← Chapters

ဖရိုဖရဲကုန်းမြေကို တည်ထောင်ခြင်း...

Vol. 67 Ch. 950

ဖရိုဖရဲကုန်းမြေကို တည်ထောင်ခြင်း...

Vol. 67 Ch. 950

ရွှမ်ဟွမ်စကြာဝဠာအတွင်း ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရစဉ် လင်းယွမ်က ကြီးမားသော ဖိအားကို ခံစားခဲ့ရပြီး ပြင်ပကမ္ဘာကို ဖောက်ခွဲလျှင်တောင် လွတ်မြောက်မည်မဟုတ်ခဲ့ပေ။ သို့သော် ယခု အချိန်လေဟာနယ် နဝမအဆင့်သို့ ရောက်ရှိသွားခြင်းနှင့် အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုများကြောင့် လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်နှင့် ယှဉ်နိုင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။

အတွင်းစကြာဝဠာက လင်းယွမ်ကို ကြီးမားသော အားသာချက်ပေးစွမ်းသဖြင့် သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်နှင့် အဆင့်တူမဟုတ်လျှင်တောင် ထိုကွာဟချက်ကို သိသိသာသာ ကျဉ်းမြောင်းသွားစေသည်။

" ငါ့ရဲ့ အခြေခံနဲ့ဆိုရင် ဖရိုဖရဲအဆင့်ကို ရောက်တာနဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်နဲ့ ယှဉ်နိုင်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန် သူ့အတွက် အခက်အခဲသိပ်မရှိပေ။ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အမြင့်ဆုံးကန့်သတ်ချက်အထိ တိုးတက်လာသည်ကို စောင့်ရန်သာ လိုအပ်သည်။ သူက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကတည်းက ဖရိုဖရဲအဆင့်ကို တက်လှမ်းရန် လိုအပ်ချက်များက ပြည့်မီသွားပြီဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" မဟာသူတော်စင်က ဖရိုဖရဲကုန်းမြေကို ဘယ်နေရာမှာ တည်ထောင်ဖို့ စဉ်းစားထားလဲ။ " အရှင်ကုမင်ကလည်း ရောက်လာပြီး သိလိုစိတ်နှင့် မေးလိုက်သည်။

" ဒီနေရာမှာပဲ တည်ထောင်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။ ထိုနေရာ၏ အနီးတွင် အခြားကုန်းမြေများမရှိသောကြောင့် သူ၏ ကိုယ်ပိုင်ကုန်းမြေတစ်ခုကို တည်ထောင်ရန် သင့်တော်ပေသည်။

" ကောင်းပါပြီ။ " အရှင်ကုမင်က ခေါင်းညိမ့်ပြီး သတိထားမေးလိုက်သည်။ " ဖရိုဖရဲကုန်းမြေကို တည်ထောင်တဲ့အချိန်မှာ အခြားသူတွေကို လာရောက်လေ့လာခွင့်ပေးမှာလား။ "

ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်ရန် အချိန်လိုအပ်ပြီး ဖရိုဖရဲစွမ်းအားများ စုစည်းကာ အချန်လေဟာနယ်တုန်ခါမှုများလည်း ဖြစ်ပေါ်သောကြောင့် အနီးမှ ဖရိုဖရဲအရှင်သခင်များ၏ အာရုံစိုက်မှုကို ရရှိမည်မှာ သေချာသည်။

" သူတို့ လာကြည့်ချင် လာကြည့်လို့ရပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

ဖရိုဖရဲကုန်းမြေတည်ထောင်ရာတွင် သူ့ကို မနှောက်ယှက်သရွေ့ အခြားသူများလာရောက်ကြည့်ရှုခြင်းက ပြဿနာမရှိပေ။

" ကောင်းပါပြီ။ " အရှင်ကုမင်က ခေါင်းညိမ့်လိုက်သည်။

ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်ခြင်းက နက်ရှိုင်းသော အချိန်လေဟာနယ်ဆိုင်ရာ အခြေခံသဘောတရားများ ပါဝင်နေသည်။ အဆင့်တက်ခါစ ဖရိုဖရဲအရှင်သခင်များအတွက် ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်ခြင်းကို ကြည့်ရှုခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေသည်။

