အခန်း (၈၉၅-၈၉၆)
Vol. 54 Ch. 895-896
အပိုင်း (၈၉၅)
“အီဒါ... ခင်ဗျားက ကျုပ်ကို တကယ် အထင်ကြီးအောင် လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ဒါက ခင်ဗျားရဲ့ အကန့်အသတ်ပဲ။ ခင်ဗျား ကျုပ်ကို မထိခိုက်စေနိုင်သလို အနိုင်မယူနိုင်သေးဘူး။”
အဒေါ့ဖ်ကလှောင်ပြောင်လိုက်၏။ “ပြီးတော့ ကျုပ် ညှာတာနေမှာ မဟုတ်တော့ဘူး။”
ပြီးနောက် အဒေါ့ဖ်က သူ၏လက်နက်ကို ဖြည်းညင်းစွာ ဆွဲထုတ်၏။ ထိုအရာက ရှည်လျားပြီး လှပသည့် ဓားပါးတစ်စင်းပင်။ ယခင်ကဆိုလျှင် သူက အမြဲတမ်း လက်နှစ်ဖက်ကို နောက်ပစ်ကာ မာန်ဝင့်နေသော်လည်း ယခု အချိန်မှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် လက်နက်ကို အသုံးပြုလာသည်။
ဘုရင်မအီဒါက အသက်ကို ပြင်းပြင်းရှူ၏။ ပထမ ဓားချက်က အရာရောက်ခဲ့သော်လည်း အဒေါ့ဖ်ကို အနိုင်ယူရန်တော့ မလုံလောက်သေးချေ။ အရေပြားကို အနည်းငယ် ရှပ်ထိသွားရုံမျှသာ ရှိ၏။
“ကဲ... အရှင်မ၊ ကျုပ်ရဲ့ အစွမ်းကို ကြည့်လိုက်အုံး။” အဒေါ့ဖ်က သတိပေးလိုက်သည်။
ပြီးနောက်တွင်တော့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ အဒေါ့ဖ်၏ ကိုယ်ဟန်က အလင်း၏ အရိပ်ကဲ့သို့ ဘုရင်မအီဒါ၏ ပတ်ပတ်လည်တွင် မီးခိုးမြူများကဲ့သို့၊ ပျံသန်းနေသည့် ငှက်တစ်ကောင်ကဲ့သို့ပင် တဖျတ်ဖျတ်နှင့် ပေါ်ထွက်နေ၏။ သူ၏ လှုပ်ရှားမှုများက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
“ဝှစ်... ဝှစ်...” ဓားပါးလေးများက မိုးသက်လေကဲ့သို့ပင် အဆက်မပြတ် တိုက်ခတ်လာခဲ့သည်။
ဘုရင်မအီဒါက စွမ်းကုန် ကာကွယ်ရ၏။ သူမ၏ လက်ထဲရှိ ဓားကောက်က လျင်မြန်စွာဖြင့် ဟန့်တားနေရ၏။
“ချွင်... ချွင်.. ချွင်” ဓားချင်း ထိတွေ့သည့် အသံများနှင့်အတူ မီးပွားများက နေရာအနှံ့သို့ လွင့်စင်သည်။ တိုတောင်းလှသည့် အချိန်အတွင်း သူတို့၏ ဓားများက အကြိမ်ပေါင်း ထောင်နှင့်ချီ ထိတွေ့မိကြပြီးပြီ။ သူတို့က၏ကိုယ်ဟန်ကို မမြင်ရတော့ဘဲ ဖြူလွှလွှ အရိပ်နှစ်ခု အဖြစ်သာ မြင်ရသည်။
သုံးမိနစ်ခန့် ကြာပြီးနောက် အရိပ်နှစ်ခုက ငှက်များကဲ့သို့ပင် နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဆယ်ပေခန့်အကွာ၌ ရပ်တန့်၏။
ဘုရင်မအီဒါက သူမ၏ လက်ထဲတွင် ရှိနေသည့် ဓားကောက်ကို ကြည့်လိုက်လေရာ ဓားသွား၌ အထစ်ထစ် အက်ရာများနှင့် ပြည့်နှက်နေကြောင်း မြင်လိုက်ရသည်။
“ဂျွတ်...”
နောက်တစ်စက္ကန့်အတွင်း သူမ၏ လက်ထဲရှိ ဓားက အစိတ်စိတ်အမွှာမွှာ ကွဲထွက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ ပြီးနောက် သူမ၏ခန္ဓာကိုယ်ပေါ်မှ သွေးများ စိမ့်ထွက်လာခဲ့ပြီး ဒဏ်ရာပေါင်းများစွာ ပေါ်ထွက်လာ၏။
သုံးမိနစ်အတွင်း အဒေါ့ဖ်၏ ဓားပါးက သူမ၏ ခန္ဓာကိုယ်ကို အကြိမ်ပေါင်း ရာနှင့်ချီ ခုတ်ပိုင်းခဲ့ခြင်းပင်။ ဒဏ်ရာများက မနက်သော်လည်း အရေပြားကို စုတ်ပြဲသွားစေခဲ့၏။ ဤသည်က အဒေါ့ဖ်အနေနှင့် ညှာတာခဲ့ခြင်းကြောင့် မဟုတ်ဘဲ ဘုရင်မအီဒါ၏ တန်ပြန်တိုက်ခိုက်မှုက တကယ့်ကို မြန်ဆန်လွန်း သောကြောင့်ပင်။
သို့သော်ငြား အဒေါ့ဖ်၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုမျှ မရှိချေ။ ဝတ်ရုံက အနည်းငယ် စုတ်ပြဲနေခြင်းသာ ရှိ၏။ တကယ့်ကို မြန်ဆန်လွန်း၏။ ရွေ့လျားနှုန်းက ကာကွယ်ရန်ပင် မဖြစ်နိုင်သလောက်ပင်။
“အရှင်မ... ခင်ဗျားက တကယ့်ကို အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ကျုပ်ကို ယှဉ်ဖို့တော့ အလှမ်းဝေးနေ ပါသေးတယ်။” အဒေါ့ဖ်ကလှောင်ပြောင်လိုက်မိ၏။ “ကျုပ်က မိန်းမလှလေးတွေကို ညှာတာတတ်သူပါ။ ခင်ဗျားရဲ့ ပြည့်စုံတဲ့ကိုယ်ခန္ဓာပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့မှာကို မလိုလားဘူး။ မဟုတ်ရင် ခုလို ဒဏ်ရာသေးသေးလေး တွေပဲ ရမှာ မဟုတ်ဘူး။”
ပြီးနောက် အဒေါ့ဖ်က သူ၏ဓားပါးကို ကြည့်၏။ ဘုရင်မအီဒါ၏ သွေးများက ဓားသွားပေါ်တွင် စွန်းထင်နေ၏။ သူက လျှာနှင့် ထိုသွေးများကို အသာပင် လျက်၏။
“အီဒါ... ခင်ဗျား လက်လျှော့လိုက်စမ်းပါ။”
အဒေါ့ဖ်က ပြောသည်။ “ခင်ဗျားက အနောက်လောကရဲ့ အစွမ်းထက်ဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တယ် ဆိုပေမဲ့ ကျုပ်ကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ကျုပ်ရဲ့ သိမ်းပိုက်မှုကိုပဲ အသာတကြည် လက်ခံလိုက်ပါ။”
