← Chapters

ရုပ်ခန္ဓာများကို ပြန်ရွေးကြခြင်း...

Vol. 67 Ch. 952

ရုပ်ခန္ဓာများကို ပြန်ရွေးကြခြင်း...

Vol. 67 Ch. 952

လူသားမျိုးနွယ်က ပင်မစကြာဝဠာမှ ထွက်လာပြီးနောက် လူဦးရေကလည်း များစွာ တိုးတက်လာခဲ့သည်။ သို့သော် လင်းယွမ်တည်ထောင်လိုက်သော ဖရိုဖရဲကုန်းမြေနှင့်ယှဉ်လျှင် သူတို့က အနည်းငယ်သယ ဖြစ်သည်။

" အဲ့ဒါ ဖရိုဖရဲအရှင်သခင်တွေလား။ " ရွှမ်ယွမ်က ဖရိုဖရဲကုန်းမြေထဲသို့ ကြောက်စရာကောင်းသော အော်ရာများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

" ငါ တစ်သက်လုံး ဒီလောက်များတဲ့ ဖရိုဖရဲအရှင်သခင်တွေကို မမြင်ဖူးဘူး။ " ရှုချန်က ထိုမြင်ကွင်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။

" ဒါတွေအားလုံးက လင်းယွမ်ကြောင့်ပဲ။ " ရှချင်က ပြောလိုက်သည်။

" ဟုတ်တယ်။ လင်းယွမ်ကြောင့်သာမဟုတ်ရင် သူတို့လာမှမဟုတ်ဘူး။ " အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ ဖရိုဖရဲအရှင်သခင်များက အလွန်မြင့်မားသော နေရာတွင် ရှိနေကြပြီး ဟင်းလင်းပြင်နယ်​မြေတစ်ခုတွင် ခုနှစ်ယောက်၊ ရှစ်ယောက်လောက်သာ ရှိပေသည်။ လင်းယွမ်သာမရှိလျှင် သူတို့က ဤနေရာသို့ အပင်ပန်းခံပြီး လာရောက်ကြမည်မဟုတ်ပေ။

ဖရိုဖရဲဟင်းလင်းပြင်တွင် ပုံရိပ်အချို့ပေါ်လာပြီး အဝေးမှ အသစ်တည်ထောင်ထားသော ဖရိုဖရဲကုန်းမြေကို လှမ်းကြည့်လိုက်ကြသည်။

" ဟေးယောင် မင်းရောက်လာပြီပဲ။ " လူရိုင်းမဟာသူတော်စင်က ရောက်လာသူကို ကြည့်ပြီး ပြောလိုက်သည်။

" ငါမလာရင် ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်က ဘာဖြစ်သွားမယ်ထင်လဲ။ " ဟေးယောင်က ခေါင်းခါပြီး ပြောလိုက်သည်။

လင်းယွမ်က သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်များကို ပြန်ရွေးရန် ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ တောင်းခဲ့လေသည်။ ၎င်းက တန်ဖိုးကြီးမားသော်လည်း ရုပ်ခန္ဓာအသစ်တစ်ခု ဖန်တီးခြင်းထက် ပို၍ သက်သာသေးသည်။

" ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ ရဖို့အတွက် ငါက လူအများကြီးအပေါ်မှာ အကြွေးတင်ခဲ့ရတယ်။ " လူရိုင်းမဟာသူတော်စင်က အနည်းငယ် စိတ်ပျက်နေပုံရသည်။

" ငါလည်း အတူတူပဲ။ " ဟေးယောင်မဟာသူတော်စင်က ပြောလိုက်သည်။

မဟာသူတော်စင်များက လက်နက်များနှင့် ရတနာများကိုသာ စုဆောင်းထားလေ့ရှိပြီး ဖရိုဖရဲသလင်းကျောက်များက များစွာမရှိကြပေ။ ထို့ကြောင့် လိုအပ်သော ဖရိုဖရဲသလင်းကျောက်များကို ရရှိရန် သူတို့၏ လက်နက်များ ရောင်းချခြင်းနှင့် အခြားသူများထံမှ ချေးယူခြင်းတို့ လုပ်ခဲ့ရသည်။

