← Chapters

အခန်း (၁၈၆၈)

Vol. 134 Ch. 1868

အခန်း (၁၈၆၈)

Vol. 134 Ch. 1868

သင်္ဘောကြီး၏ အခြား တစ်ဖက်တွင်မူ ဝူပိုင်ကျိုးသည် ခင်မင် ရင်းနှီးသူများနှင့် အတူတကွ စုဝေးနေခဲ့သည်။ ထိုအထဲမှ အချို့မှာ ပြန်မဆုံရသည်မှာ ကြာလှပြီဖြစ်သဖြင့် လွမ်းဆွတ်တမ်းတမှုများက သူမကို လွှမ်းမိုး နေခဲ့၏။ အထူးသဖြင့် ချင်ချူးမူ နှင့် လုံထျန်းယုတို့ နှစ်ယောက်မှာ အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။ သူတို့ မရှိလောက်တော့ ဟူ၍ပင် သူမ တွေးမိခဲ့ဖူးသည်။

ချင်ချူးမူမှာ လွန်ခဲ့သော တစ်ရက်ကမှ ဟင်းလင်းပြင် ပေါ်တယ်မှတစ်ဆင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူမကို ကြည့်ရသည်က အတော်လေး အားနည်းနေပုံ ပေါ်သည်။ ထို့အပြင်... သူမ၏ မျက်လုံးထဲမှ အလင်းရောင်မှာ ယခင်ကနှင့် ယှဉ်လျှင် များစွာ ပြောင်းလဲသွားပုံရသည်။ ချင်ချူးမူမှာ အတိတ်မှာတုန်းက နာကျင်မှုများကို တွေ့ကြုံခဲ့ရလေရာ ကြံ့ခိုင်သည့် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သော်လည်း သူမ၏ အော်ရာက သဘာဝတရားကြီး အလား အမြဲတမ်း ငြိမ်သက်အေးချမ်းနေတတ်သဖြင့် အများ၏ ယုံကြည်အားကိုးမှုနှင့် ချစ်ခင်မှုကို ရရှိခဲ့သူဖြစ်သည်။ သို့သော်လည်း... ယခုမူ သူမ၏ အော်ရာ သဘာဝတရားကြီး တစ်ခုလုံး မှောင်မိုက်ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ... ပြောင်းလဲသွားလေပြီ။ ကြေကွဲစရာ အဖြစ်အပျက်များက သူမကို ဝါးမြိုသွားခဲ့တာလည်း ဖြစ်နိုင်ပေသည်။

လုံထျန်းယုမှာမူ အံ့သြစရာကောင်းလောက်အောင်ပင် လှပသည့် မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ သူမတွင် ကလေးတစ်ယောက်ကဲ့သို့ တောက်ပမှုနှင့် လူငယ်ဘဝ၏ တက်ကြွမှုများ ရှိနေဆဲ ဖြစ်သော်လည်း ဝိညာဉ်ကို ချည်နှောင်ထားသည့် ဘဝပေးတာဝန်တစ်ခုကို ထမ်းဆောင်နေရသကဲ့သို့ အနည်းငယ် ရင့်ကျက်သွားပုံရသည်။ သို့သော်လည်း... ထိုချည်နှောင်မှုမှာ မကြာသေးမီကမှ လွတ်မြောက်သွားခဲ့ပုံရပြီး သူမ၏ ဝိညာဉ်မှာလည်း လတ်ဆတ်သည့် လွတ်လပ်ခွင့်ကို ပြန်လည်ရရှိသွားခဲ့သည်။ သူမသည် မြင်လိုက်ရသည့် သူတိုင်းကို ဖက်လှဲတကင်း လိုက်လံ နှုတ်ဆက်နေပြီး အရာအားလုံးကို သိလိုစိတ်များ ပြင်းပြနေသည်။

နာ့ရှင်းရီ နှင့် လင်းကျိရန် တို့သည်လည်း အတူတကွ ရပ်နေကြသည်။ ထိုနှစ်များတုန်းက နာ့ရှင်းရီမှာ သူမ၏ မူလယင် နှစ်ခုကို စတေးခဲ့ရပြီး လင်းကျိရန်မှာလည်း လုံချန်၏ ရန်သူများကြောင့် ဒုက္ခိတ ဖြစ်ခဲ့ရသည်။ ထိုအဖြစ်အပျက်များ ဖြစ်ပြီးကတည်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တစ်ဦးကိုတစ်ဦး လုံးဝဥဿုံ ယုံကြည်ကာ ပိုမို၍ နီးကပ် သွားကြသည်။