ဘုရင်မအီဒါက သူမ၏ လက်ထဲရှိ ဓားရိုးကို လွှတ်ပစ်ကာ အဒေါ့ဖ်ကို မကျေမနပ် စိုက်ကြည့်နေမိ၏။ ဤလှုပ်ရှားရိပ်ကို ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိတော့ဘူးလား။
“ပေးစမ်း။” အီဒါက အော်ဟစ်၏။ ထိုခဏမှာပင် မဲနက်သည့် အရိပ်တစ်ခုက တောင်ပေါ်သို့ လွင့် တက်လာ၏။ ဘုရင်မအီဒါက ထိုအရာကို လှမ်းဖမ်း၏။
“တိုက်ခိုက်ချင်နေသေးတာလား။”
အဒေါ့ဖ်ကမေးသည်။ “ဒါဆိုရင် ခင်ဗျားရဲ့ ပြည့်စုံတဲ့ခန္ဓာကိုယ်ပေါ်မှာ ကျုပ်ရဲ့ နာမည်ကို ကဗ္ဗည်းတင်ရတော့မယ်။”
ထိုစကားကို ကြားချိန်မှာတော့ အီဒါ၏ မျက်နှာက ပြောင်းလဲသွား၏။
အောက်ဘက်မှာ တိုက်ပွဲကို ကြည့်နေသည့် ဒီဘိုရာက ရှမ့်လန်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိ၏။ သူမက ရှမ့်လန်၏ ခြေထောက်ကိုပင် ခိုးကာ နင်းနေသေး၏။ သို့သော်လည်း ပခုံးပေါ်ကိုတော့ ချစ်ခင်စွာ မှီမှီထားတုန်းပင်။
ရှမ့်လန်၏ မျက်နှာက ရှုံ့မဲ့သည်။ “ကျိုးတော့မှာပဲ။ ကျိုးတော့မှာပဲ။”
စိတ်ထဲမှာတော့ ညည်းညူနေမိခြင်း ဖြစ်နေ၏။ ဤအမျိုးသမီးက အပြင်ပန်းတွင် တစ်မျိုး၊ အတွင်းစိတ်တွင် တစ်မျိုး ဖြစ်နေပါလား။ အကြောင်းရင်းက ရှမ့်လန်က ဒီဘိုရာ၏ တင်ပါးပေါ်တွင် ရှမ့်လန်၏ကျွန်ဟူသည့် စကားလုံး လေးလုံးကို တံဆိပ်ခတ်ခဲ့ဖူးသောကြောင့်ပင်။ ဤလူယုတ်မာ အဒေါ့ဖ်၏ အတွေးကလည်း ရှမ့်လန်နှင့် အတူတူပင် ဖြစ်နေ၏။
“ရှူး...”
ဘုရင်မ အီဒါ၏ လက်နက်သစ်က ရုတ်တရက် ဝှေ့ယမ်းထွက်ပေါ်လာ၏။ ထိုအရာက ပေ ၆၀ ကျော် ရှည်လျားပြီး အလေးချိန် ပေါင် ၃၀၀ ခန့်ရှိသည့် မဲနက်နေသည့် သံကြိုးကျာပွတ်ကြီး တစ်ခုပင်။
“သေစမ်း...။” အီဒါ၏ လက်ထဲတွင် ထိုအရာက ပြင်းထန်စွာဖြင့် ဝှေ့ယမ်းလာ၏။ ရုတ်တရက် ဆိုသလိုပင် ထိုအရာက နဂါးတစ်ကောင်ကဲ့သို့ တောင်ထိပ်ပေါ်တွင် ကခုန်နေလေတော့သည်။
အဒေါ့ဖ်၏ မျက်နှာက အနည်းငယ် ပျက်သွား၏။ လက်နက်က ရှည်လေလေ အစွမ်းထက်လေ ဖြစ်ပြီး အီဒါ၏ လက်နက်က တကယ့်ကို ရှည်လျားလွန်းသောကြောင့် တောင်ထိပ်ရှိ နေရာအားလုံးကို လွှမ်းမိုးထားနိုင်၏။
“ဝှစ်... ဝှစ်...”
အီဒါ၏ ကျာပွတ်က ပို၍ လျင်မြန်စွာ ရွေ့လျားလာ၏။ နောက်ဆုံးမှာတော့ လေပြင်းတစ်ချက်နှင့်အတူ တောင်ထိပ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ကျာပွတ်၏ နေရာလက်မတိုင်းက လှုပ်ရှားနေပြီး တကယ့်ကို မြန်ဆန်သည်။
အဒေါ့ဖ်၏ ကိုယ်ဟန်က ပိုမို၍ ထူးဆန်းလာ၏။ ကျာပွတ်များကြားထဲတွင် လူးလာတွန့်ခေါက်ဖြင့် ပြေးသွားနေ၏။ သူ၏ဓားပါးဖြင့် ဘုရင်မအီဒါကို ထိုးနိုင်ရန် အဆက်မပြတ် ကြိုးစား၏။ သူမ၏ကိုယ်ပေါ်တွင် အဒေါ့ဖ်ဟူသည့် စကားလုံးကို ထွင်းထုရန် ကြိုးစားနေခြင်းပင်။
ပထမတစ်ကြိမ် မအောင်မြင်၊ ဒုတိယတစ်ကြိမ် မအောင်မြင်၊ တတိယအကြိမ်တွင်လည်း မအောင်မြင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်မအီဒါ၏ ကျာပွတ်ကြီးက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသောကြောင့်ပင်။
ထိုအရာ၏လမ်းကြောင်းကို မည်သို့မှခန့်မှန်း၍ မရနိုင်ချေ။ မြွေတစ်ကောင်ကဲ့သို့ပင် နေရာအနှံ့သို့ လိုက် ပေါက်လျက် ရှိနေ၏။ မည်မျှ ကိုယ်ယောင်ဖျောက်စေကာမူ အချိန်မရွေး ထိခိုက်သွားနိုင်၏။ ထို့ပြင် ကျာပွတ်ထဲတွင် ထူးခြားသည့် ဆူးချွန်များ ပါနေသောကြောင့် တစ်ချက်ထိလျှင် သွေးများ ပန်းထွက်ပေလိမ့်မည်။
“အီဒါ... ခင်ဗျားကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ တွန်းအားပေးနေသလိုပဲ။”
အဒေါ့ဖ်က သူမ၏ ကိုယ်ပေါ်၌ စာလုံးထွင်းမည့် အစီအစဉ်ကို စွန့်လွှတ်၏။ သူ့၌ ညှာတာမှု အရိပ်အယောင် လုံးဝ မရှိတော့ချေ။
“ဖောက်...”
ပထမ ဓားချက်က ဘုရင်မအီဒါ၏ ပုခုံးထက်သို့ လက်မဝက်ခန့် နက်ဝင်သွား၏။ သို့သော်ငြား အဒေါ့ဖ်၏ ကျောပြင်တွင်လည်း ကျာပွတ်တစ်ချက်မိပြီး အသားစတစ်ခုပင် ကွာကျ၏။ ဒုတိယ ဓားချက်က အီဒါ၏ ဝမ်းဗိုက်သို့ လက်မဝက်ခန့် နက်ဝင်သွား၏။ သို့သော်ငြား အဒေါ့ဖ်၏ ခြေထောက်ကလည်း ကျာပွတ်၏ ထိမှန်ခြင်းကို ခံရ၏။
တတိယဓားချက်က အီဒါ၏ ရင်ညွန့်နှလုံးသားဆီသို့ ဦးတည်၏။ ရှေးဟောင်းသိုင်းပညာနှင့် ရှေးဟောင်းကိရိယာ၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ၏ ကိုယ်ဟန်ကလည်း တစ္ဆေအရိပ်တစ်ခုကဲ့သို့ပင်။
“သေစမ်း အီဒါ... ကျုပ် ခင်ဗျားကို မရရင် ရှမ့်လန် မရစေရဘူး။ သူ ရရမှာက ခင်ဗျားရဲ့ အလောင်းပဲ ဖြစ်ရမယ်။” အဒေါ့ဖ်၏ ဓားအရိပ်တစ်ခုက ဘုရင်မအီဒါ၏ ရင်ညွန့်ဆီသို့ တိုးဝင်သွားသည်။
“ဖောက်..”
