အချိန်လေဟာနယ် နဝမအဆင့်...
Vol. 67 Ch. 948
" နဂါးငွေ့တန်းမဟာသူတော်စင်ကို ဂါရဝပြုပါတယ်။ " အရှင်ကုမင်က လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်ကို မြင်သောအခါ အရိုအသေပေးလိုက်သည်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူ၏ လက်ရှိစွမ်းအားဖြင့် ဖုံးကွယ်ထားရန် လုံးဝ မလိုအပ်တော့ပေ။
" မဟာသူတော်စင်က ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်ချင်လား။ " အရှင်ကုမင်က မေးလိုက်သည်။
ယခု လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ စွမ်းအားကို ထုတ်ပြခဲ့သောကြောင့် အရှင်ကုမင်က ဖိအားကို ခံစားလာရသည်။
" ဖရိုဖရဲကုန်းမြေ တည်ထောင်ဖို့လား။ " လင်းယွမ်က ခဏစဉ်းစားလိုက်သည်။
ပုံမှန်အားဖြင့် ဖရိုဖရဲအဆင့် အင်အားကြီးသူများက ဖရိုဖရဲကုန်းမြေတစ်ခုကို တည်ထောင်လေ့ရှိသည်။ ပထမအချက်မှာ ကိုယ်ပိုင်နယ်မြေကို သတ်မှတ်ရန် ဖြစ်ပြီး ဒုတိယအချက်မှာ ကုန်းမြေတစ်ခု တည်ထောင်သော လုပ်ငန်းစဉ်က မိမိ၏ နိယာမနားလည်မှုများကို ပြန်လည်သုံးသပ်ခြင်းပင်ဖြစ်သည်။
ဖရိုဖရဲအရှင်သခင်များနှင့် ဖရိုဖရဲမဟာသူတော်စင်များက ဖရိုဖရဲကုန်းမြေကို တစ်ခုထက်မက တည်ထောင်ကြသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက စကြာဝဠာတစ်ခုကို ဖန်တီးရန် ကြိုးစားကြသည်။
" အချိန်ကြာရင် တစ်ခုလောက်တော့ တည်ထောင်ပါဦးမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ယခုအချိန်တွင် ဖရိုဖရဲကုန်းမြေကို တည်ထောင်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်လာလျှင် ထိုကုန်းမြေကို စကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲနိုင်လေသည်။
" မဟာသူတော်စင်ရဲ့ စွမ်းအားနဲ့ဆို ပတ်ဝန်းကျင် ဟင်းလင်းပြင်နယ်မြေက အင်အားကြီးသူတွေ အများကြီးရောက်လာမှာ သေချာတယ်။ " အရှင်ကုမင်က ပြောလိုက်သည်။
ဖရိုဖရဲကုန်းမြေကို တည်ထောင်သူ၏ စွမ်းအားက ပို၍ သန်မာလျှင် ထိုနေရာက ပို၍ စည်ကားလာမည်ဖြစ်သည်။ သေချာသည်မှာ ထိုနေရာသို့ လာရောက်သူများက စည်းကမ်းရှိသော အင်အားကြီးသူများသာ ဖြစ်ပေလိမ့်မည်။
အရှင်ကုမင်၏ လင်းယွမ်အပေါ်အမြင်အရ သူက ပေါ့ပေါ့တန်တန် လုပ်တတ်သူမဟုတ်ပေ။ ထို့ကြောင့် သူတည်ထောင်မည့် ဖရိုဖရဲကုန်းမြေကလည်း လူကြိုက်အလွန်များပေလိမ့်မည်။ အရှင်ကုမင်က လင်းယွမ်တည်ထောင်မည့် ကုန်းမြေအနီးသို့ ပြောင်းရွှေ့နေထိုင်ကာ လုံခြုံမှုနှင့် အကျိုးအမြတ် နှစ်ခုလုံး ရယူရန်ပင် စညားစားနေမိသည်။