" ဒါက နဂါးငွေ့တန်းမဟာသူတော်စင် တည်ထောင်ထားတဲ့ ဖရိုဖရဲကုန်းမြေလား။ " ဟေးယောင်မဟာသူတော်စင်က အဝေးမှ ကုန်းမြေကို ကြည့်ပြီး အံ့ဩသွားခဲ့သည်။ သူက ဖရိုဖရဲကုန်းမြေ တည်ထောင်သည်ကို မမြင်တွေ့ခဲ့ရသော်လည်း အချိန်လေဟာနယ်ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ အချိန်လေဟာနယ် နားလည်မှုက နဝမအဆင့်ကို ရောက်နေတာ ဖြစ်ရမယ်။ " လူရိုင်းမဟာသူတော်စင်က ဘေးမှ ပြောလိုက်သည်။

" အချိန်လေဟာနယ် နဝမအဆင့်..." ဟေးယောင်မဟာသူတော်စင်က သက်ပြင်းချလိုက်သည်။

အချိန်လေဟာနယ် နဝမအဆင့်ကို ရရှိရန် မည်မျှခက်ခဲသည်ကို သူသိနေသည်။ ၎င်းက ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို လျှောက်လှမ်းသော ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၏ အဆင့်ဖြစ်ပြီး သာမန်မဟာသူတော်စင်များအတွက် မဖြစ်နိုင်သလောက်ဖြစ်သည်။

" သူက အရင်ကတည်း အချိန်လေဟာနယ် နဝမအဆင့်ကို ရောက်နေတာလား။ " ဟေးယောင်မဟာသူတော်စင်က ပြောလိုက်သည်။

အကယ်၍ လင်းယွမ်က ထိုအချိန်တွင် အချိန်လေဟာနယ် နဝမအဆင့်သို့ ရောက်နေလျှင် သူတို့ကို ဖိနှိပ်ရန် အချိန်ကြာမည်မဟုတ်ပေ။ အမွှာရင်းမြစ်မဟာသူတော်စင်ကလည်း လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ပေ။

အမွှာရင်းမြစ်မဟာသူတော်စင်၏ အချိန်လေဟာနယ်ချိုးဖျက်နိုင်စွမ်းက အမှန်တကယ် အားကောင်းသော်လည်း နဝမအဆင့် အချိန်လေဟာနယ်ကို ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

" သူ့ရဲ့ ခွန်အားကို ဖုံးကွယ်ထားတာလား။ " လူရိုင်းမဟာသူတော်စင်က ခန့်မှန်းလိုက်သည်။

" သူ့ရဲ့ ခွန်အားကို ဖုံးကွယ်ထားတာလား။ " ဟေးယောင်မဟာသူတော်စင်က တိတ်ဆိတ်သွားသည်။

သူတို့၏ ဘေးမှ ထျန်းလုနှင့် အခြားမဟာသူတော်စင်များကလည်း တုန်လှုပ်သွားကြသည်။ မဟာသူတော်စင်များကို နှိမ်နင်းနိုင်သော စွမ်းအားရှိပါလျက်နှင့် သူ၏ စွမ်းအားကို ဖုံးကွယ်ထားသေးတာလား။

" နဂါးငွေ့တန်းမဟာသူတော်စင်ကို အရိုအသေပေးပါတယ်။ " လူရိုင်း၊ ဟေးယောင်နှင့် အခြားမဟာသူတော်စင်များက လင်းယွမ်နှင့် လျင်မြန်စွာ တွေ့လိုက်ရသည်။

ထိုအချိန်တွင် လင်းယွမ်က သူတို့ကို ကျောခိုင်းထားပြီး ဖရိုဖရဲကုန်းမြေပေါ်ရှိ မဟာတာအို၏ နိယာမများကို ချိန်ညှိရင်း အလုပ်ရှုပ်နေကြသည်။ ဖရိုဖရဲကုန်း​မြေကို စတင်တည်ထောင်လိုက်ပြီဖြစ်သောကြောင့် အချိန်လေဟာနယ်က တည်ငြိမ်သွားပြီဖြစ်သော်လည်း အခြားနိယာမများကို ချိန်ညှိရန် လိုအပ်နေသေးသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်...." လင်းယွမ်က တုန့်ပြန်မှုမရှိသည်ကို မြင်သောအခါ သူတို့က ဆက်လက်မမေးရဲကြဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ ဖရိုဖရဲကုန်းမြေမှ ထွက်ပေါ်လာသော ကြီးမားသည့် နိယာမတုန်ခါမှုများက သူတို့အားလုံးကို အံ့အားသင့်စေခဲ့သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ နိယာမတွေအပေါ် နားလည်မှုက တကယ်ကြောက်စရာကောင်းတာပဲ။ " မဟာသူတော်စင်အချို့က လင်းယွမ်၏ နိယာမတုန်ခါမှုများကို အနီးကပ် ခံစားရင်း တွေးနေကြသည်။

