← Chapters

ရတနာများကို ပေါင်းစည်းခြင်း...

Vol. 67 Ch. 949

ရတနာများကို ပေါင်းစည်းခြင်း...

Vol. 67 Ch. 949

" ကောင်းကင်လေဟာနယ်အိုး။ " လင်းယွမ်က အိုးလေးကို လေ့လာနေစဉ် ၎င်း၏ နာမည်ကို သိလိုက်ရသည်။

ကောင်းကင်လေဟာနယ်အိုးက အိုးအတွင်း၌ ချန်ထားခဲ့သော အမှတ်အသားတစ်ခုသာဖြစ်ပြီး အနည်းငယ် အာရုံစိုက်ရုံနှင့် အလွယ်တကူ သိရှိနိုင်လေသည်။

"ဒါက အလွှာဆယ့်သုံး အချိန်သက်ရှိရဲ့ စွမ်းအားလား။ " လင်းယွမ်က စိတ်ရှုပ်ထွေးသွားမိသည်။

အလွှာဆယ့်သုံး ရတနာတစ်ခု၏ လက်ကျန်စွမ်းအားတစ်ခုက ဟင်းလင်းပြင်နယ်မြေများစွာကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေသည်။ အကယ်၍ ထိုအလွှာဆယ့်သုံး အချိန်သက်ရှိကသာ စွမ်းအား အပြည့်အဝ ထုတ်သုံးခဲ့လျှင် ဖရိုဖရဲဟင်းလင်းပြင်၏ တစ်ဝက်နီးပါးကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပါလား။

၎င်းက စွမ်းအားတစ်ခုတည်းကို ဆိုလိုခြင်းဖြစ်ပြီး အလွှာဆယ့်သုံး အချိန်သက်ရှိများက အနာဂတ် အချိန်အတိုင်းအတာများကို ထိုးဖောက်မြင်နိုင်ပြီး လိုက်နာရန် ကြိုတင်သတ်မှတ်ထားသော အနာတ်ဂတ် အချိန်အတိုင်းအတာတစ်ခုကို ရွေးချယ်နိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်နေစဉ် အခြားအလွှာဆယ့်သုံးအချိန်သက်ရှိများ၏ နှောက်ယှက်မှုကို ခံရနိုင်လေသည်။

အချိန်သက်ရှိများအတွက် အလွှာဆယ့်သုံးအောက် သက်ရှိများအားလုံးက နယ်ရုပ်လေးများသာ ဖြစ်သည်။ အဆင့်တူ အချိန်သက်ရှိများသာလျှင် ပြိုင်ဘက်များဖြစ်ကြပြီး သူတို့ကသာ ကစားပွဲကို ထိန်းချုပ်သူများ ဖြစ်ကြသည်။

လင်းယွမ်၏ စိတ်အသိအပိုင်းအစက အတွင်းစကြာဝဠာထဲသို့ ဝင်ရောက်သွားသည်။

" ဒီရတနာတွေ..." လင်းယွမ်က သူ၏ ရှေ့တွင် ပျံဝဲနေသော အသက်မူလကျောက်တုံး၊ ရှေးဦးသလင်းကျောက်၊ ကောင်းကင်ကိုးခုမိုးကြိုးအမြုတေနှင့် အခြားရတနာများကို ကြည့်လိုက်သည်။

" ဒါတွေကို အတွင်းစကြာဝဠာထဲ ပေါင်းစည်းနိုင်မလားမသိဘူး။ " လသ်းယွမ်က ကျောက်စိမ်းဘူးသီးခြောက်ဘေးတွင် ပေါ်လာသည်။

သူက ထိုရတနာများကို အတွင်းစကြာဝဠာထဲသို့ ပေါင်းစည်းရန် စဉ်းစားထားခဲ့ပြီးဖြစ်သည်။ သို့သော် နောက်ဆုံးတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ သဘောထားကို မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။

သူမက အလွှာဆယ့်သုံး အချိန်သက်ရှိက အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်ကို လမ်းညွှန်ရန် အထူးဖန်တီးထားခြင်းဖြစ်သည်။

" ဒါတွေက..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရတနာဆယ်ခုကျော်ကို ကြည့်ပြီး မျက်လုံးများပြုသွားခဲ့သည်။

