အခန်း (၃၃)
Vol. 4 Ch. 33
ချန်ကျိုးသည် မြင့်မားသော လှေကားထစ်များကို ခြေလှမ်းကျဲကြီးများဖြင့် တက်သွားပြီး ဝိညာဉ်နှိမ်နင်းရေးဌာန၏ ပင်မ ခန်းမဆောင်ကြီးထဲသို့ ဝင်လိုက်သည်။
ခန်းမကြီးသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေပြီး အတွင်းထဲတွင် ကျင့်ကြံသူများ အလုပ်ရှုပ်နေကြသည်။
ချန်ကျိုး ဝင်လာလိုက်သည်နှင့် လူတိုင်း၏ အကြည့်က သူ့ဆီသို့ ရောက်လာကြသည်။
ဝိညာဉ်နှိမ်နင်းရေးဌာနက လေ့ကျင့်ပေးထားသော ကျင့်ကြံသူများ အပြင် ဂိုဏ်းအသီးသီးမှ တပည့်များလည်း ရှိနေကြသဖြင့် ကျင့်ကြံသူများ၏ ဝတ်စားဆင်ယင်မှုမှာ စုံလင်လှသည်။ ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူ တစ်ဦးကို ခွဲခြားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ရင်ဘတ်ရှိ ဝိညာဉ်နှိမ်နင်းရေးဌာန တံဆိပ်အောက်မှ နာမည်ကတ်ပြားကို ကြည့်ခြင်းဖြင့်သာ သိနိုင်သည်။
ဥပမာအားဖြင့် - သန့်စင်ခြင်း သုံးပါး ဂိုဏ်း (Three Pure Ones Sect) မှ တပည့် ကျိုးယွီတယ်၊ ချွမ်ကျန်း ဂိုဏ်း (Quanzhen Sect) မှ တပည့် ကျန်းချန်ရွေ့၊ ရှာမန် နတ်ဆရာ (Shamanic Immortal) ၏ ဆက်ခံသူ လီယွမ်ဟွေး စသဖြင့် ဖြစ်ကြသည်။
အားလုံး၏ မျက်လုံးများသည် ချန်ကျိုးအပေါ်တွင် စုပြုံကျရောက်နေပြီး သူ၏ မျက်ဆံများသည် လျင်မြန်စွာ ကျယ်လာသည်။
ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူများ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် သူ့နှင့် အကြည့်ချင်းဆုံမိသူ အားလုံးသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြလေသည်။
[System က စကင်န်ဖတ်ခြင်းကို စတင်လိုက်သည်။]
System သည် ကြေးခေါင်းတလား တည်ရှိရာ နေရာကို ရှာဖွေတွေ့ရှိပြီး ချန်ကျိုး၏ စိတ်ထဲတွင် ပြသပေးလိုက်သည်။
သူသည် ဝိညာဉ်နှိမ်နင်းရေးဌာန၏ ပင်မ ခန်းမဆောင်ကြီးကို ဖြတ်သန်းပြီး နောက်ဖေးပေါက်မှ ထွက်ကာ ရုံးအဆောက်အဦး အများအပြားကို ကျော်ဖြတ်ပြီးနောက် ဝိညာဉ်နှိမ်နင်းရေးဌာန၏ ဂိုဒေါင် အဆောက်အဦးဆီသို့ ရောက်ရှိသွားသည်။
ဂိုဒေါင် အဆောက်အဦး၏ အဝင်ဝတွင်လည်း အစောင့် နှစ်ဦး ချထားသည်။
ချန်ကျိုးသည် သူတို့ကို ယဉ်ကျေးစွာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။
