← Chapters

သတင်းများပျံ့နှံ့သွားခြင်း...

Vol. 67 Ch. 957

သတင်းများပျံ့နှံ့သွားခြင်း...

Vol. 67 Ch. 957

" ဟေးယွီအသိုက်ထဲခိုးဝင်ပြီး အဓိကတိုက်ခိုက်ရေးခန္ဓာတွေ ဆုံးရှုံးခဲ့တာလား။ " ခန်းမထဲမှ လူများက မျက်နှာပျက်သွားကြသည်။

နတ်ဘုရားအရှင်သခင်အဆင့်ဖြင့် အဆင့်တစ် ရတနာနယ်မြေတစ်ခုကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး အဖမ်းခံရခြင်းမှာ ဧကရာဇ်အနေဖြင့် သူတို့ကို ဒေါသထွက်နေခြင်းမှာ အံ့ဩစရာမရှိတော့ပေ။

" ကျိဟန်၊ ပေယင် မင်းတို့ စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ။ ဟေးယွီအသိုက်က အဆင့်တစ် ရတနာနယ်မြေဖြစ်တာတောင် မင်းတို့က စိတ်ထင်သလိုခိုးဝင်ရဲတယ်ပေါ့။ " ထွားကျိုင်းသော နတ်ဘုရားအရှင်သခင်တစ်ယောက်က ပြောလိုက်သည်။

" ဟေးယွီအသိုက်ရဲ့ စောင့်ရှောက်သူ ပြောင်းသွားတာ ငါမှတ်မိတယ်။ ချီယန်ပြောင်းသွားပြီး နဂါးငွေ့တန်းအရှင်သခင် ရောက်လာတာမဟုတ်လား။ " နောက်ထပ်တစ်ယောက်က ပြောလိုက်သည်။ " နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်တစ်ယောက်မဟုတ်ပါဘူး။ သူက ဘယ်လိုနည်းလမ်းနဲ့ တိုက်ခိုက်ခဲ့လို့ မင်းတို့ကို အနိုင်ယူခဲ့တာလဲ။ "

ကျိဟန်နှင့် ပေယင်တို့က တိတ်ဆိတ်နေကြပြီး ပလ္လင်ပေါ်မှ ဧကရာဇ်က စကားပြောလိုက်သည်။

" အဲ့ဒါက ဒီနေ့ရဲ့ ဒုတိယ​မြောက်ကိစ္စပဲ။ အဲ့ဒီနဂါးငွေ့တန်းက သူ့ရဲ့ ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ဖော်ထုတ်နိုင်ခဲ့တဲ့ပုံပဲ။ "

ထိုစကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ နတ်ဘုရားအရှင်သခင်များ၏ အမူအရာများက ပြောင်းလဲသွားကြပြီး ပင်မတော်ဝင်မျိုးဆက်များက ပို၍ တုန်လှုပ်သွားကြသည်။ သွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ထုတ်ဖော်နိုင်ခြင်းပ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံတွင် မကြုံတွေ့ဖူးသော ကိစ္စတစ်ခုဖြစ်သည်။

" ကျိဟန်၊ ပေယင် အဲ့ဒီနဂါးငွေ့တန်းက မင်းတို့ရုပ်ခန္ဓာတွေကို ချုပ်နှောင်နိုင်ခဲ့တယ်ဆိုကတည်းက သေချာပေါက် နတ်ဘုရားအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအားရှိနေတာပဲ။ ဒါပေမယ့် အဲ့ဒီစွမ်းအားက ဘိုးဘေးသွေးမျိုးဆက်ဆီကဆိုတာ မင်းတို့ သချာလား။ " အခြားနတ်ဘုရားအရှင်သခင်တစ်ယောက်က ပြောလိုက်သည်။

ရှေးဟောင်းနိုင်ငံများမှ တော်ဝင်မျိုးဆက်များက နတ်ဘုရားအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ကြသည်။ သို့သော် ၎င်းက ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ထားကြသူများဖြစ်သည်။ ၎င်းက ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ထုတ်ဖော်နိုင်ခြင်းနှင့် လုံးဝမတူပေ။

