ဟေးယွီအသိုက်ကို ခိုးဝင်ကြခြင်း...
Vol. 67 Ch. 953
" ဒါက သဘာဝကျပါတယ်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ ခြိမ်းခြောက်မှုသာ မရှိရင် ဟေးယွီအသိုက်ကို.စောင့်ရှောက်ဖို့ ဘာလို့ အစွမ်းထက်တဲ့သူတွေ လိုအပ်မှာလဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
" ငါလည်းသတိထားရမယ်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အင်အားကြီးသူတွေ ရောက်လာပြီး ဟေးယွီတွေ လုယူသွားရင် ငါ သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်။ " လင်းယွမ်က သူ၏ စိတ်အသိအာရုံအများစုကို ဟေးယွီအသုက်၏ အပြောင်းအလဲများကို အာရုံစိုက်ထားလိုက်သည်။
ဟေးယွီအသိုက်၏ အပြင်ဘက်တွင် အချိန်လေဟာနယ်အလွှာထဲတွင် ပုံရိပ်နှစ်ခုက ရပ်နေပြီး အဝေးရှိ ဟေးယွီအသိုက်ကို လှမ်းကြည့်နေကြသည်။
" အချိန်တွက်ကြည့်ရင် ဟေးယွီတွေ ရင့်မှည့်တော့မှာပဲ။ " ဘယ်ဘက်မှ ပုံရိပ်က ပြောလိုက်သည်။
" ရင့်မှည့်တော့မယ်။ " ညာဘက်မှ ပုံရိပ်ကလည်း ပြန်ပြောလိုက်သည်။ " ဘာလဲ ကျိဟန် မင်းက ဟေးယွီတွေကို မျက်စိကျနေတာလား။ "
" ဟေးယွီလို ရှားပါးတဲ့ ရတနာမျိုးကို ဘယ်သူက စိတ်မဝင်စားဘဲ နေမှာလဲ။ " ကျိဟန်က ညာဘက်မှ ပုံရိပ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ငါမှတ်မိသလောက်ဆို ပေယင် မင်းရဲ့စိတ်စွမ်းအားကလည်း နတ်ဘုရားအရှင်သခင်အဆင့်မှာ အားနည်းချက်ဖြစ်နေခဲ့တာပဲ။ တကယ်လို့ မင်းသာ ဟေးယုတွေ လုံလောက်အောင် ရမယ်ဆိုရင် အဲ့ဒါကို ဖြည့်ဆည်းနိုင်လိမ့်မယ်။ "
" ငါ့မှာလည်း အကြံရှိပါတယ်။ " ပေယင်က ခေါင်းခါပြီးပြောလိုက်သည်။ " ဒါပေမယ့် အကြံရှိရုံနှင့် ဘာလုပ်လို့ရမှာလဲ။ ငါတို့က ကြည့်နေရုံပဲ တတ်နိုင်လိမ့်မယ်။ တစ်ခါတစ်လေ လီယန်ရှေးဟောင်းနိုင်ငံက ငါတို့ကို ဟေးယွီတွေ ရောင်းပေးတာမျိုး ရှိပေမယ့် လုယူဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ။ "
" ပြီးခဲ့တဲ့အချိန်က ဟေးယွီအသိုက်ရဲ့ စောင့်ရှောက်သူ အပြောင်းအလဲဖြစ်သွားတယ်။ ချီယန်က တခြားနေရာကို ပြောင်းသွားပြီ။ " ပေယင်က ပြောလိုက်သည်။
" အဲ့ဒါကို ငါလည်း သိပါတယ်။ " ကျိဟန်က ခေါင်းညိမ့်လိုက်သည်။ " ဟေးယွီအသိုက်ရဲ့ စောင့်ရှောက်သူအသစ်က နဂါးငွေ့တန်းလို့ ခေါ်တယ်။ သူက ပင်မတော်ဝင်သွေးမျိုးဆက် တစ်ယောက်ပဲ။ "
" နဂါးငွေ့တန်း... သူက နတ်ဘုရားအရှင်သခင်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းကင်အရှင်သခင် အဆင့်ကိုတော့ မရောက်သေးဘူး။ " ပေယင်က ပြောလိုက်သည်။
" မင်းဘာကိုဆိုလိုတာလဲ။ " ကျိဟန်က စဉ်းစားလိုက်သည်။
