နတ်ဘုရားအရှင်သခင်နှစ်ယောက်ကို ဖိနှိပ်ခြင်း...
Vol. 67 Ch. 954
" ဘာတွေဖြစ်နေတာလဲ။ " ပေယင်က မျက်မှောင်ကြုတ်သွားသည်။ ထိုအချိန်လေဟာနယ်အလွှာများက ဟေးယွီအသိုက်၏ အစီအရင်မှ ထွက်ပေါ်လာခြင်းမဟုတ်သည်ကို သူခံစားလိုက်ရသည်။
" ပေယင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို ယူလို့မရဘူး။ " ကျိဟန်က လျင်မြန်စွာ မေးလိုက်သည်။
" ဘယ်လိုလုပ်ရမှာလဲ။ " ပေယင်က စဉ်းစားနေစဉ် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး အထက်သို့ မော့ကြည့်လိုက်သည်။
ဟင်းလင်းပြင်ထဲမှ လူတစ်ယောက်ထွက်လာပြီး သူတို့အား တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ စွမ်းအားကြီးသော နတ်ဘုရားအရှင်သခင်များက ထိုလူငယ်၏ အကြည့်အောက်တွင် ပုရွက်ဆိတ်များသဖွယ် ဖြစ်နေသည်။
" နဂါးငွေ့တန်းအရှင်သခင်လား။ " ပေယင်က ထိုလူငယ်မှာ ဟေးယွီအသိုက်၏ စောင့်ရှောက်သူ နဂါးငွေ့တန်းဖြစ်သည်ကို သိလိုက်သည်။
" ငါတို့ကို ရှာတွေ့သွားတာလား။ " ကျိဟန်က အခြေအနေကို ချက်ချင်း နားလည်သွားသည်။
" နဂါးငွေ့တန်းအရှင်သခင်က ငါတို့အတွက် ကြိုတင်ပြင်ဆင်ထားတာလား။ " ကျိဟန်က ပေယင်ကို လှည့်ကြည့်လိုက်သည်။
" ထွက်သွားမယ်။ " ပေယင်က အနညငယ် မကျေမနပ်ဖြစ်သွသော်လည်း လက်ရှိအခြေအနေအရ ချက်ချင်း ဆုတ်ခွာခြင်းက အကောင်းဆုံး ဖြစ်သည်။ ဆက်နေလျှင်တောင် သူတို့က ဟေးယွီများကို ယူနိုင်မည်မဟုတ်ပေ။
ဝုန်း...
ပေယင်က သူ၏ စွမ်းအားကို ထုတ်ဖော်ပြီး ထိုနေရာမှ အပြင်သို့ အချိန်လေဟာနယ်လမ်းကြောင်းတစ်ခု ဖန်တီးရန် ကြိုးစားလိုက်သည်။ သို့သော် အစီအရင်၏ စွမ်းအားက ရုတ်တရက် ထွက်ပေါ်လာပြီး ပေယင်အရှင်သခင်၏ အချိန်လေဟာနယ်ကို ထိုးဖောက်ရန် ကြိုးစားမှုကို ချက်ချင်း ဖိနှိပ်သွားသည်။
" နဂါးငွေ့တန်း..." ပေယင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းက ငါတို့ကို ဒီမှာ ပိတ်ထားချင်နေတာလား။ "
ပေယင်က မျက်မှောင်ကြုတ်သွားပြီး နောက်ထပ်ဂရုမစိုက်တော့ဘဲ အပြင်ဘက်သို့ ပျံသန်းထွက်ခွာရန် ပြင်လိုက်သည်။ သူတို့က အချိန်လေဟာနယ်လမ်းကြောင်းကို ဖန်တီးပြီး မထွက်သွားနိုင်သောကြောင့် တိုက်ရိုက်ပျံသန်းသွားရန် ဆုံးဖြတ်လိုက်ကြသည်။
ဟေးယွီအသိုက်၏ အစီအရင်များက ပြင်ပတိုက်ခိုက်မှုများကို ကာကွယ်ရန်သာ အဓိကထားပြီး အတွင်းပိုင်းတွင် နတ်ဘုရားအရှင်သခင်များကို တားဆီးနိုင်ခြင်းမရှိပေ။