ထိုရတနာများက လျို့ဝှက်ဆန်းကြယ်သော နေရာများ၏ အခြေခံအုတ်မြစ်များ ဖြစ်ပြီး ထိုနယ်မြေများ၏ စိတ်ဝိညာဉ်များက ဆန္ဒအလျောက် ထုတ်ပေးမည်မဟုတ်ပေ။ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့သော ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် ထိုရတနာတစ်ခုကို ရယူရန် ခက်ခဲလေသည်။

" သခင်က ဘာလုပ်ခဲ့လို့ သူတို့က ဒီရတနာတွေကို ထုတ်ပေးခဲ့ကြတာလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက မယုံကြည်နိုင်ဖြစ်နေသည်။

မရေတွက်နိုင်သော ခေတ်များတစ်လျှောက် အဆုံးမဲ့လေဟာနယ်ကို ကျင့်ကြံသူများက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်သို့ ရောက်ခဲ့ဖူးသည်။ သူတို့က ထိုနေရာများသို့ သွားရောက်ခဲ့ကြသော်လည်း ထိုနယ်မြေများ၏ စိတ်ဝိညာဉ်များကို ဖိအားမပေးရဲကြပေ။

အကယ်၍ ဖိအား အလွန်ပေးလိုက်လျှင် နယ်မြေစိတ်ဝိညာဉ်များက သူတို့၏ နောက်ကွယ်မှ အချိန်သက်ရှိများကို အကူအညီတောင်းကြမည်ဖြစ်ပြီး အလွှာဆယ့်နှစ် သက်ရှိများက အကျိုးဆက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

" ကံကောင်းလို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်က သူ၏ မိတ်ဆွေဟောင်းများနှင့် မည်သို့တွေ့ဆုံခဲ့သည်ကို သူနားလည်သွားပြီဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်က သေရတော့မည်ဖြစ်သောကြောင့် လျို့ဝှက်နယ်မြေများသို့ ဝင်ရောက်ရာတွင် အလွှာဆယ့်သုံး အချိန်သက်ရှိများကို ဂရုစိုက်နေတော့မည်မဟုတ်ပေ။

" ဒါတွေကို အတွင်းစကြာဝဠာထဲ ပေါင်းစည်းလို့ရလား။ " လင်းယွမ်က မေးလိုက်သည်။

" ရတာပေါ့။ သေချာပေါက် ရတာပေါ့။ " မိန်းကလေးက ပြောလိုက်သည်။ " တခြားသူတွေအတွက် ဒီရတနာတွေကို အတွင်းစကြာဝဠာထဲ ပေါင်းစည်းတာက သိပ်အဓိပ္ပါယ်မရှိဘူး။ အလွန်ဆုံး အဲ့ဒီလျို့ဝှက်နယ်မြေတွေနဲ့တူတဲ့ ပတ်ဝန်းကျင်မျိုးပဲ ရရှိလိမ့်မယ်။ "

" ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွင်းစကြာဝဠာက ကန့်သတ်ချက်ရှိနေတာမလို့ ရတနာတွေရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ဘူး။ ဒါပေမယ့် သခင်ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်အဖြစ် ပြောင်းလဲနေတာပဲ။ ဒီရတနာတွေကို ပေါင်းစည်းပြီး လျို့ဝှ​က်နယ်မြေတွေ ဖန်တီးတာက ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်။ "

" ဒါဆို ငါစပြီး ပေါင်းစည်းလိုက်တော့မယ်။ " လင်းယွမ်က ပြောလိုက်သည်။ ထိုရတနာများက ပြင်ပပစ္စည်းများဖြစ်သော​ကြောင့် ၎င်းတို့ကို ပေါင်းစည်းဝါးမျိုခြင်းမပြုမီ သေချာစဉ်းစားရမည်ဖြစ်သည်။

" လုပ်ပါ။ " မိန်းလေးက လင်းယွမ်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။ " သခင်ရဲ့အတွင်းစကြာဝဠာက ဘယ်အဆင့်ထိ ကြီးထွားနိုင်မလဲမသိဘူး။ သတ္တမအဆင့်ကို ရောက်နိုင်မလားဆိုတာ ငါပိုပြီး သိချင်လာပြီ။ "

" အဆုံးဟင်းလင်းပြင်ရဲ့ သတ္တမအဆင့်လား။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ထိုအမွေအနှစ်ကို ဖန်တီးခဲ့သော အလွှာဆယ့်သုံး အချိန်သက်ရှိ၏ စကားအရ အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်ကို ရောက်ရှိသော အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်နှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်သောကြောင့် အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် တန်းတူဖြစ်သွားပေလိမ့်မည်။

