← Chapters

အခန်း (၉၀၁-၉၀၂)

Vol. 54 Ch. 901-902

အခန်း (၉၀၁-၉၀၂)

Vol. 54 Ch. 901-902

အပိုင်း (၉၀၁)

“ယောကျ်ား... အနောက်လောကတစ်ခုလုံးမှာ သဘာဝလွန် အင်အားစု မရှိဘူးဆိုတာ သိလား။”

ဒီဘိုရာက ပြော၏။ “ကျောက်စိမ်းဖြူမြို့တော်က အမြင့်ဆုံးမှာ ရှိနေတယ်။ ဒါပေမဲ့ ကျွန်မတို့နဲ့ ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ဘူး။ တခြား ဘာသာရေးဂိုဏ်းတွေက ရှီလွန်အင်ပါယာ ဧကရာဇ်ဟောင်းရဲ့ ကျောထောက်နောက်ခံပြုမှုကို ရရှိခဲ့တယ် ဆိုပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က ဧကရီဟယ်လင်ရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကို ခံခဲ့ရတယ်။ ဒါကြောင့် မီးနတ်ဘုရားဂိုဏ်းက သဘာဝလွန်အင်အားစုနဲ့ အနီးစပ်ဆုံးပဲ။ သူတို့က အရှေ့လောကသဘာဝလွန်အင်အားစုတွေနဲ့ ပုံသဏ္ဍာန် တူတယ်။”

ဒီဘိုရာ၏ ဆိုလိုရင်းကို ရှမ့်လန် နားလည်သွားခဲ့၏။

“အရှေ့လောကမှာ သဘာဝလွန်အင်အားစု ခြောက်ခု ရှိတယ်။ တော်ဝင်ရန်အင်ပါယာက ရှေးဟောင်းယဉ်ကျေးမှု တစ်ခုလုံးကို လက်ဝါးကြီးအုပ်ပြီး အရှေ့လောကကို အုပ်ချုပ်နေတယ်။”

ဒီဘိုရာက ဆက်ပြောသည်။ “ဒါက သဘာဝလွန်အင်အားစုတွေနဲ့ ဘုရင်နိုင်ငံကြားထဲက ဆက်စပ်မှုတွေ အရမ်းကို နက်ရှိုင်းနေတယ်လို့ ပြနေတာပဲ။”

ထို့ကြောင့် ဒီဘိုရာက ထိုဂိုဏ်းကို သဘောကျခဲ့ခြင်းပင်။ သူမက တစ်ဖက်လူများ၏ ဆန်းကြယ်သည့် စွမ်းအားကို လိုချင်ပြီး တစ်ဖက်လူများကလည်း သူမ၏ အာဏာကို အလိုရှိ၏။ ထို့ကြောင့် အချိတ်အဆက် မိသွားခဲ့ခြင်းပင်။

“ယောကျ်ား...”

ဒီဘိုရာက မေး၏။ “အရှေ့လောကရဲ့ ရန်အင်ပါယာ...”

ရှမ့်လန်က ပြောသည်။ “အရှေ့လောကနဲ့ တော်ဝင်အင်ပါယာက အရမ်းကို အင်အားကြီးတယ်။ ဘာလို့ သူတို့က အနောက်လောကကို ကျူးကျော်ပြီး လောကသစ်ကို မသိမ်းပိုက်နိုင်တာလဲလို့ မေးချင်တာလား”

ဒီဘိုရာက ခေါင်းညိတ်ပြ၏။ တော်ဝင်ရန်အင်ပါယာက မည်မျှ အင်အားကြီးကြောင်း မသိသော်လည်း ထင်မှတ်ထားသည်ထက် များစွာ အင်အားကြီးမားကြောင်းတော့ သိရှိပြီးဖြစ်၏။

အကယ်၍ ထိုသို့သာဆိုလျှင် အဘယ်ကြောင့် အရှေ့လောကက အနောက်လောကကို မကျူးကျော်ခဲ့ရသနည်း။ အဘယ်ကြောင့် ကုန်သွယ်မှုကို လုံးဝဖြတ်တောက်ထားရသနည်း။ ဤအချက်က အနည်းငယ် ယုတ္တိမရှိသလို ဖြစ်နေ၏။

အမှန်စင်စစ် ဒီဘိုရာတင်မက ရှမ့်လန်ကိုယ်တိုင်ပင်လျှင် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။ အရှေ့လောက၏ သဘာဝလွန်အင်အားစု ခြောက်ခုက ရှေးဟောင်းအမွေအနှစ်၏ အကြွင်းအကျန်များအတွက် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြပြီး အနောက်လောကတွင်လည်း မစူးစမ်းရသေးသည့် ရှေးဟောင်းအကြွင်းအကျန်များ ရှိနေသည်ကို သိသိသာသာပင် သိရှိနေပါလျက်နှင့် အဘယ်ကြောင့် အနောက်လောကဆီသို့ မလာကြသနည်း။

ဤရှေးဟောင်းအကြွင်းအကျန်များက နယ်မြေအမျိုးအစား ခွဲခြားမှုမျိုး ရှိနေသည်လား။ အနောက်တိုင်း အကြွင်းအကျန်များက အနောက်တိုင်းနှင့်သာ သင့်တော်ပြီး အရှေ့တိုင်း၏ အကြွင်းအကျန်များက အရှေ့တိုင်းနှင့် သာ သင့်တော်သည်လား။ ဤသည်မှာလည်း အဓိပ္ပာယ်မရှိချေ။ ဤလောကကြီးက သူ ထင်မှတ်ထားသည်ထက် ပိုမိုကာ ဆန်းကြယ်နေပုံပေါ်သည်။

“ကဲ ယောကျ်ား... မီးနတ်ဘုရားဂိုဏ်းရဲ့ နတ်ဆရာမကြီးနဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်ပြီလား။” ဒီဘိုရာက မေး၏။

“သိပ်ဖြစ်တာပေါ့။” ရှမ့်လန်က ပြောသည်။

ပြီးနောက် ဒီဘိုရာ ထွက်ခွာသွားခဲ့ပြီး ခဏအကြာမှာတော့ မီးနတ်ဘုရားဂိုဏ်း၏ ဆန်းကြယ်သည့် နတ်ဆရာမကြီးက လမ်းလျှောက်ဝင်လာ၏။ သူမက အနီရောင်ဦးထုပ်ကို ဆောင်းထားသည့် ဆန်းကြယ်သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။

ဦးထုပ်ကို ဖယ်လိုက်သည့်အချိန်တွင် မီးတောက်ကဲ့သို့ အနီရောင်ဆံပင်များရှိသည့် လှပသော သက်လတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း မြင်ရ၏။ သူမ၏ မျက်လုံးများက သာမန်လူများနှင့် မတူဘဲ ထူးခြားနေ၏။ မျက်လုံးထဲတွင် ထူးခြားသည့် စိတ်ဝိညာဉ်စွမ်းအား အချို့ ကိန်းဝပ်နေပုံရပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် လူတို့၏ နှလုံးသားကို ထိုးဖောက်မြင်နေသကဲ့သို့ပင်။ ထိုစဉ်က ရှမ့်လန်ကို ငရဲမီးပိုးကောင်နှင့် လုပ်ကြံခဲ့သူကလည်း ဤနတ်ဆရာမပင်။

“ဂါရဝပြုပါတယ် သခင်လေးရှမ့်လန်။”

ထိုအမျိုးသမီးက ပြောသည်။ “လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက မသက်မသာဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ကျွန်မကပဲ တောင်းပန်ပါတယ်။”

ရှမ့်လန်က မျက်မှောင်ကြုတ်လိုက်၏။ “ဒါက မသက်မသာ ဖြစ်စေရုံတင်မကဘူး။ ကျုပ်ရဲ့ အမေဇုန် စစ်သည် ၃၉ ယောက် အသက် စတေးခဲ့ရတယ်။ သူတို့က စစ်မြေပြင်မှာ သေဆုံးခဲ့ရတာ မဟုတ်ဘဲ ခင်ဗျားတို့ရဲ့ လုပ်ကြံမှုနဲ့ ပရိယာယ်အောက်မှာ သေဆုံးသွားခဲ့တာ။ အကယ်၍ ခင်ဗျားတို့ ဒါကိုတာဝန်မယူဘူးဆိုရင် ကျုပ် ဒါကို မေ့မှာမဟုတ်ဘူး။”

“ဒါပေါ့၊ ကျွန်မ တာဝန်ယူပါ့မယ်။” မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမကြီးက လက်ခုပ်တီး၏။ ချက်ချင်းပဲ လူတချို့က သေတ္တာကြီးကြီးများကို သယ်ဆောင်လာ၏။ သေတ္တာကို ဖွင့်လိုက်ချိန်တွင် အတွင်း၌ လူဦးခေါင်းများ စီတန်းထားသည်ကို မြင်ရသည်။

“ဒီမှာ လူဦးခေါင်း ၉၉ ခု ရှိပါတယ်။ ဒါက မီးနတ်ဘုရားဂိုဏ်းဝင်တွေရဲ့ ဦးခေါင်းတွေပါပဲ။”