" ဖိနှိပ်စမ်း။ " လင်းယွမ်က ၎င်းကို မြင်သောအခါ ကမ္ဘာနတ်စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ပြင်ပကမ္ဘာက သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်လာပြီး ဟေးယွီအသိုက်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
" ဒါက ဘာလဲ။ " ကျိဟန်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက လုံးဝ ဖိနှိပ်ခံလိုကရသည်ကို ခံစားလိုက်ရပြီး ပျံသန်းရန်ပင် အလွန်ခက်ခဲသွားသည်။ ထိုဖိနှိပ်မှုအောက်တွင် သူတို့က အချိန်တိုအတွင်း ဟေးယွီအသိုက်မှ ထွက်သွားရန် မဖြစ်နိုင်တော့ပေ။
" မကောင်းတော့ဘူး။ " ပေယင်က မျက်နှာပျက်သွားသည်။ နေရာတိုင်းတွင် လွှမ်းမိုးထားသော ဖိနှိပ်မှုအရ နဂါးငွေ့တန်းအရှင်သခင်၏ စွမ်းအားက သူတို့ခန့်မှန်းထားသည်ထက် ကျော်လွန်ပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ပင် ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။
" ထိန်းချုပ်မထားတော့နဲ့။ " ပေယင်က လွတ်မြောက်ရန်အတွက် သူ၏ နည်းလမ်းများအားလုံးကို စတင်အသုံးပြုလိုက်သည်။
ကြောက်စရာကောင်းသော ယင်စွမ်းအားက ထွက်ပေါ်လာပြီး ပြင်ပကမ်ဘာ၏ ဖိနှိပ်မှုကို ခုခံရန် ကြိုးစားလိုက်သည်။ ဤအချိန်တွင် ပေယင်က သူမည်သူဖြစ်သည်အား ထွက်ပေါ်သွားမည်ကို စိုးရိမ်ခြင်းမရှိတော့ဘဲ အစွမ်းကုန် ထုတ်သုံးလိုက်သည်။
ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်တစ်ယောက်အနေဖြင့် လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာနယ်မြေကို ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခြင်းက ရှေးဟောင်းနိုင်ငံများ၏ မရေးသားထားသော စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်။
သတင်းပေါက်ကြားသွားလျှင် သူက ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ အပြစ်ပေးမှုကို ခံရမည်ဖြစ်သော်လည်း ပြစ်ဒဏ်က မည်မျှပြင်းထန်သည်ဖြစ်စေ ထိုရုပ်ခန္ဓာကို ဆုံးရှုံးရခြင်းထက် ပို၍ သက်သာပေလိမ့်မည်။ ယခုအချိန်တွင် သူသာ အစွမ်းကုန် မတိုက်ခိုက်လျှင် ပြင်ပကမ်ဘာ၏ ဖိနှိပ်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
အချိန်လာသည်နှင့်အမျှ လီယန်ရှေးဟောင်းနိုင်ငံမှ စစ်ကူများရောက်လာလျှင် သူတို့က အသက်ရှင်လျက် ဖမ်းဆီးခံရနိုင်လေသည်။ သူသာ အသက်ရှင်လျက် ဖံခံရလျှင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက မျက်နှာပျက်ရမည်ဖြစ်ပြီး သူ့အပေါ် ပေးမည့် အပြစ်ဒဏ်ကလည်း ပို၍ ပြင်းထန်သွားပေလိမ့်မည်။
ဝုန်း...