ထို့မတိုင်ခင် အချိန်တုန်းကတော့ သူတိ့ နှစ်ဦးစလုံးမှာ အမျိုးသားတစ်ဦးတည်း၏ အာရုံစိုက်မှုနှင့် ချစ်ခင်မှုကို ရရှိရန် ကြိုးစားခဲ့ကြသူများဖြစ်ရာ အသေးအဖွဲ ကိစ္စလေးများဖြင့်ပင် အမြဲတမ်း ကတောက်ကဆ ဖြစ်ခဲ့ကြသည်။ အမှန်စင်စစ် သူတို့နှစ်ဦးသည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြဖူးသည်။ သေလုမတတ် တိုက်ပွဲမျိုး မဟုတ်သော်လည်း ထိုတိုက်ပွဲများမှာ ပြင်းထန်ပြီး မှတ်မှတ်ထင်ထင် ရှိလှသည်။

သို့သော်လည်း... ယခုမူ သူတို့သည် လှပသော အပြုံးများကိုယ်စီဖြင့် ရှိနေကြပြီး လုံထျန်းယုမှာ နာ့ရှင်းရီကို အဖွဲ့ထဲတွင် အကြီးဆုံးသော အမကြီး ကဲ့သို့ သဘောထားကာ အနားတွင် ကပ်နေလေသည်။

ဟုန်ရု နှင့် ရှောင်ပင်း တို့မှာလည်း သူတို့၏ ရင်းနှီးသည့် ဆက်ဆံရေးကို ဖုံးကွယ်မထားဘဲ လက်ချင်းတွဲလျက် ရှိနေကြသည်။ ထိုမီးလျှံအလှလေးနှင့် နှင်းပန်း အလှလေးတို့ကို မြင်တွေ့ရသူတိုင်းမှာ အားကျစိတ်များ ဖြစ်ပေါ်လာရသည်။

အလွန်တရာ လှပလှသည့် မိန်းကလေးများ အတူတကွ စုရုံးကာ စကားပြောနေကြသည့် ထိုမြင်ကွင်းမှာ မည်သူ့ကိုမဆို ရင်ခုန် စိတ်လှုပ်ရှားစေရန် လုံလောက်ပေသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အလှအပ အရာတွင် လျော့ပါးခြင်း မရှိကြသလို ကိုယ်ပိုင် အရှိန်အဝါနှင့် ဆွဲဆောင်မှုတွင်လည်း ထူးခြားသည့် အရည်အသွေး ကိုယ်စီကို ပိုင်ဆိုင်ထားပေသည်။

ကုန်းပတ်၏ အခြားတစ်ဖက်တွင်တော့ တရှန်းသည် နယ်လာရှားကို ဝမ်းဗိုက်မှနေ၍ မ ချီထားရာ နယ်လာရှား၏ ခြေထောက်များမှာ မြေပြင်နှင့် လွတ်နေ၏။ သူမ၏ ဆွဲဆောင်မှုရှိသော ဆံပင်များနှင့် ချစ်စဖွယ် ဦးခေါင်းလေးမှာ ရင်ဘတ် တောင်ကုန်း နှစ်ခုကြားတွင် မြုပ်ဝင်နေသော်လည်း နယ်လာရှားကမူ ထိုသို့ အချီခံထားရသည်ကို ဂရုမစိုက်ဘဲ ကမ္ဘာပေါ်တွင် အမျိုးသားတစ်ဦးတည်းသာ အပြည့်အဝ ခံစားခွင့်ရှိသည့် ထိုချိုင့်ဝှမ်းကြားတွင် ပိုမို သက်သောင့်သက်သာရှိမည့် အနေအထားကို ပြင်ယူရင်း စူးစမ်းသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေလေသည်။

နယ်လာရှားသည် ယခင်ကလိုမျိုးပင် သူမ၏ ကြောင်ရှို့ရန်မျိုးနွယ် အသွင်အပြင်ကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ အဖြူရောင် ဆံပင်များနှင့် ရွှေရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ ထိုအရာကပင် သူမ၏ ရိုင်းစိုင်းပြီး မယဉ်ပါးသည့် အလှတရားကို ပိုမို ပေါ်လွင်စေသည်။ တာအိုသုံးပါး၏ ကောင်းချီးကို ရရှိပြီးနောက်တွင် မိန်းကလေးမှာ လူသားတစ်ဦး ဖြစ်လာခဲ့သော်လည်း သူမ၏ သွေးများထဲ၌ မူလသွေးမျိုးဆက်မှာ ဆက်လက် စီးဆင်းနေဆဲ ဖြစ်သည်။ ထို့အပြင်... သူမသည် ကြောင်မျိုးနွယ် သွေးမျိုးဆက်နှင့် လိုက်ဖက်အောင် ဝေ့ဝူယင် ပြန်လည် ပြုပြင်ပေးထားသည့် အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းကိုလည်း ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။