နတ်ဆရာမကြီးက ဆို၏။ “သူတို့က ရှင့်ကိုပြစ်မှားခဲ့ကြလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ကို ဆေးကြောခဲ့ကြတာပါ။ ဒါတင်နဲ့ မလုံလောက်သေးရင် ရှင် အလိုရှိတဲ့ အရေအတွက်ကို ပြောနိုင်ပါတယ်။”

တကယ်ကို ရက်စက်လွန်း၏။ သို့သော်ငြား ထိုအရာက တကယ်ပင် သတ်သေခြင်းလား သို့မဟုတ် အတင်းအကျပ် သတ်သေခိုင်းခဲ့ခြင်းလား သူ မသိပေ။ ရှမ့်လန်က နတ်ဆရာမကြီးကို မကြည့်ဘဲ မနေနိုင်ချေ။ ထိုစဉ်က ရှမ့်လန်ကို လုပ်ကြံခဲ့သည့် တရားခံများက ဒီဘိုရာနှင့် သူမ၏ ရှေ့ရှိ နတ်ဆရာမကြီးတို့ ဖြစ်၏။ ဒီဘိုရာက သူ၏မိန်းမ ဖြစ်လာခဲ့သောကြောင့် ဤနတ်ဆရာမကြီးကို အဘယ်သို့ အပြစ်ပေးရတော့မည်နည်း။

ဆန်းကြယ်သည့် နတ်ဆရာမကြီးက ဘာမှမပြောဘဲ သူမ၏ ဝတ်စုံကို တိုက်ရိုက်ချွတ်ချ၏။ ဝတ်ရုံအောက်တွင် ဘာအဝတ်မှ မရှိချေ။ သူမ၏ လှပပြီး ကျစ်လျစ်သည့် ကိုယ်လုံးကိုယ်ပေါက်က အထင်းသား ပေါ်ထွက်နေသည်။

“ဒါတင် မလုံလောက်သေးဘူးလို့ ခံစားရရင်လည်း ရှင်ပြောနိုင်ပါတယ်။ ရှင့်ရဲ့ ခွင့်လွှတ်မှုကို ရရှိဖို့အတွက်ဆိုရင် ကျွန်မ ဘာမဆိုလုပ်ဖို့ အဆင်သင့်ပါပဲ။” မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမကြီးက ပြော၏။

သူမ၏ ရှေ့ရှိ နတ်ဆရာမကြီးက အလွန်လှပသော်လည်း ရှမ့်လန်က အနောက်လောကတွင် အလှအပများစွာနှင့် လုံလောက်စွာ ထိတွေ့ခဲ့ပြီးဖြစ်၏။ ထို့အပြင် သူက တကယ်ကို အားအင်ကုန်ခမ်းနေ၏။ ယမ်းစိမ်းကျွန်းတွင် ဘုရင်မအီဒါ၏ နှိပ်စက်မှုကိုခံခဲ့ရပြီး ပြန်ရောက်လာသည့်အချိန်တွင်လည်း ခြင်္သေ့မလေးဒီဘိုရာ၏ နှိပ်စက်မှုကို ထပ်မံခံခဲ့ရသေး၏။ အနောက်လောကတွင် ကျောက်ကပ် အားကောင်းစေသည့် ဆေးများမရှိသည်ကို သူ နာကျည်းကာ တောက်တခေါက်ခေါက် ဖြစ်နေမိ၏။ သို့ပေမည့် လှပသည့် ခန္ဓာကိုယ်ကို ကြည့်ရှုရသည်က စိတ်ချမ်းသာစရာပင်။

“ကဲ ... ခင်ဗျား အဝတ် မဝတ်ချင်ရင် ဒီအတိုင်းပဲ စကားပြောကြတာပေါ့။”

“ကဲ ရှင့်မှာ ဘာစားချင်စိတ်မှ မရှိဘူးလို့ ထင်ပါတယ်။”

မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမကြီးက ဆို၏။ ပြီးနောက် သူမက သေတ္တာတစ်ခုကို ဖွင့်ပြ၏။ အတွင်း၌ ရှေးဟောင်းစာအုပ် ရှိနေ၏။

“ဒါက ရှင့်အတွက် လက်ဆောင်ပါပဲ။ လက်ခံပေးပါ။ မဟုတ်ရင် ကျွန်မတို့ စိတ်မအေးနိုင်လို့ပါ။”

ဤသည်က အဖိုးတန် လက်ဆောင်တစ်ခုပင်။ ရှမ့်လန်က အနောက်လောကတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရှေးဟောင်းစာအုပ် တစ်အုပ်ကို မြင်ရခြင်းပင်။ မီးနတ်ဘုရားဂိုဏ်းက ဆန်းကြယ်ပြီး အစွမ်းထက်သည့် ရှေးဟောင်းစွမ်းအင်အချို့ကို ပိုင်ဆိုင်ထားကြသောကြောင့် ဤစာအုပ်မှတစ်ဆင့် ရှမ့်လန်က ဆန်းကြယ်သည့် လက်နက်အသစ်များကို သုတေသနပြုလုပ်နိုင်ပေလိမ့်မည်။

“ကျုပ် လက်ခံပါ့မယ်။”

ရှမ့်လန်က ပြောလိုက်၏။ “နတ်ဆရာမကြီး ကျုပ်ကို လာတွေ့ရတဲ့ အကြောင်းအရင်းကို သိပါရစေ။ ကျုပ် ပြောထားချင်တာက ဟယ်လင်နဲ့ ကျုပ်က မောင်နှမအရင်းတွေ ဖြစ်ပေမဲ့ ရှီလွန်အင်ပါယာရဲ့ ပြည်တွင်းရေးကို ကျုပ် ဘယ်တော့မှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ သူမကို ကိုယ်စားတောင်းဆိုရမဲ့ ကိစ္စရပ်တွေဆိုရင် ကျုပ် ဘယ်တော့မှ တောင်းဆိုပေးမှာမဟုတ်ဘူး။”

“ဒါပေါ့။”

နတ်ဆရာမကြီးက ပြောသည်။ “ကျွန်မတို့ လုပ်ဆောင်သမျှ အရာအားလုံးက အရင်က အမှားတွေကို ပြန်လည် တောင်းပန်ရုံ သက်သက်ပါပဲ။ တခြား ဘာကန့်သတ်ချက်မှ မရှိပါဘူး။”

သူမက တကယ်ကို ပါးနပ်လွန်းသည့် လူတစ်ဦးပင်။

ပြီးနောက် မတ်ဆရာမကြီးက ပိုးသားအဝတ်တစ်ခုကို ကုလားထိုင်ပေါ်တွင် တင်ကာဖြင့် ရှမ့်လန်ကို မေးမြန်း၏။ “ကျွန်မ ထိုင်လို့ရမလား။”

“သိပ်ရတာပေါ့။ ထိုင်ပါ။” ရှမ့်လန်က ပြောလိုက်သည်။

နတ်ဆရာမကြီးက ယဉ်ကျေးစွာ ထိုင်၏။ သူမက စကားလုံး အနည်းငယ်ကို သေချာ စဉ်းစားပြီး ပြော၏။ “သခင်လေးရှမ့်လန်... အနောက်လောကက သဘာဝလွန် အင်အားစုတွေပေါ် အဆင်မပြေတဲ့ ခံစားချက်တွေ အများကြီး ရှိနေတာကို ကျွန်မ သိပါတယ်။ အရှေ့လောကက သဘာဝလွန် အင်အားစုတွေက အရမ်းကို အင်အားကြီး ကြတယ်။

သူတို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျွန်မတို့က အခုမှ မွေးလာတဲ့ ကလေးလေးတွေလိုပဲ။ ဒါပေမဲ့ ဒါကြောင့်လည်း ကျွန်မတို့က ပြုပြင်ရ လွယ်ကူတာပေါ့။ အနည်းဆုံး ကျွန်မတို့က ဒီလောက်ထိ မာနကြီးလှခြင်း မရှိသလို ရှေးရိုးလည်း မစွဲကြဘူး။ ကျွန်မတို့ရဲ့ သဘောထားက အရမ်းကို ပွင့်လင်းပါတယ်။”

ရှမ့်လန်က ပြုံးကာ မေးသည်။ “ခင်ဗျားတို့ရဲ့ဂိုဏ်းက ထွန်းကားခဲ့တာ ဘယ်လောက်ကြာပြီလဲ။”

နတ်ဆရာမက ပြော၏။ “သမိုင်းအရ ပြောရမယ်ဆိုရင် နှစ်ပေါင်း ၅၀၀ လို့ ကျွန်မ ပြောနိုင်ပေမဲ့ ရှင့်ရှေ့မှာတော့ ရိုးသားဖို့ ရွေးချယ်ရပါလိမ့်မယ်။ ကျွန်မတို့ သန့်စင်တဲ့နည်းပညာတွေကို ရှာတွေ့ပြီး စတင်ထွန်းကားလာခဲ့တာ နှစ်ပေါင်း ၁၀၀ ပဲ ရှိပါသေးတယ်။ ဒါတောင်မှ ယိမ်းယိုင်နေဆဲပါ။”

ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ဂိုဏ်းရဲ့ စွမ်းအားကို မြင်ဖူးပါတယ်။”

နတ်ဆရာမကြီးက ပြော၏။ “အရှေ့တိုင်းသားတွေရဲ့ စကားအတိုင်း ပြောရရင် ပညာရှိအရှေ့မှာ ဂုဏ်မောက်သလို ဖြစ်နေတယ်။”

ပြီးနောက် သူတို့နှစ်ဦးက အကြောင်းရင်းမရှိဘဲ ရောက်တတ်ရာရာ စကားစမြည် ပြောဆိုလျက်ရှိ၏။

နတ်ဆရာမကြီး၏ ဆိုလိုရင်းက ရိုးရှင်း၏။ သူမက မိတ်ဆွေဖွဲ့ရန် လာခဲ့ခြင်းသာဖြစ်၏။ အရာအားလုံးက ခင်မင်မှုအတွက် ဖြစ်ပြီး အကျိုးစီးပွားအတွက် မဟုတ်ချေ။ ထို့ကြောင့် မည်သည့် ညှိနှိုင်းဆွေးနွေးမှုမှ မရှိခဲ့ချေ။

အတိုချုပ်ပြောရမည်ဆိုလျှင် သူမ၏စကားလုံးများထဲတွင် ဆိုလိုရင်းက တစ်ခုသာရှိ၏။ အရှေ့လောကမှ သဘာဝလွန် အင်အားစုများကြောင့် မီးနတ်ဘုရားဂိုဏ်းပေါ် အစွဲအလမ်း မထားရန်နှင့် ယခင်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကြောင့် ရန်လိုသည့် သဘောထားမျိုး မရှိရန်ပင်။

ရှမ့်လန်၏ ခန့်မှန်းချက်ကလည်း မှန်ကန်ခဲ့၏။ ဤမီးနတ်ဘုရားဂိုဏ်းက အနောက်လောကရှိ သဘာဝလွန် အင်အားစုများ ၏ အခြေခံ ပုံသဏ္ဍာန်နှင့် တူသော်လည်း ထိပ်တန်းအာဏာရှင် ဖြစ်ရန်တော့ များစွာ ဝေးကွာနေသေး၏။ အမှန်စင်စစ် ပျောက်ဆုံးနိုင်ငံအတွင်းရှိ နှင်းဖုံးတောင်ထိပ်မှ ပိရမစ်ကဲ့သို့သော လောလောဆယ် လောကကြီးနှင့် လုံးဝအဆက်အသွယ် ပြတ်တောက်နေသည့် သဘာဝလွန် အင်အားစု တစ်ခုကလည်း ရှိနေပြီဖြစ်သည်။

“ကျွန်မ သခင်လေးရှမ့်လန်ကို အချိန်အတော်ကြာအောင် နှောင့်ယှက်မိပြီ။ အဖိုးတန်တဲ့အချိန်တွေပေးပြီး တွေ့ဆုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျွန်မ မေ့မှာ မဟုတ်ဘူး။”

နတ်ဆရာမ ဆို၏။ “နောက်ဆုံးအနေနဲ့ သင့်တော်တဲ့အချိန်မှာ ကျွန်မတို့ရဲ့သန့်စင်တဲ့ ယစ်ပုလ္လင်ဆီကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ။”

ရှမ့်လန်က ပြောသည်။ “ကျုပ် လာခဲ့ပါ့မယ်။ အခြေအနေတွေ သင့်တော်ပြီလို့ ခံစားရတဲ့ အချိန်မှာ ခင်ဗျားဆီကို လာရောက်လည်ပတ်ခွင့် တောင်းဆိုချက်တစ်ခု ပို့ပေးပါ့မယ်။ ခင်ဗျားတို့ရဲ့ခင်မင်မှုကို ကျုပ် အပြည့်အဝ ခံစားရပါတယ်။”

နတ်ဆရာမကြီးက ပြန်ထ၏။ “ကျွန်မ အဝတ် ပြန်ဝတ်လို့ ရပြီလား။”

“သိပ်ရတာပေါ့။”

ရှမ့်လန်က ပြောသည်။ “လှပတဲ့ မြင်ကွင်းကို ကြည့်ရင်း စကားပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဆရာမကြီး။”

“ကျွန်မလို နိမ့်ကျတဲ့ ခန္ဓာကိုယ်ကို ရှင့်လိုလူတစ်ယောက်က အသိအမှတ်ပြုပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

နတ်ဆရာမကြီးက ပြော၏။ “ဒါဆိုရင် ပြန်ခွင့်ပြုပါအုံး။ ရှင့်ရဲ့ အရှေ့လောကဆီ ပြန်တဲ့ခရီးမှာ အရာရာ ချောမွေ့ပြီး ရှင့်ရဲ့ အလိုဆန္ဒတွေ ပြည့်ဝပါစေလို့လည်း ဆုတောင်းပေးပါတယ်။”

ရှမ့်လန်က ပြန်လည်ကာ ပြောဆိုသည်။ “ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဂိုဏ်းလည်း ချောမွေ့စွာဖြင့် အောင်မြင် တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။”

“ကျွန်မ လုပ်လို့ရမလား။” နတ်ဆရာမကြီးက သူမ၏ လက်မောင်းများကို ဖြန့်လိုက်၏။

“သိပ်ရတာပေါ့။” ရှမ့်လန်ကလည်း သူ၏လက်မောင်းကို ဆန့်တန်းပေးလိုက်၏။ သူတို့နှစ်ဦးက ညင်သာစွာ ပွေ့ဖက်သည်။

နတ်ဆရာမကြီးက ရှမ့်လန်၏ပါးကို နမ်း၏။

တံခါးဝသို့ထွက်ခွာစဉ်မှာပင် နတ်ဆရာမကြီးက မေးခွန်းတစ်ခုကို မေးသည်။ “သခင်လေးရှမ့်လန်... ရှင် ဘုရင်မ မြို့တော်ကို သွားမှာလား။”

ရှမ့်လန်က ဖြေ၏။ “သွားမှာပေါ့။”

နတ်ဆရာမကြီးက ပြောသည်။ “တတ်နိုင်သမျှ အမြန်ဆုံးသွားဖို့ အကြံပြုပါရစေ။”

ဤစကားကြောင့် ရှမ့်လန်၏မျက်ခုံးများက အနည်းငယ် တုန်လှုပ်သွားခဲ့၏။ ဘာကိုဆိုလိုသနည်း။ မီးနတ်ဘုရားဂိုဏ်း၌ သူတို့၏ ကိုယ်ပိုင်ထောက်လှမ်းရေးအဖွဲ့ ရှိသလို သူတို့က မြောက်ဘက်ပိုင်းရှိ တော်ဝင် မှူးမတ်များ နှင့် အလွန်ရင်းနှီးကြ၏။ အချို့သော လျှို့ဝှက်ချက်များကို သိရှိထားဟန်ပင်။

“ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ပြီးနောက် ရှမ့်လန်က ညစာစားပွဲ ခန်းမဆီသို့ ပြန်မသွားတော့ချေ။ ထိုအစား သူက ဝရန်တာတွင် ရပ်ပြီး ဘုရင်မမြို့တော်ရှိရာ ဘက်ကို လှမ်းကြည့်၏။ သေချာသည်က သူ ဘာမှမမြင်ရချေ။ ထိုနေရာက ပီကျင်းမြို့နှင့် မိုင်ပေါင်းသောင်းချီ၍ ဝေးကွာလွန်းနေ၏။

ရှမ့်လန်က ယောင်ယောင်ကို တစ်နှစ်အတွင်း လာခေါ်မည်ဟု ကတိပေးခဲ့၏။ သူ တွားသွားရမည် ဆိုလျှင်တောင်မှ သူမ ရှိရာသို့ တွားသွားရပေမည်။ ယခု နှစ်လ ကျန်နေသေး၏။ သို့သော်ငြား ရှမ့်လန်က မနက်ဖြန်တွင်ပင် ဘုရင်မမြို့တော်သို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ စောလေ ကောင်းလေပင်။

သူ တစ်ဦးတည်း သွားရုံနှင့် မလုံလောက်ပေ။ အဓိက သော့ချက်ကတော့ မင်းသမီးဟယ်လင်ပင် ဖြစ်၏။ သို့သော်ငြား ထိုသို့မသွားခင် မင်းသမီးဟယ်လင်က တောင်ဘက်ပိုင်းရှိ တော်ဝင်မျိုးနွယ်များနှင့် တွေ့ဆုံပွဲ ကျင်းပရမည်။ သူမက တောင်ဘက်ပိုင်းရှိ မှူးမတ်များနှင့် အစုအဖွဲ့ တည်ထောင်မှုကို အတည်ပြု ပြီးမှသာလျှင် ဘုရင်မမြို့တော်သို့ ချီတက်နိုင်ပေလိမ့်မည်။ ထိုမှသာလျှင် ဆော်ရွှန်နှင့် နောက်ထပ် ညှိနှိုင်းဆွေးနွေးမှုများတွင် သူမ၌ အကြွင်းမဲ့ ယုံကြည်မှု ရှိနေပေမည်။

