ဧကရာဇ်ရွှမ်ဟွမ်၏ လက်ဆောင်များ...
Vol. 67 Ch. 946
ရွှမ်ဟွမ်စကြာဝဠာတွင် လင်းယွမ်က ထွက်သွားရန် ပြင်ဆင်နေသည်။ ဤခရီးက အခြေခံအားဖြင့် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ယခု ဧကရာဇ်ရွှမ်ဟွမ်က စကြာဝဠာအတွင်းမှ ရတနာများနှင့် ရှားပါးပစ္စည်းများအားလုံးကို စုစည်းကာ လင်းယွမ်ကို ပေးခဲ့သည်ါ
ရွှမ်ဟွမ်စကြာဝဠာအတွင်းမှ ရတနာအားလုံးက လင်းယွမ်၏ လက်ထဲသို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် ရုတ်တရက် လင်းယွမ်၏ ရှေ့မှ အချိန်လေဟာနယ်က ပုံပျက်သွားသောကြောင့် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ထို့နောက် ပုံပျက်နေသော အချိန်လေဟာနယ်ထဲမှ ရတနာများစွာ လွင့်ထွက်လာပြီး လင်းယွမ်၏ ရှေ့တွင် လွင့်မျောနေကြသည်။
" ဒီရတနာတွေက..."
ရတနာများမှာ သိပ်မများဘဲ ဆယ်ခုလောက်သာ ရှိသော်လည်း ၎င်းတို့မှ ထွက်ပေါ်နေသော အော်ရာများက လင်းယွမ်ကို တုန်လှုပ်သွားစေသည်။
" အသက်ကျောက်တုံးလား။ " လင်းယွမ်က ရတနာများထဲမှ သလင်းကျောက်တစ်ခုကို ကြည့်လိုက်သည်။
ထိုကျောက်တုံးမှာ လက်သီးဆုပ်အရွယ်သာ ရှိပြီး သုံးမီတာနီးပါးရှိသော အသက်ကျောက်တုံးထက် များစွာ သေးငယ်လှသည်။ သို့သော် ထိုကျောက်တုံးက အသက်ကျောက်တုန်းထက် များစွာတန်ဖိုးကြီးသည်ကို လင်းယွမ်က ခံစလိုက်ရသည်။
" ဒါက အသက်ကျောက်တုံးမဟုတ်ဘူး။ အသက်မူလကျော်တုံးပဲ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
ဖရိုဖရဲဟင်းလင်းပြင်မှ လျို့ဝှက်ဆန်းကြယ်သော နေရာများထဲတွင် အသက်ပင်လယ်က အသက်ကျောက်တုံးများကို ထုတ်လုပ်ပေးသည်။ သို့သော် အသက်မူလကျောက်တုံးက အသက်ပင်လယ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။
အသက်မူလကျောက်တုံးနှင့် အသက်ကျောက်တုံးတို့က မိခင်နှင့် သားသမီးကဲ့သို့ ဖြစ်သည်။ မိခင်ရှိနေသရွေ့ သားသမီးပေါင်းများစွာကို ထုတ်လုပ်ပေးနိုင်သည်။
ထို့ကြောင့် အသက်မူလကျောက်တုံးများက ဖရိုဖရဲဟင်းလင်းပြင်အတွင်း တစ်ခါမှ ပေါ်ထွက်လာဖူးခြင်း မရှိပေ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ထံမှ ရရှိထားသော အချက်အလက်များကြောင့်သာ လင်းယွမ်သည် ဤသလင်းကျောက်ကို ခွဲခြားသိမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
" ဒီစကြာဝဠာရဲ့ အသက်မူလကြယ်က အသက်မူလကျောက်တုံး အပိုင်းအစ ဖြစ်ရမယ်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်က အထူးနိယာမတွေကို သုံးပြီး အသက်ပင်လယ် အသေးစားလေးလိုမျိုး အသက်ကျောက်တုံးတွေကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ။ "
လင်းယွမ်က စိတ်ထဲမှ တိတ်ဆိတ်စွာ တွေးနေမိသည်။ ဤကဲ့သို့ ရှားပါးသောပစ္စည်းမျိုးမှာ သတ်မှတ်နိယာမများကို ဖန်တီးနိုင်သော မဟာသူတော်စင်များပင်လျှင် တိုက်ရိုက်ဖန်တီးရန် ခက်ခဲလှပြီး ပြင်ပစွမ်းအားများကိုသာ မှီခိုရလေ့ရှိသည်။
