စွမ်းဆောင်မှုရမှတ်တစ်သန်း...
Vol. 67 Ch. 956
ခန်းမထဲတွင် လီယန်ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်နေသည်။
" ကျွန်တော်ကံကောင်းသွားတာပါ။ ကျိဟန်နဲ့ ပေယင်တို့က ကျွန်တော်စွမ်းအားကို မသလို့ အနက်ရှိုင်းဆုံးထိ ဝင်လာကြလို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။
၎င်းက အမှန်ပင်ဖြစ်သည်။ အကယ်၍ ချီယန်သာ ဟေးယွီအသိုက်တွင် ရှိနေလျှင် သူတို့က လွယ်လွယ်နှင့် ခိုးဝင်မည်မဟုတ်သကဲ့သို့ အနက်ရှိုင်းဆုံးထိလည်း ဝင်ရောက်လာမည်မဟုတ်ပေ။ လင်းယွမ်က ထိုနတ်ဘုရားအရှင်သခင်နှစ်ယောက်ကို ချုပ်နှောင်နိုင်ခဲ့ခြင်းမှာ ပထမအချက် သူ၏ စွမ်းအားကြောင့်ဖြစ်ပြီး ဒုတိယအချက်က ရန်သူ၏ ပေါ့ဆမှုကြောင့်ဖြစ်သည်။
" အဲ့ဒါက ငါမေးချင်တာမဟုတ်ဘူး။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။ " မင်းက မင်းရဲ့ စွမ်းအားနဲ့ ကျိဟန်နဲ့ ပေယင်တို့ကို ချုပ်နှောင်ခဲ့တာလား။ မင်း နတ်ဘုရားအရှင်သခင်အဆင့်ကို တက်လှမ်းသွားပြီလား။ "
ဟေးယွီအသိုက်၏ အစီအရင်များက နတ်ဘုရားအရှင်သခင်များကို ချုပ်နှောင်ထားရန် အလွန်ခက်ခဲသည်ကို သူသိလေသည်။
" အဲ့လိုပြောလို့ရပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ထိုကိစ္စကို လာရောက်တင်ပြကတည်းက သူ၏ စွမ်းအားအချို့ ထွက်ပေါ်သွားမည်ကို သိထားပြီးသားဖြစ်သည်။
တော်ဝင်မျိုးနွယ်၏ နတ်ဘုရားအရှင်သခင်အဆင့်က သာမန်နတ်ဘုရားအရှင်သခင်များနှင့် ကွာခြားသည်။ အကြောင်းမှာ တော်ဝင်မျိုးနွယ်များ လျှောက်လှမ်းသော လမ်းစဉ်က သာမန်ကျင့်ကြံသူများနှင့် ကွဲပြားသောကြောင့်ဖြစ်သည်။
တော်ဝင်မျိုးနွယ်များက ဘိုးဘေးသွေးမျိုးဆက်ကို ဖော်ထုတ်ရန် အာရုံစိုက်ကြပြီး အခြားကျင့်ကြံသူများက နိယာမများကို နားလည်ရန် ကြိုးစားကြသည်။ တော်ဝင်မျိုးနွယ်များက နတ်ဘုရားအရှင်သခင်အဆင့် အတားအဆီးဟု ခေါ်ကြခြင်းမှာ ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံ၏ သွေးမျိုးဆက် အမြင့်ဆုံး ကန့်သတ်ချက်မှာ မဟာအရှင်သခင်အဆင့်သာရှိပြီး သွေးမျိုးဆက်ကို ဆက်လက်တူးဖော်ရုံနှင့် နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
တော်ဝင်မျိုးနွယ်များက နိယာမများကို နားလည်ခြင်းဖြင့် နတ်ဘုရားအရှင်သခင်အဆင့်သို့ ဝင်ရောက်နိုင်သော်လည်း ၎င်းက တော်ဝင်မျိုးနွယ်၏ သီးသန့်စွမ်းအားမဟုတ်ပေ။ ရိုးရှင်းစွာ ပြောရလျှင် သူတို့က ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ထုတ်ဖော်နိုင်ရန် အမြဲတမ်း တောင့်တနေကြသည်။
" အဲလိုပြောလို့ရတာလား။ " ဧကရာဇ်က စိတ်လှုပ်ရှားသွားသည်။
" မကြာသေးခင်က ကျွန်တော် တစ်ခုခုနားလည်ခဲ့လို့ပါ။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အနည်းငယ် ထုတ်ဖော်လိုက်သည်။
