်းအားသည် အလွန် အံ့မခန်း ဖြစ်ခဲ့သည်။
ယခုအချိန်တွင် သူသည် တတိယအဆင့် အနိမ့်ပိုင်း သိုင်းပညာရှင် ဖြစ်နေပြီဖြစ်ရာ ဤသွေးကြောခြောက်သွယ် ဓားသိုင်း၏ စွမ်းအားသည် သာမန် သိုင်းပညာရှင်များကို အမှုန့်ကြိတ်ပစ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးသွားခဲ့ရသည်။ သို့သော် အစ်မကျီပြောင်ပြောင်က ပို၍ပင် ကြမ်းတမ်းသေးသည်။ သူမ၏ လက်ထဲတွင် ဓားကို ကိုင်ဆောင်ထားပြီး ရူးသွပ်စွာ သတ်ဖြတ်နေလေသည်။
“အစ်မ... ရန်သူ့ရဲ့ ဧရာမ ဒူးလေးတွေနဲ့ ကျောက်ခဲပစ်စက်တွေကို ဖျက်ဆီးပစ်” တုပိုင် ပြောလိုက်သည်။
ကျီပြောင်ပြောင်သည် ချက်ချင်းပင် ခုန်ထွက်သွားပြီး ကြာပန်းမိစ္ဆာသင်္ဘောပေါ်ရှိ ကျောက်ခဲပစ်စက် ၄ ခုနှင့် ဧရာမ ဒူးလေး ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်လိုက်သည်။
တုပိုင်၏ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည်လည်း ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်နေဆဲ ဖြစ်သည်။
“ဖောက်... ဖောက်... ဖောက်... ဖောက်...”
မုန်တိုင်းကဲ့သို့သော လေဓားချက်များဖြင့် ပြင်းထန်စွာ ပစ်ခတ်နေသည်။ သူ့ရှေ့တွင် အလောင်းများ ပုံအောနေပြီ ဖြစ်သည်။ သို့သော် ဤကြာပန်းမိစ္ဆာဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဆက်လက် တိုးဝင်လာကြသည်။
လူတိုင်း၏ မျက်လုံးများသည် နီရဲနေပြီး လုံးဝ ရူးသွပ်နေကြသကဲ့သို့ပင်။ တုပိုင်၏ ရွှမ်းချီစွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ဤလူများက ဆက်လက် တိုးဝင်လာကြဆဲ ဖြစ်သည်။
“အစ်မ... သွားမယ် သွားမယ်”
တုပိုင်က အသည်းအသန် ပြောလိုက်သည်။ ခဏကြာသောအခါ အစ်မကျီပြောင်ပြောင်သည် လျင်မြန်စွာ ပြေးလာပြီး တုပိုင်၏ ခန္ဓာကိုယ်ကို ပွေ့ချီကာ မီတာ ဆယ်ကျော်ခန့် ခုန်ပျံကျော်လွှားပြီး တုပိုင်၏ သင်္ဘောပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။
“သွားမယ်... ထွက်မယ်...” တုပိုင် အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် တုပိုင်၏ သင်္ဘောသည် အရှိန်မြှင့်တင်ပြီး ထွက်ခွာလေတော့သည်။ ထိုသင်္ဘောသုံးစီးပေါ်ရှိ ကြာပန်းမိစ္ဆာဂိုဏ်းသားများသည် ရူးသွပ်စွာ ပင်လယ်ထဲသို့ ခုန်ချလိုက်ကြပြီး တုပိုင်၏ သင်္ဘောဆီသို့ ရေကူးလိုက်လာကြသည်။