" နဂါးငွေ့တန်း အသုံးပြုခဲ့တဲ့ နည်းလမ်းနဲ့ စွမ်းရည်တွေက ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအား လုံးဝမပါဘူး။ " ပေယင်က ပြောလိုက်သည်။ နတ်ဘုရားအရှင်သခင်တစ်ယောက်အနေဖြင့် ၎င်းကို ခွဲခြားသိမြင်နိုင်သည်။

" သူက ပြင်ပစွမ်းအားတွေ ဒါမှမဟုတ် လီယန်ဘိုးဘေးချန်ခဲ့တဲ့ ရတနာတွေကိုလည်း မသုံးခဲ့ဘူးလား။ " အခြားနတ်ဘုရားအရှင်သခင်တစ်ယောက်က မေးလိုက်သည်။

" မရှိဘူး။ " ကျိဟန်က ခေါင်းခါပြီး ပြောလိုက်သည်။ " ဟေးယွီအသိုက်က နယ်စပ်မှာပဲ။ လီယန်ဧကရာဇ်က ဒီလောက်အရေးကြီးတဲ့ ရတနာကို အဲ့ဒီမှာ ဘယ်လိုလုပ်ထားမှာလဲ။ "

အချိန်အတော်ကြာဆွေးနွေးပြီးနောက် နတ်ဘုရားအရှင်သခင်အများစုက နဂါးငွေ့တန်းမှာ သူ၏ သွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်အထိ ထုတ်ဖော်နိုင်ခဲ့ကြောင်း အတည်ပြုလိုက်ကြသ​ည်။

ကျိဟန်နှင့် ပေယင်တို့က စိတ်မသက်မသာဖြစ်နေကြသည်။ နတ်ဘုရားအရှင်သခင်များ၏ မေးမြန်းမှုများကို ရင်ဆိုင်ရာတွင် သူတို့က အမှန်အတိုင်းသာ ဖြေကြရပြီး အနည်းငယ်မျှပင် မကျေနပ်မှုကို မပြရဲကြပေ။

" ကျိဟန်နဲ့ ပေယင်တို့ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားခဲ့တာကို အကြောင်းပြပြီး လီယန်ရှေးဟောင်းနိုင်ငံက အနန္တမျက်လုံးကို နှစ်ပေါင်း တစ်ဘီလီယံ အုပ်ချုပ်ခွင့်တောင်းထားတယ်။ ဒါမှမဟုတ့ အနန္တသလင်းကျောက် ပေါင်တစ်ရာကို တောင်းဆိုထားတယ်။ " ပလ္လင်ပေါ်မှ ဧကရာဇ်က ပြောလိုက်သည်။

အနန္တမျက်လုံးက ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ အဆင့်တစ်ရတနာနယ်မြေဖြစ်ပြီး နှစ်ပေါင်းတစ်သန်းကြာတိုင်း အနန္တသလင်းကျောက် ဆယ်ပေါင်ထွက်ရှိသည်။ လီယန်ရှေးဟောင်းနိုင်ငံက အနန္တမျက်လုံးကို နှစ်ပေါင်းတစ်ဘီလီယံ အုပ်ချုပ်ခြင်းက အနန္တသလင်းကျောက် ပေါင်တစ်ရာကို ရယူခြင်းနှင့် အတူတူပင် ဖြစ်သည်။

" လီယန်ရှေးဟောင်းနိုင်ငံက လွန်လွန်းတယ်။ အနန္တမျက်လုံးက အဆင့်တစ် ရတနာနယ်မြေပဲ။ ကျိဟန်နဲ့ ပေယင်တို့က ဟေးယွီအသိုက်ထဲကို တစ်ကြိမ်ပဲ ခိုးဝင်ခဲ့တာ။ သူတို့အောင်မြင်ခဲ့ရင်တောင် ဟေးယွီတစ်ကြိမ်စာပဲရမှာ။ အခု သူတို့က အနန္တမျက်လုံးရဲ့ ဆယ်ကြိမ်စာကို လိုချင်နေတာလား။ " နတ်ဘုရားအရှင်သခင်တစ်ယောက်က ပြောလိုက်သည်။

" ဒါက လွန်တာအမှန်ပဲ။ " ဧကရာဇ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် ဒီကိစ္စက ငါတို့အရင်မှားခဲ့တာပဲ။ "