သူမကို လူသား၊ သားရဲနှင့် ကောင်းကင်မျိုးနွယ် သုံးခုစပ် အဖြစ် သတ်မှတ်နိုင်သည်။ သို့သော်လည်း... နယ်လာရှားမှာ ကြောင်နားရွက်များ၊ အစွယ်များနှင့် သွယ်လျလျ အမြီးရှိသည့် ကြောင်အသွင်အပြင်ကို နှစ်သက်သဖြင့် ထိုအတိုင်းပင် နေထိုင်သည်။ ထို့အပြင်... သူမ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း အပြစ်အနာအဆာ မရှိတော့ပေ။ သူမ၏ မူလမျိုးနွယ်ကို ရှို့ရန် မှ လူသားအဖြစ်သို့၊ ထိုမှတစ်ဆင့် ကောင်းကင် မျိုးနွယ်စပ်အဖြစ်သို့ ပြောင်းလဲပြီးနောက်တွင် လျှို့ဝှက်အာဏာရှင် အဆင့် သို့ တက်လှမ်းမည့် လမ်းစဉ်မှာ သူမအတွက် များစွာ လွယ်ကူသွားတော့မည် ဖြစ်သည်။

ခြေထောက်လေးများ လွှဲရမ်းလျက် ရှိနေသည့် နယ်လာရှားနှင့် စကားပြောနေသူမှာ ချင်းရိုင်ပင် ဖြစ်သည်။ သူမသည် မျက်နှာဖုံးစွပ်ထားပြီး သွယ်လျလျ ကိုယ်လုံးလေးကို ဖုံးကွယ်ထားသည့် ရိုးရှင်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ထား၏။ သူမသည် ချင်ချူးမူ၏ ဘိုးဘေးတစ်ဦး ဖြစ်သော်လည်း ချင်ချူးမူနှင့် အထူးတလည် ရင်းနှီးမှု မရှိပေ။ ထိုအစား အနန္တ ဧကရာဇ်ဂိုဏ်းတွင် လူသိများသည့် နယ်လာရှား၊ တရှန်း တို့နှင့်သာ ပိုမို ရင်းနှီးသော ဆက်ဆံရေး ရှိလေသည်။

သူတို့ အနီးတွင်တော့ ယောင်ကျန်း၊ ဇင်၊ ကျီချန်းခုန်း၊ ထို့ပိဟန် နှင့် အခြားသော အနန္တ ဧကရာဇ်ဂိုဏ်းမှ လူများအပါအဝင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းဝင်များ စုဝေးနေကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီး ယခုမှ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သဖြင့် ပြောစရာစကားများမှာလည်း တောင်ပုံရာပုံပင်။ အထူးသဖြင့် ယောင်ကျန်းမှာ သူ့ သားအကြောင်းကို တတွတ်တွတ် ပြောနေသဖြင့် ဘေးနားတွင် အတင်းရပ်ခိုင်းခံထားရသော သူ့ သားမှာ အတော်လေး ရှက်ကိုးရှက်ကန်း ဖြစ်နေရှာသည်။ ထို့ပိဟန်၏ ကျောပေါ်တွင်မူ အဖြူရောင်ပတ်တီးများဖြင့် ပတ်ထားသည့် ကြီးမားသည့် အရာတစ်ခုကို ထင်ရှားစွာ လွယ်ထားသည်။ သူ၏ မျက်လုံးများမှာလည်း အခက်အခဲနှင့် ဒုက္ခများစွာကို ကျော်ဖြတ်လာခဲ့ရသည့်အလား မာကျောသော အရိပ်အယောင်များ စွဲထင်နေ၏။

အချို့မှာမူ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးလူးသွားလာနေကြသည်။ ထို့ပိဟန်၊ ချင်းရိုင်နှင့် ဝူပိုင်ကျိုး တို့ သုံးဦးမှာ မကြာခဏဆိုသလို နေရာချင်း ချိန်းခြင်း သို့မဟုတ် သုံးဦးသား စုဝေးစကားပြောခြင်းများ ပြုလုပ်နေကြသည်။ ထို့ပိဟန်က ချင်းရိုင်အား သမီးရင်းတစ်ယောက်ကဲ့သို့ သဘောထားသည်ကို မသိသူ ခပ်ရှားရှားပင်။

သူ ဝေ့ဝူယင်နှင့် ချင်းရိုင်တို့ကို ဖြစ်စေချင်သည်။ ချင်းရိုင်သာ အနည်းငယ် ပို၍ ပွင့်လင်းခဲ့မည်ဆိုလျှင် ကောင်းလိမ့်မည်ဟု တွေးတောရင်း သူ သက်ပြင်းချနေမိသည်။