သူတို့သည် လုံးဝကို ရူးသွပ်နေကြပြီး သေရမှာကို အမှန်တကယ် မကြောက်ကြပေ။ တုပိုင်၏ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းဖြင့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးကုန်ကြပြီး အစ်မကျီပြောင်ပြောင်ကလည်း သင်္ဘောပေါ် တက်လာသူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်လိုက်သည်။
နာရီဝက်၏ လေးပုံတစ်ပုံခန့် ကြာမြင့်ပြီးနောက် တုပိုင်၏ သင်္ဘောသည် နောက်ဆုံးတွင် ကြာပန်းမိစ္ဆာဂိုဏ်းသားများ၏ ရန်မှ လွတ်မြောက်သွားခဲ့သည်။
သင်္ဘော ၄ စီးသည် ရူးသွပ်စွာ လိုက်လံနေဆဲ ဖြစ်သော်လည်း သူတို့၏ သင်္ဘောအရှိန်မှာ နှေးကွေးလွန်းပြီး သင်္ဘောသားများမှာလည်း သိပ်မကျွမ်းကျင်ကြပေ။ ဧရာမ ဒူးလေးများနှင့် ကျောက်ခဲပစ်စက်များ ပျက်စီးသွားပြီ ဖြစ်သဖြင့် တုပိုင်၏ သင်္ဘောကို တိုက်ခိုက်နိုင်ခြင်း မရှိကြတော့ပေ။
ထို့ကြောင့် တုပိုင်၏ သင်္ဘော ဝေးသထက် ဝေးကွာသွားသည်ကိုသာ သူတို့ ထိုင်ကြည့်နေလိုက်ရတော့သည်။
**--**--**--**--**--**--**--**
တုပိုင် အခန်းထဲသို့ ပြန်ရောက်သောအခါ မောပန်းလွန်းသဖြင့် လဲကျလုမတတ် ဖြစ်သွားသည်။ သူသည် တတိယအဆင့် သိုင်းပညာရှင် ဖြစ်သလို အစ်မကျီပြောင်ပြောင်သည်လည်း ဆရာသခင်အဆင့် ကျွမ်းကျင်သူ ဖြစ်သော်လည်း အရူးနှင့်တူသော ကြာပန်းမိစ္ဆာဂိုဏ်းသား ရာပေါင်းများစွာကို ရင်ဆိုင်ရသည်မှာ တကယ်ကို ခေါင်းကိုက်စရာ ကောင်းလှသည်။
သူ အနည်းငယ်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသူ အများစုမှာ ရူးသွပ်စွာ တက်လာကြဆဲ ဖြစ်သည်။
ဤကြာပန်းမိစ္ဆာဂိုဏ်းသားများသည် ဦးနှောက်ဆေးခံထားရရုံသာမက ဆေးဝါးများပါ တိုက်ကျွေးခံထားရသည်မှာ သေချာသလောက် ရှိသည်။ သို့မဟုတ်လျှင် ဤမျှ ရူးသွပ်မည် မဟုတ်ပေ။
တုပိုင်နှင့် ကျီပြောင်ပြောင်တို့အတွက် ဤကြာပန်းမိစ္ဆာဂိုဏ်းသားများကို သတ်ဖြတ်ခြင်းသည် ကြက်ကလေး ငှက်ကလေးများကို သတ်ဖြတ်နေသကဲ့သို့ ဖြစ်သော်လည်း ရွှမ်းချီစွမ်းအင် ကုန်ခမ်းသွားပါက ပုရွက်ဆိတ်အုံက ဆင်ကို သတ်သကဲ့သို့ ဖြစ်သွားနိုင်မည့် အန္တရာယ် ရှိပေသည်။
တုပိုင်သည် အခန်းထဲရှိ ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲအိပ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အစ်မကျီပြောင်ပြောင်သည် အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး တုပိုင်၏ ရင်ဘတ်ပေါ်သို့ တက်ခွကာ ရက်စက်စွာ ပြောလိုက်၏။ “တုပိုင်... အမ မင်းကို တကယ် ချစ်မိသွားပြီထင်တယ်။ အမ မင်းနဲ့ အိပ်တော့မယ်... မောင်လေး အနိုင်ကျင့်တော့မယ်”