ထိုစကားကိုကြားသောအခါ နတ်ဘုရားအရှင်သခင်များက တိတ်ဆိတ်သွားကြသည်။

" မင်းတို့ထဲက ဘယ်သူမှ ကန့်ကွက်တဲ့သူမရှိရင် ငါသဘောတူလိုက်တော့မယ်။ " ဧကရာဇ်က အားလုံးကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။ နတ်ဘုရားအရှင်သခင်များက တိတ်ဆိတ်နေပြီး ကန့်ကွက်မည့်သူမရှိပေ။

" မင်းတို့နှစ်ယောက်ကတော့..." ဧကရာဇ်က ပေယင်နှင့် ကျိဟန်တို့ကို ကြည့်လိုက်သည်။ " မင်းတို့ရဲ့ ပစ်ဒဏ်က အမှောင်အကျဉ်းထောင်ကို နှစ်ပေါင်းတစ်ဘီလီယံ စောင့်ကြပ်ရမယ်။ "

အမှောင်အကျဉ်းထောင်ပ မရေတွက်နိုင်သော အမှောင်သက်ရှိများနေထိုင်ရာ အမှောင်ကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသည်။ ထိုကဲ့သို့သော နေရာတစ်ခုကို စောင့်ကြပ်ခြင်းက ပျော်စရာတော့ ကောင်းမည်မဟုတ်ပေ။ အမှောင်သက်ရှိများက သန်မာခြင်းမရှိသော်လည်း စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပြီး အရေအတွက်ကလည်း အကန့်အသတ်မရှိသောကြောင့် သူတို့ကို နှိမ်နင်းရန် နတ်ဘုရားအရှင်သခင်များက စောင့်ကြပ်ရလေသည်။

" ဟုတ်ကဲ့ပါ။ " ကျိဟန်နှင့် ပေယင်တို့က စိတ်ထဲတွင် မလိုလားသော်လည်း ချက်ချင်း ပြန်ပြောလိုက်ကြသည်။

" အဲ့ဒီနဂါးငွေ့တန်းက ဒါကို ထည့်တောင်မစဉ်းစားခဲ့ဘူး။ " ကျိဟန်က စိတ်ထဲမှ ဒေါသထွက်နေသည်။ အကယ်၍ နဂါးငွေ့တန်းနှင့် သဘောတူညီမှုရရှိခဲ့လျှင် သူတို့က ထိုကဲ့သို့သော ပစ်ဒဏ်များကို ခံရမည်မဟုတ်ပေ။

ချင်းဖန်မြို့တော်။

အရှင်ချင်းဖန်းက တံခါးပိတ်ကျင့်ကြံနေစဉ် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ မဟာအရှင်သခင်များက အချင်းချင်း အဆက်အသွယ်ရှိသောကြောင့် သူကလည်း သတင်းအချက်အလက်များကို ရရှိလိုက်သည်။

" နဂါးငွေ့တန်းလား။ " အရှင်ချင်းဖန်က လင်းယွမ် မြို့တော်သို့ သွားပြီးနောက် အဆင့်အတန်း မြင့်မားလာမည်ဟု ထင်ထားသော်လည်း ဤမျှမြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင်နှစ်ယောက်ကို တားဆီးခဲ့တာလား။ ဘိုးဘေးသွေးမျိုးဆက် အတားအဆီးကို ချိုးဖျက်နိုင်ခဲ့တာလား။

အရှင်ချင်းဖန်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမသို့ ချက်ချင်း သွားလိုက်သည်။ ထိုနေရာတွင် လင်းယွမ်၏ ကိုယ်ပွားတစ်ခု ရှိနေသည်။

" ဒါက ဧကရာဇ်ကိုယ်တိုင် သတင်းဖြန့်လိုက်တာပါ။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူ၏ ဘိုးဘေးသွေးမျိုးဆက်၏ အတားအဆီးကို ချိုးဖျက်နိုင်ခြင်းက လီယန်ရှေးဟောင်းနိုင်ငံအပေါ် သက်ရောက်မှုနှစ်ခု ရှိသည်။ ပထမအချက်မှာ လီယန်ရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တစ်ယောက် ထွက်ပေါ်လာမည်ဖြစ်သည်။