အတွေ့အကြုံရှိသော ဖရိုဖရဲအရှင်သခင်များအတွက်လည်း အခြားသူများတည်ထောင်သည်ကို ကြည့်ခြင်းဖြင့် အသိအမြင်အသစ်များ ရရှိနိုင်သည်။ လင်းယွမ်ကဲ့သို့ မဟာသူတော်စင်တစ်ယောက် ဖရိုဖရဲကုန်းမြေတည်ထောင်ခြင်းက်ု ဖရိုဖရဲအရှင်သခင်များ လာရောက်ကြည့်ရှုမည်မှာ သေချာပေသည်။

လင်းယွမ်က ရှေ့သို့ လှမ်းလိုက်ပြီး ဖရိုဖရဲစွမ်းအားများကြားတွင် ရပ်လိုက်သည်။

" အချိန်လေဟာနယ်။ ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်တာက နိယာမတွေအပေါ် ကိုယ်ရဲ့ နားလည်မှုတွေကို အနှစ်ချုပ်လိုက်တာပဲ။ ပြီးတော့ တည်ထောင်လိုက်တဲ့ ကုန်းမြေကလည်း အခြေစိုက်စခန်းတစ်ခုဖြစ်လာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဆင့်တက်ခါစ ဖရိုဖရဲအရှင်သခင်များမှလွဲ၍ အခြားဖရိုဖရဲအရှင်သခင်များက ဖရိုဖရဲကုန်း​မြေတစ်ခုကို တည်ထောင်လေ့ရှိကြသည်။ အကြောင်းမှာ ထိုကုန်းမြေအတွင်းရှိ အချိန်လေဟာနယ်မှာ တည်ထောင်သူ၏ လွှမ်းမိုးမှုကို ခံရသောကြောင့် ဖြစ်သည်။

ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ ကိုယ်ပိုင်ကုန်းမြေပေါ်တွင် သူတို့က ကုန်းမြေတစ်ခုလုံး၏ အချိန်လေဟာနယ်ကို အသုံးချနိုင်သောကြောင့် အဆင့်တူ ဖရိုဖရဲအရှင်သခင်များထက် ပို၍ အစွမ်းထက်သည်။

" စတာပေါ့။ " လင်းယွမ်က စတင်ဖန်တီးလိုက်သည်။

ဝုန်း....

ကြီးမားသော အချိန်လေဟာနယ်တုန်ခါမှုများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်ရန် အရင်းအမြစ်များစွာ လိုအပ်သော်လည်း လက်ရှိ လင်းယွမ်၏ ကြွယ်ဝမှုနှင့် ၎င်းမှာ စိုးရိမ်စရာမလိုပေ။

လင်းယွမ်က ဖရိုဖရဲကုန်းမြေကို ဆက်လက်တည်ထောင်နေချိန်တွင် အချိန်လေဟာနယ် တုန်ခါမှုများက ဒီရေကဲ့သို့ ပျံ့နှံ့နေသည်။ ခဏအတွင်း ဟင်းလင်းပြင်နယ်မြေ ထောင်ချီတို့ရှိ ဖရိုဖရဲအရှင်သခင်များအားလုံး သတိထားမိသွားကြသည်။

" ဒီအချိန်လေဟာနယ်တုန်ခါမှုက..."

" တစ်ယောက်ယောက်က ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်နေတာလား။ "

" ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်တဲ့ အချိန်လေဟာနယ်တုန်ခါမှုက ဘာလို့ ဒီလောက်တောင် ကြီးမားနေတာလဲ။ " ဖရိုဖရဲအရှင်သခင်များက စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ သူတို့ကိုယ်တိုင် ဖရိုဖရဲအရှင်သခင်များ ဖြစ်ကြသော်လည်း ထိုကြီးမားလှသော အချိန်လေဟာနယ် တုန်ခါမှုအောက်တွင် သိမ်ငယ်မှုကို ခံစားလိုက်ရသည်။

" ဒါက မဟာသူတော်စင်တစ်ယောက် ဖရိုဖရဲကုန်းမြေကို တည်ထောင်နေတာပဲ။ "

ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်သာ ထိုမျှကြီးမားသော အချိန်လေဟာနယ်တုန်ခါမှုကို ဖြစ်ပေါ်စေပေလိမ့်မည်။ ၎င်းက မဟာသူတော်စင်များကြားမှာပင် ထိပ်တန်းမဟာသူတော်စင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

" ငါ အရင်တုန်းက ထိပ်တန်းမဟာသူတော်စင်တစ်ယောက် ဖရိုဖရဲကုန်းမြေ တည်ထောင်တာကို မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလို ခံစားချက်မျိုး မရခဲ့ဘူး။ " ဖရိုဖရဲအရှင်သခင်တစ်ယောက်က အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ ကုန်းမြေတစ်ခု တည်ထောင်နေကြောင်း သိလိုက်ရသည်နှင့် ဖရိုဖရဲအရှင်သခင်အားလုံးနီးပါးက အချိန်လေဟာနယ်တုန်ခါမှုများ ထွက်ပေါ်လာရာအရပ်သို့ ဦးတည်ထွက်ခွာသွားကြသည်။

" မဟာသူတော်စင်ရဲ့ အချိန်လေဟာနယ်အပေါ် နားလည်မှုက နဝမအဆင့် ရောက်နေပြီလား။ " အနီးကပ်ဆုံးမှ ပထမဆုံး ကြည့်ရှုနေသော အရှင်ကုမင်က လင်းယွမ်၏ တည်ထောင်မှုကြောင့် ဖြစ်ပေါ်လာသော အချိန်လေဟာနယ်တုန်ခါမှုများကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

" အချိန်လေဟာနယ် နဝမအဆင့်။ " အရှင်ကုမင်က တုန်လှုပ်သွားသည်။

၎င်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်များသာ ထိတွေ့နိုင်သော နယ်ပယ်တစ်ခုဖြစ်သည်။ ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိမှသာလျှင် အချိန်လေဟာနယ် နားလည်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး နဝမအဆင့်သို့ ရောက်ရှိနိုင်ခြင်းဖြစ်သည်။

ဖရိုဖရဲမဟာသူတော်စင်အဆင့်နှင့် အချိန်လေဟာနယ် နဝမအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ခြင်းမဟုတ်သော်လည်း အလွန်ရှားပါးလှသည်။ အနည်းဆုံးတော့ အရှင်ကုမင်က အချိန်လေဟာနယ် နဝမအဆင့်သို့ ရောက်ရှိနေသည့် မဟာသူတော်စင်အကြောင်းကို မကြားဖူးပေ။

" ဟမ် " အရှင်ကုမင်က အခြားဖရိုဖရဲအရှင်သခင်များ ချဉ်းကပ်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သို့သော် သူက ဂရုမစိုက်ပေ။

လင်းယွမ်ကိုယ်တိုင်က အခြားသူများကို ကြည့်ရှုခွင့်ပေးထားသောကြောင့် သူကလည်း ဝင်ရောက်တားဆီးခြင်းပြုမည်မဟုတ်ပေ။

" မဟာသူတော်စင်က တကယ်စေတနာကောင်းတာပဲ။ " အရှင်ကုမင်က စိတ်ထဲမှ ချီးကျူးလိုက်သည်။ အခြားသူများကို ကြည့်ရှုခွင့်ပေးခြင်းမှာ သူတို့အတွက် ကံကောင်းမှုများ လက်ဆောင်ပေးခြင်းဖြစ်သည်။

" ရောက်ပြီ။ ဒီနေရာပဲ။ "

" ဘုရားရေ... အချိန်လေဟာနယ်တုန်ခါမှုတွေက ဒီလောက်တောင် ကြီးမားတာလား။ "

" အချိန်လေဟာနယ် နဝမအဆင့်ကို ရောက်နေတဲ့ မဟာသူတော်စင်တစ်ယောက်က ဖရိုဖရဲကုန်းမြေတစ်ခုကို တည်ထောင်နေတာပဲ။ "