**--**--**--**--**--**--**--**
ဤတစ်ညတွင် တုပိုင် တကယ်ပင် ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ ကျီပြောင်ပြောင်သည် သူ၏ ရင်ခွင်ထဲမှ ပျင်းရိစွာ ထလိုက်ပြီး သူ့ကို ထပ်မံ နမ်းရှိုက်လိုက်ပြန်သည်။
“ကျွန်တော့် လျှာကို မစုပ်နဲ့လေ... လျှာရင်းတွေ နာနေပြီ... လျှာရင်းတွေ နာနေပြီလို့” တုပိုင် အော်ဟစ်လိုက်သည်။
ကျီပြောင်ပြောင်သည် တုပိုင်၏ မျက်နှာကို ကိုင်ကာ မျက်လုံး ၊ နှာခေါင်းနှင့် နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။.ထို့နောက် ငါးကြင်းခုန်သကဲ့သို့ ထလိုက်ပြီး ရေချိုးကန်ထဲသို့ ဝင်ကာ ရေချိုးလိုက်သည်။ ပြီးနောက် အဝတ်အစားများ ဝတ်ဆင်ကာ အပြင်ထွက်ပြီး သိုင်းကျင့်လေတော့သည်။
တုပိုင် အနည်းငယ် ပင်ပန်းနေသဖြင့် တစ်နာရီကျော်ခန့် အိပ်စက်ပြီးနောက် နိုးလာကာ မျက်နှာသစ်ပြီး အဝတ်အစားများ လဲလှယ်လိုက်သည်။ ထိုအချိန်တွင် အစ်မကျီပြောင်ပြောင်သည် ကုန်းပတ်ပေါ်၌ ဓားသိုင်း လေ့ကျင့်နေလေသည်။ ပေါက်ကွဲအား အပြည့်ရှိသော ကျားသစ်မတစ်ကောင်နှင့် အမှန်တကယ် တူညီလှသည်။
မနေ့ညက နှစ်ယောက်သား အသည်းအသန် ချစ်ရည်လူးခဲ့ကြသော်လည်း သူမသည် ကြာပန်းမိစ္ဆာဂိုဏ်း၏ ဖမ်းဆီးခြင်းကို မည်သို့ ခံခဲ့ရသနည်း ဆိုသည်ကို တုပိုင်အား ပြောမပြခဲ့ပေ။ သူမအနေဖြင့် ကြီးကြီးမားမား နစ်နာမှု မရှိခဲ့သော်လည်း ထုတ်ပြောရမည်ကို အလွန် ရှက်ရွံ့နေပုံရသည်။
တုပိုင် ဦးခေါင်းပိုင်းတွင် ရပ်ကာ ကြည့်လိုက်သည်။ ကွမ်ရှီးပြည်နယ်သို့ ရောက်တော့မည် ဖြစ်သည်။ ပင်လယ်ပြင်တွင် သင်္ဘောအရေအတွက် တဖြည်းဖြည်း များပြားလာပြီး အများစုမှာ ကုန်သည်သင်္ဘောများ ဖြစ်ကြသည်။
‘ကွမ်ရှီးပြည်နယ်၏ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးက ဒီလောက်ထိ စည်ကားနေတာလား။ မဖြစ်နိုင်ပါဘူး။’
ထိုအချိန်တွင် တုပိုင် ရင်းနှီးသော အလံတစ်ခုကို မြင်လိုက်ရသည်။ ကုန်သည်သင်္ဘော သုံးစီး ရှိပြီး တစ်စီးက ကြီးမားကာ နှစ်စီးက သေးငယ်သည်။ အားလုံး တူညီသော အလံကို လွှင့်ထူထားကြသည်။
ဤသည်က အစ်မတုဖိန်အာ၏ ယောက္ခမ ဝူကျန့်တောက်၏ အလံ ဖြစ်သည်။ ယခင်တုန်းက သူ့မှာ ကုန်သည်သင်္ဘော တစ်စီးတည်းသာ ရှိခဲ့သော်လည်း လအနည်းငယ်အတွင်း သုံးစီး ဖြစ်လာခဲ့သည်လား။ တိုးတက်မှုက မြန်ဆန်လှသည်။ ဝမ်ဂွေ့နှင့် စီးပွားရေး လုပ်ရတာ တကယ်ပဲ ကောင်းမွန်လှသည်။