မဟုတ်လျှင် ဖရိုဖရဲဟင်းလင်းပြင် သမိုင်းတစ်လျှောက် မဟာသူတော်စင်များစွာ ပေါ်ထွက်ခဲ့ပြီး သူတို့အားလုံးသာ အသက်ကျောက်တုံးများကို ဖန်တီးနိုင်လျှင် ထိုပစ္စည်းမှာ ထိုမျှလောက် တန်ဖိုးကြီးပြီး ရှားပါးနေမည် မဟုတ်ပေ။
ယခုအချိန်အထိ လင်းယွမ်သည် ရွှမ်ဟွမ်စကြာဝဠာကသာ အသက်ကျောက်တုံးများကို ထုတ်လုပ်ပေးနိုင်ကြောင်း အတည်ပြုနိုင်သေးသည်။ အသက်ကျောက်တုံးများကို ထုတ်လုပ်ရန်အတွက် လိုအပ်သော ပြင်ပစွမ်းအားမှာလည်း အသက်မူလကျောက်တုံးပင် ဖြစ်သည်။ သို့သော်လည်း ထုတ်လုပ်ရန် ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ပေါ်ရန်အတွက် အသက်မူလကျောက်တုံးက စကြာဝဠာအတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားရမည် ဖြစ်သည်။
ထိုအခြေအနေတွင် အသက်မူလကျောက်တုံးမှာ စကြာဝဠာတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်သွားပြီး ခွဲထုတ်၍ မရနိုင်တော့ပေ။ စကြာဝဠာကို ဖန်တီးသူ ဧကရာဇ်ရွှမ်ဟွမ်ပင်လျှင် ထိုအသက်မူလကြယ်ကို အသက်မူလကျောက်တုံးအဖြစ် ပြန်လည် ပြောင်းလဲနိုင်ခြင်း မရှိပေ။
လင်းယွမ်က အသက်မူလကျောက်တုံးကို ကြည့်ပြီး အဆုံးမရှိသော အသက်ကျောက်တုံးများကို မြင်နေမိသည်။ အသက်မူလကျောက်တုံးအပြင် အခြားသော ရတနာများမှာလည်း ထပ်တူပင် မှင်သက်စရာ ကောင်းလှသည်။ ရှေးဦးသလင်းကျောက်၊ ကောင်းကင်ကိုးခု မိုးကြိုးအမြုတေ၊ အရာခပ်သိမ်း မူလမြေဆီ စသည်ဖြင့် အမျိုးမျိုး ရှိနေသည်။
ရတနာတစ်ခုချင်းစီမှာ အသက်မူလကျောက်တုံးထက် အဆင့်မနိမ့်ကျလှဘဲ အချို့မှာ ထိုလျို့ဝှက်နေရာများ၏ အုတ်မြစ်များပင် ဖြစ်ကြသည်။ လျို့ဝှက်ဆန်းကြယ်သော နေရာများဟု ဆိုသည်မှာ အလွှာဆယ့်သုံး သက်ရှိများနှင့် ပတ်သက်သော နေရာများကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်အတွင်း သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ပေါ်ထွက်ခဲ့ပြီး ထိုနေရာများကို အတင်းအကျပ် ဝင်ရောက်နိုင်စွမ်း ရှိသော်လည်း သူတို့ ဘာမှသိပ်မလုပ်ဝံ့ကြပေ။ အကြောင်းမှာ ထိုလျို့ဝှက်နေရာများ၏ နောက်ကွယ်ရှိ အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ အာရုံစိုက်မှုကို ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဖြစ်နိုင်ခြေ အလွန်နည်းသော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင်များသည် အချိန်သက်ရှိများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အခြားသူများထက် ပို၍ သိထားကြသည်။
သို့သော် ဧကရာဇ်ရွှမ်ဟွမ်ကမူ အချိန်စက်ဝန်းမှ အတင်းအကျပ် ရုန်းထွက်ခဲ့သူဖြစ်ပြီး ပျောက်ကွယ်သွားရန် သေချာနေသူ ဖြစ်သဖြင့် အလွှာဆယ့်သုံး အချိန်သက်ရှိများက သူ့ကို အာရုံစိုက်မစိုက် ဆိုသည်မှာ သူ့အတွက် ကိစ္စမဟုတ်တော့ပေ။ ထို့ကြောင့်ပင် သူက လျို့ဝှက်နေရာများသို့ တစ်ခုပြီးတစ်ခု တိုက်ရိုက်သွားရောက်ကာ အကျိုးအမြတ်များကို တောင်းယူဝံ့ခြင်း ဖြစ်သည်။