“ယောကျ်ား... ဘာဖြစ်လို့လဲ။” ဒီဘိုရာက ရှမ့်လန်ကို အနောက်မှ ဖက်ရင်း မေး၏။

ရှမ့်လန်က ပြန်မေးသည်။ “ညစာစားပွဲ ပြီးဖို့ ဘယ်လောက်ကြာအုံးမလဲ။”

ဒီဘိုရာက ဖြေ၏။ “နှစ်နာရီလောက်ပေါ့။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ပြန်မသွားတော့ဘူး။ ဘုရင်မမြို့တော်ကို အရင် သွားနှင့်တော့မယ်။ အစ်မ ဟယ်လင်ရဲ့ သိုင်းပညာက မြင့်မားတယ်။ သူ ငါ့ကို နှစ်ရက်အတွင်း လိုက်မီနိုင်ပါလိမ့်မယ်။”

ဒီဘိုရာ မေး၏။ “ဘာလို့လဲ။ ဘုရင်မမြို့တော်မှာ အပြောင်းအလဲတွေ ရှိနေလို့လား။”

ရှမ့်လန်က ပြောသည်။ “အပြောင်းအလဲ မဟုတ်တဲ့ အပြောင်းအလဲတွေပါပဲ။”

ဒီဘိုရာက ပြော၏။ “ယောကျ်ား... ဒါဆိုရင် ကျွန်မလည်း လိုက်ခဲ့မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “မလိုပါဘူး။ မင်းမှာ ကိုယ်ဝန်ရှိနေတယ်။ ခရီးရှည်ကြီး သွားဖို့ မသင့်တော်ဘူး။ ပြီးတော့ ပီကျင်းမြို့ပဲဖြစ်ဖြစ်၊ မူလန်မြို့ပဲဖြစ်ဖြစ် မင်းရဲ့ စီမံခန့်ခွဲမှု မရှိလို့ မဖြစ်ဘူး။”

ဒီဘိုရာက ညင်သာစွာ မေး၏။ “ယောကျ်ား... ကျွန်မတို့ အတူရှိခဲ့တာ မကြာသေးဘူး။ အခု ခွဲရတော့မှာလား။”

ဤစကားက သူမ၏ နိုင်ငံရေးဗီဇမှ လာခြင်း ဖြစ်သလို့ သူမ၏ စိတ်လှုပ်ရှားမှုဗီဇမှ လာခဲ့ခြင်းလည်း ဖြစ်သည်။ သူမက နိုင်ငံရေးသတ္တဝါတစ်ဦးဖြစ်သော်လည်း ခံစားချက်မရှိသူ မဟုတ်ချေ။ သူမက သူမ၏ ခံစားချက်များကို မယုံကြည်သောကြောင့် အကြွင်းမဲ့ ယုတ္တိရှိသည့် အကျိုးစီးပွားကိုသာ ပဓာန ထားတတ်သူ ဖြစ်ခဲ့သည်။

အကျိုးစီးပွားနှင့် ကိုက်ညီသည့်အချိန်မှာတော့ သူမက စစ်မှန်သည့် ခံစားချက်များကို ရင်းနှီးမြှုပ်နှံတတ်၏။ အကြောင်းရင်းက သူမကိုယ်တိုင် မည်သို့ ပျော်ရွှင်ချမ်းမြေ့အောင် နေထိုင်ရမည် ဆိုသည်ကို သိရှိသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ အမျိုးသမီးတစ်ဦးအနေဖြင့် မည်မျှ သန်မာစေကာမူ အချစ်မရှိလျှင် မပြည့်စုံနိုင်ချေ။

ရှမ့်လန်က သူမ၏ ခါးကို အသာအယာ ဖက်ရင်းမှ ဒိုဟာကို လှမ်းပြော၏။ “ဒိုဟာ.. ပြင်ဆင်တော့။ အခုပဲ ထွက်သွားတော့မယ်။”

“ကောင်းပါပြီ။”

***

အပိုင်း (၉၀၂)

တစ်နာရီ၏ လေးပုံတစ်ပုံမျှ ကြာပြီးနောက် အမေဇုန် စစ်သည်တစ်ထောင်၏ ကာကွယ်မှုအောက်မှာပဲ ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်း၏ အမြန်ဆုံးသော သင်္ဘောပေါ်သို့ တက်ကာဖြင့် ပီကျင်းမြို့၏ ရေပိုင်နက်မှ ထွက်ခွာ၏။ ဘုရင်မမြို့တော်ရှိရာသို့ ဦးတည်၏။ သူတို့က ၁၂ ရက်အတွင်း ရောက်ရှိရပေလိမ့်မည်။

သင်္ဘောဦးတွင် ရပ်ရင်း ရှမ့်လန်က မြောက်ဘက် ကောင်းကင်ယံဆီသို့ လှမ်းကြည့်၏။ ဘုရင်မ မီဒူဆာ၏ စကားလုံးများက သူ၏နားထဲတွင် ထပ်မံကာ ပဲ့တင်ထပ်လာမိ၏။

“ရှမ့်လန်... ပြည့်စုံတဲ့ ချောင်ယောင်းအာကို ရှင့်ဆီ ပြန်ပေးပါ့မယ်။ သူ့ကို ဘာအစအနမှမကျန် ပြည့်ပြည့်စုံစုံနဲ့ ရှင့်ဆီ ပြန်ပေးမယ်။”

ရှမ့်လန်က စိတ်ထဲတွင် သက်ပြင်းချမိ၏။ သူ ရှင်းရှင်းလင်းလင်း သိရှိထား၏။ အမှန်စင်စစ် ဘုရင်မ မီဒူဆာကို ပထမဦးဆုံးအကြိမ် မြင်တွေ့စဉ်ကတည်းက သူတို့နှစ်ဦးက ယောင်ယောင်၏ မိဘများ ဖြစ်ကြသော်လည်း အတူရှိရန် ကံပါလာသည့်လူများ မဟုတ်ကြောင်း သိခဲ့သည်။

“သမီးလေး ယောင်ယောင်... ဖေဖေ မင်းကို လာခေါ်ပြီ။”

.......................

ခရီးစဉ်က တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ၁၂ ရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ရှမ့်လန်၏ သင်္ဘောက ဦးခေါင်းခွံဂိုဏ်း၏ အလံကို လွှင့်ထူထားဆဲဖြစ်သော်လည်း မည်သည့်အနှောင့်အယှက်မျှ မကြုံတွေ့ခဲ့ရချေ။ လမ်းတစ်လျှောက်တွင် ကုန်တင်သင်္ဘောများ၊ သင်္ဘောအုပ်စုများနှင့် ပင်လယ်ဓားပြအချို့ကို ကြုံတွေ့ ရသော်လည်း မည်သည့်ပြဿနာမျှမရှိခဲ့ဘဲ တခဲနက် ကြိုဆိုမှုနှင့် အရိုအသေပေးမှုကိုသာ ရရှိခဲ့ရ၏။

ပင်လယ်ဓားပြများက “ဦးခေါင်းခွံဂိုဏ်း သက်တော်ရာကျော် ရှည်ပါစေ” ဟု ကြွေးကြော်ကြပြီး တော်ဝင်မျိုးနွယ်နှင့် ဗီတာမျိုးနွယ်စု၏ သင်္ဘောများက “မင်းသမီး သက်တော်ရာကျော် ရှည်ပါစေ” ဟု ကြွေးကြော်ကြသည်။

ဤလောကကြီးတွင် သတင်းက အလွန်လျင်မြန်စွာ ပျံ့နှံ့တတ်၏။ အထူးသဖြင့် ပင်လယ်ပြင်တွင်ပင်။ ပင်လယ်ဓားပြဖြစ်စေ၊ ပင်လယ်ကုန်သည်ဖြစ်စေ၊ မြို့တော်၏ အရပ် ရှစ်မျက်နှာ ကင်းထောက်များမှတစ်ဆင့် သတင်းအသစ်များကို ရရှိနိုင်၏။ သေချာသည်မှာ ထိုအရာက ၁၀၀ ရာခိုင်နှုန်း မှန်ကန်ခြင်း ရှိ၊ မရှိ မသိနိုင်ပေ။ ပင်လယ်ဓားပြများက ဤလောကကြီးတွင် ဝါကြွားရန် အနှစ်သက်ဆုံးသော လူများ ဖြစ်၏။

“မင်းသမီးဟယ်လင် သက်တော်ရာကျော် ရှည်ပါစေ။ ဦးခေါင်းခွံဂိုဏ်း သက်တော်ရာကျော် ရှည်ပါစေ။ သခင်လေး ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။”

