← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 54 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 54 Ch. 883-884

အပိုင်း (၈၈၃)

ကမ်းခြေမှ ကြည့်နေသည့် ပင်လယ်ဓားပြများကမူ ထိုမြင်ကွင်းကို မယုံကြည်နိုင်သလို ကြည့်ရှုနေ၏။ သူတို့၏ မျက်လုံးထဲတွင် ဟယ်လင်က မိုင်ပေါင်းများစွာရှည်သည့် လက်တံကြီးများကို နှိမ်နင်းနေသည့် စစ်နတ်ဘုရားမကြီး သဖွယ်ပင်။

“ကျုပ်တို့ သတ်ရမယ်။ ဘေးကနေ အရှက်မရှိနဲ့ ရပ်ကြည့်မနေနိုင်ဘူး။” ဂျက်ထန်၏ အော်ဟစ်သံနှင့်အတူ ပင်လယ်ဓားပြများ၏ ရင်ထဲတွင် တိုက်ပွဲဝင် စိတ်ဓာတ်များက မီးဟုန်းဟုန်း တောက်လောင်လာ၏။ သင်္ဘောတစ်စင်းပြီး တစ်စင်း ဆိုသလိုပဲ ကျိန်စာသင့် ပင်လယ်ပြင်ထဲသို့ တိုးဝင်လာခဲ့ကြ၏။ ပင်လယ်မွန်းစတားများနှင့် အသေအကြေ တိုက်ပွဲဝင်ကြ၏။ ရှုံးနိမ့်ပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ဦးခေါင်းခွံဂိုဏ်း၏ တိုက်ခိုက်ရေး ဝိညာဉ်များက ယခု ပြန်လည် ရှင်သန်လာခဲ့၏။

ထိုအချိန်မှာတော့ ရှမ့်လန်က မိစ္ဆာမယ်တော်၏ ဝမ်းဗိုက်တွင်းသို့ ရောက်ရှိနေ၏။ သူက ကြိုတင် ပြင်ဆင်ထား ခဲ့သည့် ကာကွယ်ရေးပစ္စည်းများနှင့် အောက်ဆီဂျင်ဘူးကို အသုံးပြုကာ အသက်ရှင်နေခြင်းပင်။ သူ၏ ရှေ့တွင် မြင်နေရသည့် မြင်ကွင်းက တကယ့်ကို ထူးဆန်း၏။ ရေဘဝဲ၏ ဝမ်းဗိုက်အတွင်း၌ အမျိုးသမီး တစ်ဦး ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်က ရေဘဝဲနှင့် တစ်ထပ်တည်း ဖြစ်နေပြီး ဆံပင်ရှည်ကြီးများက မျက်နှာကို ဖုံးအုပ်နေသည်။

“နေကောင်းရဲ့လား ကျိန်စာသင့် မယ်တော်ကြီး။ ခင်ဗျားရဲ့ မျက်နှာအစစ်ကို ကျုပ် နောက်ဆုံးတော့ မြင်ရပြီ။”

ရှမ့်လန်က အေးအေးဆေးဆေးပင် စကားဆို၏။ “ခင်ဗျားက တစ်ချိန်တုန်းက ပျောက်ဆုံးနိုင်ငံတော်ရဲ့ မင်းသမီးတစ်ပါးပဲ။ ခင်ဗျားရဲ့ခန္ဓာကိုယ်က သေဆုံးသွားပေမဲ့ ခင်ဗျားရဲ့ ဝိညာဉ်ကတော့ နှစ်ပေါင်းထောင်ချီပြီး ရှင်သန်နေခဲ့တယ်။ ခင်ဗျားရဲ့ ကြီးမားတဲ့ စိတ်စွမ်းအားတွေနဲ့ ဒီပင်လယ်မြေကို လွှမ်းမိုးထားတာကို ကျုပ် သိပြီးသားပါ။”

ရှမ့်လန်က သူ၏ အနက်ရောင် ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ဤရှေးဟောင်းဝိညာဉ်ကြီးနှင့် နောက်ဆုံး အကြိမ် အဆုံးအဖြတ်ကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ပျောက်ဆုံးနိုင်ငံရဲ့ မင်းသမီး ... လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေရင် အားနည်းလွန်းတယ်လို့ ခင်ဗျား ယူဆခဲ့ပုံပဲ။ ဒါကြောင့် ခင်ဗျားက ရေဘဝဲ တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက် နေထိုင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ် မသိတာက ပုံမှန် ရေဘဝဲ တစ်ကောင်ရဲ့ သက်တမ်းက လေးနှစ်ပဲ ရှိတာလေ။”

ရှမ့်လန်က ခေတ္တရပ်ကာ မေးလိုက်၏။ “ဒါပေမဲ့ ဒီရေဘဝဲကတော့ အရမ်းကို အင်အားကြီးမားနေတာကို ကြည့်ရင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပုံ ရတယ်။ ရေဘဝဲတွေက ပင်လယ်ပြင်ထဲမှာ ဉာဏ်အကောင်းဆုံး သတ္တဝါတွေထဲက တစ်ကောင်ပဲ။

သူ့ရဲ့ အာရုံကြော စနစ်က ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်ပြီး ဆက်တိုက်ဆိုသလို ဆင့်ကဲ ပြောင်းလဲနိုင်စွမ်း ရှိတယ်။ အဲဒီဆင့်ကဲ ပြောင်းလဲမှုကြောင့်ပဲ ခင်ဗျားက ဒီရေဘဝဲကြီးကို အသုံးချပြီး ပင်လယ်မွန်းစတားတွေကို အုပ်ချုပ်နိုင်တာ။ ကြောက်စရာကောင်းတဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေ ကို ဖန်တီးနိုင်ခဲ့တာပေါ့။ ဒါဆိုရင် ခင်ဗျားက ဘာလို့ ကျုပ်တို့ကို မသတ်ဘဲ ဒီပျက်စီးနေတဲ့ မြို့ဟောင်းထဲမှာ ထာဝရ ပိတ်လှောင်ထားခဲ့ရတာလဲ။”

“ဒါက ငါ့ရဲ့ နိုင်ငံတော်ပဲ။ ငါ့ရဲ့ ပြည်သူတွေ မရှိဘဲ ငါ မရှင်သန်နိုင်ဘူး။ ငါ အထီးကျန် ဆန်လွန်းလို့ပဲ။”

အမျိုးသမီး၏ အသံက တုန်ခါလျက် ရှိနေသည်။ “ဒါကြောင့် ဒီကို ရောက်လာတဲ့ လူမှန်သမျှ ငါ့ရဲ့ ပြည်သူတွေ ပဲ။ ဘယ်သူမှ ထွက်ခွင့်မရှိဘူး။”

ရှမ့်လန်က အနက်ရောင်ဓားကြီးကို ကိုင်ဆောင်ကာဖြင့် မိဖုရားကြီး၏ ရင်ဘတ်ကို ထိုးစိုက်လိုက်၏။

သို့သော်ငြား သူမက သေဆုံးမသွားဘဲ ရူးသွပ်စွာ ရယ်မောနေ၏။ သူမက ရှမ့်လန်၏ ဦးခေါင်းကို ခြေမွပစ်ရန်အတွက် လက်သည်းများဖြင့် အနားသို့ တိုးကပ်လာ၏။

အရေးကြီးဆုံး အခိုက်အတန့်မှာတော့ ရှမ့်လန်က ဓား၌ တပ်ဆင်ထားခဲ့သည့် အိပ်မက်ဆိုး ကျောက်တုံးကို အသက်သွင်း၏။ ရုတ်တရက် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါ၏။ အသံနှစ်မျိုး ထွက်ပေါ် လာခဲ့၏။

“သူ့ကို သတ်ပစ်။ သူ့ခေါင်းကို ချေမှုန်းပစ်။”

“သားလေး... အမြန်ပြေးတော့။ သွား... သွား....”

