← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

ဝိညာဉ်နှိမ်နင်းရေးဌာန၏ ခေါင်းတလားလုပွဲ (ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး) တွင် ရှုံးနိမ့်သွားသော ကျင့်ကြံသူသည် တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

သူသည် တံခါးကို တွန်းဖွင့်လိုက်သည်။

အထဲတွင် ချန်ကျိုး ဖင်ကုတ်နေသည်ကို တွေ့လိုက်ရသည်။

ဟန်ပန်အမူအရာက တော်တော်ကို ဆွဲဆောင်မှုရှိနေတာပဲ။

"ချန်ကျိုး.. နိဟောင်"

စစ်ဆေးရေးဝန်ထမ်းများသည် သူတို့၏ မူလ ဘဝင်မြင့်မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။

"ဝိညာဉ်နှိမ်နင်းရေးဌာနကလား" ချန်ကျိုး အေးစက်စွာ မေးလိုက်သည်။

"ဟုတ်ပါတယ်.. ကျွန်တော်တို့က ဝိညာဉ်နှိမ်နင်းရေးဌာနက ဝန်ထမ်းတွေပါ.. အဓိက တာဝန်ယူရတာကတော့..."

ချန်ကျိုးသည် ငှက်ပျောသီးခွံဖြင့် ပစ်ပေါက်လိုက်ရာ ကျင့်ကြံသူတစ်ဦး၏ ခေါင်းကို ထိသွားသည်။

"ငါ့ခေါင်းတလား ပြန်ပေး.. သူခိုးကောင်တွေ!"

ချန်ကျိုးသည် ဖိနပ်စီးဖို့တောင် အချိန်မရဘဲ ကျင့်ကြံသူ နှစ်ဦးဆီသို့ခြေဗလာဖြင့် ပြေးဝင်သွားသည်။

"ချန်.. ချန်ကျိုး.. ကျွန်တော်တို့ ခင်ဗျားအတွက် ပစ္စည်းတွေ အများကြီးဝယ်လာပါတယ်"

ချန်ကျိုးသည် သူတို့လက်ထဲမှ ပစ္စည်းများကိုဆွဲယူပြီး သူတို့အား ပြန်ပစ်ပေါက်သည်။

ဘယ်ဝိုက်လက်သီး~

ညာဝိုက်လက်သီး~

ဘယ်ခြေထောက်~

ညာခြေထောက်~

အချိန်တိုလေး အတွင်းမှာပင် ကျင့်ကြံသူ နှစ်ဦးသည် ချန်ကျိုး၏ကန်ထုတ်မှုကြောင့် လူနာဆောင် အပြင်ဘက်သို့ လွင့်ထွက်သွားပြီး သူတို့ပစ္စည်းများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကုန်သည်။

အခန်းထဲမှ ကန်ထုတ်လိုက်ရုံနှင့် မကျေနပ်သေးဘဲ ချန်ကျိုးသည် စင်္ကြန်လမ်းတလျှောက် ထိုလူနှစ်ဦးကိုနှံကောင် တစ်ကောင်ကဲ့ သို့ တကောက်ကောက်လိုက်ကာ မရပ်မနား ဆဲဆိုနေလေသည်။ ဂုဏ်သရေရှိ ဒုတိယအဆင့် သန့်စင်ခြင်းတံခါးပေါက်နယ်ပယ် ကျင့်ကြံသူ နှစ်ဦးသည် အကြိမ်ကြိမ်နောက်ဆုတ်နေရသည်။

"ငါတို့ သူ့ကို ရန်မစခဲ့ပါဘူး.. ဟုတ်တယ်မလား"

"သူက အရူးလေကွာ.. ဘယ်လို အပြုအမူမျိုးရှိမယ်ဆိုတာ ဘယ်သူသိမှာလဲ"

"အား.. ငါ့ခါး"

"သွားပြီ.. ငါ့စမ်းသပ်ကျောက်တုံး ပြုတ်ကျသွားပြီ"

ကျင့်ကြံသူ နှစ်ဦး လှည့်ကြည့်လိုက်သည်။

ချန်ကျိုးသည် အနက်ရောင် စမ်းသပ်ကျောက်တုံးပေါ်တွင် ခြေဗလာဖြင့် နင်းလျက်ရပ်နေသည်။

ချန်ကျိုး ရပ်လိုက်ပြီး မြေကြီးပေါ်မှ ကျောက်တုံးကိုကောက်ယူလိုက်သည်။

ကျောက်တုံးသည် မည်းနက်ပြီး အလင်းမပေါက်ပေ။ မျက်နှာပြင်ပေါ်ရှိ အကွက်များသည် အိမ်သာထဲက ကျောက်တုံးလို ဝါညစ်ညစ်အရောင် ဖြစ်နေသည်။

