အခန်း (၄၄၀)
Vol. 44 Ch. 440
အခြေအနေက အလွန် လေးနက်နေသည်။ ဝူကျန့်တောက်က တုပိုင်ကို သစ္စာဖောက်ရုံသာမက ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်းဘက်သို့ ပါသွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တုပိုင်သာ မရှိခဲ့လျှင် အုပ်ချုပ်ရေးမှူး တုကျန်းသည် ဝူကျန့်တောက်၏ ခိုလှုံမှုကို လက်ခံခဲ့မည် မဟုတ်ပေ။ အုပ်ချုပ်ရေးမှူး တုကျန်း၏ မျက်လုံးထဲတွင် ပင်လယ်ကူးကုန်သည် ဆိုသည်မှာ လေလည်သံလောက်ပင် တန်ဖိုးရှိသည် မဟုတ်လား။ သို့သော် ဝူကျန့်တောက်သည် တုပိုင်၏ လူဖြစ်နေခြင်း ၊ တုပိုင်၏ အမတော်စပ်သူ၏ ယောက္ခမ ဖြစ်နေခြင်းတို့ကြောင့် ဝူကျန့်တောက်၏ ခိုလှုံမှုကို လက်ခံလိုက်ခြင်းသည် တုပိုင်အား သစ္စာဖောက်ခြင်း အရသာကို မြည်းစမ်းစေချင်၍ ဖြစ်သည်။
တကယ်ကို ရယ်စရာကောင်းလှ၏။
ဝူကျန့်တောက်တစ်ယောက် အုပ်ချုပ်ရေးမှူး တုကျန်း၏ အစောင့်ခွေး ဖြစ်လာရခြင်း အကြောင်းရင်းမှာ တုပိုင်ကြောင့်သာ ဖြစ်သည်။ တုပိုင်သာ မရှိလျှင် သူက တန်ဖိုးမရှိသော အရာတစ်ခုသာ ဖြစ်သည်။
တုပိုင် နာကျင်စွာ မျက်လုံးမှိတ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာမှ ပြန်ဖွင့်ကာ သက်ပြင်းချရင်း မေးလိုက်သည်။
“ငါ့အမ ဖိန်အာ ဘယ်မှာလဲ”
ဤသည်မှာ သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှု ဖြစ်သည်။
ဝူကျန့်တောက်က အေးစက်စွာ ပြောလိုက်၏။
“သူသွားသင့်တဲ့ နေရာကို သွားပြီပေါ့”
တုပိုင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရှင်းရှင်းလင်းလင်း ပြောစမ်း”
ဝူကျန့်တောက်က အံကြိတ်ပြီး ပြောလိုက်၏။
“အဲဒီတုန်းက ခင်ဗျားက ကျုပ်အိမ်ထဲမှာတင် အုပ်ချုပ်ရေးမှူးမင်းရဲ့ သား သခင်လေးတုယွီရဲ့ လက်မောင်းကို ဖြတ်ပစ်ခဲ့တယ်။ အချိန်မီ ပြန်ဆက်ပေးလိုက်နိုင်ပေမဲ့ သိပ်ပြီး အသုံးမဝင်တော့ဘူး။ ဒါကြောင့် သခင်လေးတုယွီက ပင်လယ်ရပ်ခြားကို သွားပြီး ကုသခဲ့ရတယ်။ အခု လက်မောင်းက ပြန်ကောင်းသွားပြီ”