သွေးများက စင်ထွက်သွား၏။ လက်မဝက်ခန့် စိုက်ဝင်သွား၏။
ထိုအချိန်မှာပဲ “ဝုန်း... ဝုန်း...” ကောင်းကင်ယံထက်မှာ မိုးကြိုးများ စတင် ထစ်ချုန်းလာခဲ့၏။ လျှပ်စီးကြောင်းများ က အောက်သို့ ပစ်ချသည်။
ဘုရင်မအီဒါ၏ ကျာပွတ်က မြွေတစ်ကောင်ကဲ့သို့ပင် အဒေါ့ဖ်၏ လည်ပင်းဆီသို့ ရစ်ပတ်သွား၏။ သူမက အတူတူသေရန် ကြိုးစားနေခြင်းလား။ ထိပ်တန်း သိုင်းပညာရှင်များ၏ တိုက်ပွဲက စက္ကန့်ပိုင်းဖြင့် ဆုံးဖြတ် ရခြင်းပင်။ သူသာ ဓားကိုဆက်၍ ထိုးသွင်းပါက ဘုရင်မအီဒါ၏ နှလုံးကို ထွင်းဖောက်သွားမှာဖြစ်ပြီး သူ၏ ဦးခေါင်းကလည်း ကျာပွတ်ကြောင့် ကြေမွသွားပေလိမ့်မည်။
“ဝှစ်...”
အဒေါ့ဖ်က တစ်ဖန် နောက်သို့ ဆုတ်ခွာ၍ ရှောင်တိမ်းရန်သာ ရွေးချယ်လိုက်ရ၏။ ဘုရင်မအီဒါက အတူတူသေရန် ဝန်မလေးသော်လည်း သူကတော့ ထိုသို့ အသေမခံနိုင်ချေ။ ကောင်းကင်မှ မိုးကြိုးများက အဆက်မပြတ် ပစ်ချနေပြီး လျှပ်စီးများက မဲမှောင်လျက်ရှိနေသည့် တိမ်တိုက်များကိုပင် ထိုးခွင်းလျက် ရှိ၏။
“ဝှစ်... ဝှစ်...”
လျှပ်စီးကြောင်းများက ဘေးသို့ ပစ်ချနေသကဲ့သို့ ထင်ရသောကြောင့် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဤနေရာက တောင်ထိပ် ဖြစ်သောကြောင့် မိုးကြိုးပစ်ရန် တကယ့်ကို လွယ်ကူသည်။
အထူးသဖြင့် ဘုရင်မအီဒါ၏ လက်ထဲတွင် သံကျာပွတ် ရှိနေသောကြောင့် မိုးကြိုးပစ်ခံနိုင်ခြေက ပိုမိုကာ များပြား၏။ သို့သော်ငြား ဘုရင်မအီဒါက ပို၍ သောင်းကျန်းလာ၏။ သူမ၏လက်ထဲရှိ ကျာပွတ်က တောင်ထိပ်တစ်ခုလုံး တွင် မဲနက်သည့် လေပြင်းအလား ဖုံးလွှမ်းလျက် ရှိ၏။ သူမက မိုးကြိုးကို မကြောက်ချေ။ အချိန်မရွေး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားရန်အထိပင် အသင့်ပြင်ထားပုံ ရ၏။
သို့သော်ငြား အဒေါ့ဖ်ကတော့ ထိုသို့မဟုတ်ပေ။ မိုးကြိုးများက သူ့ကို အနှောင့်အယှက် ပေးနေ၏။ ဤမျှ ပြင်းထန်သည့် မိုးကြိုးသာ ထိမှန်ပါက သူက သေချာပေါက် သေဆုံးမည် ဖြစ်ကြောင်း သိရှိသည်။
“ဖောင်း... ဖောင်း...”
မိုင်ပေါင်းများစွာ ရှည်လျားသည့် လျှပ်စီးကြောင်းကြီးများက အောက်သို့ ဒိုင်းခနဲ ဒိုင်းခနဲ ပစ်ချ၏။ အဒေါ့ဖ်က ထိုအရာကို ရှင်းလင်းစွာ မြင်ရ၏။ ထိုလျှပ်စီးက သူ၏ရှေ့တည့်တည့်၌ ပေါက်ကွဲသွားလေရာ ကောင်းကင်ယံ တစ်ခုလုံးနှင့် တောင်ကြီးတစ်ကျွန်းလုံးကို ခွဲခြားပစ်တော့မည် အလားပင်။ သူ၏ ရင်ထဲတွင် တုန်လှုပ်လျက် ရှိနေပြီး အလိုလို ရှောင်တိမ်းမိ၏။
နောက်ထပ် လျှပ်စီးတန်း တစ်ခု၊ ထိုအရာက ဘုရင်မအီဒါ၏ ဦးခေါင်း တည့်တည့်၌ ပေါက်ကွဲ၏။ ဆက်၍ မတိုက်ခိုက်နိုင်တော့ချေ။ ဆက်တိုက်ခိုက်ပါက မိုးကြိုးပစ်၍ သေရပေလိမ့်မည်။ အဒေါ့ဖ်၏ကိုယ်ဟန်က လျင်မြန်စွာ နောက်သို့ ဆုတ်ခွာပြီး ချောက်ကမ်းပါးပေါ်မှ ခုန်ချရန် ပြင်သည်။
“တက်လာစမ်း...”
ဘုရင်မအီဒါက ရုတ်တရက် အော်ဟစ်၏။ ပြီးနောက် သူမ၏ လက်ထဲရှိ ကျာပွတ်ကို ပြင်းထန်စွာ လှည့်ပတ်၏။ “ဖောက်... ဖောက်... ဖောက်...”
လျှပ်စီးတစ်ခုက ကျာပွတ်ကို ထိမှန်ပြီး လျှပ်စစ်အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာ၏။ ရုတ်တရက် ဆိုသလိုပင် အီဒါ၏ ကျာပွတ်ဆီမှ အလွန်ပြင်းသည့် လျှပ်စစ်သံလိုက် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုအရာကို ပြင်းထန်စွာ လှည့်ပတ်လိုက်ချိန်မှာတော့ သံလိုက်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာပြီး အဒေါ့ဖ်ကို အတွင်းသို့ ဆွဲငင်သည်။
အဒေါ့ဖ်ကတကယ်ကို ထိတ်လန့်သွား၏။ “ဘာတွေ ဖြစ်ကုန်တာလဲ။”
“ဖောက်... ဖောက်...” လျှပ်စီးများက အဆက်မပြတ် ထပ်မံ ကျရောက်လာ၏။
အီဒါ၏ လက်ထဲမှာ ကျာပွတ် ကျာပွတ်က မြွေဟောက်တစ်ကောင်ကဲ့သို့ပင် ကောင်းကင်ယံသို့ မြင့်တက်သွား၏။ နောက်ထပ်လျှပ်စီး တစ်ခုက ကျာပွတ်ကို ထိမှန်သွားပြန်၏။ သို့သော်ငြား ဘုရင်မအီဒါက ဘေးကင်းလျက် ရှိနေဆဲပင်။ အကြောင်းရင်းက သူမ၏ ကျာပွတ်လက်ကိုင်၊ လက်အိတ်နှင့် ဖိနပ်များက လျှပ်စစ်ကာ ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့်ပင်။
“ဝှစ်... ဝှစ်...”