တုပိုင်သည် ကွမ်ရှီးပြည်နယ်နှင့် ဝေးကွာနေသည်မှာ လအနည်းငယ် ရှိပြီဖြစ်သည်။ သတင်းအချက်အလက် စုံစမ်းရန်အတွက် တုပိုင်သည် ဝူကျန့်တောက်နှင့် တွေ့ဆုံရန် ရည်ရွယ်လိုက်သည်။ မည်သို့ပင်ဖြစ်ကာမူ သူက အစ်မတုဖိန်အာ၏ ယောက္ခမ ဖြစ်သလို တုပိုင်ကလည်း သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသည် မဟုတ်ပါလော။
အစ်မကျီပြောင်ပြောင်သည်လည်း ကွမ်ရှီးသို့ မပြန်ရသည်မှာ လအနည်းငယ် ရှိပြီဖြစ်ရာ ကွမ်ရှီး၏ အခြေအနေကို ဘာမှ မသိရှိပေ။
“အစ်မပြောင်ပြောင်... ပြင်ဆင်ထားပါ... ကုန်သည်သင်္ဘောပေါ် လိုက်ခဲ့ပြီး ကျွန်တော်နဲ့အတူ ဧည့်သည် တွေ့ရမယ်” တုပိုင် ပြောလိုက်သည်။
“အို... အင်း” အစ်မကျီပြောင်ပြောင် သဘောတူလိုက်ပြီး ဓားကစားခြင်းကို ရပ်တန့်ကာ အောက်ထပ်အခန်းထဲသို့ ဝင်ပြီး ရေချိုး အဝတ်အစား လဲလှယ်လိုက်သည်။
နာရီဝက်ခန့် ကြာသောအခါ ပြီးပြည့်စုံသော ကျီပြောင်ပြောင်အသစ်တစ်ဦး တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာသည်။
စကတ်ဝတ်ထားသော အလှပဂေးလေး ကျီပြောင်ပြောင်ကို ကြည့်ပြီး လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
သူမသည် ဤကဲ့သို့ တစ်ခါမှ မဝတ်ဆင်ဖူးပေ။ စကတ်ဟူသည်ကို သူမ လုံးဝနီးပါး မဝတ်ဆင်ဖူးခဲ့ချေ။
တုပိုင်၏ အံ့သြနေသော အကြည့်ကို မြင်သောအခါ အစ်မကျီပြောင်ပြောင် မျက်နှာနီသွားပြီး ပြောလိုက်သည်။ “ကြည့်မကောင်းဘူး မဟုတ်လား။ ကြည့်မကောင်းမှန်း ငါသိပါတယ်... သွားပြန်လဲလိုက်မယ်”
တုပိုင် အမြန် ရှေ့တိုးလိုက်ပြီး ပြောလိုက်၏။ “လှပါတယ်... အရမ်း လှတာပဲ”
ထိုသည်က အမှန်တရားပင် ဖြစ်သည်။ အစ်မကျီပြောင်ပြောင်သည် အရပ်ရှည်ပြီး ခန္ဓာကိုယ် အချိုးအစား ကျနရာ ဤထူးခြားဆန်းပြားသော စကတ်ရှည်ကို ဝတ်ဆင်လိုက်သောအခါ အထူးပင် ဆွဲဆောင်မှု ရှိပြီး ညှို့ဓာတ်ပြင်းလှသည်။
ထို့ပြင် သူမသည် တမင်တကာ အားနွဲ့ဟန်ဆောင်ထားသဖြင့် အိမ်တွင်းပုန်း ရှေးရိုးစွဲ အမျိုးသမီးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
**--**--**--**--**--**--**--**
သင်္ဘော နီးကပ်လာသောအခါ တုပိုင် လှမ်းအော်လိုက်သည်။ “ရှေ့က သင်္ဘောပိုင်ရှင် ဝူကျန့်တောက် ဟုတ်ပါသလား”
ခဏကြာသောအခါ လှပစွာ ဝတ်ဆင်ထားပြီး အသားအရေ ဖြူဝင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပြေးထွက်လာသည်။ တုပိုင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။ “နယ်စားတုပိုင် ပါလား... မြန်မြန်... မြန်မြန်... နယ်စားတုပိုင်ကို ကြိုဆိုလိုက်ကြပါ”
