← Chapters

အခန်း (၁၈၆၅)

Vol. 134 Ch. 1865

အခန်း (၁၈၆၅)

Vol. 134 Ch. 1865

“ဒီကောင်လေးကတော့ ငါတို့ကို စောင့်ခိုင်းထားရတာ တကယ် အားမနာဘူးပဲ”

သခင်လေးရှန့်သည် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်း ခရင်မ်များ ပါဝင်သည့် ကိတ်မုန့်တစ်ချပ်ကို စားနေ၏။ ထိုကတ်မုန့်အတွင်း၌ အရောင်စုံ လင်းလက်နေသော ကြယ်ပွင့်ကလေးများ ပါဝင်နေ၏။ ထိုလူငယ်သည် ကိတ်မုန့်ကို တစ်လုပ်ချင်း မြိန်ယှက်စွာ စားရင်း ပါးစပ်တည့်ရာ လျှောက်၍ ညည်းညူနေခြင်း ဖြစ်သည်။

သူတို့သည် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေရှိ၊ ဝိညာဉ် ရှန့်ထိုဘုံ အတွင်းရှိ ခန့်ညား ထည်ဝါလှသော နန်းတော်ကြီး အတွင်းတွင် နေထိုင်နေကြဆဲ ဖြစ်သည်။ ချောင်ချောင်သည် အိမ်ရှင်တစ်ဦး ဖြစ်သဖြင့် အခါအားလျော်စွာ ပေါ်လာပြီး သူတို့ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။ သခင်လေးရှန့်မှာလည်း အားနာမနေဘဲ ထိုနယ်မြေရှိ အရက်အမျိုးအစားပေါင်း ၂၂၃ မျိုးနှင့် ဒေသစာများစွာကို မြည်းစမ်းကြည့်ပြီး ဖြစ်သည်။

ဖွင့်ထားသည့် ပြတင်းပေါက်အနားတွင်တော့ အဘိုးအိုတစ်ဦးသည် ကြယ်တာရာ ကောင်းကင်ယံကို ကြည့်ရင်း ရပ်နေခဲ့သည်။ ထူးခြားသည်က ထိုအဘိုးအိုသည် ယခင်ကလိုမျိုး ခန္ဓာကိုယ် ပြည့်စုံမှု မရှိတော့ခြင်း ဖြစ်သည်။ သူ၏ ဘယ်ဘက် လက်အင်္ကျီစမှာ ဟာလာဟင်းလင်းဖြင့် ဘေးတွင် တွဲလောင်းကျနေပြီး အနားသတ်ကို သေသေချာချာ ခေါက်ထားသည်။ သူ ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

“အင်ပါယာတစ်ခုကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့ မရဘူးလေ၊ ကမ္မနှောင်ကြိုးတွေကလည်း လွယ်လွယ်နဲ့ ဖြေရှင်းလို့ ရတာမျိုး မဟုတ်ဘူး... ကျုပ်ကို သူ့ဆီ သွားပြီး သတိပေးစေချင်တာလား...”

အဘိုးအို၏ အသံမှာ မကြာသေးမီကပင် အာခေါင်ကို ပြင်းထန်စွာ အသုံးပြုထားရသလိုမျိုး အက်ရှရှ ဖြစ်နေလေ၏။

သခင်လေးရှန့်က ကိတ်မုန့်ကို နောက်တစ်လုပ် ထပ်စားလိုက်ပြီး ဝိုင်အနည်းငယ် ရောထားသည့် လက်ဖက်ရည်ကို တစ်ငုံသောက်သည်။ ပြီးမှ ဆက်ပြောလိုက်၏။

“ဘာလို့ အလုပ်ရှုပ်ခံမှာလဲ”

သူက အေးအေးဆေးဆေးပင် ရှိနေသည်။ သူ၏ ပေါ့ပေါ့ပါးပါး အမူအရာက လူတစ်ဦးကို ရှာဖွေရန် ဂလက်ဆီပေါင်းများစွာကို ဖြတ်သန်းလာခဲ့သူ တစ်ယောက် ကန်ချက်တစ်ချက်တည်းဖြင့် ကြေမွလုနီးပါး ဖြစ်ခဲ့သူ တစ်ယောက်ဟု ထင်ရန် ခက်လှသည်။

အဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။

သခင်လေးရှန့်က ကိတ်မုန့်ကို စားပြီးနောက် အဘိုးအိုဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့ မျက်လုံးများထဲတွင် ရှားရှားပါးပါး စိုးရိမ်ပူပန်မှု အချို့ ပေါ်လာ၏။