ထိုနတ်စွမ်းရည်က သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှတစ်ဆင့် သန့်စင်ထားခြင်းဖြစ်သည်။ ထိုနတ်စွမ်းရည်က လင်းယွမ်၏ သွေးမျိုးဆက်ဖော်ထုတ်နိုင်မှုကို ရှင်းပြနိုင်သည်။
" တကယ် ဘိုးဘေးရဲ့ အော်ရာပဲ။ " ဧကရာဇ်က လင်းယွမ်ထုတ်ဖော်လိုက်သော လီယန်နေမင်း၏ စွမ်းအားကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ထိုစွမ်းအားထဲတွင် လီယန်ဘိုးဘေး၏ အော်ရာ ပါဝင်နေသည်ကို သူရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
" နဂါးငွေ့တန်း ကျေးဇူးတင်ပါတယ်။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ " မင်းက ငါ့အတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခု ပေးလိုက်တာပဲ။ "
လင်းယွမ်ထံမှတစ်ဆင့် တော်ဝင်မျိုးနွယ်၏ သွေးမျိုးဆက်အတားအဆီးကို ချိုးဖျက်နိုင်မည့် အလားအလာကို ဧကရာဇ်က မြင်တွေ့လိုက်ရသည်။
" အမှန်တော့ ကျွန်တော်က ဘိုးဘေးသွေးမျိုးဆက်ကို ထုတ်ဖော်နိုင်တဲ့ နည်းလမ်းကို ကြေညာပေးနိုင်ပါတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး သူ၏ အဓိကရည်ရွယ်ချက်ကို ပြောလိုက်သည်။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှတစ်ဆင့် လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို နိုးထလာစေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သွေးမျိုးဆက်ကို ထုတ်ဖော်သော နည်းလမ်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သာ ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေခြင်းက အချိန်စက်ဝန်းကို ကျော်ဖြတ်ရန် အကျိုးရှိစေသည်။ ထို့ကြောင့် လင်းယွမ်က အတိတ်မှ ကမ္ဘာအသီးသီးကို ဆင်းသက်ချိန်များတွင် သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အမြဲတမ်း ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ယခု ရင်းမြစ်ကမ္ဘာတွင်လည်း လင်းယွမ်က သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေရန် စီစဉ်ထားပြီး ဘိုးဘေးသွေးမျိုးဆက်ကို ထုတ်ဖော်ရန် အဓိကထားမည်ဖြစ်သည်။ ရင်းမြစ်ကမ္ဘာ၏ အဆင့်အတန်း က ဖရိုဖရဲဟင်းလင်းပြင်အောက် နိမ့်ကျခြင်းမရှိပေ။
ရင်းမြစ်ကမ္ဘာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လမ်းစဉ်ခွဲများ ပျံ့နှံ့သွားလျှင် ဖရိုဖရဲဟင်းလင်းပြင်ထက် မနည်းသော အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။
" သွေးမျိုးဆက်ကို ဖော်ထုတ်နိုင်တဲ့ နည်းလမ်းလား။ " ဧကရာဇ်က သူငယ်အိမ်များ ကျုံ့သွားသည်။ " သွေးမျိုးဆက်ကို အနက်ရှိုင်းဆုံးထိ ထုတ်ဖော်နိုင်တဲ့နည်းလမ်း တကယ်ရှိလို့လား။ "