အစောင့် နှစ်ဦး တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် သူတို့သည် ကြောင်တောင်တောင်ဖြင့် အိပ်ပျော်သွားကြလေသည်။
ချန်ကျိုးသည် ဂိုဒေါင် အဝင်ဝတွင် ရပ်လိုက်သည်။ ဂိုဒေါင်တံခါးသည် နံပါတ်ကုဒ်ဖြင့် ဖွင့်ရသော အလွိုင်း (သတ္တုစပ်) တံခါး ဖြစ်သည်။
သူသည် အလွိုင်းတံခါးကို လက်ပြန်ဖြင့် ခေါက်ကြည့်လိုက်ရာ သတ္တုတံခါး၏ ထူထဲမှုကို သက်သေပြနေသည့်အလား ဘုန်း ခနဲ အသံထွက်ပေါ်လာသည်။
[System သည် ကုဒ်ဖြေနေပါသည်။ ကျေးဇူးပြု၍ စကားဝှက် ရိုက်ထည့်ပါ: 121345]
ချန်ကျိုးသည် နံပါတ်ကုဒ်သော့ခလောက်ကို လက်ဖြင့် ထိုးပြီး လျှောက်နှိပ်လိုက်သည်။
စကားဝှက် မှားယွင်းနေပါသည်။
[System သတိပေးချက်: ကျေးဇူးပြု၍ စကားဝှက် ရိုက်ထည့်ပါ: 121345]
"သောက်ကျိုးနည်းကွာ.. တံခါးကပါ ငါ့ကို လာအနိုင်ကျင့်နေတယ်!"
ချန်ကျိုး အလွိုင်းတံခါးကို ကန်လိုက်သော်လည်း တံခါးက မတုန်မလှုပ် ရှိနေသည်။
[System သတိပေးချက်: ကျေးဇူးပြု၍ စကားဝှက် ရိုက်ထည့်ပါ: 121345]
ချန်ကျိုး ခြေလက်ဆန့်ပြီး လက်သီးကို မြှောက်လိုက်သည်!
[System…]
[System သည် Host ၏ လက်သီးကို အားဖြည့်ပေးလိုက်ပါသည်! ပေါင်တစ်ထောင် တူကြီး (Thousand-pound hammer)!!!]
သူ လက်သီးဖြင့် ထိုးချလိုက်သည်။
နံပါတ်ကုဒ်သော့ခလောက်သည် အောက်သို့ ချိုင့်ဝင်သွားပြီး အတွင်းပိုင်း ရှော့ဖြစ်ကာ မီးပွားများ ထွက်လာသည်။
တော်တော် ခိုင်တာပဲ။
နောက်ထပ် လက်သီးတစ်ချက်။
လွဲသွားပြီး သတ္တုတံခါးပေါ်တွင် လက်သီးဆုပ် အရွယ်အစား ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
ကိစ္စမရှိပါဘူး.. နောက်ထပ် လက်သီးချက် အနည်းငယ်ပေါ့။
နံပါတ်ကုဒ်သော့ခလောက်သည် ချန်ကျိုး လက်ချက်ဖြင့် လုံးဝ ပျက်စီးသွားသည်။
ချန်ကျိုးသည် လက်ပေါ်မှ မရှိသော ဖုန်များကို ခါလိုက်ပြီး တံခါးကို ကန်လိုက်ရာ အလွိုင်းတံခါး တစ်ခုလုံး ပြိုလဲသွားပြီး ဖုန်လုံးများ ထွက်ပေါ်လာကာ အတွင်းရှိ သပ်ရပ်စွာ စီထားသော စင်များကို မြင်လိုက်ရသည်။
စင်များပေါ်တွင် ပစ္စည်းမျိုးစုံ ပြည့်နှက်နေပြီး ကျပ်သိပ်နေသော ပြတိုက်တစ်ခုနှင့် တူနေသည်။
ပြီးတော့ သူ၏ ကြေးခေါင်းတလားကြီးသည် ဂိုဒေါင်၏ အလယ်ဗဟိုတွင် ထင်ရှားစွာ ရှိနေသည်။
