လူသားမျိုးနွယ် ရွှေ့ပြောင်းခြင်း...
Vol. 67 Ch. 951
လင်းယွမ်က သူ၏ ဖရိုဖရဲကုန်းမြေကို ဟင်းလင်းပြင်နယ်မြေတစ်ခုအတွင်း တည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ ဟင်းလင်းပြင်နယ်မြေနှစ်ခုကြားရှိ စွန့်ပစ်ဟင်းလင်းပြင် နယ်မြေတစ်ခုထဲတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်က သမုဒ္ဒရာကြီးတစ်ခုဆိုလျှင် ဟင်းလင်းပြင်နယ်မြေများက ကျွန်းများဖြစ်ကြသည်။ အင်အားကြီးသူအများစုက ဟင်းလင်းပြင်နယ်မြေများတွင် နေထိုင်ကြခြင်းမှာ ထိုနေရာများတွင် ဖရိုဖရဲစွန်းအားများ ထူထပ်ပြီး ပိတ်ဝန်းကျင်က ပိုမိုကောင်းမွန်သောကြောင့်ဖြစ်သည်။
" အချိန်နဲ့ လေဟာနယ်နိယာမတွေက တည်ငြိမ်သွားပြီဆိုတော့ ကျန်တဲ့နိယာမတွေလည်း သဘာဝအတိုင်း လည်ပတ်လာလိမ့်မယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူ၏ စွမ်းအားနှင့် ဖရိုဖရဲကုန်းမြေကို တည်ထောင်ရန် နှစ်အနည်းငယ် ကြာခဲ့သောကြောင့် သူက များစွာ ကြိုးစားအားထုတ်ခဲ့သည်ကို သိနိုင်လေသည်။ စွန့်ပစ်ဟင်းလင်းပြင်တွင် တည်ထောင်ထားခြင်းဖြစ်သော်လည်း အချိန်လေဟာနယ်နိယာမက ပတ်ဝန်းကျင်မှ ဖရိုဖရဲစွမ်းအားများကို တိုက်ရိုက်စုပ်ယူပေးသည်။
စွန့်ပစ်ဟင်းလင်းပြင်များတွင် ဖရိုဖရဲစွမ်းအားများ ရှားပါးခြင်းမှာ ထိုနေရာက ကျယ်ဝန်းလှပြီး ဖရိုဖရဲစွမ်းအားပမာဏက နည်းပါးသောကြောင့်ဖြစ်သည်။ သို့သော် အကယ်၍ ပတ်ဝန်းကျင်တစ်ခုလုံးမှ ဖရိုဖရဲစွမ်းအားများကို တစ်နေရာတည်းတွင် စုစည်းလိုက်လျှင် ထိုနေရာရှိ ဖရိုဖရဲစွမ်းအားများက နည်းပါးမည်မဟုတ်တော့ပေ။
သို့သော် ဖရိုဖရဲမဟာသူတော်စင်အများစုပင် ထိုသို့ မလုပ်ဆောင်နိုင်ကြပေ။ အချိန်လေဟာနယ်အပေါ် နက်ရှိုင်းစွာ နားလည်ပြီး နဝမအဆင့်သို့ ရောက်နေသော လင်းယွမ်ကသာ ထိုအရာကို လုပ်ဆောင်ရဲခြင်းဖြစ်သည်။
အဝေးတွင် ဖရိုဖရဲအရှင်သခင်များက စုဝေးပြီး လာရောက်ကြည့်ရှုနေကြသည်။ နှစ်အနည်းငယ်အတွင်း နဂါးငွေ့တန်းမဟာသူတော်စင် ဖရိုဖရဲကုန်းမြေ တည်ထောင်သည့်သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုနေရာတွင် စုဝေးနေသော ဖရိုဖရဲအရှင်သခင်အရေအတွက်မှ ရွှမ်ဟွမ်စကြာဝဠာကထက် များစွာသာလွန်နေသည်။
ရွှမ်ဟွမ်စကြာဝဠာ ထွက်ပေါ်လာချိန်တွင် ဖရိုဖရဲအရှင်သခင်များက သူတို့၏ ကန့်သတ်ချက်ကို သိကြသဖြင့် လာရောက်ခဲ့ခြင်းမရှိကြပေ။ သို့သော် နဂါးငွေ့တန်းမဟာသူတော်စင် ဖရိုဖရဲကုန်းမြေကို တည်ထောင်ချိန်တွင် ဖရိုဖရဲအရှင်သခင်များစွာ လာရောက်ခဲ့ကြသည်။
" နဂါးငွေ့တန်းမဟာသူတော်စင် တည်ထောင်လိုက်တဲ့ ဖရိုဖရဲကုန်းမြေက ဟင်းလင်းပြင်နယ်မြေတစ်ခုရဲ့ ဆယ်ပုံတစ်ပုံလောက်ရှိတာပဲ။ "
