ဧကရာဇ်၏ အံ့အားသင့်မှု...
Vol. 67 Ch. 955
လင်းယွမ်က နတ်ဘုရားအရှင်သခင်နှစ်ယောက်၏ ရတနာများကို စတင်စစ်ဆေးလိုက်သည်။ သူတို့က ဟေးယွီအသိုက်အတွင်း ပိတ်မိနေလိမ့်မည်ဟု.လုံးဝ မတွေးထားခဲ့ကြပေ။ ထို့ကြောင့် သူတို့က ရတနာများကို သူတို့နှင့်အတူ သယ်ဆောင်လာခဲ့ကြသည်။
လင်းယွမ်က ရတနာများကို တစ်ချက်ကြည့်လိုက်ပြီး လျို့ဝှက်နည်းစနစ်များကို ကြည့်လိုက်သည်။
" ရွှမ်ယင်ဓားချက်ဆယ့်သုံးချက်... ရွှမ်ယင်နိုင်ငံက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်က ရွှမ်ယင်လျို့ဝှက်ကျမ်း အမွေအနှစ်ကို အခြေခံပြီး တီထွင်ထားတာ။ ရွှမ်ယင်စွမ်းအားကို အသုံးပြုပြီး ပြင်းထန်တဲ့ ဖျက်ဆီးအားကို ထုတ်ဖော်တာပဲ။ " လင်းယွမ်က ဂရုတစိုက် လေ့လာလိုက်သည်။
နတ်ဘုရားအရှင်သခင်များက ဖရိုဖရဲဟင်းလင်းပြင်မှ မဟာသူတော်စင်များနှင့် ညီမျှသည်။ ဖရိုဖရဲမဟာသူတော်စင်များနှင့်ယှဉ်လျှင် နတ်ဘုရားအရှင်သခင်များက အတွင်းစကြာဝဠာများကို အသုံးမပြုကြသော်လည်း ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားတွင် ရှေ့ဆုံးမှ ဦးဆောင်နေသူများဖြစ်ကြသည်။
ရှေးဟောင်းနိုင်ငံများမှ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များက သူတို့၏ ကိုယ်ပိုင်တိုက်ခိုက်ရေးနည်းစနစ်များကို ဖန်တီးထားကြသည်။ ဥပမာ ရွှမ်ယင်ဓားချက်ဆယ့်သုံးချက်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ခုတ်ချက်တိုင်းက သာမန်နတ်ဘုရားအရှင်သခင်များကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေနိုင်သည်။
" အထင်ကြီးစရာပဲ။ " လင်းယွမ်က လေ့လာနေရင်း အံ့အားသင့်သွားမိသည်။ " ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ အမွေအနှစ်တွေက အပြင်ကို မပျံ့နိုင်တာ နှမြောစရာပဲ။ "
ထိုရွှမ်ယင်ဓားချက်ဆယ့်သုံးချက်မှာ ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များကြားတွင် အသုံးများသောကြောင့် လင်းယွမ်က နတ်ဘုရားအရှင်သခင်နှစ်ယောက်ထံမှ မိတ္တူတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
" ဒါပေမယ့် ဒီအကျိုးအမြတ်နဲ့တင် ကျေနပ်စရာကောင်းနေပါပြီ။ " လင်းယွမ်က သိုလှောင်ရတနာများထဲမှ လျို့ဝှက်နည်းစနစ်များကို ကြည့်လိုက်သည်။
ရွှမ်ယင်ဓားချက်ဆယ့်သုံးချက်အပြင် ထိုအဆင့်ရှိ လျို့ဝှက်နည်းစနစ် လေးခုနှင့် မဟာအရှင်သခင်အဆင့် အမွေအနှစ် ဆယ်ခုကျော်ရှိနေသည်။
" ဒီလျို့ဝှက်နည်းစနစ်တွေကို နားလည်လာတာနဲ့ ငါ့ရဲ့ ထိုက်ယင်လမ်းစဉ်က ပိုပြီး ပြည့်စုံလာတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ထိုပြည့်စုံမှုက စွမ်းအားမဟုတ်ဘဲ အခြေခံပြည့်စုံလာခြင်းဖြစ်သည်။ ယခင်ကတည်းပ လင်းယွမ်၏ ထိုက်ယန်က ထိုက်ယင်ထက် သာလွန်နေခဲ့သည်။
" ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ ရွှမ်ယင်လျို့ဝှက်ကျမ်းက ဘယ်လိုလမ်းစဉ်ကို မှက်တမ်းတင်ထားမလဲဆိုတာ သိချင်မိတယ်။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။
ရွှမ်ယင်လျို့ဝှက်ကျမ်းက ရွှမ်ယင်ဘိုးဘေးထံမှ ဆင်းသက်လာသော ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ အထွတ်အထိပ်အမွေအနှစ်ဖြစ်ပြီး လီယန်ရှေးဟောင်းနိုင်ငံ၏ အထွတ်အထိပ် အမွေအနှစ်နှင့် အဆင့်တူညီသည်။
ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ မြို့တော်ရှိ နန်းတော်များထဲတွင် ပေယင်နှင့် ကျိဟန်တိုက မျက်လုံးများ ဖွင့်လိုက်ကြသည်။ နတ်ဘုရားအရှင်သခင်များအနေဖြင့် ရှေးဟောင်းနိုင်ငံကို အမှုထမ်းလိုလျှင် ဘုရင်ဘွဲ့အပ်နှင်းခံရပြီး မြို့တော်တွင် နန်းတော်တစ်ခုပိုင်ဆိုင်ခွင့်ရှိသည်။
" အဲ့ဒီနဂါးငွေ့တန်းက တကယ်ပဲ နတ်ဘုရားအရှင်သခင်လား။ " ကျိဟန်က ယခုအချိန်ထိ မယုံကြည်နိုင်ဖြစ်နေသည်။ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် တော်ဝင်မျိုးနွယ်များ မချိုးဖျက်နိုင်သော အတားအဆီးကို နဂါးငွေ့တန်းက ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
" ပေယင် " ကျိဟန်က ပေယင်နှင့် ဆွေးနွေးရန် ကိုယ်ပွားတစ်ခု စေလွှတ်လိုက်သည်။
နန်းတော်တစ်ခုအတွင်း ပေယင်က ထိုင်နေပြီး ဆန့်ကျင်ဘက်တွင် ကျိဟန်က ထိုင်နေသည်။
" ပေယင် ငါတို့ ဘာဆက်လုပ်ကြမလဲ။ " ကျိဟန်က ချက်ချင်း မေးလိုက်သည်။ သူတို့၏ လျို့ဝှက်လှုပ်ရှားမှုက ဘာမှမရခဲ့သည့်အပြင် အဓိကတိုက်ခိုက်ရေးခန္ဓာများပင် ဆုံးရှုံးခဲ့ရသည်။
" ဘာလုပ်ရမှာလဲ။ " ပေယင်က သက်ပြင်းချလိုက်သည်။ နဂါးငွေ့တန်းက ထိုမျှအထိ ကြောက်စရာကောင်းမှန်းသိလျှင် သူတို့က ဟေးယွီအသိုက်ကို ဝင်ရောက်ရန် ဘယ်တော့မှစဉ်းစားမည်မဟုတ်ပေ။
နဂါးငွေ့တန်းက ဟေးယွီအသိုက်ကို ဝင်လာခြင်းမှာ ထိုရတနာနယ်မြေကို အားနည်းသွားစေမည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အားမနည်းသွားသည့်အပြင် ချီယန်တာဝန်ယူစဉ်ကထက်ပင် ပို၍ အစွမ်းထက်လာခဲ့သည်။
" ရွေးချယ်စရာမရှိဘူး။ ဧကရာဇ်ကိုပဲ အမှန်အတိုင်း ပြောပြတာပေါ့။ " ပေယင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဧကရာဇ်ကို အမှန်အတိုင်း ပြောပြမှာလား။ " ကျိဟန်က တိတ်ဆိတ်သွားသည်။
သူတို့က ဧကရာဇ်ထံမှ သေချာပေါက် အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။ ရတနာနယ်မြေကို တိုက်ခိုက်ခြင်းက ရှေးဟောင်းနိုင်ငံနှစ်နိုင်ငံ၏ နားလည်မှု စည်းမျဉ်းကို ချိုးဖျက်ဖြင်းဖြစ်သည်။
" မဟုတ်ရင် လီယန်ရှေးဟောင်းနိုင်ငံက ငါတို့လက်နက်တွေကို ကိုင်ပြီး လိုက်လာမှာကို စောင်နေရမှာလား။ " ပေယင်က ကျိဟန်ကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံးက သူတို့၏ ရုပ်ခန္ဓာများကို ဖျက်ဆီးခဲ့ကြသော်လည်း သူတို့၏ လက်နက်များက ကျန်ရှိနေဆဲ ဖြစ်သည်။ နတ်ဘုရားအရှင်သခင်များ၏ လက်နက်များမှ ကိုယ်ပိုင်အမှတ်အသားများက ထင်ရှားလေသည်။ ထိုလက်နက်များကို အခြေခံ၍ သူတို့က ဟေးယွီအသိုက်ကို ခိုးဝင်ခဲ့ကြောင်း သိနိုင်လေသည်။