ဖရိုဖရဲကုန်းမြေ၏ လမ်းစဉ်တစ်သောင်းခန်းမ။
အချိန်လေဟာနယ်၏ နက်ရှိုင်းသော နေရာမှ လင်းယွမ်၏ ပုံရိပ်က ထွက်ပေါ်လာသည်။
" ပြန်ရောက်ပြီပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ကုမင်ဖရိုဖရဲကုန်းမြေသို့ ပြန်ရောက်လာပြီကို သိလိုက်သည်။
" ဒီကိစ္စကို ကျွန်တော်အတွက် လျို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကို ပြောလိုက်သည်။
ရွှမ်ဟမ်စကြာဝဠာမှ သူရရှိခဲ့သော အကျိုးအမြတ်များက ကြီးမားလှသည်။ အခြားလူများက သူနှင့် ရွှမ်ဟွမ်မျိုးနွယ်ကြား ပက်သက်မှုကို သံသယမဝင်နိုင်ကြသော်လည်း အကယ်၍ သိသွားခဲ့လျှင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်သည်။
" စိတ်ချပါ။ မင်း ဒုက္ခရောက်မှာကိုလည်း ငါမလိုလားပါဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ချက်ချင်း ပြန်ဖြေလိုက်သည်။ ထိုအထူးတည်ရှိမှုက လင်းယွမ်အား အထွတ်အထိပ်သို့ ချောမွေ့စွာ ရောက်ရှိစေလိုသည်။
သို့မှသာ လမ်းစဉ်တစ်သောင်းမျက်လုံးက ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ ထိုမတိုင်မီ သူက လင်းယွမ်ကို ကာကွယ်ပေးရန်နှင့် ပြဿနာများကို ဖြေရှင်းပေးရန် လုပ်ဆောင်ပေးခဲ့သည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်၏ မူလခန္ဓာကိုယ်က ပေါ်လာသည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်က လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။
" နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
" ဒီအိုးလေး..." လင်းယွမ်က သူ၏ ညာလက်ကို မြှေက်လိုက်ရာ အလင်းရောင်များ ဖုံးလွှမ်းနေသော အိုးလေးတစ်လုံး ပေါ်လာသည်။
ထိုအိုးလေးက လက်ဝါးအရွယ်သာရှိပြီး မည်သည့်အော်ရာမှ ထွက်ပေါ်မနေပေ။ သို့သော် ထိုအလင်းရောင်များက ချိပ်ပိတ်ထားခြင်းဖြစ်ကြောင်း လင်းယွမ်က သိလိုက်သည်။ ထိုအလင်းရောင်၏ အနှစ်သာရက အဆုံးမဲ့အချိန်စက်ဝန်း၏ စွမ်းအားပင် ဖြစ်သည်။ ထိုစွမ်းအားကသော အလွှာဆယ့်သုံး ရတနာကို ချိပ်ပိတ်ထားနိုင်ခြင်းဖြစ်သည်။
" ဒီအိုလေးကို လေ့လာလို့ရတယ်လို့ ဧကရာဇ်ရွှမ်ဟွမ် ပြောခဲ့တယ်။ " လင်းယွမ်က သူ၏ စိတ်အသိအပိုင်းအစကို အိုးလေးထဲသို့ ဂရုတစိုက် ပို့လွှတ်လိုက်သည်။ အိုးကို ချိပ်ပိတ်ထားသော အလင်းရောင်က လင်းယွမ်၏ စိတ်အသိကို တားဆီးခြင်းမပြုခဲ့ပေ။
ဝုန်း ဝုန်း ဝုန်း...