အီဒါ၏ ကျာပွတ်က အဒေါ့ဖ်ဆီသို့ နောက်တစ်ဖန် ဝှေ့ယမ်းလာ၏။ ဤသံလိုက်အားက တကယ့်ကို ပြင်းထန်၏။
“ဖောက်... ဖောက်...”
အဒေါ့ဖ်၏ ကိုယ်ပေါ်တွင် လျှပ်စစ် မီးပွားများ ထွက်လာ၏။ သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်နှင့် တုန်ခါနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပေါ်ရှိ အိပ်မက်ဆိုး ကျောက်တုံး ကိရိယာက ဤမျှ ကြီးမားသည့် သံလိုက်စက်ကွင်း ကို မခံနိုင်ဘဲ ပြင်းထန်စွာ တုံ့ပြန်နေသောကြောင့်ပင်။
အဒေါ့ဖ်၏ လှုပ်ရှားရိပ်များက ပြတ်တောက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ၀.၁ စက္ကန့်ခန့် တောင့်တင်း သွား၏။ အလွန် တိုတောင်းသည့် အချိန်တစ်ခု ဖြစ်သော်လည်း လုံလောက်၏။ နောက်တစ်စက္ကန့်တွင် ဘုရင်မအီဒါ၏ ကျာပွတ်က သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။
“ဖြောင်း...”
အဒေါ့ဖ်၏ ခန္ဓာကိုယ်က လေပေါ်သို့ မြောက်တက်သွား၏။ အီဒါက ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ခြင်းပင်။ တောင်ထိပ်ပေါ်မှ အောက်သို့ ပြင်းထန်စွာ ပြုတ်ကျ၏။ အဒေါ့ဖ်၏ ဝတ်ရုံဖြူက စုတ်ပြတ်သွားခဲ့ပြီ။ သူ၏ ရင်ဘတ်ပေါ်ရှိ ထူးခြားသည့် ကိရိယာတစ်ခု ထွက်ပေါ်လာ၏။
ထိုအရာက ရှေးဟောင်းကိရိယာတစ်ခု ဖြစ်ပြီး သူ၏လှုပ်ရှားရိပ်များအတွက် အဓိက သော့ချက်ပင်။ ယခု ထိုအရာက ချို့ယွင်းသွားခဲ့ပြီ ဖြစ်၏။ ဘုရင်မအီဒါက သူမ၏ကျာပွတ်နှင့် ရုတ်တရက် ရစ်ပတ်၍ ဤရှေးဟောင်းကိရိယာကို အဒေါ့ဖ်၏ ခန္ဓာကိုယ်မှ ဆွဲထုတ်သည်။
“အား...” အဒေါ့ဖ်ကစူးစူးဝါးဝါး အော်ဟစ်၏။ ဤကိရိယာက သူ၏ ခန္ဓာကိုယ်အတွင်း၌ မြှုပ်နှံထားခဲ့ခြင်းဖြစ်၏။ ယခု ဆွဲထုတ်ခံရချိန်မှာတော့ သွေးများဖြင့် ရဲရဲနီကုန်၏။
ဘုရင်မအီဒါက ထိုရှေးဟောင်းကိရိယာကို ကြည့်ပင်မကြည့်ဘဲ ရှမ့်လန်ရှိရာသို့ လှမ်းပစ်ပေသည်၏။
မင်းသမီး ဒိုဟာက ရှေ့သို့တိုးပြီး လှမ်းဖမ်း၏။ ပြီးနောက် သွေးများကို သုတ်ကာဖြင့် ရှမ့်လန်ထံသို့ ပေးအပ်၏။ ရှမ့်လန်က ထိုအရာကို ရတနာတစ်ခုကဲ့သို့ ဆုပ်ကိုင်ထား၏။ ဤသည်မှာ သူ ပထမဦးဆုံးအကြိမ် ရရှိဖူးသည့် ပြည့်စုံသည့် ရှေးဟောင်းကိရိယာ တစ်ခုပင်။ အချိန်လုံလောက်စွာ ရရှိခဲ့ပါက ရှမ့်လန်က အစွမ်းထက်သည့် ရလဒ်သစ် တစ်ခုကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
..........................
“အဒေါ့ဖ်... အခု ရှင့်မှာ ရှေးဟောင်းကိရိယာ မရှိတော့ဘူး။ ကျွန်မတို့ ဆက်ပြီး တိုက်ကြတာပေါ့။” ဘုရင်မအီဒါက ပြောရင်း သူမ၏ လက်ထဲရှိ ကျာပွတ်ကို လွှတ်ပစ်လိုက်ပြီး လက်ဝှေ့အိတ်တစ်ခုကို ဝတ်ဆင်လိုက်၏။
အဒေါ့ဖ်က သူ၏ရင်ဘတ်တွင် ရှိနေသည့် အပေါက်ကို ငုံ့ကြည့်မိ၏။ သူ၏ ရှေးဟောင်းကိရိယာ မရှိတော့ခြင်းက သူ၏ဘဝအတွက် အရေးအကြီးဆုံးသော အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းပင်။
နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။ ဤရှေးဟောင်းကိရိယာက သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေ ခဲ့၏။ ထိုအရာက သူ၏ခွန်အားအရင်းအမြစ်သာမက သူ၏ယုံကြည်မှု အရင်းအမြစ်လည်း ဖြစ်၏။ ယခု ထိုအရာက လုယူခြင်းကို ခံလိုက်ရသည်။
“အား... အား...”