"ချန်ကျိုး.. ငါ့စမ်းသပ်ကျောက်တုံး ပြန်ပေးလို့ ရမလား" ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။

ချန်ကျိုးသည် ကျောက်တုံးကို ညာလက်ဖြင့် ဆုပ်ကိုင်ပြီး ထိုလူနှစ်ဦးကို ပစ်ပေါက်ရန် ပြင်လိုက်ကာ လက်ကို လွှဲလိုက်သည်။

ကျောက်တုံးသည် သူ့လက်ထဲမှ လွင့်ထွက်သွားသည်။

လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ဆွဲသားလျက် ပျံသန်းသွားသည်။

ဒေါက်!

ပြတ်သားသော ရိုက်ခတ်သံ ထွက်ပေါ်လာသည်။

စမ်းသပ်ကျောက်တုံးသည် ကျင့်ကြံသူ တစ်ဦး၏နဖူးတည့်တည့်ကို ထိမှန်သွားသည်။

ဒါကို မြင်လိုက်တော့ အခြား ကျင့်ကြံသူ တစ်ဦးသည် ပြုတ်ကျလာသော စမ်းသပ်ကျောက်တုံးကို အမြန် ဖမ်းယူပြီး သူ့အဖော်ကို ဆွဲကာ အောက်ထပ်သို့ ပြေးဆင်းသွားလေသည်။

ချန်ကျိုးသည် လှေကားထစ် အဝအထိ လိုက်သွားရာ မျောက်ကောင်အားယွမ် ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။ သူ ရပ်တန့်လိုက်ပြီး ထိုလူနှစ်ဦးကိုလှမ်းအော်ပြောလိုက်သည်။

"နောက်တစ်ခါ ငါ့မျက်စိရှေ့ ပေါ်မလာနဲ့.. မြင်ရင် မြင်သလောက် ထပ်ရိုက်မှာ"

မသွားခင် မျောက်ကောင်အားယွမ်မအား လက်ခလယ် ထောင်ပြလိုက်သေးသည်။

ကျင့်ကြံသူ နှစ်ဦးသည် ဆေးရုံအပြင်သို့ ရောက်သည်အထိပြေးပြီးမှ ချန်ကျိုး ရှိ၊ မရှိ ပြန်လှည့်ကြည့်ရဲသည်။

ချန်ကျိုး လိုက်မလာတော့သည်ကို သေချာမှ အရိုက်ခံရသော ကျင့်ကြံသူသည် သူ့နဖူးကိုအုပ်လျက် အဖော်ကို ပြောလိုက်သည်။ "မြန်မြန် ကြည့်စမ်း.. တစ်ခုခု ထောက်လှမ်းမိလားလို့"

သူတို့နှစ်ဦးသည် စမ်းသပ်ကျောက်တုံးကို စစ်ဆေးရေး စက်ပေါ် တင်လိုက်ရာ ဖျော့တော့သော အဖြူရောင် အလင်းတန်းလေး ထွက်ပေါ်လာသည်။

သူတို့နှစ်ဦး ကြောင်အမ်းအမ်းဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ဒီစမ်းသပ်စက် ပျက်နေတာများလား"

ကျင့်ကြံသူ တစ်ဦးသည် စမ်းသပ်ကျောက်တုံးနှင့် ထိတွေ့လိုက်သည်နှင့် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံသူ၏ အဆင့်နှင့် သက်ဆိုင်သော အလင်းရောင်များ ထုတ်လွှတ်ပေးသည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာနှင့် ခရမ်းရောင်တို့သည် အဆင့်လိုက် ကိုယ်စားပြုသည် - ပထမအဆင့် ကနဦးကြည်လင်ခြင်း ၊ ဒုတိယအဆင့် သန့်စင်ခြင်း တံခါးပေါက်၊ တတိယအဆင့် နက်နဲခြင်းခုနစ်ပါး၊ စတုတ္ထအဆင့် မြောက်ဘက်ဟင်းလင်းပြင်၊ ပဉ္စမအဆင့် တောင်ဘက်တံတား ၊ ဆဋ္ဌမအဆင့် စူးစမ်းခြင်းသုံးပါး၊ သတ္တမအဆင့် သူတော်စင်...