“ကျုပ် ဝူမိသားစု အနေနဲ့ အပြစ်လွတ်အောင် တောင်းပန်တဲ့အနေနဲ့ ပြဿနာရဲ့ တရားခံဖြစ်တဲ့ တုဖိန်အာကို သခင်လေးတုယွီဆီ ဆက်သလိုက်ရတာပေါ့။ သခင်လေးတုယွီက တကယ်ပဲ သဘောထားကြီးပါတယ်။ တုဖိန်အာကို ကိုယ်လုပ်တော်အဖြစ် လက်ခံပေးခဲ့တယ်။ အုပ်ချုပ်ရေးမှူးမင်းရဲ့ သားက ကွာရှင်းပြတ်စဲထားတဲ့ မိန်းမတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် လက်ခံပေးတာ တကယ်ကို မြင့်မြတ်လွန်းပါတယ်”
ရုတ်တရက် တုပိုင် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
ထိုအချိန်က အမတုဖိန်အာသည် တစ်မိသားစုလုံး အဆင်ပြေစေရန်အတွက် ဝူယန်မင်နှင့် လက်ထပ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကြီးမားသော ငွေပမာဏကို ရယူကာ တစ်မိသားစုလုံးအတွက် အိမ်ဝယ်ပေးခဲ့ပြီး ကွေ့လင်မြို့တွင် နေစရာရအောင် စီစဉ်ပေးခဲ့သည်။
ဤသည်မှာ မည်မျှကြီးမားသော ပေးဆပ်မှု ၊ မည်မျှကြီးမားသော ကျေးဇူးတရားနည်း။ ထို့ကြောင့်ပင် တုပိုင်သည် ဝူမိသားစု သားအဖကို စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ဝူမိသားစုက အမတုဖိန်အာကို စွန့်ပစ်လိုက်ပြီ ဖြစ်သည်။ ထို့ပြင် တိရစ္ဆာန်ကောင် တုယွီ၏ ကိုယ်လုပ်တော်အဖြစ် ဆက်သလိုက်လေပြီ။
တုယွီ ဆိုသည်မှာ အုပ်ချုပ်ရေးမှူး တုကျန်း၏ အပျော်အပါးမက်သော သားဆိုးဖြစ်သည်။ မြို့တော်တွင် ရှိစဉ်က တုပိုင်ကို အနိုင်ကျင့်ရသည်ကို အနှစ်သက်ဆုံး ဖြစ်ပြီး စာရိတ္တ လုံးဝ မရှိသောကောင် ဖြစ်သည်။
ပြီးခဲ့သော တစ်ခေါက်က တုပိုင် သူ့လက်မောင်းကို ဖြတ်ပစ်ခဲ့ဖူးသည်။ ယခု တုဖိန်အာကို ကိုယ်လုပ်တော်အဖြစ် ယူခြင်းသည် လက်စားချေရန် ဖြစ်ကြောင်း သိသာသည်။ အမဖိန်အာ သူ့လက်ထဲ ရောက်သွားလျှင် သေမထူး နေမထူးဘဝ ရောက်သွားတော့မည်မှာ သေချာသည်။
တုပိုင်၏ မျက်လုံးများ နီရဲလာပြီး ဝူယန်မင်ကို ကြည့်ကာ မေးလိုက်၏။
“အမ ဖိန်အာက မင်းကို ကွေ့လင်မှာ တွေ့ကတည်းက ချစ်ခဲ့တာပါ။ မင်းက သူ့ကို တိရစ္ဆာန်ကောင် တုယွီလက်ထဲ ထည့်ပေးလိုက်တယ်ပေါ့လေ”
ဝူယန်မင်က အေးစက်စွာ ပြောလိုက်၏။
“အဲဒီကောင်မက ငါနဲ့ လက်ထပ်ပြီးတာတောင် သူ့စိတ်ထဲမှာ မင်းကိုပဲ တမ်းတနေတာ။ အိပ်မက်ယောင်ရင်တောင် မင်းနာမည်ကိုပဲ အော်ခေါ်နေတာ။ မင်းတို့နှစ်ယောက်က မောင်နှမအရင်း မဟုတ်ဘူးဆိုတာ ငါမသိဘူး မထင်နဲ့။ မင်းတို့ကြားမှာ ဖောက်ပြန်တဲ့ ဆက်ဆံရေး ရှိနေတာ။ ဒါ သူ့ကံကြမ္မာပဲ”
‘သောက်ကျိုးနည်း...’