အချိန်လေဟာနယ် နဝမအဆင့်ကို ရောက်ရှိပြီးနောက် လင်းယွမ်၏ အတွင်းစကြာဝဠာက အရှိန်အဟုန်ဖြင့် ကျယ်ပြန့်သွားခဲ့ပြီး အလင်းနှစ့် ၁၈ ထရီလီယံသို့ ရောက်သွားခဲ့သည်။

" ပေါင်းစည်းမယ်။ " လင်းယွမ်က အသက်မူလကျောက်တုံးကို ထုတ်ယူလိုက်သည်။

အသက်မူလကျောက်တုံးက လက်သီးဆုပ်အရွယ်သာ ရှိသော်လည်း သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသော အသက်စွမ်းအားများ ပြည့်နှက်နေသည်။ လင်းယွမ်က အသက်မူလကျောက်တုံးကို ပစ်လိုက်ပြီး အတွင်းစကြာဝဠာ၏ မူလရင်းမြစ်က ချက်ချင်း ဝါးမျိုကာ ပေါင်းစည်းလိုက်သည်။

အသက်မူလကျောက်တုံးကို ပေါင်းစည်းပြီးနောက် လင်းယွမ်က အခြေခံအသက်စွမ်းအားကု ထိန်းချုပ်လိုက်နိုင်သည်။

" စုစည်းမယ်။ " လင်းယွမ်က စိတ်ကူးထားသည့်အတိုင်း လှုပ်ရှားလိုက်သည်။

ထိုအသက်စွမ်းအားအစိတ်အပိုင်းက စတင်ကျယ်ပြန့်လာပြီး အသက်အနှစ်သာရများဖြင့် ဖွဲ့စည်းထားသော ရေကန်လေးတစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ လင်းယွမ်က ထိုရေကန်လေးကို ငုံ့ကြည့်လိုက်သည်။

" အသက်ပင်လယ်က အလွန်ကျယ်ပြောပေမယ့် ငါအသက်မူလကျောက်တုံးနဲ့ ဖန်တီးတာဆိုတော့ ရေကန်လေးပဲ ဖန်တီးနိုင်တယ်။ " လင်းယွမ်က အံ့ဩခြင်းမရှိပေ။

အသက်ပင်လယ်က အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက် ချန်ထားခဲ့ခြင်းဖြစ်သည်။ လင်းယွမ်က အချိန်သက်ရှိတစ်ယောက် မဟုတ်သေးသောကြောင့် အသက်မူလကျောက်တုံးဖြင့် လျို့ဝှက်နယ်မြေတစ်ခု ဖန်တီးရာတွင် မူလနယ်မြေကို မမှီနိုင်ပေ။

သို့သော် လင်းယွမ်၏ အတွင်းစကြာဝဠာက တိုးတက်လာသည်နှင့်အမျှ လျို့ဝှက်နယ်မြေများကလည်း ကြီးထွားလာမည်ဖြစ်သည်။ ထို့နောက် လင်းယွမ်က အခြားရတနာများကို ဆက်လက်ပေါင်းစည်းနေပြီး အတွင်းစကြာဝဠာထဲတွင် လျို့ဝှက်နယ်မြေ အသေးစားလေးများ ဖြစ်ပေါ်လာကြသည်။

" ဟင်းလင်းပြင်ရွှေရောင်သစ်ရွက်..." လင်းယွမ်က နောက်ဆုံးရတနာကို ကြည့်လိုက်သည်။

ထိုရတနာက ဟင်းလင်းပြင်နတ်သစ်ပင်ဟူသော လျို့ဝှက်နယ်မြေမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ပင်မသစ်ရွက်ဖြစ်ကာ လင်းယွမ်အား ဖရိုဖရဲဟင်းလင်းပြင်ကို စောင့်ကြည့်နေရသကဲ့သို့ ခံစားချက်မျိုးကို ပေးနေသည်။

" ဟင်းလင်းပြင်နတ်သစ်ပင်က ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတာပဲ။ သစ်ရွက်တစ်ရွက်က ဟင်းလင်းပြင်နယ်မြေတစ်ခုလောက် ကြီးတယ်လို့ ပြောကြတယ်။ ဒီရွှေရောင်သစ်ရွက်က သစ်ပင်ရဲ့ ထိပ်ဖျားက သစ်ရွက်ဖြစ်ပြီး သမိုင်းတစ်လျှောက် ဘယ်မဟာသူတော်စင်မှ မထိတွေ့ခဲ့ဖူးဘူး။" လင်းယွမ်က စဉ်းစားလိုက်ရသည်။