" ပတ်ဝန်းကျင်က ဖရိုဖရဲစွမ်းအားတွေကို ဆွဲယူပြီး ဖရိုဖရဲကုန်းမြေပေါ်မှာ ဖရိုဖရဲစွမ်းအားတွေ အများကြီး ပြည့်နှက်အောင် လုပ်နိုင်တယ်။ "
" နဂါးငွေ့တန်းမဟာသူတော်စင်က တကယ် ကြင်နာတတ်တာပဲ။ သူက အားနည်းတဲ့ မျိုးနွယ်စုတွေကို မထိခိုက်အောင် ဖရိုဖရဲကုန်းမြေကို စွန့်ပစ်ဟင်းလင်းပြင်ထဲမှာ တည်ထောင်ခဲ့တယ်။ "
ဖရိုဖရဲအရှင်သခင်များက အံ့ဩတကြီး ရေရွတ်လိုက်သည်။ ဘာမှမရှိသော နေရာမှ ကျယ်ပြောလှသော ကုန်းမြေကြီး ဖြစ်ပေါ်လာသည်ကို ကြည့်ရှုရင်း သူတို့က အသိအမြင်များစွာ ရရှိခဲ့ကြသည်။
အစွမ်းထက် ဖရိုဖရဲအရှင်သခင်များက ကုန်မြေပေါ်တွင် အချိန်လေဟာနယ်နှင့် နိယာမများစွာ လည်ပတ်နေသည်ကို မြင်နိုင်ကြသည်။ မဟာသူတော်စင်များက ကုန်းမြေကြီးမှာ ဟင်းလင်းပြင်ကို လွှမ်းမိုးထားသကဲ့သို့ မြင်နိုင်ကြသည်။
" အားလုံးပဲ အထဲကို ဝင်ကြည့်နိုင်ပါတယ်။ " လင်းယွမ်က စုဝေးနေကြသော ဖရိုဖရဲအရှင်သခင်များကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
ထိုဖရိုဖရဲကုန်းမြေက နေထိုင်ရန် နေရာတစ်ခု ဖြစ်ရုံသာမက အနီးရှိ ဟင်းလင်းပြင်နယ်မြေများအတွက် ကုန်သွယ်မှုဗဟိုချက်တစ်ခု ဖြစ်လာနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကြီးမားသော အကျိုးအမြတ်များကို ရရှိနိုင့သောကြောင့် လင်းယွမ်၏ ဆန္ဒနှင့်လည်း ကိုက်ညီလေသည်။
အန္တရာယ်များသော လျို့ဝှက်နေရာများကို သွားခြင်းထက် ပုံမှန်ကုန်သွယ်မှုမှတစ်ဆင့် ရရှိနိုင်သော အရင်းအမြစ်များကို သူက ပို၍ သဘောကျသည်။ ထို့အပြင် ဖရိုဖရဲအရှင်သခင်များ ဝင်ရောက်ကြည့်ရှုခြင်းက ဖရိုဖရဲကုန်းမြေ၏ အရှိန်အဝါကိုလည်း မြှင့်တင်ပေးနိုင်သည်။
" ကောင်းပါပြီ။ "
" ကျေးဇူးတင်ပါတယ်။ "
စုဝေးနေကြသော ဖရိုဖရဲအရှင်သခင်များက စိတ်လှုပ်ရှားစွာဖြင့် ကုန်းမြေအတွင်းသို့ စနစ်တကျ ဝင်ရောက်သွားကြသည်။ ဖရိုဖရဲကုန်းမြေထဲတွင် နဂါးငွေ့တန်းမဟာသူတော်စင်က သူတို့အား တိုက်ခိုက်မည်ကို စိုးရိမ်ခြင်းမရှိကြပေ။ နဂါးငွေ့တန်းမဟာသူတော်စင်၏ စွမ်းအာအရ သူသာ မကောင်းသော ရည်ရွယ်ချက်ရှိလျှင် အထဲသို့ ဖိတ်ခေါ်စရာမလိုဘဲ အပြင်မှာပင် တိုက်ရိုက်တိုက်ခိုက်နိုင်လေသည်။
" ဖရိုဖရဲကုန်းမြေကို တည်ထောင်နိုင်တဲ့အတွက် နဂါးငွေ့တန်းမဟာသူတော်စင်ကို ဂုဏ်ပြုပါတယ်။ "
" ဒီဖရိုဖရဲကုန်းမြေက အရမ်းကျယ်တာပဲ။ "
ဖရိုဖရဲအရှင်သခင်များက ဝင်ရောက်လာကြချိန်တွင် လင်းယွမ်ကို နှုတ်ဆက်လိုက်ကြပြီး ကုန်သွယ်ရေးအဖွဲ့များ ဝင်ရောက်ခွင့်ရှိမရှိ စုံစမ်းမေးမြန်းကြသည်။ နဂါးငွေ့တန်းမဟာသူတော်စင်၏ ကျော်ကြားမှုနှင့် ကြီးမားသော ကုန်းမြေကြောင့် အချိန်ကြာလာသည်နှင့်အမျှ အင်အားကြီးသူများစွာ ရောက်လာကြပြီး ကုန်သွယ်မှုများလည်း ရှိမည်မှာ သေချာသည်။
