← Chapters

ကြီးမြတ်သူများ၏ တုန်လှုပ်မှု...

Vol. 67 Ch. 947

ကြီးမြတ်သူများ၏ တုန်လှုပ်မှု...

Vol. 67 Ch. 947

ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။ ဖရိုဖရဲအရှင်သခင်များစွာက လင်းယွမ်ကို မြင်သောအခါ လေးစားသော အမူအရာများကို ပြသကြသော်လည်း အလွန်အံ့အားသင့်ခြင်းမရှိကြပေ။

ဖရိုဖရဲအရှင်သခင်များက ဟန်ရှောင်နှင့် ယုလင်းတို့ကိုသာ အာရုံစိုက်ခဲ့ကြပြီး လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ အမွေဆက်ခံသူဖြစ်သည်ကို လမ်းစဉ်တစ်သောင်းမျက်လုံးမှလွဲ၍ ဘယ်သူမှမသိပေ။ ရွှမ်ဟွမ်စကြာဝဠာအတွင်း လင်းယွမ် မည်မျှရရှိခဲ့သည်ကိုလည်း မသိကြပေ။

ဧကရာဇ်ရွှမ်ဟွမ်ကိုယ်တိုင် ပေါ်လာခြင်းကြောင့် သူက စကြာဝဠာအတွင်းမှ ရတနာများအားလုံးကို ပြန်လည်သိမ်းဆည်းသွားသည်ဟုသာ ထင်ခဲ့ကြသည်။

" နဂါးငွေ့တန်းမဟာသူတော်စင် " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖရိုဖရဲအရှင်သခင်တစ်ယောက်က စိုးရိမ်စွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူက ရှန်ဖုန်းအရှင်သခင်ပင်ဖြစ်သည်။

ရွှမ်ဟွမ်စကြာဝဠာသို့ မဝင်ရောက်မီ ရှန်ဖုန်းအရှင်သခင်က လင်းယွမ်ကို ဖိတ်ခေါ်ခဲ့ပြီး လင်းယွမ်က ငြင်းဆိုခဲ့သောကြောင့် အမြင်မရှိဟု ဆိုခဲ့သည်။ သို့သော် လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်များနှင့်ယှဉ်နိုင်သော စွမ်းအားကို ပြလိုက်သောအခါ ရှန်ဖုန်းအရှင်သခင်က ထိတ်လန့်သွားခဲ့ရသည်။

ထို့နောက် ရွှမ်ဟွမ်စကြာဝဠာအတွင်း လင်းယွမ်က တစယောက်တည်းနှင့် မဟာသူတော်စင်ကိုးယောက်ကို ဖိနှိပ်ခဲ့ကြောင့် ရှန်ဖုန်းအရှင်သခင်က ကြားခဲ့ရသည်။ ထိုအချိန်တွင် သူက ထွက်မပြေးရဲတော့ဘဲ လင်းယွမ်ကို တောင်းပန်ရန် ရွှမ်ဟွမ်စကြာဝဠာသို့ ပြန်လာခဲ့သည်။

" မဟာသူတော်စင်မှန်းမသိလို့ အဲ့ဒီလိုပြုမူခဲ့တာပါ။ " ရှန်ဖုန်းအရှင်သခင်က ရတနာများကို ထုတ်ယူလိုက်သည်။ " ဒါက ကျွန်တော်ရဲ့ အမှားပါ။ မဟာသူတော်စင် စိတ်ထဲမထားဖို့ တောင်းပန်ပါတယ်။ "

ရှန်ဖုန်းအရှင်သခင်က ထိုခန္ဓာကိုယ်ကို ဆုံးရှုံးရန် ပြင်ဆင်ထားခဲ့သည်။ လင်းယွမ်၏ ဒေါသကို ပြေလျော့စေလျှင် တိုက်ခိုက်ရေးခန္ဓာတစ်ခု ဆုံးရှုံးခြင်းက ဘာမှမဟုတ်ပေ။

" ကောင်းပြီ။ မင်းသွားလို့ရပြီ။ " လင်းယွမ်က ရှန်ဖုန်းအရှင်သခင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ထိုကိစ္စကို လုံးဝ အာရုံမထားခဲ့ပေ။

" ကျေးဇူးတင်ပါတယ် မဟာသူတော်စင်။ " ရှန်ဖုန်းအရှင်သခင်က ဝမ်းသာသွားပြီး ရတနာများကို ထားကာ ရိုသေစွာ ထွက်သွားသည်။