ဒုတိယအချက်မှာ ဘိုးဘေးသွေးမျိုးဆက် အတားအဆီးကို ပထမဆုံး ချိုးဖျက်နိုင်သော တော်ဝင်မိသားစုဝင် ဖြစ်နေခြင်းကြောင့် အခြားရှေးဟောင်းနိုင်ငံငါးခုအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာပေလိမ့်မည်။

ထို့ကြောင့် လီယန်ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က ထိုသတင်းကို ရည်ရွယ်ချက်ရှိရှိ ကြေညာခဲ့ခြင်းဖြစ်သည်။

" နဂါးငွေ့တန်းအရှင်သခင်က နတ်ဘုရားအရှင်သခင် ဖြစ်သွားပြီလား။ " ဟုန်ယဲနှင့် အခြားမဟာအရှင်သခင်များကလည်း သတင်းအချက်အလက်များကို ရရှိခဲ့ကြသည်။

တလင်းရှေးဟောင်းနိုင်ငံတွင် စိတ်ဝိညာဉ်ဘုရင်က ဝါးတောတစ်ခုအတွင်း၌ ခြေချိတ် ထိုင်နေသည်။ ဇီမန်နယ်မြေနှင့် ချင်းဖန်နယ်မြေကြား စစ်ပွဲတွင် သူ၏ ဘက်မှ ရှုံးနိမ့်မှုဖြင့် ပြီးဆုံးသွားခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ဘုရင်ကလည်း ပြစ်ဒဏ်ခံခဲ့ရပြီး ဝါးတောထဲတွင် နှစ်ပေါင်းတစ်ဘီလီယံနေထိုင်ရမည်ဖြစ်သည်။

" နဂါးငွေ့တန်း နတ်ဘုရားအရှင်သခင်လား။ " စိတ်ဝိညာဉ်ဘုရင်က သတင်းအချက်အလက်များကို ကြည့်နေသည်။

ထိုစစ်ပွဲတွင် သူက အနိုင်ရရှိမည်ဟု ယုံကြည်မှုရှိခဲ့သော်လည်း နဂါးငွေ့တန်းက သူ၏ အစီအစဉ်များကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့သည်။

" ကံကြမ္မာက ငါ့ဘက်မှာ မရှိပါလား။ " စိတ်ဝိညာဉ်ဘုရင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" ဘိုးဘေးသွေးမျိုးဆက် နတ်ဘုရားအရှင်သခင်လား။ " လင်းရှန်ဘုရင်း၏ မျက်လုံးများက တောက်ပသွားသည်။ " ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ဖော်ထုတ်နိုင်တာလား။ "

ဘိုးဘေးသွေးမျိုးဆက် အတားအဆီးကို ချိုးဖျက်ရန် ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှသည်။ တော်ဝင်သွေးမျိုးဆက်များက မျှော်လင့်ချက်မရှိသဖြင့် နိယာမများကို နားလည်ရန်သာ ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ကာ နတ်ဘုရားအရှင်သခင်အဆသ့်သို့ ရောက်ရှိကြသည်။

ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံတွင် မည်သည့်တော်ဝင်သွေးမျိုးဆက်မှ ဘိုးဘေးသွေးမျိုးဆက်မှတစ်ဆင့် နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်ရှိခဲ့သူ မရှိပေ။

" နတ်ဘုရားအရှင်သခင်အဆင့်ရှိတဲ့ တော်ဝင်သွေးမျိုးဆက်ကို ရှုံးတာ ရှက်စရာမဟုတ်ပါဘူး။ " လင်းရှန်းဘုရင်က ပြုံးလိုက်သည်။

ဘိုးဘေးသွေးမျိုးဆက်ကို ဖော်ထုတ်ရာ၌ လင်းယွမ်က သူ့ထက် များစွာ ရှေ့ရောက်နေခဲ့သည်။ ထိုအချက်နှင့်ပက်သက်၍ သူက အသိအမှတ်ပြု လက်ခံရမည်ဖြစ်သည်။

" အဲ့ဒီနဂါးငွေ့တန်းက ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ဖော်ထုတ်နိုင်ရင် ငါလည်း လုပ်နိုင်ရမယ်။ " လင်းရှန်ဘုရင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သွေးမျိုးဆက်ကို ဆက်လက်ဖော်ထုတ်ရန် ကျင့်ကြံခြင်းကို တစ်ဖန် ပြန်လည်စတင်လိုက်သည်။

All Chapters