ကြေးခေါင်းတလားပေါ်ရှိ မြေကြီးများကို ဝိညာဉ်နှိမ်နင်းရေးဌာနက ဆေးကြော သန့်စင်ထားပြီး ဖြစ်သည်။ စိမ်းပြာရောင် ခေါင်းတလား၏ ထိပ်ပိုင်းသည် ဝေါယာဉ် အသေးစားလေး တစ်ခုနှင့် တူနေပြီး အပေါ်တွင် အနီရောင် ကျောက်မျက်ရတနာ တစ်လုံး မြှုပ်နှံထားသည်။
"ဒီထဲမှာ တစ်ညလောက် အိပ်လိုက်တာက ဝိညာဉ်စွမ်းအင်တွေကို တစ်ရက်နဲ့ တစ်ည အပြည့် စုပ်ယူလိုက်တာနဲ့ ညီမျှတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက နှစ်ဆတိုးလာနိုင်တယ်! တကယ့်ကို ကျင့်ကြံခြင်းအတွက် ရတနာပါပဲ။ ဝိညာဉ်နှိမ်နင်းရေးဌာနက လူတွေ အကုန်လုံးက ကျင့်ကြံသူတွေ ဆိုတော့.. သူတို့က ဒါရဲ့ အသုံးဝင်ပုံကို သိလို့ ခိုးသွားကြတာ နေမှာ"
ချန်ကျိုး၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ခေါင်းတလားဆီသို့ ပြေးသွားပြီး အဖုံးကို တွန်းဖွင့်လိုက်ရာ လုံးဝ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ အရင်က မြင်ဖူးသော ပစ္စည်းများ တစ်ခုမှ မရှိတော့ပေ။
အားယွမ် မျောက်ကောင်လိုပဲ.. လုံးဝ အရှက်မရှိဘူး.. ငါ့ကို ဒီလိုနည်းနဲ့ ထပ်လှည့်စားကြပြန်ပြီ။
ချန်ကျိုး၏ အကြည့်သည် ဂိုဒေါင်အနှံ့ ဝေ့ဝဲသွားပြီး System က ကြေးခေါင်းတလားထဲမှ ပါလာသော ပစ္စည်းများကို အလိုအလျောက် စစ်ထုတ်ပေးလိုက်သည်။
ချန်ကျိုးသည် ထိုပစ္စည်းများကို ပြန်ယူပြီး ကြေးခေါင်းတလားထဲသို့ တစ်ခုပြီးတစ်ခု ပြန်ထည့်လိုက်သည်။
ကြေးခေါင်းတလားသည် အလွန် ကြီးမားသဖြင့် ချန်ကျိုး နှစ်ယောက်စာလောက် ဝင်ဆံ့သည်။
"ကြောင်ကြီး (Big Cat).. မြန်မြန် ထွက်ခဲ့" ချန်ကျိုး ခေါ်လိုက်သည်။
ချန်ကျိုးသည် သူ့ခန္ဓာကိုယ်ထဲမှ ကျားဟိန်းသံကို ခံစားလိုက်ရပြီးနောက် တိတ်ဆိတ်သွားသည်။
"ကြောင်ကြီး.. မြန်မြန် ထွက်ခဲ့လေ" ချန်ကျိုး ထပ်ခေါ်လိုက်သည်။
တုံ့ပြန်မှုကတော့ သူ့ခန္ဓာကိုယ်ထဲမှ ကျားဟိန်းသံသာ ထွက်ပေါ်လာသည်။
ချန်ကျိုး၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်သော သရဲလေးက ပြောသည်။
"ချန်ကျိုး.. ဝိညာဉ်နှိမ်နင်းရေးဌာနက ကျန်းယန် ဒေသ မှာ တည်ရှိနေတာ၊ ကောင်းကင်တံခါး ၁၂ ပေါက် အစီအရင်က သရဲတွေကို ချုပ်ထိန်းထားနိုင်တဲ့ အာနိသင်ရှိတယ်၊ ဝိညာဉ်နှိမ်နင်းရေးဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ ကြောင်ကြီးနဲ့ ငါ မဆင်မခြင် ထွက်လိုက်ရင် ငါတို့ ပျက်စီးသွားလိမ့်မယ်"
"ရှုပ်လိုက်တာကွာ!"