တုပိုင်သည် ဝူကျန့်တောက်နှင့် သူ့မိသားစုအပေါ် အသက်ကယ်ဖူးသော ကျေးဇူးရှိခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသည်။ သို့သော် သူသည် အစ်မတုဖိန်အာ၏ ယောက္ခမ ဖြစ်သည်။ တုပိုင် အမြန် ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။ “မလုပ်ရဲပါဘူး... မလုပ်ရဲပါဘူး... တူတော်မောင်က ဦးလေးဝူကို ဂါရဝပြုပါတယ်”
ဝူကျန့်တောက်သည် လှေငယ်တစ်စင်းကို ချက်ချင်း လွှတ်ပြီး တုပိုင်နှင့် အစ်မကျီပြောင်ပြောင်တို့ကို လာရောက် ကြိုဆိုစေသည်။
ဝူကျန့်တောက်၏ ကုန်သည်သင်္ဘောကြီးပေါ်သို့ ရောက်ရှိပြီးနောက် တုပိုင်က ပြောလိုက်သည်။ “ဦးလေးဝူရဲ့ စီးပွားရေးက တော်တော် ကြီးမားလာတာပဲ။ ရေစူးနက်တဲ့ ကုန်သည်သင်္ဘောကြီး ၃ စီးတောင် ရှိနေပြီ။ ဘာကုန်ပစ္စည်းတွေ တင်ထားတာလဲဗျ”
ဝူကျန့်တောက်က ပြောလိုက်သည်။ “နယ်စားတုကို ပြောပြရရင်တော့... ဆား ၊ ဆန် ၊ ပိုးထည်နဲ့ အဝတ်အထည်တွေပါပဲ”
တုပိုင်က ပြောလိုက်၏။ “စီးပွားရေး အဆင်ပြေရဲ့လား... မိသားစုတွေရော ကျန်းမာကြရဲ့လား”
ဝူကျန့်တောက် ဦးညွှတ်ပြီး ပြောလိုက်သည်။ “နယ်စားတုရဲ့ ဘုန်းကံကြောင့်ပါပဲ။ ကွေ့မင်းသားကို ကျောထောက်နောက်ခံ ရထားတော့ စီးပွားရေး အများကြီး လုပ်လို့ရတာပေါ့။ မိသားစုလည်း နေကောင်းကြပါတယ်။ သမီးလေးနဲ့ ချွေးမလေးလည်း ကျန်းမာကြပါတယ်။ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုအချိန်တွင် ဝူယန်မင် ရောက်ရှိလာပြီး တုပိုင်ကို မြင်သောအခါ ထိတ်လန့်သွားသည်။ သူ၏ မျက်နှာထား အနည်းငယ် ထူးဆန်းနေသော်လည်း ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျောင်းတော်သားက နယ်စားမင်းကို ဂါရဝပြုပါတယ်”
တုပိုင်က ပြောလိုက်၏။ “ယောက်ဖကလည်း ဒီလို လုပ်စရာ မလိုပါဘူး။ မင်းနဲ့ ငါက မိသားစုတွေပဲလေ။ ပြီးတော့ ဦးလေးဝူ... ခင်ဗျားက လူကြီးပဲ။ ကျွန်တော့်ကို နယ်စားတု ၊ နယ်စားတုနဲ့ တဖွဖွ ခေါ်နေတာ ကျွန်တော် နားမခံသာဘူး။ ပြန်တော့မယ်ဗျာ...” တုပိုင်က ပြန်ချင်ယောင် ဆောင်လိုက်သည်။
ဝူကျန့်တောက် အမြန် ပါးစပ်ပိတ်လိုက်ပြီး ပြင်ပြောလိုက်သည်။ “ဒီလူမိုက်က နှုတ်ကျိုးနေလို့ပါ... တူတော်မောင်”
တုပိုင်က ပြောလိုက်၏။ “ဒါမှ ဟုတ်တာပေါ့... တူတော်မောင်လို့ ခေါ်မှ မှန်တာ”
ထို့နောက် ဝူကျန့်တောက်သည် ကျီပြောင်ပြောင်ကို နှုတ်ဆက်လိုက်သည်။ “ဒီတစ်ယောက်က...”