အမဖိန်အာသည် ငယ်စဉ်က တုပိုင်ကို အရမ်းကပ်ခဲ့သော်လည်း ကြီးလာသောအခါ နှစ်ယောက်သား ဖြူစင်ရိုးသားစွာသာ နေထိုင်ခဲ့ကြသည်။
တုပိုင် ဤအမကို အလွန် သနားပြီး ချစ်ခင်မြတ်နိုးသည်။ အမှန်အတိုင်း ပြောရလျှင် သူ့တွင် အာဏာရှိလာချိန်၌ အမဖိန်အာကို ဝူမိသားစုလက်ထဲမှ ပြန်လည် ခေါ်ယူချင်စိတ် ဖြစ်မိဖူးသည်။ သို့သော် အမဖိန်အာ ပျော်ရွှင်ပြီး သိက္ခာရှိရှိ နေထိုင်နိုင်စေရန်အတွက် ထိုစိတ်ကို ထိန်းချုပ်ခဲ့သည်။
အခုတော့ အားလုံး ပြီးသွားပြီ။ အုပ်ချုပ်ရေးမှူး တုကျန်း၏ သားဆိုးကို မျက်နှာလုပ်ရန်အတွက် သူတို့က အမဖိန်အာကို ကွာရှင်းပြီး ကိုယ်လုပ်တော်အဖြစ် ဆက်သလိုက်ကြပြီ။ တိရစ္ဆာန်ကောင်၏ နှိပ်စက်မှုကို ခံစေတော့မည်။
ထို့ပြင် ဝူယန်မင် ထိုစကားကို ပြောနေချိန်၌ သူ၏ မျက်နှာသည် မုန်းတီးမှုကြောင့် ရှုံ့မဲ့နေလေသည်။
ဝူကျန့်တောက်က ခေါင်းခါပြီး ပြောလိုက်၏။
“အစေခံမ ဆိုတာ အစေခံမပါပဲ။ သူ့ရဲ့ အရိုင်းဆန်တဲ့ စိတ်ဓာတ်ကို ယဉ်ပါးအောင် လုပ်လို့ မရဘူး။ အုပ်ချုပ်ရေးမှူးမင်းရဲ့ သားဆီ ပို့မယ်ဆိုတော့ သူက သေမယ် ကြံနေသေးတယ်။ ဒါကြောင့် မတတ်သာတဲ့အဆုံး ဆေးတိုက် ၊ ကြိုးနဲ့တုပ်ပြီး မြေတိုက်ထဲမှာ ပိတ်လှောင်ထားလိုက်ရတယ်။ ဒါမှ မိသားစု အရှက်မကွဲမှာလေ။ သခင်လေးတုယွီ ကျုပ်အိမ်ကို ရောက်လာတာနဲ့ သူ့ကို ချက်ချင်း ထုတ်ပေးပြီး ရေမိုးချိုး သန့်စင်ပေးကာ သခင်လေးတုယွီရဲ့ ကုတင်ပေါ် ပို့ပေးလိုက်မှာပါ”
ဝူကျန့်တောက်သည် တုကျန်းကို ဖားရန် အခွင့်အရေး တစ်ခုမှ လက်လွတ်မခံဘဲ ပေါ်ပေါ်ထင်ထင်ပင် ပြောဆိုနေသည်။ ဘေးပတ်လည်ရှိ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာသည် တုကျန်း စေလွှတ်လိုက်သူများ ဖြစ်ကြောင်း သိသာလှသည်။
တုပိုင် အက်ကွဲသောအသံဖြင့် မေးလိုက်၏။ “တုယွီ ဘယ်တော့ ရောက်မှာလဲ။ မင်းတို့ သူ့ကို ဘယ်တော့ ဆက်သမှာလဲ”
ဝူကျန့်တောက်က ခေါင်းခါလိုက်ပြီး “ကျုပ်လည်း မသိဘူး။ သခင်လေးတုယွီ ဘယ်တော့ ရောက်မလဲ ၊ ဘယ်တော့ မင်္ဂလာဦးည ဆင်နွှဲမလဲ ဆိုတာ မသိရသေးဘူး။ ကိစ္စပြီးသွားပြီလား ၊ နောက် နှစ်ရက်သုံးရက်နေမှလား ဆိုတာ ဘယ်သူမှ မပြောတတ်ဘူး”