ချန်ကျိုးသည် အားမလိုအားမရ သက်ပြင်းချလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ခေါင်းတလားကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
[ချန်ကျိုး၏နည်းဗျူဟာများကို ယဉ်ပါးနေပြီဖြစ်သော System က ချက်ချင်း ဝင်ပြောလိုက်သည်: System သည် Host ၏ ခွန်အားကို မြှင့်တင်ပေးနေပါသည်: အကန့်အသတ်မဲ့ ခွန်အား]
ငါးတန်လေးသော ကြေးခေါင်းတလားကြီးကို ချန်ကျိုး အလွယ်တကူ မလိုက်နိုင်သည်။
မယုံနိုင်လောက်အောင် ပေါ့ပါးနေပြီး အလေးချိန် မရှိသလောက်ပင်။
ချန်ကျိုးသည် လက်ထဲတွင် နှစ်ခါလောက် ပစ်မြှောက်လိုက်သေးသည်။ တကယ်ကို ပေါ့ပါးနေသည်။
သူသည် ပခုံးပေါ် ထမ်းတင်လိုက်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။
ဂိုဒေါင် အပြင်ဘက်တွင်မူ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိလိုက်ကြသော ဝိညာဉ်နှိမ်နင်းရေးဌာန ကျင့်ကြံသူများသည် ဝင်ပေါက်ကို လုံးဝ ပိတ်ဆို့ထားကြသည်။
ဤကျင့်ကြံသူ အများစုမှာ ဒုတိယအဆင့် သန့်စင်ခြင်း တံခါးပေါက်နယ်ပယ်ရှိသူများ ဖြစ်ကြပြီး တတိယအဆင့် နက်နဲခြင်း ခုနစ်ပါးနယ်ပယ်ရှိသူ အနည်းငယ်သာ ပါဝင်သည်။
ချန်ကျိုးသည် ခေါင်းတလားကြီးကို ပခုံးပေါ်ထမ်းလျက် သူ့ မျက်ဆံများ ကျယ်လိုက်ကျဉ်းလိုက် ဖြစ်သွားပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရှေ့မှ ကျင့်ကြံသူများသည် ဖရိုဖရဲလဲကျကုန်ကြသည်။
ချန်ကျိုးသည် လုံးဝကြောက်ရွံ့ခြင်း မရှိဘဲ ဝိညာဉ်နှိမ်နင်းရေးဌာနဂိတ်ပေါက်ဝဆီသို့ ဟိတ်ဟန်အပြည့်ဖြင့် လျှောက်သွားရာ လမ်းတစ်လျှောက် လူများလဲကျကျန်ရစ်ခဲ့သည်။
ဤပုရွက်ဆိတ်များသည် အားနည်းသော်လည်း အံ့ဩဖွယ်ရာ ဇွဲလုံ့လကို ပြသကြသည်။ ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ နောက်မဆုတ်ကြပေ။
ချန်ကျိုး အဝင်ဝသို့ ရောက်သောအခါ ဝိညာဉ်နှိမ်နင်းရေးဌာနမှ ဟောက်သံများ သူ့နောက်တွင် ပဲ့တင်ထပ်နေသည်။
ချန်ကျိုးသည် ပိုလို့ဘဝင်မြင့်လာပြီး ယုံကြည်မှုပြည့်ဝလာသည်။
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ကျုံးရှန်ဝတ်စုံကို ဝတ်ဆင်ထားပြီး တာအိုဆံထုံးထုံးထားသော မုတ်ဆိတ်ဖြူနှင့် တာအိုဘုန်းကြီးအိုတစ်ဦးသည် လေထဲမှ ရုတ်တရက် ဆင်းသက်လာပြီး ဝင်ပေါက်ကိုပိတ်ရပ်လိုက်သည်။
"ဟေ့ လူလေး.. ဒီခေါင်းတလား တစ်ခုတည်းအတွက်နဲ့ ငါတို့ ဝိညာဉ်နှိမ်နင်းရေးဌာနက လူတွေ အများကြီးကို ဆေးခပ်လိုက်တယ်ပေါ့" မုတ်ဆိတ်ဖြူ တာအိုဘုန်းကြီးအိုက မေးလိုက်သည်။
ချန်ကျိုး မျက်လုံး ကျဉ်းလိုက်သည်။
[System Notification: ပဉ္စမအဆင့် တောင်ဘက်တံတား နယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးကိုတွေ့ရှိပါသည်။ ညှို့ယူဖမ်းစား မျက်ဝန်းကို ညှို့ယူဖမ်းစား နတ်ဘုရားမျက်ဝန်းအဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ!]