၁၂ ရက်အကြာမှာတော့ စစ်သင်္ဘောက ကီလိုမီတာ သောင်းနှင့်ချီ ခရီးနှင်ခဲ့ပြီး ဘုရင်မမြို့တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ရှီဝါမြို့သို့ ဆိုက်ရောက်လာ၏။ ဤမြို့၏ အရှင်သခင်ဖြစ်သည့် ရှီဝါမိသားစုက မင်းသမီးဟယ်လင်၏ သစ္စာရှိဆုံးသော လက်အောက်ခံဖြစ်ပြီး မင်းသမီး၏ ကြင်နာသော မူဝါဒနှစ်ခု ကို အားအပေးဆုံးသော သူများလည်း ဖြစ်သည်။

ထိုကြောင့်ပင် သူက မြောက်ဘက်ပိုင်းရှိ တော်ဝင်မျိုးနွယ်များ၏ ပြင်းထန်သည့် ဖိနှိပ်မှုကို ခံခဲ့ရပြီး ခက်ခဲစွာ ရှင်သန်ခဲ့ရ၏။ ထို့ကြောင့် ဘုရင်မမီဒူဆာ ကျူးကျော်လာချိန်တွင် သူက သစ္စာရှိကြောင်း ကြေညာခဲ့ပြီး စုန်းအင်ပါယာ ၏ အလံကို လွှင့်ထူခဲ့၏။

ပြီးနောက် မြို့စားကြီး ရပ်လ်ဆဲ၏ စစ်တပ်က ရှီဝါမြို့ကို တိုက်ခိုက်ခဲ့၏။ သူက ရှုံးနိမ့်ခဲ့ပြီးနောက် လက်နက်ချရန် ဖိအားပေးခံခဲ့ရ၏။ လွန်ခဲ့သည့် ၁၀ လက ရှမ့်လန်သည် ဟေးလ်၏ ကုန်တင်သင်္ဘောဖြင့် ရှီဝါမြို့သို့ ရောက်ရှိခဲ့ဖူး၏။ ထိုစဉ်က မြို့တစ်ခုလုံးတွင် ကြီးမားသည့် စစ်စခန်းကြီး တစ်ခုရှိခဲ့၏။ ယခုလည်း ထိုအတိုင်း ဖြစ်သော်လည်း မီးခိုးနှင့် သွေးများတော့ မရှိတော့ချေ။

ရှမ့်လန်၏သင်္ဘော ဆိပ်ကမ်းသို့ ချဉ်းကပ်လာသည်နှင့် သင်္ဘောသုံးဆယ်က ချက်ချင်း လာရောက် ကြိုဆိုကြ၏။ ရိုသေစွာဖြင့် အလံများကို ဝှေ့ယမ်းပြသည်။

သူတို့ ကုန်းပေါ်သို့ ခြေချသည်နှင့် ရှီလွန် တတိယအင်ပါယာ၏ စနစ်ကျသည့် ဂုဏ်ပြုတပ်ဖွဲ့ကို မြင်ရ၏။ ခေါင်းဆောင်က မြို့စားကြီး ရပ်လ်ဆဲဖြစ်ပြီး ဒုတိယကတော့ ရှီဝါမြို့စား ဖြစ်ဟန်တူ၏။

လွန်ခဲ့သည့် တစ်လက မြို့စားကြီး ရပ်လ်ဆဲက စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး ရှီဝါမြို့သို့ ပြန်လာခဲ့ခြင်းပင်။ သေချာသည်က ပင်လယ်လမ်းကြောင်းဖြင့် သွားသည်ဆိုလျှင်ပင် စစ်သည်တစ်သိန်းက တစ်လအတွင်း အပြည့်အဝ ဆုတ်ခွာနိုင်လိမ့်မည် မဟုတ်ချေ။

မြို့စားကြီး ရပ်လ်ဆဲက သင်္ဘောဖြင့် အရင်ပြန်လာခဲ့ခြင်းဖြစ်ပြီး သူက ရှီလွန်အင်ပါယာဆီသို့ တစ်ခေါက် သွားပြီးမှ တောင်ဘက်ရှိ ရှီဝါမြို့ဆီသို့ ဆင်းကာ ဤနေရာတွင် အခြေချနေခြင်းပင်။ အကြောင်းရင်းက မင်းသမီးဟယ်လင်နှင့် ဆော်ရွှန်တို့၏ တကယ်တိုက်ပွဲက မကြာခင် ဖြစ်ပွားတော့မှာဖြစ်ပြီး ဤတိုက်ပွဲက ရှီလွန်အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးပေလိမ့်မည်။

“အင်ပါယာရဲ့ အရှေ့ဘက်နယ်မြေဆီက နောက်တစ်ကြိမ် ကြိုဆိုပါတယ်။ လေးစားရတဲ့ သခင်လေးရှမ့်လန်။” မြို့စားကြီးရပ်လ်ဆဲက ရှမ့်လန်ထံသို့ လက်ကမ်းပေး၏။

ရှမ့်လန်က လက်ကမ်းရင်း ပြန်လည်နှုတ်ဆက်သည်။ “နောက်တစ်ကြိမ် တွေ့ရတာ ဝမ်းသာပါတယ်။”

ပြီးနောက် သူက ရှီဝါမြို့စားနှင့် လက်ဆွဲနှုတ်ဆက်ရန် ကြံရွယ်သော်လည်း တစ်ဖက်လူမှာ ရှေ့ကိုတိုး၍ သူ့ကို ဖက်၏။ တကယ်ကို စိတ်လှုပ်ရှားနေပုံလည်း ရ၏။

“လေးစားရတဲ့ သခင်လေးရှမ့်လန်... အကြောင်းအမျိုးမျိုးကြောင့် အဲဒီညက ညစာစားပွဲကို မတက်ရောက် နိုင်ဘူးဆိုပေမဲ့ ရှီဝါမိသားစုက မင်းသမီးဟယ်လင်ရဲ့ဘက်မှာ အမြဲတမ်း ရှိနေပါတယ်။ ကျုပ်တို့ရဲ့ နယ်မြေနဲ့ စစ်တပ်အားလုံး ဆုံးရှုံးသွားတယ်ဆိုရင်တောင် ရှီဝါမိသားစုက မင်းသမီးရဲ့ လက်အောက်ခံအဖြစ် အမြဲရှိနေဆဲပါ။”

ရှီဝါမြို့စားကြီးက မြို့စားကြီးရပ်လ်ဆဲ၏ ရှေ့တွင်ပင် ဤသို့ ဆိုလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားရဲ့ သစ္စာရှိမှုအတွက် ကျုပ်ရဲ့အစ်မကိုယ်စား ကျေးဇူးတင်ပါတယ်။”

ရှမ့်လန်က ပြော၏။ “ရှီဝါမြို့ကနေ ကြိုဆိုပေးတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဘုရင်မမြို့တော်ကို ကျုပ် တတ်နိုင်သမျှ အမြန်ဆုံးသွားဖို့ လိုအပ်နေလို့ ခွင့်ပြုပါအုံး။”

“သခင်လေးရှမ့်လန်ကို အရိုအသေပြုပါတယ်။ ဘုရင်မမြို့တော်ကို သွားရာလမ်းက သခင်လေးအတွက် လုံလောက်တဲ့ အရင်းအမြစ်တွေ အားလုံးကို ပြင်ဆင်ပေးထားပါတယ်။”

ပြီးနောက် မြို့စားကြီးနှစ်ဦးနှင့် ဂုဏ်ပြုတပ်ဖွဲ့ဝင် ငါးထောင်တို့၏ အကြည့်အောက်မှာပဲ ရှမ့်လန်က အမေဇုန် စစ်သည် တစ်ထောင်ကို ဦးဆောင်ပြီး ဘုရင်မမြို့တော်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

.......................