ရောက်ရှိလာသော ဖရိုဖရဲအရှင်သခင်များက ထိတ်လန့်သွားကြသည်။ သာမန်မဟာသူတော်စင်တစ်ယောက်ဟု သူတို့က ထင်ခဲ့ကြသော်လည်း ယခု ထိုမဟာသူတော်စင်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက နဝမအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

" ဒါက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်လား။ " ဖရိုဖရဲအရှင်သခင်တစ်ယောက်က တံတွေးများ မျိုချလိုက်သည်။

၎င်းက အလွန်ရှားပါးသော အခြေအနေဖြစ်သည်။ ပထမအချက်မှာ ပြိုင်ဘက်ကင်းမဟာသူတော်စင် အရေအတွက်က အလွန်နည်းပါးလေသည်။ ဒုတိယအချက်မှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်၏ စွမ်းအားနှင့်ဆိုလျှင် စကြာဝဠာတစ်ခုကိုသာ တည်ထောင်မည်မဟုတ်ပေ။

" ဒါက နဂါးငွေ့တန်းမဟာသူတော်စင်ပဲ။ "

အချို့သော ဖရိုဖရဲအရှင်သခင်များက အထူးနည်းလမ်းများကို အသုံးပြုပြီး အချိန်လေဟာနယ်တုန်ခါမှုများ၏ အလယ်မှ ခန့်ညားသော ပုံရိပ်ကို မြင်လိုက်ကြရသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်လား။ "

" ရွှမ်ဟွမ်စကြာဝဠာက နဂါးငွေ့တန်းမဟာသူတော်စင်လား။ "

" နဂါးငွေ့တန်းမဟာသူတော်စင်က မဟာသူတော်စင်ကိုးယောက်ကို ဘာလို့အလွယ်တကူ ဖိနှိပ်နိုင်ခဲ့လဲဆိုတာ အခုမှပဲသိတော့တယ်။ သူက အချိန်လေဟာနယ် နဝမအဆင့်ကို ရောက်နေပြီကိုး။ "

ဖရိုဖရဲအရှင်သခင်များက သက်ပြင်းချလိုက်ကြသည်။ နဂါးငွေ့တန်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် မဟုတ်သေးသော်လည်း အခြားမဟာသူတော်စင်များအတွက်မူ သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်ကဲ့သို့ ဖြစ်နေသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်က တကယ်သန်မာတာပဲ။ "

ရွှမ်ဟွမ်စကြာဝဠာမှ ပုံရိပ်များကို မြင်တွေ့ခဲ့ရစဉ် သူတို့က သံသယများနှင့် ဝေဖန်ခဲ့ကြသေးသည်။ သို့သော နဂါးငွေ့တန်းမဟာသူတော်စင်နှင့် အမှန်တကယ် ရင်ဆိုင်ရချိန်တွင် အဝေးမှ ကြည့်နေရုံနှင့် အချိန်လေဟာနယ် ပြိုကျတော့မည်အလား ဖိအားများကို ခံစားနေကြရသည်။

လင်းယွမ်က ဖရိုဖရဲကုန်းမြေကို တည်ထောင်ရန် နှစ်အနည်းငယ် အချိန်ယူခဲ့ရသည်။ ထိုကာလအတွင်း အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုက အဆက်မပြတ် တိုးတက်ခဲ့သည်။ ဖရိုဖရဲကုန်းမြေကို တည်ထောင်ခြင်းမှာ အချိန်လေဟာနယ်နိယာမများကို အသုံးပြုရမည်ဖြစ်ပြီး ဖန်တီးခြင်းနှင့် ပို၍ နီးစပ်သောကြောင့် လင်းယွမ်ကို နက်ရှိုင်းသော နားလည်မှုများ ပေးစွမ်းခဲ့သည်။

" အားလုံး ပြီးသလောက်ဖြစ်သွားပြီ။ " လင်းယွမ်က စိတ်ထဲမှ အတော်ပင် ကျေနပ်နေသည်။ သူက ဖရိုဖရဲကုန်းမြေကို ကြည့်ပြီး ပြုံးလိုက်သည်။

" ဒါက ငါ့ရဲ့ ဖရိုဖရဲကုန်းမြေပဲ။ " လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်သည်။

All Chapters