ထိုလျို့ဝှက်နေရာများမှ စိတ်ဝိညာဉ်များကလည်း ထိုအချက်ကို နားလည်ကြသဖြင့် ဧကရာဇ်ရွှမ်ဟွမ်ကသာ အရာအားလုံးကို ဂရုမစိုက်ဘဲ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ထိုဆုံးရှုံးမှုကို ကြိတ်မှိတ် ခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
" အရှင်မင်းကြီး။ " လင်းယွမ်က သူ၏ရှေ့မှ ရတနာများကို ကြည့်ရင်း ၎င်းတို့မှာ ဧကရာဇ်ရွှမ်ဟွမ်က သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
မူလက လင်းယွမ်သည် ဧကရာဇ်ရွှမ်ဟွမ် တွေ့ချင်သည်ဆိုသော မိတ်ဆွေဟောင်းများမှာ ဘယ်သူများလဲဟု နားမလည် ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာ ထာဝရ တည်ရှိနေသော လျို့ဝှက်ဆန်းကြယ်သည့် နေရာများ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
" ဒီရတနာတွေနဲ့ဆိုရင် ငါ့ရဲ့ အတွင်းစကြာဝဠာက ပိုပြီးတော့ ပြည့်စုံလာလိမ့်မယ်။ " လင်းယွမ်က ရှားပါးရတနာ ဆယ်ခုကျော်ကို သိမ်းဆည်းရင်း စိတ်ထဲမှ တွေးလိုက်သည်။
ထိုရတနာများက သူ၏ အတွင်းစကြာဝဠာအတွက် အကျိုးရှိမည်ကို လင်းယွမ်က သိနေသည်။ အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်၏ နောက်ဆုံးပန်းတိုင်က အတွင်းစကြာဝဠာကို ဖရိုဖရဲဟင်းလင်းပြင်နှင့် နှိုင်းယှဉ်နိုင်သည်အထိ ပြောင်းလဲရန်ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် လျို့ဝှက်ဆန်းကြယ်သော နေရာများ ရှိနေပြီး ၎င်းတို့ကို ပုံတူကူးယူနိုင်လေသည်။ အထူးသဖြင့် ထိုနေရာများတွင် ဖြစ်ပေါ်နေသော နိယာမများက အတွင်းစကြာဝဠာအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေလိမ့်မည်။
အတွင်းစကြာဝဠာထဲတွင် ထိုနေရာများ၏ ထူးခြားသော ပတ်ဝန်းကျင်ကို ဖန်တးထားခြင်းဖြင့် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်တွင် ရရှိရန် ခက်ခဲသော ရတနာများကို အချိန်တစ်ခုကြာတိုင်း ရရှိနိုင်လေသည်။
လင်းယွမ်က စဉ်းစားနေစဉ် သူတတ်မြောက်ထားသော ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်တစ်ခု၏ မူလရင်းမြစ်မှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." လင်းယွမ်မှာ တိတ်ဆိတ်သွားသည်။
ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူ၏ ပင်မလမ်းစဉ် မဟုတ်သော်လည်း တစ်ချိန်က သူ တွဲဖက်ကျင့်ကြံခဲ့ဖူးသည်။ လင်းယွမ်က ရွှမ်ဟွမ်လျှို့ဝှက်နယ်မြေသို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က နယ်မြေ၏ စိတ်ဝိညာဉ်နှင့် စကားပြောခဲ့ဖူးပြီး ထိုလမ်းစဉ်တွင် အလွှာဆယ့်နှစ် တည်ရှိမှု တစ်ဦးမျှ ထွက်ပေါ်မလာသည်ကို သိချင်ခဲ့သည်။