တုပိုင်က ကျီပြောင်ပြောင်၏ အကြောင်းကို ရှင်းပြတော့မည် ပြုစဉ် ကျီပြောင်ပြောင်က ပွင့်ပွင့်လင်းလင်းပင် ဝင်ပြောလိုက်သည်။ “ကျွန်မက တုပိုင်ရဲ့ မိန်းမပါ”
‘ကုန်းကုန်းမှာ မိန်းမ ရှိတယ်ပေါ့လေ။ ပြီးတော့ ဒီလောက်ထိ လှပတဲ့ မိန်းမတစ်ယောက်လား။ လူတွေကို မျက်စိကျိန်းအောင် လုပ်နေတာပဲ။’
ထို့ပြင် လူတိုင်းက သူမကို နုညံ့သော မိန်းကလေးတစ်ဦးဟု ထင်မှတ်နေကြသည်။ ယခုအချိန်တွင် အစ်မကျီပြောင်ပြောင်၌ မည်သည့် ကြမ်းတမ်းသော အရှိန်အဝါမျှ မရှိဘဲ ကြက်ကလေးတစ်ကောင်ကိုပင် မဖမ်းနိုင်သော အမျိုးသမီးလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။
သို့သော် ဝူကျန့်တောက်၏ မျက်နှာပေါ်တွင် မည်သည့် ထူးဆန်းသော အရိပ်အယောင်မျှ မပေါ်ပေါက်လာပေ။ တုပိုင်၏ ယောက်ဖ ဝူယန်မင်ကမူ မနည်း ထိန်းထားရပုံရသည်။
ထို့နောက် ဝူကျန့်တောက်သည် တုပိုင်နှင့် ကျီပြောင်ပြောင်ကို သူ၏ အကောင်းဆုံး အခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး မီးဖိုချောင်ကို အကောင်းဆုံး နေ့လယ်စာ ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
**--**--**--**--**--**--**--**
နေ့လယ်စာ စားပွဲဝိုင်းသည် တကယ့်ကို ပြည့်စုံလွန်းပြီး ဇိမ်ကျလွန်းလှသည်။ ရှာပါး ဝိုင်အရက်ကောင်းများလည်း အမျိုးစုံ ရှိနေသည်။ ဝူကျန့်တောက် သားအဖသည် တုပိုင်နှင့် ကျီပြောင်ပြောင်ကို နွေးထွေးစွာ ဧည့်ခံကြသည်။
တုပိုင်လည်း အားမနာဘဲ ဝူကျန့်တောက် သားအဖနှင့် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံကာ ဝိုင်ခွက်ပေါင်းများစွာ သောက်လိုက်သည်။
“ရေသောက်ရင် ရေတွင်းတူးသူကို မမေ့ရဘူး” ဝူကျန့်တောက်သည် ရွှေရောင် ဖန်တကောင်းကို ကိုင်ပြီး တုပိုင်အတွက် ဝိုင်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။
“ပထမတစ်ခါ ကုန်သည်သင်္ဘောပေါ်မှာ အဖမ်းခံရတုန်းက တကယ်ကို မျှော်လင့်ချက်မဲ့နေခဲ့တာ။ တူတော်မောင်ကပဲ ကျွန်တော့်ကို ကယ်တင်ပေးခဲ့ပြီး ကုန်သည်သင်္ဘောကို ပြန်ယူပေးခဲ့တာ။ ကျွန်တော့် မိန်းမနဲ့ ချွေးမကိုလည်း တိရစ္ဆာန်လို ကောင်တွေလက်ထဲကနေ ကယ်တင်ပေးခဲ့တယ်။ ဒုတိယတစ်ခါ စီရင်စုမှူးတုကျန်း ကျွန်တော့်အိမ်မှာ နေတုန်းက သူ့သားက ကျွန်တော့် ချွေးမကို ဒုက္ခပေးချင်လို့ ယန်မင်နဲ့ ကျွန်တော့်ကို ဖမ်းချုပ်ထားခဲ့တယ်။ ကျွန်တော်တို့ ဝူမိသားစု ကပ်ဘေးကြုံနေရချိန်မှာလည်း တူတော်မောင်တုပိုင်ကပဲ ကယ်တင်ပေးခဲ့ပြီး ကွေ့မင်းသားလို ကျောထောက်နောက်ခံကို ရှာပေးခဲ့တာပါ”
ဝူကျန့်တောက်သည် မျက်ရည်စများဖြင့် ပြောလိုက်ပြီး တုပိုင်ကို ဦးညွှတ်လိုက်သည်။
“တူတော်မောင်... ကျေးဇူးကြီးမားလွန်းလို့ ကျေးဇူးတင်စကားတောင် မပြောပြတတ်တော့ပါဘူး။ အားလုံး ဒီဝိုင်ခွက်ထဲမှာပဲ ရှိပါစေတော့။ နောက်နောင် တူမောင် ဘာပဲခိုင်းခိုင်း ကျွန်တော်တို့ ဝူသားအဖ ရေထဲဆင်းရဆင်းရ ၊ မီးထဲရဲရရဲ... ဘာမှ ငြင်းမှာ မဟုတ်ပါဘူး။ ကျွန်တော် အရင် သောက်ပါရစေ”
ပြောပြီးသည်နှင့် ဝူကျန့်တောက် သားအဖသည် ဝိုင်တစ်ခွက်စီ သောက်လိုက်ကြပြီး တုပိုင်ကို အဆုံးထိ ဦးညွှတ်လိုက်ကြသည်။
ဦးညွှတ်ပြီးနောက် ဝူကျန့်တောက်သည် မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ပြီး တုပိုင်၏ ကျေးဇူးတရားများကို ကျေးဇူးတင်စကား ပြောကြားလေသည်။
တုပိုင် အမြန် ပြောလိုက်၏။ “မလုပ်ပါနဲ့... မလုပ်ပါနဲ့... ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ...”