ထိုအိုးလေးထဲတွင် လင်းယွမ်က အလွန်ကြီးမားသော နိယာများကို ခံသားလိုက်ရသည်။ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှပြီး အနုစိတ်ကာ ပြည့်စုံလှသည်။ ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးမှ နိယာမအားလုံးက ထိုအိုးလေးထဲတွင် လည်ပတ်နေသကဲ့သို့ ဖြစ်သည်။
" အချိန်လေဟာနယ်..." လင်းယွမ်က ထိုအိုးထဲမှ အဓိကနိယာမနှစ်ခုဖြစ်သေည အချိန်နှင့် လေဟာနယ်ကို ခံစားလိုက်ရသည်။ အဆုံးမဲ့သော နိယာမများက ထိုနိယာမနှစ်ခုပေါ်တွင် အခြေခံ၍ လည်ပတ်နေကြခြင်းဖြစ်သည်။
" ဒါက..." လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များက ပေါက်ကွဲလာပြီး ယခင်စုဆောင်းထားခဲ့သော အချိန်လေဟာနယ် နားလည်မှုများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
မဟာတာအို၏ နိယာမပေါင်းများစွာတွင် အချိန်နှင့် လေဟာနယ်က အရှင်သခင်များဖြစ်ကြသည်။ ဖရိုဖရဲနိယာမက မဟာတာအို၏ နိယာမများစွာအဖြစ် ပြောင်းလဲသွားသောကြောင့် ၎င်းတို့ထဲတွင် မပါဝင်တော့ပေ။ ထိုအလွှာဆယ့်သုံး ရတနာထဲတွင် မရေတွက်နိုင်သော နိယာမများစွာ လည်ပတ်နေသည့် ကျယ်ပြောလှသော ကမ္ဘာတစ်ခု ကိန်းအောင်းနေသည်။
ထိုနိယာမလည်ပတ်မှုများက ထိုအိုးပိုင်ရှင်၏ နိယာမများအပေါ် နားလည်မှုဖြစ်သည်။ သူက အလွှာဆယ့်သုံး အချိန်သက်ရှိပင်ဖြစ်သည်။ ၎င်းအတွင်းမှ အချိန်လေဟာနယ်တို့က လင်းယွမ်က တစ်ခါမှမဖြစ်ဖူးသော ဉာဏ်အလင်းကို ပေးခဲ့လေသည်။
လင်းယွမ်၏ မျက်လုံးများထဲတွင် အချိန်နှင့်လေဟာနယ်က ရိုးရှင်းသွားပြီး စနစ်တကျဖြစ်သွားသည်။ အချိန်လေဟာနယ်၏ နားလည်မှုနျား စုစည်းလာသည်နှင့် လင်းယွမ်၏ မျက်လုံးများက ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်လေဟာနယ်ကို ထိုးဖောက်မြင်နေရသကဲ့သို့ တောက်ပလာသည်။
" ဒါက အချိန်လေဟာနယ် နဝမအဆင့်ပဲ။ " လင်းယွမ်က အလွန်စိတ်လှုပ်ရှားသွားသည်။
ယခင်ကတည်းက အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုက အဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ ယခု အိုလေးထဲမှ ကျယ်ပြောလှသော အချိန်လေဟာနယ် လည်ပတ်မှုများကို လေ့လာခြင်းမှတစ်ဆင့် သူက အချိန်လေဟာနယ် နဝမအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် မဟာသူတော်စင်များ၏ အချိန်လေဟာနယ်အပေါ် နားလည်မှုမှာ ပုံမှန်အားဖြင့် သတ္တမအဆင့်တွင်သာ ရှိတတ်ကြသည်။ နဝမအဆင့်က ထူးခြားသော မဟာသူတော်စင်များ၏ အဆင့်ဖြစ်သည်။
ခေတ်တစ်ခေတ်ကို စိုးမိုးနိုင်သော ပြိုင်ဘက်ကင်း မဟာသူတော်စင်များသာ အချိန်လေဟာနယ် နားလည်မှုကို နဝမအဆင့်ထိ ရောက်နိုင်ကြသည်။