သို့သော်လည်း... ထို့ပိဟန် မသိလိုက်သည့် အရာကား ချင်းရိုင်မှာ သူမကိုယ်သူမ ဝေ့ဝူယင်၏ အမျိုးသမီးဟု ယူဆထားသည်မှာ ကြာလှပြီ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ စကားတစ်ခွန်း ပြောလိုက်မည် ဆိုပါက သူ ချက်ချင်း လက်ခံလိမ့်မည် ဖြစ်သည်။ မှန်ပေသည်။ အတိတ်မှာတုန်းက သူမ ဝေ့ဝူယင်ကို ငြင်းခဲ့ဖူးသည်။ သို့သော်လည်း... အချိန်ကာလများ ကုန်ဆုံးသွားသည်နှင့်အမျှ လူတို့၏ စိတ်နေစိတ်ထားနှင့် ရည်ရွယ်ချက်များမှာ ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။

အတိတ်က အကြောင်းကို ပြန်လည် တွေးမိတိုင်း ဝေ့ဝူယင်ကို ထိုအချိန်တည်းက ဘာလို့ လက်မခံခဲ့သနည်းဟု သူမ ကိုယ့်ကိုယ်ကို ပြန်လည် အပြစ်တင် နေခဲ့မိသည်။ သူမသည် တရှန်းနှင့် နယ်လာရှား တို့ကို အားကျစိတ်ဖြင့် ငေးကြည့်နေမိတတ်သည်။

သင်္ဘောကြီးထက်၌ အာဏာရှင်များနှင့် အဇူရာ မူလ ဂလက်ဆီဇုံမှ ရွေးချယ်ခံများလည်း ရှိနေကြသည်။ ထိုစုဝေးပွဲမှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ရင်း စကားလက်ဆုံ ကျနေကြသဖြင့် လူမှုရေးပွဲလမ်းသဘင်တစ်ခုအလား စည်ကားနေတော့သည်။

ဟီ... ဟီ...

ရုတ်တရက်ဆိုသလို ကုန်းပတ်၏ အထက်နား၌ ဟီသံတစ်ခုနှင့် အတူ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်ပေါက်လာရာ စကားပြောသံများ အားလုံး ရပ်တန့်သွားကြ၏။ အားလုံး၏ အကြည့်တို့မှာ ထိုဟင်းလင်းပြင် ပေါ်တယ်ဆီသို့ ရောက်ရှိသွားကြ၏။

ဟူး... ဟူး...

လူငယ် တစ်ယောက်၊ မိန်းမငယ် တစ်ဦးနှင့် အတောင်ပံများ ပါသည့် နတ်မြင်းပျံ တစ်ကောင်တို့မှာ ပေါ်တယ် အတွင်းမှ ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းက လူတိုင်း၏ ရင်ကို တဒိတ်ဒိတ် ခုန်သွားစေသည်။ တိတ်ဆိတ်ငြိမ်သက်နေသည့်ကြားမှပင် သူတို့သည် ကုန်းပတ်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ကြသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

အာဏာရှင်များက အလျင်အမြန်ပင် စနစ်တကျ အရိုအသေပေးလိုက်သည်။

"အရှင်ဝေ့"

အဂ္ဂိရတ်သူရဲကောင်း သုံးဦးက ဒူးထောက်ကာ အရိုအသေပြုကြ၏။

"လောကရှန့်ထို အာရုဏ်ဦး"

လော့နင် အပါအဝင် အဂ္ဂိရတ် ပညာရှင်များမျာလည်း ဦးညွှတ်လိုက်ကြသည်။

"အာဏာရှင် အင်ပါယာ ဝေ့..."

နာ့ရှင်းရီ အပါအဝင် အဇူရာ မူလ ဂလက်ဆီဇုံမှ ရွေးချယ်ခံများကလည်း သူ၏ အင်ပါယာဘွဲ့အမည်ဖြင့် ဂါရဝပြုကြ၏။

"ကောင်းပြီ... အားလုံး စုံကြပြီပဲ"

ဝူယု၏ ကြိုးပမ်းမှုကို ဝေ့ဝူယင် ကျေနပ်သွားသည်။ တစ်ဦးတစ်ယောက်မျှပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

အော်... ခဏလေး။

ဝူယုက သူ့ တာဝန်ကို ကျေပွန်ခဲ့သော်လည်း သူကတော့ အနည်းငယ် ပျက်ကွက်နေခဲ့သည်။ ဝေ့ဝူယင် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ထပ်မံ၍ ပေါ်ပေါက်လာလေ၏။

All Chapters