နာရီအနည်းငယ်အကြာမှာတော့ ရှမ့်လန်က ဘုရင်မမြို့တော်သို့ ရောက်ရှိ၏။ သူက ဤခမ်းနားသည့် ပန်းရောင်မြို့တော်ကြီးကို နောက်တစ်ကြိမ် မြင်တွေ့ရပြန်၏။ ထိုအရာက စစ်တပ်ဖြင့် ဝိုင်းရံထားခံရဆဲဖြစ်ပြီး အနည်းဆုံး စစ်သည်ပေါင်း သုံးသိန်းခန့်က ဘုရင်မမြို့တော်ကို ဝိုင်းရံထား၏။ မြို့ပြင်ရှိ ကွင်းပြင်ကြီးကလည်း ခံစစ်စည်းများနှင့် စစ်စခန်းအမျိုးမျိုး ပြည့်နှက်နေ၏။

ရှမ့်လန်နှင့် သူ၏အဖွဲ့က မည်သည့် အဟန့်အတားမှ မရှိဘဲ ဝင်ရောက်ခဲ့၏။ ရှီလွန်တတိယအင်ပါယာ၏ သိန်းနှင့်ချီသည့် စစ်သည်များက သူတို့အတွက် တိတ်ဆိတ်စွာ လမ်းဖွင့်ပေးကြ၏။ သို့သော်ငြား မည်သည့်အရာရှိ သို့မဟုတ် မည်သည့်မှူးမတ်တစ်ဦးကမှ ရှမ့်လန်ကို မကြိုဆိုကြချေ။ အကြောင်းရင်းမှာ ဤလူများက မြောက်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များ၏ စစ်သည်များ ဖြစ်နေသောကြောင့်ပင်။

ဘုရင်မမြို့တော်သို့ နောက်တစ်ကြိမ် ဝင်ရောက်လာခြင်းက ယခင်ကကဲ့သို့ ပျော်ရွှင်မှုများ မရှိတော့သော်လည်း မှောင်မိုက်ပြီး မျှော်လင့်ချက် မဲ့နေသည်တော့ မဟုတ်တော့ပေ။ ဤမြို့က ယခင်ကကဲ့သို့ စိတ်ကူးယဉ် မဆန်တော့သော်လည်း လူတိုင်း၏ မျက်လုံးထဲတွင်တော့ ဇွဲ၊ သတ္တိများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။

အကြောင်းရင်းက မင်းသမီးဟယ်လင် ပြန်လာပြီဖြစ်ကြောင်း လူတိုင်း သိရှိသောကြောင့်ပင်။ သူတို့ကို တစ်ခါက စွန့်ခွာသွားသော ဤသခင်မက နောက်ဆုံးတွင် သူမ၏ စွမ်းအားနှင့် တာဝန်ဝတ္တရားများကို သိရှိ နားလည်သွားခဲ့ပြီ ဖြစ်၏။

ဘုရင်မမြို့တော်၏ မြို့တော်ဝန် .. မြို့စားကြီးဟောလ်က ရှမ့်လန်ကို လာရောက်ကြိုဆို၏။ သူ၏ ခံစားချက်များ က တကယ်ကို ရှုပ်ထွေးနေသည်။

မင်းသမီးဟယ်လင်အပေါ်ထားသည့် သူ၏ခံစားချက်မျိုးက မည်သူ့ထံမှာမှ မရှိနိုင်သလို မင်းသမီးအပေါ် သူ၏ သစ္စာရှိမှုနှင့် ခံစားချက်များကလည်း မည်သည့်တော်ဝင်မျိုးနွယ်တွင်မှ ရှိနိုင်မည် မဟုတ်ချေ။ ငယ်စဉ်တည်းက မြို့စားကြီးဟောလ်သည် မင်းသမီးဟယ်လင်အပေါ် အတိုင်းအဆ မရှိသည့် မျှော်လင့်ချက်များနှင့် ပြည့်နှက်ကာ စောင့်ရှောက်ခဲ့၏။

နောက်ဆုံး သူမက အရာအားလုံးကို စွန့်ခွာသွားခဲ့ပြီး လေလွင့်ခရီးထွက်ရန်သာ ရွေးချယ်ခဲ့၏။ မြို့စားကြီးဟောလ်က ဟယ်လင်၏ အထွေထွေ မန်နေဂျာ တစ်ဦးကဲ့သို့ပင်။ ကြီးကျယ်သည့် မြို့တော်ကြီးကို ကာကွယ်ရန် သူ့၌ စွမ်းအားမရှိကြောင်း ခံစားရ၏။ သို့သော်ငြား သူက လောဘကြီးသည့် မြောက်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များ၏ လက်ထဲသို့ မကျရောက်သွားရန် ကြိုးစားကာ ထိန်းသိမ်းခဲ့ရ၏။ ကျရောက်သွားရန် အခြေအနေ ကလည်း နီးကပ်ခဲ့သည်။

ထိုအချိန်မှာပဲ ဘုရင်မမီဒူဆာ ပေါ်ထွက်လာခဲ့ပြီး မြို့ကို ကာကွယ်ပေးခဲ့၏။ ကာကွယ်ခြင်းဖြစ်ပြီး သိမ်းပိုက်ခြင်း မဟုတ်ချေ။ မြို့စားကြီးဟောလ်က မင်းသမီးဟယ်လင်အပေါ် အတိုင်းအဆမရှိ သစ္စာရှိသလိုပင် ဘုရင်မမီဒူဆာ အပေါ်တွင်လည်း သူ၏ အတုမရှိသည့် ရိုသေမှုများနှင့် ကြည်ညိုခဲ့၏။ သူက သူမကို နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံခဲ့၏။

ယခုအချိန်မှာတော့ သူ၏အမူအရာက တကယ်ကို ရှုပ်ထွေးလျက်ရှိနေသည်။

“နောက်တစ်ကြိမ် တွေ့ရတာ ဝမ်းသာပါတယ်။ လေးစားရတဲ့ သခင်လေးရှမ့်လန်။” မြို့စားကြီးဟောလ်က သူ၏လက်များကို ဆန့်တန်းပေး၏။

ရှမ့်လန်က ရှေ့သို့တိုးပြီး တစ်ဖက်လူကို ဖက်သည်။ “မြို့စားကြီးဟောလ်... လောကကြီးက ဒီအတိုင်းပါပဲ။ အမြဲတမ်း စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုပေမဲ့ အံ့အားသင့်စရာကောင်းတဲ့ အရာတွေကလည်း ရှိနေတတ် ပါသေးတယ်။”

“ဒါပေါ့၊ သိပ်ဟုတ်တာပေါ့”

မြို့စားကြီးဟောလ်က ပြော၏။ “ဒါက ခံစားချက်အရ နာကျင်စရာကောင်းပေမဲ့ အကောင်းဆုံး အဆုံးသတ်လည်း ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ကတော့ ကျုပ်တို့ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေအပေါ် အရမ်းကြီး ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ဟုတ်တယ်နော်။”

ရှမ့်လန်က ပြောသည်။ “အရှေ့တိုင်းမှာ စကားပုံတစ်ခု ရှိတယ်။ အကယ်၍ ကောင်းကင်ဘုံမှာ ခံစားချက်တွေ ရှိနေမယ်ဆိုရင် ကောင်းကင်ဘုံက အိုစာသွားလိမ့်မယ်တဲ့။ ဟားဟားဟား။”

သူတို့နှစ်ဦးက စကားပြောရင်း နန်းတော်ဆီသို့ မြင်းစီးသွားခဲ့ကြ၏။

.......................

ရှည်လျားသည့် လှိုဏ်ခေါင်းကို ဖြတ်ပြီးနောက် ရှမ့်လန်က နန်းတော်၏ မြေအောက်ဂူဆီသို့ သွားရောက်၏။ ဘုရင်မမီဒူဆာ မရှိတော့သလို သူမကို စောင့်ကြပ်နေသည့် ဆန်းကြယ်သည့် သခင်ကြီးလေးဦးကလည်း မရှိတော့ချေ။

ရှမ့်လန်က ဟာလာဟင်းလင်း ဖြစ်နေသည့် မြေအောက်နန်းတော်ကို ကြည့်ရင်း စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချမိ၏။ သူ ထိုအရာကို မျှော်လင့်ထားသော်လည်း တကယ်တမ်း ဖြစ်လာချိန်တွင်တော့ နှမျောမိသည်က အမှန်ပင်။

မျက်လုံးများကို ပိတ်လိုက်ချိန်မှာတော့ ဘုရင်မမီဒူဆာ၏ ရနံ့များကို ခံစားနေရဆဲပင်။ သူမ၏ ဆွဲဆောင်မှုရှိသည့် ရနံ့များက အရိုးထဲထိ စွဲမြဲနေခဲ့ပြီး သူမ တစ်နေရာရာတွင် နေထိုင်ခဲ့လျှင် ထိုရနံ့က အချိန်အတော်ကြာ ပျောက်ကွယ် သွားလိမ့်မည် မဟုတ်ချေ။

ရှမ့်လန်အနေဖြင့် သူမ ထွက်ခွာသွားရမည်ကို သိ၏။ သို့ပေမည့် နှုတ်မဆက်နိုင်ခဲ့သည်ကိုတော့ သူက နှမျောလို့ နေ၏။ ပြီးနောက် ရှမ့်လန်က အတွေးအားလုံးကို ဖယ်ရှားလိုက်၏။ နှုတ်မဆက်သည်က ပိုကောင်း၏။ အကြောင်းက တစ်ခါ နှုတ်ဆက်လိုက်လျှင် ထာဝရနှုတ်ဆက်ခြင်း ဖြစ်သွားနိုင်သောကြောင့်ပင်။

မြေအောက်ဂူမှ ထွက်ခွာပြီးနောက် သူက နန်းတော်ဆီသို့ ပြန်သည်။

“ဘုရင်မကြီး ဘယ်တုန်းက ထွက်သွားတာလဲ။” ရှမ့်လန်က မေးလိုက်၏။

“လွန်ခဲ့တဲ့ ၁၃ ရက် ညကပါ။ အဲဒီညက ဘုရင်မမြို့တော်မှာရှိတဲ့ ကလေးတွေအားလုံးက သားချော့တေး တစ်ပုဒ်ကို ကြားခဲ့ရပြီး အကုန် အိပ်မောကျသွားခဲ့တယ်။” မြို့စားကြီးဟောလ်က ဖြေသည်။

ထိုညက မင်းသမီးဟယ်လင် ပြန်လာခြင်းကို ဂုဏ်ပြုရန် တောင်ဘက်ပိုင်းမှ တော်ဝင်မှူးမတ်များ လာရောက်ကြသည့် ညစာစားပွဲညပင်။ အင်ပါယာ၏ တောင်ဘက်ပိုင်းတစ်ခုလုံးတွင် အမျိုးသမီး တစ်ဦးတည်းသာ ရှိရန် ကံပါလာသကဲ့သို့ပင်။

မင်းသမီးဟယ်လင် သူမ ပြန်လာပြီဖြစ်ကြောင်း ကြေညာလိုက်သည့်နေ့တွင် ဘုရင်မမီဒူဆာ ထွက်ခွာသွားခဲ့၏။ သေချာသည်က ဘုရင်မမီဒူဆာက ဤနယ်မြေ၏ အရှင်သခင် မဟုတ်ခဲ့ဖူးချေ။ သူမက ယာယီ ကာကွယ်ပေးသူ တစ်ယောက်သာ ဖြစ်ခဲ့၏။

.......................