ပေယင်က သူ၏ ရုပ်ခန္ဓာ မူလရင်းမြစ်ကို လောင်ကျွမ်းပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ဖိနှိပ်မှုကို ချိုးဖျက်ရန် ကြိုးစားလိုက်သော်လည်း ကြောက်စရာကောင်းသော ဖိနှိပ်မှုအောက်တွင် အရာမထင်ခဲ့ပေ။
" နဂါးငွေ့တန်းအရှင်သခင်..." ပေယင်က အထက်မှ ငုံ့ကြည့်နေသော လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းက နတ်ဘုရားအရှင်သခင်တစ်ယောက်လား။ "
လီယန်ရှေးဟောင်းနိုင်ငံတွင် နတ်ဘုရားအရှင်သခင်တစ်ယောက် ထွက်ပေါ်လာခြင်းက အလွန်ရှားပါးသော်လည်း မဖြစ်နိုင်သည်တော့မဟုတ်ပေ။ လီယန်ရှေးဟောင်းနိုင်ငံတွင် နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုသော မဟာအရှင်သခင်များစွာ ရှိနေကြသည်။
သို့သော် လင်းယွမ်က ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်ဖြစ်သည်။ နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်သွားသော ပင်မတော်ဝင်မျိုးနွယ်က အခြားနတ်ဘုရားအရှင်သခင်များနှင့် လုံးဝ ကွာခြားလှသည်။
" နဂါးငွေ့တန်း နတ်ဘုရားအရှင်သခင်လား။ " ကျိဟန်က လင်းယွမ်ကို စိုက်ကြည့်ပြီး စိတ်ထဲတွင် နားမလည်နိုင်ဖြစ်သွားသည်။
လင်းယွမ်က ရှေးဟောင်းနိုင်ငံမှ တော်ဝင်မိသားစုများက နတ်ဘုရားအရှင်သခင်အဆင့်ကို မချိုးဖျက်နိုင်သော ဒဏ္ဍာရီကို ချိုးဖျက်လိုက်တာလား။
လင်းယွမ်က စကားမပြောဘဲ ပေယင်နှင့် ကျိဟန်တို့ကို ငုံ့ကြည့်လိုက်သည်။ နတ်ဘုရားအရှင်သခင်အဆင့် စွမ်းအားကို ထုတ်ပြရန် လင်းယွမ်က ကြာမြင့်စွာကတည်းက စီစဉ်ထားခဲ့ပြီးဖြစ်သည်။ သူက ပင်မတော်ဝင်သွေးမျိုးဆက် အထွတ်အထိပ်တွင် ရှိနေပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်ရှိနိုင်ခြင်းက မယုံကြည်နိုင်စရာမဟုတ်ပေ။
" ဒီတစ်ခါတော့ ငါတကယ် ရှုံးသွားပြီပဲ။ " ပေယင်က လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က စတင်ပျောက်ကွယ်လာသည်။ သူ၏ ခွန်အားနှင့် လင်းယွမ်၏ ပြင်ပကမ်ဘာဖိနှိပ်မှုကို အချိန်အတော်ကြာ ခုခံနိုင်သည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ လင်းယွမ်က မူလခန္ဓာကိုယ်မဟုတ်ဘဲ ထိုက်ယင်မူလစိတ်ဝိညာဉ်သာ ဖြစ်သောကြောင့် နတ်ဘုရားအရှင်သခင်တစ်ယောက်ကို အလွယ်တကူ ချေမှုန်းနိုင်လောက်သည်အထိ အစွမ်းမထက်သေးပေ။ သို့သော် အချိန်ကြာလျှင် လီယန်ရှေးဟောင်းနိုင်ငံမှ စစ်ကူများ ရောက်လာနိုင်လေသည်။
ထိုအခြေအနေတွင် ဘေးကင်းစေရန်အတွက် ပေယင်က ထိုရုပ်ခန္ဓာကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။
" ပေယင် " ထိုမြင်ကွင်းကို မြင်သောအခါ ကျိဟန်က စိတ်ထဲမှ တုန်လှုပ်သွားခဲ့သည်။
" နောက်တစ်ခါ ထပ်ကြိုးစားကြည့်ဦးမယ်။ " ကျိဟန်၏ မျက်လုံးများထဲတွင် သွေးနီရောင်အလင်းတစ်ခု ပေါ်လာပြီး အချိန်လေဟာနယ်ကို ထိုးဖောက်နိုင်သော အေးစက်မှုများဖြင့် လွှမ်းခြုံသွားသည်။ သို့သော် လင်းယွမ်၏ ပြင်ပကမ္ဘာရှေ့တွင် ထိုစွမ်းအားများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
" ထားလိုက်တော့။ " ခဏကြာသောအခါ ကျိဟန်က သူ၏ ကြိုးစားမှုမှာ အချည်းနှီးသာ ဖြစ်သည်ကို သိလိုက်ပြီး လွတ်မြောက်ရန် မဖြစ်နိုင်သည်ကို နားလည်သွားခဲ့သည်။ သူကလည်း သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို စတင်ဖျက်ဆီးလိုက်သည်။