ရှမ့်လန်က ထိုအမျိုးသမီး၏ ဆံပင်များကို ဖယ်ရှား၍ ကြည့်လိုက်ရာ လှပသည့် မျက်နှာတစ်ခုကို တွေ့ရ၏။ သူမက တခြား မဟုတ်ချေ။ ရှမ့်လန်၏ ဖခင် ကျန်းလီ၏ ပထမ မိန်းမ၊ ဟီလာ၏ မိခင် အိန်ဂျလာပင် ဖြစ်သည်။

အိန်ဂျလာက လွန်ခဲ့သည့်နှစ်များစွာက ဦးခေါင်းခွံဂိုဏ်းသားများကို ကယ်တင်ရန် မိစ္ဆာမယ်တော်ကြီး၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်က ကျိန်စာသင့် မိဖုရားကြီး၏ ဝိညာဉ်အတွက် စံအိမ်သစ်တစ်ခု ဖြစ်သွားခဲ့၏။ သို့သော်ငြား ရှမ့်လန်၏ အိပ်မက်ဆိုး ကျောက်တုံးစွမ်းအင်ကြောင့် အိန်ဂျလာ၏ ဝိညာဉ်က ပြန်လည် နိုးထလာခဲ့၏။

“အဒေါ်အိန်ဂျလာ... ကျုပ် ဟီလာကို အရှေ့တိုင်းလောကဆီကို ခေါ်သွားပါ့မယ်။ ဦးခေါင်းခွံ ဂိုဏ်းသားတွေကိုလည်း ဒီကနေ လွတ်အောင် ခေါ်သွားပါ့မယ်။” ရှမ့်လန်က ကတိစကားဆိုသည်။။

အိန်ဂျလာက သူမ၏ သံမဏိ စိတ်ဓာတ်ဖြင့် ကျိန်စာသင့် မိဖုရားကြီး၏ ဝိညာဉ်ကို ခဏမျှ ထိန်းချုပ်ထား၏။ ရှမ့်လန်ကို ပင်လယ်ပြင်ဆီသို့ အတင်းတွန်းထုတ်၏။ “သွားတော့ သားလေး။ ဟီလာကို ခေါ်ပြီးသွားတော့။ မင်းရဲ့ အဖေအတွက် လက်စားချေ။ အခုက စပြီး မင်းက ဦးခေါင်းခွံဂိုဏ်းရဲ့ ခေါင်းဆောင်အသစ်ပဲ။”

အိန်ဂျလာက ဧရာမရေဘဝဲကြီးကို ထိန်းချုပ်ပြီး ပင်လယ်ရေအောက်ရှိ ရှေးဟောင်းပိရမစ် စွမ်းအင် ဗဟိုချက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။ ကျိန်စာသင့် မယ်တော်ကြီးက အော်ဟစ် တားဆီးသော်လည်း မရတော့ချေ။ အိန်ဂျလာက သူမ၏ခန္ဓာကိုယ်နှင့်တကွ မိစ္ဆာမယ်တော်ကြီးကိုပါ ထိုစွမ်းအင်ဗဟိုချက်နှင့်အတူ ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

“၅၊ ၄၊ ၃၊ ၂၊ ၁...”

“ဘုန်း....”

ကြောက်မက်ဖွယ်ရာကောင်းသည့် ပေါက်ကွဲသံကြီးနှင့်အတူ ပင်လယ်ရေအောက်မှ ဧရာမ မီးလုံးကြီးက ကောင်းကင်ယံသို့ ထိုးတက်သွား၏။ လမ်းပျောက် မိစ္ဆာမယ်တော်ကြီး၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဖြစ်သွား၏။

ကျိန်စာသင့်မယ်တော်ကြီး၏ နှစ်ပေါင်းထောင်ချီ အုပ်စိုးမှုကလည်း ဤနေရာတွင်ပင် နိဂုံးချုပ်သွားလေတော့သည်။

...........

ဦးခေါင်းခွံဂိုဏ်း၏ တိုက်ပွဲကို ဖော်ပြရန်အတွက် အသင့်တော်ဆုံးသော စကားလုံးက သွေးသံရဲရဲနှင့် တိုက်ပွဲဝန်းကျင်၊ ခါးသက်သည့် နာကျင်မှုများနှင့် မျှော်လင့်ချက်မဲ့သည့် အဆုံးသတ်တို့ကို ဖော်ညွှန်းပြသခြင်းပင်။

သူတို့၏ တိုက်ပွဲဝင် စိတ်ဓာတ်များ ပြန်လည် နိုးထလာသည့် ဆိုသော်လည်း လက်တွေ့တိုက်ပွဲတွင်တော့ အရေအတွက်အားဖြင့် သိန်းနှင့်ချီသည့် ပင်လယ်မွန်းစတားများကို ယှဉ်နိုင်ရန် ခဲယဉ်း၏။

ဦးခေါင်းခွံဂိုဏ်းသား ခြောက်သောင်းတို့က အချင်းချင်း ရိုင်းပင်းကူညီကာဖြင့် အစွမ်းကုန် ခုခံခဲ့ကြသော်လည်း မွန်းစတားများက ပိုမို၍ သွေးဆာလောင်လာပြီး ရူးသွပ်စွာ တိုးဝင်လာခဲ့သောကြောင့် သူတို့၏ တပ်ဦးက ပြိုလဲလုနီးပါး ဖြစ်နေသည်။

တိုက်ပွဲတွင် မင်းသမီးဟယ်လင်က လူသားတစ်ဦး၏ အစွမ်းထက်မှုကို အဆုံးစွန်ထိ ထုတ်ဖော်ပြသနေ၏။ သူမ၏ဓားဆီမှ ရွှေရောင် အလင်းတန်းများ ပွင့်ထွက်လာတိုင်း ပင်လယ်မွန်းစတား ဒါဇင်ပေါင်းများစွာ နှစ်ပိုင်းပိုင်း ပျက်၏။ သူမက ဦးခေါင်းခွံဂိုဏ်းကို ကူညီရန်ထက် ရှမ့်လန်ကို ရှာဖွေရန် လမ်းဖောက်နေခြင်း ဖြစ်သော်လည်း သူမ သတ်ဖြတ်လိုက်သည့် မိစ္ဆာအရေအတွက်က မရေတွက်နိုင်အောင်ပင်။

နေထွက်လာချိန်မှာတော့ ပင်လယ်ပြင်ထက်တွင် မီဒူဆာ၏ နိမိတ်ပုံရိပ်ယောင်က ပေါ်ပေါက်လာ၏။ မွန်းစတားများက ခေတ္တမျှ ငြိမ်ကျသွား၏။

“ငြိမ်ကြစမ်း ... အားလုံးနားထောင်ကြ ..... ကျုပ် မွန်းစတားတွေကို ထိန်းချုပ်ထားလိုက်ပြီ။”

ထိုအခိုက်အတန့်ကို အခွင့်အရေးယူပြီး ဒေါက်ကလပ်စ်က သူ ကယ်တင်လိုက်ခြင်း ဖြစ်ကြောင်း အော်ဟစ်ကာ ဂုဏ်ဖော်လိုက်သည်။

သို့သော်ငြား ခဏအကြာမှာတော့ တောင်ထိပ်ပေါ်ရှိ ပိရမစ်ဆီမှ ထူးခြားသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး နိမိတ်ပုံက ပျောက်ကွယ်၏။ မွန်းစတားများက ပိုမို ပြင်းထန်စွာ တိုက်ခိုက်လာခဲ့၏။

“သောက်ကျိုးနည်း .. အရှင်ဒေါက်ကလပ်စ် .. ပြောတော့ ထိန်းထားနိုင်ပြီဆို။”

ဦးခေါင်းခွံဂိုဏ်းသားများက ကုန်ဆုံးလုနီးပါးဖြစ်နေသည့် အင်အားများဖြင့် ဆက်လက်ကာ တိုက်ခိုက်ရမည်လား။ ဤနေရာတွင် ရပ်ကာ သေပွဲဝင်ရတော့မည်လား ဆိုသည်ကို တွေးတောနေမိကြသည်။

“ဘုန်း... ဘုန်း..”