ပထမအဆင့် ကနဦးကြည်လင်ခြင်းသည် လှည့်လည်သွားလာနေသောဝိညာဉ် နှင့် ညီမျှသည်။ ဒုတိယအဆင့် သန့်စင်ခြင်း တံခါးပေါက်သည် လက်စားချေလိုသော သရဲ၊ တတိယအဆင့် နက်နဲခြင်းခုနစ်ပါးသည် ရက်စက်သောသရဲ၊ စတုတ္ထအဆင့် မြောက်ဘက်ဟင်းလင်းပြင်သည် နတ်ဆိုးဝိညာဉ်၊ ပဉ္စမအဆင့် တောင်ဘက်တံတားသည် သရဲဗိုလ်ချုပ် ဆဋ္ဌမအဆင့် စူးစမ်းခြင်း သုံးပါးသည် သရဲမိစ္ဆာ၊ သတ္တမအဆင့် သူတော်စင်သည် သရဲဘုရင်တို့နှင့် အသီးသီးညီမျှကြသည်။

အဖြူရောင် အလင်းတန်းသည် သာမန်လူကို ကိုယ်စားပြုသည်။ အဋ္ဌမအဆင့် ဘုရားသခင်နယ်ပယ်နှင့် နဝမအဆင့် ဧကရာဇ် နယ်ပယ်ကဲ့သို့သော အဆင့်မြင့် ပညာရှင်များကိုမူ စမ်းသပ်ကျောက်တုံးဖြင့် စစ်ဆေး၍ မရနိုင်ပေ။

ပြဿနာက ချန်ကျိုးသည် ရက်စက်သော သရဲကို ရင်ဆိုင်နိုင်ခြင်းနှင့် ယနေ့ ဒုတိယအဆင့် သန့်စင်ခြင်း တံခါးပေါက်နယ်ပယ် ကျင့်ကြံသူ နှစ်ဦးကို နှိမ်နင်းနိုင်ခြင်းတို့ကို ကြည့်လျှင် သူသည် အနည်းဆုံး တတိယအဆင့် နက်နဲခြင်းခုနစ်ပါး နယ်ပယ်ကျင့်ကြံသူ ဖြစ်နေသင့်သည်။

သို့သော် စစ်ဆေးချက် အဖြေကတော့ သာမန်လူကို ပြသနေသည့် အဖြူရောင် အလင်းတန်းသာ ထွက်ပေါ်နေသည်.. တကယ်ကို ထူးဆန်းလွန်းသည်။

"ဘယ်လိုလုပ်ကြမလဲ"

ကျင့်ကြံသူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒီလို အခြေအနေမျိုး တစ်ခါမှမကြုံဖူးပေ။

"ဟူး.. အမှန်အတိုင်းပဲ တင်ပြလိုက်ကြတာပေါ့"

တောက်ပသော နေရောင်အောက်တွင် ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူ နှစ်ဦးသည် သက်ပြင်းချလိုက်ကြသည်။

ချန်ကျိုးသည် လူနာဆောင်သို့ ပြန်ရောက်ပြီးနောက် ကုတင်ပေါ်တွင် လှဲကာ ဂနာမငြိမ် ဖြစ်နေသည်။

ခေါင်းတလားကိစ္စ သူ့ရင်ထဲ ရှိနေသရွေ့ ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ။

သူ ခေါင်းတလားကို ပြန်ယူမှ ဖြစ်မည်။

ဝိညာဉ်နှိမ်နင်းရေးဌာနဆိုတာ ဓားပြစခန်းပဲ.. သူ တစ်ယောက်တည်း သွားလို့ မဖြစ်ဘူး။ သူ့ကို ကူညီမယ့် အဖော်တွေ လိုတယ်။

သစ်သီး အခွံနွှာနေသော ကျန်းယိုယိုကို ကြည့်ပြီး ချန်ကျိုး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သူမက မဖြစ်ဘူး.. အရမ်း အားနည်းလွန်းတယ်။