တုပိုင်သည် မြေကြီးပေါ်မှ တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး ဝူကျန့်တောက် သားအဖကို အေးစက်စွာ ကြည့်လိုက်သည်။ မိုးထိအောင် မြင့်မားသော လူသတ်အငွေ့အသက်များ မရှိသော်လည်း တိတ်ဆိတ်ငြိမ်သက်နေမှုက ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်။
ဝူကျန့်တောက်၏ မျက်နှာ အရောင်ပြောင်းသွားပြီး အံ့သြတကြီး မေးလိုက်၏။
“မင်း... မင်း ဘာမှမဖြစ်ဘူးလား။ အဆိပ်မိနေသင့်တာ မဟုတ်ဘူးလား”
တုပိုင်က အေးစက်စွာ ပြောလိုက်၏။ “အဆိပ်ခတ်ထားတဲ့ အရက်ကို သောက်တိုင်း အဆိပ်မိမယ်လို့ ဘယ်သူ ပြောလဲ”
ဝူကျန့်တောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပြောလိုက်သည်။
“မင်း အဆိပ်မမိဘူး ဆိုတော့ရော ဘာဖြစ်လဲ။ မင်းရဲ့ သိုင်းပညာက စုတ်ပြတ်သတ်နေတာပဲ။ ကျုပ်ရဲ့ သိုင်းပညာရှင်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းက သေလူ ဖြစ်သွားပြီ”
ဝူကျန့်တောက်၏ အမြင်တွင် တုပိုင်၏ သိုင်းပညာသည် အခြေခံအဆင့်သာ ရှိပြီး ပြောပလောက်သည့် အရာမဟုတ်ပေ။
“သွား... တုပိုင် ဆိုတဲ့ ကုန်းကုန်းခွေးကောင်ကို အပိုင်းပိုင်း ခုတ်ပစ်လိုက်။ သူ့အောက်ပိုင်းက ပစ္စည်းကို ဖြတ်ပြီး သခင်လေးတုယွီ အရက်စိမ်သောက်ဖို့ ဆက်သလိုက်။ သူ့မိန်းမကို ဖမ်းပြီး သခင်လေးတုယွီ ပျော်ပါးဖို့ လက်ဆောင်ပေးလိုက်”
ဝူကျန့်တောက်က အော်ဟစ်အမိန့်ပေးရင်း ထွက်ပြေးရန် ပြင်လိုက်သည်။
“ရွှပ်... ရွှပ်... ရွှပ်...”
တုပိုင်၏ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည် ဒေါသနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည်။
အစ်မကြီး ကျီပြောင်ပြောင်ကလည်း လက်ဝါးသိုင်းဖြင့် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်လိုက်သည်။
ခဏအတွင်းမှာပင် ဝူကျန့်တောက်၏ လက်အောက်ငယ်သား သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာသည် လုံးဝ အသတ်ခံလိုက်ရသည်။
စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် သိုင်းပညာရှင် အနည်းငယ်သာ ပါဝင်ပြီး ကျန်သူများမှာ အသုံးမကျသူများ ဖြစ်သဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် အားလုံး သေဆုံးသွားကြသည်။
ဝူကျန့်တောက်နှင့် ဝူယန်မင်တို့ ကြက်သေသေသွားကြသည်။ တုပိုင်၏ သိုင်းပညာက ဘယ်တုန်းက ဒီလောက် စွမ်းအားကြီးသွားရသနည်း။ ထို့နောက် သူတို့နှစ်ယောက် အသည်းအသန် ထွက်ပြေးကြတော့သည်။