“ခင်ဗျား ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး မဟုတ်လား”

လွန်ခဲ့သော ရက်အနည်းငယ်က ပြန်လည် ရောက်လာသော်လည်း အဘိုးအိုသည် ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှ ထွက်ခွာပြီးနောက် မည်သည့် အရာများ ဖြစ်ခဲ့သည်ကို မပြောပြသလို၊ သခင်လေးရှန့်ကလည်း အသေးစိတ် မမေးမြန်းခဲ့ပေ။

အဘိုးအိုက ကြယ်တာရာ ကောင်းကင်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရင်း မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက်သည်။

“ဒီဂလက်စီဇုန်မှာ ကောင်းကင်ရှန့်ထို အဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက် ရှိနေတယ်”

“ဘာကြီး...”

သခင်လေးရှန့်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မတ်တပ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ စိုးရိမ်ပူပန်မှုနှင့် သတိကြီးစွာ ထားရှိသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။

အဂ္ဂိရတ် တာအို၏ လျှို့ဝှက်အဆင့ကို ဘွဲ့အမည် လေးခု ခွဲခြားထားသည်။ ၎င်းတို့မှာ မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင်၊ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်၊ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်နှင့် အာဏာရှင် ရှန့်ထို အဂ္ဂိရတ်ပညာရှင်တို့ ဖြစ်ကြသည်။ ၎င်းတို့မှာ ကျင့်ကြံခြင်း အဆင့်သတ်မှတ်ချက်များနှင့် အမည်တူသော်လည်း သူတို့ ဖော်စပ်နိုင်သည့် ဆေးဝါးများ၏ လွှမ်းမိုးမှုမှာ ကျင့်ကြံသူများထက် များစွာ သာလွန်လှသည်။

မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင်သည် လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန်များကို ဖော်စပ်ပြီး လျှို့ဝှက်ဝိညာဉ်၊ သေမျိုးတစ်ပိုင်း အရှင်နှင့် မြေကြီးရှန့်ထို အဆင့်များကို လွှမ်းမိုးနိုင်သည်။ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်မှာမူ လျှို့ဝှက်လောက အဆင့် ထုတ်ကုန်များကို ဖော်စပ်ကာ လောကရှန့်ထို၊ ကောင်းကင်ရှန့်ထို၊ အာဏာရှင် ရှန့်ထိုနှင့် အစစ်အမှန် သူတော်စင် အဆင့်များကို လွှမ်းမိုးနိုင်သည်။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်မှာမူ လျှို့ဝှက် ကောင်းကင် အဆင့် ထုတ်ကုန်များကို ဖော်စပ်ကာ် ပဲ့တင်သံ ဝိညာဉ် အဆင့်၏ အမှန်တရားများကိုပင် လွှမ်းမိုးနိုင်သည်။

သာမန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် လျှို့ဝှက်ကောင်းကင် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို တွေ့ရှိခဲ့လျှင် ၎င်းမှာ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အမြောက်အမြားနှင့် အစစ်အမှန် သူတော်စင် အဆင့် ပညာရှင်များစွာ ပူးပေါင်း ဖော်စပ်ထားခြင်းသာ ဖြစ်တတ်သည်။

ဒဏ္ဍာရီလာ ပဲ့တင်သံ ဝိညာဉ် အဆင့်မှ ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ဖော်စပ်ထားသော ဆေးဝါးမျိုးကိုမူ တွေ့ရှိရန်ပင် မလွယ်ကူပေ။

ထို့ကြောင့် အဇူရာ မူလ ဂလက်ဆီနယ်မြေတွင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးရှိကြောင်း သိလိုက်ရသော သခင်လေးရှန့်၏ တုံ့ပြန်မှုက သဘာဝကျလှသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သခင်လေးရှန့်၏ မျက်နှာအမူအရာ ထပ်မံ ပြောင်းလဲသွားပြန်၏။ အဘိုးအိုသည် မျှော်လင့်ထားသည်ထက် ပိုမို၍ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျား... သူ့ကို ဆက်သွယ်ခဲ့တာလား”

အဘိုးအိုက ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို စည်းရုံးရန် ကြိုးစားခဲ့သလော။

လူအိုကြီးက သက်ပြင်းချလိုက်၏။

“သူ့ရဲ့ အဂ္ဂိရတ် သူရဲကောင်းတစ်ယောက် ပေါ်လာခဲ့တယ်”