" ငါတို့ အခုအချိန်မှာ အစွမ်းကုန်ကြိုးစားရင်တောင် နဂါးငွေ့တန်းမဟာသူတော်စင်ရှေ့မှာ ကြာကြာခံနိုင်မှာမဟုတ်ဘူး။ " ဟေးယောင်မဟာသူတော်စင်က တွေးလိုက်သည်။

" မင်းတို့ ရောက်လာပြီပဲ။ " လင်းယွမ်က မဟာသူတော်စင်များကို ကြည့်လိုက်သည်။ " ဖရိုဖရဲသလင်းကျောက်တွေ ယူလာခဲ့ကြလား။ "

" ယူလာခဲ့ပါတယ်။ " ဟေးယောင်မဟာသူတော်စင်က လင်းယွမ်ကို ရိုသေစွာ ပြန်ပြောလိုက်ပြီး သိုလှောင်လက်ပတ်တစ်ခုကို ပေးလိုက်သည်။

" ကျွန်တော်တို့လည်း ယူလာခဲ့ပါတယ်။ " အခြားမဟာသူတော်စင်များကလည်း သူတို့ပြင်ဆင်လာသော ဖရိုဖရဲသလင်းကျောက်များကို ထုတ်ယူလိုက်ကြသည်။

" ဒါဆို..." လင်းယွမ်က ဖရိုဖရဲသလင်းကျောက်များကို စစ်ဆေးပြီး သူတို့၏ တိုက်ခိုက်ရေး ခန္ဓာကိုယ်များကို လွတ်ပေးလိုက်သည်။

သေချာသည်မှာ ထိုရုပ်ခန္ဓာများပေါ်ရှိ လက်နက်များနှင့် ရတနာများကို လင်းယွမ်က သိမ်းယူထားလိုက်ပြီဖြစ်သည်။ မဟာသူတော်စင်များအားလုံးက ထိုသို့ဖြစ်မည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူတို့က အဓိကတိုက်ခိုက်ရေးခန္ဓာများကိုသာ ရွေးယူခဲ့ခြင်းဖြစ်ပြီး လက်နက်များနှင့်ရတနာများကို ပြန်လည်ရရှိရန် မစဉ်းစားထားကြပေ။

" ဒါဆို နဂါးငွေ့တန်းမဟာသူတော်စင် ခွင့်ပြုပါဦး။ " ဟေးယောင်မဟာသူတော်စင်က ပြောလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး မဟာသူတော်စင်များကို ရုတ်တရက် မေးလိုက်သည်။ " ငါ့ရဲ့ဖရိုဖရဲကုန်းမြေမှာ မင်းတို့ရဲ့ အင်အားစုတွေ လာရောက်အခြေချဖို့ စိတ်ဝင်စားကြလား။ "

မဟာသူတော်စင်များ၏ နောက်ကွယ်တွင် အင်အားစုတစ်ခုစီရှိကြလေသည်။ လင်းယွမ်ကဲ့သို့ လျင်မြန်စွာ တိုးတက်လာခြင်းနှင့်မတူဘဲ သူတို့၏ တိုးတက်မှုက လမ်းကြောင်းများ ရှိကြစည်။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ သူတို့က အင်အားစုတစ်ခု တည်ထောင်ရန် ရည်ရွယ်ချက်မရှိလျှင်တောင် သူတို့၏ စွမ်းအားတိုးတက်မှုနှင့်အတူ အင်အားစုတစ်ခုက သဘာဝအလျောက် ဖြစ်ပေါ်လာတတ်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်က ကျုပ်တို့ရဲ့ အရင်က လုပ်ရပ်တွေကို စိတ်ထဲမထားဘူးလား။ " ဟေးယောင်မဟာသူတော်စင်က ဝမ်းသာသွားပြီး သတိထား၍ မေးလိုက်သည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်နှင့် နီးစပ်သော လင်းယွမ်၏ ဖရိုဖရဲကုန်းမြေတွင် အခြေချခွင့်ရရှိခြင်းမှာ ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်။ သို့သော် သူတို့ လင်းယွမ်နှင့် ရန်ငြိုးရှိနေသည်ဟု တွေးထားကြသောကြောင့် သူတို့က တို​က်ရိုက်မတောင်းဆိုဝံ့ကြခြင်းဖြစ်သည်။