တုပိုင်သည် လင်းပိုဝေပု ခြေကွက်ကိုပင် ထုတ်သုံးစရာ မလိုဘဲ ချက်ချင်းပင် သူတို့နှစ်ယောက်ကို ဖမ်းမိလိုက်ကာ ကြက်ကလေးများကဲ့သို့ လည်ပင်းမှ ဆွဲကိုင်ထားလိုက်သည်။
“စိတ်မပူပါနဲ့... မင်းတို့ကို အခုချက်ချင်း မသတ်ပါဘူး။ ဒီလောက် လွယ်လွယ်နဲ့ ဘယ်သေခွင့် ပေးမလဲ” တုပိုင်က မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက် သူနှင့် ကျီပြောင်ပြောင်တို့သည် ဝူကျန့်တောက် သားအဖကို ဖမ်းဆီးပြီး သူတို့၏ သင်္ဘောပေါ်သို့ ပြန်လည် ခေါ်ဆောင်သွားကြသည်။
ကုန်သည်သင်္ဘော သုံးစင်းပေါ်ရှိ သင်္ဘောသားများနှင့် သိုင်းပညာရှင်များသည် ကြာပန်းမိစ္ဆာဂိုဏ်းသားများကဲ့သို့ ရူးသွပ်သူများ မဟုတ်ကြသဖြင့် ဝူကျန့်တောက် သားအဖ အဖမ်းခံရသည်ကို ကြည့်နေရုံသာ တတ်နိုင်ကြသည်။
“မောင်း... မြန်မြန်မောင်း...” တုပိုင် အမိန့်ပေးလိုက်သည်။
သူ၏ သင်္ဘောသည် မြောက်ဘက် ကွမ်ရှီးပြည်နယ်ဆီသို့ အရှိန်ပြင်းစွာ ဦးတည် မောင်းနှင်သွားလေသည်။ ဝူကျိုးစီရင်စု ၊ မုန်ဆန်းစီရင်စုခွဲသို့ အမြန်ဆုံး ပြန်သွားပြီး အမတုဖိန်အာကို ကယ်တင်ရမည်။
**--**--**--**--**--**--**--**
ရက်အနည်းငယ် ကြာပြီးနောက်။ ဝူအိမ်တော်သို့ အဖိုးတန် ဧည့်သည်တော်တစ်ဦး ရောက်ရှိလာသည်။ သူကား အုပ်ချုပ်ရေးမှူး တုကျန်း၏ သား တုယွီပင် ဖြစ်သည်။
“ငါ တုဖိန်အာနဲ့ လက်ထပ်ဖို့ လာတာ... တုဖိန်အာနဲ့ အိပ်ဖို့ လာတာ။ ငါ စောင့်နေတာ ကြာလှပြီ။ နောက်ထပ် တစ်ရက်လောက် ပိုစောင့်ခိုင်းရင် မင်းတို့ကို သတ်ပစ်မယ်”
တုယွီ၏ ပြတ်သွားသော လက်မောင်းသည် ပြန်ဆက်ထားပြီး ဖြစ်သော်လည်း တစ်ကိုယ်လုံး ပိန်ချုံးနေပြီး မျက်လုံးများက မှိုင်းညို့နေသည်။ တုဖိန်အာကို ရရှိရန် သူ ပိုမို စိတ်ပြင်းပြနေပြီး ဤကောင်မလေးကို သေမထူး နေမထူး ဖြစ်အောင် နှိပ်စက်ရန် ဆုံးဖြတ်ထားသည်။
ဝူအိမ်တော်၏ မြေတိုက်တံခါး ပွင့်သွားပြီး အမျိုးသမီးအချို့ ဝင်ရောက်လာကာ တုဖိန်အာကို ဆွဲထုတ်သွားကြသည်။ သူမ ခုခံခြင်း မပြုနိုင်စေရန် ဆေးရည်တစ်မျိုးကို ချက်ချင်း တိုက်လိုက်ကြသည်။