ထို့နောက် သူက လှပသည့် သင်္ကေတများ ထွင်းထုထားသည့် ကျောက်စိမ်းသေတ္တာငယ်လေးကို ထုတ်ပြလိုက်သည်။ ထိုသေတ္တာ၏ အဖုံးပေါ်တွင် တောင်တန်းနှင့် မြစ်ချောင်းပုံများကို ရေးဆွဲထားသည်။ အလွန်ပင် ထူးခြားဆန်းပြားသော သေတ္တာတစ်လုံး ဖြစ်သည်။

သခင်လေးရှန့်၏ ရင်ထဲတွင် တင်းကျပ်မှုနှင့် စိုးရိမ်မှု ခံစားချက်နှစ်ခု စလုံး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာ၏။ လူအိုကြီး၏ အသက်အရွယ် ကြီးရင့်မှုနှင့် အလားအလာ နည်းပါးလာမှုတို့ကြောင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သူ့ကို စွန့်ပစ်သွားမည်လားဟူသော စိုးရိမ်စိတ်ပင်။

မျှော်လင့်ချက်သည် အန္တရာယ်များသော်လည်း အခွင့်အရေးဟူသည်မှာ ခဏတာသာ ဖြစ်သည်။ ရလာသော အခွင့်အရေးကို မဆုပ်ကိုင်နိုင်ပါက တစ်သက်လုံး နောင်တရနေရပေလိမ့်မည်။

“သေတ္တာထဲမှာ ဘာရှိလဲ”

သခင်လေးရှန့်က သတိထားပြီး မေးလိုက်သည်။

“ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ထူးဆန်းလွန်းတယ်...”

အဘိုးအိုက မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းရင်း ဆိုသည်။ မိမိတို့ထံသို့ ဤမျှကြီးမားလှသည့် ကံကောင်းခြင်းမျိုး မည်သို့ရောက်ရှိလာသည်ကို ယခုထက်တိုင် နားမလည်နိုင်သေးပုံရ၏။

“အဲဒီက သူတော်စင်တွေဟာ ကျုပ် စကားကို မယုံကြဘူး... အဲဒီနောက် အမှောင်တိုက်တန်က ကျုပ်ကို စပြီး တိုက်ခိုက်တော့တာပဲ.... ကျုပ်တို့နှစ်ယောက် နှလုံးသား ရည်ရွယ်ချက်ချင်း ၃၂ ကြိမ်လောက် ဖလှယ်ပြီးတဲ့နောက်မှာ ကျုပ် သူ့ကို ဖိနှိပ်လိုက်နိုင်တယ်... ဒါပေမဲ့ သူက ကိုယ်ပွားနဲ့ လာတာ... အဲဒီနောက် သူတို့ထဲက တစ်ယောက်က တိုက်ခိုက်လာပြန်တယ်... ကျုပ် လက်သီးနှစ်ချက်နဲ့ပဲ ချေမှုန်းပစ်လိုက်တယ်... တတိယမြောက် လက်သီးချက်မှာတော့ သူတို့ရဲ့ နယ်မြေခံ အစီအရင်ကြီး နိုးထလာရတဲ့အထိ ဖြစ်သွားတာပေါ့”

“ကျုပ် စတုတ္ထမြောက် လက်သီးကို မထုတ်ရသေးခင်မှာပဲ အခြားတစ်ယောက်က ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားပြီး သူ့ရဲ့ စွမ်းအားအချို့ကို ထုတ်ပြလာတယ်... ချီးကျူးစရာ ကောင်းပေမဲ့ မအောင်မြင်ခဲ့ပါဘူး... ကျုပ်ရဲ့ စတုတ္ထမြောက် လက်သီးက မတော်တဆ သူ့ရဲ့ ကိုယ်ပွားကို ရိုက်ခွဲပစ်လိုက်သလို ဖြစ်သွားယ်”

အဘိုးအို၏ နှုတ်ခမ်းအစုံက လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။

“သူတို့က ကျုပ် စကားကို မယုံကြတာပဲလေ... ဒါ ကျုပ် အပြစ်မှ မဟုတ်တာ”