" အဲ့ဒီနဂါးငွေ့တန်းနဲ့ ညှိနှိုင်းပြီး ဒီကိစ္စကို အပြင်ကို မပျံ့အောင်လုပ်လို့မရဘူးလား။ " ကျိဟန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ညှိနှိုင်းဖို့လား။ " ပေယင်က ခဏစဉ်းစားလိုက်သည်။ " ဒါဆိုလည်း စမ်းကြည့်တာပေါ့။ "
ယခုအချိန်ထိ ထိုကိစ္စကို သူတို့သုံးယောက်သာ သိကြလေသည်။ နဂါးငွေ့တန်းက နှုတ်ပိတ်ထားလျှင် အပြင်လူများ သိနိုင်မည်မဟုတ်ပေ။
ဟေးယွီအသိုက်တွင် လင်းယွမ်က သူရရှိထားသော အကျိုးအမြတ်များကို စဉ်းစားနေစဉ် ရုတ်တရက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ကိုယ်ပွားတစ်ခု ဖန်တီးပြီး နယ်စပ်သို့ ဆင်းသက်သွားသည်။
အဝေးတွင် ပေယင်နှင့် ကျိဟန်တို့၏ ပုံရိပ်များကလည်း ရပ်နေကြသည်။
" မင်းတို့ ငါ့ကို ဘာလို့တွေ့ချင်တာလဲ။ " လင်းယွမ်က သူတို့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" နဂါးငွေ့တန်း ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို လျို့ဝှက်ထားပေးလို့ရမလား။ " ပေယင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
" လျို့ဝှက်ထားပေးရမှာလား။ " လင်းယွမ်က ပေယင်၏ စကားကို နားလည်သည်။ " ဒါဆို မင်းတို့က ငါ့ကို ဘာပြန်ပေးမှာလဲ။ "
" မင်းသာ ဒီကိစ္စကို လျို့ဝှက်ထားပေးရင် ငါနဲ့ ကျိဟန်နှစ်ယောက် မင်းကို ကျေးဇူးကြွေးတစ်ခု တင်သွားလိမ့်မယ်။ " ပေယင်က ပြောလိုက်ပြီး ကျိဟန်ကလည်း ခေါင်းညိမ့်လိုက်သည်။
" ကျေးဇူးကြွေးတစ်ခုလား။ " လင်းယွမ်က နတ်ဘုရားအရှင်သခင်နှစ်ယောက်ကို ကြည့်လိုက်သည်။
နတ်ဘုရားအရှင်သခင်နှစ်ယောက်၏ ကျူးကျော်မှုကို တားဆီးနိုင်ခဲ့ပြီး သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်များကို ဖျက်ဆီးနိုင်ခဲ့သောကြောင့် လင်းယွမ်က လီယန်ရှေးဟောင်းနိုင်ငံမှ စွမ်းဆောင်မှုရမှတ်များကို ရရှိမည်ဖြစ်သည်။
" ဒါဆို မင်းက ဘာလိုချင်လို့လဲ။ " ပေယင်က မေးလိုက်သည်။
" ရွှမ်ယင်လျို့ဝှက်ကျမ်း... " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
" မဖြစ်နိုင်ဘူး။ " ပေယင်က ခေါင်းခါလိုက်သည်။ " ငါတို့က ဘိုးဘေးဆီမှ သစ္စာဆိုပြီးသွားပြီ။ ဒီအမွေအနှစ်ကို တခြားသူကို ပေးဖို့ မဖြစ်နိုင်ဘူး။ "
" ဒါဆို မင်းတို့နဲ့ငါ ညှိနှိုင်းစရာ မလိုတော့ဘူး။ " လင်းယွမ်က တိုက်ရိုက်ပင် ပျောက်ကွယ်သွားသည်။
ရန်သူနိုင်ငံမှ နတ်ဘုရားအရှင်သခင်များနှင့် ညှိနှိုင်းခြင်းက အန္တရာယ်ရှိလေသည်။ နောက်ပိုင်းတွင် သူတို့က ထိုအချက်ကို အသုံးချပြီး ခြိမ်းခြောက်လာနိုင်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ မြို့တတာ်တွင် လင်းယွမ်က သူ၏ နန်းတော်ထဲမှ ထွက်လာသည်။