လင်းယွမ်က ထိုရတနာများကို အတွင်းစကြာဝဠာနှင့် ပေါင်းစည်းရန် ဆုံးဖြတ်လိုက်ခြင်းမှာ ၎င်းတို့၏ အသုံးဝင်ပုံကိုလည်း မသိသောကြောင့် ဖြစ်သည်။

" တိုက်ရိုက်ပဲ ပေါင်းစည်းလိုက်တာပေါ့။ " လင်းယွမ်က ရွှေရောင်သစ်ရွက်ကို အတွင်းစကြာဝဠာ၏ မူလစွမ်းအားများဖြင့် ဝန်းရံပြီး စတင်ဝါးမျိုလိုက်သည်။

ရွှေရောင်သစ်ရွက်ကို ဝါးမျိုလိုက်သည်နှင့် အတွင်းစကြာဝဠာထဲတွင် ဟင်းလင်းပြင်ရွှေရောင်စွမ်းအားများ စတင်ပျံ့နှံ့လာသည်။ ယခင် ရတနာများနှင့်ယှဉ်လျှင် ဟင်းလင်းပြင်ရွှေရောင်သစ်ရွက်က သူ၏ အတွင်းစကြာဝဠာအပေါ် သက်ရောက်မှု အကြီးမားဆုံး ဖြစ်သည်။

ဝုန်း...

စကြာဝဠာ၏ အလယ်တွင် ဟင်းလင်းပြင်ရွှေရောင်သစ်ရွက်၏ စွမ်းအားက မီတာဝက်ခန့်မြင့်သော သစ်ပင်ငယ်လေးတစ်ပင်အဖြစ် ဖြစ်ပေါ်လာသည်။ ထိုသစ်ပင်ငယ်လေးက အလွန်နုနယ်ပုံရပြီး ၎င်း၏ ဘေးမှ ဖရိုဖရဲသစ်ပင်နှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်လှသည်။

သို့သော် ထိုသစ်ပင်ငယ်လေးကြောင့်ပင် ဖရိုဖရဲသစ်ပင်က ကြောက်လန့်နေပြီး ဖရိုဖရဲစွမ်းအားများက ၎င်းအနီးသို့ မချဉ်းကပ်ဝံ့ကြပေ။

" ဟင်းလင်းပြင်နတ်သစ်ပင်။ " လင်းယွမ်က ထိုသစ်ပင်လေးကို ကြည့်လိုက်သည်။ ၎င်းက ဟင်းလင်းပြင်နတ်သစ်ပင်နှင့် ခြောက်ဆယ်၊ ခုနှစ်ဆယ်ရာခိုင်နှုန်း တူညီနေသည်။

ကွာခြားမှုမှာ အရွယ်အစားသာဖြစ်ပြီး မူလဟင်းလင်းပြင်နတ်သစ်ပင်၏ အရွက်တစ်ရွက်က ဟင်းလင်းပြင်နယ်မြေတစ်ခုနှင့် ညီမျှလေသည်။

ရတနာများအားလုံးကို ပေါင်းစည်းပြီးနောက် လင်းယွမ်က မျက်လုံးများမှိတ်ပြီး အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်သည်။

" အရွယ်အစားက အလင်းနှစ် သုံးရာထရီလီယံရှိသွားပြီ။ " လင်းယွမ်က အတွင်းစကြာဝဠာ၏ အရွယ်အစားကို ကြည့်လိုက်သည်။

၎င်းက အထင်ရှားဆုံး ပြောင်းလဲမှုဖြစ်သည်။ ထို့အပြင် အတွင်းစကြာဝဠာ၏ အခြေခံး နက်ရှိုင်းမှုကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုမြှင့်တင်မှုက အခြေခံအုတ်မြစ်ဖြစ်ပြီး လင်းယွမ်၏ အတွင်းစကြာဝဠာနှင့်အတူ ဆက်လက်တိုးတက်နိုင်သေးသည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို ဟန်ရှောင်ကို မနိုင်ရင်တောင် ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ရဲ့ ဝန်းရံမှုကို အန္တရာယ်ကင်းကင်းနဲ့ ဖောက်ထွက်နိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

All Chapters