" နှုတ်ဆက်လက်ဆောင်တွေကတင် ဖရိုဖရဲသလင်းကျောက် ဘီလီယံချီ ရသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်က ကုန်းမြေ၏ အလယ်တွင် ထိုင်ပြီး စဉ်းစားနေသည်။
" အခု ဖရိုဖရဲကုန်းမြေကို တည်ထောင်ပြီးပြီဆိုတော့ လူသားမျိုးနွယ်ကို ဒီကို ပြောင်းရွှေ့ရမယ်။ " လင်းယွမ်က ကုမင်ဖရိုဖရဲကုန်းမြေရှိရာသို့ ကြည့်လိုက်သည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာက ကောင်းမွန်သော်လည်း ယခုတည်ထောင်ထားသော ဖရိုဖရဲကုန်းမြေကို မယှဉ်နိုင်ပေ။
ဝုန်း...
လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာက ကုမင်ဖရိုဖရဲကုန်းမြေမှ သူ၏ ရှေ့သို့ တိုက်ရိုက်ရွှေ့ပြောင်းလာသည်။ ထို့နောက် ကြီးမြတ်သူကိုးယောက်နှင့် နတ်ဘုရားသုံးပါး၏ စီမံခန့်ခွဲမှုအောက်တွင် ပြောင်းရွှေ့မှုကို ပြန်လည်စတင်ခဲ့သည်။
" ဘာဖြစ်တာလဲ။ ငါတို့ရဲ့ နေရာက တော်တော်လေးကောင်းပြီလို့ ထင်ထားတာ။ အခုထပ်ပြီး ပြောင်းရွှေ့ရပြန်ပြီလား။ " လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူအများစုက အခြေအနေကို နားမလည်ကြသေးပေ။ သို့သော် မကြာမီ အသေးစိတ်အချက်အလက်များကို ရရှိလိုက်ကြသည်။
" ငါတို့ ကြီးမြတ်သူနဂါးငွေ့တန်းက ဖရိုဖရဲကုန်းမြေတစ်ခုကို တည်ထောင်လိုက်ပြီ။ အခု ငါတို့ အဲ့ဒီကို ပြောင်းရွှေ့ရတော့မယ်။ "
ဖရိုဖရဲကုန်းမြေကို တည်ထောင်တာလား။ သူတို့က ဖရိုဖရဲကုန်းမြေတစ်ခုကို တည်ထောင်ရန် အနည်းဆုံး ဖရိုဖရဲအဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်ကို သူတို့သိကြလေသည်။
" ကြီးမြတ်သူနဂါးငွေ့တန်းက ဖရိုဖရဲအဆင့်ကို ရောက်သွားပြီလား။ "
" ဖရိုဖရဲအဆင့်ကို ရောက်ရုံတင်မဟုတ်ဘူး။ အခု ကြီးမြတ်သူနဂါးငွေ့တန်းကို နဂါးငွေ့တန်းမဟာသူတော်စင်လို့ ခေါ်နေကြပြီ။ "
လူသားမျိုးနွယ်အတွင်း လင်းယွမ်နှင့် ပက်သက်သော သတင်းအချက်အလက်များက စတင်ပျံ့နှံ့လာသည်။
" ညီငယ်လေးက ဖရိုဖရဲမဟာသူတော်စင် ဖြစ်သွားပြီလား။ " ဖရိုဖရဲကုန်းမြေသို့ ပြောင်းရွှေ့နေကြသော လူသားများထဲတွင် ချီခွန်ကြယ်သခင်နှင့် သူ၏ တပည့်များက တစ်နေရာတွင် ထိုင်ပြီး ဆွေးနွေးနေကြသည်။