လင်းယွမ်က ရတနာများကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ပုံပျက်နေသော အချိန်လေဟာနယ်တစ်နေရာတွင် လင်းယွမ်က ရပ်နေပြီး သူ၏ ရှေ့တွင် ကြီးမားသော မျက်လုံးကြီးတစ်ခု ရှိနေသည်။

" ဘယ်လိုလဲ။ ဒီတစ်ခါ အကျိုးအမြတ်က ကျေနပ်စရာကောင်းရဲ့လား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။

လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ အမွေကို ဆက်ခံထားပြီး ရွှမ်ဟွမ်စကြာဝဠာတွင် ဧကရာဇ်ရွှမ်ဟွမ်နှင့် တွေ့ဆုံခဲ့သောကြောင့် အကျိုးအမြတ်များစွာ ရရှိမည်မှာသေချာသည်။ လမ်းစဉ်တစ်သောင်းမျက်လုံးမသိသည်မှာ ဧကရာဇ်ရွှမ်ဟွမ်က လင်းယွမ်အတွက် အလွှာဆယ့်သုံး ရတနာတစ်ခု ချန်ထားပေးခဲ့ခြင်းဖြစ်သည်။

ထိုရတနာ၏ စွမ်းအားနှင့်ဆိုလျှင် လင်းယွမ်က သူတို့ကဲ့သို့ အထူးတည်ရှိမှုများကို ခြိမ်းခြောက်နိုင်စွမ်းရှိနေပြီဖြစ်သည်။

" အဆင်ပြေပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" အဲ့ဒါကောင်းတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြန်ပြောလိုက်သည်။ " ဒါဆို ငါမင်းကို ပြန်ပို့ပေးမယ်။ "

ထိုနေရာက ကုမင်ဖရိုဖရဲကုန်းမြေနှင့် အလွန်ဝေးကွာလှပြီး လင်းယွမ်၏ စွမ်းအားက တိုးတက်လာသော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ပြန်မည်ဆိုလျှင် ဆယ်စုနှစ်အချို့ ကြာနိုင်လေသည်။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

ကုမင်ဖရိုဖရဲကုန်းမြေ။

အရှင်ကုမင်က လင်းယွမ်ကို သွားရောက် ဂါရဝပြုသင့် မပြုသင့် စဉ်းစားနေသည်။ ရွှမ်ဟွမ်စကြာဝဠာအတွင်း လင်းယွမ်က မဟာသူတော်စင်များကို ဖိနှိပ်ခဲ့သည့်အကြောင်းကို သူသိထားသောကြောင့် သွားရောက်တွေ့ဆုံလိုစိတ်များ ပြင်းပြနေခဲ့သော်လည်း အနှောက်အယှက်ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

" ပြဿနာမရှိလောက်ပါဘူး။ " အရှင်ကုမင်က ခဏစဉ်းစားပြီး သွားရောက်ဂါရဝပြုမည်ဟု ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ ကုန်းမြေပေါ်တွင် ဖရိုဖရဲမဟာသူတော်စင်တစ်ယောက် ရှိနေလျက်နှင့် လျစ်လျူရှုထားလျှင် မရိုသေရာရောက်ပေလိမ့်မည်။ ယခု လင်းယွမ်က သူ၏ စွမ်းအားအစစ်အမှန်ကို ပြသခဲ့ပြီးဖြစ်သောကြောင့် ယခုသွားရောက်တွေ့ဆုံခြင်းက ယခင်နှင့် လုံးဝ ခြားနားသွားပြီဖြစ်သည်။

မကြာမီ အရှင်ကုမင်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာသို့ ရောက်ရှိလာသည်။

" အရှင်ကုမင် " ရွှမ်ယွမ်နှင့် ရှချင်တို့က ထွက်ပြီး ကြိုဆိုလိုက်ကြသည်။

" ငါ နဂါးငွေ့တန်းမဟာသူတော်စင်နဲ့ တွေ့ချင်လို့ပါ။ " အရှင်ကုမင်က သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ပြောလိုက်သည်။

" နဂါးငွေ့တန်း.... မဟာသူတော်စင်..." ရွှမ်ယွမ်နှင့် ရှချင်တို့က မှင်သက်သွားကြသည်။ အရှင်ကုမင်က လင်းယွမ်ကို ဘယ်လိုခေါ်လိုက်တာလဲ။ နဂါးငွေ့တန်းမဟာသူတော်စင်လား။

" အရှင်ကုမင် ဘယ်လိုပြောလိုက်တာလဲ။ " ရှချင်က သေချာကြားလိုက်သော်လည်း အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