" ရန်သူနိုင်ငံရဲ့ နတ်ဘုရားအရှင်သခင်နှစ်ယောက်ရဲ့ ရုပ်ခန္ဓာတွေကို ဖျက်ဆီးနိုင်တာဆိုတော့ စွမ်းဆောင်မှုရမှတ် တစ်သန်းရရှိလိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။
" သွားမယ်။ " လင်းယွမ်က ထိုစွမ်းဆောင်မှုရမှတ်များကို စွန့်လွှတ်မည်မဟုတ်ပေ။
လီယန်ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်နှင့် တွေ့ဆုံရန် အင်ပါယာနန်းတော်သို့ ဦးတဘ်သွားခဲ့သည်။
ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုထဲတွင် ဧကရာဇ်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " နဂါးငွေ့တန်း မင်းငါ့ဆီ ဘာကိစ္စရှိလို့လာတာလဲ။ "
" ကျွန်တော် စောင့်ရှောက်နေတဲ့ ဟေးယွီအသိုက်ကို နတ်ဘုရားအရှင်သခင်နှစ်ယောက် ခိုးဝင်ခဲ့ပါတယ်။ " လင်းယွမ်က အမှန်အတိုင်း ပြောလိုက်သည်။
" နတ်ဘုရားအရှင်သခင်နှစ်ယောက် ခိုးဝင်ခဲ့တာလာယ " ဧကရာဇ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ဘယ်နတ်ဘုရားအရှင်သခင်တွေလဲ။ " ဧကရာဇ်က မေးလိုက်သည်။
" ပေယင်နဲ့ ကျိဟန်ပါ။ " လင်းယွမ်က ပြောလိုက်သည်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံတွင် နတ်ဘုရားအရှင်သခင်အနည်းငယ်သာ ရှိသောကြောင့် သူတို့ကို ခွဲခြားနိုင်ရန် မခက်ခဲပေ။
" သူတို့လား။ " ဧကရာဇ်က ခေါင်းညိမ့်လိုက်သည်။ " ထားလိုက်တော့။ ဒီတစ်ခါတော့ မင်း သင်ခန်းစာ ယူဖို့အတွက် အပြစ်နည်းနည်းပေးလိုက်မယ်။ ဟေးယွီအသိုက်ကိုတော့ မင်းပဲဆက်ပြီး စောင့်ရှောက်လိုက်ပေါ့။ "
ဟေးယွီအသိုက်တွင် ဟေးယွီများက များပြားသောကြောင့် တစ်ကြိမ် လုခံရခြင်းမှာ ကြီးမားသော ပြဿနာမဟုတ်ပေ။ ဧကရာဇ်က ၎င်းကို အသုံးပြုပြီး လင်းယွမ်ကို သင်ခန်းစာ ပေးလိုခြင်းသာ ဖြစ်သည်။
" အပြစ်ပေးမှာလား။ " လင်းယွမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။ ဧကရာဇ်က သူ ဟေးယွီအသိုက်ကို မကာကွယ်နိုင်ခဲ့သည်ဟု အထင်လွဲနေကြောင်း နားလည်သွားသည်။
" ဟေးယွီတွေကို နတ်ဘုရားအရှင်သခင်တွေ ယူမသွားနိုင်ခဲ့ပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။
" ယူမသွားနိုင်ဘူးလား။ " ဧကရာဇ်က မျက်မှောင်ကြုတ်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။
" ကျွန်တော် ပေယင်နဲ့ ကျိဟန်ကို တားဆီးနိုင်ခဲ့ပါတယ်။ နတ်ဘုရားအရှင်သခင်နှစ်ယောက်ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်တွေအတွက် စွမ်းဆောင်မှုရမှတ်တွေ လာထုတ်တာပါ။ " လင်းယွက ဧကရာဇ်ကို ကြည့်ပြီး ပြောလိုက်သည်။ စွမ်းဆောင်မှုရမှတ်များ ထုတ်ယူရာတွင် ဧကရာဇ်၏ ခ့်င့်ပြုချက်လိုအပ်ပေသည်။
" မင်းဘာပြောလိုက်တာလဲ။ " ဧကရာဇ်က လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်ပြီး မေးလိုက်သည်။