ဘုရင်မအီဒါက အေးစက်စက်ဖြင့် ပြော၏။ “အဒေါ့ဖ်... ထစမ်း။ အရှင်ကျန်းလီက ရှင့်ကို ဘယ်လို သိုင်းပညာတွေ သင်ပေးခဲ့တာလဲ။ ရှင် ဘယ်လောက်ထိ တတ်မြောက်ခဲ့တာလဲ ဆိုတာ မြင်ချင်သေးတယ်။ ရှေးဟောင်းကိရိယာသာ မပါရင် ရှင်က လုံးဝ အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်သွားမှာလား။”
ဤစကားက ရိုးရှင်းသော်လည်း ရှမ့်လန်၏ စိတ်ထဲတွင် အတွေးများစွာကို ဝင်လာစေ၏။ အကယ်၍ အလှပဆိုင်ရာ ကင်မရာများနှင့် ပြုပြင်မှုများမရှိလျှင် တချို့သော လူများ၏ ရုပ်ရည်က လုံးဝ အသုံးမကျ ဖြစ်သွားမည်လား။ အကယ်၍ အစွမ်းထက်သည့် နည်းပညာ ကိရိယာများ မရှိလျှင် စစ်တပ်ကြီးက အသုံးမကျ ဖြစ်သွားမည်လား။
အဒေါ့ဖ်က ဖြည်းညင်းစွာ ထရပ်၏။ ဘုရင်မအီဒါကို နာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့သည်၏။ “ကျန်းလီက ကျုပ် ကို ဘာလို့ တပည့်အဖြစ် လက်ခံခဲ့တယ်လို့ ခင်ဗျား ထင်သလဲ။ သူက ကျုပ်ကို အမြင်ကျယ်အောင် လုပ်ပေးခဲ့ပြီး တချို့အရာတွေကို သင်ပေးခဲ့တယ် ဆိုပေမဲ့ အဲဒီအရာတွေကပဲ ကျုပ်ရဲ့ နာကျည်းမှု အရင်းအမြစ်တွေ ဖြစ်စေခဲ့တာ။”
***
အပိုင်း (၈၉၆)
အဒေါ့ဖ်က အေးစက်စက်ဖြင့် ဆက်ပြော၏။ “ရှေးဟောင်းကိရိယာ မရှိတော့တာနဲ့ ကျုပ်က အသုံးမကျတဲ့လူ ဖြစ်သွားမှာလား။ ဒါဆိုရင် သေချာကြည့်လိုက်။ ခင်ဗျားသာ ကျုပ်ကို အခွင့်အရေးပေးမယ်ဆိုရင် ကျုပ်က ကုတင်ပေါ်မှာ အများကြီး စွမ်းဆောင်နိုင်သေးတယ်။”
ပြီးနောက် သူက ထက်မြက်သည့်ဓားပါးကို ပြန်လည်ကောက်ယူသည်။ “ဒီဓားက ကျန်းလီကိုယ်တိုင် လုပ်ပေးထားတာပဲ။ ဒါက တကယ်ကို ကောင်းမွန်တယ်။ အီဒါ... ကျုပ် ဘာလို့ ခင်ဗျားကို ရအောင်ယူမယ် ဆုံးဖြတ်ထားတာလဲ သိလား။ အဲဒါ ခင်ဗျားရဲ့ အမေကို ကျုပ် မြင်ဖူးလို့ပဲ။
ကျန်းလီ အမေဇုန်ကျွန်းကို ခိုးဝင်တုန်းက ကျုပ်လည်း ပါခဲ့တယ်။ အဲဒီတုန်းက ကျုပ်က ငယ်သေးတယ်။ ခင်ဗျားအမေကို မြင်လိုက်တဲ့အချိန်မှာ သူက ကမ္ဘာပေါ်မှာ အလှဆုံး မင်းသမီးဖြစ်တယ်လို့ ကျုပ် ခံစားမိတယ်။ သူ့ကိုရအောင်ယူမယ်လို့ ကျုပ် အဲဒီမှာ ကျိန်ဆိုခဲ့တယ်။
ဒါပေမဲ့ ကျုပ် အစွမ်းထက်လာတဲ့ အချိန်မှာတော့ သူက သေဆုံးသွားခဲ့ပြီ။ ခင်ဗျားက ခင်ဗျားအမေနဲ့ ဘယ်လောက်တောင် တူသလဲ။ ဒါကြောင့် ခင်ဗျားကို ကျုပ် ရအောင်ယူမယ်။ ဒါ ကျုပ်ရဲ့ စွဲလမ်းမှုပဲ။ ကျုပ်လို ထူးချွန်တဲ့ ယောက်ျားတစ်ယောက် က လောကပေါ်မှာ အလှဆုံး အမျိုးသမီးတစ်ယောက်နဲ့ အတူအိပ်စက်ခွင့် ရရမယ်။
ကျုပ်က ပါရမီရှင် တစ်ယောက်ပဲ။ အိပ်မက်ဆိုးတောင်တန်း ပေါက်ကွဲမှု သုံးနာရီလောက် နောက်ကျသွားတာက ကျုပ်ရဲ့လက်ချက်ပဲ။ အဲဒီတုန်းက ကျုပ် ဒါကို လုပ်ခဲ့တာ အမေဇုန်မျိုးနွယ်စုကို ကယ်တင်ဖို့မဟုတ်ဘူး၊ ဖျက်ဆီးမှုကို ပိုပြီး ပြည့်စုံသွားစေဖို့ပဲ။ အိပ်မက်ဆိုးတောင်တန်းကို မပေါက်ကွဲခင် စွမ်းအင်တွေ ပိုပြီး စုဆောင်း စေချင်ခဲ့တာ။
အရင်ကတော့ ကျုပ် အောင်မြင်ခဲ့မှာပေါ့။ ရှမ့်လန်က အရာအားလုံးကို ဖျက်ဆီးခဲ့တယ်။ သူက ဒီလောကကြီးထဲမှာ လုံးဝ ပေါ်မလာသင့်တဲ့ လူပဲ။ သူက ကျက်သရေမရှိတဲ့ ခွေးသူတောင်းစားပဲ။ အခု ရှေးဟောင်းကိရိယာကို ယူသွားကြပြီပေါ့။ ကောင်းပြီ။ ကျုပ်ရဲ့ တကယ့်အစွမ်းကို ပြမယ်။”
အဒေါ့ဖ်က အော်ဟစ်ပြီးနောက် ဘုရင်မအီဒါထံသို့ တရှိန်ထိုး ပြေးဝင်သွားသည်။ “သေစမ်း... သေစမ်း...”
သူ၏ဓားပါးက အပြင်းအထန် လှုပ်ရှားနေ၏။ လှုပ်ရှားရိပ် မရှိသောကြောင့် သူ၏အရှိန်က မမြန်တော့သော်လည်း ဓားချက်များက တကယ်ကို မြန်ဆန်လွန်းနေသေး၏။
“ဘုန်း... ဘုန်း...”
ဘုရင်မအီဒါက ဓားကို အသုံးမပြုတော့ဘဲ သူမ၏ သံလက်သီးကြီးဖြင့် ပြန်လည်ထိုးနှက်လျက်ရှိရာ ကျယ်လောင်သည့် အသံများက ဟိန်းထွက်နေ၏။ ကိုယ်ဟန်နှစ်ခုက တောင်ထိပ်ပေါ်တွင် အပြင်းအထန်ပင် လူးလာခေါက်တွန့် ရှိနေပြီး မာကျောသည့် ကျောက်နံရံကြီးများပေါ်တွင်ပင် အက်ကြောင်းများ ထင်ကျန်ခဲ့၏။ ကျောက်တုံးများ က တစ်ခုပြီးတစ်ခု ကွဲအက်ကုန်သည်။
အီဒါ လက်သီးနှင့် ထိုးနှက်လိုက်သည့် အချိန်တိုင်း ကျောက်တုံးများက အမြောက်ဆန်တစ်ခုကဲ့သို့ အဒေါ့ဖ်ထံသို့ လွင့်စင်ကုန်၏။ အဒေါ့ဖ်ကသူ၏ဓားပါးဖြင့် ဝှေ့ယမ်းကာ ကာကွယ်ရ၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ကျောက်တုံးများက လေထဲတွင် ဝဲပျံလျက် ရှိနေပြီး ပေရာချီသည့် တည်နေရာတစ်ခုလုံးက ဆုတ်ပြတ်လျက် ရှိနေသည်။
“သတ်ကြ... သတ်ကြစမ်း...” ဘုရင်မအီဒါက ပေါင်ထောင်ချီ အလေးချိန်ရှိသည့် ကျောက်တုံးကြီးတစ်ခုကို ရုတ်တရက် မြှောက်ကာဖြင့် အဒေါ့ဖ်ဆီသို့ ပစ်ပေါက်၏။
အဒေါ့ဖ်၏သိုင်းပညာက တကယ်ကို အံ့အားသင့်စရာပင်။ သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး လက်ထဲရှိ ဓားပါး၏ အရှိန်ကို အသုံးပြုကာဖြင့် ထိုကျောက်တုံးကြီးကို လေထဲတွင်ပင် ပြန်လည်ကာ တွန်းထုတ်လိုက်၏။ ပြီးနောက် ဤပေါင် တစ်ထောင်ရှိသည့် ကျောက်တုံးက လမ်းကြောင်းပြောင်းပြီး တောင်အောက်သို့ လွင့်ထွက်သွားခဲ့သည်။
ရှေးဟောင်းကိရိယာ မရှိလျှင်ပင် အဒေါ့ဖ်၏ သိုင်းပညာက အံ့အားသင့်စရာ ကောင်းနေသေး၏။
သို့သော်ငြား ထိုခဏမှာပင် ဘုရင်မအီဒါက ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ သူမက ကျောက်တုံးကို ပစ်ပေါက်လိုက်စဉ်က ထိုကျောက်တုံးနှင့်အတူ လိုက်ပါလာခဲ့သောကြောင့်ပင်။
“ဘုန်း...”