မိုင်ပေါင်းများစွာ အကွာအဝေးရှိ ပင်လယ်ရေအောက်မှ ဧရာမ မီးလုံးကြီးတစ်ခု တိုးထွက်လာ၏။ ထိုနောက် ပေါက်ကွဲမှုနှင့်အတူပဲ လမ်းပျောက် မိစ္ဆာမယ်တော်ကြီး၏ ခန္ဓာကိုယ်ဟု ယူဆရသည့် အပိုင်းအစများက ကောင်းကင်ယံသို့ လွင့်တက်သွားသည်ကို အားလုံး မြင်ရ၏။

ခေါင်းဆောင်ဖြစ်သူ သေဆုံးသွားခဲ့သောကြောင့် ပင်လယ်မွန်းစတားအားလုံးတို့က တိုက်ပွဲကို ရပ်တန့်ပြီး ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာဆီသို့ အလုအယက်ဖြင့် ဆုတ်ခွာသွားခဲ့ကြသည်။

မင်းသမီးဟယ်လင်က ပင်လယ်ပြင်ထက်၌ မျောပါလျက် ရှိနေသည့် ရှမ့်လန်ကို တွေ့ရှိ၏။ ရှမ့်လန်က ဝမ်းသာအားရ ဖြစ်မနေဘဲ တည်ငြိမ်စွာဖြင့် ပြော၏။

“မိစ္ဆာမယ်တော်ကြီးကို တိုက်ခိုက်နိုင်ခဲ့တာ ကျုပ် မဟုတ်ဘူး။ အဒေါ် အိန်ဂျလာ သတ်ခဲ့တာ။ သူက ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်ခဲ့တာပဲ။”

ရှမ့်လန် ပြန်လည်ရောက်ရှိလာချိန်မှာ ဂျက်ထန်နှင့် စီးဒရင်းတို့ အပါအဝင် ဦးခေါင်းခွံဂိုဏ်းသား အားလုံးတို့က ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ကာ သစ္စာခံကြတော့၏။ သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက တိတ်ဆိတ်စွာဖြင့် သူတို့၏ ခေါင်းဆောင်အသစ်ကို အရိုအသေ ပြုကြသည်။

ရှမ့်လန်က အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ ကျုပ်နောက်ကို လိုက်မယ်ဆိုရင် လွတ်လပ်မှု ရမှာမဟုတ်ဘူး။ ကျုပ်ရဲ့ရန်သူက အရှေ့တိုင်းလောကကြီးရဲ့ အင်ပါယာပဲ။ ကျုပ်က ခင်ဗျားတို့ရဲ့ ကျိုးနေတဲ့ ကျောရိုးတွေကို ပြန်ပြီးတော့ ဆန့်တန်းပေးခဲ့ပြီးပြီ။ အခုကစပြီး ခင်ဗျားတို့က ဒီလောကကြီးမှာပါ မကဘူး။ စကြာဝဠာ တစ်ခုလုံးမှာပါ အင်အားကြီးဆုံး ရေတပ်ကြီး ဖြစ်လာရမယ်။”

“ဦးခေါင်းခွံဂိုဏ်း ထာဝရ တည်တံ့ပါစေ။”

ထိုကဲ့သို့သော ကြွေးကြော်သံများက ထိုသူတို့၏ ရင်ဘတ်တွင်းမှ ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်ဆုံးသော အသံဖြင့် ဟစ်ကြွေးလျက် ရှိနေကြ၏။ ဦးခေါင်းခွံဂိုဏ်း၏ စစ်သင်္ဘောများက မြောက်ဘက်သို့ ဦးတည်လျက် ရှိနေ၏။ ပျောက်ဆုံးသွားသည့် နိုင်ငံမှ ထွက်ခွာလာခဲ့သည်။

သင်္ဘော၏ပဲ့ပိုင်းတွင်တော့ ရှမ့်လန်၊ ဟီလာနှင့် ဟယ်လင်တို့ သုံးဦးသားက စကားလက်ဆုံကျလျက် ရှိ၏။ ဟီလာက ဟယ်လင်၏ မြင့်မြတ်လွန်းသည့် အမူအရာများကို ကြည့်၏။

“ဟယ်လင်... ဘယ်လို တိုက်ပွဲမျိုးပဲ ဖြစ်ဖြစ် သန့်ရှင်းစင်ကြယ်နေတယ်။ တကယ့်ကို ဆန်းကြယ်တာပဲ။ ဆိုးဆိုးရွားရွား သတ်ဖြတ်ခဲ့တာကို မတွေ့ဘူး။”

ဟယ်လင်က ပြုံး၏။ “ဒါက ဆန်းကြယ်တာ မဟုတ်ဘူး။ ကျင့်ဝတ်ကို လိုက်နာတာပဲ။ စွန့်စား၊ သတ်ဖြတ်ရတာကို ဝါသနာပါတယ် ဆိုပေမဲ့ ကျွန်မက တာဝန်ယူရမယ့် အရာတွေကိုလည်း မမေ့ဘူး။”

ရှမ့်လန်က ကြားဖြတ်ကာ ပြောသည်။ “မင်းသမီး ဟယ်လင်... အစ်မက တကယ့်ကို ထူးဆန်းတဲ့ လူတစ်ယောက်ပဲ။ နှလုံးသားက ရဲရင့်ပြီး စွန့်စားမှုစိတ်တွေနဲ့ ပြည့်နေတယ် ဆိုပေမဲ့ အပြုအမူတွေကတော့ တော်ဝင်ကျင့်ဝတ်တွေနဲ့ အမြဲပြည့်စုံနေတယ်။ ကျုပ်တို့မောင်နှမတွေက အဖေကျန်းလီရဲ့ ဇရိုက်ကို တစ်ယောက် တစ်မျိုးစီ အမွေ ရရှိထားခဲ့တာပဲ။”

ဟယ်လင်က ရှမ့်လန်၏ အိပ်မက်ကို မေးမြန်း၏။

ရှမ့်လန်က ရိုးသားစွာ ဖြေကြားသည်။ “ကျုပ်ရဲ့အိမ်မက်က လောကမှာ ရန်သူ မရှိစေဖို့ပဲ။ ဒါကြောင့် ကျုပ်က ရန်သူတွေ အားလုံးကို သတ်ပစ်ရမယ်။”

ပြီးနောက် ရှမ့်လန်က အနောက်တိုင်း လောကမှ သူ၏ ဇနီးဖြစ်သူ ဒီဘိုရာ အကြောင်းကို ပြောပြ၏။ ဟယ်လင်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ရှမ့်လန်၏ ထူးဆန်းသည့် ဘဝလမ်းစဉ်ကို လက်ခံလိုက်ရ၏။

ဦးခေါင်းခွံဂိုဏ်း၏ ကြီးမားသည့် သင်္ဘောကြီးပေါ်မှာတော့ .....

ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်း၏ပိုင်ရှင်အသစ် ဖြစ်လာခဲ့ပြီ ဖြစ်၏။ သူက သင်္ဘော၏ ပဲ့ပိုင်းတွင် ရပ်တန့်လျက် ရှိနေပြီး တရွေ့ရွေ့ ဝေးကွာကျန်ခဲ့သည့် ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများနှင့် နှင်းတောင်ထိပ်ရှိ ပိရမစ်ကြီး ဆီသို့ ငေးမော ကြည့်ရှုနေမိသည်။

အစမှ အဆုံးထိ ထိုဆန်းကြယ်သည့် အဖွဲ့အစည်းက ကိုယ်ထင်မပြခဲ့သော်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့၏။ ယခု အခြေအနေများကို ကြည့်ရှုရသည်မှာ သူတို့က အန်ဂျလာအား စစ်ခရုသင်းကို ပေးအပ်ခဲ့စဉ်က ရည်ရွယ်ချက်ကောင်းများ မရှိခဲ့သည်မှာ သေချာသည်။ ဤလုပ်ရပ်က ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်ရန် မဟုတ်ဘဲ ကျိန်စာသင့် မိစ္ဆာမယ်တော်ကြီးအား ခန္ဓာကိုယ်အသစ် ပေးရန်သာ ဖြစ်ကြောင်းပင်။