သရဲလေးနဲ့ ကြောင်ကြီးပဲ ဖြစ်မယ်။

သရဲလေးနဲ့ ကြောင်ကြီးက ညရောက်မှထွက်လို့ရတာ။

ညနေရောက်တော့ ကျိုးအိုက်ကော်ကို သူ့မိသားစုက ချန်ကျိုးရဲ့အခန်းထဲ ထမ်းပို့လာကြသည်။

တစ်ညနေလုံး အနားယူပြီးနောက် ကျိုးအိုက်ကော်၏နာကျင်မှုများ သက်သာသွားသော်လည်း မျက်နှာကတော့ သွေးမရှိသလို ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဒါတွေအားလုံးက သတိထားနေလျက်နဲ့နာကျင်မှု ဝေဒနာကို ခံစားစေခဲ့တဲ့ ချန်ကျိုးရဲ့ ကျေးဇူးတွေ ကြောင့်ပါပဲ။ ညနေခင်း တစ်ခုတည်းမှာတင် အိပ်ရာခင်းကို ၇ ကြိမ်၊ ၈ ကြိမ်လောက်လဲလိုက်ရသည်။

ချန်ကျိုးညွှန်ကြားချက်အတိုင်း ကျိုးအိုက်ကော် မိသားစုသည် စားကောင်းသောက်ဖွယ်အမျိုးမျိုးကို ပြင်ဆင်ပြီး ယူလာကြသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး ချန်ကျိုးသည် အားနာခြင်းမရှိဘဲ ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြတ်ကာ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

"သုန်းသုန်းယောင်.. ကျေးဇူးတင်ပါတယ်"

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျိုးအိုက်ကော်က နောက်ဆုံးတွင် ပြောထွက်လာသည်။

အသက် ၅၀ ကျော် လူကြီးလူကောင်း တစ်ယောက်အနေနဲ့ ဒီလိုပြောရတာ ဟန်ဆောင်သလိုဖြစ်နေပေမယ့် သူ ပြောနိုင်တာ ဒါပဲ ရှိသည်။ ချန်ကျိုး သူ့အပေါ် ထားရှိတဲ့ ကျေးဇူးတရားတွေကို စကားလုံးထောင်သောင်းနဲ့ ဖွဲ့ဆိုလို့ မရနိုင်ပါဘူး။

ချန်ကျိုးက စိတ်ရောဂါသည် မဟုတ်ပါဘူး.. သူက တခြားကမ္ဘာကရောက်လာတဲ့ ပါရမီရှင် တစ်ယောက်ပါ။

သူပြောသလိုပဲ.. ငတုံး လူသားတွေက ဘုရားသခင်ရဲ့အလိုတော်ကို နားမလည်နိုင်ကြဘူး။

"ကျေးဇူးတင်စရာ မလိုပါဘူး.. စားပါ"

ချန်ကျိုးက ကြက်ဖင်ဆီဘူးကိုယူပြီး ကျိုးအိုက်ကော်ပန်းကန်ထဲသို့ ပစ်ထည့်လိုက်သည်။

ကျိုးအိုက်ကော်သည် သိပ်မသွက်လက်သေးသောလက်များဖြင့် ချန်ကျိုးပေးသည့် ကြက်ဖင်ဆီဘူးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်ရာ မျက်လုံးများတွင် မျက်ရည်များပြည့်လာသည်။ အသက်ရှင်ရတာ ကောင်းလိုက်တာ။

ဒါကိုမြင်တော့ ချန်ကျိုးက ဆဲဆိုလိုက်သည်။

"မင်းက ပျော့ညံ့လိုက်တာ! ငတုံး လူသားတွေက မင်းကို ဖျက်ဆီးလိုက်ပြီပဲ၊ တကယ့် သန်မာတဲ့သူဆိုတာ ငါ့လို ဖြစ်ရမယ်.. ဘယ်လောက် ခက်ခဲပါစေ မျက်ရည်မကျရဘူး"

ကျိုးအိုက်ကော် မျက်ရည်သုတ်လိုက်သည်။

"ဒီည အပြင်မထွက်နဲ့နော်"

မြစ်ကမ်းနား လမ်းလျှောက်တဲ့သူ ရေစိုစမြဲပဲ။ ကျိုးအိုက်ကော်က ချန်ကျိုးကို သူ့လူတစ်ယောက်လို သတ်မှတ်ထားပြီးသားမို့ ချန်ကျိုး တစ်ခုခုမှားယွင်းသွားရင် အသက်အန္တရာယ် ရှိမှာကို စိုးရိမ်နေသည်။