အီဒါ၏ သံလက်သီးက အဒေါ့ဖ်ထံသို့ ကျရောက်သည်။ အဒေါ့ဖ်က သူ၏ဓားပါးဖြင့် ကာကွယ်လိုက်သော်လည်း “ဂျွတ်...” ဓားပါးက အီဒါ၏ ခွန်အားကို မခံနိုင်ဘဲ ကျိုးထွက်သွားသည်။
အဒေါ့ဖ်၏ ကိုယ်ဟန်က အလျင်အမြန် နောက်သို့ ဆုတ်ခွာသော်လည်း သူ၏ ရှေးဟောင်းကိရိယာနှင့် လှုပ်ရှားရိပ် မရှိတော့ခြင်းကြောင့် အီဒါ၏လက်သီးချက်က သူ၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျရောက်၏။ ကျယ်လောင်သည့် အသံနှင့်အတူ အဒေါ့ဖ်၏ ခန္ဓာကိုယ်က အမြှောက်ဆန်တစ်ခုကဲ့သို့ ပေ ၃၀ ကျော် လွင့်စင်သွားခဲ့ပြီး တောင်အောက်သို့ လိမ့်ကျသွား၏။
“အား...” ဘုရင်မအီဒါက စူးရှစွာ အော်ဟစ်၏။ သူမ၏ ခန္ဓာကိုယ်က အဒေါ့ဖ်၏နောက်သို့ လေထဲတွင် လိုက်ပါသွား၏။ ပြီးနောက်မှာတော့ လေထဲတွင်ပင် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ထွက် လာခဲ့ပြန်သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
သူမ၏ လက်သီးချက်များက မုန်တိုင်းအလားပင်။ အဒေါ့ဖ်ကလက်သီးကို မြှောက်၍ ကာကွယ်နေရသော်လည်း သူ၏ခွန်အားများက အီဒါကို မယှဉ်နိုင်ချေ။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်...
အီဒါ၏ လက်သီးချက်များက သူ၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်နေ၏။ သို့သော်ငြား အဒေါ့ဖ်က ကျောက်ရုပ်တစ်ခုကဲ့သို့ပင်။ အသံများက ကျယ်လောင်သော်လည်း သွေးထွက်ခြင်း မရှိသေးပေ။
“ဘုန်း...။”
အဒေါ့ဖ်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ သူက လျင်မြန်စွာဖြင့် ပြန်ထရန် ကြိုးစား၏။
“ဘုန်း...။” အီဒါ၏ နောက်ထပ် လက်သီးတစ်ခုက ထပ်မံကျရောက်လာပြန်၏။ အဒေါ့ဖ်ကလက်နှစ်ဖက်နှင့် ကာကွယ်သော်လည်း သူ၏ခန္ဓာကိုယ်က ပေ ၆၀ ခန့် လွင့်စင်သွားရသည်။
“သေစမ်း...။”
အီဒါက အမြောက်ဆန်တစ်ခုကဲ့သို့ နောက်မှလိုက်လာပြီး လက်သီးချက်များဖြင့် ထပ်မံတိုက်ခိုက်ပြန်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
အဒေါ့ဖ်က တကယ်ကို အစွမ်းထက်၏။ ရှေးဟောင်းကိရိယာနှင့် ဓားပါးတို့ မရှိလျှင်ပင် သူက အီဒါနှင့် လက်သီးချင်း ယှဉ်ပြိုင်နေဆဲပင်။ သူတို့နှစ်ဦးက လူသားပုံစံများရှိနေသည့် သားရဲရိုင်းကြီးများကဲ့သို့ပင် တစ်လျှောက်လုံး တိုက်ခိုက်လျက် ရှိသည်။
“ဘုန်း... ဘုန်း...”
ဖြတ်သန်းသွားရာ လမ်းတလျှောက် မြို့စားကြီးရပ်လ်ဆဲ၏ စစ်စခန်းများက စက္ကူများနှယ် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။ အိမ်များ၊ သစ်သားနှင့် သစ်ပင်များ .... သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် အားလုံးက ကြေမွကုန်၏။ ဤသည်က လူသားနှစ်ယောက် တိုက်ခိုက်နေခြင်းထက် ကမ္ဘာဦး သားရဲကြီးများ တိုက်ခိုက်နေခြင်း နှင့် ပို၍တူ၏။
မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးက ပေပေါင်းသောင်းချီသည့် နေရာသို့ ရောက်ရှိသွားပြီး တောအုပ်အတွင်းသို့ တိုးဝင်သွားကြပြန်၏။ ဤအချိန်မှာတော့ သူတို့နှစ်ဦးကို မမြင်ရတော့ဘဲ သစ်ပင်များ တစ်ပင်ပြီးတစ်ပင် လဲကျနေခြင်းနှင့် တောအုပ်ကြီးက မြေပြန့်ဖြစ်သွားသည်ကို ကြည့်ရှုရင်း တိုက်ပွဲမည်မျှ ပြင်းထန်ကြောင်းကို သိနိုင်သည်။
မြို့စားကြီး ရပ်လ်ဆဲက သူ မြင်တွေ့နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေ၏။ အဒေါ့ဖ် ဤမျှထိ အစွမ်းထက်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ရှေးဟောင်းကိရိယာ မပါလျှင်တောင် ရပ်လ်ဆဲက သူ့ကို မယှဉ်နိုင်သည်မှာ သေချာ၏။
.................
ရှေးဟောင်းကိရိယာကို ဆုံးရှုံးပြီးနောက် သူတို့နှစ်ဦး၏ တိုက်ပွဲက အထွတ်အထိပ် အခြေအနေဆီသို့ ရောက်ရှိနေ၏။ သုံးနာရီကြာအောင် တိုက်ခိုက်ခဲ့ပြီး တောအုပ်ပေါင်း ရာနှင့်ချီ ဖျက်ဆီး၏။ ထိုအရာက တင့်ကားတပ်ဖွဲ့ကြီး ဖြတ်သန်းသွားသကဲ့သို့ပင်။
သုံးနာရီကျော် ကြာပြီးနောက် အခြေအနေက သိသိသာသာ ပြောင်းလဲ၏။ ရွှေရောင် သွေးမျိုးဆက်ရှိသူသာလျှင် နောက်ဆုံး ကျန်ရှိနေ၏။
သူမက တိုက်ပွဲဝင်စွမ်းအားမျိုး မရှိသော်လည်း မွေးရာပါ ခွန်အားကြီးမားသူ၊ အဒေါ့ဖ်ကအားအင်ကို အသုံးပြုသူ ဖြစ်သောကြောင့် သုံးနာရီကြာ တိုက်ခိုက်ခဲ့ပြီးနောက် သူ၏ အတွင်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်လာခဲ့သည်။
“ဘုန်း... ဘုန်း...”