ဤမရေမတွက်နိုင်သည့် နှစ်ကာလများအတွင်း ပျောက်ဆုံးနိုင်ငံတော်၏ အပျက်အစီးများ ရှိရာသို့ စူးစမ်း လေ့လာရန် ရောက်ရှိလာခဲ့သည့် လူ သိပ်မရှိခဲ့ပေ။ ကျိန်စာသင့်ဘုရင်မမှာလည်း ဆယ်စုနှစ် အနည်းငယ် ကြာတိုင်း ခန္ဓာကိုယ် လဲလှယ်ရ၏။ သူမ မည်သို့ ပြုလုပ်ခဲ့သနည်း။

ဖြစ်နိုင်သည်က သူမက နှင်းတောင်ထိပ်ဖျားရှိ ဆန်းကြယ်သည့် အဖွဲ့အစည်းနှင့် ထုတ်ဖော် ပြောဆို၍ မရနိုင်သည့် လျှို့ဝှက်ပဋိညာဉ် တစ်ခုခု ထားရှိခဲ့ခြင်းသာ ဖြစ်ပုံရ၏။

ဟီလာက ရုတ်တရက် ပြောသည်။ “အဲဒီ အပေါ်ကို အတင်းပြေားတက်သွားပြီး အဲဒီအထဲမှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာရယ်။ အဲဒီ ပိရမစ်ထဲမှာ ဘယ်သူတွေ ရှိနေတာလဲ ဆိုတာရယ်ကို သွားကြည့် ချင်လိုက်တာ။”

သို့သော်ငြား သူမပြောလိုက်သည့် စကားလုံးများက မင်းသမီး ဟယ်လင်၏ ရင်ထဲမှာ ဆန္ဒများ ဖြစ်နေ၏။ အကယ်၍ ယခင်ကသာ ဆိုပါက ဟယ်လင်က တုံ့ဆိုင်းမနေဘဲ အပေါ်သို့ အမှန်တကယ် ပြေးတက်သွားမှာ ဖြစ်၏။ သို့သော်ငြား ယခုအချိန်တွင်တော့ သူမ၌ ကာကွယ်စောင့်ရှောက်ရမည့် လူတစ်ယောက်နှင့် ကျေပွန်ရမည့် တာဝန်ဝတ္တရားများ ရှိနေပြီ ဖြစ်သောကြောင့် ထိုသို့ မပြုလုပ်စွမ်းနိုင်တော့ပေ။

ဟီလာက မနေနိုင်စွာဖြင့် မေးမြန်း၏။ “ဟယ်လင်... ဒီ ရူးသွပ်ဖွယ်ရာ ကောင်းတဲ့ တိုက်ပွဲကို ဖြတ်သန်းခဲ့တာတောင်မှ ကိုယ်ပေါ်မှာ သွေးတစ်စက် မစွန်းထင်းဘဲနဲ့ သူတော်စင်လေး တစ်ယောက်လို ဘယ်လိုလုပ် သန့်စင်နေရတာလဲ။”

မင်းသမီး ဟယ်လင်က ပြောလိုက်သည်။ “အစ်မရေ... ရှင်သာ အသက် ၃ နှစ် အရွယ်ထဲက မွန်မြတ်တဲ့ ကျင့်ဝတ် စည်းကမ်းမျိုးစုံနဲ့ သွန်သင်ဆုံးမခြင်းကို ခံခဲ့ရမယ်ဆိုရင် ဒီလို ဖြစ်လာမှာပါပဲ။”

ဟီလာက ဆို၏။ “အင်း... ဒါဆိုရင်တော့ ဖြစ်နိုင်တယ်။”

မင်းသမီး ဟယ်လင်က ပြောလိုက်သည်။ “ကျွန်မလည်း မနှစ်သက်ဘူးလေ။ ဒါပေမဲ့ လက်ခံနိုင်ရမယ်။ လိုက်နာ ကျင့်သုံးရမယ်။”

“အင်း... ထားလိုက်ပါတော့။ ဒါပေမဲ့ တချို့အရာတွေကတော့ မကောင်းဘူး။ ဒေါက်ကလပ်စ်ကို သတ်မပစ်ဘဲနဲ့ ရှီလွန်အင်ပါယာဆီကို ပြန်ခေါ်သွားပြီး နန်းတွင်းတရားရုံးကို လွှဲပေးမယ် ဆိုတာမျိုးပေါ့။ ဒီနေရာမှာ ငါသာဆိုရင် အဲဒီခွေးမသားကို အရေခွံ ခွာပစ်တာ ကြာပြီ။”

မင်းသမီး ဟယ်လင်က အံ့အားသင့်သွား၏။ “ချစ်ရတဲ့အစ်မ... မမှားဘူးဆိုရင် သူက ရှင့်ရဲ့ အစ်ကိုလည်း ဖြစ်လောက်တယ်။”

ဟီလာက ကြောင်အသွားခဲ့သည်။ “ငါ မေ့လုနီးပါးပဲ။ ဒါပေမဲ့ သူ့ဆီကနေပြီးတော့ ဆွေမျိုးနံ့ ဆိုပြီး မရဘူး။ မင်းတို့ နှစ်ယောက်ဆီကပဲ ဆွေမျိုးနံ့ ဆိုပြီး ရတယ်။ အဲဒီ အနံ့က ငါ့ကို ယစ်မူးစေတယ်။”

ပြီးနောက် ဟီလာက ဟယ်လင်၏ အနားသို့ တိုးကပ်ပြီး ထပ်မံ ပွေ့ဖက်၏။ မင်းသမီး ဟယ်လင်က မျက်မှောင်ကြုတ်လိုက်သော်လည်း ငြင်းဆန်ခြင်း မပြုတော့ချေ။ ငယ်စဉ်တည်းက သူမ၏မိခင်ဖြစ်သူက တော်ဝင်မင်းသမီးတစ်ပါး ဖြစ်သောကြောင့် မာန်မာန ရှိရမှာဖြစ်သော်လည်း နှိမ့်ချတတ်ရမှာ ဖြစ်ပြီး သူ့တစ်ပါး၏ စေတနာကို ထိခိုက်အောင် မလုပ်ရဟု သွန်သင်ဆုံးမခဲ့ဖူး၏။

ဟီလာက ပြောသည်။ “အင်း... မင်းကို ဖက်ထားရတာ သိပ်ပြီး ဇိမ်ရှိတာပဲ။”

မင်းသမီး ဟယ်လင်က ပြော၏။ “ရှမ့်လန်... မင်းက ပညာရှိ တစ်ယောက်ပဲ။ ငါ့ရဲ့ မေးခွန်းတစ်ခုလောက်ကို ဖြေပေးနိုင်မလား။”

ရှမ့်လန်က ပြန်ပြောသည်။ “သိပ်ရတာပေါ့။”

ဟယ်လင်က မေး၏။ “မင်းရဲ့ အိပ်မက်က ဘာလဲ။”

***

အပိုင်း (၈၈၄)

ဟီလာက သူ၏ ဦးခေါင်းကို ပုတ်၏။ ဟယ်လင်နှင့် ရှမ့်လန်တို့ကို ထားရစ်ကာ ထွက်ခွာသွားခဲ့၏။

“ဒီလောက် လေးနက်တဲ့ ခေါင်းစဉ်ကို ငါ သည်းမခံနိုင်တော့ဘူး။ အရက်သွားသောက်တော့မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့အိပ်မက်က လောကကြီးမှာ ရန်ငြိုးရန်စ ကင်းမဲ့ချင်တာပဲ။ ကျုပ်ရဲ့ ရန်သူမှန်သမျှကို အကုန်သတ်ပစ်ချင်တယ်။”

ဟယ်လင်က ပြော၏။ “အင်း.. ဒီလောက် ရည်မှန်းချက်မရှိတဲ့ လူတစ်ယောက်က ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။။ အခု ကြည့်ရတာ ဒါက မင်းရဲ့ အကြီးမြတ်ဆုံးသော ရည်မှန်းချက်တွေထဲက တစ်ခု ဖြစ်နေသလိုပဲ။ အရှေ့တိုင်းသားတွေရဲ့ စကားပုံအတိုင်းဆိုရင် နဂါးမှာ သား ၉ ယောက် ရှိရင်တောင် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးတဲ့။”