ရှမ့်လန်က ဖုန်မှုန့်ကင်းစင်သည့် နန်းတော်အတွင်းသို့ လမ်းလျှောက်ဝင်သည်။

နှင်းဖြူရောင် ကျောက်စိမ်းခုတင်နှင့် ထိုအရာပေါ်တွင် အိပ်ပျော်နေသည့် လူသားလေးကို အဝေးမှပင် မြင်ရ၏။ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ ကလေးလေးက ကြီးထွားလာပုံ မရချေ။ သူမက ဖောက်ထွင်း မြင်ရလောက်သည့် ကျောက်စိမ်းရုပ်တုကဲ့သို့ပင် နူးညံ့လှပ၏။

ရှမ့်လန်က ခုတင်ရှိရာသို့ လျှောက်သွားတော့ ကလေးလေး၏ ဘေးတွင် ပုံတူပန်းချီကားများစွာနှင့် ပြည့်နှက် နေသည်ကို မြင်လာရသည်။ တစ်ချို့က ရှမ့်လန် ရေးဆွဲပေးထားခြင်းဖြစ်ပြီး တစ်ချို့ကတော့ သူမကိုယ်တိုင် ရေးဆွဲထားခြင်းပင်။

အသစ်ဆုံး ရေးဆွဲထားသည့် ပုံက အထူးပင် ကောင်းမွန်၏။ လူသုံးဦးတို့၏ မျက်နှာက ဝေဝါးနေသော်လည်း တူညီ၏။ မိသားစု သုံးဦး၊ ဖခင်၊ မိခင်နှင့် ကလေးလေးပင်။ လွန်ခဲ့သည့် ဆယ်လအတွင်း ဤကလေးငယ်လေးက ပုံတူပန်းချီကားချပ်နှင့် ရှမ့်လန်၏ ကတိစကားကိုသာ အားကိုး၍ ရှင်သန်ခဲ့ခြင်းပင်။

ရှမ့်လန်က ရှေ့ကိုတိုးပြီး ကလေးလေး၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေး၏။ ပြီးနောက် အက်ရှသည့် လေသံဖြင့် ပြောဆို၏။ “သမီးလေး... ဖေဖေ ရောက်လာပြီ။”

ခဏကြာမှတော့ ကလေးလေးက သူမ၏ ဝေဝါးနေသည့် မျက်လုံးများကို ဖွင့်၏။ ရှမ့်လန်၏ လည်ပင်းကို ဖက်ရန် သူမ၏ လက်မောင်းများကို ဖွင့်ဟသည်။

ရှမ့်လန်က သေးငယ်သည့် ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး သေချာကြည့်ရှု၏။ သူမ ပြောင်းလဲသွားခဲ့၏။ သူမ၏ အကြည့်များက ယခင်ကလို မပင်ပန်းတော့သလို အသက်ရှူသံများကလည်း ပို၍အားကောင်းလာ၏။ နှလုံးခုန်နှုန်း များကလည်း ယခင်ကထက် မြန်လာ၏။

ဘုရင်မမီဒူဆာက ထွက်ခွာမသွားမီ သမီးဖြစ်သူကို အနည်းဆုံး နှစ်အနည်းငယ်မျှ တောင့်ခံနိုင်ရန် တစ်စုံတစ်ရာ ပေးခဲ့မည်ဟု ဆိုခဲ့ဖူးသည်။ “

သမီးလေး... ဖေဖေ နောက်ကျရင် သမီးကို မေမေဆီ ခေါ်သွားပေးမယ်။ ဟုတ်ပြီလား။” ရှမ့်လန်က ပြော၏။

ယောင်ယောင်က ခေါင်းကို ညိတ်ပြသည်။

“သမီးလေး... မေမေ ဘယ်မှာလဲဆိုတာ သိလား။” ရှမ့်လန်က မေး၏။

ကလေးလေးက ခေါင်းညိတ်ပြပြီးမှ ပြန်၍ ခေါင်းခါပြပြန်၏။ ရှမ့်လန် နားလည်သွားခဲ့သည်။ သူမ ယခု မပြောနိုင် သေးသော်လည်း အရွယ်ရောက်သည့် အချိန်တွင် သိလာပေလိမ့်မည်။ ဘုရင်မမီဒူဆာက သူမကို လိမ်ညာခဲ့ခြင်း မဟုတ်ဖို့ မျှော်လင့်ရ၏။ သူမ တကယ်ပဲ ထာဝရ ထွက်ခွာသွားခြင်း မဟုတ်ဖို့လည်း မျှော်လင့်ရသည်။

ရှမ့်လန်က ကလေးလေးကို ပွေ့ချီပြီး ဖုန်မှုန့်ကင်းစင်သည့် နန်းတော်အတွင်းမှ ထွက်ခွာသွား၏။ ဤသည်က နှစ်အနည်းငယ်အတွင်း ကလေးငယ်လေးအနေဖြင့် နန်းတော်မှ ပထမဦးဆုံးအကြိမ် ထွက်ခွာပြီး ပြင်ပလောကသို့ ရောက်ရှိလာခြင်းပင်။

နန်းတော်၏ အမြင့်ဆုံးသော နေရာတွင် ရပ်ရင်း ကလေးငယ်လေး၏ မျက်လုံးများက ရောင်စုံလောကကြီးကို အငမ်းမရ ကြည့်ရှုနေ၏။ သူမ ကံကောင်း၏။ ပြင်ပလောကကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရခြင်းက လှပသည့် ဤဘုရင်မမြို့တော်ကြီး ဖြစ်နေသောကြောင့်ပင်။

သူမက ထိုအရာကို ချက်ချင်း ပန်းချီ ဆွဲချင်စိတ်ပင် ပေါက်၏။

.......................

ဘုရင်မမီဒူဆာ ထွက်ခွာသွားခဲ့သည်က ၁၀ ရက်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။ မည်သည့်သတင်းမှ မရှိသလို သူမကလည်း ပြန်မလာခဲ့ချေ။ ရှမ့်လန်က ဘုရင်မမြို့တော်တွင် မနေတော့ဘဲ ကလေးလေးနှင့်အတူ ထွက်ခွာသွား၏။ သူက ရှီဝါမြို့ ဆိပ်ကမ်းဆီသို့ မသွားဘဲ အရှေ့ဘက်သို့ ဆက်လက် ဦးတည်၏။ ထိုနေရာတွင် ဆိပ်ကမ်းများ မရှိဘဲ ကျောက်တန်းများနှင့် ကျဉ်းမြောင်းသည့် ကမ်းခြေများသာ ရှိသည်။

အမေဇုန်စစ်တပ်က ရှမ့်လန်နှင့် ကလေးလေး နေထိုင်ရန် ဤနေရာတွင် လှပသည့် မြက်အိမ်လေး တစ်လုံးကို တည်ဆောက်ပေးထား၏။ အဖေနှင့်သမီးတို့က ဤနေရာတွင် စောင့်ဆိုင်းနေကြ၏။ ပုံရိပ်တစ်ခု ပေါ်ထွက်လာစေရန် စောင့်ဆိုင်းနေခြင်းပင်။

သုံးရက်အကြာမှာတော့ ပင်ပန်းနွမ်းနယ်နေသည့် ပုံရိပ်တစ်ခုက မြောက်ဘက်ရေထဲမှ ဖြတ်သန်းကာ ဖြည်းညင်းစွာ လာနေ၏။ လှိုင်းလုံးများကြားတွင် သူမ၏ ခန္ဓာကိုယ်က နစ်မြုပ်လုနီးပါးပင်။ သူမက ခေါင်းကိုမော့၍ ရှမ့်လန်နှင့် ကလေးလေး ရှိရာသို့ ကြည့်၏။ ပြီးနောက် စတင်ကာ အရှိန်မြင့်တင်သည်။