" အခု မင်းတို့က ဖရိုဖရဲသလင်းကျောက်တွေ ယူလာပြီဆိုတော့ ဘာပြဿနာမှ မရှိတော့ဘူးပေါ့။ " လင်းယွမ်က ပြောလိုက်သည်။ သူနှင့် မဟာသူတော်စင်များကြား ရန်ငြိုးက ဖြေရှင်း၍မရသောအရာမဟုတ်ပေ။

ဖရိုဖရဲသလင်းကျောက်များ ရရှိပြီဖြစ်သောကြောင့် လင်းယွမ်က ထိုကိစ္စကို ခေါင်းထဲမထည့်တော့ပေ။ ထို့အပြင် သူ၏ ဖရိုဖရဲကုန်းမြေက လျင်မြန်စွာ တိုးတက်လာရန်အတွက် အင်အားစုများစွာ လာရောက်အခြေချရန် လိုအပ်သည်။

" ကောင်းပါပြီ။ ဒါဆို ကျုပ်တို့ ပြန်ပြီး ပြင်ဆင်လိုက်ပါဦးမယ်။ " မဟာသူတော်စင်များက စိတ်အေးသွားကြပြီး ချက်ချင်းပင် ပြန်လည်ဆုတ်ခွာသွားကြသည်။

" ဖရိုဖရဲသလင်းကျောက်တွေ အများကြီးပဲ။ " လင်းယွမ်က သူရရှိထားသော အကျိုးအမြတ်များကို ကြည့်လိုက်သည်။ " ငါ ဆက်ပြီးကျင့်ကြံရမယ်။ ဖရိုဖရဲအဆင့်ကို အမြန်ဆုံး တက်လှမ်းရမယ်။ "

ဖရိုဖရဲကုန်းမြေပေါ်ရှိ ကိစ္စများကို ကိုင်တွယ်ရန် သူ၏ စိတ်အသိအနည်းကို အသုံးပြုရန်သာ လိုအပ်ပြီး အခြားအထွေထွေကိစ္စများကို နတ်ဘုရားသုံးပါးထံ လွှဲထားလိုက်သည်။

ရင်းမြစ်ကမ္ဘာ၊ လီယန်ရှေးဟောင်းနိုင်ငံ၊ ဟေးယွီအသိုက်။ လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုင်နေပြီး ထူးခြားသေယ အနက်ရောင်ကျောက်စိမ်းများကို အသုံးပြု၍ သူ၏ စိတ်စွမ်းအားကို သန့်စင်နေသည်။

" ငါ့ရဲ့ လက်ရှိစိတ်စွမ်းအားက သန်းကိုးဆယ်နားကပ်နေပြီ။ " လင်းယွမ်က ကျေနပ်နေသည်။ " နောက်ထပ် နှစ်ရှစ်ထောင်နေရင် ဟေးယွီအသိုက်က ထွက်တဲ့ ဟေးယွီတွေ စုဆောင်းရမယ့် အချိန်ရောက်လာလိမ့်မယ်။ အဲ့ဒီမတိုင်ခင် ငါ ရွှမ်ယင်ရှေးဟောင်းနိုင်ငံကို သတိထားရမယ်။ "

လင်းယွမ်က ရွှမ်ယင်ရှေးဟောင်နိုင်ငံရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဟေးယွီအသိုက်က လီယန်ရှေးဟောင်းနိုင်ငံနှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံတို့၏ နယ်စပ်တွင် တည်ရှိသည်။ ဟေးယွီအသိုက်မှ ဟေးယွီများ ရင့်မှည့်လာသည့်အချိန်တိုင်း ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများ လာရောက်လေ့ရှိသည်။ သူတို့က ဟေးယွီအသိုက်ကို လုယူရန် ရည်ရွယ်​ခြင်းမဟုတ်ဘဲ ဟေးယွီများကို လာရောက်လုယူခြင်းဖြစ်သည်။

" အဲ့ဒီအချိန်ကျခါနီးတိုင်း ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အမြဲတမ်း မငြိမ်မသက်ဖြစ်တတ်တယ်လို့ကြားတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထူးခြားသော ရတနာဖြင့် စိတ်စွမ်းအားကို မြှင့်တင်ပေးခြင်းက လီယန်ရှေးဟောင်းနိုင်ငံသာမက ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများကလည်း ၎င်းကို အလွန်တောင့်တကြသည်။ ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံက ကြီးမားသော နယ်မြေများကို သိမ်းပိုက်ထားကြပြီး စိတ်စွမ်းအားကို မြှင့်တင်ပေးသော ရတနာနယ်မြေများထဲတွင် ဟေးယွီအသိုက်က အကောင်းဆုံးထဲတွင် ပါဝင်လေသည်။

All Chapters