ရှမ့်လန်က ပြုံးလိုက်သည်။ “ကြည့်ရတာ အစ်မလည်း ဟီလာလိုပဲ တက်ကြွတယ်။ ပုန်ကန်လိုစိတ် ရှိတယ်။ စွန့်စားရတာ နှစ်သက်တယ်လို့ ကျုပ် ထင်ခဲ့တာ။ ဒါပေမဲ့ လူချင်း တွေ့လိုက်ရတော့မှ သိပ်ကို ဆန့်ကျင်ဘက် ဖြစ်နေတယ်။”

ဟယ်လင်က ပြော၏။ “ဘယ်လိုမျိုးလဲ။”

ရှမ့်လန်က ပြောသည်။ “အစ်မက တကယ့်ကို ပုန်ကန်လိုစိတ်ရှိပြီး စွန့်စားရတာကို နှစ်သက်တယ်။ သေရမှာကို မကြောက်ရုံတင် မကဘူး၊ တစ်ခါတလေ သေလမ်းကိုတောင် တက်ကြွစွာ ရှာဖွေတတ်သူပဲ။ ဒါပေမဲ့ အစ်မက နန်းတွင်းစံပြ ပုဂ္ဂိုလ်တစ်ယောက်လိုပဲ။ အပြုအမူ အပြောဆိုအတိုင်းက တင့်တယ်တယ်။ တည်ငြိမ်တယ်။ သည်းခံခွင့်လွှတ်တတ်ပြီး တာဝန်ယူစိတ် အပြည့် ရှိတယ်။ ရှေးရိုးစွဲဆန်လွန်းတယ်လို့တောင် ပြောလို့ရတယ်။”

ဟယ်လင်က ပြော၏။ “အင်း... မင်း ဒီလိုသုံးသပ်တယ်ပေါ့။”

ရှမ့်လန်က ဆက်ပြောသည်။ “ဟုတ်တယ်။ အစ်မက နန်းတွင်းစည်းကမ်းတွေနဲ့ ပြည့်နှက်နေခဲ့တာပဲ။ စည်းဘောင်ကျော်တဲ့ စကားတစ်ခွန်းတောင် မပြောဘူး။ ပြီးတော့ ဘာအပြစ်အနာအဆာမှလည်း မရှိဘူး။ ဒါပေမဲ့ အစ်မရဲ့ နှလုံးသားက အရိုင်းဆန်ပြီး စွန့်စားလိုစိတ်တွေကလည်း ပြည့်နှက်နေပြန်ရော။ ဒါက တကယ့်ကို အချက်နှစ်ချက်လုံးနဲ့ ပေါင်းစပ်ထားသလိုပဲ။”

မင်းသမီး ဟယ်လင်က ပြုံးလိုက်၏။ “ဒါကို ချီးကျူးစကားအဖြစ် မှတ်ယူထားလိုက်ပါ့မယ်။”

ပြီးနောက် မင်းသမီးဟယ်လင်က ပြောသည်။ “ငါ ဆယ်စုနှစ်တစ်ခုကြာအောင် စွန့်စားခန်းတွေ ဖွင့်ခဲ့တာ အရာတစ်ခုကို ရှာဖွေဖို့ပဲ။ အဲဒါ ဘာလဲဆိုတော့ ဘဝရဲ့ အဓိပ္ပာယ်ပဲ။”

ရှမ့်လန်က ပြော၏။ “အစ်မ... အစ်မရဲ့ ဒီအတွေးက ကျုပ်အတွက်တော့ နည်းနည်းလေး ကြီးလွန်းတယ်။ ကျုပ် အရှေ့တိုင်းလောကကို စရောက်တုန်းက သာမန် အရပ်သားတွေကြားမှာ နေထိုင်ခဲ့ရတယ်။ ကျုပ်က အရမ်းကို ဆင်းရဲတဲ့ လယ်သမား မိသားစုကပဲ။ ကျုပ်ရဲ့တစ်ခုတည်းသော အိမ်မက်ကတော့ မိန်းမတစ်ယောက်ရဲ့ ထဘီနား ခိုစားပြီး ဇိမ်ကျကျနဲ့ ချမ်းချမ်းသာသာ နေထိုင်သွားဖို့ပဲ။ ဒါပေမဲ့ ဒီသောက်သုံးမကျတဲ့ လောကကြီးက ကျုပ်ကို လူသား ဧကရာဇ်တစ်ယောက် ဖြစ်အောင် အတင်း ဖိအားပေးခဲ့တာပဲ။”

မင်းသမီးဟယ်လင်က ဆို၏။ “စွမ်းဆောင်ရည် မြင့်မားလေ တာဝန်ကြီးလာလေပဲလေ။ မင်းရဲ့ စွမ်းဆောင်ရည်က မြင့်မားလွန်းတယ်လေ။”

ရှမ့်လန်က တားဆီးလိုက်သည်။ “တော်ပါတော့ .. တော်ပါတော့ အစ်မရယ်။ ကျုပ် အစ်မကြီးဟီလာနဲ့ အတူရှိနေတိုင်း သူ့ကြောင့် လမ်းမှားမရောက်သွားအောင် ထိန်းသိမ်းနေရတယ်။ ဒါပေမဲ့ အခု အစ်မနဲ့ ရှိနေပြန်တော့လည်း အချိန်ပြည့် တရားချတတ်တဲ့ ဆရာမ တစ်ယောက်နဲ့ နေနေရသလို ခံစားရတယ်။”

မင်းသမီး ဟယ်လင်က ရှက်ကိုးရှက်ကန်းဖြင့် ပြုံး၏။ “တောင်းပန်ပါတယ်။ ငါ တကယ်ပဲ အကျင့်ဖြစ်နေလို့။ ဒီလိုပဲ ကြီးပြင်းလာခဲ့ရတာကိုး။ ဒါပေမဲ့ စိတ်မဆိုးပါနဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ရှမ့်မီလေးနဲ့ အတူရှိနေတုန်းက ငါ သူ့ကို ဒီလိုပဲ သင်ပေးခဲ့တယ်။ ပြီးတော့ သူ့အမေ ပင်းအာကလည်း ဒီမြင်ကွင်းကို ကြည့်ပြီး သိပ်ပျော်နေပုံပဲ။”

အမှန်စင်စစ်အားဖြင့် ပင်းအာက ရှမ့်မီအား စစ်မှန်သည့် မင်းသမီးလေး တစ်ပါး ဖြစ်လာရန် အိမ်မက်မက်ခဲ့သူပင်။ ဤရည်မှန်းချက်ပြည့်မီရန်အတွက် သူမက သူမ၏သမီးငယ်လေးနှင့် သားအမိ ဆက်ဆံရေး ပြတ်တောက် သွားလျှင်တောင် ဂရုစိုက်မည့် လူမျိုး မဟုတ်ချေ။ သမီးဖြစ်သူအား ဖီးနစ်ငှက်တစ်ကောင် ဖြစ်လာစေလိုသည့်ဆန္ဒတွင် ပင်းအာထက် ပို၍ စိတ်ဆန္ဒပြင်းပြသည့်လူဟူ၍ ရှိလိမ့်မည် မထင်ချေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒါဆိုရင် ရှမ့်မီကရော ကြိုက်ရဲ့လား။”

သူက ရှမ့်မီအကြောင်း မတွေးဘဲ မနေနိုင်ချေ။ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် သူမ၏ မျက်နှာလေးက ယခင်လို တည်ကြည်လေးနက်နေဦးမည်လား။ မျက်လုံးဝိုင်းကြီးများကရော ယခင်လို တက်ကြွနေဦးမည်လား။

မင်းသမီး ဟယ်လင်က ပြော၏။ “သိပ်ကြိုက်တာပေါ့။ သူက ငယ်ရွယ်စဉ်ထဲက မင်းသမီး တစ်ပါးလိုပဲ တည်ငြိမ်တယ်။ ထက်မြက်တယ်။ တင့်တယ်ပြီး သန့်စင်တယ်။ တစ်ခါတလေကျရင် သူ့ကို ငါ့သမီး အဖြစ်တောင် မွေးစားလိုက်ရမလား တွေးမိတယ်။”