သို့သော် ဝိုင်ခွက်ကို ပါးစပ်နားသို့ တေ့လိုက်သည်နှင့် စနစ်၏ အသံတစ်ခု ဦးနှောက်ထဲတွင် မြည်ဟည်းလာသည်။ “ဒီဝိုင်မှာ အဆိပ်ပါတယ်... အပြင်မှာ လက်နက်ကိုင် ဒါဇင်ပေါင်းများစွာ ပုန်းအောင်းနေကြတယ်”
ရုတ်တရက် တုပိုင်၏ ဦးနှောက် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။
‘ဝူကျန့်တောက် သားအဖက သူ့ကို သတ်ချင်နေတာလား။ ဘာလို့လဲ... ဘာလို့လဲ...’
တုပိုင်က ဝူကျန့်တောက် မိသားစုအပေါ် တကယ့်ကို ကျေးဇူးကြီးမားခဲ့သည် မဟုတ်ပါလော။ အခု သူ့ကို သတ်ချင်နေကြတာလား။ ဝူကျန့်တောက်ကို ပြန်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် သူသည် မြေကြီးပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်ပြီး တုပိုင်ကို မျက်ရည်စများဖြင့် ကြည့်ကာ ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ဈေးပေါသော ယောက်ဖ ဝူယန်မင်ကမူ အနည်းငယ် အေးစက်နေသော်လည်း ဖော်လံဖားသည့် ပုံစံမျိုး လုပ်ထားသဖြင့် အနည်းငယ် ရှုပ်ထွေးနေသည်။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး အစ်မကျီပြောင်ပြောင်ကို မျက်စိတစ်ဖက် အမြန် မှိတ်ပြလိုက်သည်။ ထို့နောက် ခွက်ထဲမှ ဝိုင်ကို အကုန် မော့သောက်လိုက်သည်။
“မိန်းမရေ... ဒီဝိုင်တစ်ဝက်လောက်ကို ကိုယ့်အစား ကူသောက်ပေးပါဦး” ထို့နောက် တုပိုင်သည် အစ်မကျီပြောင်ပြောင်၏ ပါးစပ်သေးသေးလေးကို နမ်းလိုက်ပြီး ဝိုင်တစ်ဝက်ကို သူမ၏ ပါးစပ်ထဲသို့ ခွံ့ပေးဟန် ဆောင်လိုက်သည်။
တုပိုင်သည် ပါးစပ်ထဲတွင် မိစ္ဆာနှိမ်နှင်းပုတီးစေ့ကို အမြဲတမ်း ငုံထားသဖြင့် အဆိပ်ဝိုင်သည် သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာသည်နှင့် အဆိပ်ပြယ်သွားခြင်း ဖြစ်သည်။
တုပိုင် ဝိုင်သောက်ပြီး ကျီပြောင်ပြောင်ကိုပါ တိုက်လိုက်သည်ကို မြင်သောအခါ ဝူကျန့်တောက် သက်ပြင်းချလိုက်သည်ကို တွေ့လိုက်ရသည်။
ဝူယန်မင်၏ မျက်နှာပေါ်ရှိ ဖော်လံဖားသော အမူအရာများ ပျောက်ကွယ်သွားပြီး လုံးဝ အေးစက်သွားတော့သည်။
ခဏကြာသောအခါ တုပိုင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ဗိုက်ကို ဖိကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ “ဒါ... ဒီဝိုင်မှာ အဆိပ်ပါတယ်...”
“အားးး” အစ်မကျီပြောင်ပြောင်သည်လည်း အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။
ဝူကျန့်တောက်နှင့် ဝူယန်မင်တို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြီး အေးစက်စွာ ပြောလိုက်ကြ၏။
“လာကြစမ်း... ဒီကုန်းကုန်းကောင် တုပိုင်ကို သတ်ပစ်ကြ။ ဟိုမိန်းမကိုတော့ ချန်ထားပြီး ပျော်ပါးပြီးမှ သတ်ပစ်”
အပိုင်း ၄၃၇ + ၄၃၈ ပြီး။