“ဒါပေမဲ့ ကျုပ်ရဲ့ ပဉ္စမမြောက် လက်သီးကိုတော့ အဲဒီ အဂ္ဂိရတ် သူရဲကောင်းက တားဆီးနိုင်ခဲ့တယ်... သူက အာဏာရှင် ရှန့်ထို အဆင့်မှာပဲ ရှိသေးတာတောင် ကျုပ်ရဲ့ ပဉ္စမမြောက် လက်သီးဒဏ်ကို ခံနိုင်ရည် ရှိခဲ့တယ်” အဘိုးအို၏ လေသံတွင် ထို ကျင့်ကြံသူအပေါ် စစ်မှန်သည့် လေးစားမှုများ ပါဝင်နေသည်။ သခင်လေးရှန့်ပင်လျှင် ထိုစကားကြောင့် အံ့အားသင့်သွားရ၏။ အဘိုးအို၏ 'အသူရာ လက်သီးခုနစ်ချက်' ကျင့်စဉ်မှာ အရှိန်အဟုန်အပေါ် အခြေခံထားပြီး လက်သီးတစ်ချက်ချင်းစီတိုင်းတွင် စွမ်းအားများ ဆင့်ကဲတိုးပွားလာသည့် ကျင့်စဉ်ဖြစ်ကြောင်း သူ သိထားသည်။ သူတော်စင် တစ်ဦး၏ ကိုယ်ပွားပင်လျှင် ပဉ္စမမြောက် လက်သီးကို မခုခံနိုင်သော်လည်း ထို အဂ္ဂိရတ် သူရဲကောင်းကမူ ခုခံနိုင်ခဲ့လေသည်။

ကျင့်ကြံခြင်း အဆင့်တစ်ခုနှင့် တစ်ခုကြားတွင် ကွာဟချက်မှာ လောကကြီးကိုပင် တုန်လှုပ်စေလောက်အောင် ကြီးမားလှသည်။ ကျင့်ကြံသူတစ်ဦးသည် ခက်ခဲလှသည့် ကျင့်ကြံခြင်းလမ်းစဉ်တွင် ရှေ့သို့ တိုးလှမ်းလေလေ ကွာဟချက်မှာ ပို၍ပင် နက်ရှိုင်းလာလေဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်းလောက၏ ငြင်းပယ်၍မရသော အမှန်တရားပင် ဖြစ်သည်။

“သူ အသက်ရှင်သေးတာလား”

သခင်လေးရှန့်က တုန်လှုပ်စွာ မေးလိုက်၏။

“မနည်းလေး အသက်ဆက်ခဲ့ရတာပါ... ဒါပေမဲ့ သူ တကယ် အသက်ရှင်ခဲ့ပါတယ်”

အဘိုးအိုက နောင်တရဟန်ဖြင့် မှတ်ချက်ပြုသည်။ ထိုမျှ အဆင့်နိမ့်ကျသည့် ကျင့်ကြံသူ တစ်ဦး သူ့ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်သွားခြင်းမှာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံစားနေရပုံရသည်။

“ဘာပဲဖြစ်ဖြစ်...”

သူက ညာဘက်လက်မှ သေတ္တာကို ငုံ့ကြည့်လိုက်၏။

“အဲဒီ အဂ္ဂိရတ် သူရဲကောင်းဟာ ပြင်းထန်တဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသရင်း ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်ဆီက သတင်းစကားကို ငါ့ဆီ ပါးလိုက်တယ်... သူတို့ ငါ့ဆီက တောင်းတာက... လက်တစ်ဖက်ပါပဲ”

လူအိုကြီး၏ ဟာလာဟင်းလင်း ဖြစ်နေသည့် လက်အင်္ကျီစမှာ လေမတိုက်ဘဲ လှုပ်ခတ်သွားသည်။ သခင်လေးရှန့် တစ်ကြိမ်ထပ်မံ တုန်လှုပ်သွားရပြန်၏။ အဘိုးအို၏ လက်တစ်ဖက်မှာ ကျင့်ကြံသူများ သတ်ဖြတ်လုယူချင်လောက်အောင် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်ကြောင်း ငြင်းဆန်၍ မရပေ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ နှစ်ပေါင်း တစ်သိန်းကျော်တိုင်အောင် ဖော်ပြ၍မရသည့် စွမ်းအင်များ၊ အမတေများဖြင့် ပေါင်းစပ် သန့်စင်ထားခြင်း ဖြစ်လေရာ အလွန်ပင် အစွမ်းထက်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ ကိန်းအောင်းနေသည်။ ထိုလက်ကို ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။

“လက်တစ်ဖက်လား...”

သခင်လေးရှန့်သည် ထိုလက်မှာ တိုက်ပွဲတွင် ပြတ်သွားသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

“သူက ဝယ်လိုက်တာပေါ့...”

အဘိုးအိုက ရယ်မောလိုက်၏။

“သူတို့က ဒါနဲ့ လဲခဲ့တာ”

သူက ပြောလိုက်ရင်း ပတ်ဝန်းကျင်မှ စွမ်းအင်များကို အသုံးပြုကာ သေတ္တာအဖုံးကို အသာအယာ ဖွင့်လိုက်သည်။

ဟူး... ဟူး...