ရှမ့်လန်က ပြောသည်။ “ကောင်းတာပေါ့။ ကျုပ်ကလေးတွေ အားလုံး အစ်မရဲ့ ကလေးတွေ ဖြစ်လာလို့ ရပါတယ်။ အစ်မ.. ဒီတစ်ခါ ရှီလွန်မင်းဆက်ဆီ ပြန်ရောက်ရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ။”

မင်းသမီး ဟယ်လင်က ပြော၏။ “မင်းက လောကမှာ ရန်ငြိုးရန်စ ကင်းမဲ့ချင်တယ်လို့ ပြောခဲ့တယ်။ ဒါက ပန်းတိုင်တစ်ခု ဖြစ်သလို တာဝန်တစ်ခုလည်း ဖြစ်တယ်။ ငါလည်း ငါ့ရဲ့ တာဝန်ဝတ္တရားကို ရှောင်လွှဲလို့ မရဘူး။ ငါ့ရဲ့ဘိုးဘေးဖြစ်တဲ့ ဘုရင်မကြီးဟယ်လင်က အင်ပါယာတစ်ဝက်ကို တည်ထောင်ခဲ့တယ်။ ကျန်တဲ့ တစ်ဝက်ကို ငါ ပြီးမြောက်အောင် တည်ထောင်ရအုံးမယ်။ အင်ပါယာရဲ့ တောင်ဘက်ဒေသတစ်ခုလုံးက ငါ့ကို စောင့်မျှော်နေကြတယ်။ ငါ ဘာမှ မမြင်ရ၊ မကြားရသလို ဟန်ဆောင်ပြီး နေလို့ မဖြစ်တော့ဘူး။”

ရှမ့်လန်က ထိုကဲ့သို့သော လူစားမျိုး မဟုတ်သော်လည်း ထိုကဲ့သို့သော လူမျိုးကို လေးစား၏။ သူတို့က ပြည်သူများကို ကယ်တင်ရန် တာဝန်နှင့်အတူ မွေးဖွားလာကြသည့် သူများပင်။ ဤအချိန်မှာတော့ သူက နဂါး၏ သားကိုးယောက်အကြောင်းကို သတိရမိ၏။ ဖခင်ဖြစ်သူ ကျန်းလီ၏ ကလေးတိုင်းက ကွဲပြား ခြားနားကြသည်။

မင်းသမီး ကျိနင်က သန့်စင်ပြီး လှပ၏။ ဟီလာက အရိုင်းဆန်ပြီး ရဲရင့်၏။ ဟယ်လင်က တင့်တယ်ပြီး တာဝန်ယူစိတ် အပြည့် ရှိ၏။ ရှမ့်လန်က သူမထံတွင် ဘုရင်မတစ်ပါး၏ စိတ်နေစိတ်ထားကို မြင်တွေ့၏။

သူတို့ တစ်ယောက်ချင်းစီတိုင်းက ကျန်းလီ၏ ကိုယ်ရည်ကိုယ်သွေး တစ်စိတ်တစ်ဒေသစီကို အမွေ ဆက်ခံထားခဲ့ကြပြီး တစ်ယောက်ချင်းစီတိုင်းကလည်း ချစ်ဖို့ ကောင်းသည်။

ရှမ့်လန်က ရုတ်တရက် မေး၏။ “အစ်မ... ဒီဘိုရာကို သိလား။”

မင်းသမီး ဟယ်လင်က ပြောသည်။ “သူလား။ သိပ်သိတာပေါ့။ တကယ့်ကို သန်မာပြီး ထက်မြက်တယ်။ ပြီးတော့ သူ့ရဲ့ အမြင်က သိပ်ကျယ်ပြန့်ပြီး ပျော့ပြောင်းတယ်။”

သူမက အကျိုးအမြတ်ကို ကြည့်တတ်သော နိုင်ငံရေး သတ္တဝါတစ်ကောင် ဖြစ်သည်ဟု ပြောလိုက်လျှင် ပို၍ မမှန်ကန်ပေဘူးလား။ အစ်မဖြစ်သူက တကယ့်ကို အကောင်းမွန်ဆုံးသော ပြုစုပျိုးထောင်မှုမျိုးနှင့် မွေးဖွားလာခဲ့သည့်သူ ဖြစ်ကြောင်း ရှမ့်လန် သိရှိ၏။ သူမ၏ နှုတ်မှ သူတစ်ပါး မကောင်းကြောင်းပြောသံကို ကြားရရန် ဆိုသည်မှာ တကယ့်ကို ခက်ခဲလှ၏။

ရှမ့်လန်က ပြောလိုက်သည်။ “သူ့ဆီက ငွေနဲ့ အရင်းအမြစ်တွေရဖို့ ကျုပ် သူ့နဲ့ လက်ထပ်ခဲ့တယ်။ အခု သူက အနောက်လောကမှာ ကျုပ်ရဲ့ တရားဝင် မိန်းမပဲ။”

“ဪ”

မင်းသမီး ဟယ်လင်က ခဏမျှ စကားမဆိုနိုင်သလို ဖြစ်သွား၏။ အချိန်တော် ကြာပြီးနောက် မင်းသမီး ဟယ်လင်က ဆက်ပြော၏။ “ဒီလိုဆိုရင်လည်း ကောင်းပါတယ်လေ။”

သို့သော်ငြား ထိုသို့ပြောပြီးနောက် မင်းသမီး ဟယ်လင်က အနည်းငယ် ထူးဆန်းသလို ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် အနောက်လောက၏ နေရာအများစုတွင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးကြ သောကြောင့်ပင်။ အမျိုးသားများတွင် ချစ်သူအများအပြား ရှိကြသော်လည်း စစ်မှန်သည့် ဇနီးသည် တစ်ယောက်တည်းသာ ရှိစမြဲ ဖြစ်ပြီး နောက်ထပ်ယူလိုပါက အရင်ဦးဆုံး ပထမလူကို ကွာရှင်းရပေမည်။

ရှမ့်လန်တွင် ဇနီးမယားက တစ်ယောက်မက ရှိနေပြီး ယခု ဒီဘိုရာကို ထပ်မံ လက်ထပ်လိုက်ခြင်းက သူမ၏ ကိုယ်ကျင့်တရား၊ နားလည်မှုတို့နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်လို့နေ၏။ သို့သော်လည်း အရာရာတိုင်းတွင် အကြောင်းပြချက် ရှိသောကြောင့် သူမ နားမလည်နိုင်သည့် အရာတချို့ကိုလည်း သည်းခံရပေမည်။ နားလည်ပေးရပေမည်။

ရှမ့်လန်က ပြောသည်။ “အစ်မကို တွေ့ဖို့ သူ ဘယ်လောက်တောင် မျှော်လင့်နေလဲဆိုတာ အစ်မ မသိဘူး။ အစ်မသာ သူ့ရှေ့ရောက်ရင် သူ သိပ်ပြီး ဝမ်းသာမှာပဲ။”

မင်းသမီး ဟယ်လင်က ပြော၏။ “ငါလည်း သူ့ကို တွေ့ချင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်က ငါနဲ့ နည်းနည်း ဆန့်ကျင်ဘက် ဖြစ်နေလောက်တယ်။”

“အရင်တုန်းကတော့ ဟုတ်တယ်။ ဒါပေမဲ့ အခု သူက ကျုပ်ရဲ့ ဘက်တော်သား ဖြစ်သွားပြီ။ သူ့ရဲ့ အမြင်က သိပ်ပျော့ပြောင်းတယ်လို့ အစ်မပဲ ပြောခဲ့တယ် မဟုတ်လား။”

ထိုစကားက လုံးဝ မမှားချေ။ သူက မင်းသမီး ဟယ်လင်၏ မောင်ဖြစ်ကြောင်း ပြောပြခဲ့ပြီးနောက် ဒီဘိုရာက ချက်ချင်းပဲ စိတ်ပြောင်းလဲသွား၏။ သူမနှင့်ရှမ့်လန်က နတ်ဖက်သည့် စုံတွဲများ ဖြစ်သည်ဟုပင် ခံယူခဲ့သေးသည်။

.............