" ဧကရာဇ်ရွှမ်ဟွမ်ရဲ့ နောက်ဆုံး အချိန်လေဟာနယ်အပေါ် နားလည်မှုက နဝမအဆင့်ကို ကျော်လွန်သွားသလို ခံစားခဲ့ရတာမထူးဆန်းတော့ဘူး။ "
လင်းယွမ်က ပထမဆုံး လေ့လာချိန်မှာပင် ကြီးမားသော နားလည်မှုများကို ရရှိခဲ့ပြီး အချိန်လေဟာနယ် နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ ပြိုင်ဘက်ကင်းမဟာသူတော်တစ်ယောက်ကလည်း ၎င်းကို လေ့လာခြင်းဖြင့် အကျိုးအမြတ်များ ရရှိခဲ့မည်မှာ သေချာသည်။
" နှမြောစရာကောင်းတာက အချိန်လေဟာနယ်အပေါ် နားလည်မှု ဘယ်လောက်မြင့်မြင့် အချိန်စက်ဝန်းကို ဖြတ်ကျော်ဖို့ အထောက်အကူမဖြစ်တာပဲ။ ပြီးတော့ အချိန်လေဟာနယ်ကို အရမ်းကျွမ်းကျင်နေရင်လည်း အချိန်စက်ဝန်းထဲက စမ်းသပ်မှုက အချိန်လေဟာနယ်နဲ့ ဘာမှဆိုင်မှာမဟုတ်ဘူ။ " လင်းယွမ်က တွေးလိုက်သည်။
" ဒါပေမယ့် ငါ အဲ့ဒါတွေ စဉ်းစားဖို့မလိုသေးပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းခဲ့ရသည့် အကြောင်းရင်းမှ ထိုအိုးလေး၏ စွမ်းအားကို ဆက်လက်ထိန်းချုပ်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ယခု ဧကရာဇ်ရွှမ်ဟွမ်က အိုးလေးကို စကြာဝဠာခေတ်သန်းသုံးဆယ်ကျော် ဖိနှိပ်ခဲ့ပြီး နောက်ထပ် စကြာဝဠာခေတ်တစ်ရာအတွင်း လွတ်မြောက်နိုင်ဦးမည်မဟုတ်ပေ။ လင်းယွမက မွေးဖွားချိန်မှ ယခုအချိန်အထိ ဆင်းသက်ခဲ့သော ကမ္ဘာများမှ အချိန်များကို ထည့်တွင်လျှင်တောင် နှစ်ပေါင်းတစ်သောင်းဝန်းကျင်သာ ရှိသေးသည်။
လင်းယွမ်က အိုးလေးကို ဆက်လက်လေ့လာနေစဉ် ဝေဝါးသော ပုံရိပ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဦးခေါင်ပြောင်ပြောင်နှင့် ထိုပုံရိပ်ကြီး၏ ရှေတွင် လက်နက်ပေါင်းဆယ်ခုကျော် ပျံဝဲနေပြီး ၎င်းတို့ထဲတွင် အိုးလေးတစ်လုံးလည်း ပါဝင်နေသည်။
အိုးလေးက လွင့်မျောနေပြီး အဆုံးမဲ့သော စွမ်းအားလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသည်။ ၎င်း၏ စွမ်းအားအောက်တွင် အချိန်လေဟာနယ်အလွှာပေါင်း သိန်းချီသန်းချီက ပျောက်ကွယ်သွားရသည်။
" ဒါက အိုးလေးရဲ့ ပိုင်ရှင် အလွှာဆယ့်သုံး အချိန်သက်ရှိချန်ခဲ့တဲ့ အမှတ်အသားဖြစ်ရမယ်။ " လင်းယွမ်က နားလည်သွားသည်။
အလွှာဆယ့်သုံး အချိန်သက်ရှိ၏ အာရုံစိုက်မှုကို ခံရမည်စိုးရိမ်သောကြောင့် သွားရောက်ထိတွေ့ရန် မဝံ့ရဲပေ။ အမှန်တကယ် ထိုအလွှာဆယ့်သုံး အချိန်သက်ရှိက အိုးလေးကို ပြန်မယူသွားခြင်းမှာ မေ့လျော့နေခြင်းမဟုတ်လောက်ပေ။ စကြာဝဠာခေတ် သန်းသုံးဆယ်၊ သန်းသုံးရာက သူတို့အတွက် မျက်တောင်တစ်ခတ်သာ ကြာပေလိမ့်မည်။
သူက အနာဂတ်တွင် အိုးလေးကို လိုအပ်လာမှသာ ၎င်းကို ပြန်လည်သိမ်းယူမည်ဖြစ်သည်။ ထိုကာလအတွင်း အိုလေးက မည်သည့်အရာများကိုကြုံတွေ့ပြီး မည်သူ့လက်ထဲသို့ ရောက်သွားသည်မှာ သူတို့အတွက် အရေးမကြီးလှပေ။