ဘုရင်မအီဒါက သစ်ပင်များကို တစ်ပင်ပြီးတစ်ပင်မ၍ အဒေါ့ဖ်ထံသို့ ပစ်ပေါက်၏။ ခဏမျှကြာပြီးနောက် အဒေါ့ဖ်က မရေတွက်နိုင်သည့် သစ်ပင်များအောက်တွင် နစ်မြုပ်၏။ ပြီးနောက် မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ချေ။ သေသွားခဲ့လေပြီလား။
ဘုရင်မအီဒါ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။ တစ်ဖက်လူ နောက်သို့ လျင်မြန်စွာ လိုက်၏။
“ထွက်ခဲ့စမ်း...” အီဒါက အော်ဟစ်၏။ ပြီးနောက် မြေပြင်ကို လက်သီးဖြင့် ထိုးနှက်ရာ နှစ်ပေခန့် နစ်သွား၏။ ပြီးနောက် သူမက တစ်စုံတစ်ဦးကို ဆွဲကိုင်ကာ အပေါ်သို့ မြှောက်တင်လိုက်သည်။
အဒေါ့ဖ်က တကယ်ပင် မြေအောက်လှိုဏ်ခေါင်းမှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်၏။ သူက သင်းခွေချပ်တွင်း တစ်ခုကို တွေ့ရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ကျုံ့ကာ ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်၏။ တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေ၏။
သို့သော်ငြား သူက ဘုရင်မအီဒါ၏ လက်ချက်မှ မလွတ်မြောက်ဘဲ အရှင်လတ်လတ် ဆွဲတင်ခြင်းကို ခံရသည်။
“ဝှစ်... ဝှစ်...”
သို့သော်ငြား အဒေါ့ဖ်ကအပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် သူ၏ခန္ဓာကိုယ်မှ မရေတွက်နိုင်သည့် အဆိပ်အပ်များ ကို မုန်တိုင်းလားပင် ပစ်ခတ်လေတော့၏။
“ဝှစ်... ဝှစ်... ဝှစ်...”
အီဒါကလည်း ကြိုတင်ပြင်ဆင်ပြီးသားပင်။ သူမ၏ လက်ထဲတွင် ရှိနေသည့် ကျာပွတ်ကို လျင်မြန်စွာ ဝှေ့ယမ်း၏။ ချက်ချင်းပဲ အဆိပ်အပ်အားလုံးက သံလိုက်အားပါသည့် ထိုကျာပွတ်တွင် ကပ်ငြိသွား၏။ အီဒါကို တစ်ချက်မှ မထိမှန်ခဲ့ချေ။
“ဝှစ်... ဝှစ်...”
အီဒါက ကျာပွတ်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သောကြောင့် ထိုအဆိပ်အပ်များက အဒေါ့ဖ်ဆီသို့ ပြန်လည် လွင့်စင်သွား၏။
အဒေါ့ဖ်၏အတွင်းအားက တဖျတ်ဖျတ် တောက်ပလာပြီး အဆိပ်အပ်များက လေထုတံတိုင်း တစ်ခုနှင့် တွေ့သွားသည့် အလားပင် လွင့်ထွက်ကုန်သည်။ ဤသူ၏ သိုင်းပညာက တကယ်ကို အစွမ်းထက်၏။ အင်အားနည်းပါးနေချိန်တွင်ပင် ဤမျှထိ အစွမ်းပြနေနိုင်သည်။
သို့သော်ငြား နောက်တစ်စက္ကန့်မှာတော့ အီဒါ၏ သံလက်သီးက အဒေါ့ဖ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြန်၏။ အဒေါ့ဖ်က လက်ဝါးဖြင့် ကာကွယ်လိုက်သော်လည်း ပေ ၃၀ ကျော်ခန့် လွင့်စင်သွားရ၏။
“ဘုန်း... ဘုန်း...။”
အီဒါ၏ သံလက်သီးက မုန်တိုင်းတိုက်သကဲ့သို့ စတိုက်ထိုးနှက်လျက်ရှိရာ အဒေါ့ဖ်ဆက်၍ မခံနိုင်တော့ချေ။ သူ၏ စိတ်နှလုံးတစ်ခုလုံးက တကယ်ကို ပင်ပန်းနွမ်းနယ်နေပြီး သူ၏ကာကွယ်မှုများ ကျိုးပေါက်သွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
အီဒါ၏ သံလက်သီးက ပိုမိုပြင်းထန်လာ၏။ အဒေါ့ဖ်၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ ထိုးနှက်လျက် ရှိပြီး မြေပြင်အောက် သုံး၊ လေးပေခန့်အထိ ရောက်ရှိစေ၏။ သွေးများက စင်ထွက်ကုန်၏။
“ဘုန်း...”
လက်သီးချက်များက အဆက်မပြတ် ကျရောက်လျက် ရှိနေ၏။ အဒေါ့ဖ်၏ အတွင်းအားများက ကုန်ခမ်းသွားခဲ့ပြီ ဖြစ်ပြီး သူ ဆက်၍ တောင့်မခံနိုင်တော့ချေ။ သူ၏ နံရိုးတချို့က ကျိုးပဲ့သွားသည်။
“အား... ရှုံးပြီပေါ့၊ ရှုံးပြီပေါ့။ ဒါပေမဲ့... အား...”