တစ်ရက်ကြာမြင့်ပြီးနောက် ဦးခေါင်းခွံရေတပ်က လူမျက်နှာမြွေခန္ဓာကိုယ်ကျွန်းကို ပြန်လည် မြင်တွေ့လိုက်ရပြီ ဖြစ်သောကြောင့် ကျိန်စာသင့်ပင်လယ်ပြင်မှ တရားဝင် ထွက်ခွာသွားနိုင်ခဲ့ပြီ ဖြစ်၏။ ဤနေရာက ကျိန်စာသင့်ပင်လယ်ပြင်၏ နယ်နိမိတ် စည်းမျဉ်းလည်း ဖြစ်၏။

လွန်ခဲ့သည့်အချိန် သူတို့ ဤနေရာကို ဖြတ်သန်းလာစဉ်က လွတ်မြောက်ပြီဟု ထင်မှတ်ခဲ့သော်လည်း အစမှတ်သို့ ပြန်လည်ရောက်ရှိသွားသောကြောင့် မျှော်လင့်ချက်မဲ့စွာ ပြိုလဲခဲ့ရဖူး၏။ ယခုအချိန်တွင်တော့ နယ်နိမိတ်မျဉ်းမှ ပင်လယ်ဓားပြများကို မြင်ရသည့်အချိန်တွင် မရေတွက်နိုင်သည့် ဦးခေါင်းခွံ တပ်သားများက တစ်ချက်သာ လှမ်းကြည့်ကြ၏။ မည်သည့် ဆုတောင်းခြင်းမှ မပြုလုပ်သလို ရေတပ်ကို ရပ်တန့်ခဲ့ခြင်း မရှိချေ။

အမှန်တကယ်လည်း ထူးဆန်း၏။ ပြီးခဲ့သည့် အခေါက်တုန်းက လူအများအပြားက သူတို့ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ကြောင်း ပြောကြသော်လည်း စိတ်ထဲတွင် မသိုးမသန့်နှင့် ဆုတောင်းနေကြ၏။ ယခုအချိန်တွင်တော့ လွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သူတို့ကို မည်သူမှ လာမပြောသော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သူတို့၏ နှလုံးသားထဲတွင် ရှင်းလင်းစွာ သိရှိနေသည်။

ဖြစ်နိုင်သည်က သူတို့၏ဓားများကို ပြန်လည် မြှောက်ကိုင်ပြီး တိုက်ခိုက်လိုစိတ်များ ပြန်လည် တောက်လောင် လာစဉ်တည်းက ကျိန်စာသင့် ပင်လယ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်တန်ရာ၏။ အဘယ်ကြောင့်ဆိုသော် ဤကျိန်စာသင့် ပင်လယ်ပြင်က မျက်နှာပြင်ထက်တွင် ရှိနေခြင်း မဟုတ်ဘဲ သူတို့၏ နှလုံးသားထဲတွင် ရှိနေခြင်းကြောင့်ပင်။ ယခုအချိန်မှာတော့ သူတို့က အမှန်တကယ် အိမ်ပြန်ရပေတော့မည်။

နောက်ဆုံးတော့ စာရင်းထွက်ပေါ်လာ၏။ အစပိုင်းက ဦးခေါင်းခွံ ရေတပ်က လူပေါင်း တစ်သိန်းနှစ်သောင်း ရှိခဲ့သော်လည်း ပျောက်ဆုံးနိုင်ငံ အပျက်အစီးဆီသို့ ဝင်ရောက်ချိန်တွင် ခြောက်သောင်းသာ ကျန်ရှိ၏။ ယခု ပြန်ထွက်ချိန်မှာတော့ လေးသောင်းသာ ကျန်ရှိတော့၏။ မကြာသေးခင်က ပင်လယ်မွန်းစတားများနှင့် အဆုံးအဖြတ် တိုက်ပွဲတွင် လူပေါင်း နှစ်သောင်းခန့် သေဆုံးခဲ့၏။

“လုံလောက်ပါပြီ။” ရှမ့်လန်က စိတ်ထဲတွင် ရေရွတ်၏။ အမှန်တကယ်ပင် လုံလောက်၏။ ဤသည်က တန်ဖိုးအကြီးမားဆုံးသော ပင်လယ်ဓားပြ ရေတပ်ကြီး ဖြစ်ပြီး လူအင်အား လေးသောင်း ဆိုသည်က လုံလောက်သည်။

ဤသည်က မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများအဖြစ် မကြာခင် ကြီးထွားလာမည့် မျိုးစေ့ တစ်စေ့ဖြစ်ပြီး နောက်နှစ် အနည်းငယ်အတွင်း ဤရေတပ်က အင်အား တစ်သိန်း၊ နှစ်သိန်းထိ တိုးချဲ့ လာနိုင်မည်ဟု သူက ယုံကြည်၏။ တိုက်ခိုက်လိုစိတ် ရှိနေသမျှ ကာလပတ်လုံး ဦးခေါင်းခွံ ရေတပ်က အရေအတွက် ပမာဏကို ဂရုမစိုက်ဘဲ လောကပေါ်တွင် အသန်မာဆုံးသော ရေတပ် ဖြစ်လာပေလိမ့်မည်။

..................

ဟီလာက ရယ်မောကာဖြင့် ပြော၏။ “မောင်လေး... မင်း ဘာလို့ ငါတို့ထက်တောင် အိမ်ပြန်ချင်နေရတာလဲ။”

ရှမ့်လန်က အံကိုကြိတ်လိုက်မိသည်။ “ပြန်ချင်တာပေါ့။ ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးဆီကို မသွားခင်တုန်းက ကျုပ်ပြောခဲ့တဲ့ စကားကို မေ့သွားပြီလား။ သွေးသောက်ဘာရွန်ရဲ့ ပင်လယ်ဓားပြ ရေတပ်ကို ကျုပ် သုတ်သင်ပစ်မယ်။ မြက်တစ်ပင်တောင် မပေါက်စေရဘူး။”

အနောက်လောကသို့ ရောက်ရှိလာခဲ့ပြီးနောက် ရှမ့်လန်တွင် ရန်သူ သိပ်မများချေ။ သူ အမုန်းဆုံး လူနှစ်ယောက်တည်းသာ ရှိ၏။ တစ်ယောက်က အဒေါ့ဖ် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက ဘုရင်မ အီဒါပေါ်တွင် ယုတ်မာသည့် ရည်ရွယ်ချက်များ ရှိခဲ့ပြီး ကျန်းလီ၏ တပည့်ရင်းဖြစ်ပါလျက်နှင့် သူ၏ ဖခင် ကျန်းလီကို သစ္စာဖောက်ခဲ့သောကြောင့်ပင်။

နောက်တစ်ယောက်က သွေးသောက်ဘာရွန် ဖြစ်ပြီး ရှမ့်လန်၏ သူ့အပေါ်တွင် ထားရှိသည့် အမုန်းတရားက တကယ့်ကို ပြင်းထန်၏။ ဤလူက စာအုပ်လှန်လိုက်သကဲ့သို့ စိတ်သဘောထား ပြောင်းလဲတတ်ပြီး မူလန်မြို့ကို နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့ကာ ရှမ့်လန်၏ သင်္ဘောများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့၏။

စုစုပေါင်း သင်္ဘောခြောက်စင်းကို နစ်မြှုပ်ခဲ့ပြီး ရှမ့်လန်၏ ရေတပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သေးသည်။ ဤသည်က ရှမ့်လန်၌ အားကောင်းသည့် ရေတပ် မရှိခြင်းနှင့် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်စွမ်း မရှိခြင်းကြောင့် အနိုင်ကျင့် ခံရခြင်းပင်။