လင်းယွမ်က နတ်ဘုရားအရှင်သခင်အဆင့် အတားအဆီးကို ချိုးဖျက်လိုက်ခြင်းက တောင်ဝင်မျိုးနွယ်များအတွက် သွေးမျိုးဆက်ထုတ်ဖော်ခြင်းမှာ မျှော်လင့်ချက်မဲ့သော လမ်းစဉ်တစ်ခု မဟုတ်တော့ဘဲ နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်နိုင်သည့်အလားအလာရှိကြောင်း ပြသနိုင်ရုံသာ ဖြစ်သည်။
" ကျွန်တော် အဲ့ဒါကို တင်ပြပေးနိုင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။ " ဒါပေမယ့် ကျွန်တော်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်။ "
" လာတောင်းဆိုချက်လဲ။ " ဧကရာဇ်က ပြောလိုက်သည်။ " ဘိုးဘေးရဲ့ အလိုဆန္ဒနဲ့ မဆန့်ကျင်သရွေ့ ငါသဘောတူပေးနိုင်တယ်။ "
" ကျွန်တော်ရဲ့ သွေးမျိုးဆက်ထုတ်ဖော်တဲ့ နည်းလမ်းကို တော်ဝင်မျိုးနွယ်တစ်ခုတည်း မကန့်သတ်ထားဘဲ လီယန်ရှေးဟောင်းနိုင်ငံတစ်ခုလုံး ပျံ့နှံ့အောင် လုပ်ခွင့်ပေးစေချင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ " ဧကရာဇ်က စဉ်းစားခြင်းမရှိဘဲ သဘောတူလိုက်သည်။
ထိုကိစ္စအတွက် ဆုံးရှုံးစရာမရှိပေ။ အကယ်၍ အခြားသူများက တော်ဝင်သွေးမျိုးဆက်အဆင့်သို့ ရောက်သွားလျှင် သူတို့အားလုံးက တော်ဝင်မျိုးနွယ်များ ဖြစ်လာကြပေလိမ့်မည်။
" နဂါးငွေ့တန်း မင်းရဲ့ နည်းလမ်းက တကယ်ပဲ ထိရောက်တယ်ဆိုရင် မင်းရမယ့် စွမ်းဆောင်မှုရမှတ်က အရမ်းကြီးမားလိမ့်မယ်။ " ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူ၏ သိုင်းတာအိုလမ်းစဉ်ခွဲများကို ပျံ့နှံ့စေခြင်းမှာ အချိန်စက်ဝန်းကို ချိုးဖျက်ရန် အထောက်အကူဖြစ်သောကြောင့် စွမ်းဆောင်မှုရမှတ်များ မရရှိလျှင်တောင် သူက ဆက်လုပ်မည်ဖြစ်သည်။
" ပြင်ဆင်ဖို့အတွက် အချိန်အတော်ကြာ လိုအပ်ပါလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
ရင်းမြစ်ကမ္ဘာ၏ နိယာမများနှင့် လမ်းစဉ်များက ဖရိုဖရဲဟင်းလင်းပြင်နှင့် လုံးဝ ကွဲပြားသောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရင်းမြစ်ကမ္ဘာနှင့် အပြည့်အဝ ကိုက်ညီစေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်သည်။
အထူးသဖြင့် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် သွေးမျိုးဆက်၏ အလားအလာအား ထုတ်ဖော်ခြင်းကို မြှင့်တင်ရမည်ဖြစ်သည်။
" ကောင်းပြီ။ " ဧကရာဇ်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။ " ပေယင်နဲ့ ကျိဟန်တို့ကိစ္စနဲ့ ပက်သက်ပြီးတော့။ "
" ဒါတွေက သူတို့ရဲ့ ကိုယ်ပိုင်လက်နက်တွေနဲ့ ရတနာတွေပါ။ " လင်းယွမ်က နတ်ဘုရားအရှင်သခင်နှစ်ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း သက်သေပြရန် လက်နက်များကို ထုတ်ပြလိုက်သည်။
" ရပြီ။ " ဧကရာဇ်က လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " မင်းအတွက် စွမ်းဆောင်မှုရမှတ် တစ်သန်းကို ပေးအပ်လိုက်ပြီ။ "