လေပြင်းတစ်ခုမှာ အခန်းအတွင်းသို့ တိုးဝင်လာ၏။ သခင်လေးရှန့် တစ်ယောက် သူ၏ နှာခေါင်းဝဆီ တိုးဝင်လာသည့် မွှေးရနံ့ကြောင့် ချက်ချင်းပင် မိန်းမောသွားရသည်။ အခန်းတစ်ခုလုံးမှာ တောက်ပသည့် အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ဝိညာဉ်ကို သန့်စင်ပေးသည့် နွေးထွေးမှုထဲတွင် ရေချိုးနေရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ အလွန်ပင် သက်သောင့်သက်သာရှိလှသဖြင့် ယခုအချိန်တွင် ထာဝရ အိပ်စက်ခြင်း အတွင်းသို့ ဝင်ရောက်သွားရလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ဟု ထင်မိသွားသည်။

သေတ္တာအဖုံးမှာ ဆယ်ပုံတစ်ပုံခန့်သာ ပွင့်သေးသော်လည်း ထိုဆေး၏ အရှိန်အဝါမှာ အလွန်ပင် ထူးကဲလွန်းနေပြီ ဖြစ်သည်။ ကောင်းကင်ဘုံ၏ ဥပဒေသများကို ထိုအထဲတွင် ထည့်သွင်းထားသကဲ့သို့ပင်။

သခင်လေးရှန့်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ အဘိုးအို သေတ္တာအဖုံးကို အမြန်ပြန်ပိတ်လိုက်၏။ သခင်လေးရှန့်မှာ မိနစ်အနည်းငယ်ကြာမှ သတိပြန်ဝင်လာကာ သူ၏ နှုတ်ခမ်းထောင့်မှ သွားရည်များကို သုတ်လိုက်၏။ သူမ၏ မျက်လုံးများကတော့ လောဘဇောများဖြင့် ဝင်းလက်နေတော့သည်။

“ဒါ ဘာလဲ”

သူ၏ မျိုးရိုးနောက်ခံအရပင် လျှို့ဝှက်ကောင်းကင် အဆင့် ဆေးဝါးများအကြောင်းကို များစွာ မသိရှိပေ။ ၎င်းမှာ သူ၏ လက်ရှိ အဆင့်နှင့် များစွာ ကွာလှမ်းလွန်းလှသဖြင့် ခဏတာ မြင်လိုက်ရုံဖြင့် အမည်ကို မခွဲခြားနိုင်ခဲ့ပေ။

“ဝိညာဉ်ဆေးလုံးပေါ့...”

အဘိုးအိုက ပြုံးရွှင်စွာ ပြောလိုက်သည်။ ထိုခဏ၌ သူသည် ဆယ်နှစ်ခန့် ပြန်လည် နုပျိုသွားသယောင် ထင်ရသည်။

“ဝိညာဉ်ဆေးလုံး ဟုတ်လား...”

သခင်လေးရှန့် တစ်ယောက် ကျောရိုးများပင် စိမ့်တက်သွားခဲ့၏။ အမည်မှာ ရိုးရှင်းလှသော်လည်း ၎င်း၏ ကျော်ကြားမှုမှာမူ သေးသိမ်သည်မဟုတ်ချေ။ ၎င်းမှာ 'ပဲ့တင်သံ ဝိညာဉ်’ အဆင့် ပုဂ္ဂိုလ်များအတွက် ရည်ရွယ်သည့် 'အမတေ ဆေးလုံး' နှင့် အဆင့်အတန်း တူညီလှသည်။

ထို့ပြင် ထိုအဆင့်သို့ မရောက်သေးသူများ သောက်သုံးပါကလည်း မိမိ၏ အစစ်အမှန် ဝိညာဉ်ကို နိုးထစေနိုင်ခြင်း သို့မဟုတ် လျှို့ဝှက်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် ပဲ့တင်သံ ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိစေမည် ဖြစ်သည်။

သခင်လေးရှန့်၏ နှလုံးခုန်သံမှာ ဗုံတီးနေသကဲ့သို့ ပြင်းထန်လာ၏။

“လက်တစ်ဖက်နဲ့ လဲရတာ တန်ပါတယ်...”

သူက ပြောလိုက်သည်။

“တကယ်ကို တန်လွန်းလှပါတယ်...”

အဘိုးအိုကလည်း ရယ်မောရင်း ပြန်ပြောလိုက်လေ၏။

All Chapters