" တကယ်လို့ ချီယန်သာ ဒီမှာရှိရင် ငါ ဟေးယွီကို လိုချင်မှာမဟုတ်ဘူး။ ချီယန်ရဲ့ စွမ်းအားက ကြောက်စရာကောင်းသလို ဟေးယွီအသိုက်ရဲ့ အစီအရင်တွေအများကြီးကို ထိန်းချုပ်ထားလို့ ငါတို့အတွက် အခွင့်အရေးမရှိဘူး။ "
" ဒါပေမယ့် နဂါးငွေ့တန်းကတော့..." ပေယင်က သူ၏ စကားကို ရပ်တန့်လိုက်သည်။
ထိုပင်မတော်ဝင်သွေးမျိုးဆက်က အထွတ်အထိပ်သို့ ရောက်နေသော်လည်း ဟေးယွီအသိုက်ကို စောင့်ရှောက်ရာတွင် ချီယန်ကဲ့သို့ အလုံးစုံထိန်းချုပ်နိုင်စွမ်းကို ရရှိရန် ခက်ခဲလေသည်။ ၎င်းက နတ်ဘုရားအရှင်သခင်နှစ်ယောက်အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
" မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ကျိယန်က ချက်ချင်း မေးလိုက်သည်။ သူကလည်း ၎င်းကို အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိလေသည်။
အကယ်၍ သူတို့အောင်မြင်ခဲ့လျှင် သူတို့၏ စိတ်စွမ်းအားအတွက် စိတ်ပူးရာမလိုတော့ပေ။ ရှုံးနိမ့်ခဲ့လျှင်တောင် ကြီးမားသော ဆုံးရှုံးမှုမရှိနိုင်ပေ။
" ချီယန်စောင့်ရှောက်နေတုန်းက ငါ အကြိမ်ကြိမ် စမ်းသပ်ခဲ့လို အထဲက အစီအရင်အချို့ကို နားလည်ထားတယ်။ နဂါးငွေ့တန်းက အစီအရင်ကို ထိန်းချုပ်ထားရင်တောင် အချိန်တိုအတွင်း အသေအချာ လည်ပတ်နိုင်ဦးမှာမဟုတ်ဘူး။ ငါတို့က အစီအရင်ရဲ့ ဟာကွက်ကနေ ခိုးဝင်သွားရုံပဲ။ " ပေယင်က လျင်မြန်စွာ ပြောလိုက်သည်။
သူက ချီယန်ပြောင်းရွှေ့သွားပြီး ဟေးယွီအသိုက်ကို နဂါးငွေ့တန်း တာဝန်ယူလိုက်ကတည်းက ထိုအရာကို ကြံစည်နေခဲ့ခြင်းဖြစ်သည်။
" ခိုးဝင်ဖို့လား။ " ကျိဟန်က အနည်းငယ် တွန့်ဆုတ်သွားသည်။ အကယ်၍ နဂါးငွေ့တန်းက သူတို့ကို သတိပြုမိပြီး အထဲတွင် ပိတ်လှောင်လိုက်လျှင် သူတို့ဒုက္ခရောက်သွားနိုင်လေသည်။
" မစိုးရိမ်နဲ့။ အဲ့ဒီနဂါးငွေ့တန်းက ချီယန်မဟုတ်ဘူး။ သူ ငါတို့ကို ရှာတွေ့သွားရင်တောင် ငါတို့ အလွယ်တကူ ပြန်ဆုတ်နိုင်တယ်။ " ပေယင်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ဟုတ်တယ်။ "ကျိဟန်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။
ထိုပင်မတော်စင်မျိုးနွယ်များက ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို နက်ရှိုင်းစွာ နားလည်ကြခြင်းမရှိဘဲ အစီအရင်များကို ထိန်းချုပ်ရာတွင်လည်း အတူတူပင်ဖြစ်သည်။
" ဒါပေမယ့် ငါတို့ ဘယ်သူဆိုတာ မပေါ်အောင် သတိထားရမယ်။ " ပေယင်က သတိပေးလိုက်သည်။