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ဟေးယွီအသိုက်ထဲကို နတ်ဘုရားအရှင်သခင်နှစ်ယောက် ခိုးဝင်တဲ့ကိစ္စနဲ့ ပက်သက်ပြီး ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ရှင်းပြချက်တောင်းရမယ်။ " ဧကရာဇ်က လင်းယွမ်ကို ပြုံး၍ ပြောလိုက်သည်။ " အဲ့ဒီအချိန်ကျရင် ရလာမယ့် အကျိုးအမြတ်တွေကို မင်းရဲ့စွမ်းဆောင်မှုအဖြစ် ထည့်တွက်ပေးလို့ရတယ်။ "
လင်းယွမ်က ထိုစကားများကို ကြားသောအခါ ပြုံးလိုက်မိသည်။ စည်းမျဉ်းကို ချိုးဖောက်ခဲ့သောကြောင့် လီယန်ရှေးဟောင်းနိုင်ငံက ရှင်းပြချက်တောင်းလျှင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ညှိနှိုင်းပြီး အလျော့ပေးရမည်ဖြစ်သည်။
နန်းတော်မှ ထွက်လာပြီးနောက် လင်းယွမ်က ဘဏ္ဍာတိုက်သို့ သွားလိုက်သည်။ သူ၏ လက်ထဲတွင် စွမ်းဆောင်မှုရမှတ် တစ်သန်းရှိနေပြီဖြစ်သောကြောင့် သူ၏ ခွန်အားကို မြှင့်တင်ရမည်ဖြစ်သည်။
ယခင်အကြိမ်က လင်းယွမ် ဘဏ္ဍာတိုက်ကို ကြည့်ရှုစဉ်က ရတနာများနှင့် အမွေအနှစ်များကို မျက်စိကျနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် စွမ်းဆောင်မှုရမှတ် မလုံလောက်သောကြောင့် ဖရိုဖရဲနိယာမကို နားလည်ရန်သာ အာရုံစိုက်ခဲ့ရသည်။ ယခု စွမ်းဆောင်မှုရမှတ် တစ်သန်းရှိနေပြီဖြစ်သောကြောင့် သူ၏ ရွေးချယ်မှုက ပို၍ ကျယ်ပြန့်လာပြီဖြစ်သည်။
ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ မြို့တော်ရှိ ခန်းမကြီးတစ်ခုထဲတွင် ဧကရာဇ်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး အောက်တွင် လူအချို့ ရပ်နေကြသည်။ ထိုခန်းမအတွင်းရှိသူများက ဘုရင်များ၊ ပင်မတော်ဝင်သွေးမျိုးဆက်များနှင့် နတ်ဘုရားအရှင်သခင်များ ဖြစ်ကြသည်။
" ကျိဟန်၊ ပေယင်။ " ဧကရာဇ်က ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လပုံရိပ်မှာ ထင်ဟပ်နေသည်။ " ဟေးယုအသိုက်မှာ ဘာတွေဖြစ်ခဲ့လဲ ငါ့ကို ပြောစမ်း။ "
ဧကရာဇ်၏ အသံက တည်ငြိမ်နေသော်လည်း အောက်တွင်ရှိနေသော နတ်ဘုရားအရှင်သခင်များက အမူအရာများ ပြောင်းလဲသွားကြသည်။ ဧကရာဇ်က ကျိဟန်နှင့် ပေယင်တို့၏ လုပ်ရပ်ကို ဒေါသထွက်နေသည်မှာ ထင်ရှားသည်။
" ကျွန်တော်တို့..." ကျိဟန်နှင့် ပေယင်တို့က အချင်းချင်း ကြည့်လိုက်ကြသည်။ လင်းယွမ်နှင့် ညှိနှိုင်းမှုမအောင်သောကြောင့် သူတို့က အရာအားလုံးကို ဧကရာဇ်အား တင်ပြထားခဲ့ပြီးသားဖြစ်သည်။
ဧကရာဇ်က သူတို့ကို လီယန်ရှေးဟောင်းနိုင်ငံက ဘယ်လိုလုပ်မလဲ စောင့်ကြည့်ရန်သာ ပြောခဲ့သည်။ ယခု ကြည့်ရသည်မှာ လီယန်ရှေးဟောင်းနိုင်ငံက ဧကရာဇ်ကို ဖိအားပေးနေပုံရသည်။
" ကျွန်တော်နဲ့ ကျိဟန်က ခွင့်ပြုချက်မရှိဘဲ ဟေးယွီအသိုက်ထဲကို ခိုးဝင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်တွေလည်း ဆုံးရှုံးသွားပါတယ်။ " ပေယင်က စိတ်ထဲမှ သက်ပြင်းချပြီး ပြောလိုက်သည်။