"ဒီည ငါ့ခေါင်းတလားကို ပြန်သွားလုရဦးမယ်" ချန်ကျိုး ကိစ္စသေးလေး တစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အော်.. ကောင်းတာပေါ့... နေဦး.. လုမယ် ဟုတ်လား.. ဘယ်ကလဲ"

"ဝိညာဉ်နှိမ်နင်းရေးဌာနကလေ.. ငါ စုံစမ်းပြီးပြီ၊ ငါ့ခေါင်းတလားကို ဝိညာဉ်နှိမ်နင်းရေးဌာနက ယူသွားတာ.. ငါ ပြန်ယူရမယ်"

"သုန်းသုန်းယောင်.. စိတ်မြန်လက်မြန် မလုပ်နဲ့ဦး၊ ငါ နေကောင်းတဲ့အထိ စောင့်ပါဦး.. ငါ ပြန်ယူပေးပါ့မယ်၊ မဟုတ်ဘူး.. မနက်ဖြန် ငါ ပြန်ယူပေးမယ်"

"ဒါ ကိစ္စသေးလေးပါ.. ငါ ကိုင်တွယ်နိုင်ပါတယ်၊ သုန်းသုန်းချီက စိတ်ပူစရာ မလိုပါဘူး"

"ငါ့ကို ကိုယ့်ကိုယ်ကိုယ် သက်သေပြခွင့်ပေးပါဦး သုန်းသုန်းယောင်ရယ်.. ငါ မင်းအတွက် သေချာပေါက်ပြန်ယူပေးပါ့မယ်"

ကျိုးအိုက်ကော်၏ဇွတ်တောင်းဆိုမှုကို မြင်တော့ ချန်ကျိုး မငြင်းရက်တော့ပေ။

"ကောင်းပြီလေ.. ကျေးဇူးပါ သုန်းသုန်းချီ"

ချန်ကျိုး နှုတ်ကသာပြောလိုက်တာ.. စိတ်ထဲမှာတော့ သုန်းသုန်းချီကရဲရင့်စွာနဲ့ ဒဏ်ရာရထားပြီးပြီ။ စွမ်းအားကြီးတဲ့သူ တစ်ယောက်အနေနဲ့ ဒဏ်ရာရထားတဲ့ သုန်းသုန်းချီကို ဘယ်လိုလုပ် အကူအညီ တောင်းရက်မှာလဲ။

ထမင်းစားချိန်က နှစ်နာရီလောက်ကြာသွားသည်။ ကျိုးအိုက်ကော်က ချန်ကျိုး တစ်ယောက်တည်း ဝိညာဉ်နှိမ်နင်းရေးဌာနကို သွားပြီး ပြဿနာရှာမှာကြောက်နေသည်။ ဝိညာဉ်နှိမ်နင်းရေးဌာနမှာ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ ချန်ကျိုးကို ဖြေရှင်းဖို့ဆိုတာ သူတို့အတွက် ထမင်းစား ရေသောက်လောက်ပဲ ရှိမှာ တစ်ခုခုလွဲချော်သွားရင် ကြောင်ကြီးနဲ့ သရဲလေးပါ ဖျက်ဆီးခံရနိုင်တယ်။

ချန်ကျိုးရဲ့ ဘေးကင်းရေးအတွက်၊ ကြောင်ကြီးရဲ့ဘေးကင်းရေးအတွက်၊ သရဲလေးရဲ့ ဘေးကင်းရေးအတွက် ကျိုးအိုက်ကော်က တစ်ညလုံး ချန်ကျိုးကိုစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ ချန်ကျိုးကို ဒီတိုင်းစောင့်ကြည့်နေလို့ မရဘူးလေ။ ၁၀ နာရီလောက်ရောက်တော့ ခေါင်းတလားပြန်ယူချင်စိတ်ကို မထိန်းနိုင်တော့တဲ့အတွက် သရဲလေးကို ကျိုးအိုက်ကော်ဆီ တစ်ချက်မှုတ်ခိုင်းလိုက်ရာ ကျိုးအိုက်ကော် အိပ်ပျော်သွားလေသည်။

၁၀ ထပ်မြင့်တဲ့ လူနာဆောင်ပြတင်းပေါက်အပြင်ဘက်မှာ ကြောင်ကြီးကမူ စောင့်နေသည်။ ချန်ကျိုး ပြတင်းပေါက်ဘောင်ပေါ် တက်လိုက်ပြီး ကြောင်ကြီးကျောပေါ် ခွစီးလိုက်သည်။

All Chapters