ရှမ့်လန်က ယမ်းစိမ်းနှင့် မီးတောင်ပြာ အများအပြားကို လိုအပ်သော်လည်း ပင်လယ်ရေကြောင်းလမ်းကို သွေးသောက်ဘာရွန်က လုံးဝ ပိတ်ဆို့ထားသောကြောင့် သူတို့က မူလန်မြို့ထဲတွင် ပုန်းအောင်းနေခဲ့ရပြီး ပင်လယ်ပြင်သို့ မထွက်ရဲချေ။ ငါးဖမ်းထွက်လျှင်ပင် သတိထားနေရ၏။ တကယ့်ကို သရဲဘောကြောင်လွန်း ခဲ့၏။ ဤလူက အစပိုင်း၌ ဒီဘိုရာအပေါ် သစ္စာခံခဲ့သော်လည်း နောက်ပိုင်း သစ္စာဖောက်ကာ အဒေါ့ဖ်ဘက်သို့ ပါသွားခဲ့ပြန်သည်။

ဟီလာက ပြော၏။ “စိတ်မပူနဲ့။ သွေးသောက်ဘာရွန်က သူ့မှာ ပင်လယ်ဓားပြ အင်အား တစ်သိန်းရှိတယ်လို့ ကြွေးကြော်နေပေမဲ့ ငါတို့ရဲ့ လေးသောင်း အင်အားက သူတို့ကို လွယ်လွယ်ကူကူ သုတ်သင်ပစ်နိုင်တယ်။ စောင့်ကြည့်လိုက်။ ဦးခေါင်းခွံရေတပ် လက်စားချေမယ့် အချိန်ကို စောင့်ကြည့်လိုက်။ အဲဒီ တော်ဝင်ရေတပ်ကို ပြာကျသွားအောင် တိုက်ခိုက်ပစ်မယ်လို့ ငါ အာမခံတယ်။

ပင်လယ်ပြင် မိုင်ထောင်ပေါင်းများစွာအတွင်းမှာ ရန်သူတစ်ယောက်မှ မရှိစေရဘူး။ ရှီလွန်တောင်ဘက် ပင်လယ်ပြင်တစ်ခုလုံး မင်းရဲ့ ပင်လယ်ပြင် ဖြစ်လာစေရမယ်။ ဦးခေါင်းခွံ ရေတပ်က ရှုံးနိမ့်တယ် ဆိုတာ မရှိရဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... စောင့်ကြည့်ကြတာပေါ့။ ပီကျင်းမြို့ကို ပြန်ရောက်ဖို့ ဘယ်နှစ်ရက်လောက် လိုသေးလဲ။”

မူလန်မြို့ဟုမပြောဘဲ ပီကျင်းမြို့ဟု ပြောရခြင်းက ရေတပ်ကြီးက ကြီးမားလွန်းသောကြောင့် မူလန်မြို့ရှိ ဆိပ်ကမ်းငယ်လေးက သင်္ဘောများ ရပ်နားရန် လုံးဝဆံ့မည် မဟုတ်ချေ။ ပီကျင်းမြို့ကဲ့သို့ မြို့ကြီးပြကြီး ဆိပ်ကမ်းမြို့မှသာလျှင် ဝင်၍ ကပ်နိုင်ပေလိမ့်မည်။

ဟီလာက ဖြေ၏။ “လေးရက်ပေါ့။ အင်း... ရတနာဓားက ငြိမ်မနေနိုင်တော့ဘူး။ သတ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ သွေးသောက်ဘာရွန်... ဒါ ရှင့်ရဲ့ ဇာတ်သိမ်းပိုင်း ဖြစ်လိမ့်မယ်။”

......................

ပီကျင်းမြို့၏ထိပ်ရှိ ရဲတိုက်ကြီးအတွင်းမှာတော့ ဒီဘိုရာက အရာရာတိုင်း သတင်းဆိုးများ ဖြစ်နေသောကြောင့် ရူးသွပ်လုမတတ်ပင်။ လွန်ခဲ့သည့် နှစ်လအတွင်း သတင်းဆိုးများက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ တစ်ခုထက် တစ်ခုကလည်း ပိုမိုဆိုးရွားသည်။

ရော့ဆိုမိသားစု၏ ပင်လယ်ရေတပ်ကြီးတစ်ခုလုံးက ပုန်ကန်သွားခဲ့ပြီး ပီကျင်းမြို့က ပင်လယ်ပြင် ပိတ်ဆို့မှုကို ခံနေရ၏။ သွေးသောက်ဘာရွန်နှင့် ရပ်လ်ဆဲတို့၏ ရေတပ်က သူမ၏ ကုန်သွယ်သင်္ဘော ဒါဇင်ပေါင်းများစွာကို နစ်မြှုပ်ပစ်ခဲ့၏။

ပီကျင်းမြို့က ပင်လယ်ကူးသန်းရောင်းဝယ်ရေး မြို့တော် ဖြစ်ပြီး အရင်းအမြစ် အားလုံးနီးပါးကို ကုန်သွယ်မှုမှ ရရှိ၏။ ဤပိတ်ဆို့မှုက မြို့တော်တစ်ခုလုံးအတွက် သေစေနိုင်သည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာပြီး မြို့တော် တစ်ခုလုံးက ပရမ်းပတာ ဖြစ်နေ၏။ ထိန်းချုပ်၍ မရနိုင်လုနီးပါးပင်။

သို့သော်ငြား ပင်လယ်ပြင်မှ သတင်းဆိုးများက ကြီးမားသည့်ကိစ္စရပ် မဟုတ်ပေ။ တကယ့်ကို ဆိုးရွားသည့် သတင်းဆိုးများက ကုန်းမြေဘက်မှ မြောက်ပိုင်းတော်ဝင်မျိုးနွယ်များနှင့် မင်းသား ဆော်ရွှန်ထံမှ လာခြင်းပင်။

သူမက ပုန်ကန်သည့် လက်အောက်ငယ်သားများကို ကွပ်မျက်ခဲ့သော်လည်း ရှမ့်လန်နှင့် ပေါင်းဖက်ခြင်းက ကြီးမားသည့် ဂယက်ရိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခု သူမက လက်အောက်ခံများ၏ ပုန်ကန်လိုသည့် အတွေးကို ဖိနှိပ်ထား၍ မရတော့ချေ။ ပီကျင်းမြို့က လုံးဝကို အထီးကျန်နေပြီး ဝိုင်းရံ ပိတ်ဆို့ ခံထားရ၏။

ဒီဘိုရာက အေးစက်စက် ပြောလိုက်သည်။ “ဒီနေ့ ငါတို့ရဲ့ သင်္ဘောငါးစင်း ထပ်ပြီး မြှုပ်နှံခံလိုက်ရတယ်။ ငါတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းက သိပ်ပြီး လျှို့ဝှက်ပေမဲ့ သွေးသောက်ဘာရွန်က သူ့လက်ခုပ်ထဲကအရာလို အကုန် သိနေပုံရတယ်။ သူက ငါတို့ ကုန်သွယ်သင်္ဘောတွေဆီက ပိုးထည်တွေကို အကုန်ယူပြီး ရေတပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့တယ်။ ပီကျင်းမြို့ထဲကိုတောင်မှ ကျောက်ခဲပစ် စက်ယန္တာရားတွေ ပစ်ထည့်ခဲ့တယ်။

သွေးသောက်ဘာရွန်က အဲလိုလူမျိုး မဟုတ်ဘူး။ သူက သိပ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ဆိုပေမဲ့ အဲလောက် သတ္တိရှိတာ မဟုတ်ဘူး။ သူက အဒေါ့ဖ်ရဲ့ အမိန့်ပေးမှု အောက်မှာ ရှိနေလောက်တယ်။ အင်ပါယာ ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်လာဖို့အတွက် ဒီလူကို အစွမ်းကုန် ဖားယားပြီး ငါတို့ရဲ့ ကုန်သင်္ဘောတွေကို သတ်ဖြတ်ဖို့ ဝန်မလေးတော့ဘူးပဲ။

မင်းသား ဆောရွှန်ဆီ ပေးလိုက်တဲ့စာက ပြန်စာလာသေးလား။ ရှမ့်လန်နဲ့ ပေါင်းဖက်လိုက်တာက အင်ပါယာအတွက် ဘယ်လောက်အကျိုးရှိကြောင်း ရှင်းပြခဲ့ပြီးပြီ။ ရှမ့်လန်က မင်းသမီးဟယ်လင်ရဲ့ မောင်လေး ဆိုတာ သေချာရေးပြထားတယ်မဟုတ်လား။”

All Chapters