အဒေါ့ဖ်ကစကားမဆုံးခင်မှာပင် စူးရှသည့် အော်ဟစ်သံကြီးကို ထုတ်ဖော်၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်မအီဒါ က တစ်ဖက်လူ၏ လိင်အင်္ဂါစပ်ကို ချိန်ရွယ်ကာ သူမ၏ ဖနောင့်ဖြင့် ကန်လိုက်သောကြောင့်ပင်။
မျက်စိတစ်မှိတ်အတွင်း အဒေါ့ဖ်၏ မျိုးဆက်ပွားအင်္ဂါက ကြေမွသွားခဲ့သည်။
“အား... အား...” အဒေါ့ဖ်ကရူးသွပ်မတက် အော်ဟစ်၏။ ဤသည်က သာမန် လိင်အင်္ဂါကို ဖြတ်တောက်ခြင်း မဟုတ်ဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွသွားအောင် နင်းချေခဲ့ခြင်းပင်။
ဘုရင်မအီဒါက အေးစက်စက်နှင့် ပြော၏။ “ရှင့်ရဲ့ လိင်အင်္ဂါကို ဖျက်ဆီးခဲ့မယ်လို့ ပြောခဲ့တယ်။ ကျွန်မက သေချာပေါက် လုပ်မှာပဲ။”
ပြီးနောက် အီဒါက သူမ၏ ကျာပွတ်ကို ဝှေ့ယမ်းပြီး အဒေါ့ဖ်၏ လည်ပင်းကို ရစ်ပတ်ကာဖြင့် အပြင်ဘက်သို့ ဆွဲထုတ် လာသည်။
“ဘုန်း...။” အဒေါ့ဖ်၏ သွေးစွန်းလျက် ရှိနေသည့် ခန္ဓာကိုယ်ကြီးက ရှမ့်လန်၏ ရှေ့မှောက်သို့ ကျရောက်လာ၏။
“ကျွန်မ သူ့ရဲ့လိင်အင်္ဂါကို ဖျက်ဆီးလိုက်ပြီ။ ဒါက ရှင့်အဖေရဲ့ တပည့်ပဲ။ ရှင် ကြိုက်သလို လုပ်နိုင်ပြီ။” ဘုရင်မ အီဒါက ပြောသည်။
“ဟား ဟား ဟား ဟား”
အဒေါ့ဖ်ကရူးသွပ်သွားသူကဲ့သို့ ရယ်မော၏။ ပြီးနောက် သူ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။ “အရှင်ကျန်းလီရဲ့ တပည့်တဲ့လား။ ကျုပ် အဲလို မတွေးဘူး။ ကျုပ်က သူ့ရဲ့ နောက်လိုက်လေး တစ်ယောက်ပဲ။ ကျုပ်က ဘယ်မှာ သူ့တပည့် ဖြစ်ထိုက်မှာလဲ။ ပြီးတော့ ဘယ်သူကမှလည်း ကျုပ်ကို သူ့တပည့်လို့ အသိအမှတ် မပြုဘူး။ သူ့ရဲ့ တပည့် အစစ်အမှန်က ရင်ဝူမင်ပဲ။ ကျုပ်ကတော့ အရေးမပါတဲ့ လူတစ်ယောက်။”
အဒေါ့ဖ်ကစူးရှစွာဖြင့် ဆို၏။ ပြီးနောက် သူက သူ၏ ဦးခေါင်းပေါ်ရှိ ဆံပင်ဖြူများကို ဆွဲဖယ်လိုက်ရာ အညိုရောင် ဆံနွယ်များ ပေါ်ထွက်လာခဲ့၏။ သူ၏ မျက်နှာပေါ်ရှိ အရေပြားကို ဆွဲခွာလိုက်ရာ အညိုရောင် အသားအရေ ပေါ်ထွက်လာခဲ့၏။ သူက ထင်ထားသလောက် အသက်မကြီးသလို နတ်ဘုရားတစ်ပါးနှင့်လည်း မတူချေ။ သူက ဗီတာမျိုးနွယ်ဝင် တစ်ဦးသာ ဖြစ်သည်။
အဒေါ့ဖ်ကသနားစရာကောင်းလောက်အောင် ရယ်မောနေ၏။ “ကျုပ်က ပါရမီရှင်။ ဒါပေမဲ့ ဘာဖြစ်လဲ။ ကျုပ်က ဗီတာလူမျိုးပဲ။ ကျုပ်က နိမ့်ကျတဲ့လူအဖြစ် မွေးဖွားလာခဲ့တာ။ ကျုပ်က ဆော်ရွှန်မင်းသားရဲ့ လက်အောက်ခံဖြစ်ဖို့ အများကြီး ကြိုးစားခဲ့ရတယ်။ ကျုပ် တက်လူတစ်ယောက် ဖြစ်တော့မယ့်ဆဲဆဲမှာ အခုလို မူလဘဝကို ပြန်ရောက်သွားခဲ့ရပြန်ပြီ။ တကယ်ကို လှောင်ပြောင်ချင်စရာ ကောင်းလိုက်တာ။
ကျန်းလီ... ကျုပ် ခင်ဗျားကို မုန်းတယ်။ ကျုပ်က မူလတုန်းက ဘာရည်မှန်းချက်မှ မရှိတဲ့ သူခိုးတစ်ကောင်။ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာ ရှိနေပြီး ကျုပ်မှာ ဘာရည်မှန်းချက်မှ မရှိဘူး။ ခင်ဗျားပဲ အသက် အားလုံးကို တန်းတူ တန်ဖိုးထားတယ်။ မျိုးနွယ်စုအားလုံးကို တန်းတူတန်ဖိုးထားတယ်ဆို။
ကျုပ်က ပါရမီရှင်ပဲ။ ဒီလောကကြီးမှာ ကျုပ်အတွက် နေရာရှိတယ်လို့ ပြောခဲ့တယ်။ ခင်ဗျားပဲ ကျုပ်ကို ခေါ်ထုတ်ပြီးတော့ တကယ့်လောကကြီးကို ပြသခဲ့တယ်။ ကျုပ် ဒါတွေကို သိလေလေ နာကျင်လေလေပဲ။ ကျုပ်မှာ ရည်မှန်းချက်တွေ ကြီးလာလေလေ ပိုပြီး နာကျင်ရလေပဲ။
ရှမ့်လန်... မင်းရဲ့အဖေက ဘယ်သူလဲ သိလား။ ရှမ့်လန်... မင်းအဖေ ကျန်းလီက အသုံးမကျတဲ့လူ တစ်ယောက်ပဲ။ အရှေ့တိုင်းရဲ့ ဧကရာဇ် ဘယ်လိုဖြစ်တာလဲ ဆိုတာကို သိလား။ အကြောင်းကတော့ သူက ထိတ်လန့်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့လို့ပဲ။ အဲဒီ လျှို့ဝှက်ချက်က သူ့ကို လောကအနှံ့ကို မသွားနိုင်တော့ဘဲ ကြီးမားတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်စေခဲ့တာ။ သူ ဘယ်နေရာမှာ နိဗ္ဗာနကူးပြောင်းမှုကို ခံယူခဲ့လဲ ဆိုတာ သိလား။”
ထိုအချိန်မှာပဲ ဒီဘိုရာက ရုတ်တရက် လှမ်းကြည့်သည်။ “ကြည့်အုံး... နှင်းတွေ ကျလာပြီ။”
ရှမ့်လန်က ဒီဘိုရာ ညွှန်ပြရာကို မကြည့်ဘဲ မနေနိုင်ချေ။ ဘုရင်မအီဒါနှင့် အဒေါ့ဖ်တို့ တိုက်ခိုက်နေသည့် နေရာ၌ တကယ်ပင် နှင်းများ ဖုံးလွှမ်းလာခဲ့၏။ နှင်းကျသည့် နေရာများက ကျောက်စိမ်းဖြူမြို့တော်၏ ဩဇာ သက်ရောက်ရာ နယ်မြေပင်။ သို့သော်လည်း ကျောက်စိမ်းဖြူမြို့တော်၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။ နှင်းများသာ ရှိနေ၏။
“သခင်လေး ရှမ့်လန်... နေကောင်းကျန်းမာပါသလား။”
“ကျောက်စိမ်းဖြူမြို့တော်က မိန်းကလေး.. နေကောင်းပါရဲ့လား။ ဒီတစ်ခါလည်း ကျုပ်ကို အတွေ့မခံဘူးလား။” ရှမ့်လန်က မေးသည်။
“လိုအပ်တဲ့အချိန်ကျရင် ကျွန်မတို့ တွေ့ကြမှာပေါ့။”
ရှမ့်လန်က ပြော၏။ “ကျောက်စိမ်းဖြူမြို့တော်က မိန်းကလေး... ခင်ဗျား အဒေါ့ဖ်ကို ကယ်တင်ဖို့ လာခဲ့တာလား။”
“မဟုတ်ပါဘူး။ ကျွန်မ ရှင့်အတွက် သီးသန့် လာခဲ့တာပါ။”