သူမက ချောင်ယောင်းအာပင်။ ၁၀၀ ရာခိုင်နှုန်း ပြည့်စုံသည့် ချောင်ယောင်းအာက လွန်ခဲ့သည့် နှစ်အနည်းငယ်က ခွဲခွာသွားစဉ်အတိုင်းပင်။

ချောင်ယောင်းအာမှာ အဘယ်သို့သော ပုံသဏ္ဍာန် ရှိသနည်း။ သူမက သူရဲကောင်းတစ်ဦးဖြစ်ပြီး မည်သည့် လောဘမှမရှိသည့် သူရဲကောင်းတစ်ဦးပင်။ သူမက တရားမျှတပြီး ရက်စက်တတ်၏။

သူမက ရွှေရောင်သွေးမျိုးဆက် ပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်အမင်း အစွမ်းထက်လာရန် သိုင်းပညာကို အတင်းအဓမ္မ လေ့ကျင့်နေရန် မလိုအပ်ချေ။

သူမက ရဲရင့်ပြီး အရှုံးမပေးသူပင်။ စစ်သည် သောင်းပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင်ပင် သူမက ရှေ့သို့တိုးကာ တိုက်ခိုက်တတ်၏။ ရှမ့်လန်က ယခုထိတိုင်အောင် သူမ၏ သူရဲကောင်းဆန်မှုကို မေ့ပျောက်ခဲ့ခြင်း မရှိချေ။

ဖြစ်နိုင်သည်က သူမထက် ပိုမိုသန်မာသည့် လူများရှိသော်လည်း သူမကဲ့သို့ ရှေ့သို့တိုး၍ အနိုင်မခံ အရှုံးမပေး တိုက်ခိုက်တတ်သည့် လူမျိုးကတော့ ရှိလိမ့်မည် မဟုတ်ချေ။ သူမက ဘာကိုမှ မလိုချင်ပေ။ သူမက ပြင်ပလောက ကို မြင်တွေ့ချင်ရုံသာဖြစ်ပြီး လှည့်လည်သွားလာချင်ရုံ သက်သက်ဖြစ်သည်။

မင်းသမီးဟယ်လင်ကလည်း လှည့်လည်သွားလာခဲ့သော်လည်း သူမ၏ လှည့်လည်သွားလာမှုက မိမိကိုယ်ကို နှိပ်စက်ခြင်းနှင့် မိမိကိုယ်ကိုယ် သိမြင်လာစေရန် လုပ်ငန်းစဉ်တစ်ခုပင်။ ချောင်ယောင်းအာကတော့ ပို၍ ရိုးရှင်း၏။ သူမ လှည့်လည်သွားလာနေခြင်းက လှည့်လည် သွားလာချင်သောကြောင့်ပင်။ မတူညီသည့် လောကများကို မြင်တွေ့ချင်သောကြောင့် ဖြစ်၏။

သို့သော်ငြား သူမက သူရဲကောင်းဆန်မှုကြောင့် မကြာခဏ ချည်နှောင်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် အနောက်လောကသို့ လာရာလမ်းတွင် သူမက ကယ်တင်ခြင်းနှင့် သူရဲကောင်းဆန်သည့် အရာများကို ဆက်လက် လုပ်ဆောင်ခဲ့ရခြင်းပင်။

.......................

မျက်စိတစ်မှိတ်အတွင်း ချောင်ယောင်းအာက သူတို့၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ ရှမ့်လန်က လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမကို မအောင့်မေ့ဘဲ မနေနိုင်ချေ။ ဆံပင်တိုလေးနှင့် ဆွဲဆောင်မှုရှိသည့် ကိုယ်ခန္ဓာ၊ နတ်ဆိုးခေါင်း ဓားကြီးနှစ်စင်းကို ဝေ့ယမ်းပြီး ရန်သူများ အားလုံးကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းပင်။

အစ်မဟီလာ၏ ကိုယ်ရည်ကိုယ်သွေးက ကြမ်းတမ်းရဲရင့်သော်လည်း သူမ၏နှလုံးသား၌ ဒဏ်ရာများ ရှိခဲ့၏။ သူမက အားနည်းသူပင်။ ချောင်ယောင်းအာကတော့ တကယ်ကို သန်မာသူဖြစ်၏။ နှစ်အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း အရာအားလုံးက မနေ့ကကဲ့သို့ပင်။

ငေးကြည့်လျက် ရှိနေစဉ် ခဏအတွင်း ချောင်ယောင်းအာက ပြေးဝင်လာပြီး ရှမ့်လန်နှင့် ယောင်ယောင် တို့ကို ဖက်၏။ ထိုအခိုက်မှာတော့ သူမက အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိနေပြီး အသက်ရှူပင် ကြပ်လုမတတ် ရှိ၏။ သူတို့ သုံးဦးက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ဖက်ထားကြ၏။ သူတို့က စကားတစ်လုံးမှ မပြောသော်လည်း စကားလုံးတစ်ထောင်ထက် ပိုမိုကာ သာလွန်နေ၏။

“မေမေ...” ယောင်ယောင်လေးက ခေါ်၏။

“အင်း...” ချောင်ယောင်းအာက မိမိကိုယ်ကိုယ် မည်သို့ ဖော်ပြရမှန်းမသိပေ။

သူတို့နှစ်ဦးကို ပို၍ တင်းတင်းကျပ်ကျပ် သာ ဖက်ထားမိ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် သူမ၏ ခန္ဓာကိုယ်ထဲ တခြားသော ဝိညာဉ်တစ်ခုက နေထိုင်ခဲ့သော်လည်း သူမက အရာအားလုံးကို သိရှိထား၏။ သူမက မြင်တွေ့နိုင်သလို ကြားလည်း ကြားနိုင်ခဲ့၏။ ထို့ကြောင့် ဘာမှ ရှင်းပြနေရန် မလိုအပ်ချေ။

သို့သော်ငြား မီဒူဆာနှင့် ဆော်ရွှန်တို့၏ တိုက်ပွဲပြီးနောက် အဘယ်သို့ ဖြစ်သွားခဲ့သနည်း။ သူမ သိရှိသည်မှာ ဘုရင်မမီဒူဆာ ထွက်ခွာသွားခဲ့ပြီးနောက် ဤမှတ်ဉာဏ်များကို ယူဆောင်သွားခဲ့ခြင်းပင်။ သူမ နိုးလာသည့် အချိန်တွင် သူမက မိုင်ပေါင်းထောင်ချီဝေးကွာသည့် သမုဒ္ဒရာထဲသို့ ရောက်ရှိနေ၏။ ပြီးနောက် သူမ ပြန်လည် ရောက်ရှိလာနိုင်ရန် အားအင် အကုန်လုံးကို အသုံးပြုခဲ့ရ၏။

၁၂ ရက်တိတိ သူမက မနားမနေ မအိပ်ဘဲ ပြေးလိုက်၊ ရေကူးလိုက် လုပ်ခဲ့ရသည်။ သူမ၏ ရှည်လျားသည့် ခြေတံနှစ်ချောင်းကို အားကိုး၍ မိုင်ပေါင်းတစ်ထောင်ကျော် သွားလာနိုင်ခြင်းက ကြီးမား မြင့်မြတ်သည့် ရွှေရောင်သွေးမျိုးဆက်ကို ပိုင်ဆိုင်သောကြောင့်ပင်။ တော်ရုံအားအင်မျိုးနှင့် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ရှမ့်လန်က ချောင်ယောင်းအာ၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေမိ၏။ ဘုရင်မမီဒူဆာက အစအနမရှိ ထွက်ခွာ သွားခဲ့၏။ မှော်ဆန်ပြီး ဆွဲဆောင်မှုရှိကာဖြင့် လှပသည့် မျက်နှာက ပျောက်ကွယ်သွားခဲ့၏။ သို့သော်ငြား ပြည့်စုံသည့် ချောင်ယောင်းအာကို ပြန်လည် ရရှိခြင်းအားဖြင့် သူမက သူမ၏ ကတိကို တည်နိုင်ခဲ့၏။ ထိုအရာက အရမ်းကောင်း၏။ အကောင်းဆုံးပင်။ လူတိုင်း၌ ထူးခြားမှုရှိ၏။ အထူးသဖြင့် ချောင်ယောင်းအာကဲ့သို့ အမျိုးသမီးမျိုး ပင်။

“အိပ်ကြရအောင်။”

ရှမ့်လန်က ပြော၏။ “အရင်ဆုံး ကောင်းကောင်း အိပ်ကြရအောင်။”

ချောင်ယောင်းအာက ခေါင်းညိတ်ပြ၏။ သူမက ပင်လယ်ဘေးရှိ မြက်တဲအိမ်လေးသို့ တိုက်ရိုက်ဝင်သွားပြီး နှစ်ခြိုက်စွာ အိပ်လေသည်။ သူမ အရမ်းပင်ပန်းနေသည်။

.......................

All Chapters