အရှင်ကုမင်က မှားခေါ်စရာအကြောင်းမရှိသော်လည်း သူက ထပ်မံအတည်ပြုလိုသေးသည်။ ဖရိုဖရဲမဟာသူတော်စင်ဆိုသည်မှာ ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ရောက်ရှိပြီး ကိုယ်ပိုင်လမ်းစဉ်စွမ်းအားကို ဖော်ဆောင်နိုင်သူများ ဖြစ်ကြသည်။ ရွှမ်ဟွမ်နှင့် အခြားသူများလည်း အရှင်ကုမင်ကို ကြည့်လိုက်ကြသည်။

" ကြည့်ရတာ မင်းတို့ မသိသေးဘူးထင်တယ်။ " အရှင်ကုမင်က ရုတ်တရက် နားလည်သွားသည်။

လင်းယွမ်က သူ၏ စွမ်းအားအစစ်အမှန်ကို သူတို့အား ထုတ်ပြောထားသည့်ပုံမပေါ်ပေ။ အကယ်၍ သူတို့က လင်းယွမ်၏ စွမ်းအားကို သိခဲ့ကြလျှင် လူသားမျိုးနွယ်တစ်ခုလုံးက ထိုမျှအထိ အေးအေးဆေးဆေး နေကြမည်မဟုတ်ပေ။

ရွှမ်ဟွမ်စကြာဝဠာမှ အဖြစ်အပျက်များကို ဖရိုဖရဲအရှင်သခင်များသာ သိကြလေသည်။ ဖရိုဖရဲအဆင့်အောက် သက်ရှိများက သိရှိသူအလွန်နည်းလေသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်က... " အရှင်ကုမင်က သူသိသမျှကို ပြန်ပြောပြလိုက်သည်။ သူယခုမပြောလျှင်တောင် လပိုင်းအတွင်း ထိုအကြောင်းအရာများကို သူတို့ သိကြပေလိမ့်မည်။

" အဲ့ဒီစကြာဝဠာရဲ့အပြင်ဘက်မှာ နဂါးငွေ့တန်းက အမွှာရင်းမြစ်၊ ဟေးယောင်နဲ့ အခြားမဟာသူတော်စင်တွေကို ရင်ဆိုင်ခဲ့တာပေါ့။ " ရှချင်က မှင်သက်သွား၏။

" သူတို့က နဂါးငွေ့တန်းမဟာသူတော်စင်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ စကြာဝဠာအတွင်းမှာ နဂါးငွေ့တန်းမဟာသူတော်စင်က မဟာသူတော်စင်ကိုးယောက်လုံးကို ဖိနှိပ်ခဲ့တာပဲ။ အမွှာရင်းမြစ်မဟာသူတော်စင်တစ်ယောက်ပဲ လွတ်အောင် ပြေးနိုင်ခဲ့တာ။ " အရှင်ကုမင်က ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ လူသားမျိုးနွယ်မှ ကြီးမြတ်သူများက တုန်လှုပ်သွားကြသည်။ ဖရိုဖရဲမဟာသူတော်စင်ကိုးယောက်ကို ဖိနှိပ်ခဲ့တာလား။ အနိုင်ယူခြင်းနှင့် ဖိနှိပ်ခြင်းက လုံးဝ ကွာခြားပြီး ဖိနှိပ်ခြင်းက ပို၍ ခက်ခဲလှသည်။

" အရှင်ကုမင်က ဒါကို ဘယ်လိုသိတာလဲ။ သတင်းမှားနေတာမျိုး နာမည်တူနေတာမျိုး မဖြစ်နိုင်ဘူးလား။ " ရှချင်က ချက်ချင်း မေးလိုက်သည်။ လင်းယွမ်၏ စွမ်းအားကို သံသယဝင်ခြင်းမဟုတ်ဘဲ ၎င်းက မယုံကြည်နိုင်စရာကောင်းလွန်းနေခြင်းဖြစ်သည်။

" ဒါက သတင်းမှားမဟုတ်ပါဘူး။ " အရှင်ကုမင်က သေချာပြောလိုက်သည်။

ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ထို့အပြင် အရှင်ကုမင်က မှတ်တမ်းပုံရိပ်များမှ နဂါးငွေ့တန်းမဟာသူတော်စင်က လင်းယွမ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