ထို့နောက် တုဖိန်အာ၏ အဝတ်အစားများကို ချွတ်ပြီး ရေချိုးကန်ကြီးထဲတွင် ထည့်ကာ ရေချိုးပေးကြသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို စင်ကြယ်အောင် ဆေးကြောပေးပြီး အသားအရေတစ်လက်မတိုင်းကို ရနံ့မွှေးကြိုင်အောင် ပြုလုပ်ပေးကြသည်။
“ဒီအသားအရေက တကယ်ကောင်းတာပဲ... ကျစ်လျစ်ပြီး နုပျိုနေတာ ပိုးသားလေး ကျနေတာပဲ”
“မိန်းကလေးဖိန်အာက တကယ် ကံကောင်းတာပဲ။ သခင်လေးက ကွာရှင်းလိုက်ပေမဲ့ အုပ်ချုပ်ရေးမှူးမင်း သားရဲ့ အပြုစုကို ခံရဦးမှာ”
“ဒါပေမဲ့ ကြားတာတော့ အုပ်ချုပ်ရေးမှူးမင်းရဲ့ သားက သိပ်ပြီး ကောင်းမွန်တဲ့သူ မဟုတ်ဘူးတဲ့။ တုဖိန်အာ သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်ပြီးရင် အကြာကြီး အသက်ရှင်ရမှာ မဟုတ်ဘူး။ နှိပ်စက်ခံရပြီး သေမှာပဲ”
ရေချိုးပြီးနောက် တုဖိန်အာကို အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ပေးလိုက်သည်။ ဆောင်းရာသီ ဖြစ်သော်လည်း အနီရောင် မင်္ဂလာဝတ်စုံသည် အလွန် ပါးလွှာလှသဖြင့် တုယွီ အလွယ်တကူ ဆွဲဖြဲနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။
တုဖိန်အာကို ဆေးတိုက်ထားသော်လည်း လက်များကို ကြိုးဖြင့် နောက်ပြန် တုပ်နှောင်ထားသေးသည်။
“မခုခံနိုင်ရင်လည်း ငြိမ်ငြိမ်လေးပဲ နေလိုက်ပါ။ ငြိမ်ငြိမ်မနေရင် နင်ပဲ သေမှာ”
အစေခံ အဘွားကြီးက တုဖိန်အာ၏ လက်ကို ကြိုးတုပ်ပြီးနောက် ပြောလိုက်၏။ ထို့နောက် လူအချို့က တုဖိန်အာကို ဟင်းပွဲတစ်ပွဲကဲ့သို့ ထမ်းကာ တုယွီ၏ အခန်းထဲသို့ ပို့ဆောင်ပေးလိုက်ကြသည်။
“သခင်လေးတုယွီ... သခင်လေး လိုချင်တဲ့ မိန်းကလေး တုဖိန်အာ ရောက်ပါပြီ။ အဝတ်အစားတွေက ပါးလွှာလို့ အချိန်မရွေး ဆွဲဖြဲနိုင်ပါတယ်။ လက်တွေကိုလည်း တုပ်ထားလို့ ခုခံနိုင်မှာ မဟုတ်ပါဘူး။ တစ်ကိုယ်လုံးကို သေချာ သန့်စင်ပေးထားလို့ မွှေးကြိုင်နေပါတယ်။ ကြိုက်သလို သုံးဆောင်နိုင်ပါတယ်ရှင်”
“ဟားဟားဟား... တုဖိန်အာ... ခွေးမလေး... နောက်ဆုံးတော့ ငါ့လက်ထဲ အပြည့်အဝ ရောက်လာပြီပေါ့။ ဒီည မင်းကို သေလုမြောပါး ဖြစ်အောင် လုပ်ပြီး လူဖြစ်လာတာကို နောင်တရသွားအောင် လုပ်ပစ်မယ်”
တုယွီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး မဲ့ပြုံးပြုံးကာ လက်လှမ်းလိုက်လေ၏။
“ဒီနေ့တော့ မင်းကို လာကယ်မယ့် ခွေးကောင်လေး တုပိုင် မရှိတော့ဘူးဟေ့...”
အပိုင်း ၄၄၀ ပြီး။