မကြာမီ နတ်ဘုရားအရှင်သခင်နှစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက ပျောက်ကွယ်သွားခဲ့သည်။ လင်းယွမ်က လှုပ်ရှားခြင်းမရှိဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
အမှန်တော့ သူက သူတို့ကို မတားဆီးနိုင်ပေ။ သူက ထိုက်ယင်မူလစိတ်ဝိညာဉ်သာဖြစ်ပြီး မူလခန္ဓာကိုယ်ဖြစ်လျှင်တောင် နတ်ဘုရားအရှင်သခင်များ ကိုယ့်ကိုကိုယ် ဖျက်ဆီးခြင်းကို တားဆီးရန် ခက်ခဲပေလိမ့်မည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် သူက မဟာသူတော်စင်များကို ဖိနှိပ်နိုင်ခဲ့ခြင်းမှာ သူတို့က ရုပ်ခန္ဓာများကို ဆုံးရှုံးရမည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။ သို့သော် ရင်းမြစ်ကမ္ဘာတွင် နတ်ဘုရားအရှင်သခင်များက ရှေးဟောင်းနိုင်ငံများကို သစ္စာစောင့်သိကြပြီး ရန်သူနိုင်ငံ၏ ဖမ်းဆီးခြင်းကို ခံရလျှင် ကြောက်စရာကောင်းသော အကျိုးဆက်များကို ခံရမည်ဖြစ်သည်။
သူတို့၏ အဆင့်အတန်းက ပို၍ မြင့်မားလေ အကျိုးဆက်က ပို၍ ကြီးမားလေဖြစ်သည်။ သူတို့က ဖမ်းဆီးခံရလျှင် ပြင်းထန်သော ပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
" ဒါက ကျေနပ်စရာပါပဲ။ " လင်းယွမ်က နတ်ဘုရားအရှင်သခင်များကို သူတို့ကို သူတို့ ဖျက်ဆီးအောင် ဖိအားပေးနိုင်ခဲ့သည်။
စစ်မြေပြင်တွင် နတ်ဘုရားအရှင်သခင်ကို ခုခံနိုင်စွမ်းမရှိအောင် ဖိအားပေးနိုင်ရန် ခက်ခဲသော်လည်း ဟေးယွီအသိုက်၏ ထူးခြားသော အခြေအနေအောက်တွင် ၎င်းကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က နတ်ဘုရားအရှင်သခင်နှစ်ယောက်ပျောက်ကွယ်သွားသော နေရာကို ကြည့်ပြီး လက်နက်အချို့နှင့် သိုလှောင်ရတနာအချို့ကို တွေ့လိုက်ရသည်။
" နောက်ဆုံးတော့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ နည်းစနစ်တွေကို မြင်တွေ့ရပြီပေါ့။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ သူ၏ လမ်းစဉ်က ထိုက်ကျိလမ်းစဉ်ဖြစ်ပြီး လီယန်ရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်က ထိုက်ယန်လမ်းစဉ်အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။
ထို့ကြောင့် သူက ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ အမွေအနှစ်များကို ရရှိရန် မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ ဤနှစ်များတွင် လင်းယွမ်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ လျို့ဝှက်နည်းစနစ်များကို စုဆောင်းနိုင်ခဲ့သည်။
ရှေးဟောင်းနိုင်ငံအသီးသီးမှ မဟာအရှင်သခင်များကြားတွင် ရင်းနှီးမှုများရှိပြီး မကြာခဏ ကုန်သွယ်မှုများ ပြုလုပ်ကြသည်။ ထိုကုန်သွယ်မှုများတွင် လျို့ဝှက်နည်းစနစ်များလည်း ပါဝင်လေ့ရှိသည်။
သို့သော် မဟာအရှင်သခင်များ လဲလှယ်နိုင်သော လျို့ဝှက်နည်းစနစ်များက လင်ယွမ်အတွက် အဆင့်နိမ့်လှသည်။ သို့သော် ယခု ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ၏ လျို့ဝှက်နည်းစနစ်များကို ရရှိရန် အခွင့်အရေးရပြီဖြစ်သည်။