" အခုမဟာသူတော်စင်နဲ့ တွေ့လို့မရလား။ " အရှင်ကုမင်က မေးလိုက်သည်။

" ကျွန်တော်အခု သွားမေးကြည့်လိုက်ပါမယ်။ " ရွှမ်ယွမ်က လင်းယွမ်ကို ဆက်သွယ်ပြီး မေးလိုက်သည်။ ခဏကြာသောအခါ သူက ခေါင်းညိမ့်လိုက်သည်။ " ဝင်လာခဲ့ပါ။ "

" ကောင်းပါပြီ။ " အရှင်ကုမင်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။

ရွှမ်ယွမ်နှင့် အခြားသူများက နေရာတွင် ရပ်ပြီး လင်းယွမ်နှင့် ပက်သက်သော သတင်း​ကြောင့် မှင်သက်နေကြသည်။

" လင်းယွမ်က တကယ် မဟာသူတော်စင်ဖြစ်သွားတာလား။ " ရှချင်က ရေရွတ်လိုက်သည်။

" အဲ့ဒါက အမှန်ပဲ ဖြစ်ရမယ်။ " ယုတိုင်က ခေါင်းညိမ့်လိုက်သည်။

ယခုအချိန်ထိ အခြားနေရာများမှ လင်းယွမ် ဖရိုဖရဲမဟာသူတော်စင်ဖြစ်သွားကြောင်း သူတို့မကြားရသေးသော်လည်း အရှင်ကုမင်က အစစအရာရာ သတိထားပြီး ရိုသေလေးစားသော အမူအရာကို ကြည့်ခြင်းဖြင့် ထိုသတင်းက မမှားသည်မှာ ထင်ရှားသည်။

" ငါတို့လူသားမျိုနွယ်မှာ ဖရိုဖရဲမဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာတာလား။ " ရှုချန်က အံ့ဩစွာ ပြောလိုက်သည်။

အကယ်၍ သူတို့က ပင်မစကြာဝဠာထဲတွင် ရှိနေသေးလျှင် ဖရိုဖရဲမဟာသူတော်စင်ဆိုသည်မှာ မည်မျှအစွမ်းထက်သည်ကို အမှန်တကယ် နားမလည်သောကြောင့် ထိုမျှအံ့ဩမည်မဟုတ်ပေ။ ဖရိုဖရဲဟင်းလင်းပြင်တွင် နှစ်အတော်ကြာ နေထိုင်ပြီးနောက် မြင့်မားသော အရာများကို ပို၍ နားလည်လာကြသည်။

မဟာသူတော်စင်ကို မပြောနှင့် ဖရိုဖရဲအရှင်သခင်ကပင် သူတို့အတွက် လက်လှမ်းမမီနိုင်သော တည်ရှိမှုဖြစ်သည်။ ယခု သူတို့၏ လူသားမျိုးနွယ်တွင် မဟာသူတော်စင်တစ်ယောက် အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။

" လင်းယွမ် မဟာသူတော်စင်ဖြစ်လာတာ လူသားမျိုးနွယ်ရဲ့ ကျေးဇူးကြောင့်လို့ ပြောလို့မရဘူး။ " ရှချင်က သက်ပြင်းချလိုက်သည်။ " သူ့ရဲ့ ပါရမီနဲ့ ဘယ်နေရာကိုရောက်ရောက် အောင်မြင်နိုင်မှာပဲ။ ငါတို့ လူသားမျိုးနွယ်မှာ လင်ယွမ်ရှိနေတာကိုပဲ ကျေးဇူးတင်ရမယ်။ "

အလွှာဆယ့်နှစ်သို့ မရောက်မီ သူတို့က လင်းယွမ်ကို အကူအညီအချို့ ပေးခဲ့သည်မှ လွဲ၍ နောက်ပိုင်းတွင် လင်းယွမ်က လူသားမျိုးနွယ်ကို အမြဲတစေ ​ကျေးဇူးဆပ်နေခဲ့သည်။ စကြာဝဠာပျက်ဆီးချိန်တွင် လင်းယွမ်သာ မရှိလျှင် လူသားမျိုးနွယ်သာမက အလွှာဆယ့်နှစ် ကြီးမြတ်သူများလည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အကယ်၍ လွတ်မြောက်လာလျှင်တောင် တစ်ယောက်နှစ်ယောက်သာ ရှိပေလိမ့်မည်။ ကုမင်ဖရိုဖရဲကုန်းမြေသို့ ရောက်ချိန်တွင်လည်း လင်းယွမ်သာမရှိလျှင် ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာကဲ့သို့ ကောင်းမွန်သော နေရာကို ရရှိမည်မဟုတ်ပေ။

All Chapters