ရှေးဟောင်းနိုင်ငံများကြား စစ်ပွဲများမဟုတ်လျှင် နတ်ဘုရားအရှင်သခင်များက ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်ကြရသည်။ ပေယင်နှင့် ကျိဟန်တိုက လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် သူတို့ကိုသူတို့ ဖုံးကွယ်ထားရမည်ဖြစ်သည်။ ထို့ကြောင့် လီယန်ရှေးဟောင်းနိုင်ငံက စစ်ဆေးခဲ့လျှင်တောင် အခြားရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များ ဖြစ်နိုင်သည်ဟု ငြင်းဆိုနိုင်လေသည်။
" နားလည်ပြီ။ " ကျိဟန်ကလည်း ခေါင်းညိမ့်လိုက်သည်။ ထိုသို့သော ကိစ္စမျိုးက လျို့ဝှက်လုပ်ဆောင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း ဝန်ခံ၍မရပေ။
ပေယင်နှင့် ကျိဟန် နတ်ဘုရားအရှင်သခင်နှစ်ယောက်က ဟေးယွီအသိုက်မှ အစီအရင်၏ လည်ပတ်မှုကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
" အခုပဲ။ " ပေယင်၏ မျက်လုံးများက တောက်ပသွားပြီး အစီအရင်၏ ဟာကွက်အတိုင်း ဝင်ရောက်သွားသည်။ ကျိဟန်ကလည်း နောက်မှလိုက်ပြီး ဟေးယွီအသိုက်ထဲသို့ ဝင်ရောက်သွားသည်။
ပေယင်နှင့် ကျိဟန်တို့က ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များဖြစ်ကြသည်။ အခြားနတ်ဘုရားအရှင်သခင်များနှင့် ယှဉ်လျှင် သူတို့၏ စိတ်စွမ်းအားက အနည်းငယ် အားနည်းချက် ရှိနေသည်။ ထို့ကြောင့် ဟေးယွီအသိုက်မှ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဟေးယွီများကို လိုချင်နေကြခြင်းဖြစ်သည်။
သူတို့က ဟေးယွီအသိုက်၏ စောင့်ရှောက်သူ အပြောင်းအလဲကို အခွင့်ကောင်းယူပြီး ဝင်ရောက်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ပေယင်က ထိုလှုပ်ရှားမှုအတွင် အပြည့်အဝ ပြသ်ဆင်ထားသောကြောင့် အန္တရာယ်သိပ်မရှိနိုင်ပေ။
" အသက်ရှူချိန် ဆယ်ကြိမ်ထက် မကျော်စေနဲ့။ ဟေးယွီဘယ်လောက်ရရ ချက်ချင်း ပြန်ဆုတ်ရမယ်။ " ပေယင်က ဟေးယွီအသိုက်ထဲသို့ ချောမွေ့စွာ ဝင်ရောက်လာပြီးနောက် ကျိဟန်ကို သတိပေးလိုက်သည်။
အသက်ရှူချိန် ဆယ်ကြိမ်က လီယန်ရှေးဟောင်းနိုင်ငံများ စစ်ကူများ ရောက်လာတိုင်သည့် အချိန်အတိအကျဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် သူတို့ စတင်ခိုးဝင်သည့် အချိန်မှစ၍ မြို့တော်မှ စစ်ကူများသည် အမြန်ဆုံး ဆယ်ကြိမ်စာ အသက်ရှူချိန်အတွင်း ရောက်လာမည်ဖြစ်သည်။
" နားလည်ပြီ။ " ကျိဟန်က ခေါင်းညိမ့်လိုက်လိုက်သည်။ ထိုကဲ့သို့ ရတနာနယ်မြေထဲသို့ ခိုးဝင်ရဲသည်ဆိုကတည်းက အရာအားလုံးကို အဆိုးဆုံးအခြေအနေအထိ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
သူတို့က နတ်ဘုရားအရှင်သခင်အဆင့်ဖြစ်သောကြောင့် ဝင်ဝင်ချင်း ရှာတွေ့ခံရရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိသောကြောင့် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။
ဟေးယွီအသိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ဟေးယွီများကို သန့်စင်နေသည်။
" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ဦးတည်ရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
" လူနှစ်ယောက်ခိုးဝင်လာတာလား။ " လင်းယွမ်က တွေးလိုက်သည်။
သူက ထိုနှစ်ယောက်ကို ရှာတွေ့ခြင်းမှာ ဟေးယွီအသိုက်၏ အစီအရင်ကြောင့်မဟုတ်ပေ။ လင်းယွမ်၏ ကိုယ်ပိုင်အာရုံခံမှုနှင့် တစ်ဝက်လည်ပတ်နေသော ကမ္ဘာနတ်စွမ်းရည်ကြောင့် ဖြစ်သည်။
" နတ်ဘုရားအရှင်သခင်တွေဖြစ်ရမယ်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံကလား။ " လင်းယွမ်က လျင်မြန်စွာ ချဉ်းကပ်လာသော တည်ရှိမှုနှစ်ခုကို အဝေးမှ လှမ်းကြည့်လိုက်သည်။
ပေယင်နှင့် ကျိဟန်တို့က အပြည့်အဝ ပြင်ဆင်လာကြပြီး ဟေးယွီအသိုက် အစီအရင်၏ ရှာဖွေမှုကို ရှောင်းတိမ်းနိုင်မည်ဟု ယုံကြည်နေကြသည်။ အမှန်တော့ ဟေးယွီအသိုက်၏ အစီအရင်က သူတို့ကို ရှာမတွေ့ခဲ့ပေ။ သို့သော် လင်းယွမ်၏ ကမ္ဘာနတ်စွမ်းရည် အောက်တွင် အားလုံးထင်ထင်ရှားရှား မြင်နေရသည်။
" ရောက်ပြီ။ ရှေ့မှာ ဟေးယွီတွေရှိတယ်။ " ပေယင်နှင့် ကျိဟန်တို့က စိတ်လှုပ်ရှားသွားကြသဘ်။ အထူးသဖြင့် အစီအရင်က မည်သည့်သတိပေးချက်မှ ထွက်ပေါ်လာခြင်းမရှိသဖြင့် သူတို့က ပို၍ စိတ်လှုပ်ရှားနေကြသည်။
" အသက်ရှူချိန် နှစ်ကြိမ်ကုန်သွားပြီ။ ပြန်ဆုတ်ဖို့ သုံးကြိမ် ချန်ထားမယ်။ ငါတို့ဟေးယွီတွေသိမ်းဖို့ ငါးကြိမ်စာ အချိန်ရတယ်။ " ပေယင်က ပြောလိုက်ပြီး ကျိဟန်ကလည်း ခေါင်းညိမ့်လိုက်သည်။
ထိုခဏတွင် နတ်ဘုရားအရှင်သခင်နှစ်ယောက်က ဟေးယွီများရှိသောနေရာသို့ ဝင်ရောက်သွားကြသည်။ သူတို့၏ ရှေ့တွင် အနက်ရောင်ကျောက်စိမ်းပြင်ကြီး ပေါ်လာပြီး ပေယင်နှင့် ကျိဟန်တို့က သူတို့၏ ဝမ်းသာမှုကို ထိန်းချုပ်လိုက်ရသည်။
" အားလုံးကို ယူမယ်။ မရင့်သေးတဲ့ဟေးယွီတွေလည်း မချန်နဲ့။ " ပေယင်က လျင်မြန်စွာ ပြောလိုက်သည်။
ဟေးယွီအသိုက်မှ မွေးထုတ်လိုက်သော ဟေးယွီများက လုံးဝ ရင့်မှည့်ချိန်ကျမှသာအပြင်သို့ ထုတ်လေ့ရှိသည်။ သိူ့သော် မရင့်မှည့်သေးသော ဟေးယွီများက အသုံးမဝင်ဟု မဆိုလိုပေ။ သူတို့ကလည်း စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်လေသည်။
ယခုအချိန်တွင် လာရောက်ခိုးယူကြခြင်းဖြစ်သောကြောင့် သူတို့က ရင့်သည်မရင့်သည်ကို ဂရုမစိုက်ဘဲ အကုန်သိမ်းရန် ပြင်လိုက်ကြသည်။ သို့သော် သူတို့၏ စွမ်းအားများကို ဟေးယွီများကို လွှမ်းခြုံလိုက်ချိန်တွင် ဟေးယွီအားလုံး၏ ပတ်လည်၌ အချိန်လေဟာနယ််အလွှာများစွာရှိနေသည်ကို တွေ့လိုက်ကြရသည်။