အော်.. ဝိညာဉ်နှိမ်နင်းရေးဌာနမှာလည်း ကျွမ်းကျင်ပညာရှင်ရှိတာပဲ။
ချန်ကျိုး မျက်လုံးဖွင့်လိုက်ရာ မျက်ဆံများ လျင်မြန်စွာကျယ်လာသည်။
မုတ်ဆိတ်ဖြူ တာအိုဘုန်းကြီးအိုသည် ချန်ကျိုး၏လှုပ်ရှားမှုကို ရိပ်မိလိုက်သည်။
"ငါက ကျင်းဟိုင်မြို့ ဝိညာဉ်နှိမ်နင်းရေးဌာနရဲ့ အကြီးအကဲ နန်ယန်ကျီကွလူလေး.. မင်းရဲ့ ညှို့ယူဖမ်းစားမျက်ဝန်းက ငါ့အပေါ် သက်ရောက်မှု ရှိမယ်များ ထင်..."
စကားမဆုံးခင်မှာပင် အဘိုးအိုသည် ချန်ကျိုးမျက်လုံးများထဲတွင် ထူးဆန်းသော မှော်စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် သူ့ဝိညာဉ်ကို စုပ်ယူနေသကဲ့သို့ ပြင်းထန်သော ဝဲကတော့ကြီးတစ်ခု ဖြစ်သည်။
နန်ယန်ကျီဟု ခေါ်သော ဤပဉ္စမအဆင့် နန်ချောင်နယ်ပယ်ကျင့်ကြံသူသည် ယိမ်းယိုင်သွားပြီးနောက် အသံမထွက်ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။
ချန်ကျိုးသည် မေးစေ့ကို ကုတ်လိုက်ပြီး ပခုံးပေါ်မှ ခေါင်းတလားကြီးကို ချလိုက်ရာ ထိမိသောကြမ်းပြင်ကြွေပြားများ ကွဲအက်သွားသည်။
သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နန်ယန်ကျီမုတ်ဆိတ်ဖြူများကို ဆွဲလိုက်သည်။
မထွက်ခွာခင် နန်ယန်ကျီ မုတ်ဆိတ်မွေးများကို ကျစ်ဆံမြီးကျစ်ပေးခဲ့သေးသည်။
ဝိညာဉ်နှိမ်နင်းရေးဌာန အပြင်ဘက်တွင် ချန်ကျိုးသည် ကြေးခေါင်းတလားကြီးကို ပခုံးပေါ်ထမ်းလျက် ကြောင်ကြီးတစ်ကောင်ကို စီးနင်းလိုက်ပါသွားသည်။
သူ့မာန်တက်နေသော ပုံရိပ်သည် အဝေးသို့တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
"ဟားဟားဟားဟား.. မင်းတို့ ငါ့ကို မနိုင်ပါဘူးကွာ.. မတတ်နိုင်ဘူးလေ.. ငါက အဲဒီလောက်တောင် စွမ်းအားကြီးနေတာကိုး"