" ဒါက ဘယ်လောက်တောင်ကြာသေးလို့လဲ။ " ချီခွန်ကြယ်သခင်က စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်နေသည်။ လင်းယွမ်က လူသားမျိုးနွယ်ကို အထွတ်အထပ်သို့ ပို့ဆောင်ပေးမည်ကို သူသိသော်လည်း ထိုနေ့က လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လင်းယွမ်၏ ဆရာဖြစ်သော ချီခွန်ကြယ်သခင်က ဖရိုဖရဲဟင်းလင်းပြင်အတွင်းရှိ အင်အားကြီးသူများ၏ အဆင့်အတန်းများကို နားလည်ထားသူဖြစ်သည်။ ဖရိုဖရဲမဟာသူတော်စင်က အလွှာဆယ့်နှစ်၏ အထွတ်အထိပ် ဖြစ်သည်။ ပင်မစကြာဝဠာပျက်စီးသွားခြင်းက ဖရိုဖရဲမဟာသူတော်စင်နှစ်ယောက်၏ တိုက်ပွဲရိုက်ခတ်မှုကြောင့်ဖြစ်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင်..." ဖရိုဖရဲကုန်းမြေသို့ ပြောင်းရွှေ့လာသော ဝမ်ယန်တော်ဝင်သားတော်ကလည်း မှင်သက်နေခဲ့သည်။ သူက ဖရိုဖရဲမဟာသူတော်စင်အဆင့်၏ ဆိုလိုရင်းကို နားလည်သွားပြီးနောက် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
" ဟိုတုန်းက ပြိုင်ပွဲမှာ ငါ နဂါးငွေ့တန်းမဟာသူတော်စင်ကို တစ်ခါနိုင်ခဲ့ဖူးတာပဲ။ " ဝမ်ယန်တော်ဝင်သားတော်က ဂုဏ်ယူစွာ တွေးလိုက်သည်။
" ငါချန်ခဲ့တဲ့ အမွေအနှစ်လေးတစ်ခုက ဒီလောက်ထိ သက်ရောက်မှု ကြီးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " အိုရင်က ဖရိုဖရဲကုန်းမြေသို့ ပြောင်းရွှေ့နေစဉ် ခံစားချက်များနှင့် ရောထွေးနေသည်။
သူမသေဆုံးမီ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများအတွက် ရည်ရွယ်ပြီး စစ်မြေပြင်တွင် သူ၏ အမွေအနှစ်ကို ဝှက်ထားခဲ့ပြီး ၎င်းက နဂါးငွေ့တန်း၏ လက်ထဲသို့ ရောက်သွားခဲ့သည်။ ထိုပက်သက်မှုကြောင့် အိုရင်က လူသားမျိုးနွယ်အတွင်း အခွင့်ထူးများကို ရရှိခဲ့သည်။
လူသားမျိုးနွယ်၏ ပညာရှင်များက နဂါးငွေ့တန်း၏ အတိတ်ကို လေ့လာသောအခါ သူချန်ခဲ့သော အမွေအနှစ်ကို များစွာ ချီးကျူးခဲ့ကြသည်။
" ဖရိုဖရဲကုန်းမြေကို တည်ထောင်တာက နဂါးငွေ့တန်းမဟာသူတော်စင်လား။ " လမ်းစဉ်ခွဲထွက်ခြင်းအဆင့် မျိုးနွယ်ခြားဆယ်ယောက်ကျော်က တစ်ယောက်ကိုတစ်ယောက် မှင်သက်စွာ ကြည့်လိုက်ကြသည်။
" ငါတို့ရဲ့ အဆင့်အတန်းက လူသားဆင့်ကဲပြောင်းလဲသူတွေလောက် မမြင့်ပေမယ့် ဒီဖရိုဖရဲကုန်းမြေကို ပြောင်းရွှေ့နိုင်တာက အခြားအင်အားစုတွေထက် ပိုကောင်းပါတယ်။ " ကြယ်စကြာဝဠာမဟာမိတ်မှ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်က ပြောလိုက်သည်။ အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
" နဂါးငွေ့တန်းမဟာသူတော်စင်နဲ့ စကြာဝဠာတစ်ခုတည်း မွေးလာတာ ကံကောင်းတယ်လို့ ပြောရမယ်။ မဟုတ်ရင် ငါတို့ သေတာကြာလှပြီ။ " မျိုးနွယ်ခြားတစ်ယောက်က ပြောလိုက်သည်။
သူတို့က နဂါးငွေ့တန်းမဟာသူတော်စင်ကို ဆန့်ကျင်ခဲ့သောကြောင့် အညံ့ခံခဲ့ရသော်လည်း ယခု သူတို့ခံစားနေရသော အရင်းအမြစ်များက အခြားအဆင့်တူ အင်အားကြီးသူများထက် သာလွန်လေသည်။