ရွှမ်ဟွမ်လျှို့ဝှက်နယ်မြေ၏ အမွေအနှစ်ပေါင်းများစွာနှင့်ဆိုလျှင် အလွှာဆယ့်နှစ် သက်ရှိတစ်ဦးကို မွေးထုတ်ပေးရန် မခက်ခဲလှပေ။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ် မအောင်မြင်လျှင်ပင် နောက်ဆုံးတွင် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်၌ အလွှာဆယ့်နှစ်သက်ရှိတစ်ယောက် ထွက်ပေါ်လာရမည် ဖြစ်သည်။
သို့သော် ဧကရာဇ်ရွှမ်ဟွမ် အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားခဲ့ပြီးကတည်းက ထိုလမ်းစဉ်၌ အလွှာဆယ့်နှစ် သက်ရှိ တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပေ။ နောက်ပိုင်း လင်းယွမ် သိခဲ့ရသည်မှာ ဧကရာဇ်ရွှမ်ဟွမ်က သေဆုံးသွားခြင်းမရှိဘဲ ထိုလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှုက ရှိနေသောကြောင့် နောက်မျိုးဆက်များ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် တားဆီးထားသည်ကို နားလည်ခဲ့သည်။
အမှန်တကယ် သမိုင်းတစ်လျှောက်တွင် အလွှာဆယ့်သုံးကို တက်လှမ်းရန် ကြိုးစားခဲ့သော ဖရိုဖရဲအဆင့် သက်ရှိတိုင်းက လုံးဝ သေဆုံးသွားခြင်းမဟုတ်ဘဲ အများဆုံး အချိန်စက်ဝန်းထဲတွင် ပိတ်မိနေခဲ့ကြခြင်းသာ ဖြစ်သည်။
သို့သော် ယခု ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖိနှိပ်မှုများက လုံးဝပျောက်ကွယ်သွားကြောင်း လင်းယွမ် ခံစားခဲ့သည်။ ယခုအချိန်တွင် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။
" အနာဂတ်မှာ ကျွန်တော် အလွှာဆယ့်သုံးကို တက်လှမ်းပြီး အချိန်သက်ရှိတစ်ယောက်ဖြစ်လာခဲ့ရင် အရှင်မင်းကြီးကို ပြန်အသက်သွင်းပေးပါမယ်။ " လင်းယွမ်က ခဏ တိတ်ဆိတ်သွားပြီး တွေးလိုက်သည်။ " ပြီးတော့ အရှင်မင်းကြီးရဲ့ စီနီယာအမကိုလည်း အတူတူပြန်ရှင်လာအောင် လုပ်ပေးပါမယ်။ "
အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်၏ ပြန်လည်အသက်သွင်းခြင်းနည်းလမ်းက ပြင်ပပစ္စည်းများအပေါ် မှီခိုခြင်းမရှိပေ။ ဖရိုဖရဲဟင်းလင်းပြင်တွင် အတိတ်မှ တည်ရှိခဲ့သော ထိုသက်ရှိများနှင့် တွေ့ဖူးနေသရွေ့ သူတို့ကို ပြန်လည်အသက်သွင်းနိုင်လေသည်။
ဧကရာဇ်ရွှမ်ဟွမ်က အချိန်စက်ဝန်းမှ အတင်းအကျပ် ထွက်လာခြင်းကြောင့် သေဆုံးသွားခဲ့သော်လည်း သူက တစ်ချိန်က တည်ရှိခဲ့ဖူးသူဖြစ်သောကြောင့် သဘာဝအတိုင်းပင် သူ့ကို ပြန်လည်အသက်သွင်းနိုင်သည်။
အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်၏ စွမ်းအားနှင့် အတိတ်မှ သေဆုံးသော သက်ရှိများကို ပြန်လည်အသက်သွင်းရန် မခက်ခဲလှပေ။
ဧကရာဇ်ရွှမ်ဟွမ်က သူ၏ စီနီယာအမကို ပေ့ပစ်ပြီး အချိန်စက်ဝန်းကို ဖြတ်ကျော်ကာ အလွှာဆယ့်သုံးကို မတက်လှမ်းချင်ခဲ့သည့် အကြောင်းရင်းမှာ ထိုသို့မေ့ပစ်ခြင်းက စိတ်ခံစားချက်များ ပျောက်ကွယ်သွားသည်အထိ လုံးဝ မေ့ပစ်ခြင်းဖြစ်သည်။
ထို့ကြောင့် သူက အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာလျှင်တောင် သူ၏ စီနီယာအမက သူ့အတွက် ဘာမှမဟုတ်တော့ဘဲ သူမကို ပြန်လည်ရှင်သန်လာအောင် လုပ်ပေးမည်မဟုတ်တော့ပေ။